နှင်းဆီဝါတို့ နီစွေးစေ(နွင္းဆီဝါတို ႔နီေစြးေစ)completed
20
" ကေလးကို ကြၽန္ေတာ္ ျပန္ေခၚသြားပါ့မယ္"
အိမ္ထဲရွိခပ္က်ဥ္းက်ဥ္း ဧည့္ခန္းမွာ ရွိတဲ့
၈ေယာက္ခန္ ႔ရွိေသာ လူေတြရဲ႕ အၾကည့္က ဦးထိန္လင္း ဆိုသူထံသို ႔ ေရာက္ရွိလာ၏။ ကြၽန္ေတာ္ မခင္ခင္ေထြးရဲ႕ အမ်ိဳးသားေဟာင္း ပါဆိုၿပီး အိမ္ကိုေရာက္လာသည္။ နာေရးေတာင္ မွီေအာင္ မလာခဲ့တဲ့ ခင္ပြန္းေဟာင္းကို တခ်ိဳ ႕ေတြက ေနာက္ကြယ္မွာ အတင္းေျပာၾကတာေတြလည္းၾကားေနရသည္။
သို႔ေပမဲ့ မိသားစုေရးရာမဟုတ္ေတာ့
ညႇိညႇိနိႈိင္းနႈိင္းလုပ္ၾကပါဆိုတဲ့စကားမွလြဲ၍ မည္သူတစ္ဦးတစ္ေယာက္မွ ဝင္ေရာက္ေျပာဆိုၾကျခင္းမရွိက်။
" ကေလး သေဘာက ရွိေသးတယ္။
ယေသာ္ကငယ္ေသးေပမဲ့ ဆံုးျဖတ္နိုင္တဲ့အ႐ြယ္ေရာက္ေနပါၿပီ။ "
ေကာင္းခ်ီ မယုတ္မလြန္ေျပာလိုက္သည္။
ယေသာ္လင္းဆိုတာ သူတို ႔လက္ထဲမွာႀကီးပ်င္းလာတဲ့ကေလး။ အိမ္ကသားေတာင္မွ သူ ႔သေဘာအတိုင္း ဆံုးျဖတ္ခြင့္ေပးခဲ့တာမ်ိဳး ရွိေသးတာမို ႔ ယေသာ္သာ အေဖနဲ ့အတူ လိုက္သြားခ်င္မယ္ဆိုရင္ ယေသာ္သေဘာထားကို ေလးစားရမည္။
" သူ ႔သေဘာထားကိုေမးေနစရာမလိုပါဘူးထင္တယ္ ။ ဘာပဲေျပာေျပာ သူ ႔က ကြၽန္ေတာ့္သားမို ႔ မျဖစ္မေန
ကြၽန္ေတာ္နဲ ့လိုက္ကို လိုက္ရမွာပါ ။ ဒီဖက္က ရပ္မိရပ္ဖေတြ ရွိတုန္း တခါထဲခြင့္ေတာင္းပါတယ္ ဒီညေန ကြၽန္ေတာ္ျပန္ရင္ေခၚသြားပါေတာ့မယ္"
" ဒါကေတာ့ အရမ္းျမန္လြန္းေနတယ္ မထင္ဘူးလား ဦးထိန္လင္း။ ကေလးက ခုမွ သူ႔အေမ ရက္လည္ၿပီးခါစပဲရွိေသးတယ္ေလ"
ေကာင္းခ်ီ အနည္းငယ္ေတာ့ အလိုမက်ျဖစ္သြားသည္။စကားေတြကို ဒီထပ္ပိုပီးေျပာလိုက္ခ်င္ေပမဲ့ လူႀကီးေတြလည္ရွိေသးသည္မို ႔ အေတာ္ႀကီးထိန္းေျပာေနရသည္။
ပိုဆိုးတာက မ်က္နွာခ်င္းဆိုင္ထိုင္ေနတဲ့
ဦးထိန္လင္းဆိုသူက စေရာက္လာကတည္းက မ်က္နွာေၾကာက အနည္းငယ္မွမေလ်ာ့။ ကိုယ္တိုင္က သားသမီးကို အေလးနက္ထားတက္သူမို ႔ ဒီလိုလူထံ ယေသာ္လင္းကိုေပးလိုက္ဖို ႔ဆိုတာ ေကာင္းခ်ီ အတြက္ခက္ခဲလွသည္။
"ရန္ကုန္မွာ ကြၽန္ေတာ့္အလုပ္ေတြရွိေသးတယ္။ အၾကာႀကီးပစ္ထားလို႔မရလို ႔ပါ။ "
" ကြၽန္ေတာ့္အလိုအတိုင္းဆိုရင္ သေဘာထားကို ေမးခ်င္ေသးတယ္။ တကယ္လို ႔
မလိုက္ခ်င္ဘူးဆိုရင္ေတာ့ ထည့္မေပးခ်င္ပါဘူး။ ပညာေရးအတြက္လည္းကြၽန္ေတာ္တို ႔မိသားစု တာဝန္ယူေပးနိုင္ပါတယ္ "
"ပညာေရး ဆိုတာထပ္ ယေသာ္လင္းကို
ကြၽန္ေတာ္တို ႔မိသားစုစီးပြားေရးကို လက္ဆင့္ကမ္းခ်င္တာပါ။ အဲ့အတြက္ ဒီဖက္က ညီေလးတို ႔မိသားစု ကိုလည္းေက်းဇူးတင္ပါတယ္။ အခ်ိန္အၾကာႀကီးေတာ့ဒီမွာေနလို ႔မရတာခြင့္လြတ္ေပးပါ။ ကြၽန္ေတာ့္အမ်ိဳးသမီးကလည္းက်န္းမာေရးသိပ္္ေကာင္းေတာ့ နည္းနည္းေတာ့အလ်င္စလိုျဖစ္သြားတယ္"
စကားေတြသည္ တဖက္နဲ ့တဖက္အေျခအတင္ျဖစ္စျပဳလာေလသည္။ေကာင္းခ်ီ သက္ပံုကိုလွမ္းၾကည့္မိသည္။
တဖက္က အပိတ္စကားေတြကိုသာ ဦးတည္ေျပာေနသလို အေဖဆိုတဲ့ ဖိအားနဲ႔ ဇြတ္ အတင္းလုပ္မဲ့သေဘာရွိေနသည္။
ရပ္ကြက္လူႀကီးေတြကလည္း ပါဝင္စကားေျပာလာတာမရွိေတာ့ ေကာင္းခ်ီ
ထပ္ၿပီး ဆန္႔က်င္ဖက္ေျပာဖို ႔က နည္းနည္းခက္ေနသည္။
ထိုအခ်ိန္မွာ ဦးခ်ီသည္ အခန္းထဲကေတာ့ ေဒါနဲ ့ေမာနဲ ့ထြက္လာကာ
" ကြၽန္ေတာ္ သေဘာမတူဘူးပါးပါး။
ယေသာ္လင္း သေဘာထားကိုလည္းေမးေနစရာမလိုဘူး ။ သူ ႔က ကြၽန္ေတာ္တို႔အိမ္က မိသားစုဆိုတာ ပါးပါးလည္းလက္ခံေပးထားတာပဲ ။ ခုလို အခ်ိန္မွာ ဝတၲရားအရ လာေခၚတာမ်ိဳး၊ အသံုးလိုလို႔လာေခၚတာမ်ိဳးဆိုရင္ အားနာစရာမလိုဘူး ဦးေလး ျပန္လိုက္ပါ။ "
ပံုညာဦးခ်ီသည္
အလြန္တရာ ေဒါသထြက္ေနဟန္ျဖင့္ လက္သီးစုတ္နွစ္ဖက္ကို က်စ္က်စ္ဆုတ္လ်က္
ၾကမ္းတမ္းေသာစကားေတြကို ေျပာလာသည္။
ေကာင္းခ်ီ ေခါင္းေတြကိုက္လာ၏။ တခါမွသားသည္ ထို သို ႔ရုိင္းစိုင္းစြာမေျပာဖူးခဲ့။
ျပသနာကို မည္သူညႇိနိႈင္းရမယ္ ဆိုတာ မသိေပမဲ့ သူကိုယ္လည္း ယေသာ္လင္းကို ျပန္ထည့္မေပးဖို ႔ ႀကိဳးစားေျဖရွင္းေနတာပဲ။
" ပံုညာဦးခ်ီ ပါးပါးဒီမွာ စကားေျပာေနတယ္ေလ"
ေကာင္းခ်ီ မ်က္နွာထားတင္းစြာျဖင့္ သူ႔သား၏ အျပဳအမူ ကိုဟန္႔တားလိုက္သည္။သူ ႔သား၏ အျပဳအမူသည္ မိဘေတြ၏ ဆူဆံုးမမူ ႔မရွိသလိုမ်ိဳး ပတ္ဝန္းက်င္မွာထင္ဟပ္ေစသည္။ တခါမွ ယခုလို ေျပာခဲ့ဘူးတာမ်ိဳး မရွိေပမဲ့ လက္ခံမေပးနိုင္ပါ။
ဒါေပမဲ့ အေလ်ာ့ေပးလိုတဲ့ ပံုံစံမရွိတဲ့
ဦးခ်ီ သည္ ေမးေက်ာေတြကို တင္းေအာင္အံ့ႀကိတ္လ်က္ ရွိကာ
"ဒီတခါေတာ့ ေျပာပါ့ရေစပါးပါး။ အိမ္ေရာက္မွ သားကို သတ္ခ်င္သတ္ပါ။ အတင္းအၾကပ္ ဦးေလးဘက္က လုပ္မယ္ဆိုရင္
ဘယ္တရားရုံး တက္ရတက္ရ လိုက္ခဲ့ပါ့မယ္။ ယေသာ္လင္းမာန္ ကေလး ဘဝကတည္းက ေဒၚခင္ခင္ေထြးအပါအဝင္ သားအမိနွစ္ေယာက္လံုးအေပၚမွာ အိမ္တြင္းအၾကမ္းဖက္မူ ႔အႀကိမ္ႀကိမ္ရွိခဲ့ဖူးတာကို မေမ့ပါနဲ ့ဦးေလး။ "
တပါထဲ ဖခင္ဖက္ကိုပါလွည့္လိုက္ၿပီး
"ပါးပါးတို ႔လည္း ယေသာ္လင္းကိုထည့္ေပးဖို ႔မႀကိဳးစားနဲ ့။ အရင္တုန္းကတည္းက
ေသာ့္အေပၚမွာ သားလိုသတ္မွတ္မထားလို ႔တခါေတာင္ လာေတြ႕ဖူးတာမရွိဘူးဆိုတာ ဒီရပ္ကြက္က လူေတြအကုန္သိတယ္။ သားအမ်ားႀကီး မေျပာေတာ့ဘူး ။
ရပ္ကြက္လူႀကီးေတြလည္း ဒီကိစၥကို
ေသခ်ာ မွန္ကန္ေအာင္ဆံုးျဖတ္ေပးပါ။
ယေသာ္လင္းကို အန္တီခင္ေလးမေသဆံုးခင္ကေရာ ေသဆံုးၿပီးေရာ ကြၽန္ေတာ္တို ႔မိသားစုကပဲ ေစာင့္ေရွာက္ခဲ့တာ လူအမ်ားအသိပါ။ "
ျပတ္သားေသာ ဦးခ်ီ၏ စကားေတြသည္
ဦးထိန္လင္းကို မ်က္နွာပ်က္ေစသည္။
ဧည့္ခင္းမွာရွိေသာ လူႀကီးေတြကလည္း
ေခါင္းတညိမ့္ညိမ့္ရွိေနၾကသည္။
သက္ပံု ဒီတိုင္းမေနသာေတာ့ပီမို ႔
"သား ..ဦခ်ီ ။ ေဖေဖစကားေျပာၾကည့္ပါအုန္းမယ္။ ေသာ္ေသာ္ ဦးခ်ီကို အျပင္ေခၚသြား "
ေဘးမွာ လာရပ္တဲ့ ယေသာ့္ကိုပါတခါထဲလွမ္းေျပာလိုက္သည္။
" သားလည္းေျပာစရာရွိေသးတယ္သက္ပံု ။ "
ထို႔ေနာက္ မ်က္ရည္ဝဲလ်က္ သူ ႔ကိုလွမ္းၾကည့္ေနတဲ့ ဖခင္ျဖစ္သူ ဦးထိန္လင္းမာန္ကို ၾကည့္လိုက္သည္။
အေဖ့ရဲ႕ အၾကည့္ေတြသည္ မင္းငါနဲ ့လိုက္ကို လိုက္ခဲ့ရမယ္ ဆိုတဲ့ အမိန္႔ေပးစကားေတြပါဝင္ေနေပမဲ့ ယေသာ္က အရင္တုန္းကလို ကေလးမဟုတ္ေတာ့ဘူးဆိုတာ သိေစခ်င္သည္။ ထို ႔ေၾကာင့္
"ဦးခ်ီ ေျပာသလိုပဲ ကြၽန္ေတာ္ကို
အေဖက ငယ္စဥ္ကတည္းက သားအျဖစ္ လက္္မခံခဲ့ပါဘူး။ မင္းငါ့ကို အေဖလို ႔မေခၚနဲ ့ ၊ မင္းငါ့သားမဟုတ္ဘူးဆုိတဲ့ စကားေတြက အေဖအၿမဲေျပာခဲ့တဲ့ စကားေတြပါ ။ ၿပီးေတာ့ အိမ္တြင္းအၾကမ္းဖက္မူ ႔တခ်ိဳ ႕လည္းရွိခဲ့ဘူးပါတယ္။ ေမေမအပါအဝင္ပါပဲ။ အဲ့ဒါအမွန္တရားပါ။ တခါထဲေျပာလိုက္ပါ့မယ္။ ကြၽန္ေတာ္လံုးဝလိုက္္မသြားနိုင္ပါဘူး "
ဦးထိန္းလင္းမ်က္စိမ်က္နွာပ်က္လို ႔သြား၏။
ယေသာ္လင္းကို ခက္ခက္ခဲခဲ ျပန္ေခၚစရာမလိုဘူးလို ႔သူထင္ခဲ့တာ။
ေနာက္အိမ္ေထာင္ကလည္း သားသမီးမရနိုင္သူမို ႔ သူေမ်ွာ္လင့္ခ်က္ေတြသည္ ယေသာ္လင္းအေပၚမွာသာရွိသည္။ မလိုက္လို ႔မျဖစ္တာေၾကာင့္
" ဒီစကားေတြ အေဖေျပာခဲ့ဖူးတာမွန္ပါတယ္ ။ ဒါေပမဲ့ အခုခ်ိန္မွာ အေဖလည္းေနာင္တရေနပါၿပီ။သားမွာလည္း အုပ္ထိန္းသူမရွိေတာ့တာ အေဖနဲ ့ျပန္လိုက္ခဲ့ပါကြယ္။သားစိတ္တိုင္းက် ျဖစ္ေစရပါမယ္ "
ဟုေခ်ာ့ေမာ့ေျပာလိုက္သည္။
"သူ ႔အုပ္ထိန္းသူက ဒီေန ႔ကစၿပီး ကြၽန္ေတာ္ပဲ ။ ေက်ာင္းလည္းထားေပးမယ္ ။
လိုအပ္မွန္သမ်ွ သားသမီးလိုေရာ ၊ ညီအကို သူငယ္ခ်င္းလိုေရာ အကုန္ပံ့ပိုးေပးနိုင္တယ္။ ဒီအ႐ြယ္ မင္းဘာတက္နိုင္မွာလည္း မေျပာနဲ ့ ႀကီးႀကီးက်ယ္က်ယ္ ေျပာေနတာမဟုတ္ဘူး ။ နံ ့သာျဖဴ ခင္းေရာင္းၿပီး သူတက္မဲ့ ေဆးတကၠသိုလ္ကို ကြၽန္ေတာ္ကိုယ္တိုင္ထားမွာ "
လိုတာထက္ ေဘာင္ေက်ာ္လာတဲ့ စကားေတြေၾကာင့္ သက္ပံု သားကိုစိတ္ဆိုးလာ၏။
" ပံုညာဦးခ်ီ ေဖေဖ စိတ္ဆိုးေတာ့မယ္ေနာ္။ သြား ယေသာ္ ကိုကို ႔ကိုေခၚသြား
ေဖေဖတို ႔ဒီမွာ လူႀကီးခ်င္းစကားေျပာအုန္းမယ္"
ယေသာ္ ေခါင္းညိမ့္ျပလိုက္သည္။
ၿပီးေတာ့ ဦးခ်ီလက္ကို ဆုတ္ကိုင္ကာ
"သြားရေအာင္ ကိုကို ငါဗိုက္ဆာေနၿပီ။
ငါ့ကို ေပါက္စီလိုက္ဝယ္ေကြၽးပါ "
ယေသာ္လင္း စကာေၾကာင့္ ငံု ႔ၾကည့္ကာ
ဦးခ်ီ ၿပံဳးျပလိုက္၏။ ထို ႔ေနာက္ ညင္သာေသာ ေလသံျဖင့္
" သြားၾကရေအာင္ ေသာ္။ "
ထို ႔ေနာက္ သူတို ႔နွစ္ေယာက္သည္ လက္ခ်င္းတြဲလ်က္ အိမ္ေလးကေန ထြက္ခြာခဲ့လိုက္သည္။
ဦးထိန္လင္း ၏မ်က္နွာသည္ ေဒါသေၾကာင့္နီရဲ ေနသည္။
မၾကာခင္က သိမ္ေမြ ႕ေသာ ဖခင္တေယာက္ဟန္ပန္သည္ ေပ်ာက္ျခင္းမလွေပ်ာက္သြားေလၿပီ။ ရပ္႐ြာလူႀကီးမ်ားသည္
တေယာက္မ်က္နွာ တစ္ေယာက္ၾကည့္ကာ အေျခအေနကို ၾကည့္ေနၾကသည္။
ထို ႔ေနာက္ အုပ္ခ်ဳပ္ေရးမူးကပင္ စကားစလာ၏။
" ကဲ ျမင္တဲ့အတိုင္းပဲ ကိုထိန္လင္းေရ။
ကြၽန္ေတာ္ တို ႔လည္း ညႇိနႈိင္းရုံပဲ တက္နိုင္ပါတယ္။ ကေလးက မလိုက္ခ်င္ဘူးဆိုေတာ့ အတင္းအၾကပ္လည္းမလုပ္ေစခ်င္ဘူး ကိုထိန္လင္း။ "
"ဒါေတာ့ ဘယ္ျဖစ္မလဲ အုပ္ခ်ဳပ္ေရးမူးရာ။
သူက ေက်ာင္းသားပဲရွိေသးတာ သူ ႔လမ္းကိုသူ ေလ်ွာက္ဖို ႔မွမလြယ္ေသးတာ "
"ဒါက ဒီလိုရွိပါတယ္ ဦေလးတို ႔။
ကြၽန္ေတာ္ တခု ေျပာပါရေစ ။ ကြၽန္ေတာ္က မမခင္ေလး မေသဆံုးကတည္းက ယေသာ္ေလး ေက်ာင္းစရိတ္ကို ၆တန္းေလာက္ကတည္းက ေထာက္ပံ့လာခဲ့သူပါ။ ကေလးရဲ႕ ပညာေရးကို ဘယ္ေလာက္ အားစိုက္ခဲ့လည္းဆိုတာ သူတက္ခဲ့တဲ့
ေက်ာင္းေတြကို စံုစမ္းၾကည့္ရင္ အသိသာႀကီးပါ ။ ၿပီးေတာ့ မမခင္ေလး ရဲ႕ ေဆးကုသစရိတ္ အကုန္ ကြၽန္ေတာ္က တားဝန္ယူခဲ့ရသူအေနနဲ ့ ဒီစကားဝိုင္း စကားအနည္းငယ္ေျပာခ်င္ပါတယ္ "
ရပ္ကြက္လူႀကီးမ်ားက ေခါင္းညိမ့္လ်က္ ဆက္ေျပာေစသည္။
သက္ပံု ေလးနက္စြာေျပာလိုက္သည္။
" ကြၽန္ေတာ့္သားနဲ႔ ကိုထိန္လင္းသားနဲ ့က
သူငယ္ခ်င္းဆိုေပမဲ့ ကြၽန္ေတာ္
တို ႔မိသားစုက ေမတၱာငတ္ေနရွာတဲ့ ယေသာ္လင္းအေပၚမွာ သားထပ္သာေအာင္ ဂရုစိုက္ေပးခဲ့ပါတယ္။ ဒါလူတိုင္းအသိပါ။
ကြၽန္ေတာ္သားကလည္း ႐ြာမွာ ဒီနွစ္ဆယ္တန္းေျဖထားပါတယ္။ ယေသာ္လင္းကို ကြၽန္ေတာ္ ျဖစ္ေျမာက္ေစခ်င္လြန္းလို ႔
ကြၽန္ေတာ့္သားေတာင္ မတက္ခိုင္းခဲ့တဲ့
ေစ်းအႀကီးဆံုး ကိုယ္ပိုင္းေက်ာင္းမွာ ထားခဲ့တာပါ။
ကြၽန္ေတာ္ကိုယ္တိုင္လည္းပညာတက္တေယာက္မို ႔ အကို ႔သားကို အေကာင္းဆံုးပံ့ပိုးေပးနိုင္မွာ ေသခ်ာပါတယ္။
ဂတိလည္းေပးပါတယ္။ ကေလးကဒီမွာ ေပ်ာ္ေနေတာ့ ထားခဲ့ေပးပါလို ႔ပဲ ေတာင္းဆိုပါရေစ "
"ဒါကေတာ့...."
ဆက္ေျပာလာမဲ့ စကားကို သက္ပုံ ထပ္နားမေထာင္ေပးနိုင္ေတာ့သည္ေၾကာင့္
"အဲ့လိုမွ မဟုတ္ဘူးဆိုရင္ ကြၽန္ေတာ္ကေတာ့ ကြၽန္ေတာ့္သားေျပာသလိုပဲ
အမူ ႔ရင္ဆိုင္ဖို ႔အဆင့္သင့္ပါပဲ။ ဘယ္ေလာက္ကုန္ကုန္ ႀကိဳက္တက္ေနရာထိသြားပါ ။ ကိုထိန္လင္းမာန္ဆီမွာ ယေသာ့္ကို
ျပန္ထည့္ေပးဖို ႔ဆိုတာ ဘယ္လိုမွ စိတ္မခ်နိုင္ပါဘူး "
ေကာင္းခ် ီ ေဘးကေန သက္ပံုေျပာသမ်ွကို ၿငိမ္သက္စြာနားေထာင္ေနသည္။
အေလ်ာ့မေပးလိုဟန္ျဖင့္ တေယာက္နဲ ့တေယာက္ စူးစိုက္စြာၾကည့္ေနၾကတဲ့
သက္ပံုနွင့္ဦးထိန္လင္းမာန္တို ႔ေၾကာင့္
ရပ္ကြက္လူႀကီးပါ မေနသာေတာ့။
" ျပသနာကို ဒီထက္ပိုၿပီးမႀကီးၾကပါနဲ ့ေတာ့။ ခုဒီဖက္ ကိုသက္မင္းပံု ေျပာတာကို ကြၽန္ေတာ္လည္းလက္ခံပါတယ္။
ေဒၚခင္ေထြး မေသဆံုးခင္ကတည္းက နွစ္အိမ္တစ္အိမ္ ေနလာၾကသူေတြဆိုတာ တရပ္ကြက္လံုးလဲ သိပါတယ္။ ခင္ဗ်ားအေနနဲ ့လည္းယံုၾကည္ေပးလို ႔ရပါတယ္ကိုထိန္လင္း။ "
"အုပ္ခ်ဳပ္ေရးမူ ႔တို ႔ရဲ႕ေစတနာကို
ကြၽန္ေတာ္နားလည္ပါတယ္။ ကေလးကငယ္ေသးတယ္။ ၿပီးေတာ့ သူတို ႔ ကဘယ္ေလာက္ထိ ယံုၾကည္နိုင္လို႔လဲ။ ဒီအိမ္က ကာလတန္ဖိုးနဲ ့တြက္ရင္ အိမ္ေစ်းကိုမေျပာနဲ ့ေျမေစ်းနဲ ့ဆို ဘယ္ေလာက္တန္မလဲ "
ေစာ္ကားလာတဲ့ စကားမ်ားသည္ သည္းခံမူ ႔အတိုင္းအတာထပ္ ေက်ာ္လြန္လာ၏
ေဒါသ ထြက္ခဲလွတဲ့ေကာင္းခ်ီ ပင္
ေမးရုိးေတြေထာင္လာသည္ထိ စိတ္ထိန္းေနရဟန္။
သက္ပံု ေခါင္းငံု ႔ ၿပံဳးလိုက္သည္။
ထိုအၿပံဳးသည္ တဖက္လူကို အေတာ္အထင္ျမင္ေသးဟန္ေပါက္ၿပီး ဦးေနွာက္မရွိလိုက္တာဟုေျပာေနသေယာင္ ။
" ကြၽန္ေတာ္ လိုခ်င္ရင္ ဒီလိုဝိုင္းမ်ိဳး ၿခံတစ္ရာမကဘူး ဝယ္နိုင္တယ္။ ဘယ္ေလာက္တန္တယ္ထင္လဲဟုတ္လား။ ကေလးကို
တသက္လံုးျပန္မၾကည့္ခဲ့သူက ဒီၿခံလိုခ်င္လို႔မ်ားျပန္လာေခၚတာလား "
မဲေမွာင္သြားတဲ့ ဦးထိန္လင္းမာန္မ်က္နွာကိုေက်နပ္စြာ တဝႀကီးထိုင္ၾကည့္ေနၿပီးမွ ေအးစက္စြာေျပာလိုက္၏။
"ထပ္ေျပာမယ္။ ဒီၿခံက ေဒၚခင္ေထြး ပိုင္ေသးတယ္မ်ား ထင္ေနေသးတာလား ကိုထိန္လင္းမာန္ "
"ဒါဆို..."
သက္ပံုနႈတ္ခမ္းကို မဲ့လိုက္၏။
"လြန္ခဲ့တဲ့ နွစ္လက အုပ္ခ်ဳပ္ေရးမူးဆီ
လက္မွတ္ထိုးခဲ့တဲ့ စာခ်ဳပ္ကို မွတ္မိေသးလား ခင္ဗ် "
သူဖက္လွည့္ေမးလာတဲ့ အမ်ိဳးသားေၾကာင့္အုပ္ခ်ဳပ္ေရးမူး ဦးစိုးလင္း ဝင္ေရာက္ကာ
ေျပာလိုက္သည္။
"မွတ္မိပါတယ္ကိုသက္မင္းပံု။ အဲ့ဒီေန ႔က
မခင္ေထြး ဒီၿခံကို ေပါင္ထားတဲ့ ေဒါရီမာသန္႔ဆိုတဲ့ အမ်ိဳးသမီးနဲ ့ ေငြတိုးမေပးနိုင္လို ႔ျပသနာတက္ၿပီးရုံးေရာက္လာတာပါ။
ရွင္းရွင္းေျပာရရင္ ကိုသက္မင္းပံု ကိုယ္တိုင္ ဖုန္းဆက္ၿပီး ေခ်းေငြ သိန္း၁၀၀နဲ ့
ေငြတိုး ၂၅သိန္းတိတိကို ၾကားကေန
ဆပ္ေပးပါ့မယ္လို ႔ ကတိခံေပးခဲ့ပါတယ္။
အဲ့ဒီေန ႔ျဖစ္ၿပီးေနာက္၃ရက္အၾကာမွာ
ေဒၚခင္ေထြးေပးရမဲ့ ေငြသိန္း တစ္ရာ႕အစိတ္ကို ဒီဖက္က ကိုသက္မင္းပံု က ဆပ္ေပးခဲ့လို ႔ျပသနာေျဖရွင္းၿပီးသြားခဲ့တယ္လို႔ ၾကားသိရပါတယ္"
ဦးထိန္လင္း ခံုေနာက္မွီအေပၚ ပစ္စလက္ ခက္မွီ က်သြားခဲ့သည္။
ျပင္းျပစြာရွဴ ရႈိက္ေနမိသည့္ ေလထုသည္
သိမ္ငယ္မူ ႔နဲ ့အရွက္တရားမ်ားေၾကာင့္
ဝလင္ေအာင္ မရွဴ နိုင္ေတာ့ပဲ ခက္ခဲလာသလို ။ ျဖစ္နိုင္ရင္ ရွက္စရာဒီေနရာမွ အေငြ ႕ပ်ံ ့ၿပီးေပ်ာက္သြားခ်င္မိသည္ထိ ..
ခ်စ္တဲ့အိမ္စည္။
" ကလေးကို ကျွန်တော် ပြန်ခေါ်သွားပါ့မယ်"
အိမ်ထဲရှိခပ်ကျဉ်းကျဉ်း ဧည့်ခန်းမှာ ရှိတဲ့
၈ယောက်ခန့် ရှိသော လူတွေရဲ့ အကြည့်က ဦးထိန်လင်း ဆိုသူထံသို့ ရောက်ရှိလာ၏။
"ကျွန်တော် မခင်ခင်ထွေးရဲ့ အမျိုးသားဟောင်း ပါ"
ဆိုပြီး အိမ်ကိုရောက်လာသည်။ နာရေးတောင် မှီအောင် မလာခဲ့တဲ့ ခင်ပွန်းဟောင်းကို တချို့ တွေက နောက်ကွယ်မှာ အတင်းပြောကြတာတွေလည်းကြားနေရသည်။
သို့ပေမဲ့ မိသားစုရေးရာမဟုတ်တော့
ညှိညှိနှိုင်းနှိုင်းလုပ်ကြပါဆိုတဲ့စကားမှလွဲ၍ မည်သူတစ်ဦးတစ်ယောက်မှ ဝင်ရောက်ပြောဆိုကြခြင်းမရှိကြ။
" ကလေး သဘောက ရှိသေးတယ်။
ယသော်ကငယ်သေးပေမဲ့ ဆုံးဖြတ်နိုင်တဲ့အရွယ်ရောက်နေပါပြီ။ "
ကောင်းချီ မယုတ်မလွန်ပြောလိုက်သည်။
ယသော်လင်းဆိုတာ သူတို့ လက်ထဲမှာကြီးပျင်းလာတဲ့ကလေး။ အိမ်ကသားတောင်မှ သူ့ သဘောအတိုင်း ဆုံးဖြတ်ခွင့်ပေးခဲ့တာမျိုး ရှိသေးတာမို့ ယသော်သာ အဖေနဲ့ အတူ လိုက်သွားချင်မယ်ဆိုရင် ယသော်သဘောထားကို လေးစားရမည်။
" သူ့ သဘောထားကိုမေးနေစရာမလိုပါဘူးထင်တယ် ။ ဘာပဲပြောပြော သူ့ က ကျွန်တော့်သားမို့ မဖြစ်မနေ
ကျွန်တော်နဲ့ လိုက်ကို လိုက်ရမှာပါ ။ ဒီဖက်က ရပ်မိရပ်ဖတွေ ရှိတုန်း တစ်ခါထဲခွင့်တောင်းပါတယ် ဒီညနေ ကျွန်တော်ပြန်ရင်ခေါ်သွားပါတော့မယ်"
" ဒါကတော့ အရမ်းမြန်လွန်းနေတယ် မထင်ဘူးလား ဦးထိန်လင်း။ ကလေးက ခုမှ သူ့အမေ ရက်လည်ပြီးခါစပဲရှိသေးတယ်လေ"
ကောင်းချီ အနည်းငယ်တော့ အလိုမကျဖြစ်သွားသည်။စကားတွေကို ဒီထပ်ပိုပီးပြောလိုက်ချင်ပေမဲ့ လူကြီးတွေလည်ရှိသေးသည်မို့ အတော်ကြီးထိန်းပြောနေရသည်။
ပိုဆိုးတာက မျက်နှာချင်းဆိုင်ထိုင်နေတဲ့
ဦးထိန်လင်းဆိုသူက စရောက်လာကတည်းက မျက်နှာကြောက အနည်းငယ်မှမလျော့။ ကိုယ်တိုင်က သားသမီးကို အလေးနက်ထားတက်သူမို့ ဒီလိုလူထံ ယသော်လင်းကိုပေးလိုက်ဖို့ ဆိုတာ ကောင်းချီ အတွက်ခက်ခဲလှသည်။
"ရန်ကုန်မှာ ကျွန်တော့်အလုပ်တွေရှိသေးတယ်။ အကြာကြီးပစ်ထားလို့မရလို့ ပါ။ "
" ကျွန်တော့်အလိုအတိုင်းဆိုရင် သဘောထားကို မေးချင်သေးတယ်။ တကယ်လို့
မလိုက်ချင်ဘူးဆိုရင်တော့ ထည့်မပေးချင်ပါဘူး။ ပညာရေးအတွက်လည်းကျွန်တော်တို့ မိသားစု တာဝန်ယူပေးနိုင်ပါတယ် "
"ပညာရေး ဆိုတာထက် ယသော်လင်းကို
ကျွန်တော်တို့ မိသားစုစီးပွားရေးကို လက်ဆင့်ကမ်းချင်တာပါ။ အဲ့အတွက် ဒီဖက်က ညီလေးတို့ မိသားစု ကိုလည်းကျေးဇူးတင်ပါတယ်။ အချိန်အကြာကြီးတော့ဒီမှာနေလို့ မရတာခွင့်လွတ်ပေးပါ။ ကျွန်တော့်အမျိုးသမီးကလည်းကျန်းမာရေးသိပ်ကောင်းတော့ နည်းနည်းတော့အလျင်စလိုဖြစ်သွားတယ်"
စကားတွေသည် တဖက်နဲ့ တဖက်အခြေအတင်ဖြစ်စပြုလာလေသည်။ကောင်းချီ သက်ပုံကိုလှမ်းကြည့်မိသည်။
တဖက်က အပိတ်စကားတွေကိုသာ ဦးတည်ပြောနေသလို အဖေဆိုတဲ့ ဖိအားနဲ့ ဇွတ် အတင်းလုပ်မဲ့သဘောရှိနေသည်။
ရပ်ကွက်လူကြီးတွေကလည်း ပါဝင်စကားပြောလာတာမရှိတော့ ကောင်းချီ
ထပ်ပြီး ဆန့်ကျင်ဖက်ပြောဖို့ က နည်းနည်းခက်နေသည်။
ထိုအချိန်မှာ ဦးချီသည် အခန်းထဲကတော့ ဒေါနဲ့ မောနဲ့ ထွက်လာကာ
" ကျွန်တော် သဘောမတူဘူးပါးပါး။
ယသော်လင်း သဘောထားကိုလည်းမေးနေစရာမလိုဘူး ။ သူ့ က ကျွန်တော်တို့အိမ်က မိသားစုဆိုတာ ပါးပါးလည်းလက်ခံပေးထားတာပဲ ။ ခုလို အချိန်မှာ ဝတ္တရားအရ လာခေါ်တာမျိုး၊ အသုံးလိုလို့လာခေါ်တာမျိုးဆိုရင် အားနာစရာမလိုဘူး ဦးလေး ပြန်လိုက်ပါ။ "
ပုံညာဦးချီသည်
အလွန်တရာ ဒေါသထွက်နေဟန်ဖြင့် လက်သီးစုတ်နှစ်ဖက်ကို ကျစ်ကျစ်ဆုတ်လျက်
ကြမ်းတမ်းသောစကားတွေကို ပြောလာသည်။
ကောင်းချီ ခေါင်းတွေကိုက်လာ၏။ တစ်ခါမှသားသည် ထို သို့ ရိုင်းစိုင်းစွာမပြောဖူးခဲ့။
ပြသနာကို မည်သူညှိနှိုင်းရမယ် ဆိုတာ မသိပေမဲ့ သူကိုယ်လည်း ယသော်လင်းကို ပြန်ထည့်မပေးဖို့ ကြိုးစားဖြေရှင်းနေတာပဲ။
" ပုံညာဦးချီ ပါးပါးဒီမှာ စကားပြောနေတယ်လေ"
ကောင်းချီ မျက်နှာထားတင်းစွာဖြင့် သူ့သား၏ အပြုအမူ ကိုဟန့်တားလိုက်သည်။သူ့ သား၏ အပြုအမူသည် မိဘတွေ၏ ဆူဆုံးမမူ့ မရှိသလိုမျိုး ပတ်ဝန်းကျင်မှာထင်ဟပ်စေသည်။ တစ်ခါမှ ယခုလို ပြောခဲ့ဘူးတာမျိုး မရှိပေမဲ့ လက်ခံမပေးနိုင်ပါ။
ဒါပေမဲ့ အလျော့ပေးလိုတဲ့ ပုံစံမရှိတဲ့
ဦးချီ သည် မေးကျောတွေကို တင်းအောင်အံ့ကြိတ်လျက် ရှိကာ
"ဒီတစ်ခါတော့ ပြောပါ့ရစေပါးပါး။ အိမ်ရောက်မှ သားကို သတ်ချင်သတ်ပါ။ အတင်းအကြပ် ဦးလေးဘက်က လုပ်မယ်ဆိုရင်
ဘယ်တရားရုံး တက်ရတက်ရ လိုက်ခဲ့ပါ့မယ်။ ယသော်လင်းမာန် ကလေး ဘဝကတည်းက ဒေါ်ခင်ခင်ထွေးအပါအဝင် သားအမိနှစ်ယောက်လုံးအပေါ်မှာ အိမ်တွင်းအကြမ်းဖက်မူ့ အကြိမ်ကြိမ်ရှိခဲ့ဖူးတာကို မမေ့ပါနဲ့ ဦးလေး။ "
တပါထဲ ဖခင်ဖက်ကိုပါလှည့်လိုက်ပြီး
"ပါးပါးတို့ လည်း ယသော်လင်းကိုထည့်ပေးဖို့ မကြိုးစားနဲ့ ။ အရင်တုန်းကတည်းက
သော့်အပေါ်မှာ သားလိုသတ်မှတ်မထားလို့ တခါတောင် လာတွေ့ဖူးတာမရှိဘူးဆိုတာ ဒီရပ်ကွက်က လူတွေအကုန်သိတယ်။ သားအများကြီး မပြောတော့ဘူး ။
ရပ်ကွက်လူကြီးတွေလည်း ဒီကိစ္စကို
သေချာ မှန်ကန်အောင်ဆုံးဖြတ်ပေးပါ။
ယသော်လင်းကို အန်တီခင်လေးမသေဆုံးခင်ကရော သေဆုံးပြီးရော ကျွန်တော်တို့ မိသားစုကပဲ စောင့်ရှောက်ခဲ့တာ လူအများအသိပါ။ "
ပြတ်သားသော ဦးချီ၏ စကားတွေသည်
ဦးထိန်လင်းကို မျက်နှာပျက်စေသည်။
ဧည့်ခင်းမှာရှိသော လူကြီးတွေကလည်း
ခေါင်းတညိမ့်ညိမ့်ရှိနေကြသည်။
သက်ပုံ ဒီတိုင်းမနေသာတော့ပြီမို့
"သား ..ဦးချီ ။ ဖေဖေစကားပြောကြည့်ပါအုန်းမယ်။ သော်သော် ဦးချီကို အပြင်ခေါ်သွား "
ဘေးမှာ လာရပ်တဲ့ ယသော့်ကိုပါတခါထဲလှမ်းပြောလိုက်သည်။
" သားလည်းပြောစရာရှိသေးတယ်သက်ပုံ ။ "
ထို့နောက် မျက်ရည်ဝဲလျက် သူ့ ကိုလှမ်းကြည့်နေတဲ့ ဖခင်ဖြစ်သူ ဦးထိန်လင်းမာန်ကို ကြည့်လိုက်သည်။
အဖေ့ရဲ့ အကြည့်တွေသည် မင်းငါနဲ့ လိုက်ကို လိုက်ခဲ့ရမယ် ဆိုတဲ့ အမိန့်ပေးစကားတွေပါဝင်နေပေမဲ့ ယသော်က အရင်တုန်းကလို ကလေးမဟုတ်တော့ဘူးဆိုတာ သိစေချင်သည်။ ထို့ ကြောင့်
"ဦးချီ ပြောသလိုပဲ ကျွန်တော်ကို
အဖေက ငယ်စဉ်ကတည်းက သားအဖြစ် လက်မခံခဲ့ပါဘူး။ မင်းငါ့ကို အဖေလို့ မခေါ်နဲ့ ၊ မင်းငါ့သားမဟုတ်ဘူးဆိုတဲ့ စကားတွေက အဖေအမြဲပြောခဲ့တဲ့ စကားတွေပါ ။ ပြီးတော့ အိမ်တွင်းအကြမ်းဖက်မူ့ တချို့ လည်းရှိခဲ့ဘူးပါတယ်။ မေမေအပါအဝင်ပါပဲ။ အဲ့ဒါအမှန်တရားပါ။ တခါထဲပြောလိုက်ပါ့မယ်။ ကျွန်တော်လုံးဝလိုက်မသွားနိုင်ပါဘူး "
ဦးထိန်းလင်းမျက်စိမျက်နှာပျက်လို့ သွား၏။
ယသော်လင်းကို ခက်ခက်ခဲခဲ ပြန်ခေါ်စရာမလိုဘူးလို့ သူထင်ခဲ့တာ။
နောက်အိမ်ထောင်ကလည်း သားသမီးမရနိုင်သူမို့ သူမျှော်လင့်ချက်တွေသည် ယသော်လင်းအပေါ်မှာသာရှိသည်။ မလိုက်လို့ မဖြစ်တာကြောင့်
" ဒီစကားတွေ အဖေပြောခဲ့ဖူးတာမှန်ပါတယ် ။ ဒါပေမဲ့ အခုချိန်မှာ အဖေလည်းနောင်တရနေပါပြီ။သားမှာလည်း အုပ်ထိန်းသူမရှိတော့တာ အဖေနဲ့ ပြန်လိုက်ခဲ့ပါကွယ်။သားစိတ်တိုင်းကျ ဖြစ်စေရပါမယ် "
ဟုချော့မော့ပြောလိုက်သည်။
"သူ့ အုပ်ထိန်းသူက ဒီနေ့ ကစပြီး ကျွန်တော်ပဲ ။ ကျောင်းလည်းထားပေးမယ် ။
လိုအပ်မှန်သမျှ သားသမီးလိုရော ၊ ညီအကို သူငယ်ချင်းလိုရော အကုန်ပံ့ပိုးပေးနိုင်တယ်။ ဒီအရွယ် မင်းဘာတက်နိုင်မှာလည်း မပြောနဲ့ ကြီးကြီးကျယ်ကျယ် ပြောနေတာမဟုတ်ဘူး ။ နံ့ သာဖြူ ခင်းရောင်းပြီး သူတက်မဲ့ ဆေးတက္ကသိုလ်ကို ကျွန်တော်ကိုယ်တိုင်ထားမှာ "
လိုတာထက် ဘောင်ကျော်လာတဲ့ စကားတွေကြောင့် သက်ပုံ သားကိုစိတ်ဆိုးလာ၏။
" ပုံညာဦးချီ ဖေဖေ စိတ်ဆိုးတော့မယ်နော်။ သွား ယသော် ကိုကို့ ကိုခေါ်သွား
ဖေဖေတို့ ဒီမှာ လူကြီးချင်းစကားပြောအုန်းမယ်"
ယသော် ခေါင်းညိမ့်ပြလိုက်သည်။
ပြီးတော့ ဦးချီလက်ကို ဆုတ်ကိုင်ကာ
"သွားရအောင် ကိုကို ငါဗိုက်ဆာနေပြီ။
ငါ့ကို ပေါက်စီလိုက်ဝယ်ကျွေးပါ "
ယသော်လင်း စကားကြောင့် ဒေါသထွက်နေရာမှ
ငုံ့ ကြည့်ကာ
ဦးချီ စိတ်မကောင်းဖြစ်သွား၏။ ထို့ နောက် ညင်သာသော လေသံဖြင့်
" သွားကြရအောင် သော်။ စောစောကတော့ မပြောဘူး ၊ကိုကို သွားဝယ်ပေးမှာပေါ့"
ထို့ နောက် သူတို့ နှစ်ယောက်သည် လက်ချင်းတွဲလျက် အိမ်လေးကနေ ထွက်ခွာခဲ့လိုက်သည်။
ဦးထိန်လင်း ၏မျက်နှာသည် ဒေါသကြောင့်နီရဲ နေသည်။
မကြာခင်က သိမ်မွေ့ သော ဖခင်တယောက်ဟန်ပန်သည် ပျောက်ခြင်းမလှပျောက်သွားလေပြီ။ ရပ်ရွာလူကြီးများသည်
တယောက်မျက်နှာ တစ်ယောက်ကြည့်ကာ အခြေအနေကို ကြည့်နေကြသည်။
ထို့ နောက် အုပ်ချုပ်ရေးမူးကပင် စကားစလာ၏။
" ကဲ မြင်တဲ့အတိုင်းပဲ ကိုထိန်လင်းရေ။
ကျွန်တော် တို့ လည်း ညှိနှိုင်းရုံပဲ တက်နိုင်ပါတယ်။ ကလေးက မလိုက်ချင်ဘူးဆိုတော့ အတင်းအကြပ်လည်းမလုပ်စေချင်ဘူး ကိုထိန်လင်း။ "
"ဒါတော့ ဘယ်ဖြစ်မလဲ အုပ်ချုပ်ရေးမူးရာ။
သူက ကျောင်းသားပဲရှိသေးတာ သူ့ လမ်းကိုသူ လျှောက်ဖို့ မှမလွယ်သေးတာ "
"ဒါက ဒီလိုရှိပါတယ် ဦလေးတို့ ။
ကျွန်တော် တစ်ခု ပြောပါရစေ ။ ကျွန်တော်က မမခင်လေး မသေဆုံးကတည်းက ယသော်လေး ကျောင်းစရိတ်ကို ၆တန်းလောက်ကတည်းက ထောက်ပံ့လာခဲ့သူပါ။ ကလေးရဲ့ ပညာရေးကို ဘယ်လောက် အားစိုက်ခဲ့လည်းဆိုတာ သူတက်ခဲ့တဲ့
ကျောင်းတွေကို စုံစမ်းကြည့်ရင် အသိသာကြီးပါ ။ ပြီးတော့ မမခင်လေး ရဲ့ ဆေးကုသစရိတ် အကုန် ကျွန်တော်က တားဝန်ယူခဲ့ရသူအနေနဲ့ ဒီစကားဝိုင်း စကားအနည်းငယ်ပြောချင်ပါတယ် "
ရပ်ကွက်လူကြီးများက ခေါင်းညိမ့်လျက် ဆက်ပြောစေသည်။
သက်ပုံ လေးနက်စွာပြောလိုက်သည်။
" ကျွန်တော့်သားနဲ့ ကိုထိန်လင်းသားနဲ့ က
သူငယ်ချင်းဆိုပေမဲ့ ကျွန်တော်
တို့ မိသားစုက မေတ္တာငတ်နေရှာတဲ့ ယသော်လင်းအပေါ်မှာ သားထပ်သာအောင် ဂရုစိုက်ပေးခဲ့ပါတယ်။ ဒါလူတိုင်းအသိပါ။
ကျွန်တော်သားကလည်း ရွာမှာ ဒီနှစ်ဆယ်တန်းဖြေထားပါတယ်။ ယသော်လင်းကို ကျွန်တော် ဖြစ်မြောက်စေချင်လွန်းလို့
ကျွန်တော့်သားတောင် မတက်ခိုင်းခဲ့တဲ့
ဈေးအကြီးဆုံး ကိုယ်ပိုင်းကျောင်းမှာ ထားခဲ့တာပါ။
ကျွန်တော်ကိုယ်တိုင်လည်းပညာတက်တယောက်မို့ အကို့ သားကို အကောင်းဆုံးပံ့ပိုးပေးနိုင်မှာ သေချာပါတယ်။
ဂတိလည်းပေးပါတယ်။ ကလေးကဒီမှာ ပျော်နေတော့ ထားခဲ့ပေးပါလို့ ပဲ တောင်းဆိုပါရစေ "
"ဒါကတော့...."
ဆက်ပြောလာမဲ့ စကားကို သက်ပုံ ထပ်နားမထောင်ပေးနိုင်တော့သည်ကြောင့်
"အဲ့လိုမှ မဟုတ်ဘူးဆိုရင် ကျွန်တော်ကတော့ ကျွန်တော့်သားပြောသလိုပဲ
အမူ့ ရင်ဆိုင်ဖို့ အဆင့်သင့်ပါပဲ။ ဘယ်လောက်ကုန်ကုန် ကြိုက်တက်နေရာထိသွားပါ ။ ကိုထိန်လင်းမာန်ဆီမှာ ယသော့်ကို
ပြန်ထည့်ပေးဖို့ ဆိုတာ ဘယ်လိုမှ စိတ်မချနိုင်ပါဘူး "
ကောင်းချီ ဘေးကနေ သက်ပုံပြောသမျှကို ငြိမ်သက်စွာနားထောင်နေသည်။
အလျော့မပေးလိုဟန်ဖြင့် တယောက်နဲ့ တယောက် စူးစိုက်စွာကြည့်နေကြတဲ့
သက်ပုံနှင့်ဦးထိန်လင်းမာန်တို့ ကြောင့်
ရပ်ကွက်လူကြီးပါ မနေသာတော့။
" ပြသနာကို ဒီထက်ပိုပြီးမကြီးကြပါနဲ့ တော့။ ခုဒီဖက် ကိုသက်မင်းပုံ ပြောတာကို ကျွန်တော်လည်းလက်ခံပါတယ်။
ဒေါ်ခင်ထွေး မသေဆုံးခင်ကတည်းက နှစ်အိမ်တစ်အိမ် နေလာကြသူတွေဆိုတာ တရပ်ကွက်လုံးလဲ သိပါတယ်။ ခင်ဗျားအနေနဲ့ လည်းယုံကြည်ပေးလို့ ရပါတယ်ကိုထိန်လင်း။ "
"အုပ်ချုပ်ရေးမူ့ တို့ ရဲ့စေတနာကို
ကျွန်တော်နားလည်ပါတယ်။ ကလေးကငယ်သေးတယ်။ ပြီးတော့ သူတို့ ကဘယ်လောက်ထိ ယုံကြည်နိုင်လို့လဲ။ ဒီအိမ်က ကာလတန်ဖိုးနဲ့ တွက်ရင် အိမ်ဈေးကိုမပြောနဲ့ မြေဈေးနဲ့ ဆို ဘယ်လောက်တန်မလဲ "
စော်ကားလာတဲ့ စကားများသည် သည်းခံမူ့ အတိုင်းအတာထပ် ကျော်လွန်လာ၏
ဒေါသ ထွက်ခဲလှတဲ့ကောင်းချီ ပင်
မေးရိုးတွေထောင်လာသည်ထိ စိတ်ထိန်းနေရဟန်။
သက်ပုံ ခေါင်းငုံ့ ပြုံးလိုက်သည်။
ထိုအပြုံးသည် တဖက်လူကို အတော်အထင်မြင်သေးဟန်ပေါက်ပြီး ဦးနှောက်မရှိလိုက်တာဟုပြောနေသယောင် ။
" ကျွန်တော် လိုချင်ရင် ဒီလိုဝိုင်းမျိုး ခြံတစ်ရာမကဘူး ဝယ်နိုင်တယ်။ ဘယ်လောက်တန်တယ်ထင်လဲဟုတ်လား။ ကလေးကို
တသက်လုံးပြန်မကြည့်ခဲ့သူက ဒီခြံလိုချင်လို့များပြန်လာခေါ်တာလား "
မဲမှောင်သွားတဲ့ ဦးထိန်လင်းမာန်မျက်နှာကိုကျေနပ်စွာ တဝကြီးထိုင်ကြည့်နေပြီးမှ အေးစက်စွာပြောလိုက်၏။
"ထပ်ပြောမယ်။ ဒီခြံက ဒေါ်ခင်ထွေး ပိုင်သေးတယ်များ ထင်နေသေးတာလား ကိုထိန်လင်းမာန် "
"ဒါဆို..."
သက်ပုံနှုတ်ခမ်းကို မဲ့လိုက်၏။
"လွန်ခဲ့တဲ့ နှစ်လက အုပ်ချုပ်ရေးမူးဆီ
လက်မှတ်ထိုးခဲ့တဲ့ စာချုပ်ကို မှတ်မိသေးလား ခင်ဗျ "
သူဖက်လှည့်မေးလာတဲ့ အမျိုးသားကြောင့်အုပ်ချုပ်ရေးမူး ဦးစိုးလင်း ဝင်ရောက်ကာ
ပြောလိုက်သည်။
"မှတ်မိပါတယ်ကိုသက်မင်းပုံ။ အဲ့ဒီနေ့ က
မခင်ထွေး ဒီခြံကို ပေါင်ထားတဲ့ ဒေါရီမာသန့်ဆိုတဲ့ အမျိုးသမီးနဲ့ ငွေတိုးမပေးနိုင်လို့ ပြသနာတက်ပြီးရုံးရောက်လာတာပါ။
ရှင်းရှင်းပြောရရင် ကိုသက်မင်းပုံ ကိုယ်တိုင် ဖုန်းဆက်ပြီး ချေးငွေ သိန်း၁၀၀နဲ့
ငွေတိုး ၂၅သိန်းတိတိကို ကြားကနေ
ဆပ်ပေးပါ့မယ်လို့ ကတိခံပေးခဲ့ပါတယ်။
အဲ့ဒီနေ့ ဖြစ်ပြီးနောက်၃ရက်အကြာမှာ
ဒေါ်ခင်ထွေးပေးရမဲ့ ငွေသိန်း တစ်ရာ့အစိတ်ကို ဒီဖက်က ကိုသက်မင်းပုံ က ဆပ်ပေးခဲ့လို့ ပြသနာဖြေရှင်းပြီးသွားခဲ့တယ်လို့ ကြားသိရပါတယ်"
ဦးထိန်လင်း ခုံနောက်မှီအပေါ် ပစ်စလက် ခက်မှီ ကျသွားခဲ့သည်။
ပြင်းပြစွာရှူ ရှိုက်နေမိသည့် လေထုသည်
သိမ်ငယ်မူ့ နဲ့ အရှက်တရားများကြောင့်
ဝလင်အောင် မရှူ နိုင်တော့ပဲ ခက်ခဲလာသလို ။ ဖြစ်နိုင်ရင် ရှက်စရာဒီနေရာမှ အငွေ့ ပျံ့ ပြီးပျောက်သွားချင်မိသည်ထိ ..
ချစ်တဲ့အိမ်စည်။
Bạn đang đọc truyện trên: ZingTruyen.Xyz