ZingTruyen.Xyz

နှင်းဆီဝါတို့ နီစွေးစေ(နွင္းဆီဝါတို ႔နီေစြးေစ)completed

29

eainsi23


ႀကီးမားေသာ  မွန္ခ်က္ႀကီးေပၚမွာ  အဝတ္ပိုင္းတစ္ခုဖိကိုင္ထားတဲ့ လက္သည္ မနားမေန အႀကိမ္ႀကိမ္ေျပးလႊားဖိသုတ္ေနေလသည္။  တိုက္ပါမ်ား၍  ေျပာင္ဝင္းေနေသာ
မွန္အထက္မွာအဝါေရာင္ ေဖာင္းႂကြ  ျဖင့္လွလွပပေရးထိုးထားေသာ " ေသာ့္အတြက္ပိုက္ဆံရွာမယ္"ဆိုတဲ့ ဆိုင္နာမည္ေလးသည္  မွန္ၾကည္ေဆးရည္ျဖင့္ပြတ္တိုက္သုတ္ေနသူ၏ မ်က္လံုးထဲတြင္ေတာ့ သိပ္လွ၍ ေနပါသည္။

သို႔ေပမဲ့ အမ်ားအျမင္မွာ ရယ္စရာေကာင္းတယ္ ဆိုတဲ့  မွတ္ခ်က္မ်ားစြာက သူနွလံုးသားေလးကိုအေတာ္ႀကီး မေပ်ာ္မရႊင္ျဖစ္ေစခဲ့လ်က္...

သူ ႔ေပးထားတဲ့ဆိုင္နာမည္ေလးကို ၾကည့္၍ ဦးခ်ီေလးပင့္စြာသက္ပ်င္းခ်လိုက္ပါသည္။
မေန ႔ညေနပိုင္းက  လာေရာက္ ပံုေဖာ္တပ္ဆင္သြားၿပီးေနာက္မွာ  သူငယ္ခ်င္းမ်ားက ျကည့္၍ ဝိုင္းဝႏု္းေလွာင္ေျပာင္ၾကေလသည္။

လုပ္ငန္းတစ္ခုကို မစတင္ရေသးခင္မွာပဲ
ဆိုးဝါးတဲ့ေဝဖန္အႀကံျပဳ ခ်က္မ်ားကို သူခံနိုင္ရည္ရွိမေနခဲ့ပါ။

မင္းဆိုင္နာမည္က အလြန္အၾကဴ း
အိုဗာတင္းေနတာရယ္စရာႀကီးတဲ့။

အကုန္လံုးႁပံဳးစိစိ ျဖစ္ေနၾကရုံသာမက 
ပါးပါးတို ႔ကို ဖုန္းဆက္အက်ိဳးအေၾကာင္းေျပာျပတုန္းကလည္း သူ ႔ဆိုင္နာမည္ၾကားၿပီး ရယ္ေမာၾကသည္။

သူဘာမွားသြားလို႔လဲဆိုတာ ဇေဝဇဝါျဖစ္ေနဆဲပင္။  ေသာ့္အတြက္ ပိုက္ဆံရွာ
မွာမို ႔ရွာမယ္လို ႔ေပးထားတာေလ 
ဘာေၾကာင့္ အရူးေတြလို မရွိတဲ့ အေၾကာင္းျပခ်က္ကို လိုက္ရွာထိုးနွက္ေနသလဲ စဥ္းစားၾကည့္လို႔ေတာင္မရဘူး

ထိုအထဲမွာနားလည္ေပးနိုင္ဆံုးကေတာ့ သူရဲ႕ ေသာ္ကေလးျဖစ္ေနေပလို႔သာေတာ္ေသးသည္။

ဆိုင္နာမည္လာခ်ိတ္ကတည္းက ေသာ့္ခမ်ာအရိပ္တၾကည့္ၾကည့္နဲ ့ ၾကည့္ေနရုံမကဘူး  ကိုကိုက အေတာ္ဆံုး ဟုလည္း  တတြတ္တြတ္္ေျပာလ်က္ ေက်နပ္ေနတာျဖစ္သည္။

ဘာပဲေျပာေျပာ ဒီဆိုင္နာမည္ကိုေတာ့
ျပန္မေျပာင္းနိုင္ပါ။

နာမည္၏ လွပမူ ႔ကို ယေသာ္လင္းနဲ ့သူနဲ ့နွစ္ေယာက္သာ သိေလသည္မို ႔
ဘယ္သူေျပာေျပာဂရုမစိုက္ေတာ့ေပ။

ေသာ့္လို ရွာေကြၽးမဲ့သူ မရွိတဲ့သူေတြကေတာ့  မနာလိုပီး အရူးခ်ီးပန္း  ဖ်က္လို ႔ဖ်က္စီး  ေလွာင္ေျပာင္ေဝဖန္ၾကမွာပဲေလ။
ေနရာတကာ ေျပာသမ်ွ ေခါင္းထဲထည့္ေနရရင္ သူစိတ္ညစ္မွာပဲအဖက္တင္လိမ့္မယ္။ အဓိက က ေသာ္ပဲ သူေက်နပ္ရင္ၿပီးတာပဲ။ က်န္တာေတြက အလကား...

လူအမ်ားစိတ္ဝင္စားမူ ႔ရေအာင္ 
ေၾကာ္ျငာအား နွင့္  ဖန္တီးနိုင္မူ ႔က အေရးႀကီးသည္။ ထို ႔အတြက္  နိုင္ငံေက်ာ္ရုပ္ရွင္မင္းသားႀကီး ဦးခ်ိန္းဟာ မပါမျဖစ္ပဲ။
ဘာပဲေျပာေျပာ  ဦးေလးက သူအမ်ားသိတဲ့  ဆယ္လီတစ္ေယာက္မို႔  သူေတာ္ေတာ္ေလး အဆင္ေျပသြားတယ္ဆိုရမယ္။

ဆိုင္ကိုလူသိေအာင္ ေၾကာ္ျငာဖို ႔
ဦးခ်ိန္းကို အကူအညီေတာင္းထားၿပီးသားဆိုေတာ့ လက္ရာေကာင္းေအာင္ဖန္တီးေပးနိုင္မူ ႔ပဲ က်န္ေတာ့တယ္။

သူ႔လက္ရာကိုေတာ့ စိတ္ခ်ၿပီးသားမို ႔
အခင္းအက်င္းကိုပဲ အားစိုက္ရေတာ့မည္။
ၿပီးေတာ့  တစ္ခါၾကည့္ရုံနဲ ့
မွတ္မိသြားနိုင္မဲ့ သူ ႔ဆိုင္နာမည္ေလးက
ရယ္စရာေကာင္းတယ္ဆိုေပမဲ့
လူစိတ္ဝင္စားမူ ႔ကို   ထိထိေရာက္ေရာက္  လုပ္ေဆာင္နိုင္၏။

အဲ့ဲဒါကလည္း ပရုိမိုးရွင္း တစ္မ်ိဳးပင္ျဖစ္သည္။

အနည္းဆံုးေတာ့ ဆိုင္နာမည္ေၾကာင့္
လူသိနိင္သလို     ျဖတ္သန္းသြားလာရင္း
ႀကံဳႀကိဳက္ရင္ေတာင္  ဝင္ေရာက္ စားေသာက္ၾကည့္ဖို႔စိတ္ကူးရနိုင္လိမ့္မည္။

ထို ႔ေၾကာင့္ ဦးခ်ီ ၏  ဆိုင္နာမည္ကို
ေလွာင္ေျပာင္ခ်င္သူမ်ားသည္  ဦးေနွာက္မရွိၾကသူမ်ားဟု ယူဆလို႔ရေလ၏။

တီ တီ..

ရုတ္တရက္ ကားဟြန္းသံေၾကာင့္ ဦးခ်ီ၏အေတြးေလးလႊင့္ျပယ္ကာ  လွည့္ၾကည့္လိုက္မိ၏။ 
ဆိုင္ေရွ႕တြင္ Light truck ကား တစီးရပ္ေနတာ ျဖစ္ၿပီးအမိုးမပါေသာ ကားေနာက္ပိုင္းတြင္ သစ္သီးျခင္းမ်ားစြာ တင္ထားတာကိုေတြ ႕ရတာေၾကာင့္  ဦးခ်ီ လက္ျပကာ  ကားေဘးနားကိုသြားရပ္လိုက္သည္။

သူလာတာျမင္ေတာ့ ေမာင္းလာတဲ့ ကားသမားနဲ ့ေဘးက ေကာင္ေလးတစ္ေယာက္ အတူဆင္းလာၾကၿပီးလ်ွင္  ။

" ညီေလး   ဘဘႀကီး က လႊတ္လိုက္တာ
မွာထားတဲ့ အတိုင္းထည့္ေပးလိုက္တယ္တဲ့ လိုအပ္ရင္လည္း ဆိုင္ကယ္နဲ ့ ပြဲရုံကိုမလာခဲ့ပါနဲ ့ လမ္းမွာ တခုခုျဖစ္မွာစိုးလို ႔ သူပဲ ပို႔ေပးပါ့မယ္တဲ့  "

ဘိုးဘိုးဆီက အမွာစကားေၾကာင့္ ဦးခ်ီ
စိတ္ကေလးလန္းဆန္းသြားရပါသည္။
ေျမးဦးမို႔လား မသိ၊ဘိုးဘိုးက ဦးခ်ီ ဆိုရင္
ဦးေလးႀကီးတို ႔ေမြးထားတဲ့ သားေတြထပ္ပိုၿပီး ခ်စ္ေလသည္။

" ေက်းဇူးပါပဲ ဗ်ာ ၊  အမွာစာရင္းက  စာ႐ြက္ထဲမွာတုန္းက နည္းနည္းေလးထင္ေနတာ  ကားေပၚေရာက္လာမွ ပိုမ်ားေနသလိုပဲ။ ဆိုင္ဖြင့္စဆိုေတာ့ ကုန္ေအာင္မ်ားေရာင္းနိုင္ပါ့မလားမသိဘူး   "

ဦးခ်ီ ၿပံဳးရယ္ ေျပာေနေပမဲ့  စိတ္ထဲ 
ကုန္ဖိုးရွင္းရမဲ့ အေရးေတြးက တဖန္ျပန္ေလးလံသြားျပန္၏။ ဟူးးး
ဘယ္အလုပ္မွ  လြယ္လြယ္ကူကူ မျဖစ္ပါ့လားေနာ္။

"  ေရာင္းရမွာပါကြာ ..စိတ္ညစ္ခံမေနနဲ ့
မဟုတ္လည္း မင္းအဘိုးပိုင္တာပဲ
ကုန္ဖိုးရွင္းမေပးနဲ ့ေပါ့။ ကဲ ငါတို ႔
အထဲကို ပို ႔ရမွာလား တခါထဲ ထည့္ေပးခဲ့မယ္။ တံခါးသြားဖြင့္ထားလိုက္ပါ့လား"

" အထဲမွာ ကြၽန္ေတာ္သူငယ္ခ်င္းေတြရွိတယ္  သြားေခၚ လိုက္အံုးမယ္အကိုေရ။
တံခါးဖြင့္ေပးခဲ့မယ္ ထည့္နွင့္လိုက္ ကြၽန္ေတာ္တို ႔လည္းကူေပးမယ္ "

မွန္တံခါးကို တြန္းဖြင့္ေပးခဲ့ၿပီး ဆိုင္ထဲကေနျဖတ္၍ အိမ္ဖက္လွမ္းဝင္သြားတဲ့ေကာင္ေလးကို ၾကည့္ကာ  ဆိုင္က သူေဌးသားနွစ္ေယာက္နဲ ့ယွဥ္ေတြးၾကည့္မိသည္။
ရည္မြန္ရုံမကဘူး သေဘာေကာင္းတဲ့ ပံုစံေလးမို ႔  သူတို ႔အလုပ္သမားေတြ သက္ေတာင့္သက္သာ ခံစားရေလသည္။
ဆိုင္မွာဆိုရင္ ဟို ေမ်ာက္နွစ္ေကာင္သည္
သူေဌးသားသမီးေတြပီသစြာ ရင့္သီး ေမာက္မာတက္၏။ 

ဒီေကာင္ေလးျမင္မွ  ဘဘႀကီး ဘာေၾကာင့္ ပိုခ်စ္ရသလဲဆိုတာ  ေတြးမိေတာ့၏။
ထင္ထင္ေပၚေပၚ ေနဟန္မရွိတဲ့  ေကာင္ေလးသည္ ဘဘႀကီးရဲ႕  တတိယေျမာက္သားမွ  ေယာက်ာ္းျခင္းယူၿပီးေမြးထားသည္ဟု သတင္းစကားမ်ားစြျဖင့္ ၾကားသိရသလို  ဘဘႀကီးတို ႔ထပ္ပင္ နယ္မွာ စီးပြားျဖစ္ထြန္းေသးသည္တဲ့။ 

သူတို ႔ပြဲရုံေတြကို လက္ရွိ  ဦးစီးေနေသာ ဘဘႀကီးသားအႀကီး သူေဌး လင္မယားက သားသမီးေတြရွိေတာ့  ဒီေကာင္ေလးကို ခ်စ္တယ္ ၊မခ်စ္ဘူး ဆိုၿပီး  ထူးထူးျခားျခားရွိဟန္မတူ၊  ဒါေပမဲ့ ဒုတိယ သား
ရုပ္ရွင္မင္းသားကိုခ်ိန္းကေတာ့  ဘဘႀကီးလိုပဲ ဒီေကာင္ေလးကို ခ်စ္ခ်စ္ခင္ရွိတာေတြ ႕ရေလသည္။ 

"  ဟာ  အမ်ားႀကီးေတာင္ သယ္ေနပီးေနၾကၿပီ ၊ ဟိုေကာင္ေတြ ျမန္ျမန္လုပ္ ဧည့္သည္ေတြကိုအားနာစရာ  "

"ရပါတယ္ကြာ  အကိုတို ႔လုပ္ေနၾကေတြ
အားမနာနဲ ့  "

"မဟုတ္တာ ဟိတ္ေကာင္ေတြ ေငးမေနနဲ ့သယ္ၾကမယ္"

အၿမဲ ဒီေကာင္ေတြ ကိုအိပ္ယာနိုးေနရတာေတာ့မဟုတ္ေသးဘူး။
ဘယ္ေလာက္အားမနာနဲ ့ေျပာေျပာ
သူတို ႔ကလည္း အားေကာင္းေမာင္းသန္ေယာက်ာ္းသားေတြမို ႔ ေဘာ္ေက်ာ့ ထိုင္ေတာ့ၾကည့္မေနနိုင္ပါ။

ျမန္ျမန္ဆန္ဆန္ သယ္ခ်ၿပီးတဲ့ေနာက္မွာ
ဆိုင္ခန္းထဲမွာ အသီးျခင္းေတြက အျပည့္ျဖစ္သြား၏ 

" ကဲ ညီေလးတို ႔ အကိုတို ႔ သြားေတာ့မယ္။ လိုရင္ ဖုန္းဆက္လိုက္ကြာ လာပို ႔ေပးမယ္  "

"ခဏ..ခဏ ေနာ္ မျပန္ေသးနဲ ့အံုး  "

ဦးခ်ီ အိမ္ထဲျပန္ဝင္ေျပးလိုက္သည္။
မၾကာဘူး ျပန္ထြက္လာေတာ့ သူ ႔လက္ထဲမွာ  မနက္က  အိမ္မွာစားဖို ႔ဖုတ္ ထားတဲ့
ကိတ္မုန္႔တခ်ိဳ ႕ဘူးနဲ ့ပါလာ၏။

" ကြၽန္ေတာ္ကိုယ္တိုင္  လုပ္ထားတဲ့ ကိတ္မုန္ ႔ေလးပါဗ် ။ ဒီေန ႔ပင္ပန္းသြားရၿပီ ဆိုေတာ့  မုန္ ႔ခ်ိဳခ်ိဳ ေလးကို သံုးေဆာင္ေပးပါဦး  "

လက္ထဲကမ္းေပးလာတဲ့ မုန္ ႔ဘူးေလးကို တရုိတေသ လွမ္းယူကာ

" ေက်းဇူးပါ ငါ့ညီရာ မင္းဆိုင္ေလးလည္းေရာင္းေကာင္းပါေစကြာ ..ကဲအကိုတို ႔သြားေတာ့မယ္ "

မွန္တံခါးကိုပါေသခ်ာ ျပန္ပိတ္သြားတာမို ႔
ဦးခ်ီ လိုက္ေငးၾကည့္မိသည္။
ခြန္အားသံုးၿပီး ပင္ပင္ပန္းပန္းရွာေဖြ စားေသာက္ရတဲ့ သူမ်ား အျမန္ဆံုး သက္သာ ေကာင္းမြန္တဲ့အလုပ္ ရရွိနိုင္ပါေစဟု သူ  ဆုေတာင္းေပးဖို႔လည္းမေမ့ခဲ့။

" ေဖ့သား ငါတို ႔ဘာလုပ္ရမလဲ "

သံေခ်ာင္းအသံေၾကာင့္  ပစၥည္းပံုႀကီးကို ျပၾကည့္မိရင္း

"အင္း ဘာလုပ္ရမလဲဆိုေတာ့ အရင္ဆံုး
ဒါေတြဖြင့္ၾကမယ္  ။ အထဲမွာၾကာၾကာထားရင္  ပုတ္ကုန္မွာစိုးလို ႔  "

မေန ႔က မွန္ေကာင္တာ အႀကီးႀကီးနွစ္ခုလာပို ႔သြား၏။ အျပင္ကၾကည့္ရင္  အထဲက ဘာလုပ္လုပ္အကုန္ျမင္ေနရတာမို ႔
အလူမီနီယမ္ မွန္ေကာင္တာ ငါးဆင့္တြဲ နွစ္လံုးကို  မ်က္နွာသာမွာ ကပ္လိုက္သည္။

အျမင့္ေပအရ  ၆ေပရွိၿပီး ညာဖက္ေဘးမ်က္နွာသာေထာင့္မွာ နွစ္ခုယွဥ္ကာကပ္လိုက္တာမို ႔အျပင္က ၾကည့္ရင္ အသီးမ်ားစြာထည့္ထားတာကိုစိတ္ဝင္စားဖြယ္ေတြ ႕ရမည္ျဖစ္သည္။
ၿပီးေတာ့  အသီးသုပ္နွင့္ အခ်ဥ္ေပါင္းမ်ားစြာေရာင္းခ်ရန္  စတီးျဖင့္လုပ္ထားေသာ
စားပြဲအရွည္ႀကီး ကို သီးသန္ ႔ဝယ္ထားရေသးသည္။ ထိုစားပြဲကိုေတာ့  အသီးထည့္ထားတဲ့ေကာင္တာေဘးကို သြားမကပ္ပဲ  အတြင္းဖက္မွာ  လူဝင္လို႔ရတဲ့ေနရာလြတ္ခ်န္၍  ေလးေထာင့္ေနရာေလးျဖစ္ေအာင္  ကပ္ထားလိုက္သည္။

ထိုပံုစံသည္  သစ္သီးbar ပံုစံမ်ိဳးျဖစ္ကာ
အျပင္က လာရပ္ဝယ္သမ်ွကို   အထဲကေန  ေသခ်ာေရာင္းခ်ေပးရန္ျဖစ္သည္။

" ဟိတ္ေကာင္  ဖရဲ သီးေတြကိုဘယ္ထားရမလဲ "

" ေအာက္ဆံုးမွာထားလိုက္  ။ ေလးတဲ့ အသီးေတြ အကုန္ေအာက္ဆံုးမွာထား
ေကာင္တာတစ္ခုကိုေတာ့ ခ်န္ထား လိုက္ အဲ့ေနရာမွာ အသီးေတြ ခြဲၿပီး ထည့္မလို ႔  "

တင္ေမာင္ၫြန္ ႔သည္ ေသခ်ာ အသီးမ်ားစြာကို   စီရီၿပီးစိတ္ရွည္လက္ရွည္ထည့္ေနေလသည္။    သံေခ်ာင္းကေတာ့  ျခင္းေတြေဖာက္ကာ  မွည့္တဲ့ အသီးနဲ ့အထားခံေသးတဲ့ အသီးေတြကိုေ႐ြးခ်ယ္ေန၏။ 

အကုန္လံုးသည္ တက္ညီလက္ညီလုပ္ကိုင္ေနၾကကာ   ဦးခ်ီ  ကေတာ့  စတီးစားပြဲေပၚမွာ လင္ပန္းမ်ားစြာ တင္၍  သံေခ်ာင္းေ႐ြးခ်ယ္ေပးထားေသာ  ဒီေန ႔ေရာင္းခ်ရနိုင္တဲ့ အသီးမွည့္မ်ားကို  ေဆးေက်ာကာ ထည့္၏။

အရင္ဆံုး မာလကာသီး ဝင္းဝင္းမ်ားကို ေဆး ေက်ာ ကာ လင္ပန္းေပၚမွာ လွပစြာ
အပံုလိုက္ေဘးျဖစ္ေအာင္ စီတင္၏။

ၿပီးေနာက္  အထဲက အမ်ွင္ၾကမ္း ေတြသိပ္မပါတဲ့  ေစ်းႀကီးတဲ့ ေဂြးသီး ႏုႏုမ်ား ၊
အခ်ဥ္ေပါ့ေသာ သရက္သီးမ်ား၊  သံပရာသီး  ၊  လိေမၼာ္သီး ၊ မွန္ကူသီး ၊  နာနတ္သီး ၊ ဇီးသီး ၊ ခ်ဥ္ေစာ္ကားသီး စေသာ အသီးသုတ္လို ႔အဆင္ေျပတဲ့ သစ္သီးေပါင္းမ်ားစြာကို ဗန္းတခုစီျဖင့္ျပည့္ေမာက္ေအာင္ထည့္လိုက္ေလသည္။

ထို႔ေနာက္ ထမင္စားဇလံုလို ႀကီးမားေသာ စတီးဇလံုႀကီးမ်ားျဖင့္ အခြံခြာၿပီးသား    ၾကက္သြန္နီ ၊  ပုဇြန္ေျခာက္  ၊  ငပိရည္ ၊  ငရုတ္သီးမႈန္ ႔၊  ေနာက္ထပ္
အေမႊးနံသာမ်ားနွင့္  အရသာမႈန္ ႔တခ်ိဳ ႕ကိုပါ  တမ်ိဳးစီ လွပစြာထည့္ေလသည္။

အကုန္ၿပီးစီးသြားတဲ့ အခ်ိန္တြင္  စားပြဲခံုေပၚတြင္ အျပည့္ျဖစ္သြားကာ ျမင္လိုက္တာနဲ ့သေရယိုဖြယ္ေကာင္းေအာင္ စားခ်င္စဖြယ္ျဖစ္လို႔သြားပါသည္။

ေကာင္တာထဲမွာလည္း   အမ်ိဳးစံုလွတဲ့ 
သစ္သီးေပါင္းမ်ားစြာရွိကာ  အေနာက္ဖက္ နံရံနဲ ့ကပ္ေနေသာ ေနရာမွာ သစ္သီးေဖ်ာ္စက္ အပါအဝင္ ေဘစင္နဲ ့ သန္႔ရွင္းသပ္ရပ္စြာစီတင္ထားတဲ့ ေဖ်ာ္ရည္ပစၥည္းမ်ိဳးစံု ရွိ၏။ ထိုေဘးနားမွာ ေရခဲေသတၱာႀကီးနွင့္
ထိုထဲမွာ ေအးေအာင္စိမ္ထားေသာ ေရသန္ ႔ဘူးမ်ား ၊ ဖန္ခြက္လွလွမ်ားကို တထပ္ျခင္း ေသခ်ာစနစ္တက် သိုေလွာင္ထား၏။

ဒီရက္ပိုင္းေတြမွာ ဦးခ်ီ အေတာ္ေလးပင္ပန္းခဲ့ပါသည္။ ၿပီးေတာ့ ဆိုင္ဖြင့္ျပင္ဆင္ရတာေၾကာင့္လက္ထဲမွာ ပိုက္ဆံက  ၁သိန္းေက်ာ္ေက်ာ္ေလာက္သာက်န္ရွိေတာ့သည္။
မေအာင္ျမင္လို႔ေတာ့ မျဖစ္ေတာ့ပါ။
ရွိသမ်ွပံုေအာလိုက္တာမို ႔ ဒီတခါ မျဖစ္ေျမာက္ရင္ သူေခြးျဖစ္သြားမွာ မလြဲဧကန္ပင္။ 

အခ်ိန္ကား.. ၁၀နာရီထိုးေတာ့မွာ ျဖစ္သည္။ ညကတည္းက ျပင္ဆင္ထားရလို႔သာ
ေတာ္ေသးသည္ဆိုရမယ္။ ဆိုင္ဖြင့္ခ်ိန္နွင့္ နီးကပ္လာၿပီမို ႔ ဟုိေကာင္ေတြကိုေရခ်ိဳးခိုင္းလိုက္သည္။ၿပီးမွ  ဦးခ်ိန္းဆီ ဖုန္းဆက္ကာ
ရုိက္ကြင္းဘယ္မွာရွိသလဲ ေမးလိုက္၏။

အသက္၄၀ေက်ာ္ မင္းသားတစ္ေယာက္သည္  ခုထိ ေတာင့္တုန္းေျဖာင့္တုန္းမို ႔
အႏုပညာအလုပ္ အဆက္မျပတ္ပဲ ရပ္တည္လို ႔ရေနျခင္းသာ ။

ဦးခ်ီ ကံေကာင္းသြားတာက ခုတေလာ မန္းေလးေၾကာ္ျငာေတြလက္ခံထားလို႔သာ အိမ္မွာျမင္ေနရတာ။
နို ႔မို ႔ဆို ရန္ကုန္က သူ႔အိမ္မွာသာရွိတက္သည္မို ႔  တခါတေလ ၅လေလာက္  မန္းေလးကိုျပန္မလာတက္ေပ။

" Hello !  ဦးခ်ိန္း  သားပါ ။  ဘယ္ေနရာလာပို ႔ရမလဲ။ သားအခ်ဥ္သုပ္ ကေလး
ေၾကာ္ျငာေပးပါအံုး "

"×××မွာလာခဲ့သားငယ္။ အဲ့မွာ ဖိနပ္ေၾကာ္ျငာရုိက္ေနတာ ။  မင္းသမီး ၾကယ္စင္သြယ္ေရာရွိေနေတာ့  သားပိုလို႔ေတာင္ အဆင္ေျပေသးတယ္။ ဦးခ်ိန္း ေျပာေပးမယ္လြတ္လိုက္  "

"ဟုတ္  သားသူငယ္ခ်င္းကို လြတ္လိုက္မယ္ေနာ္ "

ဖုန္းခ်ၿပီးေတာ့ ေလထဲကို လက္သီးနွစ္ခ်က္ေလာက္ေျမာက္ထိုးလိုက္ေသးသည္။
ၾကယ္စင္သြယ္ဆိုတာ ခုလက္ရွိနာမည္ႀကီးေနတဲ့ ဒိတ္ဒိတ္ႀကဲမင္းသမီး။
ေၾကာ္ျငာတစ္ခုအပ္ရင္ေတာင္  အမ်ားႀကီးေပးေနရတဲ့ သူမို႔  ခုေတာ့ အဆင္သင့္လိုက္ေလျခင္း။

မဆိုးဘူး သူကံေကာင္းေနေသးသည္။

သြက္လက္စြာ  ပါဆယ္ေရာင္းရန္ဝယ္ထားေသာ  ပလက္စတစ္ဘူးအၾကည္ေလးေတြကိုထုတ္လိုက္သည္။
ထိုဘူးေပၚမွာ ေရာင္စံု အသီးမ်ားနွင့္လွပစြာ စီခ်ယ္ထားေသာ သူ႔ဆိုင္နာမည္ေလးကအထင္းသား။

ရုိက္ကြင္း တဖြဲ႕လံုးကိုပို ႔မွာမို ႔
ဘူးနွစ္ဆယ္ေလာက္ျပင္လိုက္၏။

အရင္ဆံုး  သရက္သီး ၊ ေဂြးသီး ၊ လိေမၼာ္၊ စပ်စ္ ၊မာလကာ နွင့္ ဇီးသီး တို ႔ကို  အဆပလာမ်ားစြာျဖင့္ ေသခ်ာေရာေမႊကာ ထည့္သုပ္လိုက္၏။ ထိုနည္းက  ေရႊစိတ္ေပ်ာ္ ဆိုတဲ့ အသီးသုပ္နဲ ့ဆင္ေပမဲ့ အရသာေတာ့မတူညီေပ။   ထို႔ေနာက္ အဖံုးအျဖဴ ေလးမပိတ္ေသးခင္ ဓာတ္ပံုရုိက္ၿပီးမွ   ႀကီးမားေသာ အိတ္ထဲသို ႔မ်ွထည့္ေပးလိုက္သည္။ 

ေနာက္ထပ္  အသီးေဖ်ာ္ရည္ နွစ္ဘူးကို  ဦးခ်ိန္းနဲ ့မင္းသမီးအတြက္ လွပတဲ့ ဘူးေလးျဖင့္ထုတ္ပိုးကာ ဟိုေကာင္ေတြ မလာခင္ ၿပီးေအာင္လုပ္ေပးထားလိုက္၏။

ခင္းက်င္းထားေသာ  ဆိုင္အျပင္အဆင္ပါမခ်န္ ဦးခ်ိန္း၏ fb အေကာင့္ဆီသို ႔ ေပးပို႔ဖို ႔သူ မေမ့ေလ်ာ့ခဲ့ေပ။ ဦးခ်ိန္း၏ ေၾကာ္ျငာအားသည္ မည္မ်ွ  ထိေရာက္မယ္ဆိုတာ သူေစာင့္ၾကည့္ဖို ႔ေတာ့လိုလိမ့္မည္

ထို ႔ေနာက္  ၁၁နာရီထိုးသြားၿပီမို ႔
Openဆိုတဲ့   မွန္တံခါးက စာတန္းေလးကိုသြားလွန္လိုက္ေလသည္။ ထို႔ေနာက္တိုးတိတ္စြာေရ႐ြတ္သံသည္  အဝါေရာင္ ဆိုင္ခန္းေလးထဲမွာ လြင့္ပ်ံ  ့လို ႔လာ၏

" ဒီေန ႔ ေစ်းဦးေပါက္ပါေစ  "

ခ်စ္တဲ့အိမ္စည္။

ပံုပိုင္ရွင္မ်ားကို ေလးစားစြာအသိမွတ္ျပဳပါတယ္။

ကြီးမားသော  မှန်ချက်ကြီးပေါ်မှာ  အဝတ်ပိုင်းတစ်ခုဖိကိုင်ထားတဲ့ လက်သည် မနားမနေ အကြိမ်ကြိမ်ပြေးလွှားဖိသုတ်နေလေသည်။  တိုက်ပါများ၍  ပြောင်ဝင်းနေသော
မှန်အထက်မှာအဝါရောင် ဖောင်းကြွ  ဖြင့်လှလှပပရေးထိုးထားသော " သော့်အတွက်ပိုက်ဆံရှာမယ်"ဆိုတဲ့ ဆိုင်နာမည်လေးသည်  မှန်ကြည်ဆေးရည်ဖြင့်ပွတ်တိုက်သုတ်နေသူ၏ မျက်လုံးထဲတွင်တော့ သိပ်လှ၍ နေပါသည်။

သို့ပေမဲ့ အများအမြင်မှာ ရယ်စရာကောင်းတယ် ဆိုတဲ့  မှတ်ချက်များစွာက သူနှလုံးသားလေးကိုအတော်ကြီး မပျော်မရွှင်ဖြစ်စေခဲ့လျက်...

သူ့ ပေးထားတဲ့ဆိုင်နာမည်လေးကို ကြည့်၍ ဦးချီလေးပင့်စွာသက်ပျင်းချလိုက်ပါသည်။
မနေ့ ညနေပိုင်းက  လာရောက် ပုံဖော်တပ်ဆင်သွားပြီးနောက်မှာ  သူငယ်ချင်းများက ကြည့်၍ ဝိုင်းဝနုးလှောင်ပြောင်ကြလေသည်။

လုပ်ငန်းတစ်ခုကို မစတင်ရသေးခင်မှာပဲ
ဆိုးဝါးတဲ့ဝေဖန်အကြံပြု ချက်များကို သူခံနိုင်ရည်ရှိမနေခဲ့ပါ။

မင်းဆိုင်နာမည်က အလွန်အကြူး
အိုဗာတင်းနေတာရယ်စရာကြီးတဲ့။

အကုန်လုံးပြုံးစိစိ ဖြစ်နေကြရုံသာမက 
ပါးပါးတို့ ကို ဖုန်းဆက်အကျိုးအကြောင်းပြောပြတုန်းကလည်း သူ့ ဆိုင်နာမည်ကြားပြီး ရယ်မောကြသည်။

သူဘာမှားသွားလို့လဲဆိုတာ ဇဝေဇဝါဖြစ်နေဆဲပင်။  သော့်အတွက် ပိုက်ဆံရှာ
မှာမို့ ရှာမယ်လို့ ပေးထားတာလေ 
ဘာကြောင့် အရူးတွေလို မရှိတဲ့ အကြောင်းပြချက်ကို လိုက်ရှာထိုးနှက်နေသလဲ စဉ်းစားကြည့်လို့တောင်မရဘူး

ထိုအထဲမှာနားလည်ပေးနိုင်ဆုံးကတော့ သူရဲ့ သော်ကလေးဖြစ်နေပေလို့သာတော်သေးသည်။

ဆိုင်နာမည်လာချိတ်ကတည်းက သော့်ခမျာအရိပ်တကြည့်ကြည့်နဲ့  ကြည့်နေရုံမကဘူး  ကိုကိုက အတော်ဆုံး ဟုလည်း  တတွတ်တွတ်ပြောလျက် ကျေနပ်နေတာဖြစ်သည်။

ဘာပဲပြောပြော ဒီဆိုင်နာမည်ကိုတော့
ပြန်မပြောင်းနိုင်ပါ။

နာမည်၏ လှပမူ့ ကို ယသော်လင်းနဲ့ သူနဲ့ နှစ်ယောက်သာ သိလေသည်မို့
ဘယ်သူပြောပြောဂရုမစိုက်တော့ပေ။

သော့်လို ရှာကျွေးမဲ့သူ မရှိတဲ့သူတွေကတော့  မနာလိုပီး အရူးချီးပန်း  ဖျက်လို့ ဖျက်စီး  လှောင်ပြောင်ဝေဖန်ကြမှာပဲလေ။
နေရာတကာ ပြောသမျှ ခေါင်းထဲထည့်နေရရင် သူစိတ်ညစ်မှာပဲအဖက်တင်လိမ့်မယ်။ အဓိက က သော်ပဲ သူကျေနပ်ရင်ပြီးတာပဲ။ ကျန်တာတွေက အလကား...

လူအများစိတ်ဝင်စားမူ့ ရအောင် 
ကြော်ငြာအား နှင့်  ဖန်တီးနိုင်မူ့ က အရေးကြီးသည်။ ထို့ အတွက်  နိုင်ငံကျော်ရုပ်ရှင်မင်းသားကြီး ဦးချိန်းဟာ မပါမဖြစ်ပဲ။
ဘာပဲပြောပြော  ဦးလေးက သူအများသိတဲ့  ဆယ်လီတစ်ယောက်မို့  သူတော်တော်လေး အဆင်ပြေသွားတယ်ဆိုရမယ်။

ဆိုင်ကိုလူသိအောင် ကြော်ငြာဖို့
ဦးချိန်းကို အကူအညီတောင်းထားပြီးသားဆိုတော့ လက်ရာကောင်းအောင်ဖန်တီးပေးနိုင်မူ့ ပဲ ကျန်တော့တယ်။

သူ့လက်ရာကိုတော့ စိတ်ချပြီးသားမို့
အခင်းအကျင်းကိုပဲ အားစိုက်ရတော့မည်။
ပြီးတော့  တစ်ခါကြည့်ရုံနဲ့
မှတ်မိသွားနိုင်မဲ့ သူ့ ဆိုင်နာမည်လေးက
ရယ်စရာကောင်းတယ်ဆိုပေမဲ့
လူစိတ်ဝင်စားမူ့ ကို   ထိထိရောက်ရောက်  လုပ်ဆောင်နိုင်၏။

အဲ့ဒါကလည်း ပရိုမိုးရှင်း တစ်မျိုးပင်ဖြစ်သည်။

အနည်းဆုံးတော့ ဆိုင်နာမည်ကြောင့်
လူသိနိင်သလို     ဖြတ်သန်းသွားလာရင်း
ကြုံကြိုက်ရင်တောင်  ဝင်ရောက် စားသောက်ကြည့်ဖို့စိတ်ကူးရနိုင်လိမ့်မည်။

ထို့ ကြောင့် ဦးချီ ၏  ဆိုင်နာမည်ကို
လှောင်ပြောင်ချင်သူများသည်  ဦးနှောက်မရှိကြသူများဟု ယူဆလို့ရလေ၏။

တီ တီ..

ရုတ်တရက် ကားဟွန်းသံကြောင့် ဦးချီ၏အတွေးလေးလွှင့်ပြယ်ကာ  လှည့်ကြည့်လိုက်မိ၏။ 
ဆိုင်ရှေ့တွင် Light truck ကား တစီးရပ်နေတာ ဖြစ်ပြီးအမိုးမပါသော ကားနောက်ပိုင်းတွင် သစ်သီးခြင်းများစွာ တင်ထားတာကိုတွေ့ ရတာကြောင့်  ဦးချီ လက်ပြကာ  ကားဘေးနားကိုသွားရပ်လိုက်သည်။

သူလာတာမြင်တော့ မောင်းလာတဲ့ ကားသမားနဲ့ ဘေးက ကောင်လေးတစ်ယောက် အတူဆင်းလာကြပြီးလျှင်  ။

" ညီလေး   ဘဘကြီး က လွှတ်လိုက်တာ
မှာထားတဲ့ အတိုင်းထည့်ပေးလိုက်တယ်တဲ့ လိုအပ်ရင်လည်း ဆိုင်ကယ်နဲ့  ပွဲရုံကိုမလာခဲ့ပါနဲ့  လမ်းမှာ တခုခုဖြစ်မှာစိုးလို့  သူပဲ ပို့ပေးပါ့မယ်တဲ့  "

ဘိုးဘိုးဆီက အမှာစကားကြောင့် ဦးချီ
စိတ်ကလေးလန်းဆန်းသွားရပါသည်။
မြေးဦးမို့လား မသိ၊ဘိုးဘိုးက ဦးချီ ဆိုရင်
ဦးလေးကြီးတို့ မွေးထားတဲ့ သားတွေထပ်ပိုပြီး ချစ်လေသည်။

" ကျေးဇူးပါပဲ ဗျာ ၊  အမှာစာရင်းက  စာရွက်ထဲမှာတုန်းက နည်းနည်းလေးထင်နေတာ  ကားပေါ်ရောက်လာမှ ပိုများနေသလိုပဲ။ ဆိုင်ဖွင့်စဆိုတော့ ကုန်အောင်များရောင်းနိုင်ပါ့မလားမသိဘူး   "

ဦးချီ ပြုံးရယ် ပြောနေပေမဲ့  စိတ်ထဲ 
ကုန်ဖိုးရှင်းရမဲ့ အရေးတွေးက တဖန်ပြန်လေးလံသွားပြန်၏။ ဟူးးး
ဘယ်အလုပ်မှ  လွယ်လွယ်ကူကူ မဖြစ်ပါ့လားနော်။

"  ရောင်းရမှာပါကွာ ..စိတ်ညစ်ခံမနေနဲ့
မဟုတ်လည်း မင်းအဘိုးပိုင်တာပဲ
ကုန်ဖိုးရှင်းမပေးနဲ့ ပေါ့။ ကဲ ငါတို့
အထဲကို ပို့ ရမှာလား တခါထဲ ထည့်ပေးခဲ့မယ်။ တံခါးသွားဖွင့်ထားလိုက်ပါ့လား"

" အထဲမှာ ကျွန်တော်သူငယ်ချင်းတွေရှိတယ်  သွားခေါ် လိုက်အုံးမယ်အကိုရေ။
တံခါးဖွင့်ပေးခဲ့မယ် ထည့်နှင့်လိုက် ကျွန်တော်တို့ လည်းကူပေးမယ် "

မှန်တံခါးကို တွန်းဖွင့်ပေးခဲ့ပြီး ဆိုင်ထဲကနေဖြတ်၍ အိမ်ဖက်လှမ်းဝင်သွားတဲ့ကောင်လေးကို ကြည့်ကာ  ဆိုင်က သူဌေးသားနှစ်ယောက်နဲ့ ယှဉ်တွေးကြည့်မိသည်။
ရည်မွန်ရုံမကဘူး သဘောကောင်းတဲ့ ပုံစံလေးမို့   သူတို့ အလုပ်သမားတွေ သက်တောင့်သက်သာ ခံစားရလေသည်။
ဆိုင်မှာဆိုရင် ဟို မျောက်နှစ်ကောင်သည်
သူဌေးသားသမီးတွေပီသစွာ ရင့်သီး မောက်မာတက်၏။ 

ဒီကောင်လေးမြင်မှ  ဘဘကြီး ဘာကြောင့် ပိုချစ်ရသလဲဆိုတာ  တွေးမိတော့၏။
ထင်ထင်ပေါ်ပေါ် နေဟန်မရှိတဲ့  ကောင်လေးသည် ဘဘကြီးရဲ့  တတိယမြောက်သားမှ  ယောကျာ်းခြင်းယူပြီးမွေးထားသည်ဟု သတင်းစကားများစွဖြင့် ကြားသိရသလို  ဘဘကြီးတို့ ထပ်ပင် နယ်မှာ စီးပွားဖြစ်ထွန်းသေးသည်တဲ့။ 

သူတို့ ပွဲရုံတွေကို လက်ရှိ  ဦးစီးနေသော ဘဘကြီးသားအကြီး သူဌေး လင်မယားက သားသမီးတွေရှိတော့  ဒီကောင်လေးကို ချစ်တယ် ၊မချစ်ဘူး ဆိုပြီး  ထူးထူးခြားခြားရှိဟန်မတူ၊  ဒါပေမဲ့ ဒုတိယ သား
ရုပ်ရှင်မင်းသားကိုချိန်းကတော့  ဘဘကြီးလိုပဲ ဒီကောင်လေးကို ချစ်ချစ်ခင်ရှိတာတွေ့ ရလေသည်။ 

"  ဟာ  အများကြီးတောင် သယ်နေပီးနေကြပြီ ၊ ဟိုကောင်တွေ မြန်မြန်လုပ် ဧည့်သည်တွေကိုအားနာစရာ  "

"ရပါတယ်ကွာ  အကိုတို့ လုပ်နေကြတွေ
အားမနာနဲ့   "

"မဟုတ်တာ ဟိတ်ကောင်တွေ ငေးမနေနဲ့ သယ်ကြမယ်"

အမြဲ ဒီကောင်တွေ ကိုအိပ်ယာနိုးနေရတာတော့မဟုတ်သေးဘူး။
ဘယ်လောက်အားမနာနဲ့ ပြောပြော
သူတို့ ကလည်း အားကောင်းမောင်းသန်ယောကျာ်းသားတွေမို့  ဘော်ကျော့ ထိုင်တော့ကြည့်မနေနိုင်ပါ။

မြန်မြန်ဆန်ဆန် သယ်ချပြီးတဲ့နောက်မှာ
ဆိုင်ခန်းထဲမှာ အသီးခြင်းတွေက အပြည့်ဖြစ်သွား၏ 

" ကဲ ညီလေးတို့  အကိုတို့  သွားတော့မယ်။ လိုရင် ဖုန်းဆက်လိုက်ကွာ လာပို့ ပေးမယ်  "

"ခဏ..ခဏ နော် မပြန်သေးနဲ့ အုံး  "

ဦးချီ အိမ်ထဲပြန်ဝင်ပြေးလိုက်သည်။
မကြာဘူး ပြန်ထွက်လာတော့ သူ့ လက်ထဲမှာ  မနက်က  အိမ်မှာစားဖို့ ဖုတ် ထားတဲ့
ကိတ်မုန့်တချို့ ဘူးနဲ့ ပါလာ၏။

" ကျွန်တော်ကိုယ်တိုင်  လုပ်ထားတဲ့ ကိတ်မုန့် လေးပါဗျ ။ ဒီနေ့ ပင်ပန်းသွားရပြီ ဆိုတော့  မုန့် ချိုချို လေးကို သုံးဆောင်ပေးပါဦး  "

လက်ထဲကမ်းပေးလာတဲ့ မုန့် ဘူးလေးကို တရိုတသေ လှမ်းယူကာ

" ကျေးဇူးပါ ငါ့ညီရာ မင်းဆိုင်လေးလည်းရောင်းကောင်းပါစေကွာ ..ကဲအကိုတို့ သွားတော့မယ် "

မှန်တံခါးကိုပါသေချာ ပြန်ပိတ်သွားတာမို့
ဦးချီ လိုက်ငေးကြည့်မိသည်။
ခွန်အားသုံးပြီး ပင်ပင်ပန်းပန်းရှာဖွေ စားသောက်ရတဲ့ သူများ အမြန်ဆုံး သက်သာ ကောင်းမွန်တဲ့အလုပ် ရရှိနိုင်ပါစေဟု သူ  ဆုတောင်းပေးဖို့လည်းမမေ့ခဲ့။

" ဖေ့သား ငါတို့ ဘာလုပ်ရမလဲ "

သံချောင်းအသံကြောင့်  ပစ္စည်းပုံကြီးကို ပြကြည့်မိရင်း

"အင်း ဘာလုပ်ရမလဲဆိုတော့ အရင်ဆုံး
ဒါတွေဖွင့်ကြမယ်  ။ အထဲမှာကြာကြာထားရင်  ပုတ်ကုန်မှာစိုးလို့   "

မနေ့ က မှန်ကောင်တာ အကြီးကြီးနှစ်ခုလာပို့ သွား၏။ အပြင်ကကြည့်ရင်  အထဲက ဘာလုပ်လုပ်အကုန်မြင်နေရတာမို့ 
အလူမီနီယမ် မှန်ကောင်တာ ငါးဆင့်တွဲ နှစ်လုံးကို  မျက်နှာသာမှာ ကပ်လိုက်သည်။

အမြင့်ပေအရ  ၆ပေရှိပြီး ညာဖက်ဘေးမျက်နှာသာထောင့်မှာ နှစ်ခုယှဉ်ကာကပ်လိုက်တာမို့ အပြင်က ကြည့်ရင် အသီးများစွာထည့်ထားတာကိုစိတ်ဝင်စားဖွယ်တွေ့ ရမည်ဖြစ်သည်။
ပြီးတော့  အသီးသုပ်နှင့် အချဉ်ပေါင်းများစွာရောင်းချရန်  စတီးဖြင့်လုပ်ထားသော
စားပွဲအရှည်ကြီး ကို သီးသန့် ဝယ်ထားရသေးသည်။ ထိုစားပွဲကိုတော့  အသီးထည့်ထားတဲ့ကောင်တာဘေးကို သွားမကပ်ပဲ  အတွင်းဖက်မှာ  လူဝင်လို့ရတဲ့နေရာလွတ်ချန်၍  လေးထောင့်နေရာလေးဖြစ်အောင်  ကပ်ထားလိုက်သည်။

ထိုပုံစံသည်  သစ်သီးbar ပုံစံမျိုးဖြစ်ကာ
အပြင်က လာရပ်ဝယ်သမျှကို   အထဲကနေ  သေချာရောင်းချပေးရန်ဖြစ်သည်။

" ဟိတ်ကောင်  ဖရဲ သီးတွေကိုဘယ်ထားရမလဲ "

" အောက်ဆုံးမှာထားလိုက်  ။ လေးတဲ့ အသီးတွေ အကုန်အောက်ဆုံးမှာထား
ကောင်တာတစ်ခုကိုတော့ ချန်ထား လိုက် အဲ့နေရာမှာ အသီးတွေ ခွဲပြီး ထည့်မလို့   "

တင်မောင်ညွန့် သည် သေချာ အသီးများစွာကို   စီရီပြီးစိတ်ရှည်လက်ရှည်ထည့်နေလေသည်။    သံချောင်းကတော့  ခြင်းတွေဖောက်ကာ  မှည့်တဲ့ အသီးနဲ့ အထားခံသေးတဲ့ အသီးတွေကိုရွေးချယ်နေ၏။ 

အကုန်လုံးသည် တက်ညီလက်ညီလုပ်ကိုင်နေကြကာ   ဦးချီ  ကတော့  စတီးစားပွဲပေါ်မှာ လင်ပန်းများစွာ တင်၍  သံချောင်းရွေးချယ်ပေးထားသော  ဒီနေ့ ရောင်းချရနိုင်တဲ့ အသီးမှည့်များကို  ဆေးကျောကာ ထည့်၏။

အရင်ဆုံး မာလကာသီး ဝင်းဝင်းများကို ဆေး ကျော ကာ လင်ပန်းပေါ်မှာ လှပစွာ
အပုံလိုက်ဘေးဖြစ်အောင် စီတင်၏။

ပြီးနောက်  အထဲက အမျှင်ကြမ်း တွေသိပ်မပါတဲ့  ဈေးကြီးတဲ့ ဂွေးသီး နုနုများ ၊
အချဉ်ပေါ့သော သရက်သီးများ၊  သံပရာသီး  ၊  လိမ္မော်သီး ၊ မှန်ကူသီး ၊  နာနတ်သီး ၊ ဇီးသီး ၊ ချဉ်စော်ကားသီး စသော အသီးသုတ်လို့ အဆင်ပြေတဲ့ သစ်သီးပေါင်းများစွာကို ဗန်းတခုစီဖြင့်ပြည့်မောက်အောင်ထည့်လိုက်လေသည်။

ထို့နောက် ထမင်စားဇလုံလို ကြီးမားသော စတီးဇလုံကြီးများဖြင့် အခွံခွာပြီးသား    ကြက်သွန်နီ ၊  ပုဇွန်ခြောက်  ၊  ငပိရည် ၊  ငရုတ်သီးမှုန့် ၊  နောက်ထပ်
အမွှေးနံသာများနှင့်  အရသာမှုန့် တချို့ ကိုပါ  တမျိုးစီ လှပစွာထည့်လေသည်။

အကုန်ပြီးစီးသွားတဲ့ အချိန်တွင်  စားပွဲခုံပေါ်တွင် အပြည့်ဖြစ်သွားကာ မြင်လိုက်တာနဲ့ သရေယိုဖွယ်ကောင်းအောင် စားချင်စဖွယ်ဖြစ်လို့သွားပါသည်။

ကောင်တာထဲမှာလည်း   အမျိုးစုံလှတဲ့ 
သစ်သီးပေါင်းများစွာရှိကာ  အနောက်ဖက် နံရံနဲ့ ကပ်နေသော နေရာမှာ သစ်သီးဖျော်စက် အပါအဝင် ဘေစင်နဲ့  သန့်ရှင်းသပ်ရပ်စွာစီတင်ထားတဲ့ ဖျော်ရည်ပစ္စည်းမျိုးစုံ ရှိ၏။ ထိုဘေးနားမှာ ရေခဲသေတ္တာကြီးနှင့်
ထိုထဲမှာ အေးအောင်စိမ်ထားသော ရေသန့် ဘူးများ ၊ ဖန်ခွက်လှလှများကို တထပ်ခြင်း သေချာစနစ်တကျ သိုလှောင်ထား၏။

ဒီရက်ပိုင်းတွေမှာ ဦးချီ အတော်လေးပင်ပန်းခဲ့ပါသည်။ ပြီးတော့ ဆိုင်ဖွင့်ပြင်ဆင်ရတာကြောင့်လက်ထဲမှာ ပိုက်ဆံက  ၁သိန်းကျော်ကျော်လောက်သာကျန်ရှိတော့သည်။
မအောင်မြင်လို့တော့ မဖြစ်တော့ပါ။
ရှိသမျှပုံအောလိုက်တာမို့  ဒီတခါ မဖြစ်မြောက်ရင် သူခွေးဖြစ်သွားမှာ မလွဲဧကန်ပင်။ 

အချိန်ကား.. ၁၀နာရီထိုးတော့မှာ ဖြစ်သည်။ ညကတည်းက ပြင်ဆင်ထားရလို့သာ
တော်သေးသည်ဆိုရမယ်။ ဆိုင်ဖွင့်ချိန်နှင့် နီးကပ်လာပြီမို့  ဟိုကောင်တွေကိုရေချိုးခိုင်းလိုက်သည်။ပြီးမှ  ဦးချိန်းဆီ ဖုန်းဆက်ကာ
ရိုက်ကွင်းဘယ်မှာရှိသလဲ မေးလိုက်၏။

အသက်၄၀ကျော် မင်းသားတစ်ယောက်သည်  ခုထိ တောင့်တုန်းဖြောင့်တုန်းမို့
အနုပညာအလုပ် အဆက်မပြတ်ပဲ ရပ်တည်လို့ ရနေခြင်းသာ ။

ဦးချီ ကံကောင်းသွားတာက ခုတလော မန်းလေးကြော်ငြာတွေလက်ခံထားလို့သာ အိမ်မှာမြင်နေရတာ။
နို့ မို့ ဆို ရန်ကုန်က သူ့အိမ်မှာသာရှိတက်သည်မို့   တခါတလေ ၅လလောက်  မန်းလေးကိုပြန်မလာတက်ပေ။

" Hello !  ဦးချိန်း  သားပါ ။  ဘယ်နေရာလာပို့ ရမလဲ။ သားအချဉ်သုပ် ကလေး
ကြော်ငြာပေးပါအုံး "

"×××မှာလာခဲ့သားငယ်။ အဲ့မှာ ဖိနပ်ကြော်ငြာရိုက်နေတာ ။  မင်းသမီး ကြယ်စင်သွယ်ရောရှိနေတော့  သားပိုလို့တောင် အဆင်ပြေသေးတယ်။ ဦးချိန်း ပြောပေးမယ်လွတ်လိုက်  "

"ဟုတ်  သားသူငယ်ချင်းကို လွတ်လိုက်မယ်နော် "

ဖုန်းချပြီးတော့ လေထဲကို လက်သီးနှစ်ချက်လောက်မြောက်ထိုးလိုက်သေးသည်။
ကြယ်စင်သွယ်ဆိုတာ ခုလက်ရှိနာမည်ကြီးနေတဲ့ ဒိတ်ဒိတ်ကြဲမင်းသမီး။
ကြော်ငြာတစ်ခုအပ်ရင်တောင်  အများကြီးပေးနေရတဲ့ သူမို့  ခုတော့ အဆင်သင့်လိုက်လေခြင်း။

မဆိုးဘူး သူကံကောင်းနေသေးသည်။

သွက်လက်စွာ  ပါဆယ်ရောင်းရန်ဝယ်ထားသော  ပလက်စတစ်ဘူးအကြည်လေးတွေကိုထုတ်လိုက်သည်။
ထိုဘူးပေါ်မှာ ရောင်စုံ အသီးများနှင့်လှပစွာ စီချယ်ထားသော သူ့ဆိုင်နာမည်လေးကအထင်းသား။

ရိုက်ကွင်း တဖွဲ့လုံးကိုပို့ မှာမို့
ဘူးနှစ်ဆယ်လောက်ပြင်လိုက်၏။

အရင်ဆုံး  သရက်သီး ၊ ဂွေးသီး ၊ လိမ္မော်၊ စပျစ် ၊မာလကာ နှင့် ဇီးသီး တို့ ကို  အဆပလာများစွာဖြင့် သေချာရောမွှေကာ ထည့်သုပ်လိုက်၏။ ထိုနည်းက  ရွှေစိတ်ပျော် ဆိုတဲ့ အသီးသုပ်နဲ့ ဆင်ပေမဲ့ အရသာတော့မတူညီပေ။   ထို့နောက် အဖုံးအဖြူ လေးမပိတ်သေးခင် ဓာတ်ပုံရိုက်ပြီးမှ   ကြီးမားသော အိတ်ထဲသို့ မျှထည့်ပေးလိုက်သည်။ 

နောက်ထပ်  အသီးဖျော်ရည် နှစ်ဘူးကို  ဦးချိန်းနဲ့ မင်းသမီးအတွက် လှပတဲ့ ဘူးလေးဖြင့်ထုတ်ပိုးကာ ဟိုကောင်တွေ မလာခင် ပြီးအောင်လုပ်ပေးထားလိုက်၏။

ခင်းကျင်းထားသော  ဆိုင်အပြင်အဆင်ပါမချန် ဦးချိန်း၏ fb အကောင့်ဆီသို့  ပေးပို့ဖို့ သူ မမေ့လျော့ခဲ့ပေ။ ဦးချိန်း၏ ကြော်ငြာအားသည် မည်မျှ  ထိရောက်မယ်ဆိုတာ သူစောင့်ကြည့်ဖို့ တော့လိုလိမ့်မည်

ထို့ နောက်  ၁၁နာရီထိုးသွားပြီမို့
Openဆိုတဲ့   မှန်တံခါးက စာတန်းလေးကိုသွားလှန်လိုက်လေသည်။ ထို့နောက်တိုးတိတ်စွာရေရွတ်သံသည်  အဝါရောင် ဆိုင်ခန်းလေးထဲမှာ လွင့်ပျံ့လို့ လာ၏

" ဒီနေ့  ဈေးဦးပေါက်ပါစေ  "

ချစ်တဲ့အိမ်စည်။


ပုံပိုင်ရှင်များကို လေးစားစွာ crd ပေးပါတယ်

Bạn đang đọc truyện trên: ZingTruyen.Xyz