ZingTruyen.Xyz

နှင်းဆီဝါတို့ နီစွေးစေ(နွင္းဆီဝါတို ႔နီေစြးေစ)completed

19

eainsi23

စာေမးပြဲရက္ေတြက တရိပ္ရိပ္ကုန္ဆံုးခဲ့သည္။  သိပ္မၾကာခင္မွာ  ဆယ္တန္းကို လြတ္ကြၽတ္စြာၿပီးဆံုးေတာ့မည္။
ေနာက္ဆံုးဘာသာျဖစ္တဲ့ Bioကို  ဦးခ်ီ စိတ္လုပ္ရွားမိပါသည္။  တကယ္ဆိုရင္ ပံုညာဦးခ်ီ က အႏုပညာ လက္မရွိသူေပ။
သူ၏ ရွည္သြယ္လွတဲ့ လက္ေခ်ာင္းေတြသည္  လံုးဝ ပံုလွလွေလးေတြကို ေရးဆြဲလို႔ မရနိုင္ေအာင္ ပန္းခ်ီ မွာညံ့ဖ်င္းေလ၏။

ခဲတံနွင့္ ဆြဲထားေသာ မညီမညာ ပံုေလးမ်ားသည္ သနားစရာေကာင္းလွေပသည္။
ဒီအခ်ိန္မွာ သတိရမိတာ  ယေသာ္လင္းကိုပင္။ သိပ္ေတာ္ေသာ ေကာင္ငယ္ေလးသည္  ဘာပံုဆြဲဆြဲ ၊ ဘာစာေရးေရး သန္ ႔ရွင္းသပ္ရပ္ကာ လွလွပပ စာ႐ြက္ျဖဴ ေပၚမွာ ေနရာယူေလ့ရွိတက္သည္။

စာက်က္ပ်င္းေသာ ေက်ာင္းသားေတြရဲ႕
ထံုးစံအတိုင္း ဦးခ်ီ  ၏ စိတ္ကူးတို ႔သည္
စာအုပ္ေပၚမွာရွိမေနပါ။ အိမ္ေပၚထပ္ ဦးခ်ီ အခန္းကေန လွမ္းျမင္ရေသာ ဧရာဝတီ ျမင္ျပင္က်ယ္ ကို လွမ္းေငးကာ မၾကာခင္ လူႀကီးအရာ ေရာက္ေတာ့မယ္ဆိုတာ ေတြးၿပီးရင္ခုန္ေနေတာ့သည္။

  မနွစ္က ဆယ္တန္းမတက္ခင္က ပါးပါး
ေျပာတာသြားသတိရေတာ့ အေၾကာင္းမရွိ သေဘာ က်မိျပန္သည္။
ဆယ္တန္းေအာင္ ေအာင္ႀကိဳးစားလိုက္ငါ့သားတဲ့။ ဆယ္တန္းေအာင္ၿပီးသြားရင္
မင္းႀကိဳက္တာလုပ္ ၊ မင္းလူႀကီးျဖစ္ၿပီတဲ့။

ပါးပါးစကားသည္ သူ ႔အိမ္မက္ကို ေလာင္စာထည့္ေပးလိုက္သလိုပဲ။ မၾကာခင္ကိုယ္ပိုင္ ဖုန္းလည္း ရေတာ့မွာ ဆိုေတာ့
ဦးခ်ီ အေတာ္ေလး သေဘာေခြ ႕ေနေလ၏။

" ေအး ေငးေနလိုက္  ။  Bio ေနာ္ ေမာင္ေလက်ယ္ ၊ မင္းေလက်ယ္လို ႔ရတဲ့ဘာသာမဟုတ္ဘူး။ မက်က္နိုင္ရင္ ၊ မဆြဲနိုင္ရင္ သြားမွာပဲ။ "

ေသခ်ာ လွီးစိတ္ေပးထားတဲ့ မာလကာသီးပန္းကန္ေလးကို စားပြဲေပၚကိုတင္ေပးရင္း သက္ပံုက  အားမလိုအားမရ ေျပာလာ၏။

မဟုတ္တာ လုပ္သူမို ႔ ေမာ့ကာ ၿပံဳးျပမိေသးသည္။ တကယ္ဆို အခန္းတြင္းသို ႔
လက္လြတ္စပယ္ မဝင္တက္တဲ့ သက္ပံုသည္  စာေမးပြဲရက္ေတြ အတြင္း မွာေတာ့ ခြၽင္းခ်က္အေနျဖင့္ အခန္းတံခါးကို မပိတ္ေစပါ။ သက္ပံုက အရမ္းဂရုစိုက္တက္သူပါ ။
မရုိးမရေသာ အစားအေသာက္မ်ားကို  ဦးခ်ီ စာလုပ္ရင္းစားဖို ႔ လုပ္ေပးတက္သလို
စာမက်က္ပဲ ေငးငိုင္ေနရင္လည္းအလစ္အငိုက္ဖမ္းကာ ဆူေငါက္တက္ေသး၏။

"သား စာေတြ အကုန္ရေနပါၿပီးပါၿပီ။  မာလကာသီးက အခင္းကလားသက္ပံု  "

" ဟုတ္တယ္ သားအခင္းထဲက ခူးခိုင္းလိုက္တာ  ။ ဒီနွစ္ အသီး တင္ေနၿပီေလ  ။
ေနာက္နွစ္ဆိုရင္ေတာ့ စားပါလိမ့္  " 

မနွစ္က ကိုးတန္းနွစ္စေလာက္တြင္
ဦးခ်ီ သည္ ပါးပါး၏ အခင္းကြက္ ထဲက
လြတ္ေနေသာ ေနရာတခ်ိဳ မွာ ယေသာ္လင္းအတြက္ မာလကာပင္ အပင္၃၀ခန္႔ စိုက္ပ်ိဳးခဲ့ေလသည္။  ၆လပင္ ဟု ကားနွင့္လာေရာင္းေသာ ပ်ိဳးခင္းသည္ဆီမွ ယေသာ္လင္းေမြးေန ႔အမွီ  လက္ေဆာင္ေပးရေအာင္ ႀကိဳတင္စိုက္ပ်ိဳးခဲ့ေပမဲ့   ၆လျပည့္သည္ထိ မသီးခဲ့ေပ။

ေစ်းႀကီးေပးဝယ္ခဲ့ေပမဲ့ တနွစ္ေက်ာ္ နွစ္နွစ္နီးပါး ၾကာမွ  သီးလာတာမို ႔ ဦးခ်ီကေတာ့
ႀကံဳရင္ ႀကံဳသလို  ပ်ိဳးခင္းကားလာရင္
ဗ်စ္ေတာက္ဗ်စ္ေတာက္ေျပာတက္စၿမဲပင္။

" ကဲ စားရင္း စာက်က္ေတာ့။ ဒီတစ္ဘာသာၿပီးရင္ေတာ့ ေဖေဖသားေလး 
လြတ္လြတ္လပ္လပ္ေနလို႔ရပါၿပီ   "

ေခါင္းေပၚက ဆံပင္ေတြကို သပ္တင္ရင္းကေလး တစ္ေယာက္လို ဦးခ်ီကို အားေပးေန၏။ 

"သက္ပံု ပါးပါးေရာ ဘယ္ေန႔ျပန္လာမွာလဲ။ ဒီတခါသြားတာ ၾကာသလိုပဲ "

သံုးရက္ရွိၿပီ ပါးပါးမန္းေလးကို ပိုက္ဆံထုတ္သြားတာ ။ ျပန္မလာေသးသည္မို ႔သတိတရ သက္ပံုကို ေမးမိေတာ့  ေခါင္းေပၚက လက္ကေလးေတြသည္ ပြတ္သပ္ရုံမဟုတ္ေတာ့ပဲ အေၾကာင္းအရာမရွိ ထိုးဖြေန၏။

" မင္းပါးပါးက  ခုရက္ပိုင္း လာျဖစ္မွာမဟုတ္ေသးဘူး။ ပါးပါးမိတ္ေဆြ တစ္ေယာက္ နာေရး ျဖစ္ေနလို ႔ဝိုင္းကူေနရတယ္ေလ။
ကဲပါ ဒါေတြ သားစိတ္ထဲမထားနဲ ့ ။ ဒီေန႔
တစ္ရက္အားသြန္ခြန္စိုက္ ႀကိဳးစားပစ္လိုက္ ။ စာေမးပြဲေျဖၿပီးရင္ ေဖေဖတို ႔
ယေသာ္ေလးကို သြားေတြ ႕ရမယ္ "

"တကယ္ေနာ္သက္ပံု  ။ ဒီတခါေတာ့ သားအၾကာႀကီးေနမွာေနာ္  "

"ေဖေဖ့ေမာင္ေလက်ယ္ေလးသေဘာ "

  သက္ပံု၏ အၿပံဳးေတြသည္ အနည္းငယ္  လင္းလက္မူ ႔ေလ်ာပါးေနသလိုျဖစ္ေနတာကို ဦးခ်ီ သတိမထားမိခဲ့ပါ။

ယေသာ္လင္းဆိုတဲ့ သူငယ္ခ်င္းေလးနာမည္ၾကားရင္ကို
ဦးခ်ီက လန္းဆန္းတက္ႂကြလာတက္သည္မို ႔တျခားအေၾကာင္းေတြကိုေခါင္းထဲေရာက္မလာေတာ့ေပ။

 
ဒီတခါ  မႏၲေလးသြားရင္ ယေသာ္ႀကိဳက္တဲ့ မာလကာသီးေတြ ယူသြားရမယ္။
ၿပီေတာ့ အိမ္တိုင္းနီးပါး အပင္ရွိတဲ့ နဂါးေမာက္သီးေတြက ႐ြာမွာ ရဲရဲနီေနၿပီ။ အကုန္ယေသာ္လင္းအႀကိဳက္ေတြႀကီးပဲမို ႔အဲ့ဒီအသီးေတြပါ သယ္သြားရမမည္။

တံငါကုန္း႐ြာသားကေလးပံုညာဦးခ်ီ သည္ မၾကာခင္ မႏၲေလးကို သြားၾကတာေပါ့ဆိုတဲ့ သက္ပံု၏ စကားေၾကာင့္ တက္ႂကြတဲ့ ၾကက္ဖ  ကေလးျဖစ္လို ႔ေနသည္မွာ ၿပံဳးေနမိတဲ့ မ်က္နွာက သက္ေသပင္။

_______

"ကေလာင္ ကေလာင္ "

အထပ္ထပ္အခါခါ ျပန္စစ္ၿပီးသား အေျဖလႊာ စာအုပ္ကေလး ကို  ဦးခ်ီ ပိတ္လိုက္သည္။  အခ်က္ေပးေခါင္းေလာင္းသံမၾကားခင္ကတည္းက ေက်ာင္းသူ ၊ ေက်ာင္းသားတခ်ိဳ ႕သည္  အျပင္ထြက္သြားၾကတာ အမ်ားအျပားပင္။  ဒီနွစ္Bioက ေမးခြန္းခက္သည္တဲ့။  ဆရာဝန္ျဖစ္အံ့ဆဲဆဲျဖစ္ခဲ့ဖူးေသာ အေဖနွင့္ ဆရာဝန္ လုပ္မဲ့ သူငယ္ခ်င္းၾကားမွာ ေနခဲ့ရတဲ့ ဦးခ်ီ အတြက္ကေတာ့  အကုန္လံုးေအးေဆးပဲ။

ခံုနံပါတ္မွန္မ မွန္ထပ္စစ္ၿပီး  အေျဖလႊာကို အခန္းေစာင့္ဆရာဆီကို အပ္လိုက္သည္။
ေပါ့ပါးသြားေသာ ပုခံုး ေၾကာင့္ အၿပံဳးတို ႔သည္ ပိုၿပီးအသက္ဝင္လာ၏။

အေျဖလႊာတိုက္စစ္ေနတဲ့ေက်ာင္းသူ ေတြက  အိမ္မျပန္နိုင္ၾကေသး။
သစ္ပင္ရိပ္ေအာက္မွာ မိဘေတြက သူတို ႔သားသမီးေတြကို ေျဖနိုင္လားလို ႔ဂရုတစိုက္ လွမ္းေမးေနသံေတြလည္းၾကားေနရသည္။ တခ်ိဳ ႕မေျဖနိုင္သူေတြက ငို ေနၾကသလို ေျဖနိုင္သူေတြက တၿပံဳးၿပံဳး ။

ပတ္ဝန္းက်င္ကို ေငးလို ႔ ဦးခ်ီ   ေက်ာင္းျပင္ကို ထြက္လာခဲ့သည္။
ႀကိဳေစာင့္ေနၾက သစ္ပင္ရိပ္ေအာက္မွာ အိမ္က ကား နွင့္ ကားေဘးမွာ ေရဘူးေလးကိုင္ကာ ရပ္ေစာင့္ေနတဲ့သက္ပံု ။

စိတ္ထဲတမ်ိဳးေလးျဖစ္သြား၏။ သက္ပံုက သူကို သိပ္ခ်စ္ရွာေလသည္။  အၿမဲ ဂရုတစိုက္နဲ ့ပိုးေမြးသလိုကို ေမြးခဲ့တာမို ႔သက္ပံု ေက်းဇူးေတြသည္ ပါးပါးထပ္ ဦးခ်ီ အေပၚမွာ ပို၍ မ်ားေလသည္။

" ေျဖနိုင္တယ္မို ႔လား သား "

ေရဘူးေလး ကမ္းကာ ေပးလာတဲ့ သက္ပံု ကို ၿပံဳကာ ေခါင္းညိမ့္ျပ၏။

" ဘယ္သူ ႔သားလဲ " ဆိုတဲ့ေမးေနၾကေမးခြန္းကို ျပန္ေမးေတာ့ဂုဏ္ယူႁပံဳးေလးနဲ ့
"ငါ့သား " လို ႔ျပန္ေျဖေပးဖို ႔လည္းသက္ပံု မေမ့ခဲ့ပါ  ။

ေရခဲေသတၲာထဲက ေသခ်ာထုတ္ယူလာခဲ့ေသာေရသန္ ႔ဘူးသည္ ေအးျမစြာ လည္ေခ်ာင္းထဲစီးဝင္သြား၏။

" ကိုကို "

ဖလူးးးး

ေသာက္လက္စေရသည္ ပါးစပ္က ျပန္ထြက္၏။ ခ်က္ျခင္းစူပုတ္သြားေသာ မ်က္နွာျဖင့္ ျပန္ထူးမိသည္။

"ဘာတုန္း "

"စာေမးပြဲေျဖနိုင္လား "

"ေျဖနိုင္တယ္ "

အပိုအလို မရွိအေျဖကို ေဘာက္ဆတ္ဆတ္ေျဖေပးမိသည္။
ပုံမွန္ဆို ဦးခ်ီက ကေလးငယ္ေတြနဲ ့အားနည္းသူေတြကို ငဲ့ညာသနားတက္ေပမဲ့ ထိုေကာင္မေလးကိုေတာ့  နည္းနည္းမွမတည့္ေပ။ ပါးကြက္ဝိုင္းေလးနဲ ့ အသားျဖဴျဖဴ
အဆိုပါ ခ်စ္စရာ ေကာင္မေလးသည္
ျဖဴ နွင္းေဖြး ဆိုတဲ့  နွစ္တစ္ရာရန္သူႀကီးပင္ျဖစ္ေလသည္။

ငယ္စဥ္က ထိုကေလးမ နမ္းခဲ့လို
မ်က္ရည္နဲ ့မ်က္ခြက္ ငိုယိုဘူးတာသည္ ယခုအခ်ိန္ထိ သမိုင္းဝင္ျဖစ္ရပ္အျဖစ္ ႀကံဳရင္ႀကံဳသလို အစခံေနရတုန္းပင္။

" မီးငယ္ ဘယ္သြားမလို႔လဲ "

" ေမႀကီးတို ႔အိမ္လာတာ ေဖသက္ "

ေဖသက္ေခၚသံေၾကာင့္ ေရေသာက္ေနရင္းနဲ ့ နွာေခါင္းထပ္ရႈံ ့မိေသး။
သက္ပံုက ႐ြာမွာဆို  အခ်စ္ခံေလးေပ။
ျဖဴ နွင္းေဖြးဆိုတာ  သက္ပံု ဖြင့္ထားတဲ့အခမဲ့ စာသင္ေက်ာင္းက ေက်ာင္းသူတစ္ေယာက္ဆိုလဲ မမွားေပ။
ေဖသက္ဆိုတာ ႐ြာထဲက ကေလးေတြအကုန္နီးပါးေခၚၾကေပမဲ့ ထိုအျဖဴ လံုးေလးေခၚရင္ေတာ့ ဦးခ်ီ နွာေခါင္းရႈံ ့တက္စၿမဲပင္။

" ဟုတ္လ ား။ သြားသြားျပန္ေတာ့။ မိန္းကေလးတစ္ေယာက္ထဲ အျပင္ေတြ မထြက္ရဘူး။ ေက်ာင္းဆင္းခ်ိန္ဆိုေတာ့ လူေတြကရႈပ္ ၊ ဆိုင္ကယ္ေတြက ရႈပ္နဲ ့"

"ဟုတ္ဒါဆို သမီးသြားမယ္ေနာ္။ ကိုကို တာ့တာ"

နႈတ္ဆက္သြားတာကို မၾကားခ်င္ေယာင္ေဆာင္ရင္းေရဘူးအဖုံးကို ေသခ်ာပိတ္ေနမိသည္။ သက္ပံု ဆီက မ်က္ေစာင္းတခုလြင့္လာမလြဲေပမဲ့ ေမာ့မၾကည့္ျဖစ္ ။

ကားေပၚေရာက္ေတာ့...သက္ပံုက ကားစက္မနိုးေသးပဲ ဦးခ်ီဖက္ကို လွည့္လာ၏။
ၿပီးေတာ့အေတာ္ေလးစိတ္မေကာင္းဟန္ျဖင့္..

"သား ေဖတို ႔ခုပဲ မန္းေလးသြားရမယ္ "

"ဘာလို႔လဲ "

တခုတခုကိုေတြးရင္း ဦးခ်ီ ထိတ္လန္ ႔သြား၏။ မျဖစ္နိုင္ပါေစနဲ ့ဟု ဆုေတာင္းေနမိ ေသာ္လည္း

"မမခင္ေလး ဆံုးသြားၿပီ သား"

ေရဘူးကိုင္ထားတဲ့လက္ေတြက တင္းခနဲ။
မဖိတ္ေခၚတဲ့ မ်က္ရည္စက္ဟာ  အလိုလိုရင္း  စီးက်၏။ ထို႔ေနာက္ထိတ္လန္ ႔တုန္လႈပ္စြာ...

" ယေသာ္ ယေသာ္ေရာ သက္ပံု "

"ပါးပါးနဲ ့အတူရွိေနမွာပါ။ သားအဝတ္လဲခ်င္ရင္ ေနာက္ခန္းသြားလဲ။ သားအဝတ္အိတ္ထည့္လာတယ္ "

ေပ်ာ့ေခြသြားတဲ့ ေက်ာျပင္သည္  ကားေနာက္မွီမွာ တင္က်န္ရင္း  သက္ပံုေျပာတဲ့စကားေတြကို သူမၾကားေတာ့။

ကားသည္ တရိပ္ရိပ္ ေျပးေနသည္။
ျပင္ဦးလြင္အတက္လမ္းလို  ေတာင္ပတ္လမ္းမ်ားျဖင့္ ေကြ ႕ဝိုက္တက္ရေသာလမ္းသည္
ခါတိုင္းဆို သတိတရ အလွတရားကို ခံစားေလ့ရွိေပမဲ့ ယေန ႔ေတာ့  ဘယ္ေရာက္လို ႔ေရာက္ေနမွန္းေတာင္ သတိမမူေတာ့ေပ။

တခ်က္ တခ်က္ ေတာင္ေကြ ႕ေတြမွာ ဟြန္းတီးသံကို သူၾကားသည္။ သို ႔ေသာ္ အျမင္အာရုံမွာ မည္သည့္အရာ ျမင္မေနရေပ။

သနားစရာ ကိုကို ႔ေသာ္ေလးရာ ။

ဝမ္းနည္းေနမလား ငိုေနမလား ေတြးမိရုံနဲ ့
ဦးခ်ီ လက္ေတြ ေတာင္တုန္သည္။
ဟိုေရာက္ရင္ သူဘယ္လို အားေပးရမလဲ။
သူ ႔ကို ဖက္တြယ္ငိုလာခဲ့ရင္ သူဘယ္လို မငိုေအာင္ တားရမလဲ။

ေမေမ့ကိုေခၚေပးဆိုရင္ သူဘယ္လို ေျပာျပရမလဲ။

ကားျပတင္းေပါက္ေပၚေမးတင္းရင္း ဦးခ်ီ မ်က္ရည္က်ေနမိသည္။

သက္ပံုကေတာ့ သူ ႔ကိုလႊတ္ထားေလသည္။  ဟိုမေရာက္ခင္ေတာ့  သူ အဝငိုထားရမည္။ ယေသာ္လင္းေရွ ႔မွာ  သူသည္ အားေပးရမည့္ သူ ၊အားကိုးရမည့္သူမို ႔
ဝမ္းနည္းေနလို ႔မျဖစ္ေပ။

ေလးနာရီ ေက်ာ္ေက်ာ္ခန္ ႔ ေမာင္းနွင္ၿပီးေနာက္မွာ ယေသာ္လင္းတို ႔လမ္း ထဲ ကားက ခ်ိဳးဝင္လိုက္၏။

ပါးေပၚမ်က္ရည္ေတြကို ေသခ်ာေျပာင္ေအာင္သုတ္ရင္း အသက္ကိုျပင္းျပင္းရူထုတ္မိသည္။
အျဖဴ နဲ ့အစိမ္းဝတ္ကို ခုထိသူ မလဲလွယ္ရေသး။

အရိပ္ရေအာင္ၿခံထဲကြက္လပ္မွာ မိုးကာဆြဲမိုးထားေသာ အိမ္ကေလးေရွ ႔ကားက ရပ္သြား၏။  ဦးခ်ီ အသက္ကိုဝေအာင္ ရႈိက္သြင္းရင္း ကားတံခါးကိုဖြင့္ဆင္းလိုက္သည္။

နာေရးအိမ္မို ႔ဧည့္သည္မ်ားက အနည္းငယ္ေတာ့ရွိေနသည္။ ဆံုးပါးခဲ့ေသာ အသက္မဲ့ကိုယ္ထည္ကေတာ့ ျဖစ္တဲ့ေန ႔ေဆးရုံေပၚမွာကတည္းက  အိမ္ျပန္မသယ္ပဲ
ညတြင္းခ်င္း
မီးသၿဂိဳလ္ ေပးခဲ့သည္တဲ့။ 

" သား  ယေသာ္လာၿပီ  "

သက္ပံုစကားဆံုးေတာ့  ၿခံထဲကေန ေျပးထြက္လာေသာ အရိပ္ကေလး။

ခါတိုင္းလို ေပ်ာ္ျမဴ းခုန္ေပါက္လာတာမဟုတ္ပဲ မ်က္ရည္မ်ားနွင့္  တိုးဝင္လာတာသာျဖစ္၏။ ဆီးႀကိဳ ေပြ ႕ဖက္ထားရင္း  ေက်ာျပင္ကို မည္သည့္စကားမွမဆိုပဲ ပြတ္သတ္ေပးေနမိသည္။

သက္ပံုသည္ အိမ္ထဲသို ႔ဝင္သြားေလသည္။ ဧည့္သည္ တခ်ိဳ ႕သည္ ဦးခ်ီတို ႔ထံ စိတ္ဝင္တစားလွမ္းၾကည့္ေနၾကသည္။

" ငါရွိတယ္ ေသာ္ ! ငါေရာက္လာခဲ့ပီ  "

ထိုစကားကိုသာ အထပ္ထပ္ေျပာ၍
ယေသာ္လင္း ကိုေထြးဖက္ထားေနမိသည္။ယေသာ္လင္းသည္ အခ်ိန္အေတာ္ၾကာေအာင္ အားကိုးရာေတြ႕သလို ငိုေလသည္။ ဦးခ်ီ၏ အျဖဴ ေရာင္ အက်ၤ ီသည္ ယေသာ္လင္း၏ မ်က္ရည္မ်ားျဖင့္ စို႐ြဲကုန္သည္ထိ ယေသာ္လင္းသည္ သည္းထန္စြာငိုေႂကြးခဲ့တာျဖစ္သည္။

ခ်စ္တဲ့အိမ္စည္။

စာမေးပွဲရက်တွေက တရိပ်ရိပ်ကုန်ဆုံးခဲ့သည်။  သိပ်မကြာခင်မှာ  ဆယ်တန်းကို လွတ်ကျွတ်စွာပြီးဆုံးတော့မည်။
နောက်ဆုံးဘာသာဖြစ်တဲ့ Bioကို  ဦးချီ စိတ်လုပ်ရှားမိပါသည်။  တကယ်ဆိုရင် ပုံညာဦးချီ က အနုပညာ လက်မရှိသူပေ။
သူ၏ ရှည်သွယ်လှတဲ့ လက်ချောင်းတွေသည်  လုံးဝ ပုံလှလှလေးတွေကို ရေးဆွဲလို့ မရနိုင်အောင် ပန်းချီ မှာညံ့ဖျင်းလေ၏။

ခဲတံနှင့် ဆွဲထားသော မညီမညာ ပုံလေးများသည် သနားစရာကောင်းလှပေသည်။
ဒီအချိန်မှာ သတိရမိတာ  ယသော်လင်းကိုပင်။ သိပ်တော်သော ကောင်ငယ်လေးသည်  ဘာပုံဆွဲဆွဲ ၊ ဘာစာရေးရေး သန့် ရှင်းသပ်ရပ်ကာ လှလှပပ စာရွက်ဖြူ ပေါ်မှာ နေရာယူလေ့ရှိတက်သည်။

စာကျက်ပျင်းသော ကျောင်းသားတွေရဲ့
ထုံးစံအတိုင်း ဦးချီ  ၏ စိတ်ကူးတို့ သည်
စာအုပ်ပေါ်မှာရှိမနေပါ။ အိမ်ပေါ်ထပ် ဦးချီ အခန်းကနေ လှမ်းမြင်ရသော ဧရာဝတီ မြင်ပြင်ကျယ် ကို လှမ်းငေးကာ မကြာခင် လူကြီးအရာ ရောက်တော့မယ်ဆိုတာ တွေးပြီးရင်ခုန်နေတော့သည်။

  မနှစ်က ဆယ်တန်းမတက်ခင်က ပါးပါး
ပြောတာသွားသတိရတော့ အကြောင်းမရှိ သဘော ကျမိပြန်သည်။
ဆယ်တန်းအောင် အောင်ကြိုးစားလိုက်ငါ့သားတဲ့။ ဆယ်တန်းအောင်ပြီးသွားရင်
မင်းကြိုက်တာလုပ် ၊ မင်းလူကြီးဖြစ်ပြီတဲ့။

ပါးပါးစကားသည် သူ့ အိမ်မက်ကို လောင်စာထည့်ပေးလိုက်သလိုပဲ။ မကြာခင်ကိုယ်ပိုင် ဖုန်းလည်း ရတော့မှာ ဆိုတော့
ဦးချီ အတော်လေး သဘောခွေ့ နေလေ၏။

" အေး ငေးနေလိုက်  ။  Bio နော် မောင်လေကျယ် ၊ မင်းလေကျယ်လို့ ရတဲ့ဘာသာမဟုတ်ဘူး။ မကျက်နိုင်ရင် ၊ မဆွဲနိုင်ရင် သွားမှာပဲ။ "

သေချာ လှီးစိတ်ပေးထားတဲ့ မာလကာသီးပန်းကန်လေးကို စားပွဲပေါ်ကိုတင်ပေးရင်း သက်ပုံက  အားမလိုအားမရ ပြောလာ၏။

မဟုတ်တာ လုပ်သူမို့  မော့ကာ ပြုံးပြမိသေးသည်။ တကယ်ဆို အခန်းတွင်းသို့
လက်လွတ်စပယ် မဝင်တက်တဲ့ သက်ပုံသည်  စာမေးပွဲရက်တွေ အတွင်း မှာတော့ ချွင်းချက်အနေဖြင့် အခန်းတံခါးကို မပိတ်စေပါ။ သက်ပုံက အရမ်းဂရုစိုက်တက်သူပါ ။
မရိုးမရသော အစားအသောက်များကို  ဦးချီ စာလုပ်ရင်းစားဖို့  လုပ်ပေးတက်သလို
စာမကျက်ပဲ ငေးငိုင်နေရင်လည်းအလစ်အငိုက်ဖမ်းကာ ဆူငေါက်တက်သေး၏။

"သား စာတွေ အကုန်ရနေပါပြီးပါပြီ။  မာလကာသီးက အခင်းကလားသက်ပုံ  "

" ဟုတ်တယ် သားအခင်းထဲက ခူးခိုင်းလိုက်တာ  ။ ဒီနှစ် အသီး တင်နေပြီလေ  ။
နောက်နှစ်ဆိုရင်တော့ စားပါလိမ့်  " 

မနှစ်က ကိုးတန်းနှစ်စလောက်တွင်
ဦးချီ သည် ပါးပါး၏ အခင်းကွက် ထဲက
လွတ်နေသော နေရာတချို မှာ ယသော်လင်းအတွက် မာလကာပင် အပင်၃၀ခန့် စိုက်ပျိုးခဲ့လေသည်။  ၆လပင် ဟု ကားနှင့်လာရောင်းသော ပျိုးခင်းသည်ဆီမှ ယသော်လင်းမွေးနေ့ အမှီ  လက်ဆောင်ပေးရအောင် ကြိုတင်စိုက်ပျိုးခဲ့ပေမဲ့   ၆လပြည့်သည်ထိ မသီးခဲ့ပေ။

ဈေးကြီးပေးဝယ်ခဲ့ပေမဲ့ တနှစ်ကျော် နှစ်နှစ်နီးပါး ကြာမှ  သီးလာတာမို့  ဦးချီကတော့
ကြုံရင် ကြုံသလို  ပျိုးခင်းကားလာရင်
ဗျစ်တောက်ဗျစ်တောက်ပြောတက်စမြဲပင်။

" ကဲ စားရင်း စာကျက်တော့။ ဒီတစ်ဘာသာပြီးရင်တော့ ဖေဖေသားလေး 
လွတ်လွတ်လပ်လပ်နေလို့ရပါပြီ   "

ခေါင်းပေါ်က ဆံပင်တွေကို သပ်တင်ရင်းကလေး တစ်ယောက်လို ဦးချီကို အားပေးနေ၏။ 

"သက်ပုံ ပါးပါးရော ဘယ်နေ့ပြန်လာမှာလဲ။ ဒီတခါသွားတာ ကြာသလိုပဲ "

သုံးရက်ရှိပြီ ပါးပါးမန်းလေးကို ပိုက်ဆံထုတ်သွားတာ ။ ပြန်မလာသေးသည်မို့ သတိတရ သက်ပုံကို မေးမိတော့  ခေါင်းပေါ်က လက်ကလေးတွေသည် ပွတ်သပ်ရုံမဟုတ်တော့ပဲ အကြောင်းအရာမရှိ ထိုးဖွနေ၏။

" မင်းပါးပါးက  ခုရက်ပိုင်း လာဖြစ်မှာမဟုတ်သေးဘူး။ ပါးပါးမိတ်ဆွေ တစ်ယောက် နာရေး ဖြစ်နေလို့ ဝိုင်းကူနေရတယ်လေ။
ကဲပါ ဒါတွေ သားစိတ်ထဲမထားနဲ့  ။ ဒီနေ့
တစ်ရက်အားသွန်ခွန်စိုက် ကြိုးစားပစ်လိုက် ။ စာမေးပွဲဖြေပြီးရင် ဖေဖေတို့ 
ယသော်လေးကို သွားတွေ့ ရမယ် "

"တကယ်နော်သက်ပုံ  ။ ဒီတခါတော့ သားအကြာကြီးနေမှာနော်  "

"ဖေဖေ့မောင်လေကျယ်လေးသဘော "

  သက်ပုံ၏ အပြုံးတွေသည် အနည်းငယ်  လင်းလက်မူ့ လျောပါးနေသလိုဖြစ်နေတာကို ဦးချီ သတိမထားမိခဲ့ပါ။

ယသော်လင်းဆိုတဲ့ သူငယ်ချင်းလေးနာမည်ကြားရင်ကို
ဦးချီက လန်းဆန်းတက်ကြွလာတက်သည်မို့ တခြားအကြောင်းတွေကိုခေါင်းထဲရောက်မလာတော့ပေ။

 
ဒီတခါ  မန္တလေးသွားရင် ယသော်ကြိုက်တဲ့ မာလကာသီးတွေ ယူသွားရမည်။
ပြီတော့ အိမ်တိုင်းနီးပါး အပင်ရှိတဲ့ နဂါးမောက်သီးတွေက ရွာမှာ ရဲရဲနီနေပြီ။ အကုန်ယသော်လင်းအကြိုက်တွေကြီးပဲမို့ အဲ့ဒီအသီးတွေပါ သယ်သွားရမည်။

တံငါကုန်းရွာသားကလေးပုံညာဦးချီ သည် မကြာခင် မန္တလေးကို သွားကြတာပေါ့ဆိုတဲ့ သက်ပုံ၏ စကားကြောင့် တက်ကြွတဲ့ ကြက်ဖ  ကလေးဖြစ်လို့ နေသည်မှာ ပြုံးနေမိတဲ့ မျက်နှာက သက်သေပင်။

_______

"ကလောင် ကလောင် "

အထပ်ထပ်အခါခါ ပြန်စစ်ပြီးသား အဖြေလွှာ စာအုပ်ကလေး ကို  ဦးချီ ပိတ်လိုက်သည်။  အချက်ပေးခေါင်းလောင်းသံမကြားခင်ကတည်းက ကျောင်းသူ ၊ ကျောင်းသားတချို့ သည်  အပြင်ထွက်သွားကြတာ အများအပြားပင်။  ဒီနှစ်Bioက မေးခွန်းခက်သည်တဲ့။  ဆရာဝန်ဖြစ်အံ့ဆဲဆဲဖြစ်ခဲ့ဖူးသော အဖေနှင့် ဆရာဝန် လုပ်မဲ့ သူငယ်ချင်းကြားမှာ နေခဲ့ရတဲ့ ဦးချီ အတွက်ကတော့  အကုန်လုံးအေးဆေးပဲ။

ခုံနံပါတ်မှန်မ မှန်ထပ်စစ်ပြီး  အဖြေလွှာကို အခန်းစောင့်ဆရာဆီကို အပ်လိုက်သည်။
ပေါ့ပါးသွားသော ပုခုံး ကြောင့် အပြုံးတို့ သည် ပိုပြီးအသက်ဝင်လာ၏။

အဖြေလွှာတိုက်စစ်နေတဲ့ကျောင်းသူ တွေက  အိမ်မပြန်နိုင်ကြသေး။
သစ်ပင်ရိပ်အောက်မှာ မိဘတွေက သူတို့ သားသမီးတွေကို ဖြေနိုင်လားလို့ ဂရုတစိုက် လှမ်းမေးနေသံတွေလည်းကြားနေရသည်။ တချို့ မဖြေနိုင်သူတွေက ငို နေကြသလို ဖြေနိုင်သူတွေက တပြုံးပြုံး ။

ပတ်ဝန်းကျင်ကို ငေးလို့  ဦးချီ   ကျောင်းပြင်ကို ထွက်လာခဲ့သည်။
ကြိုစောင့်နေကြ သစ်ပင်ရိပ်အောက်မှာ အိမ်က ကား နှင့် ကားဘေးမှာ ရေဘူးလေးကိုင်ကာ ရပ်စောင့်နေတဲ့သက်ပုံ ။

စိတ်ထဲတမျိုးလေးဖြစ်သွား၏။ သက်ပုံက သူကို သိပ်ချစ်ရှာလေသည်။  အမြဲ ဂရုတစိုက်နဲ့ ပိုးမွေးသလိုကို မွေးခဲ့တာမို့ သက်ပုံ ကျေးဇူးတွေသည် ပါးပါးထပ် ဦးချီ အပေါ်မှာ ပို၍ များလေသည်။

" ဖြေနိုင်တယ်မို့ လား သား "

ရေဘူးလေး ကမ်းကာ ပေးလာတဲ့ သက်ပုံ ကို ပြုံကာ ခေါင်းညိမ့်ပြ၏။

" ဘယ်သူ့ သားလဲ " ဆိုတဲ့မေးနေကြမေးခွန်းကို ပြန်မေးတော့ဂုဏ်ယူပြုံးလေးနဲ့
"ငါ့သား " လို့ ပြန်ဖြေပေးဖို့ လည်းသက်ပုံ မမေ့ခဲ့ပါ  ။

ရေခဲသေတ္တာထဲက သေချာထုတ်ယူလာခဲ့သောရေသန့် ဘူးသည် အေးမြစွာ လည်ချောင်းထဲစီးဝင်သွား၏။

" ကိုကို "

ဖလူးးးး

သောက်လက်စရေသည် ပါးစပ်က ပြန်ထွက်၏။ ချက်ခြင်းစူပုတ်သွားသော မျက်နှာဖြင့် ပြန်ထူးမိသည်။

"ဘာတုန်း "

"စာမေးပွဲဖြေနိုင်လား "

"ဖြေနိုင်တယ် "

အပိုအလို မရှိအဖြေကို ဘောက်ဆတ်ဆတ်ဖြေပေးမိသည်။
ပုံမှန်ဆို ဦးချီက ကလေးငယ်တွေနဲ့ အားနည်းသူတွေကို ငဲ့ညာသနားတက်ပေမဲ့ ထိုကောင်မလေးကိုတော့  နည်းနည်းမှမတည့်ပေ။ ပါးကွက်ဝိုင်းလေးနဲ့  အသားဖြူဖြူ
အဆိုပါ ချစ်စရာ ကောင်မလေးသည်
ဖြူ နှင်းဖွေး ဆိုတဲ့  နှစ်တစ်ရာရန်သူကြီးပင်ဖြစ်လေသည်။

ငယ်စဉ်က ထိုကလေးမ နမ်းခဲ့လို
မျက်ရည်နဲ့ မျက်ခွက် ငိုယိုခဲ့တာသည် ယခုအချိန်ထိ သမိုင်းဝင်ဖြစ်ရပ်အဖြစ် ကြုံရင်ကြုံသလို အစခံနေရတုန်းပင်။

" မီးငယ် ဘယ်သွားမလို့လဲ "

" မေကြီးတို့ အိမ်လာတာ ဖေသက် "

ဖေသက်ခေါ်သံကြောင့် ရေသောက်နေရင်းနဲ့  နှာခေါင်းထပ်ရှုံ့ မိသေး။
သက်ပုံက ရွာမှာဆို  အချစ်ခံလေးပေ။
ဖြူ နှင်းဖွေးဆိုတာ  သက်ပုံ ဖွင့်ထားတဲ့အခမဲ့ စာသင်ကျောင်းက ကျောင်းသူတစ်ယောက်ဆိုလဲ မမှားပေ။
ဖေသက်ဆိုတာ ရွာထဲက ကလေးတွေအကုန်နီးပါးခေါ်ကြပေမဲ့ ထိုအဖြူ လုံးလေးခေါ်ရင်တော့ ဦးချီ နှာခေါင်းရှုံ့ တက်စမြဲပင်။

" ဟုတ်လား။ သွားသွားပြန်တော့။ မိန်းကလေးတစ်ယောက်ထဲ အပြင်တွေ မထွက်ရဘူး။ ကျောင်းဆင်းချိန်ဆိုတော့ လူတွေကရှုပ် ၊ ဆိုင်ကယ်တွေက ရှုပ်နဲ့ "

"ဟုတ်ဒါဆို သမီးသွားမယ်နော်။ ကိုကို တာ့တာ"

နှုတ်ဆက်သွားတာကို မကြားချင်ယောင်ဆောင်ရင်းရေဘူးအဖုံးကို သေချာပိတ်နေမိသည်။ သက်ပုံ ဆီက မျက်စောင်းတခုလွင့်လာမလွဲပေမဲ့ မော့မကြည့်ဖြစ် ။

ကားပေါ်ရောက်တော့...သက်ပုံက ကားစက်မနိုးသေးပဲ ဦးချီဖက်ကို လှည့်လာ၏။
ပြီးတော့အတော်လေးစိတ်မကောင်းဟန်ဖြင့်..

"သား ဖေတို့ ခုပဲ မန်းလေးသွားရမယ် "

"ဘာလို့လဲ "

တခုတခုကိုတွေးရင်း ဦးချီ ထိတ်လန့် သွား၏။ မဖြစ်နိုင်ပါစေနဲ့ ဟု ဆုတောင်းနေမိ သော်လည်း

"မမခင်လေး ဆုံးသွားပြီ သား"

ရေဘူးကိုင်ထားတဲ့လက်တွေက တင်းခနဲ။
မဖိတ်ခေါ်တဲ့ မျက်ရည်စက်ဟာ  အလိုလိုရင်း  စီးကျ၏။ ထို့နောက်ထိတ်လန့် တုန်လှုပ်စွာ...

" ယသော် ယသော်ရော သက်ပုံ "

"ပါးပါးနဲ့ အတူရှိနေမှာပါ။ သားအဝတ်လဲချင်ရင် နောက်ခန်းသွားလဲ။ သားအဝတ်အိတ်ထည့်လာတယ် "

ပျော့ခွေသွားတဲ့ ကျောပြင်သည်  ကားနောက်မှီမှာ တင်ကျန်ရင်း  သက်ပုံပြောတဲ့စကားတွေကို သူမကြားတော့။

ကားသည် တရိပ်ရိပ် ပြေးနေသည်။
ပြင်ဦးလွင်အတက်လမ်းလို  တောင်ပတ်လမ်းများဖြင့် ကွေ့ ဝိုက်တက်ရသောလမ်းသည်
ခါတိုင်းဆို သတိတရ အလှတရားကို ခံစားလေ့ရှိပေမဲ့ ယနေ့ တော့  ဘယ်ရောက်လို့ ရောက်နေမှန်းတောင် သတိမမူတော့ပေ။

တချက် တချက် တောင်ကွေ့ တွေမှာ ဟွန်းတီးသံကို သူကြားသည်။ သို့ သော် အမြင်အာရုံမှာ မည်သည့်အရာ မြင်မနေရပေ။

သနားစရာ ကိုကို့ သော်လေးရာ ။

ဝမ်းနည်းနေမလား ငိုနေမလား တွေးမိရုံနဲ့
ဦးချီ လက်တွေ တောင်တုန်သည်။
ဟိုရောက်ရင် သူဘယ်လို အားပေးရမလဲ။
သူ့ ကို ဖက်တွယ်ငိုလာခဲ့ရင် သူဘယ်လို မငိုအောင် တားရမလဲ။

မေမေ့ကိုခေါ်ပေးဆိုရင် သူဘယ်လို ပြောပြရမလဲ။

ကားပြတင်းပေါက်ပေါ်မေးတင်းရင်း ဦးချီ မျက်ရည်ကျနေမိသည်။

သက်ပုံကတော့ သူ့ ကိုလွှတ်ထားလေသည်။  ဟိုမရောက်ခင်တော့  သူ အဝငိုထားရမည်။ ယသော်လင်းရှေ့ မှာ  သူသည် အားပေးရမည့် သူ ၊အားကိုးရမည့်သူမို့ 
ဝမ်းနည်းနေလို့ မဖြစ်ပေ။

လေးနာရီ ကျော်ကျော်ခန့်  မောင်းနှင်ပြီးနောက်မှာ ယသော်လင်းတို့ လမ်း ထဲ ကားက ချိုးဝင်လိုက်၏။

ပါးပေါ်မျက်ရည်တွေကို သေချာပြောင်အောင်သုတ်ရင်း အသက်ကိုပြင်းပြင်းရူထုတ်မိသည်။
အဖြူ နဲ့ အစိမ်းဝတ်ကို ခုထိသူ မလဲလှယ်ရသေး။

အရိပ်ရအောင်ခြံထဲကွက်လပ်မှာ မိုးကာဆွဲမိုးထားသော အိမ်ကလေးရှေ့ ကားက ရပ်သွား၏။  ဦးချီ အသက်ကိုဝအောင် ရှိုက်သွင်းရင်း ကားတံခါးကိုဖွင့်ဆင်းလိုက်သည်။

နာရေးအိမ်မို့ ဧည့်သည်များက အနည်းငယ်တော့ရှိနေသည်။ ဆုံးပါးခဲ့သော အသက်မဲ့ကိုယ်ထည်ကတော့ ဖြစ်တဲ့နေ့ ဆေးရုံပေါ်မှာကတည်းက  အိမ်ပြန်မသယ်ပဲ
ညတွင်းချင်း
မီးသဂြိုလ် ပေးခဲ့သည်တဲ့။ 

" သား  ယသော်လာပြီ  "

သက်ပုံစကားဆုံးတော့  ခြံထဲကနေ ပြေးထွက်လာသော အရိပ်ကလေး။

ခါတိုင်းလို ပျော်မြူးခုန်ပေါက်လာတာမဟုတ်ပဲ မျက်ရည်များနှင့်  တိုးဝင်လာတာသာဖြစ်၏။ ဆီးကြို ပွေ့ ဖက်ထားရင်း  ကျောပြင်ကို မည်သည့်စကားမှမဆိုပဲ ပွတ်သတ်ပေးနေမိသည်။

သက်ပုံသည် အိမ်ထဲသို့ ဝင်သွားလေသည်။ ဧည့်သည် တချို့ သည် ဦးချီတို့ ထံ စိတ်ဝင်တစားလှမ်းကြည့်နေကြသည်။

" ငါရှိတယ် သော် ! ငါရောက်လာခဲ့ပြီ "

ထိုစကားကိုသာ အထပ်ထပ်ပြော၍
ယသော်လင်း ကိုထွေးဖက်ထားနေမိသည်။ယသော်လင်းသည် အချိန်အတော်ကြာအောင် အားကိုးရာတွေ့သလို ငိုလေသည်။ ဦးချီ၏ အဖြူ ရောင် အင်္ကျီသည် ယသော်လင်း၏ မျက်ရည်များဖြင့် စိုရွဲကုန်သည်ထိ ယသော်လင်းသည် သည်းထန်စွာငိုကြွေးခဲ့တာဖြစ်သည်။

ချစ်တဲ့အိမ်စည်။

Bạn đang đọc truyện trên: ZingTruyen.Xyz