ZingTruyen.Xyz

နှင်းဆီဝါတို့ နီစွေးစေ(နွင္းဆီဝါတို ႔နီေစြးေစ)completed

25

eainsi23

"ကိုကို  ..ကိုကို ထပါဦး  "

လက္ေမာင္းကေန လႈပ္နႈိးခံလိုက္ရတာမို ႔
ဦးခ်ီ လန္ ႔နႈိးလာရ၏။ ေဘးမွာ အိပ္ေနတဲ့ ေသာ္က  ရႈံ ့မဲ့ေနတဲ့အျပင္ ဗိုက္ကိုပါ ဖိထားေသးသည္။  တခုခုျဖစ္တဲ့ပံုစံမို ႔ဦးခ်ီ အလန္ ႔တၾကားထထိုင္ကာ  ေခြၽးေတြ႐ြဲေနတဲ့ ေသာ့္ ဆံပင္ေတြ ကို နွဖူးေပၚမက်ေအာင္လွန္တင္ေပးလိုက္ရင္း

"ေသာ္  ဘာျဖစ္တာလဲ ။ ေခြၽးေတြလည္း႐ႊဲေနတာပဲ  ဗိုက္ေအာင့္တာလား "

ဟု စိုးရိမ္တႀကီးေမးမိသည္။ ဒီကေလးက
အခ်ဥ္၊အစပ္ေတြ သိပ္ႀကိဳက္တာ ။ ညေနခင္းက  တြန္းလွည္းနွင့္ေရာင္းေသာ ေစ်းသည္ဆီက အခ်ဥ္ေပါင္းေတြဝယ္စားေသးသည္။ ခါတိုင္းလည္း  ထိုလက္တြန္းလွည္းသည္ေတြဆီက ဝယ္စားေနၾကပါ။ ခုမွ  ဘာျဖစ္မွန္းမသိေတာ့ ဦးခ်ီ နည္းနည္းေတာ့ ျပာယာခတ္သြား၏။

"  ဗိုက္ေအာင့္တယ္ "

"ဟင္ ! ၾကာပီလား ေအာင့္တာ  "

ေခြၽးေတြက ပိုထြက္လာသလိုပင္  ။
လက္ဖဝါးနွင့္ မ်က္နွာအနွံ ့ပင့္သုတ္ေပးေနေပမဲ့  ေသာ္ေခါင္းညိမ့္ျပလာေတာ့ 
လူက ပူထူသြား၏။ တခုခုျဖစ္ရင္  သူတို ႔နွစ္ေယာက္ထဲရွိတာ။
မျဖစ္ေသးဘူး။ နာရီၾကည့္ေတာ့  ၁နာရီထိုး ေနၿပီ။ ဘယ္ခ်ိန္ကမ်ားေဝသနာကိုႀကိတ္ခံစားေနမလဲ ေတြးမိေတာ့ ဂရုဏာ စိတ္နဲ ့ဆူပစ္ခ်င္သည္။

"ေသာ္ ငါတို ႔ေဆးခန္းသြားရေအာင္ ။
လမ္းထိပ္မွာ  ၂၄နာရီဖြင့္ထားတဲ့ေဆးခန္းရွိတယ္။ "

ကုတင္ေအာက္ကိုအရင္ဆင္းကာ
ရႈတ္ေနတဲ့ ျခင္ေထာင္ကိုဆြဲေပြ ႕တင္ၿပီးအရင္သိမ္းလိုက္သည္။ စားပြဲမွာ သံုးခ်င္ရာသံုးရေအာင္အလြယ္ထား ၊ထားတဲ့
ပိုက္ဆံအိတ္အမဲေလးကိုခါးၾကားထိုးကာ
ေသာ္ကိုဖိနပ္စီးေပးလိုက္သည္။
ထို ႔ေနာက္  ဗိုက္ကိုဖိကာ  ကုတင္ေပၚမွာ ေျခတြဲလြဲ ခ်ထိုင္ေနေသာ  ေသာ့္ကို   ေက်ာ္ေပၚတင္ကာ လမ္းထိတ္ေဆးခန္းကို သြားဖို ႔ျပင္သည္။

"ေသာ္ အရမ္းနာေနလား။ ေစာေစာေလးေတာ့ ငါ့ကိုမနႈိးပဲနဲ ့ကြာ  ။ ဘယ္ခ်ိန္ကတည္းကႀကိတ္ခံေနတာလဲ "

လမ္းထိပ္ က ၁၀မိနစ္ေက်ာ္ေက်ာ္ေလာက္သြားရမည္။ ေသာ့္ကို  ေက်ာပိုးကာ
ညႀကီးမိုးခ်ဳပ္  ခပ္သုတ္သုတ္သြားေနေသာ သူတို ႔ကို  လမ္းေဘးအိပ္ေနတဲ့ေခြးက ဘာထင္ေနမွန္းမသိ  အေရးထဲစူးစူးဝါးဝါးထိုးေဟာင္ေနေသးသည္။ မီးတိုင္ေတြအျပည့္ထြန္းထားေသာ 
မန္းေလးညသည္  ေၾကာက္စရာမေကာင္းေသာ္လည္း   ဦးခ်ီကေတာ့  ေသာ္ တခုခုျဖစ္မွာကိုေတြးကာ  သိပ္ေၾကာက္ေနခဲ့ပါသည္။ 

ေဆးခန္းသည္ ရပ္ကြက္ေဆးခန္းမို ႔သိပ္မႀကီးပါ။ ညမိုးခ်ဳပ္ျဖစ္သည္ေၾကာင့္ထင္ အထဲမွာ ၾကည့္ေပးေနေသာ  လူနာ တစ္ေယာက္ကိုသာ ေတြ ႕ရ၏။
အထဲက လူနာ မထြက္မလာျခင္း  ဦးခ်ီ ေသာ့္ကိုေအာက္မခ်ပဲ အခန္းေပါက္ဝေရွ ႔မွာ  စိတ္မရွည္စြာရပ္ေစာင့္ေနရသည္။
၂မိနစ္ခန္ ႔အၾကာတြင္  လူႀကီးတစ္ေယာက္ထြက္လာသည္မို ႔ဦးခ်ီ ဇြတ္အတင္း အထဲကို  ဝင္သြားလိုက္၏။

" ဘာျဖစ္လာတာလဲ "

"ဗိုက္ေအာင့္လို႔တဲ့  ဆရာ  ။ ေခြၽးေတြလညအရမ္းထြက္ေနတယ္ ကြၽန္ေတာ္ ဘာလုပ္ေပးရမွန္းမသိလို ႔  "

"ဘာေတြစားထားေသးလဲ "

"ညေနေစာင္းကေတာ့  တြန္းလွည္းသည္ဆီက အခ်ဥ္ေပါင္းသုတ္ေတြဝယ္စားေသးတယ္။ အဲ့ဒါကလည္း  ခါတိုင္း သူစားေနၾကပါဆရာ။  "

ဦးခ်ီ ျပာယာခတ္ေနပါၿပီ။
ေသာ့္မ်က္နွာေလးမဲ့သြားေလ  ၊  ဦးခ်ီ ငိုခ်င္ေလပဲ။  ဆရာဝန္က စမ္းသပ္ၾကည့္ရူ ႔ေနတာကို ေဘးမွာ ရပ္ၾကည့္ေနရင္း 
တံေတြးေတြအႀကိမ္ႀကိမ္ၿမိဳ ခ်ေနရသည္။
ပါးပါးတို ႔သိရင္ ေသာ့္ကိုေသခ်ာမေစာင့္ေရွာက္ေပးနိုင္လို ႔ဆူေတာ့မွာေသခ်ာသည္။
ဒါကိုဦးခ်ီ မေၾကာက္ပါ  ။ ခုလတ္တေလာမွာ ေသာ္ဘာမွမျဖစ္ဖို ႔သာအေရးႀကီး၏။

"စိုးရိမ္စရာမရွိပါဘူး။ ဆရာေဆး နွစ္လံုးထိုးေပးလိုက္မယ္။  ခုတေလာ  အခ်ဥ္ ၊အစပ္ေတြ  စားတာမ်ားလို ႔ျဖစ္တာ ။ ငရုတ္သီးက စားတိုင္းေကာင္းတာေတာ့မဟုတ္ဘူးေလ်ာ့စားေနာ္။  ၿပီးေတာ့ လက္လုပ္ခ်ဥ္ေတြ အဲ့ဒါေတြကိုလည္း သိပ္မစားနဲ႔ ၊ တခ်ိဳ ႕က သန္႔သန္႔ရွင္းရွင္းေရာင္းခ်ၾကတာ ရွိေပမဲ့ တခ်ိဳ ႕က ရက္လြန္ေနတဲ့ အခ်ဥ္မ်ိဳးေတြ ကိုေနာက္ရက္ျပန္ေရာင္းတာမ်ိဳး ၊ဒါမွမဟုတ္  မသန္႔မရွင္းျပန္လည္ေရာင္းခ်ၾကတဲ့အခါမ်ိဳးမွာ  စားသံုးသူက တစ္ရက္မဟုတ္တစ္ရက္ အခန္ ႔မသင့္ေတာ့ျဖစ္ေတာ့တာပဲ  "

ေဆးထိုးအပ္ထဲကေဆးရည္ၾကည္ေတြ ေသာ့္ခနၶာကိုယ္ထဲကိုတိုးဝင္သြားတာကိုၾကည့္ၿပီး  ဦးခ်ီ   စိတ္မေကာင္းျဖစ္ေနမိသည္။
ေသာ့္မွာ ေစာင့္ေရွာက္ေပးမဲ့ မိဘကရွိေတာ့တာမဟုတ္။ သူသာ ေဘးမွာ  ခလုတ္မထိ ၊ ဆူးမၿငိေအာင္ ကာကြယ္ေပးရမွာပင္။  ဒီေန ႔ျဖစ္သြားတဲ့ ကိစၥကို  ဦးခ်ီ
သင္ခန္းစာယူပါသည္။ ေသာ့္ကို  ကာကြယ္ရမဲ့သူသည္   ဦးခ်ီ သာျဖစ္သည္မို ႔
ေသာ္အခုလို ျဖစ္ရျခင္းမွာ ဦးခ်ီ၏ အသံုးမက်မူ ႔ေၾကာင့္သာျဖစ္မည္။

" ေက်းဇူး တင္ပါတယ္ဆရာ  "

ရုိေသစြာ နႈတ္ဆက္ရင္း အလာတုန္းကအတိုင္း ေသာ့္ကို  ေက်ာျပန္ပိုးလိုက္၏။
အနည္းငယ္ သက္သာသြားဟန္ ရွိတဲ့ ေကာင္ငယ္ေလးသည္  သူ ႔အျပစ္ကို သိသည္ထင္  ေက်ာေပၚမွာ ၿငိမ္သက္စြာလိုက္ပါလာ၏။ 

မႏၲေလးညခ်မ္း သည္ အလြန္ လွပေပသည္။ အလာတုန္းက ေသခ်ာမၾကည့္မိေသာ  လမ္း ကေလးသည္ ျဖတ္သန္းသြားလာသူ တစီးတေလကလြဲၿပီး  လူသူရွင္းလင္းေန၏။  အေဆာင္မ်ားစြာရွိေသာ လမ္းမို  ဂစ္တာသဲ့သဲ့ နွင့္ လူပ်ိဳတခ်ိဳ႕၏ ေနာက္ပိုးလုပ္ေနသံတခ်ိဳ ႕ကိုလည္း  ၾကားေနရသည္။   မၾကာခင္က စူးစူးဝါးဝါးထိုးေဟာင္ေနေသာ ေခြးကေတာ့ အျပန္မွတ္မိသြားလို႔လားမသိ  အဖတ္ေတာင္မလုပ္ လမ္းေဘးမွာ ေခြအိပ္ေနလ်က္။

"ကိုကို  ငါမွားသြားပါတယ္  "

"ေသာ္က ဘာအမွားမွ မလုပ္ထားတာ  ၊ ေတာင္းပန္စရာမလိုပါဘူး။ ငါ ေနာက္ဆို မင္းကို ပိုဂရုစိုက္ေပးပါ့မယ္။  ကိုကိုေသာ္ေလး ေနမေကာင္းျဖစ္တာ ငါတကယ္မႀကိဳက္ဘူး "

ေသာ့္ကိုယ္လံုးက ေက်ာေပၚပိုးထားတာေတာင္ ေလးတယ္မထင္  အလြန္ေပါ့ပါးေနသည္။ 
ေျခေထာက္ေသးေသးေလးေတြ ၊လက္ေသးေသးေလးေတြကို တကယ္အားမရလိုက္တာ။ တကယ္ဆို ေသာ္က  အရပ္ အရမ္းႀကီးမပုပါ။ သို ႔ေသာ္  ၅ ေပ ၆လက္မဆိုတဲ့ အရပ္ကေလးသည္  ဦးခ်ီ ရင္ဘတ္နားေလာက္သာရွိသည္မို ႔  ေသာ္ကအၿမဲတမ္း  ဦးခ်ီ ေမြးထားေသာ  ကေလးေလးနဲ ့တူသည္။ ဒါေတာင္ အရပ္ရွည္ေဆးေတြ အမ်ားႀကီးတိုက္ထားလို ႔ဒီေလာက္ထြက္လာတာ။

"  ကိုကို  ဟိုးမွာ ၾကည့္စမ္း ။ ဒီေန ႔လျပည့္ေန႔လားမသိဘူး ။ လ သာေနတယ္  "

" အင္း  ဒီေန ႔လျပည့္ေန႔မဟုတ္ဘူး။ မနက္ဖန္မွ လျပည့္ေန ႔ေသာ္ရဲ႕  "

ဝိုင္းစက္ေနေသာ  လကို အတူေမာ့ၾကည့္ရင္း သူတို ႔နွစ္ေယာက္  လမ္းေလ်ွာက္လာခဲ့ၾကသည္။   ဂုတ္ေပၚမွာ ေမးတင္ထားတဲ့ ေကာင္ေလးဟာ  သိသိသာသာ နာက်င္မူ ႔ကင္းသြားေလပံုပင္ စကားေတြအမ်ားႀကီးေျပာေန၏။

"ကိုကို "

"ဗ်ာ .."

ဦးခ်ီ ဆီမွ သံရွည္ဆြဲကာ ထူးလာတဲ့ အသံေလးကို  ယေသာ္ သိပ္သေဘာက်သည္။ ကိုကို ဟု ေခၚေသာ္လည္း သူတို ႔နွစ္ေယာက္သည္ အသက္မကြာသူေတြမို ႔မင္းနဲ ့ငါသာ ေျပာျဖစ္ၾကသည္။
ထို ႔အတြက္ကိုလည္း ယေသာ္ သိပ္အားနာရပါ၏။ ကိုကိုက  စိတ္ရင္းေကာင္းသလို ၾကင္နာတက္သည္။
သူငယ္ခ်င္းလို ေဘးမွာ အတူေနေပးသည္ ဆိုေပမဲ့ ေသာ့္အတြက္ကေတာ့ ပံုညာဦးခ်ီ သည္ ဖခင္တစ္ေယာက္လိုပင္။

" ငါ  မင္းနဲ ့ပဲ အတူ ေနခ်င္ေတာ့တယ္ "

"ထူးထူးဆန္းဆန္း  "

အိမ္တံခါးေသာ့ဖြင့္ေနတဲ့ လက္ေတြေၾကာင့္  ယေသာ္ ဦးခ်ီ ခါးကို  ေျခေထာက္ေတြသံုးကာ ေအာက္မက်ေအာင္  အတင္းခြထားရသည္။
အိမ္ထဲေရာက္တဲ့အထိ ေသာ္ေအာက္ကိုမဆင္းခ်င္ေသး။

" ဟုတ္တယ္   ငါ ကိုကိုနဲ ့ပဲ တသက္လံုးအတူေနေတာ့မယ္  "

"ျဖစ္ရေလ ။ ဒါဆို ငါက မိန္းမ မယူရေတာ့ဘူးလား ေျပာ  "

"မယူရဘူး။  မင္း ကို တျခားသူ ကို အပိုင္ေပးရဖို ႔ငါတခါမွ ေတြးေတာင္မၾကည့္ဖူးဘူး  "

ေနာက္ေဖးထိ တန္းတန္းမွတ္မွတ္ ဝင္သြားကာ အိမ္သာေရွ ႔ေရာက္မွ ေအာက္ကို ခ်ေပးသည္။
ေသာ္ စကားေျပာမျပတ္ပဲ အိမ္သာထဲဝင္ကာ ရွဴ းဝင္ေပါက္၏။
ၿပီးေတာ ့ျပန္ထြက္လာေတာ့  ဦးခ်ီ ထပ္ဝင္၏။ 

"ခုေတြးၾကည့္ထားေပါ့ ၊ အခ်ိန္တန္ရင္
မင္းကေတာင္ ငါ့ကိုအရင္ထားခဲ့မလားပဲ  "

"ငါက ဘာလို ႔မင္းကိုထားခဲ့ရမွာလဲ။
ေျပာပီးပီေလ  ငါမင္းနဲ ့ပဲ တသက္လံုးေနမွာ  ။ မင္းေလာက္ ငါ့ကို ခ်စ္နိုင္မဲ့သူ
တေလာကလံုးမွာ ဘယ္သူမွ ရွိမွာ မဟုတ္ဘူး အဲ့ဒါေသခ်ာတယ္  "

အိမ္သာတံခါးျပန္ပိတ္ရင္း ဦးခ်ီ ေခါင္းရမ္းလိုက္သည္။  အိမ္ေပါက္ဝနားမွာရွိတဲ့ ေဘစင္မွာ  လက္ေဆးေနတဲ့အထိ ေသာ္က
လက္ေမာင္းကို အတင္းဖက္ကာ သူျဖစ္ခ်င္ေနတာေတြေျပာေနေသးသည္ ။

"  အဲ့ဒါ မင္းတကယ္ခ်စ္တဲ့သူ ကိုမေတြ ႕ေသးလို ႔ပါ ေသာ္ရာ။ တကယ္သာ မင္းခ်စ္တဲ့ တစ္ေယာက္ေယာက္ေတြ ႕လာရင္ ငါက အတူေနပါလို ႔ေခၚထားရင္ေတာင္ မင္းက ေနမွာမဟုတ္ေတာ့ဘူး "

လက္ကေရစက္ေတြကို ေသာ့္မ်က္နွာေလးခါရင္း  ဦးခ်ီ စေနမိသည္။
ေသာ္က ဒီေန ႔ထူးဆန္းေနသလိုပင္။
ခါတိုင္း သူအဲ့လို စရင္ ေအာ္ဟစ္ကာရန္ျပန္ေတြ ႕ေနၾက။ ခုေတာ့  ေခါင္းငဲ့ေရွာင္တာကလြဲၿပီး  သူ ႔လက္ေမာင္းကိုမွီထားတာကိုဖယ္မေပးပဲ ကပ္ေန၏။

" ကဲ့ မိုးခ်ဳပ္ေနၿပီ။ ကိုကိုတို႔အိပ္ရေအာင္ေသာ္ေရ။ မနက္က်   သံေခ်ာင္းတို ႔လာၾကမွာ ဆိုေတာ့  အေပၚထပ္ကိုနည္းနည္း သန္႔ရွင္းေရးထပ္လုပ္ေပးလိုက္အုန္းမယ္  "

" ဘာလို႔ လုပ္ေပးရမွာလဲ။ ကိုကိုက အိမ္ရွင္ ဘာမွလုပ္ေပးစရာမလိုဘူး။  သူတို ႔ဘာသာ လုပ္ပေလ့ေစ ။ "

ဦးခ်ီ သေဘာတက် ႁပံဳးကာ  ေသာ့္ပုခံုးကိုဖက္လ်က္ အခန္းထဲဝင္လာခဲ့သည္။
ေသာ္က ႐ြာက ဦးခ်ီ သူငယ္ခ်င္းေတြကို သိပ္မတည့္။ အေၾကာင္းမွာ  ဦးခ်ီ စာက်က္ေနခ်ိန္ေတြမွာ  ေဘာလံုးကန္ရေအာင္ ဆိုၿပီး အၿမဲ ေခၚသြားတက္ဖူးလို႔ပင္။

" ေသာ္ကလည္းကြာ မဟုတ္တာကို  အက်င့္ပုတ္ေနျပန္ပီ ။  လာ လာ အိပ္ေတာ့ ေဆးနွစ္လံုးထိုးလိုက္ေတာ့ ေလသံေတြ ျပန္မာလာတာေပါ့ ဟုတ္လား ကိုကို႔ေသာ္  "

အိပ္ယာေပၚေရာက္တဲ့ ထိ ေသာ့္မ်က္နွာက စူပုတ္ေနဆဲ။
ခ်က္ျခင္းႀကီး ဗိုက္ေအာင့္  ေပ်ာက္္မသြားေလာက္ေသးဘူးထင္တာမို ႔ အက်ၤ ီလွန္ကာ  ဗိုက္ပိန္ေလးကို အသာပြတ္ေပးေနမိသည္။

" မင္း အဲ့လိုေတြ သေဘာေကာင္းေနလို ႔ဟိုက ညာညာ ခိုင္းတာ ။ သူတို ႔ဘာသာ
ဒီမွာလာေနမွာေလ  ၊ အိမ္လည္းသူတို ႔ဘာသာ ရွင္းလိမ့္မယ္။ မင္းလုပ္ၾကည့္ ငါနဲ ့ေတြ ႕မယ္။  "

"ေသာ္ရာ  ပညာလာသင္ၾကတဲ့ သူေတြပဲ
ကုသိုလ္ေတာင္ရေသးတယ္။ ၿပီးေတာ့ ကိုကိုတို ႔လည္းအေဖာ္ရတာေပါ့ ။ အိမ္ရွင္းေပးရတာဘာခက္တာမွတ္လို ႔ "

"ကိုကို ! ! "

"အင္း အင္း ဟုတ္ပီ ငါ ဘာမွလုပ္မေပးေတာ့ဘူး သူတို ႔ဘာသာ ရွင္းၿပီးေနလိမ့္မယ္ ဟုတ္ပီလား ေသာ္ေရ  "

လြင့္ပါးလာတဲ့ မ်က္ေစာင္းေလးကို ခံယူရင္း  ခ်စ္စရာပါးခ်ိဳင့္ေလးရွိရာ  ပါးျပင္ကိုလက္နဲ ့အသာ ဆြဲညစ္လိုက္သည္။
ေသာ္က သူနဲ ့ပတ္သတ္လာရင္ အၿမဲ အက်င့္ပုတ္တဲ့ ေကာင္ဆိုးေလးပင္။
ဆယ္တန္ေအာင္ျမင္သြားၾကတဲ့ သူငယ္ခ်င္း ေတြသည္  မန္းေလးမွာ ေက်ာင္းတက္ဖို ႔မနက္ဖန္ လာၾကမည္။
ေနစရာကေတာ့  သူအိမ္မွာေနဖို ႔ခြင့္ေတာင္းထားေတာ့ အေဖာ္ရေအာင္လက္ခံလိုက္သည္။   ေသာ္ေရာ အတူေနတက္ပါ့မလားဆိုတာ သူတခါမွေတာ့ေမးမၾကည့္ခဲ့မိ။  ဘာပဲေျပာေျပာ ေသာ္သာ  မႀကိဳက္ရင္ အားနာေပမဲ့ မင္းတို ႔အေဆာင္သြားေနၾကလို ႔ေျပာရလိမ့္မည္။

"  နာေနေသးလား  "

"ဟင္အင္  မင္းအဲ့လို ပြတ္ေပးတာေနလို႔ေကာင္းတယ္။  မင္းလက္ဖဝါးေတြက ႀကီးလို ႔ေနမယ္။  "

" လူႀကီးမွေတာ့ လက္ေရာ ႀကီးမွာေပါ့ကြ "

"ဟီး  ငါကဘာေျပာလို ႔လဲ ။ ကိုကို႔လက္ေတြက ႀကီးေပမဲ့   လက္ေခ်ာင္းေလးေတြက ရွည္ရွည္သြယ္သြယ္ေလးေတြ။ ေျခေခ်ာင္းေလးေတြေရာပဲ။  အဲ့လိုလက္မ်ိဳးေတြက ဘယ္ေတာ့မွ ပင္ပင္ပန္းပန္းမလုပ္ရဘူးတဲ့  "

မ်က္လံုးေလးေစာင္းကာ ၾကည့္လာတဲ့ ေသာ္ကို ျပန္မဲ့ ျပၿပီး

"ဟုတ္တာေပါ့ မင္းလက္ေတြက ငါထပ္ပိုသြယ္ေတာ့ မင္းက  ပိုမပင္ပန္းမွာေပါ့  "

အိပ္ယာသိမ္း ၊ ပန္းကန္ေဆးသည္ ဒီအိမ္မွာ သူကသာ လုပ္ရသူမို ႔  တမင္႐ြဲ႕ေျပာေနမွန္းသိကာ တဟီးဟီးရယ္ေနေတာ့သည္။

" ကိုကိုကလည္း  မင္းခုေတာ့ ငါ့ကို အခ်စ္ေပါ့သြားၿပီေပါ့ ဟုတ္လား "

"ပလီပလာေတြ  "

တိုးတိတ္တဲ့ စကားအဆံုး ပံုညာဦးခ်ီ၏ နႈတ္ခမ္းေတြသည္ ေက်နပ္စြာ တြန္ ႔ေကြးကုန္၏။  ယေသာ္လင္းသည္လည္း   ပါးခ်ိဳင့္လွလွေလးကိုေဖာ္ကာ ဦးခ်ီနွင့္အတူ လိုက္ရယ္ေနသည္။  အခန္းငယ္အတြင္း
သာယာေသာ ရယ္သံသဲ့သဲ့သည္  ည၂နွစ္ရီခန္ ႔အခ်ိန္တြင္  ၾကည္ႏူးစြာေပၚထြက္လာေနသည္။

ထို အသံတို႔ကို  ေလေျပေလးတခုကအတူ  ေခၚေဆာင္ သြားကာ  ၿခံထဲက  ပန္းပင္ေလးေတြဆီကို   လြင့္ပ်ံ ့သယ္ယူ ၍
နားဆင္ေစ၏။  

သာယာေသာ ၊ ၾကည္ႏူးဖြယ္ေကာင္းေသာ၊  ေအးခ်မ္းေသာ  အသံတို ႔ကို ပန္းပင္ေလးေတြက ခ်စ္ၾကသည္။ ထို ႔အတြက္
ပန္းလွလွေလးေတြ မ်ားမ်ားဖူးပြင့္ေပးဖို ႔လည္း သူတို ႔မေမ့ခဲ့ၾကပါ။  မနက္ေရာက္ရင္
ငြင့္ငြင့္စြားစြား ပြင့္ဖို ႔အၿပိဳင္ျပင္ဆင္ေနေသာ  ပန္းတို ႔၏ ၾကားတြင္ အဝါေရာင္ နွစ္ဆီဖူးေလး တဖူးအပါအဝင္ပင္။

ခ်စ္တဲ့အိမ္စည္။

"ကိုကို  ..ကိုကို ထပါဦး  "

လက်မောင်းကနေ လှုပ်နှိုးခံလိုက်ရတာမို့
ဦးချီ လန့် နှိုးလာရ၏။ ဘေးမှာ အိပ်နေတဲ့ သော်က  ရှုံ့ မဲ့နေတဲ့အပြင် ဗိုက်ကိုပါ ဖိထားသေးသည်။  တခုခုဖြစ်တဲ့ပုံစံမို့ ဦးချီ အလန့် တကြားထထိုင်ကာ  ချွေးတွေရွဲနေတဲ့ သော့် ဆံပင်တွေ ကို နှဖူးပေါ်မကျအောင်လှန်တင်ပေးလိုက်ရင်း

"သော်  ဘာဖြစ်တာလဲ ။ ချွေးတွေလည်းရွှဲနေတာပဲ  ဗိုက်အောင့်တာလား "

ဟု စိုးရိမ်တကြီးမေးမိသည်။ ဒီကလေးက
အချဉ်၊အစပ်တွေ သိပ်ကြိုက်တာ ။ ညနေခင်းက  တွန်းလှည်းနှင့်ရောင်းသော ဈေးသည်ဆီက အချဉ်ပေါင်းတွေဝယ်စားသေးသည်။ ခါတိုင်းလည်း  ထိုလက်တွန်းလှည်းသည်တွေဆီက ဝယ်စားနေကြပါ။ ခုမှ  ဘာဖြစ်မှန်းမသိတော့ ဦးချီ နည်းနည်းတော့ ပြာယာခတ်သွား၏။

"  ဗိုက်အောင့်တယ် "

"ဟင် ! ကြာပီလား အောင့်တာ  "

ချွေးတွေက ပိုထွက်လာသလိုပင်  ။
လက်ဖဝါးနှင့် မျက်နှာအနှံ့ ပင့်သုတ်ပေးနေပေမဲ့  သော်ခေါင်းညိမ့်ပြလာတော့ 
လူက ပူထူသွား၏။ တခုခုဖြစ်ရင်  သူတို့ နှစ်ယောက်ထဲရှိတာ။
မဖြစ်သေးဘူး။ နာရီကြည့်တော့  ၁နာရီထိုး နေပြီ။ ဘယ်ချိန်ကများဝေသနာကိုကြိတ်ခံစားနေမလဲ တွေးမိတော့ ဂရုဏာ စိတ်နဲ့ ဆူပစ်ချင်သည်။

"သော် ငါတို့ ဆေးခန်းသွားရအောင် ။
လမ်းထိပ်မှာ  ၂၄နာရီဖွင့်ထားတဲ့ဆေးခန်းရှိတယ်။ "

ကုတင်အောက်ကိုအရင်ဆင်းကာ
ရှုတ်နေတဲ့ ခြင်ထောင်ကိုဆွဲပွေ့ တင်ပြီးအရင်သိမ်းလိုက်သည်။ စားပွဲမှာ သုံးချင်ရာသုံးရအောင်အလွယ်ထား ၊ထားတဲ့
ပိုက်ဆံအိတ်အမဲလေးကိုခါးကြားထိုးကာ
သော်ကိုဖိနပ်စီးပေးလိုက်သည်။
ထို့ နောက်  ဗိုက်ကိုဖိကာ  ကုတင်ပေါ်မှာ ခြေတွဲလွဲ ချထိုင်နေသော  သော့်ကို   ကျော်ပေါ်တင်ကာ လမ်းထိတ်ဆေးခန်းကို သွားဖို့ ပြင်သည်။

"သော် အရမ်းနာနေလား။ စောစောလေးတော့ ငါ့ကိုမနှိုးပဲနဲ့ ကွာ  ။ ဘယ်ချိန်ကတည်းကကြိတ်ခံနေတာလဲ "

လမ်းထိပ် က ၁၀မိနစ်ကျော်ကျော်လောက်သွားရမည်။ သော့်ကို  ကျောပိုးကာ
ညကြီးမိုးချုပ်  ခပ်သုတ်သုတ်သွားနေသော သူတို့ ကို  လမ်းဘေးအိပ်နေတဲ့ခွေးက ဘာထင်နေမှန်းမသိ  အရေးထဲစူးစူးဝါးဝါးထိုးဟောင်နေသေးသည်။ မီးတိုင်တွေအပြည့်ထွန်းထားသော 
မန်းလေးညသည်  ကြောက်စရာမကောင်းသော်လည်း   ဦးချီကတော့  သော် တခုခုဖြစ်မှာကိုတွေးကာ  သိပ်ကြောက်နေခဲ့ပါသည်။ 

ဆေးခန်းသည် ရပ်ကွက်ဆေးခန်းမို့ သိပ်မကြီးပါ။ ညမိုးချုပ်ဖြစ်သည်ကြောင့်ထင် အထဲမှာ ကြည့်ပေးနေသော  လူနာ တစ်ယောက်ကိုသာ တွေ့ ရ၏။
အထဲက လူနာ မထွက်မလာခြင်း  ဦးချီ သော့်ကိုအောက်မချပဲ အခန်းပေါက်ဝရှေ့ မှာ  စိတ်မရှည်စွာရပ်စောင့်နေရသည်။
၂မိနစ်ခန့် အကြာတွင်  လူကြီးတစ်ယောက်ထွက်လာသည်မို့ ဦးချီ ဇွတ်အတင်း အထဲကို  ဝင်သွားလိုက်၏။

" ဘာဖြစ်လာတာလဲ "

"ဗိုက်အောင့်လို့တဲ့  ဆရာ  ။ ချွေးတွေလညအရမ်းထွက်နေတယ် ကျွန်တော် ဘာလုပ်ပေးရမှန်းမသိလို့   "

"ဘာတွေစားထားသေးလဲ "

"ညနေစောင်းကတော့  တွန်းလှည်းသည်ဆီက အချဉ်ပေါင်းသုတ်တွေဝယ်စားသေးတယ်။ အဲ့ဒါကလည်း  ခါတိုင်း သူစားနေကြပါဆရာ။  "

ဦးချီ ပြာယာခတ်နေပါပြီ။
သော့်မျက်နှာလေးမဲ့သွားလေ  ၊  ဦးချီ ငိုချင်လေပဲ။  ဆရာဝန်က စမ်းသပ်ကြည့်ရူ့ နေတာကို ဘေးမှာ ရပ်ကြည့်နေရင်း 
တံတွေးတွေအကြိမ်ကြိမ်မြို ချနေရသည်။
ပါးပါးတို့ သိရင် သော့်ကိုသေချာမစောင့်ရှောက်ပေးနိုင်လို့ ဆူတော့မှာသေချာသည်။
ဒါကိုဦးချီ မကြောက်ပါ  ။ ခုလတ်တလောမှာ သော်ဘာမှမဖြစ်ဖို့ သာအရေးကြီး၏။

"စိုးရိမ်စရာမရှိပါဘူး။ ဆရာဆေး နှစ်လုံးထိုးပေးလိုက်မယ်။  ခုတလော  အချဉ် ၊အစပ်တွေ  စားတာများလို့ ဖြစ်တာ ။ ငရုတ်သီးက စားတိုင်းကောင်းတာတော့မဟုတ်ဘူးလျော့စားနော်။  ပြီးတော့ လက်လုပ်ချဉ်တွေ အဲ့ဒါတွေကိုလည်း သိပ်မစားနဲ့ ၊ တချို့ က သန့်သန့်ရှင်းရှင်းရောင်းချကြတာ ရှိပေမဲ့ တချို့ က ရက်လွန်နေတဲ့ အချဉ်မျိုးတွေ ကိုနောက်ရက်ပြန်ရောင်းတာမျိုး ၊ဒါမှမဟုတ်  မသန့်မရှင်းပြန်လည်ရောင်းချကြတဲ့အခါမျိုးမှာ  စားသုံးသူက တစ်ရက်မဟုတ်တစ်ရက် အခန့် မသင့်တော့ဖြစ်တော့တာပဲ  "

ဆေးထိုးအပ်ထဲကဆေးရည်ကြည်တွေ သော့်ခန္ဓာကိုယ်ထဲကိုတိုးဝင်သွားတာကိုကြည့်ပြီး  ဦးချီ   စိတ်မကောင်းဖြစ်နေမိသည်။
သော့်မှာ စောင့်ရှောက်ပေးမဲ့ မိဘကရှိတော့တာမဟုတ်။ သူသာ ဘေးမှာ  ခလုတ်မထိ ၊ ဆူးမငြိအောင် ကာကွယ်ပေးရမှာပင်။  ဒီနေ့ ဖြစ်သွားတဲ့ ကိစ္စကို  ဦးချီ
သင်ခန်းစာယူပါသည်။ သော့်ကို  ကာကွယ်ရမဲ့သူသည်   ဦးချီ သာဖြစ်သည်မို့
သော်အခုလို ဖြစ်ရခြင်းမှာ ဦးချီ၏ အသုံးမကျမူ့ ကြောင့်သာဖြစ်မည်။

" ကျေးဇူး တင်ပါတယ်ဆရာ  "

ရိုသေစွာ နှုတ်ဆက်ရင်း အလာတုန်းကအတိုင်း သော့်ကို  ကျောပြန်ပိုးလိုက်၏။
အနည်းငယ် သက်သာသွားဟန် ရှိတဲ့ ကောင်ငယ်လေးသည်  သူ့ အပြစ်ကို သိသည်ထင်  ကျောပေါ်မှာ ငြိမ်သက်စွာလိုက်ပါလာ၏။ 

မန္တလေးညချမ်း သည် အလွန် လှပပေသည်။ အလာတုန်းက သေချာမကြည့်မိသော  လမ်း ကလေးသည် ဖြတ်သန်းသွားလာသူ တစီးတလေကလွဲပြီး  လူသူရှင်းလင်းနေ၏။  အဆောင်များစွာရှိသော လမ်းမို  ဂစ်တာသဲ့သဲ့ နှင့် လူပျိုတချို့၏ နောက်ပိုးလုပ်နေသံတချို့ ကိုလည်း  ကြားနေရသည်။   မကြာခင်က စူးစူးဝါးဝါးထိုးဟောင်နေသော ခွေးကတော့ အပြန်မှတ်မိသွားလို့လားမသိ  အဖတ်တောင်မလုပ် လမ်းဘေးမှာ ခွေအိပ်နေလျက်။

"ကိုကို  ငါမှားသွားပါတယ်  "

"သော်က ဘာအမှားမှ မလုပ်ထားတာ  ၊ တောင်းပန်စရာမလိုပါဘူး။ ငါ နောက်ဆို မင်းကို ပိုဂရုစိုက်ပေးပါ့မယ်။  ကိုကိုသော်လေး နေမကောင်းဖြစ်တာ ငါတကယ်မကြိုက်ဘူး "

သော့်ကိုယ်လုံးက ကျောပေါ်ပိုးထားတာတောင် လေးတယ်မထင်  အလွန်ပေါ့ပါးနေသည်။ 
ခြေထောက်သေးသေးလေးတွေ ၊လက်သေးသေးလေးတွေကို တကယ်အားမရလိုက်တာ။ တကယ်ဆို သော်က  အရပ် အရမ်းကြီးမပုပါ။ သို့ သော်  ၅ ပေ ၆လက်မဆိုတဲ့ အရပ်ကလေးသည်  ဦးချီ ရင်ဘတ်နားလောက်သာရှိသည်မို့   သော်ကအမြဲတမ်း  ဦးချီ မွေးထားသော  ကလေးလေးနဲ့ တူသည်။ ဒါတောင် အရပ်ရှည်ဆေးတွေ အများကြီးတိုက်ထားလို့ ဒီလောက်ထွက်လာတာ။

"  ကိုကို  ဟိုးမှာ ကြည့်စမ်း ။ ဒီနေ့ လပြည့်နေ့လားမသိဘူး ။ လ သာနေတယ်  "

" အင်း  ဒီနေ့ လပြည့်နေ့မဟုတ်ဘူး။ မနက်ဖန်မှ လပြည့်နေ့ သော်ရဲ့  "

ဝိုင်းစက်နေသော  လကို အတူမော့ကြည့်ရင်း သူတို့ နှစ်ယောက်  လမ်းလျှောက်လာခဲ့ကြသည်။   ဂုတ်ပေါ်မှာ မေးတင်ထားတဲ့ ကောင်လေးဟာ  သိသိသာသာ နာကျင်မူ့ ကင်းသွားလေပုံပင် စကားတွေအများကြီးပြောနေ၏။

"ကိုကို "

"ဗျာ .."

ဦးချီ ဆီမှ သံရှည်ဆွဲကာ ထူးလာတဲ့ အသံလေးကို  ယသော် သိပ်သဘောကျသည်။ ကိုကို ဟု ခေါ်သော်လည်း သူတို့ နှစ်ယောက်သည် အသက်မကွာသူတွေမို့ မင်းနဲ့ ငါသာ ပြောဖြစ်ကြသည်။
ထို့ အတွက်ကိုလည်း ယသော် သိပ်အားနာရပါ၏။ ကိုကိုက  စိတ်ရင်းကောင်းသလို ကြင်နာတက်သည်။
သူငယ်ချင်းလို ဘေးမှာ အတူနေပေးသည် ဆိုပေမဲ့ သော့်အတွက်ကတော့ ပုံညာဦးချီ သည် ဖခင်တစ်ယောက်လိုပင်။

" ငါ  မင်းနဲ့ ပဲ အတူ နေချင်တော့တယ် "

"ထူးထူးဆန်းဆန်း  "

အိမ်တံခါးသော့ဖွင့်နေတဲ့ လက်တွေကြောင့်  ယသော် ဦးချီ ခါးကို  ခြေထောက်တွေသုံးကာ အောက်မကျအောင်  အတင်းခွထားရသည်။
အိမ်ထဲရောက်တဲ့အထိ သော်အောက်ကိုမဆင်းချင်သေး။

" ဟုတ်တယ်   ငါ ကိုကိုနဲ့ ပဲ တသက်လုံးအတူနေတော့မယ်  "

"ဖြစ်ရလေ ။ ဒါဆို ငါက မိန်းမ မယူရတော့ဘူးလား ပြော  "

"မယူရဘူး။  မင်း ကို တခြားသူ ကို အပိုင်ပေးရဖို့ ငါတခါမှ တွေးတောင်မကြည့်ဖူးဘူး  "

နောက်ဖေးထိ တန်းတန်းမှတ်မှတ် ဝင်သွားကာ အိမ်သာရှေ့ ရောက်မှ အောက်ကို ချပေးသည်။
သော် စကားပြောမပြတ်ပဲ အိမ်သာထဲဝင်ကာ ရှူးဝင်ပေါက်၏။
ပြီးတော့ ပြန်ထွက်လာတော့  ဦးချီ ထပ်ဝင်၏။ 

"ခုတွေးကြည့်ထားပေါ့ ၊ အချိန်တန်ရင်
မင်းကတောင် ငါ့ကိုအရင်ထားခဲ့မလားပဲ  "

"ငါက ဘာလို့ မင်းကိုထားခဲ့ရမှာလဲ။
ပြောပီးပီလေ  ငါမင်းနဲ့ ပဲ တသက်လုံးနေမှာ  ။ မင်းလောက် ငါ့ကို ချစ်နိုင်မဲ့သူ
တလောကလုံးမှာ ဘယ်သူမှ ရှိမှာ မဟုတ်ဘူး အဲ့ဒါသေချာတယ်  "

အိမ်သာတံခါးပြန်ပိတ်ရင်း ဦးချီ ခေါင်းရမ်းလိုက်သည်။  အိမ်ပေါက်ဝနားမှာရှိတဲ့ ဘေစင်မှာ  လက်ဆေးနေတဲ့အထိ သော်က
လက်မောင်းကို အတင်းဖက်ကာ သူဖြစ်ချင်နေတာတွေပြောနေသေးသည် ။

"  အဲ့ဒါ မင်းတကယ်ချစ်တဲ့သူ ကိုမတွေ့ သေးလို့ ပါ သော်ရာ။ တကယ်သာ မင်းချစ်တဲ့ တစ်ယောက်ယောက်တွေ့ လာရင် ငါက အတူနေပါလို့ ခေါ်ထားရင်တောင် မင်းက နေမှာမဟုတ်တော့ဘူး "

လက်ကရေစက်တွေကို သော့်မျက်နှာလေးခါရင်း  ဦးချီ စနေမိသည်။
သော်က ဒီနေ့ ထူးဆန်းနေသလိုပင်။
ခါတိုင်း သူအဲ့လို စရင် အော်ဟစ်ကာရန်ပြန်တွေ့ နေကြ။ ခုတော့  ခေါင်းငဲ့ရှောင်တာကလွဲပြီး  သူ့ လက်မောင်းကိုမှီထားတာကိုဖယ်မပေးပဲ ကပ်နေ၏။

" ကဲ့ မိုးချုပ်နေပြီ။ ကိုကိုတို့အိပ်ရအောင်သော်ရေ။ မနက်ကျ   သံချောင်းတို့ လာကြမှာ ဆိုတော့  အပေါ်ထပ်ကိုနည်းနည်း သန့်ရှင်းရေးထပ်လုပ်ပေးလိုက်အုန်းမယ်  "

" ဘာလို့ လုပ်ပေးရမှာလဲ။ ကိုကိုက အိမ်ရှင် ဘာမှလုပ်ပေးစရာမလိုဘူး။  သူတို့ ဘာသာ လုပ်ပလေ့စေ ။ "

ဦးချီ သဘောတကျ ပြုံးကာ  သော့်ပုခုံးကိုဖက်လျက် အခန်းထဲဝင်လာခဲ့သည်။
သော်က ရွာက ဦးချီ သူငယ်ချင်းတွေကို သိပ်မတည့်။ အကြောင်းမှာ  ဦးချီ စာကျက်နေချိန်တွေမှာ  ဘောလုံးကန်ရအောင် ဆိုပြီး အမြဲ ခေါ်သွားတက်ဖူးလို့ပင်။

" သော်ကလည်းကွာ မဟုတ်တာကို  အကျင့်ပုတ်နေပြန်ပီ ။  လာ လာ အိပ်တော့ ဆေးနှစ်လုံးထိုးလိုက်တော့ လေသံတွေ ပြန်မာလာတာပေါ့ ဟုတ်လား ကိုကို့သော်  "

အိပ်ယာပေါ်ရောက်တဲ့ ထိ သော့်မျက်နှာက စူပုတ်နေဆဲ။
ချက်ခြင်းကြီး ဗိုက်အောင့်  ပျောက်မသွားလောက်သေးဘူးထင်တာမို့  အင်္ကျီလှန်ကာ  ဗိုက်ပိန်လေးကို အသာပွတ်ပေးနေမိသည်။

" မင်း အဲ့လိုတွေ သဘောကောင်းနေလို့ ဟိုက ညာညာ ခိုင်းတာ ။ သူတို့ ဘာသာ
ဒီမှာလာနေမှာလေ  ၊ အိမ်လည်းသူတို့ ဘာသာ ရှင်းလိမ့်မယ်။ မင်းလုပ်ကြည့် ငါနဲ့ တွေ့ မယ်။  "

"သော်ရာ  ပညာလာသင်ကြတဲ့ သူတွေပဲ
ကုသိုလ်တောင်ရသေးတယ်။ ပြီးတော့ ကိုကိုတို့ လည်းအဖော်ရတာပေါ့ ။ အိမ်ရှင်းပေးရတာဘာခက်တာမှတ်လို့  "

"ကိုကို ! ! "

"အင်း အင်း ဟုတ်ပီ ငါ ဘာမှလုပ်မပေးတော့ဘူး သူတို့ ဘာသာ ရှင်းပြီးနေလိမ့်မယ် ဟုတ်ပီလား သော်ရေ  "

လွင့်ပါးလာတဲ့ မျက်စောင်းလေးကို ခံယူရင်း  ချစ်စရာပါးချိုင့်လေးရှိရာ  ပါးပြင်ကိုလက်နဲ့ အသာ ဆွဲညစ်လိုက်သည်။
သော်က သူနဲ့ ပတ်သတ်လာရင် အမြဲ အကျင့်ပုတ်တဲ့ ကောင်ဆိုးလေးပင်။
ဆယ်တန်အောင်မြင်သွားကြတဲ့ သူငယ်ချင်း တွေသည်  မန်းလေးမှာ ကျောင်းတက်ဖို့ မနက်ဖန် လာကြမည်။
နေစရာကတော့  သူအိမ်မှာနေဖို့ ခွင့်တောင်းထားတော့ အဖော်ရအောင်လက်ခံလိုက်သည်။   သော်ရော အတူနေတက်ပါ့မလားဆိုတာ သူတခါမှတော့မေးမကြည့်ခဲ့မိ။  ဘာပဲပြောပြော သော်သာ  မကြိုက်ရင် အားနာပေမဲ့ မင်းတို့ အဆောင်သွားနေကြလို့ ပြောရလိမ့်မည်။

"  နာနေသေးလား  "

"ဟင်အင်  မင်းအဲ့လို ပွတ်ပေးတာနေလို့ကောင်းတယ်။  မင်းလက်ဖဝါးတွေက ကြီးလို့ နေမယ်။  "

" လူကြီးမှတော့ လက်ရော ကြီးမှာပေါ့ကွ "

"ဟီး  ငါကဘာပြောလို့ လဲ ။ ကိုကို့လက်တွေက ကြီးပေမဲ့   လက်ချောင်းလေးတွေက ရှည်ရှည်သွယ်သွယ်လေးတွေ။ ခြေချောင်းလေးတွေရောပဲ။  အဲ့လိုလက်မျိုးတွေက ဘယ်တော့မှ ပင်ပင်ပန်းပန်းမလုပ်ရဘူးတဲ့  "

မျက်လုံးလေးစောင်းကာ ကြည့်လာတဲ့ သော်ကို ပြန်မဲ့ ပြပြီး

"ဟုတ်တာပေါ့ မင်းလက်တွေက ငါထပ်ပိုသွယ်တော့ မင်းက  ပိုမပင်ပန်းမှာပေါ့  "

အိပ်ယာသိမ်း ၊ ပန်းကန်ဆေးသည် ဒီအိမ်မှာ သူကသာ လုပ်ရသူမို့   တမင်ရွဲ့ပြောနေမှန်းသိကာ တဟီးဟီးရယ်နေတော့သည်။

" ကိုကိုကလည်း  မင်းခုတော့ ငါ့ကို အချစ်ပေါ့သွားပြီပေါ့ ဟုတ်လား "

"ပလီပလာတွေ  "

တိုးတိတ်တဲ့ စကားအဆုံး ပုံညာဦးချီ၏ နှုတ်ခမ်းတွေသည် ကျေနပ်စွာ တွန့် ကွေးကုန်၏။  ယသော်လင်းသည်လည်း   ပါးချိုင့်လှလှလေးကိုဖော်ကာ ဦးချီနှင့်အတူ လိုက်ရယ်နေသည်။  အခန်းငယ်အတွင်း
သာယာသော ရယ်သံသဲ့သဲ့သည်  ည၂နှစ်ရီခန့် အချိန်တွင်  ကြည်နူးစွာပေါ်ထွက်လာနေသည်။

ထို အသံတို့ကို  လေပြေလေးတခုကအတူ  ခေါ်ဆောင် သွားကာ  ခြံထဲက  ပန်းပင်လေးတွေဆီကို   လွင့်ပျံ့ သယ်ယူ ၍
နားဆင်စေ၏။  

သာယာသော ၊ ကြည်နူးဖွယ်ကောင်းသော၊  အေးချမ်းသော  အသံတို့ ကို ပန်းပင်လေးတွေက ချစ်ကြသည်။ ထို့ အတွက်
ပန်းလှလှလေးတွေ များများဖူးပွင့်ပေးဖို့ လည်း သူတို့ မမေ့ခဲ့ကြပါ။  မနက်ရောက်ရင်
ငွင့်ငွင့်စွားစွား ပွင့်ဖို့ အပြိုင်ပြင်ဆင်နေသော  ပန်းတို့ ၏ ကြားတွင် အဝါရောင် နှစ်ဆီဖူးလေး တဖူးအပါအဝင်ပင်။

ချစ်တဲ့အိမ်စည်။

Bạn đang đọc truyện trên: ZingTruyen.Xyz