ZingTruyen.Xyz

တသက်လုံးပျော်ချင်မောင့်ကိုချစ်ပါ(တသက္လံုးေပ်ာ္ခ်င္ေမာင့္ကိုခ်စ္ပါ)Completed

10

eainsi23

ျမစိမ္းေရာင္ ေတာင္တန္းႀကီးေတြနဲ႔
သိုင္းၿခံဳထားေသာ  အျဖဴေရာင္ျမဴ ဆိုင္ေတြက  ေရးညိဳ႕ထင္အား လည္ပင္းဆြဲထားတဲ့ ကင္မရာ နဲ႔ မွတ္တမ္းတင္ထားရန္ သတိေပးေနသေယာင္။

ေတာေတာင္ ၊ သဘာဝရူ႕ခင္းေတြက
တကယ္အသက္ရွည္ေစတာပဲ။
ကင္မရာျဖင့္ တခ်က္ခ်က္ ရုိက္ကူးရင္း
ေလာက စည္းစိမ္ကို တဝႀကီးခံစားေနမိသည္။

သူသာ အိမ္ေထာင္ျပဳ ျဖစ္ခဲ့မယ္ဆိုရင္
သူ႔အိမ္ေထာင္ဖက္နွင့္အတူ အတူတူခရီးေတြ ထြက္မယ္။ ေပ်ာ္ရႊင္မူ႔ေတြကို မ်ွေဝခံစားမယ္။ ဒါ သူ႔စိတ္ကူးအိမ္မက္ေတြပဲ။
ပိုက္ဆံရွာျခင္း အလုပ္ေတြကို အခ်ိန္ျပည့္
မလုပ္ပဲ အသက္ရွည္ ေပ်ာ္ေမြ ႕ျခင္းအလုပ္ေတြကိုလည္း သူ႔ဇနီးအား ေပးခ်င္သည္။

" အဆင္ေျပလား ဆရာတို႔ ၊ ဟိုးေရွ႕မွာ လွတဲ့ေနရာ ရွိေသးတယ္  "

ကားတစ္စီးလံုး မွာ  ခရီးသည္
၈ေယာက္ခန္႔ပါသည္။
အပိုေငြေၾကး သံုးစြဲရမွာ နွေျမာသူပီပီ
ခရီးထြက္တိုင္း ထိုသို႔  အေပ်ာ္ခရီးသြား လိုက္ပို႔တဲ့ ကားနဲ႔သာ သြားျဖစ္သည္။

ေနာက္ဆံုးမွတ္တမ္းအျဖစ္ ေႁမြလိမ္ေႁမြေကာက္ လမ္းနွင့္အတူ  ကားေပၚတက္ေနဆဲ ခရီးသည္ေတြကို  အမွတ္တရ ရုိက္ကူးလိုက္သည္။

ခ်ပ္ !

မီးေရာင္သဲ့သဲ့သည္ လက္ခနဲ။
ကိုယ္ရုိက္တဲ့ပံုကို ျပန္ၾကည့္ၿပီး ေက်နပ္စြာ
ေနာက္ဆံုးမွကားေပၚတက္လိုက္၏။

ကားသည္ ဆူညံတဲ့ စကားေျပာသံေတြျဖင့္ ဆက္လက္ေမာင္းနွင္သြား၏။
ေကြ႕ေကာက္တဲ့ လမ္းေပၚမွာ ကားအသြားအလာနည္းနာေၾကာင့္ သဘာဝတရားႀကီးကို  မ်က္စိရွင္းရွင္း အျပည့္အဝပို ခံစားမိေနသည္။
ကားျပတင္းေပါက္ကေန အျပင္ကို ေငးရင္
မနက္ျဖန္ ျပန္ဖို႔ ဘာေၾကာင့္ဆံုးျဖတ္ခဲ့သလဲ စဥ္းစားေနမိသည္။
ပံုမွန္ဆို သူက အျပင္ ထြက္ဖို႔ ခက္ခဲတဲ့သူမို႔  တစ္ခါထြက္တိုင္း တစ္လ နီးပါး ၾကာေအာင္ လည္ပတ္ေလ့ရွိ၏။
ဒီတခါေတာ့  ရက္၂၀ေတာင္ မျပည့္ေပးပဲ
ျပန္ခ်င္ေနတာ ထူးဆန္းသည္။

တစ္မ်ိဳးႀကီးပဲ။

သူ႔ကို တစ္စံုတစ္ေယာက္က ေစာင့္ေမ်ွာ္ေနသလိုလို ခံစားရၿပီး ၊ တခါတေလ အေၾကာင္းျပခ်က္မရွိ သူကလည္း ေနာက္ဆံငင္တက္တာမ်ိဳး ဒီရက္ပိုင္း ခပ္စိတ္စိတ္ ျဖစ္လာသည္။

ဘယ္သူကမ်ား သူ႔အား သတိရလြမ္းဆြတ္ၿပီး ေမတၱာ ဓာတ္ေတြလႊတ္ေနသလဲ လို႔ ေတြးမိေတာ့ ကိုယ့္အေတြးေၾကာင့္ရယ္မိေသးသည္။ သူ႔မွာ ဒီနွစ္ပိုင္း ဘယ္သူရွိမွာလဲ။ သူစိမ္းဆိုလို႔
ေရႊဘံု ဆိုတဲ့ေကာင္ေလး တစ္ေယာက္ပဲ သူ႔ကို သတိရမွာပဲေလ။
ေၾသာ္ ..ေရႊဘံု ဆိုမွ  ေကာင္ေလးအတြက္
အိမ္ျပန္လက္ေဆာင္ တစ္ခုခု ဝယ္ေပးဦးမွ။ ဒီေကာင္ေလး ဘာႀကိဳက္တက္မလဲ ။
အသာျဖဴ ျဖဴ ေလးမို႔  ဘာအဝတ္အစားဝယ္ေပးေပး လိုက္မွာပင္။
ေကာင္ကေလးက အေနေအးေပမဲ့ မုန္႔စားရတာလည္းသေဘာက်တယ္။
မုန္႔ေကာင္းေကာင္းဝယ္သြားလည္း သူႀကိဳက္မွာပါေလ ။

ကင္မရာႀကိဳးကို လက္ျဖင့္အသာထိရင္း
ဘာဝယ္ေပးရမလဲ ေရးညိဳ႕ထင္ အလုပ္မ်ားေနမိသည္။
သူ႔ညီ ဒီရေမာင္ကိုေတာင္ ထိုမ်ွ ေခါင္းရႈပ္ေအာင္ထိ မစဥ္းစားခဲ့ဖူးေပ။
ဘာပဲေျပာေျပာ ေကာင္ကေလးကိုေတာ့ သူေစတနာပါ ပါသည္။

__________

" ကိုယ္မင္းကို  ခ်စ္တယ္ ေရႊဘံု။ ျပတ္လည္းမျပတ္ေပးနိုင္ဘူး "

"ကိုခန္႔ ခင္ဗ်ား ရူးေနလား "

ဆြဲမလို႔ လွမ္းလိုက္တဲ့ လက္ေတြကို ေရွာင္ရင္း ေရႊဘံု ေဒါသပါတဲ့ေလသံျဖင့္ေျပာလိုက္သည္။
အႀကိမ္ႀကိမ္ဆက္တဲ့ဖုန္းေတြကို မကိုင္ေတာ့ ေရႊဘံု သြားတက္တဲ့ေနရာေတြကို လိုက္စံုစမ္းသည္။
ကိုခန္႔ ဘာေၾကာင့္ ေရႊဘံု အေပၚမွာ အတင္းအၾကပ္ လိုက္ေနွာက္ယွက္ခ်င္ေနတာလဲ။ အရင္ကဆို ေရႊဘံုနဲ႔ေတြ႕ဖို႔ အေၾကာင္းျပခ်က္ အမ်ိဳးမ်ိဳးေပးၿပီး ေရွာင္ဖယ္တက္တဲ့သူက ခ်က္ခ်င္း ခ်စ္လွပါၿပီ ဆိုၿပီး ျဖစ္ေနတာ လူစားလဲလိုက္သလိုပင္။

" ကိုယ္မရူးဘူး ေရႊဘံု ၊ မင္းကိုယ္နဲ႔ လိုက္ခဲ့ မွျဖစ္မယ္  "

" ဘာကိစၥလိုက္ရမွာလဲ၊ ဖယ္စမ္း !
ကိုခန္႔ ကြၽန္ေတာ္  ေအာ္လိုက္မွာေနာ္  "

"ဟိုေကာင္ေတြ "

ေခၚသံေၾကာင့္ မလွမ္းမကမ္း မီးတိုင္ေအာက္မွာ ရပ္ထားတဲ့ ကားအနက္ႀကီးထဲမွ
လူေလးေယာက္ထြက္လာ၏။
ေရႊဘံု ေၾကာက္သြား၏။ အခ်ိန္အားျဖင့္ ည၉နာရီေလာက္ရွိေနၿပီ ၊ ေနရာကလည္း ၿခံအက်ယ္ေတြနဲ႔ တသီးတသန္႔ေနတက္ေသာ လူခ်မ္းသာရပ္ကြက္မို႔  သြားလာသူမရွိေလာက္ေအာင္ လူျပတ္သည္။

အိမ္ျပန္ေနာက္က် ပါသည္ဆိုမွ  ငွားလာတဲ့taxiကလည္း ဒီေန႔မွျဖစ္ခ်င္ေတာ့ ကားဘီးေပါက္သြားသည္။ အိမ္နားလည္း နီးေနၿပီ အပိုမေျပာေတာ့ပဲဆင္းေလ်ွာက္ခဲ့စဥ္
ကိုခန္႔နဲ႔ ေတြ႕တာပင္။

လာေစာင့္ေနတာလား၊ ေနာက္ကလိုက္လာသလားဆိုတာ ေရႊဘံုလည္း မခန္႔မွန္းတက္။ 

" ကိုခန္႔ ဒါ ဘာ...ဘာလုပ္တာလဲ ။
  ကြၽန္ေတာ္လက္္မခံရင္ ခင္ဗ်ား ဘာျဖစ္သြားနိုင္တယ္ဆိုတာ သိတယ္မို႔လား "

ဝိုင္းဝန္းခ်ဳပ္ကိုင္ထားတဲ့ လူေတြၾကားမွာ ေရႊဘံု ရုန္းသည္။ လႈပ္မရေအာင္ လူနွစ္ေယာက္ကဆြဲသလို ေရႊဘံု ပါးစပ္ကိုလည္း
အသံမထြက္ေအာင္ အတင္းပိတ္ထား၏။
ေကာ့ကလန္ထိုးခ်ရင္း ရုန္းကန္ေသာ္ျငား လူက ကားေပၚ ေရာက္လုလု ။

" ကိုယ့္မွာ အမွားေတြ အမ်ားႀကီးရွိခဲ့တယ္ဆိုတာ ကိုယ္သိတယ္။ အဲ့ဒါေတြက ျပင္လို႔မရတဲ့ အေျခေနမွမဟုတ္တာ ေရႊဘံုရာ  ။ ကိုယ္တို႔လက္ထက္ၾကမယ္။ အိမ္ေထာင္သည္ျဖစ္သြားရင္ေတာ့ မင္းကိုယ့္ကို
နားလည္ေပးနိုင္သြားမွာပါ "

"ဘုန္းခန္႔ထည္ မင္း အရူးပဲ။
ဖယ္စမ္း ..မင္းတို႔ခုခ်က္ခ်င္း ငါ့ကိုလႊတ္၊ "

ပါးစပ္ပိတ္ထားတာမို႔ အသံကမထြက္။
ဝူးဝူးဝါးဝါးျဖင့္ ေရႊဘံု ဇြတ္ေအာ္ေနမိသည္။ 

"ရွဴး  ... ၿငိမ္ၿငိမ္ေန ေရႊဘံုေလး ။ မဟုတ္ရင္ မင္းအသားေတြ နာက်င္ရလိမ့္မယ္။
မရုန္းပဲ လိမ္လိမ္မာမာေနလိုက္ေနာ္ "

ေရႊဘံု ပါးေတြကို လက္ျဖင့္ထိကာ
ဘုန္းခန္႔ထည္ ၿပံဳး၍ ေျပာလိုက္သည္။
အထိမခံနိုင္သလို ေခါင္းကိုေစာင္းၿပီး တိမ္းေရွာင္သြားေသာ္ျငား ဘုန္းခန္႔ထည္က အၿပံဳးမပ်က္ေပ ။
ထို႔ေနာက္ ေရႊဘံု ေက်ာပိုးအိတ္ကို ဆြဲယူၿပီး 
ဖုန္းကိုထုတ္သည္။

ေရႊဘံု ...ဒီေကာင္ေလး ပါးေလးေတြက
အိအိေလးေတြပဲ။
အရင္က သူဘာလို႔ မသိခဲ့ရတာလဲ။

ေဒါသေၾကာင့္နီရဲလာတဲ့ ပါးေလးေတြကိုၾကည့္ရင္း ဘုန္းခန္႔ထည္ သက္ျပင္းရႈိက္လိုက္မိသည္။

မၾကည္ျဖဴ တာမွ လိုခ်င္တာ လူစိတ္လား။

ဖုန္းယူသြားတာျမင္ေတာ့ေရႊဘံု ျပာယာခတ္သြားေပမဲ့ လူတကိုယ္လံုး ကားေပၚေရာက္သြားၿပီမို႔ တြန္းထိုးရုန္းကန္ ရုံမွအပ ဘာမွမတက္နိုင္ေတာ့ေပ။

"မင္း အိမ္ကို မင္းခိုးရာလိုက္သြားပါၿပီ ဆိုတဲ့အေၾကာင္း စာပို႔ထားလိုက္မယ္။ မပူနဲ႔ ကေလး ..ခဏ အိပ္လိုက္အံုး။
ကိုယ္တို႔ ေအးေဆးျဖစ္မဲ့ေနရာကို
သြားၾကရေအာင္ ."

စကားဆံုးေတာ့ ျပင္းရွတဲ့ အနံဆိုးဆိုးက နွာေခါင္းဝမွာ စူးခနဲ။
ထို႔ေနာက္ေရႊဘံု အသိစိတ္သည္ အလံုးစံု ေမွာင္မိုက္သြားခဲ့ရသည္။

အေမွာင္ထုသည္ သိပ္သည္းလ်က္ ။
တဖ်တ္ဖ်တ္ေျပာင္းေနေသာ ျမင္ကြင္းမ်ားက ကားမီးေၾကာင့္ အနည္းငယ္ ျမင္ရေသာ္လည္း ရွင္းလင္းမူ႔ကမရွိသေလာက္။

အခ်ိန္အားျဖင့္ ည၂နာရီ။
ေရးညိဳ႕ထင္သည္  ေက်ာမွီကို မွီ၍ သက္ေသာင့္သက္သာ မရွိေသာ မရွိေသာအေနအထားမွာ အိပ္ေပ်ာ္ဖို႔မတက္နိုင္စြာ
ပတ္ဝန္းက်င္ကိုေငး၍ လိုက္ပါလာခဲ့သည္။

" ဆရာသမား ေရွ႕လမ္းတေထာက္ေတာ့
က်ဳပ္တို႔နားရေအာင္။ အေပါ့အပါးလည္းသြားရင္း အစာေျပ တစ္ခုခုစားရင္းေပါ့။ "

ကားသမားသည္ သူ႔ဖက္လွည့္ကာ
ေျပာလာ၏။ ေရးညိဳ႕ထင္ ေခါင္းေစာင္းထားရာမွျပန္တည့္လိုက္ၿပီး 

" နားေလ ၊ အၾကာႀကီးထိုင္လိုက္ရေတာ့
ကြၽန္ေတာ္လည္း ေက်ာေတြေအာင့္ေနၿပီ "

ကားသည္ light truckကားေလးျဖစ္သည္။ ေနာက္ခန္းမွာ အထည္အိတ္ေတြ
ေတာ္ေတာ္မ်ားမ်ားတင္ထားၿပီး ခရီးသည္ဟူ၍ မပါပဲ ကားသမားတစ္ေယာက္သာ ပါသည္။
ထိုကားသမားနဲ႔ တည္းခိုခန္းမွာ ခင္မင္လာရင္း အျပန္လမ္းသူတစ္ေယာက္ထဲမို႔ လိုက္ခ်င္လည္း လိုက္နိုင္တယ္ဆိုေၾကာင္းေျပာရာ  ေရးညိဳ႕ထင္က နွစ္ခါမညႇိရပဲ တက္လိုက္လာခဲ့သည္။

စားေသာက္ဆိုင္ ေရွ႕ေနရာလြတ္မွာ
ကားေလးစီးခန္႔ ရပ္ထား၏။
ဟိုက္ေဝးလမ္းမို ႔ ကုန္ကားေတြနွင့္
အိမ္စီးကားတခ်ိဳ ႕သည္ ေရးညိဳ႕ထင္တို႔လိုပင္ နားနားေနေန ခရီးသြားဟန္လြဲဝင္ထိုင္ၾကပံု။

အေအးပိုလာၿပီမို႔ ဆိုင္ေရွ႕ မီးပါဖိုေပးထားေသးသည္။ ေယာက်ာ္းသားအမ်ားစုမို႔ တခ်ိဳ႕ အခ်မ္းေျပေအာင္ မီးပံုေဘး ထိုင္ကာ ဘီယာေလးဘာေလး ေသာက္ၾက၏။ ေရးညိဳ႕ထင္တို႔ဆိုင္အတြင္းဝင္လာေတာ့ မီးပံုေဘးကလူေတြက ျပန္ဖို႔ ပိုက္ဆံရွင္းေနၾကသည္။
အထဲေရာက္လက္စမို႔  ေတြ႕တဲ့ခံုဝင္ထိုင္၍ တခုခုစားဖို႔ စဥ္းစားလိုက္၏။

"ဆရာသမား ဘာစားမလဲ ၊ က်ဳပ္ကေတာ့
ေကာ္ဖီ တစ္ခြက္နဲ႔  ဖက္ၾကမ္းတစ္လိပ္ဆိုရင္ အူစို သြားၿပီ "

" ကြၽန္ေတာ္ လည္း နွပ္ေကာ္ဖီ တစ္ခြက္ေတာ့ ေသာက္မလားလို႔ "

" တစ္ခုခု စားအံုးေလဗ်ာ။ က်ဳပ္ေကြၽးပါ့မယ္ "

" ေတာ္ၿပီ ကြၽန္ေတာ္ဗိုက္မဆာလို႔ပါ "

အညာသားဟုဆိုတဲ့ ကားဆရာက
ရန္ကုန္သူနဲ႔ အိမ္ေထာင္က်ၿပီးဆံထံုးေနာက္ေသ်ာင္ပါ   ရန္ကုန္ေရာက္လာသူ။
ေရးညိဳ႕ထင္ကိုေတာင္ စကားစပ္မိရင္း ရန္ကုန္ကဟု ေျပာလိုက္ေတာ့ ခင္ခင္မင္မင္ ကားႀကံဳ လိုက္ခဲ့ဖို႔ေခၚလာသည္။
အမွန္ေတာ့ ရန္ကုန္ လက္မွတ္ျဖတ္ထားတဲ့ ကားက မနက္မွ ။ စကားေျပာမိရင္း ဘာရယ္မဟုတ္ စိတ္ထဲ ေလးေလးႀကီးျဖစ္လာတာမို႔  လိုက္မယ္ဆိုၿပီး ဆံုးျဖတ္ခ်က္ ခ်လိုက္မိတာ။ သူတို႔ကားထြက္ခဲ့ေတာ့ေတာင္ ည၁၀နာရီေက်ာ္ေနၿပီ။

ေကာ္ဖီတစ္ခြက္ကုန္ေတာ့  ေရးညိဳ႕ထင္ အေပါ့သြားဖို႔ ထလိုက္သည္။
ကားသမားကေတာ့ ေဆးလိပ္တစ္လိပ္ကို  ဇိမ္ဆြဲေသာက္တုန္း။
မီးခိုးေငြ႕ေတြထုတ္လႊင့္ရင္း အေတြးေတြက
မေရမရာ ေရာက္ခ်င္ရာေရာက္ေနဟန္။
ေရးညိဳ႕ထင္ ခပ္သြက္သြက္ပင္ အေပါ့သြားလိုက္သည္။
ျပန္ထြက္လာေတာ့ ကားသမားက
အိမ္သာအျပင္မွာ ရပ္ေစာင့္ေနမို႔ ေနရာ အျမန္ဖယ္ေပးရင္း...

" ဆိုင္ေရွ႕က ေစာင့္မယ္ဗ်ာ " ဟုအသိေပးလိုက္သည္။

"ဟုတ္ၿပီ ကိုယ့္ဆရာေရ   "

ေရးညိဳ႕ထင္ အျပင္ေရာက္ေတာ့ မီးပံုေဘးမွာ
ေယာက်ာ္းသား သံုး ေလးေယာက္
လက္ထဲက ဘီယာဘူးေတြနဲ႔ စကားတေျပာေျပာထိုင္ေနၾကသည္။ အျမန္လမ္းမႀကီးေပၚမို႔
ခရီးသြားကားေတြက မျပတ္သလို ဧည့္လည္းျပတ္ပံုမရ။ 

ေရးညိဳ႕ထင္လည္း လူအမ်ားၾကားမေနခ်င္တာေၾကာင့္  သူစီးရမဲ့ light truckကားနားသြားရပ္ေစာင့္ေနလိုက္သည္။
သူတို႔ကားေဘးမွာလည္း အနက္ေရာင္ကားႀကီး တစ္စီးက မလြတ္မလပ္ ကပ္ရပ္ထား၏။

" ၿပီးၿပီ ကိုယ့္ဆရာေရ။ သြားၾကမယ္ တက္ဗ်ာ။  "

" ကားထြက္ရတာ အဆင္ေျပလား။ ကြၽန္ေတာ္ေအာက္ကေန ကားလြတ္မလြတ္ၾကည့္ေပးရအံုးမလား "

ေဘးက ကားကို လက္ညိဳးထိုးျပ၍ ေမးေသာ္ျငား ကားဆရာက ရတယ္ ဟုဆိုလာတာမို႔ ေရးညိဳ႕ထင္လည္း ဆက္မေျပာေတာ့ပဲ ကားေပၚသာ တက္လိုက္ေတာ့၏။

ကားဆရာသည္ ကားေမာင္းသက္ရင့္ေနပံုပင္။ ကြၽမ္းက်င္စြာကားကို ေနာက္ဆုတ္ၿပီး အနက္ေရာင္လမ္းမထက္မွာ
အလ်ွင္အျမန္ ျပန္လည္ ေျပးလႊားေစသည္။
ေကာ္ဖီအစြမ္းေၾကာင့္  အိပ္ခ်င္ေျပ၍ လန္းဆန္းေနသည္ထင္ ၊သီခ်င္းေလး တေအးေအးလည္းျဖစ္ေနသည္။ ရံဖာရံခါ ၌လည္း
သူ႔မိသားစုအေၾကာင္းေတြကို အာေဘာင္ရင္းသန္သန္ေျပာေသးသည္။
ေရးညိဳ႕ထင္ အေနနဲ႔လည္း အပ်င္းေျပသည္ေၾကာင့္ ကားသမားနဲ႔ ေလေပးေလယူေျဖာင့္ကာ အဆင္ေျပေျပ ျပန္ေျပာျဖစ္ေနေတာ့သည္။

အေမွာင္ထုကို ၾကည့္ရင္း ခန္႔မင္းထည္
ေဒါသတႀကီး တက္ေခါက္ၿပီး ကားဘီးကို ပိတ္ကန္ပစ္လိုက္သည္။

" ေတာက္!   ခုဘယ္လိုလုပ္ၾကမလဲ။
ဒီေလာက္ေမွာင္မဲေနတာ ဘယ္ေျပးလို႔ေျပးမွန္းမသိဘူး၊ ထိုက္ႀကီး အဲ့ဒါ မင္းအျပစ္ပဲ  မင္းကားတံခါးကို ေသခ်ာေသာ့မခတ္ပဲ ရူးေနလို႔ဒီတိုင္းထားခဲ့တာလားကြ။
သူ႔ဖက္က တခုခု ျပန္လုပ္ရင္ ငါတို႔အကုန္နားကားၿပီသိလား"

" ငါ့အေပၚ အျပစ္ပံုခ်မေနနဲ႔ ခန္႔ထည္ ၊
မင္းေကာင္ေလး အိပ္ေဆးေၾကာင့္ နွစ္နွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေနတာ မင္းလည္းသိတာပဲ။ ငါတို႔လည္းဘယ္ထင္မလဲကြ၊
ၿပီးေတာ့ ငါတို႔အကုန္ ဆိုင္ထဲေတာင္ဝင္တာမဟုတ္ဘူး ၊ အျပင္မွာ ဒီတိုင္းထိုင္ေနၾကတာပဲေလ "

" ေတာ္ၿပီကြာ မင္းတို႔ေတြ ရန္ျဖစ္မေနနဲ႔။
တေနေန ရာ ေရွာင္ရေအာင္ ၊ မိသြားရင္
ေဂ်း ထဲေအာင္းေနရဦးမယ္ ၊ လစ္မယ္ "

ေဘးမွာရပ္ေနေသာတစ္ေယာက္က ဝင္ေျပာလာ သည္မို႔  ဘုန္းခန္႔ထည္ စိတ္ပ်က္လက္ပ်က္ ဆံပင္ကို ထိုးတင္ရင္း ကားေပၚအျမန္တက္လိုက္သည္။
Sလုပ္ငန္းရဲ႕အရွိန္အဝါက ေသးေသးေလးမဟုတ္ဘူး။
သူေတာ့ ပ်ားအံု တုတ္နဲ႔ထိုးမိၿပီ ဆိုတာ ေသခ်ာသေလာက္ပဲ။

ဒီတေလာ အေျခအေနကိုၾကည့္ၿပီးလံုၿခံဳတဲ့ေနရာကို ခဏေလာက္ ေအာင္းေနမွျဖစ္မယ္ ဆိုတာ ဘုန္းခန္႔ထည္ ေကာင္းေကာင္းသိတယ္၊ အေျခေနေကာင္းမွ ျပန္ထြက္ လည္း အေရးမႀကီးဘူး။

ခုျပန္လို႔ကေတာ့လံုးဝမျဖစ္ဘူး။
ဟိုမိန္းမက သူ႔အလုပ္ကိုပါ သိေနေတာ့
ေစာက္ရွက္ခြဲဖို႔က အဆင္သင့္ေစာင့္ေနမွာ။

ေတာက္!  စိတ္ပ်က္စရာေတြ ။
ဒုကၡက ျဖစ္ၿပီဆို ေနာက္မွာ တသီတတန္းႀကီး။

________

"ေက်းဇူးပဲ ကိုတင္စိုးေဝ ၊ ေနာက္တခါ
ႀကံဳရင္ ခင္ဗ်ားကို ေကာင္းေကာင္းဧည့္ခံပါမယ္။ ဒါ ကြၽန္ေတာ့္ကဒ္  ၊ အကူညီလိုရင္ေျပာဗ်ာ၊ ကြၽန္ေတာ္တက္နိုင္တာဆိုရင္ ကူညီဖို႔အသင့္ပဲ "

"ရပါတယ္ ကိုယ့္ဆရာရယ္ ေျပာရမဲ့သူေတြလား။ က်ဳပ္လည္း ေရစက္ပါလို႔ ႀကံဳ ၿပီးကူညီျဖစ္တာပါ၊ လာဗ်ာ.. ကားေနာက္ခန္းမွာ ခင္ဗ်ားခရီးေဆာင္အိတ္ က်ဳပ္ခ်ေပးမယ္ "

လမ္းႀကံဳ ဆိုေပမဲ့ ေစတနာေကာင္းစြာ တိုက္ခန္းေရွ႕ထိ လိုက္ပို႔ေပးတာမို႔ ေရးညိဳ႕ထင္လည္းအေတာ္ေလးအားနာလွသည္။

" ကြၽန္ေတာ္ေတာ့ ခင္ဗ်ားကို ပင္ပန္းေအာင္မ်ားလုပ္မိေနသလားဗ်ာ "

"အားမနာပါနဲ႔ ကိုယ့္ဆရာရာ ၊
  က်ဳပ္ ေယာက္ခမ ေဆးရုံတင္ထားရတာ  မဟုတ္ရင္ က်ဳပ္တစ္ေယာက္ထဲ ညႀကီးအခ်ိန္မေတာ္ကားေမာင္းျပန္ရမွာ ခင္ဗ်ားပါလို႔ အဆင္ေျပသြားတာဗ် "

ကားေနာက္ခန္းမွာ အထုတ္ေတြကို အျပင္ျပဳတ္မက်ေအာင္ မိုးကာျဖင့္ အထဲမွာ တုတ္ထား၍ ကားဆရာျဖဳတ္ေပးမွရမည္။
ထို႔ေၾကာင့္ ေရးညိဳ႕ထင္လည္း ဆက္မေျပာေတာ့ပဲ ကားဆရာေနာက္မွာ အသာကပ္လိုက္ခဲ့လ်ွင္ ကားဆရာထံမွ ရုတ္တရက္
အလန္႔တၾကား ေအာ္လိုက္သံထြက္လာ၏။

" ကိုယ့္ဆရာေရ က်ဳပ္ေတာ့ေႁမြ ကိုက္ၿပီထင္တယ္ "

"ဗ်ာ  ..ဘာျဖစ္လို႔လဲ "

"ဒီမွာေလ ..က်ဳပ္ကားေပၚ ဘယ္က ေကာင္ေလး ခိုးလိုက္လာလဲမသိဘူး၊ ရာသီဥတုက ဒီေလာက္ေအးေနတာကို ေလျဖတ္သြားမွျဖင့္  "

ေရးညိဳ႕ထင္ အလ်ွင္အျမန္ေရွ႕တိုးၾကည့္လိုက္မိသည္။   ကားေနာက္ခန္း မိုးကာ ေဘးေနရာအလြတ္မွာ ပံုပံုေလး လွဲအိပ္ေနတဲ့ ေကာင္ေလးကိုေတြ႕လိုက္ေတာ့ 
မ်က္လံုး အစံုသည္ ျပဴ းက်ယ္၍ နာမည္တစ္ခုကို ထိတ္လန္႔စြာေရ႐ြတ္မိလိုက္၏။

ေရႊဘံု! ...

ခ်စ္တဲ့အိမ္စည္။

( ဒီficက ထံုးစံအတိုင္း ခ်ိဳအီေမႊးပါ၊
နိုး ဒရမ္မာ .. မို႔ အခ်ိဳႀကိဳက္သူမ်ားသာ ဖတ္ပါ။ )

မြစိမ်းရောင် တောင်တန်းကြီးတွေနဲ့
သိုင်းခြုံထားသော  အဖြူရောင်မြူ ဆိုင်တွေက  ရေးညို့ထင်အား လည်ပင်းဆွဲထားတဲ့ ကင်မရာ နဲ့ မှတ်တမ်းတင်ထားရန် သတိပေးနေသယောင်။

တောတောင် ၊ သဘာဝရူ့ခင်းတွေက
တကယ်အသက်ရှည်စေတာပဲ။
ကင်မရာဖြင့် တချက်ချက် ရိုက်ကူးရင်း
လောက စည်းစိမ်ကို တဝကြီးခံစားနေမိသည်။

သူသာ အိမ်ထောင်ပြု ဖြစ်ခဲ့မယ်ဆိုရင်
သူ့အိမ်ထောင်ဖက်နှင့်အတူ အတူတူခရီးတွေ ထွက်မယ်။ ပျော်ရွှင်မူ့တွေကို မျှဝေခံစားမယ်။ ဒါ သူ့စိတ်ကူးအိမ်မက်တွေပဲ။
ပိုက်ဆံရှာခြင်း အလုပ်တွေကို အချိန်ပြည့်
မလုပ်ပဲ အသက်ရှည် ပျော်မွေ့ ခြင်းအလုပ်တွေကိုလည်း သူ့ဇနီးအား ပေးချင်သည်။

" အဆင်ပြေလား ဆရာတို့ ၊ ဟိုးရှေ့မှာ လှတဲ့နေရာ ရှိသေးတယ်  "

ကားတစ်စီးလုံး မှာ  ခရီးသည်
၈ယောက်ခန့်ပါသည်။
အပိုငွေကြေး သုံးစွဲရမှာ နှမြောသူပီပီ
ခရီးထွက်တိုင်း ထိုသို့  အပျော်ခရီးသွား လိုက်ပို့တဲ့ ကားနဲ့သာ သွားဖြစ်သည်။

နောက်ဆုံးမှတ်တမ်းအဖြစ် မြွေလိမ်မြွေကောက် လမ်းနှင့်အတူ  ကားပေါ်တက်နေဆဲ ခရီးသည်တွေကို  အမှတ်တရ ရိုက်ကူးလိုက်သည်။

ချပ် !

မီးရောင်သဲ့သဲ့သည် လက်ခနဲ။
ကိုယ်ရိုက်တဲ့ပုံကို ပြန်ကြည့်ပြီး ကျေနပ်စွာ
နောက်ဆုံးမှကားပေါ်တက်လိုက်၏။

ကားသည် ဆူညံတဲ့ စကားပြောသံတွေဖြင့် ဆက်လက်မောင်းနှင်သွား၏။
ကွေ့ကောက်တဲ့ လမ်းပေါ်မှာ ကားအသွားအလာနည်းနာကြောင့် သဘာဝတရားကြီးကို  မျက်စိရှင်းရှင်း အပြည့်အဝပို ခံစားမိနေသည်။
ကားပြတင်းပေါက်ကနေ အပြင်ကို ငေးရင်
မနက်ဖြန် ပြန်ဖို့ ဘာကြောင့်ဆုံးဖြတ်ခဲ့သလဲ စဉ်းစားနေမိသည်။
ပုံမှန်ဆို သူက အပြင် ထွက်ဖို့ ခက်ခဲတဲ့သူမို့  တစ်ခါထွက်တိုင်း တစ်လ နီးပါး ကြာအောင် လည်ပတ်လေ့ရှိ၏။
ဒီတခါတော့  ရက်၂၀တောင် မပြည့်ပေးပဲ
ပြန်ချင်နေတာ ထူးဆန်းသည်။

တစ်မျိုးကြီးပဲ။

သူ့ကို တစ်စုံတစ်ယောက်က စောင့်မျှော်နေသလိုလို ခံစားရပြီး ၊ တခါတလေ အကြောင်းပြချက်မရှိ သူကလည်း နောက်ဆံငင်တက်တာမျိုး ဒီရက်ပိုင်း ခပ်စိတ်စိတ် ဖြစ်လာသည်။

ဘယ်သူကများ သူ့အား သတိရလွမ်းဆွတ်ပြီး မေတ္တာ ဓာတ်တွေလွှတ်နေသလဲ လို့ တွေးမိတော့ ကိုယ့်အတွေးကြောင့်ရယ်မိသေးသည်။ သူ့မှာ ဒီနှစ်ပိုင်း ဘယ်သူရှိမှာလဲ။ သူစိမ်းဆိုလို့
ရွှေဘုံ ဆိုတဲ့ကောင်လေး တစ်ယောက်ပဲ သူ့ကို သတိရမှာပဲလေ။
သြော် ..ရွှေဘုံ ဆိုမှ  ကောင်လေးအတွက်
အိမ်ပြန်လက်ဆောင် တစ်ခုခု ဝယ်ပေးဦးမှ။ ဒီကောင်လေး ဘာကြိုက်တက်မလဲ ။
အသာဖြူ ဖြူ လေးမို့  ဘာအဝတ်အစားဝယ်ပေးပေး လိုက်မှာပင်။
ကောင်ကလေးက အနေအေးပေမဲ့ မုန့်စားရတာလည်းသဘောကျတယ်။
မုန့်ကောင်းကောင်းဝယ်သွားလည်း သူကြိုက်မှာပါလေ ။

ကင်မရာကြိုးကို လက်ဖြင့်အသာထိရင်း
ဘာဝယ်ပေးရမလဲ ရေးညို့ထင် အလုပ်များနေမိသည်။
သူ့ညီ ဒီရမောင်ကိုတောင် ထိုမျှ ခေါင်းရှုပ်အောင်ထိ မစဉ်းစားခဲ့ဖူးပေ။
ဘာပဲပြောပြော ကောင်ကလေးကိုတော့ သူစေတနာပါ ပါသည်။

__________

" ကိုယ်မင်းကို  ချစ်တယ် ရွှေဘုံ။ ပြတ်လည်းမပြတ်ပေးနိုင်ဘူး "

"ကိုခန့် ခင်ဗျား ရူးနေလား "

ဆွဲမလို့ လှမ်းလိုက်တဲ့ လက်တွေကို ရှောင်ရင်း ရွှေဘုံ ဒေါသပါတဲ့လေသံဖြင့်ပြောလိုက်သည်။
အကြိမ်ကြိမ်ဆက်တဲ့ဖုန်းတွေကို မကိုင်တော့ ရွှေဘုံ သွားတက်တဲ့နေရာတွေကို လိုက်စုံစမ်းသည်။
ကိုခန့် ဘာကြောင့် ရွှေဘုံ အပေါ်မှာ အတင်းအကြပ် လိုက်နှောက်ယှက်ချင်နေတာလဲ။ အရင်ကဆို ရွှေဘုံနဲ့တွေ့ဖို့ အကြောင်းပြချက် အမျိုးမျိုးပေးပြီး ရှောင်ဖယ်တက်တဲ့သူက ချက်ချင်း ချစ်လှပါပြီ ဆိုပြီး ဖြစ်နေတာ လူစားလဲလိုက်သလိုပင်။

" ကိုယ်မရူးဘူး ရွှေဘုံ ၊ မင်းကိုယ်နဲ့ လိုက်ခဲ့ မှဖြစ်မယ်  "

" ဘာကိစ္စလိုက်ရမှာလဲ၊ ဖယ်စမ်း !
ကိုခန့် ကျွန်တော်  အော်လိုက်မှာနော်  "

"ဟိုကောင်တွေ "

ခေါ်သံကြောင့် မလှမ်းမကမ်း မီးတိုင်အောက်မှာ ရပ်ထားတဲ့ ကားအနက်ကြီးထဲမှ
လူလေးယောက်ထွက်လာ၏။
ရွှေဘုံ ကြောက်သွား၏။ အချိန်အားဖြင့် ည၉နာရီလောက်ရှိနေပြီ ၊ နေရာကလည်း ခြံအကျယ်တွေနဲ့ တသီးတသန့်နေတက်သော လူချမ်းသာရပ်ကွက်မို့  သွားလာသူမရှိလောက်အောင် လူပြတ်သည်။

အိမ်ပြန်နောက်ကျ ပါသည်ဆိုမှ  ငှားလာတဲ့taxiကလည်း ဒီနေ့မှဖြစ်ချင်တော့ ကားဘီးပေါက်သွားသည်။ အိမ်နားလည်း နီးနေပြီ အပိုမပြောတော့ပဲဆင်းလျှောက်ခဲ့စဉ်
ကိုခန့်နဲ့ တွေ့တာပင်။

လာစောင့်နေတာလား၊ နောက်ကလိုက်လာသလားဆိုတာ ရွှေဘုံလည်း မခန့်မှန်းတက်။ 

" ကိုခန့် ဒါ ဘာ...ဘာလုပ်တာလဲ ။
  ကျွန်တော်လက်မခံရင် ခင်ဗျား ဘာဖြစ်သွားနိုင်တယ်ဆိုတာ သိတယ်မို့လား "

ဝိုင်းဝန်းချုပ်ကိုင်ထားတဲ့ လူတွေကြားမှာ ရွှေဘုံ ရုန်းသည်။ လှုပ်မရအောင် လူနှစ်ယောက်ကဆွဲသလို ရွှေဘုံ ပါးစပ်ကိုလည်း
အသံမထွက်အောင် အတင်းပိတ်ထား၏။
ကော့ကလန်ထိုးချရင်း ရုန်းကန်သော်ငြား လူက ကားပေါ် ရောက်လုလု ။

" ကိုယ့်မှာ အမှားတွေ အများကြီးရှိခဲ့တယ်ဆိုတာ ကိုယ်သိတယ်။ အဲ့ဒါတွေက ပြင်လို့မရတဲ့ အခြေနေမှမဟုတ်တာ ရွှေဘုံရာ  ။ ကိုယ်တို့လက်ထက်ကြမယ်။ အိမ်ထောင်သည်ဖြစ်သွားရင်တော့ မင်းကိုယ့်ကို
နားလည်ပေးနိုင်သွားမှာပါ "

"ဘုန်းခန့်ထည် မင်း အရူးပဲ။
ဖယ်စမ်း ..မင်းတို့ခုချက်ချင်း ငါ့ကိုလွှတ်၊ "

ပါးစပ်ပိတ်ထားတာမို့ အသံကမထွက်။
ဝူးဝူးဝါးဝါးဖြင့် ရွှေဘုံ ဇွတ်အော်နေမိသည်။ 

"ရှူး  ... ငြိမ်ငြိမ်နေ ရွှေဘုံလေး ။ မဟုတ်ရင် မင်းအသားတွေ နာကျင်ရလိမ့်မယ်။
မရုန်းပဲ လိမ်လိမ်မာမာနေလိုက်နော် "

ရွှေဘုံ ပါးတွေကို လက်ဖြင့်ထိကာ
ဘုန်းခန့်ထည် ပြုံး၍ ပြောလိုက်သည်။
အထိမခံနိုင်သလို ခေါင်းကိုစောင်းပြီး တိမ်းရှောင်သွားသော်ငြား ဘုန်းခန့်ထည်က အပြုံးမပျက်ပေ ။
ထို့နောက် ရွှေဘုံ ကျောပိုးအိတ်ကို ဆွဲယူပြီး 
ဖုန်းကိုထုတ်သည်။

ရွှေဘုံ ...ဒီကောင်လေး ပါးလေးတွေက
အိအိလေးတွေပဲ။
အရင်က သူဘာလို့ မသိခဲ့ရတာလဲ။

ဒေါသကြောင့်နီရဲလာတဲ့ ပါးလေးတွေကိုကြည့်ရင်း ဘုန်းခန့်ထည် သက်ပြင်းရှိုက်လိုက်မိသည်။

မကြည်ဖြူ တာမှ လိုချင်တာ လူစိတ်လား။

ဖုန်းယူသွားတာမြင်တော့ရွှေဘုံ ပြာယာခတ်သွားပေမဲ့ လူတကိုယ်လုံး ကားပေါ်ရောက်သွားပြီမို့ တွန်းထိုးရုန်းကန် ရုံမှအပ ဘာမှမတက်နိုင်တော့ပေ။

"မင်း အိမ်ကို မင်းခိုးရာလိုက်သွားပါပြီ ဆိုတဲ့အကြောင်း စာပို့ထားလိုက်မယ်။ မပူနဲ့ ကလေး ..ခဏ အိပ်လိုက်အုံး။
ကိုယ်တို့ အေးဆေးဖြစ်မဲ့နေရာကို
သွားကြရအောင် ."

စကားဆုံးတော့ ပြင်းရှတဲ့ အနံဆိုးဆိုးက နှာခေါင်းဝမှာ စူးခနဲ။
ထို့နောက်ရွှေဘုံ အသိစိတ်သည် အလုံးစုံ မှောင်မိုက်သွားခဲ့ရသည်။

အမှောင်ထုသည် သိပ်သည်းလျက် ။
တဖျတ်ဖျတ်ပြောင်းနေသော မြင်ကွင်းများက ကားမီးကြောင့် အနည်းငယ် မြင်ရသော်လည်း ရှင်းလင်းမူ့ကမရှိသလောက်။

အချိန်အားဖြင့် ည၂နာရီ။
ရေးညို့ထင်သည်  ကျောမှီကို မှီ၍ သက်သောင့်သက်သာ မရှိသော မရှိသောအနေအထားမှာ အိပ်ပျော်ဖို့မတက်နိုင်စွာ
ပတ်ဝန်းကျင်ကိုငေး၍ လိုက်ပါလာခဲ့သည်။

" ဆရာသမား ရှေ့လမ်းတထောက်တော့
ကျုပ်တို့နားရအောင်။ အပေါ့အပါးလည်းသွားရင်း အစာပြေ တစ်ခုခုစားရင်းပေါ့။ "

ကားသမားသည် သူ့ဖက်လှည့်ကာ
ပြောလာ၏။ ရေးညို့ထင် ခေါင်းစောင်းထားရာမှပြန်တည့်လိုက်ပြီး 

" နားလေ ၊ အကြာကြီးထိုင်လိုက်ရတော့
ကျွန်တော်လည်း ကျောတွေအောင့်နေပြီ "

ကားသည် light truckကားလေးဖြစ်သည်။ နောက်ခန်းမှာ အထည်အိတ်တွေ
တော်တော်များများတင်ထားပြီး ခရီးသည်ဟူ၍ မပါပဲ ကားသမားတစ်ယောက်သာ ပါသည်။
ထိုကားသမားနဲ့ တည်းခိုခန်းမှာ ခင်မင်လာရင်း အပြန်လမ်းသူတစ်ယောက်ထဲမို့ လိုက်ချင်လည်း လိုက်နိုင်တယ်ဆိုကြောင်းပြောရာ  ရေးညို့ထင်က နှစ်ခါမညှိရပဲ တက်လိုက်လာခဲ့သည်။

စားသောက်ဆိုင် ရှေ့နေရာလွတ်မှာ
ကားလေးစီးခန့် ရပ်ထား၏။
ဟိုက်ဝေးလမ်းမို့  ကုန်ကားတွေနှင့်
အိမ်စီးကားတချို့ သည် ရေးညို့ထင်တို့လိုပင် နားနားနေနေ ခရီးသွားဟန်လွဲဝင်ထိုင်ကြပုံ။

အအေးပိုလာပြီမို့ ဆိုင်ရှေ့ မီးပါဖိုပေးထားသေးသည်။ ယောကျာ်းသားအများစုမို့ တချို့ အချမ်းပြေအောင် မီးပုံဘေး ထိုင်ကာ ဘီယာလေးဘာလေး သောက်ကြ၏။ ရေးညို့ထင်တို့ဆိုင်အတွင်းဝင်လာတော့ မီးပုံဘေးကလူတွေက ပြန်ဖို့ ပိုက်ဆံရှင်းနေကြသည်။
အထဲရောက်လက်စမို့  တွေ့တဲ့ခုံဝင်ထိုင်၍ တခုခုစားဖို့ စဉ်းစားလိုက်၏။

"ဆရာသမား ဘာစားမလဲ ၊ ကျုပ်ကတော့
ကော်ဖီ တစ်ခွက်နဲ့  ဖက်ကြမ်းတစ်လိပ်ဆိုရင် အူစို သွားပြီ "

" ကျွန်တော် လည်း နှပ်ကော်ဖီ တစ်ခွက်တော့ သောက်မလားလို့ "

" တစ်ခုခု စားအုံးလေဗျာ။ ကျုပ်ကျွေးပါ့မယ် "

" တော်ပြီ ကျွန်တော်ဗိုက်မဆာလို့ပါ "

အညာသားဟုဆိုတဲ့ ကားဆရာက
ရန်ကုန်သူနဲ့ အိမ်ထောင်ကျပြီးဆံထုံးနောက်သျောင်ပါ   ရန်ကုန်ရောက်လာသူ။
ရေးညို့ထင်ကိုတောင် စကားစပ်မိရင်း ရန်ကုန်ကဟု ပြောလိုက်တော့ ခင်ခင်မင်မင် ကားကြုံ လိုက်ခဲ့ဖို့ခေါ်လာသည်။
အမှန်တော့ ရန်ကုန် လက်မှတ်ဖြတ်ထားတဲ့ ကားက မနက်မှ ။ စကားပြောမိရင်း ဘာရယ်မဟုတ် စိတ်ထဲ လေးလေးကြီးဖြစ်လာတာမို့  လိုက်မယ်ဆိုပြီး ဆုံးဖြတ်ချက် ချလိုက်မိတာ။ သူတို့ကားထွက်ခဲ့တော့တောင် ည၁၀နာရီကျော်နေပြီ။

ကော်ဖီတစ်ခွက်ကုန်တော့  ရေးညို့ထင် အပေါ့သွားဖို့ ထလိုက်သည်။
ကားသမားကတော့ ဆေးလိပ်တစ်လိပ်ကို  ဇိမ်ဆွဲသောက်တုန်း။
မီးခိုးငွေ့တွေထုတ်လွှင့်ရင်း အတွေးတွေက
မရေမရာ ရောက်ချင်ရာရောက်နေဟန်။
ရေးညို့ထင် ခပ်သွက်သွက်ပင် အပေါ့သွားလိုက်သည်။
ပြန်ထွက်လာတော့ ကားသမားက
အိမ်သာအပြင်မှာ ရပ်စောင့်နေမို့ နေရာ အမြန်ဖယ်ပေးရင်း...

" ဆိုင်ရှေ့က စောင့်မယ်ဗျာ " ဟုအသိပေးလိုက်သည်။

"ဟုတ်ပြီ ကိုယ့်ဆရာရေ   "

ရေးညို့ထင် အပြင်ရောက်တော့ မီးပုံဘေးမှာ
ယောကျာ်းသား သုံး လေးယောက်
လက်ထဲက ဘီယာဘူးတွေနဲ့ စကားတပြောပြောထိုင်နေကြသည်။ အမြန်လမ်းမကြီးပေါ်မို့
ခရီးသွားကားတွေက မပြတ်သလို ဧည့်လည်းပြတ်ပုံမရ။ 

ရေးညို့ထင်လည်း လူအများကြားမနေချင်တာကြောင့်  သူစီးရမဲ့ light truckကားနားသွားရပ်စောင့်နေလိုက်သည်။
သူတို့ကားဘေးမှာလည်း အနက်ရောင်ကားကြီး တစ်စီးက မလွတ်မလပ် ကပ်ရပ်ထား၏။

" ပြီးပြီ ကိုယ့်ဆရာရေ။ သွားကြမယ် တက်ဗျာ။  "

" ကားထွက်ရတာ အဆင်ပြေလား။ ကျွန်တော်အောက်ကနေ ကားလွတ်မလွတ်ကြည့်ပေးရအုံးမလား "

ဘေးက ကားကို လက်ညိုးထိုးပြ၍ မေးသော်ငြား ကားဆရာက ရတယ် ဟုဆိုလာတာမို့ ရေးညို့ထင်လည်း ဆက်မပြောတော့ပဲ ကားပေါ်သာ တက်လိုက်တော့၏။

ကားဆရာသည် ကားမောင်းသက်ရင့်နေပုံပင်။ ကျွမ်းကျင်စွာကားကို နောက်ဆုတ်ပြီး အနက်ရောင်လမ်းမထက်မှာ
အလျှင်အမြန် ပြန်လည် ပြေးလွှားစေသည်။
ကော်ဖီအစွမ်းကြောင့်  အိပ်ချင်ပြေ၍ လန်းဆန်းနေသည်ထင် ၊သီချင်းလေး တအေးအေးလည်းဖြစ်နေသည်။ ရံဖာရံခါ ၌လည်း
သူ့မိသားစုအကြောင်းတွေကို အာဘောင်ရင်းသန်သန်ပြောသေးသည်။
ရေးညို့ထင် အနေနဲ့လည်း အပျင်းပြေသည်ကြောင့် ကားသမားနဲ့ လေပေးလေယူဖြောင့်ကာ အဆင်ပြေပြေ ပြန်ပြောဖြစ်နေတော့သည်။

အမှောင်ထုကို ကြည့်ရင်း ခန့်မင်းထည်
ဒေါသတကြီး တက်ခေါက်ပြီး ကားဘီးကို ပိတ်ကန်ပစ်လိုက်သည်။

" တောက်!   ခုဘယ်လိုလုပ်ကြမလဲ။
ဒီလောက်မှောင်မဲနေတာ ဘယ်ပြေးလို့ပြေးမှန်းမသိဘူး၊ ထိုက်ကြီး အဲ့ဒါ မင်းအပြစ်ပဲ  မင်းကားတံခါးကို သေချာသော့မခတ်ပဲ ရူးနေလို့ဒီတိုင်းထားခဲ့တာလားကွ။
သူ့ဖက်က တခုခု ပြန်လုပ်ရင် ငါတို့အကုန်နားကားပြီသိလား"

" ငါ့အပေါ် အပြစ်ပုံချမနေနဲ့ ခန့်ထည် ၊
မင်းကောင်လေး အိပ်ဆေးကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာ မင်းလည်းသိတာပဲ။ ငါတို့လည်းဘယ်ထင်မလဲကွ၊
ပြီးတော့ ငါတို့အကုန် ဆိုင်ထဲတောင်ဝင်တာမဟုတ်ဘူး ၊ အပြင်မှာ ဒီတိုင်းထိုင်နေကြတာပဲလေ "

" တော်ပြီကွာ မင်းတို့တွေ ရန်ဖြစ်မနေနဲ့။
တနေနေ ရာ ရှောင်ရအောင် ၊ မိသွားရင်
ဂျေး ထဲအောင်းနေရဦးမယ် ၊ လစ်မယ် "

ဘေးမှာရပ်နေသောတစ်ယောက်က ဝင်ပြောလာ သည်မို့  ဘုန်းခန့်ထည် စိတ်ပျက်လက်ပျက် ဆံပင်ကို ထိုးတင်ရင်း ကားပေါ်အမြန်တက်လိုက်သည်။
Sလုပ်ငန်းရဲ့အရှိန်အဝါက သေးသေးလေးမဟုတ်ဘူး။
သူတော့ ပျားအုံ တုတ်နဲ့ထိုးမိပြီ ဆိုတာ သေချာသလောက်ပဲ။

ဒီတလော အခြေအနေကိုကြည့်ပြီးလုံခြုံတဲ့နေရာကို ခဏလောက် အောင်းနေမှဖြစ်မယ် ဆိုတာ ဘုန်းခန့်ထည် ကောင်းကောင်းသိတယ်၊ အခြေနေကောင်းမှ ပြန်ထွက် လည်း အရေးမကြီးဘူး။

ခုပြန်လို့ကတော့လုံးဝမဖြစ်ဘူး။
ဟိုမိန်းမက သူ့အလုပ်ကိုပါ သိနေတော့
စောက်ရှက်ခွဲဖို့က အဆင်သင့်စောင့်နေမှာ။

တောက်!  စိတ်ပျက်စရာတွေ ။
ဒုက္ခက ဖြစ်ပြီဆို နောက်မှာ တသီတတန်းကြီး။

________

"ကျေးဇူးပဲ ကိုတင်စိုးဝေ ၊ နောက်တခါ
ကြုံရင် ခင်ဗျားကို ကောင်းကောင်းဧည့်ခံပါမယ်။ ဒါ ကျွန်တော့်ကဒ်  ၊ အကူညီလိုရင်ပြောဗျာ၊ ကျွန်တော်တက်နိုင်တာဆိုရင် ကူညီဖို့အသင့်ပဲ "

"ရပါတယ် ကိုယ့်ဆရာရယ် ပြောရမဲ့သူတွေလား။ ကျုပ်လည်း ရေစက်ပါလို့ ကြုံ ပြီးကူညီဖြစ်တာပါ၊ လာဗျာ.. ကားနောက်ခန်းမှာ ခင်ဗျားခရီးဆောင်အိတ် ကျုပ်ချပေးမယ် "

လမ်းကြုံ ဆိုပေမဲ့ စေတနာကောင်းစွာ တိုက်ခန်းရှေ့ထိ လိုက်ပို့ပေးတာမို့ ရေးညို့ထင်လည်းအတော်လေးအားနာလှသည်။

" ကျွန်တော်တော့ ခင်ဗျားကို ပင်ပန်းအောင်များလုပ်မိနေသလားဗျာ "

"အားမနာပါနဲ့ ကိုယ့်ဆရာရာ ၊
  ကျုပ် ယောက်ခမ ဆေးရုံတင်ထားရတာ  မဟုတ်ရင် ကျုပ်တစ်ယောက်ထဲ ညကြီးအချိန်မတော်ကားမောင်းပြန်ရမှာ ခင်ဗျားပါလို့ အဆင်ပြေသွားတာဗျ "

ကားနောက်ခန်းမှာ အထုတ်တွေကို အပြင်ပြုတ်မကျအောင် မိုးကာဖြင့် အထဲမှာ တုတ်ထား၍ ကားဆရာဖြုတ်ပေးမှရမည်။
ထို့ကြောင့် ရေးညို့ထင်လည်း ဆက်မပြောတော့ပဲ ကားဆရာနောက်မှာ အသာကပ်လိုက်ခဲ့လျှင် ကားဆရာထံမှ ရုတ်တရက်
အလန့်တကြား အော်လိုက်သံထွက်လာ၏။

" ကိုယ့်ဆရာရေ ကျုပ်တော့မြွေ ကိုက်ပြီထင်တယ် "

"ဗျာ  ..ဘာဖြစ်လို့လဲ "

"ဒီမှာလေ ..ကျုပ်ကားပေါ် ဘယ်က ကောင်လေး ခိုးလိုက်လာလဲမသိဘူး၊ ရာသီဥတုက ဒီလောက်အေးနေတာကို လေဖြတ်သွားမှဖြင့်  "

ရေးညို့ထင် အလျှင်အမြန်ရှေ့တိုးကြည့်လိုက်မိသည်။   ကားနောက်ခန်း မိုးကာ ဘေးနေရာအလွတ်မှာ ပုံပုံလေး လှဲအိပ်နေတဲ့ ကောင်လေးကိုတွေ့လိုက်တော့ 
မျက်လုံး အစုံသည် ပြူးကျယ်၍ နာမည်တစ်ခုကို ထိတ်လန့်စွာရေရွတ်မိလိုက်၏။

ရွှေဘုံ! ...

ချစ်တဲ့အိမ်စည်။

( ဒီficက ထုံးစံအတိုင်း ချိုအီမွှေးပါ၊
နိုး ဒရမ်မာ .. မို့ အချိုကြိုက်သူများသာ ဖတ်ပါ။ )

Bạn đang đọc truyện trên: ZingTruyen.Xyz