နှင်းဆီဝါတို့ နီစွေးစေ(နွင္းဆီဝါတို ႔နီေစြးေစ)completed
11
ငါးနွစ္ေက်ာ္ၾကာပီးေနာက္..
အခ်ိန္ေတြဟာ တေ႐ြ ႕ေ႐ြ ႕ေျပာင္းလဲလာခဲ့ပါတယ္။ မေျပာင္းလဲခဲ့တာကေတာ့ ဦးခ်ီနွင့္ယေသာ္လင္းရဲ႕ ဆက္ဆံေရးပဲျဖစ္မယ္ထင္၏။
ယခုဆိုရင္ ပံုညာဦးခ်ီသည္ ၁၃နွစ္အ႐ြယ္ ၇တန္းေက်ာင္းသားႀကီးျဖစ္လာခဲ့ပါၿပီ ။
အခ်ိန္ေတြ ေျပာင္းလဲလာသလိုပဲ ဦးခ်ီ၏
ပံုပန္းသ႑ာန္သည္လည္း ထူးျခားစြားေျပာင္းလဲလာခဲ့ပါသည္။
ထိုင္း၊ ဗမာ ကျပားေလးျဖစ္တဲ့ ဦခ်ီ ၏
ေရႊညိဳေရာင္ အသားေရသည္ အရင္လို မဲမဲေလးမဟုတ္ေတာ့ပဲ တျဖည္းျဖည္း
လွပေသာ အသားေရကိုေျပာင္းလာခဲ့ေလၿပီ။ ထို ႔ေၾကာင့္ဦးခ်ီ ပါးပါက ေဒါင္းမ်ိဳးဟုတခါတေလ စေနွာက္တက္သည္။
မွန္ပါသည္။ ႀကီးေလ လွေလ ျဖစ္လာမဲ့ ေဒါင္းေလးတစ္ေကာင္ပါပဲ။
သို႔ေသာ္လည္း ေရွ ႔မွာလွၿပီး ေနာက္မွာဖင္ေပၚတက္သလိုပါပဲ ဦးခ်ီ ၏ အက်င့္ဆိုးေလးကလည္ လူေခ်ာလာေပမဲ့ ဖ်က္ဖို ႔ခက္ခဲ့ဆဲပင္။
ပါးပါးေခၚတာ ေဒါင္းကေလး။
သက္ပံုေခၚတာ ကိုဘဝကိုင္။
အမ်ိဳးေတြေခၚတာ ေမာင္ ေလက်ယ္ တဲ့။
မွန္ထဲ မွာေပၚေနတဲ့ ရုပ္သြင္ကို ေသခ်ာၾကည့္ၿပီး အုန္းဆီလိမ္းထားတဲ့ ဆံပင္ေတြကို ေသခ်ာသပ္တင္မိသည္။ အျဖဴ နွင့္အစိမ္းကိုဝတ္ဆင္ထားတဲ့ ပံုညာဦးခ်ီ သည္
၁၃နွစ္အ႐ြယ္ လူပ်ိဳ ေပါက္စေလးပင္ျဖစ္လာခဲ့ပါၿပီ။
ေျပာင္းလဲမူ႔မ်ားစြာသည္ ဒီနွစ္ပိုင္းမ်ား အမ်ားႀကီး ျဖစ္ေပၚခဲ့ေပမဲ့ ယေသာ္လင္းမာန္ေခၚ ေသာ္ ကေတာ့ ဦးခ်ီ ထက္ပိုစြာ
ဘ၀တစ္ဆစ္ခ်ိဳးေျပာင္းလဲခဲ့သည္။
ေအာ္ .. ေသာ္ ဆိုတာ ယေသာ္လင္းမာန္ကို အတိုေခါက္ေခၚဆိုတာပါ။
ယေသာ္လင္းေခၚရင္ မႀကိဳက္ေတာ့တဲ့
ေသာ္ေၾကာင့္ နာမည္ကိုပါ ေျပာင္းေခၚခဲ့ရ
တယ္ဆိုရမယ္။
သူစိတ္နာမယ္ဆိုရင္ နာသင့္ပါတယ္။
ေသာ္ရဲ႕ အေဖ ဦးထိန္လင္းမာန္ သည္
လြန္ခဲ့ေသာ နွစ္မ်ားကပင္ ေသာ္တို ႔သားအမိကို ပစ္ပယ္ခဲ့ၿပီး ေနာက္အိမ္
ေထာင္ ျပဳသြားခဲ့တယ္။
မိန္းမသားျဖစ္တဲ့ အန္တီခင္ေလးက
စီးပြားေရးကို နားမလည္သူမို ႔ ေျမစမ္းခရမ္းပ်ိဳး လုပ္ကိုင္ခဲ့တဲ့ လုပ္ငန္းတခ်ိဳ ႕သည္
အဆင္မေျပမူ ႔၊ လိမ္လည္မူ ႔စြာနဲ ့ရင္ဆိုင္ခဲ့ရသည္။ ထို ႔ေၾကာင့္ လြန္ခဲ့တဲ့၂နွစ္က ေသာ္တို ႔ ေနထိုင္တဲ့ ဘိုးဘိုးတို ႔ေဘးက တိုက္ကို ေရာင္းခ်ၿပီး ရပ္ကြက္တခုမွာ အိမ္ေသးေသးေလးတလံုးကို ဝယ္ယူေျပာင္းေ႐ြ ႕သြားခဲ့ပါ၏။
စာေတာ္တဲ့ ေသာ္သည္ သူ တက္ေနဆဲ
ကိုယ္ပိုင္အထက္ေက်ာင္းမွာ အဆင့္တစ္ကမဆင္းသူျဖစ္သည္။
ဒုကၡပင္လယ္ေဝေနခဲ့ေပမဲ့ ေသာ့္ကို အန္တီခင္ေလးသည္ ထိုေက်ာင္းကေန
မထုတ္ပစ္ပဲ ေပေတေက်ာင္းထားခဲ့ေပမဲ့
အိမ္ေရာင္းကာ အေႂကြးဆပ္ၿပီးေနာက္မွာေတာ့ ေသာ့္ရဲ႕ စိတ္ကူးကား
ေျပာင္းလဲလာခဲ့သည္။
ရပ္ကြက္ထဲက ေက်ာင္းကိုပဲ ေျပာင္းတက္မည္တဲ့။
ဦးခ်ီ ၏ ေသာ္ေလးသည္အရမ္းသနားစရာေကာင္းလွသည္။
စာေတာ္ေသာ
ေသာ္သည္ သက္ပံုလို ဆရာဝန္ျဖစ္ခ်င္သူေလးျဖစ္သည္။
ပညာေရးကို ျဖစ္သလို ျပီးသြားမွာ အန္တီခင္ေလး စိတ္ပူသလို ဦးခ်ီ လည္းစိတ္ပူပါသည္။
ထို ႔ေၾကာင့္ ဘိုးဘိုး အေမြေပးထားေသာ
မိန္းတကၠသိုလ္ ၏ အေရွ ႔ဖက္ လမ္းၾကားေလးထဲက အိမ္ေလးကို ဆိုင္ခန္းအငွားတင္ခဲ့ရသည္။ၿခံဝိုင္းသည္ မ်က္နွာသာ သည္ အမ်ားႀကီးမက်ယ္ေပမဲ့
အေရွ ႔နွင့္ အေနာက္အရွည္သည္ အေတာ္ေလးရွည္သည္ေျပာရမည္။ ေအာက္ခံ အုတ္တိုက္ေလးနွင့္ အေပၚပ်ဥ္ေထာင္ နွစ္ထပ္အိမ္ေလးသည္ လြန္ခဲ့ေသာေလးနွစ္ခန္႔ကပင္ လမ္းၾကားမွာဆိုေပမဲ့ မိန္းထဲမွာမို ႔ေနရာအကြက္အကြင္းက်ကာ ေစ်းအေတာ္ေပးရသည္။ ဘိုးဘိုးတစ္ေယာက္ထဲ မ်ားလြန္းသည္ မို ႔ သက္ပံုနွင့္ ဦးခ်ိန္းသည္ပင္ တစ္ေယာက္ သိန္း၅၀၀ခန္ ႔ဆီ စိုက္ေပးခဲ့ရေသး၏။
ထိုဖုန္းဆိုင္ကို ငွားရမ္းခသည္ တလ ၃သိန္းခန္ ႔ရရွိၿပီး တနွစ္စာ သိန္း၃၆သိန္းကို မနွစ္က စရရွိခဲ့ပါသည္။ ထို ႔ေၾကာင့္ပင္ တ၀က္ကို ေသာ္ရဲ႕ ေက်ာင္းလခအျဖစ္ အသံုးျပဳနိုင္ခဲ့ၿပီး တ၀က္ကို ဘိုးဘိုးကို ျပန္ေပးအပ္နိုင္ခဲ့သည္။ ထိုစိတ္ကူးကို ၿပီးခဲ့ေသာနွစ္ေတြ ေသာ္ ေက်ာင္းေျပာင္းမည္ ဆိုကတည္းက ဦးခ်ီ ပါးပါးကိုေျပာကာ အေကာင္ထည္ေဖာ္ခဲ့တာျဖစ္၏။
" ဦးခ်ီ ေသာ္ေသာ္ ့ဆီက ဖုန္းလာေနတယ္ ။ မင္းေတာ့ အဆူခံရေတာ့မယ္ထင္တယ္ "
ပါးပါးလာေပးတဲ့ ဖုန္းကို ၾကည့္ကာ ဦးခ်ီ ပ်ာပ်ာသလဲ လွမ္းယူလိုက္၏။
မနက္ခင္းတိုင္း ၾကားေနၾက စကားသည္
ေသာ္ေသာ့္ဆီက ဖုန္းလာေနတယ္ပင္။
အိပ္ေရးမက္တဲ့ဦးခ်ီ သည္ ေက်ာင္းသြားခ်ိန္ဆို အၿမဲ ေနာက္က်တက္၏။
ဒါကိုပင္ ေသာ္က မႀကိဳက္တာပင္။
ယခုဆို ပိုဆိုးမည္။ စာေမးပြဲေျဖရမည့္မနက္ခင္းမွာ ပင္ ဦးခ်ီ အိပ္ရာထေနာက္က်ျပန္ပီေလ။
" ဟလို "
"ဘာဟလိုလဲ ! မင္းကို ညက ငါမေျပာဖူးလား ။ ဒီေန ႔ေတာ့အိပ္ယာေစာေစာထၿပီး
စာေလးေတာ့က်က္ပါဦးလို ႔။ မင္းငါ့စကားကိုနားမေထာင္ဘူး "
"မဟုတ္ပါဘူး ။ မင္းေျပာသလို ညကတည္းက ငါလည္းလုပ္မယ္လို ႔ေတြးၿပီးအိပ္တာပဲ။ ဒါေပမဲ့ မနက္ကို ပါးပါးတို ႔ကလာမွမနႈိးတာ"
"အပိုေတြမေျပာနဲ ့။ ကိုကို မင္းအေၾကာင္းငါအသိဆံုးေနာ္။ ရန္မျဖစ္ခ်င္ဘူး။
ျပန္လာမွေျပာမယ္။ စာေတြ ရၿပီမို႔လား။
ဒီတခါ အဆင့္ ၅အတြင္းမဝင္ရင္ မင္းကို ငါဘာေျပာထားတယ္ဆိုတာ မေမ့နဲ ့။ ဒါပဲ ငါေက်ာင္းေနာက္က်ေတာ့မယ္ "
ပ်ာတိပ်ာယာ ဖုုန္းခ်သြားတဲ့ ေသာ့္ေၾကာင့္ဦးခ်ီ ခမ်ာ ရႈံ ့မဲ့ေနေလၿပီ။
ေဘးမွာလက္ပိုက္ၾကည့္ေနတဲ့ပါးပါးက
သေဘာတက်ရယ္ေနသည္မို ႔ မေက်နပ္တာကို ပံုခ်သည့္အေနျဖင့္
"ပါးပါးတို႔က စိတ္ဓာတ္ပဲေနာ္။ သားကို
ေစာေစာေလး ရေအာင္နႈိးေတာ့ဘာျဖစ္မွာ က်ေနတာပဲ "
"မင္းပဲ သားခဏေလးအိပ္ပါ့ရေစဦးဆို။
ပါးပါးကေတာ့ ဝတၲရမပ်က္ လာနႈိးပါတယ္
မင္းဘာသာ မင္းမထတာ။ ဘယ္လိုလဲ ဆူခံရတာ ေတာ္ေတာ္မွအီသြားရဲ႕လား "
ဦးခ်ီ ျပန္မေျဖပဲ လြယ္အိတ္အနက္ေလးကိုေကာက္လြယ္လိုက္၏။ အရင္သက္ပံုေပးေသာလြယ္အိတ္ေလးေတာ့မဟုတ္ေတာ့။ အရပ္ထြားလာတဲ့ဦးခ်ီေၾကာင့္ နွစ္တိုင္း ေသာ္နဲ ့ဆင္တူ လြယ္အိတ္မ်ားစြာ လက္ေဆာင္ရတက္သည္မို ႔ ခုဆိုရင္ရင္ လြယ္အိတ္ေပါင္း ေလးလံုးတိတိ ရွိခဲ့ၿပီ။
" သားသြားေတာ့မယ္ပါးပါး"
"မနက္စာေရာ "
"လမ္းမွာပဲ စားရင္းသြားမယ္။ သား စက္ဘီးေလး ေလျဖည့္ေပးထားေသးလားပါးပါး "
"ျဖည့္ေပးထားတယ္ အကုန္အဆင့္သင့္ပဲ။ ဖိုက္တင္း ငါ့သား"
လက္သီးစုတ္ကာ အားတင္းထားဆိုတဲ့ ပံုလုပ္ျပတဲ့ ပါးပါးကို ကေလးဆန္လိုက္တာဟု ၾကည့္ကာေခါင္းရမ္းရင္းေအာက္ထပ္ကိုေျပးဆင္းလာမိသည္။
" သက္ပံု သားေက်ာင္းသြာေးေတာ့မယ္။ "
ေကာင္တာမွာ စာရင္းမွတ္ေနတဲ့ သက္ပံုနားသြားကာ အသိေပးေတာ့
သက္ပံု ကအလိုမက်စြာေမာ့ၾကည့္လာ၏။
"ေဖေဖမႀကိဳက္တာေတြလုပ္ျပန္ၿပီ။ ဒီေန ႔လည္းမနက္စာ စားဖို ႔မမွီ ျပန္ဘူးမို ႔လား။
မင္းေတာ့ ဆူခံထိေတာ့မယ္ ပံုညာဦးခ်ီ "
"သားေနာက္ဆို အိပ္ယာေစာေစာထပါ့မယ္ဗ်။ ဒီေန ႔ေတာ့ သားသြားေတာ့မယ္ေနာ္ "
"ျမသက္ေရ ျပင္ထားတဲ့ မုန္႔ကို ဒီမွာ
နင့္တူကို လာေပးလိုက္စမ္းပါဦး။ သြားသြား မမျမသက္ဆီက မနက္စာ ယူသြား။ ေဖေဖ အလုပ္ေတြ ရႈပ္ေနလို ႔ျပန္လာမွ ေျပာေတာ့မယ္ "
စာရင္းပံုထဲျပန္ေခါင္းငိုက္စိုက္ က်သြားၿပီးျဖစ္တဲ့ သက္ပံုကို ၾကည့္ကာ ၿပံဳးမိသည္။
စီးပြားေရးျဖစ္လာေတာ့ လူငွားအမ်ားႀကီးေခၚထားတာေတာင္မနိင္နင္းေတာ့။
သက္ပံုပင္ ဒီရက္ပိုင္း မ်က္နွာေလးက်သြားသလိုပဲ ။
" စာေမးပြဲ ေသခ်ာေျဖခဲ့ေနာ္ တူေလး "
"ဟုတ္ကဲ့ မမသက္ "
မမ ျမသက္လွမ္းေပးလိုက္တဲ့ မုန္႔ျပားသလက္ ကိုယူရင္းေျဖမိသည္။
အိမ္ေရွ ႔မွာ ပါးပါးအရံသင့္ေထာင္ထားတဲ့ စက္ဘီးေလးကိုစီးရင္း လက္တဖက္က မုန္ ႔ျပားသလက္ကို စားဖို ႔အိတ္ကိုလွန္သည္။
ေသခ်ာျပင္ေပးထားတဲ့ မနက္စာမွန္းသိသာစြာ မုန္ ႔ျပားသလက္ထဲမွာ ပဲနွင့္အာလူးေၾကာ္ မ်ားစြာပါေန၏။
အျပားလိုက္ကို ေခါက္ခ်ိဳး ခ်ကာ ပါးစပ္ထဲထိုးထည့္ရင္း ညက က်က္ထားတဲ့စာေတြကိုစိတ္ကူးျဖင့္႐ြတ္ၾကည့္ သည္ ။ မဆိုးဘူး သူ မွတ္မိေသးသည္။
_______
" မဆူပါနဲ ့ေတာ့ ေသာ္ရာ "
"မဆူလို ႔ရမလား ။ မင္း မွစာမလုပ္တာ။
ခုေတာ့ အလြယ္တကူအမွတ္ရမဲ့ စာေလးေတာင္ မေျဖနိုင္မွာေတာ့ ငါဆူတာမွားလား "
စားၾကည့္စားပြဲ မွာသာ ထိုင္ေနရသည္။
စာတလံုးမွ မက်က္ရေသး။
ဖုန္းထဲမွာ ထြက္ေပၚလာေသာ ေသာ္ရဲ႕
ဆူပူသံကိုနားေထာင္ရင္း မျမင္ရပဲေတာင္ ဦးခ်ီ မ်က္နွာငယ္ေနေခ်သည္။
အေနထိုင္မွန္ၿပီး စြာလွတဲ့ ေသာ့္ကို ယခုမွေၾကာက္တာမ ဟုတ္ေပ။
ဟိုးေပါက္စေလးကတည္းက ယေသာ္လင္းမာန္ ေဒါသထြက္ရင္ ဦးခ်ီ တို ႔ျပာေနေအာင္ ေၾကာက္ရတာျဖစ္၏။
" မမွားပါဘူး။ ဒါေပမဲ့ ငါက မင္းလိုမွ ဥာဏ္မေကာင္းတာ "
"ဘယ္ေကာင္းမလဲ။ မင္းေခါင္းထဲမွာ
စာအေၾကာင္းမွမရွိတာ။ မဟုတ္ကဟုတ္က မုန္ ႔လုပ္နည္းေတြ နဲ ့ စီးပြာေရးအေၾကာင္းပဲ ရွိတာမို ႔လား "
ေသာ္ေျပာတာမွန္ေနသျဖင့္ ဦးခ်ီ ၿငိမ္သြား၏။ အမွန္ပင္ သူ ႔ဝါသနာသည္
ဆန္းက်ယ္ လွသည္။
မုန္႔လုပ္နည္းေတြ ကို စိတ္ဝင္စား၍ မနွစ္ကေႏြရာသီမွာ ပင္ online သင္တန္းေတာင္ အပ်င္းေျပ တက္ခဲ့ေသးသည္။
" ဒါေပမဲ့ ငါလည္းစားႀကိဳးစားတာပဲ။
ဝါသနာက ဝါသနာပဲ ေလ။ မဟုတ္လဲ
ငါလုပ္တဲ့ မုန္႔ေတြကို မင္းပဲ စားခဲ့တာမဟုတ္ဘူးလား "
"ကိုကို !! "
ေအာ္သံက်ယ္ႀကီး ေၾကာင့္ဦးခ်ီ ဖုန္းကို နားနားကေန ခြာလိုက္ရသည္။
ေသာ္သည္ သူ ႔ကို ကိုကိုဟုေခၚကာ
အၿမဲ နိုင္စားသူျဖစ္သည္။
ထို သို ႔က်ယ္ေလာင္စြာေခၚဆိုသည့္
ကိုကို ဟုေခၚသံမွာ ေဒါသ နႈန္းထားျမင့္ေနၿပီမွန္း ဦးခ်ီ သိသည္။
အရင္က ကိုကို ေခၚခံရဖို ႔၂ရက္စိတ္ေကာက္ဖူး၏။ ျပန္စဥ္းစားမယ္ဆိုရင္
သူအရမ္းမွားသြားသည္။
ကိုကို ဟုေခၚကာ ဆရာလုပ္တက္ေသာ
ေသာ့္ကို ဦးခ်ီ ငယ္ေၾကာက္ဆိုသလိုပင္ ေၾကာက္ၿပီး ျပန္မေျပာရဲတာ နွစ္ေတြေတာင္ၾကာေနၿပီပင္။
ပါးစပ္ကသာ ကိုကို လက္ကေတြ႕တာနဲ ့
ေခါက္တက္ေသာ အက်င့္သည္ မနွစ္ကစ
ေပ်ာက္သြားခဲ့သည္။
သို ႔ေသာ္လည္း သူမွီတဲ့ေနရာ ပုခံုးေတြေက်ာေတြ ကေတာ့ အားနဲ ့ရုိက္ခံရတုန္းပင္။
" ဟုတ္ၿပီ ။ ငါျပန္မေျပာေတာ့ဘူး။
စာက်က္ေတာ့မယ္။ မင္းလည္းေဒါသေတြေလ်ာ့ေတာ့ ။ မနက္ဖန္ ေစာေစာထမယ္။ ok "
" ၿပီေရာ။ အဲ့ဒါ ဆို စာက်က္ေတာ့။
ငါလည္းေမေမ့ကိုေဆးလူးေပးလိုက္ဦးမယ္။ ခုတေလာ ေမေမ ေလးဖက္နာ ျပန္ျဖစ္ေနလို ႔ငါဂရုစိုက္ေနရတယ္ "
" အင္း ။ အန္တီခင္ေလး ကို ေသခ်ာဂရုစိုက္လိုက္ဦး ။ အရမ္းေနမေကာင္းေနရင္ေျပာေနာ္။ သဖက္ခါပါးပါး ပြဲရုံမွာ ေငြသြား
ထုတ္မယ္ၾကားတယ္။ လိုအပ္တာရွိရင္ႀကိဳေျပာ ထည့္ေပးလိုက္မယ္။"
"ေအးပါ။ ဒါပဲေနာ္ ကိုကို။ ငါဖုန္းခ်ပီ "
ဆူဆူပူပူအသံေလးက စိတ္မေကာင္းျဖစ္သြားတဲ့ ပံုေလးခ်က္ျခင္းေျပာင္းသြားေတာ့လည္းဦးခ်ီ စိတ္ပူရျပန္သည္။
ေကာင္းမြန္တဲ့ ဘ၀ တခုကို ေသာ့္ကို ရေစခ်င္တာ ဦးခ်ီ ၏ ေမ်ွာ္လင့္ခ်က္ပင္။
"ငါ့ရဲ႕ ေသာ္ေသာ္ေလး ေအးခ်မ္းပါေစ "
ခ်စ္တဲ့အိမ္စည္။
ငါးနှစ်ကျော်ကြာပီးနောက်...
အချိန်တွေဟာ တရွေ့ ရွေ့ ပြောင်းလဲလာခဲ့ပါသည်။ မပြောင်းလဲခဲ့တာကတော့ ဦးချီနှင့်ယသော်လင်းရဲ့ ဆက်ဆံရေးပဲဖြစ်မယ်ထင်၏။
ယခုဆိုရင် ပုံညာဦးချီသည် ၁၃နှစ်အရွယ် ၇တန်းကျောင်းသားကြီးဖြစ်လာခဲ့ပါပြီ ။
အချိန်တွေ ပြောင်းလဲလာသလိုပဲ ဦးချီ၏
ပုံပန်းသဏ္ဍာန်သည်လည်း ထူးခြားစွားပြောင်းလဲလာခဲ့ပါသည်။
ထိုင်း၊ ဗမာ ကပြားလေးဖြစ်တဲ့ ဦချီ ၏
ရွှေညိုရောင် အသားရေသည် အရင်လို မဲမဲလေးမဟုတ်တော့ပဲ တဖြည်းဖြည်း
လှပသော အသားရေကိုပြောင်းလာခဲ့လေပြီ။ ထို့ ကြောင့်ဦးချီ ပါးပါးက ဒေါင်းမျိုးဟုတခါတလေ စနှောက်တက်သည်။
မှန်ပါသည်။ ကြီးလေ လှလေ ဖြစ်လာမဲ့ ဒေါင်းလေးတစ်ကောင်ပါပဲ။
သို့သော်လည်း ရှေ့ မှာလှပြီး နောက်မှာဖင်ပေါ်တက်သလိုပါပဲ ဦးချီ ၏ အကျင့်ဆိုးလေးကလည်း လူချောလာပေမဲ့ ဖျက်ဖို့ ခက်ခဲ့ဆဲပင်။
ပါးပါးခေါ်တာ ဒေါင်းကလေး။
သက်ပုံခေါ်တာ ကိုဘဝကိုင်။
အမျိုးတွေခေါ်တာ မောင် လေကျယ် တဲ့။
မှန်ထဲ မှာပေါ်နေတဲ့ ရုပ်သွင်ကို သေချာကြည့်ပြီး အုန်းဆီလိမ်းထားတဲ့ ဆံပင်တွေကို သေချာသပ်တင်မိသည်။ အဖြူ နှင့်အစိမ်းကိုဝတ်ဆင်ထားတဲ့ ပုံညာဦးချီ သည်
၁၃နှစ်အရွယ် လူပျို ပေါက်စလေးပင်ဖြစ်လာခဲ့ပါပြီ။
ပြောင်းလဲမူ့များစွာသည် ဒီနှစ်ပိုင်းများ အများကြီး ဖြစ်ပေါ်ခဲ့ပေမဲ့ ယသော်လင်းမာန်ခေါ် သော် ကတော့ ဦးချီ ထက်ပိုစွာ
ဘ၀တစ်ဆစ်ချိုးပြောင်းလဲခဲ့သည်။
အော် .. သော် ဆိုတာ ယသော်လင်းမာန်ကို အတိုခေါက်ခေါ်ဆိုတာပါ။
ယသော်လင်းခေါ်ရင် မကြိုက်တော့တဲ့
သော်ကြောင့် နာမည်ကိုပါ ပြောင်းခေါ်ခဲ့ရ
တယ်ဆိုရမည်။
သူစိတ်နာမယ်ဆိုရင် နာသင့်ပါတယ်။
သော်ရဲ့ အဖေ ဦးထိန်လင်းမာန် သည်
လွန်ခဲ့သော နှစ်များကပင် သော်တို့ သားအမိကို ပစ်ပယ်ခဲ့ပြီး နောက်အိမ်
ထောင် ပြုသွားခဲ့သည်။
မိန်းမသားဖြစ်တဲ့ အန်တီခင်လေးက
စီးပွားရေးကို နားမလည်သူမို့ မြေစမ်းခရမ်းပျိုး လုပ်ကိုင်ခဲ့တဲ့ လုပ်ငန်းတချို့ သည်
အဆင်မပြေမူ့ ၊ လိမ်လည်မူ့ စွာနဲ့ ရင်ဆိုင်ခဲ့ရသည်။ ထို့ ကြောင့် လွန်ခဲ့တဲ့၂နှစ်က သော်တို့ နေထိုင်တဲ့ ဘိုးဘိုးတို့ ဘေးက တိုက်ကို ရောင်းချပြီး ရပ်ကွက်တခုမှာ အိမ်သေးသေးလေးတစ်လုံးကို ဝယ်ယူပြောင်းရွေ့ သွားခဲ့ပါ၏။
စာတော်တဲ့ သော်သည် သူ တက်နေဆဲ
ကိုယ်ပိုင်အထက်ကျောင်းမှာ အဆင့်တစ်ကမဆင်းသူဖြစ်သည်။
ဒုက္ခပင်လယ်ဝေနေခဲ့ပေမဲ့ သော့်ကို အန်တီခင်လေးက ထိုကျောင်းကနေ
မထုတ်ပစ်ပဲ ပေတေကျောင်းထားခဲ့ပေမဲ့
အိမ်ရောင်းကာ အကြွေးဆပ်ပြီးနောက်မှာတော့ သော့်ရဲ့ စိတ်ကူးကား
ပြောင်းလဲလာခဲ့သည်။
ရပ်ကွက်ထဲက ကျောင်းကိုပဲ ပြောင်းတက်မည်တဲ့။
ဦးချီ ၏ သော်လေးသည်အရမ်းသနားစရာကောင်းလှသည်။
စာတော်သော
သော်သည် သက်ပုံလို ဆရာဝန်ဖြစ်ချင်သူလေးဖြစ်သည်။
ပညာရေးကို ဖြစ်သလို ပြီးသွားမှာ အန်တီခင်လေး စိတ်ပူသလို ဦးချီ လည်းစိတ်ပူပါသည်။
ထို့ ကြောင့် ဘိုးဘိုး အမွေပေးထားသော
မိန်းတက္ကသိုလ် ၏ အရှေ့ ဖက် လမ်းကြားလေးထဲက အိမ်လေးကို ဆိုင်ခန်းအငှားတင်ခဲ့ရသည်။ခြံဝိုင်းသည် မျက်နှာသာ သည် အများကြီးမကျယ်ပေမဲ့
အရှေ့ နှင့် အနောက်အရှည်သည် အတော်လေးရှည်သည်ပြောရမည်။ အောက်ခံ အုတ်တိုက်လေးနှင့် အပေါ်ပျဉ်ထောင် နှစ်ထပ်အိမ်လေးသည် လွန်ခဲ့သောလေးနှစ်ခန့်ကပင် လမ်းကြားမှာဆိုပေမဲ့ မိန်းထဲမှာမို့ နေရာအကွက်အကွင်းကျကာ ဈေးအတော်ပေးရသည်။ ဘိုးဘိုးတစ်ယောက်ထဲ များလွန်းသည် မို့ သက်ပုံနှင့် ဦးချိန်းသည်ပင် တစ်ယောက် သိန်း၅၀၀ခန့် ဆီ စိုက်ပေးခဲ့ရသေး၏။
ထို ဆိုင်လေးမှာ ဖုန်းဆိုင်လေးဖြစ်သည်။
ငှားရမ်းခသည် တစ်လ ၃သိန်းခန့် ရရှိပြီး တနှစ်စာ သိန်း၃၆သိန်းကို မနှစ်က စရရှိခဲ့ပါသည်။ ထို့ ကြောင့်ပင် တ၀က်ကို သော်ရဲ့ ကျောင်းလခအဖြစ် အသုံးပြုနိုင်ခဲ့ပြီး တ၀က်ကို ဘိုးဘိုးကို ပြန်ပေးအပ်နိုင်ခဲ့သည်။ ထိုစိတ်ကူးကို ပြီးခဲ့သောနှစ်တွေ သော် ကျောင်းပြောင်းမည် ဆိုကတည်းက ဦးချီ ပါးပါးကိုပြောကာ အကောင်ထည်ဖော်ခဲ့တာဖြစ်၏။
" ဦးချီ သော်သော့် ဆီက ဖုန်းလာနေတယ် ။ မင်းတော့ အဆူခံရတော့မယ်ထင်တယ် "
ပါးပါးလာပေးတဲ့ ဖုန်းကို ကြည့်ကာ ဦးချီ ပျာပျာသလဲ လှမ်းယူလိုက်၏။
မနက်ခင်းတိုင်း ကြားနေကြ စကားသည်
သော်သော့်ဆီက ဖုန်းလာနေတယ်ပင်။
အိပ်ရေးမက်တဲ့ဦးချီ သည် ကျောင်းသွားချိန်ဆို အမြဲ နောက်ကျတက်၏။
ဒါကိုပင် သော်က မကြိုက်တာပင်။
ယခုဆို ပိုဆိုးမည်။ စာမေးပွဲဖြေရမည့်မနက်ခင်းမှာ ပင် ဦးချီ အိပ်ရာထနောက်ကျပြန်ပြီလေ။
" ဟလို "
"ဘာဟလိုလဲ ! မင်းကို ညက ငါမပြောဖူးလား ။ ဒီနေ့ တော့အိပ်ယာစောစောထပြီး
စာလေးတော့ကျက်ပါဦးလို့ ။ မင်းငါ့စကားကိုနားမထောင်ဘူး "
"မဟုတ်ပါဘူး ။ မင်းပြောသလို ညကတည်းက ငါလည်းလုပ်မယ်လို့ တွေးပြီးအိပ်တာပဲ။ ဒါပေမဲ့ မနက်ကို ပါးပါးတို့ က လာမှမနှိုးတာ"
"အပိုတွေမပြောနဲ့ ။ ကိုကို မင်းအကြောင်းငါအသိဆုံးနော်။ ရန်မဖြစ်ချင်ဘူး။
ပြန်လာမှပြောမယ်။ စာတွေ ရပြီမို့လား။
ဒီတစ်ခါ အဆင့် ၅အတွင်းမဝင်ရင် မင်းကို ငါဘာပြောထားတယ်ဆိုတာ မမေ့နဲ့ ။ ဒါပဲ ငါကျောင်းနောက်ကျတော့မယ် "
ပျာတိပျာယာ ဖုန်းချသွားတဲ့ သော့်ကြောင့်ဦးချီ ခမျာ ရှုံ့ မဲ့နေလေပြီ။
ဘေးမှာလက်ပိုက်ကြည့်နေတဲ့ပါးပါးက
သဘောတကျရယ်နေသည်မို့ မကျေနပ်တာကို ပုံချသည့်အနေဖြင့်
"ပါးပါးတို့က စိတ်ဓာတ်ပဲနော်။ သားကို
စောစောလေး ရအောင်နှိုးတော့ဘာဖြစ်မှာ ကျနေတာပဲ "
"မင်းပဲ သားခဏလေးအိပ်ပါ့ရစေဦးဆို။
ပါးပါးကတော့ ဝတ္တရမပျက် လာနှိုးပါတယ်
မင်းဘာသာ မင်းမထတာ။ ဘယ်လိုလဲ ဆူခံရတာ တော်တော်မှအီသွားရဲ့လား "
ဦးချီ ပြန်မဖြေပဲ လွယ်အိတ်အနက်လေးကိုကောက်လွယ်လိုက်၏။ အရင်သက်ပုံပေးသောလွယ်အိတ်လေးတော့မဟုတ်တော့။ အရပ်ထွားလာတဲ့ဦးချီကြောင့် နှစ်တိုင်း သော်နဲ့ ဆင်တူ လွယ်အိတ်များစွာ လက်ဆောင်ရတက်သည်မှာ ခုဆိုရင်ရင် လွယ်အိတ်ပေါင်း လေးလုံးတိတိ ရှိခဲ့ပြီ။
" သားသွားတော့မယ်ပါးပါး"
"မနက်စာရော "
"လမ်းမှာပဲ စားရင်းသွားမယ်။ သား စက်ဘီးလေး လေဖြည့်ပေးထားသေးလားပါးပါး "
"ဖြည့်ပေးထားတယ် အကုန်အဆင့်သင့်ပဲ။ ဖိုက်တင်း ငါ့သား"
လက်သီးစုတ်ကာ အားတင်းထားဆိုတဲ့ ပုံလုပ်ပြတဲ့ ပါးပါးကို ကလေးဆန်လိုက်တာဟု ကြည့်ကာခေါင်းရမ်းရင်းအောက်ထပ်ကိုပြေးဆင်းလာမိသည်။
" သက်ပုံ သားကျောင်းသွာေးတော့မယ်။ "
ကောင်တာမှာ စာရင်းမှတ်နေတဲ့ သက်ပုံနားသွားကာ အသိပေးတော့
သက်ပုံ ကအလိုမကျစွာမော့ကြည့်လာ၏။
"ဖေဖေမကြိုက်တာတွေလုပ်ပြန်ပြီ။ ဒီနေ့ လည်းမနက်စာ စားဖို့ မမှီ ပြန်ဘူးမို့ လား။
မင်းတော့ ဆူခံထိတော့မယ် ပုံညာဦးချီ "
"သားနောက်ဆို အိပ်ယာစောစောထပါ့မယ်ဗျ။ ဒီနေ့ တော့ သားသွားတော့မယ်နော် "
"မြသက်ရေ ပြင်ထားတဲ့ မုန့်ကို ဒီမှာ
နင့်တူကို လာပေးလိုက်စမ်းပါဦး။ သွားသွား မမမြသက်ဆီက မနက်စာ ယူသွား။ ဖေဖေ အလုပ်တွေ ရှုပ်နေလို့ ပြန်လာမှ ပြောတော့မယ် "
စာရင်းပုံထဲပြန်ခေါင်းငိုက်စိုက် ကျသွားပြီးဖြစ်တဲ့ သက်ပုံကို ကြည့်ကာ ပြုံးမိသည်။
စီးပွားရေးဖြစ်လာတော့ လူငှားအများကြီးခေါ်ထားတာတောင်မနိင်နင်းတော့။
သက်ပုံပင် ဒီရက်ပိုင်း မျက်နှာလေးကျသွားသလို ။
" စာမေးပွဲ သေချာဖြေခဲ့နော် တူလေး "
"ဟုတ်ကဲ့ မမသက် "
မမ မြသက်လှမ်းပေးလိုက်တဲ့ မုန့်ပြားသလက် ကိုယူရင်းဖြေမိသည်။
အိမ်ရှေ့ မှာ ပါးပါးအရံသင့်ထောင်ထားတဲ့ စက်ဘီးလေးကိုစီးရင်း လက်တဖက်က မုန့် ပြားသလက်ကို စားဖို့ အိတ်ကိုလှန်သည်။
သေချာပြင်ပေးထားတဲ့ မနက်စာမှန်းသိသာစွာ မုန့် ပြားသလက်ထဲမှာ ပဲနှင့်အာလူးကြော် များစွာပါနေ၏။
အပြားလိုက်ကို ခေါက်ချိုး ချကာ ပါးစပ်ထဲထိုးထည့်ရင်း ညက ကျက်ထားတဲ့စာတွေကိုစိတ်ကူးဖြင့်ရွတ်ကြည့် သည် ။ မဆိုးဘူး သူ မှတ်မိသေးသည်။
_______
" မဆူပါနဲ့ တော့ သော်ရာ "
"မဆူလို့ ရမလား ။ မင်း မှစာမလုပ်တာ။
ခုတော့ အလွယ်တကူအမှတ်ရမဲ့ စာလေးတောင် မဖြေနိုင်မှာတော့ ငါဆူတာမှားလား "
စားကြည့်စားပွဲ မှာသာ ထိုင်နေရသည်။
စာတစ်လုံးမှ မကျက်ရသေး။
ဖုန်းထဲမှာ ထွက်ပေါ်လာသော သော်ရဲ့
ဆူပူသံကိုနားထောင်ရင်း မမြင်ရပဲတောင် ဦးချီ မျက်နှာငယ်နေချေသည်။
အနေထိုင်မှန်ပြီး စွာလှတဲ့ သော့်ကို ယခုမှကြောက်တာမ ဟုတ်ပေ။
ဟိုးပေါက်စလေးကတည်းက ယသော်လင်းမာန် ဒေါသထွက်ရင် ဦးချီ တို့ ပြာနေအောင် ကြောက်ရတာဖြစ်၏။
" မမှားပါဘူး။ ဒါပေမဲ့ ငါက မင်းလိုမှ ဥာဏ်မကောင်းတာ "
"ဘယ်ကောင်းမလဲ။ မင်းခေါင်းထဲမှာ
စာအကြောင်းမှမရှိတာ။ မဟုတ်ကဟုတ်က မုန့် လုပ်နည်းတွေ နဲ့ စီးပွာရေးအကြောင်းပဲ ရှိတာမို့ လား "
သော်ပြောတာမှန်နေသဖြင့် ဦးချီ ငြိမ်သွား၏။ အမှန်ပင် သူ့ ဝါသနာသည်
ဆန်းကျယ် လှသည်။
မုန့်လုပ်နည်းတွေ ကို စိတ်ဝင်စား၍ မနှစ်ကနွေရာသီမှာ ပင် online သင်တန်းတောင် အပျင်းပြေ တက်ခဲ့သေးသည်။
" ဒါပေမဲ့ ငါလည်းစားကြိုးစားတာပဲ။
ဝါသနာက ဝါသနာပဲ လေ။ မဟုတ်လည်း
ငါလုပ်တဲ့ မုန့်တွေကို မင်းပဲ စားခဲ့တာမဟုတ်ဘူးလား "
"ကိုကို !! "
အော်သံကျယ်ကြီး ကြောင့်ဦးချီ ဖုန်းကို နားနားကနေ ခွာလိုက်ရသည်။
သော်သည် သူ့ ကို ကိုကိုဟုခေါ်ကာ
အမြဲ နိုင်စားသူဖြစ်သည်။
ထို သို့ ကျယ်လောင်စွာခေါ်ဆိုသည့်
ကိုကို ဟုခေါ်သံမှာ ဒေါသ နှုန်းထားမြင့်နေပြီမှန်း ဦးချီ သိသည်။
အရင်က ကိုကို ခေါ်ခံရဖို့ ၂ရက်စိတ်ကောက်ဖူး၏။ ပြန်စဉ်းစားမယ်ဆိုရင်
သူအရမ်းမှားသွားသည်။
ကိုကို ဟုခေါ်ကာ ဆရာလုပ်တက်သော
သော့်ကို ဦးချီ ငယ်ကြောက်ဆိုသလိုပင် ကြောက်ပြီး ပြန်မပြောရဲတာ နှစ်တွေတောင်ကြာနေပြီပင်။
ပါးစပ်ကသာ ကိုကို လက်ကတွေ့တာနဲ့
ခေါက်တက်သော အကျင့်သည် မနှစ်ကစ
ပျောက်သွားခဲ့သည်။
သို့ သော်လည်း သူမှီတဲ့နေရာ ပုခုံးတွေကျောတွေ ကတော့ အားနဲ့ ရိုက်ခံရတုန်းပင်။
" ဟုတ်ပြီ ။ ငါပြန်မပြောတော့ဘူး။
စာကျက်တော့မယ်။ မင်းလည်းဒေါသတွေလျော့တော့ ။ မနက်ဖန် စောစောထမယ်။ ok "
" ပြီရော။ အဲ့ဒါ ဆို စာကျက်တော့။
ငါလည်းမေမေ့ကိုဆေးလူးပေးလိုက်ဦးမယ်။ ခုတလော မေမေ လေးဖက်နာ ပြန်ဖြစ်နေလို့ ငါဂရုစိုက်နေရတယ် "
" အင်း ။ အန်တီခင်လေး ကို သေချာဂရုစိုက်လိုက်ဦး ။ အရမ်းနေမကောင်းနေရင်ပြောနော်။ သဖက်ခါပါးပါး ပွဲရုံမှာ ငွေသွား
ထုတ်မယ်ကြားတယ်။ လိုအပ်တာရှိရင်ကြိုပြော ထည့်ပေးလိုက်မယ်။"
"အေးပါ။ ဒါပဲနော် ကိုကို။ ငါဖုန်းချပီ "
ဆူဆူပူပူအသံလေးက စိတ်မကောင်းဖြစ်သွားတဲ့ ပုံလေးချက်ခြင်းပြောင်းသွားတော့လည်းဦးချီ စိတ်ပူရပြန်သည်။
ကောင်းမွန်တဲ့ ဘ၀ တခုကို သော့်ကို ရစေချင်တာ ဦးချီ ၏ မျှော်လင့်ချက်ပင်။
"ငါ့ရဲ့ သော်သော်လေး အေးချမ်းပါစေ "
ချစ်တဲ့အိမ်စည်။
Bạn đang đọc truyện trên: ZingTruyen.Xyz