ZingTruyen.Xyz

တသက်လုံးပျော်ချင်မောင့်ကိုချစ်ပါ(တသက္လံုးေပ်ာ္ခ်င္ေမာင့္ကိုခ်စ္ပါ)Completed

6

eainsi23

ေလာကႀကီးမွာ ေယဘူယ်  မက်ဆံုးကို ျပပါဆိုလ်င္ အခ်စ္ ကိုသာ ျပရလိမ့္မည္။
အခ်စ္က ေျပာင္းလဲလြယ္သလားဆိုတာ  ေရႊဘံုမသိေပ။ လူတစ္ေယာက္ကို လြန္ခဲ့ေသာ တစ္လေက်ာ္ခန္႔က မေကာင္းမွန္းသိရက္နဲ႔ေတာင္ စြဲလမ္း နွစ္ၿခိဳက္ခဲ့ပါသည္။
ယခုမွာေတာ့ မည္သည့္ခံစားခ်က္မွမရွိေတာ့သလို စိတ္ထဲ ရွင္းလင္းေနတာ အံ့ၾသဖြယ္ရာပင္။

ကိုခန္႔ရဲ႕ အခ်စ္က လိုက္လို႔ ေျပးတာလား ၊ ေျပးလို႔လိုက္တာလား ဆိုတဲ့ သီခ်င္းစာသားလို ျဖစ္ေနၿပီ ။

မခ်စ္ေတာ့ဘူး ဆိုမွေတာ့ အသံေတာင္မၾကားခ်င္ေတာ့ေပ ။
လိုအပ္ေနတဲ့အခ်ိန္တုန္းကသာ ေပးခဲ့မယ္ဆိုရင္ သူက ေလာကမွာ အေပ်ာ္ဆံုးသူသာ ျဖစ္ေပလိမ့္မည္။

ring ..ring

အဆက္မပ်က္ဝင္ေနေသာ ဖုန္းကို ေရႊဘံု စက္ပိတ္ကာ အိတ္ထဲထိုးထည့္လိုက္သည္။

ခုေတာ့ ကိုခန္႔ဆက္သြယ္မူ႔သည္ သူ႔အတြက္ စိတ္ပ်က္စရာျဖစ္္မွန္းမသိျဖစ္လာခဲ့ၿပီ။

" ဘုန္းခန္႔ထည္ ျပန္ဆက္သြယ္ေနတာလား  ေရႊဘံု "

ၾကည္ႏူး က မ်က္ေမွာင္ေတြစုႀကံဳ၍ မႀကိဳက္မနွစ္သက္သလို ေမးလာ၏။
ဘုန္းခန္႔ထည္ ဆိုတဲ့ နာမည္ၾကားတာနဲ႔ ေကသီက  ဖုန္းေဆာ့ေနရာမွေခါင္းေထာင္လာသည္။

မသက္မသာ သက္ျပင္းရႈိက္၍ ေခါင္းညိမ့္ျပလိုက္ေတာ့  ၾကည္ႏူးမ်က္နွာ တင္းခနဲ။

" ဟုတ္တယ္ ေလး ၊ ငါးရက္ရွိၿပီ ။ ဆက္တိုက္ဖုန္းခၚတာ ၊ Block လည္း တျခားနံပါတ္နဲ႔ဆက္တယ္။ သူနဲ႔ ျပန္တြဲဖို႔ရယ္။ အမွားေတြ သိေနပါၿပီ ၊ျပန္လည္ျပင္ဆင္ျခင္တယ္ ဆိုတဲ့ အေၾကာင္းေတြကို စာေတြ ဆက္တိုက္ပို႔တယ္"

"ဒီေကာင္ရူးေနတာလား။ ငါတို႔ကိုအဲ့ေန႔က ဘယ္လုိဆက္ဆံခဲ့လဲဆိုတာ နင္အသိဆံုးေနာ္ေရႊဘံု ။ နင္ဘယ္သူနဲ႔ႀကိဳက္ႀကိဳက္ ငါတို႔နားလည္ေပးနိုင္တယ္။ အဲ့ေကာင္နဲ႔ေတာ့ လံုးဝမျဖစ္ဘူး "

"ဟုတ္တယ္ ဘယ္နည္းနဲ႔မွမျဖစ္နိုင္ဘူး။
နင္သာ အဲ့ေန႔က ေရာက္မလာရင္ ငါတို႔
ဘာျဖစ္မယ္ဆိုတာ သိတယ္မို႔လား။"

ေကသီေရာ၊ ၾကည္ႏူးေရာ ခါးခါးသီးသီး။
ေရႊဘံုကိုယ္တိုင္ ေျပာစရာ မဲ့ေနပါသည္။
တကယ္လို႔မ်ား အဲ့ဒီေန႔က ဆိုင္ေစာေစာပိတ္ၿပီး လိုက္မသြားခဲ့ရင္ သူ႔သူငယ္ခ်င္းမေတြကို ဘယ္လို မ်က္နွာျပရမွန္းေတာင္ သိမွာမဟုတ္ဘူး။

" ကိုခန္႔အေပၚမွာ ငါဘာ ခံစားခ်က္ မွမရွိေတာ့ဘူး ဆိုတာ ေသခ်ာတယ္။ ျပန္လက္မခံဘူးဆိုတာ ကတိလည္းေပးတယ္"

ထိုအခါမွ ေျပေျပေလ်ာ့ေလ်ာ့ ျဖစ္သြားကာ
သူတို႔ၾကားက ေလထုက ျပန္လည္ေႏြးေထြးသက္ဝင္လာတာျဖစ္သည္။
ရႈပ္ေထြးေနတဲ့ အေတြးက ရင္ထဲမွာ ျပည့္ေမာက္လ်က္။ ဒီေန႔မွ တိုက္တိုက္ဆိုင္ဆိုင္ ကိုခန္႔ကလည္း
တေနကုန္ဖုန္းေခၚေနတာျဖစ္သည္။
ျဖစ္နိုင္ရင္ ၾကည္ႏူးတို႔ေရွ႕ ကုိခန္႔နဲ႔ ဆက္ႏြယ္ေၾကာင္း  အေသးအမႊားကစ မျပခ်င္ေတာ့ေပ။

မွားခဲ့တဲ့အမွားက ကိုခန္႔ ေၾကာင့္ပဲျဖစ္ခဲ့တာ။ အစက ေကသီေကာ ၊ ၾကည္ႏူးေကာ ကိုခန္႔အေပၚမွာ ဘယ္လိုဆက္ဆံခဲ့သလဲဆိုတာ ကိုခန္႔အသိဆံုး။
ေျပေပ်ာက္လို႔မရတဲ့ အမုန္းတရားေတြက ရင္ထဲမွာ ကဗ်ည္းတင္ၿပီးၿပီ ဆိုမွ ကိုခန္႔က ဘာလာထျဖစ္ေနတာလဲ။

တကယ္႐ြံစရာေကာင္းတယ္။

________

" ကိုထင္  မနက္ဖန္ ဟိုဖက္ဆိုင္က
ေကာင္မေလးေတြကိုေကာ ဖိတ္လို႔မရဘူးလား "

"မရဘူး ၊ ဘာလုပ္မွာလဲ။ သူစိမ္းေတြပါရင္
ေနရခက္ေအာင္လို႔"

ပထမဆံုး ကမ္းလွမ္းခ်က္ကိုပယ္ခ်ခံလိုက္ရတာမို႔ ဒီရေမာင္ ေအာင့္သက္သက္ျဖစ္လို႔သြား၏။ ကုိထင္ဟာေလ တကယ္နွလံုးသားမရွိတဲ့ ေယာက်ာ္းပဲ။
နွစ္ဆိုင္ တစ္ဆိုင္ရင္းနွီးေခၚေျပာဖို႔ဒီရက္ပိုင္း ဒီရ ႀကိဳးစားေနတာ ေအာင္ျမင္သေလာက္ပဲ။
ဒါေတြက ဘယ္သူ႔အတြက္လဲ ။
ေသခ်ာေပါက္ ေရးညိဳ႕ထင္ ဆိုတဲ့ အပ်ိဳသိုးႀကီးအတြက္ေပါ့။ ဒါကို အေကာင္းမထင္ဘူး ။  

အခ်ိန္ျပည့္ ကြန္ျပဴ တာထဲေခါင္းတိုးဝင္္မတက္ သဲႀကီးမဲၿကီးအလုပ္လုပ္ေနတဲ့ ကိုထင္ကိုၾကည့္ၿပီး ဒီရေမာင္ ေခါင္းေတာင္ခဲတယ္ တကယ္ပါပဲ။

ပန္းဆိုင္က ေကာင္မေလးေတြက တကယ္ ခင္မင္ဖို႔ေကာင္းတာေတာ့အမွန္ပင္။
စကားေျပာရတာက အစ ေပါ့ေပါ့ပါးပါး ေခတ္လူငယ္ေတြမို႔ ဒီရေမာင္နဲ႔ အေတာ္ေလးေတာင္ ရင္နွီးေနၿပီ။

" ေခၚခဲ့ပါ  ကိုထင္ရာ။ လိုက္ေတာ့လည္း
ေက်ာင္းအတြက္ အကူအညီေတြ ပိုရနိုင္တာပဲဟာ ။ ဟိုမွာက နွင္းဆီၿခံ စိုက္ထားေတာ့ လိုအပ္ရင္ သူတို႔ေက်ာင္းကေန ပန္းယူသံုးေပးလို႔ရတာပဲေလ "

ေရးညိဳ႕ထင္ ေတြေေဝသြား၏။
သူေထာက္ပံ့ေပးတဲ့ မိဘမဲ့ ေက်ာင္းကေလးမွာ  အလွဴ ရွင္ နည္းေနတယ္ဆိုတာ သူ အသိဆံုးပင္။ 
ေက်ာင္းက ကေလးေတြ အတြက္ စရိတ္ကာမိေအာင္ နွင္းဆီပန္းေတြ စိုက္၍
တစ္ဖက္တစ္လမ္းဝင္ေငြရွာရသည္။

ဟိုဖက္ဆိုင္က ပန္းဆိုင္မို႔ အလ်င္းသင့္လ်ွင္ ကူညီရာေရာက္နိုင္မည္။
သို႔ေသာ္ျငား အဲ့ဖက္က ကေလးမေတြက လိုက္ခ်င္အံုးမွ ကို။

မလိုအပ္ပဲ အတင္းအၾကပ္ေတာ့  မတိုက္တြန္းခ်င္ပါ။
ထို႔ေၾကာင့္ သက္ျပင္းခ် လိုက္ၿပီး မသက္မသာေျပာလိုက္၏။

" ဇြတ္မေခၚနဲ႔ "

ဒီရေမာင္ ရယ္လိုက္ေလသည္။
ႏႈတ္မွလည္း" အင္းပါ " ဟု ကိုထင္ေက်နပ္ေအာင္ ေျပာလ်က္ လူကေတာ့ ထိုင္ရာမွထကာ ဟိုဖက္ဆိုင္သို႔ လွမ္းလိုက္၏။

ခ်လြင္ ...ခ်လြင္!!!

မွန္တံခါးကို တြန္းဖြင့္တာနဲ႔ တံခါးေဘာင္မွာ ခ်ိတ္ထားတဲ့ ဆည္းလည္းေလးေတြက ဧည့္သည္ေရာက္ေၾကာင္း အသံ ျမည္လာ၏။

ဒီရေမာင္က သူ၏ ဘယ္ဖက္လက္ကို ေျမာက္၍ ျပလိုက္သည္။

" အကို ဝင္လာလို႔ရမလား "

ကိုခန္႔အားျပန္လက္မခံေရးတရားေဟာေနေသာ ေကသီနဲ႔ၾကည္ႏူးသည္  အၿပံဳးခ်ိဳခ်ိဳရွိတဲ့ လူလတ္ပိုင္း အမ်ိဳးသားေၾကာင့္ လႈပ္လႈပ္ရွားရွားျဖစ္သြား၏။

စိတ္လႈပ္ရွားဖြယ္ေကာင္းတဲ့  ေယာက်ာ္းဆိုတာ
ဒါမ်ိဳးကိုေခၚတာလား...

ဒီရေမာင္ဆိုတဲ့ အမ်ိဳးသားက လံုးဝရုပ္မေခ်ာဘူး။ အၿပံဳးေအးေအးနဲ႔  နွစ္လိုဖြယ္ မ်က္နွာထားသာ ရွိသည္။ ဒါေပမဲ့ ေခတ္လူငယ္ေတြထက္ စကားအေျပာအဆို အေနအထိုင္ေရာ ၁၂တန္းသာသည္။

ရည္းစားရွိလို႔သာ ေကသီ တစ္ေယာက္
လက္ေလ်ာ့လိုက္တာ။ နို႔မို႔ဆိုရင္ 
ေရႊဘံု အတြက္ ေ႐ြးခ်ယ္သင့္တဲ့ ေယာက်ာ္းထဲမွာ   ဒီရေမာင္္ကိုလည္း အဆစ္အေနနဲ႔ထည့္ပစ္လိုက္မွာ အမွန္ပဲ။ 

" ကိုဒီရ  ထူးထူးဆန္းဆန္း ဆိုင္ဖက္အလည္လာေနပါ့လား။ "

" အလည္လာဆို ေျပာစရာေလးလည္းရွိလို႔ေလ။ဒါနဲ႔ ငါ့ညီမတို႔ တနဂၤေႏြေန႔ဆိုင္ပိတ္လား ။ "

"ဟုတ္ ပိတ္တယ္ အကို  ။ ဘာလို႔လဲ "

" ပိတ္ရင္ မိဘမဲ့ေဂဟာကို လုပ္အားေပး လိုက္္မလားလို႔ လာေခၚတာ ။ ေမွာ္ဘီဖက္မွာဆိုေတာ့ ဇြတ္လည္းမေခၚခ်င္ဘူးေလ။ အကိုတို႔ဆိုင္ကေတာ့ တစ္လ တစ္ခါေတာ့ ျဖစ္ေအာင္ သြားေလ့ရွိတယ္။
အဓိက ကေတာ့ ကိုထင္ေပါ့။ သိတယ္မို႔လား သူ႔ကို တစ္ခါတေလ အကိုနဲ႔ တူတူ လာေလ့ရွိတယ္ေလ။ အရပ္ရွည္ရွည္ ေထာင္ေထာင္ေမာင္းေမာင္းလူေလ ။ ပုဆိုးပဲ ဝတ္တဲ့ တစ္ေယာက္ "

ၾကည္ႏူး မသိမသာ ေကသီလက္ကိုတို႔လိုက္သည္။
ေကသီကလည္း ဒါမ်ိဳးဆို လ်ွင္၏ 
ခ်က္ခ်င္းပင္ ...

" သိတယ္ေလ ။ ရုပ္ေခ်ာေခ်ာ အကိုႀကီး "

ဒီရေမာင္သည္ သူ႔အႄကံအစီ ျဖစ္ေျမာက္ေရးမွာ ေကာင္မေလးေတြဖက္က 
စိတ္ဝင္စားဟန္ျပလာသည္မို႔ အေတာ္ေလး အားတက္လာ၏။ ျဖစ္နိုင္ရင္
ထိုနွစ္ေယာက္ထဲက တစ္ေယာက္ေယာက္နဲ႔ ကိုထင္အား ခ်စ္ႀကိဳက္ေစခ်င္သည္။
ထို႔ေၾကာင့္ သူ႔မ်က္နွာအားအစြမ္းကုန္ၿပံဳးလ်က္...

" အဲ့ဒါ အကို႔ နဲ႔ညီကိုေတာ္တယ္ေလ။ သူက အေနေအးေတာ့ ညီမတို႔နဲ႔ ေမးထူးေခၚေျပာ မလုပ္ျဖစ္တာပါ။ စိတ္ရင္းေတာ့ ေကာင္းရွာပါတယ္။ အခုသြားမဲ့
ေဂဟာမွာလည္း ကိုထင္က တစ္လ တစ္ခါ တက္နိုင္
သေလာက္ ေထာက္ပံ့ေပးတဲ့အျပင္ လုပ္အားေပးလည္း မပ်က္မကြက္ သြားတယ္ ။ ဘာရယ္ေတာ့မဟုတ္ဘူး လူငယ္ေတြဆိုေတာ့ လိုက္ခ်င္ၾကမလားလို႔ေခၚၾကည့္တာ ၊ တျခား သူစိမ္းေတြေတာ့ မပါဘူး ၊ အကိုတို႔ဆိုင္က ဝန္ထမ္းေတြႀကီးပဲသြားၾကမွာ "

ကိုထင္ေကာင္းေၾကာင္းေလးေတြ ဒီရေ႐ြး၍ ေျပာေပးလိုက္သည္။
အမွန္ေတာ့ ကိုထင္က ေကာင္းေၾကာင္းေ႐ြးေျပာစရာမလိုေလာက္ေအာင္
ေလာကႀကီးအလယ္မွာ အမွားအနည္းဆံုးလို႔ ေျပာရမဲ့သူတစ္ေယာက္ပင္။ 
ဘာပဲေျပာေျပာ  ကုိထင္လိုလူမ်ိဳး ကိုပိုင္ဆိုင္တဲ့ မိန္းကေလးက ကံေကာင္းမွာေသခ်ာသေလာက္ပဲေလ ။

"  ေကသီတို႔ တခါမွ လုပ္အားေပးေတာ့ မလုပ္ဖူးဘူး။ လိုက္ေတာ့ လိုက္ခ်င္တယ္။
ဘယ္လိုလဲ ၾကည္ႏူးနဲ႔ ေမာင္ေရႊ နင္တို႔လိုက္ၾကမလား "

ေကသီတက္ႂကြေနသေလာက္ ေရႊဘံု
က သူ႔မ်က္မွန္ေလးပင့္ကာ ပင့္ကာျဖင့္  မွင္ေသေသ လုပ္ေန၏။ ၾကည္ႏူး အားမရစြာ ေဘးမွာထိုင္ေနတဲ့ ေရႊဘံုေပါင္ကို ခပ္ဆတ္ဆတ္ရုိက္လိုက္သည္။

" ေမးေနတယ္ေလ ။ လိုက္မလားတဲ့။
အာ ရႈပ္ပါတယ္ ။ လိုက္မယ္ အကို ၊ ၾကည္ႏူးတို႔ လိုက္ခဲ့မယ္ "

ၾကည္ႏူးတစ္ေယာက္ဟာေလ စိတ္ျမန္ကိုယ္ျမန္ရွိတဲ့ေနရာမွာ နွစ္ေယာက္ကို မရွိဘူး။ ေရႊဘံု ကို စိတ္မရွည္ဟန္ သူကိုယ္တိုင္ပဲ လိုက္မယ္ဟု ဆံုးျဖတ္ခ်က္ခ်ျပန္သည္။

ကိုယ္မလိုက္ရင္လည္း မိန္းကေလးနွစ္ေယာက္ကို ေယာက်ာ္းေတြၾကား ထည့္လိုက္လို႔လည္းမေကာင္း။
ကိုယ့္ကိုကိုယ္ အသက္၂၀ စြန္းခါစ မိန္းမငယ္ေလးေတြဆိုတာေရာ သတိရေသးရဲ႕လားမသိ။

ၿပီးေတာ့ ဟိုခပ္တည္တည္ပုဂၢိဳလ္ကေရာ သူတို႔လိုက္တာ ႀကိဳက္ပါ့မလား။

" ကိုထင္က သေဘာေကာင္းပါတယ္ကြ ။
ဘာလဲ မင္းက ကိုထင္ ကိုမႀကိဳက္ဘူးလား "

"ခြီး!!!"

အေရးထဲေကသီမက ထ ရယ္၏။
ေရႊဘံု ရွက္ရွက္နဲ႔ ဂုတ္ပိုးေတြကို အႀကိမ္ႀကိမ္ပြတ္ေနမိသည္။ ေမးတာက ရုိးရုိးဆိုေပမဲ့  တလြဲ လိုရာ ဇြတ္ေတြးယူေနတဲ့ ေကသီေၾကာင့္ လူက ေနရတာခက္လွသည္။

ဒီရေမာင္လည္း ေရႊဘံုဆိုတဲ့ ေကာင္ေလး၏ ရွက္ရဲရဲ မ်က္နွာေၾကာင့္ သူဘာမ်ား
ေျပာတာမွာသြားလဲလို႔စဥ္းစားေနမိတာအခါခါ ။ မေနနိုင္တဲ့ အဆံုး ...

" ဘာလို႔လဲ။ အကိုေျပာတာ ဘာမွားလို႔လဲ ဟင္"

"မမွားဘူး အကို ။ စိတ္ထဲမထားပါနဲ႔။သူက နည္းနည္းေလးရွက္တက္လို႔ပါ။
ဒါဆို မနက္ဘယ္ခ်ိန္သြားမလဲ။
ၾကည္ႏူးတို႔ ဘယ္ကိုလာခဲ့ရမလဲ  "

"မနက္ ၆နာရီေလာက္ ဒီဆိုင္ေရွ႕ကေန ေစာင့္ေနေလ ။ အကိုတို႔လာေခၚလွည့္မယ္ ။ "

"ဟုတ္ ဒါဆို မနက္ ၆နာရီေလာက္ေတြ႕မယ္ေလ ။ ဒါနဲ႔ ဖုန္းနံပါတ္ေပးထားခဲ့မလား ၊ကိုဒီရ ။ ညီမတို႔ မနက္က် အက်ိဳးအေၾကာင္း လွမ္းဆက္ေမးရေအာင္လို႔ "

"ရတယ္ ညီမ မွတ္ထားလိုက္ေလ ၊  09××××××× အဲ့ဒါ ကိုထင့္ဖုန္းနံပါတ္ ၊ အကို႔ ဖုန္းနံပါတ္ နဲ႔ ေနာက္ဆံုး ဂဏန္း 1ပဲကြာတယ္။ သူက 0 ဆံုးတယ္ အကိုက1 ဂဏန္းဆံုးတယ္။ အတူတူပဲ က်န္တဲ့နံပတ္ေတြက "

"ဟုတ္ ညီမတို႔ကေတာ့ ကဒ္ပဲေပးလိုက္ေတာ့မယ္  "

"ok "

လိုက္ဖို႔ ေသခ်ာ သေလာက္ျဖစ္သြားၿပီမို႔
ေရႊဘံု ၾကည္ႏူးတို႔ မသိေအာင္ သက္ျပင္းႀကိတ္ရႈိက္လိုက္သည္။
ဒီနွစ္ေကာင္ ဘာျဖစ္ေစခ်င္မွန္းမသိရေအာင္ သူက တံုးအေနတဲ့ သူမွမဟုတ္ပဲ။

____________

ညေနဆည္းဆာ က ေဝေဝဆာဆာ ထိန္လင္းတုန္းပင္။
ဒီေန႔ ဆိုင္ပိတ္ဖို႔ အလွည့္က်သူက
ေရႊဘံုမင္းစံျဖစ္ေလသည္။
ခရီးတို တစ္ေထာက္ ထြက္ဖို႔ရာအေရး
ေစ်းဝယ္စရာရွိလို႔ ဆိုကာ မင္းသမီးနွစ္ေယာက္က   နွစ္နာရီမထိုးခင္ျပန္ၾကေလသည္။

ထို႔ေၾကာင့္ ဝန္ထမ္းေကာင္မေလး နွစ္ေယာက္ကိုလည္း  လုပ္စရာရွိတာ အၿပီးသတ္လုပ္ခိုင္းၿပီး ဒီေန႔ေတာ့ ေစာေစာျပန္လႊတ္လိုက္သည္။ တစ္ဆိုင္လံုး စစ္ေဆးၿပီး
အိမ္ျပန္ခ်ိန္သည္ ညေန ေလးနာရီပဲရွိေသးသည္။ 

မတက္နိုင္ေပ။

ဆို္င္တံခါးေသာ့ပိတ္လ်က္
ေရႊဘံု  ကားငွားလို႔လြယ္မဲ့ေနရာထိ လမ္းေလ်ွာက္လာခဲ့လိုက္သည္။
တဝီွးဝွီးျဖတ္သန္းသြားလာေနၾကတဲ့ ကားေရာင္စံုကိုေငး၍ ေအးေဆးစြာ လမ္းေလ်ွာက္လာတဲ့ ေရႊဘံုက မသိရင္
ကိုယ္ပိုင္ကားကို မျမင္ဖူးတဲ့အတိုင္း။

" ေရႊဘံု "

ကားတစ္စီးသည္ မလွမ္းမကမ္းမွာရပ္သြား၏။

မေတြ႕ခ်င္တဲ့ သူက  ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ ေရွ႕တည့္တည့္ကိုေရာက္လာလိမ့္မယ္လို႔
ဘယ္သူထင္မွာလဲ။ ကုသိုလ္ထူးပံုက
ေရႊဘံု တစ္ေယာက္ထဲ ရွိတဲ့ အခ်ိန္မွေလ။ 

"ေရႊဘံု  .. ေနပါဦးကြာ ။ ကိုယ္ေတာင္းပန္ပါတယ္ ၊  ကိုယ္ရွင္းျပတာ နားေထာင္ပါဦး "

"ကြၽန္ေတာ္တို႔နွစ္ေယာက္ၾကားမွာ ရွင္းျပစရာမလိုေလာက္ေအာင္ၿပီးသြားၿပီ ဘုန္းခန္႔ထည္ ။ ခင္ဗ်ား ဒီပံုစံအတိုင္း ဆက္ေနွာက္ယွက္ေနဦးမယ္ဆိုရင္  ကြၽန္ေတာ့္အဆိုးမဆိုနဲ႔ ေနာ္"

ခန္႔ထည္ အလ်ွင္အျမန္ ေရႊဘံု လက္ကေလးကို လွမ္းဆြဲလိုက္သည္။
လမ္းခြဲၿပီးေနာက္မွ သိခဲ့ရတာက သူ ဒီေကာင္ေလးကို မျပတ္နိုင္ဘူးဆိုတာပဲ။
ဖုန္း အႀကိမ္ႀကိမ္ဆက္ၿပီးေတာင္းပန္ခဲ့ေပမဲ့ သူေခ်ာ့လိုက္ရင္ စိတ္ဆိုးေျပမယ္ပဲထင္ခဲ့တာ ။

" လႊတ္ပါ ကိုခန္႔။ ကြၽန္ေတာ္မရုိင္းခ်င္ဘူး"

လွမ္းဆြဲထားတဲ့ လက္ကို စိတ္ပ်က္စြာၾကည့္ရင္းေရႊဘံု ခပ္မာမာေျပာလိုက္သည္။
ဒီလူ ခုခ်ိန္က်မွ ဘာျဖစ္ခ်င္ေနတာလဲ။

" အဲ့လို မလုပ္ပါနဲ႔ ေရႊဘံုရာ ။ ကိုယ္မင္းကို တကယ္မေမ့နိုင္ဘူး၊ မင္းကိုယ့္အက်င့့္ေတြမႀကိဳက္ရင္ မင္ေက်နပ္တဲ့ထိ ကိုယ္ျပဳ ျပင္ေပးမွာပါ။ အရင္လို မရႈပ္မေပြပဲ မင္းစိတ္တိုင္းက် ကိုယ္လိမ္မာပါ့မယ္။ မင္းမရွိမွ
မင္းတန္ဖိုးကို ကိုယ္နားလည္သြားတာပါ  "

"ရူးေနလား ဘုန္းခန္ထည္။
ကြၽန္ေတာ္ ႏြားမဟုတ္ဘူးေနာ္။
ခင္ဗ်ား ဒီလိုလမ္းခြဲရမွာ ေၾကာက္ရင္ အစကတည္းက မေဖာက္ျပန္နဲ႔ေလ။
လက္ပူးလက္ၾကပ္ မိရုံတင္မကဘူး ၊ ကြၽန္ေတာ္သူငယ္ခ်င္းေတြကိုပါ ကိုယ္ထိလက္ေရာက္ က်ဴ းလြန္ဖို႔ ႀကံခဲ့တဲ့ေကာင္ကို ကြၽန္ေတာ္ဘယ္စိတ္နဲ႔ ခြင့္လြတ္ရမွာလဲ။
အသိစိတ္ရွိရင္ ၊ခင္ဗ်ားရွက္တက္ရင္  ကြၽန္ေတာ္ဆီ ျပန္လာဖို႔မေတာင္းဆိုသင့္ဘူး။
ဖယ္ ... ကြၽန္ေတာ္အသားကို မထိနဲ႔ ။ "

အားနဲ႔ရုန္းဖယ္ရင္း ေရႊဘံု ကားတစီးကို အလ်ွင္ျမန္တားကာ တက္လိုက္သည္။  ဆက္ထံုး ဆိုတာ  အျမင္လည္းမလွသလို  အရင္လိုလည္း မခိုင္ၿမဲေတာ့ဘူးဆိုတာ ခင္ဗ်ားသိသင့္တယ္ ဘုန္းခန္႔ထည္။ ခ်စ္ေနတုန္းကေတာ့ ခင္ဗ်ား ဆီက
" ကိုယ္အလုပ္မအားလို႔ပါ" ဆိုတဲ့ မက္ေဆ့ တစ္ေၾကာင္းကိုေတာင္ အရူးအမူးရင္ခုန္ခဲ့တာ။ ဘာခံစားခ်က္မွ မက်န္ေတာ့တဲ့ အခ်ိန္မွ  ခ်စ္ပါတယ္ ေျပာေနလည္း
ေလကုန္ရုံပဲရွိမွာ ကြၽန္ေတာ္ကေတာ့ ေနာက္ျပန္လွည့္မွာမဟုတ္ေတာ့ဘူး ။
အဲ့ေသခ်ာတယ္။

ကြၽန္ေတာ္ ခင္ဗ်ားကို နည္းနည္းေလးေတာင္ မခ်စ္ေတာ့ဘူး။

ခ်စ္တဲ့အိမ္စည္။

လောကကြီးမှာ ယေဘူယျ  မကျဆုံးကို ပြပါဆိုလျင် အချစ် ကိုသာ ပြရလိမ့်မည်။
အချစ်က ပြောင်းလဲလွယ်သလားဆိုတာ  ရႊေဘုံမသိပေ။ လူတစ်ယောက်ကို လွန်ခဲ့သော တစ်လကျော်ခန့်က မကောင်းမှန်းသိရက်နဲ့တောင် စွဲလမ်း နှစ်ခြိုက်ခဲ့ပါသည်။
ယခုမှာတော့ မည်သည့်ခံစားချက်မှမရှိတော့သလို စိတ်ထဲ ရှင်းလင်းနေတာ အံ့သြဖွယ်ရာပင်။

ကိုခန့်ရဲ့ အချစ်က လိုက်လို့ ပြေးတာလား ၊ ပြေးလို့လိုက်တာလား ဆိုတဲ့ သီချင်းစာသားလို ဖြစ်နေပြီ ။

မချစ်တော့ဘူး ဆိုမှတော့ အသံတောင်မကြားချင်တော့ပေ ။
လိုအပ်နေတဲ့အချိန်တုန်းကသာ ပေးခဲ့မယ်ဆိုရင် သူက လောကမှာ အပျော်ဆုံးသူသာ ဖြစ်ပေလိမ့်မည်။

ring ..ring

အဆက်မပျက်ဝင်နေသော ဖုန်းကို ရွှေဘုံ စက်ပိတ်ကာ အိတ်ထဲထိုးထည့်လိုက်သည်။

ခုတော့ ကိုခန့်ဆက်သွယ်မူ့သည် သူ့အတွက် စိတ်ပျက်စရာဖြစ်မှန်းမသိဖြစ်လာခဲ့ပြီ။

" ဘုန်းခန့်ထည် ပြန်ဆက်သွယ်နေတာလား  ရွှေဘုံ "

ကြည်နူး က မျက်မှောင်တွေစုကြုံ၍ မကြိုက်မနှစ်သက်သလို မေးလာ၏။
ဘုန်းခန့်ထည် ဆိုတဲ့ နာမည်ကြားတာနဲ့ ကေသီက  ဖုန်းဆော့နေရာမှခေါင်းထောင်လာသည်။

မသက်မသာ သက်ပြင်းရှိုက်၍ ခေါင်းညိမ့်ပြလိုက်တော့  ကြည်နူးမျက်နှာ တင်းခနဲ။

" ဟုတ်တယ် လေး ၊ ငါးရက်ရှိပြီ ။ ဆက်တိုက်ဖုန်းခ်ါတာ ၊ Block လည်း တခြားနံပါတ်နဲ့ဆက်တယ်။ သူနဲ့ ပြန်တွဲဖို့ရယ်။ အမှားတွေ သိနေပါပြီ ၊ပြန်လည်ပြင်ဆင်ခြင်တယ် ဆိုတဲ့ အကြောင်းတွေကို စာတွေ ဆက်တိုက်ပို့တယ်"

"ဒီကောင်ရူးနေတာလား။ ငါတို့ကိုအဲ့နေ့က ဘယ်လိုဆက်ဆံခဲ့လဲဆိုတာ နင်အသိဆုံးနော်ရွှေဘုံ ။ နင်ဘယ်သူနဲ့ကြိုက်ကြိုက် ငါတို့နားလည်ပေးနိုင်တယ်။ အဲ့ကောင်နဲ့တော့ လုံးဝမဖြစ်ဘူး "

"ဟုတ်တယ် ဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူး။
နင်သာ အဲ့နေ့က ရောက်မလာရင် ငါတို့
ဘာဖြစ်မယ်ဆိုတာ သိတယ်မို့လား။"

ကေသီရော၊ ကြည်နူးရော ခါးခါးသီးသီး။
ရွှေဘုံကိုယ်တိုင် ပြောစရာ မဲ့နေပါသည်။
တကယ်လို့များ အဲ့ဒီနေ့က ဆိုင်စောစောပိတ်ပြီး လိုက်မသွားခဲ့ရင် သူ့သူငယ်ချင်းမတွေကို ဘယ်လို မျက်နှာပြရမှန်းတောင် သိမှာမဟုတ်ဘူး။

" ကိုခန့်အပေါ်မှာ ငါဘာ ခံစားချက် မှမရှိတော့ဘူး ဆိုတာ သေချာတယ်။ ပြန်လက်မခံဘူးဆိုတာ ကတိလည်းပေးတယ်"

ထိုအခါမှ ပြေပြေလျော့လျော့ ဖြစ်သွားကာ
သူတို့ကြားက လေထုက ပြန်လည်နွေးထွေးသက်ဝင်လာတာဖြစ်သည်။
ရှုပ်ထွေးနေတဲ့ အတွေးက ရင်ထဲမှာ ပြည့်မောက်လျက်။ ဒီနေ့မှ တိုက်တိုက်ဆိုင်ဆိုင် ကိုခန့်ကလည်း
တနေကုန်ဖုန်းခေါ်နေတာဖြစ်သည်။
ဖြစ်နိုင်ရင် ကြည်နူးတို့ရှေ့ ကိုခန့်နဲ့ ဆက်နွယ်ကြောင်း  အသေးအမွှားကစ မပြချင်တော့ပေ။

မှားခဲ့တဲ့အမှားက ကိုခန့် ကြောင့်ပဲဖြစ်ခဲ့တာ။ အစက ကေသီကော ၊ ကြည်နူးကော ကိုခန့်အပေါ်မှာ ဘယ်လိုဆက်ဆံခဲ့သလဲဆိုတာ ကိုခန့်အသိဆုံး။
ပြေပျောက်လို့မရတဲ့ အမုန်းတရားတွေက ရင်ထဲမှာ ကဗျည်းတင်ပြီးပြီ ဆိုမှ ကိုခန့်က ဘာလာထဖြစ်နေတာလဲ။

တကယ်ရွံစရာကောင်းတယ်။

________

" ကိုထင်  မနက်ဖန် ဟိုဖက်ဆိုင်က
ကောင်မလေးတွေကိုကော ဖိတ်လို့မရဘူးလား "

"မရဘူး ၊ ဘာလုပ်မှာလဲ။ သူစိမ်းတွေပါရင်
နေရခက်အောင်လို့"

ပထမဆုံး ကမ်းလှမ်းချက်ကိုပယ်ချခံလိုက်ရတာမို့ ဒီရမောင် အောင့်သက်သက်ဖြစ်လို့သွား၏။ ကိုထင်ဟာလေ တကယ်နှလုံးသားမရှိတဲ့ ယောကျာ်းပဲ။
နှစ်ဆိုင် တစ်ဆိုင်ရင်းနှီးခေါ်ပြောဖို့ဒီရက်ပိုင်း ဒီရ ကြိုးစားနေတာ အောင်မြင်သလောက်ပဲ။
ဒါတွေက ဘယ်သူ့အတွက်လဲ ။
သေချာပေါက် ရေးညို့ထင် ဆိုတဲ့ အပျိုသိုးကြီးအတွက်ပေါ့။ ဒါကို အကောင်းမထင်ဘူး ။  

အချိန်ပြည့် ကွန်ပြူ တာထဲခေါင်းတိုးဝင်မတက် သဲကြီးမဲကြီးအလုပ်လုပ်နေတဲ့ ကိုထင်ကိုကြည့်ပြီး ဒီရမောင် ခေါင်းတောင်ခဲတယ် တကယ်ပါပဲ။

ပန်းဆိုင်က ကောင်မလေးတွေက တကယ် ခင်မင်ဖို့ကောင်းတာတော့အမှန်ပင်။
စကားပြောရတာက အစ ပေါ့ပေါ့ပါးပါး ခေတ်လူငယ်တွေမို့ ဒီရမောင်နဲ့ အတော်လေးတောင် ရင်နှီးနေပြီ။

" ခေါ်ခဲ့ပါ  ကိုထင်ရာ။ လိုက်တော့လည်း
ကျောင်းအတွက် အကူအညီတွေ ပိုရနိုင်တာပဲဟာ ။ ဟိုမှာက နှင်းဆီခြံ စိုက်ထားတော့ လိုအပ်ရင် သူတို့ကျောင်းကနေ ပန်းယူသုံးပေးလို့ရတာပဲလေ "

ရေးညို့ထင် တွေဝေသွား၏။
သူထောက်ပံ့ပေးတဲ့ မိဘမဲ့ ကျောင်းကလေးမှာ  အလှူ ရှင် နည်းနေတယ်ဆိုတာ သူ အသိဆုံးပင်။ 
ကျောင်းက ကလေးတွေ အတွက် စရိတ်ကာမိအောင် နှင်းဆီပန်းတွေ စိုက်၍
တစ်ဖက်တစ်လမ်းဝင်ငွေရှာရသည်။

ဟိုဖက်ဆိုင်က ပန်းဆိုင်မို့ အလျင်းသင့်လျှင် ကူညီရာရောက်နိုင်မည်။
သို့သော်ငြား အဲ့ဖက်က ကလေးမတွေက လိုက်ချင်အုံးမှ ကို။

မလိုအပ်ပဲ အတင်းအကြပ်တော့  မတိုက်တွန်းချင်ပါ။
ထို့ကြောင့် သက်ပြင်းချ လိုက်ပြီး မသက်မသာပြောလိုက်၏။

" ဇွတ်မခေါ်နဲ့ "

ဒီရမောင် ရယ်လိုက်လေသည်။
နှုတ်မှလည်း" အင်းပါ " ဟု ကိုထင်ကျေနပ်အောင် ပြောလျက် လူကတော့ ထိုင်ရာမှထကာ ဟိုဖက်ဆိုင်သို့ လှမ်းလိုက်၏။

ချလွင် ...ချလွင်!!!

မှန်တံခါးကို တွန်းဖွင့်တာနဲ့ တံခါးဘောင်မှာ ချိတ်ထားတဲ့ ဆည်းလည်းလေးတွေက ဧည့်သည်ရောက်ကြောင်း အသံ မြည်လာ၏။

ဒီရမောင်က သူ၏ ဘယ်ဖက်လက်ကို မြောက်၍ ပြလိုက်သည်။

" အကို ဝင်လာလို့ရမလား "

ကိုခန့်အားပြန်လက်မခံရေးတရားဟောနေသော ကေသီနဲ့ကြည်နူးသည်  အပြုံးချိုချိုရှိတဲ့ လူလတ်ပိုင်း အမျိုးသားကြောင့် လှုပ်လှုပ်ရှားရှားဖြစ်သွား၏။

စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့  ယောကျာ်းဆိုတာ
ဒါမျိုးကိုခေါ်တာလား...

ဒီရမောင်ဆိုတဲ့ အမျိုးသားက လုံးဝရုပ်မချောဘူး။ အပြုံးအေးအေးနဲ့  နှစ်လိုဖွယ် မျက်နှာထားသာ ရှိသည်။ ဒါပေမဲ့ ခေတ်လူငယ်တွေထက် စကားအပြောအဆို အနေအထိုင်ရော ၁၂တန်းသာသည်။

ရည်းစားရှိလို့သာ ကေသီ တစ်ယောက်
လက်လျော့လိုက်တာ။ နို့မို့ဆိုရင် 
ရွှေဘုံ အတွက် ရွေးချယ်သင့်တဲ့ ယောကျာ်းထဲမှာ   ဒီရမောင်ကိုလည်း အဆစ်အနေနဲ့ထည့်ပစ်လိုက်မှာ အမှန်ပဲ။ 

" ကိုဒီရ  ထူးထူးဆန်းဆန်း ဆိုင်ဖက်အလည်လာနေပါ့လား။ "

" အလည်လာဆို ပြောစရာလေးလည်းရှိလို့လေ။ဒါနဲ့ ငါ့ညီမတို့ တနင်္ဂနွေနေ့ဆိုင်ပိတ်လား ။ "

"ဟုတ် ပိတ်တယ် အကို  ။ ဘာလို့လဲ "

" ပိတ်ရင် မိဘမဲ့ဂေဟာကို လုပ်အားပေး လိုက်မလားလို့ လာခေါ်တာ ။ မှော်ဘီဖက်မှာဆိုတော့ ဇွတ်လည်းမခေါ်ချင်ဘူးလေ။ အကိုတို့ဆိုင်ကတော့ တစ်လ တစ်ခါတော့ ဖြစ်အောင် သွားလေ့ရှိတယ်။
အဓိက ကတော့ ကိုထင်ပေါ့။ သိတယ်မို့လား သူ့ကို တစ်ခါတလေ အကိုနဲ့ တူတူ လာလေ့ရှိတယ်လေ။ အရပ်ရှည်ရှည် ထောင်ထောင်မောင်းမောင်းလူလေ ။ ပုဆိုးပဲ ဝတ်တဲ့ တစ်ယောက် "

ကြည်နူး မသိမသာ ကေသီလက်ကိုတို့လိုက်သည်။
ကေသီကလည်း ဒါမျိုးဆို လျှင်၏ 
ချက်ချင်းပင် ...

" သိတယ်လေ ။ ရုပ်ချောချော အကိုကြီး "

ဒီရမောင်သည် သူ့အကြံအစီ ဖြစ်မြောက်ရေးမှာ ကောင်မလေးတွေဖက်က 
စိတ်ဝင်စားဟန်ပြလာသည်မို့ အတော်လေး အားတက်လာ၏။ ဖြစ်နိုင်ရင်
ထိုနှစ်ယောက်ထဲက တစ်ယောက်ယောက်နဲ့ ကိုထင်အား ချစ်ကြိုက်စေချင်သည်။
ထို့ကြောင့် သူ့မျက်နှာအားအစွမ်းကုန်ပြုံးလျက်...

" အဲ့ဒါ အကို့ နဲ့ညီကိုတော်တယ်လေ။ သူက အနေအေးတော့ ညီမတို့နဲ့ မေးထူးခေါ်ပြော မလုပ်ဖြစ်တာပါ။ စိတ်ရင်းတော့ ကောင်းရှာပါတယ်။ အခုသွားမဲ့
ဂေဟာမှာလည်း ကိုထင်က တစ်လ တစ်ခါ တက်နိုင်
သလောက် ထောက်ပံ့ပေးတဲ့အပြင် လုပ်အားပေးလည်း မပျက်မကွက် သွားတယ် ။ ဘာရယ်တော့မဟုတ်ဘူး လူငယ်တွေဆိုတော့ လိုက်ချင်ကြမလားလို့ခေါ်ကြည့်တာ ၊ တခြား သူစိမ်းတွေတော့ မပါဘူး ၊ အကိုတို့ဆိုင်က ဝန်ထမ်းတွေကြီးပဲသွားကြမှာ "

ကိုထင်ကောင်းကြောင်းလေးတွေ ဒီရရွေး၍ ပြောပေးလိုက်သည်။
အမှန်တော့ ကိုထင်က ကောင်းကြောင်းရွေးပြောစရာမလိုလောက်အောင်
လောကကြီးအလယ်မှာ အမှားအနည်းဆုံးလို့ ပြောရမဲ့သူတစ်ယောက်ပင်။ 
ဘာပဲပြောပြော  ကိုထင်လိုလူမျိုး ကိုပိုင်ဆိုင်တဲ့ မိန်းကလေးက ကံကောင်းမှာသေချာသလောက်ပဲလေ ။

"  ကေသီတို့ တခါမှ လုပ်အားပေးတော့ မလုပ်ဖူးဘူး။ လိုက်တော့ လိုက်ချင်တယ်။
ဘယ်လိုလဲ ကြည်နူးနဲ့ မောင်ရွှေ နင်တို့လိုက်ကြမလား "

ကေသီတက်ကြွနေသလောက် ရွှေဘုံ
က သူ့မျက်မှန်လေးပင့်ကာ ပင့်ကာဖြင့်  မှင်သေသေ လုပ်နေ၏။ ကြည်နူး အားမရစွာ ဘေးမှာထိုင်နေတဲ့ ရွှေဘုံပေါင်ကို ခပ်ဆတ်ဆတ်ရိုက်လိုက်သည်။

" မေးနေတယ်လေ ။ လိုက်မလားတဲ့။
အာ ရှုပ်ပါတယ် ။ လိုက်မယ် အကို ၊ ကြည်နူးတို့ လိုက်ခဲ့မယ် "

ကြည်နူးတစ်ယောက်ဟာလေ စိတ်မြန်ကိုယ်မြန်ရှိတဲ့နေရာမှာ နှစ်ယောက်ကို မရှိဘူး။ ရွှေဘုံ ကို စိတ်မရှည်ဟန် သူကိုယ်တိုင်ပဲ လိုက်မယ်ဟု ဆုံးဖြတ်ချက်ချပြန်သည်။

ကိုယ်မလိုက်ရင်လည်း မိန်းကလေးနှစ်ယောက်ကို ယောကျာ်းတွေကြား ထည့်လိုက်လို့လည်းမကောင်း။
ကိုယ့်ကိုကိုယ် အသက်၂၀ စွန်းခါစ မိန်းမငယ်လေးတွေဆိုတာရော သတိရသေးရဲ့လားမသိ။

ပြီးတော့ ဟိုခပ်တည်တည်ပုဂ္ဂိုလ်ကရော သူတို့လိုက်တာ ကြိုက်ပါ့မလား။

" ကိုထင်က သဘောကောင်းပါတယ်ကွ ။
ဘာလဲ မင်းက ကိုထင် ကိုမကြိုက်ဘူးလား "

"ခွီး!!!"

အရေးထဲကေသီမက ထ ရယ်၏။
ရွှေဘုံ ရှက်ရှက်နဲ့ ဂုတ်ပိုးတွေကို အကြိမ်ကြိမ်ပွတ်နေမိသည်။ မေးတာက ရိုးရိုးဆိုပေမဲ့  တလွဲ လိုရာ ဇွတ်တွေးယူနေတဲ့ ကေသီကြောင့် လူက နေရတာခက်လှသည်။

ဒီရမောင်လည်း ရွှေဘုံဆိုတဲ့ ကောင်လေး၏ ရှက်ရဲရဲ မျက်နှာကြောင့် သူဘာများ
ပြောတာမှာသွားလဲလို့စဉ်းစားနေမိတာအခါခါ ။ မနေနိုင်တဲ့ အဆုံး ...

" ဘာလို့လဲ။ အကိုပြောတာ ဘာမှားလို့လဲ ဟင်"

"မမှားဘူး အကို ။ စိတ်ထဲမထားပါနဲ့။သူက နည်းနည်းလေးရှက်တက်လို့ပါ။
ဒါဆို မနက်ဘယ်ချိန်သွားမလဲ။
ကြည်နူးတို့ ဘယ်ကိုလာခဲ့ရမလဲ  "

"မနက် ၆နာရီလောက် ဒီဆိုင်ရှေ့ကနေ စောင့်နေလေ ။ အကိုတို့လာခေါ်လှည့်မယ် ။ "

"ဟုတ် ဒါဆို မနက် ၆နာရီလောက်တွေ့မယ်လေ ။ ဒါနဲ့ ဖုန်းနံပါတ်ပေးထားခဲ့မလား ၊ကိုဒီရ ။ ညီမတို့ မနက်ကျ အကျိုးအကြောင်း လှမ်းဆက်မေးရအောင်လို့ "

"ရတယ် ညီမ မှတ်ထားလိုက်လေ ၊  09××××××× အဲ့ဒါ ကိုထင့်ဖုန်းနံပါတ် ၊ အကို့ ဖုန်းနံပါတ် နဲ့ နောက်ဆုံး ဂဏန်း 1ပဲကွာတယ်။ သူက 0 ဆုံးတယ် အကိုက1 ဂဏန်းဆုံးတယ်။ အတူတူပဲ ကျန်တဲ့နံပတ်တွေက "

"ဟုတ် ညီမတို့ကတော့ ကဒ်ပဲပေးလိုက်တော့မယ်  "

"ok "

လိုက်ဖို့ သေချာ သလောက်ဖြစ်သွားပြီမို့
ရွှေဘုံ ကြည်နူးတို့ မသိအောင် သက်ပြင်းကြိတ်ရှိုက်လိုက်သည်။
ဒီနှစ်ကောင် ဘာဖြစ်စေချင်မှန်းမသိရအောင် သူက တုံးအနေတဲ့ သူမှမဟုတ်ပဲ။

____________

ညနေဆည်းဆာ က ဝေဝေဆာဆာ ထိန်လင်းတုန်းပင်။
ဒီနေ့ ဆိုင်ပိတ်ဖို့ အလှည့်ကျသူက
ရွှေဘုံမင်းစံဖြစ်လေသည်။
ခရီးတို တစ်ထောက် ထွက်ဖို့ရာအရေး
ဈေးဝယ်စရာရှိလို့ ဆိုကာ မင်းသမီးနှစ်ယောက်က   နှစ်နာရီမထိုးခင်ပြန်ကြလေသည်။

ထို့ကြောင့် ဝန်ထမ်းကောင်မလေး နှစ်ယောက်ကိုလည်း  လုပ်စရာရှိတာ အပြီးသတ်လုပ်ခိုင်းပြီး ဒီနေ့တော့ စောစောပြန်လွှတ်လိုက်သည်။ တစ်ဆိုင်လုံး စစ်ဆေးပြီး
အိမ်ပြန်ချိန်သည် ညနေ လေးနာရီပဲရှိသေးသည်။ 

မတက်နိုင်ပေ။

ဆိုင်တံခါးသော့ပိတ်လျက်
ရွှေဘုံ  ကားငှားလို့လွယ်မဲ့နေရာထိ လမ်းလျှောက်လာခဲ့လိုက်သည်။
တဝှီးဝှီးဖြတ်သန်းသွားလာနေကြတဲ့ ကားရောင်စုံကိုငေး၍ အေးဆေးစွာ လမ်းလျှောက်လာတဲ့ ရွှေဘုံက မသိရင်
ကိုယ်ပိုင်ကားကို မမြင်ဖူးတဲ့အတိုင်း။

" ရွှေဘုံ "

ကားတစ်စီးသည် မလှမ်းမကမ်းမှာရပ်သွား၏။

မတွေ့ချင်တဲ့ သူက  ဆိုက်ဆိုက်မြိုက်မြိုက် ရှေ့တည့်တည့်ကိုရောက်လာလိမ့်မယ်လို့
ဘယ်သူထင်မှာလဲ။ ကုသိုလ်ထူးပုံက
ရွှေဘုံ တစ်ယောက်ထဲ ရှိတဲ့ အချိန်မှလေ။ 

"ရွှေဘုံ  .. နေပါဦးကွာ ။ ကိုယ်တောင်းပန်ပါတယ် ၊  ကိုယ်ရှင်းပြတာ နားထောင်ပါဦး "

"ကျွန်တော်တို့နှစ်ယောက်ကြားမှာ ရှင်းပြစရာမလိုလောက်အောင်ပြီးသွားပြီ ဘုန်းခန့်ထည် ။ ခင်ဗျား ဒီပုံစံအတိုင်း ဆက်နှောက်ယှက်နေဦးမယ်ဆိုရင်  ကျွန်တော့်အဆိုးမဆိုနဲ့ နော်"

ခန့်ထည် အလျှင်အမြန် ရွှေဘုံ လက်ကလေးကို လှမ်းဆွဲလိုက်သည်။
လမ်းခွဲပြီးနောက်မှ သိခဲ့ရတာက သူ ဒီကောင်လေးကို မပြတ်နိုင်ဘူးဆိုတာပဲ။
ဖုန်း အကြိမ်ကြိမ်ဆက်ပြီးတောင်းပန်ခဲ့ပေမဲ့ သူချော့လိုက်ရင် စိတ်ဆိုးပြေမယ်ပဲထင်ခဲ့တာ ။

" လွှတ်ပါ ကိုခန့်။ ကျွန်တော်မရိုင်းချင်ဘူး"

လှမ်းဆွဲထားတဲ့ လက်ကို စိတ်ပျက်စွာကြည့်ရင်းရွှေဘုံ ခပ်မာမာပြောလိုက်သည်။
ဒီလူ ခုချိန်ကျမှ ဘာဖြစ်ချင်နေတာလဲ။

" အဲ့လို မလုပ်ပါနဲ့ ရွှေဘုံရာ ။ ကိုယ်မင်းကို တကယ်မမေ့နိုင်ဘူး၊ မင်းကိုယ့်အကျင့်တွေမကြိုက်ရင် မင်ကျေနပ်တဲ့ထိ ကိုယ်ပြု ပြင်ပေးမှာပါ။ အရင်လို မရှုပ်မပွေပဲ မင်းစိတ်တိုင်းကျ ကိုယ်လိမ်မာပါ့မယ်။ မင်းမရှိမှ
မင်းတန်ဖိုးကို ကိုယ်နားလည်သွားတာပါ  "

"ရူးနေလား ဘုန်းခန်ထည်။
ကျွန်တော် နွားမဟုတ်ဘူးနော်။
ခင်ဗျား ဒီလိုလမ်းခွဲရမှာ ကြောက်ရင် အစကတည်းက မဖောက်ပြန်နဲ့လေ။
လက်ပူးလက်ကြပ် မိရုံတင်မကဘူး ၊ ကျွန်တော်သူငယ်ချင်းတွေကိုပါ ကိုယ်ထိလက်ရောက် ကျူးလွန်ဖို့ ကြံခဲ့တဲ့ကောင်ကို ကျွန်တော်ဘယ်စိတ်နဲ့ ခွင့်လွတ်ရမှာလဲ။
အသိစိတ်ရှိရင် ၊ခင်ဗျားရှက်တက်ရင်  ကျွန်တော်ဆီ ပြန်လာဖို့မတောင်းဆိုသင့်ဘူး။
ဖယ် ... ကျွန်တော်အသားကို မထိနဲ့ ။ "

အားနဲ့ရုန်းဖယ်ရင်း ရွှေဘုံ ကားတစီးကို အလျှင်မြန်တားကာ တက်လိုက်သည်။  ဆက်ထုံး ဆိုတာ  အမြင်လည်းမလှသလို  အရင်လိုလည်း မခိုင်မြဲတော့ဘူးဆိုတာ ခင်ဗျားသိသင့်တယ် ဘုန်းခန့်ထည်။ ချစ်နေတုန်းကတော့ ခင်ဗျား ဆီက
" ကိုယ်အလုပ်မအားလို့ပါ" ဆိုတဲ့ မက်ဆေ့ တစ်ကြောင်းကိုတောင် အရူးအမူးရင်ခုန်ခဲ့တာ။ ဘာခံစားချက်မှ မကျန်တော့တဲ့ အချိန်မှ  ချစ်ပါတယ် ပြောနေလည်း
လေကုန်ရုံပဲရှိမှာ ကျွန်တော်ကတော့ နောက်ပြန်လှည့်မှာမဟုတ်တော့ဘူး ။
အဲ့သေချာတယ်။

ကျွန်တော် ခင်ဗျားကို နည်းနည်းလေးတောင် မချစ်တော့ဘူး။

ချစ်တဲ့အိမ်စည်။

Bạn đang đọc truyện trên: ZingTruyen.Xyz