နှင်းဆီဝါတို့ နီစွေးစေ(နှင်းဆီဝါတို့ နီစွေးစေ)completed
26
ဒီနေ့  ရွာကချီးထုပ်သူငယ်ချင်းတစ်စုရောက်လာကြမှာမို့  မျက်နှာသစ်ပြီး ထမင်းတအိုးတည်ထားလိုက်သည်။
သူဘာလုပ်ရမလဲ ...
ချစ်စရာကြီးတော့ "
"ဘာရှတာလဲ "
"ဒါဆို ဟိုကောင်လေးလား"
"အေး "
"ဟုတ်ကဲ့ ဦးလေး "
"အော် ..ဟုတ်ကဲ့ ဦးလေး"
နည်းတာမဟုတ် ။ မဖွင့်ဖြစ်တော့ရင်
ဖြောင်း !
အိတ်တွေ ချ တော့။ ဟိုမယ်မင်းပထွေးက
လာ လာ အအေးပတ်မယ် "
"သွက်သွက်လဲ သော် ။ ငါ မနက်စာကို
" ကိုကို့ ကို အရမ်းချစ် "
" ချီးပဲ ပုံညာဦးချီ "
"ဟိုမယ် လာနေပြီ "
ပါးစပ်ပိတ်သွားကြသည်။
" ရောက်တာ စောသားပဲ။ ကိုကို ငါဗိုက်ဆာပြီ "
"ok ခဏစောင့် "
" ဆန်၊ဆီ အကုန်ပါတယ်။ ငါတို့ က
"ကိုကို !!!! "
သွားပြီ သူတော့ ..
ချစ်တဲ့အိမ်စည်။
မနက်ခင်း နေအတော်မြင့်ချိန်လောက်မှ
ဦးချီ အိပ်ယာနိုးလာခဲ့လေသည်။ ဘေးမှာ အိပ်နေတဲ့ သော်ကတော့ ခြေကာယား လက်ကားယားဖြင့် နှစ်ခြိုက်စွာအိပ်မောကျနေ၏။ အင်္ကျီလေးသည် မနေ့ညက ဦးချီ အထက်က်ု လှန်တင် ကာ ဗိုက်ကိုပွတ်ပေးထားသည်မို့
ဖြူဖွေးဖွေးဗိုက်သားပြင်က ခုထိ အဝတ်မကပ်ပဲမြင်နေရဆဲ။
ထိုပုံစံလေးကို အတော်ကြာ ပြုံးလျက် ထိုင်ကြည့်ပီး ဦးချီ သဘောကျလို့ နေ၏။ ထို့ နောက်
အထက်လှန်တင်ထားသော အင်္ကျီလေးကိုပြန်ချပေးကာ ခြင်ထောင်ထဲကနေအရင်ထွက်လိုက်သည်။
ဒီနေ့ ရွာကချီးထုပ်သူငယ်ချင်းတစ်စုရောက်လာကြမှာမို့ မျက်နှာသစ်ပြီး ထမင်းတစ်အိုးတည်ထားလိုက်သည်။
ခါတိုင်း နှစ်ဗူး သာ ချက်ရသော ထမင်းမင်းအိုးလေးသည် ယနေ့တွင် လေးဗူးမောက်မောက် အဖြစ် ပြောင်းသွားလေသည်။
အိမ်က ကုန်ကားနဲ့ လိုက်လာမှာဆိုတော့
မန်းလေးကို မနက်စာ မစားခင် ရောက်လာနိုင်သည်။
အရင်ဆုံး သော် မနိုးခင် အိမ်ပေါ်တက်ပီး
တံမြတ်စည်းလှည်းပေးလိုက်တယ်။
ရောက်ရောက်ခြင်းထိုးလှဲအိပ်မဲ့ ကောင်တွေမှန်းဦးချီသိသည်မို့ တွက်ကပ်မနေပဲ
ခပ်သွက်သွက်လုပ်ပေးလိုက်၏။
။ အပေါ်ထပ်သည် တကယ်တော့ သိပ်ကြီးရှင်းလင်းစရာမရှိ။
ဘုရားခန်း ရှေ့ မှာ ဟောခန်းကျယ်ကြီးသာရှိပြီး အခန်းဟူ၍ လှေကားအတက်က အခန်းကျယ်ကြီးတစ်ခန်းသာရှိ၏။
၁၅မိနစ်ခန့်လှည်းကျင်းပြီးနောက် အတော်ပြောင်ရှင်းသွားပီမို့ အောက်ကိုပြေးရပြန်သည်။
ခန့် မှန်းထားတဲ့အတိုင်း ထမင်းအိုးကတော့ ကျက်နေဖြစ်၏။ ဟင်းကတော့ ထူးထွေ စီစဉ်စရာမရှိ၍ မနေ့ က သော် ပြောထားတဲ့ ကုလားပဲကြော် (ဗယာကြော် ) ကို ခရမ်းချဉ်သီးလေးနဲ့ ပြန်ချက်ပေးမည်။
ကျန်တာတော့အရွက်ကြော်တခွက်နဲ့ ချဉ်ဟင်းလေးချက်လိုက်ရင် အဆင်ပြေ၏။
နှစ်ယောက်ထဲရှိသည်မို့ ကုန်ကျစရိတ်က သိပ်ကြီးတော့မများလှ။ မကြာခင်
သော်ကလည်းကျောင်းတက်ရတော့မည်။
ခုထိသူ့ မှာ ဘာလုပ်ရမလဲ တွေးလို့ တောင်မရသေးပေ။
တကယ်ကျ ဦးချီ နည်းနည်း စွန့် စားဖို့ ကြောက်နေခြင်းသာဖြစ်သည်။ လက်ထဲမှာရှိတဲ့ ပိုက်ဆံကလည်းဒီလတွေမှာ စားတာသောက်တာနဲ့ ၃၈သိန်းစွန်းစွန်းသာကျန်တော့သည်။ ဒါတောင် သူတို့ နှစ်ယောက် ချွေချွေတာတာ စားနေလို့ ။
မဖြစ်တော့ဘူး သူတခုခုတော့ လုပ်မှပင်။
ဒီလမ်းပေါ်တွေက စီးပွားရေးလုပ်ဖို့ သင့်တော်တယ်ဆိုပေမဲ့ ဦးချီ မြင်ရသလောက်တော့ အဝတ်အထည်နဲ့ မုန့် ဆိုင်၊အလှပြင်ဆိုင်တွေ သာပေါနေသည်။
တကယ့်လက်တွေ့ ဘဝမှာ မင်းထင်သလောက်မလွယ်ဘူးဆိုတာ ပါးပါးအမြဲပြောနေကြ။ ဟုတ်တယ် တကယ်လည်း မလွယ်လှပါဘူး။ မြေစမ်းခရမ်းပျိုး ဆိုသလို
စမ်းလုပ်ကြည့်ရင်းရှိတာလေးပြောင်သွားမှာလဲ စိုးရ၏။ သူလုပ်မယ်ဆိုရင်တောင် အရင်းမများတာနဲ့ လူစိတ်ဝင်စားတာကိုသာရွေးချယ်သင့်သည်။
သူဘာလုပ်ရမလဲ ...
အလုပ်အကြောင်းကိုတွေးမိတော့
ခေါင်းက နှောက်ကျိ သွားသလို ...
အင်း သူလေကျယ်မိတာ မှားပြီထင်တယ်
စိတ်ညစ်တဲ့ကြားမှ ပြုံးရင်း ပိုက်ဆံတစ်ထောင် အင်္ကျီအိတ်ထဲထည့်ကာ သုံးအိမ်ကျော်က အကြော်ဆိုင်ဆီ ပြေးရသည်။
ဟိုရောက်တော့ မိန်းကလေး တချို့ ရပ်စောင့် နေတာတွေ့ သည် ကြောင့်
အကြော် ၅၀၀ဖိုး မှာကာ မလှမ်းမကမ်းမှာရပ်စောင့်နေလိုက်သည်။
"ဟဲ့ ဟိုမယ် အညိုစင်လေး ကြည့်ပါအုန်း
ချစ်စရာကြီးတော့ "
"အေးသွားကြည့်နေ ရှမှာတော့မမြင်ဘူး "
"ဘာရှတာလဲ "
"ဟယ် နင်မသိဘူးလားအဲ့ဒါ ငါတို့ အဆောင်ရဲ့ဟိုဖက်ကခြံကလေ "
"ဒါဆို ဟိုကောင်လေးလား"
"အေး "
" နှမြောစရာလေးဟယ် နီးနီးကပ်ကပ်ကြည့်မှ ပိုချောသလိုပဲ ၊ ယောကျာ်ပီပီသသ
ဒီလို အဆင်လေးတွေက ရှားတယ်ဟ "
"မကြောက်မရွံ ပြောရဲနေတာ အဆောင်ပေါ်က ဖူဂျီ ဆိုလား ဘာဂျီဆိုလား ပြောနေတဲ့ ကောင်မလေးတွေ သိရင် နင်တော့
တစစီဖြုတ်ခံရမှာသေချာသလောက်ပဲ "
" ဟဲဟဲ အဲ့ဒါတော့ ကြောက်တယ်လေဟာ။
သူ့ကို သေချာမှတ်ထားလိုက်ပြီ နောက်တခါမကြည့်တော့ဘူး ။အဲ့ဒါ မစားကောင်းတဲ့အသီးကြီး"
သူ့ ကို ကြည့်နေကာ စကားပြောနေကြဟန်ရှိတဲ့ မိန်းကလေး သုံးယောက်ကြောင့်
ဦးချီ စိတ်မသက်မဖြစ်ဖြစ်လာ၏။
ထို အချိန်မှာပဲ ကယ်တင်ရှင် အကြော်သည်အမကြီးမှ မောင်လေး အကြော်ရပီနော်ဆိုတဲ့ အသံက ထီသိန်းတစ်သောင်းဆုပေါက်လိုက်သလိုပင်။ အပြေးအလွှား ပိုက်ဆံပေးကာ လှည့်မကြည့်ပဲ အိမ်ကို အမြန်ပြန်လာခဲ့လိုက်သည်။
တော်သေးတယ် အိမ်က နီးနီးလေးမို့လို့သာ ..
သူပြန်လာတော့ အိမ်ရှေ့ က ဖုန်းဆိုင်တောင် ဆိုင်ပြန်ဖွင့်နေပြီ။ သော်ကတော့ ဒီချိန် မထလောက်သေး။ ဒီဆိုင်ရှေ့ မှာ ဦးချီအမြဲ ဖြတ်သွားဖြတ်လာလုပ်ပေမဲ့ သေချာမကြည့်ဖူးခဲ့မိပေ။ ဘာရယ်မဟုတ်
လက်ထဲက အကြော်ထုပ်ကို ဆွဲပြီး သူ
ဖုန်းဆိုင်ကို ခုမှစပ်စုနေမိ၏။
ဆိုင်ခန်းသီးသန့် ဆောက်ပေးထားတာမို့
လုံးချင်း အိမ်သေးသေးဖြစ်ကာ ဆိုင် အနေထား အတော်လေးလှတဲ့ပုံဖြစ်နေသည်။
မျက်နှာသာ အပြည့် မှန်အကြည်တွေ ကာရံထားကာ အတွင်းကို အကုန်မြင်နေရတဲ့ အနေထားသည် အတော်လေး
ဖုန်းဆိုင်ကို ဆွဲဆောင်မူ့ ရှိသလိုပင်။
ထို့ ကြောင့် ဒီလမ်းမကြီးပေါ်မှာမဟုတ်ပေမဲ့
အပြင်အဆင်လှသည်ကြောင့် ဖုန်းဆိုင်လေးသည် ဆိုင်ကြီးမဟုတ်ပဲနဲ့ တောင် ရောင်းကောင်းတာဖြစ်သည်။
ဦးချီ ဒါကိုလည်း သင်ခန်းစာယူလိုက်တယ်။
စီးပွားရေးလုပ်မယ်ဆိုရင် လူစိတ်ဝင်စားအောင် အပြင်အဆင် ကလည်း အဓိကကျတယ်ဆိုတာ ပင်။
" ဈေးဝယ်ပြန်လာတာလား ငါ့တူ "
"ဟုတ်ကဲ့ ဦးလေး "
အထဲကနေ မှန်တံခါးကိုတွန်းကာ ထွက်လာတဲ့ ဆိုင်ပိုင်ရှင်ဦးလေးကို မျက်မှန်းတန်းမိနေတာမို့ ရပ်ကာ နှုတ်ဆက်လိုက်သည်။
" အတော်ပဲ သားရေ ဦးလေး ဒီနေ့
ဆိုင်ခန်းကိစ္စလာပြောမလို့ စိတ်ကူးနေတာ လမ်းကြုံတုန်းပြောရအုန်းမယ်။ အထဲဝင်ပါဦးလား "
"မဝင်တော့ဘူး ဦးလေး ။ ဘာပြောချင်လို့လဲဗျ အားမနာပဲပြောလို့ရပါတယ် "
"တခြားမဟုတ်ဘူး ငါ့တူရာ။ ဒီလကုန်
ရင် အရင်ချုပ်ထားတဲ့ နှစ်ချုပ်စာချုပ်ကုန်ပြီဆိုတော့ အဲ့ဒါ နောက်နှစ်အတွက် ထပ်မချုပ်ဖြစ်ဘူးဆိုတာလေးပြောမလို့ပါ "
" အဆင်မပြေဖြစ်လို့လားဗျ "
"မဟုတ်ဘူး အဆင်ပြေပါတယ်။
ဖောက်သည်တွေနဲ့ နာမည်တောင်ရနေပီ
အဆင်မပြေစရာလားငါ့တူရာ။ ဆိုင်ခန်းအခက်အခဲကြောင့်မဟုတ်ပါဘူး ..
သားဖြစ်တဲ့သူက မိုးကုတ်သူနဲ့ အိမ်ထောင်ကျသွားတာလေ။အဲ့ဒါ ဒီဆိုင်လေးကို
ဟိုမှာပြောင်းဖွင့်မလို့ ပြောလာလို့ပါ "
"အော် ..ဟုတ်ကဲ့ ဦးလေး"
ဦးချီ စိတ်မကောင်းဖြစ်သွား၏
ဘာပဲပြောပြော ဆိုင်အငှားတင်ထားတဲ့ ဖုန်းဆိုင်ကရတဲ့ ပိုက်ဆံက တစ်နှစ်တစ်နှစ်
နည်းတာမဟုတ် ။ မဖွင့်ဖြစ်တော့ရင်
နောက်အငှားထပ်တင်ရမှာပေါ့ ဘယ်တက်နိုင်မလဲလေ...
ခြံတံခါးဖွင့်နေတဲ့လက်တွေသည် အသွားတုန်းကလိုတော့ သွက်လက်မနေတော့ပါ။
လောကဓံသည် ယခုမှ အစရှိသေးတယ်ဆိုပေမဲ့ ဦးချီကတော့ အတော်လေးမောဟ သွားပါသည်။
သူယခင်တွေးထားတဲ့စိတ်ကူးသည်
ဒီနှစ်အငှားတင်တဲ့ပိုက်ဆံကို ဘိုးဘိုးကို မပေးတော့ပဲ သူယူမယ်လို့ တွေးထားခဲ့တာဖြစ်သည်။
အင်း လွယ်လွယ်ရတဲ့ပိုက်ဆံက သူနဲ့ မထိုက်တန်ဘူးထင်ပါတယ်....
" ဟေ့ကောင် ဖေ့သား ..ဒီမှာ မင်းဦးရီးတော်တွေ ရောက်ပီကွ "
ဆူဆူညံညံ အသံများနဲ့ အတူ သုံးဘီးတစီးနဲ့ ဆိုင်ကယ် နှစ်စီးက ခြံရှေ့ လာရပ်သည်။ အောင်မာ ဘွတ်တွေ ရွှတ်တွေနဲ့
သံချောင်းတို့ တတွေ အပီအပြင် မြို့ သားယောင်ဆောင်လာကြတဲ့ပုံတွေကြည့်ပီး စိတ်ညစ်တာတောင်ပျောက်သွား၏။
" ရောက်လာကြပီလား စောသားပဲ မင်းတို့ "
"စောမှာပေါ့ ဦးလေးကောင်းကို
ငါတို့ တွေကို သုံးနာရီလောက်ကတည်းက ကားထွက်ပေးဖို့ သွားဂျီတိုက်ထားရတာ ။
မန်းလေးလာချင်တာ တပိုင်းကိုသေလို့ ။
ဟီး ...ဘေးက အဆောင်က မိန်းကလေးအဆောင်ထင်တယ် ။ ဟိုမှာ ကောင်မလေးတစ်ယောက် ပြတင်းပေါက်မှာရပ်နေတယ်"
လွင်ဦး စကားကြောင့် ခေါင်းအကုန်သည်
တဖက်အဆောင်ဆီသို့ ရောက်ကုန်ကြသည်။ နှာဗူးကောင်တွေ တသိုက်ကိုမျက်စောင်းခဲကာ
"အေး အဲ့အချိုးတွေ သော့်ရှေ့ ကြပ်ကြပ်လုပ်၊ ဟိုက စိတ်က လက်တဆစ်နဲ့ တွေ့ ကြအုန်းမယ်မင်းတို့ တော့ "
"ပါလာပြန်ပီ ၊ မင်းမယားလေးကို မင်းပဲကြောက် ၊ ငါတို့ ကတော့ဘယ်သူဘာပြောပြော တက္ကသိုလ်ဘဝကို စိတ်ကြိုက်ကဲမှာပဲ "
"ဟိတ်ကောင်သံချောင်း တိုးတိုးလုပ်စမ်း ၊ သော်နေမကောင်းလို့ အိပ်နေတယ် မင်းအသံကြီးနဲ့ "
" -ီးသံချောင်းလား ။ ငါ့နာမည် မြင့်မြတ်ဟိန်းကွ မြင့်မြတ်ဟိန်း ၊ တခါထဲဟိုကောင်တွေ ကိုမှာထားလိုက်မယ် ။ ဒီမြေ ၊ဒီရေပေါ်မှာ ငါ့ကို သံချောင်းလို့ ထပ်မခေါ်ကြနဲ့ နော် ။ အသက်ချင်းလဲပစ်လိုက်မယ် ဘာမှတ်နေလဲ"
ဖြောင်း !
တိုးသိန်း ရဲ့ လက်သံကအတော်ပြောင်သည် ။ ငိုက်ခနဲ ဖြစ်သွားသော သံချောင်းခေါ် မြင့်မြတ်ဟိန်း တစ်ယောက် စကားဆက်မပြောရဲတော့။
" တော်တော့ သောက်စကားတွေလျော့ပီး
အ်ိတ်တွေ ချ တော့။ ဟိုမယ်မင်းပထွေးက
စောင့်ရတာ စိတ်မရှည်တော့လို့ ပြောနေပီ "
ဦးချီ ထိုအုပ်စုကို ပစ်ကာ အိမ်ထဲဝင်လာခဲ့လိုက်သည်။
လက်ထဲ အကြော်ထုပ်လေးကတော့ အေးစက်စပြုနေပေမဲ့ ပြန်ချက်မှာမို့ ပြသနာတော့မရှိ..
တိုင်ငုတ်မှာ ချိတ်ပြီး မီးဖိုချောင်ထဲက အထွက် သော်က ရေချိုးပြီး ပြန်လာတာနဲ့ ဆုံ၏။
" ရေတွေ ချိုးလာတာလား သော် "
"အင်း ငြီးစိစိ ဖြစ်နေလို့ ။ အသံတွေကြားတယ် မင်းသူငယ်ချင်းတွေရောက်လာပီလား "
"ဟုတ်တယ် လူက အထဲမရောက်သေးဘူးအသံတွေကတော့ ကြားတဲ့အတိုင်းပဲ။
လာ လာ အအေးပတ်မယ် "
ပုဆိုးရေဝတ်လဲထားပေမဲ့ အနည်းငယ်တော့ စိုထိုင်းသေးသည်။ အင်္ကျီမပါပဲ တဘတ်ကြီးကြီးချုံ ထားတဲ့ ယသော်လင်း သည် ဖြူဖွေးဖွေးလေးမို့ ဦးချီ အမြန်အခန်းထဲ ဆွဲထည့်လိုက်၏။
"သွက်သွက်လဲ သော် ။ ငါ မနက်စာကို
ညက လုပ်ထားတဲ့ ပေါင်မုန့် လေးကို
ကြက်ဥနဲ့ ပြန်ကြော်ပေးမယ် "
" ကိုကို့ ကို အရမ်းချစ် "
အခန်းထဲက ပြောင်စပ်စပ်အသံကိုကျောခိုင်းကာ မီးဖိုချောင်ထဲပြန်ပြေးရပြန်သည်။
ဟိုကောင်တွေကတော့ ဘာစားစား
သူကတော့ နှစ်ယောက်စာပဲလုပ်မည် ပိုတော့မလုပ်ပေးနိုင် ၊ ဆီ ကုန်၊ ဆားကုန်နဲ့ ။
" ပုံညာ ငါတို့ အတွက်ဘာရှိလဲ ဗိုက်ဆာတယ် "
"ဘာမှမရှိဘူး အပြင်မှာ မုန့် ဆိုင်တွေပေါတယ် သွားဝယ်စား "
လှည့်မကြည့်ပဲ ဦးချီပြောတော့ ထိုကောင်တွေထံက မကျေမနပ်သံတွေ ထွက်လာ၏။
" မင်းကတော့ တကယ့်ကောင်ပဲ။
အေးပါ မင်းအကြောင်းသိလို့ အိမ်က အကုန်ထည့်လာတယ်။ ဟိုကောင် တင်မောင်ညွှန့် သူ့ အိမ်က ပေးလိုက်တာဟာတွေ ထုတ်မပေးနဲ့ "
သံချောင်းရဲ့ ညစ်ကျယ်ကျယ် စကားကို
ဦးချီ ဒယ်အိုးထဲ ပေါင်မုန့် ပြန်ဆယ်ပီးမှ
ထိုကောင်တွေဖက်လှည့်ကာ
" သက်ပုံထည့်ပေးလိုက်တဲ့စာရင်း ငါအကုန်သိတယ်။ ခုထုတ်လိုက်စားပွဲပေါ်ကို ငါးခြောက်ကြော် ၊ သော့် အတွက် ပုဇွန်ထုတ်ကြော် ၊ ကြက်သားကြော် နဲ့
မာလကာသီး တစ်ဖာ ၊ မပေးချင်ရင် အိမ်ပေါ်ကဆင်းကြ "
" ချီးပဲ ပုံညာဦးချီ "
ဆဲသံတွေ တသီကြီးထွက်လာတော့သည်။ ထို့ နောက်မကျေမနပ် မျက်နှာများ
ဖြင့် သယ်လာခဲ့တဲ့ အထုတ်အပိုးတွေကိုထုတ်ပေးကြသည်။
" မင်းမိန်းမလေးရော မမြင်ပါ့လား "
"ဟိုမယ် လာနေပြီ "
မေးငေါ့ပြလိုက်တော့ ငါးယောက်သမား
ပါးစပ်ပိတ်သွားကြသည်။
ဦးချီ တိတ်တခိုးရယ်လိုက်မိတယ်။
သော့်ကိုတော့ ဒီကောင်တွေအကုန်ကြောက်ကြတာကို သူသိသည်။
" ရောက်တာ စောသားပဲ။ ကိုကို ငါဗိုက်ဆာပြီ "
"ok ခဏစောင့် "
သူတို့ အကုန်လုံးကို ဝတ်ကျေတမ်းကျေတာ နှုတ်ဆက်ရုံလုပ်သွားတဲ့ အဖြူ ကောင်သေးသေးကို သံချောင်းတို့ အုပ်စု မကျေနပ်ပေမဲ့ တစ်ယောက်မှပြန်မပြောရဲကြ။
" ဒီမှာနေမယ်ဆိုရင် စည်းကမ်းချက်တွေရှိတယ်။ အိမ်သန့် ရှင်းရေး၊မီးဖိုချောင် ၊
ကိုကို့ ကိုပဲ မင်းတို့ ခိုင်းဖို့ မစဉ်းစားနဲ့
အကုန်ဝေမျှ လုပ်ပေးကြပါ။ ပြီးတော့ မီးတာခ တက်မှာမို့ ပန်ကာ တစ်လုံးပဲ သုံးခွင့်ရှိမယ်။ အပေါ်ထပ်မှာ မင်းတို့ ကြိုက်သလို နေလို့ရတယ် ဒါပေမဲ့ စားဖို့ အတွက် ကိုယ့်ဘာသာချက်ရင်ချက်.. အဲ့လိုမှမဟုတ်ရင် တစ်ယောက်တလှည့် ဝင်ချက်ပေးလည်းရတယ် ။ ဆန် ၊ဆီ ၊ဆား အကုန်မျှခံပေးကြပါ ငါတို့ ကိုယ်တိုင်
ဘာအလုပ်မှမရှိသေးတော့ ခက်ခဲနေလို့"
ယသော်လင်းတခါထဲ အပြတ်ပြောလိုက်သည်။ မဟုတ်ရင် နောင်တချိန် စကားတွေထပ်ပြောနေရရင် သူငယ်ချင်းတွေ အမုန်းပွားကြမှာသူမလိုချင်ပါ။
ကိုကို့ သူငယ်ချင်းတွေမို့ အမြင်မကြည်တာမျိုးမရှိပေမဲ့ သူတို့ ကိုယ်တိုင်တောင် မနည်းရပ်တည်နေရတာမို့ ပင်။
"သိတယ် မင်းပြောတာမခံချင်လို့ ကို အိမ်က လာကတည်းကအကုန်ပါခဲ့ပြီးသား
ဟိုကောင် သံချောင်းထုတ်ပြလိုက်စမ်း"
"မြင့်မြတ်ဟိန်းလို့ ခေါ်ပါဆို ဒီမသာကသေတော့မယ် "
သံချောင်း သူ့နာမည်ကြောင့်အတော်လေးစိတ်ညစ်နေပါသည်။ ဘာကြောင့်အိမ်ကမိဘတွေက ချစ်စနိုးနာမည်ကို တခြားလှတာ မပေးလဲဆိုတာ စဉ်းစားလို့တောင်မရ။ နောင်တချိန် ရည်းစားရှိလာခဲ့ရင် ကောင်မလေးရှေ့ မှာ သံချောင်းလို့ များအခေါ်ခံလိုက်ရရင် ရှက်ဖွယ်ပင်။
မပျော်တော့တဲ့ စိတ်ကလေးကိုဆွဲဆန့် ပြီး
ပါလာတဲ့ ဆန်အိတ်နဲ့ ဆီပုံးကို မီးဖိုခန်းထောင့်ကို သွားပုံပေးလိုက်ကြသည်။
" ဆန်၊ဆီ အကုန်ပါတယ်။ ငါတို့ က
မချမ်းသာပေမဲ့ အကုန် ချောင်ချောင်လည်လည်နေနိုင်တဲ့သူတွေကြီးပဲ။ အဆောင်မနေဘူးဆိုတာကလည်း ဒီမှာလွတ်လွတ်နေချင်တာကြောင့်ပါ။ မပူနဲ့ မီတာခလည်းငါတို့ မျှခံပေးပါ့မယ်။ပန်ကာတော့ နှစ်လုံးသုံးပါရစေကွာ ၊ သိတဲ့အတိုင် မင်းတို့ မြို့ က ငါတို့ ရွာလိုလေဝင်လေထွက်ကကောင်းတာမဟုတ်ဘူး အသက်ရူကြပ်လို့ သေရချည်ရဲ့ "
သံချောင်းစကားကို ဦးချီလက်ခံပါသည်။
ထို့ ကြောင့် ခေါင်းညိမ့်ကာ
" ဒါဆို အဆင်ပြေတယ် ။ ပြောစရာစကားမရှိတော့ဘူး ၊ အပေါ်မှာ သန့်ရှင်းရေးလုပ်ထားပြီးသား သွားနားကြတော့ "
တစ်ယောက်တစ်ပေါက်အော်ဟစ်ကာ အပေါ်တက်သွားကြာတာကို ငေးနေရင်း
အေးစိမ့်စိမ့် ပတ်ဝန်ကျင်ကြောင့် ဦးချီ အလန့် တကြားလှည့်ကြည့်လိုက်၏။
သော်သည် စာပေါ်မှာတင်ထားသော
သူ့ လက်တွေ ကိုလက်သီးစုတ်ထားပြီး
မီးဝင်းဝင်းတောက်နေသော မျက်လုံးတွေဖြင့် သူ့ ကိုကြည့်နေတာဖြစ်သည်။
ထို့ နောက် ကြီးမားသော အင်အားပြည့်လေလိုင်းတခုသည် အောက်ထပ်က ထမင်းစားခန်းတစ်ခုလုံးကိုလွှမ်းခြုံ၍ သွားလေ၏။
"ကိုကို !!!! "
သွားပြီ သူတော့ ..
ချစ်တဲ့အိမ်စည်။
( Vote Vote 😁 မေ့နေမှာစိုးလို့ )
Bạn đang đọc truyện trên: ZingTruyen.Xyz