နှင်းဆီဝါတို့ နီစွေးစေ(နွင္းဆီဝါတို ႔နီေစြးေစ)completed
18
တံငါကုန္း႐ြာ ရွိ ပန္းေရာင္နွစ္ထပ္ခြဲတိုက္ႀကီးသည္ နွစ္ေပါင္းၾကာေညာင္းလာတာေတာင္ ခန္းနားထည္ဝါမူ ႔က မေပ်ာက္ပ်က္ေသးေပ။ တံငါကုန္းနယ္ တေၾကာမွာဆိုရင္
ေရလမ္း ၊ကုန္းလမ္း ႐ြာစုေတြထိ ေဇာတိက ကုန္စံုဆိုင္ႀကီးနွင့္ ပန္ေရာင္တိုက္လွလွႀကီးသည္ လူတိုင္းရဲ႕ ပါးစပ္ဖ်ားမွာ ရွိေနဆဲျဖစ္၏။
သက္ပံု၏ စည္းစနွစ္က်မူ ႔နဲ ့ ေကာင္းခ်ီ၏
ႀကိဳးစားအားထုတ္မို ႔တို ႔ေၾကာင့္ ၿမိဳ ႕ေလး အပါအဝင္ မႏၲေလးၿမိဳ ႕ႀကီးမွာေတာင္
ၿခံဝိုင္းေတြ လက္ညိဳးထိုးမလြဲေလေအာင္
ရွိလာေပမဲ့ ယခုထက္တိုင္ တံငါကုန္း႐ြာမွာ စြန္ ႔ခြာမသြားခဲ့တဲ့ ထိုအမ်ိဳးသားနွစ္ေယာက္ကို လူတိုင္းလိုလို ရုိေသခ်စ္ခင္ၾကသည္။
သာေရး ၊နာေရး မွန္သမ်ွ ေရွ ႔ဆံုးကေန စီစဥ္ေပးတက္သလို ပညာေရးမွာလည္း အေကာင္းဆံုးျဖစ္ထြန္းေအာင္ ကူညီေပးတက္ေသာ ေဇာတိကဆိုင္ ပိုင္ရွင္နွစ္ေယာက္ သည္ တံငါကုန္း႐ြာ၏ အားကိုးရာဆိုရမွာပင္။
ယခုလည္း တံငါကုန္း႐ြာႀကီးသည္ တိုက္နယ္ အဆင့္ ကုတင္၅၀ ေဆးရုံ ေဆာက္လုပ္ဖို ႔
အစိုးရဆီမွ စာက် လာခဲ့ပါၿပီ။
မၾကာခင္မွာ ေဆးရုံႀကီး တစ္ရုံ တံငါကုန္း႐ြာမွာ ျဖစ္ေပၚလာေတာ့မည္။
(A/N ျပည္သူ႔အစိုးရကိုသာရည္ညႊန္းသည္။ ေသာက္ပု မပါ )
ထိုအတြက္ ေကာင္းခ်ီသည္ သူ၏
ေျမာက္မ်ားလွေသာ တန္ဖိုးႀကီး အခင္းကြက္ ႀကီးထဲမွ တစ္ဧက လွဴဒါန္းေပးခဲ့ရုံမက ေဆးရုံလမ္းတေလ်ွာက္ က်န္ရွိေနေသးေသာ ေျမနီလမ္း ကို ကြန္ကရစ္လမ္းေျပာင္းရန္အတြက္ ေငြသားသိန္း၃၀ကိုပါ ထပ္မံလွဴ ဒါန္းခဲ့ေလသည္။
တ႐ြာလံုးသည္ ေကာင္းခ်ီ ကို ရပ္႐ြာလူႀကီး အျဖစ္ တင္ေျမာက္ခ်င္ေနၾကသည္။
ဒါကိုေတာ့ ေကာင္းခ်ီ က ျငင္းပယ္ခဲ့ပါသည္။
ေကာင္းခ်ီ၏ ဘဝတသက္စာ သည္ သက္မင္းပံု အပိုင္သာျဖစ္ေလသည္။
ထို ႔ေၾကာင့္အမ်ားကို စီမံခန္ ႔ခြဲ အုပ္ခ်ဳပ္ဖို ႔အတြက္ သူ စိတ္မဝင္စားပါ။ သူ ႔၏ တေန ႔တာ လုပ္ငန္းမ်ားသည္ သက္ပံုနွင့္အတူ စီးပြားရွာကာ သူ ႔သား ေဒါင္းကေလးေခၚ လူဝံႀကီးအား စေနွာက္ေနရသည္ေၾကာင့္ လံုးဝမအားလပ္ေပ။
ယခုလည္းသားျဖစ္သူအခန္းထဲ ေရာက္ရွိေနကာ တစံုတေယာက္ကို အာေဘာင္ရင္းသန္သန္ျဖင့္ ေျပာျပေနေလသည္။
" ငါ့သား ယေသာ္အတြက္ ပါးပါးကေတာ့ ေဆးရုံျဖစ္ေျမာက္ေရးမွာ ကုသိုလ္လည္းရ၊ ဝမ္းလည္းဝဆိုသလို ေရွ ႔ဆံုးကေန လွဴ ထားခဲ့လိုက္ၿပီ ဗ်ာ။ ေနာက္ဆိုရင္ သားနယ္ဖက္ တာဝန္က်ရင္ ပါးပါးတို ႔ဖက္ကိုသာ ေလ်ွာက္လိုက္ ဒီထက္အဆင္ေျပရင္ေတာင္ ဒီေလာက္ေျပမွာမဟုတ္ေတာ့ဘူး "
ပါးပါးရဲ႕ ဝမ္းသားအားရစကားေတြကို နားေထာင္ရင္း တဖက္မွာ ယေသာ္ ၿပံဳးေနမိသည္။ ဦးခ်ီက လိမ္မာယဥ္ေက်းမွာလည္းမေျပာနဲ ့ ပါးပါးေရာ သက္ပံုေရာ တကယ္ ရုိးသားကာ အလွဴ အတန္းလက္မေနွးတဲ့ သူေတြပင္။
" ဟုတ္ကဲ့ပါးပါး။ သားဆရာဝန္ႀကီးျဖစ္လာရင္ ပါးပါးတို ႔နဲ ့အတူ ေမေမ့ကိုေခၚၿပီး လာေနလွည့္မယ္ "
"ၾကားတယ္ေနာ္ သက္ပံု။ ခင္ဗ်ားသား ကသာ အသံုးမက်တာ ကြၽန္ေတာ့္သားက ဘယ္ေလာက္ လိမ္မာလိုက္သလဲ။
ေကာင္းခ်ီ လက္ထဲက ဖုန္းသည္ စပီကာဖြင့္ထားသည္မို ႔ အကုန္လံုးၾကားေနရပါသည္။ မနက္ဖန္ဆိုရင္ ဆယ္တန္းစာေမးပြဲေျဖၾကရေတာ့မည္။ ထို ႔ေၾကာင့္ ယေသာ္လင္းထံဖုန္းဆက္ကာ အားေပးစကားေျပာေနၾကျခင္းသာ ။
" ကိုကိုက လိမ္မာပါတယ္။ စာေတြ အမ်ားႀကီး မႀကိဳးစားခ်ဳင္ေပမဲ့ ကိုကိုေတာ္တဲ့ တျခားအရာေတြလည္းရွိပါေသးတယ္။
စာေတာ္မွ ပညာတက္ေခၚတာမွ မဟုတ္တာပါးပါးကလည္း ။ ကိုကို ႔ကို ေနာက္
အသံုးမက်ဘူးလို ႔မေျပာပါနဲ ့"
ယေသာ္လင္းရဲ႕ ခပ္စြာစြာစကားကို ၾကားရပီးေနာက္မွာ ေဘးမွာ မ်က္နွာငယ္စြာ ထိုင္ေနနားေထာင္ေနတဲ့ ဦးခ်ီသည္
ေရႊေရ၊ ေငြေရ ပက္ျဖန္းခံလိုက္ရသလို ၿပံဳးခ်ိဳ၍ သြားေလသည္။ ထို ႔ေၾကာင့္ ရႈံ ့မဲ့သြားေသာ ပါးပါးဖက္ကို ၾကည့္လ်က္ ခပ္က်ယ္က်ယ္အာ္ေျပာလိုက္သည္။
" ကိုကို ႔ေသာ္ေလးက သိတက္လိုက္တာ။
ပါးပါးကို မင္းကိုကိုရဲ႕ ေတာ္ေၾကာင္း ၊ထက္ေၾကာင္းေတြကို ေနာက္တခါႀကံဳရင္
ေသခ်ာေလးနားဝင္ေအာင္ ေျပာျပလိုက္စမ္းပါ "
နႈတ္ခမ္းကို မဲ့႐ြဲ႕ကာ ပါးပါးသည္ထိုင္ရာမွထကာ သက္ပံုလက္ကို ဆြဲထူ၍ထေစသည္။
" ေတာ္ၿပီေတာ္ ၿပီ။ သက္ပံု ျပန္မယ္ ထေတာ့။ မင္းစာက်က္ ပံုညာဦးခ်ီ။ ယေသာ္လည္း စာက်က္ေတာ့ ပါးပါးဖုန္းခ်ေတာ့မယ္။ ေသခ်ာ ဂုဏ္ထူးေတြ အမ်ားႀကီးပါေအာင္ေျဖခဲ့ ။ ပါးပါးေရာ သက္ပံုေရာ ေသာ္ေသာ့္ကို အရမ္းေမ်ွာ္လင့္ထားတယ္။ ဆုခ်ဖို ႔ေရာ ၊ ေဆးတကၠသိုလ္တက္ဖို ႔ေရာ သားစိတ္ပူစရာမလိုဘူး အကုန္ပါးပါးတို ႔တာဝန္ယူတယ္။ သားလုပ္ရမွာတခုပဲရွိတယ္။ လုပ္ျပလိုက္ ယေသာ္ေလး။
မင္းေနာက္မွာ ဂုဏ္ယူေပးမဲ့သူေတြအမ်ားႀကီးရွိေနတယ္ ဆိုတာ မေမ့နဲ ့"
ပါးပါးစကားေတြသည္ ယေသာ့္အတြက္ အမ်ားႀကီး အေထာက္ကူျဖစ္ေစသည္ ။
ဖုန္းခြက္ကို ခ်ၿပီးသည့္တိုင္ တုန္ရီေနတဲ့ လက္ေတြက မေျပေသး။ ပါးပါးတို ႔မိသားစုသည္ လိုအပ္တာထပ္ပိုကာ
ယေသာ္တို ႔မိသားစုအေပၚမွာ တာဝန္ေက်ရွာသည္။
ဒီရက္ ပိုင္းေမေမ သိပ္ေနမေကာင္းဘူးဟုၾကားသိရသည္။ အရင္ကလည္းတေရွာင္ေရွာင္မို ႔ မထူးဆန္းေပမဲ့ စိတ္ပူတာကပူတာပါပဲ။
အဆင္မ်ားေျပရဲ႕လား။ နာတာရွည္လို ျဖစ္ေနတဲ့ ေမေမ ့ကိုလည္း ယေသာ္သနားသည္။ ယေသာ္ခ်စ္တဲ့သူေတြကို ယေသာ္
မည္သည့္အရာမွ မခံစားရေစခ်င္ပါ။
ထို ႔ေၾကာင့္ ယေသာ္သည္ အမွတ္ေကာင္းေကာင္းနဲ ့ ဆယ္တန္းေအာင္ျမင္ရမည္။
ဆရာဝန္ျဖစ္ခဲ့လ်ွင္ သူခ်စ္ေသာ သူမ်ားေဘးမွာ မည္သူ႔ေရာဂါမွ မျဖစ္ေအာင္ ေစာင့္ေရွာက္ေပးခ်င္သည္။
ငယ္႐ြယ္ေသးတဲ့ ကေလးတစ္ေယာက္၏ အေတြးေတြသည္ ျဖဴ စင္ေသာေမတၲာမ်ားျဖင့္ ဆံုးျဖတ္ခ်က္ခိုင္မာေနလ်က္ရွိ၏။
______
" ေကာင္းခ်ီ မမခင္ေလး သက္သာရဲ႕လား ။ ငါတို ႔ မန္းေလးလိုက္သြားဖို႔ကလည္း ဦးခ်ီ ကမနက္ဖန္စာေမးပြဲေျဖမွာ ထားခဲ့လို ႔မျဖစ္ဘူး၊ သိလို ႔လည္းမျဖစ္ဘူးေနာ္ "
" ကြၽန္ေတာ္သိပါတယ္။ တကယ္လို ႔
တစ္ေယာက္ေယာက္ လိုက္ခဲ့မွျဖစ္မယ္ဆိုရင္လည္း ကြၽန္ေတာ္ပြဲရုံေငြထုတ္သြားစရာရွိတယ္ဆိုၿပီးေျပာသြားလိုက္မယ္ေလ "
အခန္းအျပင္ဖက္ေရာက္မွာ တီးတိုးေျပာျဖစ္ၾကသည္။ နွစ္အိမ္တစ္အိမ္လို ျဖစ္ေနတဲ့ မိသားစု မို ႔ တဖက္အိမ္က အပူမီးသည္ ေနရာျခားေနေပမဲ့ ဒီဖက္မွာလည္း
လာဟပ္ေနပါသည္။
ေကာင္းခ်ီ စိတ္မသက္မသာ ျဖစ္ေနတဲ့
သက္ပံုရဲ႕ ပုခံုးေလးကို ဖက္ကာ သူတို ႔နွစ္ေယာက္ေနထိုင္ရာ အခန္းဆီသို ႔ ေခၚေဆာင္လာခဲ့သည္။ ညမီးအိမ္ ကို အလင္းမွိန္ေအာင္ ထြန္းၿပီး နွစ္ေယာက္သား အတူယွဥ္တြဲ အိပ္ေနမိေပမဲ့ အေတြးေတြထဲမွာ ပူပင္ေသာက ကရွိေနဆဲပင္။
______
"ဘုရားကန္ေတာ့ၿပီးပီလား ေဖေဖ့ ေလက်ယ္ေလး "
ဘုရားခန္းေပါက္ဝကေန ရပ္ေစာင့္ေနတဲ့
သက္ပံုအေမးကို စိတ္လႈပ္ရွားစြားေခါင္းညိမ့္ျပမိသည္။
ဒီေန ႔ဆယ္တန္းစာေမးပြဲစ ေျဖပါၿပီ။
ဦးခ်ီ ၏ ေခါင္းထဲမွာ စာအုပ္ကိုင္မထားေပမဲ့ က်က္မွတ္ထားတဲ့ စာေတြကို ျပန္ေတြးေနတုန္း။ ပါးပါးေရာ သက္ပံု ေရာ
စာေမးပြဲကာလအတြင္း ဦးခ်ီ ကိုအခ်ိန္ေပးရန္ ေစ်းမေရာင္းပဲ ဆိုင္ပိတ္ထားၾကသည္။
" မနက္စာ စားသြားေနာ္။ ေအာက္မွာ သား ပါးပါး မနက္စာျပင္ေပးေနတယ္။ စိတ္ပူစရာမလိုဘူး။ ေအးေဆးပဲ ၊ သားေသခ်ာ က်က္ထားတာပဲ အလြယ္တကူ ေက်ာ္ျဖတ္နိုင္မွာပါ"
အားေပးစကားသည္ ရင္ထဲမေရာက္။
နတ္ႀကီးတယ္ဆိုတဲ့ ၁၀တန္းစာေမးပြဲမွာ
မေတာ္တဆ ေျခေခ်ာ္ လက္ေခ်ာ္ျဖစ္သြားရင္ ယေသာ္လင္းက သတ္လိမ့္မည္။
ေၾကာက္တာကေၾကာက္တာပဲေလ။
ဆဲဆူရုိက္ပုတ္လိုက္တာေတာ္ေသးသည္။
ယေသာ္လင္း က ေဒါသထြက္ရင္ ထိုသို ႔မလုပ္ ေပ။ အဲ့ဒါေတြထပ္ ဆိုဝါးတဲ့ အသံတိတ္နည္းနဲ ့နွိပ္စက္တာပင္။
ေအးစက္စက္မ်က္နွာထားသည္ မေက်နပ္စရာရွိလာရင္ ဘယ္လိုစစ မၿပံဳးေတာ့ေပ။
ထို႔အျပင္ ဦးခ်ီ ဘာစကားေျပာ ေျပာ
မၾကားခ်င္ေယာင္ေဆာင္သည္။ အဆိုးဆံုးက မ်က္လံုးျပဴ းႀကီးနဲ ့ၾကည့္တာပင္။
ထို အၾကည့္ေတြကို ဦးခ်ီမခံနိုင္ေပ။
ထိုေၾကာက္စရာ မ်က္လံုး တခ်က္ျပဴ းျပရင္ ၾကက္သီးတခါထသည္။
မ်က္ေမွာင္ကုတ္လ်က္ ေနာက္တနည္းျပဴ းျပလ်င္ အသည္းေတြ ၊အူေတြပါ မက်န္ ေျပာင္းျပန္လွန္သလို ခံစားရေစသည္။
အၾကည့္တခ်က္သည္ ထို မ်ွထိစြမ္းေလသည္။
ဘာပဲျဖစ္ျဖစ္ ယေသာ္လင္းကို ဦးခ်ီ ေၾကာက္သည္။
" ေပတံ ၊ ေဘာပင္ ၊ ခဲတံ၊ခဲျဖတ္ ။ အကုန္စံုၿပီ ။ ျဖည္းျဖည္းစား ။ "
ေပါင္မုန္ ႔ႏြားနို ႔စမ္းကို အၿပီးသတ္ ပါးစပ္ထဲထိုးသိပ္ ထည့္ရင္း
"ပါးပါး သားဒီထပ္အားရွိဖို ႔မလိုေတာ့ဘူးထင္တယ္ေနာ္။ တခါလာ ႏြားနို ႔၊တခါလာ ႏြားနို ႔နဲ ့ သားခုဆို ႏြား ေတာင္မဟုတ္ဘူး ဆင္ ေလာက္နည္းနည္းျဖစ္ေနၿပီ "
" ေယာက်ာ္းဆိုတာ ဥပဓိ ရုပ္က အဓိကပဲ။
ပံုညာဦးခ်ီ ဆိုတာ နဲ ့ ခန္႔ညားထြားက်ိဳင္းေနေတာ့ ျမင္လိုက္တဲ့ လူ အကုန္ရွိန္သြားေတာ့မေကာင္းဘူးလားကြ "
မေက်မနပ္ စူပုတ္ကာ ထမင္းစားစားပြဲက ထ ၏။
ဒုန္း ..
" အ! "
ဒူးေခါင္းသည္ က်င္ခနဲ ။ မၾကာခဏထိခိုက္ေလ့ရွိသည္ ထမင္းစားစာပြဲသည္
ဦးခ်ီ ၏ ဒူးေခါင္းနဲ ့ဘယ္ေတာ့မွမလြတ္ေပ။
"ပါးပါး ! "
"ဗ်ာ "
မစီမဆိုင္ ခိုင္းမိ ၊ထိခိုက္တိုင္းပါးပါးကို မဲေနက် ။
အက်င့္ကို သိသူသည္ ေဘးမွာထိုင္ၾကည့္ကာ ၿပံဳးၿဖီးၿဖီးနဲ ့သားကို မခံခ်င္ေအာင္ စသည္။ သက္ပံု ၾကည့္မေနနိုင္ေတာ့ပါ။
ထို ေ့ၾကာင့္ ဘုရားခန္းကေန ယူလာတဲ့ ပရိတ္ေရ နွင့္ ေဘးခြဲ ၿဖီးထားတဲ့ သားဆံပင္ေတြ ဆီကို အနည္းငယ္ ျဖန္းလိုက္၏။ ဆိုင္ဆိုင္မဆိုင္ဆိုင္ ဆယ္တန္းေျဖရမဲ့ သားကို နည္းနည္းေလးမွ အေနွာက္အယွက္တစံုတရာမျဖစ္ေစခ်င္။
ပါးစပ္ကလည္းေရ႐ြတ္ေသးသည္။
" ဘုရားေဆး ၊ တရားေဆး ၊သံဃာေဆး တို ႔ေၾကာင့္
ေဖေဖ့သားေလး စာေတြအမ်ားႀကီး ေျဖဆိုနိုင္ပါေစ "ဟူ၍ပင္။
ေကာင္းခ် ီကေတာ့ ထိုင္ရာမွမထ သူတို ႔သားအဖ ကို ၾကည့္ေနေလရက္။
" ေဖ့သား ေတာ္ၿပီ စိတ္မေကာက္နဲ ့။
သြားရေအာင္ ေဖေဖတို ႔။ "
" ေကာင္းခ်ီ ကားထုတ္ၿပီးပီလား "
တဖန္ လွည့္ကာ ေမးလာတဲ့ သက္ပံုကို ေခါင္းဆတ္ျပရုံသာ ျပခဲ့ၿပီး အရင္ဦးေအာင္ အျပင္ထြက္လာခဲ့လိုက္သည္။
သားေတာင္ ဒီအ႐ြယ္ေရာက္လာခဲ့ၿပီ။ အခ်ိန္ေတြက မေန႔တေန ႔ကလိုပဲ ဘာမွေတာင္မၾကာလိုက္ေပ။
ကားတံခါးကို ဆယ္တန္းေက်ာင္းအတြက္ အရံသင့္ ဖြင့္ေပးရုံသာမက ေဘးခံုက ပိုင္ရွင္ အတြက္ ပါဖြင့္ေပးလိုက္သည္။
ကားေမာင္းသူေနရာမွာ ဝင္ထိုင္ေတာ့ ခေရပန္းရနံ ့က သင္းခနဲ။
ေအးျမသြားစိတ္နဲ ့အတူ ကားစက္နိုးကာ ေစာင့္ေနလိုက္၏။ အေတာ္ၾကာမွ မိုးထိုးေနေသာ အရပ္ ၊ က်ားကိုးစီးစားမကုန္ေသာ ခနၶာကိုယ္နဲ ့အျဖဴ နဲ ့စိမ္းဝတ္ထားေသာ ဦးခ်ီနွင့္ အတူ ယွဥ္တြဲကာ သက္ပံု ထြက္လာေလသည္။
သက္ပံုက မအိုေဆးစားထားသလိုပင္။
ဘယ္ေတာ့မွ ေျပာင္းလဲ မသြားတဲ့ မ်က္နွာႏုႏုသည္ သားနဲ ့ယွဥ္ရင္ေတာင္ ငယ္ႏုေနေသးသည္။
ဒါကလည္း သက္ပံု အျပစ္မဟုတ္ပါေခ်။
ဟို အီးေပါေသာ သားေတာ္ေမာင္သည္
အသက္နဲ ့မလိုက္ဖက္ေအာင္ ရုပ္ရင့္ေနတာေၾကာင့္ပင္ျဖစ္လိမ့္မည္။
" စာေမးပြဲကို ေသခ်ာ အာရုံစိုက္ေျဖ ဦးခ်ီ။ ေနာက္တေခါက္ ျပန္စစ္ဖို ႔အခ်ိန္ကို ခ်န္ထား။ နံပါတ္ေတြ မွားမတပ္ေနာ္"
"ဟုတ္ကဲ့ပါ သက္ပံုရ ။ သား သိပါတယ္ "
"ဒီခ်ိန္ေရာက္မွ သူမသိလို႔လည္းမရေတာ့ဘူးေလ ။သူ ႔ကို ႀကိမ္တုတ္နဲ ့
ေစာင့္ေနသူရွိပါတယ္ သက္ပံုရာ ။ ေအးေဆး ၊ လႊတ္ထားလိုက္ ။ ကဲ ပါးပါး ေဒါင္းကေလး ကံေကာင္းပါေစ ကြာ ။ ဒီမွာပဲ ေစာင့္ေနမယ္ ၃နာရီ မျပည့္မခ်င္း ထြက္မလာခဲ့နဲ ့ ဖိုက္တင္း "
လက္သီးစုတ္ကို အားရပါးရ ေထာင္ျပတဲ့ ပါးပါးၾကည့္ကာ စိတ္ပ်က္လက္ပ်က္ ေလပူတို ႔ကို မႈတ္ထုတ္မိသည္။
ပါးပါးတို႔သည္ ဘယ္ခ်ိန္ေရာက္မွ ဦးခ်ီကို လူႀကီးအရာသြင္းမည္နည္း။ မေက်နပ္ပါ ။ ေဘာက္မဲ့ေၾကာင့္ ကေလးေတြစာေမးပြဲခန္းဝင္သလို ထြက္မလာမခ်င္း ေစာင့္မွာလဲ။ ဒါဟာ သူလို ဆယ္တန္းေက်ာင္းသားႀကီး၏ အရွက္သိကၡာကို ထိပါးလိုက္သလိုပါပဲ။
အနည္းဆံုးေတာ့ ပါးပါးတို ႔နွစ္ေယာက္သည္ သူ၏ ႀကီးမားေတာင့္တင္းလွေသာ ကိုယ္ထည္ႀကီးကိုေတာ့ အားနာသင့္ပါသည္။
ထို ႔ေနာက္ စူပုတ္ေနေသာ မ်က္နွာျဖင့္
ကားတံခါးကို ဖြင့္ဆင္းကာ ေမ့ေနခဲ့ေသာ အေၾကာင္းတရားကို သတိရေအာင္ထပ္ေျပာလိုက္၏။
"သား ကေလး မဟုတ္ေတာ့ဘူး "
ဒုန္း..
တံခါးသည္ အနည္းငယ္ ျမည္ဟီးၿပီးပိတ္သြားေလသည္။ ကားေပၚက အေဖနွစ္ေယာက္ တစ္ေယာက္မ်က္နွာတစ္ေယာက္ၾကည့္ကာ ၿပံဳးေနလ်က္။
ထြက္ခြာသြားေသာ ေက်ာျပင္က်ယ္ႀကီးသည္ မေက်မနပ္ ေဘာက္ဆတ္ေဘာက္ဆတ္ေလ်ွာက္ ေန၏။ မည္မ်ွပင္ ကေလးမဟုတ္ေတာ့ပါဘူးဟု ဆိုေစကာမူ ခုထိ မေပ်ာက္ပ်က္ေသးသည့္ ကေလးဆန္မူ႔မ်ားသည္ ၁၆နွစ္အ႐ြယ္ လူပ်ိဳေပါက္ေလးမွာထင္ဟပ္ေနတုန္းပင္။
အျဖဴ နဲ ့အစိမ္းဝတ္ေက်ာင္းသူေက်ာင္းသားမ်ားသည္ ေက်ာင္းဝန္းအတြင္းသို ႔ တဖြဲဖြဲ တိုးဝင္သြားၾကသည္။ အျပင္မွာလည္း သူလို ကိုယ္လို မိဘမ်ားက သစ္ပင္ရိပ္ေတြမွာ ကိုယ္စီ ေစာင့္ဆိုင္းေနၾကဆဲပင္။
"ကေလာင္ ! ကေလာင္! ကေလာင္ ! "
ေခါင္းေလာင္းတီးသံသည္ က်ယ္က်ယ္ေလာင္ေလာင္ထြက္ေပၚလာသည္။
သတ္မွတ္ အခ်ိန္ေတြသည္ စတင္ကုန္ဆံုးလာေလၿပီ။ ကားမွန္ေတြေပၚျပဳတ္က်တဲ့ သစ္႐ြက္ေတြကို ေငးရင္း သက္ပံု တစ္ေယာက္ ဘုရားစာေတြ တတြတ္တြတ္႐ြတ္ေနခဲ့သည္။
ေသြးသားက ျဖစ္ေသာ သားမဟုတ္ေပမဲ့
ပံုညာဦးခ်ီသည္ ရင္နဲ ့လြယ္ေမြးခဲ့တဲ့သား..
ခ်စ္တဲ့အိမ္စည္။
တံငါကုန်းရွာ ရှိ ပန်းရောင်နှစ်ထပ်ခွဲတိုက်ကြီးသည် နှစ်ပေါင်းကြာညောင်းလာတာတောင် ခန်းနားထည်ဝါမူ့ က မပျောက်ပျက်သေးပေ။ တံငါကုန်းနယ် တကြောမှာဆိုရင်
ရေလမ်း ၊ကုန်းလမ်း ရွာစုတွေထိ ဇောတိက ကုန်စုံဆိုင်ကြီးနှင့် ပန်ရောင်တိုက်လှလှကြီးသည် လူတိုင်းရဲ့ ပါးစပ်ဖျားမှာ ရှိနေဆဲဖြစ်၏။
သက်ပုံ၏ စည်းစနှစ်ကျမူ့ နဲ့ ကောင်းချီ၏
ကြိုးစားအားထုတ်မို့ တို့ ကြောင့် မြို့ လေး အပါအဝင် မန္တလေးမြို့ ကြီးမှာတောင်
ခြံဝိုင်းတွေ လက်ညိုးထိုးမလွဲလေအောင်
ရှိလာပေမဲ့ ယခုထက်တိုင် တံငါကုန်းရွာမှာ စွန့် ခွာမသွားခဲ့တဲ့ ထိုအမျိုးသားနှစ်ယောက်ကို လူတိုင်းလိုလို ရိုသေချစ်ခင်ကြသည်။
သာရေး ၊နာရေး မှန်သမျှ ရှေ့ ဆုံးကနေ စီစဉ်ပေးတက်သလို ပညာရေးမှာလည်း အကောင်းဆုံးဖြစ်ထွန်းအောင် ကူညီပေးတက်သော ဇောတိကဆိုင် ပိုင်ရှင်နှစ်ယောက် သည် တံငါကုန်းရွာ၏ အားကိုးရာဆိုရမှာပင်။
ယခုလည်း တံငါကုန်းရွာကြီးသည် တိုက်နယ် အဆင့် ကုတင်၅၀ ဆေးရုံ ဆောက်လုပ်ဖို့
အစိုးရဆီမှ စာကျ လာခဲ့ပါပြီ။
မကြာခင်မှာ ဆေးရုံကြီး တစ်ရုံ တံငါကုန်းရွာမှာ ဖြစ်ပေါ်လာတော့မည်။
ထိုအတွက် ကောင်းချီသည် သူ၏
မြောက်များလှသော တန်ဖိုးကြီး အခင်းကွက် ကြီးထဲမှ တစ်ဧက လှူဒါန်းပေးခဲ့ရုံမက ဆေးရုံလမ်းတလျှောက် ကျန်ရှိနေသေးသော မြေနီလမ်း ကို ကွန်ကရစ်လမ်းပြောင်းရန်အတွက် ငွေသားသိန်း၃၀ကိုပါ ထပ်မံလှူ ဒါန်းခဲ့လေသည်။
တစ်ရွာလုံးသည် ကောင်းချီ ကို ရပ်ရွာလူကြီး အဖြစ် တင်မြောက်ချင်နေကြသည်။
ဒါကိုတော့ ကောင်းချီ က ငြင်းပယ်ခဲ့ပါသည်။
ကောင်းချီ၏ ဘဝတသက်စာ သည် သက်မင်းပုံ အပိုင်သာဖြစ်လေသည်။
ထို့ ကြောင့်အများကို စီမံခန့် ခွဲ အုပ်ချုပ်ဖို့ အတွက် သူ စိတ်မဝင်စားပါ။ သူ့ ၏ တနေ့ တာ လုပ်ငန်းများသည် သက်ပုံနှင့်အတူ စီးပွားရှာကာ သူ့ သား ဒေါင်းကလေးခေါ် လူဝံကြီးအား စနှောက်နေရသည်ကြောင့် လုံးဝမအားလပ်ပေ။
ယခုလည်းသားဖြစ်သူအခန်းထဲ ရောက်ရှိနေကာ တစုံတယောက်ကို အာဘောင်ရင်းသန်သန်ဖြင့် ပြောပြနေလေသည်။
" ငါ့သား ယသော်အတွက် ပါးပါးကတော့ ဆေးရုံဖြစ်မြောက်ရေးမှာ ကုသိုလ်လည်းရ၊ ဝမ်းလည်းဝဆိုသလို ရှေ့ ဆုံးကနေ လှူ ထားခဲ့လိုက်ပြီ ဗျာ။ နောက်ဆိုရင် သားနယ်ဖက် တာဝန်ကျရင် ပါးပါးတို့ ဖက်ကိုသာ လျှောက်လိုက် ဒီထက်အဆင်ပြေရင်တောင် ဒီလောက်ပြေမှာမဟုတ်တော့ဘူး "
ပါးပါးရဲ့ ဝမ်းသားအားရစကားတွေကို နားထောင်ရင်း တဖက်မှာ ယသော် ပြုံးနေမိသည်။ ဦးချီက လိမ်မာယဉ်ကျေးမှာလည်းမပြောနဲ့ ပါးပါးရော သက်ပုံရော တကယ် ရိုးသားကာ အလှူ အတန်းလက်မနှေးတဲ့ သူတွေပင်။
" ဟုတ်ကဲ့ပါးပါး။ သားဆရာဝန်ကြီးဖြစ်လာရင် ပါးပါးတို့ နဲ့ အတူ မေမေ့ကိုခေါ်ပြီး လာနေလှည့်မယ် "
"ကြားတယ်နော် သက်ပုံ။ ခင်ဗျားသား ကသာ အသုံးမကျတာ ကျွန်တော့်သားက ဘယ်လောက် လိမ်မာလိုက်သလဲ။
ကောင်းချီ လက်ထဲက ဖုန်းသည် စပီကာဖွင့်ထားသည်မို့ အကုန်လုံးကြားနေရပါသည်။ မနက်ဖန်ဆိုရင် ဆယ်တန်းစာမေးပွဲဖြေကြရတော့မည်။ ထို့ ကြောင့် ယသော်လင်းထံဖုန်းဆက်ကာ အားပေးစကားပြောနေကြခြင်းသာ ။
" ကိုကိုက လိမ်မာပါတယ်။ စာတွေ အများကြီး မကြိုးစားချုင်ပေမဲ့ ကိုကိုတော်တဲ့ တခြားအရာတွေလည်းရှိပါသေးတယ်။
စာတော်မှ ပညာတက်ခေါ်တာမှ မဟုတ်တာပါးပါးကလည်း ။ ကိုကို့ ကို နောက်
အသုံးမကျဘူးလို့ မပြောပါနဲ့ "
ယသော်လင်းရဲ့ ခပ်စွာစွာစကားကို ကြားရပီးနောက်မှာ ဘေးမှာ မျက်နှာငယ်စွာ ထိုင်နေနားထောင်နေတဲ့ ဦးချီသည်
ရွှေရေ၊ ငွေရေ ပက်ဖြန်းခံလိုက်ရသလို ပြုံးချို၍ သွားလေသည်။ ထို့ ကြောင့် ရှုံ့ မဲ့သွားသော ပါးပါးဖက်ကို ကြည့်လျက် ခပ်ကျယ်ကျယ်အ်ာပြောလိုက်သည်။
" ကိုကို့ သော်လေးက သိတက်လိုက်တာ။
ပါးပါးကို မင်းကိုကိုရဲ့ တော်ကြောင်း ၊ထက်ကြောင်းတွေကို နောက်တခါကြုံရင်
သေချာလေးနားဝင်အောင် ပြောပြလိုက်စမ်းပါ "
နှုတ်ခမ်းကို မဲ့ရွဲ့ကာ ပါးပါးသည်ထိုင်ရာမှထကာ သက်ပုံလက်ကို ဆွဲထူ၍ထစေသည်။
" တော်ပြီတော် ပြီ။ သက်ပုံ ပြန်မယ် ထတော့။ မင်းစာကျက် ပုံညာဦးချီ။ ယသော်လည်း စာကျက်တော့ ပါးပါးဖုန်းချတော့မယ်။ သေချာ ဂုဏ်ထူးတွေ အများကြီးပါအောင်ဖြေခဲ့ ။ ပါးပါးရော သက်ပုံရော သော်သော့်ကို အရမ်းမျှော်လင့်ထားတယ်။ ဆုချဖို့ ရော ၊ ဆေးတက္ကသိုလ်တက်ဖို့ ရော သားစိတ်ပူစရာမလိုဘူး အကုန်ပါးပါးတို့ တာဝန်ယူတယ်။ သားလုပ်ရမှာတခုပဲရှိတယ်။ လုပ်ပြလိုက် ယသော်လေး။
မင်းနောက်မှာ ဂုဏ်ယူပေးမဲ့သူတွေအများကြီးရှိနေတယ် ဆိုတာ မမေ့နဲ့ "
ပါးပါးစကားတွေသည် ယသော့်အတွက် အများကြီး အထောက်ကူဖြစ်စေသည် ။
ဖုန်းခွက်ကို ချပြီးသည့်တိုင် တုန်ရီနေတဲ့ လက်တွေက မပြေသေး။ ပါးပါးတို့ မိသားစုသည် လိုအပ်တာထပ်ပိုကာ
ယသော်တို့ မိသားစုအပေါ်မှာ တာဝန်ကျေရှာသည်။
ဒီရက် ပိုင်းမေမေ သိပ်နေမကောင်းဘူးဟုကြားသိရသည်။ အရင်ကလည်းတရှောင်ရှောင်မို့ မထူးဆန်းပေမဲ့ စိတ်ပူတာကပူတာပါပဲ။
အဆင်များပြေရဲ့လား။ နာတာရှည်လို ဖြစ်နေတဲ့ မေမေ့ ကိုလည်း ယသော်သနားသည်။ ယသော်ချစ်တဲ့သူတွေကို ယသော်
မည်သည့်အရာမှ မခံစားရစေချင်ပါ။
ထို့ ကြောင့် ယသော်သည် အမှတ်ကောင်းကောင်းနဲ့ ဆယ်တန်းအောင်မြင်ရမည်။
ဆရာဝန်ဖြစ်ခဲ့လျှင် သူချစ်သော သူများဘေးမှာ မည်သူ့ရောဂါမှ မဖြစ်အောင် စောင့်ရှောက်ပေးချင်သည်။
ငယ်ရွယ်သေးတဲ့ ကလေးတစ်ယောက်၏ အတွေးတွေသည် ဖြူ စင်သောမေတ္တာများဖြင့် ဆုံးဖြတ်ချက်ခိုင်မာနေလျက်ရှိ၏။
______
" ကောင်းချီ မမခင်လေး သက်သာရဲ့လား ။ ငါတို့ မန်းလေးလိုက်သွားဖို့ကလည်း ဦးချီ ကမနက်ဖန်စာမေးပွဲဖြေမှာ ထားခဲ့လို့ မဖြစ်ဘူး၊ သိလို့ လည်းမဖြစ်ဘူးနော် "
" ကျွန်တော်သိပါတယ်။ တကယ်လို့
တစ်ယောက်ယောက် လိုက်ခဲ့မှဖြစ်မယ်ဆိုရင်လည်း ကျွန်တော်ပွဲရုံငွေထုတ်သွားစရာရှိတယ်ဆိုပြီးပြောသွားလိုက်မယ်လေ "
အခန်းအပြင်ဖက်ရောက်မှာ တီးတိုးပြောဖြစ်ကြသည်။ နှစ်အိမ်တစ်အိမ်လို ဖြစ်နေတဲ့ မိသားစု မို့ တဖက်အိမ်က အပူမီးသည် နေရာခြားနေပေမဲ့ ဒီဖက်မှာလည်း
လာဟပ်နေပါသည်။
ကောင်းချီ စိတ်မသက်မသာ ဖြစ်နေတဲ့
သက်ပုံရဲ့ ပုခုံးလေးကို ဖက်ကာ သူတို့ နှစ်ယောက်နေထိုင်ရာ အခန်းဆီသို့ ခေါ်ဆောင်လာခဲ့သည်။ ညမီးအိမ် ကို အလင်းမှိန်အောင် ထွန်းပြီး နှစ်ယောက်သား အတူယှဉ်တွဲ အိပ်နေမိပေမဲ့ အတွေးတွေထဲမှာ ပူပင်သောက ကရှိနေဆဲပင်။
______
"ဘုရားကန်တော့ပြီးပီလား ဖေဖေ့ လေကျယ်လေး "
ဘုရားခန်းပေါက်ဝကနေ ရပ်စောင့်နေတဲ့
သက်ပုံအမေးကို စိတ်လှုပ်ရှားစွားခေါင်းညိမ့်ပြမိသည်။
ဒီနေ့ ဆယ်တန်းစာမေးပွဲစ ဖြေပါပြီ။
ဦးချီ ၏ ခေါင်းထဲမှာ စာအုပ်ကိုင်မထားပေမဲ့ ကျက်မှတ်ထားတဲ့ စာတွေကို ပြန်တွေးနေတုန်း။ ပါးပါးရော သက်ပုံ ရော
စာမေးပွဲကာလအတွင်း ဦးချီ ကိုအချိန်ပေးရန် ဈေးမရောင်းပဲ ဆိုင်ပိတ်ထားကြသည်။
" မနက်စာ စားသွားနော်။ အောက်မှာ သား ပါးပါး မနက်စာပြင်ပေးနေတယ်။ စိတ်ပူစရာမလိုဘူး။ အေးဆေးပဲ ၊ သားသေချာ ကျက်ထားတာပဲ အလွယ်တကူ ကျော်ဖြတ်နိုင်မှာပါ"
အားပေးစကားသည် ရင်ထဲမရောက်။
နတ်ကြီးတယ်ဆိုတဲ့ ၁၀တန်းစာမေးပွဲမှာ
မတော်တဆ ခြေချော် လက်ချော်ဖြစ်သွားရင် ယသော်လင်းက သတ်လိမ့်မည်။
ကြောက်တာကကြောက်တာပဲလေ။
ဆဲဆူရိုက်ပုတ်လိုက်တာတော်သေးသည်။
ယသော်လင်း က ဒေါသထွက်ရင် ထိုသို့ မလုပ် ပေ။ အဲ့ဒါတွေထပ် ဆိုဝါးတဲ့ အသံတိတ်နည်းနဲ့ နှိပ်စက်တာပင်။
အေးစက်စက်မျက်နှာထားသည် မကျေနပ်စရာရှိလာရင် ဘယ်လိုစစ မပြုံးတော့ပေ။
ထို့အပြင် ဦးချီ ဘာစကားပြော ပြော
မကြားချင်ယောင်ဆောင်သည်။ အဆိုးဆုံးက မျက်လုံးပြူးကြီးနဲ့ ကြည့်တာပင်။
ထို အကြည့်တွေကို ဦးချီမခံနိုင်ပေ။
ထိုကြောက်စရာ မျက်လုံး တချက်ပြူးပြရင် ကြက်သီးတခါထသည်။
မျက်မှောင်ကုတ်လျက် နောက်တနည်းပြူးပြလျင် အသည်းတွေ ၊အူတွေပါ မကျန် ပြောင်းပြန်လှန်သလို ခံစားရစေသည်။
အကြည့်တချက်သည် ထို မျှထိစွမ်းလေသည်။
ဘာပဲဖြစ်ဖြစ် ယသော်လင်းကို ဦးချီ ကြောက်သည်။
" ပေတံ ၊ ဘောပင် ၊ ခဲတံ၊ခဲဖြတ် ။ အကုန်စုံပြီ ။ ဖြည်းဖြည်းစား ။ "
ပေါင်မုန့် နွားနို့ စမ်းကို အပြီးသတ် ပါးစပ်ထဲထိုးသိပ် ထည့်ရင်း
"ပါးပါး သားဒီထပ်အားရှိဖို့ မလိုတော့ဘူးထင်တယ်နော်။ တခါလာ နွားနို့ ၊တခါလာ နွားနို့ နဲ့ သားခုဆို နွား တောင်မဟုတ်ဘူး ဆင် လောက်နည်းနည်းဖြစ်နေပြီ "
" ယောကျာ်းဆိုတာ ဥပဓိ ရုပ်က အဓိကပဲ။
ပုံညာဦးချီ ဆိုတာ နဲ့ ခန့်ညားထွားကျိုင်းနေတော့ မြင်လိုက်တဲ့ လူ အကုန်ရှိန်သွားတော့မကောင်းဘူးလားကွ "
မကျေမနပ် စူပုတ်ကာ ထမင်းစားစားပွဲက ထ ၏။
ဒုန်း ..
" အ! "
ဒူးခေါင်းသည် ကျင်ခနဲ ။ မကြာခဏထိခိုက်လေ့ရှိသည် ထမင်းစားစာပွဲသည်
ဦးချီ ၏ ဒူးခေါင်းနဲ့ ဘယ်တော့မှမလွတ်ပေ။
"ပါးပါး ! "
"ဗျာ "
မစီမဆိုင် ခိုင်းမိ ၊ထိခိုက်တိုင်းပါးပါးကို မဲနေကျ ။
အကျင့်ကို သိသူသည် ဘေးမှာထိုင်ကြည့်ကာ ပြုံးဖြီးဖြီးနဲ့ သားကို မခံချင်အောင် စသည်။ သက်ပုံ ကြည့်မနေနိုင်တော့ပါ။
ထိုေ့ကြာင့် ဘုရားခန်းကနေ ယူလာတဲ့ ပရိတ်ရေ နှင့် ဘေးခွဲ ဖြီးထားတဲ့ သားဆံပင်တွေ ဆီကို အနည်းငယ် ဖြန်းလိုက်၏။ ဆိုင်ဆိုင်မဆိုင်ဆိုင် ဆယ်တန်းဖြေရမဲ့ သားကို နည်းနည်းလေးမှ အနှောက်အယှက်တစုံတရာမဖြစ်စေချင်။
ပါးစပ်ကလည်းရေရွတ်သေးသည်။
" ဘုရားဆေး ၊ တရားဆေး ၊သံဃာဆေး တို့ ကြောင့်
ဖေဖေ့သားလေး စာတွေအများကြီး ဖြေဆိုနိုင်ပါစေ "ဟူ၍ပင်။
ကောင်းချီကတော့ ထိုင်ရာမှမထ သူတို့ သားအဖ ကို ကြည့်နေလေရက်။
" ဖေ့သား တော်ပြီ စိတ်မကောက်နဲ့ ။
သွားရအောင် ဖေဖေတို့ ။ "
" ကောင်းချီ ကားထုတ်ပြီးပီလား "
တဖန် လှည့်ကာ မေးလာတဲ့ သက်ပုံကို ခေါင်းဆတ်ပြရုံသာ ပြခဲ့ပြီး အရင်ဦးအောင် အပြင်ထွက်လာခဲ့လိုက်သည်။
သားတောင် ဒီအရွယ်ရောက်လာခဲ့ပြီ။ အချိန်တွေက မနေ့တနေ့ ကလိုပဲ ဘာမှတောင်မကြာလိုက်ပေ။
ကားတံခါးကို ဆယ်တန်းကျောင်းအတွက် အရံသင့် ဖွင့်ပေးရုံသာမက ဘေးခုံက ပိုင်ရှင် အတွက် ပါဖွင့်ပေးလိုက်သည်။
ကားမောင်းသူနေရာမှာ ဝင်ထိုင်တော့ ခရေပန်းရနံ့ က သင်းခနဲ။
အေးမြသွားစိတ်နဲ့ အတူ ကားစက်နိုးကာ စောင့်နေလိုက်၏။ အတော်ကြာမှ မိုးထိုးနေသော အရပ် ၊ ကျားကိုးစီးစားမကုန်သော ခန္ဓာကိုယ်နဲ့ အဖြူ နဲ့ စိမ်းဝတ်ထားသော ဦးချီနှင့် အတူ ယှဉ်တွဲကာ သက်ပုံ ထွက်လာလေသည်။
သက်ပုံက မအိုဆေးစားထားသလိုပင်။
ဘယ်တော့မှ ပြောင်းလဲ မသွားတဲ့ မျက်နှာနုနုသည် သားနဲ့ ယှဉ်ရင်တောင် ငယ်နုနေသေးသည်။
ဒါကလည်း သက်ပုံ အပြစ်မဟုတ်ပါချေ။
ဟို အီးပေါသော သားတော်မောင်သည်
အသက်နဲ့ မလိုက်ဖက်အောင် ရုပ်ရင့်နေတာကြောင့်ပင်ဖြစ်လိမ့်မည်။
" စာမေးပွဲကို သေချာ အာရုံစိုက်ဖြေ ဦးချီ။ နောက်တခေါက် ပြန်စစ်ဖို့ အချိန်ကို ချန်ထား။ နံပါတ်တွေ မှားမတပ်နော်"
"ဟုတ်ကဲ့ပါ သက်ပုံရ ။ သား သိပါတယ် "
"ဒီချိန်ရောက်မှ သူမသိလို့လည်းမရတော့ဘူးလေ ။သူ့ ကို ကြိမ်တုတ်နဲ့
စောင့်နေသူရှိပါတယ် သက်ပုံရာ ။ အေးဆေး ၊ လွှတ်ထားလိုက် ။ ကဲ ပါးပါး ဒေါင်းကလေး ကံကောင်းပါစေ ကွာ ။ ဒီမှာပဲ စောင့်နေမယ် ၃နာရီ မပြည့်မချင်း ထွက်မလာခဲ့နဲ့ ဖိုက်တင်း "
လက်သီးစုတ်ကို အားရပါးရ ထောင်ပြတဲ့ ပါးပါးကြည့်ကာ စိတ်ပျက်လက်ပျက် လေပူတို့ ကို မှုတ်ထုတ်မိသည်။
ပါးပါးတို့သည် ဘယ်ချိန်ရောက်မှ ဦးချီကို လူကြီးအရာသွင်းမည်နည်း။ မကျေနပ်ပါ ။ ဘောက်မဲ့ကြောင့် ကလေးတွေစာမေးပွဲခန်းဝင်သလို ထွက်မလာမချင်း စောင့်မှာလဲ။ ဒါဟာ သူလို ဆယ်တန်းကျောင်းသားကြီး၏ အရှက်သိက္ခာကို ထိပါးလိုက်သလိုပါပဲ။
အနည်းဆုံးတော့ ပါးပါးတို့ နှစ်ယောက်သည် သူ၏ ကြီးမားတောင့်တင်းလှသော ကိုယ်ထည်ကြီးကိုတော့ အားနာသင့်ပါသည်။
ထို့ နောက် စူပုတ်နေသော မျက်နှာဖြင့်
ကားတံခါးကို ဖွင့်ဆင်းကာ မေ့နေခဲ့သော အကြောင်းတရားကို သတိရအောင်ထပ်ပြောလိုက်၏။
"သား ကလေး မဟုတ်တော့ဘူး "
ဒုန်း..
တံခါးသည် အနည်းငယ် မြည်ဟီးပြီးပိတ်သွားလေသည်။ ကားပေါ်က အဖေနှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ပြုံးနေလျက်။
ထွက်ခွာသွားသော ကျောပြင်ကျယ်ကြီးသည် မကျေမနပ် ဘောက်ဆတ်ဘောက်ဆတ်လျှောက် နေ၏။ မည်မျှပင် ကလေးမဟုတ်တော့ပါဘူးဟု ဆိုစေကာမူ ခုထိ မပျောက်ပျက်သေးသည့် ကလေးဆန်မူ့များသည် ၁၆နှစ်အရွယ် လူပျိုပေါက်လေးမှာထင်ဟပ်နေတုန်းပင်။
အဖြူ နဲ့ အစိမ်းဝတ်ကျောင်းသူကျောင်းသားများသည် ကျောင်းဝန်းအတွင်းသို့ တဖွဲဖွဲ တိုးဝင်သွားကြသည်။ အပြင်မှာလည်း သူလို ကိုယ်လို မိဘများက သစ်ပင်ရိပ်တွေမှာ ကိုယ်စီ စောင့်ဆိုင်းနေကြဆဲပင်။
"ကလောင် ! ကလောင်! ကလောင် ! "
ခေါင်းလောင်းတီးသံသည် ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာသည်။
သတ်မှတ် အချိန်တွေသည် စတင်ကုန်ဆုံးလာလေပြီ။ ကားမှန်တွေပေါ်ပြုတ်ကျတဲ့ သစ်ရွက်တွေကို ငေးရင်း သက်ပုံ တစ်ယောက် ဘုရားစာတွေ တတွတ်တွတ်ရွတ်နေခဲ့သည်။
သွေးသားက ဖြစ်သော သားမဟုတ်ပေမဲ့
ပုံညာဦးချီသည် ရင်နဲ့ လွယ်မွေးခဲ့တဲ့သား..
ချစ်တဲ့အိမ်စည်။
Bạn đang đọc truyện trên: ZingTruyen.Xyz