ZingTruyen.Xyz

နှင်းဆီဝါတို့ နီစွေးစေ(နွင္းဆီဝါတို ႔နီေစြးေစ)completed

1

eainsi23


ရာသီဥတု က အေတာ္ႀကီး ပူျပင္းလ်က္ရွိသည္။ တိတ္ဆိတ္ၿငိမ္သက္ေနေသာ ရပ္ကြက္မွာ မႏၲေလးေနကို အံ့တုလ်က္
အျပင္ကို တစ္ေယာက္တေလေတာင္မထြက္ၾကေခ်။
ဒါေပမဲ့ တစ္ေယာက္ေသာ သူကေတာ့
အိမ္ထဲမွာ အၿငိမ္မေနနိုင္ပဲ
ဘာလုပ္ရရင္ေကာင္းမလဲ ဖို ႔ စဥ္းေနေလသည္။

"ေနကလည္းပူလိုက္တာ "

ခပ္တိုးတိုးေရ႐ြတ္ရင္း အၿငိမ္မေနနိုင္တဲ့ ေျခေထာက္ေတြက  အိမ္ေပါက္ဝရပ္ကာ ဘယ္ကို ပတ္ေမႊ ရမလဲ ေတြးေနမိသည္။
လမ္းေပၚကိုၾကည့္ေတာ့ လည္း လူသူတစ္ေယာက္ေတာင္ျဖတ္သန္းသြားသူမရွိ။
ပ်င္းစရာ ေကာင္းပံုကေတာ့ တကယ္ပါပဲ။
ဒါေပမဲ့ မ်က္လံုးတို ႔ရဲ႕ ဦးတည္ရာက တေနရာေရာက္ေတာ့ တဖ်တ္ဖ်တ္လဲ့ကုန္၏။

ေဟာ ေတြ ႕ပါၿပီ။

ေဘးၿခံက ၿခံစည္းရုိးေဘးမွ ကပ္စိုက္ထားတဲ့ မာလကာပင္ႀကီး။
အလံုးေတြက ၿပံဳ ႁပြတ္ဝင္းဝါလို ႔။
ခါတိုင္းလည္းေတြ ႕မိေပမဲ့ ဒီတခါလို ေတာ့ စားခ်င္စိတ္မျဖစ္ခဲ့ေပ။
ခုေတာ့ ယေသာ္လင္း ကို လာပါလာပါ လက္ယက္ေခၚေနတဲ့အတိုင္း တံေတြးၿမိဳ ခ်ကာအပင္ကို ေမ်ွာ္ၾကည့္မိသည္။
သိပ္မၾကာလိုက္ လ်ွာသပ္ရင္း ေျခလွမ္းေတြက ေျခေထာင့္စပ္ကို လွမ္းသည္။

အနားေရာက္ေတာ့ အပင္ကို ေမာ့ၾကည့္ရင္း ဘယ္လို ခူးရမလဲ  ေခါင္းကုတ္ကာ ေဘးဘီကို ၾကည့္မိသည္။
အနီးနားမွာလည္း ခူးစရာ ဘာဆိုဘာမွမရွိ။
မမွီတဲ့အရပ္ကို ခုန္စြခုန္စြ လုပ္ကာ
ခူးၾကည့္ေသးသည္။ ဒါေပမဲ့ ၃ေပမျပည့္တဲ့အရပ္က လူႀကီးတရပ္ေက်ာ္မာလကာပင္ကို မွီဖို ႔ေဝလာေဝး။

ဘယ္လိုမွ အဆင္မေျပေတာ့ လက္တဆစ္ စိတ္က တိုလာရျပန္သည္။

ယေသာ္လင္းတဲ့ တလင္းပဲ ရွိတယ္။

"ဒီေန ႔ မစားရရင္ ေက်နပ္မယ္မထင္နဲ ့။"

ပါးစပ္ကလည္း ေအာ္ရင္း စီးထားတဲ့ ဖိနပ္ခြၽတ္ကာ အပင္ေပၚကို ေပါက္သည္။

အသီးေတြကို ထိမွန္ေသာ္လည္း ေအာက္ျပဳတ္မက်။

စာ ဆိုရင္ ဇြဲရိွခ်င္မွ ရွိမည္။
အစားနဲ ့ပတ္သတ္ရင္ေတာ့ ယေသာ္လင္းက မရ။
အေလ်ာ့မေပးလိုေသာ စိတ္နဲ ့ ထပ္ခါထပ္ခါ ပစ္ေပါက္၏။ သို ႔ေသာ္ ကံမေကာင္းစြာနဲ ့ ေမေမ မေန ႔ကမွ ဝယ္ေပးထားတဲ့ ဖိနပ္ေလးဟာ ဟိုဖက္ၿခံဖက္ကို ေက်ာ္က်သြား၏။

"အာ ေမေမ သိရင္ေတာ့ ယေသာ္လင္း
တို ႔ ရုိက္ခံရမွာေသခ်ာသေလာက္ပဲ "

တိုးတိုးဆိုရင္း ပန္းအိုးတင္ထားတဲ့ စင္ေလးေပၚ ဖင္ကုန္းတက္ကာ တဖက္ၿခံကို ေခ်ာင္းၾကည့္၏။ ဖိနပ္က ျပန္မရလို ႔ေတာ့မျဖစ္။ အသစ္စက္စက္ေလးမို ႔သူကိုယ္တိုင္လည္းနွေျမာလွသည္မို ႔ ဘယ္လိုျပန္ယူရမလဲ ေခါင္းေျခာက္လို ႔ေနတယ္။

ဒါေပမဲ့ ယေသာ္လင္း ကံေကာင္းပါသည္။
တဖက္ၿခံထဲမွာအသားမဲမဲနဲ ့ေကာင္ေလးတစ္ေယာက္ သည္ စိတ္ပါလက္ပါနဲ ့အပင္စိုက္ေနတာကို ေတြ ႕ရလို ႔ပင္။

ထိုျမင္ကြင္းကို ၾကည့္ကာ  ယေသာ္ရဲ႕ နႈတ္ခမ္းေတြဟာ အက်င့္ပုတ္စြာ ၿပံဳးလာ၏။

ပ်င္းေနတာနဲ ့အေတာ္ပဲေလ။

သိပ္မျမင့္လွတဲ့ စင္ေပၚကေန ခုန္ခ်ရင္း
ယေသာ္လင္းရဲ႕ ေျခေထာက္ေတြက တဖက္ၿခံေရွ ႔ကို ေျပးေလသည္။
ေစ့ထားေသာ ၿခံတံခါးကို တြန္းဖြင့္ဝင္ရင္း
အရင္ကေလးမရွိတဲ့ ၿခံအေၾကာင္းကို ေတြးမိေတာ့  စပ္စုခ်င္စိတ္က အလ်ံအပယ္ တက္လာရသည္။
ဒီဖက္ၿခံမွာ အရင္က ကေလးမရွိ။
အဘိုးႀကီး တစ္ေယာက္နဲ ့ သား၂ေယာက္ပဲရွိတာ ယေသာ္လင္းသိသည္။
တစ္ေယာက္က နာမည္ႀကီး မင္းသားမို ႔
ယေသာ္လင္း တခါတေလ ေခ်ာင္းၾကည့္ေနၾကမို ႔ပင္။

ၿခံထဲေရာက္ေတာ့  အမဲတံုးေလးက
တကုတ္ကုတ္နဲ ့ ေျမစြ ကာ သစ္ပင္စိုက္ဖို ႔ႀကိဳးစားေနတာေၾကာင့္

"ဒီမွာ ဟို အသားမဲမဲနဲ ့ေကာင္ေလး "
ဟု ေခၚကာအသိေပးလိုက္၏။

ပံုညာဦးခ်ီသည္ အဘိုးျဖစ္သူေၾကာင့္
မႏၲေလးၿမိဳ ႕ကို အလည္ လာရေသာ္လည္း  ပ်င္းစရာ ေန ႔လည္ခင္းကိုေတာ့
အထီးက်န္စြာျဖတ္သန္းေနရသည္။

ဒီခ်ိန္ဆို ဘိုးဘိုးႀကီးကလည္း တေရးတေမာ အိပ္ေနၿပီမို ႔ အေဖာ္မရွိလွတဲ့ ပံုညာဦးခ်ီသည္ အပင္စိုက္ရင္း အခ်ိန္ကုန္ေနမိသည္။ ဦးခ်ိန္းကလည္း အလုပ္ကို သြားေနသလို ဦးႀကီးတို ႔လင္မယားကလည္းပြဲရုံေရာက္ေနသည္မို ႔ ပံုညာဦးခ်ီ တစ္ေယာက္ အလြန္အင္မတန္ ပ်င္းရိေန၏။

႐ြာမွာဆိုရင္ ပံုညာဦးခ်ီက အလုပ္အင္မတန္ မ်ားလွ၍ ပ်င္းဖို ႔ဆိုတာ သူ ႔မွာ အခ်ိန္မရွိလွ။
ပါးပါးနဲ ့သက္ပံု ကို ဦးခ်ီ အရမ္းလြမ္းေနသည္။
သို ႔ေသာ္ တနွစ္တခါသာအလည္လာရေသာ မႏၲေလးမွာ ဘိုးဘိုးႀကီး တို ႔နဲ ့အခ်ိန္အေတာ္ၾကာေအာင္ ေနဖို ႔ ဆံုးျဖတ္ထားသည္မို ႔ အိမ္ျပန္ဖို ႔မေျပာမိေအာင္ ထိန္းေနရသည္။
ေဆာ့စရာ အေပါင္းအေဖာ္ကလည္း မရွိလွေသာ ရပ္ကြက္မွာ  ေန ႔ခင္းဆို ဘိုးဘိုးဝယ္ေပးထားေသာ ပ်ိဳးပင္ေလးေတြက ပံုညာဦးခ်ီရဲ႕ အပ်င္းေျပေဆာ့ကစားရာျဖစ္သည္။

တေယာက္ထဲ အလုပ္ရႈပ္ေနတုန္း
ေနာက္ပါးက အသံစာစာေၾကာင့္
ဦးခ်ီ ေၾကာင္အန္းစြာ လွည့္ၾကည့္မိသည္။
ေကာင္ေလး တစ္ေယာက္ သည္
ဦးခ်ီ ကို စူးစိုက္ကာ ၾကည့္ေနသည္မို ႔
လက္မွာေပေနတဲ့ ေျမးေစြးေတြကို ပုတ္ခါ၍ မတ္တပ္ထရပ္လိုက္သည္။

"မင္းကဘယ္သူလဲ။ ဘာကိစၥရွိလို ႔လဲ "

အထက္ေအာက္ စံုဆန္ၾကည့္ေနေသာ မ်က္လံုးမ်ားက ဦးခ်ီအသံၾကားေတာ့
မ်က္နွာကို တည့္တည့္ၾကည့္ကာ ရယ္ျပလာသည္။
ျဖဴ ေဖြးေနေသာ အသားေရနဲ ့ ပါးေပၚက ပါးခ်ိဳင့္ လွလွေလးေၾကာင့္  မိန္းကေလး ျဖစ္မည္ဟု ဦးခ်ီသတ္မွတ္ခ်င္ေသာ္လည္း
တီရွပ္ အဝါေရာင္နဲ ့ ေဘာင္းဘီ တို ပြပြေၾကာင့္ စိတ္ထဲ ဇေဝဇဝါ ျဖစ္ရျပန္သည္။
သူက ကိုယ့္ကို စပ္စုေနသလို
ကိုယ္ကလည္း သူ ႔ကို အျပန္အလွန္ ၾကည့္ကာ စပ္စုေနသည္မို ႔ ေတြ ႕ဆံုးခန္းက
ခပ္ရုိးရုိးသာ။

" ငါကဟိုဖက္အိမ္က ။ မင္းက အလုပ္သမားလား။ ဒီဖက္အိမ္မွာ အရင္က အလုပ္သမားေတြကို ကေလးေတြ ခန္ ႔ထားတယ္လို ႔လည္း မၾကားမိပါဘူး "

"ဘာကိစၥငါက အလုပ္သမား ျဖစ္ရမွာ လဲ။
ၿပီးေတာ့ မင္းကေရာ သူမ်ားၿခံထဲ ခြင့္မေတာင္းပဲ ဘာလို ႔ဝင္လာတာလဲ "

" ဒီမွာ အမဲတံုး ။ စကားေျပာတာ ၾကည့္ေျပာစမ္း။ ငါက ဒီဖက္ကို လာခ်င္လို ႔လာတာမဟုတ္ဘူး။ ငါ့ဖိနပ္ေလး ျပဳတ္က်သြားလို ႔လာေကာက္တာ ။ မယံုရင္ ဟိုမယ္ၾကည့္ အဲ့ဒါ ငါ့ဖိနပ္ "

ထိုတစ္ေယာက္ လက္ညဳိး ထိုးျပသည္ကို
ဦးခ်ီ မၾကည့္ပါ။ နားထဲမွာ အမဲတံုးဆိုတဲ့ စကား ကိုသာ ၾကားေနရၿပီး  ကိုယ့္ကို ေျပာေနသလားဆိုတာ ေသခ်ာေအာင္  လက္ေတြကို ျပန္ၾကည့္မိသည္။
သူ မမဲပါ။
သက္ပံုက ေျပာသည္ သူ ႔အသားေရသည္
ေရႊညိဳေရာင္ အသားေရတဲ့။
အညိဳေရာင္လည္းမဟုတ္ အဝါေရာင္လည္းမဟုတ္တဲ့ ပံုညာဦးခ်ီရဲ႕ အသားေရာင္ သည္ ထူးျခားကာ ညေနခင္းေနမင္းႀကီးလို သိပ္လွပါသည္။သိပ္လွတဲ့အသာေရကို
ဘာေၾကာင့္  အမဲတံုးလို ႔ေခၚရတာလဲ။
သူ လံုးဝမမဲသည့္အတြက္ စိတ္ဆိုးပါသည္။ ၿပီးေတာ့
အသားမဲ သည္ဆိုတာ ပါးပါးလို အသားေရဆိုတာ သူသိသည္။

ထိုတေယာက္လိုေတာ့ ျဖဴႏုမေနေပမဲ့
ထူးျခားတဲ့ သူ ႔အသားေရကို ခုလို ဖ်က္လို ႔ဖ်က္စီး မေခၚေစခ်င္ပါ။

"ငါ့ကို အမဲတံုးလို ႔မေခၚနဲ ့။ ငါမမဲဘူး "

ယေသာ္လင္းတစ္ေယာက္ ေဒါသထြက္ေနေသာ အုန္းဆီ႐ြဲေနေအာင္ လိမ္းထားတဲ့ ေကာင္ေလးေၾကာင့္ ပ်င္းရိေနေသာ စိတ္ေတြသည္ တက္ႂကြလို ႔လာ၏။
ထိုေကာင္ေလးသည္  ထူထဲေသာ မ်က္ခံုးေတြကို ကုတ္လို ႔ လက္သီးကို က်စ္က်စ္ပါေအာင္ဆုပ္ထား၏။
ခပ္တိုတိုဝတ္ထားတဲ့ ပုဆိုးနဲ ့ ဆိုင္တံဆိပ္ပါေသာ စြပ္က်ယ္ အေဟာင္းေလးကို
ဝတ္ထားသည္မွာရယ္စရာလည္းေကာင္းလွသည္။ ယေသာ္လင္းသည္ ကေလးမ်ားစြာကို ေတြ ႕ဖူးေသာ္လည္းခုလို
လူႀကီးပံုစံကေလးမ်က္နွာမ်ိဳးကိုေတာ့မေတြ ႕ဖူးပါ။

" အမဲတံုးမို ႔အမဲတံုးေခၚတာနာစရာပါလား။ သြား ဟိုမွာ ငါ့ဖိနပ္ေလးေကာက္ေပး "

"မေခၚနဲ ့ငါ့နာမည္ ပံုညာဦးခ်ီ။
အမဲတံုးမဟုတ္ဘူး။ ၿပီးေတာ့  ငါက
အလုပ္သမားလည္းမဟုတ္ဘူး ။ စကားေျပာတာဆင္ခ်င္ပါ "

"ေအာင္မာ ကေလးက ကေလးစကားမေျပာပဲ လူႀကီးလို လာေျပာမေနနဲ ့။သြားေကာက္ဆိုေကာက္လိုက္ "

အိမ္မွာ ဗိုလ္က်လာတဲ့ ယေသာ္လင္းအတြက္ကေတာ့ ထိုေကာင္ေလး၏ စူးရဲေနေသာ အၾကည့္တို ႔က အလြန္အင္မတန္ ေဒါသထြက္စရာေကာင္းလွသည္။
ထို ႔ေၾကာင့္ လက္ညိဳးထိုးၿပီး ေကာက္ခိုင္းလိုက္၏။ သို႔ေသာ္ထိုေကာင္ေလးက
နည္းနည္းမွ မလႈပ္ပဲ ေဒါသတႀကီးသာ
ယေသာ့္ကိုျပန္ၾကည့္ေန၏။ထို ႔ေၾကာင့္
အံႀကိတ္ကာ ထပ္ေျပာလိုက္၏။

" မေကာက္ေပးဘူးလား အမဲတံုး "

"မေကာက္ေပးနိုင္ဘူး ။ ဖိနပ္ဆိုတာ အလြန္ ညစ္ပတ္တဲ့ အရာ။ ပံုညာဦးခ်ီဆိုတဲ့ ငါက  သူမ်ားခိုင္းဖက္မဟုတ္သလို
သူမ်ား ဖိနပ္ကိုလည္းမကိုင္ဘူး။
ေကာက္ခ်င္ ကိုယ့္ဘာသာေကာက္။
ၿပီးရင္ ငါ့တို ႔အိမ္ဖက္ကို ေနာက္ရက္ လံုးဝမလာခဲ့နဲ ့"

ယေသာ္လင္းရဲ႕ ေဒါသေတြသည္
ထိုေတာသားငမဲေကာင္ရဲ ့အေျပာေၾကာင့္
ပိုၿပီး ထိန္းမရေအာင္ထြက္လာၿပီး လက္ေတြပါယားလာသည္။
အရင္ကတည္းက ဇိုးျဖစ္တဲ့ ယေသာ္က
လက္ပါဖို ႔လဲဝင္မေလးတက္။
ထို ႔ေၾကာင့္ အသားမနာေစခ်င္၍ စိတ္ကိုဆြဲဆန္ ႔ကာ ထပ္ခိုင္းလိုက္၏။

"ေနာက္ဆံုးအႀကိမ္ထပ္ေျပာမယ္။သြားေကာက္ေပး "

"မေကာက္ေပးဘူးလို ႔ေျပာေနတယ္။
နားကန္းေနတာလား"

ေဒါက္  !  

ပူတူသြားတဲ့ ေခါင္းကို ကိုင္ကာ
ပံုညာဦးခ်ီ  မ်က္ရည္ေတြဝိုင္းလာ၏။
သူ ႔အသက္၆နွစ္ရွိၿပီ တခါမွ သူ ႔အသားကို နာက်င္ေအာင္ ဘယ္သူ ႔မွမလုပ္ဖူးေပ။
ဒါေပမဲ့ ထို ေယာက်ာ္းမဟုတ္မိန္းမမဟုတ္ေလးသည္ ေဒါသတႀကီး သူ ႔ကို ေခါက္လိုက္တာမို ႔ အိမ္လြမ္းေနတဲ့ စိတ္နဲ ့ဝမ္းနည္းလာရသည္။
ေယာက်ာ္းဆိုရင္ မငိုရဘူး ဆိုတဲ့
ပါးပါးစကားကို နားထဲၾကားေနရေပမဲ့
တိုးလာတဲ့ ဝမ္းနည္းစိတ္ေၾကာင့္ မ်က္ရည္ေတြက စီးက်လာ၏။

"မင္း ငါ့ကို ဟင့္ ဘာလို ႔ေခါက္တာလဲ "

"ငါခိုင္းတာ မလုပ္လို ႔ေခါက္တာ။
မွတ္ၿပီလား။ မင္းသတိထား ငမဲလံုး "

မေခၚေစခ်င္ေသာ ငမဲလံုးဆိုတဲ့ အသံထပ္ၾကားရၿပီးမွာ ပံုညာဦးခ်ီ  ထပ္ၿပီးထိန္းမထားနိုင္ေတာ့ပါ။ထို ႔ေၾကာင့္ အသံထြက္ေအာင္ ငိုမိေတာ့သည္။
တခါမွ ကေလးဆန္စြာ ထိုသို ႔မငိုဖူးေပမဲ့
ဒီတခါေတာ့ ဦးခ်ီ ရႈိက္ႀကီးတငင္ငင္ငိုေႂကြးေတာ့သည္။
ပံုမွန္ဆိုရင္ ျပန္လုပ္နိုင္ေပမဲ့ တဖက္လူသည္  မိန္းကေလး ဟုထင္ရသည္မို ႔
ေယာက်ာ္းပီသစြာ ဦးခ်ီခမ်ာ ငိုဖို ႔ပဲတက္နိုင္ခဲ့ပါသည္။

"ဟီး အီး  မင္းကို ဘိုးဘိုးနဲ ့တိုင္မယ္။
ငါ့အသားကို လဲ နာေအာင္လုပ္တယ္။
ငါ့ကိုလည္း ငမဲလံုးလို ႔လည္းေခၚတယ္။
ဟီးအီးအီး  "

အာၿဗဲ နဲ ့ငိုေနေသာ ေတာသားကို လ်စ္လ်ဴ ႕ရႈ ႕ကာ ယေသာ္လင္း သူ ႔ဖိနပ္ကို ေျပးေကာက္လိုက္သည္။

ထို ႔ေနာက္  အဲ့ဖက္ၿခံထဲကေန ေအာင္ျမင္စြာ  ရင္ေကာ့ထြက္လာ၏။
သို ႔ေသာ္ ဝင္းဝါေနေသာ မာလာကာသီးကို ေတာ့ မစားခဲ့ရေပ။
ဒါေပမဲ့ စိတ္ေက်နပ္စရာ ေကာင္းလွတဲ့ အေျခေနေၾကာင့္ အလြန္အင္မတန္မွ ေပ်ာ္လို ႔ေနသည္။
သူ ႔ဘဝသည္ အရင္လို ပ်င္းစရာမေကာင္းေတာ့ေပ။

ခ်စ္တဲ့အိမ္စည္။

ရာသီဥတု က အတော်ကြီး ပူပြင်းလျက်ရှိသည်။ တိတ်ဆိတ်ငြိမ်သက်နေသော ရပ်ကွက်မှာ မန္တလေးနေကို အံ့တုလျက်
အပြင်ကို တစ်ယောက်တလေတောင်မထွက်ကြချေ။
ဒါပေမဲ့ တစ်ယောက်သော သူကတော့
အိမ်ထဲမှာ အငြိမ်မနေနိုင်ပဲ
ဘာလုပ်ရရင်ကောင်းမလဲ ဖို့  စဉ်းစားနေလေသည်။
ထိုသူသည် အသက်မှ ငါးနှစ်သာရှိသေးတဲ့ကလေးဆိုးလေး ယသော်လင်းဖြစ်၏။

"နေကလည်းပူလိုက်တာ "

ခပ်တိုးတိုးရေရွတ်ရင်း အငြိမ်မနေနိုင်တဲ့ ခြေထောက်တွေက  အိမ်ပေါက်ဝရပ်ကာ ဘယ်ကို ပတ်မွှေ ရမလဲ တွေးနေမိသည်။
လမ်းပေါ်ကိုကြည့်တော့ လည်း လူသူတစ်ယောက်တောင်ဖြတ်သန်းသွားသူမရှိ။
ပျင်းစရာ ကောင်းပုံကတော့ တကယ်ပါပဲ။
ဒါပေမဲ့ မျက်လုံးတို့ ရဲ့ ဦးတည်ရာက တနေရာရောက်တော့ တဖျတ်ဖျတ်လဲ့ကုန်၏။

ဟော တွေ့ ပါပြီ။

ဘေးခြံက ခြံစည်းရိုးဘေးမှ ကပ်စိုက်ထားတဲ့ မာလကာပင်ကြီး။
အလုံးတွေက ပြုံ ပြွတ်ဝင်းဝါလို့ ။
ခါတိုင်းလည်းတွေ့ မိပေမဲ့ ဒီတခါလို တော့ စားချင်စိတ်မဖြစ်ခဲ့ပေ။
ခုတော့ ယသော်လင်း ကို လာပါလာပါ လက်ယက်ခေါ်နေတဲ့အတိုင်း တံတွေးမြို ချကာအပင်ကို မျှော်ကြည့်မိသည်။
သိပ်မကြာလိုက် လျှာသပ်ရင်း ခြေလှမ်းတွေက ခြေထောင့်စပ်ကို လှမ်းသည်။

အနားရောက်တော့ အပင်ကို မော့ကြည့်ရင်း ဘယ်လို ခူးရမလဲ  ခေါင်းကုတ်ကာ ဘေးဘီကို ကြည့်မိသည်။
အနီးနားမှာလည်း ခူးစရာ ဘာဆိုဘာမှမရှိ။
မမှီတဲ့အရပ်ကို ခုန်စွခုန်စွ လုပ်ကာ
ခူးကြည့်သေးသည်။ ဒါပေမဲ့ ၃ပေမပြည့်တဲ့အရပ်က လူကြီးတရပ်ကျော်မာလကာပင်ကို မှီဖို့ ဝေလာဝေး။

ဘယ်လိုမှ အဆင်မပြေတော့ လက်တဆစ် စိတ်က တိုလာရပြန်သည်။

ယသော်လင်းတဲ့ တစ်လင်းပဲ ရှိတယ်။

"ဒီနေ့  မစားရရင် ကျေနပ်မယ်မထင်နဲ့ ။"

ပါးစပ်ကလည်း အော်ရင်း စီးထားတဲ့ ဖိနပ်ချွတ်ကာ အပင်ပေါ်ကို ပေါက်သည်။

အသီးတွေကို ထိမှန်သော်လည်း အောက်ပြုတ်ကျမလာပါ။

စာ ဆိုရင် ဇွဲရှိချင်မှ ရှိမည်။
အစားနဲ့ ပတ်သတ်ရင်တော့ ယသော်လင်းက မရ။
အလျော့မပေးလိုသော စိတ်နဲ့  ထပ်ခါထပ်ခါ ပစ်ပေါက်၏။ သို့ သော် ကံမကောင်းစွာနဲ့  မေမေ မနေ့ ကမှ ဝယ်ပေးထားတဲ့ ဖိနပ်လေးဟာ ဟိုဖက်ခြံဖက်ကို ကျော်ကျသွား‌ တော့၏။

"အာ မေမေ သိရင်တော့ ယသော်လင်းလေး  ရိုက်ခံရမှာပဲ "

တိုးတိုးဆိုရင်း ပန်းအိုးတင်ထားတဲ့ စင်လေးပေါ် ဖင်ကုန်းတက်ကာ တဖက်ခြံကို ချောင်းကြည့်၏။ ဖိနပ်က ပြန်မရလို့ တော့မဖြစ်။ အသစ်စက်စက်လေးမို့ သူကိုယ်တိုင်လည်းနှမြောလှသည်မို့  ဘယ်လိုပြန်ယူရမလဲ ခေါင်းခြောက်လို့ နေသည်။

ဒါပေမဲ့ ယသော်လင်း ကံကောင်းပါသည်။
တဖက်ခြံထဲမှာအသားမဲမဲနဲ့ ကောင်လေးတစ်ယောက်  စိတ်ပါလက်ပါနဲ့ အပင်စိုက်နေတာကို တွေ့ ရလို့ ပင်။

ထိုမြင်ကွင်းကို ကြည့်ကာ  ယသော်ရဲ့ နှုတ်ခမ်းတွေဟာ အကျင့်ပုတ်စွာ ပြုံးလာ၏။

ပျင်းနေ‌ သောစိတ်တို့ကရွယ်တူကိုမြင်လိုက်ရတော့ ကျေနပ်သွားသည့်နှယ်။

သိပ်မမြင့်လှတဲ့ စင်ပေါ်ကနေ ခုန်ချရင်း
ယသော်လင်းရဲ့ ခြေထောက်တွေက တဖက်ခြံရှေ့ ကို ခုန်စွခုန်စွပြေးလေသည်။
စေ့ထားသော ခြံတံခါးကို တွန်းဖွင့်ဝင်ရင်း
အရင်ကလေးမရှိတဲ့ ခြံအကြောင်းကို တွေးမိတော့  စပ်စုချင်စိတ်က အလျံအပယ် တက်လာရသည်။
ဒီဖက်ခြံမှာ အရင်က ကလေးမရှိ။
အဘိုးကြီး တစ်ယောက်နဲ့  သား၂ယောက်ပဲရှိတာ ယသော်လင်းသိသည်။
တစ်ယောက်က နာမည်ကြီး မင်းသားမို့ 
ယသော်လင်း တခါတလေ ချောင်းကြည့်နေကြမို့ ပင်။

ခြံထဲရောက်တော့  အမဲတုံးလေးက
တကုတ်ကုတ်နဲ့  မြေစွ ကာ သစ်ပင်စိုက်ဖို့ ကြိုးစားနေတာကြောင့်

"ဒီမှာ ဟို အသားမဲမဲနဲ့ ကောင်လေး "
ဟု ခေါ်ကာအသိပေးလိုက်၏။

ပုံညာဦးချီသည် အဘိုးဖြစ်သူကြောင့်
မန္တလေးမြို့ ကို အလည် လာရသော်လည်း  ပျင်းစရာ နေ့ လည်ခင်းကိုတော့
အထီးကျန်စွာဖြတ်သန်းနေရသည်။

ဒီချိန်ဆို ဘိုးဘိုးကြီးကလည်း တရေးတမော အိပ်နေပြီမို့  အဖော်မရှိလှတဲ့ ပုံညာဦးချီသည် အပင်စိုက်ရင်း အချိန်ကုန်နေမိသည်။ ဦးချိန်းကလည်း အလုပ်ကို သွားနေသလို ဦးကြီးတို့ လင်မယားကလည်းပွဲရုံရောက်နေသည်မို့  ပုံညာဦးချီ တစ်ယောက် အလွန်အင်မတန် ပျင်းရိနေ၏။

ရွာမှာဆိုရင် ပုံညာဦးချီက အလုပ်အင်မတန် များလှ၍ ပျင်းဖို့ ဆိုတာ သူ့ မှာ အချိန်မရှိလှ။
ပါးပါးနဲ့ သက်ပုံ ကို ဦးချီ အရမ်းလွမ်းနေသည်။
သို့ သော် တနှစ်တခါသာအလည်လာရသော မန္တလေးမှာ ဘိုးဘိုးကြီး တို့ နဲ့ အချိန်အတော်ကြာအောင် နေဖို့  ဆုံးဖြတ်ထားသည်မို့  အိမ်ပြန်ဖို့ မပြောမိအောင် ထိန်းနေရသည်။
ဆော့စရာ အပေါင်းအဖော်ကလည်း မရှိလှသော ရပ်ကွက်မှာ  နေ့ ခင်းဆို ဘိုးဘိုးဝယ်ပေးထားသော ပျိုးပင်လေးတွေက ပုံညာဦးချီရဲ့ အပျင်းပြေဆော့ကစားရာဖြစ်သည်။

တယောက်ထဲ အလုပ်ရှုပ်နေတုန်း
နောက်ပါးက အသံစာစာကြောင့်
ဦးချီ ကြောင်အန်းစွာ လှည့်ကြည့်မိသည်။
ကောင်လေး တစ်ယောက် သည်
ဦးချီ ကို စူးစိုက်ကာ ကြည့်နေသည်မို့ 
လက်မှာပေနေတဲ့ မြေးစွေးတွေကို ပုတ်ခါ၍ မတ်တပ်ထရပ်လိုက်သည်။

"မင်းကဘယ်သူလဲ။ ဘာကိစ္စရှိလို့ လဲ "

အထက်အောက် စုံဆန်ကြည့်နေသော မျက်လုံးများက ဦးချီအသံကြားတော့
မျက်နှာကို တည့်တည့်ကြည့်ကာ ရယ်ပြလာသည်။
ဖြူ ဖွေးနေသော အသားရေနဲ့  ပါးပေါ်က ပါးချိုင့် လှလှလေးကြောင့်  မိန်းကလေး ဖြစ်မည်ဟု ဦးချီသတ်မှတ်ချင်သော်လည်း
တီရှပ် အဝါရောင်နဲ့  ဘောင်းဘီ တို ပွပွကြောင့် စိတ်ထဲ ဇဝေဇဝါ ဖြစ်ရပြန်သည်။
သူက ကိုယ့်ကို စပ်စုနေသလို
ကိုယ်ကလည်း သူ့ ကို အပြန်အလှန် ကြည့်ကာ စပ်စုနေသည်မို့  တွေ့ ဆုံးခန်းက
ခပ်ရိုးရိုးသာ။

" ငါကဟိုဖက်အိမ်က ။ မင်းက အလုပ်သမားလား။ ဒီဖက်အိမ်မှာ အရင်က အလုပ်သမားတွေကို ကလေးတွေ ခန့် ထားတယ်လို့ လည်း မကြားမိပါဘူး "

"ဘာကိစ္စငါက အလုပ်သမား ဖြစ်ရမှာ လဲ။
ပြီးတော့ မင်းကရော သူများခြံထဲ ခွင့်မတောင်းပဲ ဘာလို့ ဝင်လာတာလဲ "

" ဒီမှာ အမဲတုံး ။ စကားပြောတာ ကြည့်ပြောစမ်း။ ငါက ဒီဖက်ကို လာချင်လို့ လာတာမဟုတ်ဘူး။ ငါ့ဖိနပ်လေး ပြုတ်ကျသွားလို့ လာကောက်တာ ။ မယုံရင် ဟိုမယ်ကြည့် အဲ့ဒါ ငါ့ဖိနပ် "

ထိုတစ်ယောက် လက်ညိုး ထိုးပြသည်ကို
ဦးချီ မကြည့်ပါ။ နားထဲမှာ အမဲတုံးဆိုတဲ့ စကား ကိုသာ ကြားနေရပြီး  ကိုယ့်ကို ပြောနေသလားဆိုတာ သေချာအောင်  လက်တွေကို ပြန်ကြည့်မိသည်။
သူ မမဲပါ။
သက်ပုံက ပြောသည် သူ့ အသားရေသည်
ရွှေညိုရောင် အသားရေတဲ့။
အညိုရောင်လည်းမဟုတ် အဝါရောင်လည်းမဟုတ်တဲ့ ပုံညာဦးချီရဲ့ အသားရောင် သည် ထူးခြားကာ ညနေခင်းနေမင်းကြီးလို သိပ်လှပါသည်။သိပ်လှတဲ့အသာရေကို
ဘာကြောင့်  အမဲတုံးလို့ ခေါ်ရတာလဲ။
သူ လုံးဝမမဲသည့်အတွက် စိတ်ဆိုးပါသည်။ ပြီးတော့
အသားမဲ သည်ဆိုတာ ပါးပါးလို အသားရေဆိုတာ သူသိသည်။

ထိုတယောက်လိုတော့ ဖြူနုမနေပေမဲ့
ထူးခြားတဲ့ သူ့ အသားရေကို ခုလို ဖျက်လို့ ဖျက်စီး မခေါ်စေချင်ပါ။

"ငါ့ကို အမဲတုံးလို့ မခေါ်နဲ့ ။ ငါမမဲဘူး "သူသည်လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်၍ မကျေမချမ်းပြန်အော်သည်။

ယသော်လင်းတစ်ယောက် ဒေါသထွက်နေသော အုန်းဆီရွဲနေအောင် လိမ်းထားတဲ့ ကောင်လေးကြောင့် ပျင်းရိနေသော စိတ်တွေသည် တက်ကြွလို့ လာ၏။
ထိုကောင်လေးသည်  ထူထဲသော မျက်ခုံးတွေကို ကုတ်လို့  လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထား၏။
ခပ်တိုတိုဝတ်ထားတဲ့ ပုဆိုးနဲ့  ဆိုင်တံဆိပ်ပါသော စွပ်ကျယ် အဟောင်းလေးကို
ဝတ်ထားသည်မှာရယ်စရာလည်းကောင်းလှသည်။ ယသော်လင်းသည် ကလေးများစွာကို တွေ့ ဖူးသော်လည်းခုလို
လူကြီးပုံစံကလေးမျက်နှာမျိုးကိုတော့မတွေ့ ဖူးပါ။

" အမဲတုံးမို့ အမဲတုံးခေါ်တာပေါ့။ သွား ဟိုမှာ ငါ့ဖိနပ်လေးကောက်ပေး "

"မခေါ်နဲ့ ငါ့နာမည် ပုံညာဦးချီ။
အမဲတုံးမဟုတ်ဘူး။ ပြီးတော့  ငါက
အလုပ်သမားလည်းမဟုတ်ဘူး ။ စကားပြောတာ
ဆင်ခြင်ပါ "

"အောင်မာ ကလေးက ကလေးစကားမပြောပဲ လူကြီးလို လာပြောမနေနဲ့ ။သွားကောက်ဆိုကောက်လိုက် "

တစ်လမ်းလုံး ဗိုလ်ကျလာတဲ့ ယသော်လင်းအတွက်ကတော့ ထိုကောင်လေး၏ စူးရဲနေသော အကြည့်တို့ က အလွန်အင်မတန် ဒေါသထွက်စရာကောင်းလှသည်။
ထို့ ကြောင့် လက်ညိုးထိုးပြီး ကောက်ခိုင်းလိုက်၏။ သို့သော်ထိုကောင်လေးက
နည်းနည်းမှ မလှုပ်ပဲ ဒေါသတကြီးသာ
ယသော့်ကိုပြန်ကြည့်နေ၏။ထို့ ကြောင့်
အံကြိတ်ကာ ထပ်ပြောလိုက်၏။

" မကောက်ပေးဘူးလား အမဲတုံး "

"မကောက်ပေးနိုင်ဘူး ။ ဖိနပ်ဆိုတာ အရမ်း ညစ်ပတ်တဲ့ အရာ။ ပုံညာဦးချီဆိုတဲ့ ငါက  သူများခိုင်းဖက်မဟုတ်ဘူး၊
သူများ ဖိနပ်ကိုလည်းမကိုင်ဘူး။
ကောက်ချင် ကိုယ့်ဘာသာကောက်။
ပြီးရင် ငါ့တို့ အိမ်ဖက်ကို နောက်ရက် လုံးဝမလာခဲ့နဲ့ "

ယသော်လင်းရဲ့ ဒေါသတွေသည်
ထိုတောသားငမဲကောင်ရဲ့ အပြောကြောင့်
ပိုပြီး ထိန်းမရအောင်ထွက်လာပြီး လက်တွေပါယားလာသည်။
အရင်ကတည်းက ဇိုးဖြစ်တဲ့ ယသော်က
လက်ပါဖို့ လည်းဝင်မလေးတက်။
ထို့ ကြောင့် အသားမနာစေချင်၍ စိတ်ကိုဆွဲဆန့် ကာ ထပ်ခိုင်းလိုက်၏။

"နောက်ဆုံးအကြိမ်ထပ်ပြောမယ်။သွားကောက်ပေး "

"မကောက်ပေးဘူးလို့ ပြောနေတယ်။
နားကန်းနေတာလား"

ဒေါက်  !  

ပူတူသွားတဲ့ ခေါင်းကို ကိုင်ကာ
ပုံညာဦးချီ  မျက်ရည်တွေဝိုင်းလာ၏။
သူ့ အသက်၆နှစ်ရှိပြီ တခါမှ သူ့ အသားကို နာကျင်အောင် ဘယ်သူ့ မှမလုပ်ဖူးပေ။
ဒါပေမဲ့ ထို ယောကျာ်းမဟုတ်မိန်းမမဟုတ်လေးသည် ဒေါသတကြီး သူ့ ကို ခေါက်လိုက်တာမို့  အိမ်လွမ်းနေတဲ့ စိတ်နဲ့ ဝမ်းနည်းလာရသည်။
ယောကျာ်းဆိုရင် မငိုရဘူး ဆိုတဲ့
ပါးပါးစကားကို နားထဲကြားနေရပေမဲ့
တိုးလာတဲ့ ဝမ်းနည်းစိတ်ကြောင့် မျက်ရည်တွေက စီးကျလာ၏။

"မင်း ငါ့ကို ဟင့် ဘာလို့ ခေါက်တာလဲ "

"ငါခိုင်းတာ မလုပ်လို့ ခေါက်တာ။
မှတ်ပြီလား။ မင်းသတိထား ငမဲလုံး "

မခေါ်စေချင်သော ငမဲလုံးဆိုတဲ့ အသံထပ်ကြားရပြီးမှာ ပုံညာဦးချီ  ထပ်ပြီးထိန်းမထားနိုင်တော့ပါ။ထို့ ကြောင့် အသံထွက်အောင် ငိုမိတော့သည်။
တခါမှ ကလေးဆန်စွာ ထိုသို့ မငိုဖူးပေမဲ့
ဒီတခါတော့ ဦးချီ ရှိုက်ကြီးတငင်ငင်ငိုကြွေးတော့သည်။
ပုံမှန်ဆိုရင် ပြန်လုပ်နိုင်ပေမဲ့ တဖက်လူသည်  မိန်းကလေး ဟုထင်ရသည်မို့ 
ယောကျာ်းပီသစွာ ဦးချီခမျာ ငိုဖို့ ပဲတက်နိုင်ခဲ့ပါသည်။

"ဟီး အီး  မင်းကို ဘိုးဘိုးနဲ့ တိုင်မယ်။
ငါ့အသားကို လည်း နာအောင်လုပ်တယ်။
ငါ့ကိုလည်း ငမဲလုံးလို့ လည်းခေါ်တယ်။
ဟီးအီးအီး  "

အာဗြဲ နဲ့ ငိုနေသော တောသားကို လျစ်လျူ့ ရှု့ ကာ ယသော်လင်း သူ့ ဖိနပ်ကို ပြေးကောက်လိုက်သည်။

ထို့ နောက်  အဲ့ဖက်ခြံထဲကနေ အောင်မြင်စွာ  ရင်ကော့ထွက်လာ၏။
သို့ သော် ဝင်းဝါနေသော မာလာကာသီးကို တော့ မစားခဲ့ရပေ။
ဒါပေမဲ့ စိတ်ကျေနပ်စရာ ကောင်းလှတဲ့ အခြေနေကြောင့် အလွန်အင်မတန်မှ ပျော်လို့ နေသည်။
သူ့ ဘဝသည် အရင်လို ပျင်းစရာမကောင်းတော့ပေ။

ချစ်တဲ့အိမ်စည်။

Bạn đang đọc truyện trên: ZingTruyen.Xyz