ZingTruyen.Xyz

နှင်းဆီဝါတို့ နီစွေးစေ(နွင္းဆီဝါတို ႔နီေစြးေစ)completed

17

eainsi23

"ငါ ျပန္ေတာ့မယ္ ေသာ္။ အန္တီခင္ေလးကို ေသခ်ာ ဂရုစိုက္ဦးေနာ္။ လိုအပ္တာရွိရင္လည္းဖုန္းဆက္လိုက္။ ၿပီးေတာ့  ငါဝယ္ေပးခဲ့တဲ့ အရပ္ရွည္ေဆးေတြ ေသာက္ဖို ႔ေမ့မေနနဲ ့ "

ထိုစကားေတြက အႀကိမ္ႀကိမ္မွာထားၿပီးသားျဖစ္ေပမဲ့ ေသာ္ ေခါင္းညိမ့္ကာ နားေထာင္ေနေပဆဲပင္။ မျပန္ေစခ်င္ေသးေပမဲ့ ေက်ာင္းေတြဖြင့္ေတာ့မွာမို ႔ ဦးခ်ီ ျပန္ရေတာ့မည္ျဖစ္သည္။ ကားေပၚတက္ေတာ့မဲ့ ကိုကို ႔လက္ကို ယေသာ္ လႊတ္မေပးမိေသး။

" လႊတ္ေတာ့ေလ ေသာ္ရဲ႕ ။ အျပန္ေနပူလိမ့္မယ္  " 

ဆုပ္ကိုင္ထားဆဲ လက္ေတြကို ၾကည့္ကာ ယေသာ္လင္း သက္ျပင္းခ်ေနမိသည္။
ထို ႔ေနာက္ ျဖည္းညင္းစြာ လႊတ္ေပးလိုက္သည္။  အနည္းငယ္မွ  မျပန္ေစခ်င္ေသးတာအမွန္ပင္။ ဦးခ်ီ လာေနေပးတဲ့ အခိုက္အတန္႔မွာ  ယေသာ္ အမွန္ပင္အားရွိလွသည္။ အိမ္္မွာ သားမိနွစ္ေယာက္ထဲ မို ႔
ယေသာ္အတြက္ ဦးခ်ီ လာေရာက္ေနထိုင္တဲ့ အခ်ိန္ေတြဆိုရင္ အေဖာ္လည္းရသလို အားလည္းကိုးရသည္။

" ျဖည္းျဖည္းသြား ကိုကို   "

နႈတ္ဆက္ မူ ႔သည္ မၾကာခဏႀကံဳေတြ ႕ေနခဲ့ရေတာင္ အသားမက်ေနေသးေပ။ကားက စတင္၍ ေ႐ြ ႕လ်ားသြား၏။
စိတ္ထဲ အတူမရွိရေတာ့ဘူးဆိုတဲ့
လစ္ဟာမူ ႔က ျပင္းထန္စြာျဖစ္ေပၚလာသည္။  ပံုညာဦးခ်ီကိုလံုးဝ  မသြားေစခ်င္ ျဖစ္ေနသည္။
ကားဘီးသည္ တလိမ့္ျခင္း တလိမ့္  စတင္ လိမ့္သြားခ်ိန္  ယေသာ္လင္း  ငိုေခ်ၿပီ။

အပါင္းသင္းမက္တဲ့ ယေသာ္က  ဦးခ်ီ ျပန္တိုင္းထိုသို ႔ပင္။

" ကိုကို ..ကိုကို  !! "

ယေသာ္လင္း၏ ေျခေထာက္ေသးေသးေလးေတြသည္ ကားေနာက္ကို လက္သင့္မခံနိုင္စြာ အတင္း ေျပးလိုက္ေနမိသည္။
မသြားေစခ်င္ပါ။ လံုးဝမသြားေစေသးပါ။
ကားသည္ တျဖည္းျဖည္းျမန္ျမန္ဆန္ဆန္ေမာင္းနွင္ သြားသည္။

ယေသာ္လင္းေျပးလိုက္ေနဆဲပင္။
ပါးစပ္ကလည္း ကိုကိုဟု မျပတ္ ေခၚကာ ေျပးေနတာမေလ်ာ့ေသးေပ။
ပုညာဦးခ်ီ နဲ ့ယေသာ္လင္း သည္ အၿမဲ
သတ္ေလ့ရွိေသာ မတည့္အတူေန လူနွစ္ေယာက္ျဖစ္သည္။

မည္သို ႔ပင္ မတည့္မပါေစ  ယေသာ္လင္းအတြက္ ကိုကိုက
နားလည္ေပးတက္ေသာ၊ ၾကင္နာတက္ေသာ  သူငယ္ခ်င္းေကာင္းတစ္ေယာက္ပင္။
လမ္းေထာင့္ ခ်ိဳးမွာ ကားကေကြ ႕သြားၿပီ
ျဖစ္သည္။ ျမင္ကြင္းကေန ေပ်ာက္ကြယ္သြားေသာ ကားေၾကာင့္ ဝမ္းနည္းစြာ ေျပးေနဆဲ ေျခလွမ္းေတြကို ရပ္တန္ ႔မိသည္။

ထို ႔ေနာက္  ယေသာ္တစ္ေယာက္   ငုိေနလ်က္နဲ ့ လမ္းေဘးမွာ ငုတ္တုတ္ထိုင္လိုက္သည္။
ကိုကို တကယ္ျပန္သြားေလၿပီ။

ညဆို ေနာက္ေဖးသြားဖို ႔သိပ္ေၾကာက္တက္တဲ့ ယေသာ့္ကို ယခုမူ  လိုက္ပို ႔ေပးမဲ့ သူမရွိေတာ့သလို
ယေသာ္ ႀကိဳက္တဲ့ ဟင္းထမင္းေတြကို ေသခ်ာ ဂရုတစိုက္ခ်က္ေကြၽးမဲ့ သူမရွိေတာ့။

ဖခင္ေမတၲာမရရွိခဲ့တဲ့ ယေသာ္အတြက္ ဦးခ်ီက အေဖလိုပင္။ တခါတေလ ဦးခ်ီ ဖက္ထားရင္ ခနၶာကိုယ္သည္ နာက်င္ရေပမဲ့
လံုၿခံဳ ေႏြးေထြးတယ္ဟု ခံစားရ၍ ယေသာ္
အဖက္ခံ အခြခံကာ စိတ္မပ်က္ပဲ အိမ္ေပ်ာ္တက္ခဲ့သည္။  ဒါေပမဲ့  ခုခ်ိန္မွာေတာ့ 
အရာရာအကုန္လံုးသည္ အိမ္မက္တခုလိုပင္ျဖစ္ခဲ့ၿပီ။ ပုညာဦးခ်ီ လူဆိုးေကာင္သည္
ယေသာ္လင္းကို တေယာက္ထဲ ထားရစ္ခဲ့ေလသည္။

" ေသာ္  "

ျမင္ကြင္းထဲဝင္လာတ ပုဆိုးစေလးနဲ ့
သားေရဖိနပ္ သဲႀကိဳးေလး ။

"  ကိုကို  ! "

ယေသာ္ ေမာ့ၾကည့္ၿပီး ေခၚသည္။
ၿပီးေတာ့ ေခါင္းငံု ႔ကာ ငိုေတာ့သည္။

ဦးခ်ီ ဒူးေထာက္ထိုက္ကာ ယေသာ္ကို ေပြ ႕ဖက္လိုက္သည္။ အားငယ္စိတ္ကေလးဝင္ေနတက္ ယေသာ္၊  သနားစရာ ယေသာ္ေလး ..

" ငါ ျပန္ေတာ့မွာလို ႔ေျပာခဲ့တယ္ေလ။ ေျပးမလိုက္နဲ ့ေတာ့ေနာ္။  ငါ အိမ္ျပန္ေရာက္ရင္လည္း  အၿမဲဖုန္းဆက္ေနမွာပဲ ကို ၊ အားငယ္တက္ရန္ေကာ ေသာ္ရာ ။ တိတ္..တိတ္ ။ "

ေက်ာျပင္ကို ဖြဖြပုတ္ကာ ယေသာ္လင္းကို ေခ်ာ့ေနမိသည္။ ဒီခံစားခ်က္ကို ဦးခ်ီသိပါသည္။

ခ်န္ထားခဲ့ရသူနဲ ့ က်န္ေနခဲ့ရသူမွာ 
နာက်င္မူ ႔က မည္သူက သာမည္နည္း။
ဦးခ်ီနွင့္ ေသာ္ရဲ႕  ခင္မင္္မူ ႔သည္  နွစ္ေတြပင္ၾကာခဲ့ေလၿပီ။ ေနရာေတြ ေဝးကြာရုံနဲ ့
ရင္ဖက္ခ်င္း မနီးရေတာ့ဘူးတဲ့လား။
တနွစ္ေနမွ ၂ခါသာေတြ ႕ရတဲ့ သူ တို ႔သူငယ္ခ်င္းနွစ္ေယာက္ ၏ သံေယာဇဥ္သည္
စြယ္ေတာ္႐ြက္ေလးလိုပင္။
ထို ႔ေၾကာင့္ ယေသာ္လင္းခံစားရသလို ဦးခ်ီသည္လည္းထပ္တူပင္ ခံစားရပါသည္။

" မင္းနဲ ့ အတူတူ ငါလည္းဝမ္းနည္းတာပဲ ေသာ္ရာ။ ေနာက္ဆို မင္းနဲ အတူ ရွိေနေပးမွာ မလို ႔ မငိုပဲ အားတင္းထားပါ ။ "

" ငါမငိုေတာ့ပါဘူး ။ သြားေတာ့ေလ 
အျပန္ေနာက္က်ေနမယ္ "

မ်က္ရည္ေတြ သုတ္ရင္း ယေသာ္လင္းက
ဦးခ်ီ ကို ျပန္ဖို ႔ေျပာလာသည္။
တည္ၿငိမ္ေနေသာ မ်က္နွာအရ  သူ အဆင္ေျပသြားပံုပင္။
နီေနေသာ နွာေခါင္းထိပ္ေလးေၾကာင့္ ဦးခ်ီ
ပုဆိုးစကို ကိုင္ကာ နွာေခါင္းနားကပ္ေပးလိုက္သည္။

ပါးစပ္ကလည္း
ညႇစ္လိုက္ ေသာ္ ဟု ေျပာလိုက္ေသးသည္။  ယေသာ္က ေနသားက်ေနသည္မို ႔
ထိုသို ႔ဦးခ်ီ လုပ္ေပးတာကို  ရွက္ေတာင္မရွက္ေတာ့ေပ။ အသံထြက္ေအာင္ နွပ္ေတြ ညႇစ္ေပးရင္း ဦးခ်ီ ပုဆိုးကို ညစ္ပတ္ေအာင္ လုပ္ေသးသည္။

ထိုအက်င့္သည္  ဦးခ်ီ ကိုယ္တိုင္ ယေသာ္ကို လုပ္ေပးထားခဲ့ျခင္းသာ။

ငယ္စဥ္ကတည္းက လူႀကီးလုပ္ခ်င္လွတဲ့ ဦးခ်ီ သည္ ယေသာ့္ထံမွ ကိုကို အေခၚခံကာ ကေလးတစ္ေယာက္ လို မုန္႔ခြံ ့ေရတိုက္နဲ ့ ျပဳလုပ္ေပးတက္သူပင္။
ထိုမ်ွမကေသး  ၇နွစ္အ႐ြယ္ကစလို ႔
ဦးခ်ီ ၏ ပုဆိုးအနားတို ႔သည္  ယေသာ္လင္း၏  လက္သုတ္စရာ ၊ ပါးစပ္သုတ္စရာ
ျဖစ္ခဲ့ရသလို တခါတေလ  ခုလို နွပ္သုတ္လည္းျဖစ္ရေသးသည္။

ယေသာ္လင္း၏ အညစ္အေၾကးသည္
ဦးခ်ီ အတြက္ ႐ြံစရာမဟုတ္သည္မွာ ကေလးဘဝကတည္းကပင္။

ထို ႔အတူ  သူငယ္နာမစင္ခဲ့တဲ့ ဦးခ်ီ သည္
ညဆို သြားရည္က် တက္သည္။ အသန္႔ရွင္းႀကိဳက္တက္ေသာ ယေသာ္လင္းသည္
အရင္လို ဦးခ်ီ ကို သူ ႔ေခါင္းအုန္းေပၚလာအိပ္ရင္ တြန္းမခ်ေတာ့ပါ။ 

ယေသာ္က လည္း ဂရုစိုက္မူ ႔လိုခ်င္သူမို ႔
သူတို႔နွစ္ေယာက္သည္ အေတာ္ေလး
လိုက္ေလ်ာညီေထြရွိလွသည္ဟု ဆိုရမွာပင္။ ကားကေလးသည္ တျဖည္းျဖည္းမန္းေလးကေန  ထြက္ခြာလာခဲ့သည္။
ဧည့္သည္သည္ အခ်ိန္တန္ရင္ အိမ္ျပန္ရမွာပင္။  ေနရာေတြေ၀းကြာေနေပမဲ့
ျဖဴ စင္ဆဲ သံေယာဇဥ္ ႀကိဳးေတြသည္  ခိုင္ၿမဲတင္းၾကပ္ေနလ်က္ပင္။

၃နွစ္ၾကာေသာ္  ....

" ပါးပါး  ..ဖုန္းေရာ ဖုန္း  "

တနဂၤေႏြေန ႔ မနက္ခင္းတိုင္းတြင္ ပံုညာဦးခ်ီ၏ အသံၾသၾသႀကီးသည္  ျပာယာခတ္ေအာင္ၾကားေနရစၿမဲပင္။ ၁၀တန္းမေအာင္ေသး၍ ကိုယ္ပိုင္ဖုန္းမရွိေသးတဲ့ ဦးခ်ီသည္  ပါးပါးတို ႔ဆီက ဖုန္းကို ဆက္စရာရိွသည့္အခ်ိန္တိုင္းငွားယူေနရ၏။

"  ဖုန္းက ေကာင္တာေပၚမွာေလ ။
လာအုန္း
ဒီကို။  ဒီ ဆီပံုးနွစ္ပံုးကို    မမေတြ မနိုင္လို ႔အျပင္ထုတ္ေပးလိုက္ "

ထြားက်ိဳင္းလာတဲ့ ပံုညာဦးခ်ီသည္  ကေလးပံုစံေပ်ာက္လို ႔လာကာ  အသံေနအထားပါမက အရပ္အေမာင္းကိုယ္ခနၶာပါ
ႀကီးမားလို႔လာေလသည္။

မိန္းကေလး အလုပ္သမားေတြကို အေလးအပင္မ,မ ခိုင္းသည္မို ႔  ပြဲရုံဖက္က ဝန္ထမ္းအကိုေတြျဖစ္ေစ ၊ ဦးခ်ီျဖစ္ေစ ႀကံဳရင္ႀကံဳသလို လုပ္ေပးေနၾကပင္။ ယခုမွ မလုပ္ေပးခ်င္ပါဘူးလို ႔ ျငင္းမေကာင္းေတာ့  ပါးပါးကို  မ်က္ေမွာင္ကုတ္ျပကာ  ဆီးပံုးနွစ္ပံုးကို သစ္႐ြက္ နွစ္႐ြက္ ေကာက္ကုိင္သလို   ျမန္ျမန္မ ၿပီး အျပင္ကိုထုတ္ေပးလိုက္သည္။

သူလုပ္စရာရွိတာလုပ္ေပးၿပီးတာနဲ ့ သူ ႔အရပ္ႀကီးမွအားမနာ ေျပးေလၿပီ။
ေကာင္းခ်ီ သည္ အေနာက္ကေန သူ ႔သားပံုစံကို ၾကည့္ကာ ေခါင္းရမ္းလိုက္မ္ိသည္။

ထြားက်ိဳင္းမူ ႔သည္ ေၾကာက္စရာေကာင္းလွေအာင္ပင္။
ငယ္ငယ္က ေကြၽးခဲ့ေသာ အားေဆးေတြေၾကာင့္လားဟုပင္ မသိေတာ့ေခ်။

ေရႊညိဳေရာင္အသားေရသည္ ထူးျခားတင္းေျပာင္ကာ လွပလို ႔ ေနေလေပမဲ့ 
လိုတာထက္ပိုေသာ ကိုယ္ခနၶာႀကီးေၾကာင့္  လူဝံႀကီးနဲ ့တူကာ  ေၾကာက္စရာေကာင္းေန၏။

ေကာင္းခ်ီ ၏ ၁၆နွစ္အ႐ြယ္သားပ်ိဳ သည္
ယခုအ႐ြယ္မွာေတာင္သူ႔နီးပါးအရပ္ရွည္ေနေသာေၾကာင့္  မၾကာခင္မွာပင္ သူ ႔ကိုေက်ာ္သြားဦးမည့္သေဘာရွိေနသည္။

မ်ိဳးရုိးဗီဇ သည္ မိခင္ဖက္ကိုသြားတူေလသလားမသိ။  ကိုယ္လံုးကိုယ္ေပါက္၏
ပစ္စလက္ခတ္ထြားက်ိဳင္း လာမူ ႔သည္  သူ ႔ကိုပင္ ေအးေအးေဆးေဆးကိုင္ေပါက္နိုင္တဲ့ အ႐ြယ္အစားရွိေလသည္။

ေကာင္းခ်ီသည္ပင္ သားနဲ ့ယွဥ္တိုင္း ေသးသြားကာ  သက္ပံုဆိုလ်ွင္မေျပာနဲ ့ေတာ့ေပ။

" သက္ပံု !! သား ကိုဖုန္းေလးေပးပါ  "

အေမာတေကာ ေျပးလာတဲ့သားေၾကာင့္
ေရတြက္ လက္စ ပိုက္ဆံကို  ခ်ကာ  အံဆြဲထဲက ဖုန္းကို ထုတ္ေပးလိုက္သည္။
ကမန္းကတမ္းလွမ္းယူကာ  ေျပးထြက္သြားတဲ့ လူဝံႀကီးသည္ ေလွကားထစ္မ်ားကိုေတာ့ ျဖည္းညင္းစြာ ဆင္မယဥ္သာ တက္လို႔သြားေလသည္။

" ခ်စ္စရာႀကီး "

ၿပံဳးလ်က္ၾကည့္ေနေသာ သက္ပံုသည္ မေျပာင္းသြားတဲ့  အက်င့္ေကာင္းေလးကို ၾကည့္ကာ ေက်နပ္ေနမိသည္။

ေလွကားတက္တိုင္းျဖည္းျဖည္းတက္
လို ႔မေျပာရေတာ့တာေတာင္ျကာေလျပီ။  

အခန္းတြင္းမွာ ေတာင္ေလ်ွာက္လိုက္ေျမာက္ေလ်ွာက္လိုက္နွင့္  ေစာင့္ေနမိစဥ္ ၁၀နာရီထိုးၿပီး ၅မိနစ္ခန္႔လြန္မွ  အေဆာင္ဖုန္းနံပါတ္ တခု ဖုန္း၀င္လာေတာ့ ဦးခ်ီ အျမန္ပင္ ကိုင္လိုက္ရသည္။

"Hello ! ေသာ္  "

" hello! ကိုကို  ။ sorry  ေရွ ႔ကတစ္ေယာက္ ဖုန္း ေျပာေနလို ႔ေစာင့္ေနရတယ္။ "

"ရတယ္ မၾကာပါဘူး။ ေနရတာ အဆင္ေျပလားေသာ္  ။ မၾကာခင္ စားေမးပြဲေတြ ေျဖရေတာ့မယ္ေနာ္။ စာေတြေတာ့ရေနေလာက္ပါၿပီ  ဟုတ္တယ္မို႔လား "

"ငါက ဘယ္သူမို ႔လို ႔လဲ။  အခု ဆယ္တန္းကို  ဂုဏ္ထူးေတြ အမ်ားႀကီး မင္းအတြက္ယူေပးမယ္ ။ စိတ္ပူမေနနဲ ့။  မင္းသာ စာမ်ားမ်ားလုပ္။ ငါေျပာထားတာ မေမ့နဲ ့ေနာ္ ။  အနည္းဆံုး  ၂ခုမပါရင္ မင္းငါနဲ ့စကားလာေျပာဖို ႔မစဥ္းစားနဲ ့ "

ရာဇသံသည္ ျပင္းလြန္းလွသည္။
မ်က္စိေရွ ႔က  စာအုပ္စင္ကို ၾကည့္ကာ သက္ျပင္းခ်မိသည္ကလည္းအခါခါ ပင္။
စာေတြ လုပ္ရမွာေလာက္ ပ်င္းစရာေကာင္းတာမရွိေတာၿပီ။ နွစ္တိုင္း  ေသ့ာ္ေၾကာင့္သာ ေအာက္ဆံုးဆင့္ထိ မေရာက္ခဲ့တာျဖစ္သည္။ ဦးခ်ီ စိတ္နဲ ့ဆိုရင္ ေအာင္မွတ္ရရုံေလာက္နဲ ့သာ ေက်နပ္ေပလိမ့္မည္။

ဒါေပမဲ့ ေသာ္ကေတာ့ အရမ္းေတာ္ပါသည္။

ကုတင္၏ ေဘးတစ္ဖက္ တြင္ စင္လွလွေလးနွင့္ ေသခ်ာ တင္ထားေသာ   ပစၥည္းမ်ားသည္ ယေသာ္လင္း၏ ေအာင္ျမင္မူ ႔မွတ္တမ္းမ်ားပင္။ နွစ္တိုင္း  ဆုမ်ားစြာကို ေျပာထားတဲ့ ကတိစကားအတိုင္း ဦးခ်ီ အတြက္ ယူေပးေလ့ရွိသည္။ လစဥ္လတိုင္းရတက္ေသာ  ဆုမ်ားအျပင္  ေက်ာင္းက ဘာပြဲလုပ္လုပ္ ယေသာ္လင္းက  ဆုတစ္ဆုေတာ့ပါေအာင္ ႀကိဳးစားေပးတက္သည္။
ရသည့္ဆုမ်ားကို ေဘာပင္ကမခ်န္ ဦးခ်ီ ဆီကို ျပန္ပို ႔ေပးတက္သလို သူ၏ ေက်ာင္းသံုး လိုအပ္ခ်က္မ်ားကိုလည္း ဦးခ်ီလွမ္းေပးသမ်ွကိုသာ သံုးေလသည္။

ယခုနွစ္ ၁၀တန္းတြင္ ယေသာ္လင္းသည္
သူတက္ေနေသာ နာမည္ႀကီး ကိုယ္ပိုင္ေက်ာင္းတြင္ ေက်ာင္းလခ လံုးဝေပးစရာမလိုခဲ့ေပ။  အေၾကာင္းမွာ ၉တန္း စာသင္နွစ္တြင္  အမွတ္မ်ားဆံုး သံုးေယာက္ကို 
ေက်ာင္းဝင္ေၾကးအခမဲ့ အျဖစ္ဆုေပးခဲ့၍ပင္။ 

က်န္းမာေရး  မေကာင္းလွတဲ့ အန္တီခင္ေလးကိုေတာ့  သက္ပံုက ေကာင္မေလးတစ္ေယာက္ငွားကာ အနားမွာထား၍ျပဳစုေစေလသည္ ။ ဘိုးဘိုးတို ႔လည္း အန္တီခင္ေလးကို ပစ္မထားေပ။
တစ္ပတ္ကို၂ခါေလာက္ေတာ့ လူလႊတ္ၾကည့္ခိုင္းတာမ်ိဳး လုပ္ေပးတက္သည္မို ႔
ယေသာ္လင္းတစ္ေယာက္ စိတ္ေအးလက္ေအး စာသင္နိုင္ျခင္းျဖစ္သည္။

အခ်ိန္ေတြသည္ အရာရာကို မေန႔ကနဲ ့မတူစြာ ေျပာင္းလဲေစသည္။ ထိုေျပာင္းလဲမူ ႔မ်ားတြင္ ေသာ္နဲ ့ဦးခ်ီ၏  ခင္မင္မူ ႔ေတာ့မပါခဲ့ပါ။  နွစ္စဥ္နွစ္တိုင္း အရင္လို ေတြ ႕ဖို ႔မလြယ္ခဲ့ေပမဲ့  အဝါေရာင္ နွင္းဆီကိတ္ေလးတစ္လံုးေတာ့ ယေသာ္လင္းဆီေရာက္ေအာင္ပို ႔ေပးေနတုန္းပင္။

ခ်စ္တဲ့အိမ္စည္။

 

"ငါ ပြန်တော့မယ် သော်။ အန်တီခင်လေးကို သေချာ ဂရုစိုက်ဦးနော်။ လိုအပ်တာရှိရင်လည်းဖုန်းဆက်လိုက်။ ပြီးတော့  ငါဝယ်ပေးခဲ့တဲ့ အရပ်ရှည်ဆေးတွေ သောက်ဖို့ မေ့မနေနဲ့  "

ထိုစကားတွေက အကြိမ်ကြိမ်မှာထားပြီးသားဖြစ်ပေမဲ့ သော် ခေါင်းညိမ့်ကာ နားထောင်နေပေဆဲပင်။ မပြန်စေချင်သေးပေမဲ့ ကျောင်းတွေဖွင့်တော့မှာမို့  ဦးချီ ပြန်ရတော့မည်ဖြစ်သည်။ ကားပေါ်တက်တော့မဲ့ ကိုကို့ လက်ကို ယသော် လွှတ်မပေးမိသေး။

" လွှတ်တော့လေ သော်ရဲ့ ။ အပြန်နေပူလိမ့်မယ်  " 

ဆုပ်ကိုင်ထားဆဲ လက်တွေကို ကြည့်ကာ ယသော်လင်း သက်ပြင်းချနေမိသည်။
ထို့ နောက် ဖြည်းညင်းစွာ လွှတ်ပေးလိုက်သည်။  အနည်းငယ်မှ  မပြန်စေချင်သေးတာအမှန်ပင်။ ဦးချီ လာနေပေးတဲ့ အခိုက်အတန့်မှာ  ယသော် အမှန်ပင်အားရှိလှသည်။ အိမ်မှာ သားမိနှစ်ယောက်ထဲ မို့
ယသော်အတွက် ဦးချီ လာရောက်နေထိုင်တဲ့ အချိန်တွေဆိုရင် အဖော်လည်းရသလို အားလည်းကိုးရသည်။

" ဖြည်းဖြည်းသွား ကိုကို   "

နှုတ်ဆက် မူ့ သည် မကြာခဏကြုံတွေ့ နေခဲ့ရတောင် အသားမကျနေသေးပေ။ကားက စတင်၍ ရွေ့ လျားသွား၏။
စိတ်ထဲ အတူမရှိရတော့ဘူးဆိုတဲ့
လစ်ဟာမူ့ က ပြင်းထန်စွာဖြစ်ပေါ်လာသည်။  ပုံညာဦးချီကိုလုံးဝ  မသွားစေချင် ဖြစ်နေသည်။
ကားဘီးသည် တစ်လိမ့်ခြင်း တစ်လိမ့်  စတင် လိမ့်သွားချိန်  ယသော်လင်း  ငိုချေပြီ။

အပါင်းသင်းမက်တဲ့ ယသော်က  ဦးချီ ပြန်တိုင်းထိုသို့ ပင်။

" ကိုကို ..ကိုကို  !! "

ယသော်လင်း၏ ခြေထောက်သေးသေးလေးတွေသည် ကားနောက်ကို လက်သင့်မခံနိုင်စွာ အတင်း ပြေးလိုက်နေမိသည်။
မသွားစေချင်ပါ။ လုံးဝမသွားစေသေးပါ။
ကားသည် တဖြည်းဖြည်းမြန်မြန်ဆန်ဆန်မောင်းနှင် သွားသည်။

ယသော်လင်းပြေးလိုက်နေဆဲပင်။
ပါးစပ်ကလည်း ကိုကိုဟု မပြတ် ခေါ်ကာ ပြေးနေတာမလျော့သေးပေ။
ပုညာဦးချီ နဲ့ ယသော်လင်း သည် အမြဲ
သတ်လေ့ရှိသော မတည့်အတူနေ လူနှစ်ယောက်ဖြစ်သည်။

မည်သို့ ပင် မတည့်မပါစေ  ယသော်လင်းအတွက် ကိုကိုက
နားလည်ပေးတက်သော၊ ကြင်နာတက်သော  သူငယ်ချင်းကောင်းတစ်ယောက်ပင်။
လမ်းထောင့် ချိုးမှာ ကားကကွေ့ သွားပြီ
ဖြစ်သည်။ မြင်ကွင်းကနေ ပျောက်ကွယ်သွားသော ကားကြောင့် ဝမ်းနည်းစွာ ပြေးနေဆဲ ခြေလှမ်းတွေကို ရပ်တန့် မိသည်။

ထို့ နောက်  ယသော်တစ်ယောက်   ငိုနေလျက်နဲ့  လမ်းဘေးမှာ ငုတ်တုတ်ထိုင်လိုက်သည်။
ကိုကို တကယ်ပြန်သွားလေပြီ။

ညဆို နောက်ဖေးသွားဖို့ သိပ်ကြောက်တက်တဲ့ ယသော့်ကို ယခုမူ  လိုက်ပို့ ပေးမဲ့ သူမရှိတော့သလို
ယသော် ကြိုက်တဲ့ ဟင်းထမင်းတွေကို သေချာ ဂရုတစိုက်ချက်ကျွေးမဲ့ သူမရှိတော့။

ဖခင်မေတ္တာမရရှိခဲ့တဲ့ ယသော်အတွက် ဦးချီက အဖေလိုပင်။ တခါတလေ ဦးချီ ဖက်ထားရင် ခန္ဓာကိုယ်သည် နာကျင်ရပေမဲ့
လုံခြုံ နွေးထွေးတယ်ဟု ခံစားရ၍ ယသော်
အဖက်ခံ အခွခံကာ စိတ်မပျက်ပဲ အိမ်ပျော်တက်ခဲ့သည်။  ဒါပေမဲ့  ခုချိန်မှာတော့ 
အရာရာအကုန်လုံးသည် အိမ်မက်တခုလိုပင်ဖြစ်ခဲ့ပြီ။ ပုညာဦးချီ လူဆိုးကောင်သည်
ယသော်လင်းကို တယောက်ထဲ ထားရစ်ခဲ့လေသည်။

" သော်  "

မြင်ကွင်းထဲဝင်လာတ ပုဆိုးစလေးနဲ့ 
သားရေဖိနပ် သဲကြိုးလေး ။

"  ကိုကို  ! "

ယသော် မော့ကြည့်ပြီး ခေါ်သည်။
ပြီးတော့ ခေါင်းငုံ့ ကာ ငိုတော့သည်။

ဦးချီ ဒူးထောက်ထိုက်ကာ ယသော်ကို ပွေ့ ဖက်လိုက်သည်။ အားငယ်စိတ်ကလေးဝင်နေတက် ယသော်၊  သနားစရာ ယသော်လေး ..

" ငါ ပြန်တော့မှာလို့ ပြောခဲ့တယ်လေ။ ပြေးမလိုက်နဲ့ တော့နော်။  ငါ အိမ်ပြန်ရောက်ရင်လည်း  အမြဲဖုန်းဆက်နေမှာပဲ ကို ၊ အားငယ်တက်ရန်ကော သော်ရာ ။ တိတ်..တိတ် ။ "

ကျောပြင်ကို ဖွဖွပုတ်ကာ ယသော်လင်းကို ချော့နေမိသည်။ ဒီခံစားချက်ကို ဦးချီသိပါသည်။

ချန်ထားခဲ့ရသူနဲ့  ကျန်နေခဲ့ရသူမှာ 
နာကျင်မူ့ က မည်သူက သာမည်နည်း။
ဦးချီနှင့် သော်ရဲ့  ခင်မင်မူ့ သည်  နှစ်တွေပင်ကြာခဲ့လေပြီ။ နေရာတွေ ဝေးကွာရုံနဲ့
ရင်ဖက်ချင်း မနီးရတော့ဘူးတဲ့လား။
တနှစ်နေမှ ၂ခါသာတွေ့ ရတဲ့ သူ တို့ သူငယ်ချင်းနှစ်ယောက် ၏ သံယောဇဉ်သည်
စွယ်တော်ရွက်လေးလိုပင်။
ထို့ ကြောင့် ယသော်လင်းခံစားရသလို ဦးချီသည်လည်းထပ်တူပင် ခံစားရပါသည်။

" မင်းနဲ့  အတူတူ ငါလည်းဝမ်းနည်းတာပဲ သော်ရာ။ နောက်ဆို မင်းနဲ အတူ ရှိနေပေးမှာ မလို့  မငိုပဲ အားတင်းထားပါ ။ "

" ငါမငိုတော့ပါဘူး ။ သွားတော့လေ 
အပြန်နောက်ကျနေမယ် "

မျက်ရည်တွေ သုတ်ရင်း ယသော်လင်းက
ဦးချီ ကို ပြန်ဖို့ ပြောလာသည်။
တည်ငြိမ်နေသော မျက်နှာအရ  သူ အဆင်ပြေသွားပုံပင်။
နီနေသော နှာခေါင်းထိပ်လေးကြောင့် ဦးချီ
ပုဆိုးစကို ကိုင်ကာ နှာခေါင်းနားကပ်ပေးလိုက်သည်။

ပါးစပ်ကလည်း
ညှစ်လိုက် သော် ဟု ပြောလိုက်သေးသည်။  ယသော်က နေသားကျနေသည်မို့
ထိုသို့ ဦးချီ လုပ်ပေးတာကို  ရှက်တောင်မရှက်တော့ပေ။ အသံထွက်အောင် နှပ်တွေ ညှစ်ပေးရင်း ဦးချီ ပုဆိုးကို ညစ်ပတ်အောင် လုပ်သေးသည်။

ထိုအကျင့်သည်  ဦးချီ ကိုယ်တိုင် ယသော်ကို လုပ်ပေးထားခဲ့ခြင်းသာ။

ငယ်စဉ်ကတည်းက လူကြီးလုပ်ချင်လှတဲ့ ဦးချီ သည် ယသော့်ထံမှ ကိုကို အခေါ်ခံကာ ကလေးတစ်ယောက် လို မုန့်ခွံ့ ရေတိုက်နဲ့  ပြုလုပ်ပေးတက်သူပင်။
ထိုမျှမကသေး  ၇နှစ်အရွယ်ကစလို့ 
ဦးချီ ၏ ပုဆိုးအနားတို့ သည်  ယသော်လင်း၏  လက်သုတ်စရာ ၊ ပါးစပ်သုတ်စရာ
ဖြစ်ခဲ့ရသလို တခါတလေ  ခုလို နှပ်သုတ်လည်းဖြစ်ရသေးသည်။

ယသော်လင်း၏ အညစ်အကြေးသည်
ဦးချီ အတွက် ရွံစရာမဟုတ်သည်မှာ ကလေးဘဝကတည်းကပင်။

ထို့ အတူ  သူငယ်နာမစင်ခဲ့တဲ့ ဦးချီ သည်
ညဆို သွားရည်ကျ တက်သည်။ အသန့်ရှင်းကြိုက်တက်သော ယသော်လင်းသည်
အရင်လို ဦးချီ ကို သူ့ ခေါင်းအုန်းပေါ်လာအိပ်ရင် တွန်းမချတော့ပါ။ 

ယသော်က လည်း ဂရုစိုက်မူ့ လိုချင်သူမို့ 
သူတို့နှစ်ယောက်သည် အတော်လေး
လိုက်လျောညီထွေရှိလှသည်ဟု ဆိုရမှာပင်။ ကားကလေးသည် တဖြည်းဖြည်းမန်းလေးကနေ  ထွက်ခွာလာခဲ့သည်။
ဧည့်သည်သည် အချိန်တန်ရင် အိမ်ပြန်ရမှာပင်။  နေရာတွေဝေးကွာနေပေမဲ့
ဖြူ စင်ဆဲ သံယောဇဉ် ကြိုးတွေသည်  ခိုင်မြဲတင်းကြပ်နေလျက်ပင်။

၃နှစ်ကြာသော်  ....

" ပါးပါး  ..ဖုန်းရော ဖုန်း  "

တနင်္ဂနွေနေ့  မနက်ခင်းတိုင်းတွင် ပုံညာဦးချီ၏ အသံသြသြကြီးသည်  ပြာယာခတ်အောင်ကြားနေရစမြဲပင်။ ၁၀တန်းမအောင်သေး၍ ကိုယ်ပိုင်ဖုန်းမရှိသေးတဲ့ ဦးချီသည်  ပါးပါးတို့ ဆီက ဖုန်းကို ဆက်စရာရှိသည့်အချိန်တိုင်းငှားယူနေရ၏။

"  ဖုန်းက ကောင်တာပေါ်မှာလေ ။
လာအုန်း
ဒီကို။  ဒီ ဆီပုံးနှစ်ပုံးကို    မမတွေ မနိုင်လို့ အပြင်ထုတ်ပေးလိုက် "

ထွားကျိုင်းလာတဲ့ ပုံညာဦးချီသည်  ကလေးပုံစံပျောက်လို့ လာကာ  အသံနေအထားပါမက အရပ်အမောင်းကိုယ်ခန္ဓာပါ
ကြီးမားလို့လာလေသည်။

မိန်းကလေး အလုပ်သမားတွေကို အလေးအပင်မ,မ ခိုင်းသည်မို့   ပွဲရုံဖက်က ဝန်ထမ်းအကိုတွေဖြစ်စေ ၊ ဦးချီဖြစ်စေ ကြုံရင်ကြုံသလို လုပ်ပေးနေကြပင်။ ယခုမှ မလုပ်ပေးချင်ပါဘူးလို့  ငြင်းမကောင်းတော့  ပါးပါးကို  မျက်မှောင်ကုတ်ပြကာ  ဆီးပုံးနှစ်ပုံးကို သစ်ရွက် နှစ်ရွက် ကောက်ကိုင်သလို   မြန်မြန်မ ပြီး အပြင်ကိုထုတ်ပေးလိုက်သည်။

သူလုပ်စရာရှိတာလုပ်ပေးပြီးတာနဲ့  သူ့ အရပ်ကြီးမှအားမနာ ပြေးလေပြီ။
ကောင်းချီ သည် အနောက်ကနေ သူ့ သားပုံစံကို ကြည့်ကာ ခေါင်းရမ်းလိုက်မ်ိသည်။

ထွားကျိုင်းမူ့ သည် ကြောက်စရာကောင်းလှအောင်ပင်။
ငယ်ငယ်က ကျွေးခဲ့သော အားဆေးတွေကြောင့်လားဟုပင် မသိတော့ချေ။

ရွှေညိုရောင်အသားရေသည် ထူးခြားတင်းပြောင်ကာ လှပလို့  နေလေပေမဲ့ 
လိုတာထက်ပိုသော ကိုယ်ခန္ဓာကြီးကြောင့်  လူဝံကြီးနဲ့ တူကာ  ကြောက်စရာကောင်းနေ၏။

ကောင်းချီ ၏ ၁၆နှစ်အရွယ်သားပျို သည်
ယခုအရွယ်မှာတောင်သူ့နီးပါးအရပ်ရှည်နေသောကြောင့်  မကြာခင်မှာပင် သူ့ ကိုကျော်သွားဦးမည့်သဘောရှိနေသည်။

မျိုးရိုးဗီဇ သည် မိခင်ဖက်ကိုသွားတူလေသလားမသိ။  ကိုယ်လုံးကိုယ်ပေါက်၏
ပစ်စလက်ခတ်ထွားကျိုင်း လာမူ့ သည်  သူ့ ကိုပင် အေးအေးဆေးဆေးကိုင်ပေါက်နိုင်တဲ့ အရွယ်အစားရှိလေသည်။

ကောင်းချီသည်ပင် သားနဲ့ ယှဉ်တိုင်း သေးသွားကာ  သက်ပုံဆိုလျှင်မပြောနဲ့ တော့ပေ။

" သက်ပုံ !! သား ကိုဖုန်းလေးပေးပါ  "

အမောတကော ပြေးလာတဲ့သားကြောင့်
ရေတွက် လက်စ ပိုက်ဆံကို  ချကာ  အံဆွဲထဲက ဖုန်းကို ထုတ်ပေးလိုက်သည်။
ကမန်းကတမ်းလှမ်းယူကာ  ပြေးထွက်သွားတဲ့ လူဝံကြီးသည် လှေကားထစ်များကိုတော့ ဖြည်းညင်းစွာ ဆင်မယဉ်သာ တက်လို့သွားလေသည်။

" ချစ်စရာကြီး "

ပြုံးလျက်ကြည့်နေသော သက်ပုံသည် မပြောင်းသွားတဲ့  အကျင့်ကောင်းလေးကို ကြည့်ကာ ကျေနပ်နေမိသည်။

လှေကားတက်တိုင်းဖြည်းဖြည်းတက်
လို့ မပြောရတော့တာတောင်ကြာလေပြီ။  

အခန်းတွင်းမှာ တောင်လျှောက်လိုက်မြောက်လျှောက်လိုက်နှင့်  စောင့်နေမိစဉ် ၁၀နာရီထိုးပြီး ၅မိနစ်ခန့်လွန်မှ  အဆောင်ဖုန်းနံပါတ် တခု ဖုန်းဝင်လာတော့ ဦးချီ အမြန်ပင် ကိုင်လိုက်ရသည်။

"Hello ! သော်  "

" hello! ကိုကို  ။ sorry  ရှေ့ ကတစ်ယောက် ဖုန်း ပြောနေလို့ စောင့်နေရတယ်။ "

"ရတယ် မကြာပါဘူး။ နေရတာ အဆင်ပြေလားသော်  ။ မကြာခင် စားမေးပွဲတွေ ဖြေရတော့မယ်နော်။ စာတွေတော့ရနေလောက်ပါပြီ  ဟုတ်တယ်မို့လား "

"ငါက ဘယ်သူမို့ လို့ လဲ။  အခု ဆယ်တန်းကို  ဂုဏ်ထူးတွေ အများကြီး မင်းအတွက်ယူပေးမယ် ။ စိတ်ပူမနေနဲ့ ။  မင်းသာ စာများများလုပ်။ ငါပြောထားတာ မမေ့နဲ့ နော် ။  အနည်းဆုံး  ၂ခုမပါရင် မင်းငါနဲ့ စကားလာပြောဖို့ မစဉ်းစားနဲ့  "

ရာဇသံသည် ပြင်းလွန်းလှသည်။
မျက်စိရှေ့ က  စာအုပ်စင်ကို ကြည့်ကာ သက်ပြင်းချမိသည်ကလည်းအခါခါ ပင်။
စာတွေ လုပ်ရမှာလောက် ပျင်းစရာကောင်းတာမရှိတောပြီ။ နှစ်တိုင်း  သေ့ာ်ကြောင့်သာ အောက်ဆုံးဆင့်ထိ မရောက်ခဲ့တာဖြစ်သည်။ ဦးချီ စိတ်နဲ့ ဆိုရင် အောင်မှတ်ရရုံလောက်နဲ့ သာ ကျေနပ်ပေလိမ့်မည်။

ဒါပေမဲ့ သော်ကတော့ အရမ်းတော်ပါသည်။

ကုတင်၏ ဘေးတစ်ဖက် တွင် စင်လှလှလေးနှင့် သေချာ တင်ထားသော   ပစ္စည်းများသည် ယသော်လင်း၏ အောင်မြင်မူ့ မှတ်တမ်းများပင်။ နှစ်တိုင်း  ဆုများစွာကို ပြောထားတဲ့ ကတိစကားအတိုင်း ဦးချီ အတွက် ယူပေးလေ့ရှိသည်။ လစဉ်လတိုင်းရတက်သော  ဆုများအပြင်  ကျောင်းက ဘာပွဲလုပ်လုပ် ယသော်လင်းက  ဆုတစ်ဆုတော့ပါအောင် ကြိုးစားပေးတက်သည်။
ရသည့်ဆုများကို ဘောပင်ကမချန် ဦးချီ ဆီကို ပြန်ပို့ ပေးတက်သလို သူ၏ ကျောင်းသုံး လိုအပ်ချက်များကိုလည်း ဦးချီလှမ်းပေးသမျှကိုသာ သုံးလေသည်။

ယခုနှစ် ၁၀တန်းတွင် ယသော်လင်းသည်
သူတက်နေသော နာမည်ကြီး ကိုယ်ပိုင်ကျောင်းတွင် ကျောင်းလခ လုံးဝပေးစရာမလိုခဲ့ပေ။  အကြောင်းမှာ ၉တန်း စာသင်နှစ်တွင်  အမှတ်များဆုံး သုံးယောက်ကို 
ကျောင်းဝင်ကြေးအခမဲ့ အဖြစ်ဆုပေးခဲ့၍ပင်။ 

ကျန်းမာရေး  မကောင်းလှတဲ့ အန်တီခင်လေးကိုတော့  သက်ပုံက ကောင်မလေးတစ်ယောက်ငှားကာ အနားမှာထား၍ပြုစုစေလေသည် ။ ဘိုးဘိုးတို့ လည်း အန်တီခင်လေးကို ပစ်မထားပေ။
တစ်ပတ်ကို၂ခါလောက်တော့ လူလွှတ်ကြည့်ခိုင်းတာမျိုး လုပ်ပေးတက်သည်မို့
ယသော်လင်းတစ်ယောက် စိတ်အေးလက်အေး စာသင်နိုင်ခြင်းဖြစ်သည်။

အချိန်တွေသည် အရာရာကို မနေ့ကနဲ့ မတူစွာ ပြောင်းလဲစေသည်။ ထိုပြောင်းလဲမူ့ များတွင် သော်နဲ့ ဦးချီ၏  ခင်မင်မူ့ တော့မပါခဲ့ပါ။  နှစ်စဉ်နှစ်တိုင်း အရင်လို တွေ့ ဖို့ မလွယ်ခဲ့ပေမဲ့  အဝါရောင် နှင်းဆီကိတ်လေးတစ်လုံးတော့ ယသော်လင်းဆီရောက်အောင်ပို့ ပေးနေတုန်းပင်။

ချစ်တဲ့အိမ်စည်။

 

Bạn đang đọc truyện trên: ZingTruyen.Xyz