ZingTruyen.Xyz

နှင်းဆီဝါတို့ နီစွေးစေ(နွင္းဆီဝါတို ႔နီေစြးေစ)completed

16

eainsi23

သီတင္းကြၽတ္ညကို ေရာက္ခဲ့ၿပီ။
သိပ္မၾကာခင္မွာ ဦးခ်ီ လည္း႐ြာကို ျပန္ရေတာ့မည္။ နွစ္တိုင္းသီတင္းကြၽတ္ေန႔ေတြမွာ ယေသာ္လင္းနဲ ့အတူ မန္းေလးမွာလာေရာက္ကုန္ဆံုးေလ့ရွိတဲ့ ဦးခ်ီ သည္
ဒီညမွာလည္း တံငါကုန္း႐ြာက ပါးပါးတို ႔င္မယားကို ေမ့ကာ ေပ်ာ္ရႊင္လ်က္ရွိပါသည္။

လမ္းမီးေရာင္မ်ားအစား အိမ္တိုင္း မွာ
ဖေယာင္းတိုင္ မီးေလးမ်ား၊ မီးပံုလွလွေလးမ်ား ေနရာ ယူလာၾကသည္။
ကေလး၊ လူႀကီးမေ႐ြး လမ္းမထက္မွာ ေပ်ာ္ေပ်ာ္ပါးပါးျဖတ္သန္းသြားလွေနၾကသလို အိမ္ေရွ ႔ေလးေတြမွာလည္း အေရာင္အေသြးစံုလင္လွတဲ့ အလွမီးေလးေတြကို တပ္ဆင္ေနၾကသူမ်ားလည္းရွိသည္။

ထိုအထဲတြင္ ယေသာ္လင္း နွင့္ ဦးခ်ီ ရယ္ လည္းပါသည္။ အန္တီခင္ေလးကေတာ့ အိမ္ေရွ ႔ ပန္းရုံေလးေဘးက ေျမကြက္လပ္ေပၚမွာ ပလက္စတစ္ခံုျပာေလးခ်ထိုင္
ကာ သီတင္းကြၽတ္ည၏အလွအပကို ခံစားေနေလသည္။

ဦးခ်ီ သည္ ရွည္လ်ားေသာ လက္တံမ်ားျဖင့္ ေစ်းခ်ိဳ ကအလွဆင္ဖို ႔ဝယ္လာခဲ့ေသာ ပန္းပြင့္ မီးပံုးေလးမ်ားကို အိမ္ေရွ ႔ တံစက္ၿမိတ္တြင္လွလွပပ ခ်ိတ္ဆြဲေပးေနသည္။
ယေသာ္ေလးကေတာ့ ေဘးကေန ဦးခ်ီ ခ်ိတ္မဲ့ မီးပံုးေလးေတြ ကိုတစ္ပံုးျခင္း ဖေယာင္းတိုင္မီး ထြန္းေပးေနေလသည္။

" ေသာ္ အန္တီခင္ေလးကို ၿပီးရင္
ကန္ေတာ့ၾကမယ္ေနာ္ "

"ေအးပါ ငါသိပါတယ္။ "

ေန ႔ခင္းကပင္ ယေသာ္လင္းနွင့္ဦးခ်ီသည္
ဘိုးဘိုးဆီမွာ ပုဆိုးအထပ္လိုက္နွင့္ သြားကန္ေတာ့ခဲ့ၿပီးေလၿပီမို ႔ အန္တီခင္ေလးကန္ေတာ့ဖို ႔နွင့္ ပါးပါးတို ႔ကိုလွမ္းကန္ေတာ့ဖို ႔သာက်န္ေတာ့သည္။

" လွသြားၿပီ။ ကိုကိုက အရမ္းေတာ္တာပဲ "

တမင္ခိုင္းစားေနမွန္းသိေတာ့ နွာေခါင္းရႈံ ့
ကာ မၾကားခ်င္ေယာင္ေဆာင္ထားလိုက္သည္။ စိတ္ဆိုးျခင္း ၊ စိတ္ခုျခင္းကေတာ့ ယေသာ္လင္းနဲ ့ပတ္သတ္လာရင္ ဦးခ်ီ မွာဘယ္ေတာ့မွရွိမည္မဟုတ္ေပ။

" ကိုကို ေမေမ ့ကို ကန္ေတာ့ပီးရင္
မင္းကိုလည္းေပးစရာရွိေသးတယ္ "

"ဘာေပးမွာလဲ "

စိတ္ဝင္တစားေမးလာတဲ့ မ်က္နွာကို
ယေသာ္ ညစ္က်ယ္က်ယ္ၿပံဳးလ်က္ ေက်ာခိုင္းလိုက္သည္။ ဦးခ်ီ မွာ အက်င့္ေကာင္းေလးတခုရွိသည္။ ထိုအရာ သည္
မေျပာခ်င္ ၊ မသိေစခ်င္တဲ့ အေၾကာင္းမ်ားကို ဇြတ္အတင္းေမးေလ့မရွိတာပင္။

" ေမေမေရ။ သားတို ႔ကန္ေတာ့ခ်င္လို ႔"

အိမ္ေပါက္ဝကေန ယေသာ္ လွမ္းေအာ္လိုက္သည္။

" လာပီ သားရယ္။ အမေလး အထိုင္အထေတြက အသက္ အရမ္းမႀကီးေသးတာတာင္ မလြယ္ေတာ့ဘူး ယေသာ္ေရ "

ဒူးတဖက္ေထာက္ကာ ကုန္းထလာတဲ့လေမေမ့ကို ေျပးတြဲရသည္။
ေမေမ ့အသက္မွ ေလးဆယ္ေက်ာ္ပဲရွိေသးသည္။ ဒါေပမဲ့ တကယ္ကို ဒီနွစ္ပိုင္းရုပ္က်သြားသလို က်န္းမားေရးလည္း မေကာင္းေတာ့ေပ။ အိမ္ခန္းထဲထိ ေရာက္ေအာင္ အသာတြဲပို ႔ၿပီး ကုတင္ေပၚကို ထိုင္ခိုင္းလိုက္သည္။

ဦးခ်ီရယ္၊ ေသာ္ရယ္ကေတာ့ ၾကမ္းခင္းေပၚမွာ ဒူးေလးတုပ္လ်က္ ထိုင္ေနၾကသည္။

" ေမေမ ။ သား ေမေမ့ကို ပိုက္ဆံေလးနဲ ့ကန္ေတာ့ခ်င္လို ႔။ သားပိုက္ဆံႀကီးပဲေတာ့မဟုတ္ဘူး။ ကိုကို ႔ပိုက္ဆံေတြေရာပါတယ္။ ေန ႔ခင္းက ဘိုးဘိုးတို ႔ကိုသြားကန္ေတာ့ေတာ့ မုန္ ႔ဖိုးေပးလိုက္တာေမေမ။ နွစ္ေယာက္ေပါင္းကို ဘိုးဘိုးက ၅ေသာင္း၊ ဦးႀကီးက ၃ေသာင္း ၊ ဦးခ်ိန္း က၁သိန္းေပးလိုက္တယ္။ အဲ့ဒါေမေမ သံုးခ်င္ရာ သံုးရေအာင္ သားတို ႔ကန္ေတာ့မလို႔"

အသင့္ယူလာတဲ့ ပန္းကန္ေလးထဲ မုန္ ႔ဖိုးရတဲ့ ပိုက္ဆံေလးေတြကို ေသခ်ာထည့္ၿပီး ေမေမ့ေဘးကိုခ်ေပးရင္းေျပာျပမိသည္။
တနွစ္တခါ ကန္ေတာ့တိုင္း ဦးခ်ီ ဘိုးဘိုးတို ႔တအိမ္လံုးသည္ ပိုက္ဆံခ်မ္းသာသူေတြမို ႔ မုန္ ႔ေတြ အမ်ားႀကီးေပးတက္သည္။
ဒီနွစ္ရသည္ကေတာ့ အမ်ားဆံုးပင္။

"မဟုတ္တာ။ အန္တီခင္ေလးမယူရက္ပါဦး ဦးခ်ီေလးရယ္။ သားသံုးရေအာင္ခ်န္ထားေလ။ မႏၲေလး ကိုအၾကာႀကီးေနမွ တခါလာရတာ သားမွာ စားခ်င္တာ၊သံုးခ်င္တာရွိဦးမွာေပါ့။ သိမ္းထားပါ။ မဟုတ္ေတာင္အန္တီခင္ေလးတို ႔ဆီမွာ ျဖစ္သလိုစားေသာက္ေနရေတာ့ အားနာေနရတာကိုကြယ္ "

" သားမွာ သက္ပံုေပးလိုက္တဲ့ ပိုက္ဆံက်န္ေသးတယ္အန္တီခင္ေလး ။ နွစ္တိုင္းကန္ေတာ့ေနၾကဟာ ကို ။ လက္ခံလိုက္ပါေနာ္။ "

ေျပာရင္း ယေသာ္လင္းကို လက္တို ႔ကာ နွစ္ေယာက္သား ကန္ေတာ့လိုက္ၾကသည္။အန္တီခင္ေလးသည္ မ်က္ရည္က်လ်က္ ဆုေတြ တသီတတန္းေပးသည္။
ယေသာ္လင္းသည္ ယခင္က အရမ္းဆိုးေသာ ကေလးတစ္ေယာက္ ျဖစ္ခဲ့ေပမဲ့ ယခုမူ သိတက္လိမ္မာေသာ သားတစ္ေယာက္ျဖစ္ခဲ့ေလၿပီ။ မေအ တခု သားတခုမို ႔
ယေသာ္ သူ ႔အေမကို အရမ္းခင္တြယ္ေလ တာကိုေတာ့ ဦးခ်ီ သိသည္။

သီတင္းကြၽတ္ည သည္ သီခ်င္းသံ၊ ေဗ်ာက္အိုးေဖာက္သံေတြ နဲ ့ဆူေနညံေနပါသည္။ သို ႔ေသာ္ ဦးခ်ီ တို ႔နွစ္ေယာက္ သည္
အျပင္ထြက္ မလည္ပဲ ယေသာ္လင္း၏ အခန္းက်ဥ္းက်ဥ္းေလးထဲမွာ ထိုင္လ်က္ တတီတီဝင္ေနေသာ ဖုန္းကို ေစာင့္ေန၏။
အေတာ္ေလးၾကာမွ စကားေျပာသံဆူဆူညံညံမ်ားျဖင့္ ပါးပါး မ်က္နွာတျခမ္းေပၚလာ၏။

" သက္ပံု ကေလးေတြ ကိုမုန္ ႔ဖိုးေပးလိုက္ဦးေနာ္။ ဒီမွာ ခင္ဗ်ားဆီကဖုန္းလာေနၿပီ
ၿပီးရင္ လာခဲ့ေတာ့ဒီကို "

စကားေျပာေနတဲ့ ပါးပါးသည္ ယခုထက္ထိ အမ်ွင္မျပတ္စြာ သက္ပံုနွင့္ စကားေျပာေနတုန္းပင္။ ထို ႔ေၾကာင့္ ေခါင္းရမ္းကာ ေဘးမွာ ထိုင္ေနတဲ့ ယေသာ္လင္းကိုေျပာလိုက္သည္။

" ပါးပါးက သက္ပံု ကို တအားသည္းတာ။
တခါတေလ သားျဖစ္တဲ့ ငါ့ကိုပါေမ့လို ႔ပဲ "

" မင္းမနာလိုေနတာလား။ ငါျမင္တာေတာ့ မင္းအပါအဝင္ မင္းတို ႔မိသားစု
က ပါးပါးေၾကာင့္ ေပ်ာ္ရႊင္ ေအးခ်မ္းေနတာပါပဲ။ ၿပီးေတာ့ မင္းမွတ္ထား ။
အိမ္ေထာင္ဖက္ကို ျမတ္နိုးတန္ဖိုးထားတက္တဲ့ အိမ္ေတြမွာဆိုရင္မ်ားေသာအားျဖင့္ စီးပြားေရးျဖစ္ထြန္းၾကတယ္ ။

"အိမ္သာမွ ဧည့္လာ" ဆိုတဲ့ စကားလိုပဲ စိတ္ခ်မ္းသာစရာေကာင္းတဲ့ အိမ္ေတြက ဧည့္သည္ ေပါသလို အိမ္ရဲ႕ သာယာျခင္းအက်ိဳးေတြေၾကာင့္ အလာဘ္လာဘ တိုးတယ္။ လာဘ္ရႊင္တယ္။ အဲ့ဒါေၾကာင့္ ယုတ္ရင္းၾကမ္းတမ္း ဆဲဆိုတက္တဲ့ အိမ္၊
ကိုယ့္သားမယား ကို အျပစ္ျမင္ ရုိက္နွက္တက္တဲ့ အိမ္ေထာင္ဦးစီးရွိတဲ့အိမ္
ေတြ က မ်ားေသာ အားျဖင္ ့ လာဘ္တိတ္ၾကတယ္။ စီးပြားေရးျဖစ္ထြန္းမူ ႔နည္းၾကတယ္။ "

"မွန္ပါ့ဗ်ာ ။ ၾကည့္ပါဦး သက္ပံုရာ။
ေသာ္ေသာ္က ဘယ္ေလာက္ဗဟုသုတ ရွိလိုက္သလဲ။ မွတ္ထားေနာ္ ေဒါင္းကေလး ။ ေရွ ႔ကသာ လွလွပပ ကေနတာ ေနာက္က ဖင္ေဟာင္းေလာင္းမျဖစ္ေစနဲ ့။
ေယာက်ာ္းေကာင္း တစ္ေယာက္ျဖစ္ဖို ႔ ဆိုတာ ရုိးသားၿပီး ၊စိတ္ရင္းစိတ္ဓာတ္ ေကာင္းေနရုံနဲ ့မရဘူးဗ်ာ။ အမွန္တရားကို ခ်စ္ျမတ္နိုးတက္ရမယ္ ။ ေမတၲာထားတက္ရမယ္။ အမွားကို ခ်က္ျခင္းအမွန္ျပင္နိုင္စြမ္းလည္းရွိရမယ္။ ဒီအခ်က္ေတြ အကုန္ လုပ္နိုင္ရင္ ငါ့သားက ေဒါင္းတစ္ေကာင္ျဖစ္ၿပီး ဖင္ေပၚေနရင္ေတာင္ မင္းဖင္ကို အျပစ္ျမင္ ေနမဲ့သူရွိမွာ မဟုတ္ေတာ့ဘူးကြ"

"ပါးပါး! "

ပုညာဦးခ်ီ အသံသည္ စူးခနဲ ထြက္လာ၏။
ပါးပါး၏ ဥပမာ ေၾကာင့္ ေျခသလံုးေတြထိ လံုေအာင္ ပုဆိုးကို ဆြဲခ်လိုက္သည္။
ဘယ္ခ်ိန္ကတည္းက ေရာက္ေနမွန္းမသိတဲ့ ပါးပါးနဲ ့သက္ပံု နွစ္ေယာက္သည္
ဦးခ် ီအျဖစ္ ကို သေဘာက်စြာ ရယ္ေမာေနၾကသည္။ ေဘးမွာရွိတဲ့ ယေသာ္လင္းကလည္းတၿပံဳးၿပံဳး ျဖစ္ေနကာ ဦးခ်ီ တစ္ေယာက္သာ စူပုတ္ေနေလသည္။

ေဒါင္းကေလးလို ႔ေခၚရင္ ဦးခ်ီ အလြန္စိတ္ဆိုးတက္ပါသည္။ ပါးပါးက ခ်စ္စနိုးေခၚေဝၚတက္ေပမဲ့ ထို ေဒါင္းကေလး လို ႔ေခၚခ်ိန္တြင္ ဆံုးမကာ ဖင္ေဟာင္းေလာင္းဥပမာ ကိုသာ ေပးတက္သူမို ႔ ဖင္ေပၚတက္ေသာ ဦးခ်ီ ကေတာ့ အိုးမလံု ျဖစ္တက္စၿမဲပင္။

" ကဲပါ ေကာင္းခ်ီ ရာ မစပါနဲ ့ေတာ့ ။ ကဲ သားတို ႔ကန္ေတာ့မွာျဖင့္ ကန္ေတာ့ ။ "

သက္ပံုက ေခ်ာ့ေခ်ာ့ေမာ့ေမာ့ေျပာလာမွ
ဦးခ်ီ ေသာ္နဲ ့အတူ ရုိုရုိေသေသ ကန္ေတာ့လိုက္သည္။ ထိုေန႔ညသည္ ဆုေတြ အမ်ားႀကီး ဦးခ်ီ တို ႔ရခဲ့သည္။
ပါးပါးတို ႔နဲ ့စကားေတြေတာ့ အၾကာႀကီးမေျပာျဖစ္လိုက္ေပ။ အေၾကာင္းမွာ
႐ြာထဲက အမ်ိဳးေတြနဲ ့အသက္ႀကီးေသာ အဘိုးအဘြား တို ႔ထံ
သြာေရာက္ ကန္ေတာ့ၾကမည္ ဆိုလို႔ပင္။

ၿပီးေတာ့ တံငါးကုန္း႐ြာရဲ႕ သူေဌးစာရင္းဝင္ ပါးပါးတို ႔လင္မယားသည္ ရပ္႐ြာ၏
ရပ္ေရး႐ြာေရး မွာ မပါမျဖစ္ ပါဝင္ၾကသူမ်ားျဖစ္ၾကသလို ႐ြာမွာရွိေသာ ပညာေရး တိုးတက္ေစရန္ တည္ေထာင္ေပးထားေသာ ပညာဒါန အခမဲ့ က်ဴ ရွင္သင္တန္း
ေၾကာင့္ လာေရာက္ ကန္ေတာ့သူမ်ားလည္းေပါမ်ားလာသည္။ ထို ႔ေၾကာင့္
သီတင္းကြၽတ္ ညမ်ားတြင္ ပါးပါးတို ႔နွစ္ေယာက္သည္ မအားလပ္ေအာင္ ကန္ေတာ့ခံရေလသည္မွာ မလြဲေပ။

" ကိုကို ငါေျပာစရာရွိတယ္ "

"အင္း ေျပာေလ "

ခ်သြားေသာဖုန္းေလးကို ေသခ်ာပိတ္ကာ ယေသာ္လင္းထံကို ျပန္ေပးလိုက္သည္။
ေသာ္က ဖုန္းအေဟာင္းေလးကို ယူၿပီး ေဘးက စားပြဲေပၚ တင္လိုက္ရင္း ဦးခ်ီ ဖက္ ကို လွည့္လာ၏။

" ငါနဲ ့အတူ ဒီမွာ ေက်ာင္းလာတက္ပါ့လား ကိုကို "

" ဘာလို႔လဲ ေသာ္ရ ။ တစ္ေယာက္ထဲ တက္ရမွာ ပ်င္းလို ႔လား။ "

"ပ်င္းတာထက္ ငါတို႔အရင္လို ေက်ာင္းဆင္းတိုင္း ဖုန္းေျပာလို ႔မရေတာ့ဘူးေလ။
ေက်ာင္းေဘာ္ဒါမွာ သြားေနရင္ ဖုန္းလည္းမကိုင္ခိုင္းဘူး၊ အိမ္ေတာင္မွမျပန္ရေတာ့ဘူးတဲ့ ။ အဲ့ဒါေၾကာင့္
ငါနဲ ့အတူ ေက်ာင္းလာတက္ပါ့လား"

ဦးခ်ီ ယေသာ္လင္းစကားကို နားေထာင္ရင္းၿပံဳးေနသည္။ ထိုအၿပံဳးေတြသည္
အစစအရာရာ အလိုလိုက္ သည္းခံတက္ေသာ အကိုႀကီးတစ္ေယာက္ အၿပံဳးမ်ိဳးပင္။

" တပတ္တခါ ငါမင္းဆီ ကိုဖုန္းဆက္မွာေပါ့ေသာ္ရ။ မင္းနဲ ့အတူငါ ေက်ာင္းလာတက္ေပးလို ႔မရဘူးေလကြာ။ အိမ္မွာ ငါသြားရင္ ပါးပါးနဲ ့သက္ပံုနွစ္ေယာက္ထဲ က်န္ခဲ့မွာ ။ ငါအခု ေနလို ႔ရသမ်ွ အခ်ိန္ေတြ ကို ပါးပါးတို ႔နားမွာ ေနလိုက္ဦးမယ္။ ေနာင္ မင္း ၁၀တန္းေအာင္သြားရင္ ငါမင္းနဲ ့အတူ
တကၠသိုလ္ လိုက္တက္ရင္း မန္းေလးမွာ လာေနရမွာပဲေလ။ ခုေတာ့ ပ်င္းတယ္ဆိုရင္ေတာင္ မင္းတစ္ေယာက္ထဲပဲ သည္းခံၿပီး ေက်ာင္းတက္လိုက္ပါဦးကြာ "

ယေသာ္ ေခါင္းညိမ့္ျပေနမိေပမဲ့ အမွန္ပင္ဝမ္းနည္းလွပါသည္။
သို ႔ေသာ္ သူ စိတ္မေကာင္းျဖစ္ေနရင္
ဦးခ်ီ စိတ္ညစ္မွာ စိုးလို ႔ၿပံဳးျပကာ
ေဘးမွာ ခ်ထားေသာ ပစၥည္းေလးကို
ဦးခ် ဆီကိုေပးလိုက္သည္။

" ေသာ္ ဒါက..."

အနက္ေရာင္ ေဘာပင္ေလးသည္ အေကာင္းစားေလးမွန္းသိသာစြာ

"ဟုတ္တယ္ ငါ စာစီစာကုန္း ၿပိဳင္ပြဲမွာ
ဆုရတဲ႕ေဘာပင္ေလး။ အဲ့ဒါေလး မင္းကို ေပးမလို ႔ကိုကို။ ေနာက္ဆို ငါ ရသမ်ွဆုေတြကို မင္းကိုေပးမယ္ ။ အဲ့လိုေပးနိုင္ဖို႔လည္း ငါ အရင္ကထက္ ပိုၿပီးစာႀကိဳးစားပါ့မယ္လို႔ ကိုကို ကိုငါကတိေပးပါတယ္။ ၿပီးေတာ့ ခု
ငါ မင္းကို ကန္ေတာ့ခ်င္ တယ္ ကိုကို "

လက္အုပ္ခ် ထားတဲ့ ေသာ္သည္ ဦးခ်ီ ေရွ ႔မွာ မ်က္လႊာခ်လ်က္ ထိုင္ေနသည္။

" မဟုတ္တာ ေသာ္ရာ။မင္းရယ္ ၊ ငါရယ္ ၾကားမွာ ကန္ေတာ့စရာမလိုပါဘူး "

"ငါကန္ေတာ့ခ်င္လို ႔ပါ ကိုကို ။
ငါ မင္းကို ကာယကံ ဝစီကံ မေနာကံ နဲ ့ျပစ္မွားမိခဲ့သည္ ရွိေသာ္ ခြင့္လႊတ္ေပးပါ "

တိုးတိတ္စြာ ေရ႐ြတ္ရင္း တႀကိမ္ ၊နွစ္ႀကိမ္၊ သံုးႀကိမ္ျပည့္ေအာင္ ရုိုရိုေသေသ
ကန္ေတာ့ေနေသာ ေသာ့္ကို ၾကည့္ကာ
ပံုညာဦးခ်ီ ပါးျပင္ေပၚမွာ မ်က္ရည္တစက္ျဖတ္ေျပးသြား၏။

ဆု တဆု မွ ဦးခ်ီ ယေသာ္အတြက္ မေပးခဲ့ပါ ။ သို ႔ေပမဲ့ ပါးေပၚက မေျခာက္ေသးေသာ ထိုမ်က္ရည္ေတြ သည္ ယေသာ္လင္း အေပၚမွာ ယခုထက္ပိုၿပီး ေစာက္ေရွာက္ေပးဖို ႔ကတိစကားေတြျဖစ္ခဲ့သည္ကိုေတာ့..

ခ်စ္တဲ့အိမ္စည္။

သီတင်းကျွတ်ညကို ရောက်ခဲ့ပြီ။
သိပ်မကြာခင်မှာ ဦးချီ လည်းရွာကို ပြန်ရတော့မည်။ နှစ်တိုင်းသီတင်းကျွတ်နေ့တွေမှာ ယသော်လင်းနဲ့ အတူ မန်းလေးမှာလာရောက်ကုန်ဆုံးလေ့ရှိတဲ့ ဦးချီ သည်
ဒီညမှာလည်း တံငါကုန်းရွာက ပါးပါးတို့ လင်မယားကို မေ့ကာ ပျော်ရွှင်လျက်ရှိပါသည်။

လမ်းမီးရောင်များအစား အိမ်တိုင်း မှာ
ဖယောင်းတိုင် မီးလေးများ၊ မီးပုံလှလှလေးများ နေရာ ယူလာကြသည်။
ကလေး၊ လူကြီးမရွေး လမ်းမထက်မှာ ပျော်ပျော်ပါးပါးဖြတ်သန်းသွားလှနေကြသလို အိမ်ရှေ့ လေးတွေမှာလည်း အရောင်အသွေးစုံလင်လှတဲ့ အလှမီးလေးတွေကို တပ်ဆင်နေကြသူများလည်းရှိသည်။

ထိုအထဲတွင် ယသော်လင်း နှင့် ဦးချီ ရယ် လည်းပါသည်။ အန်တီခင်လေးကတော့ အိမ်ရှေ့ ပန်းရုံလေးဘေးက မြေကွက်လပ်ပေါ်မှာ ပလက်စတစ်ခုံပြာလေးချထိုင်
ကာ သီတင်းကျွတ်ည၏အလှအပကို ခံစားနေလေသည်။

ဦးချီ သည် ရှည်လျားသော လက်တံများဖြင့် ဈေးချို ကအလှဆင်ဖို့ ဝယ်လာခဲ့သော ပန်းပွင့် မီးပုံးလေးများကို အိမ်ရှေ့ တံစက်မြိတ်တွင်လှလှပပ ချိတ်ဆွဲပေးနေသည်။
ယသော်လေးကတော့ ဘေးကနေ ဦးချီ ချိတ်မဲ့ မီးပုံးလေးတွေ ကိုတစ်ပုံးခြင်း ဖယောင်းတိုင်မီး ထွန်းပေးနေလေသည်။

" သော် အန်တီခင်လေးကို ပြီးရင်
ကန်တော့ကြမယ်နော် "

"အေးပါ ငါသိပါတယ်။ "

နေ့ ခင်းကပင် ယသော်လင်းနှင့်ဦးချီသည်
ဘိုးဘိုးဆီမှာ ပုဆိုးအထပ်လိုက်နှင့် သွားကန်တော့ခဲ့ပြီးလေပြီမို့ အန်တီခင်လေးကန်တော့ဖို့ နှင့် ပါးပါးတို့ ကိုလှမ်းကန်တော့ဖို့ သာကျန်တော့သည်။

" လှသွားပြီ။ ကိုကိုက အရမ်းတော်တာပဲ "

တမင်ခိုင်းစားနေမှန်းသိတော့ နှာခေါင်းရှုံ့
ကာ မကြားချင်ယောင်ဆောင်ထားလိုက်သည်။ စိတ်ဆိုးခြင်း ၊ စိတ်ခုခြင်းကတော့ ယသော်လင်းနဲ့ ပတ်သတ်လာရင် ဦးချီ မှာဘယ်တော့မှရှိမည်မဟုတ်ပေ။

" ကိုကို မေမေ့ ကို ကန်တော့ပီးရင်
မင်းကိုလည်းပေးစရာရှိသေးတယ် "

"ဘာပေးမှာလဲ "

စိတ်ဝင်တစားမေးလာတဲ့ မျက်နှာကို
ယသော် ညစ်ကျယ်ကျယ်ပြုံးလျက် ကျောခိုင်းလိုက်သည်။ ဦးချီ မှာ အကျင့်ကောင်းလေးတခုရှိသည်။ ထိုအရာ သည်
မပြောချင် ၊ မသိစေချင်တဲ့ အကြောင်းများကို ဇွတ်အတင်းမေးလေ့မရှိတာပင်။

" မေမေရေ။ သားတို့ ကန်တော့ချင်လို့ "

အိမ်ပေါက်ဝကနေ ယသော် လှမ်းအော်လိုက်သည်။

" လာပီ သားရယ်။ အမလေး အထိုင်အထတွေက အသက် အရမ်းမကြီးသေးတာတာင် မလွယ်တော့ဘူး ယသော်ရေ "

ဒူးတဖက်ထောက်ကာ ကုန်းထလာတဲ့လမေမေ့ကို ပြေးတွဲရသည်။
မေမေ့ အသက်မှ လေးဆယ်ကျော်ပဲရှိသေးသည်။ ဒါပေမဲ့ တကယ်ကို ဒီနှစ်ပိုင်းရုပ်ကျသွားသလို ကျန်းမားရေးလည်း မကောင်းတော့ပေ။ အိမ်ခန်းထဲထိ ရောက်အောင် အသာတွဲပို့ ပြီး ကုတင်ပေါ်ကို ထိုင်ခိုင်းလိုက်သည်။

ဦးချီရယ်၊ သော်ရယ်ကတော့ ကြမ်းခင်းပေါ်မှာ ဒူးလေးတုပ်လျက် ထိုင်နေကြသည်။

" မေမေ ။ သား မေမေ့ကို ပိုက်ဆံလေးနဲ့ ကန်တော့ချင်လို့ ။ သားပိုက်ဆံကြီးပဲတော့မဟုတ်ဘူး။ ကိုကို့ ပိုက်ဆံတွေရောပါတယ်။ နေ့ ခင်းက ဘိုးဘိုးတို့ ကိုသွားကန်တော့တော့ မုန့် ဖိုးပေးလိုက်တာမေမေ။ နှစ်ယောက်ပေါင်းကို ဘိုးဘိုးက ၅သောင်း၊ ဦးကြီးက ၃သောင်း ၊ ဦးချိန်း က၁သိန်းပေးလိုက်တယ်။ အဲ့ဒါမေမေ သုံးချင်ရာ သုံးရအောင် သားတို့ ကန်တော့မလို့"

အသင့်ယူလာတဲ့ ပန်းကန်လေးထဲ မုန့် ဖိုးရတဲ့ ပိုက်ဆံလေးတွေကို သေချာထည့်ပြီး မေမေ့ဘေးကိုချပေးရင်းပြောပြမိသည်။
တနှစ်တခါ ကန်တော့တိုင်း ဦးချီ ဘိုးဘိုးတို့ တအိမ်လုံးသည် ပိုက်ဆံချမ်းသာသူတွေမို့ မုန့် တွေ အများကြီးပေးတက်သည်။
ဒီနှစ်ရသည်ကတော့ အများဆုံးပင်။

"မဟုတ်တာ။ အန်တီခင်လေးမယူရက်ပါဦး ဦးချီလေးရယ်။ သားသုံးရအောင်ချန်ထားလေ။ မန္တလေး ကိုအကြာကြီးနေမှ တခါလာရတာ သားမှာ စားချင်တာ၊သုံးချင်တာရှိဦးမှာပေါ့။ သိမ်းထားပါ။ မဟုတ်တောင်အန်တီခင်လေးတို့ ဆီမှာ ဖြစ်သလိုစားသောက်နေရတော့ အားနာနေရတာကိုကွယ် "

" သားမှာ သက်ပုံပေးလိုက်တဲ့ ပိုက်ဆံကျန်သေးတယ်အန်တီခင်လေး ။ နှစ်တိုင်းကန်တော့နေကြဟာ ကို ။ လက်ခံလိုက်ပါနော်။ "

ပြောရင်း ယသော်လင်းကို လက်တို့ ကာ နှစ်ယောက်သား ကန်တော့လိုက်ကြသည်။အန်တီခင်လေးသည် မျက်ရည်ကျလျက် ဆုတွေ တသီတတန်းပေးသည်။
ယသော်လင်းသည် ယခင်က အရမ်းဆိုးသော ကလေးတစ်ယောက် ဖြစ်ခဲ့ပေမဲ့ ယခုမူ သိတက်လိမ်မာသော သားတစ်ယောက်ဖြစ်ခဲ့လေပြီ။ မအေ တခု သားတခုမို့
ယသော် သူ့ အမေကို အရမ်းခင်တွယ်လေ တာကိုတော့ ဦးချီ သိသည်။

သီတင်းကျွတ်ည သည် သီချင်းသံ၊ ဗျောက်အိုးဖောက်သံတွေ နဲ့ ဆူနေညံနေပါသည်။ သို့ သော် ဦးချီ တို့ နှစ်ယောက် သည်
အပြင်ထွက် မလည်ပဲ ယသော်လင်း၏ အခန်းကျဉ်းကျဉ်းလေးထဲမှာ ထိုင်လျက် တတီတီဝင်နေသော ဖုန်းကို စောင့်နေ၏။
အတော်လေးကြာမှ စကားပြောသံဆူဆူညံညံများဖြင့် ပါးပါး မျက်နှာတခြမ်းပေါ်လာ၏။

" သက်ပုံ ကလေးတွေ ကိုမုန့် ဖိုးပေးလိုက်ဦးနော်။ ဒီမှာ ခင်ဗျားဆီကဖုန်းလာနေပြီ
ပြီးရင် လာခဲ့တော့ဒီကို "

စကားပြောနေတဲ့ ပါးပါးသည် ယခုထက်ထိ အမျှင်မပြတ်စွာ သက်ပုံနှင့် စကားပြောနေတုန်းပင်။ ထို့ ကြောင့် ခေါင်းရမ်းကာ ဘေးမှာ ထိုင်နေတဲ့ ယသော်လင်းကိုပြောလိုက်သည်။

" ပါးပါးက သက်ပုံ ကို တအားသည်းတာ။
တခါတလေ သားဖြစ်တဲ့ ငါ့ကိုပါမေ့လို့ ပဲ "

" မင်းမနာလိုနေတာလား။ ငါမြင်တာတော့ မင်းအပါအဝင် မင်းတို့ မိသားစု
က ပါးပါးကြောင့် ပျော်ရွှင် အေးချမ်းနေတာပါပဲ။ ပြီးတော့ မင်းမှတ်ထား ။
အိမ်ထောင်ဖက်ကို မြတ်နိုးတန်ဖိုးထားတက်တဲ့ အိမ်တွေမှာဆိုရင်များသောအားဖြင့် စီးပွားရေးဖြစ်ထွန်းကြတယ် ။

"အိမ်သာမှ ဧည့်လာ" ဆိုတဲ့ စကားလိုပဲ စိတ်ချမ်းသာစရာကောင်းတဲ့ အိမ်တွေက ဧည့်သည် ပေါသလို အိမ်ရဲ့ သာယာခြင်းအကျိုးတွေကြောင့် အလာဘ်လာဘ တိုးတယ်။ လာဘ်ရွှင်တယ်။ အဲ့ဒါကြောင့် ယုတ်ရင်းကြမ်းတမ်း ဆဲဆိုတက်တဲ့ အိမ်၊
ကိုယ့်သားမယား ကို အပြစ်မြင် ရိုက်နှက်တက်တဲ့ အိမ်ထောင်ဦးစီးရှိတဲ့အိမ်
တွေ က များသော အားဖြင့် လာဘ်တိတ်ကြတယ်။ စီးပွားရေးဖြစ်ထွန်းမူ့ နည်းကြတယ်။ "

"မှန်ပါ့ဗျာ ။ ကြည့်ပါဦး သက်ပုံရာ။
သော်သော်က ဘယ်လောက်ဗဟုသုတ ရှိလိုက်သလဲ။ မှတ်ထားနော် ဒေါင်းကလေး ။ ရှေ့ ကသာ လှလှပပ ကနေတာ နောက်က ဖင်ဟောင်းလောင်းမဖြစ်စေနဲ့ ။
ယောကျာ်းကောင်း တစ်ယောက်ဖြစ်ဖို့ ဆိုတာ ရိုးသားပြီး ၊စိတ်ရင်းစိတ်ဓာတ် ကောင်းနေရုံနဲ့ မရဘူးဗျာ။ အမှန်တရားကို ချစ်မြတ်နိုးတက်ရမယ် ။ မေတ္တာထားတက်ရမယ်။ အမှားကို ချက်ခြင်းအမှန်ပြင်နိုင်စွမ်းလည်းရှိရမယ်။ ဒီအချက်တွေ အကုန် လုပ်နိုင်ရင် ငါ့သားက ဒေါင်းတစ်ကောင်ဖြစ်ပြီး ဖင်ပေါ်နေရင်တောင် မင်းဖင်ကို အပြစ်မြင် နေမဲ့သူရှိမှာ မဟုတ်တော့ဘူးကွ"

"ပါးပါး! "

ပုညာဦးချီ အသံသည် စူးခနဲ ထွက်လာ၏။
ပါးပါး၏ ဥပမာ ကြောင့် ခြေသလုံးတွေထိ လုံအောင် ပုဆိုးကို ဆွဲချလိုက်သည်။
ဘယ်ချိန်ကတည်းက ရောက်နေမှန်းမသိတဲ့ ပါးပါးနဲ့ သက်ပုံ နှစ်ယောက်သည်
ဦးချီအဖြစ် ကို သဘောကျစွာ ရယ်မောနေကြသည်။ ဘေးမှာရှိတဲ့ ယသော်လင်းကလည်းတပြုံးပြုံး ဖြစ်နေကာ ဦးချီ တစ်ယောက်သာ စူပုတ်နေလေသည်။

ဒေါင်းကလေးလို့ ခေါ်ရင် ဦးချီ အလွန်စိတ်ဆိုးတက်ပါသည်။ ပါးပါးက ချစ်စနိုးခေါ်ဝေါ်တက်ပေမဲ့ ထို ဒေါင်းကလေး လို့ ခေါ်ချိန်တွင် ဆုံးမကာ ဖင်ဟောင်းလောင်းဥပမာ ကိုသာ ပေးတက်သူမို့ ဖင်ပေါ်တက်သော ဦးချီ ကတော့ အိုးမလုံ ဖြစ်တက်စမြဲပင်။

" ကဲပါ ကောင်းချီ ရာ မစပါနဲ့ တော့ ။ ကဲ သားတို့ ကန်တော့မှာဖြင့် ကန်တော့ ။ "

သက်ပုံက ချော့ချော့မော့မော့ပြောလာမှ
ဦးချီ သော်နဲ့ အတူ ရိုရိုသေသေ ကန်တော့လိုက်သည်။ ထိုနေ့ညသည် ဆုတွေ အများကြီး ဦးချီ တို့ ရခဲ့သည်။
ပါးပါးတို့ နဲ့ စကားတွေတော့ အကြာကြီးမပြောဖြစ်လိုက်ပေ။ အကြောင်းမှာ
ရွာထဲက အမျိုးတွေနဲ့ အသက်ကြီးသော အဘိုးအဘွား တို့ ထံ
သွာရောက် ကန်တော့ကြမည် ဆိုလို့ပင်။

ပြီးတော့ တံငါးကုန်းရွာရဲ့ သူဌေးစာရင်းဝင် ပါးပါးတို့ လင်မယားသည် ရပ်ရွာ၏
ရပ်ရေးရွာရေး မှာ မပါမဖြစ် ပါဝင်ကြသူများဖြစ်ကြသလို ရွာမှာရှိသော ပညာရေး တိုးတက်စေရန် တည်ထောင်ပေးထားသော ပညာဒါန အခမဲ့ ကျူ ရှင်သင်တန်း
ကြောင့် လာရောက် ကန်တော့သူများလည်းပေါများလာသည်။ ထို့ ကြောင့်
သီတင်းကျွတ် ညများတွင် ပါးပါးတို့ နှစ်ယောက်သည် မအားလပ်အောင် ကန်တော့ခံရလေသည်မှာ မလွဲပေ။

" ကိုကို ငါပြောစရာရှိတယ် "

"အင်း ပြောလေ "

ချသွားသောဖုန်းလေးကို သေချာပိတ်ကာ ယသော်လင်းထံကို ပြန်ပေးလိုက်သည်။
သော်က ဖုန်းအဟောင်းလေးကို ယူပြီး ဘေးက စားပွဲပေါ် တင်လိုက်ရင်း ဦးချီ ဖက် ကို လှည့်လာ၏။

" ငါနဲ့ အတူ ဒီမှာ ကျောင်းလာတက်ပါ့လား ကိုကို "

" ဘာလို့လဲ သော်ရ ။ တစ်ယောက်ထဲ တက်ရမှာ ပျင်းလို့ လား။ "

"ပျင်းတာထက် ငါတို့အရင်လို ကျောင်းဆင်းတိုင်း ဖုန်းပြောလို့ မရတော့ဘူးလေ။
ကျောင်းဘော်ဒါမှာ သွားနေရင် ဖုန်းလည်းမကိုင်ခိုင်းဘူး၊ အိမ်တောင်မှမပြန်ရတော့ဘူးတဲ့ ။ အဲ့ဒါကြောင့်
ငါနဲ့ အတူ ကျောင်းလာတက်ပါ့လား"

ဦးချီ ယသော်လင်းစကားကို နားထောင်ရင်းပြုံးနေသည်။ ထိုအပြုံးတွေသည်
အစစအရာရာ အလိုလိုက် သည်းခံတက်သော အကိုကြီးတစ်ယောက် အပြုံးမျိုးပင်။

" တပတ်တခါ ငါမင်းဆီ ကိုဖုန်းဆက်မှာပေါ့သော်ရ။ မင်းနဲ့ အတူငါ ကျောင်းလာတက်ပေးလို့ မရဘူးလေကွာ။ အိမ်မှာ ငါသွားရင် ပါးပါးနဲ့ သက်ပုံနှစ်ယောက်ထဲ ကျန်ခဲ့မှာ ။ ငါအခု နေလို့ ရသမျှ အချိန်တွေ ကို ပါးပါးတို့ နားမှာ နေလိုက်ဦးမယ်။ နောင် မင်း ၁၀တန်းအောင်သွားရင် ငါမင်းနဲ့ အတူ
တက္ကသိုလ် လိုက်တက်ရင်း မန်းလေးမှာ လာနေရမှာပဲလေ။ ခုတော့ ပျင်းတယ်ဆိုရင်တောင် မင်းတစ်ယောက်ထဲပဲ သည်းခံပြီး ကျောင်းတက်လိုက်ပါဦးကွာ "

ယသော် ခေါင်းညိမ့်ပြနေမိပေမဲ့ အမှန်ပင်ဝမ်းနည်းလှပါသည်။
သို့ သော် သူ စိတ်မကောင်းဖြစ်နေရင်
ဦးချီ စိတ်ညစ်မှာ စိုးလို့ ပြုံးပြကာ
ဘေးမှာ ချထားသော ပစ္စည်းလေးကို
ဦးချ ဆီကိုပေးလိုက်သည်။

" သော် ဒါက..."

အနက်ရောင် ဘောပင်လေးသည် အကောင်းစားလေးမှန်းသိသာစွာ

"ဟုတ်တယ် ငါ စာစီစာကုန်း ပြိုင်ပွဲမှာ
ဆုရတဲ့ဘောပင်လေး။ အဲ့ဒါလေး မင်းကို ပေးမလို့ ကိုကို။ နောက်ဆို ငါ ရသမျှဆုတွေကို မင်းကိုပေးမယ် ။ အဲ့လိုပေးနိုင်ဖို့လည်း ငါ အရင်ကထက် ပိုပြီးစာကြိုးစားပါ့မယ်လို့ ကိုကို ကိုငါကတိပေးပါတယ်။ ပြီးတော့ ခု
ငါ မင်းကို ကန်တော့ချင် တယ် ကိုကို "

လက်အုပ်ချ ထားတဲ့ သော်သည် ဦးချီ ရှေ့ မှာ မျက်လွှာချလျက် ထိုင်နေသည်။

" မဟုတ်တာ သော်ရာ။မင်းရယ် ၊ ငါရယ် ကြားမှာ ကန်တော့စရာမလိုပါဘူး "

"ငါကန်တော့ချင်လို့ ပါ ကိုကို ။
ငါ မင်းကို ကာယကံ ဝစီကံ မနောကံ နဲ့ ပြစ်မှားမိခဲ့သည် ရှိသော် ခွင့်လွှတ်ပေးပါ "

တိုးတိတ်စွာ ရေရွတ်ရင်း တကြိမ် ၊နှစ်ကြိမ်၊ သုံးကြိမ်ပြည့်အောင် ရိုရိုသေသေ
ကန်တော့နေသော သော့်ကို ကြည့်ကာ
ပုံညာဦးချီ ပါးပြင်ပေါ်မှာ မျက်ရည်တစက်ဖြတ်ပြေးသွား၏။

ဆု တဆု မှ ဦးချီ ယသော်အတွက် မပေးခဲ့ပါ ။ သို့ ပေမဲ့ ပါးပေါ်က မခြောက်သေးသော ထိုမျက်ရည်တွေ သည် ယသော်လင်း အပေါ်မှာ ယခုထက်ပိုပြီး စောက်ရှောက်ပေးဖို့ ကတိစကားတွေဖြစ်ခဲ့သည်ကိုတော့..

ချစ်တဲ့အိမ်စည်။

Bạn đang đọc truyện trên: ZingTruyen.Xyz