ZingTruyen.Xyz

နှင်းဆီဝါတို့ နီစွေးစေ(နွင္းဆီဝါတို ႔နီေစြးေစ)completed

23

eainsi23

ရွပ္..ရွပ္

ၾကမ္းျပင္နဲ ့ေျခေထာက္ပြတ္ဆြဲသံက တိုးတမ်ိဳး ၊ က်ယ္တမ်ိဳး သန္းေခါင္ယံမွာ ထြက္ေပၚေနသည္။
တေယာက္ေသာ သူက ကုတင္ေပၚမွာ စိတ္ခ်လက္ခ်အိပ္ေပ်ာ္နိုင္ေပမဲ့  ဦးခ်ီကေတာ့ စိတ္လႈပ္ရွားေနသည္မို ႔ နဖူးကေခြၽးေတြေတာင္ မသုတ္နိုင္ေတာ့ေပ။ 

ဒီေန ႔ ဆယ္တန္းေအာင္စရင္းထြက္မည့္ေန႔။  ယေသာ္လင္းမာန္ အပူမရွိ အိပ္ေပ်ာ္ေနနိုင္တာကိုေတာ့ ခ်ီးက်ဴ းပါရဲ႕။
သူမွာေတာ့ ညေန ေနမဝင္ခင္ကတည္းက 
ထမင္းေတာင္ မစားနိုင္ေပ။

ဒင္...!!

အိမ္ေပၚထပ္ရွိ ေရွးေဟာင္းနာရီႀကီးက   အသံေပးေနေလၿပီ။  ၁၂ နာရီ ထိုးေလသည္မို ႔မၾကာခင္   ဖုန္းလာေတာ့မည္။
ကိုယ္ပိုင္ေက်ာင္းမို ႔  ည ၁၂ ေက်ာ္လ်ွင္
တန္း  သိၾကၿပီး  ခ်က္ျခင္းအေၾကာင္းၾကားေပးတက္ၾက၏။။ 
ထို ႔အတူ  ဦးခ်ီ တို ႔  အ.ထ.က ခြဲေက်ာင္းကလည္း မိုးလင္းထိ ေစာင့္စရာမလိုေပ။
ၿမိဳ ႕နယ္ထိ သြားကာ ေအာင္စာရင္းေစာင့္ယူရေသာ ဆရာေတြဆီက ေအာင္ျမင္သည့္ လူဦးေရ တခ်ိဳ ႕သည္ အတြင္းစကားျဖင့္ ျပန္ျကားရ စၿမဲ။

ring..ring..

ဖုန္းသံက်ယ္က်ယ္က  ဦးခ်ီ ကို အသက္ရူမွား ေစ၏။ ခ်က္ျခင္းေကာက္ကိုင္လိုက္ေတာ့   ယေသာ္လင္းရဲ႕  ေက်ာင္းဖုန္းနံပါတ္ျဖစ္၍ ေနသည္မို ႔  ေတာ္ေတာ္နဲ ့မကိုင္ရဲပဲ  အသက္ကိုဝဝရူ ေနမိ၏။ သူ ႔႐ြာကၾကားရမဲ့သတင္းစကားထပ္ ယေသာ္လင္း၏ ေအာင္စာရင္းကို ပို ရင္ခုန္မိတယ္ဆိုရင္  အျမင္ကပ္စရာမ်ားျဖစ္ေနမလား။

ဘုရား ၊သၾကားမ၍  သူ၏ညီေလး ယေသာ္လင္းမာန္သည္ ဂုဏ္ထူးေတြအမ်ားႀကီးနွင့္ေအာင္ျမင္ပါေစ။

ခပ္တိုးတိုးေရ႐ြတ္ဆုေတာင္းၿပီးမွ ဖုန္းကိုကိုင္လိုက္၏။ ညကလည္းဆုေတာင္းၿပီးၿပီဆိုေပမဲ့ ခုလည္း ကံေကာင္းေအာင္ထပ္ဆုေတာင္းေနမိတာျဖစ္၏။

"ဟယ္လို ..ေမာင္ယေသာ္လင္းမာန္တို ႔အိမ္ကပါ့လားရွင္။ က်မ  (××××)ကိုယ္ပိုင္အထက္တန္းေက်ာင္းက ဆရာမ ေဒၚနီလာဦးပါ ရွင့္"

" ဟုတ္ကဲ့  ကြၽန္ေတာ္ ယေသာ္လင္းရဲ႕အကိုပါဆရာမ "

ဦးခ်ီ  စိတ္လႈပ္ရွားစြာ  အိပ္ေနေသာ ယေသာ့္ထံ  လွမ္းၾကည့္ေနမိသည္။ 
ဖုန္းလိုင္းထဲကေနာက္ဆက္ေျပာလာမည့္ စကားကို  သူနားေထာင္ဖို ႔ မရဲ။ ထို႔ေၾကာင့္
ျခင္ေထာင္  အတြင္းလက္လ်ိဳ ကာ 
အိပ္ေပ်ာ္ေနေသာ ယေသာ္လင္း၏ လက္ကေလးကို ဆုပ္ကိုင္ကာ  သူ ႔မ်က္လံုးေတြကိုေမွးမိွတ္လိုက္သည္။

"ဟုတ္ကဲ့  ေမာင္ယေသာ္လင္းမာန္  ဂုဏ္ထူးေျခာက္ဘာသာနဲ ့ ေအာင္ျမင္ေၾကာင္းကို  ကြၽန္မတို ႔ ေက်ာင္းကိုယ္စား
ကြၽန္မက လွမ္းအေၾကာင္းၾကားေပးတာပါရွင္  "

"ဗ်ာ !  ၆ဘာသာ  ! "

ဦးခ်ီ မ်က္လံုးေတြျပန္ဖြင့္လာ၏။
ေသာ့္ကိုမယံုတာမဟုတ္ေပမဲ့  ေသခ်ာေအာင္ ထပ္ေမးမိသည္။ သူ ၏ တင္းၾကပ္
စြာ ဆုပ္ကိုင္မူ ႔ေၾကာင့္ထင္၏ ေသာ္တစ္ေယာက္  အိပ္မႈံစုတ္ဖြားနဲ ့ထထိုင္ေနတာကိုလည္းလွမ္းျမင္ေနရသည္။

"ဟုတ္ပါတယ္ရွင့္။ ဒီနွစ္ ေက်ာင္းကေမြးထုတ္ေပးလိုက္တဲ့  ဘာသာစံု ဂုဏ္ထူးရွင္ ၃ေယာက္မွာ ေမာင္ယေသာ္လင္းမာန္က တစ္ေယာက္အပါအဝင္ပါရွင့္  "

ဖုန္းကို ဆက္နားမေထာင္ေတာ့ပဲ ဦးခ်ီ  
ခ်ပစ္လိုက္၏။  ယေသာ္လင္းကေတာ့ ျခင္ေထာင္ထဲမွာ ထိုင္ရက္ ငိုက္ေကာင္းတုန္း။

"ေသာ္ ..ေသာ္  ထစမ္း  ၊  "

ျခင္ေထာင္ကိုအတင္းလွန္ကာ ယေသာ္လင္းကို အျပင္ဆြဲထုတ္လိုက္သည္။
ၿပီးေတာ့ ကုတင္ေအာက္ကို  ခ်ကာ မတ္တပ္ရပ္ေစကာ အိပ္ခ်င္ေနေသးေသာ မ်က္နွာကို လက္နွစ္ဖက္ျဖင့္   ပူးကိုင္ကာ ေမာ့ယူလိုက္သည္။

" ေသာ္ !ကိုကို ႔ေသာ္ေလး  ။ ဘယ္လိုလုပ္ရမလဲ။  ေတာ္လိုက္တာ ။ ေတာ္လိုက္တာကြာ ။ ဘာသာစံုဂုဏ္ထူးတဲ့  ဘာရခ်င္လဲ ေျပာစမ္း၊ ေသာ္  မအိပ္ေတာ့နဲ႔လို႔ "

ဝမ္းသာအားရေအာ္ဟစ္ေနေသာ္လည္း တဖက္လူက မလႈပ္။ " အင္း" ဟု
ေျပာကာ 
ဦးခ်ီကိုင္ထားေသာ လက္ေတြကို ပုတ္ခ်ၿပီး  ရင္ဘတ္ကို မွီရင္းမတ္တပ္ႀကီးရေအာင္ ျပန္အိပ္ေနေသးတာမို ႔ ဦးခ်ီ ေပြ ႕ခ်ီကာ  သံုးပတ္ေလာက္ ပတ္ရမ္းပစ္လိုက္သည္။

"ကိုကို ငါအိပ္ခ်င္တယ္လို ႔"

"  မအိပ္ေတာ့နဲ ့ေသာ္ ။ မင္းဘာသာစံုဂုဏ္ထူးပါတယ္ကြ  ။  ထ စမ္း ပါဆို "

အတင္းအၾကပ္နိႈးေနမိသည္မွာ
ဒီအခ်ိန္မွာ ေအာင္ျမင္မူ ႔ကို   နွစ္ေယာက္အတူ မ်ွေဝသင့္သည္ဟုထင္လို႔ပင္။
အေတာ္ၾကာ ေပြ ႕ခ်ီထားရင္း လမ္းေလ်ွာက္ကာ ဦးခ်ီစကားေတြ တတြတ္တြတ္ေျပာေနမိသည္။  ဘယ္လိုမွ အိပ္ရမဲ့ပံု မျမင္ေတာ့ စူပုတ္ပုတ္မ်က္နွာျဖင့္ ယေသာ္လင္းေခါင္းေထာင္လာ၏။

ring..ring..

ေနာက္တႀကိမ္ျမည္လာေသာဖုန္းသံေၾကာင့္

"ေဟာ  .. ငါ့အတြက္ေအာင္စာရင္းလာၿပီေသာ္ ။ သြား ဒီတခါ မင္းနာေထာင္ေပး "

ေအာက္ကို ခ်ေပးရင္းဆိုေတာ့ေသာ္က ဒီတခါမျငင္းဆန္ေတာ့ပဲ စားပြဲေပၚတင္ထားေသာဖုန္းကို ေကာက္ကိုင္၏။

" ပါးပါးတို ႔ဆက္တာ  "

ပါးပါးဟု မွတ္ထားေသာ ဖုန္းနံပါတ္ကို ေထာင္ျပရင္း အသိေပးေတာ့ ေခါင္းဆတ္ကာ "စပီကာ ဖြင့္ ပီးကိုင္လိုက္" ဟု  ေျပာမိသည္။

ကုတင္စြန္းမွာ နွစ္ေယာက္အတူ ထိုင္ကာ
ပါးပါးတို ႔ဆီက စကားကိုနားစြင့္မိလ်ွင္

"ဟယ္လို  "

ေသာ္ကေတာ့ ေစာကလို အိပ္ခ်င္ဟန္မရွိေတာ့တဲ့ပံုပင္။ 

"ဟယ္လို သက္ပံု ။ သားပါ   "

"ေအး သားငယ္  ၊ မင္းအကိုေရာ  "

ေသာ္က မ်က္ခံုးပင့္ျပ၏။ ဘာျပန္ေျပာရမလဲဆိုတဲ့ သေဘာ။
ယေသာ့္ ေခါင္းကို ပုတ္ကာ

"သားေဘးမွာရွိတယ္ သက္ပံု "
ဟု အသံေပးလိုက္၏။အစကတည္းက
စိတ္ဆိုးေနတာမ်ိဳး  သူရင္ထဲမွာမရွိ။ ထို ႔အတူ
ပါးပါးနွင့္ သက္ပံုလည္းအတူတူပဲျဖစ္လိမ့္မည္။ လူၾကားေကာင္းေအာင္  ပါးပါး သူ ႔ကိုစိတ္ဆိုးျပေပမဲ့   ေနာက္ကြယ္မွာ အရိပ္တၾကည့္ၾကည့္ လုပ္ေနတက္တာကို မသိရေအာင္ဦးခ်ီကအရူးမွမဟုတ္တာ။

ေတာ္ၾကာ ဦးခ်ိန္းလာၾကည့္လိုက္၊ေတာ္ၾကာ  ဘိုးဘိုးလာၾကည့္လိုက္နွင့္ သူတို ႔နွစ္ေယာက္ကို ဘယ္သူမွ ပစ္မထားေပ။
၃ရက္တခါ ေစ်းဝယ္လာေသာ ဦးထက္ပင္လ်င္  မင္းအေဖ ဘာေပးလိုက္လို ႔
အိမ္ေတာ္ရာ နားလာယူလွည့္၊ မင္းအေဖက ဘာလိုေသးလဲေမးခိုင္းလိုက္တယ္ဆိုတာမ်ိဳးလည္း  မၾကာခဏဆိုသလို ၾကားေနရတက္သည္။

"သား  ေဖေဖ့သား ေလက်ယ္ေလး  ။
မင္း  ဂုဏ္ထူးနွစ္ခုေတာင္ ပါတယ္ကြ  "

သက္ပံုက သူတုန္းကရခဲ့တဲ့  ၅ဘာသာဆိုတဲ့ ေအာင္ျမင္မူ ႔ကိုေမ့မ်ားေနသလား။
အားလံုးထဲမွာ သူက အနည္းဆံုးဆိုေပမဲ့
ဦးခ်ီ ခ်စ္ရတဲ့သူေတြအတြက္  ဂုဏ္ယူလို႔မဆံုးပါ။
ထို ႔ေၾကာင့္ ေသာ့္ပုခံုးေပၚလက္တင္ကာ

" ေက်းဇူးတင္ပါတယ္သက္ပံု။  သက္ပံုနဲ ့ပါးပါးေၾကာင့္သာ သား လုပ္နိုင္ခဲ့တာပါ။
ၿပီးေတာ့   သက္ပံုတို ႔ကိုလြမ္းတယ္ "

စကားဆံုးေတာ့ ဝမ္းနည္းစြာ အဖ်ားခတ္တုန္ရီသြားေသး၏။

ဖုန္းေျပာရင္းက်လာေသာ  မ်က္ရည္ေတြကို ယေသာ္လင္းက ေဘးကေန  လက္ညိဳးေလးနဲ ့ေသခ်ာသုတ္ေပးေန၏။ ၿပီးေတာ့  ကုတင္ေပၚမွာ ဒူးေထာက္ထိုင္လိုက္ၿပီး ဦးခ်ီ ေခါင္းကိုသူရင္ခြင္ထဲ ထည့္ကာ  သူတက္သေလာက္ အားေပးေနေလသည္။ 

သူ ႔စကားေၾကာင့္ထင္၏  သက္ပံု၏ ငိုသံသဲ့သဲ့ကိုလည္းၾကားရသည္။ 
သူတို ႔မိသားစုသည္ တခါမွ အခ်ိန္ၾကာႀကီးစိတ္ဆိုးစိတ္ေကာက္မေနဘူးသလို ခြဲခြာၿပီးလည္းမေနဖူးေပ။  ခုခ်ိန္မွာ ပါးပါးသည္  သူ႔ဘဝကို အစျပဳဖို ႔တမင္ လမ္းေၾကာင္းေပးေနမွန္းသိပါသည္။

ျပင္ပေလာကကို စူးစမ္းရွာေဖြဖို ႔  ပါးပါးနွင့္သက္ပံု တို ႔
မလႊတ္ခ်င္ေပမဲ့  ဝမ္းနည္းစြာ ေစခိုင္းေနမွန္း သူနားလည္သည္။

" မင္းေယာက်ာ္းမဟုတ္ဘူးလား။ မင္းေျပာေတာ့  သား လူႀကီးလုပ္ေတာ့မွာဆို။
လုပ္ေလ ၊ ဘာလို႔ ခုထိ ကေလးလို ငိုယိုေနတာလဲ ။ ငါ့ယံုၾကည္မူ ႔ေတြကိုမျဖတ္စီးနဲ ့ေဒါင္းကေလး။ သားကိုျပန္မလာနဲ ့လို ႔ပါးပါး တခြန္းမွ မေျပာဘူး။
မလုပ္နိုင္ရင္ ျပန္လာခဲ့။ မင္းအတြက္ ငါတို ႔ရွာထားတဲ့စည္းစိမ္ေတြမွအမ်ားႀကီးပဲ။ "

" ေယာက်ာ္း ျဖစ္ရင္ မငိုရဘူးလို ႔ဘယ္သူေျပာလဲ။ ပါးပါးလည္းတခါတေလ
သက္ပံုနဲ ့စကားမ်ားရင္ ငိုတာပဲ။ သားလည္း ပါးပါးကိုသတိရလို ႔ငိုတာဘာျဖစ္လဲ"

ပါးပါးစကားေၾကာင့္ ဦးခ်ီ  ငိုေနရင္းျပန္ေအာ္မိသည္။
တခါတေလ ပါးပါးက သူကို အားေပးေနတာနွင့္မတူပဲ ရန္စ ေနတာနဲ ့တူ၏။
သူ၏ ခပ္စြာစြာ စကားကို ခြန္ ႔တုန္႔ျပန္မလာပဲ ၿငိမ္သြားကာ  အေတာ္ၾကာမွ 

" မင္းငိုေတာ့ ငါလည္းငိုခ်င္တာေပါ့။
တိတ္ေတာ့၊  ေယာက်ာ္းေကာင္းဆိုတာ
သူမ်ားအားနည္းခ်က္ကို   မေထာက္ျပရဘူး  "

ပါးပါးစကားေၾကာင့္ဦးခ်ီ ငိုလက္စရပ္ကာ စပ္ၿဖဲၿဖဲျဖစ္လာ၏။  သူ ငိုတာကို ေျပာလို ႔ေယာက်ာ္းေကာင္းက အားနည္းခ်က္မေထာက္ရဘူးေလး ဘာေလးနဲ ့။

" ေတာ္ၿပီ သားနဲ ့ပါးပါး ျပန္တည့္မယ္  ၊
သေဘာတူလား  "

ဦးခ်ီ လူငယ္ပီပီ အရင္ အေလ်ာ့ေပးကာ
ေျပလည္လိုက္သည္။ ထိုအခါမွ အင္တင္တင္နဲ ့အင္းဆိုတဲ့ ပါးပါးအသံထြက္လာသည္။

" ငါ့ကိုဖုန္းေပးလိုက္ေတာ့ ။  အိမ္မွာမင္းသားကတစ္ေယာက္ထဲရွိတာလားေကာင္းခ်ီ။ ေသာ့္ကိုက်  ဘယ္နွစ္ဘာသာပါလဲ မေမးပဲ ရန္ျဖစ္ေနၾကတယ္ မႀကီးမငယ္နဲ ့"

သက္ပံုဆီကို ဖုန္းကျပန္ေရာက္သြားပံုပင္။
ရင္ခြင္ေသးေသးေလးထဲ ထည့္ကာ နွစ္သိမ့္ေပးေနရွာေသာ သူငယ္ခ်င္းေလးကို  ဦးခ်ီ  ေမာ့ၾကည့္ကာ ၿပံဳးျပလိုက္သည္။
ေသာ္ကေတာ့ သူမူပိုင္အတိုင္း ပါးခ်ိဳင့္ခြက္ေလးေတြေပၚေအာင္  ၿပံဳးလ်က္ သူတို ႔သားအဖ ရန္ပြဲကိုနားေထာင္ေနတာျဖစ္သည္။

"သား  ေသာ္ေသာ္ ။ ငါ့သားငယ္ ဘယ္နွစ္ဘာသာ ပါသလဲ။ သက္ပံု ဆုခ်ဖို ႔ေစာင့္ေနတာေနာ္။ ရခ်င္တာရွိရင္လဲ ပူဆာလို႔ရတယ္။ ကဲ  Dဘယ္နွစ္လံုးလဲ သား "

ေသာ္က မေျဖခ်င္သလို ေခါင္းငံုကာရွက္ေနေသးသည္။ ေဘးကေနအားမရေတာ့တာေၾကာင့္ဖုန္းကိုျပန္ဆြဲလုကာ

" ေသာ္က ၆ဘာသာေတာင္ပါတယ္ သက္ပံု။ အရမ္းေတာ္တာပဲ။  သားေတာ့ ပိုက္ဆံေတြအမ်ားႀကီးရွာရေတာ့မွာပဲ။  "

သက္ပံုက တေဘာတက်ရယ္ကာ

"ဘာသာစံုေပါ့ဟုတ္လားေသာ္။
သက္ပံုက သိပ္မအံ့ၾသဘူးကြ။ သားလုပ္နိုင္မယ္ဆိုတာ သိထားေတာ့   လက္ေဆာင္ေလးေတာင္ ႀကိဳျပင္ဆင္ထားတယ္။
မနက္ဖန္ မနက္  သားတို ႔ဆီကို အန္ကယ္စိုး အလည္လာလိမ့္မယ္။  ေပ်ာ္ရႊင္ပါေစ ကေလးတို ႔ ။ ကဲ မိုးခ်ဳပ္ေနၿပီဆိုေတာ့ အိပ္ၾကေတာ့  ။ ေဖေဖတို ႔လည္းအိပ္ေတာ့မယ္  "

ရွည္ရွည္ေဝးေဝးမေျပာပဲ  သက္ပံုဖုန္းခ်သြား၏။ တစ္ေယာက္မ်က္နွာတစ္ေယာက္ၾကည့္ရင္း  နွစ္ေယာက္သားစဥ္းစားခနိးဝင္ေနမိသည္။ အန္ကယ္စိုး က သက္ပံုသူငယ္ခ်င္း ဆရာဝန္ႀကီးပင္။  ဦးခ်ီနဲ ့က အမ်ားႀကီး ရင္နီးေပမဲ့ ေသာ္ကေတာ့ သိပ္မသိရွာေပ။

" အန္ကယ္စိုးေတာင္ လာလည္မယ္ဆိုေတာ့   ငါတို ႔အတြက္လက္ေဆာင္က ႀကီးလိမ့္မယ္  ေသာ္။ "

"မင္း  ဘာရမယ္ထင္လဲ  "

ဦးခ် ီ ေခါင္းရမ္းျပကာ

" ငါက ဘာလိုခ်င္တယ္ဆိုၿပီး မရွိပါဘူး။
မနက္ဖန္အန္ကယ္စိုးလာရင္ေတာ့  မင္းအတြက္  အက်ၤ ီေကာင္းေကာင္းလိုက္ဝယ္ေပးခိုင္းရမယ္။ ကိုကိုေသာ္ေလးက ေဆးေက်ာင္းသားေလးျဖစ္ေတာ့မွာဆိုေတာ့ အေရာင္မွိန္ေနလို ႔မျဖစ္ဘူး။  အား..ခုေတာ့ 
ကိုကို ႔ကို ေနာက္ေဖးလိုက္ပို ႔အံုးေသာ္ေရ။ဗိုက္နာေနၿပီ "

ရႈံ ့မဲ့မဲ့ မ်က္နွာေၾကာင့္ ေသာ္ နႈတ္ခမ္းစူၿပီး မတ္တပ္ထရပ္ကာ ေရွ ႔ကသြားနွင့္လိုက္သည္။

ညဆို ဦးခ်ီကို  အိမ္သာလိုက္ပို႔ရတာလဲ အလုပ္ တစ္လုပ္ပင္။

" ေသာ္ "

"ေဟ လို ႔ ငါရွိတယ္ "

လူတကိုယ္လံုးက ေသြးေတြကုန္ေအာင္ စုတ္မဲ့သေဘာရွိတဲ့ ျခင္ေတြရမ္းရင္း  အိမ္သာထဲက အသံေပးေနတဲ့ သူကိုပါ ေအာ္ရေသးသည္။
ခါတိုင္း ပုညာဦးခ်ီ ဒီေလာက္ အသည္းမငယ္တက္ပါ။

ေမေမဆံုးၿပီးကတည္းက ေသာ္က ေတာ္ရုံဆို မေၾကာက္တက္ေတာ့တာျဖစ္သည္။
အရာရာ ကိုယ့္အားကိုယ္ ကိုးရေတာ့မယ္ဆိုတဲ့ စိတ္ထားလိုက္လို ႔ေျပာင္းသြားသလားေတာ့မသိတက္။  ဆန္႔က်င္ဘက္အေနနဲ ့ ဦးခ်ီက ညဆို တစ္ေယာက္ထဲအေပါ့အပါးမသြားရဲေတာ့တာပင္။ ရယ္စရာေတာ့ေကာင္းလွေပသည္။ သူ ႔ကိုယ္လံုးႀကီးကို
မွ အားမနာ အိမ္သာထဲကေန အသံမ်ိဳးစံုေပးကာ  ေၾကာက္စိတ္ဖယ္ေနသည္။

ေခ်ာက္!

"ေသာ္  ငါၿပီးပီ  ။ မင္းရွဴးေပါက္အံုးမွာလား "

" ေတာ္ၿပီ ၊ ၿပီးရင္လာေတာ့ ငါျခင္ေတြကိုက္လို ႔ေသေတာ့မယ္ဟ "

ပြစိပြစိ စကားေတြကို ေျပာရင္း  ေနာက္လွည့္ကာ အိမ္ထဲ ျပန္ဝင္လာေတာ့ ေဘးကေန အတင္း ကပ္ပါလာျပန္သည္။

" ေသာ္ကလည္း ျဖည္းျဖည္း သြားပါကြ  "

တကယ္ဆို အိမ္ေနာက္ေဖး ကပ္ရပ္မွာသာ သပ္သပ္ ေဆာက္ထားတာမို ႔  ေၾကာက္စရာ  ေကာင္းလွတာေတာ့မဟုတ္။
နွစ္ေယာက္ထဲေနရသည္မို ႔တစ္ေယာက္နဲ ့တစ္ေယာက္ အေဖာ္ျပဳေနရသလိုပင္
စိတ္ၿငိဳျငင္တာမ်ိဳးေတာ့မျဖစ္မိ။

ကိုကို က ခ်စ္ေမႊးပါတာလည္း ျဖစ္မည္။
တခါတေလ စိတ္တိုလို ႔ေအာ္မိရင္ေတာင္
နားနွစ္ဖက္ပိတ္ကာ  အလန္႔တၾကားၾကည့္တာကလြဲၿပီး ဘယ္ေတာ့ မွ ယေသာ္နွင့္ရန္ တုၿပီးမျဖစ္တက္ေပ။

" ကိုကို "

"ဗ်ာ "

ျခင္ေထာင္ေတြကို ဂရုတစိုက္ျခင္မဝင္ေအာင္ ဖိေပးရင္း ထူး၏။

" မင္း  ဘာတက္မယ္စိတ္ကူးထားလဲ "

"အေဝးသင္ တက္မွာလို ႔ေျပာထားသားပဲေသာ္ရာ။ "

အတူတူ ယွဥ္တြဲအိပ္ေနေပမဲ့  ဦးခ်ီ က ေဘးေစာင္းအိပ္ေနတာျဖစ္ၿပီး ယေသာ္က ပက္လက္အေနထားနဲ ့ နားေထာင္ေနျခင္းသာ။ 

"ကိုကို  ငါေလ  ဆရာဝန္ႀကီး ျဖစ္သြားခဲ့ရင္  တံငါကုန္း႐ြာ မွာျပန္ေနဖို ႔  ဆံုးျဖတ္ထားတယ္  "

"မင္းတကယ္ေျပာတာလားေသာ္ "

ဦးခ်ီ ဖက္ကို မ်က္နွာျခင္းဆိုင္ ေစာင္းလိုက္ကာ   ေခါင္းညိမ့္ျပလိုက္ရင္း ထပ္ေျပာလိုက္သည္။

" တကယ္ေျပာတာ ကိုကို။ ငါ ဘယ္ေတြကိုပဲ  တာဝန္က်က်  ေနာက္ဆံုး ျပန္လာမဲ့ေနရာက ပါးပါးတို ႔အိမ္ရွိရာ  တံငါကုန္း႐ြာပဲ  ျဖစ္လိမ့္မယ္။ "

ဦးခ်ီ သေဘာတက် ရယ္ကာ
သူ ႔ေျခေထာက္ႀကီးကို ေသာ့္ ခါးေပၚပစ္ခြလိုက္သည္။

" မင္းကို အဲ့ဒါေတြေၾကာင့္ခ်စ္တာ။
ငါ့ရဲ႕ အိမ္မက္ကလည္း  ငါ့မိသားစုနဲ ့အတူေနျခင္းပဲေသာ္။ အဲ့ဒါေၾကာင့္မင္းကိုေက်းဇူးတင္ပါတယ္ ။ မင္းေလ်ွာက္မဲ့လမ္းမွာ   ငါ တို ႔မိသားစု  အတူရွိေနေပးမယ္။"

ဆုပ္ကိုင္ထားေသာ လက္နွစ္ဖက္မွာ သံေယာဇဥ္ႀကိဳးေတြက အထပ္ထပ္ရစ္ပတ္လို ႔...

ခ်စ္တဲ့အိမ္စည္။

(ေအာက္ဆံုးေထာင့္က ၾကယ္ေလးကိုေတာ့ဖိခဲ့ေပးပါ။)

ရှပ်..ရှပ်

ကြမ်းပြင်နဲ့ ခြေထောက်ပွတ်ဆွဲသံက တိုးတမျိုး ၊ ကျယ်တမျိုး သန်းခေါင်ယံမှာ ထွက်ပေါ်နေသည်။
တစ်ယောက်သော သူက ကုတင်ပေါ်မှာ စိတ်ချလက်ချအိပ်ပျော်နိုင်ပေမဲ့  ဦးချီကတော့ စိတ်လှုပ်ရှားနေသည်မို့  နဖူးကချွေးတွေတောင် မသုတ်နိုင်တော့ပေ။ 

ဒီနေ့  ဆယ်တန်းအောင်စရင်းထွက်မည့်နေ့။  ယသော်လင်းမာန် အပူမရှိ အိပ်ပျော်နေနိုင်တာကိုတော့ ချီးကျူးပါရဲ့။
သူမှာတော့ ညနေ နေမဝင်ခင်ကတည်းက 
ထမင်းတောင် မစားနိုင်ပေ။

ဒင်...!!

အိမ်ပေါ်ထပ်ရှိ ရှေးဟောင်းနာရီကြီးက   အသံပေးနေလေပြီ။  ၁၂ နာရီ ထိုးလေသည်မို့ မကြာခင်   ဖုန်းလာတော့မည်။
ကိုယ်ပိုင်ကျောင်းမို့   ည ၁၂ ကျော်လျှင်
တန်း  သိကြပြီး  ချက်ခြင်းအကြောင်းကြားပေးတက်ကြ၏။။ 
ထို့ အတူ  ဦးချီ တို့   အ.ထ.က ခွဲကျောင်းကလည်း မိုးလင်းထိ စောင့်စရာမလိုပေ။
မြို့ နယ်ထိ သွားကာ အောင်စာရင်းစောင့်ယူရသော ဆရာတွေဆီက အောင်မြင်သည့် လူဦးရေ တချို့ သည် အတွင်းစကားဖြင့် ပြန်ကြားရ စမြဲ။

ring..ring..

ဖုန်းသံကျယ်ကျယ်က  ဦးချီ ကို အသက်ရူမှား စေ၏။ ချက်ခြင်းကောက်ကိုင်လိုက်တော့   ယသော်လင်းရဲ့  ကျောင်းဖုန်းနံပါတ်ဖြစ်၍ နေသည်မို့   တော်တော်နဲ့ မကိုင်ရဲပဲ  အသက်ကိုဝဝရူ နေမိ၏။ သူ့ ရွာကကြားရမဲ့သတင်းစကားထပ် ယသော်လင်း၏ အောင်စာရင်းကို ပို ရင်ခုန်မိတယ်ဆိုရင်  အမြင်ကပ်စရာများဖြစ်နေမလား။

ဘုရား ၊သကြားမ၍  သူ၏ညီလေး ယသော်လင်းမာန်သည် ဂုဏ်ထူးတွေအများကြီးနှင့်အောင်မြင်ပါစေ။

ခပ်တိုးတိုးရေရွတ်ဆုတောင်းပြီးမှ ဖုန်းကိုကိုင်လိုက်၏။ ညကလည်းဆုတောင်းပြီးပြီဆိုပေမဲ့ ခုလည်း ကံကောင်းအောင်ထပ်ဆုတောင်းနေမိတာဖြစ်၏။

"ဟယ်လို ..မောင်ယသော်လင်းမာန်တို့ အိမ်ကပါ့လားရှင်။ ကျမ  (××××)ကိုယ်ပိုင်အထက်တန်းကျောင်းက ဆရာမ ဒေါ်နီလာဦးပါ ရှင့်"

" ဟုတ်ကဲ့  ကျွန်တော် ယသော်လင်းရဲ့အကိုပါဆရာမ "

ဦးချီ  စိတ်လှုပ်ရှားစွာ  အိပ်နေသော ယသော့်ထံ  လှမ်းကြည့်နေမိသည်။ 
ဖုန်းလိုင်းထဲကနောက်ဆက်ပြောလာမည့် စကားကို  သူနားထောင်ဖို့  မရဲ။ ထို့ကြောင့်
ခြင်ထောင်  အတွင်းလက်လျို ကာ 
အိပ်ပျော်နေသော ယသော်လင်း၏ လက်ကလေးကို ဆုပ်ကိုင်ကာ  သူ့ မျက်လုံးတွေကိုမှေးမှိတ်လိုက်သည်။

"ဟုတ်ကဲ့  မောင်ယသော်လင်းမာန်  ဂုဏ်ထူးခြောက်ဘာသာနဲ့  အောင်မြင်ကြောင်းကို  ကျွန်မတို့  ကျောင်းကိုယ်စား
ကျွန်မက လှမ်းအကြောင်းကြားပေးတာပါရှင်  "

"ဗျာ !  ၆ဘာသာ  ! "

ဦးချီ မျက်လုံးတွေပြန်ဖွင့်လာ၏။
သော့်ကိုမယုံတာမဟုတ်ပေမဲ့  သေချာအောင် ထပ်မေးမိသည်။ သူ ၏ တင်းကြပ်
စွာ ဆုပ်ကိုင်မူ့ ကြောင့်ထင်၏ သော်တစ်ယောက်  အိပ်မှုံစုတ်ဖွားနဲ့ ထထိုင်နေတာကိုလည်းလှမ်းမြင်နေရသည်။

"ဟုတ်ပါတယ်ရှင့်။ ဒီနှစ် ကျောင်းကမွေးထုတ်ပေးလိုက်တဲ့  ဘာသာစုံ ဂုဏ်ထူးရှင် ၃ယောက်မှာ မောင်ယသော်လင်းမာန်က တစ်ယောက်အပါအဝင်ပါရှင့်  "

ဖုန်းကို ဆက်နားမထောင်တော့ပဲ ဦးချီ  
ချပစ်လိုက်၏။  ယသော်လင်းကတော့ ခြင်ထောင်ထဲမှာ ထိုင်ရက် ငိုက်ကောင်းတုန်း။

"သော် ..သော်  ထစမ်း  ၊  "

ခြင်ထောင်ကိုအတင်းလှန်ကာ ယသော်လင်းကို အပြင်ဆွဲထုတ်လိုက်သည်။
ပြီးတော့ ကုတင်အောက်ကို  ချကာ မတ်တပ်ရပ်စေကာ အိပ်ချင်နေသေးသော မျက်နှာကို လက်နှစ်ဖက်ဖြင့်   ပူးကိုင်ကာ မော့ယူလိုက်သည်။

" သော် !ကိုကို့ သော်လေး  ။ ဘယ်လိုလုပ်ရမလဲ။  တော်လိုက်တာ ။ တော်လိုက်တာကွာ ။ ဘာသာစုံဂုဏ်ထူးတဲ့  ဘာရချင်လဲ ပြောစမ်း၊ သော်  မအိပ်တော့နဲ့လို့ "

ဝမ်းသာအားရအော်ဟစ်နေသော်လည်း တဖက်လူက မလှုပ်။ " အင်း" ဟု
ပြောကာ 
ဦးချီကိုင်ထားသော လက်တွေကို ပုတ်ချပြီး  ရင်ဘတ်ကို မှီရင်းမတ်တပ်ကြီးရအောင် ပြန်အိပ်နေသေးတာမို့  ဦးချီ ပွေ့ ချီကာ  သုံးပတ်လောက် ပတ်ရမ်းပစ်လိုက်သည်။

"ကိုကို ငါအိပ်ချင်တယ်လို့ "

"  မအိပ်တော့နဲ့ သော် ။ မင်းဘာသာစုံဂုဏ်ထူးပါတယ်ကွ  ။  ထ စမ်း ပါဆို "

အတင်းအကြပ်နှိုးနေမိသည်မှာ
ဒီအချိန်မှာ အောင်မြင်မူ့ ကို   နှစ်ယောက်အတူ မျှဝေသင့်သည်ဟုထင်လို့ပင်။
အတော်ကြာ ပွေ့ ချီထားရင်း လမ်းလျှောက်ကာ ဦးချီစကားတွေ တတွတ်တွတ်ပြောနေမိသည်။  ဘယ်လိုမှ အိပ်ရမဲ့ပုံ မမြင်တော့ စူပုတ်ပုတ်မျက်နှာဖြင့် ယသော်လင်းခေါင်းထောင်လာ၏။

ring..ring..

နောက်တကြိမ်မြည်လာသောဖုန်းသံကြောင့်

"ဟော  .. ငါ့အတွက်အောင်စာရင်းလာပြီသော် ။ သွား ဒီတခါ မင်းနာထောင်ပေး "

အောက်ကို ချပေးရင်းဆိုတော့သော်က ဒီတခါမငြင်းဆန်တော့ပဲ စားပွဲပေါ်တင်ထားသောဖုန်းကို ကောက်ကိုင်၏။

" ပါးပါးတို့ ဆက်တာ  "

ပါးပါးဟု မှတ်ထားသော ဖုန်းနံပါတ်ကို ထောင်ပြရင်း အသိပေးတော့ ခေါင်းဆတ်ကာ "စပီကာ ဖွင့် ပီးကိုင်လိုက်" ဟု  ပြောမိသည်။

ကုတင်စွန်းမှာ နှစ်ယောက်အတူ ထိုင်ကာ
ပါးပါးတို့ ဆီက စကားကိုနားစွင့်မိလျှင်ကြည်လင်အေးမြသောအသံကနားထဲတိုးဝင်လာ၏။

"ဟယ်လို  "

သော်ကတော့ စောကလို အိပ်ချင်ဟန်မရှိတော့တဲ့ပုံပင်။ 

"ဟယ်လို သက်ပုံ ။ သားပါ   "

"အေး သားငယ်  ၊ မင်းအကိုရော  "

သော်က မျက်ခုံးပင့်ပြ၏။ ဘာပြန်ပြောရမလဲဆိုတဲ့ သဘော။
ယသော့် ခေါင်းကို ပုတ်ကာ

"သားဘေးမှာရှိတယ် သက်ပုံ "
ဟု အသံပေးလိုက်၏။အစကတည်းက
စိတ်ဆိုးနေတာမျိုး  သူရင်ထဲမှာမရှိ။ ထို့ အတူ
ပါးပါးနှင့် သက်ပုံလည်းအတူတူပဲဖြစ်လိမ့်မည်။ လူကြားကောင်းအောင်  ပါးပါး သူ့ ကိုစိတ်ဆိုးပြပေမဲ့   နောက်ကွယ်မှာ အရိပ်တကြည့်ကြည့် လုပ်နေတက်တာကို မသိရအောင်ဦးချီကအရူးမှမဟုတ်တာ။

တော်ကြာ ဦးချိန်းလာကြည့်လိုက်၊တော်ကြာ  ဘိုးဘိုးလာကြည့်လိုက်နှင့် သူတို့ နှစ်ယောက်ကို ဘယ်သူမှ ပစ်မထားပေ။
၃ရက်တစ်ခါ ဈေးဝယ်လာသော ဦးထက်ပင်လျင်  မင်းအဖေ ဘာပေးလိုက်လို့ 
အိမ်တော်ရာ နားလာယူလှည့်၊ မင်းအဖေက ဘာလိုသေးလဲမေးခိုင်းလိုက်တယ်ဆိုတာမျိုးလည်း  မကြာခဏဆိုသလို ကြားနေရတက်သည်။

"သား  ဖေဖေ့သား လေကျယ်လေး  ။
မင်း  ဂုဏ်ထူးနှစ်ခုတောင် ပါတယ်ကွ  "

သက်ပုံက သူတုန်းကရခဲ့တဲ့  ၅ဘာသာဆိုတဲ့ အောင်မြင်မူ့ ကိုမေ့များနေသလား။
အားလုံးထဲမှာ သူက အနည်းဆုံးဆိုပေမဲ့
ဦးချီ ချစ်ရတဲ့သူတွေအတွက်  ဂုဏ်ယူလို့မဆုံးပါ။
ထို့ ကြောင့် သော့်ပုခုံးပေါ်လက်တင်ကာ

" ကျေးဇူးတင်ပါတယ်သက်ပုံ။  သက်ပုံနဲ့ ပါးပါးကြောင့်သာ သား လုပ်နိုင်ခဲ့တာပါ။
ပြီးတော့   သက်ပုံတို့ ကိုလွမ်းတယ် "

စကားဆုံးတော့ ဝမ်းနည်းစွာ အဖျားခတ်တုန်ရီသွားသေး၏။

ဖုန်းပြောရင်းကျလာသော  မျက်ရည်တွေကို ယသော်လင်းက ဘေးကနေ  လက်ညိုးလေးနဲ့ သေချာသုတ်ပေးနေ၏။ ပြီးတော့  ကုတင်ပေါ်မှာ ဒူးထောက်ထိုင်လိုက်ပြီး ဦးချီ ခေါင်းကိုသူရင်ခွင်ထဲ ထည့်ကာ  သူတက်သလောက် အားပေးနေလေသည်။ 

သူ့ စကားကြောင့်ထင်၏  သက်ပုံ၏ ငိုသံသဲ့သဲ့ကိုလည်းကြားရသည်။ 
သူတို့ မိသားစုသည် တခါမှ အချိန်ကြာကြီးစိတ်ဆိုးစိတ်ကောက်မနေဘူးသလို ခွဲခွာပြီးလည်းမနေဖူးပေ။  ခုချိန်မှာ ပါးပါးသည်  သူ့ဘဝကို အစပြုဖို့ တမင် လမ်းကြောင်းပေးနေမှန်းသိပါသည်။

ပြင်ပလောကကို စူးစမ်းရှာဖွေဖို့   ပါးပါးနှင့်သက်ပုံ တို့
မလွှတ်ချင်ပေမဲ့  ဝမ်းနည်းစွာ စေခိုင်းနေမှန်း သူနားလည်သည်။

" မင်းယောကျာ်းမဟုတ်ဘူးလား။ မင်းပြောတော့  သား လူကြီးလုပ်တော့မှာဆို။
လုပ်လေ ၊ ဘာလို့ ခုထိ ကလေးလို ငိုယိုနေတာလဲ ။ ငါ့ယုံကြည်မူ့ တွေကိုမဖြတ်စီးနဲ့ ဒေါင်းကလေး။ သားကိုပြန်မလာနဲ့ လို့ ပါးပါး တခွန်းမှ မပြောဘူး။
မလုပ်နိုင်ရင် ပြန်လာခဲ့။ မင်းအတွက် ငါတို့ ရှာထားတဲ့စည်းစိမ်တွေမှအများကြီးပဲ။ "

" ယောကျာ်း ဖြစ်ရင် မငိုရဘူးလို့ ဘယ်သူပြောလဲ။ ပါးပါးလည်းတခါတလေ
သက်ပုံနဲ့ စကားများရင် ငိုတာပဲ။ သားလည်း ပါးပါးကိုသတိရလို့ ငိုတာဘာဖြစ်လဲ"

ပါးပါးစကားကြောင့် ဦးချီ  ငိုနေရင်းပြန်အော်မိသည်။
တခါတလေ ပါးပါးက သူကို အားပေးနေတာနှင့်မတူပဲ ရန်စ နေတာနဲ့ တူ၏။
သူ၏ ခပ်စွာစွာ စကားကို ခွန့် တုန့်ပြန်မလာပဲ ငြိမ်သွားကာ  အတော်ကြာမှ 

" မင်းငိုတော့ ငါလည်းငိုချင်တာပေါ့။
တိတ်တော့၊  ယောကျာ်းကောင်းဆိုတာ
သူများအားနည်းချက်ကို   မထောက်ပြရဘူး  "

ပါးပါးစကားကြောင့်ဦးချီ ငိုလက်စရပ်ကာ စပ်ဖြဲဖြဲဖြစ်လာ၏။  သူ ငိုတာကို ပြောလို့ ယောကျာ်းကောင်းက အားနည်းချက်မထောက်ရဘူးလေး ဘာလေးနဲ့ ။

" တော်ပြီ သားနဲ့ ပါးပါး ပြန်တည့်မယ်  ၊
သဘောတူလား  "

ဦးချီ လူငယ်ပီပီ အရင် အလျော့ပေးကာ
ပြေလည်လိုက်သည်။ ထိုအခါမှ အင်တင်တင်နဲ့ အင်းဆိုတဲ့ ပါးပါးအသံထွက်လာသည်။

" ငါ့ကိုဖုန်းပေးလိုက်တော့ ။  အိမ်မှာမင်းသားကတစ်ယောက်ထဲရှိတာလားကောင်းချီ။ သော့်ကိုကျ  ဘယ်နှစ်ဘာသာပါလဲ မမေးပဲ ရန်ဖြစ်နေကြတယ် မကြီးမငယ်နဲ့ "

သက်ပုံဆီကို ဖုန်းကပြန်ရောက်သွားပုံပင်။
ရင်ခွင်သေးသေးလေးထဲ ထည့်ကာ နှစ်သိမ့်ပေးနေရှာသော သူငယ်ချင်းလေးကို  ဦးချီ  မော့ကြည့်ကာ ပြုံးပြလိုက်သည်။
သော်ကတော့ သူမူပိုင်အတိုင်း ပါးချိုင့်ခွက်လေးတွေပေါ်အောင်  ပြုံးလျက် သူတို့ သားအဖ ရန်ပွဲကိုနားထောင်နေတာဖြစ်သည်။

"သား  သော်သော် ။ ငါ့သားငယ် ဘယ်နှစ်ဘာသာ ပါသလဲ။ သက်ပုံ ဆုချဖို့ စောင့်နေတာနော်။ ရချင်တာရှိရင်လဲ ပူဆာလို့ရတယ်။ ကဲ  Dဘယ်နှစ်လုံးလဲ သား "

သော်က မဖြေချင်သလို ခေါင်းငုံကာရှက်နေသေးသည်။ ဘေးကနေအားမရတော့တာကြောင့်ဖုန်းကိုပြန်ဆွဲလုကာ

" သော်က ၆ဘာသာတောင်ပါတယ် သက်ပုံ။ အရမ်းတော်တာပဲ။  သားတော့ ပိုက်ဆံတွေအများကြီးရှာရတော့မှာပဲ။  "

သက်ပုံက တဘောတကျရယ်ကာ

"ဘာသာစုံပေါ့ဟုတ်လားသော်။
သက်ပုံက သိပ်မအံ့သြဘူးကွ။ သားလုပ်နိုင်မယ်ဆိုတာ သိထားတော့   လက်ဆောင်လေးတောင် ကြိုပြင်ဆင်ထားတယ်။
မနက်ဖန် မနက်  သားတို့ ဆီကို အန်ကယ်စိုး အလည်လာလိမ့်မယ်။  ပျော်ရွှင်ပါစေ ကလေးတို့  ။ ကဲ မိုးချုပ်နေပြီဆိုတော့ အိပ်ကြတော့  ။ ဖေဖေတို့ လည်းအိပ်တော့မယ်  "

ရှည်ရှည်ဝေးဝေးမပြောပဲ  သက်ပုံဖုန်းချသွား၏။ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း  နှစ်ယောက်သားစဉ်းစားခန်းဝင်နေမိသည်။ အန်ကယ်စိုး က သက်ပုံသူငယ်ချင်း ဆရာဝန်ကြီးပင်။  ဦးချီနဲ့ က အများကြီး ရင်နီးပေမဲ့ သော်ကတော့ သိပ်မသိရှာပေ။

" အန်ကယ်စိုးတောင် လာလည်မယ်ဆိုတော့   ငါတို့ အတွက်လက်ဆောင်က ကြီးလိမ့်မယ်  သော်။ "

"မင်း  ဘာရမယ်ထင်လဲ  "

ဦးချီ ခေါင်းရမ်းပြကာ

" ငါက ဘာလိုချင်တယ်ဆိုပြီး မရှိပါဘူး။
မနက်ဖန်အန်ကယ်စိုးလာရင်တော့  မင်းအတွက်  အင်္ကျီကောင်းကောင်းလိုက်ဝယ်ပေးခိုင်းရမယ်။ ကိုကိုသော်လေးက ဆေးကျောင်းသားလေးဖြစ်တော့မှာဆိုတော့ အရောင်မှိန်နေလို့ မဖြစ်ဘူး။  အား..ခုတော့ 
ကိုကို့ ကို နောက်ဖေးလိုက်ပို့ အုံးသော်ရေ။ဗိုက်နာနေပြီ "

ရှုံ့ မဲ့မဲ့ မျက်နှာကြောင့် သော် နှုတ်ခမ်းစူပြီး မတ်တပ်ထရပ်ကာ ရှေ့ ကသွားနှင့်လိုက်သည်။

ညဆို ဦးချီကို  အိမ်သာလိုက်ပို့ရတာလဲ အလုပ် တစ်လုပ်ပင်။

" သော် "

"ဟေ လို့  ငါရှိတယ် "

လူတကိုယ်လုံးက သွေးတွေကုန်အောင် စုတ်မဲ့သဘောရှိတဲ့ ခြင်တွေရမ်းရင်း  အိမ်သာထဲက အသံပေးနေတဲ့ သူကိုပါ အော်ရသေးသည်။
ခါတိုင်း ပုညာဦးချီ ဒီလောက် အသည်းမငယ်တက်ပါ။

မေမေဆုံးပြီးကတည်းက သော်က တော်ရုံဆို မကြောက်တက်တော့တာဖြစ်သည်။
အရာရာ ကိုယ့်အားကိုယ် ကိုးရတော့မယ်ဆိုတဲ့ စိတ်ထားလိုက်လို့ ပြောင်းသွားသလားတော့မသိတက်။  ဆန့်ကျင်ဘက်အနေနဲ့  ဦးချီက ညဆို တစ်ယောက်ထဲအပေါ့အပါးမသွားရဲတော့တာပင်။ ရယ်စရာတော့ကောင်းလှပေသည်။ သူ့ ကိုယ်လုံးကြီးကို
မှ အားမနာ အိမ်သာထဲကနေ အသံမျိုးစုံပေးကာ  ကြောက်စိတ်ဖယ်နေသည်။

ချောက်!

"သော်  ငါပြီးပြီ  ။ မင်းရှူးပေါက်အုံးမှာလား "

" တော်ပြီ ၊ ပြီးရင်လာတော့ ငါခြင်တွေကိုက်လို့ သေတော့မယ်ဟ "

ပွစိပွစိ စကားတွေကို ပြောရင်း  နောက်လှည့်ကာ အိမ်ထဲ ပြန်ဝင်လာတော့ ဘေးကနေ အတင်း ကပ်ပါလာပြန်သည်။

" သော်ကလည်း ဖြည်းဖြည်း သွားပါကွ  "

တကယ်ဆို အိမ်နောက်ဖေး ကပ်ရပ်မှာသာ သပ်သပ် ဆောက်ထားတာမို့   ကြောက်စရာ  ကောင်းလှတာတော့မဟုတ်။
နှစ်ယောက်ထဲနေရသည်မို့ တစ်ယောက်နဲ့ တစ်ယောက် အဖော်ပြုနေရသလိုပင်
စိတ်ငြိုငြင်တာမျိုးတော့မဖြစ်မိ။

ကိုကို က ချစ်မွှေးပါတာလည်း ဖြစ်မည်။
တခါတလေ စိတ်တိုလို့ အော်မိရင်တောင်
နားနှစ်ဖက်ပိတ်ကာ  အလန့်တကြားကြည့်တာကလွဲပြီး ဘယ်တော့ မှ ယသော်နှင့်ရန် တုပြီးမဖြစ်တက်ပေ။

" ကိုကို "

"ဗျာ "

ခြင်ထောင်တွေကို ဂရုတစိုက်ခြင်မဝင်အောင် ဖိပေးရင်း ထူး၏။

" မင်း  ဘာတက်မယ်စိတ်ကူးထားလဲ "

"အဝေးသင် တက်မှာလို့ ပြောထားသားပဲသော်ရာ။ "

အတူတူ ယှဉ်တွဲအိပ်နေပေမဲ့  ဦးချီ က ဘေးစောင်းအိပ်နေတာဖြစ်ပြီး ယသော်က ပက်လက်အနေထားနဲ့  နားထောင်နေခြင်းသာ။ 

"ကိုကို  ငါလေ  ဆရာဝန်ကြီး ဖြစ်သွားခဲ့ရင်  တံငါကုန်းရွာ မှာပြန်နေဖို့   ဆုံးဖြတ်ထားတယ်  "

"မင်းတကယ်ပြောတာလားသော် "

ဦးချီ ဖက်ကို မျက်နှာခြင်းဆိုင် စောင်းလိုက်ကာ   ခေါင်းညိမ့်ပြလိုက်ရင်း ထပ်ပြောလိုက်သည်။

" တကယ်ပြောတာ ကိုကို။ ငါ ဘယ်တွေကိုပဲ  တာဝန်ကျကျ  နောက်ဆုံး ပြန်လာမဲ့နေရာက ပါးပါးတို့ အိမ်ရှိရာ  တံငါကုန်းရွာပဲ  ဖြစ်လိမ့်မယ်။ "

ဦးချီ သဘောတကျ ရယ်ကာ
သူ့ ခြေထောက်ကြီးကို သော့် ခါးပေါ်ပစ်ခွလိုက်သည်။

" မင်းကို အဲ့ဒါတွေကြောင့်ချစ်တာ။
ငါ့ရဲ့ အိမ်မက်ကလည်း  ငါ့မိသားစုနဲ့ အတူနေခြင်းပဲသော်။ အဲ့ဒါကြောင့်မင်းကိုကျေးဇူးတင်ပါတယ် ။ မင်းလျှောက်မဲ့လမ်းမှာ   ငါ တို့ မိသားစု  အတူရှိနေပေးမယ်။"

ဆုပ်ကိုင်ထားသော လက်နှစ်ဖက်မှာ သံယောဇဉ်ကြိုးတွေက အထပ်ထပ်ရစ်ပတ်လို့ ...

ချစ်တဲ့အိမ်စည်။

(အောက်ဆုံးထောင့်က ကြယ်လေးကိုတော့ဖိခဲ့ပေးပါ။)

Bạn đang đọc truyện trên: ZingTruyen.Xyz