ZingTruyen.Xyz

နှင်းဆီဝါတို့ နီစွေးစေ(နွင္းဆီဝါတို ႔နီေစြးေစ)completed

14

eainsi23

"ဦးခ်ီ ေလးက မလုပ္တက္တာကိုမရွိပါ့လား "

ေသာက္ပီးသားဆန္ျပဳတ္ပန္းကန္ေလးကို
ေဘးခံုေပၚ ျပန္ခ်ရင္းေျပာလာတဲ့ အန္တီခင္ေလးက ကုတင္ေဘာင္ကိုမွီထားရင္း
အလြန္အမင္းသေဘာက်ေနတဲ့ပံုမ်ိဳး။

ဦးခ်ီ သက္ပံုထည့္ေပးလိုက္တဲ့ ေဆးပုလင္းေတြ ကို ကုတင္ေပၚခ်ၿပီး အန္တီခင္ေလးကိုေမာ့ၿပီးၿပံဳးျပလိုက္၏။

အရင္ကထက္စာရင္ အမ်ားႀကီး ပိန္သြားသြားတာပဲ။ မေျပလည္တဲ့စီးပြာေရးေၾကာင့္ လူကလည္း မမ်ားႀကီးရုပ္က်သြားသည္။

" သား ေႏြရာသီတုန္းက ပ်င္းတာနဲ ့သင္ထားတာ။ သက္ပံုက ေဆးေတြထည့္ေပးလိုက္တယ္ အန္တီခင္ေလး။ ခုတေလာ
အန္တီခင္ေလး ေလးဘက္နာျပန္ျဖစ္ေနတယ္ဆို ။ ေဆးခန္းျပ မွသက္သာမယ္တယ္တဲ့။ ၿပီးေတာ့ လိမ္းေဆးေတြလည္းထည့္ေပးလိုက္တယ္သားနွိပ္ေပးမယ္ေနာ္ "

" ေနေန ယေသာ္လာမွနွိပ္ေပးခိုင္းပါ့မယ္။တေန ကုန္ပင္ပန္႔ေရာ႕ေပါ့ နားနားေနေန ပါ "

" ဟုတ္သားပဲ မင္းနားေတာ့ေလ။ ငါပဲလုပ္ေပးလိုက္မယ္"

ေရခြက္ကေလးကိုင္က ဝင္လာတဲ့
ယေသာ္လင္းက သူ ႔လုပ္ေနက် ျဖစ္တဲ့
အန္တီခင္ေလးေဆးတိုက္ျခင္းအလုပ္ကို ျမန္ျမန္ဆန္ဆန္လုပ္သြား၏။

ၿပီးေတာ့ ဦးခ်ီလက္ထဲက ေဆးပုလင္းကို လွမ္းယူကာ ကုတင္ေပၚကို တက္သြား၏။

ဦးခ်ီ ထိုင္မၾကည့္နိုင္ပါ။
နဂို စလာကတည္းက အန္တီခင္ေလးကိုေရာက္တုန္းျပဳစုမယ္ဆိုတဲ့ စိတ္နဲ ့လာခဲ့တာမို ႔

" ငါဝိုင္းလုပ္ေပးေတာ့ ကုသိုလ္ရတာေပါ့။
ၿပီးေတာ့ ဒီေဆးက ေသခ်ာ လူးတက္မွ ေရာဂါသက္သာ မွာ။ မဟုတ္ရင္ အေလအလြင့္ျဖစ္သြားလိမ့္မယ္။ ဝယ္ဖို ႔ရာ လြယ္တာမဟုတ္ဘူး။ ဒါေတာင္ သက္ပံုလက္ေဆာင္ရလို ႔ ။ ကခ်င္ျပည္နယ္က
ေဆးဥ ၊ ေဆးျမစ္ေတြနဲ ့ေသခ်ာေဖာ္စပ္ ထားတာ။ အသားထဲ စိမ့္ေအာင္ လူးေပးရင္ အေညာင္းညာအကိုက္ခဲေပ်ာက္တယ္။ ဒီမယ္ၾကည့္ ငါလုပ္ျပမယ္"

အန္တီခင္ေလး ေျခသလံုးေတြကို ေသခ်ာ ေဆးလူးၿပီး နွိပ္နယ္ျပေတာ့ ေဘးမွာ ေသာ္က ေသခ်ာၾကည့္ၿပီး သူပါ ဦးခ်ီလို လိုက္လုပ္ေပးသည္။
အေတာ္ၾကာေအာင္ ေျခေထာက္ေတြ ၊ဂုတ္ေတြ နွိပ္ေပး ရင္း အန္တီခင္ေလးနဲ ့စကားေတြ ေျပာ မိၾကသည္။

႐ြာကအေၾကာင္းေတြ၊ စီးပြားေရး အေၾကာင္းေတြ အကုန္စံုလို ႔ပါပဲ။

မိုးခ်ဳပ္ေတာ့ ေဆးစြမ္းေၾကာင့္ အန္တီခင္ေလး သက္သာသြားပံုေပၚသည္ ရႊင္႐ႊင္ျပျပျဖစ္လာ၏။

" ဒါဆို သားတို ႔အိပ္ေတာ့မယ္ေနာ္ေမေမ "

"ေအးေအး နားၾကေတာ့ ။ လက္ေတြေသခ်ာ ေဆး ...ပူေနမယ္ "

"ဟုတ္ေမေမ..။ လာ ငါတို႔ သြားရေအာင္ "

ဦးခ်ီ ကို လက္တို ႔ၿပီး နွစ္ေယာက္သား ေနာက္ေဖးကန္မွာ လက္ေရေျပာင္ေအာင္းေဆးျဖစ္ၾကသည္။

အခန္းကေတာ့ ဦးခ်ီ သန္ ႔ရွင္းေပးထားတာမို ႔ေျပာင္ဝင္းေနကာ အားေတာ့မနာရေတာ့ေပ။

" ကိုကို မင္း ညက် အိပ္ေရးဆိုးရင္ ငါကန္ခ်မွာေနာ္ "

ျခင္ေထာင္ခ်ေနတဲ့ ဦးခ်ီ ကို အိပ္ေနရင္း လွမ္းရန္ေထာင္လိုက္ေသးသည္။

" ေအးပါ ငါသိပါတယ္ "

" ေျပာတာပဲ ။ ၿပီးရင္ မင္းအိပ္ေပ်ာ္သြားရင္ဘာမွသိေတာ့တာမဟုတ္ဘူး။ ငါပဲ ခံရတာ "

ပြစိပြစိေျပာေနတဲ့ ယေသာ့္ေဘးကပ္အိပ္ရင္း ဦးခ်ီ သူ ႔ေျခေထာက္ႀကီးကို ပစ္တင္လိုက္၏။

အတူအိပ္တိုင္း ယေသာ္လင္း ေပၚကိုမွ ေျခတင္မအိပ္ရရင္ မေက် နပ္တဲ့ ပံုညာဦးခ်ီ သည္ ယခုလည္း သူ႔၏ ႀကီးမားတဲ့ ေျခေထာက္ႀကီးကို ယေသာ္လင္းေပၚတင္လ်က္ ဇိမ္က်က် အနားယူေနေလသည္။

လူေသးေသာ္လည္း အက်င့္ပါေနပံုရတဲ့
ယေသာ္ကေတာ့ ဦးခ်ီအေၾကာင္းသိသူပီသစြာ တျခား ေထြေထြထူးထူးေျပာမလာပဲ မ်က္လံုးမွိတ္ကာ အိပ္ေလေတာ့သည္။
တေန ႔လံုး ပင္ပန္းထားသည္ကတေၾကာင္း ကေလးသာသာအ႐ြယ္ေတြ မို ႔အိပ္ေရးမက္သည္က တေၾကာင္းမို ႔ မိနစ္ပိုင္းအတြင္းအိပ္ေပ်ာ္သြားၾက၏။

ည ၂နာရီခန္ ႔...

တိတ္ဆိတ္ၿငိမ္သက္ေနခ်ိန္တြင္
နာရီသံ တေခ်ာက္ေခ်ာက္သည္ က်ယ္ေလာင္စြာၾကားေနရသည္။

နွစ္ၿခိဳက္စြာ အိပ္ေမာ က်လ်က္ရွိေသာ
ယေသာ္လင္းသည္ ပစ္စလက္ခက္
ဖိႀကိတ္ခံရမူ ႔ေၾကာင့္ အိပ္ေနရာမွာ နိုးလာခဲ့သည္။

သူခနၶာကိုယ္ သည္ တစံုတဦး၏
က်စ္က်စ္ပါေအာင္ လံုးဖက္ထားျခင္းခံေန ရသလို နားထင္ေဘးတြင္လည္း မေျပာင္းလဲစြာ စိုစိစိကို ခံစားလိုက္ရသည္။

မ်က္လံုးေတြကိုဖြင့္မၾကည့္ျဖစ္ေပမဲ့
မ်က္နွာကေတာ့ အတင္းရႈံ ့မဲ့လ်က္
ခါးေပၚက ကန္႔လန္ ႔တင္ထားတဲ့ ေျခေထာက္ႀကီး ကို ကန္ခ်ေနေလသည္။

အေတာ္ၾကာႀကိဳးစားၿပီးေနာက္မွာ
ကိုယ္ခနၶာေပၚက ေပါင္ခ်ိန္မ်ားစြာေလးလံလွတဲ့ ေျခေထာက္ သည္ တဖက္သို ႔ကြာက်သြားေလသည္။

သို ႔ေသာ္ ေခါင္းအုန္း တလံုးေပၚကို
နွစ္ေယာက္မ်ွကာ လာ အိပ္ေနတဲ့
ေခါင္းကိုမူ မဖယ္ျဖစ္ခဲ့ေတာ့ပါ။

ဦးခ်ီ သည္ ဘယ္ေသာခါမွ သူ ႔ေခါင္းအုန္းေပၚကို ေခါင္းမခ်တက္ေပ။
ယေသာ္လင္းေခါင္းအုန္းေပၚမွာ အတင္းပူးကပ္လာအိပ္တာ ဟိုးေပါက္စေလးကတည္းကပင္။

ျပန္လွည္အိပ္ေပ်ာ္သြားၿပီးျဖစ္တဲ့ ယေသာ္လင္းသည္ နားထင္ေဘးက
သြားေရ ေတြကိုေတာ့အရင္လို ႐ြံ ့ရွာျခင္း မရွိပဲ အသားက်လို ႔ေနခဲ့ပါၿပီ။

______

" ကိုကို ... ကိုကို !! "

ျဖန္းးး

"အာ အိပ္အုန္းမယ္လို ႔ေသာ္ကလည္း"

နာက်င္သြားေသာ တင္ပါးကို ပြတ္လ်က္ ဦးခ်ီ တစ္ေယာက္ တဖက္ကို လိမ့္ကာ ျပန္အိပ္ေပ်ာ္သြားျပန္ပါသည္။

မနက္ ၈နာရီခန္ ႔အခ်ိန္ထိေအာင္ အိပ္နိုင္လြန္းတဲ့ ဦးခ်ီ ကို ခါးေထာက္ကာ ရပ္
ၾကည့္ေနမိသည္။

ညကလည္း တညလံုးသူေျခေထာက္ကို ဖယ္ေနရတာနဲ ့ေကာင္းေကာင္းအိပ္မရခဲ့။
အခုလည္း ဗိုက္ဆာေနပါပီဆိုမွ လံုဝနႈိးလို႔မရ။
စိတ္တို လာတာေၾကာင့္ ကုတင္ေပၚကို ကုန္းတက္ကာ ေပါင္းရင္းထိ လွန္ခ်င္ေနတဲ့ ပံုဆိုးစ ကို ခါးထိ ဆြဲတင္ပစ္လိုက္သည္။

" အားး ယေသာ္လင္းမာန္ ။ ဒါ ဘာလုပ္တာလဲ လို ႔"

ပုဆိုးစကို အတင္းဆြဲခ်ကာ ေအာ္လာတဲ့
ဦးခ်ီ ကို ယေသာ္ လက္ညိဳးထိုးကာ တခြီးခြီးရယ္ေတာ့သည္။

"ဟားး ကိုကို မင္းအတြင္းခံလည္းမ
ဝတ္ဘူး။ ငါျမင္လိုက္တယ္ မင္းဖင္ႀကီးကို ဟားဟား "

"ယေသာ္လင္းမာန္!! "

ဦးခ်ီ ၏ က်ယ္ေလာင္လွတဲ့ ေအာ္သံႀကီးသည္ အခန္းတြင္းမွ လြင့္ပ်ံ ့လာ၏။

ထိုအခါမွ အခန္းထဲက ယေသာ္တစ္ေယာက္ေျပးထြက္လာေလသည္။

ဖင္ ဆိုက္ကို ရွိတဲ့ ဦးခ်ီသည္ ငယ္စဥ္ကတည္းက သူ ႔ဖင္ကို တအားဂရုစိုက္၏။
နည္းနည္းအမ်ိဳးမ်ိဳးနဲ ့ သက္ပံုမသိေအာင္
skin care ဘူးေတြ ခိုးကာ သူ ႔ဖင္ကို လိမ္းေနၾကပင္။

ထို ႔ေၾကာင့္ ခုဆိုရင္ ဦးခ်ီ ဖင္က လံုး၀မမဲေတာ့ပဲ ဝါ၀င္းကာ ၾကည္ေတာက္ေနရုံသာမကပဲ ေျပာင္ဝင္းလင္းလက္ ေနေလေတာ့သည္။

ထိုမနက္ခင္းတြင္ ဦးခ်ီစိတ္ေကာက္ကာ
အခန္းျပင္ လံုး၀ထြက္မလာေပ။
မနက္စာမစားသလို အခန္းထဲဝင္ကာ
ယေသာ္ေခ်ာ့ေသာ္လည္း ေတြ႕တဲ့ ပစၥညေတြနဲ ့ေကာက္ေပါက္လြတ္ေလသည္။

၃နာရီ နီးပါးေလာက္ ေအာက္ေပါက္မတက္ အခန္းေပါက္ဝကေန ယေသာ္တစ္ေယာက္ ထိုင္ေခ်ာ့ေနကာမွ စူပုတ္လ်က္ ေနာက္ဆံုးထြက္လာခဲ့သည္။

" ကိုကို "

မထူးပဲ ယေသာ့္ေရွ႕ကျဖတ္သြား၏။
ေနာက္ကတေကာက္ေကာက္လိုက္ကာ
ထပ္ေခၚေနမိသည္။

" ကိုကို "

"ကိုကို လို ႔"

" မင္းကလည္း စိတ္မဆိုးပါနဲ ့ေတာ့။
မဟုတ္လည္း မင္းဖင္ကို ငါျမင္ေနက်ပဲဟာ ရွက္စရာမဟုတ္ပဲ ရွက္ေနျပန္ၿပီ "

ေရကန္ေရွ ႔မွာ မ်က္နွာသစ္ေနတဲ့ ဦးခ်ီသည္ ယေသာ္ကိုလံုး၀အဖက္မလုပ္ေပ။
ေခ်ာ့မရေတာ့ ယေသာ္ စိတ္တိုလာ၏။

" ဟြန္ ႔ေနေပါ့ ။ မဟုတ္လည္း
ညတိုင္း အိပ္ေပ်ာ္ေနတဲ့ ခ်ိန္ လွန္ၾကည့္လို႔ရတယ္။ အဲ့ခါ မင္းလွန္လို ႔လွန္မွန္းေတာင္ သိမွာမဟုတ္ .. "

ဗြမ္းးး

ေခါင္းေပၚက စက္စက္က်ေနေသာ ေရစက္ေတြကိုၾကည့္ကာ ယေသာ္ပါးစပ္အေဟာင္းသားျဖစ္သြား၏။
ေရခြက္ကိုလက္ထဲကိုင္ကာ ခါးေထာက္ရပ္ၾကည့္ေနသူေၾကာင့္ ယေသာ့္ရဲ႕ၿပဲလန္လာတဲ့ ေအာ္သံႀကီးထြက္လာၿပီး အတင္းဝင္လံုးရုိက္ပုတ္ေတာ့သည္။

နာရီဝက္ခန္ ႔အၾကာ တြင္ ဦးခ်ီ ေရာ ၊ ယေသာ္ေရာ ေရမြန္းေနေသာ ႂကြက္စုတ္ေလးမ်ားသဖြယ္ အိမ္ေပၚျပန္ေရာက္လာၾကသည္။

" ဒီေန ႔ဘယ္သြားၾကမလဲ "

" မင္းကို တေနရာေခၚသြားစရာရွိတယ္။
ခဏေန ဘိုးဘိုးႀကီး ကားလႊတ္လိုက္လိမ့္မယ္။ ငါတို ႔သြားၾကတာေပါ့။ အန္တီခင္ေလးဘယ္သြားလဲ "

စိတ္ဆိုးျခင္းအလ်ွင္ မရွိေတာ့တဲ့ သူတို ႔နွစ္ဦးသည္ ေစာနက သတ္ပုတ္လာသူ
မဟုတ္ၾကသလို စကားကို ေျပလည္စြာေျပာေနၾကသည္။

" ေမေမက အိမ္ၿခံေျမပြဲစားလုပ္ေနတာေလ။ ခု ပြဲတစ္ခုရလို ႔သြားတယ္"

"ေနလည္းမေကာင္းေသးပဲ "

အက်ၤ ီ ၾကယ္သီးတက္ေနရင္းဦးခ်ီ ကေတြးဆ လ်က္ေျပာသည္။
ယေသာ္ကေတာ့ စိုေနတဲ့ သူ ႔ေခါင္းကဆံပင္ေတြကိုသုတ္ကာ ကုတင္ေပၚ ထိုင္ရင္း

" ဒါကေတာ့ အလုပ္မရွိရင္ ငါတို ႔ဘာနဲ႔စားရမွာလဲ ။ ေနမေကာင္းေပမဲ့ ပင္ပန္းတာေတြ မဟုတ္ေတာ့ေတာ္ေသးတယ္ေျပာရမယ္ "

" ငါ့မွာ ပိုက္ဆံေတြရွိတယ္ ေသာ္။
မင္းမာန မႀကီးပါနဲ ့။ နွစ္တိုင္း ငါ့ေမြးေန႔ကရတဲ့ ပိုက္ဆံေတြကို မမသိမ့္ တို ႔ဆီမွာ စပါးေလွာင္ဖို ႔ ေငြစပ္ထားတာရွိတယ္။ တကယ္လို ႔အရမ္းႀကီး ေသာကေရာက္စရာရွိရင္ ငါ့ကိုေျပာေနာ္။ ဒီနွစ္ စပါးအျမတ္ခြဲရင္ ငါမင္းကိုေပးမယ္ "

ယေသာ္ ေခါင္းညိမ့္သာ ျပလိုက္မိေပမဲ့
ယူဖို ႔ေတာ့ စိတ္ကူးမရွိခဲ့။
ခုလိုေတြ ဦးခ်ီ တို ႔မိသားစု ၾကည့္ရူ ႔ေထာက္ပံ့ေပးေနတာကိုပင္ သူ ႔တို ႔သားအမိ အားနာလွၿပီ။

သူတို ႔နွစ္ဦး ေမေမ ခ်က္ေပးခဲ့တဲ့
ဝက္သားနွင့္ ခရမ္းသီး ခ်က္ တခြက္ထဲနဲ ့ပင္ ၿမိန္ေရယွက္ေရ ထမင္းစားလိုက္ၾကသည္။

ေန႔ခင္းပိုင္းေရာက္ေတာ့ ဘိုးဘိုးတို ႔အိမ္က ကားေလးသည္ အိမ္ေရွ ႔ထိုးဆိုက္လာ၏။

ကားေပၚတက္ခဲ့ၿပီးသည့္ထိ ဦးခ်ီ ဘယ္သြားေနလဲ ဆိုတာ ယေသာ္လင္းမသိေခ်။

၇၃လမ္းဖက္ကိုသြားေနတာကိုေတာ့သိသည္။
မိနစ္အနည္းငယ္ၾကာေတာ့ လမ္းေကြ ႕တခုက ၿခံေလးေရွ ႔ကားရပ္သြားသည္။

ထိုၿခံေရွ ႔ ေဘးေထာင့္တြင္ အေတာ္တန္ႀကီးေသာ ဖုန္းဆိုင္ တခုရွိကာ အနီးနား ပတ္ဝန္းက်င္ အေဆာင္ တခ်ိဳ ႕နွင့္ အဝတ္စားဆိုင္ခန္းတခ်ိဳ ႕ကိုလည္းေတြ ႕ရသည္။

" ကိုကို ဒါ ဘယ္ေနရာလဲ "

" ဒါ ဘိုးဘိုးက ငါ့ကိုအေမြေပးတဲ့ အိမ္ေလ ။ မင္းတခါမွ မေရာက္ဖူးေသးလို ႔လိုက္ပို ႔တာ ။ ေနာက္က်ရင္ ငါဒီမွာ စီးပြာေရးလုပ္မယ္။ မင္းက ေဆးေက်ာင္းတက္ၿပီး ဆရာဝန္ျဖစ္ေအာင္ လုပ္ေပါ့။ မင္းေက်ာင္းတက္ေနတုန္း ငါကေတာ့ ပိုက္ဆံရွာမယ္ေလ။တမင္ ေဆးေက်ာင္းနဲ ့နီးတဲ့ေနရာတဝိုက္ကို ဝယ္ခိုင္းထားတာ အဆင္မေျပဘူးလား "

ယေသာ္လင္း နွာေခါင္းရႈံ ့ျပလိုက္သည္။

" မေျပဘူးလံုး၀ ။ ငါေဆးေက်ာင္းတက္ေနၿပီး မင္းက အလုပ္လုပ္ရင္း ငါ့ကိုေက်ာင္းထားမယ္ဆိုေတာ့ ဘယ္တရားမလဲ။"

" တရားတာမတရားတာ ငါမသိဘူး။
ငါ ဆယ္တန္းေအာင္ရင္ အေဝးသင္ပဲတက္မွာ။ ငါ့အိမ္မက္က ငါ့ကိုယ္တိုင္
ငါ့စိတ္ကူးနဲ ့စတဲ့ စီးပြာေရးတခုကိုလုပ္ခ်င္တာ။ ပါးပါးတို ႔ဆီက အရင္းနွီးလံုးဝမေတာင္းပဲ ငါ့ဖာသာ တနိုင္တပိုင္ အလုပ္ကို လုပ္ၾကည့္ခ်င္တာ ။ မင္းကေတာ့
ဆရာဝန္လုပ္ေပါ့ ။

ဒီက မင္းရဲ႕ ကိုကိုက
ဘယ္ေလာက္ ေတာင္ ေတာ္သလဲ ဆိုတာ
ေနာက္က်မင္းသိသြားမွာပါ "

"ေဝါ့ "

ရင္ဖက္ပုတ္ကာ ေျပာလာတဲ့ ဦးခ်ီကို
အန္ခ်င္သလို ပံုစံလုပ္ျပကာ လက္ထဲကိုင္ထားတဲ့ ေသာ့ကို ဆြဲလုပ္ၿပီး ၿခံတံခါးကိုဖြင့္လိုက္၏။

ခ်စ္တဲ့အိမ္စည္။

"ဦးချီ လေးက မလုပ်တက်တာကိုမရှိပါ့လား "

သောက်ပီးသားဆန်ပြုတ်ပန်းကန်လေးကို
ဘေးခုံပေါ် ပြန်ချရင်းပြောလာတဲ့ အန်တီခင်လေးက ကုတင်ဘောင်ကိုမှီထားရင်း
အလွန်အမင်းသဘောကျနေတဲ့ပုံမျိုး။

ဦးချီ သက်ပုံထည့်ပေးလိုက်တဲ့ ဆေးပုလင်းတွေ ကို ကုတင်ပေါ်ချပြီး အန်တီခင်လေးကိုမော့ပြီးပြုံးပြလိုက်၏။

အရင်ကထက်စာရင် အများကြီး ပိန်သွားသွားတာပဲ။ မပြေလည်တဲ့စီးပွာရေးကြောင့် လူကလည်း မများကြီးရုပ်ကျသွားသည်။

" သား နွေရာသီတုန်းက ပျင်းတာနဲ့ သင်ထားတာ။ သက်ပုံက ဆေးတွေထည့်ပေးလိုက်တယ် အန်တီခင်လေး။ ခုတလော
အန်တီခင်လေး လေးဘက်နာပြန်ဖြစ်နေတယ်ဆို ။ ဆေးခန်းပြ မှသက်သာမယ်တယ်တဲ့။ ပြီးတော့ လိမ်းဆေးတွေလည်းထည့်ပေးလိုက်တယ်သားနှိပ်ပေးမယ်နော် "

" နေနေ ယသော်လာမှနှိပ်ပေးခိုင်းပါ့မယ်။တနေ ကုန်ပင်ပန့်ရော့ပေါ့ နားနားနေနေ ပါ "

" ဟုတ်သားပဲ မင်းနားတော့လေ။ ငါပဲလုပ်ပေးလိုက်မယ်"

ရေခွက်ကလေးကိုင်က ဝင်လာတဲ့
ယသော်လင်းက သူ့ လုပ်နေကျ ဖြစ်တဲ့
အန်တီခင်လေးဆေးတိုက်ခြင်းအလုပ်ကို မြန်မြန်ဆန်ဆန်လုပ်သွား၏။

ပြီးတော့ ဦးချီလက်ထဲက ဆေးပုလင်းကို လှမ်းယူကာ ကုတင်ပေါ်ကို တက်သွား၏။

ဦးချီ ထိုင်မကြည့်နိုင်ပါ။
နဂို စလာကတည်းက အန်တီခင်လေးကိုရောက်တုန်းပြုစုမယ်ဆိုတဲ့ စိတ်နဲ့ လာခဲ့တာမို့

" ငါဝိုင်းလုပ်ပေးတော့ ကုသိုလ်ရတာပေါ့။
ပြီးတော့ ဒီဆေးက သေချာ လူးတက်မှ ရောဂါသက်သာ မှာ။ မဟုတ်ရင် အလေအလွင့်ဖြစ်သွားလိမ့်မယ်။ ဝယ်ဖို့ ရာ လွယ်တာမဟုတ်ဘူး။ ဒါတောင် သက်ပုံလက်ဆောင်ရလို့ ။ ကချင်ပြည်နယ်က
ဆေးဥ ၊ ဆေးမြစ်တွေနဲ့ သေချာဖော်စပ် ထားတာ။ အသားထဲ စိမ့်အောင် လူးပေးရင် အညောင်းညာအကိုက်ခဲပျောက်တယ်။ ဒီမယ်ကြည့် ငါလုပ်ပြမယ်"

အန်တီခင်လေး ခြေသလုံးတွေကို သေချာ ဆေးလူးပြီး နှိပ်နယ်ပြတော့ ဘေးမှာ သော်က သေချာကြည့်ပြီး သူပါ ဦးချီလို လိုက်လုပ်ပေးသည်။
အတော်ကြာအောင် ခြေထောက်တွေ ၊ဂုတ်တွေ နှိပ်ပေး ရင်း အန်တီခင်လေးနဲ့ စကားတွေ ပြော မိကြသည်။

ရွာကအကြောင်းတွေ၊ စီးပွားရေး အကြောင်းတွေ အကုန်စုံလို့ ပါပဲ။

မိုးချုပ်တော့ ဆေးစွမ်းကြောင့် အန်တီခင်လေး သက်သာသွားပုံပေါ်သည် ရွှင်ရွှင်ပြပြဖြစ်လာ၏။

" ဒါဆို သားတို့ အိပ်တော့မယ်နော်မေမေ "

"အေးအေး နားကြတော့ ။ လက်တွေသေချာ ဆေး ...ပူနေမယ် "

"ဟုတ်မေမေ..။ လာ ငါတို့ သွားရအောင် "

ဦးချီ ကို လက်တို့ ပြီး နှစ်ယောက်သား နောက်ဖေးကန်မှာ လက်ရေပြောင်အောင်းဆေးဖြစ်ကြသည်။

အခန်းကတော့ ဦးချီ သန့် ရှင်းပေးထားတာမို့ ပြောင်ဝင်းနေကာ အားတော့မနာရတော့ပေ။

" ကိုကို မင်း ညကျ အိပ်ရေးဆိုးရင် ငါကန်ချမှာနော် "

ခြင်ထောင်ချနေတဲ့ ဦးချီ ကို အိပ်နေရင်း လှမ်းရန်ထောင်လိုက်သေးသည်။

" အေးပါ ငါသိပါတယ် "

" ပြောတာပဲ ။ ပြီးရင် မင်းအိပ်ပျော်သွားရင်ဘာမှသိတော့တာမဟုတ်ဘူး။ ငါပဲ ခံရတာ "

ပွစိပွစိပြောနေတဲ့ ယသော့်ဘေးကပ်အိပ်ရင်း ဦးချီ သူ့ ခြေထောက်ကြီးကို ပစ်တင်လိုက်၏။

အတူအိပ်တိုင်း ယသော်လင်း ပေါ်ကိုမှ ခြေတင်မအိပ်ရရင် မကျေ နပ်တဲ့ ပုံညာဦးချီ သည် ယခုလည်း သူ့၏ ကြီးမားတဲ့ ခြေထောက်ကြီးကို ယသော်လင်းပေါ်တင်လျက် ဇိမ်ကျကျ အနားယူနေလေသည်။

လူသေးသော်လည်း အကျင့်ပါနေပုံရတဲ့
ယသော်ကတော့ ဦးချီအကြောင်းသိသူပီသစွာ တခြား ထွေထွေထူးထူးပြောမလာပဲ မျက်လုံးမှိတ်ကာ အိပ်လေတော့သည်။
တနေ့ လုံး ပင်ပန်းထားသည်ကတကြောင်း ကလေးသာသာအရွယ်တွေ မို့ အိပ်ရေးမက်သည်က တကြောင်းမို့ မိနစ်ပိုင်းအတွင်းအိပ်ပျော်သွားကြ၏။

ည ၂နာရီခန့် ...

တိတ်ဆိတ်ငြိမ်သက်နေချိန်တွင်
နာရီသံ တချောက်ချောက်သည် ကျယ်လောင်စွာကြားနေရသည်။

နှစ်ခြိုက်စွာ အိပ်မော ကျလျက်ရှိသော
ယသော်လင်းသည် ပစ်စလက်ခက်
ဖိကြိတ်ခံရမူ့ ကြောင့် အိပ်နေရာမှာ နိုးလာခဲ့သည်။

သူခန္ဓာကိုယ် သည် တစုံတဦး၏
ကျစ်ကျစ်ပါအောင် လုံးဖက်ထားခြင်းခံနေ ရသလို နားထင်ဘေးတွင်လည်း မပြောင်းလဲစွာ စိုစိစိကို ခံစားလိုက်ရသည်။

မျက်လုံးတွေကိုဖွင့်မကြည့်ဖြစ်ပေမဲ့
မျက်နှာကတော့ အတင်းရှုံ့ မဲ့လျက်
ခါးပေါ်က ကန့်လန့် တင်ထားတဲ့ ခြေထောက်ကြီး ကို ကန်ချနေလေသည်။

အတော်ကြာကြိုးစားပြီးနောက်မှာ
ကိုယ်ခန္ဓာပေါ်က ပေါင်ချိန်များစွာလေးလံလှတဲ့ ခြေထောက် သည် တဖက်သို့ ကွာကျသွားလေသည်။

သို့ သော် ခေါင်းအုန်း တလုံးပေါ်ကို
နှစ်ယောက်မျှကာ လာ အိပ်နေတဲ့
ခေါင်းကိုမူ မဖယ်ဖြစ်ခဲ့တော့ပါ။

ဦးချီ သည် ဘယ်သောခါမှ သူ့ ခေါင်းအုန်းပေါ်ကို ခေါင်းမချတက်ပေ။
ယသော်လင်းခေါင်းအုန်းပေါ်မှာ အတင်းပူးကပ်လာအိပ်တာ ဟိုးပေါက်စလေးကတည်းကပင်။

ပြန်လှည်အိပ်ပျော်သွားပြီးဖြစ်တဲ့ ယသော်လင်းသည် နားထင်ဘေးက
သွားရေ တွေကိုတော့အရင်လို ရွံ့ ရှာခြင်း မရှိပဲ အသားကျလို့ နေခဲ့ပါပြီ။

______

" ကိုကို ... ကိုကို !! "

ဖြန်းးး

"အာ အိပ်အုန်းမယ်လို့ သော်ကလည်း"

နာကျင်သွားသော တင်ပါးကို ပွတ်လျက် ဦးချီ တစ်ယောက် တဖက်ကို လိမ့်ကာ ပြန်အိပ်ပျော်သွားပြန်ပါသည်။

မနက် ၈နာရီခန့် အချိန်ထိအောင် အိပ်နိုင်လွန်းတဲ့ ဦးချီ ကို ခါးထောက်ကာ ရပ်
ကြည့်နေမိသည်။

ညကလည်း တညလုံးသူခြေထောက်ကို ဖယ်နေရတာနဲ့ ကောင်းကောင်းအိပ်မရခဲ့။
အခုလည်း ဗိုက်ဆာနေပါပီဆိုမှ လုံဝနှိုးလို့မရ။
စိတ်တို လာတာကြောင့် ကုတင်ပေါ်ကို ကုန်းတက်ကာ ပေါင်းရင်းထိ လှန်ချင်နေတဲ့ ပုံဆိုးစ ကို ခါးထိ ဆွဲတင်ပစ်လိုက်သည်။

" အားး ယသော်လင်းမာန် ။ ဒါ ဘာလုပ်တာလဲ လို့ "

ပုဆိုးစကို အတင်းဆွဲချကာ အော်လာတဲ့
ဦးချီ ကို ယသော် လက်ညိုးထိုးကာ တခွီးခွီးရယ်တော့သည်။

"ဟားး ကိုကို မင်းအတွင်းခံလည်းမ
ဝတ်ဘူး။ ငါမြင်လိုက်တယ် မင်းဖင်ကြီးကို ဟားဟား "

"ယသော်လင်းမာန်!! "

ဦးချီ ၏ ကျယ်လောင်လှတဲ့ အော်သံကြီးသည် အခန်းတွင်းမှ လွင့်ပျံ့ လာ၏။

ထိုအခါမှ အခန်းထဲက ယသော်တစ်ယောက်ပြေးထွက်လာလေသည်။

ဖင် ဆိုက်ကို ရှိတဲ့ ဦးချီသည် ငယ်စဉ်ကတည်းက သူ့ ဖင်ကို တအားဂရုစိုက်၏။
နည်းနည်းအမျိုးမျိုးနဲ့ သက်ပုံမသိအောင်
skin care ဘူးတွေ ခိုးကာ သူ့ ဖင်ကို လိမ်းနေကြပင်။

ထို့ ကြောင့် ခုဆိုရင် ဦးချီ ဖင်က လုံးဝမမဲတော့ပဲ ဝါဝင်းကာ ကြည်တောက်နေရုံသာမကပဲ ပြောင်ဝင်းလင်းလက် နေလေတော့သည်။

ထိုမနက်ခင်းတွင် ဦးချီစိတ်ကောက်ကာ
အခန်းပြင် လုံးဝထွက်မလာပေ။
မနက်စာမစားသလို အခန်းထဲဝင်ကာ
ယသော်ချော့သော်လည်း တွေ့တဲ့ ပစ္စညတွေနဲ့ ကောက်ပေါက်လွတ်လေသည်။

၃နာရီ နီးပါးလောက် အောက်ပေါက်မတက် အခန်းပေါက်ဝကနေ ယသော်တစ်ယောက် ထိုင်ချော့နေကာမှ စူပုတ်လျက် နောက်ဆုံးထွက်လာခဲ့သည်။

" ကိုကို "

မထူးပဲ ယသော့်ရှေ့ကဖြတ်သွား၏။
နောက်ကတကောက်ကောက်လိုက်ကာ
ထပ်ခေါ်နေမိသည်။

" ကိုကို "

"ကိုကို လို့ "

" မင်းကလည်း စိတ်မဆိုးပါနဲ့ တော့။
မဟုတ်လည်း မင်းဖင်ကို ငါမြင်နေကျပဲဟာ ရှက်စရာမဟုတ်ပဲ ရှက်နေပြန်ပြီ "

ရေကန်ရှေ့ မှာ မျက်နှာသစ်နေတဲ့ ဦးချီသည် ယသော်ကိုလုံးဝအဖက်မလုပ်ပေ။
ချော့မရတော့ ယသော် စိတ်တိုလာ၏။

" ဟွန့် နေပေါ့ ။ မဟုတ်လည်း
ညတိုင်း အိပ်ပျော်နေတဲ့ ချိန် လှန်ကြည့်လို့ရတယ်။ အဲ့ခါ မင်းလှန်လို့ လှန်မှန်းတောင် သိမှာမဟုတ် .. "

ဗွမ်းးး

ခေါင်းပေါ်က စက်စက်ကျနေသော ရေစက်တွေကိုကြည့်ကာ ယသော်ပါးစပ်အဟောင်းသားဖြစ်သွား၏။
ရေခွက်ကိုလက်ထဲကိုင်ကာ ခါးထောက်ရပ်ကြည့်နေသူကြောင့် ယသော့်ရဲ့ပြဲလန်လာတဲ့ အော်သံကြီးထွက်လာပြီး အတင်းဝင်လုံးရိုက်ပုတ်တော့သည်။

နာရီဝက်ခန့် အကြာ တွင် ဦးချီ ရော ၊ ယသော်ရော ရေမွန်းနေသော ကြွက်စုတ်လေးများသဖွယ် အိမ်ပေါ်ပြန်ရောက်လာကြသည်။

" ဒီနေ့ ဘယ်သွားကြမလဲ "

" မင်းကို တနေရာခေါ်သွားစရာရှိတယ်။
ခဏနေ ဘိုးဘိုးကြီး ကားလွှတ်လိုက်လိမ့်မယ်။ ငါတို့ သွားကြတာပေါ့။ အန်တီခင်လေးဘယ်သွားလဲ "

စိတ်ဆိုးခြင်းအလျှင် မရှိတော့တဲ့ သူတို့ နှစ်ဦးသည် စောနက သတ်ပုတ်လာသူ
မဟုတ်ကြသလို စကားကို ပြေလည်စွာပြောနေကြသည်။

" မေမေက အိမ်ခြံမြေပွဲစားလုပ်နေတာလေ။ ခု ပွဲတစ်ခုရလို့ သွားတယ်"

"နေလည်းမကောင်းသေးပဲ "

အင်္ကျီ ကြယ်သီးတက်နေရင်းဦးချီ ကတွေးဆ လျက်ပြောသည်။
ယသော်ကတော့ စိုနေတဲ့ သူ့ ခေါင်းကဆံပင်တွေကိုသုတ်ကာ ကုတင်ပေါ် ထိုင်ရင်း

" ဒါကတော့ အလုပ်မရှိရင် ငါတို့ ဘာနဲ့စားရမှာလဲ ။ နေမကောင်းပေမဲ့ ပင်ပန်းတာတွေ မဟုတ်တော့တော်သေးတယ်ပြောရမယ် "

" ငါ့မှာ ပိုက်ဆံတွေရှိတယ် သော်။
မင်းမာန မကြီးပါနဲ့ ။ နှစ်တိုင်း ငါ့မွေးနေ့ကရတဲ့ ပိုက်ဆံတွေကို မမသိမ့် တို့ ဆီမှာ စပါးလှောင်ဖို့ ငွေစပ်ထားတာရှိတယ်။ တကယ်လို့ အရမ်းကြီး သောကရောက်စရာရှိရင် ငါ့ကိုပြောနော်။ ဒီနှစ် စပါးအမြတ်ခွဲရင် ငါမင်းကိုပေးမယ် "

ယသော် ခေါင်းညိမ့်သာ ပြလိုက်မိပေမဲ့
ယူဖို့ တော့ စိတ်ကူးမရှိခဲ့။
ခုလိုတွေ ဦးချီ တို့ မိသားစု ကြည့်ရူ့ ထောက်ပံ့ပေးနေတာကိုပင် သူ့ တို့ သားအမိ အားနာလှပြီ။

သူတို့ နှစ်ဦး မေမေ ချက်ပေးခဲ့တဲ့
ဝက်သားနှင့် ခရမ်းသီး ချက် တခွက်ထဲနဲ့ ပင် မြိန်ရေယှက်ရေ ထမင်းစားလိုက်ကြသည်။

နေ့ခင်းပိုင်းရောက်တော့ ဘိုးဘိုးတို့ အိမ်က ကားလေးသည် အိမ်ရှေ့ ထိုးဆိုက်လာ၏။

ကားပေါ်တက်ခဲ့ပြီးသည့်ထိ ဦးချီ ဘယ်သွားနေလဲ ဆိုတာ ယသော်လင်းမသိချေ။

၇၃လမ်းဖက်ကိုသွားနေတာကိုတော့သိသည်။
မိနစ်အနည်းငယ်ကြာတော့ လမ်းကွေ့ တခုက ခြံလေးရှေ့ ကားရပ်သွားသည်။

ထိုခြံရှေ့ ဘေးထောင့်တွင် အတော်တန်ကြီးသော ဖုန်းဆိုင် တခုရှိကာ အနီးနား ပတ်ဝန်းကျင် အဆောင် တချို့ နှင့် အဝတ်စားဆိုင်ခန်းတချို့ ကိုလည်းတွေ့ ရသည်။

" ကိုကို ဒါ ဘယ်နေရာလဲ "

" ဒါ ဘိုးဘိုးက ငါ့ကိုအမွေပေးတဲ့ အိမ်လေ ။ မင်းတခါမှ မရောက်ဖူးသေးလို့ လိုက်ပို့ တာ ။ နောက်ကျရင် ငါဒီမှာ စီးပွာရေးလုပ်မယ်။ မင်းက ဆေးကျောင်းတက်ပြီး ဆရာဝန်ဖြစ်အောင် လုပ်ပေါ့။ မင်းကျောင်းတက်နေတုန်း ငါကတော့ ပိုက်ဆံရှာမယ်လေ။တမင် ဆေးကျောင်းနဲ့ နီးတဲ့နေရာတဝိုက်ကို ဝယ်ခိုင်းထားတာ အဆင်မပြေဘူးလား "

ယသော်လင်း နှာခေါင်းရှုံ့ ပြလိုက်သည်။

" မပြေဘူးလုံးဝ ။ ငါဆေးကျောင်းတက်နေပြီး မင်းက အလုပ်လုပ်ရင်း ငါ့ကိုကျောင်းထားမယ်ဆိုတော့ ဘယ်တရားမလဲ။"

" တရားတာမတရားတာ ငါမသိဘူး။
ငါ ဆယ်တန်းအောင်ရင် အဝေးသင်ပဲတက်မှာ။ ငါ့အိမ်မက်က ငါ့ကိုယ်တိုင်
ငါ့စိတ်ကူးနဲ့ စတဲ့ စီးပွာရေးတခုကိုလုပ်ချင်တာ။ ပါးပါးတို့ ဆီက အရင်းနှီးလုံးဝမတောင်းပဲ ငါ့ဖာသာ တနိုင်တပိုင် အလုပ်ကို လုပ်ကြည့်ချင်တာ ။ မင်းကတော့
ဆရာဝန်လုပ်ပေါ့ ။

ဒီက မင်းရဲ့ ကိုကိုက
ဘယ်လောက် တောင် တော်သလဲ ဆိုတာ
နောက်ကျမင်းသိသွားမှာပါ "

"ဝေါ့ "

ရင်ဖက်ပုတ်ကာ ပြောလာတဲ့ ဦးချီကို
အန်ချင်သလို ပုံစံလုပ်ပြကာ လက်ထဲကိုင်ထားတဲ့ သော့ကို ဆွဲလုပ်ပြီး ခြံတံခါးကိုဖွင့်လိုက်၏။

ချစ်တဲ့အိမ်စည်။

Bạn đang đọc truyện trên: ZingTruyen.Xyz