နှင်းဆီဝါတို့ နီစွေးစေ(နွင္းဆီဝါတို ႔နီေစြးေစ)completed
2
"ယေသာ္လင္းမာန္ "
ၿပံဳးေပ်ာ္ဝင္လာတဲ့ နႈတ္ခမ္းတို ႔သည္
ေဖေဖ့ အသံေၾကာင့္ ေၾကာက္လန္ ႔တၾကား တည္တင္းသြား၏။
ယေသာ္လင္းသည္ မည္သူကိုမ်ွ မေၾကာက္တက္ေပမဲ့ ေဖေဖ့ကိုေတာ့ႀကိဳက္ပါသည္။
ေဖေဖ ဦးထိန္လင္းသည္ ယေသာ္လင္း
တို ႔သားအမိကို ဘယ္ေတာ့မွ မလို ခ်င္ခဲ့သည္မို ႔ေဖေဖ့ေရွ ႔ဆို ယေသာ္လင္းက အပိုးက်ိဳးရပါသည္။
"ဒါဘယ္ကျပန္လာတာလဲ။ "
အိမ္ေပါက္ဝမွာ ရပ္တန္ ႔ၿပီးခါးေထာက္ေျပာလာတဲ့ ေဖေဖ့အၾကည့္ေအာက္မွာ ယေသာ္လင္းေၾကာက္ဒူးတုန္ေနေလသည္။
ေဖေဖျပန္ေရာက္မွာ ဆိုတာ ယေသာ္လင္းမသိလို ႔ အျပင္သြားတာပါ။ နို ႔မို ႔ဆို ေဖေဖ့မ်က္စိေရွ ႔ေအာက္မေရာက္ဖို ႔
ယေသာ္ အခန္းထဲကအခန္းျပင္ထြက္ေလ့မရွိေပ။ယခုအခါမွေတာ့ ေရွာင္လြဲလို ႔မရတဲ့ အမွားတခုကို ယေသာ္လင္းတစ္ေယာက္ ျပဳလုပ္မိေခ်သည္။
"ဟို သား ..သား ဘယ္မွမသြားပါဘူး။ ၿခံထဲတင္ေဆာ့ေနတာပါ "
ယေသာ္လင္းစကားဆံုးေတာ့ ေဖေဖ့မ်က္နွာသည္ ပိုၿပီး ေၾကာက္စရာေကာင္းလာသည္။
" ငါ့ကို လိမ္ျပန္ၿပီလား ယေသာ္လင္းမာန္ သြား တုတ္သြားယူေခ် ။ မရုိက္တာၾကာေတာ့
ငါ့ကို အကဲစမ္းေနတာေပါ့ဟုတ္လား"
တုတ္ဆိုတဲ့ အသံၾကားေတာ့ ယေသာ္
ဒူးေတြတုန္လာ၏။။ ေဖေဖရုိက္ရင္ အေသနာတာ။ သူအရမ္းေၾကာက္တယ္။
ဒါေပမဲ့ သူ မလုပ္ခ်င္ဘူးလို ႔ေဖေဖ့ကို မေျပာရဲေပ။ ထို ေၾကာင့္ ယေသာ္လင္းကို ရုိက္ဖို ႔ ေဖေဖသီးသန္ ႔လုပ္ထားတဲ့ တုတ္ကို အခန္းေထာင့္ကေန သြားယူ ေပးလိုက္သည္။
"ေျပာ ေနာက္ကို လိမ္အုန္းမွာလား ။
မေအတူသားလို ႔မေျပာရဘူး အခ်ိန္တိုင္း အလိမ္အညာေလးနဲ ့ဟုတ္လား။ "
ေဖေဖအလိုက် ေက်ာေပးထားရင္း ယေသာ္ ျပန္မေျပာနိုင္ခဲ့ဘူး။
အၿမဲတမ္း ယေသာ္ မလိမ္တက္ပါ။
ခုဟာလည္းေဖေဖ့ကိုေၾကာက္လို ႔ေျပာမိေျပာရာေျပာမိျခင္းျဖစ္၏။
"ကိုလင္း သားကို မရုိက္ပါနဲ ့။ ဆံုးမစရာရွိရင္ ပါးစပ္ ကေျပာေလ။ အခ်ိန္တိုင္း တုတ္နဲ ့ဆံုးမရေအာင္သားက ရွင့္သားမဟုတ္ဘူးလား။ "
ေမေမအသံၾကားပီးတဲ့ေနာက္မွာ
ယေသာ္လင္းဟာ ေမေမရဲ႕ ဆြဲေပြ ႕ျခင္းကိုခံလိုက္ရတယ္။
အားကိုးစိတ္ စိတ္ခ်စိတ္တို ႔နဲ ့ေမေမ ့ရင္ဖက္ကို မ်က္နွာအပ္ကာယေသာ္ ငိုမိသည္။
" ခင္ခင္ေထြး ။ မင္းဘာစကားေျပာတာလဲ။ ယေသာ္လင္းမာန္က မင္းေမြးထားတဲ့ မင္းသား။ ငါ့သားမဟုတ္ဘူး။ ေနာက္ကို ငါ့သားဆိုတဲ့စကားမေျပာနဲ ့။ "
"ဟင္း "
ေမေမ့ရယ္ေမာျခင္းကို ရင္ခြင္ထဲရွိတဲ့
ယေသာ္သည္ရုပ္မျမင္ရေပမဲ့ အကုန္သိေနရသည္။
ေတာ္ရုံဆို ေမေမက ေဖေဖ့ကို ခုလို စကားေတြ ျပန္မေျပာပဲ ရန္မျဖစ္ေအာင္ေရွာင္ရွားတက္ေလသည္။
ဒီတခါေတာ့ ယေသာ္လင္းနဲ ့ပတ္သတ္ကာ ေမေမတစ္ေယာက္ေဖေဖ့ကို ျပန္ေအာ္ေန၏။
" ၆နွစ္ရွိၿပီ ကိုလင္း။
ရွင္ဖက္က ကြၽန္မ ကို လိမ္လည္ၿပီး လက္ထက္ခဲ့တယ္လို ႔ ထင္ေနတာမို ႔လား။
ကြာရွင္းၾကမယ္။ က်မ ဆက္မေပါင္းနိုင္ေတာာဘူး ကိုလင္း "
ေမေမ ့စကားေၾကာင့္ ယေသာ္လင္း ေခါင္းေမာ့ၾကည့္လိုက္သည္။
လင္မယားကြဲကြာတာကို ယေသာ္လင္းနားမလည္ပါ။ သို ႔ေသာ္ အဲ့ေန ႔က
ယေသာ္လင္းတို ႔အိမ္ကေန ေဖေဖ ေဒါသတႀကီးထြက္သြားခဲ့၏။ ပံုမွန္ဆိုရင္ေတာင္
ယေသာ္တို ႔သားအမိပဲ ဒီအိမ္ႀကီးမွာ ေနၾကတာျဖစ္ၿပီး ေဖေဖကေတာ့ တခါတေလမွသာ လာတက္တာျဖစ္သည္။
ထိုေန ႔က ေမေမသည္ ယေသာ္ကို ေပြ ႕ၿပီးငိုေႂကြးကာေျပာခဲ့သည္။
"မင္းအေဖက ဘယ္ေတာ့မွေမေမတို ႔ဆီ
ျပန္လာမွာ မဟုတ္ေတာ့ဘူး"တဲ့။
ထို ႔အတြက္ ယေသာ္ဝမ္းမနည္းခဲ့ပါ။
ေဖေဖအိမ္လာခဲ့ရင္ေတာင္ ေမေမ ကို စိတ္ဆင္းရဲေအာင္ အၿမဲလုပ္တက္သူမို ႔
မလာေလေကာင္းေလဟုသာ အၿမဲေတြးေနတက္ေသာ ယေသာ့္အဖို ႔ ကေလးအေတြးနဲ ့ေပ်ာ္စရာျဖစ္ခဲ့သည္။
_________
ဦးခ်ီ တစ္ေယာက္ တစ္ေယာက္ထဲ ေနရတာပ်င္းလာသည္ေၾကာင့္ ခါတိုင္းလို ၿခံထဲမွာ အပင္စိုက္ေနလ်က္ရွိသည္။
ဒါေပမဲ့ သူ ႔အာရုံသည္ တိတ္ဆိတ္ေနေသာ တဖက္ၿခံဆီကို သာ ေရာက္ေနသည္မို ႔ ဆုပ္ကိုင္ထားေသာ ေျမေဆြးေတြမွ အပ အပင္စိုက္ျခင္းဆီသို ႔အလွည့္ကမေရာက္ေသးေပ။ ထိုေကာင္ေလးကို မေတြ ႕ရတာ ၄ရက္ရွိၿပီေလ။
ေနာက္ဆံုး စိတ္မရွည္တာေၾကာင့္ၿခံစည္းရုိးအုတ္တံတိုင္းနားထိ တိုးကာ တဖက္ၿခံကို ခိုးၾကည့္မိသည္။
ဘိုးဘိုးက ေျပာသည္ ။
ထိုေကာင္ေလးနာမည္က ယေသာ္လင္းမာန္တဲ့ ။
သူ ႔အေဖက အရမ္းဆိုးကာ အၿမဲ ရုိက္နက္ တက္သည္မို ႔ လာေဆာ့ရင္ ဦးခ်ီက သည္းခံေပးပါတဲ့။
တကယ္ဆိုရင္ ဦးခ်ီ ထိုေကာင္ေလးကို
မတည့္ေပ။ ဒါေပမဲ့ စဥ္းစားၾကည့္ရင္
အသားနာေအာင္ လုပ္တက္ေသာမိဘနဲ ့အတူေနရသူမို ႔သနားစရာေတာ့ နည္းနည္းေကာင္းသည္ဟုထင္သည္။
ပါးပါးသည္ ဦးခ်ီ ကို မရုိက္နွက္တက္ပါ။
ပါးပါးေဒါသ ထြက္လာရင္ေတာင္ ပံုညာဦးခ်ီ ေနာက္ကို ဒါမ်ိဳးထပ္လုပ္ရင္ ပါးပါး စိတ္ဆိုးရလိမ့္မယ္ဆိုတာမ်ိဳးကို သာ ေျပာတက္သူပင္။
သက္ပံုကေတာ့ အရင္ကတည္းက ႏုညံ့စြာဆံုးမတက္သူမို ႔ ပံုညာဦးခ်ီက
ဖခင္ေတြ အရိပ္ေအာက္မွာ ေကာင္းမြန္စြာ ႀကီးျပင္းလာေသာ လူလိမ္မာေလး ျဖစ္၏။
ထို ႔ေၾကာင့္ သနားစရာေကာင္းလွတဲ့
ယေသာ္လင္းမာန္ဆိုတဲ့ ေကာင္ေလးကို
ဦးခ်ီ ဒီတခါေတြ ႕ရင္ ေကာင္းေကာင္းဆက္ဆံဖို ႔ျပင္ထားသည္။
ေယာက်ာ္းေကာင္းတို ႔မည္သည္
စိတ္ပုတ္စိတ္ယုတ္မေမြးပဲ သေဘာထားႀကီးနိုင္သမ်ွ ႀကီးရမည္ဟု ပါးပါးကဆံုးမထားသည္။
ပါးပါးနဲ ့တူေသာသားမို ႔ ပံုညာဦးခ်ီသည္
ေယာက်ာ္းေကာင္းတစ္ေယာက္ ျဖစ္ဖို ႔
ငယ္ငယ္ကတည္းက ႀကိဳးစားလာခဲ့တာျဖစ္သည္။
အေတြးမ်ားနဲ ့ ဦးခ်ီသည္ လူႀကီးခါးေက်ာ္ေက်ာ္ အုတ္ေဘာင္ေလးကို အတင္း ေျခဖ်ားေထာက္ ကာ ေခ်ာင္းၾကည့္မိသည္။
သို႔ေပမဲ့ ထိုေကာင္ေလးကို မေတြ ႕ရပါ။
စိတ္ပ်က္စြာ ဦးခ်ီ ေက်ာ ခိုင္းလိုက္တဲ့ အခ်ိန္မွာပဲ ရိပ္ကနဲ ေတြ ႕လိုက္ရေသာ အဝါေရာင္ ေလး။
ထြက္လာပါၿပီ။
ေဘာင္းဘီ တိုအျဖဴ ေလးဝတ္ထားေသာ
ျဖဴေဖြးေနတဲ့ ေကာင္ေလးသည္
မိန္းကေလးနဲ ့တူေပမဲ့ မိန္းကေလးမဟုတ္ပါ။ ဒါေပမဲ့ ဦးခ်ီ မ်က္လံုးထဲမွာေတာ့
႐ြာက ဦးသာလွ၏သမီး ျဖဴနွင္းေဖြးထက္ပင္ ပိုႏု၊ ပိုလွေသးသည္။
ျဖဴေတာ့ ျဖဴ နွင္းေဖြးမွာ ယေသာ္လင္းလိုပါးခ်ိဳင့္လွလွေတြမရွိပါ။
"ဒီမွာ "
ဦးခ်ီရဲ႕ မတိုးမက်ယ္ေအာ္သံေၾကာင့္
မ်က္ေတာင့္ေကာ့ေကာ့မ်က္လံုးျပဴးျပဴး အၾကည့္ေတြက ဒီဖက္ေရာက္လာသည္။
ဘယ္လိုၾကည့္ၾကည့္ မိန္းကေလးနဲ ့တူေနသည္မို ႔ ဦးခ်ီ စိတ္ရႈပ္လို ႔ေနသည္။
ေယာက်ာ္းျခင္းတူေပမဲ့ ထိုေကာင္ေလးက
ပိုပီး ႏု ညံ့ေသာ အသားေရရွိသည္။
သူ ႔မွာက မမဲေသာ္လည္း ထိုတစ္ေယာက္နဲ ့ယွဥ္ရင္ မဲခ်င္တဲ့ အေနထားမွာရွိတဲ့ အသားေရကို ပိုင္ဆိုင္ေနသည္ မို ႔အမွန္တိုင္းေျပာရင္ အေပါင္းသင္းမရွိလို ႔သာ ေပါင္းရမွာ သိပ္ေတာ့မေပါင္းခ်င္လွေပ။
ၿပီးေတာ့ ယေသာ္လင္းမာန္သည္
သူ ႔ကို အနွိမ္ေပါက္နဲ ့ ငမဲလံုးလို ႔ေခၚတက္ေသးသည္မို ႔
"ဘာတုန္း "
ေတြးေနဆဲအေတြးသည္ ေအာ္သံေၾကာင့္
ပ်က္ကုန္သလို မာဆတ္ေနေသာ ထူးသံေၾကာင့္ လန္ ႔ပါလန္႔ရသည္။
သိပ္ကိုၾကမ္းတမ္းလြန္းပါတဲ့ ယေသာ္လင္းပါေလ။
" ေျဖးေျဖးေျပာပါ။
ဟိုေန ႔က ငါေျပာလိုက္တာ ရုိင္းသြားတယ္။ အဲ့ဒါ ေတာင္းပန္ပါတယ္"
ဦးခ်ီမမွားခဲ့ေသာ္လည္း ေတာင္းပန္လိုက္၏။ ေက်နပ္သြားတဲ့ မ်က္နွာက ပါးခ်ိဳင့္ေရးေရးကို ေပၚလာေစၿပီး တင္စီးျခင္း အလုပ္ကို ယေသာ္လင္းမာန္ ပီသစြာ စတင္လာ၏။
" မဆိုးဘူး။ ဘာလဲ ငါနဲ ့အေပါင္းသင္းလုပ္ခ်င္တာလား "
"အင္း။ ငါမွာ သူငယ္ခ်င္းမရွိဘူး။
လုပ္မလား"
ေအာက္က်တယ္ဆိုတဲ့ စိတ္မဝင္ပဲ ဦးခ်ီေမ်ွာ္လင့္တႀကီးေမးလိုက္သည္။
သို ႔ေသာ္ ယေသာ္လင္းက ဦးခ်ီကို အဖက္မလုပ္ပါ။ သူ ႔အၾကည့္ေတြသည္
မွည့္ဝင္းေနေသာ မာလကာပင္ဆီကိုသာ ေရာက္ရွိေနသည္မို ႔ ဦးခ်ီ စိတ္ညစ္သြား၏။
ဒါေပမဲ့ သူ သူငယ္ခ်င္းရခ်င္ေနေလသည္
မို ႔ထပ္ခါေျပာလိုက္၏။
"မင္း မာလကာသီးစားခ်င္တာလား ။
သူငယ္ခ်င္းလုပ္ရင္ ငါခူးေပးမယ္ေလ "
ထိုအခါ မွ ယေသာ္လင္းက ဦးခ်ီကို
ပါးခ်ိဳင့္ေတြေပၚေအာင္ ၿပံဳးကာ ၾကည့္လာ၏။
" မင္းဇြတ္ေျပာလို ႔ လုပ္မွာေနာ္။
ငါက သူငယ္ခ်င္းမရွိလဲ ဘာမွမျဖစ္ဘူး ။"
"ေအးပါ ငါဇြတ္ေျပာလို ႔ပါ။ စားမလားငါခူးေပးမယ္။ "
"ေအး"
ယေသာ္လင္းဆီမွ ခြင့္ျပဳခ်က္ရေတာ့ ဦးခ်ီ
ေပ်ာ္သြားရသည္။
ယေသာ္လင္းက ဦးခ်ီရဲ႕ ပထမဆံုးသူငယ္ခ်င္းပင္။
အနည္းငယ္ ေစာင့္ႂကြားႂကြားနိုင္ေသာ္လည္း သနားစရာေကာင္းသည္မို ႔ ဦးခ်ီက
ေယာက်ာ္းပီသစြာ အေလ်ာ့ေပးဖို ႔ျပင္ထားသည္။
မာလကာပင္သည္ တကယ္ေတာ့ လူႀကီးတရပ္စာျမင့္ေလသည္။
ဦးခ်ီက ၆နွစ္ေတာင္ မျပည့္ခ်င္ေသးတာမို ႔
ခူးဖို ႔ရာ တကယ္ေတာ့မလြယ္လွေပ။
သို ႔ေသာ္ ေယာက်ာ္းတစ္ေယာက္မို ႔
ယေသာ္လင္းစားခ်င္ေနတဲ့ မာလကာသီးကိုေတာ့ရေအာင္ ခူးေပးရမည္။
"ခဏေနာ္ ။ ငါအပင္ေပၚ တက္လိုက္အုန္းမယ္"
အၿမဲ ဝတ္တက္ေသာ ပုဆိုးတိုတိုကို
ပါးပါး တခါတေလ လုပ္သလို ခါးေတာင္းက်ိဳက္ လိုက္၏။ ေတာသားမို ႔
ခါးေတာင္းက်ိဳက္တာမဆန္းေသာ္လည္း
ခုမွ စက်ိဳက္တာမို ႔ က်စ္က်စ္ပါေအာင္ ထိုးထည့္ေနေသာ ပုဆိုးစက ဖင္ၾကားေလးထဲဝင္ေနတာကိုေတာ့ ဦးခ်ီသတိမထားမိပါ။
"ငမဲလံုး ။ မင္းက အသားပဲ မဲတာမဟုတ္ဘူးေနာ္ ဖင္ေလးကလည္းမဲတယ္ေနာ္ "
ယေသာ္လင္းစကားေၾကာင့္ အပင္ေပၚတက္မဲ့ ဦးခ်ီ တေယာက္ ေလာကႀကီး သည္
ထူးဆန္းစြာ တိတ္ဆိတ္သြားသလို ခံစားလိုက္ရသည္။
ရွက္ဖို ႔ေကာင္းလိုက္တာ။
ယေသာ္လင္းသည္ နွာဘူး ကေလးျဖစ္သည္။
ေျမႇာင္ေနေအာင္က်ိဳက္ထားေသာ ဦးခ်ီရဲ႕ဖင္ကို ၾကည့္ကာ သေဘာတက် တခြီးခြီး ရယ္ေနေလသည္။
ထို ႔ေၾကာင့္ ဦးခ်ီ ပုဆိုးကို အလ်ွင္အျမန္
ေလ်ာခ်ကာ ယေသာ္လင္းကို ၾကည့္ကာ
ေျပာလိုက္၏။။
"ယေသာ္လင္းမာန္ မင္း ငါ့ကို ငမဲလံုးလို ႔မေခၚနဲ ့။ ငါအသားမမဲဘူး။ "
"ေအးပါ မင္းက အသားမမဲပါဘူး ။
ဖင္ေျပာင္ေလးနွစ္ဖက္ပဲ မဲတာ။ဟားဟား
ပံုညာဦးခ်ီ ဖင္မဲေလး။ ဖင္မဲေလး "
လက္ညိဳးထိုးကာ စေနေသာ ယေသာ္လင္းေၾကာင့္ ပုညာဦးခ်ီ ရွက္႐ြံ ့စြာ
ကိုယ္လံုးေလးတုန္လာ၏။
သူသည္ သြက္လက္ေသာ လူငယ္ေလးျဖစ္ေပမဲ့ ရန္တခါမွမျဖစ္ဖူးေပ။
ေစ်းေရာင္းတာသာ လုပ္တက္ၿပီး ကေလးေတြနဲ ့အျပင္ထြက္ေဆာ့ျခင္းရွားပါးေသာ ဦးခ်ီသည္ ယေသာ္လင္းကို နိုင္ေအာင္ မေျပာတက္ေပ။
ဘာစကားကျပန္မေျပာနိုင္ေလ ငိုခ်င္လာေလမို ႔ အဆံုးသတ္တြင္ ဦးခ်ီရဲ႕ ငိုသံက်ယ္သာ ထြက္လာရသည္။
"ဟီးအီး ယေသာ္လင္း ။ မင္း ငါ့ကို ဟင့္
ဖင္မဲလို ႔ေခၚျပန္ၿပီ။ ေနာက္ကို မင္းနဲ ့စကားလံုးဝမေျပာေတာ့ဘူး။ ဟီးအီးအီး"
ငိုၿပီးေျပးထြက္သြားေသာ ပုဆိုးေလးနဲ ့တီရွပ္အေဟာင္းေလးဝတ္ထားေသာ ေကာင္ေလးကို ၾကည့္ပီး တေန ႔လံုး စိတ္ညစ္ေနတဲ့ ယေသာ္လင္းသည္ ေပ်ာ္ရႊင္စြာ တဟားဟားေအာ္ရယ္ေနမိေတာ့သည္။
ခ်စ္တဲ့အိမ္စည္။
Voteလိုခ်င္တယ္။
"ယသော်လင်းမာန် "
ပြုံးပျော်ဝင်လာတဲ့ နှုတ်ခမ်းတို့ သည်
ဖေဖေ့ အသံကြောင့် ကြောက်လန့် တကြား တည်တင်းသွားရ၏။
ယသော်လင်းသည် မည်သူကိုမျှ မကြောက်တက်ပေမဲ့ ဖေဖေ့ကိုတော့ ကြောက်ရပါသည်။
ဖေဖေ ဦးထိန်လင်းသည် ယသော်လင်း
တို့ သားအမိကို ဘယ်တော့မှ မလို ချင်ခဲ့သည်မို့ ဖေဖေ့ရှေ့ ဆို ယသော်လင်းက အပိုးကျိုးရ၏။
"ဒါဘယ်ကပြန်လာတာလဲ။ "
အိမ်ပေါက်ဝမှာ ရပ်တန့် ပြီးခါးထောက်ပြောလာတဲ့ ဖေဖေ့အကြည့်အောက်မှာ ယသော်လင်းကြောက်ဒူးတုန်နေလေသည်။
ဖေဖေပြန်ရောက်မှာ ဆိုတာ ယသော်လင်းမသိလို့ အပြင်သွားတာဖြစ်သည်။ နို့ မို့ ဆို ဖေဖေ့မျက်စိရှေ့ အောက်မရောက်ဖို့
ယသော် အခန်းထဲကအခန်းပြင်ထွက်လေ့မရှိပေ။ယခုအခါမှတော့ ရှောင်လွဲလို့ မရတဲ့ အမှားတစ်ခုကို ယသော်လင်းတစ်ယောက် ပြုလုပ်မိချေသည်။
"ဟို သား ..သား ဘယ်မှမသွားပါဘူး။ ခြံထဲတင်ဆော့နေတာပါ "
ယသော်လင်းစကားဆုံးတော့ ဖေဖေ့မျက်နှာသည် ပိုပြီး ကြောက်စရာကောင်းလာသည်။
" ငါ့ကို လိမ်ပြန်ပြီလား ယသော်လင်းမာန် သွား တုတ်သွားယူချေ ။ မရိုက်တာကြာတော့
ငါ့ကို အကဲစမ်းနေတာပေါ့ဟုတ်လား"
တုတ်ဆိုတဲ့ အသံကြားတော့ ယသော်
ဒူးတွေတုန်လာ၏။။ ဖေဖေရိုက်ရင် အသေနာတာမို့က လေးပီပီ ကြောက်လှသည်။ သူ ဖေဖေကိုအရမ်းကြောက်သည်။
ဒါပေမဲ့ သူ တုတ်မယူချင်ဘူးလို့ ဖေဖေ့ကို မပြောရဲပေ။ ထို ကြောင့် ယသော်လင်းကို ရိုက်ဖို့ ဖေဖေသီးသန့် လုပ်ထားတဲ့ တုတ်ကို အခန်းထောင့်ကနေ သွားယူ ပေးလိုက်သည်။ဖေဖေသည် တုတ်ကိုမ၍
"ပြော နောက်ကို လိမ်အုန်းမှာလား ။
မအေတူသားလို့ မပြောရဘူး အချိန်တိုင်း အလိမ်အညာလေးနဲ့ ဟုတ်လား။ "
ဖေဖေအလိုကျ ကျောပေးထားရင်း ယသော် ပြန်မပြောနိုင်ခဲ့ဘူး။
အမြဲတမ်း ယသော် မလိမ်တက်ပါ။
ခုဟာလည်းဖေဖေ့ကိုကြောက်လို့ ပြောမိပြောရာပြောမိခြင်းဖြစ်၏။
"ကိုလင်း သားကို မရိုက်ပါနဲ့ ။ ဆုံးမစရာရှိရင် ပါးစပ် ကပြောလေ။ အချိန်တိုင်း တုတ်နဲ့ ဆုံးမရအောင်သားက ရှင့်သားမဟုတ်ဘူးလား။ "
မေမေအသံကြားပီးတဲ့နောက်မှာ
ယသော်လင်းဟာ မေမေရဲ့ ဆွဲပွေ့ ခြင်းကိုခံလိုက်ရတယ်။
အားကိုးစိတ် စိတ်ချစိတ်တို့ နဲ့ မေမေ့ ရင်ဘတ်ကို မျက်နှာအပ်ကာယသော်လင်း ရှိုက်ကာ ငိုမိ တော့သည်။ ဖေဖေနဲ့မေမေသည် ဘယ်တော့မှ မတည့်ပါ။ ယသော်လင်းသည် ကလေးပီပီ မကြင်နာတက်သော ဖေဖေ့အား သဘောမကျပေ။ ဖေဖေအိမ်ကို လာတဲ့အခါမှာ ယသော်လင်းသည် မတွေ့အောင်ရှောင်ပုန်းနေတက်ပြီး ဖေဖေသည်လည်း သူ့အားမတွေ့ခဲ့ရင် တောင်မှ ယသော်လင်းဘယ်သွားလဲဟု တစ်ခွန်းမေးသံမကြားဘူး။
" ခင်ခင်ထွေး ။ မင်းဘာစကားပြောတာလဲ။ ယသော်လင်းမာန်က မင်းမွေးထားတဲ့ မင်းသား။ ငါ့သားမဟုတ်ဘူး။ နောက်ကို ငါ့သားဆိုတဲ့စကားမပြောနဲ့ ။ "
"ဟင်း "
မေမေ့ရယ်မောခြင်းကို ရင်ခွင်ထဲရှိတဲ့
ယသော်သည်ရုပ်မမြင်ရပေမဲ့ အကုန်သိနေရသည်။
တော်ရုံဆို မေမေက ဖေဖေ့ကို ခုလို စကားတွေ ပြန်မပြောပဲ ရန်မဖြစ်အောင်ရှောင်ရှားတက်လေသည်။
ဒီတခါတော့ ယသော်လင်းနဲ့ ပတ်သတ်ကာ မေမေတစ်ယောက်ဖေဖေ့ကို ပြန်အော်နေ၏။
" ၆နှစ်ရှိပြီ ကိုလင်း။
ရှင်ဖက်က ကျွန်မ ကို လိမ်လည်ပြီး လက်ထက်ခဲ့တယ်လို့ ထင်နေတာမို့ လား။
ကွာရှင်းကြမယ်။ ကျမ ဆက်မပေါင်းနိုင်တောာဘူး ကိုလင်း "
မေမေ့ စကားကြောင့် ယသော်လင်း ခေါင်းမော့ကြည့်လိုက်သည်။
လင်မယားကွဲကွာတာကို ယသော်လင်းနားမလည်ပါ။ သို့ သော် အဲ့နေ့ က
ယသော်လင်းတို့ အိမ်ကနေ ဖေဖေ ဒေါသတကြီးထွက်သွားခဲ့၏။ ပုံမှန်ဆိုရင်တောင်
ယသော်တို့ သားအမိပဲ ဒီအိမ်ကြီးမှာ နေကြတာဖြစ်ပြီး ဖေဖေကတော့ တခါတလေမှသာ လာတက်တာဖြစ်သည်။
ထိုနေ့ က မေမေသည် ယသော်ကို ပွေ့ ပြီးငိုကြွေးကာပြောခဲ့သည်။
"မင်းအဖေက ဘယ်တော့မှမေမေတို့ ဆီ
ပြန်လာမှာ မဟုတ်တော့ဘူး"တဲ့။
ထို့ အတွက် ယသော်ဝမ်းမနည်းခဲ့ပါ။
ဖေဖေအိမ်လာခဲ့ရင်တောင် မေမေ ကို စိတ်ဆင်းရဲအောင် အမြဲလုပ်တက်သူမို့
မလာလေကောင်းလေဟုသာ အမြဲတွေးနေတက်သော ယသော့်အဖို့ ကလေးအတွေးနဲ့ ပျော်စရာဖြစ်ခဲ့သည်။
_________
ဦးချီ တစ်ယောက် တစ်ယောက်ထဲ နေရတာပျင်းလာသည်ကြောင့် ခါတိုင်းလို ခြံထဲမှာ အပင်စိုက်နေလျက်ရှိသည်။
ဒါပေမဲ့ သူ့ အာရုံသည် တိတ်ဆိတ်နေသော တဖက်ခြံဆီကို သာ ရောက်နေသည်မို့ ဆုပ်ကိုင်ထားသော မြေဆွေးတွေမှ အပ အပင်စိုက်ခြင်းဆီသို့ အလှည့်ကမရောက်သေးပေ။ ထိုကောင်လေးကို မတွေ့ ရတာ ၄ရက်ရှိပြီလေ။
နောက်ဆုံး စိတ်မရှည်တာကြောင့်ခြံစည်းရိုးအုတ်တံတိုင်းနားထိ တိုးကာ တဖက်ခြံကို ခိုးကြည့်မိသည်။
ဘိုးဘိုးက ပြောသည် ။
ထိုကောင်လေးနာမည်က ယသော်လင်းမာန်တဲ့ ။
သူ့ အဖေက အရမ်းဆိုးကာ အမြဲ ရိုက်နက် တက်သည်မို့ လာဆော့ရင် ဦးချီက သည်းခံပေးပါတဲ့။
တကယ်ဆိုရင် ဦးချီ ထိုကောင်လေးကို
မတည့်ပေ။ ဒါပေမဲ့ စဉ်းစားကြည့်ရင်
အသားနာအောင် လုပ်တက်သောမိဘနဲ့ အတူနေရသူမို့ သနားစရာတော့ နည်းနည်းကောင်းသည်ဟုထင်သည်။
ပါးပါးသည် ဦးချီ ကို မရိုက်နှက်တက်ပါ။
ပါးပါးဒေါသ ထွက်လာရင်တောင် ပုံညာဦးချီ နောက်ကို ဒါမျိုးထပ်လုပ်ရင် ပါးပါး စိတ်ဆိုးရလိမ့်မယ်ဆိုတာမျိုးကို သာ ပြောတက်သူပင်။
သက်ပုံကတော့ အရင်ကတည်းက နုညံ့စွာဆုံးမတက်သူမို့ ပုံညာဦးချီက
ဖခင်တွေ အရိပ်အောက်မှာ ကောင်းမွန်စွာ ကြီးပြင်းလာသော လူလိမ်မာလေး ဖြစ်၏။
ထို့ ကြောင့် သနားစရာကောင်းလှတဲ့
ယသော်လင်းမာန်ဆိုတဲ့ ကောင်လေးကို
ဦးချီ ဒီတခါတွေ့ ရင် ကောင်းကောင်းဆက်ဆံဖို့ ပြင်ထားသည်။
ယောကျာ်းကောင်းတို့ မည်သည်
စိတ်ပုတ်စိတ်ယုတ်မမွေးပဲ သဘောထားကြီးနိုင်သမျှ ကြီးရမည်ဟု ပါးပါးကဆုံးမထားသည်။
ပါးပါးနဲ့တူသောသားမို့ ပုံညာဦးချီသည်
ယောကျာ်းကောင်းတစ်ယောက် ဖြစ်ဖို့
ငယ်ငယ်ကတည်းက ကြိုးစားလာခဲ့တာဖြစ်သည်။
အတွေးများနဲ့ ဦးချီသည် လူကြီးခါးကျော်ကျော် အုတ်ဘောင်လေးကို အတင်း ခြေဖျားထောက် ကာ ချောင်းကြည့်မိသည်။
သို့ပေမဲ့ ထိုကောင်လေးကို မတွေ့ ရပါ။
စိတ်ပျက်စွာ ဦးချီ ကျော ခိုင်းလိုက်တဲ့ အချိန်မှာပဲ ရိပ်ကနဲ တွေ့ လိုက်ရသော အဝါရောင် လေး။
ထွက်လာပါပြီ။
ဘောင်းဘီ တိုအဖြူ လေးဝတ်ထားသော
ဖြူဖွေးနေတဲ့ ကောင်လေးသည်
မိန်းကလေးနဲ့ တူပေမဲ့ မိန်းကလေးမဟုတ်ပါ။ ဒါပေမဲ့ ဦးချီ မျက်လုံးထဲမှာတော့
ရွာက ဦးသာလှ၏သမီး ဖြူနှင်းဖွေးထက်ပင် ပိုနု၊ ပိုလှသေးသည်ဟုထင် နေလေသည်။
ပြီးတော့ ဖြူ နှင်းဖွေးမှာ ယသော်လင်းလိုပါးချိုင့်လှလှတွေမရှိပါ။
"ဒီမှာ "
ဦးချီရဲ့ မတိုးမကျယ်အော်သံကြောင့်
မျက်တောင့်ကော့ကော့မျက်လုံးပြူးပြူး အကြည့်တွေက ဒီဖက်ရောက်လာသည်။
ဘယ်လိုကြည့်ကြည့် မိန်းကလေးနဲ့ တူနေသည်မို့ ဦးချီ စိတ်ရှုပ်လို့ နေသည်။
ယောကျာ်းခြင်းတူပေမဲ့ ထိုကောင်လေးက
ပိုပီး နု ညံ့သော အသားရေရှိသည်။
သူ့ မှာက မမဲသော်လည်း ထိုတစ်ယောက်နဲ့ ယှဉ်ရင် မဲချင်တဲ့ အနေထားမှာရှိတဲ့ အသားရေကို ပိုင်ဆိုင်နေသည် မို့ အမှန်တိုင်းပြောရင် အပေါင်းသင်းမရှိလို့ သာ ပေါင်းရမှာ သိပ်တော့မပေါင်းချင်လှပေ။
ပြီးတော့ ယသော်လင်းမာန်သည်
သူ့ ကို အနှိမ်ပေါက်နဲ့ ငမဲလုံးလို့ ခေါ်တက်သေးသည်မို့
"ဘာတုန်း "
တွေးနေဆဲအတွေးသည် အော်သံကြောင့်
ပျက်ကုန်သလို မာဆတ်နေသော ထူးသံကြောင့် လန့် ပါလန့်ရသည်။
သိပ်ကိုကြမ်းတမ်းလွန်းပါတဲ့ ယသော်လင်းပါလေ။
" ဖြေးဖြေးပြောပါ။
ဟိုနေ့ က ငါပြောလိုက်တာ ရိုင်းသွားတယ်။ အဲ့ဒါ တောင်းပန်ပါတယ်"
ဦးချီမမှားခဲ့သော်လည်း တောင်းပန်လိုက်၏။ ကျေနပ်သွားတဲ့ မျက်နှာက ပါးချိုင့်ရေးရေးကို ပေါ်လာစေပြီး တင်စီးခြင်း အလုပ်ကို ယသော်လင်းမာန် ပီသစွာ စတင်လာ၏။
" ဘာလဲ၊မင်းက ငါနဲ့ အပေါင်းသင်းလုပ်ချင်တာလား "
"အင်း။ ငါမှာ သူငယ်ချင်းမရှိဘူး။
လုပ်မလား"
အောက်ကျတယ်ဆိုတဲ့ စိတ်မဝင်ပဲ ဦးချီမျှော်လင့်တကြီးမေးလိုက်သည်။
သို့ သော် ယသော်လင်းက ဦးချီကို အဖက်မလုပ်ပါ။ သူ့ အကြည့်တွေသည်
မှည့်ဝင်းနေသော မာလကာပင်ဆီကိုသာ ရောက်ရှိနေသည်မို့ ဦးချီ စိတ်ညစ်သွား၏။
ဒါပေမဲ့ သူ သူငယ်ချင်းရချင်နေလေသည်
မို့ ထပ်မံပြောလိုက်၏။
"မင်း မာလကာသီးစားချင်တာလား ။
သူငယ်ချင်းလုပ်ရင် ငါခူးပေးမယ်လေ "
ထိုအခါ မှ ယသော်လင်းက ဦးချီကို
ပါးချိုင့်တွေပေါ်အောင် ပြုံးကာ ကြည့်လာ၏။
" မင်းဇွတ်ပြောလို့ လုပ်မှာနော်။
ငါက သူငယ်ချင်းမရှိလဲ ဘာမှမဖြစ်ဘူး ။"
"အေးပါ ငါဇွတ်ပြောလို့ ပါ။ စားမလားငါခူးပေးမယ်။ "
"အေး"
ယသော်လင်းဆီမှ ခွင့်ပြုချက်ရတော့ ဦးချီ
ပျော်သွားရသည်။
ယသော်လင်းက ဦးချီရဲ့ ပထမဆုံးသူငယ်ချင်းပင်။
အနည်းငယ် စောင့်ကြွားကြွားနိုင်သော်လည်း သနားစရာကောင်းသည်မို့ ဦးချီက
ယောကျာ်းပီသစွာ အလျော့ပေးဖို့ ပြင်ထားသည်။
မာလကာပင်သည် တကယ်တော့ လူကြီးတရပ်စာမြင့်လေသည်။
ဦးချီက ၆နှစ်တောင် မပြည့်ချင်သေးတာမို့
ခူးဖို့ ရာ တကယ်တော့မလွယ်လှပေ။
သို့ သော် ယောကျာ်းတစ်ယောက်မို့
ယသော်လင်းစားချင်နေတဲ့ မာလကာသီးကိုတော့ရအောင် ခူးပေးရမည်။
"ခဏနော် ။ ငါအပင်ပေါ် တက်လိုက်အုန်းမယ်"
အမြဲ ဝတ်တက်သော ပုဆိုးတိုတိုကို
ပါးပါး တခါတလေ လုပ်သလို ခါးတောင်းကျိုက် လိုက်၏။ တောသားမို့
ခါးတောင်းကျိုက်တာမဆန်းသော်လည်း
ခုမှ စကျိုက်တာမို့ ကျစ်ကျစ်ပါအောင် ထိုးထည့်နေသော ပုဆိုးစက ဖင်ကြားလေးထဲဝင်နေတာကိုတော့ ဦးချီသတိမထားမိပါ။
"ငမဲလုံး ။ မင်းက အသားပဲ မဲတာမဟုတ်ဘူးနော် ဖင်လေးကလည်းမဲတယ်နော် "
ယသော်လင်းစကားကြောင့် အပင်ပေါ်တက်မဲ့ ဦးချီ တယောက် လောကကြီး သည်
ထူးဆန်းစွာ တိတ်ဆိတ်သွားသလို ခံစားလိုက်ရသည်။
ရှက်ဖို့ ကောင်းလိုက်တာ။
ယသော်လင်းသည် နှာဘူး ကလေးဖြစ်သည်။
မြှောင်နေအောင်ကျိုက်ထားသော ဦးချီရဲ့ဖင်ကို ကြည့်ကာ သဘောတကျ တခွီးခွီး ရယ်နေလေသည်။
ထို့ ကြောင့် ဦးချီ ပုဆိုးကို အလျှင်အမြန်
လျောချကာ ယသော်လင်းကို ကြည့်ကာ
ပြောလိုက်၏။။
"ယသော်လင်းမာန် မင်း ငါ့ကို ငမဲလုံးလို့ မခေါ်နဲ့ ။ ငါအသားမမဲဘူး။ "
"အေးပါ မင်းက အသားမမဲပါဘူး ။
ဖင်ပြောင်လေးနှစ်ဖက်ပဲ မဲတာ။ဟားဟား
ပုံညာဦးချီ ဖင်မဲလေး။ ဖင်မဲလေး "
လက်ညိုးထိုးကာ စနေသော ယသော်လင်းကြောင့် ပုညာဦးချီ ရှက်ရွံ့ စွာ
ကိုယ်လုံးလေးတုန်လာ၏။
သူသည် သွက်လက်သော လူငယ်လေးဖြစ်ပေမဲ့ ရန်တခါမှမဖြစ်ဖူးပေ။
ဈေးရောင်းတာသာ လုပ်တက်ပြီး ကလေးတွေနဲ့ အပြင်ထွက်ဆော့ခြင်းရှားပါးသော ဦးချီသည် ယသော်လင်းကို နိုင်အောင် မပြောတက်ပေ။
ဘာစကားကပြန်မပြောနိုင်လေ ငိုချင်လာလေမို့ အဆုံးသတ်တွင် ဦးချီရဲ့ ငိုသံကျယ်သာ ထွက်လာရသည်။
"ဟီးအီး ယသော်လင်း ။ မင်း ငါ့ကို ဟင့်
ဖင်မဲလို့ ခေါ်ပြန်ပြီ။ နောက်ကို မင်းနဲ့ စကားလုံးဝမပြောတော့ဘူး။ ဟီးအီးအီး"
ငိုပြီးပြေးထွက်သွားသော ပုဆိုးလေးနဲ့ တီရှပ်အဟောင်းလေးဝတ်ထားသော ကောင်လေးကို ကြည့်ပီး တနေ့ လုံး စိတ်ညစ်နေတဲ့ ယသော်လင်းသည် ပျော်ရွှင်စွာ တဟားဟားအော်ရယ်နေမိတော့သည်။
ချစ်တဲ့အိမ်စည်။
Bạn đang đọc truyện trên: ZingTruyen.Xyz