ZingTruyen.Xyz

နှင်းဆီဝါတို့ နီစွေးစေ(နွင္းဆီဝါတို ႔နီေစြးေစ)completed

24

eainsi23

"ယူေလ..သားတို ႔  ႀကိဳက္တာ လက္ညိဳးထိုးျပ  "

အစီး မ်ားစြာေသာ  Click ၊Scoopy ဆိုင္ကယ္မ်ားကိုတလွည့္၊  အန္ကယ္စိုးကို တလွည့္  ၾကည့္ကာ နွစ္ေယာက္သမား ေၾကာင္ေတာင္ေတာင္ျဖစ္ေနၾကသည္။
မနက္၉နာရီေလာက္ က  အျပင္လိုက္ခဲ့ဆိုၿပီး ကားနဲ ့လာေခၚသည္။
ၿပီးေတာ့ ဆိုင္ကယ္Showroomေရွ ႔ရပ္ကာ  လိုခ်င္တာကို ယူခိုင္းေနျပန္၏။ 

"သားတို ႔ ဘယ္ဟာ ေ႐ြးရမလဲ မသိဘူး အန္ကယ္စိုး "

အန္ကယ္စိုးက ေခါင္းၿငိမ့္ကာ  ဝန္ထမ္းေတြဖက္  လွည့္ပီး  ေနာက္ဆံုးေပၚ ဘီးကို ေမးေန၏။ မန္းေလးသားမို ႔ဆိုင္ကယ္အေၾကာင္း  အန္ကယ္စိုး အမ်ားႀကီးသိေနေပမဲ့  ဦးခ်ီရယ္ ေသာ္ရယ္ကေတာ့ ကေလးပီပီ ဘာမွမသိ။
ျမင္ျမင္သမ်ွ တဖိတ္ဖိတ္လက္ေနေသာ ဆိုင္ကယ္မ်ားစြာ ကို အံၾသတႀကီးၾကည့္ကာ
နွစ္ေယာက္သားတြတ္ထိုးေနမိၾကသည္။

" ငါ့သား  ဒီဘီးႀကိဳက္လား  "

အနက္ေရာင္နွင့္ အုတ္ခဲက်ိဳးေရာင္စပ္ထားေသာ  Scoopyေလးက အရမ္းလွပါသည္။ ထို ႔ေၾကာင့္ ဦးခ်ီ  ေဘးကိုငဲ့ကာ

"ေသာ္ အဲ့ဆိုင္ကယ္ေလး လွတယ္ေနာ္  ။
ႀကိဳက္လားဟင္  " ဟု တဆင့္ျပန္ေမးမိသည္။

ေသာ္က အင္တင္တင္ျဖင့္ စကားျပန္မလာပဲ  အန္ကယ္စိုးကို ခိုးၾကည့္ေနရင္းကေန နားနားကပ္ကာ  တိုးတိုးေျပာလာ၏။

"Scoopyက  ေသးတယ္။ မင္းရယ္၊ငါရယ္ နွစ္ေယာက္စီးရင္  အဆင္မေျပေလာက္ဘူးထင္တယ္ "

ဦးခ်ီ  သေဘာက်ရယ္ေမာကာ ယေသာ္လင္း ေခါင္းေလးကို လက္ဖဝါးနွင့္ဖိလိုက္၏။
သူ ႔ညီေလးက တခါတေလ သိပ္ရုိးတာပဲ။

"  မင္းအတြက္ဝယ္ေပးတာ မင္းတစ္ေယာက္ပဲ စီးေပါ့ကြ ။ ကိုကို ႔မွာ မင္းဆိုင္ကယ္အေဟာင္းေလးရွိတာပဲေလ။ အသစ္မမက္ပါဘူး ဘယ္သြားသြားျမန္ျမန္ေရာက္ဖို ႔အဓိကပဲ မဟုတ္ဘူးလား ေသာ့္ရ  "

" မဟုတ္ဘူး ဒါဆိုငါလည္းမရခ်င္ေတာ့ဘူး။  "

ယေသာ္လင္း၏ ဇြတ္တ႐ြတ္အက်င့္ေတြ စေပၚလာပါၿပီ။  အန္ကယ္စိုးက သူတို ႔နွစ္ေယာက္ စိတ္တိုင္းက် တိုင္ပင္ေစရန္
မလွမ္းမကမ္းမွာ  ဝန္ထမ္းတစ္ေယာက္နွင့္ စကားေျပာေန၏။

" ေသာ္ကလည္းကြာ   ။ ဒီဘီးေလးက ဒီေလာက္လွေနတာကို ယူလိုက္တာမဟုတ္ဘူး ။  ကိုကို႔ေသာ္ေလးနဲ ့ဆို  ဘယ္ေလာက္လိုက္ဖက္မလဲ  ၾကည့္ပါအုန္း  "

ဦးခ်ီ မဲဆြယ္ေနေသာ္လည္း ေသာ္က ေခါင္းရမ္းေနၿမဲ  ။

ထို ႔ေၾကာင့္  ဦးခ်ီစိတ္ညစ္လာ၏။

" ဘယ္လိုလဲ ႀကိဳက္လားဒီဘီးေလးကို  "

ဦးခ်ီ အားနာေပမဲ့ အန္ကယ္စိုးကိုမ်က္နွာငယ္ေလးနွင့္ၾကည့္ကာ

" Scoopyက  ေသးလို ႔ မႀကိဳက္ဘူးတဲ့။
သားတို ႔နွစ္ေယာက္အတူစီးလို႔ရမဲ့ထဲက 
Click ဘီးေလး ထပ္ၾကည့္ေပးလို႔ရမလား
အန္ကယ္စိုး  "

"ရတာေပါ့ကြ  ။  ဒီအေရာင္ကိုေတာ့ႀကိဳက္တယ္မို႔လား  "

"ဟုတ္ႀကိဳက္ပါတယ္ "

အန္ကယ္စိုးဝင္းျမတ္က  သူ ႔နယ္ပယ္ဆိုရင္  နာမည္ရဆရာဝန္ႀကီးတစ္ေယာက္မို ႔
ခင္မင္ေပမဲ့ဦးခ်ီ မေလးမစားမလုပ္ရဲေပ။
သူတို ႔နွစ္ေယာက္ကို တမင္အခ်ိန္လာေပးတယ္ဆိုတာကလည္း သက္ပံု မ်က္နွာေၾကာင့္ ျဖစ္သလို   ဦးခ်ီကို လည္း လူပ်ိဳ ႀကီးမို ႔ခ်စ္ရွာတာလည္းပါသည္။မဟုတ္ေတာင္ ဒီအသက္အ႐ြယ္ေရာက္မွ အနည္းငယ္ အေနစိမ္းသြားေပမဲ့ ဦးခ်ီငယ္ငယ္ကဆို 
အန္ကယ္စိုးကသည္းသည္းလႈပ္ခ်စ္တယ္ဆိုတာ သက္ပံုေျပာျပေနၾကပင္။

အေတာ္ၾကာ ဆိုင္ထဲမွာ သူတို ႔နွစ္ေယာက္အတြက္ စိတ္ႀကိဳက္ေ႐ြးခ်ယ္အၿပီးမွာ ေနာက္ဆံုးေပၚ  Clickဘီးလွလွေလးကို ေသာ့္အတြက္  ဝယ္ေပးျဖစ္ခဲ့သည္။

"ဘာစားခ်င္လဲ ေရာက္တုန္း
မုန္႔ေကြၽးမလို ႔  "

မုန္ ႔ဆိုတဲ့ အသံၾကားေတာ့  ေသာ္မ်က္လံုးေလးေတြက တလက္လက္ျဖစ္လာ၏။ ဒါကိုျမင္သြားတဲ့ အန္ကယ္စိုးက သေဘာတက် ရယ္ေမာကာ ေရွ ႔ကေန ထြက္သြား၏။

"ေနာက္ကပဲ  ေျဖးေျဖးစီးခဲ့ၾကေတာ့ ။
နီးနီးနားနား မိန္းထဲက ဆိုင္တစ္ဆိုင္မွာပဲ ဝင္ထိုင္ေတာ့မယ္ ။  အဆင္ေျပတယ္မို ႔လား  "

" ေျပပါတယ္ အန္ကယ္စိုး သားတို ႔ေနာက္ကလိုက္ခဲ့မယ္ "

အသစ္စက္စက္ဘီးကို  တက္ခြၿပီး  ေသာ့္ကိုေနာက္ကတက္ေစသည္။
အန္ကယ္စိုး၏ အျဖဴ ေရာင္ကားေလးကေတာ့ တေ႐ြ ႕ေ႐ြ ႕ေရွ႕ကေနထြက္သြားပီမို ႔
ဦးခ်ီ  ဆိုင္ကယ္စက္နိုးကာ  ေနာက္ကေနခပ္မွန္မွန္သာလိုက္ခဲ့လိုက္သည္။

"ေသာ္ ! အန္ကယ္စိုးက မာလာရွမ္းေကာ ေကြၽးေတာ့မယ္ထင္တယ္..မင္းသေဘာက်တယ္မို႔လား"

ခပ္လွမ္းလွမ္းမွာထိုးရပ္သြားၿပီျဖစ္တဲ့ကားျဖဴ ေလးကိုၾကည့္ရင္း ဦးခ်ီ ေနာက္က
ေသာ့္ကိုေမးလိုက္သည္။ ယေသာ္လင္းက မာလာရွမ္းေကာ တို ႔ ပင္လယ္စာ တို ႔ဆိုရင္တအားႀကိဳက္တဲ့ေကာင္ေလးမို ႔ပင္။
ဒီေန ႔ ဗိုက္ကားေအာင္စားရမည္မွန္းသိေတာ့   အိမ္မွာ  ထမင္းေတာင္ခ်က္မထားခဲ့။

" ငါႀကိဳက္ေပမဲ့ မင္းမွမႀကိဳက္တာ "

"ျဖစ္ရေလကြာ ၊  မင္းေခါင္းေလးကတအားပိန္းတာပဲ။ ဘယ္လိုမ်ားဆယ္တန္းေအာင္လာသလဲပဲ။ ဆိုင္ေရာက္မွေတာ့ တျခား ငါႀကိဳက္တဲ့ဟာစားမွာေပါ့ကြ  "

ဆိုင္ကယ္ရပ္လိုက္ပီမို ႔ယေသာ္လင္း ဆက္ရန္မေတြ ႕အားေတာ့။ အန္ကယ္စိုးျမတ္ဆိုတဲ့ ဆရာဝန္ႀကီးသည္  ပလက္ေဖာင္းေပၚမွာ သူတို ႔နွစ္ဦးကိုရပ္ေစာင့္ေနတာေၾကာင့္ပင္။
၄၅ဆိုတဲ့ အသက္အ႐ြယ္ရွိတဲ့ ေယာက်ာ္းတစ္ေယာက္ကို  အသက္ႀကီးတယ္လို ႔မသတ္မွတ္သင့္ေသးပါ။

ရွည္လ်ားတဲ့ အရပ္အေမာင္းနွင့္အတူ
စတိုင္ပန္ ေဘာင္ဘီ ကို နက္ျပာေရာင္ အကြက္စိတ္ေလးေတြပါေသာ ရွပ္ျဖင့္တြဲဝတ္ထားေသာ အန္ကယ္စိုးသည္ သိပ္
ခန္ ႔ညားပါသည္။ ျဖဴ ဝင္းေနေသာ အသားေရသည္ လက္ဖ်ံေပၚက ေသြးေၾကာစိမ္းေလးေတြကိုပင္ ျမင္ေနရေအာင္ ၾကည္လင္ေနပါသည္။

ေနာက္ကေနခပ္ကုတ္ကုတ္လိုက္ရင္း
ယေသာ္ ဦးခ်ီကို ကပ္ေျပာလိုက္သည္။

"အန္ကယ္စိုးက ေခ်ာလိုက္တာ  "

"ငါေလာက္ ေခ်ာေသးတယ္လား "

ယေသာ္ၿပံဳးကာ  ဦးခ်ီလက္ေမာင္းကိုဖက္လိုက္၏။

"ဟင့္အင္ ကိုကိုက အေခ်ာဆံုး  "

သူ ႔ကိုေျမႇာက္ပင့္ေနမွန္းသိသည္မို ႔မနာေအာင္ လက္သီးစုတ္နဲ ့ေဘးက ငဖားေလးကိုထုပစ္လိုက္သည္။ အလကား ပလီပလာ  လိမ္စားေနတဲ့ေကာင္ေလး။

"ဘာစားမွာလဲ ၊ ႀကိဳက္တာမွာၾက။
အန္ကယ္စိုးက မအားတာနဲ ့သားကိုအၿမဲအခ်ိန္ေပးနိုင္မွာမဟုတ္ေတာ့ ေတြ ႕တုန္း
တဝႀကီး ငါ့သားကို ေတြ ႕သြားခ်င္တာ ။
မအားဘူးဆိုေပမဲ့ မၾကာခဏလာေတြ ႕နိုင္ေအာင္ေတာ့ႀကိဳးစားပါ့မယ္ ။ ကဲ..မွာမွာ "

ေသာ့္အႀကိဳက္ေတာ္ေတာ္မ်ားမ်ားဦးခ်ီမွာေပးလိုက္သည္။ အိမ္မွာသာ ငစြာေလး။
အျပင္ေရာက္လို ႔ လူႀကီးေတြေရွ ႔ဆို ေသာ္က အသံသိပ္မထြက္ေတာ့။

" ဘယ္နွယ့္လဲ တစ္ေယာက္ထဲရပ္တည္ရတာ  " 

" တခါတေလ အိမ္လြမ္းေပးမဲ့ သားအဆင္ေျပပါတယ္။ ပါးပါးက သားကို  ဘာလုပ္နိုင္မလဲ ဆိုတာ   စမ္းသပ္ေနတဲ့သေဘာပါ အန္ကယ္စိုး  "

"မင္းနားလည္ရင္ ၿပီးတာပါပဲ။
သားအေဖေတြကို စိတ္ကြက္ဖို ႔ေတာ့မစဥ္းစားလိုက္ပါနဲ ့ခ်ီခ်ီ  ၊  မင္းကို သူတို ႔က
ႀကံခိုင္ေစခ်င္တာ ပါ  "

စကားေျပာမပ်က္ေပမဲ့  သံပရာရည္ခြက္ကိုေမႊေနတဲ့ အန္ကယ္စိုးလက္ေခ်ာင္းေတြကိုေငးကာ   ဆရာဝန္လက္ဆိုတာ ဒါမ်ိဳးလားဟု မဆီမဆိုင္ေတြးမိေသးသည္။
ေသာ္ကေတာ့ ေဘးမွာ သူနဲ ့မဆိုင္သလို တရွဴးရွဴ းတရွဲရွဲ စားလို ႔ေန၏။
သူ ႔ယေသာ္လင္းမာန္ေလးပဲ ေကာင္းတယ္။ ဘာပူပန္ေသာကမွကိုမရွိရွာတာ။

နႈတ္ခမ္းမွာ ေပေနတာမို ႔ လူျမင္မေကာင္းမွာစိုး၍  Tissue ယူကာ  သုတ္ေပးလိုက္သည္။ ဒါကိုပင္ အန္ကယ္စိုးက ဘာရယ္မဟုတ္ ၿပံဳးၾကည့္ေန၏။

ယေသာ္လင္းက ေတာ့ရွက္ရမွန္းမသိ
ခါတိုင္းလည္းဦးခ်ီကေအာက္ေျခသိမ္းလုပ္ေပးေနၾကဆိုေတာ့  Tissue သူေရွ႕ေရာက္တာနဲ ့မ်က္နွာက ဦးခ်ီဖက္ကိုအနည္းငယ္ေစာင္းေပးၿပီးသား။  ၾကာရင္ ဦးခ်ီက ကေလးအေဖနွင့္တူေတာ့မည္။
စကားေျပာလည္းမျပတ္  ေသာ့္ကိုလည္းတခုပီးတခုလုပ္ေပးလိုက္နဲ ့ဦးခ်ီတစ္ေယာက္   ကိုယ့္ပါးစပ္ထဲကိုဘယ္လိုအစားေတြဝင္သြားသလဲေတာင္မသိေတာ့ေပ။

   အျပန္ၾက  ႀကိဳက္တာသံုးဖို ႔မုန္႔ဖိုး ၃သိန္းေပးသြား၏။ေသာ့္ကိုလည္း  ေတာ္တယ္ဆိုတာ ခ်ီးက်ဴ းသြားေသးသည္။ 

ေဆးခန္းေတြ ပတ္ထိုင္ေနရတဲ့ အခ်ိန္မေလာက္ေသာ  ဆရာဝန္ႀကီး တစ္ေယာက္မို ႔ ဦးခ်ီ တို ႔ဆီမွာ  အၾကာႀကီးေတာ့  မေနသြားခဲ့ေပ။ 

" ေျဖးေျဖးသြားပါ  ဦးေလးစိုး  "

ကားေပၚတက္သြားတဲ့အခ်ိန္မွာ ဦးခ်ီ ေျပးနႈတ္ဆက္လိုက္သည္။   သက္ပံုက  အန္ကယ္စိုးဟုေခၚခိုင္းေပမဲ့  ဦးခ်ီကေတာ့
ငယ္ငယ္ကေခၚသလို  ဦးေလးစိုးလို႔ပဲေခၚခ်င္သည္။ စိတ္ခုသြားဟန္မရွိပဲ လက္ျပ ကာ   ထြက္ခြာသြားေသာ ကားကို ၾကည့္ရင္း  အန္ကယ္စိုးကိုလည္း ပါးပါးလို
ေကာင္ေလးတစ္ေယာက္ရေစခ်င္ျပန္သည္။  

သက္ပံုေျပာျပသေလာက္ေတာ့ အန္ကယ္စိုးကို  သူ ႔အိမ္က အဆက္အသြယ္  ျဖတ္ထားတယ္တဲ့။  အေၾကာင္းျပခ်က္က
အန္ကယ္စိုးနွစ္သက္ေသာ  သူက  အမ်ိဳးသားတစ္ေယာက္ျဖစ္ေနလို ႔ပါတဲ့။

ဦးခ်ီ စိတ္မေကာင္းတကယ္ျဖစ္ရပါသည္။

သားသမီးပင္ျဖစ္လင့္ကစား  စိတ္ဒဏ္ရာအနာတရ ျဖစ္ေအာင္ မလုပ္သင့္ဘူးလို ႔
ဦးခ်ီထင္ပါသည္။ လူတိုင္း ကိုယ္ေဘးမွာ
တသက္လံုး အေဖာ္ျပဳ ေနထိုင္ဖို ႔  လူတစ္ေယာက္  ေ႐ြးခ်ယ္ေလ့ရွိၾကသည္။

  အမ်ိဳးသားျဖစ္ေစ၊အမ်ိဳးသမီးျဖစ္ေစ  ေ႐ြးခ်ယ္လက္ခံခဲ့သူနွင့္သာ  တသက္လံုး ေနသြားရမည့္သူမို ႔အဆိုးအေကာင္းကိုလည္း ထိုသူကသာ ခံစားရေလသည္။

မိဘ သေဘာက် ေကာင္းတဲ့သူယူၿပီး
ေကာင္းသြားရင္လည္းကိုယ္သာခံစားရမည္။ ေကာင္းေနၿပီးသားလူ သည္ ကိုယ္လက္ထဲေရာက္မွာ ဆိုးသြားရင္လည္းကိုယ္သာခံရမည္။ မည္သူမွအစားဝင္ခံေပးမည္မဟုတ္။

ထို႔အတြက္  မည္သူတစ္ဦးတစ္ေယာက္မွ   ကိုယ္ပိုင္ဘဝကို ဝင္မစြတ္ဖက္သင့္ေပ။  ၿပီးေတာ့  လူသက္တမ္းတိုတိုေလးမွာ ကိုယ္ခ်စ္ေသာ သူနွင့္ တစ္ဘဝစာလံုးအတူေနခ်င္သည္မွာ လူတိုင္း ဆႏၵသာ။

"ကိုကို  အိမ္ထဲဝင္မယ္ေလ  ။ ဘာေငးေနတာလဲ  "

လက္ေမာင္းကို ယေသာ္  ရုိက္ကာ ေျပာလာမွ  ဦးခ်ီ အေတြးေတြကို ျဖတ္လိုက္ရသည္။  ဆိုင္ကယ္ကို  အိမ္ထဲထိ တေ႐ြ ႕ေ႐ြ ႕တြန္းဝင္ခဲ့သည္ထိ   မိဘနွင့္သားသမီးၾကားက  အဆင္မေျပမူ ႔မ်ားကို ဦးခ်ီေတြးေနမိသည္။ 

ဆိုင္ကယ္ေလးသည္ အရမ္းလွပါသည္။
သိန္း ၄၀ နီးပါးကပ္ေသာ ေစ်းေၾကာင့္ 
စီးရသည္မွာလည္း ဘာနဲ ့မွမတူေအာင္
သြက္လပ္ေပါ့ပါးေနပါသည္။  ေသာ္ကေတာ့ ေက်ာင္းမွာ ေနာက္ဆံုးေပၚ ဆိုင္ကယ္လွလွေလးနဲ ့ဘယ္ေလာက္ေတာင္
ခ်စ္ဖို ႔ေကာင္းေနလိုက္မလဲ ဆိုတာ ေတြးၾကည့္ရုံျဖင့္စိတ္ခ်မ္းသာရ၏။

"  ေသာ္    ၊ မင္းသာ  အခ်စ္ကိုေ႐ြးခ်ယ္မယ္ဆိုရင္  ဘယ္လိုလူ ကိုေ႐ြးမွာလဲဟင္ "

ဦးေလးစိုးေပးလိုက္ေသာ ပိုက္ဆံေတြကို
လြယ္အိတ္ေလးထဲေသခ်ာထည့္ေနေသာ ယေသာ္သည္ ဦးခ်ီေမးခြန္းကို ထင္မွတ္မထား  ဟန္ျဖင့္  ေခါင္းေမာ့ကာၾကည့္လာသည္။ 
မ်က္ခံုးေတြကလည္းတြန္ ႔ခ်ိဳးလ်က္
ဘာအရူးထ ၿပီးလာေမးေနတာလဲ ဆိုတဲ့အၾကည့္နဲ ့လည္းၾကည့္ေသးသည္။
ၿပီးမွ   ဘာမွမထူးဆန္းသလို  လုပ္လက္စ ဆက္လုပ္ရင္း

" ဘယ္လို လူကိုေ႐ြးရမလဲ ဆိုတာ ငါသတ္မွတ္မထားဘူး။  ငါနဲ ့အဆင္ေျပမဲ့ သူ ၊
ငါ့ကိုနားလည္ေပးနိုင္တဲ့သူ ၿပီးေတာ့ မင္းေလာက္ ငါ့အေပၚမွာ ခ်စ္ေပးနိုင္မဲ့သူမွ
ငါက ေ႐ြးခ်ယ္မွာ ။ခုခ်ိန္မွာေတာ့ ငါအခ်စ္ကိုစိတ္မဝင္စားဘူး ကိုကို။ မင္းရယ္၊ငါရယ္  သံေယာဇဥ္ေတြ ေဝးမသြားသ၍ ငါ့ဘဝမွာ အခ်စ္မလိုဘူးထင္တာပဲ  "

ယေသာ္လင္း၏ အေျဖသည္ ဦးခ်ီကိုအေတာ္ေလးသေဘာေတြ ႕ေစပါသည္။
တေန ႔လံုး စိတ္ခ်မ္းသားေနဟန္ရွိေသာ ေကာင္ငယ္ေလးသည္ ေလ်ာ့ပါးေနေသာ သူ ႔အိတ္ထဲကိုေငြေတြျဖည့္ကာ ေက်နပ္ေနပါသည္။ 

လုပ္ခ်ဳင္ရာလုပ္ေနေသာယေသာ္လင္း သည္ ဒီေန ႔ဦးခ်ီ၏ မ်က္လံုးထဲမွာ အလြန္အင္မတန္မွ ခ်စ္ဖို ႔ေကာင္းလို ႔ေနေခ်၏။ 
အျဖဴ  ေရာင္ ရွပ္လက္ရွည္ပြပြသည္ ဦးခ်ီ၏ အက်ၤ ီမို ႔ယေသာ္လင္းနဲ ့ဖားလ်ားႀကီးျဖစ္ေနပါသည္။

ဒါကိုပင္ စတိုင္က်သည္ဟုဆိုကာ   အနက္ေရာင္ အိတ္ေထာင္ေတြအမ်ားႀကီးပါေသာ ဒူးသာသာေဘာင္ဘီကေလးနဲ ့ တြဲကာ ဝတ္ဆင္ထားသည္။
လက္ဖ်ားေတြသည္ အနည္းငယ္ေခါက္တင္ထားေပမဲ့ ရွည္လ်ားေသာ အက်ၤ ီစကိုေတာ့ ခါးထဲထိုးဝတ္ထား၏။

အသားေဖြးသူမို ႔ ဘာဝတ္ဝတ္ေသာ္က ခ်စ္စရာေကာင္းသည္မွာမလြဲေပမဲ့ ဒီေန ႔သည္ အရင္ေန ႔ေတြကထပ္ပိုကာ ခ်စ္စရာေကာင္းေနတာကေတာ့အမွန္ပင္ျဖစ္သည္။

**တခါတေလ  အျဖဴေရာင္ေတြက
အေရာင္ဆိုးဖို ႔လြယ္ေပမဲ့ 
တခါတေလ က်  စြန္းထင္းဖို ႔ခက္ခဲျပန္တယ္။  ထို ႔အတူ  သံေယာဇဥ္ေတြကလည္း နွစ္မ်ားစြာ ၾကာသည္ထိ  ခိုင္ၿမဲလာေလေလ  ေနာက္တဆင့္ ကူးဖို ႔ ေမ့ေလ်ာ့လာေလပါပဲ။ အဝါေရာင္နွင္းဆီပန္းေလး အေရာင္ေျပာင္းဖို ႔ ကြၽႏု္ပ္တို႔သည္ အခ်ိန္မည္မ်ွေစာင့္ဖို ႔လိုမည္နည္း****

ခ်စ္တဲ့အိမ္စည္။

" ၾကယ္ဖိေပးဖို ႔မေန႔က သတိေပးတယ္။
အမ်ားႀကီး voteေတြတက္လာတယ္။ အဲ့ေတာ့  က်မ စိတ္ခ်မ္းသာတယ္ ကဲ😁ေန႔တိုင္းသတိေပးရေတာ့မွာလားရွင့္။
တကယ္ဆိုေနမေကာင္းဘူး နားစည္ေယာင္ေနလို ႔ပါးတျခမ္းကိုက္ေနတယ္။ဒါေပမဲ့ စိတ္ခ်မ္းသာေနလို႔  ေရးေပးလိုက္တယ္ )

"ယူလေ..သားတို့   ကြိုက်တာ လက်ညိုးထိုးပြ  "

အစီး များစွာသော  Click ၊Scoopy ဆိုင်ကယ်များကိုတလှည့်၊  အန်ကယ်စိုးကို တလှည့်  ကြည့်ကာ နှစ်ယောက်သမား ကြောင်တောင်တောင်ဖြစ်နေကြသည်။
မနက်၉နာရီလောက် က  အပြင်လိုက်ခဲ့ဆိုပြီး ကားနဲ့ လာခေါ်သည်။
ပြီးတော့ ဆိုင်ကယ်Showroomရှေ့ ရပ်ကာ  လိုချင်တာကို ယူခိုင်းနေပြန်၏။ 

"သားတို့  ဘယ်ဟာ ရွေးရမလဲ မသိဘူး အန်ကယ်စိုး "

အန်ကယ်စိုးက ခေါင်းငြိမ့်ကာ  ဝန်ထမ်းတွေဖက်  လှည့်ပီး  နောက်ဆုံးပေါ် ဘီးကို မေးနေ၏။ မန်းလေးသားမို့ ဆိုင်ကယ်အကြောင်း  အန်ကယ်စိုး အများကြီးသိနေပေမဲ့  ဦးချီရယ် သော်ရယ်ကတော့ ကလေးပီပီ ဘာမှမသိ။
မြင်မြင်သမျှ တဖိတ်ဖိတ်လက်နေသော ဆိုင်ကယ်များစွာ ကို အံသြတကြီးကြည့်ကာ
နှစ်ယောက်သားတွတ်ထိုးနေမိကြသည်။

" ငါ့သား  ဒီဘီးကြိုက်လား  "

အနက်ရောင်နှင့် အုတ်ခဲကျိုးရောင်စပ်ထားသော  Scoopyလေးက အရမ်းလှပါသည်။ ထို့ ကြောင့် ဦးချီ  ဘေးကိုငဲ့ကာ

"သော် အဲ့ဆိုင်ကယ်လေး လှတယ်နော်  ။
ကြိုက်လားဟင်  " ဟု တဆင့်ပြန်မေးမိသည်။

သော်က အင်တင်တင်ဖြင့် စကားပြန်မလာပဲ  အန်ကယ်စိုးကို ခိုးကြည့်နေရင်းကနေ နားနားကပ်ကာ  တိုးတိုးပြောလာ၏။

"Scoopyက  သေးတယ်။ မင်းရယ်၊ငါရယ် နှစ်ယောက်စီးရင်  အဆင်မပြေလောက်ဘူးထင်တယ် "

ဦးချီ  သဘောကျရယ်မောကာ ယသော်လင်း ခေါင်းလေးကို လက်ဖဝါးနှင့်ဖိလိုက်၏။
သူ့ ညီလေးက တခါတလေ သိပ်ရိုးတာပဲ။

"  မင်းအတွက်ဝယ်ပေးတာ မင်းတစ်ယောက်ပဲ စီးပေါ့ကွ ။ ကိုကို့ မှာ မင်းဆိုင်ကယ်အဟောင်းလေးရှိတာပဲလေ။ အသစ်မမက်ပါဘူး ဘယ်သွားသွားမြန်မြန်ရောက်ဖို့ အဓိကပဲ မဟုတ်ဘူးလား သော့်ရ  "

" မဟုတ်ဘူး ဒါဆိုငါလည်းမရချင်တော့ဘူး။  "

ယသော်လင်း၏ ဇွတ်တရွတ်အကျင့်တွေ စပေါ်လာပါပြီ။  အန်ကယ်စိုးက သူတို့ နှစ်ယောက် စိတ်တိုင်းကျ တိုင်ပင်စေရန်
မလှမ်းမကမ်းမှာ  ဝန်ထမ်းတစ်ယောက်နှင့် စကားပြောနေ၏။

" သော်ကလည်းကွာ   ။ ဒီဘီးလေးက ဒီလောက်လှနေတာကို ယူလိုက်တာမဟုတ်ဘူး ။  ကိုကို့သော်လေးနဲ့ ဆို  ဘယ်လောက်လိုက်ဖက်မလဲ  ကြည့်ပါအုန်း  "

ဦးချီ မဲဆွယ်နေသော်လည်း သော်က ခေါင်းရမ်းနေမြဲ  ။

ထို့ ကြောင့်  ဦးချီစိတ်ညစ်လာ၏။

" ဘယ်လိုလဲ ကြိုက်လားဒီဘီးလေးကို  "

ဦးချီ အားနာပေမဲ့ အန်ကယ်စိုးကိုမျက်နှာငယ်လေးနှင့်ကြည့်ကာ

" Scoopyက  သေးလို့  မကြိုက်ဘူးတဲ့။
သားတို့ နှစ်ယောက်အတူစီးလို့ရမဲ့ထဲက 
Click ဘီးလေး ထပ်ကြည့်ပေးလို့ရမလား
အန်ကယ်စိုး  "

"ရတာပေါ့ကွ  ။  ဒီအရောင်ကိုတော့ကြိုက်တယ်မို့လား  "

"ဟုတ်ကြိုက်ပါတယ် "

အန်ကယ်စိုးဝင်းမြတ်က  သူ့ နယ်ပယ်ဆိုရင်  နာမည်ရဆရာဝန်ကြီးတစ်ယောက်မို့ 
ခင်မင်ပေမဲ့ဦးချီ မလေးမစားမလုပ်ရဲပေ။
သူတို့ နှစ်ယောက်ကို တမင်အချိန်လာပေးတယ်ဆိုတာကလည်း သက်ပုံ မျက်နှာကြောင့် ဖြစ်သလို   ဦးချီကို လည်း လူပျို ကြီးမို့ ချစ်ရှာတာလည်းပါသည်။မဟုတ်တောင် ဒီအသက်အရွယ်ရောက်မှ အနည်းငယ် အနေစိမ်းသွားပေမဲ့ ဦးချီငယ်ငယ်ကဆို 
အန်ကယ်စိုးကသည်းသည်းလှုပ်ချစ်တယ်ဆိုတာ သက်ပုံပြောပြနေကြပင်။

အတော်ကြာ ဆိုင်ထဲမှာ သူတို့ နှစ်ယောက်အတွက် စိတ်ကြိုက်ရွေးချယ်အပြီးမှာ နောက်ဆုံးပေါ်  Clickဘီးလှလှလေးကို သော့်အတွက်  ဝယ်ပေးဖြစ်ခဲ့သည်။

"ဘာစားချင်လဲ ရောက်တုန်း
မုန့်ကျွေးမလို့   "

မုန့် ဆိုတဲ့ အသံကြားတော့  သော်မျက်လုံးလေးတွေက တလက်လက်ဖြစ်လာ၏။ ဒါကိုမြင်သွားတဲ့ အန်ကယ်စိုးက သဘောတကျ ရယ်မောကာ ရှေ့ ကနေ ထွက်သွား၏။

"နောက်ကပဲ  ဖြေးဖြေးစီးခဲ့ကြတော့ ။
နီးနီးနားနား မိန်းထဲက ဆိုင်တစ်ဆိုင်မှာပဲ ဝင်ထိုင်တော့မယ် ။  အဆင်ပြေတယ်မို့ လား  "

" ပြေပါတယ် အန်ကယ်စိုး သားတို့ နောက်ကလိုက်ခဲ့မယ် "

အသစ်စက်စက်ဘီးကို  တက်ခွပြီး  သော့်ကိုနောက်ကတက်စေသည်။
အန်ကယ်စိုး၏ အဖြူ ရောင်ကားလေးကတော့ တရွေ့ ရွေ့ ရှေ့ကနေထွက်သွားပီမို့
ဦးချီ  ဆိုင်ကယ်စက်နိုးကာ  နောက်ကနေခပ်မှန်မှန်သာလိုက်ခဲ့လိုက်သည်။

"သော် ! အန်ကယ်စိုးက မာလာရှမ်းကော ကျွေးတော့မယ်ထင်တယ်..မင်းသဘောကျတယ်မို့လား"

ခပ်လှမ်းလှမ်းမှာထိုးရပ်သွားပြီဖြစ်တဲ့ကားဖြူ လေးကိုကြည့်ရင်း ဦးချီ နောက်က
သော့်ကိုမေးလိုက်သည်။ ယသော်လင်းက မာလာရှမ်းကော တို့  ပင်လယ်စာ တို့ ဆိုရင်တအားကြိုက်တဲ့ကောင်လေးမို့ ပင်။
ဒီနေ့  ဗိုက်ကားအောင်စားရမည်မှန်းသိတော့   အိမ်မှာ  ထမင်းတောင်ချက်မထားခဲ့။

" ငါကြိုက်ပေမဲ့ မင်းမှမကြိုက်တာ "

"ဖြစ်ရလေကွာ ၊  မင်းခေါင်းလေးကတအားပိန်းတာပဲ။ ဘယ်လိုများဆယ်တန်းအောင်လာသလဲပဲ။ ဆိုင်ရောက်မှတော့ တခြား ငါကြိုက်တဲ့ဟာစားမှာပေါ့ကွ  "

ဆိုင်ကယ်ရပ်လိုက်ပီမို့ ယသော်လင်း ဆက်ရန်မတွေ့ အားတော့။ အန်ကယ်စိုးမြတ်ဆိုတဲ့ ဆရာဝန်ကြီးသည်  ပလက်ဖောင်းပေါ်မှာ သူတို့ နှစ်ဦးကိုရပ်စောင့်နေတာကြောင့်ပင်။
၄၅ဆိုတဲ့ အသက်အရွယ်ရှိတဲ့ ယောကျာ်းတစ်ယောက်ကို  အသက်ကြီးတယ်လို့ မသတ်မှတ်သင့်သေးပါ။

ရှည်လျားတဲ့ အရပ်အမောင်းနှင့်အတူ
စတိုင်ပန် ဘောင်ဘီ ကို နက်ပြာရောင် အကွက်စိတ်လေးတွေပါသော ရှပ်ဖြင့်တွဲဝတ်ထားသော အန်ကယ်စိုးသည် သိပ်
ခန့် ညားပါသည်။ ဖြူ ဝင်းနေသော အသားရေသည် လက်ဖျံပေါ်က သွေးကြောစိမ်းလေးတွေကိုပင် မြင်နေရအောင် ကြည်လင်နေပါသည်။

နောက်ကနေခပ်ကုတ်ကုတ်လိုက်ရင်း
ယသော် ဦးချီကို ကပ်ပြောလိုက်သည်။

"အန်ကယ်စိုးက ချောလိုက်တာ  "

"ငါလောက် ချောသေးတယ်လား "

ယသော်ပြုံးကာ  ဦးချီလက်မောင်းကိုဖက်လိုက်၏။

"ဟင့်အင် ကိုကိုက အချောဆုံး  "

သူ့ ကိုမြှောက်ပင့်နေမှန်းသိသည်မို့ မနာအောင် လက်သီးစုတ်နဲ့ ဘေးက ငဖားလေးကိုထုပစ်လိုက်သည်။ အလကား ပလီပလာ  လိမ်စားနေတဲ့ကောင်လေး။

"ဘာစားမှာလဲ ၊ ကြိုက်တာမှာကြ။
အန်ကယ်စိုးက မအားတာနဲ့ သားကိုအမြဲအချိန်ပေးနိုင်မှာမဟုတ်တော့ တွေ့ တုန်း
တဝကြီး ငါ့သားကို တွေ့ သွားချင်တာ ။
မအားဘူးဆိုပေမဲ့ မကြာခဏလာတွေ့ နိုင်အောင်တော့ကြိုးစားပါ့မယ် ။ ကဲ..မှာမှာ "

သော့်အကြိုက်တော်တော်များများဦးချီမှာပေးလိုက်သည်။ အိမ်မှာသာ ငစွာလေး။
အပြင်ရောက်လို့  လူကြီးတွေရှေ့ ဆို သော်က အသံသိပ်မထွက်တော့။

" ဘယ်နှယ့်လဲ တစ်ယောက်ထဲရပ်တည်ရတာ  " 

" တခါတလေ အိမ်လွမ်းပေးမဲ့ သားအဆင်ပြေပါတယ်။ ပါးပါးက သားကို  ဘာလုပ်နိုင်မလဲ ဆိုတာ   စမ်းသပ်နေတဲ့သဘောပါ အန်ကယ်စိုး  "

"မင်းနားလည်ရင် ပြီးတာပါပဲ။
သားအဖေတွေကို စိတ်ကွက်ဖို့ တော့မစဉ်းစားလိုက်ပါနဲ့ ချီချီ  ၊  မင်းကို သူတို့ က
ကြံခိုင်စေချင်တာ ပါ  "

စကားပြောမပျက်ပေမဲ့  သံပရာရည်ခွက်ကိုမွှေနေတဲ့ အန်ကယ်စိုးလက်ချောင်းတွေကိုငေးကာ   ဆရာဝန်လက်ဆိုတာ ဒါမျိုးလားဟု မဆီမဆိုင်တွေးမိသေးသည်။
သော်ကတော့ ဘေးမှာ သူနဲ့ မဆိုင်သလို တရှူးရှူးတရှဲရှဲ စားလို့ နေ၏။
သူ့ ယသော်လင်းမာန်လေးပဲ ကောင်းတယ်။ ဘာပူပန်သောကမှကိုမရှိရှာတာ။

နှုတ်ခမ်းမှာ ပေနေတာမို့  လူမြင်မကောင်းမှာစိုး၍  Tissue ယူကာ  သုတ်ပေးလိုက်သည်။ ဒါကိုပင် အန်ကယ်စိုးက ဘာရယ်မဟုတ် ပြုံးကြည့်နေ၏။

ယသော်လင်းက တော့ရှက်ရမှန်းမသိ
ခါတိုင်းလည်းဦးချီကအောက်ခြေသိမ်းလုပ်ပေးနေကြဆိုတော့  Tissue သူရှေ့ရောက်တာနဲ့ မျက်နှာက ဦးချီဖက်ကိုအနည်းငယ်စောင်းပေးပြီးသား။  ကြာရင် ဦးချီက ကလေးအဖေနှင့်တူတော့မည်။
စကားပြောလည်းမပြတ်  သော့်ကိုလည်းတခုပီးတခုလုပ်ပေးလိုက်နဲ့ ဦးချီတစ်ယောက်   ကိုယ့်ပါးစပ်ထဲကိုဘယ်လိုအစားတွေဝင်သွားသလဲတောင်မသိတော့ပေ။

   အပြန်ကြ  ကြိုက်တာသုံးဖို့ မုန့်ဖိုး ၃သိန်းပေးသွား၏။သော့်ကိုလည်း  တော်တယ်ဆိုတာ ချီးကျူးသွားသေးသည်။ 

ဆေးခန်းတွေ ပတ်ထိုင်နေရတဲ့ အချိန်မလောက်သော  ဆရာဝန်ကြီး တစ်ယောက်မို့  ဦးချီ တို့ ဆီမှာ  အကြာကြီးတော့  မနေသွားခဲ့ပေ။ 

" ဖြေးဖြေးသွားပါ  ဦးလေးစိုး  "

ကားပေါ်တက်သွားတဲ့အချိန်မှာ ဦးချီ ပြေးနှုတ်ဆက်လိုက်သည်။   သက်ပုံက  အန်ကယ်စိုးဟုခေါ်ခိုင်းပေမဲ့  ဦးချီကတော့
ငယ်ငယ်ကခေါ်သလို  ဦးလေးစိုးလို့ပဲခေါ်ချင်သည်။ စိတ်ခုသွားဟန်မရှိပဲ လက်ပြ ကာ   ထွက်ခွာသွားသော ကားကို ကြည့်ရင်း  အန်ကယ်စိုးကိုလည်း ပါးပါးလို
ကောင်လေးတစ်ယောက်ရစေချင်ပြန်သည်။  

သက်ပုံပြောပြသလောက်တော့ အန်ကယ်စိုးကို  သူ့ အိမ်က အဆက်အသွယ်  ဖြတ်ထားတယ်တဲ့။  အကြောင်းပြချက်က
အန်ကယ်စိုးနှစ်သက်သော  သူက  အမျိုးသားတစ်ယောက်ဖြစ်နေလို့ ပါတဲ့။

ဦးချီ စိတ်မကောင်းတကယ်ဖြစ်ရပါသည်။

သားသမီးပင်ဖြစ်လင့်ကစား  စိတ်ဒဏ်ရာအနာတရ ဖြစ်အောင် မလုပ်သင့်ဘူးလို့
ဦးချီထင်ပါသည်။ လူတိုင်း ကိုယ်ဘေးမှာ
တသက်လုံး အဖော်ပြု နေထိုင်ဖို့   လူတစ်ယောက်  ရွေးချယ်လေ့ရှိကြသည်။

  အမျိုးသားဖြစ်စေ၊အမျိုးသမီးဖြစ်စေ  ရွေးချယ်လက်ခံခဲ့သူနှင့်သာ  တသက်လုံး နေသွားရမည့်သူမို့ အဆိုးအကောင်းကိုလည်း ထိုသူကသာ ခံစားရလေသည်။

မိဘ သဘောကျ ကောင်းတဲ့သူယူပြီး
ကောင်းသွားရင်လည်းကိုယ်သာခံစားရမည်။ ကောင်းနေပြီးသားလူ သည် ကိုယ်လက်ထဲရောက်မှာ ဆိုးသွားရင်လည်းကိုယ်သာခံရမည်။ မည်သူမှအစားဝင်ခံပေးမည်မဟုတ်။

ထို့အတွက်  မည်သူတစ်ဦးတစ်ယောက်မှ   ကိုယ်ပိုင်ဘဝကို ဝင်မစွတ်ဖက်သင့်ပေ။  ပြီးတော့  လူသက်တမ်းတိုတိုလေးမှာ ကိုယ်ချစ်သော သူနှင့် တစ်ဘဝစာလုံးအတူနေချင်သည်မှာ လူတိုင်း ဆန္ဒသာ။

"ကိုကို  အိမ်ထဲဝင်မယ်လေ  ။ ဘာငေးနေတာလဲ  "

လက်မောင်းကို ယသော်  ရိုက်ကာ ပြောလာမှ  ဦးချီ အတွေးတွေကို ဖြတ်လိုက်ရသည်။  ဆိုင်ကယ်ကို  အိမ်ထဲထိ တရွေ့ ရွေ့ တွန်းဝင်ခဲ့သည်ထိ   မိဘနှင့်သားသမီးကြားက  အဆင်မပြေမူ့ များကို ဦးချီတွေးနေမိသည်။ 

ဆိုင်ကယ်လေးသည် အရမ်းလှပါသည်။
သိန်း ၄၀ နီးပါးကပ်သော ဈေးကြောင့် 
စီးရသည်မှာလည်း ဘာနဲ့ မှမတူအောင်
သွက်လပ်ပေါ့ပါးနေပါသည်။  သော်ကတော့ ကျောင်းမှာ နောက်ဆုံးပေါ် ဆိုင်ကယ်လှလှလေးနဲ့ ဘယ်လောက်တောင်
ချစ်ဖို့ ကောင်းနေလိုက်မလဲ ဆိုတာ တွေးကြည့်ရုံဖြင့်စိတ်ချမ်းသာရ၏။

"  သော်    ၊ မင်းသာ  အချစ်ကိုရွေးချယ်မယ်ဆိုရင်  ဘယ်လိုလူ ကိုရွေးမှာလဲဟင် "

ဦးလေးစိုးပေးလိုက်သော ပိုက်ဆံတွေကို
လွယ်အိတ်လေးထဲသေချာထည့်နေသော ယသော်သည် ဦးချီမေးခွန်းကို ထင်မှတ်မထား  ဟန်ဖြင့်  ခေါင်းမော့ကာကြည့်လာသည်။ 
မျက်ခုံးတွေကလည်းတွန့် ချိုးလျက်
ဘာအရူးထ ပြီးလာမေးနေတာလဲ ဆိုတဲ့အကြည့်နဲ့ လည်းကြည့်သေးသည်။
ပြီးမှ   ဘာမှမထူးဆန်းသလို  လုပ်လက်စ ဆက်လုပ်ရင်း

" ဘယ်လို လူကိုရွေးရမလဲ ဆိုတာ ငါသတ်မှတ်မထားဘူး။  ငါနဲ့ အဆင်ပြေမဲ့ သူ ၊
ငါ့ကိုနားလည်ပေးနိုင်တဲ့သူ ပြီးတော့ မင်းလောက် ငါ့အပေါ်မှာ ချစ်ပေးနိုင်မဲ့သူမှ
ငါက ရွေးချယ်မှာ ။ခုချိန်မှာတော့ ငါအချစ်ကိုစိတ်မဝင်စားဘူး ကိုကို။ မင်းရယ်၊ငါရယ်  သံယောဇဉ်တွေ ဝေးမသွားသ၍ ငါ့ဘဝမှာ အချစ်မလိုဘူးထင်တာပဲ  "

ယသော်လင်း၏ အဖြေသည် ဦးချီကိုအတော်လေးသဘောတွေ့ စေပါသည်။
တနေ့ လုံး စိတ်ချမ်းသားနေဟန်ရှိသော ကောင်ငယ်လေးသည် လျော့ပါးနေသော သူ့ အိတ်ထဲကိုငွေတွေဖြည့်ကာ ကျေနပ်နေပါသည်။ 

လုပ်ချုင်ရာလုပ်နေသောယသော်လင်း သည် ဒီနေ့ ဦးချီ၏ မျက်လုံးထဲမှာ အလွန်အင်မတန်မှ ချစ်ဖို့ ကောင်းလို့ နေချေ၏။ 
အဖြူ  ရောင် ရှပ်လက်ရှည်ပွပွသည် ဦးချီ၏ အင်္ကျီမို့ ယသော်လင်းနဲ့ ဖားလျားကြီးဖြစ်နေပါသည်။

ဒါကိုပင် စတိုင်ကျသည်ဟုဆိုကာ   အနက်ရောင် အိတ်ထောင်တွေအများကြီးပါသော ဒူးသာသာဘောင်ဘီကလေးနဲ့  တွဲကာ ဝတ်ဆင်ထားသည်။
လက်ဖျားတွေသည် အနည်းငယ်ခေါက်တင်ထားပေမဲ့ ရှည်လျားသော အင်္ကျီစကိုတော့ ခါးထဲထိုးဝတ်ထား၏။

အသားဖွေးသူမို့  ဘာဝတ်ဝတ်သော်က ချစ်စရာကောင်းသည်မှာမလွဲပေမဲ့ ဒီနေ့ သည် အရင်နေ့ တွေကထပ်ပိုကာ ချစ်စရာကောင်းနေတာကတော့အမှန်ပင်ဖြစ်သည်။

**တခါတလေ  အဖြူရောင်တွေက
အရောင်ဆိုးဖို့ လွယ်ပေမဲ့ 
တခါတလေ ကျ  စွန်းထင်းဖို့ ခက်ခဲပြန်တယ်။  ထို့ အတူ  သံယောဇဉ်တွေကလည်း နှစ်များစွာ ကြာသည်ထိ  ခိုင်မြဲလာလေလေ  နောက်တဆင့် ကူးဖို့  မေ့လျော့လာလေပါပဲ။ အဝါရောင်နှင်းဆီပန်းလေး အရောင်ပြောင်းဖို့  ကျွန်ုပ်တို့သည် အချိန်မည်မျှစောင့်ဖို့ လိုမည်နည်း****

ချစ်တဲ့အိမ်စည်။

" ကြယ်ဖိပေးဖို့ မနေ့က သတိပေးတယ်။
အများကြီး voteတွေတက်လာတယ်။ အဲ့တော့  ကျမ စိတ်ချမ်းသာတယ် ကဲ😁နေ့တိုင်းသတိပေးရတော့မှာလားရှင့်။
တကယ်ဆိုနေမကောင်းဘူး နားစည်ယောင်နေလို့ ပါးတခြမ်းကိုက်နေတယ်။ဒါပေမဲ့ စိတ်ချမ်းသာနေလို့  ရေးပေးလိုက်တယ် )

Bạn đang đọc truyện trên: ZingTruyen.Xyz