ZingTruyen.Xyz

တသက်လုံးပျော်ချင်မောင့်ကိုချစ်ပါ(တသက္လံုးေပ်ာ္ခ်င္ေမာင့္ကိုခ်စ္ပါ)Completed

8

eainsi23

(စာစစ္မထား။)

ေမတၱာအိမ္ ဆိုတဲ့ အတိုင္း တကယ္ေမတၱာေတြ လႊမ္းၿခံဳ ေနတာ ေရႊဘံုပင္ခံစားလို႔ရေနသည္။
ေမတၱာအိမ္ ပိုင္ရွင္ ေဒၚယုၾကည္ သည္ အသက္ ၅၀ေက်ာ္အ႐ြယ္ရွိ အပ်ိဳ ႀကီးတစ္ဦးျဖစ္ၿပီး  ေရာက္လာတဲ့ ကေလးေတြ သားသမီးရင္းသဖြယ္ ျပဳစုေစာင့္ေရွာက္ေပးတာ မ်က္ျမင္ပင္။

အုပ္ထိန္းမူ႔ေကာင္းတာေၾကာင့္ အ႐ြယ္ေရာက္ေနတဲ့ ကေလးေတြကလည္း လိမ္မာၾက၏။ ကိုယ့္ေသြးသားရင္းခ်ာမဟုတ္ပဲ အတူေန ၊ အတူစား ျပဳစု ေပးဖို႔က
ခုေခတ္ႀကီးမွာ လြယ္ကူတဲ့အရာ မဟုတ္ေပ။
တစ္ဦးေမတၱာ တစ္ဦးမွာ ဆိုသလိုပဲ
ေရာက္လာၾကတဲ့ ကေလးေတြက
ေဒၚယုၾကည္ ကို မိခင္သဖြယ္ သက္မွတ္ၿပီး ရုိရုိေသေသ ေလးေလးစားစား
ဆက္ဆံၾကသည္မွာ ျကည္ႏူးဖို႔ေကာင္းေလာက္ေအာင္ပင္။ တခ်ိဳ ႕ဆို  မိဘအရင္းေတာင္မွရုိက္နွက္ ၾကတဲ့ သားဆိုးသမီးဆိုးေတြမွ ရွိတက္ၾကေသးတာပဲ။ ေသြးရင္းသားရင္းမဟုတ္ပဲ ခုလို သိတက္လိမ္မာ တဲ့ကေလးေတြေမြးထုတ္ေပးနိုင္တဲ့ ေဒၚယုၾကည္ကို ေ႐ႊဘံုကေတာ့ တကယ္ေလးစားပါသည္။

" ေပးေပး.. ကိုယ္သယ္ေပးမယ္"

ေဆာင္းတြင္းမို႔ေလ်ွာ္စရာအေႏြးထည္ေတြက အမ်ားသား။  ေပြ႕ထားေသာ အေႏြးထည္နွင့္ေဘာင္းဘီမ်ားကို ကိုထင္က လက္လြဲေျပာင္းယူၿပီး ေရွ႕ကေန ဦးေဆာင္၍ ေရကန္ရွိရာသို႔သြားေနတာမို႔
ေရႊဘံုလည္း ေနာက္ကေန အသာလိုက္ရေတာ့သည္။  ၿခံအက်ယ္ႀကီးမွာ သြပ္မိုး ထရံကာ အိမ္တစ္လံုးသာရွိၿပီး ထိုအိမ္ႀကီးထဲမွာပဲ   ေဒၚယုၾကည္နွင့္  ထမင္းခ်က္အမ်ိဳးသမီးႀကီးတစ္ေယာက္တို႔သည္ ကေလးမ်ားနွင့္အတူေရာေနွာကာေနၾကသည္။
အိမ္ႀကီး၏ ေဘးတြင္အမိုးရွိၿပီး ေဘး အကာမရွိေသာ မီးဖိုေဆာင္ေလးတစ္ေဆာင္ရွိၿပီး လူဆယ္ေယာက္ခန္႔ တန္းစီ ထိုင္စားနိုင္တဲ့ ခံုရွည္စားပြဲတန္း နွစ္တန္းလည္းရွိ၏။ 

" ပင္ပန္းေနလား "

ေရဇလားထဲ ေရေတြ တဗြမ္းဗြမ္းခပ္ထည့္ရင္း ေမးလာတာေၾကာင့္ ေခါင္းရမ္းျပလိုက္ရသည္။ တကယ္ပင္ပန္းတဲ့သူက ထိုသူကိုယ္တိုင္ပဲမို႔လား။ ေရာက္ကတည္းက
ပုဆိုးတိုတိုဝတ္၍ လုပ္လိုက္တဲ့ အလုပ္က သူ႔အိမ္၊ သူ႔ယာလိုပင္။

" မပင္ပန္းပါဘူး၊ ကြၽန္ေတာ္ေပ်ာ္ပါတယ္ "

" မင္း ကေလးခ်စ္တက္တယ္ေပါ့ "

ေရႊဘံု ေခါင္းညိမ့္ျပတာကို ဆပ္ျပာရည္ေဖ်ာ္ေနတာမို႔ျမင္ဟန္မတူ။

" ဟုတ္ ၊ ကြၽန္ေတာ္က တစ္ဦးတည္းေသာသားေလ။ ခုထိ အိမ္မွာဆို မာမီက ကေလးပိစိေလးထင္ေနတုန္းပဲ။ တစ္ခါတေလ ၊ ကြၽန္ေတာ္ ညီေလး ျဖစ္ျဖစ္ ညီမေလးျဖစ္ျဖစ္ တအားလိုခ်င္လို႔ ပူဆာရင္ မာမီက ကိုယ့္ဖာသာ ေမြးလို႔ေျပာတယ္။
အဲ့ဒါဘယ္လိုလုပ္ျဖစ္နိုင္မွာလဲ  "

ကေလးတစ္ေယာက္လို တိုင္တန္းလာတဲ့ပံုစံက ေရးညိဳ႕ထင္ နဲ႔ အၾကာႀကီး ခင္မင္လာဖူးတဲ့ သူလုိပင္ျဖစ္ေနသည္။ ဒီေကာင္ေလး စကားနည္းတာေရးညိဳ႕ထင္သိသည္။
ဒါ ပထမဦးဆံုး သူ႔အေပၚ ခင္ခင္မင္မင္ေျပာလာျခင္းျဖစ္တာမို႔ အလိုက္အထိုက္ ေခါင္းညိမ့္တုန္႔ျပန္မိသည္။

" ဘာလို႔မျဖစ္နိုင္ရမွာလဲကြ၊ မင္းမိန္းမ ယူရင္ ျဖစ္တာပဲ "

"မယူခ်င္ပါဘူး။ ကြၽန္ေတာ္ မိန္းမ ေတြကို မႀကိဳက္ဘူး "

"ထူးထူးဆန္းဆန္း "

ကေလးအဝတ္ေတြကို ဆပ္ျပာေရထဲထည့္စိမ္၍ ေရႊဘံုဆိုတဲ့ ေကာင္ေလးကို မသိမသာၾကည့္လိုက္လ်ွင္  သူ႔နဲ႔ အကြာအေဝးသိပ္မရွိတဲ့ေနရာမွာထိုင္ကာ လုပ္သမ်ွကို လိုက္ေငးေနတာကိုေတြ႕ရ၏။
ေစာင့္ေစာင့္ထိုင္ေနတာမို႔ ခပ္သြယ္သြယ္ေလးနွစ္ဖက္က ဒူးကိုပိုက္ထားတဲ့အေနအထားအတိုင္း။
အဝတ္ေလ်ာ္တာကို မျမင္ဖူးတဲ့အတိုင္း
ေငးၾကည့္ေနတာက  ၅နွစ္အ႐ြယ္ကေလးပိစိေလးလို ခ်စ္စရာေကာင္းလွ၏။။

" ကိုယ့္ကို ကူေလ်ာ္ေပးမလား "

" ကြၽန္ေတာ္ လုပ္လို႔ရလား "

"ဘာလို႔မရ မွာလဲ။ လက္ေတြ စိုကုန္မယ္ ။ အက်ၤ ီကို အေပၚထိဆြဲတင္၊  ၿပီးရင္ လာ ဒီမွာထိုင္"

မ်က္နွာခ်င္းဆိုင္ ေနရာကို မ်က္စ ပစ္၍ ျပလိုက္ေတာ့  ခ်က္ျခင္း ေရာက္လာ၏။
ဟူဒီ လက္ရွည္ေလးဝတ္ထားမို႔ တံေတာင္ေရာက္ေအာင္ ခိုင္းတဲ့အတိုင္းဆြဲတင္လိုက္ေသးသည္။ ၿပီးေနာက္ လက္ကေလးေတြက ဆပ္ျပာေရထဲ မဝင့္မရဲ လွမ္းနႈိက္လာ၏။

" ဒီလိုေလး ပြတ္ေပး။ ျဖည္းျဖည္းပဲ ..ေလာစရာမလိုဘူး ။ လက္ဖ်ားေတြနဲ႔ ဂုတ္စပ္ေတြက ပိုညစ္ပတ္တယ္။အဲ့ေနရာေတြ အဓိက ထားၿပီးပြတ္ "

ေရးညိဳ႕ထင္က သင္သည္။
ေရႊဘံု တျဖည္းျဖည္းေပ်ာ္လာသည္မို႔ ကေလး တစ္ေယာက္လို ေနာက္ကလိုက္လုပ္ေနမိသည္။
အဆံုးသတ္မွာ သူ႔လက္ေလးေတြ စပ္ဖ်င္းဖ်င္း ျဖစ္လာတာပင္။
ေရသစ္လဲ အဝတ္လွမ္းၿပီးသည္ထိ သူ႔လက္ကို သူမၾကည့္မိ။

" ေဟး... ဒီကိုလာ"

ေရႊဘံု လွည့္ၾကည့္ေတာ့ ေရခ်ိဳးကန္နားကေန လက္ယက္ေခၚသည္။
ခပ္သြက္သြက္ ေျပးသြားမိလ်ွင္
ထိုသူသည္ အေဝးကေနၿပံဳး ၾကည့္ေန၏။

" လက္ေတြ စပ္ေနလား "

ေရႊဘံုလက္ကေလးကို ဆြဲယူ၍
ေသခ်ာၾကည့္၏။ ငံု႔ၾကည့္ေနတာမို႔မ်က္ခံုးတန္းမဲမဲေတြက အထင္းသား ။ အေပၚစီးကေနမို႔  ေရႊဘံု ရွင္းလင္းစြာ ျမင္ေနရသည္ ။

" ကြၽတ္!  လာ..လာ လက္ေတြေရနဲ႔ေသခ်ာေဆး ။ ေဆးထည့္ေပးမယ္။ နာရင္နာတယ္ေျပာမွေပါ့ကြ။  ေယာက်ာ္းေလးလက္ကလည္း ႏုလိုက္တာလြန္ေရာပဲ။ "

"ကြၽန္ေတာ္ ခုမွ ပထမဦးဆံုးအဝတ္ေလ်ွာ္ဖူးလို႔ပါ။ ေနာက္ က် က်င့္သားရသြားပါလိမ့္မယ္။ "

ေရးညိဳ႕ထင္ သက္ျပင္းခ်ၿပီး
လက္ေတြကိုဆြဲကာသူကိုယ္တိုင္ပဲ ေသခ်ာေရနွင့္ေဆးေပးလိုက္သည္။
သူမ်ားသားသမီးကို သူေခၚနွိပ္စက္လိုက္သလိုမ်ားျဖစ္ေနလား ။ အဝတ္လွမ္းစဥ္
ေပါက္ၿပဲ ေနတဲ့ ဒဏ္ရာအနည္းငယ္ကိုေတြ႕ေတာ့ရင္ထဲမေကာင္းလွ။

" ေဆးထည့္ၿပီး ထမင္းစားရေအာင္ေနာ္။
ဗိုက္ဆာေနၿပီမို႔လား "

" ေနပါေစ ကြၽန္ေတာ္မဆာေသးပါ.."

ဂြီ ....

စကားေတာင္မဆံုးေသး "ဂြီ" ကနဲ ျမည္တြန္လာ၏။  ဗိုက္ကို အသာဖိ၍  ေရႊဘံု သူ႔မ်က္နွာရဲရဲကို ေခါင္းငံု႔ၿပီး ဘယ္သူမွမျမင္ေအာင္ဖြက္လိုက္္မိသည္။
မနက္ေစာေစာ အစာမစားတက္တဲ့ အက်င့္ ေၾကာင့္ သူေတာ့ ကိုထင္ေရွ႕မွာ အရွက္ေတြကြဲကုန္ပါၿပီေလ။ တကယ္ဆို အိမ္က မထြက္ခင္ကတည္းက တစ္ခုခုစားထားသင့္တယ္မို႔လား။ ျဖစ္ေနက် အေၾကာင့္အရာျဖစ္ေပမဲ့ ကိုထင္ ေရွ႕မို႔ ေရႊဘံုရွက္ရပါသည္။ 

" ေယာက်ာ္းပဲ ဆာရင္ ဆာတယ္ေပါ့။ ဘာရွက္စရာရွိလဲ "

"အာ့"

အဝတ္သန္႔တာနဲ႔ လက္ကို ေသခ်ာ သုတ္ေပးေနတာမို႔ အေရခြံလန္ေနတဲ့ ေနရာက အထိခိုက္္မခံစြာနာေလသည္။

" ခဏပါ ၊ စပ္မယ္ေနာ္ "

ေလာင္းခ်ခံလိုက္ရေသာအရက္ပ်ံနွင့္အတူ ေရႊဘံုလည္း မ်က္ရည္ေပါက္ေပါက္က်၏။

" စပ္တယ္ "

တိုးဖြဖြညည္းညဴ မိစဥ္ ေလေအးေအးက လက္ေပၚတဖ်တ္ဖ်တ္ေရာက္လာသည္။
တဆိတ္ ဒီလူ ေရႊဘံုကိုရင္ခုန္ေအာင္မ်ားလုပ္ေနသလား။
နိညိဳ ေသြးေရာင္ နႈတ္ခမ္းေတြကို စုလံုးလ်က္ ဂရုတစိုက္ ေလမႈတ္ေပးေနတဲ့ ေရးညိဳ႕ထင္ဆိုတဲ့လူ။
ဂရုစိုက္မူ ႔ဆိုတဲ့ အေၾကာင္းအရာက နွလံုးသားကို ျဖည္းျဖည္းပုတ္ေနသလို။

ေရႊဘံု အၾကည့္လြဲလိုက္သည္။
မ်က္ရည္က်ေနတာမို႔ အျမင္အာရုံက ေရေငြ႕နဲ႔ ဝါးေစသည္မို႔  မ်က္မွန္ကိုခြၽတ္၍ ေဆးမလိမ္းရေသးေသာ လက္ဖမိုးနဲ႔ သုတ္လိုက္၏။

"အရက္ပ်ံတို ႔ေဆးလိမ္းေပးတာကို ငိုေနရေအာင္ မင္းက ကေလးလားကြ "

"ကေလး မဟုတ္ရင္ ငိုလို႔မရဘူးလား"

ေရႊဘံုမင္းစံ ပီသစြာ ေဒါသသံလုံးဝမပါခဲ့ပါ။ သို႔တိုင္ သူမေက်နပ္ဖူးဆိုတာ မႈန္ကုတ္ကုတ္ရုပ္ေၾကာင့္ ဖုံးဖိမရေအာင္ ျမင္ေနနိုင္သည္။

ေရးညိဳ႕ထင္ ၿပံဳ း၍ မ်က္မွန္လြတ္ေသာ ရုပ္ကေလးကို ေသခ်ာၾကည့္ေနမိသည္။
ဒီေကာင္ေလးက မ်က္မွန္နဲ႔တုန္းကလည္း ခ်စ္စရာေလးဆိုေပမဲ့ မပါပဲေနေတာ့ မ်က္လံုးလဲ့လဲ့ေလးေတြက တကယ္ကို ၾကည့္လွတာပဲ။

" မင္း မ်က္လံုးေလးေတြက လွတယ္"

ေရႊဘံု " ...."

"အညိဳေရာင္ ေတာက္ေတာက္ ဖန္တံုးေလးေတြလိုပဲ ။ "

ေရးညိဳ႕ထင္ စကားဆံုးေတာ့ အသားျဖဴ သူမို႔  ေရႊဘံု ပါးေလးနွစ္ဖက္ နီေစြးသြားတာသိသိသာသာ။
အသာရယ္ေမာ၍ 
အတူထိုင္ေဆးထည့္ေပးေနတဲ့ ခံုရွည္ေလးေပၚကေနထလိုက္ၿပီးလ်ွင္

" တကယ္ေျပာတာ မင္း မ်က္လံုးေလးေတြက မိန္းကေလးေတြထက္ ပိုလွတယ္ " 

ရင္ခုန္သံစည္းခ်က္သည္  ေရႊဘံုရင္ထဲ တၿငိမ့္ၿငိမ့္ လႈပ္ခါေန၏ ။
ျပည့္အန္တက္လာေသာ ရွက္႐ြံ႕မူ ႔၊ေက်နပ္မူ႔ေတြက ေနာက္တစ္ႀကိမ္ လူတစ္ေယာက္ကို စိတ္ဝင္စားလာဖို႔  ျပင္ဆင္ေနသလို။  ဘယ္လိုလုပ္မလဲ ။ ေရႊဘံု ခ်စ္ရမွာ ေၾကာက္တယ္။

__________

အနီေရာင္ နွင့္ အျဖဴ ေရာင္ နွင္းဆီပန္းမ်ားက ေတာင္ဖက္ၿခံေထာင့္မွာ တစ္ခင္းလံုးအျပည့္။
စံပယ္ နွင့္  ျမတ္ေလးပန္းမ်ားက ၿခံစည္းရုိးနဲ႔ ကပ္ရပ္နားမွာ အတန္းလိုက္ ညီညီစီီစီစိုက္ထားသည္။

၁၃နွစ္ ၊ ၁၄နွစ္ အ႐ြယ္ ေကာင္ေလး မ်ားနွင့္ ေရးညိဳ႕ထင္က ေရပံုးျဖင့္ ေရျဖန္းေနၾကၿပီး ေကာင္မေလး တစ္ခ်ိဳ ႕ကေတာ့  ျမက္ႏႈတ္ ေပါင္းႏူတ္ လုပ္ေနၾကသည္။

" အေမ့သားသမီးေတြအတြက္ နွင္းဆီၿခံက ပညာေရးနဲ႔ က်န္းမာေရး စရိတ္ပဲ။
ၿခံထဲမွာ တျခား စိုက္ပ်ိဳးထားတဲ့ သီးပင္စားပင္ေတြရွိေသးတယ္။ အဲ့ဒါက စားဖို႔ အျပင္ ပိုလ်ံေသးေတာ့ ေခါင္း႐ြက္ ေစ်းသည္ကို ၃ရက္ျခား တခါ ခူးေရာင္ေပးလို႔ရေသးတယ္။  တစ္ေသာင္းခြဲ နွစ္ေသာင္းဆိုတဲ့ေငြက မမ်ားဘူးဆိုေပမဲ့ အေမတို႔အတြက္ေတာ့ ေလာက္ငွတယ္ေလ  ။ နွင္းဆီၿခံ ကထြက္တဲ့ ပန္းေတြကေတာ့  ေစ်းထဲက ပန္းသည္ကို ေဖာက္သည္ျပန္ေပးတယ္။ နွင္းဆီက အပြင့္ မျပတ္ေတာ့ ညေနတိုင္း ပန္းယူမဲ့ေစ်းသည္ ေလးေယာက္ေလာက္ကို
မ်ားမ်ားစားစား ေပးနိုင္တဲ့အထိ ဝင္ေငြရွိပါတယ္။ "

ေဒၚခင္ေလးၾကည္က ပန္းခင္းကို ေငးကာ
ေရႊဘံုကို ေသခ်ာရွင္းျပေပးေနသည္။
ေရႊဘံု တို႔ထမင္းစားၿပီးတဲ့အခ်ိန္သည္ မနက္ ဆယ္နာရီေလာက္သာ ရွိေသးသည္။
ခင္ရာေဆြမ်ိဳး ၊ ၿမိန္ရာဟင္းေကာင္းဆိုသလို  ကိုထင္ ပံုခူးလာေသာ ထမင္းဇလံုထဲမွာ ငန္ျပာရည္ေဖ်ာ္နွင့္ အတို႔အျမဳပ္ ၊ ငါးကေလးေၾကာ္အနည္းငယ္သာ။
သို႔ရာတြင္ စားေကာင္းလွတာေၾကာင့္ ခူးေပးတဲ့ တစ္လံုေမာက္ေမာက္သည္ တခဏအတြင္းကုန္ခဲ့သည္။ စားေသာက္ၿပီးစီးသည္နွင့္ ကိုထင္က ပန္းပင္ေရေလာင္းဖို႔
ေရပံုးဆြဲကာ ေရွ႕ကေန ခပ္ျမန္ျမန္သြားသည္။ ဒီေရာက္ေတာ့  ပန္းခင္းက မ်က္စိေရွ႕မွာ အံ့အားသင့္စရာ လႈိင္လႈိင္ ပြင့္လန္းေနတာ စိတ္ေပ်ာ္စရာအတိေပ။
ထိုပန္းခင္းထဲမွာ ကိုထင္က ကိုယ္တိုင္ ဥယ်ာဥ္မူးသဖြယ္ ေရပံုးထမ္း ဝင္သြားေသာ္ျငား ေရႊဘံုကိုေတာ့  လြတ္ရာမွာ ရပ္ေနေစခဲ့သည္။

" မဆိုးဘူးေနာ္ ၊ ေတာ္ေသးတာေပါ့
ကေလးေတြက ကူေဖာ္ေလာင္ဖက္ရေတာ့ အေမလည္း စိတ္ခ်မ္းသာရတယ္ "

"ကေလးေတြက လိမ္မာပါတယ္။
အႀကီးေကာင္ေလးေတြဆိုရင္ ဒီမွာ မေနၾကေတာ့ေပမဲ့ အေဝးကေန ရသမ်ွပိုက္ဆံ လွမ္းေထာက္ပံ့ေနတုန္း ။ အေမ ကေတာ့
အရင္လ ကတည္းက မယူေတာ့ဘူး။
အႀကီးဆံုးသားက  ၂၄နွစ္ရွိေနၿပီ ၊ ခုထိ စုေဆာင္းထားတာမရွိေသးေတာ့  အိမ္ေထာင္ျပဳရင္ခက္ခဲမွာ စိုးတယ္ေလ ။ အဲ့ဒါေၾကာင့္ ပိုက္ဆံစုဖို႔ ဖုန္းထဲမွာ အႀကိမ္ႀကိမ္ ေျပာေနရတယ္ "

ေဒၚယုၾကည္က ေျပာရင္း ရယ္၏။
သားကို သတိရသြားဟန္ျဖင့္ မ်က္လံုးထဲမွာ ခ်စ္ရိပ္ေတြ ပ်ံ့လာသည္ ။

" အဆင္ေျပသြားမွာပါ။ ကြၽန္ေတာ္ ျပန္ရင္ အေမ့ဖုန္းနံပါတ္ယူသြားမယ္ေနာ္။
ကြၽန္ေတာ္က သူငယ္ခ်င္းေတြနဲ႔ ပန္းအလွဆင္ဆိုင္ေလးဖြင့္ထားတယ္။ မဂၤလာေဆာင္ေတြမွာ အသံုးလိုရင္ အေမ့ ပန္းေတြကို မွာသံုးေပးပါ့မယ္။ တျခား လိုအပ္တာရွိရင္လည္း ကြၽန္ေတာ္ကိုေျပာပါ၊ အားနာစရာမလိုဘူး ၊ တက္နိုင္သမ်ွ ကြၽန္ေတာ္အကုန္ကူညီေပးမယ္ေနာ္  အေမ၊
ေနာက္လည္း ကိုထင္နဲ႔အတူ တစ္လ တစ္ခါ အလည္လာနိုင္ေအာင္ႀကိဳးစားမယ္ "

"သာဓုပါသားရယ္။ ငါ့သားက လိမ္မာလိုက္တာ ။ အေမ တို႔မွာ အခုေတာ့ လိုအပ္တာမရွိပါဘူး။ ကိုထင္က လတိုင္း ေထာက္ပံ့ေပးတဲ့ အျပင္ ၊ လိုအပ္တာမွန္သမ်ွ
သူပဲ ၾကည့္စီစဥ္ေပးတာ။ သူ႔ကိုအေမ ေမြးစားထားတာမဟုတ္ေပမဲ့ သူလည္းအေမ့သားျဖစ္ေနပါၿပီ "

ေဒၚယုျကည္အၾကည့္ေတြသည္
ကေလးေတြနဲ႔ အတူ ေအာ္ဟစ္ စကားေျပာရင္းေရျဖန္းေနတဲ့ ကိုထင့္ဆီေရာက္သြား၏။ အေမအၾကည့္ေတြရဲ႕လားရာကိုေရႊဘံုလည္းလိုက္ၾကည့္မိသည္။

ပန္းရနံ႔ေမႊးေမႊး နဲ႔အတူ ေလနွင္ရာ လြင့္လာတဲ့ လတ္ဆတ္ခ်ိဳၿမိန္ေသာ အၿပံဳးေတြ ၊ ရယ္ေမာသံေတြ ၊ ဘယ္ေလာက္ ေႏြးေထြးလိုက္လဲ။ အနီးစပ္ဆံုး အတူရွိခဲ့ဖူးေသာ
ကိုခန္႔၏ အၿပံဳးေတြကို ေရႊဘံု မၾကာခဏျမင္ဖူးခဲ့ေပမဲ့ ေအးခ်မ္းမူ႔ကို ရွာမေတြ႕ခဲ့ဖူးေပ။
ကိုခန္႔က  ပ်ိဳတိုင္းႀကိဳက္တဲ့ နွင္းဆီခိုင္ ျဖစ္တာမို႔  မိန္းမပ်ိဳ ေတြ စြဲလမ္းေအာင္
အထာေပး ၊ ၾကာအၾကည့္မ်ိဳး သူ႔မ်က္နွာမွာ
အၿမဲတေစရွိတက္ေပမဲ့ ကိုထင္ကေတာ့
ထိုသို႔္မရွိေခ်။

အစစ္အမွန္ဟုထင္ခဲ့စဥ္က ကိုခန္႔ ကို ေခ်ာသည္ဟု ထင္ခဲ့ဖူးေပမဲ့
ယခုမူ ကိုခန္႔သည္ ပူေလာင္သည္ဟု ထင္ေနျပန္သည္။
လူေတြရဲ႕ နွစ္သက္ျခင္းကို လိုက္၍ ခံစားခ်က္က ေျပာင္းတက္ၾကသလား ။
ခ်စ္ေနစဥ္က  အသံေလးကအစ
ရင္ခုန္ေစေသာ္ျငား  ခု ကိုခန္႔အသံၾကားရရင္  စိတ္ညစ္ေနရျပန္သည္။

ေရႊဘံု ေျပာင္းလဲေနေလၿပီ။

အခ်စ္က ထိုသို႔  မတည္ၿငိမ္နိုင္တဲ့အရာလား။

ဒါမွမဟုတ္ ေရႊဘံုေတြ႕ခဲ့တဲ့အခ်စ္က ထင္ေယာင္ထင္မွား အတုေယာင္လား။

အခ်စ္စစ္ကို ေတြ႕ခ်င္သည္ ။
ရူးမိုက္ေအာင္ ခ်စ္ၾကည့္ခ်င္သည္။
ထို႔အတြက္ ေရႊဘံု အခ်စ္နဲ႔ တိုက္တန္မဲ့သူက ဘယ္ဆီေရာက္ေနသလဲ ၊
ဘယ္သူ႔က ေရႊဘံု ဖူးစာရွင္ အမွန္လဲ။

________

၁၃ရက္ေန႔ ညေနခင္း ...

" ဆိုင္ကို စိတ္ခ်မယ္ေနာ္ ဒီရ  ။
မင္း ေကာင္မေလး လာလို႔ လိုက္သြားတယ္ၾကားရင္ ငါျပန္လာရင္ သမ ခံရမယ္မွတ္ "

ဒီရေမာင္  စိတ္မရွည္သလို ၾကည့္ၿပီး ကုိထင္ ကုတင္ေဘးက ခရီးေဆာင္အိတ္ကို
ဆြဲယူလိုက္သည္။
ခရီးထြက္ဖို႔အေရး ကိုထင္တို႔ ပြားခ်က္က တကယ္လက္လန္တယ္။

" အက္ေၾကာင္းထပ္ေနၿပီ ထင္ထင္ရာ ။
ဒီေလာက္ ေတာ့ ငါသိေသးပါတယ္ဟ ။
စိတ္ခ်လက္ခ် သြားပါ။ မင္းျပန္လာရင္သာ မင္းညီအတြက္ မုန္႔ဖိုးမ်ားမ်ားေပးဖို႔သတိရ "

" ဒါေတာ့ မင္း အေျခအေနေပၚၾကည့္ရမွာပဲ "

ဒီရေမာင္ စကားဆက္မဆိုေတာ့ေပ။
ေအာက္ထပ္ထိ အိတ္ဆြဲၿပီး လိုက္ပို႔လိုက္သည္။ ငွားထားတဲ့ ကားကအဆင္သင့္ မို႔ သူလည္း ၾကာၾကာနားမပူေတာ့။
ဒါေတာင္ ကားေပၚတက္သြားတဲ့အထိ ကိုထင္က မ်က္ေစာင္းခဲၾကည့္ေနတုန္းပင္။
မ်က္ခုန္းပင့္ကာ ေျပာင္စပ္စပ္ျပန္စ ေနခ်ိန္ ကားက တိုက္ခန္ေရွ႕ကေန ထြက္သြားၿပီးမို႔ အေဝးကေန လက္ျပရင္း ဒီရေမာင္ က်န္ခဲ့ရသည္။
ကိုထင္ ဒီတစ္ခါ ခရီးသြားတာ လဝက္ေလာက္ထိ ၾကာမည္။
အခန္းျပန္ေရာက္ေတာ့  တိတ္တိတ္ဆိတ္ဆိတ္ႀကီးျဖစ္ေနသည္။ မေနတက္တာမဟုတ္ေပမဲ့ ညီအကို အတူေနေနၾက ဆိုေတာ့ စိတ္ထဲပ်င္းရိပ်င္း႐ြဲ ျဖစ္သြားတာမ်ိဳးပင္။
ကိုထင္က စိတ္ေျပလက္ေပ်ာက္ ထိုသို႔ မၾကခဏခရီးထြက္တက္သည္။ ထြက္တိုင္း လည္း သူ႔မငတ္ေအာင္ေတာ့ ေရခဲေသတၱာထဲမွာ ခ်က္ျပဳတ္ေၾကာ္ေလွာ္ေပးတက္စၿမဲ။

ေရဘူး တစ္ဘူးကို ခပ္ေလးေလး   ထုတ္ရင္း
လြန္ခဲ့ေသာ ရက္မ်ားက  ေရႊဘံုဆိုတဲ့ ေကာင္ေလး အေၾကာင္း ေတြးမိကာ
ဒီရ ၿပံဳး ၿဖဲၿဖဲျဖစ္လာျပန္၏။
အဲ့ေန႔က အေရာက္ပို႔လိုက္ေသာ္ျငား
ခုတ္ရာတျခား ၊ ရွရာ တျခားျဖစ္လာသည္။

သို႔ေသာ္ အရွ ေကာင္းသြားသည္။ အေၾကာင္းမွာ
ကိုထင္ နဲ႔  ေရႊဘံုဆိုတဲ့ ေကာင္ေလးက
အရင္ကထက္ ရင္းနွီးလာၾကသလို
မၾကာခဏ ႏူတ္ဆက္ စကားေျပာ ေနတာကိုလည္း သိသိသာသာ ေတြ႕လာရတာျဖစ္သည္။

ဘယ္လိုလုပ္္မလဲ။

ကိုထင္က  အႀကိဳက္ေျပာင္းသြားမ်ိဳးဆိုရင္
ေရာ.....

ခ်စ္တဲ့အိမ္စည္။
 

(စာစစ်မထား။)

မေတ္တာအိမ် ဆိုတဲ့ အတိုင်း တကယ်မေတ္တာတွေ လွှမ်းခြုံ နေတာ ရွှေဘုံပင်ခံစားလို့ရနေသည်။
မေတ္တာအိမ် ပိုင်ရှင် ဒေါ်ယုကြည် သည် အသက် ၅၀ကျော်အရွယ်ရှိ အပျို ကြီးတစ်ဦးဖြစ်ပြီး  ရောက်လာတဲ့ ကလေးတွေ သားသမီးရင်းသဖွယ် ပြုစုစောင့်ရှောက်ပေးတာ မျက်မြင်ပင်။

အုပ်ထိန်းမူ့ကောင်းတာကြောင့် အရွယ်ရောက်နေတဲ့ ကလေးတွေကလည်း လိမ်မာကြ၏။ ကိုယ့်သွေးသားရင်းချာမဟုတ်ပဲ အတူနေ ၊ အတူစား ပြုစု ပေးဖို့က
ခုခေတ်ကြီးမှာ လွယ်ကူတဲ့အရာ မဟုတ်ပေ။
တစ်ဦးမေတ္တာ တစ်ဦးမှာ ဆိုသလိုပဲ
ရောက်လာကြတဲ့ ကလေးတွေက
ဒေါ်ယုကြည် ကို မိခင်သဖွယ် သက်မှတ်ပြီး ရိုရိုသေသေ လေးလေးစားစား
ဆက်ဆံကြသည်မှာ ကြည်နူးဖို့ကောင်းလောက်အောင်ပင်။ တချို့ ဆို  မိဘအရင်းတောင်မှရိုက်နှက် ကြတဲ့ သားဆိုးသမီးဆိုးတွေမှ ရှိတက်ကြသေးတာပဲ။ သွေးရင်းသားရင်းမဟုတ်ပဲ ခုလို သိတက်လိမ်မာ တဲ့ကလေးတွေမွေးထုတ်ပေးနိုင်တဲ့ ဒေါ်ယုကြည်ကို ရွှေဘုံကတော့ တကယ်လေးစားပါသည်။

" ပေးပေး.. ကိုယ်သယ်ပေးမယ်"

ဆောင်းတွင်းမို့လျှော်စရာအနွေးထည်တွေက အများသား။  ပွေ့ထားသော အနွေးထည်နှင့်ဘောင်းဘီများကို ကိုထင်က လက်လွဲပြောင်းယူပြီး ရှေ့ကနေ ဦးဆောင်၍ ရေကန်ရှိရာသို့သွားနေတာမို့
ရွှေဘုံလည်း နောက်ကနေ အသာလိုက်ရတော့သည်။  ခြံအကျယ်ကြီးမှာ သွပ်မိုး ထရံကာ အိမ်တစ်လုံးသာရှိပြီး ထိုအိမ်ကြီးထဲမှာပဲ   ဒေါ်ယုကြည်နှင့်  ထမင်းချက်အမျိုးသမီးကြီးတစ်ယောက်တို့သည် ကလေးများနှင့်အတူရောနှောကာနေကြသည်။
အိမ်ကြီး၏ ဘေးတွင်အမိုးရှိပြီး ဘေး အကာမရှိသော မီးဖိုဆောင်လေးတစ်ဆောင်ရှိပြီး လူဆယ်ယောက်ခန့် တန်းစီ ထိုင်စားနိုင်တဲ့ ခုံရှည်စားပွဲတန်း နှစ်တန်းလည်းရှိ၏။ 

" ပင်ပန်းနေလား "

ရေဇလားထဲ ရေတွေ တဗွမ်းဗွမ်းခပ်ထည့်ရင်း မေးလာတာကြောင့် ခေါင်းရမ်းပြလိုက်ရသည်။ တကယ်ပင်ပန်းတဲ့သူက ထိုသူကိုယ်တိုင်ပဲမို့လား။ ရောက်ကတည်းက
ပုဆိုးတိုတိုဝတ်၍ လုပ်လိုက်တဲ့ အလုပ်က သူ့အိမ်၊ သူ့ယာလိုပင်။

" မပင်ပန်းပါဘူး၊ ကျွန်တော်ပျော်ပါတယ် "

" မင်း ကလေးချစ်တက်တယ်ပေါ့ "

ရွှေဘုံ ခေါင်းညိမ့်ပြတာကို ဆပ်ပြာရည်ဖျော်နေတာမို့မြင်ဟန်မတူ။

" ဟုတ် ၊ ကျွန်တော်က တစ်ဦးတည်းသောသားလေ။ ခုထိ အိမ်မှာဆို မာမီက ကလေးပိစိလေးထင်နေတုန်းပဲ။ တစ်ခါတလေ ၊ ကျွန်တော် ညီလေး ဖြစ်ဖြစ် ညီမလေးဖြစ်ဖြစ် တအားလိုချင်လို့ ပူဆာရင် မာမီက ကိုယ့်ဖာသာ မွေးလို့ပြောတယ်။
အဲ့ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ  "

ကလေးတစ်ယောက်လို တိုင်တန်းလာတဲ့ပုံစံက ရေးညို့ထင် နဲ့ အကြာကြီး ခင်မင်လာဖူးတဲ့ သူလိုပင်ဖြစ်နေသည်။ ဒီကောင်လေး စကားနည်းတာရေးညို့ထင်သိသည်။
ဒါ ပထမဦးဆုံး သူ့အပေါ် ခင်ခင်မင်မင်ပြောလာခြင်းဖြစ်တာမို့ အလိုက်အထိုက် ခေါင်းညိမ့်တုန့်ပြန်မိသည်။

" ဘာလို့မဖြစ်နိုင်ရမှာလဲကွ၊ မင်းမိန်းမ ယူရင် ဖြစ်တာပဲ "

"မယူချင်ပါဘူး။ ကျွန်တော် မိန်းမ တွေကို မကြိုက်ဘူး "

"ထူးထူးဆန်းဆန်း "

ကလေးအဝတ်တွေကို ဆပ်ပြာရေထဲထည့်စိမ်၍ ရွှေဘုံဆိုတဲ့ ကောင်လေးကို မသိမသာကြည့်လိုက်လျှင်  သူ့နဲ့ အကွာအဝေးသိပ်မရှိတဲ့နေရာမှာထိုင်ကာ လုပ်သမျှကို လိုက်ငေးနေတာကိုတွေ့ရ၏။
စောင့်စောင့်ထိုင်နေတာမို့ ခပ်သွယ်သွယ်လေးနှစ်ဖက်က ဒူးကိုပိုက်ထားတဲ့အနေအထားအတိုင်း။
အဝတ်လျော်တာကို မမြင်ဖူးတဲ့အတိုင်း
ငေးကြည့်နေတာက  ၅နှစ်အရွယ်ကလေးပိစိလေးလို ချစ်စရာကောင်းလှ၏။။

" ကိုယ့်ကို ကူလျော်ပေးမလား "

" ကျွန်တော် လုပ်လို့ရလား "

"ဘာလို့မရ မှာလဲ။ လက်တွေ စိုကုန်မယ် ။ အင်္ကျီကို အပေါ်ထိဆွဲတင်၊  ပြီးရင် လာ ဒီမှာထိုင်"

မျက်နှာချင်းဆိုင် နေရာကို မျက်စ ပစ်၍ ပြလိုက်တော့  ချက်ခြင်း ရောက်လာ၏။
ဟူဒီ လက်ရှည်လေးဝတ်ထားမို့ တံတောင်ရောက်အောင် ခိုင်းတဲ့အတိုင်းဆွဲတင်လိုက်သေးသည်။ ပြီးနောက် လက်ကလေးတွေက ဆပ်ပြာရေထဲ မဝင့်မရဲ လှမ်းနှိုက်လာ၏။

" ဒီလိုလေး ပွတ်ပေး။ ဖြည်းဖြည်းပဲ ..လောစရာမလိုဘူး ။ လက်ဖျားတွေနဲ့ ဂုတ်စပ်တွေက ပိုညစ်ပတ်တယ်။အဲ့နေရာတွေ အဓိက ထားပြီးပွတ် "

ရေးညို့ထင်က သင်သည်။
ရွှေဘုံ တဖြည်းဖြည်းပျော်လာသည်မို့ ကလေး တစ်ယောက်လို နောက်ကလိုက်လုပ်နေမိသည်။
အဆုံးသတ်မှာ သူ့လက်လေးတွေ စပ်ဖျင်းဖျင်း ဖြစ်လာတာပင်။
ရေသစ်လဲ အဝတ်လှမ်းပြီးသည်ထိ သူ့လက်ကို သူမကြည့်မိ။

" ဟေး... ဒီကိုလာ"

ရွှေဘုံ လှည့်ကြည့်တော့ ရေချိုးကန်နားကနေ လက်ယက်ခေါ်သည်။
ခပ်သွက်သွက် ပြေးသွားမိလျှင်
ထိုသူသည် အဝေးကနေပြုံး ကြည့်နေ၏။

" လက်တွေ စပ်နေလား "

ရွှေဘုံလက်ကလေးကို ဆွဲယူ၍
သေချာကြည့်၏။ ငုံ့ကြည့်နေတာမို့မျက်ခုံးတန်းမဲမဲတွေက အထင်းသား ။ အပေါ်စီးကနေမို့  ရွှေဘုံ ရှင်းလင်းစွာ မြင်နေရသည် ။

" ကျွတ်!  လာ..လာ လက်တွေရေနဲ့သေချာဆေး ။ ဆေးထည့်ပေးမယ်။ နာရင်နာတယ်ပြောမှပေါ့ကွ။  ယောကျာ်းလေးလက်ကလည်း နုလိုက်တာလွန်ရောပဲ။ "

"ကျွန်တော် ခုမှ ပထမဦးဆုံးအဝတ်လျှော်ဖူးလို့ပါ။ နောက် ကျ ကျင့်သားရသွားပါလိမ့်မယ်။ "

ရေးညို့ထင် သက်ပြင်းချပြီး
လက်တွေကိုဆွဲကာသူကိုယ်တိုင်ပဲ သေချာရေနှင့်ဆေးပေးလိုက်သည်။
သူများသားသမီးကို သူခေါ်နှိပ်စက်လိုက်သလိုများဖြစ်နေလား ။ အဝတ်လှမ်းစဉ်
ပေါက်ပြဲ နေတဲ့ ဒဏ်ရာအနည်းငယ်ကိုတွေ့တော့ရင်ထဲမကောင်းလှ။

" ဆေးထည့်ပြီး ထမင်းစားရအောင်နော်။
ဗိုက်ဆာနေပြီမို့လား "

" နေပါစေ ကျွန်တော်မဆာသေးပါ.."

ဂွီ ....

စကားတောင်မဆုံးသေး "ဂွီ" ကနဲ မြည်တွန်လာ၏။  ဗိုက်ကို အသာဖိ၍  ရွှေဘုံ သူ့မျက်နှာရဲရဲကို ခေါင်းငုံ့ပြီး ဘယ်သူမှမမြင်အောင်ဖွက်လိုက်မိသည်။
မနက်စောစော အစာမစားတက်တဲ့ အကျင့် ကြောင့် သူတော့ ကိုထင်ရှေ့မှာ အရှက်တွေကွဲကုန်ပါပြီလေ။ တကယ်ဆို အိမ်က မထွက်ခင်ကတည်းက တစ်ခုခုစားထားသင့်တယ်မို့လား။ ဖြစ်နေကျ အကြောင့်အရာဖြစ်ပေမဲ့ ကိုထင် ရှေ့မို့ ရွှေဘုံရှက်ရပါသည်။ 

" ယောကျာ်းပဲ ဆာရင် ဆာတယ်ပေါ့။ ဘာရှက်စရာရှိလဲ "

"အာ့"

အဝတ်သန့်တာနဲ့ လက်ကို သေချာ သုတ်ပေးနေတာမို့ အရေခွံလန်နေတဲ့ နေရာက အထိခိုက်မခံစွာနာလေသည်။

" ခဏပါ ၊ စပ်မယ်နော် "

လောင်းချခံလိုက်ရသောအရက်ပျံနှင့်အတူ ရွှေဘုံလည်း မျက်ရည်ပေါက်ပေါက်ကျ၏။

" စပ်တယ် "

တိုးဖွဖွညည်းညူ မိစဉ် လေအေးအေးက လက်ပေါ်တဖျတ်ဖျတ်ရောက်လာသည်။
တဆိတ် ဒီလူ ရွှေဘုံကိုရင်ခုန်အောင်များလုပ်နေသလား။
နိညို သွေးရောင် နှုတ်ခမ်းတွေကို စုလုံးလျက် ဂရုတစိုက် လေမှုတ်ပေးနေတဲ့ ရေးညို့ထင်ဆိုတဲ့လူ။
ဂရုစိုက်မူ့ ဆိုတဲ့ အကြောင်းအရာက နှလုံးသားကို ဖြည်းဖြည်းပုတ်နေသလို။

ရွှေဘုံ အကြည့်လွဲလိုက်သည်။
မျက်ရည်ကျနေတာမို့ အမြင်အာရုံက ရေငွေ့နဲ့ ဝါးစေသည်မို့  မျက်မှန်ကိုချွတ်၍ ဆေးမလိမ်းရသေးသော လက်ဖမိုးနဲ့ သုတ်လိုက်၏။

"အရက်ပျံတို့ ဆေးလိမ်းပေးတာကို ငိုနေရအောင် မင်းက ကလေးလားကွ "

"ကလေး မဟုတ်ရင် ငိုလို့မရဘူးလား"

ရွှေဘုံမင်းစံ ပီသစွာ ဒေါသသံလုံးဝမပါခဲ့ပါ။ သို့တိုင် သူမကျေနပ်ဖူးဆိုတာ မှုန်ကုတ်ကုတ်ရုပ်ကြောင့် ဖုံးဖိမရအောင် မြင်နေနိုင်သည်။

ရေးညို့ထင် ပြုံး၍ မျက်မှန်လွတ်သော ရုပ်ကလေးကို သေချာကြည့်နေမိသည်။
ဒီကောင်လေးက မျက်မှန်နဲ့တုန်းကလည်း ချစ်စရာလေးဆိုပေမဲ့ မပါပဲနေတော့ မျက်လုံးလဲ့လဲ့လေးတွေက တကယ်ကို ကြည့်လှတာပဲ။

" မင်း မျက်လုံးလေးတွေက လှတယ်"

ရွှေဘုံ " ...."

"အညိုရောင် တောက်တောက် ဖန်တုံးလေးတွေလိုပဲ ။ "

ရေးညို့ထင် စကားဆုံးတော့ အသားဖြူ သူမို့  ရွှေဘုံ ပါးလေးနှစ်ဖက် နီစွေးသွားတာသိသိသာသာ။
အသာရယ်မော၍ 
အတူထိုင်ဆေးထည့်ပေးနေတဲ့ ခုံရှည်လေးပေါ်ကနေထလိုက်ပြီးလျှင်

" တကယ်ပြောတာ မင်း မျက်လုံးလေးတွေက မိန်းကလေးတွေထက် ပိုလှတယ် " 

ရင်ခုန်သံစည်းချက်သည်  ရွှေဘုံရင်ထဲ တငြိမ့်ငြိမ့် လှုပ်ခါနေ၏ ။
ပြည့်အန်တက်လာသော ရှက်ရွံ့မူ့ ၊ကျေနပ်မူ့တွေက နောက်တစ်ကြိမ် လူတစ်ယောက်ကို စိတ်ဝင်စားလာဖို့  ပြင်ဆင်နေသလို။  ဘယ်လိုလုပ်မလဲ ။ ရွှေဘုံ ချစ်ရမှာ ကြောက်တယ်။

__________

အနီရောင် နှင့် အဖြူ ရောင် နှင်းဆီပန်းများက တောင်ဖက်ခြံထောင့်မှာ တစ်ခင်းလုံးအပြည့်။
စံပယ် နှင့်  မြတ်လေးပန်းများက ခြံစည်းရိုးနဲ့ ကပ်ရပ်နားမှာ အတန်းလိုက် ညီညီစီစီစိုက်ထားသည်။

၁၃နှစ် ၊ ၁၄နှစ် အရွယ် ကောင်လေး များနှင့် ရေးညို့ထင်က ရေပုံးဖြင့် ရေဖြန်းနေကြပြီး ကောင်မလေး တစ်ချို့ ကတော့  မြက်နှုတ် ပေါင်းနူတ် လုပ်နေကြသည်။

" အမေ့သားသမီးတွေအတွက် နှင်းဆီခြံက ပညာရေးနဲ့ ကျန်းမာရေး စရိတ်ပဲ။
ခြံထဲမှာ တခြား စိုက်ပျိုးထားတဲ့ သီးပင်စားပင်တွေရှိသေးတယ်။ အဲ့ဒါက စားဖို့ အပြင် ပိုလျံသေးတော့ ခေါင်းရွက် ဈေးသည်ကို ၃ရက်ခြား တခါ ခူးရောင်ပေးလို့ရသေးတယ်။  တစ်သောင်းခွဲ နှစ်သောင်းဆိုတဲ့ငွေက မများဘူးဆိုပေမဲ့ အမေတို့အတွက်တော့ လောက်ငှတယ်လေ  ။ နှင်းဆီခြံ ကထွက်တဲ့ ပန်းတွေကတော့  ဈေးထဲက ပန်းသည်ကို ဖောက်သည်ပြန်ပေးတယ်။ နှင်းဆီက အပွင့် မပြတ်တော့ ညနေတိုင်း ပန်းယူမဲ့ဈေးသည် လေးယောက်လောက်ကို
များများစားစား ပေးနိုင်တဲ့အထိ ဝင်ငွေရှိပါတယ်။ "

ဒေါ်ခင်လေးကြည်က ပန်းခင်းကို ငေးကာ
ရွှေဘုံကို သေချာရှင်းပြပေးနေသည်။
ရွှေဘုံ တို့ထမင်းစားပြီးတဲ့အချိန်သည် မနက် ဆယ်နာရီလောက်သာ ရှိသေးသည်။
ခင်ရာဆွေမျိုး ၊ မြိန်ရာဟင်းကောင်းဆိုသလို  ကိုထင် ပုံခူးလာသော ထမင်းဇလုံထဲမှာ ငန်ပြာရည်ဖျော်နှင့် အတို့အမြုပ် ၊ ငါးကလေးကြော်အနည်းငယ်သာ။
သို့ရာတွင် စားကောင်းလှတာကြောင့် ခူးပေးတဲ့ တစ်လုံမောက်မောက်သည် တခဏအတွင်းကုန်ခဲ့သည်။ စားသောက်ပြီးစီးသည်နှင့် ကိုထင်က ပန်းပင်ရေလောင်းဖို့
ရေပုံးဆွဲကာ ရှေ့ကနေ ခပ်မြန်မြန်သွားသည်။ ဒီရောက်တော့  ပန်းခင်းက မျက်စိရှေ့မှာ အံ့အားသင့်စရာ လှိုင်လှိုင် ပွင့်လန်းနေတာ စိတ်ပျော်စရာအတိပေ။
ထိုပန်းခင်းထဲမှာ ကိုထင်က ကိုယ်တိုင် ဥယျာဉ်မူးသဖွယ် ရေပုံးထမ်း ဝင်သွားသော်ငြား ရွှေဘုံကိုတော့  လွတ်ရာမှာ ရပ်နေစေခဲ့သည်။

" မဆိုးဘူးနော် ၊ တော်သေးတာပေါ့
ကလေးတွေက ကူဖော်လောင်ဖက်ရတော့ အမေလည်း စိတ်ချမ်းသာရတယ် "

"ကလေးတွေက လိမ်မာပါတယ်။
အကြီးကောင်လေးတွေဆိုရင် ဒီမှာ မနေကြတော့ပေမဲ့ အဝေးကနေ ရသမျှပိုက်ဆံ လှမ်းထောက်ပံ့နေတုန်း ။ အမေ ကတော့
အရင်လ ကတည်းက မယူတော့ဘူး။
အကြီးဆုံးသားက  ၂၄နှစ်ရှိနေပြီ ၊ ခုထိ စုဆောင်းထားတာမရှိသေးတော့  အိမ်ထောင်ပြုရင်ခက်ခဲမှာ စိုးတယ်လေ ။ အဲ့ဒါကြောင့် ပိုက်ဆံစုဖို့ ဖုန်းထဲမှာ အကြိမ်ကြိမ် ပြောနေရတယ် "

ဒေါ်ယုကြည်က ပြောရင်း ရယ်၏။
သားကို သတိရသွားဟန်ဖြင့် မျက်လုံးထဲမှာ ချစ်ရိပ်တွေ ပျံ့လာသည် ။

" အဆင်ပြေသွားမှာပါ။ ကျွန်တော် ပြန်ရင် အမေ့ဖုန်းနံပါတ်ယူသွားမယ်နော်။
ကျွန်တော်က သူငယ်ချင်းတွေနဲ့ ပန်းအလှဆင်ဆိုင်လေးဖွင့်ထားတယ်။ မင်္ဂလာဆောင်တွေမှာ အသုံးလိုရင် အမေ့ ပန်းတွေကို မှာသုံးပေးပါ့မယ်။ တခြား လိုအပ်တာရှိရင်လည်း ကျွန်တော်ကိုပြောပါ၊ အားနာစရာမလိုဘူး ၊ တက်နိုင်သမျှ ကျွန်တော်အကုန်ကူညီပေးမယ်နော်  အမေ၊
နောက်လည်း ကိုထင်နဲ့အတူ တစ်လ တစ်ခါ အလည်လာနိုင်အောင်ကြိုးစားမယ် "

"သာဓုပါသားရယ်။ ငါ့သားက လိမ်မာလိုက်တာ ။ အမေ တို့မှာ အခုတော့ လိုအပ်တာမရှိပါဘူး။ ကိုထင်က လတိုင်း ထောက်ပံ့ပေးတဲ့ အပြင် ၊ လိုအပ်တာမှန်သမျှ
သူပဲ ကြည့်စီစဉ်ပေးတာ။ သူ့ကိုအမေ မွေးစားထားတာမဟုတ်ပေမဲ့ သူလည်းအမေ့သားဖြစ်နေပါပြီ "

ဒေါ်ယုကြည်အကြည့်တွေသည်
ကလေးတွေနဲ့ အတူ အော်ဟစ် စကားပြောရင်းရေဖြန်းနေတဲ့ ကိုထင့်ဆီရောက်သွား၏။ အမေအကြည့်တွေရဲ့လားရာကိုရွှေဘုံလည်းလိုက်ကြည့်မိသည်။

ပန်းရနံ့မွှေးမွှေး နဲ့အတူ လေနှင်ရာ လွင့်လာတဲ့ လတ်ဆတ်ချိုမြိန်သော အပြုံးတွေ ၊ ရယ်မောသံတွေ ၊ ဘယ်လောက် နွေးထွေးလိုက်လဲ။ အနီးစပ်ဆုံး အတူရှိခဲ့ဖူးသော
ကိုခန့်၏ အပြုံးတွေကို ရွှေဘုံ မကြာခဏမြင်ဖူးခဲ့ပေမဲ့ အေးချမ်းမူ့ကို ရှာမတွေ့ခဲ့ဖူးပေ။
ကိုခန့်က  ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်တာမို့  မိန်းမပျို တွေ စွဲလမ်းအောင်
အထာပေး ၊ ကြာအကြည့်မျိုး သူ့မျက်နှာမှာ
အမြဲတစေရှိတက်ပေမဲ့ ကိုထင်ကတော့
ထိုသို့်မရှိချေ။

အစစ်အမှန်ဟုထင်ခဲ့စဉ်က ကိုခန့် ကို ချောသည်ဟု ထင်ခဲ့ဖူးပေမဲ့
ယခုမူ ကိုခန့်သည် ပူလောင်သည်ဟု ထင်နေပြန်သည်။
လူတွေရဲ့ နှစ်သက်ခြင်းကို လိုက်၍ ခံစားချက်က ပြောင်းတက်ကြသလား ။
ချစ်နေစဉ်က  အသံလေးကအစ
ရင်ခုန်စေသော်ငြား  ခု ကိုခန့်အသံကြားရရင်  စိတ်ညစ်နေရပြန်သည်။

ရွှေဘုံ ပြောင်းလဲနေလေပြီ။

အချစ်က ထိုသို့  မတည်ငြိမ်နိုင်တဲ့အရာလား။

ဒါမှမဟုတ် ရွှေဘုံတွေ့ခဲ့တဲ့အချစ်က ထင်ယောင်ထင်မှား အတုယောင်လား။

အချစ်စစ်ကို တွေ့ချင်သည် ။
ရူးမိုက်အောင် ချစ်ကြည့်ချင်သည်။
ထို့အတွက် ရွှေဘုံ အချစ်နဲ့ တိုက်တန်မဲ့သူက ဘယ်ဆီရောက်နေသလဲ ၊
ဘယ်သူ့က ရွှေဘုံ ဖူးစာရှင် အမှန်လဲ။

________

၁၃ရက်နေ့ ညနေခင်း ...

" ဆိုင်ကို စိတ်ချမယ်နော် ဒီရ  ။
မင်း ကောင်မလေး လာလို့ လိုက်သွားတယ်ကြားရင် ငါပြန်လာရင် သမ ခံရမယ်မှတ် "

ဒီရမောင်  စိတ်မရှည်သလို ကြည့်ပြီး ကိုထင် ကုတင်ဘေးက ခရီးဆောင်အိတ်ကို
ဆွဲယူလိုက်သည်။
ခရီးထွက်ဖို့အရေး ကိုထင်တို့ ပွားချက်က တကယ်လက်လန်တယ်။

" အက်ကြောင်းထပ်နေပြီ ထင်ထင်ရာ ။
ဒီလောက် တော့ ငါသိသေးပါတယ်ဟ ။
စိတ်ချလက်ချ သွားပါ။ မင်းပြန်လာရင်သာ မင်းညီအတွက် မုန့်ဖိုးများများပေးဖို့သတိရ "

" ဒါတော့ မင်း အခြေအနေပေါ်ကြည့်ရမှာပဲ "

ဒီရမောင် စကားဆက်မဆိုတော့ပေ။
အောက်ထပ်ထိ အိတ်ဆွဲပြီး လိုက်ပို့လိုက်သည်။ ငှားထားတဲ့ ကားကအဆင်သင့် မို့ သူလည်း ကြာကြာနားမပူတော့။
ဒါတောင် ကားပေါ်တက်သွားတဲ့အထိ ကိုထင်က မျက်စောင်းခဲကြည့်နေတုန်းပင်။
မျက်ခုန်းပင့်ကာ ပြောင်စပ်စပ်ပြန်စ နေချိန် ကားက တိုက်ခန်ရှေ့ကနေ ထွက်သွားပြီးမို့ အဝေးကနေ လက်ပြရင်း ဒီရမောင် ကျန်ခဲ့ရသည်။
ကိုထင် ဒီတစ်ခါ ခရီးသွားတာ လဝက်လောက်ထိ ကြာမည်။
အခန်းပြန်ရောက်တော့  တိတ်တိတ်ဆိတ်ဆိတ်ကြီးဖြစ်နေသည်။ မနေတက်တာမဟုတ်ပေမဲ့ ညီအကို အတူနေနေကြ ဆိုတော့ စိတ်ထဲပျင်းရိပျင်းရွဲ ဖြစ်သွားတာမျိုးပင်။
ကိုထင်က စိတ်ပြေလက်ပျောက် ထိုသို့ မကြခဏခရီးထွက်တက်သည်။ ထွက်တိုင်း လည်း သူ့မငတ်အောင်တော့ ရေခဲသေတ္တာထဲမှာ ချက်ပြုတ်ကြော်လှော်ပေးတက်စမြဲ။

ရေဘူး တစ်ဘူးကို ခပ်လေးလေး   ထုတ်ရင်း
လွန်ခဲ့သော ရက်များက  ရွှေဘုံဆိုတဲ့ ကောင်လေး အကြောင်း တွေးမိကာ
ဒီရ ပြုံး ဖြဲဖြဲဖြစ်လာပြန်၏။
အဲ့နေ့က အရောက်ပို့လိုက်သော်ငြား
ခုတ်ရာတခြား ၊ ရှရာ တခြားဖြစ်လာသည်။

သို့သော် အရှ ကောင်းသွားသည်။ အကြောင်းမှာ
ကိုထင် နဲ့  ရွှေဘုံဆိုတဲ့ ကောင်လေးက
အရင်ကထက် ရင်းနှီးလာကြသလို
မကြာခဏ နူတ်ဆက် စကားပြော နေတာကိုလည်း သိသိသာသာ တွေ့လာရတာဖြစ်သည်။

ဘယ်လိုလုပ်မလဲ။

ကိုထင်က  အကြိုက်ပြောင်းသွားမျိုးဆိုရင်
ရော.....

ချစ်တဲ့အိမ်စည်။
 

Bạn đang đọc truyện trên: ZingTruyen.Xyz