ZingTruyen.Xyz

နှင်းဆီဝါတို့ နီစွေးစေ(နွင္းဆီဝါတို ႔နီေစြးေစ)completed

13

eainsi23


"ေမေမ  ! ေမေမ  !  ညေနစာ ဘာဟင္းခ်က္မွာလဲ ။ ဦးခ်ီ  ေကြၽးဖို ႔ေမေမ ဘာစီစဥ္ထားလဲ  "

ယေသာ္  မီးဖိုးေခ်ာင္ထဲ ေျပးဝင္သြားကာ မိခင္ျဖစ္သူကိုေမးမိသည္။
သူတို ႔သားအမိေနတဲ့ အိမ္ကေလးသည္
ပ်ဥ္ေထာင္အိမ္ေျမေဆာက္ အိမ္ကေလးပင္ျဖစ္သည္။
မီးဖိုးေခ်ာင္သည္ အိမ္ေဘးမွာ ကပ္တြဲေဆာက္ထားၿပီး  ဧည့္ခန္း ကေန သြားလ်ွင္  ညာဖက္ေဘးျဖစ္ကာ ေအာက္တြင္ ပ်ဥ္ခင္းထားေလသည္။

" ေထြေထြထူးထူးေတာ့ ခ်က္မထားဘူးသားရယ္။ ေမေမ သိပ္ေနမေကာင္းလို ႔
ထမင္းတအိုးတည္ေပးထားတယ္။ ၾကက္ဥျပဳတ္ေလးနဲ ့စားလိုက္ေနာ္  "

ယေသာ္ စိတ္မေကာင္းျဖစ္သြား၏။
ဦးခ်ီ ကတခါတေလ မွ လာလည္ တာမို ႔
ေကာင္းေကာင္းမြန္မြန္ သူေကြၽးခ်င္ပါသည္။ ဒါေပမဲ့  ႏြမ္းလ်ေနတဲ့ ေမေမ့မ်က္နွာေလးေၾကာင့္ ယေသာ္ မသက္မသာၿပံဳးရင္း
ေခါင္းညိမ့္ျပလိုက္သည္။

"ရပါတယ္ေမေမ ။ ဒါဆို  ေမေမ နားေတာ့ေလ ။ ဦးခ်ီ က ခဏေနရင္ ေရာက္ေတာ့မယ္ ထင္တယ္။ သား ေစာင့္ေနလိုက္မယ္ "

" ေအးပါသားရယ္။ ေမေမ ေခါင္းေတြ မူးေနလို ႔ခဏ အိပ္ဦးမယ္ကြယ္။  သား ခ်ီ လာရင္လည္း  ဦးသက္ေက်ာ္တို ႔အိမ္ဆက္သြားမယ္ထင္တယ္။ သားလိုက္သြားမယ္ဆိုရင္ ၿခံတံခါးေလးေသခ်ာေစ့ခဲ့ေနာ္ "

"ဟုတ္ကဲ့ေမေမ  "

ေဒၚခင္ခင္ေထြး သားကို ၾကည့္ကာ စိတ္မေကာင္းျဖစ္မိသည္။
သူ ႔သားေလး သည္   စိတ္မာၿပီး ေခါင္းမာတက္သူျဖစ္ေပမဲ့  အားငယ္စိတ္ဝင္ေနတာကိုေတာ့ သူမ အသိဆံုးပင္။
အစစအရာရာ  ဦးခ်ီ တို ႔မိသားစုက ေထာက္ပံ့ေပးေနတာကိုလည္း သူမ ေက်းဇူးတင္မိပါသည္။
လင္ကံမေကာင္းေသာ သူမသည္
မိတ္ေဆြေကာင္းကိုေတာ့ရရွိခဲ့ပါသည္။

ဘဝမွာ  စိတ္အနာဆံုးကိုျပပါဆိုရင္
ထိန္လင္းမာန္ကိုသာျပမိမည္။
တညတာမွားယြင္းမူ ႔ေၾကာင့္  တာဝန္ယူခဲ့ရေပမဲ့  သားကို သူ ႔သားပါဆိုတာ လက္မခံခဲ့သလို  တခါမွလည္းေႏြးေထြးစြာမဆက္ဆံဘူးခဲ့။

ငယ္စဥ္က  သူမ  မလိမ္မာခဲ့ေပမဲ့ မိေကာင္းဖခင္သားသမီးမို ႔  ေယာက်ာ္းတစ္ေယာက္ကို လိမ္လည္လွည့္ဖ်ားယူရဖို ႔ထိေတာ့
ေအာက္တန္းမက်ေပ။

ဒါ့အျပင္ မေျပလည္တဲ့အိမ္ေထာင္ေရးေၾကာင့္ နွလံုးေရာဂါသည္မိခင္သည္ သူမ စိတ္နွင့္ေသဆံုးခဲ့ရသည္။
ဘယ္တုန္းကမွ ေမတၱာမေပးဖူးခဲ့တဲ့
ေယာက်ာ္းကိုခ်စ္ခဲ့မိလို ႔သူမဘ၀သည္
တသက္စာ  ပ်က္စီးသြားခဲ့သည္။
ဘာအလုပ္မွ မယ္မယ္ရရမရွိတဲ့ ေယာက်ာ္းကို အိမ္ေခၚတင္ၿပီးေနာက္မွ တျဖည္းျဖည္း ေလ်ာ့နည္းလာတဲ့စီးပြားေရး။

ကြဲကြာၿပီးေနာက္မွာ  မကြၽမ္းက်င္တဲ့ စီးပြားေရး ဆံုးရႈံးမူ ႔မ်ားနွင့္  ထိန္လင္းမာန္ သံုးၿဖံဳးခဲ့တဲ့ အေႂကြးမ်ားစြာကိုထိုးဆပ္ရင္း သူမတို ႔သားအမိ ဘဝပ်က္ခဲ့ရ၏။
သားသည္လည္းငယ္ငယ္႐ြယ္႐ြယ္နဲ ့ေလာကဓံကို ခံေနရသည္။
ဒါေတြအကုန္လံုးသူမ အမွားေတြသာ။

အတိတ္ဆိုးမ်ားကို  ျပန္ေတြးမိေတာ့ မ်က္ရည္ စက္မ်ားဟာ ေခါင္းအုန္းေပၚမွာ အေျခခ်ျပန္သည္။

သားကို သိပ္သနားသည္။

သူမသာ မရွိေတာ့ရင္ သားသည္ မ်က္စိသူငယ္နားသူငယ္နွင့္ ေလာကႀကီးမွာ ဘယ္လိုျဖတ္သန္းမလဲ ဆိုတာ ေတြးမၾကည့္ရဲေအာင္ပင္ရင္ေလးလွပါသည္။

ပြမ္ ! ပြမ္!

အိမ္ေရွ ႔က  က်ယ္ေလာင္တဲ့ ကားဟြန္းသံေၾကာင့္ ၾကက္ဥျပဳတ္က်က္မက်က္ၾကည့္ေနတဲ့ ယေသာ္လင္း  ဝမ္းသာအားရျဖစ္သြား၏။
အလ်ွင္အျမန္ပင္  မီးခလုတ္ပိတ္ကာ
အိမ္ေရွ ႔ေျပးထြက္သြားလိုက္မိသည္။

" ကိုကို ! "

အားရဝမ္းသာေခၚလိုက္သံ နွင့္အတူ
ေျပးထြက္လာေသာ အျဖဴ ေရာင္အရိပ္ကေလး။

ကားတံခါးကို မပိတ္ေတာ့ပဲ ၿခံထဲ ဦးခ်ီ ေျပးဝင္ကာ  ခုန္ဖက္လာတဲ့ ယေသာ္လင္းကို ေျပးေပြ ႕၏။

ဦးခ်ီက တနွစ္ေျပာင္းေလ  သိသာစြာ ထြားက်ိဳင္းလာေပမဲ့ ယေသာ္ကေတာ့မတူေပ။

၁၃နွစ္သားဦးခ်ီသည္  ၅ေပ၄လက္မ ထိ ထိုးတက္ကာရွည္လာခဲ့ေသာ္ျငား
ယေသာ္ကေတာ့ ၅ေပေတာင္ျပည့္ေအာင္မရွည္လာခဲ့ပါ။
သိသိသာသာ ပုေနသလို  လူေလးကလည္း လက္တဆုပ္စာ ေသးေသးေလးပင္။

" အၿမဲ တမ္း  မင္းက ေသးေသးေလးပဲ။
ငါလာတုန္း  အရပ္ရွည္ေဆးဝယ္ေပးခဲ့မယ္။ အားေဆးေရာပဲ ။ မင္းအရမ္းေသးေနတာျမင္ေတာ့  လံုးဝအားမရဘူး  ေသာ္ "

ေပြ ႕ခ်ီ ထားရာကေန ျပန္ခ်ၿပီး ဦးခ်ီ ဆိုလိုက္သည္။

မတူညီတဲ့ အရပ္အတိုင္း ေသာ္ကေတာ့သူ႔ကို ေမာ့ၾကည့္ေနရွာဆဲပင္။
ဘယ္ခ်ိန္ေပြ ႕ေပြ ႕ ေသာ္ကို ဦခ်ီ ႏိုင္သည္။
ထိုမ်ွထိ ယေသာ္လင္းမာန္က ေသး၏။

"  မလိုပါဘူး။ ငါ့ကေသးေနေပမဲ့ မင္းကို
ထုရုိက္လို ႔ရေသးတယ္။မင္း အိမ္ထဲဝင္ဦးမွာလား ။ ဘိုးဘိုးတို ႔ဆီဆက္သြားမွာလား "

"အန္တီခင္ေလးကို နႈတ္ဆက္အုန္းမယ္ေလ "

"ေမေမအိပ္ေနတယ္ ။ ျပန္ေရာက္မွ 
နႈတ္ဆက္ေတာ့ ငါတို ႔သြားၾကမယ္"

စိတ္ၾကည္ေနတိုင္း ေပၚလာတက္ေသာ ပါးခ်ိဳင့္ခြက္ေလးကို စိုက္ၾကည့္ကာ ဦးခ်ီ
ေနာက္တခါ ယေသာ္လင္းကို ဆြဲဖက္လိုက္၏။

"Happy Birthday ပါေသာ္  ။  ေမြးေန ႔တုန္းက ေျပာဖူးတယ္ဆိုေပမဲ့  မင္းအနားမွာ ရွိတုန္း ထပ္ေျပာခ်င္လို ႔။  "

ဦးခ်ီေက်ာကို ျပန္ပုတ္ေပးရင္း ယေသာ္
ေက်နပ္စြာ ရယ္ေမာမိသည္။

" ဟုတ္ပါပီ။  လာသြားၾကရေအာင္။ ဟိုမွာ ဦးေလးထက္စိတ္မရွည္ေတာ့ဘူး "

"အင္း"

ေနာက္ခန္းတံခါးကိုဖြင့္ကာ နွစ္ေယာက္အတူတက္လိုက္သည္။
သူတို ႔နွစ္ေယာက္ဆံုရင္ ဘယ္ေတာ့မွ
ခြဲ မထိုင္တက္တာအက်င့္ပင္စ။

" ဘယ္မွာတုန္း ငါေမြးေန ႔လက္ေဆာင္ "

ေဘးဘီ ကိုလွည့္ပတ္ရွာေဖြေနေသာ
ေခါင္းေလးကို  ပုတ္ကာ ဦးခ်ီ ကားေရွ ႔ထိုင္ခံုေပၚ တင္ထားေသာကိတ္ကို ကုန္းၿပီး ယူေပးလိုက္၏။

" မနွစ္က မင္းလာတုန္းက ငါမုန္႔သိပ္မလုပ္တက္ေသးဘူး။ ဒီနွစ္ေတာ့ ငါေသခ်ာလုပ္လာခဲ့ေပးထားတယ္ ေသာ္။ မင္းအတြက္ေမြးေန ႔ကိတ္ေလး။ တလမ္းလံုး
ငါ့မွာ ဂရုတစိုက္   မပ်က္စီးေအာင္သယ္လာရတာ လက္ေတြေတာင္ ေအာင့္လို ႔"

ကိတ္မုန္ ႔ဘူးေလးကို ဖြင့္ျပရင္းဆိုေနတဲ့
ဦးခ်ီ ေၾကာင့္ ယေသာ္ သူ ႔မ်က္ခမ္းစ မ်က္ရည္ေတြကိုပုတ္ခတ္ကာ သိမ္းလိုက္သည္။
အၿမဲတမ္းသူ စေနာက္ အနိုင္က်င့္ခဲ့ေသာ ေတာသားေလးသည္ သူ ႔ေဘးမွ 
လိုအပ္တာကိုျဖည့္ဆည္း ေစာင့္ေရွာက္ေပးခဲ့တာ ယခုဆိုရင္ နွစ္ေတြအမ်ားႀကီးပင္ရွိခဲ့သည္။

" အဝါေရာင္ေလးပဲ ။   နွင္းဆီပန္းကို
ငါမႀကိဳက္ေပမဲ့ မင္းလုပ္ေပးတာမို ႔
ငါ သေဘာက်ပါတယ္"

ကိတ္မုန္႔ျဖဴ ျဖဴ ေလးေပၚက အဝါေရာင္
နွင္းဆီပန္ေလးေတြကို နွစ္ေယာက္သားအတူ ၾကည့္မိၾကသည္။
ထိုအခ်ိန္မွာ ဦးခ်ီက ေျပာလာ၏။

" အဝါေရာင္နွင္းဆီပန္းဆို တာ 
သူငယ္ခ်င္းသံေယာဇဥ္ကို ကိုယ္စားျပဳတာ။ ဥပမာ ငါတို ႔နွစ္ေယာက္လိုေပါ့။
ေနာက္ဆိုရင္ နွစ္တိုင္း  ခုလို နွင္းဆီပန္းဝါဝါေလးေတြနဲ ့ကိတ္မုန္ ႔လွလွေလးေတြ ငါအၿမဲလုပ္ေပးမယ္ ေသာ္  "

ယေသာ္ၿပံဳးကာ ေခါင္းညိမ့္ျပလိုက္၏။
နွစ္ေယာက္အလယ္ က ကိတ္မုန္႔ေလး
သည္  သူတို ႔နွစ္ေယာက္ သံေယာဇဥ္ေတြ ကို  လွပစြာပံုေဖာ္ေပးေနခဲ့သည္။

_____

" ဘိုးဘိုး ကို သက္ပံုက မွာလိုက္တယ္။
ေဆးေတြပံုမွန္ေသာက္ပါတဲ့။ "

"ငါေသာက္ပါတယ္ကြ။ ဟိုေန ႔က ေသြးတိုးတယ္ဆိုတာကလည္း  အသက္ႀကီးလာေတာ့  အစားအေသာက္နည္းနည္းမွားတာနဲ ့လူက ခံနိုင္ရည္မရွိေတာ့လို ႔ျဖစ္တာပါ  ။ ဒါနဲ ့ငါ့ေျမးကေရာ ခု ယေသာ္ေလးတို ႔အိမ္ျပန္လိုက္သြားမွာလား "

" ဟုတ္ကဲ့ ဘိုးဘိုး။ သား ေသာ္တို ႔အိမ္မွာ ညအိပ္မွာ ။ ေရာက္တုန္း အန္တီခင္ေလးကို ျပဳစုလိုက္ဦးမယ္ေလ။  ဘိုးဘိုး ဆီကေတာ့  ျပန္ခါနီး ညက်မွပဲေျပာင္းခဲ့ေတာ့မယ္  "

ဦးသက္ေက်ာ္ေခါင္းတဆတ္ဆတ္ၿငိမ့္ရင္း
ေျမးေျပာတာကို လက္ခံလိုက္သည္။

"ကဲ ဟုတ္ပါၿပီ။ ဒါဆို လည္း ယေသာ္လာတုန္း ဘုိးဘိုး အိမ္က ထမင္းစားသြား "

"မစားေတာ့ဘူးဘိုးဘိုး။ သက္ပံုကေသာ့္အတြက္ ထည့္ေပးလိုက္တာေတြရွိေသးတယ္။ ခု ေရာက္ေရာက္ျခင္း ဘိုးဘိုးဆီအရင္လာေျပးေတြ ႕တာ။ ေဆးေတြလည္းေပးၿပီဆိုေတာ့ သားတို ႔ျပန္ေတာ့မယ္။ မနက္ဖန္ ေန႔ခင္းေလာက္မွာ တခါျပန္လာခဲ့မယ္ဘိုးဘိုး "

အိမ္မွာ ထမင္းစားမယ္ဆိုေတာ့ ယေသာ္ စိတ္မေကာင္းျဖစ္သြား၏။ ၾကက္ဥျပဳတ္နဲ ့ဦးခ်ီ ထမင္းစားနို္င္ပါ့မလား ။

အျပန္မွာ ဦးေလးထက္က အိမ္ထိျပန္လိုက္ပို ႔ကာ  ႐ြာကိုေန ႔ခ်င္းျပန္ဆင္းသြား၏။
သစ္သားၿခံစည္းရုိးေလးကို ဖြင့္ကာ နွစ္ေယာက္သား႐ြာက ပါခဲ့ေသာ လက္ေဆာင္ေတြကို  ေပြ ႕ၿပီးဝင္လာခဲ့လိုက္သည္။

"မ်ားလိုက္တာ။ ပါးပါးတို ႔ေတာ့ပိုက္ဆံေတြကုန္ေတာ့မွာပဲ ကိုကိုရာ "

စားပြဲေပၚမွာ အျပည့္ျဖစ္ေနေသာ ပစၥည္းေတြကိုၾကည့္ကာ ယေသာ္လင္း အားနာစြာေရ႐ြတ္မိသည္။

" ဘာအားနာစရာရွိလဲေသာ္ရာ။
မဟုတ္လည္း မင္းကို  ငါတို ႔အိမ္က
သားတစ္ေယာက္လိုပဲ သေဘာထားတာပါ။ မဟုတ္တာေတြေတြးမေနနဲ ့။ လာ မင္းကို ျပမယ္။ သက္ပံုေပးလိုက္တာရွိေသးတယ္ "

လက္ဆြဲ ကာ ခံုေပၚနွစ္ေယာက္အတူ ဝင္ထိုင္သည္။ ၿပီးေတာ့ ေက်ာပိုးအိတ္ထဲက
ပါးပါးေပးလိုက္ေသာ စာအိတ္ေလးကို  ထုတ္ကာ ယေသာ္လက္ထဲထည့္လိုက္၏။

"ဒါဘာေတြလဲ ကိုကို။  "

ယေသာ္လင္းက သူ႔လက္ထဲမွာရွိတဲ့ စာအိတ္ကေလးကို  ၾကည့္ကာေမးသည္။
ဘာမွန္းသူသိပံုမေပၚ။

" ပါးပါးက မွာ လိုက္တယ္။
စိတ္မေကာင္းမျဖစ္နဲ ့အားမငယ္နဲ ့တဲ့။
မင္းအနားမွာ ပါးပါးတို ႔နွစ္ေယာက္လံုးရွိေနပါတယ္တဲ့  ။ ဒါက အန္တီခင္ေလး ကို ေဆးခန္းျပရေအာင္ သက္ပံုထည့္ေပးလိုက္တာ ။  "

ပုတ္ခတ္ကာမ်က္ရည္ေတြကို  သိမ္းဆည္းေနဟန္ရွိေသာ ယေသာ္သည္ လက္ထဲက စာအိတ္ေလးကို က်စ္က်စ္ပါေအာင္ ဆုပ္ကာ  ေခါင္းငံု ႔သြား၏။

ဦးခ်ီ အသာေလးေထြးပိုက္လိုက္သည္။
႐ြယ္တူ အတန္းတူ ဆိုေပမဲ့ ယေသာ္က
ေသးေသးေလးျဖစ္ကာ ဘယ္ခ်ိန္ေပြ ႕ဖက္ဖက္  ရင္ခြင္ထဲမွာျမဳပ္ေနတက္သည္။

" မငိုပါနဲ ့ေသာ္ရာ။  မင္းက ငါတို ႔မိသားစုပါပဲ။  ေနာက္ကို တေယာက္ထဲ အားငယ္မေနပါနဲ ့။ ဒီနွစ္ထဲ မင္းအရမ္းပင္ပန္းေနတာကို ငါသိတယ္။ အဲ့ဒါေၾကာင့္ ဒီေက်ာင္းပိတ္ရက္မွာ  ငါမင္းေဘးနားမွာ အေဖာ္ျပဳေပးတာေပါ့ "

ေက်ာျပင္ေသးေသးကိုပုတ္ကာ ဦးခ်ီ စကားေတြေျပာေနမိသည္။
ယေသာ္က မာနခဲ။
ငိုလည္းငိုခဲသည္။ လူေသးသေလာက္
အရမ္းေခါင္းမာတက္တဲ့ ယေသာ္လင္းသည္ ဒီတခါေတာ့  ၾကာရွည္လွတဲ့ ဝမ္းနည္းမူ ႔ေတြ ကို  ဦးခ်ီ လာမွ ဖြင့္ထုတ္လာခဲ့သည္။

ခဏၾကာေတာ့မွ  ယေသာ္ ငိုတာရပ္ၿပီး ေခါင္းေလးထြက္လာ၏။
အသားျဖဳသူ မို ႔ မ်က္ခမ္းစပ္ေတြနွင့္ နွာေခါင္းထိပ္ေလးသည္ သိသိသာသာရဲေနကာ  အေကာင္ပိစိေလး တစ္ေကာင္နွင့္ေတာင္တူေနေသးသည္။

" မင္း ဗိုက္ဆာေရာေပါ့။ ငါတို ႔အိမ္မွာ ေမေမေနမေကာင္းလို ႔ၾကက္ဥပဲျပဳတ္ထားတာရွိတယ္။ မင္းစားနိုင္ပါ့မလား "

"ဘာလို ႔မစားနိုင္ရမွာလဲ။ သက္ပံုထည့္ေပးလိုက္တဲ့ ငါးေျခာက္ေၾကာ္၊ ဗာလေခ်ာင္ေၾကာ္ ၊ ပုဇြန္ ေၾကာ္  အကုန္ယူခဲ့။
သြားၾကမယ္ မီဖိုးခန္းထဲ "

ေျပာေျပာဆိုဆို   ဘူးေတြေကာက္ေပြ ႕ကာ ယေသာ္လက္ကိုဆြဲၿပီး  မီးဖိုေခ်ာင္ဖက္ကို  ဦးခ်ီ သြားမိသည္။

အမွန္တကယ္လည္းၾကက္ဥ နွစ္လံုးကိုသာ ျပဳတ္ထားသည္မို ႔စိတ္မေကာင္းလည္းျဖစ္ရ၊ သနားလည္းသနားရနဲ ့
ဦးခ်ီ ဘယ္လို အားေပးရမွန္းေတာင္မသိေတာ့ေပ။

ယေသာ္ကေတာ့ သူ ႔မူပိုင္ ပါးခ်ိဳင့္ေလးေတြေပၚေအာင္ၿပံဳးလ်က္ ထမင္းေတြခူးထည့္ေပးေနသည္။
သူ႔အႀကိဳက္ ပုဇြန္ထုပ္ေတြကို ျမင္ေတာ့ ေပ်ာ္သြားတာလည္းပါမည္။

"ပုဇြန္ ကို ငါမႀကိဳက္ဘူးဆိုတာသိတယ္ေနာ္။ မင္းဘာသာ စား။ ငါးက ဗာလေခ်ာင္ေၾကာ္နဲ ့ၾကက္ဥျပဳတ္နဲ ့စားမွာ  "

ပယ္ပယ္နွယ္နွယ္စားျပေတာ့မွ ေက်နပ္သြားဟန္ ေၾကာင့္ ဦးခ်ီ  က်ိတ္ရယ္လိုက္ေသးသည္။ ဘာပဲေျပာေျပာ ယေသာ္က ဦးခ်ီ ကို စိတ္ပူဖို ႔လည္းမေမ့ခဲ့ပါ။

ခ်က္တက္ျပဳတ္တက္ေသာ ဦးခ်ီက စားပီးေတာ့ ေသခ်ာေဆးေက်ာ ၿပီး သိမ္းသလို
ေနမေကာင္းတဲ့ အန္တီခင္ေလးအတြက္လည္း  ႐ြာက ပါလာတဲ့ ငါးေၾကာ္ေလးျဖင့္  ဆန္ျပဳတ္ေမႊးေမႊးေလးျပဳတ္ေပးဖို႔လည္းမေမ့ခဲ့ပါ။

ညေနေစာင္းေရာက္ေတာ့ ဦးခ်ီ   ပင္ပန္းကာ အိပ္ခ်င္လာ၏။ မပင္ပန္းရွိမလား။

ေရာက္တုန္း  ယေသာ္ရဲ႕ အခန္းသန္ ႔ရွင္းေရးလုပ္ေပးရုံမက  ဧည့္ခန္းက ရႈပ္ပြေနတာေတြေရာပါ လွည္းက်င္းသိမ္းဆည္းေပးသည္။
ထို ႔အျပင္  ၿခံထဲက
ခ်ံဳ တခ်ိဳ ႕ကိုေတာင္ ပုဆိုးတိုတိုဝတ္ကာ
ျခင္မေအာင္းေအာင္ ခုတ္ရွင္းလိုက္ေသး၏။ တကယ္ဆိုရင္ သူကေတာသား။

လုပ္နိုင္ကိုင္နိုင္တဲ့ ကိုယ္ခနၶာအ႐ြယ္အစားလည္းရွိသည္။
ၿပီးရင္ ယေသာ္ထက္လည္းအသက္ႀကီးသည္။

ဒါေၾကာင့္  အခန္းသန္႔ရွင္းေရးမလုပ္တက္တာ ယေသာ္မမွားသလို  အိမ္ညစ္ပတ္ေနတာကို မသိမ္းဆည္းသည္ကလည္း
ယေသာ္လင္းမာန္ လံုးဝမမွားေပ။

ဓားနဲ ့ ၿခံထဲက ၿခံဳေတြကို ခုတ္ထြင္းသန္႔ရွင္းေနစဥ္မွာ  ယေသာ္ တစ္ေယာက္ကေတာ့  နဂါးေမာက္သီးေတြကို  ေလွကားထစ္ေလးေပၚထိုင္ရင္း  အားရပါးရစားလို ႔ ဦးခ်ီ အလုပ္လုပ္တာကို ၾကည့္လို ႔ေနသည္။

ကူမလုပ္ေပးလည္း ယေသာ္လင္းမမွားေပ

ခ်စ္တဲ့အိမ္စည္။

"မေမေ  ! မေမေ  !  ညနေစာ ဘာဟင်းချက်မှာလဲ ။ ဦးချီ  ကျွေးဖို့ မေမေ ဘာစီစဉ်ထားလဲ  "

ယသော်  မီးဖိုးချောင်ထဲ ပြေးဝင်သွားကာ မိခင်ဖြစ်သူကိုမေးမိသည်။
သူတို့ သားအမိနေတဲ့ အိမ်ကလေးသည်
ပျဉ်ထောင်အိမ်မြေဆောက် အိမ်ကလေးပင်ဖြစ်သည်။
မီးဖိုးချောင်သည် အိမ်ဘေးမှာ ကပ်တွဲဆောက်ထားပြီး  ဧည့်ခန်း ကနေ သွားလျှင်  ညာဖက်ဘေးဖြစ်ကာ အောက်တွင် ပျဉ်ခင်းထားလေသည်။

" ထွေထွေထူးထူးတော့ ချက်မထားဘူးသားရယ်။ မေမေ သိပ်နေမကောင်းလို့
ထမင်းတစ်အိုးတည်ပေးထားတယ်။ ကြက်ဥပြုတ်လေးနဲ့ စားလိုက်နော်  "

ယသော် စိတ်မကောင်းဖြစ်သွား၏။
ဦးချီ ကတခါတလေ မှ လာလည် တာမို့
ကောင်းကောင်းမွန်မွန် သူကျွေးချင်ပါသည်။ ဒါပေမဲ့  နွမ်းလျနေတဲ့ မေမေ့မျက်နှာလေးကြောင့် ယသော် မသက်မသာပြုံးရင်း
ခေါင်းညိမ့်ပြလိုက်သည်။

"ရပါတယ်မေမေ ။ ဒါဆို  မေမေ နားတော့လေ ။ ဦးချီ က ခဏနေရင် ရောက်တော့မယ် ထင်တယ်။ သား စောင့်နေလိုက်မယ် "

" အေးပါသားရယ်။ မေမေ ခေါင်းတွေ မူးနေလို့ ခဏ အိပ်ဦးမယ်ကွယ်။  သား ချီ လာရင်လည်း  ဦးသက်ကျော်တို့ အိမ်ဆက်သွားမယ်ထင်တယ်။ သားလိုက်သွားမယ်ဆိုရင် ခြံတံခါးလေးသေချာစေ့ခဲ့နော် "

"ဟုတ်ကဲ့မေမေ  "

ဒေါ်ခင်ခင်ထွေး သားကို ကြည့်ကာ စိတ်မကောင်းဖြစ်မိသည်။
သူ့ သားလေး သည်   စိတ်မာပြီး ခေါင်းမာတက်သူဖြစ်ပေမဲ့  အားငယ်စိတ်ဝင်နေတာကိုတော့ သူမ အသိဆုံးပင်။
အစစအရာရာ  ဦးချီ တို့ မိသားစုက ထောက်ပံ့ပေးနေတာကိုလည်း သူမ ကျေးဇူးတင်မိပါသည်။
လင်ကံမကောင်းသော သူမသည်
မိတ်ဆွေကောင်းကိုတော့ရရှိခဲ့ပါသည်။

ဘဝမှာ  စိတ်အနာဆုံးကိုပြပါဆိုရင်
ထိန်လင်းမာန်ကိုသာပြမိမည်။
တညတာမှားယွင်းမူ့ ကြောင့်  တာဝန်ယူခဲ့ရပေမဲ့  သားကို သူ့ သားပါဆိုတာ လက်မခံခဲ့သလို  တခါမှလည်းနွေးထွေးစွာမဆက်ဆံဘူးခဲ့။

ငယ်စဉ်က  သူမ  မလိမ်မာခဲ့ပေမဲ့ မိကောင်းဖခင်သားသမီးမို့   ယောကျာ်းတစ်ယောက်ကို လိမ်လည်လှည့်ဖျားယူရဖို့ ထိတော့
အောက်တန်းမကျပေ။

ဒါ့အပြင် မပြေလည်တဲ့အိမ်ထောင်ရေးကြောင့် နှလုံးရောဂါသည်မိခင်သည် သူမ စိတ်နှင့်သေဆုံးခဲ့ရသည်။
ဘယ်တုန်းကမှ မေတ္တာမပေးဖူးခဲ့တဲ့
ယောကျာ်းကိုချစ်ခဲ့မိလို့ သူမဘ၀သည်
တသက်စာ  ပျက်စီးသွားခဲ့သည်။
ဘာအလုပ်မှ မယ်မယ်ရရမရှိတဲ့ ယောကျာ်းကို အိမ်ခေါ်တင်ပြီးနောက်မှ တဖြည်းဖြည်း လျော့နည်းလာတဲ့စီးပွားရေး။

ကွဲကွာပြီးနောက်မှာ  မကျွမ်းကျင်တဲ့ စီးပွားရေး ဆုံးရှုံးမူ့ များနှင့်  ထိန်လင်းမာန် သုံးဖြုံးခဲ့တဲ့ အကြွေးများစွာကိုထိုးဆပ်ရင်း သူမတို့ သားအမိ ဘဝပျက်ခဲ့ရ၏။
သားသည်လည်းငယ်ငယ်ရွယ်ရွယ်နဲ့ လောကဓံကို ခံနေရသည်။
ဒါတွေအကုန်လုံးသူမ အမှားတွေသာ။

အတိတ်ဆိုးများကို  ပြန်တွေးမိတော့ မျက်ရည် စက်များဟာ ခေါင်းအုန်းပေါ်မှာ အခြေချပြန်သည်။

သားကို သိပ်သနားသည်။

သူမသာ မရှိတော့ရင် သားသည် မျက်စိသူငယ်နားသူငယ်နှင့် လောကကြီးမှာ ဘယ်လိုဖြတ်သန်းမလဲ ဆိုတာ တွေးမကြည့်ရဲအောင်ပင်ရင်လေးလှပါသည်။

__________

ပွမ် ! ပွမ်!

အိမ်ရှေ့ က  ကျယ်လောင်တဲ့ ကားဟွန်းသံကြောင့် ကြက်ဥပြုတ်ကျက်မကျက်ကြည့်နေတဲ့ ယသော်လင်း  ဝမ်းသာအားရဖြစ်သွား၏။
အလျှင်အမြန်ပင်  မီးခလုတ်ပိတ်ကာ
အိမ်ရှေ့ ပြေးထွက်သွားလိုက်မိသည်။

" ကိုကို ! "

အားရဝမ်းသာခေါ်လိုက်သံ နှင့်အတူ
ပြေးထွက်လာသော အဖြူ ရောင်အရိပ်ကလေး။

ကားတံခါးကို မပိတ်တော့ပဲ ခြံထဲ ဦးချီ ပြေးဝင်ကာ  ခုန်ဖက်လာတဲ့ ယသော်လင်းကို ပြေးပွေ့ ၏။

ဦးချီက တစ်နှစ်ပြောင်းလေ  သိသာစွာ ထွားကျိုင်းလာပေမဲ့ ယသော်ကတော့မတူပေ။

၁၃နှစ်သားဦးချီသည်  ၅ပေ၄လက်မ ထိ ထိုးတက်ကာရှည်လာခဲ့သော်ငြား
ယသော်ကတော့ ၅ပေတောင်ပြည့်အောင်မရှည်လာခဲ့ပါ။
သိသိသာသာ ပုနေသလို  လူလေးကလည်း လက်တဆုပ်စာ သေးသေးလေးပင်။

" အမြဲ တမ်း  မင်းက သေးသေးလေးပဲ။
ငါလာတုန်း  အရပ်ရှည်ဆေးဝယ်ပေးခဲ့မယ်။ အားဆေးရောပဲ ။ မင်းအရမ်းသေးနေတာမြင်တော့  လုံးဝအားမရဘူး  သော် "

ပွေ့ ချီ ထားရာကနေ ပြန်ချပြီး ဦးချီ ဆိုလိုက်သည်။

မတူညီတဲ့ အရပ်အတိုင်း သော်ကတော့သူ့ကို မော့ကြည့်နေရှာဆဲပင်။
ဘယ်ချိန်ပွေ့ ပွေ့  သော်ကို ဦချီ နိုင်သည်။
ထိုမျှထိ ယသော်လင်းမာန်က သေး၏။

"  မလိုပါဘူး။ ငါ့ကသေးနေပေမဲ့ မင်းကို
ထုရိုက်လို့ ရသေးတယ်။မင်း အိမ်ထဲဝင်ဦးမှာလား ။ ဘိုးဘိုးတို့ ဆီဆက်သွားမှာလား "

"အန်တီခင်လေးကို နှုတ်ဆက်အုန်းမယ်လေ "

"မေမေအိပ်နေတယ် ။ ပြန်ရောက်မှ 
နှုတ်ဆက်တော့ ငါတို့ သွားကြမယ်"

စိတ်ကြည်နေတိုင်း ပေါ်လာတက်သော ပါးချိုင့်ခွက်လေးကို စိုက်ကြည့်ကာ ဦးချီ
နောက်တခါ ယသော်လင်းကို ဆွဲဖက်လိုက်၏။

"Happy Birthday ပါသော်  ။  မွေးနေ့ တုန်းက ပြောဖူးတယ်ဆိုပေမဲ့  မင်းအနားမှာ ရှိတုန်း ထပ်ပြောချင်လို့ ။  "

ဦးချီကျောကို ပြန်ပုတ်ပေးရင်း ယသော်
ကျေနပ်စွာ ရယ်မောမိသည်။

" ဟုတ်ပါပြီ။  လာသွားကြရအောင်။ ဟိုမှာ ဦးလေးထက်စိတ်မရှည်တော့ဘူး "

"အင်း"

နောက်ခန်းတံခါးကိုဖွင့်ကာ နှစ်ယောက်အတူတက်လိုက်သည်။
သူတို့ နှစ်ယောက်ဆုံရင် ဘယ်တော့မှ
ခွဲ မထိုင်တက်တာအကျင့်ပင်။

" ဘယ်မှာတုန်း ငါမွေးနေ့ လက်ဆောင် "

ဘေးဘီ ကိုလှည့်ပတ်ရှာဖွေနေသော
ခေါင်းလေးကို  ပုတ်ကာ ဦးချီ ကားရှေ့ ထိုင်ခုံပေါ် တင်ထားသောကိတ်ကို ကုန်းပြီး ယူပေးလိုက်၏။

" မနှစ်က မင်းလာတုန်းက ငါမုန့်သိပ်မလုပ်တက်သေးဘူး။ ဒီနှစ်တော့ ငါသေချာလုပ်လာခဲ့ပေးထားတယ် သော်။ မင်းအတွက်မွေးနေ့ ကိတ်လေး။ တလမ်းလုံး
ငါ့မှာ ဂရုတစိုက်   မပျက်စီးအောင်သယ်လာရတာ လက်တွေတောင် အောင့်လို့ "

ကိတ်မုန့် ဘူးလေးကို ဖွင့်ပြရင်းဆိုနေတဲ့
ဦးချီ ကြောင့် ယသော် သူ့ မျက်ခမ်းစ မျက်ရည်တွေကိုပုတ်ခတ်ကာ သိမ်းလိုက်သည်။
အမြဲတမ်းသူ စနောက် အနိုင်ကျင့်ခဲ့သော တောသားလေးသည် သူ့ ဘေးမှ 
လိုအပ်တာကိုဖြည့်ဆည်း စောင့်ရှောက်ပေးခဲ့တာ ယခုဆိုရင် နှစ်တွေအများကြီးပင်ရှိခဲ့သည်။

" အဝါရောင်လေးပဲ ။   နှင်းဆီပန်းကို
ငါမကြိုက်ပေမဲ့ မင်းလုပ်ပေးတာမို့ 
ငါ သဘောကျပါတယ်"

ကိတ်မုန့်ဖြူ ဖြူ လေးပေါ်က အဝါရောင်
နှင်းဆီပန်လေးတွေကို နှစ်ယောက်သားအတူ ကြည့်မိကြသည်။
ထိုအချိန်မှာ ဦးချီက ပြောလာ၏။

" အဝါရောင်နှင်းဆီပန်းဆို တာ 
သူငယ်ချင်းသံယောဇဉ်ကို ကိုယ်စားပြုတာ။ ဥပမာ ငါတို့ နှစ်ယောက်လိုပေါ့။
နောက်ဆိုရင် နှစ်တိုင်း  ခုလို နှင်းဆီပန်းဝါဝါလေးတွေနဲ့ ကိတ်မုန့် လှလှလေးတွေ ငါအမြဲလုပ်ပေးမယ် သော်  "

ယသော်ပြုံးကာ ခေါင်းညိမ့်ပြလိုက်၏။
နှစ်ယောက်အလယ် က ကိတ်မုန့်လေး
သည်  သူတို့ နှစ်ယောက် သံယောဇဉ်တွေ ကို  လှပစွာပုံဖော်ပေးနေခဲ့သည်။

_____

" ဘိုးဘိုး ကို သက်ပုံက မှာလိုက်တယ်။
ဆေးတွေပုံမှန်သောက်ပါတဲ့။ "

"ငါသောက်ပါတယ်ကွ။ ဟိုနေ့ က သွေးတိုးတယ်ဆိုတာကလည်း  အသက်ကြီးလာတော့  အစားအသောက်နည်းနည်းမှားတာနဲ့ လူက ခံနိုင်ရည်မရှိတော့လို့ ဖြစ်တာပါ  ။ ဒါနဲ့ ငါ့မြေးကရော ခု ယသော်လေးတို့ အိမ်ပြန်လိုက်သွားမှာလား "

" ဟုတ်ကဲ့ ဘိုးဘိုး။ သား သော်တို့ အိမ်မှာ ညအိပ်မှာ ။ ရောက်တုန်း အန်တီခင်လေးကို ပြုစုလိုက်ဦးမယ်လေ။  ဘိုးဘိုး ဆီကတော့  ပြန်ခါနီး ညကျမှပဲပြောင်းခဲ့တော့မယ်  "

ဦးသက်ကျော်ခေါင်းတဆတ်ဆတ်ငြိမ့်ရင်း
မြေးပြောတာကို လက်ခံလိုက်သည်။

"ကဲ ဟုတ်ပါပြီ။ ဒါဆို လည်း ယသော်လာတုန်း ဘိုးဘိုး အိမ်က ထမင်းစားသွား "

"မစားတော့ဘူးဘိုးဘိုး။ သက်ပုံကသော့်အတွက် ထည့်ပေးလိုက်တာတွေရှိသေးတယ်။ ခု ရောက်ရောက်ခြင်း ဘိုးဘိုးဆီအရင်လာပြေးတွေ့ တာ။ ဆေးတွေလည်းပေးပြီဆိုတော့ သားတို့ ပြန်တော့မယ်။ မနက်ဖန် နေ့ခင်းလောက်မှာ တစ်ခါပြန်လာခဲ့မယ်ဘိုးဘိုး "

အိမ်မှာ ထမင်းစားမယ်ဆိုတော့ ယသော် စိတ်မကောင်းဖြစ်သွား၏။ ကြက်ဥပြုတ်နဲ့ ဦးချီ ထမင်းစားနိုင်ပါ့မလား ။

အပြန်မှာ ဦးလေးထက်က အိမ်ထိပြန်လိုက်ပို့ ကာ  ရွာကိုနေ့ ချင်းပြန်ဆင်းသွား၏။
သစ်သားခြံစည်းရိုးလေးကို ဖွင့်ကာ နှစ်ယောက်သားရွာက ပါခဲ့သော လက်ဆောင်တွေကို  ပွေ့ ပြီးဝင်လာခဲ့လိုက်သည်။

"များလိုက်တာ။ ပါးပါးတို့ တော့ပိုက်ဆံတွေကုန်တော့မှာပဲ ကိုကိုရာ "

စားပွဲပေါ်မှာ အပြည့်ဖြစ်နေသော ပစ္စည်းတွေကိုကြည့်ကာ ယသော်လင်း အားနာစွာရေရွတ်မိသည်။

" ဘာအားနာစရာရှိလဲသော်ရာ။
မဟုတ်လည်း မင်းကို  ငါတို့ အိမ်က
သားတစ်ယောက်လိုပဲ သဘောထားတာပါ။ မဟုတ်တာတွေတွေးမနေနဲ့ ။ လာ မင်းကို ပြမယ်။ သက်ပုံပေးလိုက်တာရှိသေးတယ် "

လက်ဆွဲ ကာ ခုံပေါ်နှစ်ယောက်အတူ ဝင်ထိုင်သည်။ ပြီးတော့ ကျောပိုးအိတ်ထဲက
ပါးပါးပေးလိုက်သော စာအိတ်လေးကို  ထုတ်ကာ ယသော်လက်ထဲထည့်လိုက်၏။

"ဒါဘာတွေလဲ ကိုကို။  "

ယသော်လင်းက သူ့လက်ထဲမှာရှိတဲ့ စာအိတ်ကလေးကို  ကြည့်ကာမေးသည်။
ဘာမှန်းသူသိပုံမပေါ်။

" ပါးပါးက မှာ လိုက်တယ်။
စိတ်မကောင်းမဖြစ်နဲ့ အားမငယ်နဲ့ တဲ့။
မင်းအနားမှာ ပါးပါးတို့ နှစ်ယောက်လုံးရှိနေပါတယ်တဲ့  ။ ဒါက အန်တီခင်လေး ကို ဆေးခန်းပြရအောင် သက်ပုံထည့်ပေးလိုက်တာ ။  "

ပုတ်ခတ်ကာမျက်ရည်တွေကို  သိမ်းဆည်းနေဟန်ရှိသော ယသော်သည် လက်ထဲက စာအိတ်လေးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ  ခေါင်းငုံ့ သွား၏။

ဦးချီ အသာလေးထွေးပိုက်လိုက်သည်။
ရွယ်တူ အတန်းတူ ဆိုပေမဲ့ ယသော်က
သေးသေးလေးဖြစ်ကာ ဘယ်ချိန်ပွေ့ ဖက်ဖက်  ရင်ခွင်ထဲမှာမြုပ်နေတက်သည်။

" မငိုပါနဲ့ သော်ရာ။  မင်းက ငါတို့ မိသားစုပါပဲ။  နောက်ကို တစ်ယောက်ထဲ အားငယ်မနေပါနဲ့ ။ ဒီနှစ်ထဲ မင်းအရမ်းပင်ပန်းနေတာကို ငါသိတယ်။ အဲ့ဒါကြောင့် ဒီကျောင်းပိတ်ရက်မှာ  ငါမင်းဘေးနားမှာ အဖော်ပြုပေးတာပေါ့ "

ကျောပြင်သေးသေးကိုပုတ်ကာ ဦးချီ စကားတွေပြောနေမိသည်။
ယသော်က မာနခဲ။
ငိုလည်းငိုခဲသည်။ လူသေးသလောက်
အရမ်းခေါင်းမာတက်တဲ့ ယသော်လင်းသည် ဒီတခါတော့  ကြာရှည်လှတဲ့ ဝမ်းနည်းမူ့ တွေ ကို  ဦးချီ လာမှ ဖွင့်ထုတ်လာခဲ့သည်။

ခဏကြာတော့မှ  ယသော် ငိုတာရပ်ပြီး ခေါင်းလေးထွက်လာ၏။
အသားဖြုသူ မို့  မျက်ခမ်းစပ်တွေနှင့် နှာခေါင်းထိပ်လေးသည် သိသိသာသာရဲနေကာ  အကောင်ပိစိလေး တစ်ကောင်နှင့်တောင်တူနေသေးသည်။

" မင်း ဗိုက်ဆာရောပေါ့။ ငါတို့ အိမ်မှာ မေမေနေမကောင်းလို့ ကြက်ဥပဲပြုတ်ထားတာရှိတယ်။ မင်းစားနိုင်ပါ့မလား "

"ဘာလို့ မစားနိုင်ရမှာလဲ။ သက်ပုံထည့်ပေးလိုက်တဲ့ ငါးခြောက်ကြော်၊ ဗာလချောင်ကြော် ၊ ပုဇွန် ကြော်  အကုန်ယူခဲ့။
သွားကြမယ် မီဖိုးခန်းထဲ "

ပြောပြောဆိုဆို   ဘူးတွေကောက်ပွေ့ ကာ ယသော်လက်ကိုဆွဲပြီး  မီးဖိုချောင်ဖက်ကို  ဦးချီ သွားမိသည်။

အမှန်တကယ်လည်းကြက်ဥ နှစ်လုံးကိုသာ ပြုတ်ထားသည်မို့ စိတ်မကောင်းလည်းဖြစ်ရ၊ သနားလည်းသနားရနဲ့
ဦးချီ ဘယ်လို အားပေးရမှန်းတောင်မသိတော့ပေ။

ယသော်ကတော့ သူ့ မူပိုင် ပါးချိုင့်လေးတွေပေါ်အောင်ပြုံးလျက် ထမင်းတွေခူးထည့်ပေးနေသည်။
သူ့အကြိုက် ပုဇွန်ထုပ်တွေကို မြင်တော့ ပျော်သွားတာလည်းပါမည်။

"ပုဇွန် ကို ငါမကြိုက်ဘူးဆိုတာသိတယ်နော်။ မင်းဘာသာ စား။ ငါးက ဗာလချောင်ကြော်နဲ့ ကြက်ဥပြုတ်နဲ့ စားမှာ  "

ပယ်ပယ်နှယ်နှယ်စားပြတော့မှ ကျေနပ်သွားဟန် ကြောင့် ဦးချီ  ကျိတ်ရယ်လိုက်သေးသည်။ ဘာပဲပြောပြော ယသော်က ဦးချီ ကို စိတ်ပူဖို့ လည်းမမေ့ခဲ့ပါ။

ချက်တက်ပြုတ်တက်သော ဦးချီက စားပီးတော့ သေချာဆေးကျော ပြီး သိမ်းသလို
နေမကောင်းတဲ့ အန်တီခင်လေးအတွက်လည်း  ရွာက ပါလာတဲ့ ငါးကြော်လေးဖြင့်  ဆန်ပြုတ်မွှေးမွှေးလေးပြုတ်ပေးဖို့လည်းမမေ့ခဲ့ပါ။

ညနေစောင်းရောက်တော့ ဦးချီ   ပင်ပန်းကာ အိပ်ချင်လာ၏။ မပင်ပန်းရှိမလား။

ရောက်တုန်း  ယသော်ရဲ့ အခန်းသန့် ရှင်းရေးလုပ်ပေးရုံမက  ဧည့်ခန်းက ရှုပ်ပွနေတာတွေရောပါ လှည်းကျင်းသိမ်းဆည်းပေးသည်။
ထို့ အပြင်  ခြံထဲက
ချုံ တချို့ ကိုတောင် ပုဆိုးတိုတိုဝတ်ကာ
ခြင်မအောင်းအောင် ခုတ်ရှင်းလိုက်သေး၏။ တကယ်ဆိုရင် သူကတောသား။

လုပ်နိုင်ကိုင်နိုင်တဲ့ ကိုယ်ခန္ဓာအရွယ်အစားလည်းရှိသည်။
ပြီးရင် ယသော်ထက်လည်းအသက်ကြီးသည်။

ဒါကြောင့်  အခန်းသန့်ရှင်းရေးမလုပ်တက်တာ ယသော်မမှားသလို  အိမ်ညစ်ပတ်နေတာကို မသိမ်းဆည်းသည်ကလည်း
ယသော်လင်းမာန် လုံးဝမမှားပေ။

ဓားနဲ့  ခြံထဲက ခြုံတွေကို ခုတ်ထွင်းသန့်ရှင်းနေစဉ်မှာ  ယသော် တစ်ယောက်ကတော့  နဂါးမောက်သီးတွေကို  လှေကားထစ်လေးပေါ်ထိုင်ရင်း  အားရပါးရစားလို့  ဦးချီ အလုပ်လုပ်တာကို ကြည့်လို့ နေသည်။

ကူမလုပ်ပေးလည်း ယသော်လင်းမမှားပေ။

ချစ်တဲ့အိမ်စည်။

Bạn đang đọc truyện trên: ZingTruyen.Xyz