နှင်းဆီဝါတို့ နီစွေးစေ(နွင္းဆီဝါတို ႔နီေစြးေစ)completed
30
"ဟိတ္ ! ျပန္ေတာ့မလို ႔လား "
ဆိုင္ကယ္ ေပၚတက္အံ့ဆဲဆဲ
ေနာက္ ပါးက နႈတ္ဆက္သံေၾကာင့္ေသာ္ ဇေဝဇဝါလွည့္ၾကည့္မိ၏။ ေက်ာလယ္ေလာက္ရွိတဲ့ ဆံပင္ထူထူကို ေနာက္စိနားေလာက္မွာ အျဖဴ ေရာင္ဖဲျပား အႀကီးႀကီးနဲ ့လွေအာင္ စီးထားတဲ့ေကာင္မေလးသည္
ေသာ္တို ႔အတန္းထဲက ဆိုတာ အေတာ္ေလးလွတာမို ႔သတိထားမိ၏။
ၿပံဳးလ်က္ နႈတ္ဆက္လာတာမို ႔မိမိကိုယ္ကိုလက္ညိဳးျပန္ထိုးျပကာ
" ကြၽန္ေတာ့္ကိုေမးတာလားဗ် "
ဟုျပန္ေမးမိသည္။
"ဟုတ္တယ္ ယေသာ္လင္းမာန္ လို ႔
ေခၚတယ္ထင္တယ္ ဆရာမ ေျပာတာ
မနက္က ၾကားလိုက္ရတယ္ "
ေသာ္ ေၾကာင္ေတာင္ေတာင္နွင့္ေခါင္းညိမ့္ျပမိသည္။ ေက်ာင္းတက္ရက္ သိပ္မၾကာေသးတာမို ႔ မ်က္မွန္းတန္းမိၾကရုံသာရွိၿပီး ခင္ခင္မင္မင္သူငယ္ခ်င္းဆိုၿပီးေသာ့္မွာမရွိေသး။
" နန္း နာမည္က နန္းျမတ္ေဟသာပါ ။
ယေသာ္လို ႔ေခၚမယ္ေနာ္ ၊ နန္း က
မႏၲေလးသူမဟုတ္ဘူး ေတာင္ျကီးသူေလ
ဒီမွာ ေက်ာင္းတက္ရေတာ့ အေပါင္းအသင္း သူငယ္ခ်င္းမရွိပဲေၾကာင္ေတာင္ေတာင္ျဖစ္ေနတယ္ အတန္းထဲမွာ ယေသာ္ကလည္း ခုထိ စကားေျပာတဲ့ သူမရွိေသးတာေတြ ႕ရလို ႔နန္းနဲ ့သူငယ္ခ်င္းမ်ားျဖစ္ခ်င္မလားလို ႔"
တက္ႂကြစြာေသာ့္ကို ၾကည့္လ်က္ ေျပာလာတာမို ႔မေနတက္လာတာမို ႔ ဂုတ္ပိုးကို ပြတ္ၿပီး ဘာဆက္ေျပာရမွန္းမသိျဖစ္သြား၏။ တကယ္ဆို ေသာ့္မွာ ကိုကိုကလြဲၿပီး ငယ္စဥ္ကတည္းက အေပါင္းအသင္းသိပ္မရွိခဲ့ေပ။ စာမွ စာ အၿမဲ စာအုပ္နဲ ့
မ်က္နွာကို ေကာ္ကပ္သလို ကပ္ခဲ့ရတဲ့ ေသာ္လိုလူအတြက္ သူစိမ္းေတြကို ေပါင္းသင္းဆက္ဆံဖို ႔ခက္ခဲလွပါသည္။
ပိုဆိုးသည္က ေသာ္တက္ေနတဲ့ တကၠသိုလ္က အခက္ခဲဆံုး ေဆးေက်ာင္းမို ႔
အေပ်ာ္ရွာဖို ႔ေသာ့္မွာ အခ်ိန္ပိုမရွိရဟု ေက်ာင္းစတက္ကတည္းက ဆံုးျဖတ္ထား၏။
တကယ္လည္း ေသာ္ကိုယ္တိုင္ ကိုကိုအရိပ္မွာေနေနရသူမို ႔ အေပါင္းအသင္းမိတ္ေဆြထားၿပီး တရုန္းရုန္းလုပ္မေနခ်င္ေပ။
"ဟို... နန္းနဲ ့သူငယ္ခ်င္းမလုပ္ခ်င္လို႔လားဟင္ "
ရွက္႐ြံ သြားတဲ့ ပံုစံေၾကာင့္ ေသာ္အားနာပါးနာျဖင့္ ေခါင္းရမ္းျပရ၏။
"မဟုတ္ပါဘူး .. ကြၽန္ေတာ္ အိမ္မွာအေရးတႀကီး လုပ္စရာရွိတာေတြးမိသြားလို ႔ပါဗ်။ "
"ေၾသာ္ ေတာ္ေသးတာေပါ့ ဒါဆို နန္းနဲ ႔သူငယ္ခ်င္းျဖစ္လို႔ရမလား ယေသာ္ "
"ဟုတ္ကဲ့ ဒါဆို မနက္ဖန္မွ ေတြ ႕တာေပါ့
နန္းျမတ္ ...ကြၽန္ေတာ္အိမ္ကိုျပန္ဖို ႔အလ်င္လိုေနလို႔ပါ"
ေက်ာင္းေရွ ႔ မွာ ေတာ္ေတာ္မ်ားမ်ား ျပန္ကုန္ၾကၿပီမို ႔ ေသာ္ျပန္ခ်င္ေနတာဖင္တႂကြႂကြ ။ ဒီေန ႔ကိုကို ဆိုင္စဖြင့္ရက္ကေလးမို ႔ေရာင္းေကာင္းမေကာင္းသိခ်င္လွၿပီ။
ထို႔ၾကာင့္ တဖက္မိန္းကေလးကိုအားနာေသာ္လည္း ၿပံဳးျပရင္း အသိေပး လိုက္သည္။
" အင္း ဒါဆို နန္းလည္းျပန္ေတာ့မယ္ေလ မနက္ဖန္မွေတြ ႕ၾကမယ္ ယေသာ္ "
ေသာ္ လက္ျပကာ ဆိုင္ကယ္ေပၚတက္လိုက္၏။ တကယ္ေတာ့ သူငယ္ခ်င္းရခ်င္လွၿပီဟုလည္းစိတ္ထဲမွာမရွိလွပါ။
တကၠသိုလ္ ေက်ာင္းသားရယ္လို ႔ျဖစ္လာမွ ေပ်ာ္ေပ်ာ္ေနတက္ဖို ႔ကိုကို က အၿမဲေျပာတက္ေပမဲ့ ေသာ့္စိတ္ထဲမွာေတာ့ တစ္နွစ္တစ္တန္း မွန္မွန္ေအာင္ ဖို႔ရာသာအေရးႀကီးသည္။ စားေမးပြဲက်သည္ ဆိုၿပီး ကိုကိုေရွ ႔မွာ ေသာ္မေျပာခ်င္ေပ။ ထို႔ေၾကာင့္
ေဆးေက်ာင္း စတက္တဲ့ေနကတည္းက
အေပ်ာ္အပါးဆိုတာ ေသာ္နဲ ့မဆိုင္ဘူးဟု ယူဆ ထားေလ၏။
ေက်ာင္းနဲ ့ေသာ္တို ႔အိမ္ကေလးသည္ သိပ္မေဝးလွပါ။ ၁၅မိနစ္ေလာက္သာ ဆိုင္ကယ္စီးရတာမို ႔ ခဏအတြင္း အိမ္ျပန္ေရာက္တက္၏။ ၿပီးေတာ့ ေသာ္ဟာ ေျခမ်ားတက္သူမဟုတ္၍ ေက်ာင္းဆင္းအိမ္ျပန္ခ်ိန္မ်ားတြင္ အိမ္ကိုသာ တန္းတန္းမတ္မတ္ျပန္တက္တဲ့ လိမ္မာေသာ ကိုကိုရဲ႕ညီကေလးျဖစ္၏။
ဆိုင္ကယ္ကို ခါတိုင္းလို ၿခံထဲထိမသြင္းပဲ ဆိုင္ေရွ ႔ထိ ေမာင္းဝင္၏။
ကိုကိုတစ္ေယာက္ ေရာင္းမ်ားေရာင္းရသလားဆိုတာေတြးေနမိၿပီး တေန ႔လံုး စာသင္ေနရေပမဲ့ စိတ္ကမေျဖာင့္။ အထဲကို အျပင္ကေနလွမ္းၾကည့္ရင္ျမင္ေနရတဲ့ မွန္ေတြ ေၾကာင့္ စားပြဲဝိုင္းတခ်ိဳ ႕စားသံုးသူတခ်ိဳ ႕ရွိေနတာကိုေတြ ႕ရ၏။
ဟီး ဒါဆို ကိုကို ဒီေန ႔ေရာင္းရတယ္ေပါ့ေလ ..
ေသာ္ ေက်ာပိုးအိတ္ကေလးကို ေသခ်ာလြယ္ကာ ဆိုင္ကယ္ဇာတ္ေသာ့ခတ္ၿပီးဆင္းလိုက္စဥ္မွာ ဆိုင္အတြင္းကေန
သံေခ်ာင္းနဲ ့တင္ေမာင္ညႊန္႔တို႔နွစ္ေယာက္သားအထုပ္ေတြနဲ ့ထြက္လာ၏။
"အဲ့ဒါဘယ္သြားၾကမလိုလဲ "
"Deli သြားပို ႔မလို ႔ေလ "
" မိုက္လွခ်ည္လား ဒါဆိုဒီေန ႔ကိုကိုေရာင္းရတယ္ေပါ့ "
"ကိုယ့္ဘာသာ သြားေမးၾကည့္ ..မင္းကိုေျဖဖို ႔မအားဘူး အေအးေတြမပူခင္သြက္သြက္သြားရမယ္ "
ဆိုင္ကယ္ေပၚတက္သြားတဲ့နွစ္ေယာက္
ကို မ်က္ေစာင္းထိုးကာေသာ္ ဆိုင္ထဲဝင္လာလိုက္သည္။
မွန္တံခါးကိုတြင္းဖြင့္တဲ့အထိ ကိုကိုက
သူျပန္လာတယ္ဆိုတာ သိေသးပံု မေပၚ။
ေက်ာေပးကာ အသီးေဖ်ာ္ေနတာကိုေတြ ႕ရၿပီး တိုးသိန္းနဲ ့ လြင္ဦး က စားပြဲထိုးလုပ္ေန၏။ အထဲမွာ ေတာ္ေတာ္္မ်ားမ်ားက မိန္းကေလးေတြျဖစ္ၿပီး ေယာက်ာ္းေလး အနည္းစုသာေတြ႕ရသည္။
ဧည့္သည္ မွတ္လို ႔ ဝမ္းသာအားရလွမ္း ၾကည့္လာတဲ့ လြင္ဦးက သူ႔လည္းျမင္ရင္ေရာ အေရးမလုပ္ေတာ့ပဲ စားၿပီးသားစားပြဲဝိုင္းကို သန္ ႔ရွင္းေရးလုပ္ေန၏။
အေရးမစိုက္ခ်င္ေနေပါ့ ။ ေသာ္ကလည္း
သူတို ႔ကို စကားမေျပာခ်င္ေပါင္။
ၿပံဳးစိစိနဲ ့ ကိုကိုရွိရာ အတြင္းဖက္ ကို ေသာ္ အသံမၾကားေအာင္တိုးကပ္သြားလိုက္၏။ ၿပီးေနာက္ ေက်ာေပးကာ အသီးေဖ်ာ္ေနေသာ ကိုကို႔ ေက်ာကုန္း ကို
နဖူးနဲ ့တြန္းကာ ေနာက္ကေနမွီလိုက္၏။
လုပ္ရွားမူ ႔အနည္းငယ္သည္ ရပ္တန္ ႔သြားသလို ထင္ရေပမဲ့ ခ်က္ျခင္းလိုလို လုပ္စရာရွိတာကိုဆက္လုပ္ကာ
" ျပန္လာၿပီလားေသာ္ ..ပင္ပန္းေနရင္ ငါ
အေအးေဖ်ာ္ေပးမယ္ ဘာေသာက္ခ်င္လဲ "
" အေအးမေသာက္ခ်င္ဘူး ကီဝီသီး ကိုသုပ္ေပး ခ်ဥ္စပ္ကေလး "
"အြန္း ခဏဖယ္ေပးအံုး ကုိကုိ ဒါေလး အၿပီးသတ္လုပ္ေပးလိုက္အံုးမယ္ "
ေသာ္ ဖယ္ေပးၿပီး လြတ္လြတ္လပ္လပ္လုပ္ကိုင္လို ႔ရေအာင္ မလွမ္းမကမ္းမွာ သြားရပ္ေပးလိုက္သည္။ စကားေျပာရင္
တံေတြး စင္မွာစိုးရိမ္ေတာ့ mask ကို ေသခ်ာတပ္လိုက္တာကိုလည္းေတြ ႕ရ၏
ပံုညာဦးခ်ီ က တကယ္စည္းကမ္းရွိတာပဲ။
"ေရာင္းရလား "
"အင္း မဆိုးပါဘူး။ စဖြင့္ဖြင့္ခ်င္းဆိုေတာ့
ဒီေလာက္ပဲ ေရာင္းရမွာေပါ့။ မနက္ဆိုင္စဖြင့္ခါစကဆိုရင္ ၁၂ေက်ာ္တဲ့ထိ ငါေစ်းဦးမေပါက္ဘူး။ အဲ့ဒါနဲ ့ အနီးအနား
အေဆာင္ေတြကိုလိုက္ၿပီး လြင္ဦးတို ႔တေတြကို ဆိုင္ဖြင့္ပြဲမိတ္ဆက္အေနနဲ ့လိုက္ေဝခိုင္းလိုက္တယ္ "
"အင္း အဲ့ဒါနဲ ့ ေရာင္းရေရာလား "
ေသာ္ေရခဲေသတၱာကိုမွီၿပီး လက္ပိုက္လ်က္ စကားေထာက္ေပးလိုက္၏။
" အဲ့ဒါလည္းပါသလို ဦးခ်ိန္း ရုိက္ကြင္းကိုလည္း သြားပို ႔လိုက္ေသးတယ္ေလ ..
ၿပီးေတာ့ အဲ့မွာ မင္းသမီး ၾကယ္စင္သြယ္လည္းရွိတယ္ "
"ဟင္ ! ၾကယ္စင္သြယ္ "
ဦးခ်ီ ေဖ်ာ္ၿပီးသား စေတာ္ဘယ္ရီနွစ္ခြက္ကိုဗန္းေပၚတင္ေပးကာ တိုးသိန္းကို လက္ဟန္ေျခဟန္ျဖင့္ ခ်ေပးဖို႔ေျပာလိုက္၏။ ၿပီးမွ ေသာ့္ဖက္လွည့္လာကာၿပံဳးလ်က္ ဖုန္းကိုထုတ္ျပ ေပး သည္။
" အင္း ေသာ္ႀကိဳက္တဲ့မင္းသမီး ။
အဲ့မွာ ၾကည့္လိုက္ ကိုကို မွာ ဆိုင္Pageေလးရွိသြားၿပီ ။ အကုန္ဦးခ်ိန္း ေဖာက္ေပးၿပီး ေသခ်ာ ေၾကာ္ျငာေပးထားရုံမကဘူး
မၾကယ္စင္သြယ္ကလည္း အရမ္းႀကိဳက္တယ္ဆိုတာ အခ်ိန္ေပးၿပီး review ေပးေပးထားတယ္ "
"ဟာ follower 6000ေက်ာ္ ..ဒါ ေန႔ခင္းကမွ ေဖာက္လိုက္တာမဟုတ္ဘူးလား "
အံၾသတႀကီးျဖစ္ေနတဲ့ ေသာ့္ေခါင္းေလးကို ခ်စ္စနိုးပုတ္ကာ ဦးခ် ီၿပံဳးလိုက္၏။
ဒီေကာင္ေလးက သိပ္ကိုအ တာပဲ
ဦးခ်ိန္းက ဘယ္သူလဲ၊ၾကယ္စင္သြယ္ကေရာ ဘယ္သူလဲ ။ ဒီေလာက္follower ေလာက္က နည္းေတာင္နည္းေသးတယ္။
အင္း ...မနက္ဖန္ေလာက္ဆို ပိုတိုးလာနိုင္ေကာင္းပါရဲ႕ေလ။
ring ..ring
ဖုန္းလာေနတာေၾကာင့္ ေသာ္
သူ႔လက္ထဲက ဖုန္းေလးကို ျပန္ေပးလိုက္သည္။ ဦးခ်ီ က ေသာ့္လက္ထဲဖုန္းကို
ျပန္ယူၿပီး သြားထိုင္ေနဟု တိုးတိုးေျပာၿပီးမွ ဖုန္းကိုင္လိုက္၏။
"Hello ! ေသာ့္အတြက္ပိုက္ဆံရွာမယ္ အခ်ဥ္ေပါင္းဆိုင္ကပါဗ်ာ "
"...."
"ေၾသာ္ဟုတ္ကဲ့ သရက္သီး သီးသန္ ႔
တစ္ဘူး နဲ ့ သီးစံုသုပ္ တစ္ပြဲ အစပ္မ်ားမယ္။ ဟုတ္ကဲ့ အေအးလည္းရပါတယ္ဗ်ာ
တစ္ခြက္ကို ၁၅၀၀ပါဗ်ာ ...ေၾသာ္ ဟုတ္
ေထာပတ္သီး တစ္ခြက္နဲ ့ ငွက္ေပ်ာသီးေဖ်ာ္ရည္တစ္ခြက္ ဟုတ္ကဲ့ ငွက္ေပ်ာသီးေဖ်ာ္ရည္က တစ္ခြက္မွ တစ္ေထာင္ပါဗ် "
ဖုန္းကိုနားၾကားညႇပ္ၿပီး စာ႐ြက္ေပၚေရးမွတ္ေနတဲ့ ကိုကို ႔ကိုၾကည့္ရင္း
ယေသာ္ သေဘာက်ေန၏။
ၾကည့္ရတာအေျခေနရေကာင္းပံုပင္။
" ကိုကို သံေခ်ာင္းတို႔ကDeliပို႔ေနၾကတာလား"
"ဟုတ္တယ္ေသာ္ .. သူတို ႔ကို အလုပ္ေပးထားတာ အနည္းဆံုး ဖုန္းေဘနဲ ့မုန္ ႔ဖိုးေတာ့ အိမ္ေတာင္းစရာမလို ေတာ့ဘူးေလ"
ဖုန္းကို အိတ္ေထာင္ထဲျပန္ထည့္ရင္ ဦးခ်ီေျပာလိုက္၏။
တကယ္လည္း ေဝးရင္ ၁၅၀၀ ၊ နီးရင္ ၁၀၀၀ က သူတို ႔အတြက္ ဆီဖိုးဘာဖိုးနႈတ္ၿပီးက်န္တာ သံုးပါလိမ့္။ ခုေတာင္
သူတို ႔ေတာ္ေတာ္ရေနၿပီမို ႔လား..
" ပို ႔စရာက်န္ေသးလား ပံုညာ "
"အင္း ရွိေသးတယ္လြင္ဦး ဧည့္သည္ပါးရင္ ခဏ ထိုင္နားၾကအံုးေလ ငါ ျပင္လိုက္မယ္ ၊ ေသာ္ ကီဝီသီးသုပ္ေနာ္ ကိုကို မင္းကို အရင္သုပ္ေပးမယ္ စားၿပီးရင္ ေရသြားခ်ိဳး "
"အင္း ညေနစာ ဒီေန ႔ငါခ်က္လိုက္မယ္
ၾကက္ဥ ေၾကာ္ပဲေနာ္ က်န္တာငါမခ်က္တက္ဘူး "
"ok "
အကုန္လံုး လူငယ္ေတြမို ႔ ရွိတာနဲ ့
ဝေအာင္ စားၾကတာပဲ။ ဒါေတာင္
သက္ပံုက ငါးေျခာက္၊ ငါးျခမ္း အကုန္ပို႔ေပးလို ႔သိပ္ ႀကီး ခ်က္စားတာ နည္း၏။
ရွိတာနဲ တစ္ခါတေလ ျဖစ္သလို စားၾကတာမ်ိဳးလည္းရွိသည္။
ကိုကို ႔လက္ရာ ကီဝီသီးသုပ္ကေလးက
ေသာ့္အႀကိဳက္ပဲ ။ ဗိုက္ေအာင့္တက္သူမို ႔
အစပ္အနည္းငယ္ေလ်ာ့ေပးထားတာကို သိေပမဲ့ ေစာ့ဒက မတက္ျဖစ္။
ေနာက္ထပ္ သေဘာက်စရာ က
ဟိုေတာသား ငါးေယာက္ပင္။
ဖင္ေပါ့တယ္၊ ေစတနာပါတယ္ ၊
ကိုကိုက တကယ္ပင္ သူငယ္ခ်င္းေကာင္းေတြရထားတာျဖစ္၏။
ယေသာ္ စားေနရင္း ဂရုစိုက္ၿပီး ၾကည့္ရသေလာက္ ကိုကိုဆိုင္က လာစားတဲ့ သူထပ္ ပါဆယ္လာဝယ္ၾကတာ မ်ား၏။
ဆိုင္ထိုင္တဲ့ သူအမ်ားစုက Air con ေအးေအး နဲ ့အျပင္ဆင္ဆန္းသစ္တာကို သေဘာက်ရုံမကဘူး ေစ်းခ်ိဳ တာကိုလည္း
ေက်နပ္သြားၾကပံု ။
သီးစံု သစ္သီးပြဲႀကီး တစ္ပြဲကို ၁၅၀၀
သီးစံု သစ္သီး သုပ္ တပြဲကို ၁၅၀၀ေရာင္းခ်ၿပီး က်န္တဲ့ သရက္ ၊ ေဂြးသီး နွင့္
တျခား အသီး တစ္မ်ိဳးစီသုပ္ေပးတာကို
၁၀၀၀ပဲယူေလ၏။
ဒါတင္မကေသး စေတာ္ဘယ္ရီ ၊ေထာပတ္နွင့္ ကီဝီသီး စတဲ့ ေစ်းႀကီးတဲ့ အသီးတခ်ိဳ ႕ကိုသာ ေဖ်ာ္ရည္တခြက္ ၁၅၀၀ ေရာင္းခ်ၿပီး က်န္ ငွက္ေပ်ာ္၊စပ်စ္ သေဘၤာ စတဲ့
သစ္သီးေဖ်ာ္ရည္မ်ားကို တစ္ခြက္ ၁၀၀၀သာေရာင္းခ်၏။
ထို ႔ေၾကာင့္ ပထမဆံုးေန႔နဲ ့တင္ ကိုကို႔ဆိုင္ေလးက မိန္းထဲအေဆာင္ေတာ္ေတာ္မ်ားသိသြားခဲ့၏။
ထိုအခ်ိန္မွာပဲ ဆိုင္ထဲ ေကာင္မေလးေတြေလးငါးေယာက္ ထပ္ဝင္လာကာ ခံုမွာမထိုင္ပဲ ကိုကို ႔အခ်ဥ္ဗန္းေတြေရွ ႔လာရပ္ကာ ဘာစားရမလဲ ေ႐ြးခ်ယ္ေနၾက၏။
ယေသာ္ စားလက္စ ကီဝီသီးသုပ္ကိုေဘးခ်ကာ ကိုကိုေဘးနားသြားရပ္ၿပီးလ်ွင္
" ဘာစားၾကမွာလဲ ဗ် " ဟုအလ်ွင္အျမန္ ေမးလိုက္၏။
တကယ္က တေနကုန္ေသာ္ဘာမွ မလုပ္ေပးရေသးတာမို ႔ကူညီခ်င္တဲ့ သေဘာနဲ ့ ဝင္ေမးျခင္းသာ
ေသာ္ လာရပ္လိုက္တာနဲ႔ တခ်ိဳ႕ေကာင္မေလးေတြက သိသိသာသာ
သူတို႔နွစ္ေယာက္ကို ၾကည့္ၾကတာမို ႔
ေသာ့္နား႐ြက္ဖ်ားေတြနီရဲလာသည္ထိ
ရွက္ရပါသည္။ သို ႔ေပမဲ့ ဒါဟာစီးပြားေရး
မို ႔ေသာ္တြန္ ႔ဆုတ္တြန္႔ဆုတ္လုပ္မေနခ်င္ပါ မဟုတ္ေတာင္ ကိုကိုလည္းတေနကုန္
အနည္းနဲ႔အမ်ားေတာ့ရွက္ေပလိမ့္မည္။
" ေသာ္ သြားနားေလ ကိုကို ေရာင္းလိုက္မယ္ "
"အား ကိုကိုတဲ့ အူယားစရာေလးေတြ "
"ခ်စ္စရာေလးဟယ္ ငါဒါမ်ိဳးသာေန႔တိုင္းျမင္ေနရရင္ အခ်ဥ္ေပါင္းစားၿပီး အီးပန္းခ်င္ပန္းပါေစေတာ့ "
တီးတိုးတိုးအသံေတြက နားထဲေဝ့ခနဲ ။
အေအးအမွာအတြက္ ဘူးေတြနဲ ့ေသခ်ာထုပ္ပိုးေနတဲ့ ဦးခ်ီသည္ ထိုစကားေၾကာင့္
ေသာ့္ထံလွမ္းၾကည့္လိုက္သည္ ။
သူကိုယ္တိုင္လည္း ရွက္သလိုလိုႀကီးျဖစ္သြားတာမို ႔ ဘာဆက္လုပ္ရမွန္းမသိေတာ့ ...
" အဟမ္း! ေသာ္သြားေတာ့ ငါဆက္ေရာင္းထားလိုက္မယ္ "
စီခနဲ ထပ္ထြက္လာတဲ့ အသံေတြေၾကာင့္ ေသာ္ ရွက္ရွက္နဲ ့ ကိုကို ႔ ကိုေတာင္အားမနာနိုင္ေတာ့ပဲ ေက်ာပိုးအိတ္ေကာက္လြယ္ကာ ဆိုင္ေနာက္ဖက္ေပါက္ကေန အျမန္ ေျပးထြက္လာခဲ့လိုက္သည္။
ပထမဆံုး ကိုကိုနဲ ့တြဲစခံလိုက္ရတာမို ႔
ထူထူပူပူႀကီး ျဖစ္ေနသြားတာေတာ့အမွန္ပင္။ ကိုကိုတစ္ေယာက္ေရာ အဆင္ေျပရဲ႕လား မသိေပမဲ့ ထပ္ၿပီး ဆိုင္ဖက္ကိုေသာ္မသြားျဖစ္ေတာ့ေပ...
ခ်စ္တဲ့အိမ္စည္။
"ဟိတ် ! ပြန်တော့မလို့ လား "
ဆိုင်ကယ် ပေါ်တက်အံ့ဆဲဆဲ
နောက် ပါးက နှုတ်ဆက်သံကြောင့်သော် ဇဝေဇဝါလှည့်ကြည့်မိ၏။ ကျောလယ်လောက်ရှိတဲ့ ဆံပင်ထူထူကို နောက်စိနားလောက်မှာ အဖြူ ရောင်ဖဲပြား အကြီးကြီးနဲ့ လှအောင် စီးထားတဲ့ကောင်မလေးသည်
သော်တို့ အတန်းထဲက ဆိုတာ အတော်လေးလှတာမို့ သတိထားမိ၏။
ပြုံးလျက် နှုတ်ဆက်လာတာမို့ မိမိကိုယ်ကိုလက်ညိုးပြန်ထိုးပြကာ
" ကျွန်တော့်ကိုမေးတာလားဗျ "
ဟုပြန်မေးမိသည်။
"ဟုတ်တယ် ယသော်လင်းမာန် လို့
ခေါ်တယ်ထင်တယ် ဆရာမ ပြောတာ
မနက်က ကြားလိုက်ရတယ် "
သော် ကြောင်တောင်တောင်နှင့်ခေါင်းညိမ့်ပြမိသည်။ ကျောင်းတက်ရက် သိပ်မကြာသေးတာမို့ မျက်မှန်းတန်းမိကြရုံသာရှိပြီး ခင်ခင်မင်မင်သူငယ်ချင်းဆိုပြီးသော့်မှာမရှိသေး။
" နန်း နာမည်က နန်းမြတ်ဟေသာပါ ။
ယသော်လို့ ခေါ်မယ်နော် ၊ နန်း က
မန္တလေးသူမဟုတ်ဘူး တောင်ကြီးသူလေ
ဒီမှာ ကျောင်းတက်ရတော့ အပေါင်းအသင်း သူငယ်ချင်းမရှိပဲကြောင်တောင်တောင်ဖြစ်နေတယ် အတန်းထဲမှာ ယသော်ကလည်း ခုထိ စကားပြောတဲ့ သူမရှိသေးတာတွေ့ ရလို့ နန်းနဲ့ သူငယ်ချင်းများဖြစ်ချင်မလားလို့ "
တက်ကြွစွာသော့်ကို ကြည့်လျက် ပြောလာတာမို့ မနေတက်လာတာမို့ ဂုတ်ပိုးကို ပွတ်ပြီး ဘာဆက်ပြောရမှန်းမသိဖြစ်သွား၏။ တကယ်ဆို သော့်မှာ ကိုကိုကလွဲပြီး ငယ်စဉ်ကတည်းက အပေါင်းအသင်းသိပ်မရှိခဲ့ပေ။ စာမှ စာ အမြဲ စာအုပ်နဲ့
မျက်နှာကို ကော်ကပ်သလို ကပ်ခဲ့ရတဲ့ သော်လိုလူအတွက် သူစိမ်းတွေကို ပေါင်းသင်းဆက်ဆံဖို့ ခက်ခဲလှပါသည်။
ပိုဆိုးသည်က သော်တက်နေတဲ့ တက္ကသိုလ်က အခက်ခဲဆုံး ဆေးကျောင်းမို့
အပျော်ရှာဖို့ သော့်မှာ အချိန်ပိုမရှိရဟု ကျောင်းစတက်ကတည်းက ဆုံးဖြတ်ထား၏။
တကယ်လည်း သော်ကိုယ်တိုင် ကိုကိုအရိပ်မှာနေနေရသူမို့ အပေါင်းအသင်းမိတ်ဆွေထားပြီး တရုန်းရုန်းလုပ်မနေချင်ပေ။
"ဟို... နန်းနဲ့ သူငယ်ချင်းမလုပ်ချင်လို့လားဟင် "
ရှက်ရွံ သွားတဲ့ ပုံစံကြောင့် သော်အားနာပါးနာဖြင့် ခေါင်းရမ်းပြရ၏။
"မဟုတ်ပါဘူး .. ကျွန်တော် အိမ်မှာအရေးတကြီး လုပ်စရာရှိတာတွေးမိသွားလို့ ပါဗျ။ "
"သြော် တော်သေးတာပေါ့ ဒါဆို နန်းနဲ့ သူငယ်ချင်းဖြစ်လို့ရမလား ယသော် "
"ဟုတ်ကဲ့ ဒါဆို မနက်ဖန်မှ တွေ့ တာပေါ့
နန်းမြတ် ...ကျွန်တော်အိမ်ကိုပြန်ဖို့ အလျင်လိုနေလို့ပါ"
ကျောင်းရှေ့ မှာ တော်တော်များများ ပြန်ကုန်ကြပြီမို့ သော်ပြန်ချင်နေတာဖင်တကြွကြွ ။ ဒီနေ့ ကိုကို ဆိုင်စဖွင့်ရက်ကလေးမို့ ရောင်းကောင်းမကောင်းသိချင်လှပြီ။
ထို့ကြာင့် တဖက်မိန်းကလေးကိုအားနာသော်လည်း ပြုံးပြရင်း အသိပေး လိုက်သည်။
" အင်း ဒါဆို နန်းလည်းပြန်တော့မယ်လေ မနက်ဖန်မှတွေ့ ကြမယ် ယသော် "
သော် လက်ပြကာ ဆိုင်ကယ်ပေါ်တက်လိုက်၏။ တကယ်တော့ သူငယ်ချင်းရချင်လှပြီဟုလည်းစိတ်ထဲမှာမရှိလှပါ။
တက္ကသိုလ် ကျောင်းသားရယ်လို့ ဖြစ်လာမှ ပျော်ပျော်နေတက်ဖို့ ကိုကို က အမြဲပြောတက်ပေမဲ့ သော့်စိတ်ထဲမှာတော့ တစ်နှစ်တစ်တန်း မှန်မှန်အောင် ဖို့ရာသာအရေးကြီးသည်။ စားမေးပွဲကျသည် ဆိုပြီး ကိုကိုရှေ့ မှာ သော်မပြောချင်ပေ။ ထို့ကြောင့်
ဆေးကျောင်း စတက်တဲ့နေကတည်းက
အပျော်အပါးဆိုတာ သော်နဲ့ မဆိုင်ဘူးဟု ယူဆ ထားလေ၏။
ကျောင်းနဲ့ သော်တို့ အိမ်ကလေးသည် သိပ်မဝေးလှပါ။ ၁၅မိနစ်လောက်သာ ဆိုင်ကယ်စီးရတာမို့ ခဏအတွင်း အိမ်ပြန်ရောက်တက်၏။ ပြီးတော့ သော်ဟာ ခြေများတက်သူမဟုတ်၍ ကျောင်းဆင်းအိမ်ပြန်ချိန်များတွင် အိမ်ကိုသာ တန်းတန်းမတ်မတ်ပြန်တက်တဲ့ လိမ်မာသော ကိုကိုရဲ့ညီကလေးဖြစ်၏။
ဆိုင်ကယ်ကို ခါတိုင်းလို ခြံထဲထိမသွင်းပဲ ဆိုင်ရှေ့ ထိ မောင်းဝင်၏။
ကိုကိုတစ်ယောက် ရောင်းများရောင်းရသလားဆိုတာတွေးနေမိပြီး တနေ့ လုံး စာသင်နေရပေမဲ့ စိတ်ကမဖြောင့်။ အထဲကို အပြင်ကနေလှမ်းကြည့်ရင်မြင်နေရတဲ့ မှန်တွေ ကြောင့် စားပွဲဝိုင်းတချို့ စားသုံးသူတချို့ ရှိနေတာကိုတွေ့ ရ၏။
ဟီး ဒါဆို ကိုကို ဒီနေ့ ရောင်းရတယ်ပေါ့လေ ..
သော် ကျောပိုးအိတ်ကလေးကို သေချာလွယ်ကာ ဆိုင်ကယ်ဇာတ်သော့ခတ်ပြီးဆင်းလိုက်စဉ်မှာ ဆိုင်အတွင်းကနေ
သံချောင်းနဲ့ တင်မောင်ညွှန့်တို့နှစ်ယောက်သားအထုပ်တွေနဲ့ ထွက်လာ၏။
"အဲ့ဒါဘယ်သွားကြမလိုလဲ "
"Deli သွားပို့ မလို့ လေ "
" မိုက်လှချည်လား ဒါဆိုဒီနေ့ ကိုကိုရောင်းရတယ်ပေါ့ "
"ကိုယ့်ဘာသာ သွားမေးကြည့် ..မင်းကိုဖြေဖို့ မအားဘူး အအေးတွေမပူခင်သွက်သွက်သွားရမယ် "
ဆိုင်ကယ်ပေါ်တက်သွားတဲ့နှစ်ယောက်
ကို မျက်စောင်းထိုးကာသော် ဆိုင်ထဲဝင်လာလိုက်သည်။
မှန်တံခါးကိုတွင်းဖွင့်တဲ့အထိ ကိုကိုက
သူပြန်လာတယ်ဆိုတာ သိသေးပုံ မပေါ်။
ကျောပေးကာ အသီးဖျော်နေတာကိုတွေ့ ရပြီး တိုးသိန်းနဲ့ လွင်ဦး က စားပွဲထိုးလုပ်နေ၏။ အထဲမှာ တော်တော်များများက မိန်းကလေးတွေဖြစ်ပြီး ယောကျာ်းလေး အနည်းစုသာတွေ့ရသည်။
ဧည့်သည် မှတ်လို့ ဝမ်းသာအားရလှမ်း ကြည့်လာတဲ့ လွင်ဦးက သူ့လည်းမြင်ရင်ရော အရေးမလုပ်တော့ပဲ စားပြီးသားစားပွဲဝိုင်းကို သန့် ရှင်းရေးလုပ်နေ၏။
အရေးမစိုက်ချင်နေပေါ့ ။ သော်ကလည်း
သူတို့ ကို စကားမပြောချင်ပေါင်။
ပြုံးစိစိနဲ့ ကိုကိုရှိရာ အတွင်းဖက် ကို သော် အသံမကြားအောင်တိုးကပ်သွားလိုက်၏။ ပြီးနောက် ကျောပေးကာ အသီးဖျော်နေသော ကိုကို့ ကျောကုန်း ကို
နဖူးနဲ့ တွန်းကာ နောက်ကနေမှီလိုက်၏။
လုပ်ရှားမူ့ အနည်းငယ်သည် ရပ်တန့် သွားသလို ထင်ရပေမဲ့ ချက်ခြင်းလိုလို လုပ်စရာရှိတာကိုဆက်လုပ်ကာ
" ပြန်လာပြီလားသော် ..ပင်ပန်းနေရင် ငါ
အအေးဖျော်ပေးမယ် ဘာသောက်ချင်လဲ "
" အအေးမသောက်ချင်ဘူး ကီဝီသီး ကိုသုပ်ပေး ချဉ်စပ်ကလေး "
"အွန်း ခဏဖယ်ပေးအုံး ကိုကို ဒါလေး အပြီးသတ်လုပ်ပေးလိုက်အုံးမယ် "
သော် ဖယ်ပေးပြီး လွတ်လွတ်လပ်လပ်လုပ်ကိုင်လို့ ရအောင် မလှမ်းမကမ်းမှာ သွားရပ်ပေးလိုက်သည်။ စကားပြောရင်
တံတွေး စင်မှာစိုးရိမ်တော့ mask ကို သေချာတပ်လိုက်တာကိုလည်းတွေ့ ရ၏
ပုံညာဦးချီ က တကယ်စည်းကမ်းရှိတာပဲ။
"ရောင်းရလား "
"အင်း မဆိုးပါဘူး။ စဖွင့်ဖွင့်ချင်းဆိုတော့
ဒီလောက်ပဲ ရောင်းရမှာပေါ့။ မနက်ဆိုင်စဖွင့်ခါစကဆိုရင် ၁၂ကျော်တဲ့ထိ ငါဈေးဦးမပေါက်ဘူး။ အဲ့ဒါနဲ့ အနီးအနား
အဆောင်တွေကိုလိုက်ပြီး လွင်ဦးတို့ တတွေကို ဆိုင်ဖွင့်ပွဲမိတ်ဆက်အနေနဲ့ လိုက်ဝေခိုင်းလိုက်တယ် "
"အင်း အဲ့ဒါနဲ့ ရောင်းရရောလား "
သော်ရေခဲသေတ္တာကိုမှီပြီး လက်ပိုက်လျက် စကားထောက်ပေးလိုက်၏။
" အဲ့ဒါလည်းပါသလို ဦးချိန်း ရိုက်ကွင်းကိုလည်း သွားပို့ လိုက်သေးတယ်လေ ..
ပြီးတော့ အဲ့မှာ မင်းသမီး ကြယ်စင်သွယ်လည်းရှိတယ် "
"ဟင် ! ကြယ်စင်သွယ် "
ဦးချီ ဖျော်ပြီးသား စတော်ဘယ်ရီနှစ်ခွက်ကိုဗန်းပေါ်တင်ပေးကာ တိုးသိန်းကို လက်ဟန်ခြေဟန်ဖြင့် ချပေးဖို့ပြောလိုက်၏။ ပြီးမှ သော့်ဖက်လှည့်လာကာပြုံးလျက် ဖုန်းကိုထုတ်ပြ ပေး သည်။
" အင်း သော်ကြိုက်တဲ့မင်းသမီး ။
အဲ့မှာ ကြည့်လိုက် ကိုကို မှာ ဆိုင်Pageလေးရှိသွားပြီ ။ အကုန်ဦးချိန်း ဖောက်ပေးပြီး သေချာ ကြော်ငြာပေးထားရုံမကဘူး
မကြယ်စင်သွယ်ကလည်း အရမ်းကြိုက်တယ်ဆိုတာ အချိန်ပေးပြီး review ပေးပေးထားတယ် "
"ဟာ follower 6000ကျော် ..ဒါ နေ့ခင်းကမှ ဖောက်လိုက်တာမဟုတ်ဘူးလား "
အံသြတကြီးဖြစ်နေတဲ့ သော့်ခေါင်းလေးကို ချစ်စနိုးပုတ်ကာ ဦးချီပြုံးလိုက်၏။
ဒီကောင်လေးက သိပ်ကိုအ တာပဲ
ဦးချိန်းက ဘယ်သူလဲ၊ကြယ်စင်သွယ်ကရော ဘယ်သူလဲ ။ ဒီလောက်follower လောက်က နည်းတောင်နည်းသေးတယ်။
အင်း ...မနက်ဖန်လောက်ဆို ပိုတိုးလာနိုင်ကောင်းပါရဲ့လေ။
ring ..ring
ဖုန်းလာနေတာကြောင့် သော်
သူ့လက်ထဲက ဖုန်းလေးကို ပြန်ပေးလိုက်သည်။ ဦးချီ က သော့်လက်ထဲဖုန်းကို
ပြန်ယူပြီး သွားထိုင်နေဟု တိုးတိုးပြောပြီးမှ ဖုန်းကိုင်လိုက်၏။
"Hello ! သော့်အတွက်ပိုက်ဆံရှာမယ် အချဉ်ပေါင်းဆိုင်ကပါဗျာ "
"...."
"သြော်ဟုတ်ကဲ့ သရက်သီး သီးသန့်
တစ်ဘူး နဲ့ သီးစုံသုပ် တစ်ပွဲ အစပ်များမယ်။ ဟုတ်ကဲ့ အအေးလည်းရပါတယ်ဗျာ
တစ်ခွက်ကို ၁၅၀၀ပါဗျာ ...သြော် ဟုတ်
ထောပတ်သီး တစ်ခွက်နဲ့ ငှက်ပျောသီးဖျော်ရည်တစ်ခွက် ဟုတ်ကဲ့ ငှက်ပျောသီးဖျော်ရည်က တစ်ခွက်မှ တစ်ထောင်ပါဗျ "
ဖုန်းကိုနားကြားညှပ်ပြီး စာရွက်ပေါ်ရေးမှတ်နေတဲ့ ကိုကို့ ကိုကြည့်ရင်း
ယသော် သဘောကျနေ၏။
ကြည့်ရတာအခြေနေရကောင်းပုံပင်။
" ကိုကို သံချောင်းတို့ကDeliပို့နေကြတာလား"
"ဟုတ်တယ်သော် .. သူတို့ ကို အလုပ်ပေးထားတာ အနည်းဆုံး ဖုန်းဘေနဲ့ မုန့် ဖိုးတော့ အိမ်တောင်းစရာမလို တော့ဘူးလေ"
ဖုန်းကို အိတ်ထောင်ထဲပြန်ထည့်ရင် ဦးချီပြောလိုက်၏။
တကယ်လည်း ဝေးရင် ၁၅၀၀ ၊ နီးရင် ၁၀၀၀ က သူတို့ အတွက် ဆီဖိုးဘာဖိုးနှုတ်ပြီးကျန်တာ သုံးပါလိမ့်။ ခုတောင်
သူတို့ တော်တော်ရနေပြီမို့ လား..
" ပို့ စရာကျန်သေးလား ပုံညာ "
"အင်း ရှိသေးတယ်လွင်ဦး ဧည့်သည်ပါးရင် ခဏ ထိုင်နားကြအုံးလေ ငါ ပြင်လိုက်မယ် ၊ သော် ကီဝီသီးသုပ်နော် ကိုကို မင်းကို အရင်သုပ်ပေးမယ် စားပြီးရင် ရေသွားချိုး "
"အင်း ညနေစာ ဒီနေ့ ငါချက်လိုက်မယ်
ကြက်ဥ ကြော်ပဲနော် ကျန်တာငါမချက်တက်ဘူး "
"ok "
အကုန်လုံး လူငယ်တွေမို့ ရှိတာနဲ့
ဝအောင် စားကြတာပဲ။ ဒါတောင်
သက်ပုံက ငါးခြောက်၊ ငါးခြမ်း အကုန်ပို့ပေးလို့ သိပ် ကြီး ချက်စားတာ နည်း၏။
ရှိတာနဲ တစ်ခါတလေ ဖြစ်သလို စားကြတာမျိုးလည်းရှိသည်။
ကိုကို့ လက်ရာ ကီဝီသီးသုပ်ကလေးက
သော့်အကြိုက်ပဲ ။ ဗိုက်အောင့်တက်သူမို့
အစပ်အနည်းငယ်လျော့ပေးထားတာကို သိပေမဲ့ စော့ဒက မတက်ဖြစ်။
နောက်ထပ် သဘောကျစရာ က
ဟိုတောသား ငါးယောက်ပင်။
ဖင်ပေါ့တယ်၊ စေတနာပါတယ် ၊
ကိုကိုက တကယ်ပင် သူငယ်ချင်းကောင်းတွေရထားတာဖြစ်၏။
ယသော် စားနေရင်း ဂရုစိုက်ပြီး ကြည့်ရသလောက် ကိုကိုဆိုင်က လာစားတဲ့ သူထပ် ပါဆယ်လာဝယ်ကြတာ များ၏။
ဆိုင်ထိုင်တဲ့ သူအများစုက Air con အေးအေး နဲ့ အပြင်ဆင်ဆန်းသစ်တာကို သဘောကျရုံမကဘူး ဈေးချို တာကိုလည်း
ကျေနပ်သွားကြပုံ ။
သီးစုံ သစ်သီးပွဲကြီး တစ်ပွဲကို ၁၅၀၀
သီးစုံ သစ်သီး သုပ် တပွဲကို ၁၅၀၀ရောင်းချပြီး ကျန်တဲ့ သရက် ၊ ဂွေးသီး နှင့်
တခြား အသီး တစ်မျိုးစီသုပ်ပေးတာကို
၁၀၀၀ပဲယူလေ၏။
ဒါတင်မကသေး စတော်ဘယ်ရီ ၊ထောပတ်နှင့် ကီဝီသီး စတဲ့ ဈေးကြီးတဲ့ အသီးတချို့ ကိုသာ ဖျော်ရည်တခွက် ၁၅၀၀ ရောင်းချပြီး ကျန် ငှက်ပျော်၊စပျစ် သင်္ဘော စတဲ့
သစ်သီးဖျော်ရည်များကို တစ်ခွက် ၁၀၀၀သာရောင်းချ၏။
ထို့ ကြောင့် ပထမဆုံးနေ့နဲ့ တင် ကိုကို့ဆိုင်လေးက မိန်းထဲအဆောင်တော်တော်များသိသွားခဲ့၏။
ထိုအချိန်မှာပဲ ဆိုင်ထဲ ကောင်မလေးတွေလေးငါးယောက် ထပ်ဝင်လာကာ ခုံမှာမထိုင်ပဲ ကိုကို့ အချဉ်ဗန်းတွေရှေ့ လာရပ်ကာ ဘာစားရမလဲ ရွေးချယ်နေကြ၏။
ယသော် စားလက်စ ကီဝီသီးသုပ်ကိုဘေးချကာ ကိုကိုဘေးနားသွားရပ်ပြီးလျှင်
" ဘာစားကြမှာလဲ ဗျ " ဟုအလျှင်အမြန် မေးလိုက်၏။
တကယ်က တနေကုန်သော်ဘာမှ မလုပ်ပေးရသေးတာမို့ ကူညီချင်တဲ့ သဘောနဲ့ ဝင်မေးခြင်းသာ
သော် လာရပ်လိုက်တာနဲ့ တချို့ကောင်မလေးတွေက သိသိသာသာ
သူတို့နှစ်ယောက်ကို ကြည့်ကြတာမို့
သော့်နားရွက်ဖျားတွေနီရဲလာသည်ထိ
ရှက်ရပါသည်။ သို့ ပေမဲ့ ဒါဟာစီးပွားရေး
မို့ သော်တွန့် ဆုတ်တွန့်ဆုတ်လုပ်မနေချင်ပါ မဟုတ်တောင် ကိုကိုလည်းတနေကုန်
အနည်းနဲ့အများတော့ရှက်ပေလိမ့်မည်။
" သော် သွားနားလေ ကိုကို ရောင်းလိုက်မယ် "
"အား ကိုကိုတဲ့ အူယားစရာလေးတွေ "
"ချစ်စရာလေးဟယ် ငါဒါမျိုးသာနေ့တိုင်းမြင်နေရရင် အချဉ်ပေါင်းစားပြီး အီးပန်းချင်ပန်းပါစေတော့ "
တီးတိုးတိုးအသံတွေက နားထဲဝေ့ခနဲ ။
အအေးအမှာအတွက် ဘူးတွေနဲ့ သေချာထုပ်ပိုးနေတဲ့ ဦးချီသည် ထိုစကားကြောင့်
သော့်ထံလှမ်းကြည့်လိုက်သည် ။
သူကိုယ်တိုင်လည်း ရှက်သလိုလိုကြီးဖြစ်သွားတာမို့ ဘာဆက်လုပ်ရမှန်းမသိတော့ ...
" အဟမ်း! သော်သွားတော့ ငါဆက်ရောင်းထားလိုက်မယ် "
စီခနဲ ထပ်ထွက်လာတဲ့ အသံတွေကြောင့် သော် ရှက်ရှက်နဲ့ ကိုကို့ ကိုတောင်အားမနာနိုင်တော့ပဲ ကျောပိုးအိတ်ကောက်လွယ်ကာ ဆိုင်နောက်ဖက်ပေါက်ကနေ အမြန် ပြေးထွက်လာခဲ့လိုက်သည်။
ပထမဆုံး ကိုကိုနဲ့ တွဲစခံလိုက်ရတာမို့
ထူထူပူပူကြီး ဖြစ်နေသွားတာတော့အမှန်ပင်။ ကိုကိုတစ်ယောက်ရော အဆင်ပြေရဲ့လား မသိပေမဲ့ ထပ်ပြီး ဆိုင်ဖက်ကိုသော်မသွားဖြစ်တော့ပေ...
ချစ်တဲ့အိမ်စည်။
Bạn đang đọc truyện trên: ZingTruyen.Xyz