နှင်းဆီဝါတို့ နီစွေးစေ(နွင္းဆီဝါတို ႔နီေစြးေစ)completed
32
" ဟိတ္ ယေသာ္ "
အခန္းထဲမွာ အရင္ေရာက္နွင့္ေနၿပီးသား
နန္းျမတ္က လက္လွမ္းျပလာ၏ ေဘးမွာလည္း ဂုတ္ဝဲဆံပင္ေလးနဲ႔ေကာင္မေလးတစ္ေယာက္ ထိုင္ေနသည္မို႔ ၾကည့္ရတာ
ခုမွ ခင္မင္ၾကတဲ့ပံုပင္။
မလွမ္းမကမ္းမွာဝင္ထိုင္လိုက္ရင္း ကိုကိုေပးလိုက္တဲ့ ကိတ္ဘူးေလးကိုပါ စားပြဲေပၚေသခ်ာတင္လိုက္ပီးမွ
" အေစာႀကီးေရာက္ေနတာလား "
ဟု လိုက္ေရာညီေထြနႈတ္ဆက္လိုက္သည္။ ဒါကိုပဲ နန္းျမတ္က ရယ္ေမာကာ
ေခါင္းညိမ့္ျပလာ၏။
"ဟုတ္တယ္ ငါဒီေန ႔ ေစာလာလိုက္တာ ၊
အေဆာင္ကလည္းမိန္းထဲမွာပဲဆိုေတာ့ နီးတယ္ေလ၊ မိတ္ဆက္ေပးရဦးမယ္ သူနာမည္က သုသုစံတဲ့ နန္းနဲ ့ခုမနက္မွပဲခင္သြားတာ..သုသု သူက ယေသာ္လင္းမာန္တဲ့ နန္းကေတာ့ ယေသာ္လို႔ေခၚတယ္ "
" သုသု သိတယ္ သူ႔ကို .. ဟိုနားမွာ အၿမဲ တစ္ေယာက္ထဲ စာပဲက်က္ေနတာ"
"ဟုတ္တယ္သုသုေရ ယေသာ္က Ro 1ေလ စာလည္းအရမ္းေတာ္တယ္
နန္းေတာင္ စာေမးလို႔ရေအာင္ အရင္ သြားမိတ္ဆက္ထားတာ .."
ေခါင္းညိမ့္ျပလိုက္ရုံကလြဲၿပီး ယေသာ့္မွာေျပာစရာစကားမရွိေတာ့ .. ထို႔ေၾကာင့္ ကိုကိုေပးလိုက္တဲ့ ကိတ္မုန္ ႔ေလးဘူးေလးကို ဖြင့္ျပကာ စားဦးမလားေမးလိုက္မိသည္။ ပံုမွန္ဆိုရင္ ေန႔ခင္း ထမင္းစားၿပီးမွ အခ်ိဳတည္းဖို ႔ ေသာ္ ဆံုးျဖတ္မိမွာဆိုေပမဲ့ ခုေတာ့ အသစ္စက္စက္ရလာတဲ့ မိန္းကေလးသူငယ္ခ်င္းနွစ္ေယာက္ကို ေလာကြတ္ေခ်ာ္လိုက္ရသည္။
" ကိတ္မုန္႔လား ဟယ္ ..ခ်စ္စရာေလး ၊ အသီးအနွံေလးေတြနဲ ့လုပ္ထားတာထင္တယ္ ဘယ္ကေရာင္းတာလဲ ယေသာ္ "
" အိမ္က လုပ္ေပးလိုက္တာ ၊ စားၾကည့္ေလ ဆိုင္မွာ တင္ေရာင္းဖို ႔menuအသစ္ စမ္းထားတာ .. "
ေရွ ႔တိုးေပးလိုက္ေတာ့ တစ္ေယာက္တစ္တံုး ေကာက္ကိုင္ကာ ျမည္းစမ္းၾကသည္ ။ကိုကို ကိုယ္တိုင္ အမ်ားစားဖို ႔လုပ္ေပးလိုက္တာမို ႔သိပ္ႀကီး မႀကီးေပမဲ့ သူတို႔သံုးေယာက္ေတာ့ စားျဖစ္သည္။ နန္းျမတ္နဲ ့သုသုက ပထမဆံုး ခင္တဲ့ မနက္ခင္းေတာင္
ရွက္႐ြံသလို မစားရဲမေသာက္ရဲ မျဖစ္ပဲေပါ့ေပါ့ပါးပါးရွိလွတာမို ႔ ေသာ္လည္း ေနရမခက္ပဲအဆင္ေျပသည္။ အေခ်ာအလွေလးနွစ္ေယာက္ေၾကာင့္ ေက်ာင္းတက္ၿပီး လဝက္နီးပါးေလာက္ေရာက္မွ ေသာ္ေတာ့ ေယာက်ာ္းေလးသာငယ္ခ်င္းေတြ ထပ္တိုးလာမဲ့သေဘာရွိေနၿပီ။
"ဟယ္ နန္းျမတ္ ဒီဆိုင္ကုိ ငါသိတယ္
မင္းသမီးၾကယ္စင္သြယ္ တင္ထားတာကိုေတြ႕လို႔ သြားဝယ္စားဖို႔ေတာင္ ငါsaveထားလိုက္ေသးတယ္ ..ဒီမယ္ၾကည့္ အဲ့ဆိုင္မွာ အခ်ဥ္ေပါင္းအစံုေရာင္းတယ္"
"ယေသာ္ အဲ့ဒါနင္တို႔ဆိုင္လား ..အေတာ္ပဲ ေနာက္ရက္ငါတို ႔ အလည္လာခဲ့မယ္ေနာ္ "
ယေသာ္ ေခါင္းညိမ့္ျပရင္း
"လာခဲ့ေလ ဒါေပမဲ့ ကိုကို ပင္ပင္ပန္းပန္း ပိုက္ဆံရွာေနရတာမို ႔ အလကားေတာ့မေကြၽးနိုင္ဘူး "
"ၾကည့္စမ္း သုသုေရ ယေသာ္ကနွေျမာအိုးႀကီး"
ယေသာ္ စာအုပ္ထုတ္ေနရင္း သူတို႔ေျပာသမ်ွ မၾကားခ်င္သလို ခပ္တည္တည္လုပ္ေန၏။ ေခါင္းငံု႔လိုက္တာနဲ ့နဖူးေပၚဆင္းက်လာတဲ့ ဆံပင္အုပ္အုပ္ကေလးေတြ နဲ ့
ေဘးတိုက္ၾကည့္ရင္ျမင္ေနရတဲ့ မ်က္ေတာင္ရွည္ေကာ့ေကာ့ေလးေတြကထိေတြ႕လုျဖစ္ေနသည္။ ဝင္းဖန္႔ဖန္႔မ်က္နွာထပ္မွာ စင္းေနတဲ့နွာေခါင္းခြၽန္းခြၽန္းကေလးက မိန္းကေလးေတြထပ္မ်ားလွေနမလား..
ဘယ္လိုပဲၾကည့္ၾကည့္ ယေသာ္ က
ျဖဴျဖဴ စင္စင္ရုပ္ကေလးမို ႔ နန္းျမတ္တို႔နွစ္ေယာက္ စိတ္မဆိုးမိပါ။ဘာပဲေျပာေျပာ
ဒီတခါေက်ာင္းပိတ္ရက္ကို ယေသာ္တို႔ဆိုင္ကို မုန္႔သြားစားဖို႔ကို သုသုနဲ ့ေခါင္းခ်င္းဆိုင္တိုင္ပင္ထားလိုက္ေသးသည္။
" ဒါနဲ ့ ယေသာ္... နင့္မွာ အကိုရွိေသးတာလား ...ဟီး နန္းျမတ္ေရ ယေသာ္ေတာင္ဒီေလာက္ခ်စ္စရာေကာင္းေနတာ သူ႔အကိုလည္းေခ်ာေလာက္တယ္ဟ "
" ဟုတ္လား ယေသာ္ ..နင့္အကို ဘယ္လိုရုပ္မ်ိဳးလဲ ေခ်ာလား "
စေရာက္ကတည္းက ေပါက္ေပါက္ေဖာက္သလို ေျပာနိုင္ၾကလြန္းတဲ့နွစ္ေယာက္ေၾကာင့္ ယေသာ္ စာက်က္လို႔ပင္မရေတာ့။ သာလိကာ အရႈံးေပးရသလိုပင္ စကားမ်ားနိုင္လြန္းလို ႔ ယေသာ္ စာအုပ္ပိတ္ကာ ထိုနွစ္ေယာက္ဖက္လွည့္လိုက္၏။
" ကိုကိုက တအားေခ်ာတယ္၊ အရပ္ကလည္းအရွည္ႀကီး ၊အသားက ငါလိုမျဖဴဘူး
ဒါေပမဲ့ သူက ပိုၾကည့္ေကာင္းတယ္ ..
ေနာက္ဘာသိခ်င္ေသးလဲ .. ေနာက္တခ်ိန္
physicခ်ိန္ေနာ္ စာရၾကၿပီလား"
ထိုအခါမွအသည္းအသန္ စာအုပ္ထုတ္ကာ စာၾကည့္ၾကသည္ကိုၾကည့္ၿပီး ေသာ္ ေခါင္းရမ္းမိ၏။ ဒီနွစ္ေယာက္နဲ ့သာအေပါင္းသင္းလုပ္ရင္ သူစားမ်ားက်က္ရပါ့မလား..
______
" ေရာ႕ ရၿပီ .. လမ္းေရာ သိရဲ႕လား "
"သိပါတယ္ကြာ မႏၲေလးမွာ လမ္းနံပါတ္ၾကည့္ၿပီး သြားရင္ မေရာက္တဲ့ေနရာမရွိဘူး
ျမင့္ျမတ္ဟိန္း ကို ခုဆို မန္းသားလို႔ေတာင္ေျပာလို႔ရေနၿပီကြ "
"ေအးပါ ျမန္ျမန္သြား ျမန္ျမန္ျပန္လာခဲ့
ေနာက္ထပ္ပို ႔ေပးရမဲ့ဟာေတြရွိေသးတယ္"
ေရခဲထည့္တဲ့ အဖံုးပိတ္ဘူးျကီးေတြကို ဆြဲကာ သံေခ်ာင္းတို႔နွစ္ေယာက္သည္ ေခါင္းညိမ့္ၿပီး ထြက္သြားၾကေလသည္။ ဒီေန႔ ေရခဲေခ်ာင္း ေအာ္ဒါေတြ အမ်ားႀကီးတက္၏ ။ ထံုးစံအတိုင္း Menuအသစ္အတြက္ ဦးခ်ိန္းဆီကိုမပို႔မျဖစ္ပို႔ေပးရေသးသည္။ ေၾကာ္ျငာၿပီးခ်ိန္ တခဏအတြင္း မူႀကိဳေက်ာင္းက ကေလးတစ္ေယာက္ ေမြးေန႔အတြက္ တစ္ေက်ာင္းစာ အေခ်ာင္းေရ ၁၀၀ အမွာစာရ၏။
ပထမဦးဆံုးေန႔ဆိုေတာ့ ဒီေန႔ ေအာ္ဒါ ေရခဲ့ေခ်ာင္းေပးစရာမရွိေတာ့။ အသစ္ထပ္ခဲထားတဲ့ အေခ်ာင္းေတြကလည္း ေပးပို႔ဖို႔မမွီေတာ့တာေၾကာင့္ ညပိုင္းဆိုင္မွာ တင္ေရာင္းဖို ႔သာရွိေတာ့၏။
" အေျခေနေကာင္းလား ပံုညာ "
" မဆိုးပါဘူး ေက်ာင္းျပန္လာတာေစာသားပဲ.
ထမင္းအရင္သြားစားၿပီးလာခဲ့ၾကအံုး ..
ျပန္လာရင္ အသီးသုပ္ အမွာစာ ၅ပြဲရွိတယ္ အဲ့ဒါ ငါးၿခံေက်ာ္က စတိုးဆိုင္ကို မင္းတို႔သြားပို႔ေပး "
လြင္ဦး စကားဆက္မဆိုေတာ့ပဲ ထမင္းသြားဖို႔အိမ္ဖက္ကူးလာခဲ့လိုက္သည္။
အလုပ္သမားဟူၿပီးဆိုင္မွာ မရွိေတာ့ အကုန္ဝိုင္းလုပ္ဝိုင္းစားပဲ ။ ဒီရက္ပိုင္း
့သံေခ်ာင္းတို ႔နွစ္ေယာက္ကိုလည္း သင္တန္းသြားခ်ိန္ေပးထားရ၍ သူတို႔သံုးေယာက္မွာ အေလမလိုက္ အားၾက၊ စာသင္ခ်ိန္ၿပီးတာနဲ ့ေရာက္ရာအရပ္ကေန ျပန္ေျပးလာရသည္။ မေျပးလို႔လည္းမရပါ။
ဆိုင္က အေတာ္ေလး ေရာင္းအားတက္လာလို ႔ ရွိတဲ့လူေတာင္ မနိုင္နင္းေပ။
ညေနပိုင္း အခ်ိန္ေလာက္တြင္ ဆိုင္က လူအေတာ္ရွင္းသြား၏။ လူရွင္းေပမဲ့ တစ္ေယာက္မွ မနားရေသးပါ ။ သိပ္မၾကာခင္ကဝင္လာေသာ အမွာစာအတြက္ သူတို႔အကုန္လံုးေရခဲေခ်ာင္း လုပ္ေနရျခင္းေၾကာင့္ေပ။ သစ္သီးအရသာပါေအာင္
မခိုမကပ္ပဲ ေစတနာပါပါ လုပ္ေရာင္းခဲ့ေသာ အက်ိဴးေၾကာင့္ ေန႔ခင္းက သြားပို႔ေပးခဲ့ေသာ မူႀကိဳေက်ာင္းက ေက်ာင္းသားမိဘတစ္ေယာက္၏ အဆက္အသြယ္ျဖင့္
ေနာက္ထပ္ အေခ်ာင္း၂၀၀ေက်ာ္ခန္ ႔ေအာ္ဒါရခဲ့ေလသည္။
ထို႔ေၾကာင့္ ေန႔ခ်င္းပင္ ဦးခ်ိန္းကိုအကူညီေတာင္းကာ ေရခဲအားေကာင္းတဲ့ေရခဲေသတၱာႀကီးတစ္လံုးမွာယူရေလသည္။
ဒီရက္ပိုင္းစုေဆာင္းထားတဲ့ ပိုက္ဆံအေတာ္မ်ားမ်ားသံုးလိုက္ရေပမဲ့ ဦးခ်ီေက်နပ္ရပါသည္။
ဦးခ်ီ ၏ စိတ္ကူးသည္ ေနာက္ဆိုရင္
Mini mart ေတြထိ ေစ်းနႈန္းခ်ိဳသာစြာ
တင္ေရာင္းနိုင္ရန္ျဖစ္ၿပီး ေနာက္ထပ္
က်န္းမာေရးနဲ႔ သင့္ေတာ္ေသာ အစားအေသာက္မ်ားကိုလည္းတီထြင္ေရာင္းခ်နိုင္ရန္ျဖစ္သည္။
" အဲ့ဒါဘာေတြလုပ္ေနၾကတာလဲ "
ယေသာ္လင္း လြယ္အိတ္ကေလးခြၽတ္ကာ ကိုကို႔ေဘးနားမွာဝင္ထိုင္ရင္းေမးလိုက္၏။
စားပြဲနွစ္ဝိုင္းဆက္ကာ လက္အိတ္ေတြစြပ္လ်က္ အသီးလွီးသူေတြက လွီးေနၾက၏။ အိတ္ထဲ ဂရုတစိုက္ထည့္ကာ ႀကီးမားေသာေလးေထာင့္ကန္ထဲ စီထည့္သူကထည့္ေနၾကသည္။ ဧည့္သည္မရွိတာေၾကာင့္ ေထာင့္ဝိုင္းမွာ ေနရာယူၿပီး အလုပ္လုပ္ေနၾကဟန္။
"ေရခဲေခ်ာင္း ထုပ္ေနတာ ေသာ္ရဲ႕ ၊
ေက်ာင္းကျပန္လာၿပီလား..အိမ္ထဲသြားေလ ခဏတျဖဳတ္နားၿပီးမွေရခ်ိဳး "
" မင္းအဲ့ဒါေတာ့ ပိုလြန္းသြားၿပီ။ ငါတို႔ေက်ာင္းကျပန္လာတုန္းက ထမင္းစားၿပီး ခ်က္ခ်င္းခိုင္းဖို႔ေခၚတယ္ ..မင္းမယ..အဲ.
ယေသာ္လင္းၾက သြားနားဆိုေတာ့ မ်က္နွာလိုက္လြန္းအားႀကီးသြားၿပီကြ"
"ဟုတ္တယ္ ငါတို႔က် တေနကုန္ ေထာင့္စိေအာင္ ခိုင္းတယ္ သူ႔က် ဖူးဖူးမႈတ္ထားတယ္ မတရားတာမွ အႀကီးႀကီးမတရားတာကြ သိလား "
တေယာက္တေပါက္ ေအာ္ဟစ္ ေနၾကတဲ့
သူေတြကိုေသာ္ဂရုမစိုက္ပဲ ကိုကို႔လက္ေမာင္းကိုသာ ေခါင္းမွီၿပီးနားလိုက္သည္။
ေရခဲေခ်ာင္းလုပ္ေနတဲ့ လက္က အနည္းငယ္ေနွးသြားေပမဲ့ အလုပ္လုပ္ေနတယ္ မမွီနဲ႔လို႔တခြန္းမေျပာ။ ထို႔သို႔ေသာ အျပဳအမူေတြေၾကာင့္ ေသာ္က ကိုကို႔ကိုခ်စ္ရတာျဖစ္သည္။ေသာ္လုပ္လိုက္သမ်ွ ဘယ္ေတာ့မွ မတားျမစ္တက္တာကိုကို႔အက်င့္ပင္။
"ေရာင္းရလား .."
"အင္း တေန႔ထပ္တေန ႔ပိုေရာင္းေကာင္းလာပါတယ္။ ဒီေန ႔ေရခဲေခ်ာင္းေရာင္းၾကည့္တာ အေတာ္ေလး အဆင္ေျပတယ္ အဲ့ဒါေၾကာင့္ ကိုကို ေရခဲေသတၲာေတာင္ထပ္ဝယ္ထားေသးတယ္။"
"ဟုတ္လား. ကိုကို ကအရမ္းေတာ္တာပဲ .. စိတ္ကူးေလးလည္းေကာင္းတယ္ ဒါေပမဲ့ အလုပ္ေတြမ်ားလာရင္ မင္းအရမ္းပင္ပန္းေနမွာေတာ့ စိတ္ပူတယ္"
"နည္းနည္းေတာ့ပန္းတာေပါ့ ။ ေၾသာ္
ေသာ့္ကိုေျပာစရာရွိေသးတယ္ ..ဒီနွစ္ ေက်ာင္းလာတက္တဲ့ ႐ြာက ကေလးေတြထဲမွာ မိန္းကေလးေတြလည္း ပါတယ္ေလ အဲ့ထဲက အဆင္မေျပတဲ့ ကေလးေတြကို ေသာ့္အိမ္မွာ ထားခ်င္လို႔တဲ့ သက္ပံု ဖုန္းဆက္လာတယ္ .. ကိုကိုကေတာ့ ေသာ့္ကိုတိုင္ပင္အံုးမယ္လို႔ေျပာေပးထားတယ္ ..အားနာစရာမလိုဘူးေနာ္ ေသာ္ေက်နပ္မွ ထား"
" မေက်နပ္စရာမွမရွိတာ ဒီမွာ လာမေနရင္ ၿပီးတာပဲ သက္ပံုႀကိဳက္တာလုပ္လို႔ေျပာလိုက္"
"ဒီမွာေတာ့ ေနပါ့မလား ေယာက်ာ္းေလးေတြေနတာကို ..ဘာပဲေျပာေျပာ ကိုကို ဒီမွာ အလုပ္ေတြတိုးခ်ဲ့ခ်င္ေနတာ သူတို႔လာရင္ အဆင္ေျပတာေပါ့ ေက်ာင္းဆင္းရင္ ေန႔ခင္းပိုင္းလာကူေပးလိမ့္မယ္ ညေနပိုင္းေတာ့ မိုးခ်ဳပ္ထိ မထားေတာ့ဘူး ေသာ္အိမ္မွာ ျပန္နားၾကလိမ့္မယ္ .. အကုန္ဝိုင္းလုပ္ဝိုင္းစားေပါ့ေသာ္ရာ "
"ကိုကို ႀကိဳက္တာ လုပ္ပါ ငါကေတာ့ ေျပာစရာမရွိပါဘူး ေရခဲေခ်ာင္းက်န္ေသးလား ငါစားခ်င္လို ႔"
"အင္း ဟိုေရခဲေသတၲာထဲမွာ သြားနႈိက္စား .. ေထာပတ္သီးေရခဲေခ်ာင္းက အစိမ္းေရာင္ေလး ၊ ပန္းေရာင္က စေတာ္ဘယ္ရီ ၊ စပ်စ္သီးက နီညိဳေရာင္ေလး ေသာ္"
လက္ေမာင္းကို ပါးနဲ ့မထခ်င္သလို ပြတ္သပ္ေနၿပီးမွ ပ်င္းတိပ်င္း႐ြဲ ေသာ္က ထသြား၏။ ၿပီးေတာ့ သူစားခ်င္တဲ့ ေရခဲေခ်ာင္းနွစ္ေခ်ာင္းကို ဆြဲထုတ္ၿပီး ေဘးမွာ လာကပ္မွီျပန္၏။ ပါးစပ္ကလည္း လႈပ္စိလႈပ္စိနဲ ့ေရခဲေခ်ာင္းစားမပ်က္။
" ကိုကို "
"ဗ်ာ.."
"ငါတို႔ေက်ာင္းမွာ မၾကာခင္ Fund fair နဲ႔ fresher welcome ပြဲေတြလုပ္ေတာ့မယ္"
"fresher welcome ! ဟိတ္ေကာင္
ယေသာ္လင္း ေမးမယ္ေမးမယ္နဲ ့မေမးျဖစ္ဘူး ၊ မင္းတို႔ေဆးေက်ာင္းက ေကာင္မေလးေတြလွလား.. တစ္ေယာက္ေလာက္ ငါ့တို႔ကိုမိတ္ဆက္ေပးအံုးေလ ..ဟီးဟီ ေက်းဇူးမေမ့ဘူးေလကြာ "
တင္ေမာင္ၫြန္႔စကားကို တိုးသိန္းကပါစိတ္ဝင္တစားဝင္ေျပာလာ၏။ မန္းေလးေရာက္တာ တစ္လေလာက္ရွိေနၿပီ သူတို႔မွာခုထိ အီစီကလီေလးေတာင္မရွိေသးတာေတာ့ သိကၡာက်စရာပင္။
"ဟုတ္တယ္ဟ ေဆးေက်ာင္းသူေလးနဲ႔
ရည္းစားျဖစ္ရလည္းနည္းသလား ..
ေျပာျပလိုက္စမ္းပါကြာ ငါတို ႔တံငါကုန္း႐ြာသူျဖစ္ၾကည့္ တသက္လံုး ေျခေမႊးမီးမေလာင္ လက္ေမႊးမီးမေလာင္ ေနရမဲ့အေၾကာင္းေတြ..ၿပီးေတာ့ ငါတို႔တံငါကုန္း႐ြာသားေတြရဲ႕ သစၥာႀကီးမားပံု၊ အကြက္ျမင္ လက္ေၾကာတင္းပံုေတြ ကို ...အဟမ္း!
ရုပ္ရည္ကအစ ေတာသားဆိုၿပီး ေလ်ာ့မတြက္ထားသင့္တဲ့အေၾကာင္းေတြပါ မေမ့မေလ်ာ့ေျပာျပလိုက္စမ္းပါ.. "
ယေသာ္လင္း နွာေခါင္းရႈံ ့ကာ ၾကည့္လိုက္၏ အကုန္လံုး တစ္ရာဖိုး သုံးရုပ္တန္ေတြကမ်ား.. ။
" မင္းတို႔ရဲ႕ အေရမရအဖက္မရ စကားေတြ ဆက္မေျပာလို႔မရဘူးလား။ ဒီမွာ ငါကိုကိုနဲ႔ စီးပြားေရးအေၾကာင္းေျပာမလို႔ "
"ႀကီးႀကီးက်ယ္က်ယ္ "
တီးတိုးေရ႐ြတ္သံတခ်ိဳ ႕ကလြဲၿပီး ဆက္မေျပာလာတာမို ႔ အကုန္မ်က္ေစာင္းထိုးကာ
ကိုကိုဖက္ကိုေမာ့ၾကည့္လိုက္သည္။
ေအာက္ကေနျမင္ေနရတဲ့ ပံုညာဦးခ်ီ သည္ နားကိုသာ အလုပ္ေပးထားပံုရၿပီး လက္ကေတာ့ အလုပ္နဲ ့လက္နဲ ့မပ်က္ေသးေပ။ ေကာ္လာပါ ပိေတာက္ေျခာက္ေရာင္ ရွပ္လက္တိုသည္ အေပၚဆံုးၾကယ္သီးမွလြဲၿပီး ရင္ဘတ္အနည္းငယ္ပင္မေပၚေအာင္ ေသသပ္စြာ ဝတ္ဆင္ထား၏။
လည္ပင္းရွည္ရွည္ရွိၿပီး လည္စိႀကီးႀကီးက
ေရႊညိဳေရာင္ အသားေရထပ္မွာ ထင္းခနဲ ။
လက္ေမာင္းကိုမွီကာ ေသာ္က ေမာ့ၾကည့္ေနရတာမို ႔ ကိုကို႔မ်က္နွာအစိတ္အပိုင္းေတြကိုေသာ္ရွင္းလင္းစြာျမင္ေနရ၏
တကယ္ပဲ ပံုညာဦးခ်ီ က ခန္႔ညားတည္ၾကည္လြန္းသည္။ စိတ္ထားေကာင္းလို႔လားမသိ တည္ၾကည္ျခင္းေတြက မ်က္နွာထပ္မွာ အေရာင္ဟပ္လို ႔ တခါျမင္ရုံျဖင့္ ရင္ေအးေစနိုင္တဲ့ရုပ္ရည္မ်ိဳးပင္။
" ေျပာေလ ေသာ္ရဲ႕ ငါနားေထာင္ေနတယ္ "
အမွတ္တမဲ့ေငးမိသြားတာေၾကာင့္
ေသာ္ နဖူးကိုလက္နဲ ့ကုတ္ကာ ေယာင္ေတာင္ေတာင္ မွီထားရာမွဖယ္ေပးလိုက္သည္။
"အင္း အဲ့ဒါ သူငယ္ခ်င္းေတြက ေစ်းေရာင္းၾကမလို႔တဲ့ .. တျခားမဟုတ္ဘူး
မင္းဆိုင္က မုန္႔ ကို ေရာင္းဖို ႔သူတို႔စိတ္အားထက္သန္ေနၾကတယ္။ အတိအလင္းေတာ့ မတိုင္ပင္ရေသးဘူး လိုေသးတယ္ဆိုေတာ့ "
"ရပါတယ္ ေသာ့္သူငယ္ခ်င္းေတြဆိုေတာ့ အစဥ္ေျပေအာင္ ငါလုပ္ေပးရမွာေပါ့ ..
ဒါနဲ ့ေသာ္က သူငယ္ခ်င္းေတြရေနၿပီလား "
"အင္း မိန္းကေလး နွစ္ေယာက္ ေယာက္ေက်ာ္းေလး သံုးေယာက္နဲ ့ဒီေန႔ခင္ခဲ့တယ္"
မိန္းကေလးနွစ္ေယာက္က နန္းျမတ္နဲ ့သုသုျဖစ္ၿပီး ေယာက်ာ္းေလးသံုးေယာက္ကေတာ့ ဒီေန႔ Chemistry ပရက္တီကယ္ ခန္းမွာ ခင္ခဲ့ျခင္းျဖစ္သည္။
"ဟုတ္လားေကာင္းတာေပါ့ ။ ကိုကိုက ေသာ့္ကို အဲ့လိုေလးေနေစခ်င္တာ .. ေက်ာင္းသားဘဝမွာ ေပ်ာ္ေပ်ာ္ေနပါေသာ္ရာ ..
အရမ္းပူပင္ေသာကမမ်ားနဲ ့ ၊ စာမက်က္ရဘူးမေျပာဘူး လူငယ္သဘာဝ အေပ်ာ္ေလးလည္းရွိဖို႔ရာ လိုအပ္ေသးတာပဲေလ "
" မင္းရွိေနရင္ ငါ့မွာ အေပ်ာ္အပါးေတြ မရွိရင္ေတာင္ အဆင္ေျပပါတယ္ "
ေသာ္ထိုစကားကို ကိုကို႔မ်က္နွာၾကည့္ၿပီးေျပာျဖစ္သည္။ ၿပံဳးေယာင္သန္းသြားတဲ့ နႈတ္ခမ္းထူထူေတြကို ေသာ္တကယ္ သေဘာက်၏။ ေနာက္ၿပီး ေသာ့္ေခါင္းေပၚေရာက္လာတဲ့ ကိုကို႔လက္ေတြေရာပဲ ..
ေႏြးေထြးတယ္၊ စိတ္ရွည္ၿပီး ၾကင္နာတက္တယ္ ၊ ခ်ိဳသာတဲ့စကားေတြကို ဆိုတက္တယ္ .. ေသာ့္အတြက္ထို႔ေကာင္ေလးက တကယ့္အဖိုးထိုက္တန္ေလး
ခ်စ္တဲ့အိမ္စည္
" ဟိတ် ယသော် "
အခန်းထဲမှာ အရင်ရောက်နှင့်နေပြီးသား
နန်းမြတ်က လက်လှမ်းပြလာ၏ ဘေးမှာလည်း ဂုတ်ဝဲဆံပင်လေးနဲ့ကောင်မလေးတစ်ယောက် ထိုင်နေသည်မို့ ကြည့်ရတာ
ခုမှ ခင်မင်ကြတဲ့ပုံပင်။
မလှမ်းမကမ်းမှာဝင်ထိုင်လိုက်ရင်း ကိုကိုပေးလိုက်တဲ့ ကိတ်ဘူးလေးကိုပါ စားပွဲပေါ်သေချာတင်လိုက်ပီးမှ
" အစောကြီးရောက်နေတာလား "
ဟု လိုက်ရောညီထွေနှုတ်ဆက်လိုက်သည်။ ဒါကိုပဲ နန်းမြတ်က ရယ်မောကာ
ခေါင်းညိမ့်ပြလာ၏။
"ဟုတ်တယ် ငါဒီနေ့ စောလာလိုက်တာ ၊
အဆောင်ကလည်းမိန်းထဲမှာပဲဆိုတော့ နီးတယ်လေ၊ မိတ်ဆက်ပေးရဦးမယ် သူနာမည်က သုသုစံတဲ့ နန်းနဲ့ ခုမနက်မှပဲခင်သွားတာ..သုသု သူက ယသော်လင်းမာန်တဲ့ နန်းကတော့ ယသော်လို့ခေါ်တယ် "
" သုသု သိတယ် သူ့ကို .. ဟိုနားမှာ အမြဲ တစ်ယောက်ထဲ စာပဲကျက်နေတာ"
"ဟုတ်တယ်သုသုရေ ယသော်က Ro 1လေ စာလည်းအရမ်းတော်တယ်
နန်းတောင် စာမေးလို့ရအောင် အရင် သွားမိတ်ဆက်ထားတာ .."
ခေါင်းညိမ့်ပြလိုက်ရုံကလွဲပြီး ယသော့်မှာပြောစရာစကားမရှိတော့ .. ထို့ကြောင့် ကိုကိုပေးလိုက်တဲ့ ကိတ်မုန့် လေးဘူးလေးကို ဖွင့်ပြကာ စားဦးမလားမေးလိုက်မိသည်။ ပုံမှန်ဆိုရင် နေ့ခင်း ထမင်းစားပြီးမှ အချိုတည်းဖို့ သော် ဆုံးဖြတ်မိမှာဆိုပေမဲ့ ခုတော့ အသစ်စက်စက်ရလာတဲ့ မိန်းကလေးသူငယ်ချင်းနှစ်ယောက်ကို လောကွတ်ချော်လိုက်ရသည်။
" ကိတ်မုန့်လား ဟယ် ..ချစ်စရာလေး ၊ အသီးအနှံလေးတွေနဲ့ လုပ်ထားတာထင်တယ် ဘယ်ကရောင်းတာလဲ ယသော် "
" အိမ်က လုပ်ပေးလိုက်တာ ၊ စားကြည့်လေ ဆိုင်မှာ တင်ရောင်းဖို့ menuအသစ် စမ်းထားတာ .. "
ရှေ့ တိုးပေးလိုက်တော့ တစ်ယောက်တစ်တုံး ကောက်ကိုင်ကာ မြည်းစမ်းကြသည် ။ကိုကို ကိုယ်တိုင် အများစားဖို့ လုပ်ပေးလိုက်တာမို့ သိပ်ကြီး မကြီးပေမဲ့ သူတို့သုံးယောက်တော့ စားဖြစ်သည်။ နန်းမြတ်နဲ့ သုသုက ပထမဆုံး ခင်တဲ့ မနက်ခင်းတောင်
ရှက်ရွံသလို မစားရဲမသောက်ရဲ မဖြစ်ပဲပေါ့ပေါ့ပါးပါးရှိလှတာမို့ သော်လည်း နေရမခက်ပဲအဆင်ပြေသည်။ အချောအလှလေးနှစ်ယောက်ကြောင့် ကျောင်းတက်ပြီး လဝက်နီးပါးလောက်ရောက်မှ သော်တော့ ယောကျာ်းလေးသာငယ်ချင်းတွေ ထပ်တိုးလာမဲ့သဘောရှိနေပြီ။
"ဟယ် နန်းမြတ် ဒီဆိုင်ကို ငါသိတယ်
မင်းသမီးကြယ်စင်သွယ် တင်ထားတာကိုတွေ့လို့ သွားဝယ်စားဖို့တောင် ငါsaveထားလိုက်သေးတယ် ..ဒီမယ်ကြည့် အဲ့ဆိုင်မှာ အချဉ်ပေါင်းအစုံရောင်းတယ်"
"ယသော် အဲ့ဒါနင်တို့ဆိုင်လား ..အတော်ပဲ နောက်ရက်ငါတို့ အလည်လာခဲ့မယ်နော် "
ယသော် ခေါင်းညိမ့်ပြရင်း
"လာခဲ့လေ ဒါပေမဲ့ ကိုကို ပင်ပင်ပန်းပန်း ပိုက်ဆံရှာနေရတာမို့ အလကားတော့မကျွေးနိုင်ဘူး "
"ကြည့်စမ်း သုသုရေ ယသော်ကနှမြောအိုးကြီး"
ယသော် စာအုပ်ထုတ်နေရင်း သူတို့ပြောသမျှ မကြားချင်သလို ခပ်တည်တည်လုပ်နေ၏။ ခေါင်းငုံ့လိုက်တာနဲ့ နဖူးပေါ်ဆင်းကျလာတဲ့ ဆံပင်အုပ်အုပ်ကလေးတွေ နဲ့
ဘေးတိုက်ကြည့်ရင်မြင်နေရတဲ့ မျက်တောင်ရှည်ကော့ကော့လေးတွေကထိတွေ့လုဖြစ်နေသည်။ ဝင်းဖန့်ဖန့်မျက်နှာထပ်မှာ စင်းနေတဲ့နှာခေါင်းချွန်းချွန်းကလေးက မိန်းကလေးတွေထပ်များလှနေမလား..
ဘယ်လိုပဲကြည့်ကြည့် ယသော် က
ဖြူဖြူ စင်စင်ရုပ်ကလေးမို့ နန်းမြတ်တို့နှစ်ယောက် စိတ်မဆိုးမိပါ။ဘာပဲပြောပြော
ဒီတခါကျောင်းပိတ်ရက်ကို ယသော်တို့ဆိုင်ကို မုန့်သွားစားဖို့ကို သုသုနဲ့ ခေါင်းချင်းဆိုင်တိုင်ပင်ထားလိုက်သေးသည်။
" ဒါနဲ့ ယသော်... နင့်မှာ အကိုရှိသေးတာလား ...ဟီး နန်းမြတ်ရေ ယသော်တောင်ဒီလောက်ချစ်စရာကောင်းနေတာ သူ့အကိုလည်းချောလောက်တယ်ဟ "
" ဟုတ်လား ယသော် ..နင့်အကို ဘယ်လိုရုပ်မျိုးလဲ ချောလား "
စရောက်ကတည်းက ပေါက်ပေါက်ဖောက်သလို ပြောနိုင်ကြလွန်းတဲ့နှစ်ယောက်ကြောင့် ယသော် စာကျက်လို့ပင်မရတော့။ သာလိကာ အရှုံးပေးရသလိုပင် စကားများနိုင်လွန်းလို့ ယသော် စာအုပ်ပိတ်ကာ ထိုနှစ်ယောက်ဖက်လှည့်လိုက်၏။
" ကိုကိုက တအားချောတယ်၊ အရပ်ကလည်းအရှည်ကြီး ၊အသားက ငါလိုမဖြူဘူး
ဒါပေမဲ့ သူက ပိုကြည့်ကောင်းတယ် ..
နောက်ဘာသိချင်သေးလဲ .. နောက်တချိန်
physicချိန်နော် စာရကြပြီလား"
ထိုအခါမှအသည်းအသန် စာအုပ်ထုတ်ကာ စာကြည့်ကြသည်ကိုကြည့်ပြီး သော် ခေါင်းရမ်းမိ၏။ ဒီနှစ်ယောက်နဲ့ သာအပေါင်းသင်းလုပ်ရင် သူစားများကျက်ရပါ့မလား..
______
" ရော့ ရပြီ .. လမ်းရော သိရဲ့လား "
"သိပါတယ်ကွာ မန္တလေးမှာ လမ်းနံပါတ်ကြည့်ပြီး သွားရင် မရောက်တဲ့နေရာမရှိဘူး
မြင့်မြတ်ဟိန်း ကို ခုဆို မန်းသားလို့တောင်ပြောလို့ရနေပြီကွ "
"အေးပါ မြန်မြန်သွား မြန်မြန်ပြန်လာခဲ့
နောက်ထပ်ပို့ ပေးရမဲ့ဟာတွေရှိသေးတယ်"
ရေခဲထည့်တဲ့ အဖုံးပိတ်ဘူးကြီးတွေကို ဆွဲကာ သံချောင်းတို့နှစ်ယောက်သည် ခေါင်းညိမ့်ပြီး ထွက်သွားကြလေသည်။ ဒီနေ့ ရေခဲချောင်း အော်ဒါတွေ အများကြီးတက်၏ ။ ထုံးစံအတိုင်း Menuအသစ်အတွက် ဦးချိန်းဆီကိုမပို့မဖြစ်ပို့ပေးရသေးသည်။ ကြော်ငြာပြီးချိန် တခဏအတွင်း မူကြိုကျောင်းက ကလေးတစ်ယောက် မွေးနေ့အတွက် တစ်ကျောင်းစာ အချောင်းရေ ၁၀၀ အမှာစာရ၏။
ပထမဦးဆုံးနေ့ဆိုတော့ ဒီနေ့ အော်ဒါ ရေခဲ့ချောင်းပေးစရာမရှိတော့။ အသစ်ထပ်ခဲထားတဲ့ အချောင်းတွေကလည်း ပေးပို့ဖို့မမှီတော့တာကြောင့် ညပိုင်းဆိုင်မှာ တင်ရောင်းဖို့ သာရှိတော့၏။
" အခြေနေကောင်းလား ပုံညာ "
" မဆိုးပါဘူး ကျောင်းပြန်လာတာစောသားပဲ.
ထမင်းအရင်သွားစားပြီးလာခဲ့ကြအုံး ..
ပြန်လာရင် အသီးသုပ် အမှာစာ ၅ပွဲရှိတယ် အဲ့ဒါ ငါးခြံကျော်က စတိုးဆိုင်ကို မင်းတို့သွားပို့ပေး "
လွင်ဦး စကားဆက်မဆိုတော့ပဲ ထမင်းသွားဖို့အိမ်ဖက်ကူးလာခဲ့လိုက်သည်။
အလုပ်သမားဟူပြီးဆိုင်မှာ မရှိတော့ အကုန်ဝိုင်းလုပ်ဝိုင်းစားပဲ ။ ဒီရက်ပိုင်း
့သံချောင်းတို့ နှစ်ယောက်ကိုလည်း သင်တန်းသွားချိန်ပေးထားရ၍ သူတို့သုံးယောက်မှာ အလေမလိုက် အားကြ၊ စာသင်ချိန်ပြီးတာနဲ့ ရောက်ရာအရပ်ကနေ ပြန်ပြေးလာရသည်။ မပြေးလို့လည်းမရပါ။
ဆိုင်က အတော်လေး ရောင်းအားတက်လာလို့ ရှိတဲ့လူတောင် မနိုင်နင်းပေ။
ညနေပိုင်း အချိန်လောက်တွင် ဆိုင်က လူအတော်ရှင်းသွား၏။ လူရှင်းပေမဲ့ တစ်ယောက်မှ မနားရသေးပါ ။ သိပ်မကြာခင်ကဝင်လာသော အမှာစာအတွက် သူတို့အကုန်လုံးရေခဲချောင်း လုပ်နေရခြင်းကြောင့်ပေ။ သစ်သီးအရသာပါအောင်
မခိုမကပ်ပဲ စေတနာပါပါ လုပ်ရောင်းခဲ့သော အကျိူးကြောင့် နေ့ခင်းက သွားပို့ပေးခဲ့သော မူကြိုကျောင်းက ကျောင်းသားမိဘတစ်ယောက်၏ အဆက်အသွယ်ဖြင့်
နောက်ထပ် အချောင်း၂၀၀ကျော်ခန့် အော်ဒါရခဲ့လေသည်။
ထို့ကြောင့် နေ့ချင်းပင် ဦးချိန်းကိုအကူညီတောင်းကာ ရေခဲအားကောင်းတဲ့ရေခဲသေတ္တာကြီးတစ်လုံးမှာယူရလေသည်။
ဒီရက်ပိုင်းစုဆောင်းထားတဲ့ ပိုက်ဆံအတော်များများသုံးလိုက်ရပေမဲ့ ဦးချီကျေနပ်ရပါသည်။
ဦးချီ ၏ စိတ်ကူးသည် နောက်ဆိုရင်
Mini mart တွေထိ ဈေးနှုန်းချိုသာစွာ
တင်ရောင်းနိုင်ရန်ဖြစ်ပြီး နောက်ထပ်
ကျန်းမာရေးနဲ့ သင့်တော်သော အစားအသောက်များကိုလည်းတီထွင်ရောင်းချနိုင်ရန်ဖြစ်သည်။
" အဲ့ဒါဘာတွေလုပ်နေကြတာလဲ "
ယသော်လင်း လွယ်အိတ်ကလေးချွတ်ကာ ကိုကို့ဘေးနားမှာဝင်ထိုင်ရင်းမေးလိုက်၏။
စားပွဲနှစ်ဝိုင်းဆက်ကာ လက်အိတ်တွေစွပ်လျက် အသီးလှီးသူတွေက လှီးနေကြ၏။ အိတ်ထဲ ဂရုတစိုက်ထည့်ကာ ကြီးမားသောလေးထောင့်ကန်ထဲ စီထည့်သူကထည့်နေကြသည်။ ဧည့်သည်မရှိတာကြောင့် ထောင့်ဝိုင်းမှာ နေရာယူပြီး အလုပ်လုပ်နေကြဟန်။
"ရေခဲချောင်း ထုပ်နေတာ သော်ရဲ့ ၊
ကျောင်းကပြန်လာပြီလား..အိမ်ထဲသွားလေ ခဏတဖြုတ်နားပြီးမှရေချိုး "
" မင်းအဲ့ဒါတော့ ပိုလွန်းသွားပြီ။ ငါတို့ကျောင်းကပြန်လာတုန်းက ထမင်းစားပြီး ချက်ချင်းခိုင်းဖို့ခေါ်တယ် ..မင်းမယ..အဲ.
ယသော်လင်းကြ သွားနားဆိုတော့ မျက်နှာလိုက်လွန်းအားကြီးသွားပြီကွ"
"ဟုတ်တယ် ငါတို့ကျ တနေကုန် ထောင့်စိအောင် ခိုင်းတယ် သူ့ကျ ဖူးဖူးမှုတ်ထားတယ် မတရားတာမှ အကြီးကြီးမတရားတာကွ သိလား "
တယောက်တပေါက် အော်ဟစ် နေကြတဲ့
သူတွေကိုသော်ဂရုမစိုက်ပဲ ကိုကို့လက်မောင်းကိုသာ ခေါင်းမှီပြီးနားလိုက်သည်။
ရေခဲချောင်းလုပ်နေတဲ့ လက်က အနည်းငယ်နှေးသွားပေမဲ့ အလုပ်လုပ်နေတယ် မမှီနဲ့လို့တခွန်းမပြော။ ထို့သို့သော အပြုအမူတွေကြောင့် သော်က ကိုကို့ကိုချစ်ရတာဖြစ်သည်။သော်လုပ်လိုက်သမျှ ဘယ်တော့မှ မတားမြစ်တက်တာကိုကို့အကျင့်ပင်။
"ရောင်းရလား .."
"အင်း တနေ့ထပ်တနေ့ ပိုရောင်းကောင်းလာပါတယ်။ ဒီနေ့ ရေခဲချောင်းရောင်းကြည့်တာ အတော်လေး အဆင်ပြေတယ် အဲ့ဒါကြောင့် ကိုကို ရေခဲသေတ္တာတောင်ထပ်ဝယ်ထားသေးတယ်။"
"ဟုတ်လား. ကိုကို ကအရမ်းတော်တာပဲ .. စိတ်ကူးလေးလည်းကောင်းတယ် ဒါပေမဲ့ အလုပ်တွေများလာရင် မင်းအရမ်းပင်ပန်းနေမှာတော့ စိတ်ပူတယ်"
"နည်းနည်းတော့ပန်းတာပေါ့ ။ သြော်
သော့်ကိုပြောစရာရှိသေးတယ် ..ဒီနှစ် ကျောင်းလာတက်တဲ့ ရွာက ကလေးတွေထဲမှာ မိန်းကလေးတွေလည်း ပါတယ်လေ အဲ့ထဲက အဆင်မပြေတဲ့ ကလေးတွေကို သော့်အိမ်မှာ ထားချင်လို့တဲ့ သက်ပုံ ဖုန်းဆက်လာတယ် .. ကိုကိုကတော့ သော့်ကိုတိုင်ပင်အုံးမယ်လို့ပြောပေးထားတယ် ..အားနာစရာမလိုဘူးနော် သော်ကျေနပ်မှ ထား"
" မကျေနပ်စရာမှမရှိတာ ဒီမှာ လာမနေရင် ပြီးတာပဲ သက်ပုံကြိုက်တာလုပ်လို့ပြောလိုက်"
"ဒီမှာတော့ နေပါ့မလား ယောကျာ်းလေးတွေနေတာကို ..ဘာပဲပြောပြော ကိုကို ဒီမှာ အလုပ်တွေတိုးချဲ့ချင်နေတာ သူတို့လာရင် အဆင်ပြေတာပေါ့ ကျောင်းဆင်းရင် နေ့ခင်းပိုင်းလာကူပေးလိမ့်မယ် ညနေပိုင်းတော့ မိုးချုပ်ထိ မထားတော့ဘူး သော်အိမ်မှာ ပြန်နားကြလိမ့်မယ် .. အကုန်ဝိုင်းလုပ်ဝိုင်းစားပေါ့သော်ရာ "
"ကိုကို ကြိုက်တာ လုပ်ပါ ငါကတော့ ပြောစရာမရှိပါဘူး ရေခဲချောင်းကျန်သေးလား ငါစားချင်လို့ "
"အင်း ဟိုရေခဲသေတ္တာထဲမှာ သွားနှိုက်စား .. ထောပတ်သီးရေခဲချောင်းက အစိမ်းရောင်လေး ၊ ပန်းရောင်က စတော်ဘယ်ရီ ၊ စပျစ်သီးက နီညိုရောင်လေး သော်"
လက်မောင်းကို ပါးနဲ့ မထချင်သလို ပွတ်သပ်နေပြီးမှ ပျင်းတိပျင်းရွဲ သော်က ထသွား၏။ ပြီးတော့ သူစားချင်တဲ့ ရေခဲချောင်းနှစ်ချောင်းကို ဆွဲထုတ်ပြီး ဘေးမှာ လာကပ်မှီပြန်၏။ ပါးစပ်ကလည်း လှုပ်စိလှုပ်စိနဲ့ ရေခဲချောင်းစားမပျက်။
" ကိုကို "
"ဗျာ.."
"ငါတို့ကျောင်းမှာ မကြာခင် Fund fair နဲ့ fresher welcome ပွဲတွေလုပ်တော့မယ်"
"fresher welcome ! ဟိတ်ကောင်
ယသော်လင်း မေးမယ်မေးမယ်နဲ့ မမေးဖြစ်ဘူး ၊ မင်းတို့ဆေးကျောင်းက ကောင်မလေးတွေလှလား.. တစ်ယောက်လောက် ငါ့တို့ကိုမိတ်ဆက်ပေးအုံးလေ ..ဟီးဟီ ကျေးဇူးမမေ့ဘူးလေကွာ "
တင်မောင်ညွန့်စကားကို တိုးသိန်းကပါစိတ်ဝင်တစားဝင်ပြောလာ၏။ မန်းလေးရောက်တာ တစ်လလောက်ရှိနေပြီ သူတို့မှာခုထိ အီစီကလီလေးတောင်မရှိသေးတာတော့ သိက္ခာကျစရာပင်။
"ဟုတ်တယ်ဟ ဆေးကျောင်းသူလေးနဲ့
ရည်းစားဖြစ်ရလည်းနည်းသလား ..
ပြောပြလိုက်စမ်းပါကွာ ငါတို့ တံငါကုန်းရွာသူဖြစ်ကြည့် တသက်လုံး ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင် နေရမဲ့အကြောင်းတွေ..ပြီးတော့ ငါတို့တံငါကုန်းရွာသားတွေရဲ့ သစ္စာကြီးမားပုံ၊ အကွက်မြင် လက်ကြောတင်းပုံတွေ ကို ...အဟမ်း!
ရုပ်ရည်ကအစ တောသားဆိုပြီး လျော့မတွက်ထားသင့်တဲ့အကြောင်းတွေပါ မမေ့မလျော့ပြောပြလိုက်စမ်းပါ.. "
ယသော်လင်း နှာခေါင်းရှုံ့ ကာ ကြည့်လိုက်၏ အကုန်လုံး တစ်ရာဖိုး သုံးရုပ်တန်တွေကများ.. ။
" မင်းတို့ရဲ့ အရေမရအဖက်မရ စကားတွေ ဆက်မပြောလို့မရဘူးလား။ ဒီမှာ ငါကိုကိုနဲ့ စီးပွားရေးအကြောင်းပြောမလို့ "
"ကြီးကြီးကျယ်ကျယ် "
တီးတိုးရေရွတ်သံတချို့ ကလွဲပြီး ဆက်မပြောလာတာမို့ အကုန်မျက်စောင်းထိုးကာ
ကိုကိုဖက်ကိုမော့ကြည့်လိုက်သည်။
အောက်ကနေမြင်နေရတဲ့ ပုံညာဦးချီ သည် နားကိုသာ အလုပ်ပေးထားပုံရပြီး လက်ကတော့ အလုပ်နဲ့ လက်နဲ့ မပျက်သေးပေ။ ကော်လာပါ ပိတောက်ခြောက်ရောင် ရှပ်လက်တိုသည် အပေါ်ဆုံးကြယ်သီးမှလွဲပြီး ရင်ဘတ်အနည်းငယ်ပင်မပေါ်အောင် သေသပ်စွာ ဝတ်ဆင်ထား၏။
လည်ပင်းရှည်ရှည်ရှိပြီး လည်စိကြီးကြီးက
ရွှေညိုရောင် အသားရေထပ်မှာ ထင်းခနဲ ။
လက်မောင်းကိုမှီကာ သော်က မော့ကြည့်နေရတာမို့ ကိုကို့မျက်နှာအစိတ်အပိုင်းတွေကိုသော်ရှင်းလင်းစွာမြင်နေရ၏
တကယ်ပဲ ပုံညာဦးချီ က ခန့်ညားတည်ကြည်လွန်းသည်။ စိတ်ထားကောင်းလို့လားမသိ တည်ကြည်ခြင်းတွေက မျက်နှာထပ်မှာ အရောင်ဟပ်လို့ တခါမြင်ရုံဖြင့် ရင်အေးစေနိုင်တဲ့ရုပ်ရည်မျိုးပင်။
" ပြောလေ သော်ရဲ့ ငါနားထောင်နေတယ် "
အမှတ်တမဲ့ငေးမိသွားတာကြောင့်
သော် နဖူးကိုလက်နဲ့ ကုတ်ကာ ယောင်တောင်တောင် မှီထားရာမှဖယ်ပေးလိုက်သည်။
"အင်း အဲ့ဒါ သူငယ်ချင်းတွေက ဈေးရောင်းကြမလို့တဲ့ .. တခြားမဟုတ်ဘူး
မင်းဆိုင်က မုန့် ကို ရောင်းဖို့ သူတို့စိတ်အားထက်သန်နေကြတယ်။ အတိအလင်းတော့ မတိုင်ပင်ရသေးဘူး လိုသေးတယ်ဆိုတော့ "
"ရပါတယ် သော့်သူငယ်ချင်းတွေဆိုတော့ အစဉ်ပြေအောင် ငါလုပ်ပေးရမှာပေါ့ ..
ဒါနဲ့ သော်က သူငယ်ချင်းတွေရနေပြီလား "
"အင်း မိန်းကလေး နှစ်ယောက် ယောကျာ်းလေး သုံးယောက်နဲ့ ဒီနေ့ခင်ခဲ့တယ်"
မိန်းကလေးနှစ်ယောက်က နန်းမြတ်နဲ့ သုသုဖြစ်ပြီး ယောကျာ်းလေးသုံးယောက်ကတော့ ဒီနေ့ Chemistry ပရက်တီကယ် ခန်းမှာ ခင်ခဲ့ခြင်းဖြစ်သည်။
"ဟုတ်လားကောင်းတာပေါ့ ။ ကိုကိုက သော့်ကို အဲ့လိုလေးနေစေချင်တာ .. ကျောင်းသားဘဝမှာ ပျော်ပျော်နေပါသော်ရာ ..
အရမ်းပူပင်သောကမများနဲ့ ၊ စာမကျက်ရဘူးမပြောဘူး လူငယ်သဘာဝ အပျော်လေးလည်းရှိဖို့ရာ လိုအပ်သေးတာပဲလေ "
" မင်းရှိနေရင် ငါ့မှာ အပျော်အပါးတွေ မရှိရင်တောင် အဆင်ပြေပါတယ် "
သော်ထိုစကားကို ကိုကို့မျက်နှာကြည့်ပြီးပြောဖြစ်သည်။ ပြုံးယောင်သန်းသွားတဲ့ နှုတ်ခမ်းထူထူတွေကို သော်တကယ် သဘောကျ၏။ နောက်ပြီး သော့်ခေါင်းပေါ်ရောက်လာတဲ့ ကိုကို့လက်တွေရောပဲ ..
နွေးထွေးတယ်၊ စိတ်ရှည်ပြီး ကြင်နာတက်တယ် ၊ ချိုသာတဲ့စကားတွေကို ဆိုတက်တယ် .. သော့်အတွက်ထို့ကောင်လေးက တကယ့်အဖိုးထိုက်တန်လေး
ချစ်တဲ့အိမ်စည်
Bạn đang đọc truyện trên: ZingTruyen.Xyz