ZingTruyen.Xyz

နှင်းဆီဝါတို့ နီစွေးစေ(နွင္းဆီဝါတို ႔နီေစြးေစ)completed

12

eainsi23

" အေျခအေန "

အိမ္ထဲကို ေျခခ်ကာရွိေသး သက္ပံုက ေကာင္တာမွာ ပိုက္ဆံေရတြက္ရင္း လွမ္းေမးလာ၏။  လြယ္အိတ္ေထာင္ႀကိဳးကို လက္မနဲ ့ပြတ္ကာ မ်က္နွာကို ေမာ့ခ်ီလ်က္ျပန္ေျဖလိုက္သည္။

"ပံုညာဦးခ်ီ ပါဗ်  ။ ဘယ္သူ ႔သားလည္း
အရင္ေမးလိုက္ " 

" ေအးပါ ။ ငါ့သားပါ။ ဒါေပမဲ့
မင္းကို ေစာင့္ေနတဲ့ ဖုန္း ရွိတယ္။ ေအာ္..ဒါနဲ ့ မင္းျပန္လာတာ မိနစ္၂၀ ေနာက္က်တယ္ေနာ္ "

သက္ပံု စကားအဆံုး ၿပံဳးေနတဲ့ နႈတ္ခမ္းေထာင့္ခ်ိဳးေလးက ျဖဳတ္ခနဲ  ျပန္ျပဳတ္ၾကသြား၏။

ေသစမ္း ဦးခ်ီ မင္းေတာ့နာၿပီပဲ ...

ကမန္းကတန္း ေျပးကာ သက္ပံုလက္ထဲက ဖုန္းကို ဆြဲယူမိ၏။
ဒီခ်ိန္မွာ ခံစားရတဲ့ စိတ္နွလံုးမသာယာမူ ႔ဟာ  ေျဖဆိုနိုင္ခဲ့တဲ့  စာေမးပြဲကိုပါ ေမ့သြားနိုင္သည္ထိ ျပင္းထန္ပါ၏။

" ျဖည္းျဖည္းသြား.. ေခ်ာ္လဲမယ္ မေျပးနဲ ့"

သက္ပံု၏ ေအာ္သံက  ေျပးတက္ေနဆဲေလွကားေပၚက အရွိန္ကိုေလ်ာ့ၾကေစသည္။
ေခါင္းလွည့္၍  ဟုတ္ဆိုတဲ့ မ်က္နွာအမူအယာျပၿပီး  မေျပးေသာ္လည္း မျမန္ေသာ
ေျခလွမ္းျဖင့္ တထစ္ျခင္းလွမ္းသည္။

လက္ထဲမွာလည္း ယေသာ္လင္းဆီဖုန္းေခၚေနဆဲပင္။

အခန္းထဲ မေရာက္ ခင္  ဖုန္းသည္
မအားေသးပါဟု အသံေျပာင္းသြား၏။
ဒါ  မကိုင္ခ်င္လို ႔ခ်မွန္းဦးခ်ီ သိသည္။

ေနာက္တႀကိမ္ေခၚေသာ္လည္းထိုအတိုင္းပင္ ခ်ပစ္ခံရ၏။ ထိုေနာက္ စိတ္ရွည္စြာ ေနာက္တႀကိမ္ ထပ္ေခၚမွ  ေစာင့္ေအာင့္ေသာ အသံျဖင့္ " ေျပာဘာလဲ"ဟု ထူးလာသည္။

"  ငါ ေနာက္က်သြားတယ္။  "

အရဲစြန္ ႔ကာ ဦးခ်ီ ေျပာသည္။

" ဒါေတာ့ မင္းသိေသးတယ္ေပါ့ဟုတ္လား"

"သိပါတယ္။  အဲ့ဒါကလည္း စားေမးပြဲေျဖၿပီးေတာ့  သံေခ်ာင္းတို ႔နဲ ့   အျပန္ ေဘာလံုးဝင္ကန္ေနလို ႔ပါ  "

" ငါ ဖုန္းေစာင့္ေနတယ္ဆိုတာ မင္းမသိဘူးလား ။ မင္းေမ့သြားတာမို႔လား။ ရတယ္ေလ ။ ဒါဆို ေနာက္ ရက္ကေနစၿပီး မင္းဖုန္းဆက္စရာမလိုေတာ့ဘူး။ ငါလည္း မင္းကိုမဆက္ေတာ့ဘူး "

ယေသာ္လင္းစကားေၾကာင့္ ဦးခ်ီ ျမန္ျမန္ဆန္ဆန္ေတာင္းပန္လိုက္သည္။
ေသာ္ ကစိတ္အရမ္းႀကီးသည္။
ေျပာရင္ ေျပာတဲ့ အတိုင္းသာ လုပ္တက္သည္မို ႔ ဦးခ်ီ ေၾကာက္ရသည္။

" ေသာ္ .. ငါမွားသြားပါၿပီ ။ ေနာက္ကို မင္းေစာင့္ရေအာင္ ငါမလုပ္ေတာ့ပါဘူး  ။ ေနာ္ ။ စိတ္မဆိုးပါနဲ ့ေတာ့ ။ 
ၿပီးေတာ့ ဒီေန ႔က စာေမးပြဲ ေနာက္ဆံုးရက္မို ႔  ငါ စိတ္လြတ္လက္လြတ္ ေဘာလံုးကန္မိတာပါ။  "

"..."

"ေနာ္ ...စိတ္မဆိုးပါနဲ ့ေတာ့။ မင္းအဲ့လုိစိတ္ဆိုးၿပီး မေခၚရင္  သဖက္ခါ ငါလာရင္
ဘယ္သြားေနရမွာလဲလို ႔"

" မင္းက ဘယ္ေနခ်င္ေသးတာလဲ "

ယေသာ္လင္းဆီကေန  စကားျပန္ထြက္
လာေတာ့ ဦးခ်ီ သက္ျပင္းခ်နိုင္ေတာ့သည္။

မဟုတ္ရင္  ဦးခ်ီ ကို တခါတေလ ၁၀ရက္ေလာက္ထိ မေခၚပဲ ပစ္ထားတက္လို႔ပင္။
စိတ္လည္းႀကီး ၊ေဒါသလည္းႀကီးတဲ့
ယေသာ္လင္းသည္ ဦးခ်ီ၏ တဦးတည္းေသာ အရင္းနီးဆံုး သူစိမ္းေလပင္။

"မင္းဆီပဲ လာမွာေပါ့။ အန္တီခင္ေလးေနေကာင္းလား။  ငါ လာမယ္ဆိုတာႀကိဳေျပာထားဦးေနာ္။ ဒါမွ လိုအပ္တာမွာလို ႔ရမွာ "

" မင္းမေျပာလည္းသူသိတယ္။ မေန႔ကေတာင္  ဦးခ်ီ ဘယ္ေန ႔လာမလဲတဲ့ ငါ့ကိုေမးေနတာ။  ေမေမဘာမွာမလည္းေတာ့ငါမသိဘူး။ ငါကေတာ့   ပုဇြန္ထုပ္စားခ်င္တယ္"

"ok ။ ေနာက္ၿပီးေတာ့ေရာ "

ယေသာ္လင္းသည္ ခဏစဥ္းစားဟန္ျပဳကာ ၿငိမ္သြား၏။ သူ ႔ကိုယ္သူ စိတ္ဆိုးေနတာ ေမ့သြားေလဟန္။
ဦးခ်ီ  အိပ္ယာေပၚပက္လက္လန္ကာ ေသာ္ ဆီက  စကားကို ေစာင့္ေနမိသည္။
အေတာ္ၾကာမွ တိုးတိုးေျပာလာတာ...

" ေမြးေန ႔လက္ေဆာင္" တဲ့။

တကယ္က  ေသာ္ေမြးေန႔သည္ ၿပီးခဲ့တဲ့လက ၿပီးသြားခဲ့ ၿပီျဖစ္၏။

၆လ ငယ္ေသာ ယေသာ္သည္  9လပိုင္း 30ရက္ေန ႔ ေမြးသူ ျဖစ္ၿပီး  ဦးခ်ီကေတာ့
3လပိုင္း30ရက္ေန ႔ျဖစ္၏။

ေမြးရက္တူသူ နွစ္ဦးမို ႔ မွတ္ရလြယ္၏။

ယေသာ္ကေတာ့  မတ္လ ၃၀ရက္ေန႔ မေရာက္ခင္ကတည္းက တံငါကုန္း႐ြာမွာေႏြရာသီအားလပ္ရက္မ်ားကို ဘိုးဘိုးနဲ ့အတူ လာကုန္ဆံုးေလ့ရွိသည္။

ဦးခ်ီကေတာ့ သီတင္းကြၽတ္ေက်ာင္းပိတ္ရက္တခ်ိဳ ႕ကို  မႏၲေလး သြားလည္ကာ
ေသာ္ ကို အေဖာ္ျပဳ ေပးတက္၏။

သူတို ႔နွစ္ေယာက္၏ သူငယ္ခ်င္းသံေယာဇဥ္သည္   တျဖည္းျဖည္းရင္းနွီးလာပီးသည့္ေနာက္မွာ  ေသာ္သည္ ဦးခ်ီ ၏ မိသားစု ဝင္အျဖစ္  ျဖစ္မွန္းမသိျဖစ္လာခဲ့သည္။

ေမတၱာငတ္မြတ္ရွာတဲ့ ယေသာ္လင္းသည္လည္းထိုသို ႔ပင္။
အေျပာဆို မတက္ရွာေပမဲ့ ဦးခ်ီ ကို
ပါးပါးတို ႔နည္းတူ စိတ္ပူၿပီး ဂရုစိုက္ေပးတက္သူေလးပင္။

" ပါတာေပါ့။ ေရာက္မွ ၾကည့္ေတာ့ေနာ္။
ငါမေမ့ပါဘူး။  "

"အြန္း "

ေနာက္ဆံုးေတာ့ ယေသာ္လင္းစိတ္ဆိုးေျပသြားခဲ့ပါသည္။   ေသာ္ေျပာတဲ့
အြန္းဆိုတဲ့ စကားမွာ ရစ္သိုင္းေနတဲ့
ေက်နပ္ေပ်ာ္႐ြင္ျခင္းေတြ ကို  ဦးခ်ီ ကလြဲၿပီး မည္သူကသိနိုင္မည္နည္း။

______

"  ၿပီးၿပီလား ေဖ့သား "

အခန္းဝမွာ  ရပ္လာတဲ့ သက္ပံုေၾကာင့္
ေက်ာပိုးအိတ္ေလးလြယ္ရင္း ဦးခ်ီ ေခါင္းညိမ့္ျပလိုက္၏။

"ၿပီးၿပီ သက္ပံု  ... ပါးပါးေရာ  "

"ငါဒီမွာလာပီ "

သက္ပံုေနာက္မွာ ပါးပါးက  အက်ၤ ီၾကယ္သီးတပ္ရင္းေရာက္လာ၏။
ထိုေနာက္  ပါးပါးတို ႔နွစ္ေယာက္သည္
ဦးခ်ီ အိပ္ယာေပၚ ထိုင္ေပး၏။

ဦးခ်ီ ရုိက်ိဳးစြာ ဦးသံုးႀကိမ္ခ်ကာ ထိုင္ကန္ေတာ့
လိုက္သည္။

" ငါ့သား ေမာင္ေလက်ယ္ေလး
လမ္းခရီးမွာ ေဘးရန္ကင္းပါေစဗ်ာ ။
ေသာ္ေသာ္ နဲ ့ ေပ်ာ္ရႊင္ဖြယ္ရာ သီတင္းကြၽတ္ရက္ေတြကို ျဖတ္သန္းဖို ႔ သက္ပံုက မုန္႔ဖိုးအမ်ားႀကီးေပးလိုက္ပါ့မယ္ ။ ဟုတ္ၿပီလား "

ပါးပါးက ေဘးမွာၿပံဳးၾကည့္လ်က္ပင္။
ဦးခ် ေခါင္းရမ္းကာ မတ္တပ္ထရပ္လိုက္၏။

" မုန္ ႔ဖိုးေပးတာ လိုခ်ဳင္ရေအာင္ သားကပါးပါးမွ မဟုတ္တာ ။ ေပးခ်င္ရင္ေတာ့
ေဘးမွာ လိုခ်င္လို ႔ေစာင့္ေနတဲ့ ပါးပါးကိုပဲေပးလိုက္ပါဗ်ာ ။ သားကေတာ့ မေတာင္းေတာ့ပါဘူး "

"ျဖစ္ရေလ။   သြားခါနီးမို ႔ ရန္မျဖစ္ေတာ့ဘူး။ မင္းေဖေဖေျပာတဲ့ အတိုင္း ေပ်ာ္ခဲ့ပါေပါ့  ..ကဲ့ သက္ပံု။ ခင္ဗ်ားသားကို ေပးစရာရွိတာေပးလိုက္ ေနျမင့္ရင္ အျပန္ ကိုထက္ေနာက္က်လိမ့္မယ္ "

ဒီတခါ မႏၲေလးအသြားကို  ဦးေလးထက္ လိုက္ပို ႔မွာပင္။  ပါးပါးကေတာ့ သူအလည္သြားတုန္း  သက္ပံုနဲ ့ နားနားေနေန ေနခ်င္ဟန္ပင္။

အင္းေလ ။  တနွစ္စာလံုး အလုပ္နဲ ့လက္မျပတ္ေအာင္  လုပ္ခဲ့ရတာ ။
သီတင္းကြၽတ္ေရာက္မွ   အမ်ိဳးေတြနဲ ့
ေပ်ာ္ေပ်ာ္ပါးပါး ဆိုင္ပိတ္ၿပီး ျဖတ္သန္းရတာမို ႔  ဦးခ်ီ နားလည္ပါသည္။

"  လာ ေအာက္မွာ  ေသာ္ေသာ္ အတြက္ေမြးေန ႔လက္ေဆာင္ ျပင္ထားတယ္။ သက္ပံုတို ႔ေပးလိုက္တာလို ႔ေျပာလိုက္ေနာ္။ "

"ဟုတ္ကဲ့ "

ေလွကားထစ္ေတြကေန မိသားစုလိုက္ျဖည္းျဖည္းခ်င္း ဆင္းလာရင္ ေျပာေနၾကျခင္းပင္။

ေအာက္ေရာက္ေတာ့ ဦးေလးထက္က ကားထုတ္ကာ အဆင္သင့္ေစာင့္ေန၏။

ဦးခ်ီ မီးဖိုခန္းဖက္ေျပးကာ ကိတ္မုန္ ႔ဘူးေလးကို သြားယူခဲ့သည္။
ရင္ဖက္ထဲမွာ ေသခ်ာ ပိုက္ထားေသာ ကိတ္မုန္ ႔ေလးသည္ ဦးခ်ီ ကိုယ္တိုင္မနက္အေစာႀကီးထဖုတ္ထားတဲ့ မုန္႔ေလးပင္။

ဦးခ်ီ ျပန္ထြက္လာေတာ့ ပါးပါးနဲ ့သက္ပံုသည္ ဦးေလးထက္ကို ကားျဖည္းျဖည္းေမာင္းဖို ႔နွင့္ လမ္းသံုးခ်င္ရာသံုးရေအာင္ မုန္႔ဖုိးေပးေနတာကိုေတြ႕ရသည္။

" ဦးခ်ီ ဒီကိုလာ။ ဒီမွာ သက္ပံုက မင္းကိုမွာစရာ ရွိလို ႔ေစာင့္ေနတာ  "

ပါးပါးလက္ယက္ေခၚတဲ့ အနားကို တိုးကပ္သြားေတာ့  သက္ပံုက ဦးထက္နွင့္စကားေျပာေနရာမွ  လွည့္ၾကည့္လာကာ
ပခံုးကို ဖက္ၿပီး  ကားေနာက္ဖံုးဖက္ေခၚသြားခဲ့သည္။ ေနာက္ေရာက္ေတာ့
ကားေဘးမွာ ပံုထားတဲ့ ပစၥည္းမ်ိဳးစံုကိုေတြ ႕ရ၏။

"  ဦးခ်ီ  ဒါက   ငါးေျခာက္ေတြနဲ ့  ေဆးဘူးေတြ ။ ဘိုးဘိုးတို ႔အိမ္နဲ ့  မမခင္ေထြးတို ႔အိမ္ကို တစ္ထုတ္ဆီေပးလိုက္။ ဒီဘူးအဝါေလးက   ယေသာ္ေလးအတြက္ ပုဇြန္ေတြ ေၾကာ္ထည့္ေပးထားတယ္။ ဘိုးဘိုးကိုေတာ့မစားေစနဲ ့ခုတေလာ ေသြးတိုးေနတယ္ေျပာလို ႔"

ကားေနာက္ခန္းမွာ ေသခ်ာ ေျပာရင္းထည့္ေပးေနတာမို ႔  ဦးခ်ီ ေသခ်ာလိုက္မွတ္နားေထာင္ေနရသည္။

" ဒါက နဂါးေမာက္သီးေတြ ။ ေစ်းခ်ိဳ တာေရာ၊ ပင္မွည့္သီးမို ႔လို ႔ေရာ  ဝယ္ထည့္ေပးလိုက္တယ္။  ဒီဖာ က ၾသဇာသီး ေတြ ။
ခုမမွည့္ေသးေပမဲ့ ေနာက္ရက္ဆိုရင္ေတာ့စားလို႔ၿပီ ။  ေဖေဖေသခ်ာထည့္ေပးထားတယ္။    "

" ဟုတ္ ..ၿပီးေတာ့ေရာ သက္ပံု"

"က်န္ေသးတယ္။  ေကာင္းခ်ီ   ေပးလိုက္ မင္းသားကို "

ပါးပါးက ဦးခ်ီ ကို  စာအိတ္ကေလးေပး၏။
ေဖာင္းေဖာင္းကားကားႀကီးမို ႔ ဦးခ်ီ ပါးပါးကို  ေမာ့ၾကည့္မိသည္။

" ပိုက္ဆံေတြသား။ ေသခ်ာထိန္းသိမ္းသြားလမ္းမွာ။  ေသာ္ေသာ္ကိုေျပာလိုက္
ပါးပါးတို ႔သူ ႔ေဘးမွာ အၿမဲ ရွိေနပါတယ္လို ႔။ လိုအပ္တာရွိရင္လည္းအားမနာပဲ  ေျပာပါလို ႔။  "

" ပါးပါး !! "

ဦးခ်ီ ပါးပါးကို ေျပးဖက္လိုက္မိသည္။
ေသာ့္ကို ပါးပါးတို ႔ကို သားတစ္ေယာက္လို ခ်စ္ေပးၾကသည္။ ထို ႔အတြက္
အမ်ားႀကီးဦးခ်ီ ေက်းဇူးတင္မိပါတယ္။
ခုတေလာ အန္တီခင္ေလး သိပ္ေနမေကာင္းသည္မို ႔ယေသာ္လင္း စိတ္ညစ္ေနရွာသည္။  ေဆးခန္းျပဖို ႔နွင့္  အိမ္စားစရိတ္အတြက္ ရွိတာေလး  ေခြၽတာသံုးေနရတာကို ဦးခ်ီ သိ၏။  အလုပ္မရွိေတာ့
သားအမိနွစ္ေယာက္ထဲဆိုေပမဲ့ရပ္တည္ဖို႔ရာ အင္မတန္ခက္ခဲလွသည္။

"ပါးပါးကိုခ်စ္တယ္ "

"ပါးပါးလည္းမင္းကိုခ်စ္ပါတယ္ "

ပါးပါးရင္ခြင္ထဲကေန ထြက္ၿပီး သက္ပံုကို ေျပာင္းဖက္ရင္းထပ္ေျပာမိသည္။

" ပါးပါးထပ္  သက္ပံုကို ပိုၿပီးခ်စ္ပါတယ္။"

"ေဖေဖကလည္း ဦးခ်ီေလးကို အရမ္းခ်စ္ပါတယ္ "

"ဟုတ္... ျပန္လာရင္ သက္ပံုႀကိဳက္တဲ့   ထိုးမုန္ ႔ဝယ္ခဲ့ေပးမယ္ေနာ္  ။ သားသြားေတာ့မယ္ ပါးပါးတို ႔"

နႈတ္ဆက္ၿပီး  ကားေပၚတက္ခဲ့သည့္တိုင္
ဦးခ်ီ ဝမ္းနည္းေနတုန္းပင္။  လက္ျပက်န္ခဲ့ေသာ အရိပ္နွစ္ခုကို မျမင္ရေတာ့သည့္တိုင္ေအာင္ ၾကည့္ေနမိသည္။

ပံုညာဦးခ်ီ ဆိုေသာ သူ ႔ဘ၀ကို  ခုလို
ျပည့္စံု ေအာင္ ထားသည့္အျပင္  အဖက္ဖက္ကေန နားလည္လက္ခံေပးေသာ
အေဖနွစ္ေယာက္ကို ဦးခ်ီ သိပ္ခ်စ္ရသည္။

တျဖည္းျဖည္း တံငါကုန္း႐ြာသည္
ျမင္ကြင္းကေန ေဝးက်န္ခဲ့၏။
ဦးခ်ီ တို ႔ကားကေလးသည္ လူသူကင္းရွင္းေနတဲ့  ကားလမ္းေလးေပၚမွာ  ယေသာ္လင္းမာန္ရွိရာအရပ္ မႏၲေလးၿမိဳ ႕ကိုဦးတည္လ်က္.....

လက္ထဲက  ေပြ ႕ထားဆဲျဖစ္သည့္
မုန္ ႔ဘူးေလးကို လက္မ နဲ ့ပြတ္ရင္း
ယေသာ္လင္းေပ်ာ္ေအာင္ သူ ဘာလုပ္ေပးနိုင္မလဲ ဆိုတာကိုသာ စဥ္းစားေနမိသည္။

ခ်စ္တဲ့အိမ္စည္။

" အခြေအနေ "

အိမ်ထဲကို ခြေချကာရှိသေး သက်ပုံက ကောင်တာမှာ ပိုက်ဆံရေတွက်ရင်း လှမ်းမေးလာ၏။  လွယ်အိတ်ထောင်ကြိုးကို လက်မနဲ့ ပွတ်ကာ မျက်နှာကို မော့ချီလျက်ပြန်ဖြေလိုက်သည်။

"ပုံညာဦးချီ ပါဗျ  ။ ဘယ်သူ့ သားလဲ
အရင်မေးလိုက် " 

" အေးပါ ။ ငါ့သားပါ။ ဒါပေမဲ့
မင်းကို စောင့်နေတဲ့ ဖုန်း ရှိတယ်။ အော်..ဒါနဲ့  မင်းပြန်လာတာ မိနစ်၂၀ နောက်ကျတယ်နော် "

သက်ပုံ စကားအဆုံး ပြုံးနေတဲ့ နှုတ်ခမ်းထောင့်ချိုးလေးက ဖြုတ်ခနဲ  ပြန်ပြုတ်ကြသွား၏။

သေစမ်း ဦးချီ မင်းတော့နာပြီပဲ ...

ကမန်းကတန်း ပြေးကာ သက်ပုံလက်ထဲက ဖုန်းကို ဆွဲယူမိ၏။
ဒီချိန်မှာ ခံစားရတဲ့ စိတ်နှလုံးမသာယာမူ့ ဟာ  ဖြေဆိုနိုင်ခဲ့တဲ့  စာမေးပွဲကိုပါ မေ့သွားနိုင်သည်ထိ ပြင်းထန်ပါ၏။

" ဖြည်းဖြည်းသွား.. ချော်လဲမယ် မပြေးနဲ့ "

သက်ပုံ၏ အော်သံက  ပြေးတက်နေဆဲလှေကားပေါ်က အရှိန်ကိုလျော့ကျစေသည်။
ခေါင်းလှည့်၍  ဟုတ်ဆိုတဲ့ မျက်နှာအမူအယာပြပြီး  မပြေးသော်လည်း မမြန်သော
ခြေလှမ်းဖြင့် တထစ်ခြင်းလှမ်းသည်။

လက်ထဲမှာလည်း ယသော်လင်းဆီဖုန်းခေါ်နေဆဲပင်။

အခန်းထဲ မရောက် ခင်  ဖုန်းသည်
မအားသေးပါဟု အသံပြောင်းသွား၏။
ဒါ  မကိုင်ချင်လို့ ချမှန်းဦးချီ သိသည်။

နောက်တစ်ကြိမ်ခေါ်သော်လည်းထိုအတိုင်းပင် ချပစ်ခံရ၏။ ထိုနောက် စိတ်ရှည်စွာ နောက်တစ်ကြိမ် ထပ်ခေါ်မှ  စောင့်အောင့်သော အသံဖြင့် " ပြောဘာလဲ"ဟု ထူးလာသည်။

"  ငါ နောက်ကျသွားတယ်။  "

အရဲစွန့် ကာ ဦးချီ ပြောသည်။

" ဒါတော့ မင်းသိသေးတယ်ပေါ့ဟုတ်လား"

"သိပါတယ်။  အဲ့ဒါကလည်း စားမေးပွဲဖြေပြီးတော့  သံချောင်းတို့ နဲ့    အပြန် ဘောလုံးဝင်ကန်နေလို့ ပါ  "

" ငါ ဖုန်းစောင့်နေတယ်ဆိုတာ မင်းမသိဘူးလား ။ မင်းမေ့သွားတာမို့လား။ ရတယ်လေ ။ ဒါဆို နောက် ရက်ကနေစပြီး မင်းဖုန်းဆက်စရာမလိုတော့ဘူး။ ငါလည်း မင်းကိုမဆက်တော့ဘူး "

ယသော်လင်းစကားကြောင့် ဦးချီ မြန်မြန်ဆန်ဆန်တောင်းပန်လိုက်သည်။
သော် ကစိတ်အရမ်းကြီးသည်။
ပြောရင် ပြောတဲ့ အတိုင်းသာ လုပ်တက်သည်မို့  ဦးချီ ကြောက်ရသည်။

" သော် .. ငါမှားသွားပါပြီ ။ နောက်ကို မင်းစောင့်ရအောင် ငါမလုပ်တော့ပါဘူး  ။ နော် ။ စိတ်မဆိုးပါနဲ့ တော့ ။ 
ပြီးတော့ ဒီနေ့ က စာမေးပွဲ နောက်ဆုံးရက်မို့   ငါ စိတ်လွတ်လက်လွတ် ဘောလုံးကန်မိတာပါ။  "

"..."

"နော် ...စိတ်မဆိုးပါနဲ့ တော့။ မင်းအဲ့လိုစိတ်ဆိုးပြီး မခေါ်ရင်  သဖက်ခါ ငါလာရင်
ဘယ်သွားနေရမှာလဲလို့ "

" မင်းက ဘယ်နေချင်သေးတာလဲ "

ယသော်လင်းဆီကနေ  စကားပြန်ထွက်
လာတော့ ဦးချီ သက်ပြင်းချနိုင်တော့သည်။

မဟုတ်ရင်  ဦးချီ ကို တခါတလေ ၁၀ရက်လောက်ထိ မခေါ်ပဲ ပစ်ထားတက်လို့ပင်။
စိတ်လည်းကြီး ၊ဒေါသလည်းကြီးတဲ့
ယသော်လင်းသည် ဦးချီ၏ တဦးတည်းသော အရင်းနီးဆုံး သူစိမ်းလေးပင်။

"မင်းဆီပဲ လာမှာပေါ့။ အန်တီခင်လေးနေကောင်းလား။  ငါ လာမယ်ဆိုတာကြိုပြောထားဦးနော်။ ဒါမှ လိုအပ်တာမှာလို့ ရမှာ "

" မင်းမပြောလည်းသူသိတယ်။ မနေ့ကတောင်  ဦးချီ ဘယ်နေ့ လာမလဲတဲ့ ငါ့ကိုမေးနေတာ။  မေမေဘာမှာမလည်းတော့ငါမသိဘူး။ ငါကတော့   ပုဇွန်ထုပ်စားချင်တယ်"

"ok ။ နောက်ပြီးတော့ရော "

ယသော်လင်းသည် ခဏစဉ်းစားဟန်ပြုကာ ငြိမ်သွား၏။ သူ့ ကိုယ်သူ စိတ်ဆိုးနေတာ မေ့သွားလေဟန်။
ဦးချီ  အိပ်ယာပေါ်ပက်လက်လန်ကာ သော် ဆီက  စကားကို စောင့်နေမိသည်။
အတော်ကြာမှ တိုးတိုးပြောလာတာ...

" မွေးနေ့ လက်ဆောင်" တဲ့။

တကယ်က  သော်မွေးနေ့သည် ပြီးခဲ့တဲ့လက ပြီးသွားခဲ့ ပြီဖြစ်၏။

၆လ ငယ်သော ယသော်သည်  9လပိုင်း 30ရက်နေ့  မွေးသူ ဖြစ်ပြီး  ဦးချီကတော့
3လပိုင်း30ရက်နေ့ ဖြစ်၏။

မွေးရက်တူသူ နှစ်ဦးမို့  မှတ်ရလွယ်၏။

ယသော်ကတော့  မတ်လ ၃၀ရက်နေ့ မရောက်ခင်ကတည်းက တံငါကုန်းရွာမှာနွေရာသီအားလပ်ရက်များကို ဘိုးဘိုးနဲ့ အတူ လာကုန်ဆုံးလေ့ရှိသည်။

ဦးချီကတော့ သီတင်းကျွတ်ကျောင်းပိတ်ရက်တချို့ ကို  မန္တလေး သွားလည်ကာ
သော် ကို အဖော်ပြု ပေးတက်၏။

သူတို့ နှစ်ယောက်၏ သူငယ်ချင်းသံယောဇဉ်သည်   တဖြည်းဖြည်းရင်းနှီးလာပီးသည့်နောက်မှာ  သော်သည် ဦးချီ ၏ မိသားစု ဝင်အဖြစ်  ဖြစ်မှန်းမသိဖြစ်လာခဲ့သည်။

မေတ္တာငတ်မွတ်ရှာတဲ့ ယသော်လင်းသည်လည်းထိုသို့ ပင်။
အပြောဆို မတက်ရှာပေမဲ့ ဦးချီ ကို
ပါးပါးတို့ နည်းတူ စိတ်ပူပြီး ဂရုစိုက်ပေးတက်သူလေးပင်။

" ပါတာပေါ့။ ရောက်မှ ကြည့်တော့နော်။
ငါမမေ့ပါဘူး။  "

"အွန်း "

နောက်ဆုံးတော့ ယသော်လင်းစိတ်ဆိုးပြေသွားခဲ့ပါသည်။   သော်ပြောတဲ့
အွန်းဆိုတဲ့ စကားမှာ ရစ်သိုင်းနေတဲ့
ကျေနပ်ပျော်ရွင်ခြင်းတွေ ကို  ဦးချီ ကလွဲပြီး မည်သူကသိနိုင်မည်နည်း။

______

"  ပြီးပြီလား ဖေ့သား "

အခန်းဝမှာ  ရပ်လာတဲ့ သက်ပုံကြောင့်
ကျောပိုးအိတ်လေးလွယ်ရင်း ဦးချီ ခေါင်းညိမ့်ပြလိုက်၏။

"ပြီးပြီ သက်ပုံ  ... ပါးပါးရော  "

"ငါဒီမှာလာပီ "

သက်ပုံနောက်မှာ ပါးပါးက  အင်္ကျီကြယ်သီးတပ်ရင်းရောက်လာ၏။
ထိုနောက်  ပါးပါးတို့ နှစ်ယောက်သည်
ဦးချီ အိပ်ယာပေါ် ထိုင်ပေး၏။

ဦးချီ ရိုကျိုးစွာ ဦးသုံးကြိမ်ချကာ ထိုင်ကန်တော့
လိုက်သည်။

" ငါ့သား မောင်လေကျယ်လေး
လမ်းခရီးမှာ ဘေးရန်ကင်းပါစေဗျာ ။
သော်သော် နဲ့  ပျော်ရွှင်ဖွယ်ရာ သီတင်းကျွတ်ရက်တွေကို ဖြတ်သန်းဖို့  သက်ပုံက မုန့်ဖိုးအများကြီးပေးလိုက်ပါ့မယ် ။ ဟုတ်ပြီလား "

ပါးပါးက ဘေးမှာပြုံးကြည့်လျက်ပင်။
ဦးချ ခေါင်းရမ်းကာ မတ်တပ်ထရပ်လိုက်၏။

" မုန့် ဖိုးပေးတာ လိုချုင်ရအောင် သားကပါးပါးမှ မဟုတ်တာ ။ ပေးချင်ရင်တော့
ဘေးမှာ လိုချင်လို့ စောင့်နေတဲ့ ပါးပါးကိုပဲပေးလိုက်ပါဗျာ ။ သားကတော့ မတောင်းတော့ပါဘူး "

"ဖြစ်ရလေ။   သွားခါနီးမို့  ရန်မဖြစ်တော့ဘူး။ မင်းဖေဖေပြောတဲ့ အတိုင်း ပျော်ခဲ့ပါပေါ့  ..ကဲ့ သက်ပုံ။ ခင်ဗျားသားကို ပေးစရာရှိတာပေးလိုက် နေမြင့်ရင် အပြန် ကိုထက်နောက်ကျလိမ့်မယ် "

ဒီတခါ မန္တလေးအသွားကို  ဦးလေးထက် လိုက်ပို့ မှာပင်။  ပါးပါးကတော့ သူအလည်သွားတုန်း  သက်ပုံနဲ့  နားနားနေနေ နေချင်ဟန်ပင်။

အင်းလေ ။  တစ်နှစ်စာလုံး အလုပ်နဲ့ လက်မပြတ်အောင်  လုပ်ခဲ့ရတာ ။
သီတင်းကျွတ်ရောက်မှ   အမျိုးတွေနဲ့ 
ပျော်ပျော်ပါးပါး ဆိုင်ပိတ်ပြီး ဖြတ်သန်းရတာမို့   ဦးချီ နားလည်ပါသည်။

"  လာ အောက်မှာ  သော်သော် အတွက်မွေးနေ့ လက်ဆောင် ပြင်ထားတယ်။ သက်ပုံတို့ ပေးလိုက်တာလို့ ပြောလိုက်နော်။ "

"ဟုတ်ကဲ့ "

လှေကားထစ်တွေကနေ မိသားစုလိုက်ဖြည်းဖြည်းချင်း ဆင်းလာရင် ပြောနေကြခြင်းပင်။

အောက်ရောက်တော့ ဦးလေးထက်က ကားထုတ်ကာ အဆင်သင့်စောင့်နေ၏။

ဦးချီ မီးဖိုခန်းဖက်ပြေးကာ ကိတ်မုန့် ဘူးလေးကို သွားယူခဲ့သည်။
ရင်ဖက်ထဲမှာ သေချာ ပိုက်ထားသော ကိတ်မုန့် လေးသည် ဦးချီ ကိုယ်တိုင်မနက်အစောကြီးထဖုတ်ထားတဲ့ မုန့်လေးပင်။

ဦးချီ ပြန်ထွက်လာတော့ ပါးပါးနဲ့ သက်ပုံသည် ဦးလေးထက်ကို ကားဖြည်းဖြည်းမောင်းဖို့ နှင့် လမ်းသုံးချင်ရာသုံးရအောင် မုန့်ဖိုးပေးနေတာကိုတွေ့ရသည်။

" ဦးချီ ဒီကိုလာ။ ဒီမှာ သက်ပုံက မင်းကိုမှာစရာ ရှိလို့ စောင့်နေတာ  "

ပါးပါးလက်ယက်ခေါ်တဲ့ အနားကို တိုးကပ်သွားတော့  သက်ပုံက ဦးထက်နှင့်စကားပြောနေရာမှ  လှည့်ကြည့်လာကာ
ပခုံးကို ဖက်ပြီး  ကားနောက်ဖုံးဖက်ခေါ်သွားခဲ့သည်။ နောက်ရောက်တော့
ကားဘေးမှာ ပုံထားတဲ့ ပစ္စည်းမျိုးစုံကိုတွေ့ ရ၏။

"  ဦးချီ  ဒါက   ငါးခြောက်တွေနဲ့   ဆေးဘူးတွေ ။ ဘိုးဘိုးတို့ အိမ်နဲ့   မမခင်ထွေးတို့ အိမ်ကို တစ်ထုတ်ဆီပေးလိုက်။ ဒီဘူးအဝါလေးက   ယသော်လေးအတွက် ပုဇွန်တွေ ကြော်ထည့်ပေးထားတယ်။ ဘိုးဘိုးကိုတော့မစားစေနဲ့ ခုတလော သွေးတိုးနေတယ်ပြောလို့ "

ကားနောက်ခန်းမှာ သေချာ ပြောရင်းထည့်ပေးနေတာမို့   ဦးချီ သေချာလိုက်မှတ်နားထောင်နေရသည်။

" ဒါက နဂါးမောက်သီးတွေ ။ ဈေးချို တာရော၊ ပင်မှည့်သီးမို့ လို့ ရော  ဝယ်ထည့်ပေးလိုက်တယ်။  ဒီဖာ က သြဇာသီး တွေ ။
ခုမမှည့်သေးပေမဲ့ နောက်ရက်ဆိုရင်တော့စားလို့ပြီ ။  ဖေဖေသေချာထည့်ပေးထားတယ်။    "

" ဟုတ် ..ပြီးတော့ရော သက်ပုံ"

"ကျန်သေးတယ်။  ကောင်းချီ   ပေးလိုက် မင်းသားကို "

ပါးပါးက ဦးချီ ကို  စာအိတ်ကလေးပေး၏။
ဖောင်းဖောင်းကားကားကြီးမို့  ဦးချီ ပါးပါးကို  မော့ကြည့်မိသည်။

" ပိုက်ဆံတွေသား။ သေချာထိန်းသိမ်းသွားလမ်းမှာ။  သော်သော်ကိုပြောလိုက်
ပါးပါးတို့ သူ့ ဘေးမှာ အမြဲ ရှိနေပါတယ်လို့ ။ လိုအပ်တာရှိရင်လည်းအားမနာပဲ  ပြောပါလို့ ။  "

" ပါးပါး !! "

ဦးချီ ပါးပါးကို ပြေးဖက်လိုက်မိသည်။
သော့်ကို ပါးပါးတို့ ကို သားတစ်ယောက်လို ချစ်ပေးကြသည်။ ထို့ အတွက်
အများကြီးဦးချီ ကျေးဇူးတင်မိပါတယ်။
ခုတလော အန်တီခင်လေး သိပ်နေမကောင်းသည်မို့ ယသော်လင်း စိတ်ညစ်နေရှာသည်။  ဆေးခန်းပြဖို့ နှင့်  အိမ်စားစရိတ်အတွက် ရှိတာလေး  ချွေတာသုံးနေရတာကို ဦးချီ သိ၏။  အလုပ်မရှိတော့
သားအမိနှစ်ယောက်ထဲဆိုပေမဲ့ရပ်တည်ဖို့ရာ အင်မတန်ခက်ခဲလှသည်။

"ပါးပါးကိုချစ်တယ် "

"ပါးပါးလည်းမင်းကိုချစ်ပါတယ် "

ပါးပါးရင်ခွင်ထဲကနေ ထွက်ပြီး သက်ပုံကို ပြောင်းဖက်ရင်းထပ်ပြောမိသည်။

" ပါးပါးထပ်  သက်ပုံကို ပိုပြီးချစ်ပါတယ်။"

"ဖေဖေကလည်း ဦးချီလေးကို အရမ်းချစ်ပါတယ် "

"ဟုတ်... ပြန်လာရင် သက်ပုံကြိုက်တဲ့   ထိုးမုန့် ဝယ်ခဲ့ပေးမယ်နော်  ။ သားသွားတော့မယ် ပါးပါးတို့ "

နှုတ်ဆက်ပြီး  ကားပေါ်တက်ခဲ့သည့်တိုင်
ဦးချီ ဝမ်းနည်းနေတုန်းပင်။  လက်ပြကျန်ခဲ့သော အရိပ်နှစ်ခုကို မမြင်ရတော့သည့်တိုင်အောင် ကြည့်နေမိသည်။

ပုံညာဦးချီ ဆိုသော သူ့ ဘ၀ကို  ခုလို
ပြည့်စုံ အောင် ထားသည့်အပြင်  အဖက်ဖက်ကနေ နားလည်လက်ခံပေးသော
အဖေနှစ်ယောက်ကို ဦးချီ သိပ်ချစ်ရသည်။

တဖြည်းဖြည်း တံငါကုန်းရွာသည်
မြင်ကွင်းကနေ ဝေးကျန်ခဲ့၏။
ဦးချီ တို့ ကားကလေးသည် လူသူကင်းရှင်းနေတဲ့  ကားလမ်းလေးပေါ်မှာ  ယသော်လင်းမာန်ရှိရာအရပ် မန္တလေးမြို့ ကိုဦးတည်လျက်.....

လက်ထဲက  ပွေ့ ထားဆဲဖြစ်သည့်
မုန့် ဘူးလေးကို လက်မ နဲ့ ပွတ်ရင်း
ယသော်လင်းပျော်အောင် သူ ဘာလုပ်ပေးနိုင်မလဲ ဆိုတာကိုသာ စဉ်းစားနေမိသည်။

ချစ်တဲ့အိမ်စည်။

Bạn đang đọc truyện trên: ZingTruyen.Xyz