ZingTruyen.Xyz

နှင်းဆီဝါတို့ နီစွေးစေ(နွင္းဆီဝါတို ႔နီေစြးေစ)completed

22

eainsi23

၇နာရီဆိုတဲ့ အခ်ိန္က မိန္း ၇၃လမ္းမွာဆို အစည္ကားဆံုးအခ်ိန္လို ႔ပင္ေျပာရမည္။
ဒီအခ်ိန္က အေဆာင္ေတြ မပိတ္ၾကေသးေတာ့  ဆိုင္ကယ္ေတြ တဝီဝီနဲ ့ သြားလာလုပ္ရွားမူ ႔မပ်က္ပဲ ရႈပ္ယွက္ခတ္ေနလ်က္ရွိတာမဆန္း။ ပိုဆိုးတာက  အစားအေသာက္က ဒီတလမ္းလံုး ဆိုင္ေတြအမ်ားႀကီးပဲဆိုေတာ့  လူကေတာ့ အေတာ္ေလးရႈပ္၏။

ထိုအခ်ိန္မွာ ဦးခ်ီသည္ ဆိုင္ကယ္ေပၚမွာထိုင္ကာ သင္တန္းတစ္ခု၏ မလွမ္းမကမ္းေနရာမွာ ယေသာ္လင္းကိုေစာင့္ေနေလသည္။ ဆိုင္ကယ္လက္ကိုင္မွာလည္း   အကင္ထုပ္ တစ္ထုပ္ကို ခ်ိတ္ဆြဲကာထား၏။  ၅မိနစ္ခန္ ႔အၾကာမွာ 
သင္တန္းဆင္းလာၿပီမို ႔ လူငယ္လူ႐ြယ္ေလးမ်ားတဖြဲဖြဲထြက္လာၾကသည္။

ဦးခ်ီ လည္ပင္းကို ရွည္ကာ လွမ္းေမ်ွာ္ၾကည့္မိသည္။ လူေတြတဝက္နီးပါးေလာက္
ထြက္လာၿပီးခ်ိန္ မွ  ယေသာ္လင္းကိုေတြ ႕ရေတာ့သည္။ ည၇နာရီဆို ယေသာ့္က
အဂၤလိပ္စကားေျပာသင္တန္းတက္ေလ့ရွိသည္။ ဦးခ်ီကေတာ့ အသြားအျပန္ အႀကိဳအပို႔လုပ္ရတဲ့ ကယ္ရီ သမားေလးေပါ့။

အနက္ေစြးေစြး  ေျဗာင္တီရွပ္ တစ္ထည္ေၾကာင့္ ယေသာ့္လင္း မ်က္နွာေလးသည္ မီးေရာင္ေအာက္မွာျဖဴ ေဖြး  ၾကည္လင္ေနတာကိုလည္းအတိုင္းသားေတြ ႕ရသည္။
ယေသာ္လင္းေတာင္ လူပ်ိဳေပါက္ကေလးျဖစ္လာေလၿပီ။
သို႔ေပမဲ့ ရွည္သြယ္သြယ္ မ်က္နွာေလး
သည္ ဦးခ်ီ လက္သီးစုတ္သာသာေလာက္ပဲရွိကာ နွာေခါင္းစင္းစင္း မ်က္လံုးဝိုင္းဝိုင္းေလးေတြနဲ ့ ခ်စ္စရာ ေယာက်ာ္းလ်ာပံုစံေလးက  မေပ်ာက္ပ်က္ေသးတာေတာ့ဆိုး၏။

မ်ားေသာအားျဖင့္ ယေသာ္လင္းကို
ေယာက်ာ္းစိတ္ဝင္ေနေသာ မိန္းကေလးဟုထင္ေနၾကတုန္းပင္။ ေသးသြယ္သြယ္ ကိုယ္လံုးေလးသည္အရပ္ရွည္လာၿပီဆိုေပမဲ့ အရင္လို ေသးေနဆဲ။ ေျခေထာက္ကေလးေတြ ၊ လက္ကေလးေတြကလည္း ဦးခ်ီမ်က္လံုးထဲမွာဆို  ကေလးေတြလို ေသးေသးေလးျဖစ္ေနဆဲပါပဲ။

" ကိုကို  ေစာင့္ေနတာၾကာၿပီလား"

"၅မိနစ္ေလာက္ပါ  ။ စာေတြအမ်ားႀကီးသင္ခဲ့လား "

"အင္း ဒီေန ႔ေတာ္ေတာ္မ်ားတယ္။ ျပန္မယ္ ငါဗိုက္ဆာေနၿပီ  "

"Ok ေနာက္က တက္ ၊ ဒီေန ႔ မင္းႀကိဳက္တဲ့ ဆိုင္က အကင္ဝယ္လာတယ္။ အိမ္က် သုတ္ေကြၽးမယ္ "

"အား ကိုကုိ ကို ႔အဲ့ဒါေတြေၾကာင့္ ခ်စ္ေနရတာ "

မမွီကမ္းေနာက္က ဖက္လာတဲ့ လက္ေၾကာင့္ ဦးခ်ီ   ၿပံဳးရယ္ေနမိတာမရပ္ေတာ့။
ယေသာ္လင္းက ခြၽဲျပရမယ္၊ ညာခိုင္းရမယ္ဆိုရင္ ၿပိဳင္စံရွားနံပါတ္တစ္ပဲ။ 

ပံုညာဦးခ်ီရဲ႕ အညႇာကို ေကာင္းေကာင္းကိုင္နိုင္တယ္ဆိုလည္းမမွား။
အကိုႀကီးျဖစ္ခ်င္တဲ့ ဦးခ်ီ အတြက္ကေတာ့ ေသာ့္ထံပါးမွ  ကိုကိုေရ ဆိုတာနဲ ့ ပြဲၿပီး ၊မီးေသပဲ။
ယေသာ္လင္း၏ကိုကိုေခၚသံက ကအဲ့သေလာက္စြမ္း၏။

၇၃လမ္းမႀကီးေပၚကေန အေရွ ႔ဖက္လမ္းၾကားကို ဆိုင္ကယ္ခ်ိဳးဝင္လိုက္သည္။
လမ္းၾကားဆိုေပမဲ့ အေဆာင္ေတြနဲ ့ေစ်းဆိုင္ေတြက ေတာ့ ျပည့္ေနသည္။
လြန္ခဲ့ေသာ ၃နွစ္က ထပ္စာရင္ ေစ်းဆိုင္ခန္းေတြနဲ ့  အေဆာင္ေတြသည္ မႈိလိုေပါက္လာ လ်က္ရွိလာ၏။  မိန္းကေလးအေဆာင္ေတြ ေၾကာင့္  ဆိုင္ကယ္နဲ ့ ေကာင္ေလးေတြကဆိုရင္  ဒီလမ္းၾကားေတြေပၚမွာ 
သြားလာမူ ႔က မျပတ္သေလာက္ပဲ။

ညအခ်ိန္ဆိုေတာ့ လူေတြက သံုးေလးေယာက္ စီးၾကသလို  တခ်ိဳ ႕ဆို  သီခ်င္းေတြဘာေတြေတာင္ ေအာ္ၿကီးဟစ္က်ယ္ ဆိုင္ကယ္ေပၚကေနေအာ္သြားၾကေသးသည္။

ဦးခ်ီ သတိနဲ ့ ေနာက္ထပ္ သူတို ႔အိမ္ရွိရာကို လမ္းကို ခ်ိဳးဝင္လိုက္စဥ္ တဖက္က လမ္းမမွန္ပဲ စြတ္ေမာင္းလာတဲ့ ဆိုင္ကယ္တစ္စီးနဲ ့ကပ္ၿငိ ေနသည္။  လက္ကိုင္မွာ ခ်ိတ္ထားေသာ   ေသာ့္အတြက္အကင္ထုတ္ေလးက  ေအာက္ကိုၿပဲက်ကာ ေျမေပၚမွာ ညစ္ပတ္ကုန္၏။

လူကေတာ့ဘာမွမျဖစ္သြားတာေၾကာင့္  ဦးခ်ီ ယိုင္သြားေသာဆိုင္ကယ္ကို ျပန္တည့္လိုက္သည္။ တဖက္သည္ အနည္းငယ္မူးေနၾကဟန္။ သံုးေယာက္စီးလာၾကေသာ ဆိုင္ကယ္မွာ  မထိန္းနိုင္ေတာ့သည္ေၾကာင့္  အေတာ္ေလးရုပ္ပ်က္ဆင္းပ်က္ လဲက်မတက္ျဖစ္သည္။

"ေတာက္စ္!  -ီးလို စီးေနတာလား ။
ငါ-ိုးမသားေတြ ဆင္းခဲ့စမ္း  "

ဘာမဆိုင္ညာမဆိုင္လာဆဲသည္။
ေဒါသထြက္ေပမဲ့ ရန္မျဖစ္ဘူးတာေရာ၊ မူးေနတဲ့ သူေတြနဲ ့မျဖစ္ခ်င္တာေရာေၾကာင့္ 

" sorryဗ်ာ ကြၽန္ေတာ္တို ႔ဟြန္းတီးၿပီးမွ ေကြ ႕တာပါ။ နွစ္ဦးနွစ္ဖက္မွားတာဆိုေတာ့  .."

"-ီး နွစ္ဦးနွစ္ဖက္  ၊ မင္းတို ႔  စီးလာတာေသာက္သံုးမက်လို ႔ ငါတို ႔ဆိုင္ကယ္လဲသြားၿပီ ၊ ေလ်ာ္ အခုေလ်ာ္  "

"  မေလ်ာ္ေတာ့္  ေဟ့ေကာင္ -ီးျဖစ္လာကြာ "

ေဖာင္း!

စကားဆံုေတာ့  အသံက်ယ္ႀကီးၾကားလိုက္ရကာ တဖက္လူသည္ ေျမေပၚမွာ ေခြခနဲ။    ယေသာ္လင္းသည္  ထိုလွဲက်ေနသူထံကို ပင္ ေျပးကာ ထပ္ပီးေနာက္ထပ္ ေျခေထာက္နဲ ့ဆင္းကန္ေနတာကိုလည္းေတြ႕ရသည္။ ထိုမ်ွအားမရေသး ဆိုင္ကယ္ေပၚမွာ ခုထိ မင္သက္လ်က္ ၾကည့္ေနၾကေသာ  နွစ္ေယာက္ကိုပင္  ေျပးထိုးေသးသည္။

ဟိုက္!

ဦးခ်ီ မ်က္လံုးျပဴ းကုန္သည္။
အာဂ ယေသာ္လင္းသည္  နဂိုကတည္းက ခပ္စြာစြာ အဆိုးေလးျဖစ္သည္မို ႔
ဆိုင္ကယ္ေဒါက္ကို အလ်ွင္အျမန္ေထာက္ကာ  ရန္ပြဲကိုဝင္ပါရေတာ့သည္။

တဖက္သည္သံုးေယာက္ဆိုေသာ္လည္း
မူးလာတာေရာ  ယေသာ္လင္း ရဲ႕ျမင္ျမင္သမ်ွေျပးထိုးတာေရာေၾကာင့္  မနိုင္ပဲ
သူတျပန္ကိုယ္တျပန္အဆင့္ထိပင္  မေရာက္လိုက္။

" ေစာက္ေကာင္ေတြ -ီးလို ႔လူလိုမေျပာပဲ လာဆဲေနတာလား ။ -ီးျဖစ္လို ႔   ငါ့မုန္ ႔ထုပ္ကို  အလကားျဖစ္ေအာင္လုပ္တာလား ။-ီးေၾကာင့္  ငါ့ကိုကို ကိုဆဲတာလား"

ေျပာလည္းေျပာ ဆဲလည္း ဆဲ  ေတြ ႕တဲ့သူလည္းလိုက္ထိုးနဲ ့အေတာ္ေလး ရုတ္ရင္းဆန္ခတ္ျဖစ္ကုန္သည္။

ယေသာ္လင္း၏ တဖက္ျခမ္းသည္ ထိုသို ႔ညစ္ပတ္စြာ ဆဲဆူတက္ျခင္းျဖစ္သည္တဲ့လား။  တဖက္ေကာင္ေလးေတြသည္ ခပ္ေသးေသးပိန္ေညာင္ေညာင္ေလးေတြမို ႔သာေတာ္ေရာ႕သည္။

ခုထိ သူ ႔လက္သီးကိုေရွာင္ေနတဲ့သူမ်ားသည္  ဦးခ်ီ ဆင္းလာတာျမင္ေတာ့  ဆိုင္ကယ္ေျပးနိုးေတာ့သည္။
ဒါကိုပင္ ေျပးထိုးအုံးမဲ့ သေဘာရွိေသးတဲ့ယေသာ္လင္းေၾကာင့္  ဦးခ်ီ ခါးကေနဆြဲေပြ ႕လိုက္၏။

" ေဘာျဖစ္လို ခ်ီထားတာလား၊ ခ်စမ္း ကိုကို ၊ ေအာက္ကို ခ်ေပးစမ္း၊ မင္းကိုေစာ္ကားတာကို ၿငိမ္ခံရသလား အသံုးမက်တဲ့ပံုညာဦးခ်ီ ။   -ီးကိုကို "

မိုးမႊန္ေနေသာဆဲသံမ်ားသည္ဦးခ်ီကိုပင္မလြတ္ ။ ေနာက္ကေန ခါးကိုေပြ ႕ထားတာမို႔  လက္ေတြေျခေတြက ေလထဲမွာ ေျမာက္ ကာ ေလကိုကန္ေနတုန္း။

ေဒါသကႀကီးလိုက္ပါဘိ။

ဆိုင္ကယ္ေပၚ အရုပ္တရုပ္လို အတင္းထိုးတင္ကာ ရုန္းမရေအာင္လက္နွစ္ဖက္ကိုခါးကိုအတင္းဖက္ေစသည္။

" ျပန္မယ္ ေသာ္။ လူေတြၾကည့္ေနပီ မရွက္ဘူးလား။  "

ခပ္ႀကိတ္ႀကိတ္ဆူလိုက္မွ ပါးစပ္ပိတ္သြားသည္။

ဘုန္း!

"အာ့ နာလိုက္တာေသာ္ရာ "

ပါးစပ္ပိတ္ေပမဲ့  ေခါင္းကေတာ့ မပိတ္။
လႈပ္မရေအာင္ လက္ေတြကိုခ်ဳပ္ကာ ဆိုင္ကယ္ေမာင္းေနတဲ့ ဦးခ်ီ၏ ေက်ာကို သူ ႔ေခါင္းနဲ ့ ပစ္ေစာင့္၏။

အေတာ္ဆိုးတဲ့ယေသာ္လင္း ။
အိမ္ေရာက္ေတာ့လည္း ဆိုင္ကယ္ေပၚက မဆင္း ေပကပ္ကပ္ လုပ္ေနသည္။

အတင္းဆြဲေပြ ႕ကာ ခ်ီ ေခၚလာရသည္ထိ ကပ္တီးကပ္တပ္လုပ္၏။

ဘုန္း! ဘုန္း!

ပုခံုးေတြနာတဲ့ရုိက္သည္။
သူစိတ္တိုရင္ အဲ့တိုင္းပဲ ။ အၾကာႀကီးလည္းစိတ္မဆိုးတက္တဲ့ ကေလးမို ႔စိတ္ေျပေအာင္ ထုရုိက္ခြင့္ေပးထားလိုက္သည္။

" ျပစမ္း မ်က္နွာ ။ "

မီးေရာင္ေအာက္က မ်က္နွာေလးသည္  ပါးေစာင္ေနရာ၌ အနည္းငယ္ ပြန္းပဲ ့ညိဳငန္းလို ႔။

ကြၽတ္!

စိတ္မေကာင္းစိတ္ေၾကာင့္  မ်က္ရည္က ဝိုင္းခနဲ။
ဇိုးဇိုး ဆတ္ဆတ္ ေဆးအိတ္ကေလးေျပးယူကာ  မထိရက္မကိုင္ရက္ျဖင့္ ေဆးလိမ္းေပးဖို ႔ျပင္သည္။  သနားလိုက္တာ ။ ေသာ္ ဆိုတာ နဂိုကတည္းက ႏုနညံညံ့ေလး ။ ျဖစ္သြားတဲ့ေနရာသည္ မနက္ဖန္ဆို မည္မ်ွ အထိ ေယာင္ရမ္းလာမည္နည္း။

အရက္ပ်ံ ကို  စြတ္ကာ  အနာေပၚေလတဖူးဖူးနဲ ့မႈတ္၍  ဂရုစိုက္ေနမိသည္။

ဒါကို အေၾကာတင္းက မ်က္ေစာင္းတခဲခဲ
နွင့္  ခုထိမေက်နပ္ေသးတဲ့ပံုျဖင့္။

သက္ျပင္းခ် လ်က္ 

" ငါေတာင္းပန္ပါတယ္ ေသာ္ရာ ဟင့္!
ငါအသံုးမက်လို ႔ျဖစ္ရတာပါ။  ၾကည့္ပါအံုး  ကိုကို ႔ေသာ္ရဲ႕ မ်က္နွာေလးကို "

ေဆးလိမ္းလိုက္  မ်က္ရည္သုတ္လိုက္နွင့္ပံုညာဦးခ်ီ  သည္  အလုပ္မ်ားလ်က္ရွိသည္။
တကယ္ဆိုရင္  ဦးခ်ီ ကို  ဘယ္သူေျပာတာမွ  ယေသာ္လင္းမႀကိဳက္။
ေျပာခ်င္ရင္ ကိုယ္သာေျပာမည္။
တျခားသူဆိုရင္  ဆဲဆိုရုိင္းျပတာမေျပာနဲ ့မ်က္ေစာင္း တခ်က္ဝင့္ရဲရင္ေတာင္ ယေသာ္လင္းက သူေသကိုယ္ေသပဲ။

ပံုညာဦးခ်ီက လူႀကီး၊လူထြား ဆိုေပမဲ့ ငယ္စဥ္ကတည္းက ရန္မျဖစ္တက္တဲ့သူေပ။ ခုကိစၥမွာ သူလည္းမမွားဆိုေပမဲ့ ေယာက်ာ္းပဲ သူဆဲရင္ ကိုယ္ျပန္ဆဲေပါ့။ အဲ့ဒါကိုပဲမေက်နပ္တာ။

တရႈံ ့ရႈံ ့လုပ္ေနတာျမင္ရေတာ့  စိတ္က မေကာင္းေတာ့။
ကိုကို က သည္းခံျခင္းပါရမီမွာ ရင့္သန္ေပမဲ့ သူကေတာ့မတူေပ။

"ေသာ္ ရယ္ ေနာက္ဆို.."

"ဘာေရႊျပည္ေအး တရားမွ လာမေဟာနဲ ့။သြားဗိုက္ဆာၿပီ ထမင္းသြားခူး "

ခပ္မာမာေျပာလိုက္ေသာ္လည္းထိုင္ရာမွ မထပဲ သူ ႔ပါးက အနာကိုသာ တၾကည့္ၾကည့္နဲ ့စိတ္မေကာင္းျဖစ္ေနသည္။ထို႔ေၾကာင့္

" ကိုကို ငါကေယာက်ာ္း။ ဒီေလာက္ကေလးနဲ ့ငါဘာမွမျဖစ္ဘူး  ။ ေတာ္ၿပီ အဲ့ဒီရုပ္ လုပ္မေနနဲ ့ေတာ့  "

"အင္းပါ  အရမ္းနာေနရင္ေျပာေနာ္ ။ ငါေဆးခန္းလိုက္ပို ႔ေပးမယ္  "

ထပ္မေျပာေအာင္ ေခါင္းညိမ့္ျပလိုက္မွ ေနရာကေ႐ြ ႕ကာ ထမင္းစားခန္းထဲဝင္သြား၏။ နာတာက တကယ္နာတာပဲေလ။  ထမင္းတလုတ္ဝါးတိုင္း စစ္ခနဲ ပဲ။
သူ႔မ်က္နွာမဲ့သြားရင္ကို ပံုညာဦးခ်ီက
ၿပိဳေတာ့မဲ့မိုးလို ျဖစ္ေနေတာ့ ႀကိတ္ခံေနရသည္။ဒါကို ေနာက္ဆံုးအလုတ္ ပါးစပ္ထဲအထည့္

အာ့!

ခ်က္ျခင္းျပာယာခတ္စြာေဘးေရာက္လာတဲ့ ဦးခ်ီ က  ဘာလုပ္ရမွန္းမသိ ထိေတာ့မွာလိုလို ၊ သူပဲ ခံစားေပးခ်င္တာလိုလိုနဲ ့
ဘာမွမဆိုင္ပဲ ေလတဝူးဝူး ကုန္းမႈတ္ေပးေတာ့သည္။

အသားနာတာ ယေသာ္လင္းပါ။
သူက ပိုနာေနသလို ခံစားေနရတဲ့ ပံုမို ႔
သနားရတာလည္း တကယ္မလြယ္။

အနီးကပ္ကာ မႈတ္ေပးေနတဲ့ နႈတ္ခမ္းကို လက္မနဲ ့လက္ညိဳး သံုးကာ ပိတ္ပစ္လိုက္သည္။

" ငါဘာမွမျဖစ္ပါဘူးဆိုမွ ။ မင္းပံုကိုျပန္ၾကည့္အံုးကိုကို ။ မသိရင္  ကိုယ့္ေယာက်ာ္း ရန္ျဖစ္လာတာကိုစိတ္ပူေနတဲ့ မိန္းမေလးၾကေနတာပဲ။ဟီး ဟီး  မင္း ငါ့မိန္းမ လုပ္ပါ့လား။ မင္း စိုးရိမ္ေနတဲ့ ပံုက ခ်စ္စရာႀကီး  ခြီးး"

"ခ်ီးပဲ ယေသာ္ ခ်ီး ခ်ီး"

ေစာင့္ႀကေအာင့္ႀကီး ထြက္သြားေသာ ကိုလူညိဳထြားႀကီးကို ၾကည့္ကာ ယေသာ္လင္းတခြီးခြီး ပါးစပ္မပိတ္ေတာ့။
ဒါမ်ိဳးက် သူ ႔အနာက မနာေတာ့သလိုပဲ။

လက္ထဲစားလက္စဇြန္းကိုျပန္ခ်ေတာ့ မသိမ္းဆဲရေသးေသာ ထမင္းဝိုင္းကေစာင့္ႀကိဳေန၏။

ယေသာ္လင္းရႈံ ့မဲ့သြားသည္။

" ကိုကိုေရ  ထမင္းပန္းကန္ေတြကို ေသာ္ပဲေဆးလိုက္ေတာ့မယ္ေနာ္။
မိန္းမေတြ စိတ္ေကာက္ရင္  အဲ့လိုပဲ ေသာ္နားလည္ပါတယ္။ ဒါေပမဲ့ ကိုကိုရယ္
အၿမဲေတာ့ စိတ္မေကာက္နဲ ့ေပါ့။
ေသာ့္မိန္းမကို ခ်စ္ေပမဲ့ ေဆးစရာေတြေတာ့မခ်စ္ေပးနိုင္ဘူးကိုကိုရာ "

ေျပာပီး ပါးစပ္ကို လက္နဲ ့အုပ္ကာ မၾကားေအာင္ရယ္လိုက္ေသးသည္။
ကိုကိုက တကယ္ခ်စ္စရာႀကီးပင္။
ဒါေပမဲ့ ေပ်ာ္ရႊင္ေနေသာ ယေသာ္လင္းသည္ ပံုညာဦးခ်ီ ၏ ေနာက္ဆံုးေအာ္လိုက္ေသာ စကားေၾကာင့္   ဆက္ၿပီးမရယ္နိုင္ေတာ့ေပ။

" ယေသာ္လင္းမာန္ မင္းဒီေန ႔ငါနဲ ့လာအိပ္စရာမလိုေတာ့ဘူး။ မင္းဟာမင္း အေပၚထပ္ကိုသြားအိပ္ "

ခ်စ္တဲ့အိမ္စည္။

၇နာရီဆိုတဲ့ အချိန်က မိန်း ၇၃လမ်းမှာဆို အစည်ကားဆုံးအချိန်လို့ ပင်ပြောရမည်။
ဒီအချိန်က အဆောင်တွေ မပိတ်ကြသေးတော့  ဆိုင်ကယ်တွေ တဝီဝီနဲ့  သွားလာလုပ်ရှားမူ့ မပျက်ပဲ ရှုပ်ယှက်ခတ်နေလျက်ရှိတာမဆန်း။ ပိုဆိုးတာက  အစားအသောက်က ဒီတလမ်းလုံး ဆိုင်တွေအများကြီးပဲဆိုတော့  လူကတော့ အတော်လေးရှုပ်၏။

ထိုအချိန်မှာ ဦးချီသည် ဆိုင်ကယ်ပေါ်မှာထိုင်ကာ သင်တန်းတစ်ခု၏ မလှမ်းမကမ်းနေရာမှာ ယသော်လင်းကိုစောင့်နေလေသည်။ ဆိုင်ကယ်လက်ကိုင်မှာလည်း   အကင်ထုတ် တစ်ထုတ်ကို ချိတ်ဆွဲကာထား၏။  ၅မိနစ်ခန့် အကြာမှာ 
သင်တန်းဆင်းလာပြီမို့  လူငယ်လူရွယ်လေးများတဖွဲဖွဲထွက်လာကြသည်။

ဦးချီ လည်ပင်းကို ရှည်ကာ လှမ်းမျှော်ကြည့်မိသည်။ လူတွေတဝက်နီးပါးလောက်
ထွက်လာပြီးချိန် မှ  ယသော်လင်းကိုတွေ့ ရတော့သည်။ ည၇နာရီဆို ယသော့်က
အင်္ဂလိပ်စကားပြောသင်တန်းတက်လေ့ရှိသည်။ ဦးချီကတော့ အသွားအပြန် အကြိုအပို့လုပ်ရတဲ့ ကယ်ရီ သမားလေးပေါ့။

အနက်စွေးစွေး  ဗြောင်တီရှပ် တစ်ထည်ကြောင့် ယသော့်လင်း မျက်နှာလေးသည် မီးရောင်အောက်မှာဖြူ ဖွေး  ကြည်လင်နေတာကိုလည်းအတိုင်းသားတွေ့ ရသည်။
ယသော်လင်းတောင် လူပျိုပေါက်ကလေးဖြစ်လာလေပြီ။
သို့ပေမဲ့ ရှည်သွယ်သွယ် မျက်နှာလေး
သည် ဦးချီ လက်သီးစုတ်သာသာလောက်ပဲရှိကာ နှာခေါင်းစင်းစင်း မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့  ချစ်စရာ ယောကျာ်းလျာပုံစံလေးက  မပျောက်ပျက်သေးတာတော့ဆိုး၏။

များသောအားဖြင့် ယသော်လင်းကို
ယောကျာ်းစိတ်ဝင်နေသော မိန်းကလေးဟုထင်နေကြတုန်းပင်။ သေးသွယ်သွယ် ကိုယ်လုံးလေးသည်အရပ်ရှည်လာပြီဆိုပေမဲ့ အရင်လို သေးနေဆဲ။ ခြေထောက်ကလေးတွေ ၊ လက်ကလေးတွေကလည်း ဦးချီမျက်လုံးထဲမှာဆို  ကလေးတွေလို သေးသေးလေးဖြစ်နေဆဲပါပဲ။

" ကိုကို  စောင့်နေတာကြာပြီလား"

"၅မိနစ်လောက်ပါ  ။ စာတွေအများကြီးသင်ခဲ့လား "

"အင်း ဒီနေ့ တော်တော်များတယ်။ ပြန်မယ် ငါဗိုက်ဆာနေပြီ  "

"Ok နောက်က တက် ၊ ဒီနေ့  မင်းကြိုက်တဲ့ ဆိုင်က အကင်ဝယ်လာတယ်။ အိမ်ကျ သုတ်ကျွေးမယ် "

"အား ကိုကို ကို့ အဲ့ဒါတွေကြောင့် ချစ်နေရတာ "

မမှီကမ်းနောက်က ဖက်လာတဲ့ လက်ကြောင့် ဦးချီ   ပြုံးရယ်နေမိတာမရပ်တော့။
ယသော်လင်းက ချွဲပြရမယ်၊ ညာခိုင်းရမယ်ဆိုရင် ပြိုင်စံရှားနံပါတ်တစ်ပဲ။ 

ပုံညာဦးချီရဲ့ အညှာကို ကောင်းကောင်းကိုင်နိုင်တယ်ဆိုလည်းမမှား။
အကိုကြီးဖြစ်ချင်တဲ့ ဦးချီ အတွက်ကတော့ သော့်ထံပါးမှ  ကိုကိုရေ ဆိုတာနဲ့  ပွဲပြီး ၊မီးသေပဲ။
ယသော်လင်း၏ကိုကိုခေါ်သံက ကအဲ့သလောက်စွမ်း၏။

၇၃လမ်းမကြီးပေါ်ကနေ အရှေ့ ဖက်လမ်းကြားကို ဆိုင်ကယ်ချိုးဝင်လိုက်သည်။
လမ်းကြားဆိုပေမဲ့ အဆောင်တွေနဲ့ ဈေးဆိုင်တွေက တော့ ပြည့်နေသည်။
လွန်ခဲ့သော ၃နှစ်က ထပ်စာရင် ဈေးဆိုင်ခန်းတွေနဲ့   အဆောင်တွေသည် မှိုလိုပေါက်လာ လျက်ရှိလာ၏။  မိန်းကလေးအဆောင်တွေ ကြောင့်  ဆိုင်ကယ်နဲ့  ကောင်လေးတွေကဆိုရင်  ဒီလမ်းကြားတွေပေါ်မှာ 
သွားလာမူ့ က မပြတ်သလောက်ပဲ။

ညအချိန်ဆိုတော့ လူတွေက သုံးလေးယောက် စီးကြသလို  တချို့ ဆို  သီချင်းတွေဘာတွေတောင် အော်ကြီးဟစ်ကျယ် ဆိုင်ကယ်ပေါ်ကနေအော်သွားကြသေးသည်။

ဦးချီ သတိနဲ့  နောက်ထပ် သူတို့ အိမ်ရှိရာကို လမ်းကို ချိုးဝင်လိုက်စဉ် တဖက်က လမ်းမမှန်ပဲ စွတ်မောင်းလာတဲ့ ဆိုင်ကယ်တစ်စီးနဲ့ ကပ်ငြိ သည်။  လက်ကိုင်မှာ ချိတ်ထားသော   သော့်အတွက်အကင်ထုတ်လေးက  အောက်ကိုပြဲကျကာ မြေပေါ်မှာ ညစ်ပတ်ကုန်၏။

လူကတော့ဘာမှမဖြစ်သွားတာကြောင့်  ဦးချီ ယိုင်သွားသောဆိုင်ကယ်ကို ပြန်တည့်လိုက်သည်။ တဖက်သည် အနည်းငယ်မူးနေကြဟန်။ သုံးယောက်စီးလာကြသော ဆိုင်ကယ်မှာ  မထိန်းနိုင်တော့သည်ကြောင့်  အတော်လေးရုပ်ပျက်ဆင်းပျက် လဲကျမတက်ဖြစ်သည်။

"တောက်စ်!  -ီးလို စီးနေတာလား ။
ငါ-ိုးမသားတွေ ဆင်းခဲ့စမ်း  "

ဘာမဆိုင်ညာမဆိုင်လာဆဲသည်။
ဒေါသထွက်ပေမဲ့ ရန်မဖြစ်ဘူးတာရော၊ မူးနေတဲ့ သူတွေနဲ့ မဖြစ်ချင်တာရောကြောင့် 

" sorryဗျာ ကျွန်တော်တို့ ဟွန်းတီးပြီးမှ ကွေ့ တာပါ။ နှစ်ဦးနှစ်ဖက်မှားတာဆိုတော့  .."

"-ီး နှစ်ဦးနှစ်ဖက်  ၊ မင်းတို့   စီးလာတာသောက်သုံးမကျလို့  ငါတို့ ဆိုင်ကယ်လဲသွားပြီ ၊ လျော် အခုလျော်  "

"  မလျော်တော့်  ဟေ့ကောင် -ီးဖြစ်လာကွာ "

ဖောင်း!

စကားဆုံးတော့  အသံကျယ်ကြီးကြားလိုက်ရကာ တဖက်လူသည် မြေပေါ်မှာ ခွေခနဲ။    ယသော်လင်းသည်  ထိုလှဲကျနေသူထံကို ပင် ပြေးကာ ထပ်ပီးနောက်ထပ် ခြေထောက်နဲ့ ဆင်းကန်နေတာကိုလည်းတွေ့ရသည်။ ထိုမျှအားမရသေး ဆိုင်ကယ်ပေါ်မှာ ခုထိ မင်သက်လျက် ကြည့်နေကြသော  နှစ်ယောက်ကိုပင်  ပြေးထိုးသေးသည်။

ဟိုက်!

ဦးချီ မျက်လုံးပြူးကုန်သည်။
အာဂ ယသော်လင်းသည်  နဂိုကတည်းက ခပ်စွာစွာ အဆိုးလေးဖြစ်သည်မို့
ဆိုင်ကယ်ဒေါက်ကို အလျှင်အမြန်ထောက်ကာ  ရန်ပွဲကိုဝင်ပါရတော့သည်။

တဖက်သည်သုံးယောက်ဆိုသော်လည်း
မူးလာတာရော  ယသော်လင်း ရဲ့မြင်မြင်သမျှပြေးထိုးတာရောကြောင့်  မနိုင်ပဲ
သူတပြန်ကိုယ်တပြန်အဆင့်ထိပင်  မရောက်လိုက်။

" စောက်ကောင်တွေ -ီးလို့ လူလိုမပြောပဲ လာဆဲနေတာလား ။ -ီးဖြစ်လို့    ငါ့မုန့် ထုတ်ကို  အလကားဖြစ်အောင်လုပ်တာလား ။-ီးကြောင့်  ငါ့ကိုကို ကိုဆဲတာလား"

ပြောလည်းပြော ဆဲလည်း ဆဲ  တွေ့ တဲ့သူလည်းလိုက်ထိုးနဲ့ အတော်လေး ရုတ်ရင်းဆန်ခတ်ဖြစ်ကုန်သည်။

ယသော်လင်း၏ တဖက်ခြမ်းသည် ထိုသို့ ညစ်ပတ်စွာ ဆဲဆူတက်ခြင်းဖြစ်သည်တဲ့လား။  တဖက်ကောင်လေးတွေသည် ခပ်သေးသေးပိန်ညောင်ညောင်လေးတွေမို့ သာတော်ရော့သည်။

ခုထိ သူ့ လက်သီးကိုရှောင်နေတဲ့သူများသည်  ဦးချီ ဆင်းလာတာမြင်တော့  ဆိုင်ကယ်ပြေးနိုးတော့သည်။
ဒါကိုပင် ပြေးထိုးအုံးမဲ့ သဘောရှိသေးတဲ့ယသော်လင်းကြောင့်  ဦးချီ ခါးကနေဆွဲပွေ့ လိုက်၏။

" ဘောဖြစ်လို ချီထားတာလား၊ ချစမ်း ကိုကို ၊ အောက်ကို ချပေးစမ်း၊ မင်းကိုစော်ကားတာကို ငြိမ်ခံရသလား အသုံးမကျတဲ့ပုံညာဦးချီ ။   -ီးကိုကို "

မိုးမွှန်နေသောဆဲသံများသည်ဦးချီကိုပင်မလွတ် ။ နောက်ကနေ ခါးကိုပွေ့ ထားတာမို့  လက်တွေခြေတွေက လေထဲမှာ မြောက် ကာ လေကိုကန်နေတုန်း။

ဒေါသကကြီးလိုက်ပါဘိ။

ဆိုင်ကယ်ပေါ် အရုပ်တရုပ်လို အတင်းထိုးတင်ကာ ရုန်းမရအောင်လက်နှစ်ဖက်ကိုခါးကိုအတင်းဖက်စေသည်။

" ပြန်မယ် သော်။ လူတွေကြည့်နေပီ မရှက်ဘူးလား။  "

ခပ်ကြိတ်ကြိတ်ဆူလိုက်မှ ပါးစပ်ပိတ်သွားသည်။

ဘုန်း!

"အာ့ နာလိုက်တာသော်ရာ "

ပါးစပ်မပိတ်ပေမဲ့  ခေါင်းကတော့ မပိတ်။
လှုပ်မရအောင် လက်တွေကိုချုပ်ကာ ဆိုင်ကယ်မောင်းနေတဲ့ ဦးချီ၏ ကျောကို သူ့ ခေါင်းနဲ့  ပစ်စောင့်၏။

အတော်ဆိုးတဲ့ယသော်လင်း ။
အိမ်ရောက်တော့လည်း ဆိုင်ကယ်ပေါ်က မဆင်း ပေကပ်ကပ် လုပ်နေသည်။

အတင်းဆွဲပွေ့ ကာ ချီ ခေါ်လာရသည်ထိ ကပ်တီးကပ်တပ်လုပ်၏။

ဘုန်း! ဘုန်း!

ပုခုံးတွေနာတဲ့ရိုက်သည်။
သူစိတ်တိုရင် အဲ့တိုင်းပဲ ။ အကြာကြီးလည်းစိတ်မဆိုးတက်တဲ့ ကလေးမို့ စိတ်ပြေအောင် ထုရိုက်ခွင့်ပေးထားလိုက်သည်။

" ပြစမ်း မျက်နှာ ။ "

မီးရောင်အောက်က မျက်နှာလေးသည်  ပါးစောင်နေရာ၌ အနည်းငယ် ပွန်းပဲ့ ညိုငန်းလို့ ။

ကျွတ်!

စိတ်မကောင်းစိတ်ကြောင့်  မျက်ရည်က ဝိုင်းခနဲ။
ဇိုးဇိုး ဆတ်ဆတ် ဆေးအိတ်ကလေးပြေးယူကာ  မထိရက်မကိုင်ရက်ဖြင့် ဆေးလိမ်းပေးဖို့ ပြင်သည်။  သနားလိုက်တာ ။ သော် ဆိုတာ နဂိုကတည်းက နုနညံညံ့လေး ။ ဖြစ်သွားတဲ့နေရာသည် မနက်ဖန်ဆို မည်မျှ အထိ ယောင်ရမ်းလာမည်နည်း။

အရက်ပျံ ကို  စွတ်ကာ  အနာပေါ်လေတဖူးဖူးနဲ့ မှုတ်၍  ဂရုစိုက်နေမိသည်။

ဒါကို အကြောတင်းက မျက်စောင်းတခဲခဲ
နှင့်  ခုထိမကျေနပ်သေးတဲ့ပုံဖြင့်။

သက်ပြင်းချ လျက် 

" ငါတောင်းပန်ပါတယ် သော်ရာ ဟင့်!
ငါအသုံးမကျလို့ ဖြစ်ရတာပါ။  ကြည့်ပါအုံး  ကိုကို့ သော်ရဲ့ မျက်နှာလေးကို "

ဆေးလိမ်းလိုက်  မျက်ရည်သုတ်လိုက်နှင့်ပုံညာဦးချီ  သည်  အလုပ်များလျက်ရှိသည်။
တကယ်ဆိုရင်  ဦးချီ ကို  ဘယ်သူပြောတာမှ  ယသော်လင်းမကြိုက်။
ပြောချင်ရင် ကိုယ်သာပြောမည်။
တခြားသူဆိုရင်  ဆဲဆိုရိုင်းပြတာမပြောနဲ့ မျက်စောင်း တချက်ဝင့်ရဲရင်တောင် ယသော်လင်းက သူသေကိုယ်သေပဲ။

ပုံညာဦးချီက လူကြီး၊လူထွား ဆိုပေမဲ့ ငယ်စဉ်ကတည်းက ရန်မဖြစ်တက်တဲ့သူပေ။ ခုကိစ္စမှာ သူလည်းမမှားဆိုပေမဲ့ ယောကျာ်းပဲ သူဆဲရင် ကိုယ်ပြန်ဆဲပေါ့။ အဲ့ဒါကိုပဲမကျေနပ်တာ။

တရှုံ့ ရှုံ့ လုပ်နေတာမြင်ရတော့  စိတ်က မကောင်းတော့။
ကိုကို က သည်းခံခြင်းပါရမီမှာ ရင့်သန်ပေမဲ့ သူကတော့မတူပေ။

"သော် ရယ် နောက်ဆို.."

"ဘာရွှေပြည်အေး တရားမှ လာမဟောနဲ့ ။သွားဗိုက်ဆာပြီ ထမင်းသွားခူး "

ခပ်မာမာပြောလိုက်သော်လည်းထိုင်ရာမှ မထပဲ သူ့ ပါးက အနာကိုသာ တကြည့်ကြည့်နဲ့ စိတ်မကောင်းဖြစ်နေသည်။ထို့ကြောင့်

" ကိုကို ငါကယောကျာ်း။ ဒီလောက်ကလေးနဲ့ ငါဘာမှမဖြစ်ဘူး  ။ တော်ပြီ အဲ့ဒီရုပ် လုပ်မနေနဲ့ တော့  "

"အင်းပါ  အရမ်းနာနေရင်ပြောနော် ။ ငါဆေးခန်းလိုက်ပို့ ပေးမယ်  "

ထပ်မပြောအောင် ခေါင်းညိမ့်ပြလိုက်မှ နေရာကရွေ့ ကာ ထမင်းစားခန်းထဲဝင်သွား၏။ နာတာက တကယ်နာတာပဲလေ။  ထမင်းတလုတ်ဝါးတိုင်း စစ်ခနဲ ပဲ။
သူ့မျက်နှာမဲ့သွားရင်ကို ပုံညာဦးချီက
ပြိုတော့မဲ့မိုးလို ဖြစ်နေတော့ ကြိတ်ခံနေရသည်။ဒါကို နောက်ဆုံးအလုတ် ပါးစပ်ထဲအထည့်

အာ့!

ချက်ခြင်းပြာယာခတ်စွာဘေးရောက်လာတဲ့ ဦးချီ က  ဘာလုပ်ရမှန်းမသိ ထိတော့မှာလိုလို ၊ သူပဲ ခံစားပေးချင်တာလိုလိုနဲ့
ဘာမှမဆိုင်ပဲ လေတဝူးဝူး ကုန်းမှုတ်ပေးတော့သည်။

အသားနာတာ ယသော်လင်းပါ။
သူက ပိုနာနေသလို ခံစားနေရတဲ့ ပုံမို့
သနားရတာလည်း တကယ်မလွယ်။

အနီးကပ်ကာ မှုတ်ပေးနေတဲ့ နှုတ်ခမ်းကို လက်မနဲ့ လက်ညိုး သုံးကာ ပိတ်ပစ်လိုက်သည်။

" ငါဘာမှမဖြစ်ပါဘူးဆိုမှ ။ မင်းပုံကိုပြန်ကြည့်အုံးကိုကို ။ မသိရင်  ကိုယ့်ယောကျာ်း ရန်ဖြစ်လာတာကိုစိတ်ပူနေတဲ့ မိန်းမလေးကြနေတာပဲ။ဟီး ဟီး  မင်း ငါ့မိန်းမ လုပ်ပါ့လား။ မင်း စိုးရိမ်နေတဲ့ ပုံက ချစ်စရာကြီး  ခွီးး"

"ချီးပဲ ယသော် ချီး ချီး"

စောင့်ကြအောင့်ကြီး ထွက်သွားသော ကိုလူညိုထွားကြီးကို ကြည့်ကာ ယသော်လင်းတခွီးခွီး ပါးစပ်မပိတ်တော့။
ဒါမျိုးကျ သူ့ အနာက မနာတော့သလိုပဲ။

လက်ထဲစားလက်စဇွန်းကိုပြန်ချတော့ မသိမ်းဆဲရသေးသော ထမင်းဝိုင်းကစောင့်ကြိုနေ၏။

ယသော်လင်းရှုံ့ မဲ့သွားသည်။

" ကိုကိုရေ  ထမင်းပန်းကန်တွေကို သော်ပဲဆေးလိုက်တော့မယ်နော်။
မိန်းမတွေ စိတ်ကောက်ရင်  အဲ့လိုပဲ သော်နားလည်ပါတယ်။ ဒါပေမဲ့ ကိုကိုရယ်
အမြဲတော့ စိတ်မကောက်နဲ့ ပေါ့။
သော့်မိန်းမကို ချစ်ပေမဲ့ ဆေးစရာတွေတော့မချစ်ပေးနိုင်ဘူးကိုကိုရာ "

ပြောပီး ပါးစပ်ကို လက်နဲ့ အုပ်ကာ မကြားအောင်ရယ်လိုက်သေးသည်။
ကိုကိုက တကယ်ချစ်စရာကြီးပင်။
ဒါပေမဲ့ ပြောရွှင်နေသော ယသော်လင်းသည် ပုံညာဦးချီ ၏ နောက်ဆုံးအော်လိုက်သော စကားကြောင့်   ဆက်ပြီးမရယ်နိုင်တော့ပေ။

" ယသော်လင်းမာန် မင်းဒီနေ့ ငါနဲ့ လာအိပ်စရာမလိုတော့ဘူး။ မင်းဟာမင်း အပေါ်ထပ်ကိုသွားအိပ် "

ချစ်တဲ့အိမ်စည်။

Bạn đang đọc truyện trên: ZingTruyen.Xyz