နှင်းဆီဝါတို့ နီစွေးစေ(နွင္းဆီဝါတို ႔နီေစြးေစ)completed
27
ေသာ္ ေဒါသက အင္မတန္ႀကီးပါသည္။
စိတ္တို ၊ စိတ္ဆိုးတိုင္း မေခၚမေျပာလုပ္ကာ အျပစ္ေပးတက္ေလ့ရွိတာမို ႔ဒီတခါလည္းထို နည္းလမ္းကို သံုးျပန္သည္။
ထမင္းစားစာပြဲတြင္ ၿငိမ္သက္စြာ
ထမင္းစားေနတဲ့ ယေသာ္လင္းမာန္သည္
ဦးခ်ီ ကို မေခၚတာ ၃နာရီေက်ာ္ခန္ ႔ရွိေနေလၿပီ။ ထံုးစံအတိုင္း မ်က္နွာခ်င္းဆိုင္ထိုင္၍ ထမင္းစားျဖစ္ၾကသည္။
ဟိုေကာင္ေတြကေတာ့ အေပၚမွာ အိပ္ေနၾကၿပီမို ႔ တိတ္ဆိတ္မူ ႔က သိသိသာသာပင္။
"ေသာ္ ၊ ကိုကို ေသာ္ေလး အဲ့လို စကားမေျပာပဲနဲ ့ေတာ့ မေနပါနဲ ့ေနာ္ ။ ေသာ္ မႀကိဳက္တာကို ေနာက္တကယ္ မလုပ္ေတာ့ဘူး။ တကယ္ေျပာတာ ငါမလိမ္ဘူး။
မင္းက ဒါမလုပ္ရဘူး ေျပာရင္ ငါက
ေနာက္ဆို လွည့္ေတာင္ မၾကည့္ေတာ့ဘူးကြာ အဲ့လိုေနမယ္ေလ စိတ္ဆိုးေျပလိုက္ပါေတာ့ "
ဦးခ်ီ မ်က္နွာငယ္ေလးနဲ ့ေသာ့္ကို ေခ်ာ့ေနမိသည္။ လက္ကလည္း ေသာ္ ႀကိဳက္တဲ့
ဗယာေၾကာ္ခ်က္ ကို ခပ္ထည့္ေပးလိုက္ေသးသည္။ တကယ္ဆို ဗယာေၾကာ္ကို
ခရမ္းခ်ဥ္သီးနဲ ့ျပန္ခ်က္တယ္ဆိုတာ
မေျပလည္တဲ့ အိမ္ေတြမွာ စားေသာက္ဖို ႔ခက္ခဲလို ႔ ရွိတာနဲ ့ေကာင္းေအာင္ခ်က္စားတဲ့နည္းပင္။ ခရမ္းခ်ဥ္သီးကို ငပိအနည္းငယ္နဲ ့ ဆီသတ္ၿပီး
ေၾကာ္ထားတဲ့ ဗယာေၾကာ္ ကိုထည့္ေရာလိုက္သည္။ ၿပီးရင္ ေရအနည္းငယ္ေလာက္ထည့္ကာ အဖုံးပိတ္ျပန္အုပ္ကာ မီးေအးေအးနဲ ့ခဏနွပ္လိုက္၏။ ေရခန္း ဆီျပန္တဲ့အခ်ိန္မွာ ကပ္ေၾကးနဲ ့ညႇပ္ထားတဲ့ ငရုတ္သီးစိမ္းရယ္ နံနံပင္ရယ္ ကို ေမႊးေအာင္ ထည့္ရ၏ ။ ဗယာေၾကာ္သည္ ျပန္ခ်က္ခံလိုက္ရတာမို ႔ အိစက္သြားပါသည္။ အရသာအကုန္လံုးသည္ အိေနတဲ့ အေၾကာ္ထဲ ဝင္သြားေလၿပီ။ ထိုနည္းျဖင့္
ေစ်းခ်ိဳေသာ ဟင္းတခြက္ရတာမို ႔ ေခြၽတာေသာ အိမ္မ်ားတြင္ ဟင္းေကာင္းတစ္ခြက္အျဖစ္စားသံုးၾက၏။ ေနာက္ထပ္ ေသာ္ စားေနျက ဟင္းရွိေသးသည္။
အဲ့ဒါက ေျမပဲဆံအစိမ္းကို လံုးျခမ္းကြဲေထာင္းကာ ခရမ္းခ်ဥ္သီးနဲ ့ဒီပံုစံအတိုင္းျပန္ခ်က္တဲ့နည္းပင္။
သနားစရာေသာ္ကေလးသည္ ငယ္စဥ္က ရွိတာေလးနဲ ့စားခဲ့ရပံုပင္
ျပန္ေတြးၾကည့္ရင္း စိတ္မေကာင္း ျပန္ျဖစ္ရသည္။ ထို အေၾကာင္းေတြေၾကာင့္ ေသာ့္ကို ဦးခ်ီ အလိုလိုက္ေနရတာျဖစ္၏။
"ေသာ္ေရ .."
"မင္း အျမင္မွာ ငါက အက်င့္ပုတ္ေနတယ္မို ႔လား "
စိတ္မေကာင္းေနမွန္းသိသာေစတဲ့ မ်က္ဝန္းေလးေတြေၾကာင့္ ရင္ထဲမွာ မေကာင္းေတာ့ ။ ေခါင္းကို အႀကိမ္ႀကိမ္ရမ္းျပေနမိေပမဲ့ ေသာ့္ပံုစံက ေျပာင္းလဲမသြား။
"ဟုတ္မွာပါ ၊ မင္းတို ႔အကုန္အဲ့လိုေတြးမွာပါ။ ငါက အတၲႀကီးတယ္ေလ ၊
အရာရာ မင္းအေပၚမွာ ငါက အနိုင္က်င့္တယ္ "
ေသာ့္အသံေတြသည္ အက္ကြဲေနလ်က္
ဝမ္းနည္းမူ ႔ကို အၿပံဳးတုနဲ ့ဖုံးေနျပန္၏။
ကြၽတ္ ဘာေတြ ခံစားေနရျပန္တာလဲေသာ္ရာ
" မဟုတ္ဘူး ေသာ္ ၊ မင္း တျခားကိုမယံုရင္ေတာင္ ငါ့ကိုယံုလို ႔ရပါတယ္။ ငါက ဘာလို ႔မင္းကို အဲ့လိုထင္ရမွာလဲ။ မင္းအေတြးထဲမွာ ဘာေတြးေနသလဲ ငါမသိဘူးထင္ေနလား။ ဘာမွ မဟုတ္တာနဲ ့ တသက္လံုး ငါမင္းအေပၚ အလိုလိုက္ခဲ့သမ်ွ မသိခ်င္ေယာင္ေဆာင္ေတာ့မလို႔လားေသာ္။ "
"ငါ စာက်က္ေတာ့မယ္ "
"မသြားရဘူး။ မဟုတ္တာနဲ ့ငါ့ကို ေရွာင္ထြက္သြားဖို ႔ ခြင့္မျပဳဘူး ျပန္ထိုင္စမ္း "
ဦးခ်ီ အလိုမက်စြာ မႈန္သုန္ေနေပမဲ့
ေသာ့္ကို အမ်ားႀကီး ေလသံ မမာေအာင္
ထိန္းေျပာေနရသည္။ သူတကယ္ ေသာ့္ကို မဆူခ်ဳင္ပါ။ အခ်ိန္တိုင္းအလိုလိုက္ခံေနရတဲ့ ကေလးသည္ တျဖည္းျဖည္းနဲ ့
ပိုကဲလာ၏။
"မထိုင္ဘူး မင္းနဲ ့ ဒီကိစၥထပ္မေျပာခ်င္ေတာ့ဘူး "
ဦးခ်ီ စိတ္မရွည္စြာ စားပြဲခံုကို ပတ္ကာ ေသာ့္ကို အျပင္မထြက္ေအာင္ ဆြဲဖက္ခ်ဳပ္ထားလိုက္သည္။ မေျဖရွင္းပဲထားရင္
ေသာ္ အၾကာႀကီးစိတ္ဆင္းရဲေနလိမ့္မည္။ၿပီးရင္ စိတ္ႀကီးတဲ့ ေသာ္က ကြယ္ရာမွာ သူမသိေအာင္ ငိုေနနိုင္သည္မို ႔ ၿပီးသြားေအာင္ေခ်ာ့မွရမည္ပင္။
" ကိုကို က ေသာ့္စကားကို နားမေထာင္တာ အဲ့အခ်က္ မွားသြားတယ္။ဟုတ္တယ္ ငါဝန္ခံပါတယ္။ အပန္းမႀကီးဘူးဆိုတဲ့ စိတ္နဲ ့ ငါလုပ္ေပးလိုက္တယ္။ "
"ဘုန္း! မင္း လုပ္ေပးလိုက္ေတာ့ တားျမစ္ထားတဲ့ ငါက ဘာျဖစ္သြားၿပီလဲ။ ဝမ္းတြင္းပုတ္ေနတဲ့ ေကာင္ျဖစ္သြားၿပီကြ ၊ အဲ့ဒါ မင္းအသံုးမက်လို ႔ ၊ မင္းအလိုက္ကန္းဆိုးမသိလို ႔ငါအဲ့လို ႔ျဖစ္တာ ေသာက္သံုးမက်တဲ့ေကာင္ '
"အင္းပါ ကိုကို က အသံုးမက်တဲ့ေကာင္မွန္ပါတယ္ ေနာက္ကို အသံုးက်ေအာင္ ႀကိဳးစားမယ္ေလ ဒီတခါေတာ့ခြင့္လြတ္လိုက္ပါကြာ ေနာ္ "
ရင္ဘတ္ကို တဘုုန္းဘုန္းပစ္ရုိက္ေနတဲ့
ေသာ့္ကို စိတ္ႀကိဳက္လႊတ္ေပးထားလိုက္သည္။ မဟုတ္ရင္ အသံတိတ္စိတ္ေကာက္ေနတာထပ္စာရင္ ဒီနည္းက ေတာ္ေသးသည္။
" ခုေတာ့ ငါကလူဆိုးလံုးလံုးျဖစ္သြားပီေပါ့ဟုတ္လား "
ဦးခ်ီ မ်က္လံုးျပဴး သြား၏။ သူေလးဘာေျပာမိလို ႔လဲ။ ေသာ္က မိန္းမနဲ ့တူတယ္ေျပာလဲမႀကိဳက္ဘူး။ အျပဳအမူ ေတြတင္မကဘူး စိတ္ေကာက္တာေတာင္ အၿပီးနိုင္မစီးနိုင္ မိန္းမေတြလို ခုနွစ္ေထြအကနဲ ့ ပံုစံမ်ိဳးစံုေကာက္၏။
"မဟုတ္ပါဘူးကြာ "
"ဘာမဟုတ္ရမွာလဲ ။ မင္းက ငါ့အပိုင္။
ငါကလြဲၿပီး ဘယ္သူ႔ကိုမွ ဂရုမစိုက္ရဘူးဆိုတာ ဒါေလးေတာင္ မင္းမသိဘူးလား။
ဟင့္ မလုပ္ရဘူး ငါတကယ္မႀကိဳက္ဘူးကိုကို။ ငါ အခု ဘာမွမဟုတ္ေသးေပမဲ့
မင္းကို ဟိုးအျမင့္ဆံုးမွာပဲ ထားခ်င္တာ။
ခုခ်ိန္ ငါသည္းခံၿပီးႀကိဳးစားေနတဲ့အခ်ိန္မွာ
သူမ်ားေတြကို ေအာက္ေျခသိမ္းလုပ္ေပးတာမ်ိဳး ငါ့ေရွ ႔မွာ မလုပ္ပါနဲ ့ ငါ ..ငါတကယ္ မႀကိဳက္ဘူးရယ္"
"ဟင္! ေသာ္ အဲ့ဒါ ငါကမင္းကိုေျပာရမဲ့ စကားမဟုတ္ဘူးလား။ ဟိုးအျမင့္ႀကီးမွာ ငါက ဘာလို႔ေနရမွာလဲ မင္းပဲေနရမွာေလ"
ယေသာ္လင္းဖက္ထားရမွ ဖယ္ခြာၿပီး
မ်က္ရည္ေတြကို သုတ္လိုက္သည္။
ၿပီးေတာ့ စူပုတ္ကာ အီလည္လည္ရုပ္ျဖစ္တဲ့ ကိုကို ႔ကို ရယ္ျပလိုက္သည္။
" မင္းပဲ အျမင့္မွာေနပါ။ ငါက ဆရာဝန္ႀကီးျဖစ္လာရင္ မင္းကိုတလွည့္ ျပန္ျပဳစုေပးမယ္။ မင္းကို အေကာင္းဆံုးေတြ ျပန္ေပးမယ္။ အဲ့လိုမွ အဆင္မေျပရင္ ကိုကိုက ေသာ့္မိန္းမေလး လုပ္လိုက္ေပါ့ "
"ဟာ ယေသာ္လင္းမာန္ "
ေျပာခ်င္တာေျပာၿပီး တခစ္ခစ္ရယ္ေနတဲ့ မ်က္စိေရွ ႔က ေကာင္ေလးကို ၾကည့္ကာ
ထိပ္ထုဖို ႔ျပင္ထားတဲ့ လက္သီးစုတ္ေလးကို ဖယ္လိုက္က ဦးခ်ီ ေပြ ႕ဖက္လိုက္၏။
" ေနာက္ကို မငိုနဲ ့ေသာ္ ။ ကိုကို လည္းမင္းငိုတာကို တကယ္မႀကိဳက္ဘူး "
ထမင္းစားခန္းေလးသည္ရန္ျဖစ္သံေတြ ျပန္လည္တိတ္ဆိတ္သြားကာ ေသာ္ရယ္သံေလးေတြ က အစားထိုးဝင္ေရာက္လာ၏။
" သူတို ႔က တခုခုပဲ ေနာ္ တင္ေမာင္ညႊန္ ႔"
ေလွကားထစ္ေတြမွာ ေခ်ာင္းၾကည့္ေနတဲ့ေခါင္းငါးလံုးသည္ စိတ္ဝင္စားမူ ႔ျဖင့္
ျပည့္ေနၾကသည္။
" ေအး အဲ့တခုခုကို သြားမေဖာ္ထုတ္ေလနဲ ့
ပံုညာဦးခ်ီ က က်န္တဲ့ ကိစၥသာ သည္းခံလိမ့္မယ္။ ယေသာ္လင္းနဲ ့ဆို လံုးဝမရဘူးေနာ္ သားႀကီးတို ႔။ ဒီအိမ္မွာေနမယ္ဆိုရင္
မသိသလို ၊မၾကားသလိုသာ ေန ။ အဲ့ဒါအေကာင္းဆံုးပဲ "
"ဘာလို႔လဲ သူတို ႔တြဲေနရင္ေတာင္ ငါတို ႔က အျပစ္ေျပာမဲ့သူမဟုတ္ပါဘူးကြာ "
"အဲ့ဒါေၾကာင့္ မင္းတို ႔ကိုပိန္းတယ္ေျပာတာ ။ သူတို ႔ နွစ္ေယာက္ၾကားက သံေယာဇဥ္က အရမ္းျဖဴ ေနလြန္းလို ႔ အေရာင္ဆိုးရခက္ေနတာ။ ငါထင္တာမလြဲဘူးဆိုရင္ သူတို ႔နွစ္ေယာက္ ဒီပံုစံမ်ိဳးနဲ ့အၾကာႀကီး ရွိေနအုန္းမယ္ "
သံေခ်ာင္းက ဆရာႀကီးေလသံျဖင့္ေျပာ၏။
"ငါ့တို ႔ဝိုင္းေလွာ္ေပးရင္ေရာ "
"မျဖစ္နိုင္ဘူး။ ယေသာ္လင္းက ေဒါသႀကီးတယ္ မင္းသူ ႔ကိုနိုင္မွာမဟုတ္ဘူး သြားမစနဲ ့။ အေကာင္းဆံုးကေတာ့ ဒီတိုင္း
ဘယ္သူမွ မပါနဲ ့။ သူတို ႔ အခ်စ္ေတြက
ဟိုးငယ္ငယ္ေလးကတည္းက နွလံုးသားထဲမွာ အျမစ္တြယ္ေနၿပီးသား ။ ငါတို ႔သြား နွဲ ့လည္း သူတို ႔ ဘာသာ မၿကိဳးစားရင္ ျဖစ္လာမွာမဟုတ္ဘူး။ သူတို ႔ၾကည့္ရတာ ဒီပံုစံေလးနဲ ့အရမ္းေနသားက်ေနတဲ့ ပံုစံ ပဲ အဲ့ေတာ့ ထားလိုက္ေတာ့။ "
"သံေခ်ာင္းေျပာတာ ငါလည္းလက္ခံတယ္ "
"သေတာင္းစားရယ္ ျမင့္ျမတ္ဟိန္းပါဆိုမွာ "
"ေအး ျမင့္ျမတ္ဟိန္း ေျပာတာကို ငါလက္ခံတယ္။ ဦးေလးေကာင္းနဲ ့ေဖသက္ေတာင္ သူတို ႔အေၾကာင္းသိလို ႔တမင္ လႊတ္ေပးထားတာ ကို ငါတို ႔ဝင္မပါသင့္ဘူး အဲ့ေတာ့ အေပၚျပန္တက္ၾကမယ္။ ငါတို ႔မသိဘူး ၊ ငါတို ႔မျမင္ဘူး "
"ဟုတ္တယ္ ငါတို ႔မသိဘူး ဘာမွ "
တိုးတိတ္စြာ ျပန္လည္တပ္ဆုတ္ထြက္ခြာသြားေသာ တံငါကုန္းသားတစ္စုကို
ယေသာ္ေရာ၊ ဦးခ်ီေရာမျမင္လိုက္။
________
"ဒါဆို မင္းဘာဆက္လုပ္မွာလဲ "
တခုတည္းေသာ ဧည့္ခန္းတြင္
လူ၇ေယာက္သည္ စုေဝးေရာက္ရွိေနၾကသည္။ စားပြဲ၏ အလယ္ေခါင္တြင္ ႐ြာက ပါလာတဲ့ မာလကာသီးမ်ားကို ခြဲစိတ္ကာ
ပါးပါးလွီးၿပီး သုပ္ထားေလသည္။
ငရုတ္သီးမ်ားပါသည္မို ႔အေရာင္ရဲရဲျဖင့္
ျမင္သူတကာ သေရယိုစရာျဖစ္လို ႔ေန၏။
ထို ႔အထဲမွာ ယေသာ္လင္းက ထိပ္ဆံုးကပင္။ သို ႔ေသာ္ ျမင္သာျမင္ရမၾကင္ရတဲ့ သူ ႔ဘဝသည္ ဟိုေန ႔ကေဆးခန္းေရာက္ထားတာမို ႔ ပံုညာဦးခ်ီ က ႏြားနို ႔တစ္ဗူး
လက္ထဲကထည့္ေပးၿပီး မထိရဟု အမိန္႔ထုတ္ထား၏။
" မသိပါဘူး လြင္ဦးရာ ငါခုထိ ဘာလုပ္ရမလဲ မစဥ္းစားရေသးဘူး "
ဦးခ်ီ စကားကိုအကုန္လံုး ေခါင္းတညိမ့္ညိမ့္လုပ္ေနသည္မွလြဲၿပီး စကားထပ္ထြက္မလာၾကေပ။ အေၾကာင္းမွာ အလယ္မွာခ်ထားေသာ မာလကာသီးသုပ္ပန္းကန္ကို အလုပ္အယက္ နႈိက္စားေနၾကလို႔ပင္။
"ေကာင္းလိုက္တာပံုညာရာ မင္း က
အစားအေသာက္ ကို ရွိတာနဲ ့ေကာင္းေအာင္လုပ္တက္တာေတာ့ ပါရမီပါတယ္ကြ။ ငါက ေယာက်ာ္းေလးဆိုေပမဲ့
မင္းလက္ရာဆိုရင္ မာလကာသီးသုပ္ ေတာင္ အလြတ္မေပးခ်င္ဘူး ။ "
ပလုတ္ပေလာင္း ထိုးသြတ္ရင္းသံေခ်ာင္းဆိုေတာ့ က်န္သူမ်ားကပါဝိုင္းဝန္းေထာက္ခံၾကသည္။ ေဘးကေသာ့္ကို ငဲ့ၾကည့္ေတာ့ ႏြားနို ႔ဘူးကို ပိုက္နဲ ့တႁပြတ္ႁပြတ္စုတ္ေသာက္ေနေပမဲ့ အာရုံက လက္မ်ားစာစုေဝးေရာက္ရွိေနေသာ မာလကာသီးပန္းကန္ဆီကိုသာ။ စိတ္ညစ္ေပမဲ့ ခ်စ္စရာေကာင္ငယ္ေလးေၾကာင့္ ၿပံဳးမိသြားျပန္သည္။
မနက္ဖန္ဆို လကုန္ၿပီ။
ဖုန္းဆိုင္ကလည္း ေ႐ြ ႕ေျပာင္းဖို ႔ အကုန္ျပင္ဆင္ေနၾက၏။ ေနာက္ဆိုင္ခန္းငွားတင္ဖို ႔လည္းလုပ္ရအုန္းမည္။
အလုပ္မ်ားစြာနဲ ့ စိတ္ဖိစီးမူ ႔သည္
ဒီေကာင္ေလးရဲ႕ တာဝန္က ငါ့အေပၚမွာဆိုတဲ့ စိတ္နဲ ့ပိုေလးလံလ်က္ရွိသည္။
သူဘာဆက္လုပ္ရမလဲ...
" ေသာ္ ကိုကို ဘာဆက္လုပ္ရမလဲဟင္"
"အခ်ဥ္သုပ္ေရာင္း "
"ဟမ္"
လႊတ္ခနဲ ထြက္လာတဲ့ စကားသည္
ေငးေနရင္းမွ ထြက္မိထြက္ရာ အမွတ္တမဲ့ထြက္လာဟန္ျဖင့္ ၿပီးမွ သူ ႔ဘာသာ ဘာေျပာလိုက္မွန္း သတိရသြားကာ
"အာ Sorry ကိုကို ငါ ဟိုအသုပ္ပန္းကန္ဆီ စိတ္ေရာက္သြားလို ႔"
ေသာ့္ကာ အားနာသလို ေျပာလာေပမဲ့
သူ ႔ေခါင္းထဲ မွာ အခ်က္ေပးသံ တဝီဝီျမည္လာေလသည္။
ဟုတ္သားပဲ ..
အရင္းနွီးလည္း မမ်ားဘူး ။
လူလည္း စိတ္ဝင္စားနိုင္မဲ့ အလုပ္ က
ဒီအလုပ္ပဲ။
မိန္းထဲမွာ မိန္းကေလးအေဆာင္ေတြေပါသည္မို ႔ အဝတ္ထည္ဆိုင္နဲ ့အလွျပင္ဆိုင္မ်ားစြာ လာဖြင့္ၾကသည္။
ထိုအထဲမွာ အစားအေသာက္က မပါမျဖစ္။
"ဟိုေကာင္ေတြ ဘာလုပ္ရမလဲ သိသြားၿပီကြ "
"ဘာလုပ္မွာလဲ "
တညီတညႊတ္ေမးလာတဲ့ စကားေတြကို လ်စ္လ်ဴ ရူ ႔ၿပီး ေဘးကေနသူ႔ကိုေမာ့ၾကည့္ေနတဲ့ ေသာ့္ပုခံုးေတြကို ဖက္ကာ
ဝမ္းသာအားရေအာ္ ေျပာလိုက္သည္။
"ေသာ္ ! ကိုကို အခ်ဥ္ေပါင္းေရာင္းေတာ့မယ္"
"ဘာ!!!!!!"
ထိတ္လန္ ႔တေအာ္တဲ့အသံသည္ တၿပိဳင္တည္းတူညီစြာ ထြက္လာ၏။
အစားအေသာက္ နႈိက္ေနတဲ့လက္ေတြသည္ ေလထဲရပ္ကုန္ၾကသည္။
ပြင့္ဟေနေသာ ပါးစပ္တို ႔က ခ်က္ျခင္းျပန္ပိတ္ဖို ႔ေမ့သြားၾကဟန္။
ဦးခ်ီ ခါးကိုမတ္ကာ သူ႔လက္နွစ္ဖက္ကို ယွက္ကာ ကိုင္လိုက္ၿပီးထပ္ေျပာလိုက္သည္။
"ဟုတ္တယ္ ငါဆံုးျဖတ္လိုက္ၿပီ ။ ငါ
အခ်ဥ္ေပါင္းေရာင္းေတာ့မလို ႔"
________
၃ရက္ၾကာၿပီးေနာက္ ဖုန္းဆိုင္ေလးသည္ ေျပာင္းေ႐ြ ႕သြားခဲ့ေလသည္။
ပံုညာဦးခ်ီ ကလည္း သူ ႔၏ အိမ္မက္ကို စတင္အေကာင္အထည္ေဖာ္ဖို ႔ခုတေလာ မအိပ္မေန ႀကိဳးစားေနလ်က္ရွိသည္။
သံေခ်ာင္းတို ႔၅ေကာင္ကေတာ့
ၿခံထဲမွာ မလိုအပ္တဲ့ အပင္မ်ားကို ခုတ္ထြင္ရွင္းလင္းေနရတဲ့ ဥယ်ာဥ္မွဴ းေလးေတြ အျဖစ္ အလိုအေလ်ာက္ ရာထူးတိုးသြားေလ၏။
ေသာ္ ..
သူကေတာ့ ဦးခ်ီ ကို စိတ္ဆိုးေျပစမို ႔
ရုပ္တည္ႀကီး နဲ ့ အခန္းထဲကေန လံုးဝထြက္မလာခဲ့ေပ။ တကယ္ဆို ေသာ္ ထိုအလုပ္ကို မလုပ္ေစခ်င္ပါ။ အနည္းဆံုးကိုယ္ပိုင္အလုပ္ဆိုရင္ေတာင္ ဒီထပ္ ေကာင္းမြန္တဲ့ တခုခုကို ေ႐ြးခ်ယ္လုပ္ကိုင္ေစခ်င္သည္။
ထို ႔ေၾကာင့္ ပါးပါးတို ႔ကို မလုပ္ေစခ်င္၍ ဖုန္းဆက္တိုင္မိသည္။
ဒါကို စိတ္မဆိုးတဲ့အျပင္ ပါးပါးနဲ ့သက္ပံုသည္ သေဘာတက် ဦးခ်ီ စိတ္ကူးကို ရယ္ေမာၾက၏။
ထိုရယ္သံေတြသည္ ေလွာင္ေျပာင္သံမဟုတ္ပဲ သူတို ႔သားေလး၏ စိတ္ကူးကို ခ်စ္ျမတ္နိုးစြာ ပြင့္အံက်လာတဲ့ အသံေတြပင္။
ေသာ္အရမ္းအံၾသသြားပါသည္။
ပါးပါးတို ႔သည္ အေတာ္ေလးခ်မ္းသာရုံမက တံငါကုန္း႐ြာ၏ မ်က္နွာဖံုးမ်ားျဖစ္ၾကေသးသည္။ ဦးခ်ီ ၏ လုပ္ရပ္သည္ အနည္းဆံုးေတာ့ ပါးပါးတို ႔ကို စိတ္အေနွာက္အယွက္ျဖစ္မယ္ထင္ခဲ့ေလသည္။
သို႔ေသာ္ ယေသာ္ထင္ထားတာနဲ ့တျခားဆီ ျဖစ္ခဲ့ေလသည္။
ပါးပါးက ေျပာ၏။
ဦးခ်ီ က အရမ္းစိတ္ကူးေကာင္းတာပဲတဲ့။
ေသာ္အလိုမက်ေတာ့ပါျဖစ္နိုင္ရင္ ပါးပါးတို ႔ကိုတားျမစ္ေစခ်င္ပါသည္။
ဒါကို သက္ပံုကရိပ္မိသည္ထင္၏။
ထို ႔ေန ႔ညက သက္ပံုေျပာခဲ့ေသာ စကားမ်ားသည္ ေသာ့္နွလံုးသားထိ စူးနစ္ဝင္ေရာက္ေစခဲ့ပါသည္။ ၿပီးေတာ့ ေသာ္အရမ္းရွက္ခဲ့ရ၏။
" သား ေသာ္ေသာ္ ၊ ေဖေဖ့သားေလးကို
ေလက်ယ္ေလးလို ႔ ခ်စ္စနိုးေခၚခဲ့ဖူးတာ သားငယ္သိမွာပါ ။ တကယ္ေတာ့ ေလက်ယ္တာမဟုတ္ဘူး သူတကယ္ ေျပာတဲ့အတိုင္းျဖစ္ေအာင္လုပ္နိုင္တယ္။
ဦးခ်ီက ဥာဏ္ေကာင္းတယ္၊ သင္ယူလြယ္တယ္ ၊ ဇြဲႀကီးတယ္။ မျဖစ္နိုင္ဘူးဆိုတာမရွိဘူး၊ မယံုရင္ သားေစာင့္ၾကည့္ေပးလိုက္ပါ သားကိုကိုက လုပ္ျပလိမ့္မယ္။
သားပါးပါးတုန္းကလည္း သက္ပံုတို ႔တေတြ ကုန္စိမ္းေရာင္းၿပီး ဘဝစ ခဲ့ရတာပဲ။
ဟိုး အရင္ ပါးပါးလူပ်ိဳတုန္းကဆိုရင္
ေစ်းထဲမွာ ကုန္ေတာင္ထမ္းဘူးေသးတယ္ သားရ ။ အဲ့ဒါေၾကာင့္ ပံုညာဦးခ်ီ
အခ်ဥ္ေပါင္းေရာင္းတာ သိမ္ငယ္စရာမဟုတ္ဘူးေသာ္ေသာ္။ ဘယ္အလုပ္မဆို
စီးပြားေရးအျမင္ရွိရင္ ခဏေလး ေက်ာ္လႊားနိုင္လိမ့္မယ္ "
ဖုန္းခ်ၿပီးတဲ့ထိတိုင္ ယေသာ္လင္း ငိုင္ေတြေနခဲ့ပါသည္။
ကိုကိုေတာင္ လုပ္ဖို ႔စဥ္းစားရဲေသးတာပဲ
သူက ေဘးနားမွာ ဘာလို ႔အတူရွိဖုိ ့မေတြးရဲမွာလဲ ဆိုတဲ့ စိတ္ကူးနဲ ့ေသာ္အေတြးဆိုးေတြသည္ ထိုေန႔ညကတည္းက
ေျပေပ်ာက္သြားခဲ့ရပါသည္။
ခ်စ္တဲ့အိမ္စည္။
(ကဲ ပံုညာဦခ်ီ က ေနာက္တပိုင္းဆို ဘဝစ ပါၿပီ ။ သူဘာေတြလုပ္မလဲ။
ဘာဆက္ျဖစ္မလဲဆိုတာ က်မလည္း မသိေတာ့ဘူး ၊ သဖက္ခါမွ ေတြ ႕မယ္ )
သော် ဒေါသက အင်မတန်ကြီးပါသည်။
စိတ်တို ၊ စိတ်ဆိုးတိုင်း မခေါ်မပြောလုပ်ကာ အပြစ်ပေးတက်လေ့ရှိတာမို့ ဒီတခါလည်းထို နည်းလမ်းကို သုံးပြန်သည်။
ထမင်းစားစာပွဲတွင် ငြိမ်သက်စွာ
ထမင်းစားနေတဲ့ ယသော်လင်းမာန်သည်
ဦးချီ ကို မခေါ်တာ ၃နာရီကျော်ခန့် ရှိနေလေပြီ။ ထုံးစံအတိုင်း မျက်နှာချင်းဆိုင်ထိုင်၍ ထမင်းစားဖြစ်ကြသည်။
ဟိုကောင်တွေကတော့ အပေါ်မှာ အိပ်နေကြပြီမို့ တိတ်ဆိတ်မူ့ က သိသိသာသာပင်။
"သော် ၊ ကိုကို သော်လေး အဲ့လို စကားမပြောပဲနဲ့ တော့ မနေပါနဲ့ နော် ။ သော် မကြိုက်တာကို နောက်တကယ် မလုပ်တော့ဘူး။ တကယ်ပြောတာ ငါမလိမ်ဘူး။
မင်းက ဒါမလုပ်ရဘူး ပြောရင် ငါက
နောက်ဆို လှည့်တောင် မကြည့်တော့ဘူးကွာ အဲ့လိုနေမယ်လေ စိတ်ဆိုးပြေလိုက်ပါတော့ "
ဦးချီ မျက်နှာငယ်လေးနဲ့ သော့်ကို ချော့နေမိသည်။ လက်ကလည်း သော် ကြိုက်တဲ့
ဗယာကြော်ချက် ကို ခပ်ထည့်ပေးလိုက်သေးသည်။ တကယ်ဆို ဗယာကြော်ကို
ခရမ်းချဉ်သီးနဲ့ ပြန်ချက်တယ်ဆိုတာ
မပြေလည်တဲ့ အိမ်တွေမှာ စားသောက်ဖို့ ခက်ခဲလို့ ရှိတာနဲ့ ကောင်းအောင်ချက်စားတဲ့နည်းပင်။ ခရမ်းချဉ်သီးကို ငပိအနည်းငယ်နဲ့ ဆီသတ်ပြီး
ကြော်ထားတဲ့ ဗယာကြော် ကိုထည့်ရောလိုက်သည်။ ပြီးရင် ရေအနည်းငယ်လောက်ထည့်ကာ အဖုံးပိတ်ပြန်အုပ်ကာ မီးအေးအေးနဲ့ ခဏနှပ်လိုက်၏။ ရေခန်း ဆီပြန်တဲ့အချိန်မှာ ကပ်ကြေးနဲ့ ညှပ်ထားတဲ့ ငရုတ်သီးစိမ်းရယ် နံနံပင်ရယ် ကို မွှေးအောင် ထည့်ရ၏ ။ ဗယာကြော်သည် ပြန်ချက်ခံလိုက်ရတာမို့ အိစက်သွားပါသည်။ အရသာအကုန်လုံးသည် အိနေတဲ့ အကြော်ထဲ ဝင်သွားလေပြီ။ ထိုနည်းဖြင့်
ဈေးချိုသော ဟင်းတခွက်ရတာမို့ ချွေတာသော အိမ်များတွင် ဟင်းကောင်းတစ်ခွက်အဖြစ်စားသုံးကြ၏။ နောက်ထပ် သော် စားနေကြ ဟင်းရှိသေးသည်။
အဲ့ဒါက မြေပဲဆံအစိမ်းကို လုံးခြမ်းကွဲထောင်းကာ ခရမ်းချဉ်သီးနဲ့ ဒီပုံစံအတိုင်းပြန်ချက်တဲ့နည်းပင်။
သနားစရာသော်ကလေးသည် ငယ်စဉ်က ရှိတာလေးနဲ့ စားခဲ့ရပုံပင်
ပြန်တွေးကြည့်ရင်း စိတ်မကောင်း ပြန်ဖြစ်ရသည်။ ထို အကြောင်းတွေကြောင့် သော့်ကို ဦးချီ အလိုလိုက်နေရတာဖြစ်၏။
"သော်ရေ .."
"မင်း အမြင်မှာ ငါက အကျင့်ပုတ်နေတယ်မို့ လား "
စိတ်မကောင်းနေမှန်းသိသာစေတဲ့ မျက်ဝန်းလေးတွေကြောင့် ရင်ထဲမှာ မကောင်းတော့ ။ ခေါင်းကို အကြိမ်ကြိမ်ရမ်းပြနေမိပေမဲ့ သော့်ပုံစံက ပြောင်းလဲမသွား။
"ဟုတ်မှာပါ ၊ မင်းတို့ အကုန်အဲ့လိုတွေးမှာပါ။ ငါက အတ္တကြီးတယ်လေ ၊
အရာရာ မင်းအပေါ်မှာ ငါက အနိုင်ကျင့်တယ် "
သော့်အသံတွေသည် အက်ကွဲနေလျက်
ဝမ်းနည်းမူ့ ကို အပြုံးတုနဲ့ ဖုံးနေပြန်၏။
ကျွတ် ဘာတွေ ခံစားနေရပြန်တာလဲသော်ရာ
" မဟုတ်ဘူး သော် ၊ မင်း တခြားကိုမယုံရင်တောင် ငါ့ကိုယုံလို့ ရပါတယ်။ ငါက ဘာလို့ မင်းကို အဲ့လိုထင်ရမှာလဲ။ မင်းအတွေးထဲမှာ ဘာတွေးနေသလဲ ငါမသိဘူးထင်နေလား။ ဘာမှ မဟုတ်တာနဲ့ တသက်လုံး ငါမင်းအပေါ် အလိုလိုက်ခဲ့သမျှ မသိချင်ယောင်ဆောင်တော့မလို့လားသော်။ "
"ငါ စာကျက်တော့မယ် "
"မသွားရဘူး။ မဟုတ်တာနဲ့ ငါ့ကို ရှောင်ထွက်သွားဖို့ ခွင့်မပြုဘူး ပြန်ထိုင်စမ်း "
ဦးချီ အလိုမကျစွာ မှုန်သုန်နေပေမဲ့
သော့်ကို အများကြီး လေသံ မမာအောင်
ထိန်းပြောနေရသည်။ သူတကယ် သော့်ကို မဆူချုင်ပါ။ အချိန်တိုင်းအလိုလိုက်ခံနေရတဲ့ ကလေးသည် တဖြည်းဖြည်းနဲ့
ပိုကဲလာ၏။
"မထိုင်ဘူး မင်းနဲ့ ဒီကိစ္စထပ်မပြောချင်တော့ဘူး "
ဦးချီ စိတ်မရှည်စွာ စားပွဲခုံကို ပတ်ကာ သော့်ကို အပြင်မထွက်အောင် ဆွဲဖက်ချုပ်ထားလိုက်သည်။ မဖြေရှင်းပဲထားရင်
သော် အကြာကြီးစိတ်ဆင်းရဲနေလိမ့်မည်။ပြီးရင် စိတ်ကြီးတဲ့ သော်က ကွယ်ရာမှာ သူမသိအောင် ငိုနေနိုင်သည်မို့ ပြီးသွားအောင်ချော့မှရမည်ပင်။
" ကိုကို က သော့်စကားကို နားမထောင်တာ အဲ့အချက် မှားသွားတယ်။ဟုတ်တယ် ငါဝန်ခံပါတယ်။ အပန်းမကြီးဘူးဆိုတဲ့ စိတ်နဲ့ ငါလုပ်ပေးလိုက်တယ်။ "
"ဘုန်း! မင်း လုပ်ပေးလိုက်တော့ တားမြစ်ထားတဲ့ ငါက ဘာဖြစ်သွားပြီလဲ။ ဝမ်းတွင်းပုတ်နေတဲ့ ကောင်ဖြစ်သွားပြီကွ ၊ အဲ့ဒါ မင်းအသုံးမကျလို့ ၊ မင်းအလိုက်ကန်းဆိုးမသိလို့ ငါအဲ့လို့ ဖြစ်တာ သောက်သုံးမကျတဲ့ကောင် '
"အင်းပါ ကိုကို က အသုံးမကျတဲ့ကောင်မှန်ပါတယ် နောက်ကို အသုံးကျအောင် ကြိုးစားမယ်လေ ဒီတခါတော့ခွင့်လွတ်လိုက်ပါကွာ နော် "
ရင်ဘတ်ကို တဘုန်းဘုန်းပစ်ရိုက်နေတဲ့
သော့်ကို စိတ်ကြိုက်လွှတ်ပေးထားလိုက်သည်။ မဟုတ်ရင် အသံတိတ်စိတ်ကောက်နေတာထပ်စာရင် ဒီနည်းက တော်သေးသည်။
" ခုတော့ ငါကလူဆိုးလုံးလုံးဖြစ်သွားပီပေါ့ဟုတ်လား "
ဦးချီ မျက်လုံးပြူး သွား၏။ သူလေးဘာပြောမိလို့ လဲ။ သော်က မိန်းမနဲ့ တူတယ်ပြောလဲမကြိုက်ဘူး။ အပြုအမူ တွေတင်မကဘူး စိတ်ကောက်တာတောင် အပြီးနိုင်မစီးနိုင် မိန်းမတွေလို ခုနှစ်ထွေအကနဲ့ ပုံစံမျိုးစုံကောက်၏။
"မဟုတ်ပါဘူးကွာ "
"ဘာမဟုတ်ရမှာလဲ ။ မင်းက ငါ့အပိုင်။
ငါကလွဲပြီး ဘယ်သူ့ကိုမှ ဂရုမစိုက်ရဘူးဆိုတာ ဒါလေးတောင် မင်းမသိဘူးလား။
ဟင့် မလုပ်ရဘူး ငါတကယ်မကြိုက်ဘူးကိုကို။ ငါ အခု ဘာမှမဟုတ်သေးပေမဲ့
မင်းကို ဟိုးအမြင့်ဆုံးမှာပဲ ထားချင်တာ။
ခုချိန် ငါသည်းခံပြီးကြိုးစားနေတဲ့အချိန်မှာ
သူများတွေကို အောက်ခြေသိမ်းလုပ်ပေးတာမျိုး ငါ့ရှေ့ မှာ မလုပ်ပါနဲ့ ငါ ..ငါတကယ် မကြိုက်ဘူးရယ်"
"ဟင်! သော် အဲ့ဒါ ငါကမင်းကိုပြောရမဲ့ စကားမဟုတ်ဘူးလား။ ဟိုးအမြင့်ကြီးမှာ ငါက ဘာလို့နေရမှာလဲ မင်းပဲနေရမှာလေ"
ယသော်လင်းဖက်ထားရမှ ဖယ်ခွာပြီး
မျက်ရည်တွေကို သုတ်လိုက်သည်။
ပြီးတော့ စူပုတ်ကာ အီလည်လည်ရုပ်ဖြစ်တဲ့ ကိုကို့ ကို ရယ်ပြလိုက်သည်။
" မင်းပဲ အမြင့်မှာနေပါ။ ငါက ဆရာဝန်ကြီးဖြစ်လာရင် မင်းကိုတလှည့် ပြန်ပြုစုပေးမယ်။ မင်းကို အကောင်းဆုံးတွေ ပြန်ပေးမယ်။ အဲ့လိုမှ အဆင်မပြေရင် ကိုကိုက သော့်မိန်းမလေး လုပ်လိုက်ပေါ့ "
"ဟာ ယသော်လင်းမာန် "
ပြောချင်တာပြောပြီး တခစ်ခစ်ရယ်နေတဲ့ မျက်စိရှေ့ က ကောင်လေးကို ကြည့်ကာ
ထိပ်ထုဖို့ ပြင်ထားတဲ့ လက်သီးစုတ်လေးကို ဖယ်လိုက်က ဦးချီ ပွေ့ ဖက်လိုက်၏။
" နောက်ကို မငိုနဲ့ သော် ။ ကိုကို လည်းမင်းငိုတာကို တကယ်မကြိုက်ဘူး "
ထမင်းစားခန်းလေးသည်ရန်ဖြစ်သံတွေ ပြန်လည်တိတ်ဆိတ်သွားကာ သော်ရယ်သံလေးတွေ က အစားထိုးဝင်ရောက်လာ၏။
" သူတို့ က တခုခုပဲ နော် တင်မောင်ညွှန့် "
လှေကားထစ်တွေမှာ ချောင်းကြည့်နေတဲ့ခေါင်းငါးလုံးသည် စိတ်ဝင်စားမူ့ ဖြင့်
ပြည့်နေကြသည်။
" အေး အဲ့တခုခုကို သွားမဖော်ထုတ်လေနဲ့
ပုံညာဦးချီ က ကျန်တဲ့ ကိစ္စသာ သည်းခံလိမ့်မယ်။ ယသော်လင်းနဲ့ ဆို လုံးဝမရဘူးနော် သားကြီးတို့ ။ ဒီအိမ်မှာနေမယ်ဆိုရင်
မသိသလို ၊မကြားသလိုသာ နေ ။ အဲ့ဒါအကောင်းဆုံးပဲ "
"ဘာလို့လဲ သူတို့ တွဲနေရင်တောင် ငါတို့ က အပြစ်ပြောမဲ့သူမဟုတ်ပါဘူးကွာ "
"အဲ့ဒါကြောင့် မင်းတို့ ကိုပိန်းတယ်ပြောတာ ။ သူတို့ နှစ်ယောက်ကြားက သံယောဇဉ်က အရမ်းဖြူ နေလွန်းလို့ အရောင်ဆိုးရခက်နေတာ။ ငါထင်တာမလွဲဘူးဆိုရင် သူတို့ နှစ်ယောက် ဒီပုံစံမျိုးနဲ့ အကြာကြီး ရှိနေအုန်းမယ် "
သံချောင်းက ဆရာကြီးလေသံဖြင့်ပြော၏။
"ငါ့တို့ ဝိုင်းလှော်ပေးရင်ရော "
"မဖြစ်နိုင်ဘူး။ ယသော်လင်းက ဒေါသကြီးတယ် မင်းသူ့ ကိုနိုင်မှာမဟုတ်ဘူး သွားမစနဲ့ ။ အကောင်းဆုံးကတော့ ဒီတိုင်း
ဘယ်သူမှ မပါနဲ့ ။ သူတို့ အချစ်တွေက
ဟိုးငယ်ငယ်လေးကတည်းက နှလုံးသားထဲမှာ အမြစ်တွယ်နေပြီးသား ။ ငါတို့ သွား နှဲ့ လည်း သူတို့ ဘာသာ မကြိုးစားရင် ဖြစ်လာမှာမဟုတ်ဘူး။ သူတို့ ကြည့်ရတာ ဒီပုံစံလေးနဲ့ အရမ်းနေသားကျနေတဲ့ ပုံစံ ပဲ အဲ့တော့ ထားလိုက်တော့။ "
"သံချောင်းပြောတာ ငါလည်းလက်ခံတယ် "
"သတောင်းစားရယ် မြင့်မြတ်ဟိန်းပါဆိုမှာ "
"အေး မြင့်မြတ်ဟိန်း ပြောတာကို ငါလက်ခံတယ်။ ဦးလေးကောင်းနဲ့ ဖေသက်တောင် သူတို့ အကြောင်းသိလို့ တမင် လွှတ်ပေးထားတာ ကို ငါတို့ ဝင်မပါသင့်ဘူး အဲ့တော့ အပေါ်ပြန်တက်ကြမယ်။ ငါတို့ မသိဘူး ၊ ငါတို့ မမြင်ဘူး "
"ဟုတ်တယ် ငါတို့ မသိဘူး ဘာမှ "
တိုးတိတ်စွာ ပြန်လည်တပ်ဆုတ်ထွက်ခွာသွားသော တံငါကုန်းသားတစ်စုကို
ယသော်ရော၊ ဦးချီရောမမြင်လိုက်။
________
"ဒါဆို မင်းဘာဆက်လုပ်မှာလဲ "
တခုတည်းသော ဧည့်ခန်းတွင်
လူ၇ယောက်သည် စုဝေးရောက်ရှိနေကြသည်။ စားပွဲ၏ အလယ်ခေါင်တွင် ရွာက ပါလာတဲ့ မာလကာသီးများကို ခွဲစိတ်ကာ
ပါးပါးလှီးပြီး သုပ်ထားလေသည်။
ငရုတ်သီးများပါသည်မို့ အရောင်ရဲရဲဖြင့်
မြင်သူတကာ သရေယိုစရာဖြစ်လို့ နေ၏။
ထို့ အထဲမှာ ယသော်လင်းက ထိပ်ဆုံးကပင်။ သို့ သော် မြင်သာမြင်ရမကြင်ရတဲ့ သူ့ ဘဝသည် ဟိုနေ့ ကဆေးခန်းရောက်ထားတာမို့ ပုံညာဦးချီ က နွားနို့ တစ်ဗူး
လက်ထဲကထည့်ပေးပြီး မထိရဟု အမိန့်ထုတ်ထား၏။
" မသိပါဘူး လွင်ဦးရာ ငါခုထိ ဘာလုပ်ရမလဲ မစဉ်းစားရသေးဘူး "
ဦးချီ စကားကိုအကုန်လုံး ခေါင်းတညိမ့်ညိမ့်လုပ်နေသည်မှလွဲပြီး စကားထပ်ထွက်မလာကြပေ။ အကြောင်းမှာ အလယ်မှာချထားသော မာလကာသီးသုပ်ပန်းကန်ကို အလုပ်အယက် နှိုက်စားနေကြလို့ပင်။
"ကောင်းလိုက်တာပုံညာရာ မင်း က
အစားအသောက် ကို ရှိတာနဲ့ ကောင်းအောင်လုပ်တက်တာတော့ ပါရမီပါတယ်ကွ။ ငါက ယောကျာ်းလေးဆိုပေမဲ့
မင်းလက်ရာဆိုရင် မာလကာသီးသုပ် တောင် အလွတ်မပေးချင်ဘူး ။ "
ပလုတ်ပလောင်း ထိုးသွတ်ရင်းသံချောင်းဆိုတော့ ကျန်သူများကပါဝိုင်းဝန်းထောက်ခံကြသည်။ ဘေးကသော့်ကို ငဲ့ကြည့်တော့ နွားနို့ ဘူးကို ပိုက်နဲ့ တပြွတ်ပြွတ်စုတ်သောက်နေပေမဲ့ အာရုံက လက်များစာစုဝေးရောက်ရှိနေသော မာလကာသီးပန်းကန်ဆီကိုသာ။ စိတ်ညစ်ပေမဲ့ ချစ်စရာကောင်ငယ်လေးကြောင့် ပြုံးမိသွားပြန်သည်။
မနက်ဖန်ဆို လကုန်ပြီ။
ဖုန်းဆိုင်ကလည်း ရွေ့ ပြောင်းဖို့ အကုန်ပြင်ဆင်နေကြ၏။ နောက်ဆိုင်ခန်းငှားတင်ဖို့ လည်းလုပ်ရအုန်းမည်။
အလုပ်များစွာနဲ့ စိတ်ဖိစီးမူ့ သည်
ဒီကောင်လေးရဲ့ တာဝန်က ငါ့အပေါ်မှာဆိုတဲ့ စိတ်နဲ့ ပိုလေးလံလျက်ရှိသည်။
သူဘာဆက်လုပ်ရမလဲ...
" သော် ကိုကို ဘာဆက်လုပ်ရမလဲဟင်"
"အချဉ်သုပ်ရောင်း "
"ဟမ်"
လွှတ်ခနဲ ထွက်လာတဲ့ စကားသည်
ငေးနေရင်းမှ ထွက်မိထွက်ရာ အမှတ်တမဲ့ထွက်လာဟန်ဖြင့် ပြီးမှ သူ့ ဘာသာ ဘာပြောလိုက်မှန်း သတိရသွားကာ
"အာ Sorry ကိုကို ငါ ဟိုအသုပ်ပန်းကန်ဆီ စိတ်ရောက်သွားလို့ "
သော့်ကာ အားနာသလို ပြောလာပေမဲ့
သူ့ ခေါင်းထဲ မှာ အချက်ပေးသံ တဝီဝီမြည်လာလေသည်။
ဟုတ်သားပဲ ..
အရင်းနှီးလည်း မများဘူး ။
လူလည်း စိတ်ဝင်စားနိုင်မဲ့ အလုပ် က
ဒီအလုပ်ပဲ။
မိန်းထဲမှာ မိန်းကလေးအဆောင်တွေပေါသည်မို့ အဝတ်ထည်ဆိုင်နဲ့ အလှပြင်ဆိုင်များစွာ လာဖွင့်ကြသည်။
ထိုအထဲမှာ အစားအသောက်က မပါမဖြစ်။
"ဟိုကောင်တွေ ဘာလုပ်ရမလဲ သိသွားပြီကွ "
"ဘာလုပ်မှာလဲ "
တညီတညွှတ်မေးလာတဲ့ စကားတွေကို လျစ်လျူ ရူ့ ပြီး ဘေးကနေသူ့ကိုမော့ကြည့်နေတဲ့ သော့်ပုခုံးတွေကို ဖက်ကာ
ဝမ်းသာအားရအော် ပြောလိုက်သည်။
"သော် ! ကိုကို အချဉ်ပေါင်းရောင်းတော့မယ်"
"ဘာ!!!!!!"
ထိတ်လန့် တအော်တဲ့အသံသည် တပြိုင်တည်းတူညီစွာ ထွက်လာ၏။
အစားအသောက် နှိုက်နေတဲ့လက်တွေသည် လေထဲရပ်ကုန်ကြသည်။
ပွင့်ဟနေသော ပါးစပ်တို့ က ချက်ခြင်းပြန်ပိတ်ဖို့ မေ့သွားကြဟန်။
ဦးချီ ခါးကိုမတ်ကာ သူ့လက်နှစ်ဖက်ကို ယှက်ကာ ကိုင်လိုက်ပြီးထပ်ပြောလိုက်သည်။
"ဟုတ်တယ် ငါဆုံးဖြတ်လိုက်ပြီ ။ ငါ
အချဉ်ပေါင်းရောင်းတော့မလို့ "
________
၃ရက်ကြာပြီးနောက် ဖုန်းဆိုင်လေးသည် ပြောင်းရွေ့ သွားခဲ့လေသည်။
ပုံညာဦးချီ ကလည်း သူ့ ၏ အိမ်မက်ကို စတင်အကောင်အထည်ဖော်ဖို့ ခုတလော မအိပ်မနေ ကြိုးစားနေလျက်ရှိသည်။
သံချောင်းတို့ ၅ကောင်ကတော့
ခြံထဲမှာ မလိုအပ်တဲ့ အပင်များကို ခုတ်ထွင်ရှင်းလင်းနေရတဲ့ ဥယျာဉ်မှူးလေးတွေ အဖြစ် အလိုအလျောက် ရာထူးတိုးသွားလေ၏။
သော် ..
သူကတော့ ဦးချီ ကို စိတ်ဆိုးပြေစမို့
ရုပ်တည်ကြီး နဲ့ အခန်းထဲကနေ လုံးဝထွက်မလာခဲ့ပေ။ တကယ်ဆို သော် ထိုအလုပ်ကို မလုပ်စေချင်ပါ။ အနည်းဆုံးကိုယ်ပိုင်အလုပ်ဆိုရင်တောင် ဒီထပ် ကောင်းမွန်တဲ့ တခုခုကို ရွေးချယ်လုပ်ကိုင်စေချင်သည်။
ထို့ ကြောင့် ပါးပါးတို့ ကို မလုပ်စေချင်၍ ဖုန်းဆက်တိုင်မိသည်။
ဒါကို စိတ်မဆိုးတဲ့အပြင် ပါးပါးနဲ့ သက်ပုံသည် သဘောတကျ ဦးချီ စိတ်ကူးကို ရယ်မောကြ၏။
ထိုရယ်သံတွေသည် လှောင်ပြောင်သံမဟုတ်ပဲ သူတို့ သားလေး၏ စိတ်ကူးကို ချစ်မြတ်နိုးစွာ ပွင့်အံကျလာတဲ့ အသံတွေပင်။
သော်အရမ်းအံသြသွားပါသည်။
ပါးပါးတို့ သည် အတော်လေးချမ်းသာရုံမက တံငါကုန်းရွာ၏ မျက်နှာဖုံးများဖြစ်ကြသေးသည်။ ဦးချီ ၏ လုပ်ရပ်သည် အနည်းဆုံးတော့ ပါးပါးတို့ ကို စိတ်အနှောက်အယှက်ဖြစ်မယ်ထင်ခဲ့လေသည်။
သို့သော် ယသော်ထင်ထားတာနဲ့ တခြားဆီ ဖြစ်ခဲ့လေသည်။
ပါးပါးက ပြော၏။
ဦးချီ က အရမ်းစိတ်ကူးကောင်းတာပဲတဲ့။
သော်အလိုမကျတော့ပါဖြစ်နိုင်ရင် ပါးပါးတို့ ကိုတားမြစ်စေချင်ပါသည်။
ဒါကို သက်ပုံကရိပ်မိသည်ထင်၏။
ထို့ နေ့ ညက သက်ပုံပြောခဲ့သော စကားများသည် သော့်နှလုံးသားထိ စူးနစ်ဝင်ရောက်စေခဲ့ပါသည်။ ပြီးတော့ သော်အရမ်းရှက်ခဲ့ရ၏။
" သား သော်သော် ၊ ဖေဖေ့သားလေးကို
လေကျယ်လေးလို့ ချစ်စနိုးခေါ်ခဲ့ဖူးတာ သားငယ်သိမှာပါ ။ တကယ်တော့ လေကျယ်တာမဟုတ်ဘူး သူတကယ် ပြောတဲ့အတိုင်းဖြစ်အောင်လုပ်နိုင်တယ်။
ဦးချီက ဥာဏ်ကောင်းတယ်၊ သင်ယူလွယ်တယ် ၊ ဇွဲကြီးတယ်။ မဖြစ်နိုင်ဘူးဆိုတာမရှိဘူး၊ မယုံရင် သားစောင့်ကြည့်ပေးလိုက်ပါ သားကိုကိုက လုပ်ပြလိမ့်မယ်။
သားပါးပါးတုန်းကလည်း သက်ပုံတို့ တတွေ ကုန်စိမ်းရောင်းပြီး ဘဝစ ခဲ့ရတာပဲ။
ဟိုး အရင် ပါးပါးလူပျိုတုန်းကဆိုရင်
ဈေးထဲမှာ ကုန်တောင်ထမ်းဘူးသေးတယ် သားရ ။ အဲ့ဒါကြောင့် ပုံညာဦးချီ
အချဉ်ပေါင်းရောင်းတာ သိမ်ငယ်စရာမဟုတ်ဘူးသော်သော်။ ဘယ်အလုပ်မဆို
စီးပွားရေးအမြင်ရှိရင် ခဏလေး ကျော်လွှားနိုင်လိမ့်မယ် "
ဖုန်းချပြီးတဲ့ထိတိုင် ယသော်လင်း ငိုင်တွေနေခဲ့ပါသည်။
ကိုကိုတောင် လုပ်ဖို့ စဉ်းစားရဲသေးတာပဲ
သူက ဘေးနားမှာ ဘာလို့ အတူရှိဖို့ မတွေးရဲမှာလဲ ဆိုတဲ့ စိတ်ကူးနဲ့ သော်အတွေးဆိုးတွေသည် ထိုနေ့ညကတည်းက
ပြေပျောက်သွားခဲ့ရပါသည်။
ချစ်တဲ့အိမ်စည်။
(ကဲ ပုံညာဦချီ က နောက်တပိုင်းဆို ဘဝစ ပါပြီ ။ သူဘာတွေလုပ်မလဲ။
ဘာဆက်ဖြစ်မလဲဆိုတာ ကျမလည်း မသိတော့ဘူး ၊ သဖက်ခါမှ တွေ့ မယ် )
Bạn đang đọc truyện trên: ZingTruyen.Xyz