တသက်လုံးပျော်ချင်မောင့်ကိုချစ်ပါ(တသက္လံုးေပ်ာ္ခ်င္ေမာင့္ကိုခ်စ္ပါ)Completed
7
မနက္ ၆ နာရီထိုးေလၿပီ။
ေဆာင္းမနက္ခင္းမို႔ ညတာရွည္၍ အလင္းမၾကည္ေသးေပ။
ထိုအခ်ိန္မွာ ေစာေစာထ ၍ အိမ္အျပင္ လမ္းေပၚေရာက္ေနရလိမ့္မည္ဟု
ေရႊဘံု တစ္ခါမွ မေမ်ွာ္လင့္ခဲ့ဘူးေပ။
ေရႊဘံု သည္ အိပ္ေရးမက္တဲ့ ကေလးတစ္ေယာက္ျဖစ္သည္။
မနက္ေစာေစာ အခ်ိန္သည္ ၁၀တန္းေက်ာင္းသားဘဝ တုန္းကသာ စာထ က်က္ဖူးခဲ့တာျဖစ္ၿပီး အိမ္အျပင္ေတာ့ ထိုအခ်ိန္မထြင္ဖူးခဲ့။
ၾကည္ႏူးတို႔ေက်းဇူးေၾကာင့္ ဆိုင္ေရွ႕ေရာက္လာၿပီ ျဖစ္ေသာ္ျငား ထိုေကာင္္မေလးေတြကေတာ့ေရာက္ရွိမလာခဲ့ပါ။
" လူႀကီးမင္းေခၚဆိုေသာ ဖုန္းမွာ စက္သြယ္မူ႔ဧရိယာ အျပင္ဖက္သို႔ ေရာက္ရွိ"
ေအာ္ပေရတာ မိန္းကေလး အသံကိုပင္ဆံုးေအာင္နားမေထာင္ေတာ့ပဲ ဖုန္းကိုခ်လိုက္သည္။
ထို႔ေနာက္ မလွမ္းမကမ္းမွာ ရပ္ေနတဲ့
အမ်ိဳးသားကို မဝင့္မရဲခိုးၾကည့္၍
အားနာစြာဆိုလိုက္သည္။
"ဟို...ဖုန္းဆက္လို႔မရဘူး ျဖစ္ေနတယ္"
" ရပါတယ္။ ဆက္မရရင္ ဆက္မေနနဲ႔ေတာ့။ မင္းေကာ ကိုယ္နဲ႔ ဆက္လိုက္ခ်င္စိတ္ရွိရဲ႕လား။ အကယ္၍ လိုက္ဖို႔ အဆင္္မေျပရင္လည္း ကိုယ့္ကိုအားနာဖို႔မလိုဘူးေနာ္"
ေရးညိဳ႕ထင္လည္း ထိုေကာင္ေလး စိတ္သက္သာရေအာင္ ေျပာလိုက္ေပမဲ့ ကိုယ္တိုင္လည္း အားနာေနရသည္။
သြားဖို႔ ျပင္ဆင္ခဲ့တုန္းက တစ္ဆိုင္လံုးအဖြဲ႕လိုက္ပင္။ သိူ႔ေသာ္ ဒီရေမာင္ အပို႔ေကာင္းမူ႔ေၾကာင့္ သူလည္း ဒီေနရာကို တစ္ေယာက္ထဲသာ ေရာက္လာရသည္။ အေၾကာင္းမွာ ဒီရေမာင္ သည္ သူ႔အား ပန္းဆိုင္က ေကာင္မေလးမ်ားျဖင့္ အဆင္ေျပေစရန္အေရာက္ပို႔လိုက္ျခင္းျဖစ္ေပမဲ့ ကံေကာင္းစြာ ေရႊဘံု ဆိုတဲ့ေကာင္ေလးသာ ေရာက္လာခဲ့သည္။
ဝန္ထမ္းေကာင္ေလးေတြလည္း ေရာက္မလာျခင္းအားျဖင့္ ဒီရေမာင္ ဖုန္းဆက္လိုက္တာပဲျဖစ္ရမည္။
" ဒီထိေရာက္လာၿပီးမွေတာ့ ဆက္လိုက္ခဲ့ေတာ့မယ္ေလ။ ဟို..ခင္ဗ်ား ေခၚလို႔ရတယ္မို႔လား "
မဝင့္မရဲ မ်က္လံုးေလးေတြက မ်က္မွန္ေအာက္မွာေတာင္ သလင္းခဲေလးလို ၾကည္ေတာက္ေတာက္ရယ္။
ေယာက်ာ္းေလးခ်င္းမို႔ အတူသြားရလည္း ဘာျဖစ္တာမွတ္လို႔လဲဟုေတြး၍
ခပ္ျမန္ျမန္ေခါင္းညိမ့္ျပကာ ေရွ႕ကားတံခါးကိုဖြင့္ေပးလိုက္သည္။
" ေက်းဇူးပါဗ် "
" ရပါတယ္။"
ထိုမ်ွသာ ေျပာ၍ ကားကိုေရွ႕က ပတ္ၿပီး ေမာင္းသူ ေနရာကိုထိုင္လိုက္သည္။
ယခု ေရးညိဳ႕ထင္ေမာင္းလာတဲ့ကားသည္
သူငွားလာျဖစ္သည္။
ကိုယ္ပိုင္ကားမရွိလို႔ တစ္ခါေတာင္ ေရးညိဳ႕ထင္ စိတ္္မညစ္ခဲ့ဖူးေပ။
ဝယ္နိုင္ရင္ေတာင္ မဝယ္ဖို႔ဆံုးျဖတ္ထားသည္။
ကားဆီဖိုး ကို နွေျမာ၏။
ဟိုနားဒီနားသြားရင္ ၂၀၀ ၊ ၃၀၀ ေပးစီးေရာက္သည္မို႔ အပိုကုန္ေတြ သူစိတ္မဝင္စားေခ်။
" ကိုယ့္ညီ က ဝန္ထမ္းေကာင္ေလး တစ္ေယာက္ ေဆးရုံတက္ေနရလို႔ အကူညီေပးရေအာင္ ေနခဲ့တာ။ အစကေတာ့ ဆိုင္က ေကာင္ေလးေတြ အကုန္လံုး လိုက္ဖို႔ပဲ။ က်န္းမာေရးဆိုေတာ့လည္း ကူေဖာ္ေလာင္ဖက္ရေအာင္ အကုန္ေနခဲ့ၾကတာ "
ေရးညိဳ႕ထင္ အမွန္နဲ႔ မုသားအနည္းအက်ဥ္းေရာေနွာ၍ ရွင္းျပလိုက္သည္။
ေဆးရုံတက္ရတဲ့ ေကာင္ေလးေတာ့ရွိသည္။ ဒါေပမဲ့ ဒီရေမာင္က ဖုန္းဆက္သတင္းေမးရုံသာ ရွိၿပီး စိုးရိမ္စရာ ေရာဂါမဟုတ္လို႔ လူကိုယ္တိုင္ေတာ့မသြားေပ။
ေကာင္ေလးက လိမ္လိမ္မာမာေခါင္းညိမ့္ျပလာသည္။ ေရးညိဳ႕ထင္ စိတ္ထဲေက်နပ္ သြားသလို ျဖစ္သြားတာမို႔ ကားေမာင္းရင္းလွည့္ၿပံဳးျပလိုက္၏။
" မင္းနာမည္ ေရႊဘံု လို႔ေခၚသံၾကားသလားလို႔ "
ကားတစ္စီးလံုးမွ နွစ္ေယာက္ထဲသာ ရွိသည္မို႔ စကားမေျပာရင္ တိတ္ဆိတ္မူ႔က သိသိသာသာ။
ေနရမခက္ေအာင္ စကားစ လိုက္ေသာ္ျငား ေကာင္ေလးဖက္က " ဟုတ္"
ဟူ၍ ေခါင္းၿငိမ့္ျပလာသည္မွ အပ ထပ္မဆိုလာေတာ့ေပ။
ကိုယ့္ထက္ေတာင္ ပိုအေနေအး ၊ စကားနည္းရသလား ဟုေတြးမိၿပီး ၿပံဳးရင္းေခါင္းရမ္းလိုက္ေလသည္။
တခါတေလ သူငယ္ခ်င္းသံုးေယာက္အတူတကြ စကားေျပာေနတဲ့ အခ်ိန္ဆိုရင္ေတာင္ ဒီေကာင္ေလးက ၿငိမ္ၿငိမ္ေလးထိုင္ေနတာကိုသာေတြ႕ရၿပီး မည္သည့္အခါမွ ရယ္ေမာမူ ႔၊ ထူးထူးျခားျခား သက္ဝင္လႈပ္ရွားမူ႔ ဟူၿပီးေတြ႕ရတာမ်ိဳး မရွိ။
တကယ့္အရုပ္ကေလးအတိုင္းပင္။
ကားသည္တေ႐ြ႕ေ႐ြ႕ သြားေနသည္။
တိတ္ဆိတ္တဲ့ ေလထုကို ေျပေပ်ာက္ေအာင္ ေရးညိဳ႕ထင္ သီခ်င္းဖြင့္လိုက္၏။
🎶နွလံုးသားထဲယံုၾကည္ေနခ်င္ပါတယ္
အခ်စ္စစ္တို႔ဘယ္ေတာ့မွမေျပာင္းလဲနဲ႔ေနာ္
ရင္ထဲက စိတ္မခ်စ္ဘူး ကံၾကမၼာကို မယံုရဲဘူး 🎶
တီးလံုးသံ တၿငိမ့္ၿငိမ့္နဲ႔အတူ
အမ်ိဳးသမီးအသံ ေအးေအး ထြက္လာ၏။
"ခိုင္ၿမဲေသာအခ်စ္ " သီခ်င္းသည္ ဘယ္ေသာအခါမွ မရုိးသြားတဲ့သီခ်င္းျဖစ္သည္။
ဆယ္ေက်ာ္သက္အ႐ြယ္က ထိုသီခ်င္းေၾကာင့္ မဂၤလာေဆာင္ခ်င္စိတ္ေပါက္ဖူး၏။
ေတြးၾကည့္ရင္ ရယ္ခ်င္စရာပင္။
တီလံုးသံခပ္ျမဴ းျမဴ းက ေခတ္နွင့္အညီ ျပန္ဆိုထားဟန္။ဘယ္သူျပန္ဆိုထားတာလည္း ေတာ့ေရးညိဳ႕ထင္ မသိေပ။ အသံကေတာ့ အေတာ္ေလးေအးၿငိမ့္ညင္သာ၏။
သူဟာ သီခ်င္း နားေထာင္တက္ေပမဲ့
အဆိုေတာ္အသစ္ေတြရဲ႕ နာမည္ေတြကို အလံုးစံု မွတ္မိေလ့မရွိေပ။
ဒီေနရာမွာ ဒီရေမာင္ကေတာ့ အေတာ္ေလး ေတာ္ေပသည္။
အရင္ေခတ္က ေခတ္ေဟာင္းသီခ်င္းမ်ား အပါအဝင္ ခုေခတ္သီခ်င္းမ်ားရဲ႕အဆိုရွင္မ်ားကို အကုန္သိေလသည္။
ေရးညိဳ႕ထင္ကေတာ့ ဂေရဟမ္၊ ခင္ေမာင္တိုး ၊ စိုင္းထီးဆိုင္၊စိုင္းဆိုင္ေမာ့ဝ္ ၊ ေလးျဖဴ ၊ အငဲ စသည့္ သူတို႔ငယ္႐ြယ္စဥ္က ေခတ္စားခဲ့တဲ့ အဆိုေတာ္ေတြကိုသာ မွတ္မိသည္။
🎶ေဝးရမယ္ဆိုတဲ့ အေတြးမေတြးမခ်င္ဘူးသိပ္ခ်စ္ရတဲ့ ေမ ယံုၾကည္ေနေစခ်င္တယ္
ေရႊရင္ကို ပူတဲ့ အေတြးမ်ားေဘးကို ေဘးကိုဖယ္
ခိုင္ၿမဲေသာ အခ်စ္တို႔နဲ႔ ၾကည္ျဖဴစြာျမတ္နိုးခဲ့
မင္းအနားမွာထာဝရ ရွိခ်င္တယ္🎶
သီခ်င္းနွင့္အတူ ေရးညိဳ႕ထင္လည္းခပ္တိုးတိုး လိုက္ဆိုမိသည္။
🎶အႏၲရာယ္ေတြလည္းမမူ႔ေတာ့ပါ
ခ်စ္သူရဲ႕အရိပ္ေအာက္မွာ
သာယာေအးျမလို႔ လံုၿခံဳေႏြးေထြးသြား
ရင္ခုန္ေစေသာ အနမ္းမ်ားဟာ
တို႔ဘဝရဲ႕အားအင္မ်ား
ဒီကမၻာေျမအဆံုးထိအတူတူခ်စ္သြားမွာပါ🎶
ကားေမာင္းရင္း သီခ်င္းညည္းေနတဲ့ ကိုထင္ဆိုတဲ့ အမ်ိဳးသားကို ေရႊဘံု မသိမသာခိုးၾကည့္လိုက္သည္။
အေၾကာစိမ္းေတြ ယွက္ျဖာေနတဲ့ လက္ဖ်ံ
ေတြက ကားကို က်င္လည္စြာ ေမာင္းနွင္ေန၏။ မိုးျပာေရာင္ေဖ်ာ့ေဖ်ာ့ ခ်ည္ပိတ္သားကို လက္ေခါက္ၿပီး ကြက္စိတ္ပုဆိုးအနက္ျဖင့္တြဲ ဝတ္ဆင္ထားတာမို႔ ရုိးရွင္း၍ ၾကည္ေအးေစတဲ့အျမင္ကိုေပးသည္။
အနက္ေရာင္သားေရႀကိဳး ျဖင့္ ေလးေထာင့္ဒိုင္ခြက္ႀကီးႀကီးနာရီသည္ တန္ဖိုးႀကီးဟန္မတူ။
သို႔ေသာ္ ကိုထင္နဲ႔ျဖင့္ လိုက္ဖက္လွေလသည္။
အမ်ိဳးသားေတြကားေမာင္းၾကတာ
မထူးဆန္းေပမဲ့ ဒီလူကေတာ့ ထူးထူးျခားျခား ၾကည့္ေကာင္းေနသည္ဟု ေရႊဘံုထင္သည္။
ကိုခန္႔ တြဲစဥ္အခါက ေဘးမွာ ယခုလို အတူလိုက္စီးဘူးေပမဲ့ ဒီလို ေကာင္းမြန္တဲ့ ေယာက်ာ္းဆန္ျခင္းေတြက ကိုထင္လို ထင္ရွားမေနေပ။
ရုပ္ရည္က် ကိုခန္႔က ပိုေခ်ာေပမဲ့ကိုထင္ကေတာ့
ေယာက်ာ္ဆန္ၿပီး အေနတည္တန္႔သည္။
အၿပံဳး အရယ္ စကားေျပာပံုက
ေနရထိုင္ရ ပိုသက္ေတာင့္သက္သာရွိသည္။
" မင္းမွာ ရည္းစားရွိလား "
ခိုးၾကည့္ေနတဲ့ အၾကည့္ေတြကို ေရႊဘံု ရွက္ရွက္ျဖင့္ျပန္သိမ္းကာ ေခါင္းငံု လိုက္၏။
ထို႔ေနာက္ တိုးဖြၿပီး ကိုထင္လံုေလာက္စြာၾကားနိုင္တဲ့ အသံျဖင့္ ...
" လြန္ခဲ့တဲ့ တစ္လ ေက်ာ္ေလာက္ကေတာ့ရွိပါတယ္။ "
"ဒါဆို ခုမရွိေတာ့ဘူးေပါ့ "
"အင္း..အေၾကာင္းမတိုက္ဆိုင္လို႔လမ္းခြဲခဲ့တာ "
မီးပြိဳင့္တစ္ခုမွာ ကားက ရပ္တန္႔သြား၏ အနီ ေရာင္ မီးလံုးေလးကို လွမ္းၾကည့္ရင္း
ေရးညိဳ႕ထင္ သက္ျပင္းခ်လိုက္သည္။
ထို႔ေနာက္
" မိန္းမေတြ မေကာင္းဘူး မို႔လား"
ေရႊဘံု ဆတ္ခနဲေမာ့ၾကည့္၍ အနည္းငယ္႐ြဲ႕ေနေသာ မ်က္မွန္ကိုပင့္လိုက္သည္။
" ကြၽန္ေတာ္မသိဘူး "
ဟုတ္သည္ ။ မိန္းမေတြ ေကာင္းမေကာင္းေရႊဘံု တကယ္မသိေပ။
ေရႊဘံု သိတာေတာ့ ေယာက်ာ္းေတြ မေကာင္းဘူးဆိုတာပင္ျဖစ္သည္။
ထိုသူသည္ ေရႊဘံု စကားကို ၾကားသည့္ပံုမေပၚပဲ တစ္ေယာက္ထဲ ေျပာေနသည့္အတိုင္း
" ကိုယ္ ငယ္ငယ္က ေမေမနဲ႔ တူတဲ့ မိန္းကေလးတစ္ေယာက္ လိုခ်င္ခဲ့ဖူးတယ္။
ကိုယ္ပိုင္မိသားစု ရွိလာခဲ့ရင္
အိမ္ေထာင္ဦးစီေကာင္း ျဖစ္ေအာင္ႀကိဳးစားမယ္ဆိုတဲ့ စိတ္ကူးက ကိုယ့္အိမ္မက္ပဲ ။ကိုယ့္အမ်ိဳးသမီး ကိုေသခ်ာဂရုစိုက္ေပးမယ္။ ၿပီးေတာ့ တသက္လံုး စိတ္ခ်မ္းသာေအာင္ထားမယ္ ၊အဲ့လို စိတ္ကူးယဥ္ခဲ့ဖူးတယ္။ ဒါေပမဲ့ ကိုယ့္အိမ္မက္ေတြရုိက္ခ်ိဳးပစ္ခံလိုက္ရတယ္"
မီးသည္ နီရာမွ စိမ္းသြား၏။
ကားသည္တေ႐ြ႕ေ႐ြ႕ ျပန္ ေမာင္းလာသည္။ ကိုထင္သည္ စကားဆက္မေျပာေတာ့ေပ။
တိတ္ဆိတ္စြာကားေမာင္းေနတဲ့ ေရးညိဳ႕ထင္ဆိုတဲ့ လူရဲ႕အေတြးေတြထဲမွာ ဘာေတြရွိေနမလဲ ေရႊဘံုသိခ်င္မိသည္။
" ခင္ဗ်ား ခ်စ္ရမွာေၾကာက္ေနတာလား "
ေရႊဘံု တိုးတိုးေလးေမးသည္။
လွည့္မၾကည့္ေသာ္ျငားထိုသူ ၿပံဳးလိုက္တာကိုေဘးကေနျမင္ေနရသည္။
" ဟင့္အင္..ကိုယ္မေၾကာက္ပါဘူး ။
မင္းေရာ ေၾကာက္ေနလား "
"ကြၽန္ေတာ္လည္း မေၾကာက္ပါဘူး။
ကြၽန္ေတာ္အခ်စ္ နဲ႔ ထိုက္တန္တဲ့သူ ရွိဦးမွာ ေသခ်ာတယ္။ မေကာင္းတဲ့ သူတစ္ေယာက္အတြက္နဲ႔ ကိုယ္နွလံုးသားကိုဒဏ္ခတ္ပိတ္ပင္ရေအာင္ သူက အဲ့ေလာက္ အဆင့္မရွိဘူး "
စကားဆံုးေတာ့ ထိုသူသည္ အသံထြက္ေအာင္ရယ္လိုက္တာကိုေတြ႕ရသည္။
ထို႔ေနာက္ " မင္းက ျခေသၤ့ေပါက္ေလးနဲ႔တူတယ္" ဟူ၍ စေနာက္လာသည္။
ေရႊဘံု ရွက္သြား၏။
ဂုတ္ပိုးေတြကို ပြတ္ရင္း ကားျပတင္းေပါက္ဖက္ကိုလွည့္ကာ ပတ္ဝန္းက်င္ကိုပဲ ၿငိမ္သက္စြာၾကည့္ေနမိသည္။
မၾကာခင္အခ်ိန္ အတြင္းမွာ
ေမတၱာအိမ္ ဆိုတဲ့ ဆိုင္းပုဒ္ ခ်ိတ္ထားေသာ ပိတ္ထားတဲ့ ၿခံတံခါးေရွ႕မွာရပ္သြားသည္။
" ေရာက္ၿပီ ။ ဒီမွာ မိဘမဲ့ ကေလးအေယာက္ ၂၀ေက်ာ္ရွိတယ္။ အသက္အငယ္ဆံုးကေလးက ၂နွစ္ေက်ာ္ ၊ က်န္တာကေတာ့ အလယ္တန္း ၊ အထက္တန္းတက္ေနတဲ့သူေတြမ်ားတယ္။ ေနရာက နည္းနည္းေခါင္ေတာ့ အလွဴ ရွင္ဆိုၿပီး တန္းတန္းမတ္မတ္ေရာက္မလာၾကဘူး။ စားဝတ္ေနေရးအတြက္ ပန္းစိုက္တယ္။ အသီးအနွံစိုက္တယ္။ ၿပီးေတာ့ ေက်ာင္းၿပီးသြားတဲ့ ကေလး ၃ေယာက္က တက္နိုင္သေလာက္ေထာက္ပံ့ေပးတယ္"
ၿခံတံခါးကို ကေလး တစ္ေယာက္က ေျပး၍ လာဖြင့္သည္။
ေရးညိဳ႕ထင္ ကားကို ဆက္ေမာင္းလာခဲ့ရင္း ကားျပတင္းကေန ၿခံတံခါးကို ျပန္ပိတ္ရန္ ရပ္ေစာင့္ေပးေနတဲ့ ၁၂နွစ္အ႐ြယ္ကေလးကို လက္ျပ၍ နႈတ္ဆက္လိုက္ေသးသည္။ ထို႔ေနာက္ ေရႊဘံုထံ လွည့္၍
" ကိုယ္ ဒီကို တစ္လ တစ္ေခါက္ေရာက္ေအာင္လာေလ့ရွိတယ္။ "
ထိုစဥ္မွာပင္...
" ထင္ထင္လာၿပီေဟးးး "
စကားစသည္ ျပတ္သြား၏။
အ႐ြယ္အစားမတူညီတဲ့ ကေလး ေတြသည္ ထရံကာ အေဆာက္ဦးထဲမွေျပးထြက္လာၾကသည္။
ေရးညိဳ႕ထင္သည္ ၿပံဳးရယ္လိုက္ရင္းကားေပၚမွဆင္းသြား၏။
ကေလးမ်ားက ေရးညိဳ႕ထင္၏ လက္နွင့္ ေျခေထာက္တို႔ကို အလြတ္မေပးေတာ့ေပ။
ဝိုင္းဝန္းတြယ္တက္၍ တစ္လနီးပါး မေျပာခဲ့ရေသာ စကားမ်ားကို ကြၽတ္ကြၽတ္ညံေအာင္ ေျပာေလေတာ့သည္။
" ထင္ထင္ ..သမီး မေန႔ကဗိုက္ေအာင့္လို႔ အစာေၾကေဆးေသာက္ရတယ္"
"ဟုတ္လား ..ေျပာပါအံုး သမီးတုန္ေလး ဘာလို႔ေနမေကာင္းရတာလဲ "
"ဟီး ..သမီး ေမေမႀကီး မသိေအာင္ ထမင္းေတြ အမ်ားႀကီးစားလိုက္လို႔ေလ "
ဝတုတ္တုတ္ ကေလးမက သူမ ဗိုက္ကေလးကို ပြတ္၍ ဆိုသည္။ ကိုထင္ ဟာ တကယ္ ေဖာ္ေ႐ြ ႏုညံ့တဲ့ အမ်ိဳးသားဆိုတာ
ဒီမနက္ခင္းၿပံဳးတဲ့ အၿပံဳးေတြက သက္ေသျပေနသည္။ ေနေရာင္ျခည္ ေႏြးေႏြးေအာက္မွာ အသက္၃၀နီးပါး ေယာက်ာ္းတစ္ေယာက္ဟာ ကေလး ေတြနဲ႔အတူ လွပစြာၿပံဳးေန၏။
ထိုအၿပံဳးကို လိုက္လံေငးေမာေနတဲ့ မ်က္ဝန္လွလွေလး တစ္စံု ရွိတယ္ဆိုတာ ကိုေတာ့...ေရးညိဳ႕ထင္သိမည္မထင္။
ခ်စ္တဲ့အိမ္စည္။
မနက် ၆ နာရီထိုးလေပြီ။
ဆောင်းမနက်ခင်းမို့ ညတာရှည်၍ အလင်းမကြည်သေးပေ။
ထိုအချိန်မှာ စောစောထ ၍ အိမ်အပြင် လမ်းပေါ်ရောက်နေရလိမ့်မည်ဟု
ရွှေဘုံ တစ်ခါမှ မမျှော်လင့်ခဲ့ဘူးပေ။
ရွှေဘုံ သည် အိပ်ရေးမက်တဲ့ ကလေးတစ်ယောက်ဖြစ်သည်။
မနက်စောစော အချိန်သည် ၁၀တန်းကျောင်းသားဘဝ တုန်းကသာ စာထ ကျက်ဖူးခဲ့တာဖြစ်ပြီး အိမ်အပြင်တော့ ထိုအချိန်မထွင်ဖူးခဲ့။
ကြည်နူးတို့ကျေးဇူးကြောင့် ဆိုင်ရှေ့ရောက်လာပြီ ဖြစ်သော်ငြား ထိုကောင်မလေးတွေကတော့ရောက်ရှိမလာခဲ့ပါ။
" လူကြီးမင်းခေါ်ဆိုသော ဖုန်းမှာ စက်သွယ်မူ့ဧရိယာ အပြင်ဖက်သို့ ရောက်ရှိ"
အော်ပရေတာ မိန်းကလေး အသံကိုပင်ဆုံးအောင်နားမထောင်တော့ပဲ ဖုန်းကိုချလိုက်သည်။
ထို့နောက် မလှမ်းမကမ်းမှာ ရပ်နေတဲ့
အမျိုးသားကို မဝင့်မရဲခိုးကြည့်၍
အားနာစွာဆိုလိုက်သည်။
"ဟို...ဖုန်းဆက်လို့မရဘူး ဖြစ်နေတယ်"
" ရပါတယ်။ ဆက်မရရင် ဆက်မနေနဲ့တော့။ မင်းကော ကိုယ်နဲ့ ဆက်လိုက်ချင်စိတ်ရှိရဲ့လား။ အကယ်၍ လိုက်ဖို့ အဆင်မပြေရင်လည်း ကိုယ့်ကိုအားနာဖို့မလိုဘူးနော်"
ရေးညို့ထင်လည်း ထိုကောင်လေး စိတ်သက်သာရအောင် ပြောလိုက်ပေမဲ့ ကိုယ်တိုင်လည်း အားနာနေရသည်။
သွားဖို့ ပြင်ဆင်ခဲ့တုန်းက တစ်ဆိုင်လုံးအဖွဲ့လိုက်ပင်။ သိူ့သော် ဒီရမောင် အပို့ကောင်းမူ့ကြောင့် သူလည်း ဒီနေရာကို တစ်ယောက်ထဲသာ ရောက်လာရသည်။ အကြောင်းမှာ ဒီရမောင် သည် သူ့အား ပန်းဆိုင်က ကောင်မလေးများဖြင့် အဆင်ပြေစေရန်အရောက်ပို့လိုက်ခြင်းဖြစ်ပေမဲ့ ကံကောင်းစွာ ရွှေဘုံ ဆိုတဲ့ကောင်လေးသာ ရောက်လာခဲ့သည်။
ဝန်ထမ်းကောင်လေးတွေလည်း ရောက်မလာခြင်းအားဖြင့် ဒီရမောင် ဖုန်းဆက်လိုက်တာပဲဖြစ်ရမည်။
" ဒီထိရောက်လာပြီးမှတော့ ဆက်လိုက်ခဲ့တော့မယ်လေ။ ဟို..ခင်ဗျား ခေါ်လို့ရတယ်မို့လား "
မဝင့်မရဲ မျက်လုံးလေးတွေက မျက်မှန်အောက်မှာတောင် သလင်းခဲလေးလို ကြည်တောက်တောက်ရယ်။
ယောကျာ်းလေးချင်းမို့ အတူသွားရလည်း ဘာဖြစ်တာမှတ်လို့လဲဟုတွေး၍
ခပ်မြန်မြန်ခေါင်းညိမ့်ပြကာ ရှေ့ကားတံခါးကိုဖွင့်ပေးလိုက်သည်။
" ကျေးဇူးပါဗျ "
" ရပါတယ်။"
ထိုမျှသာ ပြော၍ ကားကိုရှေ့က ပတ်ပြီး မောင်းသူ နေရာကိုထိုင်လိုက်သည်။
ယခု ရေးညို့ထင်မောင်းလာတဲ့ကားသည်
သူငှားလာဖြစ်သည်။
ကိုယ်ပိုင်ကားမရှိလို့ တစ်ခါတောင် ရေးညို့ထင် စိတ်မညစ်ခဲ့ဖူးပေ။
ဝယ်နိုင်ရင်တောင် မဝယ်ဖို့ဆုံးဖြတ်ထားသည်။
ကားဆီဖိုး ကို နှမြော၏။
ဟိုနားဒီနားသွားရင် ၂၀၀ ၊ ၃၀၀ ပေးစီးရောက်သည်မို့ အပိုကုန်တွေ သူစိတ်မဝင်စားချေ။
" ကိုယ့်ညီ က ဝန်ထမ်းကောင်လေး တစ်ယောက် ဆေးရုံတက်နေရလို့ အကူညီပေးရအောင် နေခဲ့တာ။ အစကတော့ ဆိုင်က ကောင်လေးတွေ အကုန်လုံး လိုက်ဖို့ပဲ။ ကျန်းမာရေးဆိုတော့လည်း ကူဖော်လောင်ဖက်ရအောင် အကုန်နေခဲ့ကြတာ "
ရေးညို့ထင် အမှန်နဲ့ မုသားအနည်းအကျဉ်းရောနှော၍ ရှင်းပြလိုက်သည်။
ဆေးရုံတက်ရတဲ့ ကောင်လေးတော့ရှိသည်။ ဒါပေမဲ့ ဒီရမောင်က ဖုန်းဆက်သတင်းမေးရုံသာ ရှိပြီး စိုးရိမ်စရာ ရောဂါမဟုတ်လို့ လူကိုယ်တိုင်တော့မသွားပေ။
ကောင်လေးက လိမ်လိမ်မာမာခေါင်းညိမ့်ပြလာသည်။ ရေးညို့ထင် စိတ်ထဲကျေနပ် သွားသလို ဖြစ်သွားတာမို့ ကားမောင်းရင်းလှည့်ပြုံးပြလိုက်၏။
" မင်းနာမည် ရွှေဘုံ လို့ခေါ်သံကြားသလားလို့ "
ကားတစ်စီးလုံးမှ နှစ်ယောက်ထဲသာ ရှိသည်မို့ စကားမပြောရင် တိတ်ဆိတ်မူ့က သိသိသာသာ။
နေရမခက်အောင် စကားစ လိုက်သော်ငြား ကောင်လေးဖက်က " ဟုတ်"
ဟူ၍ ခေါင်းငြိမ့်ပြလာသည်မှ အပ ထပ်မဆိုလာတော့ပေ။
ကိုယ့်ထက်တောင် ပိုအနေအေး ၊ စကားနည်းရသလား ဟုတွေးမိပြီး ပြုံးရင်းခေါင်းရမ်းလိုက်လေသည်။
တခါတလေ သူငယ်ချင်းသုံးယောက်အတူတကွ စကားပြောနေတဲ့ အချိန်ဆိုရင်တောင် ဒီကောင်လေးက ငြိမ်ငြိမ်လေးထိုင်နေတာကိုသာတွေ့ရပြီး မည်သည့်အခါမှ ရယ်မောမူ့ ၊ ထူးထူးခြားခြား သက်ဝင်လှုပ်ရှားမူ့ ဟူပြီးတွေ့ရတာမျိုး မရှိ။
တကယ့်အရုပ်ကလေးအတိုင်းပင်။
ကားသည်တရွေ့ရွေ့ သွားနေသည်။
တိတ်ဆိတ်တဲ့ လေထုကို ပြေပျောက်အောင် ရေးညို့ထင် သီချင်းဖွင့်လိုက်၏။
🎶နှလုံးသားထဲယုံကြည်နေချင်ပါတယ်
အချစ်စစ်တို့ဘယ်တော့မှမပြောင်းလဲနဲ့နော်
ရင်ထဲက စိတ်မချစ်ဘူး ကံကြမ္မာကို မယုံရဲဘူး 🎶
တီးလုံးသံ တငြိမ့်ငြိမ့်နဲ့အတူ
အမျိုးသမီးအသံ အေးအေး ထွက်လာ၏။
"ခိုင်မြဲသောအချစ် " သီချင်းသည် ဘယ်သောအခါမှ မရိုးသွားတဲ့သီချင်းဖြစ်သည်။
ဆယ်ကျော်သက်အရွယ်က ထိုသီချင်းကြောင့် မင်္ဂလာဆောင်ချင်စိတ်ပေါက်ဖူး၏။
တွေးကြည့်ရင် ရယ်ချင်စရာပင်။
တီလုံးသံခပ်မြူးမြူးက ခေတ်နှင့်အညီ ပြန်ဆိုထားဟန်။ဘယ်သူပြန်ဆိုထားတာလည်း တော့ရေးညို့ထင် မသိပေ။ အသံကတော့ အတော်လေးအေးငြိမ့်ညင်သာ၏။
သူဟာ သီချင်း နားထောင်တက်ပေမဲ့
အဆိုတော်အသစ်တွေရဲ့ နာမည်တွေကို အလုံးစုံ မှတ်မိလေ့မရှိပေ။
ဒီနေရာမှာ ဒီရမောင်ကတော့ အတော်လေး တော်ပေသည်။
အရင်ခေတ်က ခေတ်ဟောင်းသီချင်းများ အပါအဝင် ခုခေတ်သီချင်းများရဲ့အဆိုရှင်များကို အကုန်သိလေသည်။
ရေးညို့ထင်ကတော့ ဂရေဟမ်၊ ခင်မောင်တိုး ၊ စိုင်းထီးဆိုင်၊စိုင်းဆိုင်မော့ဝ် ၊ လေးဖြူ ၊ အငဲ စသည့် သူတို့ငယ်ရွယ်စဉ်က ခေတ်စားခဲ့တဲ့ အဆိုတော်တွေကိုသာ မှတ်မိသည်။
🎶ဝေးရမယ်ဆိုတဲ့ အတွေးမတွေးမချင်ဘူးသိပ်ချစ်ရတဲ့ မေ ယုံကြည်နေစေချင်တယ်
ရွှေရင်ကို ပူတဲ့ အတွေးများဘေးကို ဘေးကိုဖယ်
ခိုင်မြဲသော အချစ်တို့နဲ့ ကြည်ဖြူစွာမြတ်နိုးခဲ့
မင်းအနားမှာထာဝရ ရှိချင်တယ်🎶
သီချင်းနှင့်အတူ ရေးညို့ထင်လည်းခပ်တိုးတိုး လိုက်ဆိုမိသည်။
🎶အန္တရာယ်တွေလည်းမမူ့တော့ပါ
ချစ်သူရဲ့အရိပ်အောက်မှာ
သာယာအေးမြလို့ လုံခြုံနွေးထွေးသွား
ရင်ခုန်စေသော အနမ်းများဟာ
တို့ဘဝရဲ့အားအင်များ
ဒီကမ္ဘာမြေအဆုံးထိအတူတူချစ်သွားမှာပါ🎶
ကားမောင်းရင်း သီချင်းညည်းနေတဲ့ ကိုထင်ဆိုတဲ့ အမျိုးသားကို ရွှေဘုံ မသိမသာခိုးကြည့်လိုက်သည်။
အကြောစိမ်းတွေ ယှက်ဖြာနေတဲ့ လက်ဖျံ
တွေက ကားကို ကျင်လည်စွာ မောင်းနှင်နေ၏။ မိုးပြာရောင်ဖျော့ဖျော့ ချည်ပိတ်သားကို လက်ခေါက်ပြီး ကွက်စိတ်ပုဆိုးအနက်ဖြင့်တွဲ ဝတ်ဆင်ထားတာမို့ ရိုးရှင်း၍ ကြည်အေးစေတဲ့အမြင်ကိုပေးသည်။
အနက်ရောင်သားရေကြိုး ဖြင့် လေးထောင့်ဒိုင်ခွက်ကြီးကြီးနာရီသည် တန်ဖိုးကြီးဟန်မတူ။
သို့သော် ကိုထင်နဲ့ဖြင့် လိုက်ဖက်လှလေသည်။
အမျိုးသားတွေကားမောင်းကြတာ
မထူးဆန်းပေမဲ့ ဒီလူကတော့ ထူးထူးခြားခြား ကြည့်ကောင်းနေသည်ဟု ရွှေဘုံထင်သည်။
ကိုခန့် တွဲစဉ်အခါက ဘေးမှာ ယခုလို အတူလိုက်စီးဘူးပေမဲ့ ဒီလို ကောင်းမွန်တဲ့ ယောကျာ်းဆန်ခြင်းတွေက ကိုထင်လို ထင်ရှားမနေပေ။
ရုပ်ရည်ကျ ကိုခန့်က ပိုချောပေမဲ့ကိုထင်ကတော့
ယောကျာ်ဆန်ပြီး အနေတည်တန့်သည်။
အပြုံး အရယ် စကားပြောပုံက
နေရထိုင်ရ ပိုသက်တောင့်သက်သာရှိသည်။
" မင်းမှာ ရည်းစားရှိလား "
ခိုးကြည့်နေတဲ့ အကြည့်တွေကို ရွှေဘုံ ရှက်ရှက်ဖြင့်ပြန်သိမ်းကာ ခေါင်းငုံ လိုက်၏။
ထို့နောက် တိုးဖွပြီး ကိုထင်လုံလောက်စွာကြားနိုင်တဲ့ အသံဖြင့် ...
" လွန်ခဲ့တဲ့ တစ်လ ကျော်လောက်ကတော့ရှိပါတယ်။ "
"ဒါဆို ခုမရှိတော့ဘူးပေါ့ "
"အင်း..အကြောင်းမတိုက်ဆိုင်လို့လမ်းခွဲခဲ့တာ "
မီးပွိုင့်တစ်ခုမှာ ကားက ရပ်တန့်သွား၏ အနီ ရောင် မီးလုံးလေးကို လှမ်းကြည့်ရင်း
ရေးညို့ထင် သက်ပြင်းချလိုက်သည်။
ထို့နောက်
" မိန်းမတွေ မကောင်းဘူး မို့လား"
ရွှေဘုံ ဆတ်ခနဲမော့ကြည့်၍ အနည်းငယ်ရွဲ့နေသော မျက်မှန်ကိုပင့်လိုက်သည်။
" ကျွန်တော်မသိဘူး "
ဟုတ်သည် ။ မိန်းမတွေ ကောင်းမကောင်းရွှေဘုံ တကယ်မသိပေ။
ရွှေဘုံ သိတာတော့ ယောကျာ်းတွေ မကောင်းဘူးဆိုတာပင်ဖြစ်သည်။
ထိုသူသည် ရွှေဘုံ စကားကို ကြားသည့်ပုံမပေါ်ပဲ တစ်ယောက်ထဲ ပြောနေသည့်အတိုင်း
" ကိုယ် ငယ်ငယ်က မေမေနဲ့ တူတဲ့ မိန်းကလေးတစ်ယောက် လိုချင်ခဲ့ဖူးတယ်။
ကိုယ်ပိုင်မိသားစု ရှိလာခဲ့ရင်
အိမ်ထောင်ဦးစီကောင်း ဖြစ်အောင်ကြိုးစားမယ်ဆိုတဲ့ စိတ်ကူးက ကိုယ့်အိမ်မက်ပဲ ။ကိုယ့်အမျိုးသမီး ကိုသေချာဂရုစိုက်ပေးမယ်။ ပြီးတော့ တသက်လုံး စိတ်ချမ်းသာအောင်ထားမယ် ၊အဲ့လို စိတ်ကူးယဉ်ခဲ့ဖူးတယ်။ ဒါပေမဲ့ ကိုယ့်အိမ်မက်တွေရိုက်ချိုးပစ်ခံလိုက်ရတယ်"
မီးသည် နီရာမှ စိမ်းသွား၏။
ကားသည်တရွေ့ရွေ့ ပြန် မောင်းလာသည်။ ကိုထင်သည် စကားဆက်မပြောတော့ပေ။
တိတ်ဆိတ်စွာကားမောင်းနေတဲ့ ရေးညို့ထင်ဆိုတဲ့ လူရဲ့အတွေးတွေထဲမှာ ဘာတွေရှိနေမလဲ ရွှေဘုံသိချင်မိသည်။
" ခင်ဗျား ချစ်ရမှာကြောက်နေတာလား "
ရွှေဘုံ တိုးတိုးလေးမေးသည်။
လှည့်မကြည့်သော်ငြားထိုသူ ပြုံးလိုက်တာကိုဘေးကနေမြင်နေရသည်။
" ဟင့်အင်..ကိုယ်မကြောက်ပါဘူး ။
မင်းရော ကြောက်နေလား "
"ကျွန်တော်လည်း မကြောက်ပါဘူး။
ကျွန်တော်အချစ် နဲ့ ထိုက်တန်တဲ့သူ ရှိဦးမှာ သေချာတယ်။ မကောင်းတဲ့ သူတစ်ယောက်အတွက်နဲ့ ကိုယ်နှလုံးသားကိုဒဏ်ခတ်ပိတ်ပင်ရအောင် သူက အဲ့လောက် အဆင့်မရှိဘူး "
စကားဆုံးတော့ ထိုသူသည် အသံထွက်အောင်ရယ်လိုက်တာကိုတွေ့ရသည်။
ထို့နောက် " မင်းက ခြင်္သေ့ပေါက်လေးနဲ့တူတယ်" ဟူ၍ စနောက်လာသည်။
ရွှေဘုံ ရှက်သွား၏။
ဂုတ်ပိုးတွေကို ပွတ်ရင်း ကားပြတင်းပေါက်ဖက်ကိုလှည့်ကာ ပတ်ဝန်းကျင်ကိုပဲ ငြိမ်သက်စွာကြည့်နေမိသည်။
မကြာခင်အချိန် အတွင်းမှာ
မေတ္တာအိမ် ဆိုတဲ့ ဆိုင်းပုဒ် ချိတ်ထားသော ပိတ်ထားတဲ့ ခြံတံခါးရှေ့မှာရပ်သွားသည်။
" ရောက်ပြီ ။ ဒီမှာ မိဘမဲ့ ကလေးအယောက် ၂၀ကျော်ရှိတယ်။ အသက်အငယ်ဆုံးကလေးက ၂နှစ်ကျော် ၊ ကျန်တာကတော့ အလယ်တန်း ၊ အထက်တန်းတက်နေတဲ့သူတွေများတယ်။ နေရာက နည်းနည်းခေါင်တော့ အလှူ ရှင်ဆိုပြီး တန်းတန်းမတ်မတ်ရောက်မလာကြဘူး။ စားဝတ်နေရေးအတွက် ပန်းစိုက်တယ်။ အသီးအနှံစိုက်တယ်။ ပြီးတော့ ကျောင်းပြီးသွားတဲ့ ကလေး ၃ယောက်က တက်နိုင်သလောက်ထောက်ပံ့ပေးတယ်"
ခြံတံခါးကို ကလေး တစ်ယောက်က ပြေး၍ လာဖွင့်သည်။
ရေးညို့ထင် ကားကို ဆက်မောင်းလာခဲ့ရင်း ကားပြတင်းကနေ ခြံတံခါးကို ပြန်ပိတ်ရန် ရပ်စောင့်ပေးနေတဲ့ ၁၂နှစ်အရွယ်ကလေးကို လက်ပြ၍ နှုတ်ဆက်လိုက်သေးသည်။ ထို့နောက် ရွှေဘုံထံ လှည့်၍
" ကိုယ် ဒီကို တစ်လ တစ်ခေါက်ရောက်အောင်လာလေ့ရှိတယ်။ "
ထိုစဉ်မှာပင်...
" ထင်ထင်လာပြီဟေးးး "
စကားစသည် ပြတ်သွား၏။
အရွယ်အစားမတူညီတဲ့ ကလေး တွေသည် ထရံကာ အဆောက်ဦးထဲမှပြေးထွက်လာကြသည်။
ရေးညို့ထင်သည် ပြုံးရယ်လိုက်ရင်းကားပေါ်မှဆင်းသွား၏။
ကလေးများက ရေးညို့ထင်၏ လက်နှင့် ခြေထောက်တို့ကို အလွတ်မပေးတော့ပေ။
ဝိုင်းဝန်းတွယ်တက်၍ တစ်လနီးပါး မပြောခဲ့ရသော စကားများကို ကျွတ်ကျွတ်ညံအောင် ပြောလေတော့သည်။
" ထင်ထင် ..သမီး မနေ့ကဗိုက်အောင့်လို့ အစာကြေဆေးသောက်ရတယ်"
"ဟုတ်လား ..ပြောပါအုံး သမီးတုန်လေး ဘာလို့နေမကောင်းရတာလဲ "
"ဟီး ..သမီး မေမေကြီး မသိအောင် ထမင်းတွေ အများကြီးစားလိုက်လို့လေ "
ဝတုတ်တုတ် ကလေးမက သူမ ဗိုက်ကလေးကို ပွတ်၍ ဆိုသည်။ ကိုထင် ဟာ တကယ် ဖော်ရွေ နုညံ့တဲ့ အမျိုးသားဆိုတာ
ဒီမနက်ခင်းပြုံးတဲ့ အပြုံးတွေက သက်သေပြနေသည်။ နေရောင်ခြည် နွေးနွေးအောက်မှာ အသက်၃၀နီးပါး ယောကျာ်းတစ်ယောက်ဟာ ကလေး တွေနဲ့အတူ လှပစွာပြုံးနေ၏။
ထိုအပြုံးကို လိုက်လံငေးမောနေတဲ့ မျက်ဝန်လှလှလေး တစ်စုံ ရှိတယ်ဆိုတာ ကိုတော့...ရေးညို့ထင်သိမည်မထင်။
ချစ်တဲ့အိမ်စည်။
Bạn đang đọc truyện trên: ZingTruyen.Xyz