ZingTruyen.Xyz

နှင်းဆီဝါတို့ နီစွေးစေ(နွင္းဆီဝါတို ႔နီေစြးေစ)completed

28

eainsi23

ဦးခ်ီ အိမ္မွာ သူအပါအဝင္ လူ ၇ေယာက္ေနပါတယ္။

႐ြာကလာတဲ့ သူငယ္ခ်င္းေတြထဲမွာ 
လြင္ဦးခန္ ႔ရယ္   အံ့ေမာင္ နဲ ့ တိုးသိန္းရယ္  က
ရတနာပံုတကၠသိုလ္မွာ  Day တက္မဲ့သူေတြျဖစ္ၿပီး၊   သံေခ်ာင္းကေတာ့   ဂ်ပန္ကိုအလုပ္သြားလုပ္မဲ့သူမို ႔ေက်ာင္းမတက္သူပါ။
ထို ႔အတူ  တင္ေမာင္ညႊန္႔ကအေဝးသင္တက္ရင္း ဖုန္းျပင္သင္တန္းတက္မွာျဖစ္သည္မို ႔  ဦးခ်ီ နဲ ့ေတာ့ အေဖာ္ရ၏။

ရတနာပံု တကၠသိုလ္ေက်ာင္းသားသံုးေယာက္သည္  မိုးမလင္းခင္ကတည္းက
ေက်ာ့ေကာ့ေနေအာင္ ျပင္ဆင္၍ တက္ႂကြစြာ ေက်ာင္းသြားၾကေလၿပီ။  က်န္နွစ္ေယာက္ကေတာ့   ေက်ာင္းမတက္ရသူေတြမို ႔
အိပ္ၾကတုန္းပင္။

မအိပ္နိုင္သူကေတာ့ဦးခ်ီပင္။

ေဆးေက်ာင္းေတြ စဖြင့္ၿပီမို ႔ သူ႔ရဲ႕
ေသာ္ကေလးကို  မနက္ေစာေစာထကာ 
ေက်ာင္းတက္ဖို ႔ျပင္ဆင္ေပးေနရ၏။

" ေသာ္  ပိုက္ဆံ လံုလံု ေလာက္ေလာက္ထည့္သြားေနာ္။ ဒီေန ႔ ေက်ာင္းစတက္တဲ့ေန႔ဆို  သက္ပံုေျပာတာေတာ့
စာအုပ္ဝယ္ရတာဘာညာနဲ ့ ပိုက္ဆံေတာ္ေတာ္ကုန္မယ္တဲ့။  တခါထဲ က်ဴ ရွင္တက္ဖို ႔ေရာ စံုစမ္းခဲ့ေနာ္   "

ငါးနွစ္သား ကေလးေလးလို မနက္ကတည္းက လိုအပ္တာေတြ အကုန္လုပ္ေပးေနရုံမကဘူး  ပါးစပ္ကလည္း တတြတ္တြတ္မွာလို ႔မဆံုးေတာ့။ 
ျဖစ္နိုင္ရင္   ေသာ့္ကို တစ္ေယာက္ထဲေတာင္ မလႊတ္ခ်င္ပါ  ၊၊
ေသာ္ေက်ာင္းတက္ရင္ ဝတ္ရေအာင္ ႀကိဳဝယ္ေပးထားတဲ့
ေစ်းႀကီးတဲ့  စပို႔ရွပ္ အက်ၤ ီအျဖဴေရာင္ေလးရဲ႕  ေကာ္လာ ကိုညီညာေနေအာင္ ေခါက္ေပးရင္း  အိစင္းေနတဲ့ ဆံပင္ေပ်ာ့ေတြကိုပါ သပ္ရပ္မရပ္ ၾကည့္ေနမိတယ္။

ေသာ္က  တကယ္ကို ေကာင္းေကာင္းမြန္မြန္ေလးႀကီးျပင္းလာခဲ့တာပဲ။
အၿမဲ အုပ္အုပ္ကေလးျဖစ္ေနတဲ့ ဆံပင္ေလးက  အလယ္ခြဲ ၊ခြဲထားကာ  ေသာ္စိတ္ရႈပ္လို ႔ အေပၚကိုထိုးသိပ္လွန္တင္ရင္ေတာင္  သူ႔ေနရာနဲ ့သူ ရႈပ္ပြမေနပဲ  ျပန္ၾကတက္၏။

ေနာက္ၿပီးေသာ့္မွာ ဝိုင္းစက္ေကာ့ရႊန္းေနတဲ့ မ်က္လံုးေလးေတြနဲ ့  စင္းခြၽန္းေနေသာ နွာေခါင္းေသးေသးေလးတင္မကဘူး ရယ္လိုက္ရင္ ခြက္ဝင္သြားတက္တဲ့ အသည္းယားစရာပါးခ်ိဳင့္ေလးလည္းရွိေသး၏။  ေဆးေက်ာင္းမွာဆို ေသာ္က လူေခ်ာေလးအျဖစ္နာမည္ႀကီးအံုးမည္ထင္ပါတယ္။

"ဟိုမွာ အန္ကယ္စိုး အပ္ေပးထားတဲ့ သူ႔တပည့္ စီနီယာအမေတြရွိပါတယ္ မင္းစိတ္မပူပါနဲ ့။ ငါေကာင္းေကာင္းလုပ္နိုင္ေနပါၿပီ။ ငါသြားေနတုန္း မင္းသာ  အိမ္မွာ  ေသခ်ာေနခဲ့  "

" ကိုကို  ဘယ္မွ သြားစရာမရွိဘူးဗ်ာ
ေစ်းဝယ္စရာေတြလည္းမေန ႔က ဝယ္ခဲ့ၿပီးၿပီပဲ  အျပင္ထြက္စရာမရွိေတာ့ဘူး  ၊
အိမ္မွာပဲ လုပ္စရာရွိတာလုပ္ရုံပဲ ။
ကဲ  ကိုကို ႔ေသာ္ ဆိုင္ကယ္ေျဖးေျဖးစီးရမယ္ေနာ္။  "

"ဟုတ္ကဲ့ ကိုကို"

ေက်ာပိုးအိတ္ကေလးကိုပါ ေသခ်ာလြယ္ေပးလာရင္းဆိုလာတာမို ႔  ယေသာ္ ေခါင္းေမာ့ကာ  ၿပံဳးျပလိုက္၏။ ထို ႔ေနာက္ အိမ္ေရွ ႔ထိ ဦးခ်ီ ထုတ္ေပးလာတဲ့ ဆိုင္ကယ္ေပၚကိုတက္ကာ  လက္ျပနႈတ္ဆက္ရင္း
မန္းေဆးတကၠသိုလ္ရွိတဲ့ သိပ္မေဝးလွတဲ့ လမ္းကို ခ်ိဳးေကြ ႕ေမာင္းနွင္ခဲ့လိုက္၏။

" ပထမဆံုး ေက်ာင္းစတက္ရမဲ့ေန ႔ေလးမွာ အစစအရာရာ အဆင္ေျပပါေစ  ကိုကို ႔ေသာ္ေလး " 

ေသာ့္ပံုရိပ္ေလး ေပ်ာက္ကြယ္သြားတဲ့ထိ
ၿခံေပါက္ဝမွာ ရပ္ၾကည့္ရင္း သူ တေန ႔တာ
အလုပ္ကို စတင္ဖို ႔ျပင္လိုက္သည္။
ဖုန္းဆိုင္ကေလးသည္ လြန္ခဲ့ေသာနွစ္ပတ္ခန္႔က ေျပာင္းေ႐ြ ႕သြားခဲ့ေလၿပီ။
ထိုဖုန္းဆိုင္မွ  က်န္ေနခဲ့ေသာ  ဆိုင္ေရွ ႔မ်က္နွာအျပည့္တပ္ထားေသာ မွန္တံခါးႀကီးကို  ေလ်ာ့ေစ်းနဲ ့ဦးခ်ီ  အႀကံႀကီးစြာဝယ္ယူထားလိုက္၏။ 

ဒီရက္ပိုင္းကို  သူဆိုင္ဖြင့္နိုင္ဖို ႔အမ်ားႀကီးႀကိဳးစားခဲ့ပါသည္။ 

ိီစိတ္ကူးထားေသာ  ဆိုင္ကေလးသည္
ေသသပ္ လွပေသာ  အခ်ဥ္ေပါင္းနဲ ့သစ္သီးဆိုင္ ဖြင့္ရန္ပင္။  ထို ႔ေၾကာင့္   ဦးေလးစိုး၏ အကူညီအမ်ားႀကီးယူခဲ့ရသည္။
တပည့္တပန္းမ်ားစြာရွိတဲ့ ဦးေလးစိုးသည္
ဘန္ေကာက္မွာရွိတဲ့  သူ႔တပည့္တစ္ေယာက္ကို  အခ်ဥ္ေပါင္းေရာင္းတဲ့ထဲ ထည့္ရတဲ့
အဆာပလာ မ်ားစြာအေၾကာင္းကိုေမးျမန္းစံုစမ္းေပးေလသည္။ 

ထိုနည္းကို မေန ႔က  ပစၥည္းမ်ားစြာ မွာယူၿပီး ဦးခ်ီ စမ္းသပ္ခဲ့ၿပီးပါျပီ ။  အစပ္၊ အခ်ိဳ နွစ္မ်ိဳး ျဖစ္ေအာင္ ခြဲထုတ္လိုက္ၿပီး  ေကာင္းမြန္တဲ့ အရသာျဖစ္ေအာင္  သူလုပ္နိုင္ခဲ့ ၏။ ထို႔အျပင္
ငပိရည္ ကို အနံ႔ေမႊးေအာင္လုပ္နည္း
အခ်ဥ္ကို အခ်ဥ္ေပါ့ေအာင္  လုပ္နည္း၊
လတ္ဆတ္ သန္႔ရွင္းေအာင္ ေရာင္းခ်နည္းနွင့္   အေနအထား လွပေအာင္ ထားသိုနည္းေတြကိုပါမခ်န္ သူေလ့လာခဲ့ရသည္။

သူ ႔စိတ္ကူးေတြ သည္ လတ္တေလာမွာ
ေတာ့  အေတာ္ေလးလွပေနပါသည္။
မၾကာခင္မွာ ဖြင့္လွစ္မဲ့ သူ ႔ဆိုင္ေလးကို ကဗ်ာ ဆန္ဆန္ေလးလည္းျဖစ္ေစခ်င္၍
သူအမ်ားႀကီး  ႀကိဳးစားခဲ့ရပါသည္။

အိမ္ထဲကိုျပန္မဝင္ေသးပဲ  ဦးခ်ီ ဆိုင္ဖက္သြားကာ မွန္တံခါးကို  တြန္းဖြင့္လိုက္၏
အထဲမွာ  ေရာက္ရွိေနၿပီျဖစ္တဲ့   ထင္းရွဴ းသားနဲ ့လုပ္ထားေသာ ခံုပုေလးေတြ ဘိုးဘိုး၏  ဆိုင္ဖြင့္ပြဲအမွတ္တရအတြက္
ႀကိဳတင္ဝယ္ေပးထားေသာ လက္ေဆာင္ျဖစ္ေလသည္။  

သစ္သားျဖဴ ျဖဴ ေလးေတြနဲ ့ခ်စ္စဖြယ္  လုပ္ထားတဲ့ခံုေလးေတြသည္ အလြန္ လွပေပမဲ့    ဆိုင္နံရံမွာရွိတဲ့  ေဟာင္းႏြမ္းစျပဳေနတဲ့ ေဆးေရာင္နဲ ့မလိုက္ဖက္လွေပ။  

ဟုတ္သားပဲ သူ  ေဆးေရာင္လွလွေလးသုတ္ရအံုးမယ္။

" ပုံညာ ..ပံုညာ ဟိတ္ေကာင္  ဘာထိုင္လုပ္ေနတာလဲ ဒီမွာ ဖုန္းတဂြမ္ဂြမ္လာေနတယ္။ ခ်ီး  အိပ္ေရးပ်က္တယ္ တကယ္ပဲ "

တင္ေမာင္ညႊန္ ႔သည္  ေခါင္းစုတ္ေထာင္းနဲ ့  ခုမွ အိပ္ယာက ကုန္းထလာဟန္ျဖင့္
လက္ထဲ ထိုးထည့္သြားတာမို႔ ဖုန္းကို ေအာက္မျပဳတ္ၾကေအာင္ အတင္းဖမ္းလိုက္ရေသးသည္။

"  လက္ထဲေရာက္ေအာင္ ေသခ်ာမထည့္ဘူး။ ျပဳတ္က်လို ႔ကြဲရင္  မင္းေလ်ာ္ရမယ္မွတ္ထား  "

သူေအာ္ရင္း ဆူညံေအာင္လာေနေသာဖုန္းကို  ၾကည့္ရသည္။

ေသာ္ဆိုေသာ ဖုန္းနံပါတ္ေလးေၾကာင့္
အလ်ွင္အျမန္ကိုင္ကာ ထူးလိုက္၏။

"Hello ! ေသာ္  ၊ ေက်ာင္းေရာက္ပီလား  "

"ေရာက္ၿပီ မင္းဘာေတြ လုပ္ေနတာလဲ ငါေခၚေနတာၾကာေနပီ  "

"အာ  ဘာမွမလုပ္ပါဘူးေသာ္ရာ 
ဆိုင္ခန္းထဲ ဘာေဆးေရာင္သုတ္ရမလဲ ထိုင္စဥ္းစားေနတာ ။ ေသာ္က  ေဆးကိုဘာအေရာင္သုတ္ေစခ်င္လဲ  "

"အဝါေရာင္ "

ဦးခ်ီ တိုးတိတ္စြာ ရယ္ေမာလိုက္၏။
သူ ႔ညီေလးကေတာ့ တကယ္ပါပဲ။
ဘာပဲေျပာေျပာ လတ္ဆတ္တဲ့ အေငြ ႕အသက္ရမွာပါ။ 

"ဟုတ္ၿပီေလ ဒါဆို ကိုကို အဲ့အေရာင္ေလးသုတ္လိုက္မယ္။ နာနတ္သီးလို အဝါေရာင္လြင္လြင္ေလး..အင္းလွသားပဲ  ။ok
ေန႔ခင္း ထမင္းစားခ်ိန္  ကန္တင္းမွာ
ဗိုက္ဝတာ မွာစားေနာ္။ကူညီေပးတဲ့  သူငယ္ခ်င္းအမေတြေရာက္လာရင္လည္း  ပိုက္ဆံနွေျမာမေနနဲ ့ေကြၽးသင့္တာကို ေကြၽးလိုက္ေသာ္ေလး  "

"မင္းေတာ္ေတာ္လ်ွာရွည္တာပဲ။ ဒါပဲ ငါေက်ာင္းေရာက္ၿပီဆိုတာ လွမ္းေျပာတာ။
အေဆာင္ေတြလိုက္ၾကည့္ဦးမယ္ ။ ျပန္လာမွ အက်ိဳးအေၾကာင္း ေသာ္  အကုန္ျပန္ေျပာျပမယ္   "

"အြန္း "

ဖုန္းကို  ရင္ဘတ္ကအိတ္ေထာင္ထဲထည့္ကာ  ဆိုင္ေနာက္ေဖးေပါက္ကေန
ၿခံထဲ ဆင္းလိုက္၏။  ထို ႔ေနာက္ 
အိမ္ေပၚထပ္မွာ ေခြေခါက္အိပ္ေနၾကတဲ့နွစ္ေကာင္ကို   တက္နႈိးကာ အိပ္ယာထခိုင္းလိုက္သည္။

ထို ႔ေနာက္ျပန္ဆင္းလာကာ
ဆိုင္ကယ္နဲ ့ ေဆးသုတ္ရန္လိုအပ္တာေတြ ကိုသြားဝယ္လိုက္သည္။

မနက္ဖန္ဆို  အကုန္ၿပီးစီးမွ ျဖစ္မည္။
မွန္ေကာင္တာ အႀကီးစားမွာထားတာသည္ ဒီညေနရမွာမို ႔စိတ္ပူစရာမရွိလွပါ။

ၿပီးေတာ့  "ေသာ့္အတြက္ ပိုက္ဆံရွာမယ္"  ဆိုတဲ့  ဆိုင္နာမည္လွလွေလးကိုလည္းဒီေန ႔ မွန္တံခါးမွာ လာကပ္ေပးမွာမို ႔  ေဆးသုတ္စရာတစ္လုပ္သာ က်န္ေတာ့၏။

အိမ္ျပန္လမ္းတြင္ ပစၥည္းတပံုတပင္နဲ ့ပင္ ဆိုင္ကယ္ကို ခက္ ခက္ခဲခဲစီးခဲ့ရသည္။
သူဆိုင္ကယ္ရပ္တာနဲ ့  ထြက္လာကူသယ္ေပးေသာ  နွစ္ေကာင္သည္အိပ္ယာနႈိးတာကို မေက်နပ္ဟန္ မရွိပဲ  ၾကည္ၾကည္သာသာမို ႔  ေတာ္ေသးသည္။

တစ္ခုေကာင္းတာက ၊ ဦးခ်ီ ၏ သူငယ္ခ်င္းမ်ားသည္ အိမ္မွာလည္း ေတာသားပီပီ 
ေအာက္ေျခသိမ္းအကုန္လုပ္ရသူေတြမို ႔
အလုပ္နဲ ့ပတ္သတ္ရင္ အပ်င္းေတာ့မႀကီးၾကေပ။
ဘာအလုပ္ေနေန  တစ္ေယာက္မဟုတ္တစ္ေယာက္  မခိုမကပ္ပဲ ဝိုင္းဝန္းကူလုပ္ေပးတက္ေသာ အက်င့္ေကာင္းေလးမ်ားေၾကာင့္  ဦးခ်ီ  သိပ္ေတာ့ မပင္ပန္းရပါ။

"မ်ားလွခ်ည္လားကြ "

"ဟုတ္တယ္   ပိုရင္ ငါ့တို ႔အိမ္ထဲကဧည့္ခန္းေလးကိုပါသုတ္မလို ႔။ ကဲငါ့ကို ဝိုင္းကူေပးၾကပါအံုးဟ  "

"ေအး  အရင္ဆံုး   ခံုေတြ အလယ္ေခါင္ကပ္ရမယ္။ မဟုတ္ရင္ ေဆးေတြ စင္လိမ့္မယ္  ။  ဟိတ္ေကာင္ သံေခ်ာင္း အဲ မွားလို ႔
ျမင့္ျမတ္ဟိန္း လာငါ့ကို ဝိုင္းေ႐ြ ႕ကူစမ္း "

သံေခ်ာင္း မ်က္ေမွာင္ကုတ္ၿပီး လူမိုက္ၾကည့္ၾကည့္ကာ နႈတ္ခမ္း႐ြဲ ့ျပလိုက္သည္။
မ်က္လံုးထဲက အနီေရာင္အရိပ္ေတြသည္
မင္း ထပ္ေခၚရင္ အေသပဲဟု က်ိန္းေမာင္းေနသေယာင္။

ဦးခ်ီ သူတို ႔နွစ္ေယာက္ကို  ဂရုမစိုက္ေတာ့ပဲ  လက္အိတ္စြပ္လိုက္သည္။
ထို ႔ေနာက္ေဆးေဖ်ာ္ကာ  နံရံေပၚကို  ေသခ်ာ  ေလး စသုတ္ေတာ့၏။ 

သူ႔ဆိုင္ေလးရဲ႕ ဆိုင္ဖြင့္ခ်ိန္ကို   မနက္ ၁၁နာရီကေန  ည၈နာရီထိ သတ္မွတ္ထားသည္။ဘိုးဘိုးပိုင္ဆိုင္ေသာ   သစ္သီးပြဲရုံသည္  အေတာ္ေလးႀကီးမားကာအနယ္နယ္အရပ္ရပ္ကထြက္ရွိေသာ သစ္သီးမ်ားစြာ ကို သိမ္းယူၿပီး ၿမိဳ ႕ေပါင္းမ်ားစြာ လက္ကားျပန္လည္ေဖာက္သည္ေပးတာျဖစ္သည္။

ထို႔ေၾကာင့္  သူ ႔ဆိုင္မွာလည္း  တဆင့္ျပန္လည္ေရာင္းခ်ေပးဖို ႔ကိုပါ  စိတ္ကူးထားသည္။ အသီးကို အလံုးလိုက္အျပင္    သစ္သီးပြဲဆိုၿပီး သင့္တင့္ေသာ ေစ်းတစ္ခုသတ္မွတ္ၿပီးလည္းေရာင္းခ်ခ်င္ေသး၏။ 

ထိုမ်ွ မကေသး  သစ္သီးေဖ်ာ္ရည္အမ်ိဳးမ်ိဳးကိုလည္း  လတ္ဆတ္ေကာင္းမြန္စြာ ျပဳလုပ္ေပးမည္ျဖစ္ၿပီး  သူတို ႔စားခ်င္သမ်ွ လက္ညိဳးထိုးလိုက္ရုံျဖင့္    ငရုတ္သီး ငပိရည္ အေမႊးနံ ့သာမ်ားျဖင့္ စားေကာင္းေအာင္
ျပန္သုပ္ေပးဖို ႔အတြက္ကိုလည္း စီစဥ္ထား၏။

  အဲ့လို ျပဳလုပ္ေပးရန္အတြက္ 
ဘန္ေကာက္ က နာမည္ႀကီး  အခ်ဥ္ေပါင္းသည္ေတြရဲ႕ ေရာင္းခ်ျပဳ လုပ္နည္းကိုလည္းသူေလ့လာထားရသည္။    

"ေသာ့္အတြက္ ပိုက္ဆံရွာမယ္" ဆိုတဲ့ ဆိုင္နာမည္သည္  အမ်ားအတြက္ရယ္စရာေကာင္းေနေပမဲ့ သူ႔အတြက္ေတာ့အဓိပၸါယ္ရွိလွပါသည္။ 

ဒီဆိုင္ဖြင့္ရတဲ့ ရည္႐ြယ္ခ်က္သည္
ယေသာ္လင္းမာန္  ေက်ာင္းေကာင္းေကာင္းတက္နိုင္ဖို ႔သာျဖစ္သလို   သူ ႔၏
စြမ္းေဆာင္ရည္ကို ျပသဖို ႔လည္း အခြင့္အေရးျဖစ္သည္။  ထို႔ေၾကာင္းအရာမ်ားေၾကာင့္  ဆိုင္နာမည္ေလးသည္ သူ႔အတြက္
ဂုဏ္ယူစရာပင္ျဖစ္ေနေသးသည္။

ေသာ္ေက်ာင္းသြားေနေသာ အခ်ိန္တို ႔တြင္
သူ ႔ဆိုင္ခန္းေလးေဆးသုတ္တာ အကုန္ၿပီးသေလာက္ျဖစ္သြား၏။  ေန႔ခင္းပိုင္းတြင္  ဟိုသံုးေယာက္ ေက်ာင္းျပန္ေျပးလာၾကသည္။ စာသင္နွစ္အစမို ႔ ဘာမွ သိပ္မသင္လိုက္ေသးဟု ဆိုသလို  လူလည္းသိပ္မစံုေသးပါဟုလည္း အေၾကာင္းျပလာ၏။

ထို ႔ေၾကာင့္ အိမ္ေပါက္ဝကေန ဆီးႀကိဳကာ
အလုပ္မ်ားစြာကို  ခိုင္းလိုက္သည္။ 
စူပုတ္ေနေသာ  ေကာင္ကေလးသံုးေယာက္သည္   ခ်ဥ္ေပါင္႐ြက္နဲ ့တျခား ေစ်းနည္းၿပီးဝယ္စားရလြယ္ေသာ  သစ္ပင္မ်ားစြာကို  ၿခံထဲမွာ ရွင္းလင္းေနရေလ၏။

ဦးခ်ီ ၏ စိတ္ကူးသည္ အကယ္၍မ်ားဆိုင္လူက်လာလ်ွင္ ၿခံထဲထိ ေအးခ်မ္းစြာ ဆင္းထိုင္စားေသာက္နိုင္ရန္ပင္ျဖစ္သည္။

အုတ္နံရံမွာ ကပ္တြယ္ေပါက္ေနေသာ စကၠဴ ပန္းရုံလွလွႀကီးနွင့္  ၿခံထဲမွာ  ဆိုင္ထားေသာ   ပန္းပင္မ်ားစြာသည္ လူအမ်ား၏  စိတ္ဖိစီးမူ ႔ကိုေလ်ာ့က်ေပးေစလိမ့္မည္ျဖစ္သည္။

ညေနပိုင္း တြင္ ေသာ္ ေက်ာင္းဆင္းလာခဲ့ၿပီ။  တေနကုန္မၾကားရေသာ အသံစာစာေလးသည္ ၿခံေပါက္ဝမွာ ဆိုင္ကယ္ရပ္၍ စတင္ေအာ္သံညံစီလာခဲ့၏။

" ကိုကိုေရ  ဆိုင္ကယ္ သြင္းေပးပါအံုး "

ပန္းပင္မ်ားကို   လြင္ဦးတို ႔နဲ ့အတူ ထပ္မံစိုက္ပ်ိဳးေနေသာ ဦးခ်ီ သည္ လက္ထဲ က  ေပါက္ျပားကို ပစ္ခ်ကာ ၿခံေရွ ႔ကိုေျပးေလသည္။

လြင္ဦးမေက်မနပ္ျဖစ္ကာ သူ ႔ေဘးက
တိုးသိန္းကို ေျပာလိုက္၏။

"ေတြ ႕လား သူ႔မယားေလးအသံၾကားရင္ ရုပ္က  ခ်က္ျခင္း  သိန္းဆုေပါက္လိုက္သလိုပဲ "

" ေသာက္တင္းတုတ္မေနနဲ ့မသာရဲ႕။
ျမန္ျမန္လုပ္ ငါ ေရခ်ိဳးခ်င္လွၿပီဟ "

လြင္ဦး  မေက်မနပ္  မ်က္ေစာင္းခဲကာ
ခုတ္ထြင္ထားတဲ့ သစ္ပင္ေပါင္းပင္မ်ားကို
ပစ္ရေအာင္  ဆြဲေပြ ႕လိုက္၏။ 
မလုပ္လို ႔လည္းမရ   ပံုညာဦးခ်ီ ဆိုတဲ့ ေကာင္က ဒါၿပီးမွ နားရမည္ဟုေျပာထားသည္။

" ေသာ္   ေက်ာင္းက အဆင္ေျပလား "

"ေျပပါတယ္။ ဒါေပမဲ့  ခုေလာေလာဆယ္ေတာ့  ငါဘာမွ မမွတ္မိခဲ့ဘူး။ ေခါင္းေတြ ကိုက္လာတာပဲ အဖတ္တင္တယ္။
မ်ားလိုက္တဲ့  စာအုပ္ေတြ။ အဲ့ဒါေတြသာၾကည့္ေတာ့ ။ ဒါေတာင္ဒီေန ႔စာ ေကာင္းေကာင္းမသင္လိုက္ဘူး။  "

ေသာ္ရဲ႕ စိတ္ညစ္ေနတဲ့ ေလသံေလးကို ဆိုင္ကယ္တြန္းရင္း ဦးခ်ီ နားေထာင္ေပးေနမိသည္။  ေဘးကေန သူဒီေန ႔တေန ႔လံုး ဘာေတြလုပ္ခဲ့တယ္ဆိုတာကို  စားတာေသာက္တာပါမက်န္  အသိနွစ္ေယာက္ရခဲ့တယ္ဆိုတာကိုပါ  အကုန္ေျပာျပေနေလသည္။  

ေသာ္ေျပာေနေသာ အေၾကာင္းအရာေတြ နားေထာင္ရင္းဦးခ်ီ နႈတ္ခမ္းေလးေတြသည္ ေပ်ာ္ရႊင္စြာ ေကာ့တက္ေနေတာ့၏။

သာယာေသာ  ၿခံေလးထဲတြင္  ရွိေသာ
ေကာင္းကေလးသံုးေယာက္သည္ မေက်မနပ္   ၿခံရွင္းေနရသလို   မွန္တံခါးေတြကာရံထားေသာ ဆိုင္ခန္းကေလးထဲမွာလည္း
ခံုကေလးေတြ ကို လွပစြာေနရာခ်ေနေသာ ေကာင္ေလးနွစ္ေယာက္လည္းရွိ၏။   

ပံုညာဦးခ်ီ ဆိုတဲ့ ေကာင္ကေလးကေတာ့
အကုန္လံုးကို ေမ့ေလ်ာ့စြာ  စိတ္ရႈပ္ေထြးေနတဲ့ သူ ႔ညီကေလးကို  ၾကင္နာစြာ
စကားေတြေျပာကာ နွစ္သိမ့္ေပးလ်က္ရွိ၏

ခ်စ္တဲ့အိမ္စည္။

( voteကေလးေပးဖို ႔မေမ့ၾကပါနဲ ့။
ၿပီးေတာ့  ပံုညာဦးခ်ီအတြက္ reviewလွလွေလးေတြလည္း
  ႀကိဳက္နွစ္သက္ရင္ ေပးၾကပါလို ႔ေတာင္းဆိုပါရေစ။ လိုေနတာက  မိုတီ မိုတီ 😁  )

ဦးချီ အိမ်မှာ သူအပါအဝင် လူ ၇ယောက်နေပါသည်။

ရွာကလာတဲ့ သူငယ်ချင်းတွေထဲမှာ 
လွင်ဦးခန့် ရယ်   အံ့မောင် နဲ့  တိုးသိန်းရယ်  က
ရတနာပုံတက္ကသိုလ်မှာ  Day တက်မဲ့သူတွေဖြစ်ပြီး၊   သံချောင်းကတော့   ဂျပန်ကိုအလုပ်သွားလုပ်မဲ့သူမို့ ကျောင်းမတက်သူပါ။
ထို့ အတူ  တင်မောင်ညွှန့်ကအဝေးသင်တက်ရင်း ဖုန်းပြင်သင်တန်းတက်မှာဖြစ်သည်မို့   ဦးချီ နဲ့ တော့ အဖော်ရ၏။

ရတနာပုံ တက္ကသိုလ်ကျောင်းသားသုံးယောက်သည်  မိုးမလင်းခင်ကတည်းက
ကျော့ကော့နေအောင် ပြင်ဆင်၍ တက်ကြွစွာ ကျောင်းသွားကြလေပြီ။  ကျန်နှစ်ယောက်ကတော့   ကျောင်းမတက်ရသူတွေမို့
အိပ်ကြတုန်းပင်။

မအိပ်နိုင်သူကတော့ဦးချီပင်။

ဆေးကျောင်းတွေ စဖွင့်ပြီမို့  သူ့ရဲ့
သော်ကလေးကို  မနက်စောစောထကာ 
ကျောင်းတက်ဖို့ ပြင်ဆင်ပေးနေရ၏။

" သော်  ပိုက်ဆံ လုံလုံ လောက်လောက်ထည့်သွားနော်။ ဒီနေ့  ကျောင်းစတက်တဲ့နေ့ဆို  သက်ပုံပြောတာတော့
စာအုပ်ဝယ်ရတာဘာညာနဲ့  ပိုက်ဆံတော်တော်ကုန်မယ်တဲ့။  တခါထဲ ကျူ ရှင်တက်ဖို့ ရော စုံစမ်းခဲ့နော်   "

ငါးနှစ်သား ကလေးလေးလို မနက်ကတည်းက လိုအပ်တာတွေ အကုန်လုပ်ပေးနေရုံမကဘူး  ပါးစပ်ကလည်း တတွတ်တွတ်မှာလို့ မဆုံးတော့။ 
ဖြစ်နိုင်ရင်   သော့်ကို တစ်ယောက်ထဲတောင် မလွှတ်ချင်ပါ  ၊၊
သော်ကျောင်းတက်ရင် ဝတ်ရအောင် ကြိုဝယ်ပေးထားတဲ့
ဈေးကြီးတဲ့  စပို့ရှပ် အင်္ကျီအဖြူရောင်လေးရဲ့  ကော်လာ ကိုညီညာနေအောင် ခေါက်ပေးရင်း  အိစင်းနေတဲ့ ဆံပင်ပျော့တွေကိုပါ သပ်ရပ်မရပ် ကြည့်နေမိတယ်။

သော်က  တကယ်ကို ကောင်းကောင်းမွန်မွန်လေးကြီးပြင်းလာခဲ့တာပဲ။
အမြဲ အုပ်အုပ်ကလေးဖြစ်နေတဲ့ ဆံပင်လေးက  အလယ်ခွဲ ၊ခွဲထားကာ  သော်စိတ်ရှုပ်လို့  အပေါ်ကိုထိုးသိပ်လှန်တင်ရင်တောင်  သူ့နေရာနဲ့ သူ ရှုပ်ပွမနေပဲ  ပြန်ကြတက်၏။

နောက်ပြီးသော့်မှာ ဝိုင်းစက်ကော့ရွှန်းနေတဲ့ မျက်လုံးလေးတွေနဲ့   စင်းချွန်းနေသော နှာခေါင်းသေးသေးလေးတင်မကဘူး ရယ်လိုက်ရင် ခွက်ဝင်သွားတက်တဲ့ အသည်းယားစရာပါးချိုင့်လေးလည်းရှိသေး၏။  ဆေးကျောင်းမှာဆို သော်က လူချောလေးအဖြစ်နာမည်ကြီးအုံးမည်ထင်ပါတယ်။

"ဟိုမှာ အန်ကယ်စိုး အပ်ပေးထားတဲ့ သူ့တပည့် စီနီယာအမတွေရှိပါတယ် မင်းစိတ်မပူပါနဲ့ ။ ငါကောင်းကောင်းလုပ်နိုင်နေပါပြီ။ ငါသွားနေတုန်း မင်းသာ  အိမ်မှာ  သေချာနေခဲ့  "

" ကိုကို  ဘယ်မှ သွားစရာမရှိဘူးဗျာ
ဈေးဝယ်စရာတွေလည်းမနေ့ က ဝယ်ခဲ့ပြီးပြီပဲ  အပြင်ထွက်စရာမရှိတော့ဘူး  ၊
အိမ်မှာပဲ လုပ်စရာရှိတာလုပ်ရုံပဲ ။
ကဲ  ကိုကို့ သော် ဆိုင်ကယ်ဖြေးဖြေးစီးရမယ်နော်။  "

"ဟုတ်ကဲ့ ကိုကို"

ကျောပိုးအိတ်ကလေးကိုပါ သေချာလွယ်ပေးလာရင်းဆိုလာတာမို့   ယသော် ခေါင်းမော့ကာ  ပြုံးပြလိုက်၏။ ထို့ နောက် အိမ်ရှေ့ ထိ ဦးချီ ထုတ်ပေးလာတဲ့ ဆိုင်ကယ်ပေါ်ကိုတက်ကာ  လက်ပြနှုတ်ဆက်ရင်း
မန်းဆေးတက္ကသိုလ်ရှိတဲ့ သိပ်မဝေးလှတဲ့ လမ်းကို ချိုးကွေ့ မောင်းနှင်ခဲ့လိုက်၏။

" ပထမဆုံး ကျောင်းစတက်ရမဲ့နေ့ လေးမှာ အစစအရာရာ အဆင်ပြေပါစေ  ကိုကို့ သော်လေး " 

သော့်ပုံရိပ်လေး ပျောက်ကွယ်သွားတဲ့ထိ
ခြံပေါက်ဝမှာ ရပ်ကြည့်ရင်း သူ တနေ့ တာ
အလုပ်ကို စတင်ဖို့ ပြင်လိုက်သည်။
ဖုန်းဆိုင်ကလေးသည် လွန်ခဲ့သောနှစ်ပတ်ခန့်က ပြောင်းရွေ့ သွားခဲ့လေပြီ။
ထိုဖုန်းဆိုင်မှ  ကျန်နေခဲ့သော  ဆိုင်ရှေ့ မျက်နှာအပြည့်တပ်ထားသော မှန်တံခါးကြီးကို  လျော့ဈေးနဲ့ ဦးချီ  အကြံကြီးစွာဝယ်ယူထားလိုက်၏။ 

ဒီရက်ပိုင်းကို  သူဆိုင်ဖွင့်နိုင်ဖို့ အများကြီးကြိုးစားခဲ့ပါသည်။ 

ီစိတ်ကူးထားသော  ဆိုင်ကလေးသည်
သေသပ် လှပသော  အချဉ်ပေါင်းနဲ့ သစ်သီးဆိုင် ဖွင့်ရန်ပင်။  ထို့ ကြောင့်   ဦးလေးစိုး၏ အကူညီအများကြီးယူခဲ့ရသည်။
တပည့်တပန်းများစွာရှိတဲ့ ဦးလေးစိုးသည်
ဘန်ကောက်မှာရှိတဲ့  သူ့တပည့်တစ်ယောက်ကို  အချဉ်ပေါင်းရောင်းတဲ့ထဲ ထည့်ရတဲ့
အဆာပလာ များစွာအကြောင်းကိုမေးမြန်းစုံစမ်းပေးလေသည်။ 

ထိုနည်းကို မနေ့ က  ပစ္စည်းများစွာ မှာယူပြီး ဦးချီ စမ်းသပ်ခဲ့ပြီးပါပြီ ။  အစပ်၊ အချို နှစ်မျိုး ဖြစ်အောင် ခွဲထုတ်လိုက်ပြီး  ကောင်းမွန်တဲ့ အရသာဖြစ်အောင်  သူလုပ်နိုင်ခဲ့ ၏။ ထို့အပြင်
ငပိရည် ကို အနံ့မွှေးအောင်လုပ်နည်း
အချဉ်ကို အချဉ်ပေါ့အောင်  လုပ်နည်း၊
လတ်ဆတ် သန့်ရှင်းအောင် ရောင်းချနည်းနှင့်   အနေအထား လှပအောင် ထားသိုနည်းတွေကိုပါမချန် သူလေ့လာခဲ့ရသည်။

သူ့ စိတ်ကူးတွေ သည် လတ်တလောမှာ
တော့  အတော်လေးလှပနေပါသည်။
မကြာခင်မှာ ဖွင့်လှစ်မဲ့ သူ့ ဆိုင်လေးကို ကဗျာ ဆန်ဆန်လေးလည်းဖြစ်စေချင်၍
သူအများကြီး  ကြိုးစားခဲ့ရပါသည်။

အိမ်ထဲကိုပြန်မဝင်သေးပဲ  ဦးချီ ဆိုင်ဖက်သွားကာ မှန်တံခါးကို  တွန်းဖွင့်လိုက်၏
အထဲမှာ  ရောက်ရှိနေပြီဖြစ်တဲ့   ထင်းရှူးသားနဲ့ လုပ်ထားသော ခုံပုလေးတွေ ဘိုးဘိုး၏  ဆိုင်ဖွင့်ပွဲအမှတ်တရအတွက်
ကြိုတင်ဝယ်ပေးထားသော လက်ဆောင်ဖြစ်လေသည်။  

သစ်သားဖြူ ဖြူ လေးတွေနဲ့ ချစ်စဖွယ်  လုပ်ထားတဲ့ခုံလေးတွေသည် အလွန် လှပပေမဲ့    ဆိုင်နံရံမှာရှိတဲ့  ဟောင်းနွမ်းစပြုနေတဲ့ ဆေးရောင်နဲ့ မလိုက်ဖက်လှပေ။  

ဟုတ်သားပဲ သူ  ဆေးရောင်လှလှလေးသုတ်ရအုံးမယ်။

" ပုံညာ ..ပုံညာ ဟိတ်ကောင်  ဘာထိုင်လုပ်နေတာလဲ ဒီမှာ ဖုန်းတဂွမ်ဂွမ်လာနေတယ်။ ချီး  အိပ်ရေးပျက်တယ် တကယ်ပဲ "

တင်မောင်ညွှန့် သည်  ခေါင်းစုတ်ထောင်းနဲ့   ခုမှ အိပ်ယာက ကုန်းထလာဟန်ဖြင့်
လက်ထဲ ထိုးထည့်သွားတာမို့ ဖုန်းကို အောက်မပြုတ်ကြအောင် အတင်းဖမ်းလိုက်ရသေးသည်။

"  လက်ထဲရောက်အောင် သေချာမထည့်ဘူး။ ပြုတ်ကျလို့ ကွဲရင်  မင်းလျော်ရမယ်မှတ်ထား  "

သူအော်ရင်း ဆူညံအောင်လာနေသောဖုန်းကို  ကြည့်ရသည်။

သော်ဆိုသော ဖုန်းနံပါတ်လေးကြောင့်
အလျှင်အမြန်ကိုင်ကာ ထူးလိုက်၏။

"Hello ! သော်  ၊ ကျောင်းရောက်ပြီလား  "

"ရောက်ပြီ မင်းဘာတွေ လုပ်နေတာလဲ ငါခေါ်နေတာကြာနေပီ  "

"အာ  ဘာမှမလုပ်ပါဘူးသော်ရာ 
ဆိုင်ခန်းထဲ ဘာဆေးရောင်သုတ်ရမလဲ ထိုင်စဉ်းစားနေတာ ။ သော်က  ဆေးကိုဘာအရောင်သုတ်စေချင်လဲ  "

"အဝါရောင် "

ဦးချီ တိုးတိတ်စွာ ရယ်မောလိုက်၏။
သူ့ ညီလေးကတော့ တကယ်ပါပဲ။
ဘာပဲပြောပြော လတ်ဆတ်တဲ့ အငွေ့ အသက်ရမှာပါ။ 

"ဟုတ်ပြီလေ ဒါဆို ကိုကို အဲ့အရောင်လေးသုတ်လိုက်မယ်။ နာနတ်သီးလို အဝါရောင်လွင်လွင်လေး..အင်းလှသားပဲ  ။ok
နေ့ခင်း ထမင်းစားချိန်  ကန်တင်းမှာ
ဗိုက်ဝတာ မှာစားနော်။ကူညီပေးတဲ့  သူငယ်ချင်းအမတွေရောက်လာရင်လည်း  ပိုက်ဆံနှမြောမနေနဲ့ ကျွေးသင့်တာကို ကျွေးလိုက်သော်လေး  "

"မင်းတော်တော်လျှာရှည်တာပဲ။ ဒါပဲ ငါကျောင်းရောက်ပြီဆိုတာ လှမ်းပြောတာ။
အဆောင်တွေလိုက်ကြည့်ဦးမယ် ။ ပြန်လာမှ အကျိုးအကြောင်း သော်  အကုန်ပြန်ပြောပြမယ်   "

"အွန်း "

ဖုန်းကို  ရင်ဘတ်ကအိတ်ထောင်ထဲထည့်ကာ  ဆိုင်နောက်ဖေးပေါက်ကနေ
ခြံထဲ ဆင်းလိုက်၏။  ထို့ နောက် 
အိမ်ပေါ်ထပ်မှာ ခွေခေါက်အိပ်နေကြတဲ့နှစ်ကောင်ကို   တက်နှိုးကာ အိပ်ယာထခိုင်းလိုက်သည်။

ထို့ နောက်ပြန်ဆင်းလာကာ
ဆိုင်ကယ်နဲ့  ဆေးသုတ်ရန်လိုအပ်တာတွေ ကိုသွားဝယ်လိုက်သည်။

မနက်ဖန်ဆို  အကုန်ပြီးစီးမှ ဖြစ်မည်။
မှန်ကောင်တာ အကြီးစားမှာထားတာသည် ဒီညနေရမှာမို့ စိတ်ပူစရာမရှိလှပါ။

ပြီးတော့  "သော့်အတွက် ပိုက်ဆံရှာမယ်"  ဆိုတဲ့  ဆိုင်နာမည်လှလှလေးကိုလည်းဒီနေ့  မှန်တံခါးမှာ လာကပ်ပေးမှာမို့   ဆေးသုတ်စရာတစ်လုပ်သာ ကျန်တော့၏။

အိမ်ပြန်လမ်းတွင် ပစ္စည်းတပုံတပင်နဲ့ ပင် ဆိုင်ကယ်ကို ခက် ခက်ခဲခဲစီးခဲ့ရသည်။
သူဆိုင်ကယ်ရပ်တာနဲ့   ထွက်လာကူသယ်ပေးသော  နှစ်ကောင်သည်အိပ်ယာနှိုးတာကို မကျေနပ်ဟန် မရှိပဲ  ကြည်ကြည်သာသာမို့   တော်သေးသည်။

တစ်ခုကောင်းတာက ၊ ဦးချီ ၏ သူငယ်ချင်းများသည် အိမ်မှာလည်း တောသားပီပီ 
အောက်ခြေသိမ်းအကုန်လုပ်ရသူတွေမို့
အလုပ်နဲ့ ပတ်သတ်ရင် အပျင်းတော့မကြီးကြပေ။
ဘာအလုပ်နေနေ  တစ်ယောက်မဟုတ်တစ်ယောက်  မခိုမကပ်ပဲ ဝိုင်းဝန်းကူလုပ်ပေးတက်သော အကျင့်ကောင်းလေးများကြောင့်  ဦးချီ  သိပ်တော့ မပင်ပန်းရပါ။

"များလှချည်လားကွ "

"ဟုတ်တယ်   ပိုရင် ငါ့တို့ အိမ်ထဲကဧည့်ခန်းလေးကိုပါသုတ်မလို့ ။ ကဲငါ့ကို ဝိုင်းကူပေးကြပါအုံးဟ  "

"အေး  အရင်ဆုံး   ခုံတွေ အလယ်ခေါင်ကပ်ရမယ်။ မဟုတ်ရင် ဆေးတွေ စင်လိမ့်မယ်  ။  ဟိတ်ကောင် သံချောင်း အဲ မှားလို့
မြင့်မြတ်ဟိန်း လာငါ့ကို ဝိုင်းရွေ့ ကူစမ်း "

သံချောင်း မျက်မှောင်ကုတ်ပြီး လူမိုက်ကြည့်ကြည့်ကာ နှုတ်ခမ်းရွဲ့ ပြလိုက်သည်။
မျက်လုံးထဲက အနီရောင်အရိပ်တွေသည်
မင်း ထပ်ခေါ်ရင် အသေပဲဟု ကျိန်းမောင်းနေသယောင်။

ဦးချီ သူတို့ နှစ်ယောက်ကို  ဂရုမစိုက်တော့ပဲ  လက်အိတ်စွပ်လိုက်သည်။
ထို့ နောက်ဆေးဖျော်ကာ  နံရံပေါ်ကို  သေချာ  လေး စသုတ်တော့၏။ 

သူ့ဆိုင်လေးရဲ့ ဆိုင်ဖွင့်ချိန်ကို   မနက် ၁၁နာရီကနေ  ည၈နာရီထိ သတ်မှတ်ထားသည်။ဘိုးဘိုးပိုင်ဆိုင်သော   သစ်သီးပွဲရုံသည်  အတော်လေးကြီးမားကာအနယ်နယ်အရပ်ရပ်ကထွက်ရှိသော သစ်သီးများစွာ ကို သိမ်းယူပြီး မြို့ ပေါင်းများစွာ လက်ကားပြန်လည်ဖောက်သည်ပေးတာဖြစ်သည်။

ထို့ကြောင့်  သူ့ ဆိုင်မှာလည်း  တဆင့်ပြန်လည်ရောင်းချပေးဖို့ ကိုပါ  စိတ်ကူးထားသည်။ အသီးကို အလုံးလိုက်အပြင်    သစ်သီးပွဲဆိုပြီး သင့်တင့်သော ဈေးတစ်ခုသတ်မှတ်ပြီးလည်းရောင်းချချင်သေး၏။ 

ထိုမျှ မကသေး  သစ်သီးဖျော်ရည်အမျိုးမျိုးကိုလည်း  လတ်ဆတ်ကောင်းမွန်စွာ ပြုလုပ်ပေးမည်ဖြစ်ပြီး  သူတို့ စားချင်သမျှ လက်ညိုးထိုးလိုက်ရုံဖြင့်    ငရုတ်သီး ငပိရည် အမွှေးနံ့ သာများဖြင့် စားကောင်းအောင်
ပြန်သုပ်ပေးဖို့ အတွက်ကိုလည်း စီစဉ်ထား၏။

  အဲ့လို ပြုလုပ်ပေးရန်အတွက် 
ဘန်ကောက် က နာမည်ကြီး  အချဉ်ပေါင်းသည်တွေရဲ့ ရောင်းချပြု လုပ်နည်းကိုလည်းသူလေ့လာထားရသည်။    

"သော့်အတွက် ပိုက်ဆံရှာမယ်" ဆိုတဲ့ ဆိုင်နာမည်သည်  အများအတွက်ရယ်စရာကောင်းနေပေမဲ့ သူ့အတွက်တော့အဓိပ္ပါယ်ရှိလှပါသည်။ 

ဒီဆိုင်ဖွင့်ရတဲ့ ရည်ရွယ်ချက်သည်
ယသော်လင်းမာန်  ကျောင်းကောင်းကောင်းတက်နိုင်ဖို့ သာဖြစ်သလို   သူ့ ၏
စွမ်းဆောင်ရည်ကို ပြသဖို့ လည်း အခွင့်အရေးဖြစ်သည်။  ထို့ကြောင်းအရာများကြောင့်  ဆိုင်နာမည်လေးသည် သူ့အတွက်
ဂုဏ်ယူစရာပင်ဖြစ်နေသေးသည်။

သော်ကျောင်းသွားနေသော အချိန်တို့ တွင်
သူ့ ဆိုင်ခန်းလေးဆေးသုတ်တာ အကုန်ပြီးသလောက်ဖြစ်သွား၏။  နေ့ခင်းပိုင်းတွင်  ဟိုသုံးယောက် ကျောင်းပြန်ပြေးလာကြသည်။ စာသင်နှစ်အစမို့  ဘာမှ သိပ်မသင်လိုက်သေးဟု ဆိုသလို  လူလည်းသိပ်မစုံသေးပါဟုလည်း အကြောင်းပြလာ၏။

ထို့ ကြောင့် အိမ်ပေါက်ဝကနေ ဆီးကြိုကာ
အလုပ်များစွာကို  ခိုင်းလိုက်သည်။ 
စူပုတ်နေသော  ကောင်ကလေးသုံးယောက်သည်   ချဉ်ပေါင်ရွက်နဲ့ တခြား ဈေးနည်းပြီးဝယ်စားရလွယ်သော  သစ်ပင်များစွာကို  ခြံထဲမှာ ရှင်းလင်းနေရလေ၏။

ဦးချီ ၏ စိတ်ကူးသည် အကယ်၍များဆိုင်လူကျလာလျှင် ခြံထဲထိ အေးချမ်းစွာ ဆင်းထိုင်စားသောက်နိုင်ရန်ပင်ဖြစ်သည်။

အုတ်နံရံမှာ ကပ်တွယ်ပေါက်နေသော စက္ကူ ပန်းရုံလှလှကြီးနှင့်  ခြံထဲမှာ  ဆိုင်ထားသော   ပန်းပင်များစွာသည် လူအများ၏  စိတ်ဖိစီးမူ့ ကိုလျော့ကျပေးစေလိမ့်မည်ဖြစ်သည်။

ညနေပိုင်း တွင် သော် ကျောင်းဆင်းလာခဲ့ပြီ။  တနေကုန်မကြားရသော အသံစာစာလေးသည် ခြံပေါက်ဝမှာ ဆိုင်ကယ်ရပ်၍ စတင်အော်သံညံစီလာခဲ့၏။

" ကိုကိုရေ  ဆိုင်ကယ် သွင်းပေးပါအုံး "

ပန်းပင်များကို   လွင်ဦးတို့ နဲ့ အတူ ထပ်မံစိုက်ပျိုးနေသော ဦးချီ သည် လက်ထဲ က  ပေါက်ပြားကို ပစ်ချကာ ခြံရှေ့ ကိုပြေးလေသည်။

လွင်ဦးမကျေမနပ်ဖြစ်ကာ သူ့ ဘေးက
တိုးသိန်းကို ပြောလိုက်၏။

"တွေ့ လား သူ့မယားလေးအသံကြားရင် ရုပ်က  ချက်ခြင်း  သိန်းဆုပေါက်လိုက်သလိုပဲ "

" သောက်တင်းတုတ်မနေနဲ့ မသာရဲ့။
မြန်မြန်လုပ် ငါ ရေချိုးချင်လှပြီဟ "

လွင်ဦး  မကျေမနပ်  မျက်စောင်းခဲကာ
ခုတ်ထွင်ထားတဲ့ သစ်ပင်ပေါင်းပင်များကို
ပစ်ရအောင်  ဆွဲပွေ့ လိုက်၏။ 
မလုပ်လို့ လည်းမရ   ပုံညာဦးချီ ဆိုတဲ့ ကောင်က ဒါပြီးမှ နားရမည်ဟုပြောထားသည်။

" သော်   ကျောင်းက အဆင်ပြေလား "

"ပြေပါတယ်။ ဒါပေမဲ့  ခုလောလောဆယ်တော့  ငါဘာမှ မမှတ်မိခဲ့ဘူး။ ခေါင်းတွေ ကိုက်လာတာပဲ အဖတ်တင်တယ်။
များလိုက်တဲ့  စာအုပ်တွေ။ အဲ့ဒါတွေသာကြည့်တော့ ။ ဒါတောင်ဒီနေ့ စာ ကောင်းကောင်းမသင်လိုက်ဘူး။  "

သော်ရဲ့ စိတ်ညစ်နေတဲ့ လေသံလေးကို ဆိုင်ကယ်တွန်းရင်း ဦးချီ နားထောင်ပေးနေမိသည်။  ဘေးကနေ သူဒီနေ့ တနေ့ လုံး ဘာတွေလုပ်ခဲ့တယ်ဆိုတာကို  စားတာသောက်တာပါမကျန်  အသိနှစ်ယောက်ရခဲ့တယ်ဆိုတာကိုပါ  အကုန်ပြောပြနေလေသည်။  

သော်ပြောနေသော အကြောင်းအရာတွေ နားထောင်ရင်းဦးချီ နှုတ်ခမ်းလေးတွေသည် ပျော်ရွှင်စွာ ကော့တက်နေတော့၏။

သာယာသော  ခြံလေးထဲတွင်  ရှိသော
ကောင်းကလေးသုံးယောက်သည် မကျေမနပ်   ခြံရှင်းနေရသလို   မှန်တံခါးတွေကာရံထားသော ဆိုင်ခန်းကလေးထဲမှာလည်း
ခုံကလေးတွေ ကို လှပစွာနေရာချနေသော ကောင်လေးနှစ်ယောက်လည်းရှိ၏။   

ပုံညာဦးချီ ဆိုတဲ့ ကောင်ကလေးကတော့
အကုန်လုံးကို မေ့လျော့စွာ  စိတ်ရှုပ်ထွေးနေတဲ့ သူ့ ညီကလေးကို  ကြင်နာစွာ
စကားတွေပြောကာ နှစ်သိမ့်ပေးလျက်ရှိ၏

ချစ်တဲ့အိမ်စည်။

( voteကလေးပေးဖို့ မမေ့ကြပါနဲ့ ။
ပြီးတော့  ပုံညာဦးချီအတွက် reviewလှလှလေးတွေလည်း
  ကြိုက်နှစ်သက်ရင် ပေးကြပါလို့ တောင်းဆိုပါရစေ။ လိုနေတာက  မိုတီ မိုတီ 😁  )

Bạn đang đọc truyện trên: ZingTruyen.Xyz