တသက်လုံးပျော်ချင်မောင့်ကိုချစ်ပါ(တသက္လံုးေပ်ာ္ခ်င္ေမာင့္ကိုခ်စ္ပါ)Completed
9
ကြင္းအျပည့္ ေမွာင္မိုက္သြားၿပီး ဆလိုက္မီးအျဖဴ ေရာင္ အလင္းတန္းႀကီးက လူတစ္ေယာက္အေပၚမွာ တည့္တည့္ထိုးစိုက္လ်ွင္ ဆူညံေသာ ေအာ္သံက်ယ္ႀကီးက ကြင္းလံုးျပည့္လ်ံ ၾကလာသည္။
" မိုက္ !!!!"
ေအာ္သံေတြသည္ အားေပးမူ႔ သေကၤတ လူထု၏ စိတ္ဝင္စားမူ႔ ကို လႈိက္လွိုက္လွဲလွဲ ေဖာ္က်ဴ းေနသည္။
ထိုသူနာမည္ မိုက္ ျဖစ္သည္။
အက်ၤ ီ ဗလာခြၽတ္ေပၚတြင္ ေခါင္းေစာင္းပါ
လက္ရွည္ အနက္ တစ္ထည္ကိုဝတ္ဆင္ၿပီး တည္ၿငိမ္စြာ ထြက္လာေသာမိုက္။
လက္ကိုျဖင့္ အျဖဴ ေရာင္ ပိတ္သားႀကိဳးရွည္စည္းေနွာင္ထားၿပီး
တည္တင္းေနေသာ နႈတ္ခမ္းမ်ားက မည္သူ တစ္ဦးတစ္ေယာက္ကို စိတ္ဝင္စားဟန္မျပပဲ ေအးေအးေဆးေဆးရွိလွသည္မို႔ နာမည္ေက်ာ္ ေၾကးစားပီသ လွေခ်သည္။
ေျမေအာက္ ေၾကးစားေလာကတြင္မသိသူမရွိတဲ့ ေပါက္ေၾကးအျမင့္ဆံုးမိုက္ သည္
နွစ္အေတာ္ၾကာမွ ထပ္မံထိုးသတ္ဖို႔ လက္ခံလိုက္တဲ့ပြဲမို႔ ပရိတ္သတ္အမ်ားအျပားစိတ္ဝင္တစားေရာက္လာၾကသည္။
" မိုက္! မိုက္ "
ေအာ္သံေတြသည္ စီခနဲ။
မိုက္သည္ ႀကိဳးဝိုင္းေဘး စစ္ေဆးသူေရွ႕ လက္ရွည္ ခြၽတ္ေပးၿပီး ေဘာင္းဘီတို တစ္ထည္ထဲျဖင့္ မတ္တပ္ရပ္ကာ လက္ကို ေဘးနွစ္ဖက္ဆန္႔တန္းေပးလိုက္သည္။
ေလ့က်င့္ခန္း ေကာင္းစြာလုပ္ထားတဲ့ လက္ေမာင္းအိုးေပၚမွာ ဟိန္းေဟာက္ေနဟန္ရွိေသာ အစိမ္းေရာင္မ်က္လံုးျဖင့္ က်ားတစ္ေကာင္၏ မ်က္နွာသြင္ျပင္ကို အသက္ဝင္စြာေရးထိုးထား၏။
ေမွာင္ခို ေျမေအာက္ေလာကဆိုေသာ္ျငား
ကလိန္ကက်စ္လုပ္လို႔မရေပ။
ေသခ်ာ စစ္ေဆး ရသည္။
စစ္ေဆးၿပီးသည္နွင့္ မိုက္သည္
စင္ေပၚကို ကိုနိုင္းဆြဲေပးထားတဲ့ ႀကိဳးဝိုင္းမွတင့္ သတ္ကြင္းထဲကို ဝင္လိုက္သည္။
" မိုက္ .. ဖီးလစ္ကိုေလ်ာ့မတြက္နဲ႔ ၊ ေျခေထာက္ကို ေရွာင္ ၊ သူရဲ႕ ေျခကန္ခ်က္က နာမည္ႀကီးတယ္ "
ကိုနိုင္းအေျပာကို မိုက္မတုန္႔ျပန္ပါ။
ထို႔အစား ႀကိဳးဝိုင္းက ကန္႔ထားတဲ့ႀကိဳးကို မ ၍ ဝင္လာေသာ အရပ္ရွည္ရွည္
သူလို အေရွ႕တိုင္းရုပ္ေပါက္တဲ့ ဖီးလစ္ကို ေစ့စပ္စြာၾကည့္ေနသည္။
ဖီးလစ္ကလည္း နာမည္မေသးတဲ့
သတ္ကြင္းသမားပင္။
မိုက္ထက္ ပိုထြားပိုေတာင့္သည္မို႔ အစကတည္းက ေလ်ာ့မတြက္ထားခဲ့။
ဒီပြဲနိုင္ရင္ သူျပန္နားဦးမည္။
ရမဲ့ ေၾကးက သူထပ္မထိုးရင္ေတာင္ ေအးေဆး ေနလို႔ရနိုင္တဲ့ပမာန ။
မနိုင္လို႔ ရႈံး သြားရင္ေရာ ...
မိုက္ၿပံဳးလိုက္သည္။
စတင္ထိုးသတ္လို႔ရၿပီျဖစ္ေၾကာင္း ေခါင္းေလာင္းသံထြက္လာ၏။
ဒိုင္က နွစ္ေယာက္ၾကားမွာ အမွတ္စဥ္ ေရ၍ လက္ျပသည္။
ပြဲစၿပီ။
ေအာ္သံေတြ ဆူညံေနၿပီ။
ေဝ့ခနဲ လက္သီခ်က္ကို ေရွာင္လိုက္စဥ္
နံျခားဆီမွ အရိပ္သဖြယ္ ေျခကန္ခ်က္က အင့္ခနဲေအာင့္မ်က္သြား၏
ပြဲဦးထြက္မွာ တင္ မိုက္ ခံလိုက္ရတာျဖစ္သည္။
ဖီးလစ္ ခ်က္ခ်င္း ေဘးမွ ခြာသြား၏။
သူလည္းမိုက္ကိုေလ်ာ့တြက္မထား။
တစ္ခ်က္ေကာင္း ထိၿပီးတာနွင့္ ဖီးလစ္
အေဝးကို ေရွာင္ထြက္တာဟာ မိုက္၏
တန္ျပန္အေနအထားကို မထိရန္ပင္။
" ေဟး "
မိုက္မ်က္နွာက နာေနရက္နဲ႔ မထီမဲ့ျမင္ဆန္သည္။ လက္ညိဳးနဲ႔ လက္ခလည္ ပူး၍
ဖီးလစ္ကို လာဖို႔ေခၚ၏ ။
စိန္ေခၚမူ ႔ေၾကာင့္ ဖီးလစ္ ေဒါသထြက္ကာ ေသြးဆူသြားသည္။ ပထမဆံုးဖီးလစ္ဖက္က မိုက္ အရႈိက္ကို ထိေအာင္ လုပ္ထားနိုင္တာမို႔ ဖီးလစ္ ဘဝင္ျမင့္ေန၏။
ရဲတက္သြားတဲ့ မ်က္နွာနဲ႔အတူ ဖီးလစ္ထံမွ
ခပ္က်ယ္က်ယ္ဆဲသံက ထြက္လာၿပီး
မိုက္ကို ေျပးဝင္ထိုး၏။
ေမးဖ်ား၌ ပူထူသြားေပမဲ့ ေၾကးစားပီပီ
မိုက္၏ လက္သီးခ်က္ကလည္းတန္ျပန္ ဖီးလစ္ဆီ ေရာက္သြားခဲ့၏ ။
ဖီးလစ္လည္ထြက္သြားေသာ္ျငား ခ်က္ျခင္း
မိုက္ ရင္ညႊန္႔ကို ဒူးျဖင့္တိုက္လာသည္။
ဒူးကန္ခ်က္ကို လက္ျဖင့္ကာ၍ မိုက္ ခါးကိုညႊတ္ၿပီးေရွာင္နိုင္ေပမဲ့ ေနာက္တစ္ခ်က္ နံျခားကို ေရာက္လာတဲ့ ဘယ္ဒူးကိုေတာ့ မေရွာင္လိုက္နိုင္ခဲ့။
အင့္ခနဲ ျဖစ္သြားၿပီး ေသြးစေတြက နႈတ္ခမ္းမွာစီးက်လာ၏
ဖီးလစ္ ဒူးက တကယ္နာမည္ႀကီးထိုက္ပါေပတယ္။ ဘယ္ေရာ ၊ ညာေရာ ဖီးလစ္က ပိုင္သည္။ ခ်က္ေကာင္း ကိုသာ ထိတာမို႔ မိုက္လည္းလြယ္မေနေပ။
ကိုနိုင္းသည္ မိုက္၏ အေျခေနကို အားမရစြာ ကြင္းေဘးမွာ ပတ္ေနရသည္။
ထိုစဥ္ ပြဲသိမ္းကန္ခ်က္က မိုက္လည္ပင္းဆီသို႔ ရိပ္ခနဲ ။
" မိုက္ ! သတိထား "
ကိုနိုင္းေအာ္သံ မဆံုးခင္ မိုက္သည္
ကိုယ္ကို တပတ္လွည့္ကာ ဘယ္ကန္ခ်က္ ျဖင့္ ဖီးလစ္ လည္ပင္းကို ဖီးလစ္နည္းတူ
အရင္ကန္လိုက္သည္။
ဘယ္၊ ညာသံုးနိုင္တဲ့ ကစားသမားရွားသည္။ ထိုရွားပါးတဲ့ ကမားသမားထဲမွာ မိုက္လည္းပါတယ္ဆိုတာ ဖီးလစ္မသိေခ်။
ညာေျခသံုးရင္ေတာင္ ဖီးလစ္ေရွာင္နိုင္လိမ့္မည္။ မထင္မွတ္စြာ ဘယ္ေျခ ေၾကာင့္ ဖီးလစ္ ၾကမ္းေပၚ ပံုခနဲ လွဲက်သြားသည္။
" မိုက္ ! မိုက္ "
ေအာ္သံေတြသည္ ကြင္းလံုးညံသြားေလၿပီ။
ဖီးလစ္သည္ မိုက္ကို ဆက္မထိုးေတာ့ပဲ အရႈံးေပးသြား၏။
အေၾကာင္းမွာ မိုက္သည္ တမင္ ေသကြင္းေသကြက္ကို ေရွာင္၍ အားေပ်ာ့စြာ ကန္လိုက္ျခင္းေၾကာင့္ျဖစ္သည္။ ေၾကးစားသတ္ကြင္းေတြမွာ လူေသသြားရင္ေတာင္ ေသသည္အထိ ျပသနာမရွိထိုးသတ္၍ ရနိုင္သည္မို႔ မိုက္ တမင္အေလ်ာ့ေပးသြားတာကို ဖီးလစ္ သိသြားေလသည္။
မိနစ္ပိုင္းအတြင္း မိုက္ပီသစြာ ထပ္မံ ရႈံးပြဲမရွိ စံခ်ိန္ခ်ိဳးထားနိုင္ဆဲ။
မိုက္သည္ ေျဖးေလးစြာ ႀကိဳးဝိုင္းတြင္းမွ ဆင္းသည္။ အနိုင္ရေပမဲ့ သူကိုယ္တိုင္လည္း
ဒဏ္ရာ ရထားသည္မို႔ ေဆးရုံ သြားရဦးမည္။
" မိုက္ အေျခေနေကာင္းလား "
ကိုနိုင္းသူ႔ေဘးေရာက္လာ၏။
မိုက္ အသာေခါင္းရမ္းျပၿပီးလ်ွင္ ခပ္တိုးတိုးေျပာလိုက္သည္။
" နံရုိးနည္းနည္းအက္သြားတယ္ထင္တယ္။ အျပန္ ေဆးရုံသြား ရမယ္ "
ထို႔ေနာက္ ပရိတ္သတ္ကို လွမ္းၾကည့္ကာ ခပ္ျမန္ျမန္ အတြင္းသြားတဲ့ေလ်ွာက္လမ္းမွတဆင့္အထဲဝင္သြားသည္။
ထိုေနရာသည္ အေဆာက္အဦး တစ္ခု အတြင္းမွာ စီစဥ္ထားတဲ့ ေနရာတစ္ခုျဖစ္ၿပီး ပြဲစဥ္အတြင္း လာၾကည့္သူမ်ားမွာ
အဆက္အသြယ္ေကာင္းေကာင္းရွိမွသာ ရမည္။ ေျမေအာက္ ေလာက ဟု ေခၚတြင္ ေစရာ လူတိုင္းနဲ႔ ပတ္သတ္ဆက္ႏြယ္မူ ႔မရွိပဲ တသီးတသန္႔ျဖစ္ေနလို႔ပင္။
လာသမ်ွ လူအနည္းစုသည္ လူမ်ိဳးျခားမ်ားလည္းပါသလို အမ်ားစုမွာ သူေဌးမ်ားျဖစ္ၾကသည္။
" ဦးမင္းစံက ေတြ႕ခ်င္ေနတယ္ မိုက္။ "
"မေတြ႕ခ်င္ဘူး။ ေလာင္းေၾကးထုတ္ခဲ့ ။
ကြၽန္ေတာ္နားခ်င္ေနၿပီ "
မိုက္အက်ၤ ီလဲရင္း ကိုနိုင္းကို ျငင္းလိုက္သည္။
ဒီေလာကမွာလည္း သူ႔အား သေဘာက် ၾကတဲ့ ပရိတ္သတ္ရွိသည္။
အနည္းနဲ႔ အမ်ား ဆုခ်ရင္း ညစာ စားၾကဖို႔ျဖစ္သည္။
ေငြးေၾကးပမာန ေတာ္ေတာ္မ်ားမ်ား ရဖူးေပမဲ့ မိုက္က အျပင္လိုက္မေတြ႕တက္ေပ။
" ok ေလ အဆင္ေျပသလိုၾကည့္ေျပာလိုက္မယ္။ ဒီေန႔ ဦးမင္းစံ မင္းအတြက္ သိန္း၃၀၀ ဆုခ်သြားတယ္ ။ အဲ့လူက အျပင္မွာ စီးပြားေရးလုပ္ငန္းရွင္အႀကီးစား။ ေတာ္ေတာ္ေလး ခ်မ္းသာတယ္လို႔ ၾကားဖူးတာပဲ။ ထားပါ မင္းမေတြ႕ခ်င္ရင္လဲ။
ငါအျပင္မွာ ဂ်င္းမီ နဲ႔သြားေတြ႕ဦးမယ္ ။
မင္းအတြက္ တျခားဆုေတြလည္းရွိဦးမယ္ ထင္တယ္။ "
" ဆုရတဲ့ ပိုက္ဆံေတြထဲက ၅၀၀ကို
ဖီးလစ္ကို ေပးလိုက္ "
ကိုနိုင္း မ်က္နွာ တည္သြား၏ ။
သို႔ေသာ္ ဆက္မေျပာပဲ ေခါင္းညိမ့္လ်က္ ထြက္သြား၏။ သူတစ္ေယာက္ထဲ က်န္ခဲ့တာေသခ်ာမွာ ေဘာင္းဘီ ရွည္ လဲ ဝတ္လိုက္လ်ွင္ ဘယ္ဖက္နံျခားက ေအာင့္ခနဲ ျဖစ္သြားသည္။
အသက္နဲ႔ရင္းရတဲ့ ပြဲမို႔ မေသတာကံေကာင္းပင္။
ေရႊဘံု ဆိုင္အျပင္ကေန မသိမသာ
ဟိုဖက္ ဆိုင္ကိုလွမ္းအကဲခတ္လိုက္၏။
မေတြ႕တာ ဘယ္နွစ္ရက္ရွိၿပီလဲ။
ခါတိုင္း ေကာင္တာေရွ႕ဧည္သည္ထိုင္တဲ့ စားပြဲဝိုင္းမွာ customer နဲ႔ စိတ္ရွည္လက္ရွည္ စကားထိုင္ေျပာေပးတက္ေသာ ထိုသူသည္ ဒီရက္ပိုင္းအတြင္း ေပ်ာက္ခ်င္းမလွေပ်ာက္ေန၏။
"ဟိတ္"
ပုခံုး တစ္ဖက္ကို အသာပုတ္ခံလိုက္ရေပမဲ့ ခိုးေခ်ာင္ခိုးဝွက္လုပ္ေနသူမို႔ လန္႔ဖ်န္႔သြားတာ ရင္ဘတ္ကို လက္ျဖင့္ဖိထားရသည္အထိ။
ဒီရေမာင္ သည္ ကိုထင္အားလာေခ်ာင္းေနတဲ့ အနွီးအေကာင္ေပါက္ေလးအား
မ်က္လံုးေတြ ေမွးစင္းၾကည့္၍
" ကိုထင္ ကိုလာရွာတာလား။ သူမရွိဘူး ၊ ခရီးသြားတယ္ "
"ဟုတ္လား.. ဟို..မေတြ႕တာ ၾကာလို႔
လာၾကည့္တာပါ။ ေနမ်ားမေကာင္းလို႔လားလို႔ "
"မင္းသတိရရင္ ဖုန္းဆက္လိုက္ေပါ့ကြ။
သူက ဒီလကုန္ထိ ျပန္လာအံုးမွာမဟုတ္ဘူး "
" ဖုန္းေတာ့ မဆက္ေတာ့ပါဘူး။ ခရီးသြားေနတာဆိုေတာ့ စိတ္အေနွာက္အယွက္ ျဖစ္မွာစိုးလို႔ ၊ ေက်းဇူးပါပဲေနာ္.."
ေရႊဘံု ေလးတိေလးကန္ျဖင့္ ေျခလွမ္းေတြကို အနိုင္နိုင္သယ္၍ ဆိုင္တံခါးကိုတြန္းဖြင့္လိုက္သည္။
မျမင္တာၾကာလို႔လားမသိ
တစ္မ်ိဳးႀကီးျဖစ္၍ ရင္ထဲ ေအာင့္မ်က္မ်က္ႀကီးျဖစ္ေနသည္။
ခ်လြင္ ခ်လြင္ ျမည္သြား တဲ့ ေခါင္းေပၚက ဆည္းလည္းေလးကို ေမာ့ၾကည့္ရင္း ေရႊဘံု သက္ျပင္းခ်လိုက္ျပန္သည္။
ဆိုင္မွာ မည္သူမွရွိမေနေပ။
အထီးက်န္မူ႔က အတိုင္းဆမရွိ တက္လို႔လာသည္။
ခုတေလာ စိတ္မပါသည္ေၾကာင့္
အျပင္အလုပ္မ်ားကို ၾကည္ႏူးတို႔ နွစ္ေယာက္ကိုသာလႊဲ၍ သူကေတာ့ ဆိုင္မွာ
က်န္ေနျဖစ္ခဲ့၏
_________
မီးေရာင္စံု နွင့္ ဒီေဂ်သံ တအုန္းအုန္းၾကားတြင္ လူငယ္လူ႐ြယ္မ်ား ယိမ္းထိုး ကခုန္ေနၾကသည္။ ဘုန္းခန္႔ထည္သည္ လူရွင္းတဲ့စားပြဲဝိုင္းမွာ သူငယ္ခ်င္းေတြနဲ႔ အတူထိုင္ေနၿပီး သူကေတာ့ အေဝး တေနရာကို အေၾကာင္းရာမရွိေငးေမာေနသည္။
စိတ္ညစ္စရာေတြက ဒီရက္ပိုင္း တၿပံဳတမ ႀကီးေရာက္လာသလိုပဲ။
သြန္းစစ္ေဇာ္ဆိုတဲ့ မိန္းကေလးကို သူ
Clubမွာပဲ ေတြ႕ခဲ့တာ ။
ေခတ္မွီတယ္။ လွတာထက္ပိုတယ္။
သူရင္ခုန္မိခဲ့တယ္ဆိုတာ ဝန္ခံပါတယ္။
ေရႊဘံု ရွိရက္နဲ႔ ေဖာက္ျပန္ခဲ့မိတဲ့ အျပစ္က
ဒီေလာက္ဆိုးမွန္း သူေနာက္မွေနာင္တရခဲ့ရသည္။
ကိုယ္ဝန္ ၂လ တဲ့ ။
တာဝန္မယူခ်င္ရင္ ေလ်ာ္ေၾကးသိန္း၂၀၀ေပးဖို႔ ေျပာထားသည္။
ဒီကိစၥေၾကာင့္ ဘုန္းခန္႔ထည္ အေတာ္ေလးစိတ္ညစ္ေနတာျဖစ္၏။
သိန္း၂၀၀ ဆိုတဲ့ေငြအားက သူလို ဓာတ္ပံုဆရာ တစ္ေယာက္အတြက္ မုန္႔ဖိုး၊ပဲဖိုးမွမဟုတ္ပဲ ေရာ႕အင့္ဆို ၿပီး ေပးလိုက္ဖို႔ မျဖစ္နိုင္ေပ။
" ခန္႔ထည္ မင္းေကာင္ေလးကို ေခၚေတာ့မလာဘူး "
ခပ္ဝဝ တစ္ေယာက္က ဆိုသည္။ ခန္႔ထည္ျပန္မေျဖပဲ စိတ္ဓာတ္က်စြာ ဝိုင္ခြက္ကို ငံု႔ယူလိုက္သည္။
ေလးေယာက္ထိုင္ေနၾကတဲ့ စားပြဲဝိုင္းမွာ
ခန္႔ထည္တစ္ေယာက္သာ ၿငိမ္သက္ေနၿပီး က်န္သံုးေယာက္ကမူ ယမကာအစြမ္းေၾကာင့္ သြက္လက္ျမဴ းထူးေန၏။
" မေမးနဲ႔ ဒီေကာင္ ကြဲေနတာ မျမင္ဘူးလား "
ခန္႔ထည္ေဘးမွာထိုင္ေနတဲ့ အေၾကာင္းသိ သူငယ္ခ်င္းတစ္ေယာက္က ဝင္ေရာက္ ေျဖဆိုေပးလ်ွင္ ေနာက္တစ္ေယာက္က ထပ္မံဝင္ေရာက္ေျပာဆိုေလသည္။
"တကယ္လား ဘုန္းခန္႔ထည္ ။ လက္ထဲေရာက္ၿပီးသား ေရႊတံုးကို မင္းမို႔ လႊင့္ပစ္တယ္ ။ "
" မင္းက ခန္႔ထည္ေကာင္ေလးကိုသိလို႔လား "
" ငါလည္း အရင္က မသိပါဘူး။
လြန္ခဲ့တဲ့ အပတ္က ငါ့အေမ နဲ႔
ေဒၚဟန္နီဦး ရဲ႕ S Fashion ကုမၸဏီကို လိုက္သြားရင္း မိသားစုဓာတ္ပံုကို နံရံမွာေရႊေဘာင္ကြပ္ၿပီး ခ်ိတ္ထားတာကိုေတြ႕တာ ။ ေတြ႕လိုက္ကတည္းက မင္းေကာင္ေလးမွန္းတန္းသိတာပဲ။ စကားမဆက္္လို႔ မေျပာျဖစ္တာ မင္းမသိဘူးလား "
ခန္႔ထည္ ေခါင္းေထာင္သြား၏။
S လုပ္ငန္း သည္ ဒီနိုင္ငံမွာ မသိသူမရွိ
နာမည္ႀကီးသည္။
ထိုလုပ္ငန္းနဲ႔အတူ သူေဌး ဦးမင္းစံသည္လည္း နာမည္ႀကီး ဘဏ္လုပ္ငန္းျဖင့္ စပ္လ်ဥ္း၍ မသိသူမရွိေက်ာ္ၾကား၏။
" Sလုပ္ငန္းမွာ ဆက္ခံသူ တစ္ေယာက္ပဲရွိတယ္။ သူ႔သားကို
လူျမင္မခံေပမဲ့ နီးစပ္သူေတြေတာ္ေတာ္မ်ားမ်ား သိၾကတယ္ ၊ ျပတ္သြားတယ္ဆိုရင္ေတာ့ နွေျမာစရာပဲ ခန္႔ထည္ "
ဘုန္းခန္႔ထည္ တစ္ကိုယ္လံုး ေရခဲေရနွင့္ ေလာင္းခ်ခံလိုက္ရသလို ေအးစက္တုန္ရီသြား၏။
ေရႊဘံုကို အေနေအးၿပီး ခ်စ္စရာေကာင္းတဲ့ ေကာင္ေလးအျဖစ္သာ သိခဲ့ရသည္။
အေနစုတ္ ေပမဲ့ ေရႊထုပ္တဲ့ျမပုဝါ ဆိုတာ ေရႊဘံုမင္းစံကို ေခၚသလား။
သူေျပာရာ ၿပီးခဲ့တဲ့ေကာင္ေလး ၊
ေအးသက္တဲ့ပံုစံေလးေၾကာင့္ အလိုမလိုက္ခဲ့ဖူးေပမဲ့ ရင္ထဲ ၿငိမ္းခ်မ္းလြန္းလို႔ ေဘးနားထိုင္ၾကည့္ခ်င္ခဲ့တဲ့ ေႂကြရုပ္ေလး။
သူအမွားေတြ အမ်ားႀကီး ရွိခဲ့ဘူးတယ္။
ဒါေပမဲ့ ေရႊဘံု ေက်နပ္ေအာင္ေတာင္းပန္ၿပီး အနားမွာ ျပန္ေခၚခ်င္သည္။
ထပ္ခါတလဲလဲ ေတာင္းပန္ဖူးခဲ့ေသာ္ျငား
လက္မခံတဲ့ေကာင္ေလးကို သံေယာဇဥ္ တစ္စြန္းတစကို ဖမ္းဆုပ္ၿပီး သူအနားျပန္ေခၚရင္ေရာ...
ေရႊဘံု ကိုယ္မင္းကို တကယ္ခ်စ္တာပါ
ခ်စ္တဲ့အိမ္စည္။
ကွင်းအပြည့် မှောင်မိုက်သွားပြီး ဆလိုက်မီးအဖြူ ရောင် အလင်းတန်းကြီးက လူတစ်ယောက်အပေါ်မှာ တည့်တည့်ထိုးစိုက်လျှင် ဆူညံသော အော်သံကျယ်ကြီးက ကွင်းလုံးပြည့်လျံ ကြလာသည်။
" မိုက် !!!!"
အော်သံတွေသည် အားပေးမူ့ သင်္ကေတ လူထု၏ စိတ်ဝင်စားမူ့ ကို လှိုက်လှိုက်လှဲလှဲ ဖော်ကျူးနေသည်။
ထိုသူနာမည် မိုက် ဖြစ်သည်။
အင်္ကျီ ဗလာချွတ်ပေါ်တွင် ခေါင်းစောင်းပါ
လက်ရှည် အနက် တစ်ထည်ကိုဝတ်ဆင်ပြီး တည်ငြိမ်စွာ ထွက်လာသောမိုက်။
လက်ကိုဖြင့် အဖြူ ရောင် ပိတ်သားကြိုးရှည်စည်းနှောင်ထားပြီး
တည်တင်းနေသော နှုတ်ခမ်းများက မည်သူ တစ်ဦးတစ်ယောက်ကို စိတ်ဝင်စားဟန်မပြပဲ အေးအေးဆေးဆေးရှိလှသည်မို့ နာမည်ကျော် ကြေးစားပီသ လှချေသည်။
မြေအောက် ကြေးစားလောကတွင်မသိသူမရှိတဲ့ ပေါက်ကြေးအမြင့်ဆုံးမိုက် သည်
နှစ်အတော်ကြာမှ ထပ်မံထိုးသတ်ဖို့ လက်ခံလိုက်တဲ့ပွဲမို့ ပရိတ်သတ်အများအပြားစိတ်ဝင်တစားရောက်လာကြသည်။
" မိုက်! မိုက် "
အော်သံတွေသည် စီခနဲ။
မိုက်သည် ကြိုးဝိုင်းဘေး စစ်ဆေးသူရှေ့ လက်ရှည် ချွတ်ပေးပြီး ဘောင်းဘီတို တစ်ထည်ထဲဖြင့် မတ်တပ်ရပ်ကာ လက်ကို ဘေးနှစ်ဖက်ဆန့်တန်းပေးလိုက်သည်။
လေ့ကျင့်ခန်း ကောင်းစွာလုပ်ထားတဲ့ လက်မောင်းအိုးပေါ်မှာ ဟိန်းဟောက်နေဟန်ရှိသော အစိမ်းရောင်မျက်လုံးဖြင့် ကျားတစ်ကောင်၏ မျက်နှာသွင်ပြင်ကို အသက်ဝင်စွာရေးထိုးထား၏။
မှောင်ခို မြေအောက်လောကဆိုသော်ငြား
ကလိန်ကကျစ်လုပ်လို့မရပေ။
သေချာ စစ်ဆေး ရသည်။
စစ်ဆေးပြီးသည်နှင့် မိုက်သည်
စင်ပေါ်ကို ကိုနိုင်းဆွဲပေးထားတဲ့ ကြိုးဝိုင်းမှတင့် သတ်ကွင်းထဲကို ဝင်လိုက်သည်။
" မိုက် .. ဖီးလစ်ကိုလျော့မတွက်နဲ့ ၊ ခြေထောက်ကို ရှောင် ၊ သူရဲ့ ခြေကန်ချက်က နာမည်ကြီးတယ် "
ကိုနိုင်းအပြောကို မိုက်မတုန့်ပြန်ပါ။
ထို့အစား ကြိုးဝိုင်းက ကန့်ထားတဲ့ကြိုးကို မ ၍ ဝင်လာသော အရပ်ရှည်ရှည်
သူလို အရှေ့တိုင်းရုပ်ပေါက်တဲ့ ဖီးလစ်ကို စေ့စပ်စွာကြည့်နေသည်။
ဖီးလစ်ကလည်း နာမည်မသေးတဲ့
သတ်ကွင်းသမားပင်။
မိုက်ထက် ပိုထွားပိုတောင့်သည်မို့ အစကတည်းက လျော့မတွက်ထားခဲ့။
ဒီပွဲနိုင်ရင် သူပြန်နားဦးမည်။
ရမဲ့ ကြေးက သူထပ်မထိုးရင်တောင် အေးဆေး နေလို့ရနိုင်တဲ့ပမာန ။
မနိုင်လို့ ရှုံး သွားရင်ရော ...
မိုက်ပြုံးလိုက်သည်။
စတင်ထိုးသတ်လို့ရပြီဖြစ်ကြောင်း ခေါင်းလောင်းသံထွက်လာ၏။
ဒိုင်က နှစ်ယောက်ကြားမှာ အမှတ်စဉ် ရေ၍ လက်ပြသည်။
ပွဲစပြီ။
အော်သံတွေ ဆူညံနေပြီ။
ဝေ့ခနဲ လက်သီချက်ကို ရှောင်လိုက်စဉ်
နံခြားဆီမှ အရိပ်သဖွယ် ခြေကန်ချက်က အင့်ခနဲအောင့်မျက်သွား၏
ပွဲဦးထွက်မှာ တင် မိုက် ခံလိုက်ရတာဖြစ်သည်။
ဖီးလစ် ချက်ချင်း ဘေးမှ ခွာသွား၏။
သူလည်းမိုက်ကိုလျော့တွက်မထား။
တစ်ချက်ကောင်း ထိပြီးတာနှင့် ဖီးလစ်
အဝေးကို ရှောင်ထွက်တာဟာ မိုက်၏
တန်ပြန်အနေအထားကို မထိရန်ပင်။
" ဟေး "
မိုက်မျက်နှာက နာနေရက်နဲ့ မထီမဲ့မြင်ဆန်သည်။ လက်ညိုးနဲ့ လက်ခလည် ပူး၍
ဖီးလစ်ကို လာဖို့ခေါ်၏ ။
စိန်ခေါ်မူ့ ကြောင့် ဖီးလစ် ဒေါသထွက်ကာ သွေးဆူသွားသည်။ ပထမဆုံးဖီးလစ်ဖက်က မိုက် အရှိုက်ကို ထိအောင် လုပ်ထားနိုင်တာမို့ ဖီးလစ် ဘဝင်မြင့်နေ၏။
ရဲတက်သွားတဲ့ မျက်နှာနဲ့အတူ ဖီးလစ်ထံမှ
ခပ်ကျယ်ကျယ်ဆဲသံက ထွက်လာပြီး
မိုက်ကို ပြေးဝင်ထိုး၏။
မေးဖျား၌ ပူထူသွားပေမဲ့ ကြေးစားပီပီ
မိုက်၏ လက်သီးချက်ကလည်းတန်ပြန် ဖီးလစ်ဆီ ရောက်သွားခဲ့၏ ။
ဖီးလစ်လည်ထွက်သွားသော်ငြား ချက်ခြင်း
မိုက် ရင်ညွှန့်ကို ဒူးဖြင့်တိုက်လာသည်။
ဒူးကန်ချက်ကို လက်ဖြင့်ကာ၍ မိုက် ခါးကိုညွှတ်ပြီးရှောင်နိုင်ပေမဲ့ နောက်တစ်ချက် နံခြားကို ရောက်လာတဲ့ ဘယ်ဒူးကိုတော့ မရှောင်လိုက်နိုင်ခဲ့။
အင့်ခနဲ ဖြစ်သွားပြီး သွေးစတွေက နှုတ်ခမ်းမှာစီးကျလာ၏
ဖီးလစ် ဒူးက တကယ်နာမည်ကြီးထိုက်ပါပေတယ်။ ဘယ်ရော ၊ ညာရော ဖီးလစ်က ပိုင်သည်။ ချက်ကောင်း ကိုသာ ထိတာမို့ မိုက်လည်းလွယ်မနေပေ။
ကိုနိုင်းသည် မိုက်၏ အခြေနေကို အားမရစွာ ကွင်းဘေးမှာ ပတ်နေရသည်။
ထိုစဉ် ပွဲသိမ်းကန်ချက်က မိုက်လည်ပင်းဆီသို့ ရိပ်ခနဲ ။
" မိုက် ! သတိထား "
ကိုနိုင်းအော်သံ မဆုံးခင် မိုက်သည်
ကိုယ်ကို တပတ်လှည့်ကာ ဘယ်ကန်ချက် ဖြင့် ဖီးလစ် လည်ပင်းကို ဖီးလစ်နည်းတူ
အရင်ကန်လိုက်သည်။
ဘယ်၊ ညာသုံးနိုင်တဲ့ ကစားသမားရှားသည်။ ထိုရှားပါးတဲ့ ကမားသမားထဲမှာ မိုက်လည်းပါတယ်ဆိုတာ ဖီးလစ်မသိချေ။
ညာခြေသုံးရင်တောင် ဖီးလစ်ရှောင်နိုင်လိမ့်မည်။ မထင်မှတ်စွာ ဘယ်ခြေ ကြောင့် ဖီးလစ် ကြမ်းပေါ် ပုံခနဲ လှဲကျသွားသည်။
" မိုက် ! မိုက် "
အော်သံတွေသည် ကွင်းလုံးညံသွားလေပြီ။
ဖီးလစ်သည် မိုက်ကို ဆက်မထိုးတော့ပဲ အရှုံးပေးသွား၏။
အကြောင်းမှာ မိုက်သည် တမင် သေကွင်းသေကွက်ကို ရှောင်၍ အားပျော့စွာ ကန်လိုက်ခြင်းကြောင့်ဖြစ်သည်။ ကြေးစားသတ်ကွင်းတွေမှာ လူသေသွားရင်တောင် သေသည်အထိ ပြသနာမရှိထိုးသတ်၍ ရနိုင်သည်မို့ မိုက် တမင်အလျော့ပေးသွားတာကို ဖီးလစ် သိသွားလေသည်။
မိနစ်ပိုင်းအတွင်း မိုက်ပီသစွာ ထပ်မံ ရှုံးပွဲမရှိ စံချိန်ချိုးထားနိုင်ဆဲ။
မိုက်သည် ဖြေးလေးစွာ ကြိုးဝိုင်းတွင်းမှ ဆင်းသည်။ အနိုင်ရပေမဲ့ သူကိုယ်တိုင်လည်း
ဒဏ်ရာ ရထားသည်မို့ ဆေးရုံ သွားရဦးမည်။
" မိုက် အခြေနေကောင်းလား "
ကိုနိုင်းသူ့ဘေးရောက်လာ၏။
မိုက် အသာခေါင်းရမ်းပြပြီးလျှင် ခပ်တိုးတိုးပြောလိုက်သည်။
" နံရိုးနည်းနည်းအက်သွားတယ်ထင်တယ်။ အပြန် ဆေးရုံသွား ရမယ် "
ထို့နောက် ပရိတ်သတ်ကို လှမ်းကြည့်ကာ ခပ်မြန်မြန် အတွင်းသွားတဲ့လျှောက်လမ်းမှတဆင့်အထဲဝင်သွားသည်။
ထိုနေရာသည် အဆောက်အဦး တစ်ခု အတွင်းမှာ စီစဉ်ထားတဲ့ နေရာတစ်ခုဖြစ်ပြီး ပွဲစဉ်အတွင်း လာကြည့်သူများမှာ
အဆက်အသွယ်ကောင်းကောင်းရှိမှသာ ရမည်။ မြေအောက် လောက ဟု ခေါ်တွင် စေရာ လူတိုင်းနဲ့ ပတ်သတ်ဆက်နွယ်မူ့ မရှိပဲ တသီးတသန့်ဖြစ်နေလို့ပင်။
လာသမျှ လူအနည်းစုသည် လူမျိုးခြားများလည်းပါသလို အများစုမှာ သူဌေးများဖြစ်ကြသည်။
" ဦးမင်းစံက တွေ့ချင်နေတယ် မိုက်။ "
"မတွေ့ချင်ဘူး။ လောင်းကြေးထုတ်ခဲ့ ။
ကျွန်တော်နားချင်နေပြီ "
မိုက်အင်္ကျီလဲရင်း ကိုနိုင်းကို ငြင်းလိုက်သည်။
ဒီလောကမှာလည်း သူ့အား သဘောကျ ကြတဲ့ ပရိတ်သတ်ရှိသည်။
အနည်းနဲ့ အများ ဆုချရင်း ညစာ စားကြဖို့ဖြစ်သည်။
ငွေးကြေးပမာန တော်တော်များများ ရဖူးပေမဲ့ မိုက်က အပြင်လိုက်မတွေ့တက်ပေ။
" ok လေ အဆင်ပြေသလိုကြည့်ပြောလိုက်မယ်။ ဒီနေ့ ဦးမင်းစံ မင်းအတွက် သိန်း၃၀၀ ဆုချသွားတယ် ။ အဲ့လူက အပြင်မှာ စီးပွားရေးလုပ်ငန်းရှင်အကြီးစား။ တော်တော်လေး ချမ်းသာတယ်လို့ ကြားဖူးတာပဲ။ ထားပါ မင်းမတွေ့ချင်ရင်လဲ။
ငါအပြင်မှာ ဂျင်းမီ နဲ့သွားတွေ့ဦးမယ် ။
မင်းအတွက် တခြားဆုတွေလည်းရှိဦးမယ် ထင်တယ်။ "
" ဆုရတဲ့ ပိုက်ဆံတွေထဲက ၅၀၀ကို
ဖီးလစ်ကို ပေးလိုက် "
ကိုနိုင်း မျက်နှာ တည်သွား၏ ။
သို့သော် ဆက်မပြောပဲ ခေါင်းညိမ့်လျက် ထွက်သွား၏။ သူတစ်ယောက်ထဲ ကျန်ခဲ့တာသေချာမှာ ဘောင်းဘီ ရှည် လဲ ဝတ်လိုက်လျှင် ဘယ်ဖက်နံခြားက အောင့်ခနဲ ဖြစ်သွားသည်။
အသက်နဲ့ရင်းရတဲ့ ပွဲမို့ မသေတာကံကောင်းပင်။
ရွှေဘုံ ဆိုင်အပြင်ကနေ မသိမသာ
ဟိုဖက် ဆိုင်ကိုလှမ်းအကဲခတ်လိုက်၏။
မတွေ့တာ ဘယ်နှစ်ရက်ရှိပြီလဲ။
ခါတိုင်း ကောင်တာရှေ့ဧည်သည်ထိုင်တဲ့ စားပွဲဝိုင်းမှာ customer နဲ့ စိတ်ရှည်လက်ရှည် စကားထိုင်ပြောပေးတက်သော ထိုသူသည် ဒီရက်ပိုင်းအတွင်း ပျောက်ချင်းမလှပျောက်နေ၏။
"ဟိတ်"
ပုခုံး တစ်ဖက်ကို အသာပုတ်ခံလိုက်ရပေမဲ့ ခိုးချောင်ခိုးဝှက်လုပ်နေသူမို့ လန့်ဖျန့်သွားတာ ရင်ဘတ်ကို လက်ဖြင့်ဖိထားရသည်အထိ။
ဒီရမောင် သည် ကိုထင်အားလာချောင်းနေတဲ့ အနှီးအကောင်ပေါက်လေးအား
မျက်လုံးတွေ မှေးစင်းကြည့်၍
" ကိုထင် ကိုလာရှာတာလား။ သူမရှိဘူး ၊ ခရီးသွားတယ် "
"ဟုတ်လား.. ဟို..မတွေ့တာ ကြာလို့
လာကြည့်တာပါ။ နေများမကောင်းလို့လားလို့ "
"မင်းသတိရရင် ဖုန်းဆက်လိုက်ပေါ့ကွ။
သူက ဒီလကုန်ထိ ပြန်လာအုံးမှာမဟုတ်ဘူး "
" ဖုန်းတော့ မဆက်တော့ပါဘူး။ ခရီးသွားနေတာဆိုတော့ စိတ်အနှောက်အယှက် ဖြစ်မှာစိုးလို့ ၊ ကျေးဇူးပါပဲနော်.."
ရွှေဘုံ လေးတိလေးကန်ဖြင့် ခြေလှမ်းတွေကို အနိုင်နိုင်သယ်၍ ဆိုင်တံခါးကိုတွန်းဖွင့်လိုက်သည်။
မမြင်တာကြာလို့လားမသိ
တစ်မျိုးကြီးဖြစ်၍ ရင်ထဲ အောင့်မျက်မျက်ကြီးဖြစ်နေသည်။
ချလွင် ချလွင် မြည်သွား တဲ့ ခေါင်းပေါ်က ဆည်းလည်းလေးကို မော့ကြည့်ရင်း ရွှေဘုံ သက်ပြင်းချလိုက်ပြန်သည်။
ဆိုင်မှာ မည်သူမှရှိမနေပေ။
အထီးကျန်မူ့က အတိုင်းဆမရှိ တက်လို့လာသည်။
ခုတလော စိတ်မပါသည်ကြောင့်
အပြင်အလုပ်များကို ကြည်နူးတို့ နှစ်ယောက်ကိုသာလွှဲ၍ သူကတော့ ဆိုင်မှာ
ကျန်နေဖြစ်ခဲ့၏
_________
မီးရောင်စုံ နှင့် ဒီဂျေသံ တအုန်းအုန်းကြားတွင် လူငယ်လူရွယ်များ ယိမ်းထိုး ကခုန်နေကြသည်။ ဘုန်းခန့်ထည်သည် လူရှင်းတဲ့စားပွဲဝိုင်းမှာ သူငယ်ချင်းတွေနဲ့ အတူထိုင်နေပြီး သူကတော့ အဝေး တနေရာကို အကြောင်းရာမရှိငေးမောနေသည်။
စိတ်ညစ်စရာတွေက ဒီရက်ပိုင်း တပြုံတမ ကြီးရောက်လာသလိုပဲ။
သွန်းစစ်ဇော်ဆိုတဲ့ မိန်းကလေးကို သူ
Clubမှာပဲ တွေ့ခဲ့တာ ။
ခေတ်မှီတယ်။ လှတာထက်ပိုတယ်။
သူရင်ခုန်မိခဲ့တယ်ဆိုတာ ဝန်ခံပါတယ်။
ရွှေဘုံ ရှိရက်နဲ့ ဖောက်ပြန်ခဲ့မိတဲ့ အပြစ်က
ဒီလောက်ဆိုးမှန်း သူနောက်မှနောင်တရခဲ့ရသည်။
ကိုယ်ဝန် ၂လ တဲ့ ။
တာဝန်မယူချင်ရင် လျော်ကြေးသိန်း၂၀၀ပေးဖို့ ပြောထားသည်။
ဒီကိစ္စကြောင့် ဘုန်းခန့်ထည် အတော်လေးစိတ်ညစ်နေတာဖြစ်၏။
သိန်း၂၀၀ ဆိုတဲ့ငွေအားက သူလို ဓာတ်ပုံဆရာ တစ်ယောက်အတွက် မုန့်ဖိုး၊ပဲဖိုးမှမဟုတ်ပဲ ရော့အင့်ဆို ပြီး ပေးလိုက်ဖို့ မဖြစ်နိုင်ပေ။
" ခန့်ထည် မင်းကောင်လေးကို ခေါ်တော့မလာဘူး "
ခပ်ဝဝ တစ်ယောက်က ဆိုသည်။ ခန့်ထည်ပြန်မဖြေပဲ စိတ်ဓာတ်ကျစွာ ဝိုင်ခွက်ကို ငုံ့ယူလိုက်သည်။
လေးယောက်ထိုင်နေကြတဲ့ စားပွဲဝိုင်းမှာ
ခန့်ထည်တစ်ယောက်သာ ငြိမ်သက်နေပြီး ကျန်သုံးယောက်ကမူ ယမကာအစွမ်းကြောင့် သွက်လက်မြူးထူးနေ၏။
" မမေးနဲ့ ဒီကောင် ကွဲနေတာ မမြင်ဘူးလား "
ခန့်ထည်ဘေးမှာထိုင်နေတဲ့ အကြောင်းသိ သူငယ်ချင်းတစ်ယောက်က ဝင်ရောက် ဖြေဆိုပေးလျှင် နောက်တစ်ယောက်က ထပ်မံဝင်ရောက်ပြောဆိုလေသည်။
"တကယ်လား ဘုန်းခန့်ထည် ။ လက်ထဲရောက်ပြီးသား ရွှေတုံးကို မင်းမို့ လွှင့်ပစ်တယ် ။ "
" မင်းက ခန့်ထည်ကောင်လေးကိုသိလို့လား "
" ငါလည်း အရင်က မသိပါဘူး။
လွန်ခဲ့တဲ့ အပတ်က ငါ့အမေ နဲ့
ဒေါ်ဟန်နီဦး ရဲ့ S Fashion ကုမ္ပဏီကို လိုက်သွားရင်း မိသားစုဓာတ်ပုံကို နံရံမှာရွှေဘောင်ကွပ်ပြီး ချိတ်ထားတာကိုတွေ့တာ ။ တွေ့လိုက်ကတည်းက မင်းကောင်လေးမှန်းတန်းသိတာပဲ။ စကားမဆက်လို့ မပြောဖြစ်တာ မင်းမသိဘူးလား "
ခန့်ထည် ခေါင်းထောင်သွား၏။
S လုပ်ငန်း သည် ဒီနိုင်ငံမှာ မသိသူမရှိ
နာမည်ကြီးသည်။
ထိုလုပ်ငန်းနဲ့အတူ သူဌေး ဦးမင်းစံသည်လည်း နာမည်ကြီး ဘဏ်လုပ်ငန်းဖြင့် စပ်လျဉ်း၍ မသိသူမရှိကျော်ကြား၏။
" Sလုပ်ငန်းမှာ ဆက်ခံသူ တစ်ယောက်ပဲရှိတယ်။ သူ့သားကို
လူမြင်မခံပေမဲ့ နီးစပ်သူတွေတော်တော်များများ သိကြတယ် ၊ ပြတ်သွားတယ်ဆိုရင်တော့ နှမြောစရာပဲ ခန့်ထည် "
ဘုန်းခန့်ထည် တစ်ကိုယ်လုံး ရေခဲရေနှင့် လောင်းချခံလိုက်ရသလို အေးစက်တုန်ရီသွား၏။
ရွှေဘုံကို အနေအေးပြီး ချစ်စရာကောင်းတဲ့ ကောင်လေးအဖြစ်သာ သိခဲ့ရသည်။
အနေစုတ် ပေမဲ့ ရွှေထုပ်တဲ့မြပုဝါ ဆိုတာ ရွှေဘုံမင်းစံကို ခေါ်သလား။
သူပြောရာ ပြီးခဲ့တဲ့ကောင်လေး ၊
အေးသက်တဲ့ပုံစံလေးကြောင့် အလိုမလိုက်ခဲ့ဖူးပေမဲ့ ရင်ထဲ ငြိမ်းချမ်းလွန်းလို့ ဘေးနားထိုင်ကြည့်ချင်ခဲ့တဲ့ ကြွေရုပ်လေး။
သူအမှားတွေ အများကြီး ရှိခဲ့ဘူးတယ်။
ဒါပေမဲ့ ရွှေဘုံ ကျေနပ်အောင်တောင်းပန်ပြီး အနားမှာ ပြန်ခေါ်ချင်သည်။
ထပ်ခါတလဲလဲ တောင်းပန်ဖူးခဲ့သော်ငြား
လက်မခံတဲ့ကောင်လေးကို သံယောဇဉ် တစ်စွန်းတစကို ဖမ်းဆုပ်ပြီး သူအနားပြန်ခေါ်ရင်ရော...
ရွှေဘုံ ကိုယ်မင်းကို တကယ်ချစ်တာပါ
ချစ်တဲ့အိမ်စည်။
Bạn đang đọc truyện trên: ZingTruyen.Xyz