နှင်းဆီဝါတို့ နီစွေးစေ(နွင္းဆီဝါတို ႔နီေစြးေစ)completed
15
" ၿခံႀကီးက အက်ယ္ႀကီးပဲ "
"က်ယ္လို႔လား ။ သိပ္မက်ယ္ပါဘူး "
အမွန္တကယ္လည္း မ်က္လံုးထဲမွာ ၿခံက်ယ္တယ္လို ႔မျမင္ေပ။
႐ြာမွာဆို အိမ္တိုင္း က်ယ္ဝန္းၿပီး ႀကီးမားလွေသာ ၿခံႀကီးမ်ားနဲ ့ေနရသည္မို ႔
မန္းေလးေရာက္တိုင္း သူ ႔မွာ က်ဥ္းၾကပ္ၾကပ္ခံစားခ်က္ရေလသည္။
"မင္း႐ြာလိုေတာ့ က်ယ္ပါ့မလား ။
ၿမိဳ ႕လည္ေခါင္မွာဆိုရင္ေတာ့ဒါက်ယ္တာပဲ။ လာ အထဲသြားရေအာင္ "
ၿခံေပါက္ဝကေန နွစ္ေယာက္သားအထဲဝင္လိုက္ၾကသည္။
ၿခံသည္ မ်က္နွာသာ အရ သိပ္မက်ယ္လွေပမဲ့ အေရွ ႔၊ အေနာက္ကေတာ့ အေတာ္ေလးပင္ ရွည္လ်ားပါသည္။ နဂိုပါတဲ့နွစ္ထပ္ထပ္အိမ္ေဟာင္းေလးသည္ ဟိုး ၿခံအေနာက္ထဲေရာက္ေနကာ အိမ္မ်က္နွာသာသည္ကြင္းျပင္အလြတ္လို ျဖစ္ေနသည္။
ေဘးတဖက္အုတ္တံတိုင္းသည္ မိန္းကေလး အေဆာင္ျဖစ္ကာ တဖက္သည္ လူေနအိမ္ ဆက္ရက္မရွိပဲ လူသြားလမ္းၾကား
ၾကားထဲမွာျခားထားသည္။
ထို ႔အျပင္ အေဆာင္ဖက္ျခမ္းက အုတ္တံတိုင္းက
မိန္းကေလးေတြေနသည္မို ႔ လားမသိ အေဆာင္ပိုင္ရွင္သည္ အေတာ္ႀကီးျမင့္မားလွေအာင္အုတ္တံတိုင္းခတ္ထားေလသည္။
" သစ္ပင္ေလးေတြ စိုက္မယ္။ မင္းဘာစိုက္ခ်င္လည္း ေသာ္ "
"စကၠဴ ပန္းပင္ စိုက္မယ္"
"စကၠဴ ပန္း !! ဘာလို႔ စကၠဴပန္းလဲ ေသာ္ "
" စကၠဴ ပန္းေလးေတြ အနံ ့မရွိေပမဲ့
သူပြင့္ခ်ိန္တန္ရင္ေတာ့ စိတ္ခ်မ္းသာေအာင္ ပြင့္ေပးနိုင္စြမ္းရွိတယ္ေလ။ ဟိုး မွာ ျမင္ရလား အုတ္တတိုင္းအျမင့္ႀကီးေလ "
ၿခံစည္းရုိးတဖက္က အုတ္တတိုင္းျမင့္ျမင့္ႀကီးကို ၾကည့္ၿပီး ယေသာ္ ေမးတာကို ေခါင္းၿငိမ့္ေျဖေပးမိသည္။
" အရမ္း အက်ည္းတန္တယ္။ ငါက အဲ့
လို ေဘာင္ခတ္ ကန္ ႔သတ္ထားတဲ့ ေနရာမ်ိဳးေတြ မႀကိဳက္ဘူး။ အဲ့ဒါေၾကာင့္ အဲ့ဒီအုတ္တံတိုင္းေဘးမွာ စကၠဴ ပန္းပင္ေတြ စိုက္ေပး ကိုကို "
"ၿပီးေတာ့ေရာ ေသာ္ "
"ၿပီးေတာ့ အိမ္ေပါက္ဝေဘးနားမွာ
နွင္းဆီပန္း အဝါေရာင္ နွစ္ပင္လည္းစိုက္ခ်င္ေသးတယ္။ "
"ဟုတ္ၿပီ.. ငါအကုန္လံုးမင္းသေဘာက် စိုက္ေပးထားမယ္။ ေနာက္ထပ္ စိတ္ကူးထားတာရွိေသးရင္လည္းမွတ္ထား ။ ငါအကုန္ လုပ္ေပးမယ္။ ဒါေပမဲ့ ကိုကိုရဲ႕ ေသာ္ေလးက အဲ့ဒီအစား စာႀကိဳးစားရမယ္ သိလား"
ကေလး တစ္ေယာက္လို ေခါင္းကိုပုတ္ကာ ေျပာလာတဲ့ ပုညာဦးခ်ီ ကို မ်က္ေစာင္း႐ြယ္ကာ...
" မင္းကိုမင္း အသက္၆နွစ္ေလာက္ကြာေနတယ္ထင္ေနတာလား။ "
"၆နွစ္ေလာက္မကြာေပမဲ့၆လကြာတယ္ေလကြာ။ မင္းမၾကားဖူးဘူးလား။ အသက္ ၊ ၁မိနစ္ ၊ ၁စကၠန္ ႔ကြာသူေတာင္ ရုိေသရတယ္တဲ့။ အဲ့ဒါေၾကာင့္ ကိုကို ႔ကို နႈတ္ခမ္းစူၿပီးျပန္ေျပာမေနနဲ ့ "
"ခ်ီး! နားေတြယားေအာင္ လာလုပ္မေနနဲ႔။
ငါအဲ့ေလာက္ အႏုအယြေတြကိုခံနိုင္ရည္မရွိေသးဘူး "
လက္ညိဳးကို နားထဲထည့္ကာ
မဲ့႐ြဲ ့ကာ ျပန္ေျပာမိေတာ့ ဦးခ်ီက သေဘာတက်ရယ္ျပန္သည္။ တခါတေလ လူႀကီးသိပ္လုပ္ခ်င္တဲ့ သူငယ္ခ်င္းတေယာက္ရွိတာ
ဆိုေတာ့မဆိုးေပ။
နားလည္ေပးတက္သလို ၊ တြက္ကပ္ တက္ျခင္း ၊ အနိုင္ယူတက္ျခင္းလည္းမရွိပဲ
ေျပာသမ်ွ အေလ်ာ့ေပးတက္တဲ့ မ်က္နွာမ်ိဳးျဖင့္ ထိုင္ ရယ္ေနတာ မို ႔ ရန္ျဖစ္ရျခင္းေတာ့ ကင္းေ၀းတာေပါ့။
"က ဲ ဒီေန ႔ေတာ့ ျပန္ရေအာင္ မနက္ဖန္မွ တေခါက္လာၾကမယ္ေလ။ၿခံက လူမေနေတာ့ ၿခံဳေတြနဲ ့ရႈပ္ေနေသးတယ္။ ေနာက္နွစ္က်မွ ပါးပါးတို ႔ကို အလုပ္သမားငွားၿပီးရွင္းခိုင္းေတာ့မယ္။ ခုေတာ့သြားရေအာင္။ အျပန္ ငါစ်းခ်ိဳ မွာေစ်းသြားဝယ္စရာရွိေသးတယ္။ ေစ်းခ်ိဳ ေရွ ႔က မင္းႀကိဳက္တက္တဲ့ ၾကာဇံေၾကာ္နဲ ့ငါးေရခြံေၾကာ္ ဝယ္ေကြၽးမယ္ ထ .. "
ၿခံေထာင့္နားက ေရကန္ႀကီးေဘးမွာ ငုတ္တုတ္ထိုင္ေနရာမွ ဦးခ်ီ မတ္တပ္ရပ္ကာ ေသာ္ ထံလက္ကမ္းေပးလိုက္သည္။
" ဘာဝယ္စရာရွိေသးလို႔လဲ ။ "
"မေမးနဲ ့လာ အတူသြားၾကရေအာင္။"
တင္းတင္းဆုပ္ကိုင္ထားတဲ့ လက္နွစ္ဖက္
သည္ ၿခံျပင္ေရာက္တဲ့အထိ မလြတ္ျဖစ္ခဲ့ဘူး။ တခါတေလ သံေယာဇဥ္ေတြက
သူတို ႔မသိလိုက္ပဲ နဲ႔ေတာင္ လိုတာထက္ပိုၿပီး ခိုင္ခန္ ႔ၿမဲၿမံလာခဲ့တယ္ဆိုတာ..
_____
" ကိုကို ငါမဝေသးဘူး "
လက္ထဲက ငါးေရခြံေၾကာ္ကို ကိုင္ထားၿပီး
ေမာ့ၾကည့္ကာ ပူဆာလာတဲ့ ေသာ္။
နႈတ္ခမ္းမွာလည္း အခ်ဥ္ရည္ေတြက ေပြပြလ်က္။
" မဝေသးရင္ ထပ္စားေပါ့။ နႈတ္ခမ္းေတြကလည္းေပလို ႔ လာ..ငါသုတ္ေပးမယ္။ ေလ်ာ့ေတာ့စားေနာ္ ဓာတ္ေလွကားနားက
အခ်ဥ္ေပါင္းနဲ ့ဇီးယို စားဦးမွာမို႔လား "
နႈတ္ခမ္းေတြ ကိုသုတ္ေပးရင္း ဦးခ်ီ ဆိုေတာ့ ဇေဝဇဝါနဲ ့ ထပ္စားရရင္ ေကာင္းမလား၊ မေကာင္းဘူးလားစဥ္းစားေနျပန္သည္။
အရမ္း ေလာဘအလြန္ႀကီးတဲ့ ေကာင္ေလးပင္။
လက္ထဲက ငါးေရခြံေၾကာ္ တဝက္ကိုလည္းမစားေသးပဲ ကိုင္ထားလ်က္စဥ္းစားခန္းဝင္ေနေလသည္။ အေတာ္ၾကာမွ
"ငါမစားေတာ့ဘူး ကိုကို။ ငါေနာက္ထပ္စားခ်င္တာေတြရွိေသးတယ္။ ဗိုက္မဆန္႔ရင္ မစားရပဲေနလိမ့္မယ္ "
ဆက္မေျပာေတာ့ပဲ ၿပံဳးလ်က္ ပိုက္ဆံထုတ္ရွင္းလိုက္သည္။
သက္ပံု ေပးလိုက္တဲ့ မုန္ ႔ဖိုးေတြ အမ်ားႀကီးဦးခ်ီမွာရွိပါသည္။၆လမွ တႀကိမ္သာ ဝယ္ေကြၽးရသည္မို ႔ေရာက္တုန္း ယေသာ္လင္း စားခ်င္တာမွန္သမ်ွ ဝယ္ေကြၽးရမွာဦးခ်ီ တာဝန္သာ ။
"သြားမယ္ ။ ထေတာ့ "
လက္ထဲက ငါးေရခြ ံ ေၾကာ္ကို အၿပီးသတ္ပါးစပ္ေသးေသးေလးထဲ ထည့္ၿပီးမွ
ယေသာ္လင္းက မတ္တပ္ရပ္လာပါသည္။
ဒါေတာင္အမ်ွင္မျပတ္သလို မ်က္လံုးမ်ားက ၾကာဇံေၾကာ္သည္ဆီက မခြာနိုင္ေသးတာေၾကာင့္ လက္ေမာင္းနဲ ့ေသာ့္လည္ပင္းကို ဖိခ်ဳပ္ကာ ဆြဲေခၚခဲ့ရေလသည္။
"အဲ့သေလာက္ ၾကာဇံေၾကာ္ႀကိဳက္ေနတယ္ ဟုတ္လား!! ေနာက္ဆို ငါ ၾကာဇံေၾကာ္ေရာင္းၿပီးမင္းကိုေက်ာင္းထားေပးမယ္"
"ဟီးဟီး ဒါဆို ေကာင္းတာေပါ့။ ေတြ ႕လား အဲ့ဒီ အန္တီႀကီးလည္ပင္းမွာ ဆြဲႀကိဳးတုတ္တုတ္ႀကီးနဲ ့။ လက္မွာလည္းလက္ေကာက္ေတြက တံေတာင္ေရာက္ေတာ့မယ္။ မင္းသာ အဲ့လိုခ်မ္းသာသြားရင္ ငါ့ကိုမေမ့နဲ ့ေနာ္ "
ယေယာ္လင္းစကားေၾကာင့္ အဲ့အန္တီႀကီးေနရာမွာ ကိုယ့္ကိုကိုယ္ျမင္လာ၏။
လည္ပင္းကဆြဲႀကိဳးတုတ္တုတ္ႀကီးနဲ ့သာဆိုရင္ အသားကမဲမဲ နဲ ့ဇာတ္ကားထဲကအေႂကြးလိုက္ေတာင္းတဲ့ ခ်စ္တီး နဲ ့သြားတူမလား ဆိုတာေတြးရင္း အူယားလာေသးသည္။
သဖက္ခါဆို သီတင္းကြၽတ္ေရာက္ပီေလ။
ထို ႔ေၾကာင့္ ဘိုးဘိုးတို ႔အတြက္ ဦးဂ်မ္းပုဆိုးဆိုင္သို ႔သြားကာ ပုဆိုးဝယ္ခဲ့သည္။
အိမ္မွာက ေယာက်ာ္းေလးေတြႀကီးပဲမို ႔
ပုဆိုး ၁၂ထည္ ကို ေဖာက္သည္ေစ်းနဲ ့အဆင္လွတာ ေ႐ြးေနမိသည္။
ေသာ္ကေတာ့ ကေလးပီပီ ဘာမွမသိေပ။
ဦးခ်ီဝယ္ေကြၽးထားေသာ ဇီးယိုနွင့္
ေဂြးသီးေပါင္းကို ကိုင္လ်က္ ငံု႔ကာစားေနသည္မွာ တေလာကလံုး ဘာေတြျဖစ္ေနသလဲမသိေအာင္ပင္ အစားအေသာက္မွာနွစ္ျမဳပ္ေနေလသည္။
မႏၲေလးသား ယေသာ္လင္းသည္
ေစ်းခ်ိဳ မွာ ေစ်းမဝယ္တက္သလို လမ္းေတြကိုလည္းမမွတ္မိေပ။
ထို ႔ေၾကာင့္ ဦခ်ီ လက္ေမာင္းကို မလႊတ္တမ္း ခ်ိတ္ထား တက္၏။
ဦးခ်ီ က ေစ်းခ်ိဳ ကိုေတာ့ နွံ႔စပ္ေအာင္ သြားတက္ရုံမက လက္ကားေပးတဲ့ ေစ်းခ်ိဳေသာ ဆိုင္ေတြကိုလည္းသိေသးသည္။
ထိုသည္မွာလည္းသက္ပံုေၾကာင့္ပင္။ ေစ်းဝယ္လာတိုင္း ဦးခ်ီလက္ကိုဆြဲကာ ေစ်းခ်ိဳ တခြင္ေစ်းပါတ္ဝယ္တက္သည္။ အဲ့အခ်ိန္မ်ိဳးဆို ဦးခ်ီက အလြန္ပင္ေပ်ာ္တက္သည္။ သက္ပံု ေစ်းဆစ္ တာကို ေစ့ေစ့စပ္စပ္လိုက္ၾကည့္ရင္း ေညာင္းလို ႔ေညာင္းမွန္းပင္ မသိလိုက္။
" ကိုကို ငါ့ကို မီးပလုတ္တုတ္ေလးေတြဝယ္ေပး "
လက္ထဲကအထုတ္အပိုးမ်ားစြာကို ဆြဲလ်က္ ယေသာ္လင္းေငးေမာရာေနရာကို လိုက္ၾကည့္မိသည္။
ဆိုင္ကယ္ စက္ဘီး အပ္တဲ့ ေနရာနားမွာ
အနည္းငယ္ႏြမ္းပါးဟန္ရွိေသာ မီးပံုးေလးေတြေရာင္းေနတဲ့ ေစ်းသည္ဦးေလးႀကီးသည္ ညိဳးငယ္စြာမတ္တပ္ရပ္ၿပီး ျဖတ္သန္းသြားလာသူမ်ားကို စပ္ဟပ္ေရာင္းေန၏ ။
စက္ဘီးေလး၏ ေနာက္မွာ ခ်ိတ္ဆြဲထားတဲ့
မီးပံုးေလးေတြသည္ အနည္းငယ္သာေရာင္းရေသးပံုေပၚသည္မို ႔.. စိတ္ညစ္ေနပံုပင္။
" ဝယ္ေပးမယ္။ "
လက္တဖက္သည္ အထုတ္အပိုးေတြကို
ဆြဲကိုင္ ပီး တဖက္သည္ ယေသာ္လင္းပုခံုးကိုဖက္လ်က္ လမ္းျဖတ္ကူးလိုက္၏။
"ေသာ္ ႀကိဳက္တာယူ "
ေမာ့ကာ ၿပံဳးျပလာေတာ့ ခပ္ႀကီးႀကီး ပါးခ်ိဳင့္အိမ္ေလးက ေနရာတက် လွလွပပ။
ယေသာ္လင္းက တကယ့္အေခ်ာေလးပင္။
" ကိုကို အိမ္ေရွ ႔ခ်ိတ္ရေအာင္ ဒီပန္းပြင့္ေလးေတြယူလိုက္မယ္ေနာ္ "
" ဦးေလး ဒီပန္းပြင့္ေလး ၅ခု ၊ ဒီ ဖက္က
မွန္အိမ္ေလးေတြက ၅ခု ထည့္ေပးပါဗ် "
ပံုမွန္ဆို ေစ်းအလြန္ဆစ္တက္ေသာ ဦးခ်ီသည္ ဒီတခါေတာ့ ေစ်းလံုး၀မဆစ္လိုက္ပါ။ အမ်ားႀကီးေရာင္းရလို ႔ေပ်ာ္သြားတဲ့
အ ၿပံဳးမ်ားသည္ ထို ေလ်ာ့ေပးလိုက္တဲ့ ေငြပမာနထပ္ ပိုၿပီးတန္သည္ကိုေတာ့
အစစ္မွန္ကို တန္ဖိုးထားသူတိုင္းသာသိေလသည္။
အိမ္ျပန္လမ္းတြင္ ယေသာ္လင္းသည္ ဦးခ်ီဝယ္ေပးထားေသာ မီးပံုေတြအစား ေစ်းသည္ဦးေလးႀကီး လက္ေဆာင္ထည့္ေပးလိုက္ေသာ မီးပလုတ္တုတ္ အေသးေလးကုိ
အသံထြက္ေအာင္ေဆာ့ရင္းေပ်ာ္ေနေလသည္။ ( အခၚအေဝၚ ကြဲျပားနိုင္သည္။
႐ြာဖက္ေတြမွာေတာ့ ကား၊ ယုန္ရုပ္ စသည့္ လက္နဲ ့တြန္းရသည့္အသံျမည္ေသာ
မီးပံုးကေလးမ်ားကို မီးပလုတ္တုတ္ဟု အလြယ္ေခၚတက္ၾကသည္။ တကယ္လို ႔မွားယြင္းတဲ့ အသံုးဟုထင္ပါက မအိမ္စည္၏လိုအပ္ခ်က္ေၾကာင့္သာျဖစ္သည္)
" ဦးေလး ကြၽန္ေတာ့္ကို ခ်ယ္ရီဦးမွာ ရပ္ေပးပါဦးဗ် "
"နာရီဝယ္မလိုလားကိုကို "
လက္ထဲက အရုပ္ကေလးကို ေဆာ့ေနရာမွရပ္ကာ ဦးခ်ီကိုလွည့္ေမးလာသည္မို ႔
မ်က္ခံုးပင့္ျပကာ ယေသာ္လင္းလက္ကိုဆြဲကာ ကားထဲကေန ဆြဲထုတ္လာခဲ့လိုက္သည္။
ေစ်းခ်ိဳ နဲ ့အနီးဆံုး ၂၆လမ္းေပၚက ခ်ယ္ရီဦး နာရီဆိုင္ထဲ နွစ္ေယာက္သားလက္တြဲလ်က္ဝင္လာပီး အရမ္းမႀကီးေသာ နာရီလွလွေလး တစ္လံုးကို ယေသာ္လင္း အတြက္ဝယ္ေပးျဖစ္သည္။
" ႀကိဳက္လား ေသာ္ "
လက္ကနာရီေလးကို ငံု႔ၾကည့္ေနတဲ့
ေသာ္က ေမာ့ကာ ခပ္တည္တည္ေခါင္းညိမ့္ျပသည္။
" ေပ်ာ္တယ္ဆိုရင္ ဘာလို ႔မၿပံဳးတာလဲ။
မႀကိဳက္ဘူးလားဟင္ "
ကားျပတင္းေပါက္ဖက္ကိုလွည့္ေငးေနတဲ့ ေသာ္ရဲ႕ အေတြးေတြထဲမွာ ဘာေတြရွိေနမလဲ ဦးခ်ီမသိပါ။ တခါတေလ ေသာ္က ထိုသို ႔ေငးငိုင္သြားတက္ေသးသည္။
"ႀကိဳက္ပါတယ္။ အရမ္းေစ်းႀကီးလြန္းတယ္။ ေနာက္ကို အဲ့ေလာက္တန္ဖိုးႀကီးတာေတြ ဝယ္မေပးပါနဲ ့"
ေက်ာေပးထားတဲ့ ယေသာ္ ကို လည္ပင္းကေန သိုင္းဖက္ထားေပးလိုက္သည္။
" အငံုစိတ္ဝင္ေနတာလား ေသာ္ရာ။
မင္းဘာေတြခံစားေနရတာလဲ။ နာရီရဲ႕တန္ဖိုးက ေျခာက္ေသာင္းေက်ာ္ပဲရွိတာပါ။
တနွစ္လံုး ငါလိမ္လိမ္မာမာေနလို ႔သက္ပံုဆုခ်လိုက္တဲ့ သေဘာအေနနဲ ့ငါ့ကို မုန္ ႔ဖိုး၂သိန္းေပးလိုက္တာမို ႔ဝယ္ေပးနိုင္တာပါ။ ႐ြာမွာဆို ငါ့မွာ မုန္ ႔ဖိုးပိုက္ဆံမရဘူး။
အိမ္ကထည့္ေပးလိုက္တဲ့ မုန္ ႔ကိုပဲစားရတာမင္းလည္းသိရက္နဲ႔။ "
"ဒါဆို မင္းအတြက္ မင္းသံုးေလ။ ဘာလို ႔ငါ့ကိုဝယ္ေပးရတာလဲ။ ၿပီးေတာ့.. ၿပီးေတာ့ ငါမင္းကို ဘာမွျပန္မေပးနိုင္ဘူးေလ "
တိုးတိမ္ဝင္သြားတဲ့ အသံေလးသည္ ငိုသံေလးျဖင့္ တုန္ခါေနလ်က္
"မေပး နိုင္လည္း ဘာျဖစ္လည္းေသာ္ရာ။
နာရီ လွလွေလးေပးတယ္ဆိုတာ မင္းအနာဂတ္ အခ်ိန္ေတြကို လွလွပပ ကုန္ဆံုးေစခ်င္ လို ႔။ ၿပီးေတာ့ နာရီ လက္တံေတြလိုပဲ ဘယ္ေတာ့မွ မင္းရယ္ ၊ငါရယ္ ရဲ႕ သူငယ္ခ်င္းသံေယာဇဥ္ေတြ ရပ္တန္ ႔သြားမွာ မဟုတ္ဘူးဆိုတာ သိခ်င္ေစခ်င္
လို ႔ေပးတာပါ။ ေနာက္ၿပီး မင္း လာမဲ့နွစ္ ၈တန္းတက္ရင္ ေက်ာင္းေဘာ္ဒါမွာ သြားေနရေတာ့မွာေလ။ အဲ့ဒီအစား မင္းစာေတြ ပိုႀကိဳးစားေအာင္ ကိုကိုက မိုတီေပးတာပါ "
ဝမ္းနည္းေနရွာတဲ့ ယေသာ္လင္းသည္
ဦးခ်ီ ကိုငိုမဲ့မဲ့ေမာ့ၾကည့္ကာ ကတိတခြန္းေပးလာခဲ့သည္။
" ေက်းဇူးတင္ပါတယ္ ကိုကို။ မင္းအတြက္ ငါ စာေတြအမ်ားႀကီး ပိုႀကိဳးစားပါ့မယ္ "
ခ်စ္တဲ့အိမ္စည္။
" ခြံကြီးက အကျယ်ကြီးပဲ "
"ကျယ်လို့လား ။ သိပ်မကျယ်ပါဘူး "
အမှန်တကယ်လည်း မျက်လုံးထဲမှာ ခြံကျယ်တယ်လို့ မမြင်ပေ။
ရွာမှာဆို အိမ်တိုင်း ကျယ်ဝန်းပြီး ကြီးမားလှသော ခြံကြီးများနဲ့ နေရသည်မို့
မန်းလေးရောက်တိုင်း သူ့ မှာ ကျဉ်းကြပ်ကြပ်ခံစားချက်ရလေသည်။
"မင်းရွာလိုတော့ ကျယ်ပါ့မလား ။
မြို့ လည်ခေါင်မှာဆိုရင်တော့ဒါကျယ်တာပဲ။ လာ အထဲသွားရအောင် "
ခြံပေါက်ဝကနေ နှစ်ယောက်သားအထဲဝင်လိုက်ကြသည်။
ခြံသည် မျက်နှာသာ အရ သိပ်မကျယ်လှပေမဲ့ အရှေ့ ၊ အနောက်ကတော့ အတော်လေးပင် ရှည်လျားပါသည်။ နဂိုပါတဲ့နှစ်ထပ်ထပ်အိမ်ဟောင်းလေးသည် ဟိုး ခြံအနောက်ထဲရောက်နေကာ အိမ်မျက်နှာသာသည်ကွင်းပြင်အလွတ်လို ဖြစ်နေသည်။
ဘေးတဖက်အုတ်တံတိုင်းသည် မိန်းကလေး အဆောင်ဖြစ်ကာ တဖက်သည် လူနေအိမ် ဆက်ရက်မရှိပဲ လူသွားလမ်းကြား
ကြားထဲမှာခြားထားသည်။
ထို့ အပြင် အဆောင်ဖက်ခြမ်းက အုတ်တံတိုင်းက
မိန်းကလေးတွေနေသည်မို့ လားမသိ အဆောင်ပိုင်ရှင်သည် အတော်ကြီးမြင့်မားလှအောင်အုတ်တံတိုင်းခတ်ထားလေသည်။
" သစ်ပင်လေးတွေ စိုက်မယ်။ မင်းဘာစိုက်ချင်လည်း သော် "
"စက္ကူ ပန်းပင် စိုက်မယ်"
"စက္ကူ ပန်း !! ဘာလို့ စက္ကူပန်းလဲ "
" စက္ကူ ပန်းလေးတွေ အနံ့ မရှိပေမဲ့
သူပွင့်ချိန်တန်ရင်တော့ စိတ်ချမ်းသာအောင် ပွင့်ပေးနိုင်စွမ်းရှိတယ်လေ။ ဟိုး မှာ မြင်ရလား အုတ်တတိုင်းအမြင့်ကြီးလေ "
ခြံစည်းရိုးတဖက်က အုတ်တတိုင်းမြင့်မြင့်ကြီးကို ကြည့်ပြီး ယသော် မေးတာကို ခေါင်းငြိမ့်ဖြေပေးမိသည်။
" အရမ်း အကျည်းတန်တယ်။ ငါက အဲ့
လို ဘောင်ခတ် ကန့် သတ်ထားတဲ့ နေရာမျိုးတွေ မကြိုက်ဘူး။ အဲ့ဒါကြောင့် အဲ့ဒီအုတ်တံတိုင်းဘေးမှာ စက္ကူ ပန်းပင်တွေ စိုက်ပေး ကိုကို "
"ပြီးတော့ရော သော် "
"ပြီးတော့ အိမ်ပေါက်ဝဘေးနားမှာ
နှင်းဆီပန်း အဝါရောင် နှစ်ပင်လည်းစိုက်ချင်သေးတယ်။ "
"ဟုတ်ပြီ.. ငါအကုန်လုံးမင်းသဘောကျ စိုက်ပေးထားမယ်။ နောက်ထပ် စိတ်ကူးထားတာရှိသေးရင်လည်းမှတ်ထား ။ ငါအကုန် လုပ်ပေးမယ်။ ဒါပေမဲ့ ကိုကိုရဲ့ သော်လေးက အဲ့ဒီအစား စာကြိုးစားရမယ် သိလား"
ကလေး တစ်ယောက်လို ခေါင်းကိုပုတ်ကာ ပြောလာတဲ့ ပုညာဦးချီ ကို မျက်စောင်းရွယ်ကာ...
" မင်းကိုမင်း အသက်၆နှစ်လောက်ကွာနေတယ်ထင်နေတာလား။ "
"၆နှစ်လောက်မကွာပေမဲ့၆လကွာတယ်လေကွာ။ မင်းမကြားဖူးဘူးလား။ အသက် ၊ ၁မိနစ် ၊ ၁စက္ကန့် ကွာသူတောင် ရိုသေရတယ်တဲ့။ အဲ့ဒါကြောင့် ကိုကို့ ကို နှုတ်ခမ်းစူပြီးပြန်ပြောမနေနဲ့ "
"ချီး! နားတွေယားအောင် လာလုပ်မနေနဲ့။
ငါအဲ့လောက် အနုအယွတွေကိုခံနိုင်ရည်မရှိသေးဘူး "
လက်ညိုးကို နားထဲထည့်ကာ
မဲ့ရွဲ့ ကာ ပြန်ပြောမိတော့ ဦးချီက သဘောတကျရယ်ပြန်သည်။ တခါတလေ လူကြီးသိပ်လုပ်ချင်တဲ့ သူငယ်ချင်းတယောက်ရှိတာ
ဆိုတော့မဆိုးပေ။
နားလည်ပေးတက်သလို ၊ တွက်ကပ် တက်ခြင်း ၊ အနိုင်ယူတက်ခြင်းလည်းမရှိပဲ
ပြောသမျှ အလျော့ပေးတက်တဲ့ မျက်နှာမျိုးဖြင့် ထိုင် ရယ်နေတာ မို့ ရန်ဖြစ်ရခြင်းတော့ ကင်းဝေး၏။
"ကဲ ဒီနေ့ တော့ ပြန်ရအောင် မနက်ဖန်မှ တစ်ခေါက်လာကြမယ်လေ။ခြံက လူမနေတော့ ခြုံတွေနဲ့ ရှုပ်နေသေးတယ်။ နောက်နှစ်ကျမှ ပါးပါးတို့ ကို အလုပ်သမားငှားပြီးရှင်းခိုင်းတော့မယ်။ ခုတော့သွားရအောင်။ အပြန် ငါဈးချို မှာဈေးသွားဝယ်စရာရှိသေးတယ်။ ဈေးချို ရှေ့ က မင်းကြိုက်တက်တဲ့ ကြာဇံကြော်နဲ့ ငါးရေခွံကြော် ဝယ်ကျွေးမယ် ထ .. "
ခြံထောင့်နားက ရေကန်ကြီးဘေးမှာ ငုတ်တုတ်ထိုင်နေရာမှ ဦးချီ မတ်တပ်ရပ်ကာ သော် ထံလက်ကမ်းပေးလိုက်သည်။
" ဘာဝယ်စရာရှိသေးလို့လဲ ။ "
"မမေးနဲ့ လာ အတူသွားကြရအောင်။"
တင်းတင်းဆုပ်ကိုင်ထားတဲ့ လက်နှစ်ဖက်
သည် ခြံပြင်ရောက်တဲ့အထိ မလွတ်ဖြစ်ခဲ့ဘူး။ တခါတလေ သံယောဇဉ်တွေက
သူတို့ မသိလိုက်ပဲ နဲ့တောင် လိုတာထက်ပိုပြီး ခိုင်ခန့် မြဲမြံလာခဲ့တယ်ဆိုတာ..
_____
" ကိုကို ငါမဝသေးဘူး "
လက်ထဲက ငါးရေခွံကြော်ကို ကိုင်ထားပြီး
မော့ကြည့်ကာ ပူဆာလာတဲ့ သော်။
နှုတ်ခမ်းမှာလည်း အချဉ်ရည်တွေက ပွေပွလျက်။
" မဝသေးရင် ထပ်စားပေါ့။ နှုတ်ခမ်းတွေကလည်းပေလို့ လာ..ငါသုတ်ပေးမယ်။ လျော့တော့စားနော် ဓာတ်လှေကားနားက
အချဉ်ပေါင်းနဲ့ ဇီးယို စားဦးမှာမို့လား "
နှုတ်ခမ်းတွေ ကိုသုတ်ပေးရင်း ဦးချီ ဆိုတော့ ဇဝေဇဝါနဲ့ ထပ်စားရရင် ကောင်းမလား၊ မကောင်းဘူးလားစဉ်းစားနေပြန်သည်။
အရမ်း လောဘအလွန်ကြီးတဲ့ ကောင်လေးပင်။
လက်ထဲက ငါးရေခွံကြော် တဝက်ကိုလည်းမစားသေးပဲ ကိုင်ထားလျက်စဉ်းစားခန်းဝင်နေလေသည်။ အတော်ကြာမှ
"ငါမစားတော့ဘူး ကိုကို။ ငါနောက်ထပ်စားချင်တာတွေရှိသေးတယ်။ ဗိုက်မဆန့်ရင် မစားရပဲနေလိမ့်မယ် "
ဆက်မပြောတော့ပဲ ပြုံးလျက် ပိုက်ဆံထုတ်ရှင်းလိုက်သည်။
သက်ပုံ ပေးလိုက်တဲ့ မုန့် ဖိုးတွေ အများကြီးဦးချီမှာရှိပါသည်။၆လမှ တစ်ကြိမ်သာ ဝယ်ကျွေးရသည်မို့ ရောက်တုန်း ယသော်လင်း စားချင်တာမှန်သမျှ ဝယ်ကျွေးရမှာဦးချီ တာဝန်သာ ။
"သွားမယ် ။ ထတော့ "
လက်ထဲက ငါးရေခွံ ကြော်ကို အပြီးသတ်ပါးစပ်သေးသေးလေးထဲ ထည့်ပြီးမှ
ယသော်လင်းက မတ်တပ်ရပ်လာပါသည်။
ဒါတောင်အမျှင်မပြတ်သလို မျက်လုံးများက ကြာဇံကြော်သည်ဆီက မခွာနိုင်သေးတာကြောင့် လက်မောင်းနဲ့ သော့်လည်ပင်းကို ဖိချုပ်ကာ ဆွဲခေါ်ခဲ့ရလေသည်။
"အဲ့သလောက် ကြာဇံကြော်ကြိုက်နေတယ် ဟုတ်လား!! နောက်ဆို ငါ ကြာဇံကြော်ရောင်းပြီးမင်းကိုကျောင်းထားပေးမယ်"
"ဟီးဟီး ဒါဆို ကောင်းတာပေါ့။ တွေ့ လား အဲ့ဒီ အန်တီကြီးလည်ပင်းမှာ ဆွဲကြိုးတုတ်တုတ်ကြီးနဲ့ ။ လက်မှာလည်းလက်ကောက်တွေက တံတောင်ရောက်တော့မယ်။ မင်းသာ အဲ့လိုချမ်းသာသွားရင် ငါ့ကိုမမေ့နဲ့ နော် "
ယယော်လင်းစကားကြောင့် အဲ့အန်တီကြီးနေရာမှာ ကိုယ့်ကိုကိုယ်မြင်လာ၏။
လည်ပင်းကဆွဲကြိုးတုတ်တုတ်ကြီးနဲ့ သာဆိုရင် အသားကမဲမဲ နဲ့ ဇာတ်ကားထဲကအကြွေးလိုက်တောင်းတဲ့ ချစ်တီး နဲ့ သွားတူမလား ဆိုတာတွေးရင်း အူယားလာသေးသည်။
သဖက်ခါဆို သီတင်းကျွတ်ရောက်ပီလေ။
ထို့ ကြောင့် ဘိုးဘိုးတို့ အတွက် ဦးဂျမ်းပုဆိုးဆိုင်သို့ သွားကာ ပုဆိုးဝယ်ခဲ့သည်။
အိမ်မှာက ယောကျာ်းလေးတွေကြီးပဲမို့
ပုဆိုး ၁၂ထည် ကို ဖောက်သည်ဈေးနဲ့ အဆင်လှတာ ရွေးနေမိသည်။
သော်ကတော့ ကလေးပီပီ ဘာမှမသိပေ။
ဦးချီဝယ်ကျွေးထားသော ဇီးယိုနှင့်
ဂွေးသီးပေါင်းကို ကိုင်လျက် ငုံ့ကာစားနေသည်မှာ တလောကလုံး ဘာတွေဖြစ်နေသလဲမသိအောင်ပင် အစားအသောက်မှာနှစ်မြုပ်နေလေသည်။
မန္တလေးသား ယသော်လင်းသည်
ဈေးချို မှာ ဈေးမဝယ်တက်သလို လမ်းတွေကိုလည်းမမှတ်မိပေ။
ထို့ ကြောင့် ဦချီ လက်မောင်းကို မလွှတ်တမ်း ချိတ်ထား တက်၏။
ဦးချီ က ဈေးချို ကိုတော့ နှံ့စပ်အောင် သွားတက်ရုံမက လက်ကားပေးတဲ့ ဈေးချိုသော ဆိုင်တွေကိုလည်းသိသေးသည်။
ထိုသည်မှာလည်းသက်ပုံကြောင့်ပင်။ ဈေးဝယ်လာတိုင်း ဦးချီလက်ကိုဆွဲကာ ဈေးချို တခွင်ဈေးပါတ်ဝယ်တက်သည်။ အဲ့အချိန်မျိုးဆို ဦးချီက အလွန်ပင်ပျော်တက်သည်။ သက်ပုံ ဈေးဆစ် တာကို စေ့စေ့စပ်စပ်လိုက်ကြည့်ရင်း ညောင်းလို့ ညောင်းမှန်းပင် မသိလိုက်။
" ကိုကို ငါ့ကို မီးပလုတ်တုတ်လေးတွေဝယ်ပေး "
လက်ထဲကအထုတ်အပိုးများစွာကို ဆွဲလျက် ယသော်လင်းငေးမောရာနေရာကို လိုက်ကြည့်မိသည်။
ဆိုင်ကယ် စက်ဘီး အပ်တဲ့ နေရာနားမှာ
အနည်းငယ်နွမ်းပါးဟန်ရှိသော မီးပုံးလေးတွေရောင်းနေတဲ့ ဈေးသည်ဦးလေးကြီးသည် ညိုးငယ်စွာမတ်တပ်ရပ်ပြီး ဖြတ်သန်းသွားလာသူများကို စပ်ဟပ်ရောင်းနေ၏ ။
စက်ဘီးလေး၏ နောက်မှာ ချိတ်ဆွဲထားတဲ့
မီးပုံးလေးတွေသည် အနည်းငယ်သာရောင်းရသေးပုံပေါ်သည်မို့ .. စိတ်ညစ်နေပုံပင်။
" ဝယ်ပေးမယ်။ "
လက်တဖက်သည် အထုတ်အပိုးတွေကို
ဆွဲကိုင် ပီး တဖက်သည် ယသော်လင်းပုခုံးကိုဖက်လျက် လမ်းဖြတ်ကူးလိုက်၏။
"သော် ကြိုက်တာယူ "
မော့ကာ ပြုံးပြလာတော့ ခပ်ကြီးကြီး ပါးချိုင့်အိမ်လေးက နေရာတကျ လှလှပပ။
ယသော်လင်းက တကယ့်အချောလေးပင်။
" ကိုကို အိမ်ရှေ့ ချိတ်ရအောင် ဒီပန်းပွင့်လေးတွေယူလိုက်မယ်နော် "
" ဦးလေး ဒီပန်းပွင့်လေး ၅ခု ၊ ဒီ ဖက်က
မှန်အိမ်လေးတွေက ၅ခု ထည့်ပေးပါဗျ "
ပုံမှန်ဆို ဈေးအလွန်ဆစ်တက်သော ဦးချီသည် ဒီတခါတော့ ဈေးလုံးဝမဆစ်လိုက်ပါ။ အများကြီးရောင်းရလို့ ပျော်သွားတဲ့
အ ပြုံးများသည် ထို လျော့ပေးလိုက်တဲ့ ငွေပမာနထပ် ပိုပြီးတန်သည်ကိုတော့
အစစ်မှန်ကို တန်ဖိုးထားသူတိုင်းသာသိလေသည်။
အိမ်ပြန်လမ်းတွင် ယသော်လင်းသည် ဦးချီဝယ်ပေးထားသော မီးပုံတွေအစား ဈေးသည်ဦးလေးကြီး လက်ဆောင်ထည့်ပေးလိုက်သော မီးပလုတ်တုတ် အသေးလေးကို
အသံထွက်အောင်ဆော့ရင်းပျော်နေလေသည်။ ( အခ်ါအဝေါ် ကွဲပြားနိုင်သည်။
ရွာဖက်တွေမှာတော့ ကား၊ ယုန်ရုပ် စသည့် လက်နဲ့ တွန်းရသည့်အသံမြည်သော
မီးပုံးကလေးများကို မီးပလုတ်တုတ်ဟု အလွယ်ခေါ်တက်ကြသည်။ တကယ်လို့ မှားယွင်းတဲ့ အသုံးဟုထင်ပါက မအိမ်စည်၏လိုအပ်ချက်ကြောင့်သာဖြစ်သည်)
" ဦးလေး ကျွန်တော့်ကို ချယ်ရီဦးမှာ ရပ်ပေးပါဦးဗျ "
"နာရီဝယ်မလိုလားကိုကို "
လက်ထဲက အရုပ်ကလေးကို ဆော့နေရာမှရပ်ကာ ဦးချီကိုလှည့်မေးလာသည်မို့
မျက်ခုံးပင့်ပြကာ ယသော်လင်းလက်ကိုဆွဲကာ ကားထဲကနေ ဆွဲထုတ်လာခဲ့လိုက်သည်။
ဈေးချို နဲ့ အနီးဆုံး ၂၆လမ်းပေါ်က ချယ်ရီဦး နာရီဆိုင်ထဲ နှစ်ယောက်သားလက်တွဲလျက်ဝင်လာပီး အရမ်းမကြီးသော နာရီလှလှလေး တစ်လုံးကို ယသော်လင်း အတွက်ဝယ်ပေးဖြစ်သည်။
" ကြိုက်လား သော် "
လက်ကနာရီလေးကို ငုံ့ကြည့်နေတဲ့
သော်က မော့ကာ ခပ်တည်တည်ခေါင်းညိမ့်ပြသည်။
" ပျော်တယ်ဆိုရင် ဘာလို့ မပြုံးတာလဲ။
မကြိုက်ဘူးလားဟင် "
ကားပြတင်းပေါက်ဖက်ကိုလှည့်ငေးနေတဲ့ သော်ရဲ့ အတွေးတွေထဲမှာ ဘာတွေရှိနေမလဲ ဦးချီမသိပါ။ တခါတလေ သော်က ထိုသို့ ငေးငိုင်သွားတက်သေးသည်။
"ကြိုက်ပါတယ်။ အရမ်းဈေးကြီးလွန်းတယ်။ နောက်ကို အဲ့လောက်တန်ဖိုးကြီးတာတွေ ဝယ်မပေးပါနဲ့ "
ကျောပေးထားတဲ့ ယသော် ကို လည်ပင်းကနေ သိုင်းဖက်ထားပေးလိုက်သည်။
" အငုံစိတ်ဝင်နေတာလား သော်ရာ။
မင်းဘာတွေခံစားနေရတာလဲ။ နာရီရဲ့တန်ဖိုးက ခြောက်သောင်းကျော်ပဲရှိတာပါ။
တနှစ်လုံး ငါလိမ်လိမ်မာမာနေလို့ သက်ပုံဆုချလိုက်တဲ့ သဘောအနေနဲ့ ငါ့ကို မုန့် ဖိုး၂သိန်းပေးလိုက်တာမို့ ဝယ်ပေးနိုင်တာပါ။ ရွာမှာဆို ငါ့မှာ မုန့် ဖိုးပိုက်ဆံမရဘူး။
အိမ်ကထည့်ပေးလိုက်တဲ့ မုန့် ကိုပဲစားရတာမင်းလည်းသိရက်နဲ့။ "
"ဒါဆို မင်းအတွက် မင်းသုံးလေ။ ဘာလို့ ငါ့ကိုဝယ်ပေးရတာလဲ။ ပြီးတော့.. ပြီးတော့ ငါမင်းကို ဘာမှပြန်မပေးနိုင်ဘူးလေ "
တိုးတိမ်ဝင်သွားတဲ့ အသံလေးသည် ငိုသံလေးဖြင့် တုန်ခါနေလျက်
"မပေး နိုင်လည်း ဘာဖြစ်လည်းသော်ရာ။
နာရီ လှလှလေးပေးတယ်ဆိုတာ မင်းအနာဂတ် အချိန်တွေကို လှလှပပ ကုန်ဆုံးစေချင် လို့ ။ ပြီးတော့ နာရီ လက်တံတွေလိုပဲ ဘယ်တော့မှ မင်းရယ် ၊ငါရယ် ရဲ့ သူငယ်ချင်းသံယောဇဉ်တွေ ရပ်တန့် သွားမှာ မဟုတ်ဘူးဆိုတာ သိချင်စေချင်
လို့ ပေးတာပါ။ နောက်ပြီး မင်း လာမဲ့နှစ် ၈တန်းတက်ရင် ကျောင်းဘော်ဒါမှာ သွားနေရတော့မှာလေ။ အဲ့ဒီအစား မင်းစာတွေ ပိုကြိုးစားအောင် ကိုကိုက မိုတီပေးတာပါ "
ဝမ်းနည်းနေရှာတဲ့ ယသော်လင်းသည်
ဦးချီ ကိုငိုမဲ့မဲ့မော့ကြည့်ကာ ကတိတခွန်းပေးလာခဲ့သည်။
" ကျေးဇူးတင်ပါတယ် ကိုကို။ မင်းအတွက် ငါ စာတွေအများကြီး ပိုကြိုးစားပါ့မယ် "
ချစ်တဲ့အိမ်စည်။
Bạn đang đọc truyện trên: ZingTruyen.Xyz