နှင်းဆီဝါတို့ နီစွေးစေ(နွင္းဆီဝါတို ႔နီေစြးေစ)completed
21
အခ်ိန္ကား မနက္၁၀နာရီေက်ာ္ခန္ ႔။
လွပေသာ ပန္းခင္းအလယ္ဝယ္ ႀကီးမားေသာ ေက်ာျပင္က်ယ္ တစ္ခုသည္ ေက်ာေပးလ်က္ ေပါင္းပင္၊ျမက္ပင္တို ႔ကို ထိုင္ႏုတ္ေနေလသည္။
ေခါင္းတြင္လည္း နွီးခေမာက္ တလံုးေဆာင္းထားကာ ပူေလာင္ေသာ မနက္ခင္းကို အံတုလ်က္ရွိသည္။ မလွမ္းမကမ္းရွိ အုတ္နံရံကို ကပ္တြယ္ေပါက္ေနေသာ စကၠဴ ပန္းရုံႀကီး ေဘး အရိပ္ရွိရာေနရာတြင္
ျဖဴ ျဖဴ ေဖြးေဖြး ေကာင္ေလးတစ္ေယာက္ က အနက္ေရာင္လြယ္အိတ္တလံုးကိုရင္ခြင္ထဲေပြ ႕ကာ ထိုင္ေန၏။
ထိုေကာင္ငယ္ေလးသည္ အပင္ၾကားမွာ အလုပ္ရႈတ္လ်က္ရွိေသာ ေက်ာျပင္ကို ၾကည့္ကာ သက္ျပင္းခ် ေနသည္မွာ အႀကိမ္ႀကိမ္ရွိေနေလၿပီ ။
ၿခံဝန္းသည္ ေနေပ်ာ္စရာေကာင္းလွေအာင္ ေသခ်ာ စနွစ္တက် သစ္ပင္ပန္းပင္တို႔ကိုစိုက္ပ်ိဳး ထား၏။ ေဘးတဖက္ အုတ္နံရံသည္ အေတာ္ႀကီးျမင့္မားလွေပမဲ့ ထိုအုတ္နံရံကိုပင္ ကြယ္ေလာက္ေအာင္ တြယ္ကပ္ ေပါက္ေနေသာ စကၠဴ ပန္းပင္မ်ားသည္ အျဖဴ ၊အနီ ၊အဝါ အေရာင္စံုေအာင္ပြင့္လန္းေနပီး ပန္းခ်ီကားခ်ပ္ႀကီးေထာင္ထားသည့္အတိုင္းလွပ လို ႔ေနေလသည္။
ေအာက္တြင္ရွိေသာ ေနရာမ်ားလြတ္မ်ားတြင္ အသီးမ်ားစြာ သီးေနေသာ သေဘၤာပင္ကေလးမ်ားစြာကို စိုက္ပ်ိဳးထားရုံမကပဲ ေဂြးသီးပင္ပုကေလးမ်ား နွင့္ ခရမ္း ၊ ခ်ဥ္ေပါင္ ၊ ကန္စြန္း စံုေနေအာင္ ညီညာစြာ စိုက္ပ်ိဳးထား၏။ ထိုမ်ွမကေသး က်န္ရွိေနေသာ ေနရာအနည္းအက်ဥ္းေလးမွာပင္ ကညႊတ္ပန္း၊ ေဒလီယာ၊ မညႇဳိးပန္း ပင္ကေလးမ်ားစြာကို လူသြားလမ္းအျဖစ္ပံုေဖာ္ကာ ေဘးတဖက္ခ်က္စီမွာ စိုက္ပ်ိဳးထားေလသည္။
ထိုၿခံေလးသည္ တံငါကုန္း႐ြာသားေလးပိုင္ဆိုင္ရာေနရာျဖစ္ၿပီး လြန္ခဲ့ေသာ ၃နွစ္ခန္႔က ကတည္းက စိတ္ကူးနဲ ့ နည္းနည္းစီ ပံုေဖာ္ျဖစ္ခဲ့သည္ဆိုလည္းမမွား။
ယခုတြင္မူ ၿခံအျပည့္ျဖစ္ထြန္းလွပေနေသာ သစ္ပင္မ်ိဳးစံုကိုေတြ ႕ရမွာျဖစ္ၿပီး ၿခံအေနာက္ဆံုးက အိမ္ကိုပင္ ေပ်ာက္လို ႔ေနေလာက္ေအာင္ အပင္မ်ားျဖင့္ ျပည့္လို ႔ေန၏။
"ကိုကို ! "
"ဗ်ာ.."
သံရွည္ဆြဲတဲ့ထူးသံသည္ ထူးေနက်အတိုင္းထူးရွာေသာ္လည္း လူကမူ ယေသာ္လင္းထံသို ႔လွည့္ပင္မလာေခ်။
လွည့္မၾကည့္လည္း နားစြင့္ေနမွန္းသိေတာ့ ယေသာ္လင္း စိတ္ထဲမတင္မက်ျဖစ္ေနတာကိုသာ ေျပာျပလိုက္ေတာ့သည္။
"ပါးပါး က တသက္လံုးမေခၚရင္ ဘယ္လို လုပ္မလဲကိုကို "
"မေခၚခ်င္ေနေပါ့။ "
ရယ္သံနွင့္ အတူ ေျပာလာတဲ့ စကားကို ယေသာ္လင္းမႀကိဳက္။ ထို ႔ေၾကာင့္
ျမင္ေနရတဲ့ေက်ာျပင္ႀကီးကို မ်က္ေစာင္းလွမ္းထိုးလိုက္သည္။
"ေနပူေနပီ ။ ဒီကိုလာထိုင္ မလုပ္ေတာ့နဲ ့"
"ေအး"
ခဏၾကာေတာ့ ခေမာက္ဆြဲခြၽတ္ကာ ေဘးမွာလာထိုင္၏။
ခြၽတ္ထားေသာ ခေမာက္ျဖင့္ သူ႔ကိုသူ ျပန္ၿပီးယပ္ခတ္ေနေသးသည္။
နွဖူးကေနစီးက်လာေသာ ေခြၽးေတြက ပါးေပၚကေနျဖတ္သန္းစီးဆင္းေနၿပီး ေမးဖ်ားမွာ ေအာက္ကိုျပဳတ္မက်ပဲတြယ္ကပ္ေနေသးသည္။
အူယားစရာ ေခြၽးေပါက္ေၾကာင့္ ပုခံုးကို အားျပဳကာ လက္ညိဳးေလးနဲ ့လွမ္းဖယ္ေပးမိသည္။
ဦးခ်ီသည္ လူေခ်ာ တစ္ေယာက္ျဖစ္သည္။ ထြားက်ိဳင္းသည္ ဆိုတာကလည္း ကေလးအ႐ြယ္ျဖစ္လင့္ကစား
ပြဲရုံမွာ ပဲပိုင္း၊နွမ္းပိုင္းမ်ားကို တခါတေလဝင္ ထမ္းေလ့ရွိတာေၾကာင့္ထင္၏ လူပ်ိဳဖားဖားမျဖစ္ေသးပဲနဲ ့ေတာင္မွ ရင္ဘတ္ျပည့္ျပည့္ လက္ျပင္က်ယ္က်ယ္
ႂကြက္သားမ်ားျဖင့္ က်စ္လ်စ္ ေတာင့္တင္းေနတာမ်ိဳးပင္။ ေဘတိုက္ျမင္ေနရေသာ နွာေခါင္းသည္ တစ္မ်က္နွာလံုးမွာ အထင္အေပၚဆံုးျဖစ္ကာ ေ႐ႊညိဳေရာင္ တလဲ့လဲ့ျစ္ေနေသာအသားေရနဲ ့ေပါင္းကာ
တည္ၾကည္ေသာဟန္ပန္ကိုျဖစ္ေပၚေစသည္။
ယေသာ္လင္း ေငးေမာေနရာမွ ေခါင္းကိုေရွ ႔ျပန္လွည့္လိုက္သည္။ ထို႔ေနာက္ ေဘးခ်င္းကပ္ထိုင္ကာ နွစ္ေယာက္သားပန္းပင္မ်ားကို အေၾကာင္းမရွိေငးၾကည့္ေနမိၾကသည္။
ဦးခ်ီ ယပ္ခပ္လိုက္ေသာ ေလကလည္း
တခ်က္တခ်က္ ယေသာ္လင္းထံလာေရာက္လာေသးသည္။
" ပါးပါးတို ႔ကိုသတိရလိုက္တာ "
ေဘးမွာထိုင္ေနေသာ ေကာင္ငယ္ေလးရဲ႕ပုခံုးကို ဦးခ်ီလွမ္းဖက္လိုက္သည္။
ဒီေကာင္ေလးက သိပ္ဝမ္းနည္းတက္တဲ့ေကာင္ေလး။ ၿပီးေတာ့ စိတ္မေကာင္းစရာေတြကို ေခါင္းထဲအၿမဲထည့္ထားတက္တဲ့ေကာင္ေလး။
" ေသာ့္ကို..အဲ့ဒါေတြ မႀကိဳက္တာ။
ပါးပါးစိတ္ဆိုးတယ္ဆိုတာ ငါ့ကိုေလ။
မင္းကိုမွမဟုတ္တာ ။ လြမ္းရင္ဖုန္းဆက္ေပါ့ကြ "
"ဒါေပမဲ့ ငါေၾကာက္တယ္ေလ "
"မဆီမဆိုင္ ။ ဘာေၾကာက္စရာရွိလဲ။
စိတ္ဆိုးတုန္းခဏပဲေလ ။ ဘယ္တုန္းကမွ အၾကာႀကီးပါးပါးက စိတ္မဆိုးတက္ဘူး။
ငါ့အိမ္ကလူေတြအေၾကာင္းငါအသိဆံုးပါကြ ။ စိတ္ညစ္စရာမဟုတ္ ႀကံဖန္စိတ္ညစ္တယ္ မင္းက"
ယေသာ္လင္း ပါးစပ္ပိတ္သြားသည္။
ပါးပါးတို ႔အေၾကာင္းကို ယေသာ္လည္းသိပါသည္။သို ႔ေသာ္ စိတ္မေကာင္းျဖစ္တာကျဖစ္တာပဲေလ။
" မ်က္နွာက ဘာကိစၥညိဳးေနရျပန္တာလဲ ေသာ္ရာ။ ပါးပါးတို႔က ငါ့ကို နည္းနည္းပညာျပလိုက္တာပါ မင္းနဲ ့မဆိုင္ဘူး။
မင္းသိတဲ့အတိုင္း ငါ့ကို မတည့္ေနတာၾကာၿပီေလ။ ခုႀကံဳတုန္း ေလက်ယ္တဲ့ေကာင္ လုပ္ၾကည့္စမ္းဆိုၿပီး တစ္ကြက္ျပလိုက္တာ ။ အဲ့ဒါမ်ိဳးလာမလုပ္နဲ ့ပံုညာဦးခ်ီပါကြ ။ ေမြးကတည္းက ပိုက္ဆံဝင္ေပါက္မွန္သမ်ွ ထံုးလိုေက် ၊ ေရလို ေနွာက္လာတဲ့ေကာင္ကို တစ္ကြက္မက ဘူး ၊ သံုးကြက္ျပလည္း ေသာ့္ ကိုကိုက ေအးေဆး "
ခုထိေလႀကီးေနေသးေသာ ေဘးက
ေကာင္ကို မ်က္ေစာင္းထိုးလိုက္သည္။
အဲ့ဒါေၾကာင့္ ဟိုက သူကိုနွင္ခ်လိုက္တာေလ။ ရုိးရုိးနွင္ခ်တာေတာင္မဟုတ္ဘူး။
အေခါက္ေပါင္းမ်ားစြာ ႂကြားတက္လြန္းတဲ့
သူပိုင္တဲ့ န႔ံသာျဖဴ ခင္းကိုပါ ခုတ္ေရာင္းေပးၿပီးနွင္ခ်တာ။ ယခုမူ ငါပိုင္တဲ့ နံသာျဖဴ ခင္းဟု ပံုညာဦးခ်ီ ႂကြာလံုးထုတ္မရေတာ့ေပ။
"ဒါေပမဲ့ ေသာ္ရာ။ ပါးပါးတို ႔တခုမေကာင္းတာက သားဖခ်င္းပဲကြာ ဘာကိစၥ ေျမဖိုးနဲ ့စိုက္ပ်ိဳးေရးစိတ္၊ ပိုးသတ္ေပါင္းရွင္းစရိတ္က နႈတ္ရတာလဲ။ အဲ့ဒါေတာ့ ငါမေက်နပ္ဘူးသိလား ။ ၿပီေတာ့ ကြာ ငါက သူ႔သားပဲ ေလ်ာ့ေပါ့ယူေလ ၊ ခုဟာက မတန္တဆ ႀကီး နႈတ္ထည့္လိုက္တာ ေငြတိုးေခ်းစားတဲ့ ဇာတ္ကားထဲက ခ်စ္တီးထက္ေတာင္ဆိုးေသး။ ၁၅နွစ္ေလာက္ စိုက္ထားတဲ့ အပင္ကို ငါရတာ သိန္း၅၀တဲ့ အဲ့ဒါတရားတယ္လို ႔မင္းထင္လားေသာ္ "
အပ္ေၾကာင္းထပ္ေနတဲ့ စကားေတြကိုခြန္းတုန္႔မျပန္ေတာ့ပဲ ရင္ဘတ္ထဲက လြယ္အိတ္ကေလးကိုသာ တင္းေနေအာင္ဖက္ထားမိသည္။
အေဖဦးထိန္လင္း နဲ ့ေျပာခဲ့တဲ့ စကားဝိုင္းမွာ
ဦးခ်ီ ဝင္ေျပာခဲ့တာေတြကို ပါးပါးက ရုိင္းဆိုင္းတယ္ဟုသတ္မွတ္ကာ အိမ္ျပန္မေခၚပဲ ထားခဲ့သည္။ထိုမ်ွမကေသး သိပ္မၾကာခင္ရက္ပို္င္းအတြင္းဖုန္းၿပန္ဆက္လာကာ မင္းပိုင္ဆိုင္တဲ့ နံ႔သာျဖဴ ခင္း ငါ့ေျမေပၚမွာမထားနိုင္ေတာ့လို ႔ခုတ္လိုက္ပီကြ ဟု ထပ္ဆိုလာျပန္သည္။
စားရင္းဇယားေတြနွင့္ သားအဖနွစ္ေယာက္ ဖုန္းထဲမွာ အျငင္းပြားၾကၿပီးေနာက္ဆံုးပံုညာဦးခ်ီ ပိုင္ဆိုင္မူ ႔သည္ သိန္း၅၀နွင့္ျပတ္ကာ အိမ္ျပန္မလာနဲ ့ဟုပင္ အပိုဆုေပးလိုက္ေသးသည္။
ထိုသိန္း၅၀နွင့္ ၁၆နွစ္သာသာ ေကာင္ေလးနွစ္ေယာက္သည္ ပံုညာဦးခ်ီ ပိုင္ဆိုင္ေသာ မိန္းေက်ာင္းေရွ႕ဖက္လမ္းထဲက အိမ္သို ႔ ေသာင္ျပင္လႊတ္ခံလိုက္ရတဲ့ ေရႊဟသၤာေလးေတြ ပမာ ေရာက္ရွိလာၾက၏။
အဆိုးဆံုးကေတာ့ ယေသာ္လင္းပင္။
တခါမွမကိုင္ဘူးေသာ ေငြထုတ္ကို သြားေလရာ ယူကာ စိတ္မခ်စြာ ရင္ခြင္ထဲပိုက္ထားတက္တာ ျဖစ္သည္။
" အဲ့ဒါမင္းေၾကာင့္ေလ။ မင္းဘာလို ႔
ပါးပါးတို႔မႀကိဳက္တာလုပ္ေသးလဲ "
အမွန္ဆိုယေသာ္လင္းေၾကာက္ေနျခင္းျဖစ္သည္။
သူတို ႔နွစ္ေယာက္သည္ အသက္မျပည့္ေသးခင္ကတည္းက ပံုညာဦးခ်ီ၏ ေလႀကီးမူ ႔ဒဏ္ေၾကာင့္ ဘဝသစ္စေနရၿပီျဖစ္သည္။ ေအာင္စာရင္းသည္က မထြက္ေသး။
ဘာစီးပြားေရးလုပ္ငန္းမွမရွိေသးသလို ပိုက္ဆံေတြကလည္း တလေက်ာ္ နွစ္လနီးပါးအတြင္း တတိတိနွင့္ကုန္ေနသည္။
"ျဖစ္ရေလ ။ ဘယ္သူ႔အတြက္ ကိုကိုက
လုပ္လိုက္တာလဲ ေျပာစမ္းပါအံုး ဒီေခါင္းေလးက '
လက္ညိဳးနဲ ့တြန္းလိဳက္တာမို ႔ယေသာ့္ကေခါင္းသည္ ေဘးကိုေစာင္းသြား၏။
မေက်မနပ္ျပန္လွည့္ၾကည့္ကာ လက္ေမာင္းသားကို နွစ္ခ်က္ေလာက္ျပန္ရုိက္ပစ္လိုက္သည္။
"မေျပာသင့္တဲ့ စကားဆိုမေျပာနဲ႔ေပါ့။
ခုပါးပါးက ငါတို႔ကိုနွင္ခ်လိုက္ပီ။ ပိုက္ဆံကလည္း ဒီတိုင္းဆို သိပ္မၾကာခင္ကုန္မွာပဲ ။
ငါတို႔ဘာနဲ ့ဆက္စားမွာလဲေျပာ "
ငိုသံေတာင္ပါေနရွာၿပီးျဖစ္တဲ့ ယေသာ့္ကို
ပုခံုးကေန ဆြဲကာ ဦးခ်ီ သူ႔ဖက္ကို ကပ္လိုက္သည္။
" မင္းက ငါ့ကို မယံုတာပဲ။ ဒီမွာနားေထာင္ ေသာ္။ ငါတို ႔မွာ အရင္းနွီးလုပ္ဖို ႔ပိုက္ဆံရွိတယ္။ ငွားခေပးစရာမလိုတဲ့ အိမ္ရွိတယ္။ မင္းအေမ ထားခဲ့တဲ့ ဆိုင္ကယ္ ေလးလည္းရွိတယ္။ ဘာမွမလိုေတာ့ဘူး။ တခုပဲ။
အဲ့ဒါ စီးပြားေရး။ ဘာမွမလုပ္ေသးတာမဟုတ္ဘူး ဘာလုပ္ရမလဲၾကည့္ေနတာ။
ဦးေနွာက္ေကာင္းရင္ ဘာလုပ္လုပ္ စားဖို႔မခက္ဘူး။ "
"မင္းစဥ္းစားေနတုန္း ပိုက္ဆံကုန္သြားရင္ ဘယ္လိုလုပ္မလဲ "
"မင္းကေလ က်န္တဲ့ေနရာ ဥာဏ္ေကာင္းေပမဲ့ဒီေနရာက်ရင္ သံုးစားလို႔ကို မရဘူး "
ယေသာ္လင္းနႈတ္ခမ္းစူသြားေလၿပီ။
"ဘာဆိုင္လဲ "
"ဆိုင္တယ္။ စီးပြားေရးလုပ္ရင္ ပိုက္ဆံအမ်ားႀကီးနဲ ့လုပ္မွ ေအာင္ျမင္မယ္လို႔ ဘယ္သူကမင္းကို သင္ေပးလိုက္တာလဲ "
"ေျပာ ငါက ဘယ္သူ႔သားလဲ"
မေျဖခ်င့္ေျဖခ်င္ဟန္ျဖင့္
"ပါးပါး သား"
"က်န္ေသးတယ္။ ျပည့္စံုေအာင္ေျပာ "
ဆရာလုပ္ေနေသာ ပံုညာဦးခ်ီ ကို ယေသာ္ မတည့္ခ်င္ေတာ့။ ဒီေကာင္ သူက
ပိုသိ ပိုတက္တယ္ဆိုၿပီး ပါဝါေတြျပေနသည္။
စိတ္က မရွည္ေတာ့သည္မို ႔ ခပ္ေစာင့္ေစာင့္ေျဖလိုက္၏။
"ပါးပါးနဲ ့သက္ပံုသား!"
"ဟားဟား ေအး ။ ပါးပါးလို အကြက္ျမင္တယ္၊ ေအာက္ေျခသိမ္းတယ္။ သက္ပံုလို ဘာလုပ္ရင္ ဘာရမလဲ၊ဘယ္ေလာက္တိုးတက္ေအာင္ ေနာက္ထပ္ ဘာဆက္လုပ္နိုင္မလဲ သိတဲ့ ၁၇နီးပါးစာ အေတြ ႕အႀကံဳေတြ ငါ့ဆီမွာရွိတယ္။ အဲ့ဒါေၾကာင့္ မင္းပူစရာမလိုဘူး ။ "
ခိုင္မာလွတဲ့ ဦးခ်ီ စကားေၾကာင့္ယေသာ္ ပါးစပ္မဖြင့္ေတာ့ေပ။
စိုးရိမ္မူ ႔သည္လည္းေလ်ာ့နည္းသြားၿပီျဖစ္၏။ ဟိုးအရင္တုန္းကတည္းက
ပံုညာဦးခ်ီ သည္ စီးပြာေရးလုပ္ငန္းရွင္ျဖစ္ခ်င္သည္ဟု ေႂကြးေၾကာ္ထားသူျဖစ္သည္။ ၆နွစ္အ႐ြယ္ကတည္းက ေမာင္ေလက်ယ္သည္ ေဘဘီလံုမွာ အခ်မ္းသာဆံုးပုဂၢဳိဟ္ စာအုပ္ကို ရင္ခြင္မွာပိုက္ကာ အိပ္ခဲ့သူျဖစ္သည္။
" ဒါဆို မင္း ဘာလုပ္ဖို ႔စဥ္းစားထားလဲ "
"ဘာမွမစဥ္းထားဘူး "
"ကိုကို ႔! "
ယေသာ္လင္းေအာ္သံသည္ က်ယ္ေလာင္စြာ။ အူသြားေသာ နားကိုဖိလ်က္ ဦးခ်ီ
ယေသာ္လင္းကို ၾကည့္မိသည္။
ဆရာဝန္လုပ္မဲ့သူတဲ့။ အေတာ္ေလး အေပါက္ဆိုးလြန္းလွ၏။
"တအား အာက်ယ္တာပဲ။ ေယာက်ာ္းျဖစ္ၿပီး ႏုႏုညံ့ညံ့ကိုမရွိဘူး "
ထို ႔ေနာက္မတ္တပ္ရပ္ကာ လက္ကမ္းေပးလိုက္သည္။
" ထ ထမင္းသြားစားမယ္ "
ယေသာ္လင္း သူ႔လက္ကေလးကို ဦးခ်ီလက္ထဲထည့္ကာ ဆြဲထူတဲ့အတိုင္းထလိုက္သည္။
သူတို ႔နွစ္ေယာက္ထဲေနေသာ နွစ္ထပ္အိမ္ေလးသည္ အနည္းငယ္ေဟာင္းေနေပမဲ့ အရင္ပိုင္ရွင္၏ အထိန္းသိမ္းေကာင္းလို႔ထင္၏ မပ်က္စီးမယိုယြင္းေသးေပ။
အလုပ္သမားငွားကာတအိမ္လံုး ေဆးေက်ာသန္႔ရွင္းေရးလုပ္ထားေပမဲ့ သူတို႔နွစ္ေယာက္ကေတာ့ ေအာက္ထပ္က အခန္းက်ယ္ႀကီးမွာသာ ေနေလ၏။
ထမင္းဝိုင္းသည္ နွစ္ခြက္ထဲေသာဟင္းနွင့္သာ
႐ြာကေန သက္ပံုထည့္ေပးလိုက္ေသာ အတိုအထြာမ်ားသည္ မီးဖိုေခ်ာင္ပစၥည္းကအစ ဝယ္စရာမလိုေလာက္ေအာင္ပင္မ်ား၏။ ထိုမ်ွမကေသး ပံုညာဦးခ်ီ ၏ မုန္႔ဖုတ္စက္ႀကီးပါ ပါေသးသည္။
"ငံျပာရည္ေဖ်ာ္၊ အတုို႔အျမဳပ္ ၊ ၾကက္ဥေမႊေၾကာ္ "
ယေသာ္လင္းအားရဝမ္းသာ ခံုမွာေျပးထိုင္၏။ ဦးခ်ီ၏ ေတာ္လြန္းတဲ့ ေနာက္တခ်က္မွာ အိမ္ေထာင္မူ ႔နိုင္နင္းျခင္းျဖစ္သည္။
မီးဖိုေခ်ာင္ လက္ရာသည္ ေျပာစမွတ္တြင္ေအာင္ရွယ္ေကာင္းတာျဖစ္၏။ တခြက္ထဲနဲ ့လည္းေကာင္းေအာင္ခ်က္တက္သည္မွာ ဦးခ်ီ၏ ၿကီးမားလွေသာ စြမ္းေဆာင္ရည္ပင္။
လတ္တေလာ ယေသာ္လင္းသည္ ကိုကို႔၏ စပ္ၿပဲလွေသာ ငံျပာရည္ တခြက္ေၾကာင့္ စိတ္ညစ္စရာအကုန္ေမ့လို႔သြားေလ၏။
ခ်စ္တဲ့အိမ္စည္။
အချိန်ကား မနက်၁၀နာရီကျော်ခန့် ။
လှပသော ပန်းခင်းအလယ်ဝယ် ကြီးမားသော ကျောပြင်ကျယ် တစ်ခုသည် ကျောပေးလျက် ပေါင်းပင်၊မြက်ပင်တို့ ကို ထိုင်နုတ်နေလေသည်။
ခေါင်းတွင်လည်း နှီးခမောက် တလုံးဆောင်းထားကာ ပူလောင်သော မနက်ခင်းကို အံတုလျက်ရှိသည်။ မလှမ်းမကမ်းရှိ အုတ်နံရံကို ကပ်တွယ်ပေါက်နေသော စက္ကူ ပန်းရုံကြီး ဘေး အရိပ်ရှိရာနေရာတွင်
ဖြူ ဖြူ ဖွေးဖွေး ကောင်လေးတစ်ယောက် က အနက်ရောင်လွယ်အိတ်တစ်လုံးကိုရင်ခွင်ထဲပွေ့ ကာ ထိုင်နေ၏။
ထိုကောင်ငယ်လေးသည် အပင်ကြားမှာ အလုပ်ရှုတ်လျက်ရှိသော ကျောပြင်ကို ကြည့်ကာ သက်ပြင်းချ နေသည်မှာ အကြိမ်ကြိမ်ရှိနေလေပြီ ။
ခြံဝန်းသည် နေပျော်စရာကောင်းလှအောင် သေချာ စနှစ်တကျ သစ်ပင်ပန်းပင်တို့ကိုစိုက်ပျိုး ထား၏။ ဘေးတဖက် အုတ်နံရံသည် အတော်ကြီးမြင့်မားလှပေမဲ့ ထိုအုတ်နံရံကိုပင် ကွယ်လောက်အောင် တွယ်ကပ် ပေါက်နေသော စက္ကူ ပန်းပင်များသည် အဖြူ ၊အနီ ၊အဝါ အရောင်စုံအောင်ပွင့်လန်းနေပီး ပန်းချီကားချပ်ကြီးထောင်ထားသည့်အတိုင်းလှပ လို့ နေလေသည်။
အောက်တွင်ရှိသော နေရာများလွတ်များတွင် အသီးများစွာ သီးနေသော သင်္ဘောပင်ကလေးများစွာကို စိုက်ပျိုးထားရုံမကပဲ ဂွေးသီးပင်ပုကလေးများ နှင့် ခရမ်း ၊ ချဉ်ပေါင် ၊ ကန်စွန်း စုံနေအောင် ညီညာစွာ စိုက်ပျိုးထား၏။ ထိုမျှမကသေး ကျန်ရှိနေသော နေရာအနည်းအကျဉ်းလေးမှာပင် ကညွှတ်ပန်း၊ ဒေလီယာ၊ မညှိုးပန်း ပင်ကလေးများစွာကို လူသွားလမ်းအဖြစ်ပုံဖော်ကာ ဘေးတဖက်ချက်စီမှာ စိုက်ပျိုးထားလေသည်။
ထိုခြံလေးသည် တံငါကုန်းရွာသားလေးပိုင်ဆိုင်ရာနေရာဖြစ်ပြီး လွန်ခဲ့သော ၃နှစ်ခန့်က ကတည်းက စိတ်ကူးနဲ့ နည်းနည်းစီ ပုံဖော်ဖြစ်ခဲ့သည်ဆိုလည်းမမှား။
ယခုတွင်မူ ခြံအပြည့်ဖြစ်ထွန်းလှပနေသော သစ်ပင်မျိုးစုံကိုတွေ့ ရမှာဖြစ်ပြီး ခြံအနောက်ဆုံးက အိမ်ကိုပင် ပျောက်လို့ နေလောက်အောင် အပင်များဖြင့် ပြည့်လို့ နေ၏။
"ကိုကို ! "
"ဗျာ.."
သံရှည်ဆွဲတဲ့ထူးသံသည် ထူးနေကျအတိုင်းထူးရှာသော်လည်း လူကမူ ယသော်လင်းထံသို့ လှည့်ပင်မလာချေ။
လှည့်မကြည့်လည်း နားစွင့်နေမှန်းသိတော့ ယသော်လင်း စိတ်ထဲမတင်မကျဖြစ်နေတာကိုသာ ပြောပြလိုက်တော့သည်။
"ပါးပါး က တသက်လုံးမခေါ်ရင် ဘယ်လို လုပ်မလဲကိုကို "
"မခေါ်ချင်နေပေါ့။ "
ရယ်သံနှင့် အတူ ပြောလာတဲ့ စကားကို ယသော်လင်းမကြိုက်။ ထို့ ကြောင့်
မြင်နေရတဲ့ကျောပြင်ကြီးကို မျက်စောင်းလှမ်းထိုးလိုက်သည်။
"နေပူနေပြီ ။ ဒီကိုလာထိုင် မလုပ်တော့နဲ့ "
"အေး"
ခဏကြာတော့ ခမောက်ဆွဲချွတ်ကာ ဘေးမှာလာထိုင်၏။
ချွတ်ထားသော ခမောက်ဖြင့် သူ့ကိုသူ ပြန်ပြီးယပ်ခတ်နေသေးသည်။
နှဖူးကနေစီးကျလာသော ချွေးတွေက ပါးပေါ်ကနေဖြတ်သန်းစီးဆင်းနေပြီး မေးဖျားမှာ အောက်ကိုပြုတ်မကျပဲတွယ်ကပ်နေသေးသည်။
အူယားစရာ ချွေးပေါက်ကြောင့် ပုခုံးကို အားပြုကာ လက်ညိုးလေးနဲ့ လှမ်းဖယ်ပေးမိသည်။
ဦးချီသည် လူချော တစ်ယောက်ဖြစ်သည်။ ထွားကျိုင်းသည် ဆိုတာကလည်း ကလေးအရွယ်ဖြစ်လင့်ကစား
ပွဲရုံမှာ ပဲပိုင်း၊နှမ်းပိုင်းများကို တခါတလေဝင် ထမ်းလေ့ရှိတာကြောင့်ထင်၏ လူပျိုဖားဖားမဖြစ်သေးပဲနဲ့ တောင်မှ ရင်ဘတ်ပြည့်ပြည့် လက်ပြင်ကျယ်ကျယ်
ကြွက်သားများဖြင့် ကျစ်လျစ် တောင့်တင်းနေတာမျိုးပင်။ ဘေတိုက်မြင်နေရသော နှာခေါင်းသည် တစ်မျက်နှာလုံးမှာ အထင်အပေါ်ဆုံးဖြစ်ကာ ရွှေညိုရောင် တလဲ့လဲ့စ်ြနေသောအသားရေနဲ့ ပေါင်းကာ
တည်ကြည်သောဟန်ပန်ကိုဖြစ်ပေါ်စေသည်။
ယသော်လင်း ငေးမောနေရာမှ ခေါင်းကိုရှေ့ ပြန်လှည့်လိုက်သည်။ ထို့နောက် ဘေးချင်းကပ်ထိုင်ကာ နှစ်ယောက်သားပန်းပင်များကို အကြောင်းမရှိငေးကြည့်နေမိကြသည်။
ဦးချီ ယပ်ခပ်လိုက်သော လေကလည်း
တစ်ချက်တစ်ချက် ယသော်လင်းထံလာရောက်လာသေးသည်။
" ပါးပါးတို့ ကိုသတိရလိုက်တာ "
ဘေးမှာထိုင်နေသော ကောင်ငယ်လေးရဲ့ပုခုံးကို ဦးချီလှမ်းဖက်လိုက်သည်။
ဒီကောင်လေးက သိပ်ဝမ်းနည်းတက်တဲ့ကောင်လေး။ ပြီးတော့ စိတ်မကောင်းစရာတွေကို ခေါင်းထဲအမြဲထည့်ထားတက်တဲ့ကောင်လေး။
" သော့်ကို..အဲ့ဒါတွေ မကြိုက်တာ။
ပါးပါးစိတ်ဆိုးတယ်ဆိုတာ ငါ့ကိုလေ။
မင်းကိုမှမဟုတ်တာ ။ လွမ်းရင်ဖုန်းဆက်ပေါ့ကွ "
"ဒါပေမဲ့ ငါကြောက်တယ်လေ "
"မဆီမဆိုင် ။ ဘာကြောက်စရာရှိလဲ။
စိတ်ဆိုးတုန်းခဏပဲလေ ။ ဘယ်တုန်းကမှ အကြာကြီးပါးပါးက စိတ်မဆိုးတက်ဘူး။
ငါ့အိမ်ကလူတွေအကြောင်းငါအသိဆုံးပါကွ ။ စိတ်ညစ်စရာမဟုတ် ကြံဖန်စိတ်ညစ်တယ် မင်းက"
ယသော်လင်း ပါးစပ်ပိတ်သွားသည်။
ပါးပါးတို့ အကြောင်းကို ယသော်လည်းသိပါသည်။သို့ သော် စိတ်မကောင်းဖြစ်တာကဖြစ်တာပဲလေ။
" မျက်နှာက ဘာကိစ္စညိုးနေရပြန်တာလဲ သော်ရာ။ ပါးပါးတို့က ငါ့ကို နည်းနည်းပညာပြလိုက်တာပါ မင်းနဲ့ မဆိုင်ဘူး။
မင်းသိတဲ့အတိုင်း ငါ့ကို မတည့်နေတာကြာပြီလေ။ ခုကြုံတုန်း လေကျယ်တဲ့ကောင် လုပ်ကြည့်စမ်းဆိုပြီး တစ်ကွက်ပြလိုက်တာ ။ အဲ့ဒါမျိုးလာမလုပ်နဲ့ ပုံညာဦးချီပါကွ ။ မွေးကတည်းက ပိုက်ဆံဝင်ပေါက်မှန်သမျှ ထုံးလိုကျေ ၊ ရေလို နှောက်လာတဲ့ကောင်ကို တစ်ကွက်မက ဘူး ၊ သုံးကွက်ပြလည်း သော့် ကိုကိုက အေးဆေး "
ခုထိလေကြီးနေသေးသော ဘေးက
ကောင်ကို မျက်စောင်းထိုးလိုက်သည်။
အဲ့ဒါကြောင့် ဟိုက သူကိုနှင်ချလိုက်တာလေ။ ရိုးရိုးနှင်ချတာတောင်မဟုတ်ဘူး။
အခေါက်ပေါင်းများစွာ ကြွားတက်လွန်းတဲ့
သူပိုင်တဲ့ နံ့သာဖြူ ခင်းကိုပါ ခုတ်ရောင်းပေးပြီးနှင်ချတာ။ ယခုမူ ငါပိုင်တဲ့ နံသာဖြူ ခင်းဟု ပုံညာဦးချီ ကြွာလုံးထုတ်မရတော့ပေ။
"ဒါပေမဲ့ သော်ရာ။ ပါးပါးတို့ တခုမကောင်းတာက သားဖချင်းပဲကွာ ဘာကိစ္စ မြေဖိုးနဲ့ စိုက်ပျိုးရေးစိတ်၊ ပိုးသတ်ပေါင်းရှင်းစရိတ်က နှုတ်ရတာလဲ။ အဲ့ဒါတော့ ငါမကျေနပ်ဘူးသိလား ။ ပြီတော့ ကွာ ငါက သူ့သားပဲ လျော့ပေါ့ယူလေ ၊ ခုဟာက မတန်တဆ ကြီး နှုတ်ထည့်လိုက်တာ ငွေတိုးချေးစားတဲ့ ဇာတ်ကားထဲက ချစ်တီးထက်တောင်ဆိုးသေး။ ၁၅နှစ်လောက် စိုက်ထားတဲ့ အပင်ကို ငါရတာ သိန်း၅၀တဲ့ အဲ့ဒါတရားတယ်လို့ မင်းထင်လားသော် "
အပ်ကြောင်းထပ်နေတဲ့ စကားတွေကိုခွန်းတုန့်မပြန်တော့ပဲ ရင်ဘတ်ထဲက လွယ်အိတ်ကလေးကိုသာ တင်းနေအောင်ဖက်ထားမိသည်။
အဖေဦးထိန်လင်း နဲ့ ပြောခဲ့တဲ့ စကားဝိုင်းမှာ
ဦးချီ ဝင်ပြောခဲ့တာတွေကို ပါးပါးက ရိုင်းဆိုင်းတယ်ဟုသတ်မှတ်ကာ အိမ်ပြန်မခေါ်ပဲ ထားခဲ့သည်။ထိုမျှမကသေး သိပ်မကြာခင်ရက်ပိုင်းအတွင်းဖုန်းပြန်ဆက်လာကာ မင်းပိုင်ဆိုင်တဲ့ နံ့သာဖြူ ခင်း ငါ့မြေပေါ်မှာမထားနိုင်တော့လို့ ခုတ်လိုက်ပီကွ ဟု ထပ်ဆိုလာပြန်သည်။
စားရင်းဇယားတွေနှင့် သားအဖနှစ်ယောက် ဖုန်းထဲမှာ အငြင်းပွားကြပြီးနောက်ဆုံးပုံညာဦးချီ ပိုင်ဆိုင်မူ့ သည် သိန်း၅၀နှင့်ပြတ်ကာ အိမ်ပြန်မလာနဲ့ ဟုပင် အပိုဆုပေးလိုက်သေးသည်။
ထိုသိန်း၅၀နှင့် ၁၆နှစ်သာသာ ကောင်လေးနှစ်ယောက်သည် ပုံညာဦးချီ ပိုင်ဆိုင်သော မိန်းကျောင်းရှေ့ဖက်လမ်းထဲက အိမ်သို့ သောင်ပြင်လွှတ်ခံလိုက်ရတဲ့ ရွှေဟင်္သာလေးတွေ ပမာ ရောက်ရှိလာကြ၏။
အဆိုးဆုံးကတော့ ယသော်လင်းပင်။
တခါမှမကိုင်ဘူးသော ငွေထုတ်ကို သွားလေရာ ယူကာ စိတ်မချစွာ ရင်ခွင်ထဲပိုက်ထားတက်တာ ဖြစ်သည်။
" အဲ့ဒါမင်းကြောင့်လေ။ မင်းဘာလို့
ပါးပါးတို့မကြိုက်တာလုပ်သေးလဲ "
အမှန်ဆိုယသော်လင်းကြောက်နေခြင်းဖြစ်သည်။
သူတို့ နှစ်ယောက်သည် အသက်မပြည့်သေးခင်ကတည်းက ပုံညာဦးချီ၏ လေကြီးမူ့ ဒဏ်ကြောင့် ဘဝသစ်စနေရပြီဖြစ်သည်။ အောင်စာရင်းသည်က မထွက်သေး။
ဘာစီးပွားရေးလုပ်ငန်းမှမရှိသေးသလို ပိုက်ဆံတွေကလည်း တလကျော် နှစ်လနီးပါးအတွင်း တတိတိနှင့်ကုန်နေသည်။
"ဖြစ်ရလေ ။ ဘယ်သူ့အတွက် ကိုကိုက
လုပ်လိုက်တာလဲ ပြောစမ်းပါအုံး ဒီခေါင်းလေးက '
လက်ညိုးနဲ့ တွန်းလိုက်တာမို့ ယသော့်ကခေါင်းသည် ဘေးကိုစောင်းသွား၏။
မကျေမနပ်ပြန်လှည့်ကြည့်ကာ လက်မောင်းသားကို နှစ်ချက်လောက်ပြန်ရိုက်ပစ်လိုက်သည်။
"မပြောသင့်တဲ့ စကားဆိုမပြောနဲ့ပေါ့။
ခုပါးပါးက ငါတို့ကိုနှင်ချလိုက်ပြီ။ ပိုက်ဆံကလည်း ဒီတိုင်းဆို သိပ်မကြာခင်ကုန်မှာပဲ ။
ငါတို့ဘာနဲ့ ဆက်စားမှာလဲပြော "
ငိုသံတောင်ပါနေရှာပြီးဖြစ်တဲ့ ယသော့်ကို
ပုခုံးကနေ ဆွဲကာ ဦးချီ သူ့ဖက်ကို ကပ်လိုက်သည်။
" မင်းက ငါ့ကို မယုံတာပဲ။ ဒီမှာနားထောင် သော်။ ငါတို့ မှာ အရင်းနှီးလုပ်ဖို့ ပိုက်ဆံရှိတယ်။ ငှားခပေးစရာမလိုတဲ့ အိမ်ရှိတယ်။ မင်းအမေ ထားခဲ့တဲ့ ဆိုင်ကယ် လေးလည်းရှိတယ်။ ဘာမှမလိုတော့ဘူး။ တခုပဲ။
အဲ့ဒါ စီးပွားရေး။ ဘာမှမလုပ်သေးတာမဟုတ်ဘူး ဘာလုပ်ရမလဲကြည့်နေတာ။
ဦးနှောက်ကောင်းရင် ဘာလုပ်လုပ် စားဖို့မခက်ဘူး။ "
"မင်းစဉ်းစားနေတုန်း ပိုက်ဆံကုန်သွားရင် ဘယ်လိုလုပ်မလဲ "
"မင်းကလေ ကျန်တဲ့နေရာ ဥာဏ်ကောင်းပေမဲ့ဒီနေရာကျရင် သုံးစားလို့ကို မရဘူး "
ယသော်လင်းနှုတ်ခမ်းစူသွားလေပြီ။
"ဘာဆိုင်လဲ "
"ဆိုင်တယ်။ စီးပွားရေးလုပ်ရင် ပိုက်ဆံအများကြီးနဲ့ လုပ်မှ အောင်မြင်မယ်လို့ ဘယ်သူကမင်းကို သင်ပေးလိုက်တာလဲ "
"ပြော ငါက ဘယ်သူ့သားလဲ"
မဖြေချင့်ဖြေချင်ဟန်ဖြင့်
"ပါးပါး သား"
"ကျန်သေးတယ်။ ပြည့်စုံအောင်ပြော "
ဆရာလုပ်နေသော ပုံညာဦးချီ ကို ယသော် မတည့်ချင်တော့။ ဒီကောင် သူက ပိုသိ ပိုတက်တယ်ဆိုပြီး ပါဝါတွေပြနေသည်။
စိတ်က မရှည်တော့သည်မို့ ခပ်စောင့်စောင့်ဖြေလိုက်၏။
"ပါးပါးနဲ့ သက်ပုံသား!"
"ဟားဟား အေး ။ ပါးပါးလို အကွက်မြင်တယ်၊ အောက်ခြေသိမ်းတယ်။ သက်ပုံလို ဘာလုပ်ရင် ဘာရမလဲ၊ဘယ်လောက်တိုးတက်အောင် နောက်ထပ် ဘာဆက်လုပ်နိုင်မလဲ သိတဲ့ ၁၇နီးပါးစာ အတွေ့ အကြုံတွေ ငါ့ဆီမှာရှိတယ်။ အဲ့ဒါကြောင့် မင်းပူစရာမလိုဘူး ။ "
ခိုင်မာလှတဲ့ ဦးချီ စကားကြောင့်ယသော် ပါးစပ်မဖွင့်တော့ပေ။
စိုးရိမ်မူ့ သည်လည်းလျော့နည်းသွားပြီဖြစ်၏။ ဟိုးအရင်တုန်းကတည်းက
ပုံညာဦးချီ သည် စီးပွာရေးလုပ်ငန်းရှင်ဖြစ်ချင်သည်ဟု ကြွေးကြော်ထားသူဖြစ်သည်။ ၆နှစ်အရွယ်ကတည်းက မောင်လေကျယ်သည် ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုဟ် စာအုပ်ကို ရင်ခွင်မှာပိုက်ကာ အိပ်ခဲ့သူဖြစ်သည်။
" ဒါဆို မင်း ဘာလုပ်ဖို့ စဉ်းစားထားလဲ "
"ဘာမှမစဉ်းထားဘူး "
"ကိုကို့ ! "
ယသော်လင်းအော်သံသည် ကျယ်လောင်စွာ။ အူသွားသော နားကိုဖိလျက် ဦးချီ
ယသော်လင်းကို ကြည့်မိသည်။
ဆရာဝန်လုပ်မဲ့သူတဲ့။ အတော်လေး အပေါက်ဆိုးလွန်းလှ၏။
"တအား အာကျယ်တာပဲ။ ယောကျာ်းဖြစ်ပြီး နုနုညံ့ညံ့ကိုမရှိဘူး "
ထို့ နောက်မတ်တပ်ရပ်ကာ လက်ကမ်းပေးလိုက်သည်။
" ထ ထမင်းသွားစားမယ် "
ယသော်လင်း သူ့လက်ကလေးကို ဦးချီလက်ထဲထည့်ကာ ဆွဲထူတဲ့အတိုင်းထလိုက်သည်။
သူတို့ နှစ်ယောက်ထဲနေသော နှစ်ထပ်အိမ်လေးသည် အနည်းငယ်ဟောင်းနေပေမဲ့ အရင်ပိုင်ရှင်၏ အထိန်းသိမ်းကောင်းလို့ထင်၏ မပျက်စီးမယိုယွင်းသေးပေ။
အလုပ်သမားငှားကာတအိမ်လုံး ဆေးကျောသန့်ရှင်းရေးလုပ်ထားပေမဲ့ သူတို့နှစ်ယောက်ကတော့ အောက်ထပ်က အခန်းကျယ်ကြီးမှာသာ နေလေ၏။
ထမင်းဝိုင်းသည် နှစ်ခွက်ထဲသောဟင်းနှင့်သာ
ရွာကနေ သက်ပုံထည့်ပေးလိုက်သော အတိုအထွာများသည် မီးဖိုချောင်ပစ္စည်းကအစ ဝယ်စရာမလိုလောက်အောင်ပင်များ၏။ ထိုမျှမကသေး ပုံညာဦးချီ ၏ မုန့်ဖုတ်စက်ကြီးပါ ပါသေးသည်။
"ငံပြာရည်ဖျော်၊ အတို့အမြုပ် ၊ ကြက်ဥမွှေကြော် "
ယသော်လင်းအားရဝမ်းသာ ခုံမှာပြေးထိုင်၏။ ဦးချီ၏ တော်လွန်းတဲ့ နောက်တချက်မှာ အိမ်ထောင်မူ့ နိုင်နင်းခြင်းဖြစ်သည်။
မီးဖိုချောင် လက်ရာသည် ပြောစမှတ်တွင်အောင်ရှယ်ကောင်းတာဖြစ်၏။ တစ်ခွက်ထဲနဲ့ လည်းကောင်းအောင်ချက်တက်သည်မှာ ဦးချီ၏ ကြီးမားလှသော စွမ်းဆောင်ရည်ပင်။
လတ်တလော ယသော်လင်းသည် ကိုကို့၏ စပ်ပြဲလှသော ငံပြာရည် တခွက်ကြောင့် စိတ်ညစ်စရာအကုန်မေ့လို့သွားလေ၏။
ချစ်တဲ့အိမ်စည်။
Bạn đang đọc truyện trên: ZingTruyen.Xyz