တသက်လုံးပျော်ချင်မောင့်ကိုချစ်ပါ(တသက္လံုးေပ်ာ္ခ်င္ေမာင့္ကိုခ်စ္ပါ)Completed
5
customer နဲ႔စကားေျပာၿပီးခ်ိန္တြင္ မနက္၁၀နာရီေက်ာ္ေနၿပီျဖစ္သည္။
မနက္အေစာပိုင္းကတည္းက စကားေျပာေနရတာ သူလည္း အာေခါင္ေတြေတာင္ေျခာက္ေနလွၿပီ။ထို႔ေၾကာင့္ စားပြဲေပၚက ဧည့္သည္အတြက္ ခ်ေပးထားတဲ့ေရသန္႔ဘူးကို
ယူ၍ေမာ့ေသာက္ပစ္လိုက္ရသည္ထိပင္။
မနက္မိုးလင္းတာနဲ႔ အလုပ္အရႈပ္ဆံုးသူကိုျပပါဆိုရင္ ေရးညိဳ႕ထင္ကိုသာ လက္ညိဳးထိုးျပၾကလိမ့္မည္။
မလုပ္လို႔လည္းမျဖစ္။ ဤဆိုင္ေလးသည္
သူ႔ ႀကိဳးစားအားထုတ္မူ႔မွတ္တိုင္ေလးျဖစ္သည္ကိုး။ ။
ဒီရေမာင္အပါအဝင္တျခားေကာင္ေလး ၃ေယာက္လည္းအလုပ္မ်ားသည္ဆိုေပမဲ့ ေရးညိဳ႕ထင္ကေတာ့ သိသိသာသာပိုမ်ားေနရသူပင္။ လာသမ်ွ ဧည့္သည္ကို သူကိုယ္တိုင္းစကားလက္ခံေျပာရၿပီး ဝန္ေဆာင္မူ႔နဲ႔ ပတ္သတ္တာရွင္းျပျခင္း ၊ ဧည့္သည္ လိုခ်င္တဲ့အေနအထားကို စနစ္တက် ေရးမွတ္ျခင္းေတြကို သူကိုယ္တိုင္သာ လုပ္ေလ့ရွိသည္။
" ကိုထင္က ဘာလို႔ရည္းစားမထားတာလဲ ကိုဒီရ "
အားလံုးရဲ႕ အၾကည့္က ဒီရဆီမွာမို႔ စားပြဲေပၚ လက္ေထာက္ေမးတင္ ထားတဲ့ ပ်င္းရိပ်င္း႐ြဲပံုစံကို ျပင္ဖို႔ ခါးကိုမတ္လိုက္သည္။
အလုပ္ခန္းတံခါးကို ပိတ္မထားတာေၾကာင့္ အျပင္မွာ ေရေသာက္ေနတဲ့ ကိုထင္ ပံုပန္းသ႑ာန္က ထင္ထင္ရွားရွား ။
ေရဘူးေမာ့ေနတာမို႔ ႀကံ့ခိုင္တဲ့ လည္ပင္နွင့္ေမးရုိးက ေယာက်ာ္းဆန္လွသလို
ခဲေရာင္ လက္ရွည္ေအာက္က လက္ဖ်ံေတြက မိန္းကေလးတစ္ေယာက္ ယံုၾကည္အားကိုးေလာက္စရာအျပည့္။
ဒီလို ေယာက်ာ္းမ်ိဳးက ရည္းစားမရွိဘူး ဆိုတာ မထူးရင္ဘယ္အေရးကထူးမည္လဲ။
ကိုထင္အေၾကာင္းကို စိတ္ဝင္စားေနတဲ့ မ်က္လံုးေတြေၾကာင့္ ဒီရေမာင္ ရယ္ေမာလိုက္မိသည္။
ကိုထင္သည္ ကတ္စီးနည္း ေကာ္တရာ ပင္။
ရည္းစားမထားရေသးပဲ ကုန္က်မူ ႔ေငြပမာန ကို ေတြး၍ နွေျမာတက္ေလသူျဖစ္ၿပီး
မိန္းကေလးေတြ၏ စိတ္ဆိုးစိတ္ေကာက္ဒဏ္ကိုလည္း ဘယ္လိုမွ စိတ္မရွည္တက္ဘူးဟု ဆိုေသးသည္။
" ရည္းစား မထားတာပဲ ျမင္တာလားကြ။
မစြံတာေရာ မျဖစ္နိုင္ဘူးလား "
" မျဖစ္နိုင္ပါဘူး။ ကိုထင္ပံုစံၾကည့္ရတာ အလတ္ႀကီး။ ဘယ္ေနရာကၾကည့္ၾကည့္
ကြၽန္ေတာ္တို႔ကိုထင္ရဲ႕ခန္႔ညားမူ႔က
မေလ်ာ့ေသးဘူး"
အထင္ႀကီးေနတဲ့ တပည့္ေတြပံုေၾကာင့္
ဒီရ နွာေခါင္းရႈံ႕မိ၏။
ဆိုင္မွာ ေယာက်ာ္းေလးလည္းျဖစ္ ၊ မိသားစုလိုလည္းျဖစ္ေနေတာ့ ေတာ္ရုံ စကားဝိုင္းက အလုပ္ရွင္နဲ႔ အလုပ္သမား ဟူ၍ ခြဲျခားမူ႔က မရွိသေလာက္။
အဲ့ဒါေၾကာင့္ သူတို႔ဆိုင္က ဝန္ထမ္းၿမဲတာျဖစ္သည္။
" ေတာ္ရုံေလာက္အထင္ႀကီးစမ္းပါ၊ မင္းတို႔ ကိုထင္က မိန္းမေတြနဲ႔ ကီးမကိုက္ဘူးကြ။ ဒီပံုစံအတိုင္းဆို တသက္လံုး လူပ်ိဳႀကီးမ်ားလုပ္ေတာ့မလားမသိဘူး။ အျပင္ေခၚလို႔လည္းမရ။ အဆင္ေျပတာေလးနဲ႔ေအာင္သြယ္ေပးရမလားဆိုလည္းမရ ။ ငါေတာ္ေတာ္ စိတ္ညစ္ေနၿပီ "
" ဒီေလာက္ေလးနဲ႔ စိတ္ညစ္ေနေသးတယ္ ကိုဒီရ ရာ ။ အျပင္ေခၚမရေတာ့ မေခၚနဲ႔ေပါ့ ဗ် ။ ဘယ္မွ သြားရွာစရာမလိုေအာင္ နီးနီးေလးမွာ ရွိေနတယ္ေလ ကိုႀကီးရ "
ဆိုင္မွာ အငယ္ဆံုး ညီေထြးက ပန္းဆိုင္ဖက္ကို မ်က္စ ပစ္ျပ၏။
ဒီရ မ်က္လံုးေတြလက္ခနဲ။
ဟုတ္ပါ့။ နီးရက္နဲ႔ ေဝး ေနတာပဲ။
ဟိုဖက္ဆိုင္မွာ ေကာင္မေလး ၂ေယာက္ရွိသည္။ ေခ်ာေခ်ာလွလွေလးေတြမို႔
ညီေထြးတို႔တေတြ ကြက္ၾကည့္ကြက္ၾကည့္လုပ္ေနတာ အေတာ္ၾကာၿပီ။
အစပ္အဟပ္လည္းမရွိလွတာမို႔
ေတြ႕ျမင္ရင္ ၿပံဳး ျပျဖစ္တာကလြဲၿပီး ကိုယ္တိုင္လည္းရည္းစားနဲ႔မို႔ ထိုအဆင့္ထက္မပိုခဲ့။
" ဆိုစမ္းပါဦး ။ မင္းက အဲ့ေကာင္္မေလးေတြနဲ႔ရင္းနွီးလား "
" မရင္းနွီးပါဘူး ။ ဒါေပမဲ့ အဲ့ဆိုင္မွာ အလုပ္လုပ္ေနတဲ့ ယမုံေသြးက ကြၽန္ေတာ္ အကိုရဲ႕ သူငယ္ခ်င္း ။ သူတို႔အေၾကာင္း နည္းနည္းေတာ့ သိတယ္ "
လက္ညိဳးကို လက္မနဲ႔ ေသးေသးေလးဖိျပရင္း ဆိုတဲ့ ညီေထြးကို လက္ပိုက္ကာ ဒီရၾကည့္လိုက္သည္။ က်န္လူမ်ားကလည္းၿပံဳးစိစိ။
မလံုမလည္း ညီေထြးၿပံဳးကာ ေခါင္းကုတ္မိသည္။
ရည္းစားရွိတယ္ဆိုေပမဲ့ လွတာေတြ႕ေတာ့ ၾကည့္မိတာ ေယာက်ာ္းေတြ သဘာဝမို႔လား။
" ဆံပင္ရွည္ရွည္ေလးနဲ႔ တစ္ေယာက္က
ၾကည္ႏူးရတနာ တဲ့ ။ ဂုတ္ဝဲနဲ႔ မ်က္နွာဝိုင္းဝိုင္းေလးက ေကသီဦးေဝ ။ သူတို႔ကေတာ့
မေကသီ ၊ မၾကည္ႏူးလို႔ေခၚၾကတာပဲ။
ဟိုမ်က္မွန္ေလးနဲ႔ ေကာင္ေလးက ေရႊဘံု ဆိုလားပဲ။ ေယာက်ာ္းေလးဆိုေတာ့ ဟဲဟဲ ေသခ်ာမမွတ္ထားလိုက္ရဘူး။ သူတို႔ကသူငယ္ခ်င္းေတြတဲ့ "
သူသိသမ်ွ ေဖာက္သည္ျပန္ခ်ေနတဲ့
ညီေထြးစကားေၾကာင့္ ဒီရ ေခါင္းတညိမ့္ညိမ့္နဲ႔နားေထာင္မိသည္။
တစ္လ ေက်ာ္တဲ့အထိ ဆိုင္ခ်င္းကပ္ရပ္ျဖစ္ေနတာေတာင္ ဘာမွမသိတဲ့ ကိုယ္ကိုကိုယ္ေတာင္ နည္းနည္းစိတ္ပ်က္ခ်င္မိသလို။
" ကိုထင္ ကနည္းနည္းမွ အဲ့ဖက္ကို စိတ္ဝင္စားပံု မျပဘူးကြ ။"
" သူတို႔ကေတာ့ စိတ္ဝင္စားတယ္ထင္တယ္။ ယမံု ကို ဒီဖက္ဆိုင္အေၾကာင္းေတြ မေကသီက ေမးတယ္တဲ့ ။ အဓိက ကေတာ့ ကိုထင္အေၾကာင္း။ ကိုဒီရအေၾကာင္းေကာ အရင္က ေမးတယ္တဲ့။ ေနာက္ပိုင္း ကိုဒီရ ေကာင္မေလး လာလာေနတာေတြ႕ေတာ့ မေမးေတာ့ဘူးတဲ့ "
ဒီရ မ်က္နွာ စိတ္ပ်က္လက္ပ်က္မဲ့ သြား၏။
လွတပတ ေကာင္မေလးေတြရဲ႕ စိတ္ဝင္စားမူ႔ဟာ ဒါဆို သူ႔အေပၚမွာ လံုးဝမသက္ေရာက္ေတာ့ဘူးေပါ့။
" ထားေတာ့ ၊ ကိုထင္ကို ဒီအေၾကာင္းေတြ မေျပာျပနဲ႔ ။ ၾကားလား "
"ဟုတ္ "
ထိုအခ်ိန္တြင္ အခန္းထဲဝင္လာၿပီး မွန္တံခါးအနက္ကို တြန္းပိတ္ေနတဲ့ ကိုထင္က နားစြန္နားဖ်ား ၾကားပံုျဖင့္..
" ဘာေတြ ဟုတ္ေနၾကတာလဲ ကြ ။
ဒီရ ကေလးေတြၾကားထဲ ထိုင္ၿပီး အလုပ္မလုပ္ပဲ ဘာေတြ ေလပန္း ေနတာလဲ။
မနက္ကတည္းက ငါဟိုမွာ စကားေျပာရင္းၾကည့္ေနတာ ပ်င္းတိပ်င္း႐ြဲနဲ႔။ ဧည့္သည္နဲ႔ တမနက္လံုး စကားေျပာေနရတဲ့ ငါ့ကိုလည္း အားနာပါဦး။ "
ညီေထြးအသံတိတ္သြားသလို တျခား ေကာင္ေလးေတြလည္း အသိခ်င္ေယာင္ေဆာင္ကာ ကြန္ျပဴတာဆီ ေခါင္းျပန္စိုက္ကုန္ၾကသည္။
ထို႔ေၾကာင့္ ဒီရလည္း ကိုထင္ထံ ၿပံဳးၿဖဲၿဖဲ လုပ္ျပရင္း
" အားနာပါတယ္ကြာ ၊ အဲ့ဒါေၾကာင့္ ထင္ထင္ ဘာမွမလုပ္ရေအာင္ ဒီညီေလးက
ထင္ထင္ အလုပ္ေတြ ကူလုပ္ေပးမယ္ေလ ေနာ္..."
ကိုထင္သည္ ဒီရေမာင္၏ပက္ခြၽဲနပ္ခြၽဲကို နားမခံနိုင္စြာ အပိုစကားမဆိုေတာ့ပဲ
မ်က္ေမွာင္ႀကီးကုတ္လ်က္ ဖုန္းထဲက bluetooh ဖြင့္၍ ေဘာက္စ္ ျဖင့္ခ်ိတ္လိုက္ေတာ့သည္။
ထို႔ေနာက္ မနက္ခင္းသူ႔ဖြင့္နားေထာင္ေနၾက နဂါးနီ သီခ်င္းႀကီးက တစ္ဆိုင္လံုး လႊမ္းမိုးလာေတာ့သည္။
__________
🎵(ဆင္းရဲျခင္းလြတ္ကင္းေအာင္လမ္းျပေဆာင္ပါမည္...ရတနာခုနွစ္သြယ္ တကယ္ပင္စံုညီ တို႔မ်ိဳးသားတိုင္းျပည္)၂
မြဲတဲ့လူ လွဴ ဒါန္းနိုင္မည္
ေက်ာင္းေဆာက္ကာ ဘုရားပါတည္
ဘိုးဘိုးေအာင္နဲ႔ ရွင္အဇၥ ်ေဂါဏတို႔
မတဲ့ကိန္းဆိုက္္မည္
က်န္းက်န္းမာမာ ခ်မ္းခ်မ္းသာသာ
ေဘးရန္ကာဆီးမည္
လူမြဲေတြက မေနွးေခတ္မွီ
သူေဌးျဖစ္ေတာ့မည္
တို႔နဂါးနီ သိဒၶီတန္ခိုးနဲ႔ ဆင္းရဲသားတို႔
မညိဳးမည္
အက်ိဳးထူးေပးေတာ့မယ္ဗ် 🎵
ဟိုဖက္ဆိုင္္က အခ်ိန္အခါမဟုတ္ ထဖြင့္လာတဲ့ နဂါးနီ သီခ်င္းသံႀကီးေၾကာင့္ ေကသီမ တခြီးခြီးနဲ႔ႀကိတ္ရယ္ေန၏။
ေရႊဘံု သည္ ခုထိမရုိးနိုင္ေသးတဲ့ ေကသီေၾကာင့္ သူပါ ၿပံဳးစိစိျဖစ္ခ်င္ေနေလသည္။ ထိုဆိုင္ပိုင္ရွင္သည္ ေခတ္မွီ ေယာက်ာ္ပ်ိဳ နွစ္ေယာက္ျဖစ္လင့္ကစား ျမန္မာမူ႔ျမန္မာဟန္ကို ေလးစားပံုရ၏။ မနက္ဆို တရားေခြ ဖြင့္တက္သလို ၁၁နာရီအေစာပိုင္းအခ်ိန္ကာလတြင္လည္း အဓိပၸါယ္ရွိတဲ့ ျမန္မာသီခ်င္းမ်ားကိုသာဖြင့္တက္ေလ့ရွိသည္။ေန႔ခင္း ၁နာရီေနာက္ပိုင္းတြင္ေတာ့ ဆိုင္ရွိလူငယ္ေတြနားေထာင္ရန္ ေခတ္ေပၚသီခ်င္းမ်ားကို ဖြင့္တက္ၿပီး မနက္ခင္းမ်ားစြာကေတာ့ မရုိးနိုင္စြာ နဂါးနီသီခ်င္းအပါအဝင္" ခ်မ္းေျမ့ပါေစ "ဆိုတဲ့ သီခ်င္းကိုပါဖြင့္တက္ေသးသည္။
ထိုအခ်ိန္တြင္ ေကသီ၏ "ခ်မ္းေျမ့ ခ်မ္းေျမ့ပါေစ .. ေဖေဖလည္းခ်မ္းေျမ့ပါေစ ေမေမလည္းခ်မ္းေျမ့ပါေစ " ဆိုၿပီး လိုက္ဆိုတဲ့ အသံက်ယ္ကိုလည္း ၾကားတက္သည္။
သူဖာသာ ဆိုၿပီးခ်ိန္တြင္လည္း တခြီးခြီးနဲ႔ရယ္ေသး၏။
" ဟဲ့ အဲ့ဒါဘာျဖစ္ေနတာလဲ ။
သူမ်ားက ေစာေစာစီးစီးမဂၤလာယူေနတာကို မ်က္ခြက္က နည္းနည္းမွအပိုးမက်ိဳးဘူး။ သြားသိမ္း ..သြားသိမ္း"
ေကသီ၏ ေရွ႕သြားနွစ္ေခ်ာင္းသည္ အနည္းငယ္ ႀကီးသေယာင္ရွိေပမဲ့ ေခါေနတာေတာ့မဟုတ္ေပ။
ဒါေပမဲ့ တခါတေလ ၾကည္ႏူးက သြားသိမ္းဟု စေနာက္တက္သည့္အခါတြင္ေတာ့ ဆတ္ဆတ္ခါေအာင္နာတက္၏။
" ၾကည္ႏူးမေနာ္ ဘာသြားသိမ္းလဲ။
အဲ့လိုမစနဲ႔လို႔ နင့္ကို ငါေျပာထားၿပီးသားေနာ္ ။ ေနာက္တခါ ငါ့သြားကို ထိခိုက္ရင္ နင္ေတာ့မလြယ္ဘူးမွတ္ထား"
ပုခံုးကိုတြန္႔ျပ၍ ၾကည္ႏူး ရယ္က်ဲက်ဲလုပ္ကာ ေဒါသထြက္ေနတဲ့ ေကသီ့ကို လ်ွာထုတ္ျပေသးသည္။ ေရႊဘံုနွစ္ေယာက္သားၾကားမတ္တပ္ဝင္ရပ္၍
" ေတာ္ၿပီ စကားမမ်ားနဲ႔ေတာ့ ။ "ဟု
ဖ်န္ေျဖရေတာ့၏။
ထိုအခါမွ ေကသီသည္ ၾကည္ႏူးအား မ်က္ေစာင္းထိုး၍ ပန္းစည္းလက္စ ခံုေရွ႕ဝင္ထိုင္ေလသည္။
ၾကည္ႏူးကေတာ့ သူရန္စ ထားသူမဟုတ္သလို ခပ္တည္တည္ပင္ ေကသီေဘးမလွမ္းမကမ္းမွာဝင္ထိုင္၏။ ခပ္တည္တည္လုပ္ေနေသာ္ျငား ရယ္ခ်င္ေနတဲ့ ရုပ္ႀကီးေၾကာင့္ ေကသီသည္ သူ႔ လက္ထဲက
နွင္းဆီခတ္ျဖင့္ စိတ္မရွည္စြာ ၾကည္ႏူးကို ပစ္ေပါက္၏။ ၾကည္ႏူးက ထိုပန္းကို ဖမ္း၍ ေကသီထံ ျပန္ပစ္ေပါက္သည္။ သူပစ္ကိုယ္ပစ္လုပ္ၿပီးအေတာ္ၿပီးေနာက္ တစ္ေယာက္မ်က္နွာ တစ္ေယာက္ၾကည့္ကာ တဟီးဟီး တဟားဟား ျဖင့္ရယ္ေလေတာ့သည္။
ေရႊဘံု သည္အမ်ိဳးမ်ိဳး တက္နိုင္ၾကတဲ့
ရုပ္ေျပာင္မ နွစ္ေယာက္ကိုၾကည့္ကာ
သူပါ မေက်မနပ္ ခံုမွာ ဝင္ထိုင္မိေတာ့သည္။
ရည္းစားနဲ႔ ပူပူေႏြးေႏြး ျပတ္ထားဆဲကာလမို႔ ထိုင္ေငး၍ေဆြးခ်င္ပါေသာ္လည္း ထိုနွစ္ေယာက္ေၾကာင့္ သူ႔မွာ ခံစားခ်က္က ဆတ္တငင္ငင္။ ကုိခန္႔ကို လြမ္းလို႔ ၊ မျပတ္နိုင္လို႔ ေဆြးခ်င္တာလား ဆိုေတာ့လည္းထိုသို႔မဟုတ္ျပန္။
ဘုန္းခန္႔ထည္အတြက္ လက္က်န္သံေယာဇဥ္သည္ ထိုေန႔ကတည္းက ကုန္ဆံုးခဲ့သည္။ ခ်စ္ခဲ့ဖူးသည္။ ဒါေပမဲ့
ယခုမူ စြဲလမ္းစိတ္ဟူသည္ ေလ၌ လြင့္ပါသြားေသာ တိမ္တိုက္ကဲ့သုိ႔ ဘယ္ေရာက္လို႔ေရာက္မွန္းေတာင္မသိေတာ့။
" ေရႊဘံု ငါေမးစရာရွိလို႔ "
အေတြးတစြန္းတစသည္ ၾကည္ႏူး အသံေၾကာင့္ ျပယ္ျပန္႔သြားသလို။
သူအသာေခါင္းညိမ့္ျပလိုက္သည္။
" ေမးေလ "
" နင္ ကိုခန္႔ကို ေမ့နိုင္ၿပီလား ။ တျခားေတာ့မဟုတ္ပါဘူး။ နင့္ကို ေနာက္တခါ အမွားအယြင္း မခံနိုင္ေတာ့ဘူး ေရႊဘံု ။ ဒါေၾကာင့္ သူ႔ဖက္က ထပ္ၿပီးဆက္သြယ္လာရင္ နင္စိတ္မပါသြားနဲ႔"
" ဟုတ္တယ္ ။လံုးဝ ျပန္လက္မခံနဲ႔ေနာ္။
လက္ခံရင္ နင္က လူဆင္စစ္ကေန ႏြားလံုးလံုးျဖစ္ၿပီသာမွတ္။ နင္ရုပ္နင့္ရည္နဲ႔ ဒီေကာင့္ထက္သာတဲ့ သူ ေခါင္းေခါက္ေ႐ြးလို႔ရတယ္။ နင္လက္နာမွာစိုးရင္ ငါေခါက္ေပးမယ္နင့္အစား "
ေကသီစကားေၾကာင့္ သူအီလည္လည္ျဖစ္သြား၏။ ေကသီ ေျပာလိုက္ရင္ ဘယ္ေတာ့မွ အၿမီးေမွာက္ မတည့္။
" ငါကဘာလို႔ ျပန္လက္ခံရမွာလဲ။
စိတ္ခ် သူ႔အေပၚမွာ ခ်စ္တာလဲမရွိဘူး။ မုန္းတာလဲမရွိဘူး ။ ငါ့စိတ္ထဲ ဗလာပဲ "
"ၿပီးေရာ ဒါဆိုလဲ။ စကားမဆက္
ဟိုဖက္ဆိုင္က ေရးညိဳ႕ထင္ဆိုတဲ့ အကိုႀကီးကို နင္စိတ္မဝင္စားဘူးလား။
သူ႔ပံုစံက သစၥာရွိၿပီး အရမ္းခ်စ္တဲ့ပံုေနာ္ "
ေရႊဘံု ပါးျပင္ေတြသည္ ေရေႏြးပူနဲ႔ ပတ္ခံလိုက္ရသလို စပ္ဖ်င္းပူေလာင္သြား၏။
တခါတေလ ၿပံဳးျပနႈတ္ဆက္တက္ေသာ
အကိုႀကီးကို မ်က္လံုးထဲျပန္ျမင္လာေတာ့ ဘာရယ္မဟုတ္ ဂုတ္ပိုးေတြကို ပြတ္သပ္မိသည္။
ထိုသူသည္ အေနေအးက တည္ၾကည္ေၾကာင္း သူကိုယ္တိုင္လည္း သတိထားမိ၏။
အၿမဲ ပုဆိုးနွင့္ အက်ၤ ီလက္ေခါက္ဝတ္တက္ေသာ ပံုစံက ၾကည့္လိုက္တိုင္း အျမင္ဆန္းသေယာင္။
ပူေလာင္မူ႔ဟူ၍ အနည္းငယ္ေတာင္မခံစားရတဲ့ ထိုသူ႔သ႑ာန္သည္
စိတ္ဝင္စားဖြယ္ေကာင္းတာေတာ့ လက္ခံမိသည္။
" ေတြ႕လား ၾကည္ႏူး။ ေမာင္ေရႊ
ကိုေရးညိဳ႕ထင္ကို သတိထားမိတယ္ ။ ဟီးဟီး ဒါဆို ငါတို႔ေအာင္သြယ္ေပးရမလား "
"ဟာ နင္တို႔ေနာ္ ။ ငါ..ငါက ဘာလို႔စိတ္ဝင္စားရမွာလဲ။ ၿပီးေတာ့ ငါကိုခန္႔နဲ႔ျပတ္တာမွ တစ္လေလာက္ပဲရွိေသးတယ္။ ေနာက္တစ္ေယာက္ခ်စ္ဖို႔ဆိုတာ မျဖစ္နိုင္ဘူး "
ေျပာၿပီး ေရႊဘံု ထိုင္ရာမွ ထထြက္လာခဲ့လိုက္သည္။ အခ်စ္ဆိုတာ သူလိုလူတစ္ေယာက္အတြက္ ရွိေရာရွိႏိုင္ေသးလားဆိုတာ မယံုရဲေပ။
အခ်စ္ဦး၏ ရက္စက္မူ႔အေပါင္းဟာ
အသည္းထဲမွာ စြဲၿမဲေနေသးတာမို႔ ေနာက္လူဆိုတာ လက္သင့္မခံနိုင္ေသးပါ။
ထပ္ၿပီး နာက်င္ေအာင္လုပ္မဲ့သူဆိုရင္
သူခံနိုင္ရည္ရွိမွာမဟုတ္။
ၿပီးေတာ့ ထိုသူ၏ ရည္မြန္တဲ့ရုပ္ရည္၊ ေအးခ်မ္းတဲ့ အေနအထားဟာ ဘယ္လိုနည္းနဲ႔မွ လိင္တူ စိတ္ဝင္စားမွာမဟုတ္ေပ။
သူ..သူ ေနာက္ထပ္ခ်စ္ဖို႔ မျဖစ္နိုင္ေသးဘူး။
__________
ေဖာင္း!
လက္အိတ္စြပ္ထားတဲ့ လက္နွစ္ဖက္၏ ထိေတြ႕သံသည္ က်ယ္ေလွာင္၏။
မိုက္က လက္ကို ရင္ဘတ္ေရွ႕ ေျမာက္၍
သူ႔လက္နွစ္ဖက္အခ်င္းခ်င္းထိုးလိုက္ျခင္းျဖစ္သည္။
အက်ၤ ီဗလာ ခြၽတ္ ျဖစ္ေနေပမဲ့ ေခါင္းစြပ္ နွင့္ သြားအံ့ကပ္၊ လက္အိတ္အျပည့္အစံုပင္။
သူနွင့္အတူ ႀကိဳးဝိုင္းထဲမွာ ကိုနိုင္းကလည္း ပံုစံတူျဖစ္ၿပီ မ်က္နွာခ်င္းဆိုင္ မတ္တပ္ရပ္ေန၏။
" အဆင္သင့္ပဲ လားကိုနိုင္း "
" မင္းနဲ႔လက္ရည္စမ္းဖို႔ အဆင္သင့္ျဖစ္ေနတာ ၾကာလွၿပီ "
အံကပ္ထည့္ထားတာမို႔ စကားတို႔သည္ မပီမသ။
ထို႔ေနာက္ ကြင္းလယ္တြင္ ရပ္၍ သတ္ပုတ္ဖို႔ လက္သီးခ်င္းထိ၍ ပြဲစလိုက္သည္။
ဒိုင္မပါ ၾကည့္ရူသူမရွိတဲ့ ေျခစမ္းပဲြ။
Trainer ျဖစ္တဲ့ကိုနိုင္းက မိုက္လက္ရည္ကို သိသည္။
ႀကိဳးဝိုင္းအတြင္းအသာပတ္၍ တစ္ေယာက္နဲ႔ တစ္ေယာက္ အေျခေနၾကည့္ေနစဥ္ မိုက္ထံမွာ လက္သီးတစ္လံုးက ပထမဆံုးသူ႔ဆီဝဲလာ၏။
ခ်က္ျခင္းေခါင္းကိုေစာင္း၍ တိမ္ေရွာင္ၿပီး တန္ျပန္လက္သီးတစ္လံုးမိုက္ထံပစ္ေကြၽးလိုက္သည္။
မိုက္က ေၾကးစားပီပီ အၾကမ္းခံသည္။
လ်ွင္ျမန္ဖ်တ္လက္၏။
ပထမဆံုး လက္သီးသည္ မိုက္ကိုမထိေပ။
ထို႔အစား မိုက္ရဲ႕ ေျခကန္ခ်က္အစစ္ကိုသာ ကိုနိုင္းျပန္ရလိုက္သည္။
အလ်ွင္အျမန္ေလ်ွာင္တိမ္းေသာ္လည္း ဘယ္ဖက္ နံျခား အဖ်ားခတ္ထိသြားေသးသည္။
ေျခလွမ္း အနည္းငယ္ေနာက္ယိုင္သြားၿပီး
ေနာက္ႀကိဳးစင္နဲ႔ ကိုယ္လံုးတိုက္မိမွ အရွိန္ရပ္သြား၏။ ထို႔ေနာက္ ကိုနိုင္း မိုက္ေဘးကို သိပ္မကပ္ရဲေတာ့ေပ။ အေျခေနကိုၾကည့္ကာ လက္သီးကိုေျမာက္၏။
ကြင္းကို ျဖည္းျဖည္းပတ္ရင္း မိုက္လႈပ္ရွားမူ႔ကို ေလ့လာေနရင္း မိုက္လက္သီးကထပ္မံ၍ေဝ့ခနဲ။ လက္ျဖင့္ပုတ္ထုတ္၍ မိုက္နံျခားကို ဒူးျဖင့္ပစ္တိုက္သည္။ဂုတ္ဆြဲ၍ ဖိတိုက္လိုက္တာမို႔ မိုက္ ထိခ်က္ျပင္းသြား၏။
အသက္ရူမွားသြားေပမဲ့ မိုက္ ကိုနိုင္းရဲ႕ ေက်ာကိုမိမိရရဖက္လိုက္နိုင္သည္။
ထို႔ေၾကာင့္ အားျဖင့္ ေက်ာကေန မကာ
အရွိန္ျဖင့္ ေအာက္ကိုပစ္ခ်၍ ပက္လက္ျဖစ္ေနေသာ ကိုနိုင္းေပၚ ဖိတက္ၿပီး လႈပ္မရေအာင္ ခ်ဳပ္ထားလိုက္သည္။
ရုန္းမရ၍ အသက္ရူမွားေလာက္တဲ့ အခ်ိန္ေရာက္မွ ကိုနိုင္း မိုက္ရဲ႕လက္ကို အလ်ွင္အျမန္ပုတ္လာသည္။
ကိုနိုင္းရႈံးသြားေလၿပီ။
ဒါ အေပ်ာ့စားေလ့ခ်င္းခန္းပဲရွိေသးသည္။
ေျမေအာက္ပြဲေတြမွာဆိုရင္ မိုက္အေနနဲ႔
ဗလာခ်ည္သာ ထိုးသတ္ရသည္။
လက္အိပ္မပါ ၊ အံ့ကပ္မပါတဲ့ အလြတ္တမ္းပြဲမ်ိဳးပင္။
ထိုအခ်ိန္မ်ိဳးတြင္ ကိုယ့္အသက္သည္သာ အေရးႀကီးဆံုးပင္ျဖစ္သည္။
"အေလ်ာ့ေပးလို႔ေက်းဇူးပဲ မိုက္။ မင္းလက္ရည္မက်ေသးဘူး "
ခုထိ မထနိုင္ေသးတဲ့ ကုိနိုင္းကို ဆြဲထူ၍
သူ ပုခံုးတြန္႔ျပလိုက္သည္။
ထို႔ေနာက္ လက္က လက္အိတ္ေတြကိုခြၽတ္၍ ႀကိဳးဝိုင္း ထဲက ထြက္လိုက္သည္။
" လာမဲ့ ၁၅ရက္ေန႔ကို ထိုးမယ္ ကိုနိုင္း
ဂ်င္းမီ ကို အေၾကာင္းၾကားလိုက္ေတာ့ "
ခ်စ္တဲ့အိမ္စည္။
( ၅ပိုင္းထိ ေရာက္လာၿပီမို႔ ongoing လိုက္တဲ့သူေတြကိုေက်းဇူးတင္ပါတယ္ ။
ပံုမွန္လိုက္ဖတ္ေနတဲ့သူ တစ္ပိုင္းကို 1k ေက်ာ္ရွိပါတယ္။ စိတ္မရွည္ျဖစ္ၿပီး မဖတ္ပဲ ထြက္သြားရင္ ကိုယ္စိတ္မေကာင္းျဖစ္ရလိမ့္မယ္ ထင္တယ္။ ခုအပိုင္းထိ ဖတ္ၿပီးတဲ့ သူေတြ ဆက္ဖတ္ေစခ်င္တယ္။ ကိုယ့္ကိုယံုတယ္မို႔လားဟင္။ စိတ္ပ်က္ေအာင္လံုးဝ မလုပ္ဘူး ကိုယ္ကတိေပးတယ္ )
customer နဲ့စကားပြောပြီးချိန်တွင် မနက်၁၀နာရီကျော်နေပြီဖြစ်သည်။
မနက်အစောပိုင်းကတည်းက စကားပြောနေရတာ သူလည်း အာခေါင်တွေတောင်ခြောက်နေလှပြီ။ထို့ကြောင့် စားပွဲပေါ်က ဧည့်သည်အတွက် ချပေးထားတဲ့ရေသန့်ဘူးကို
ယူ၍မော့သောက်ပစ်လိုက်ရသည်ထိပင်။
မနက်မိုးလင်းတာနဲ့ အလုပ်အရှုပ်ဆုံးသူကိုပြပါဆိုရင် ရေးညို့ထင်ကိုသာ လက်ညိုးထိုးပြကြလိမ့်မည်။
မလုပ်လို့လည်းမဖြစ်။ ဤဆိုင်လေးသည်
သူ့ ကြိုးစားအားထုတ်မူ့မှတ်တိုင်လေးဖြစ်သည်ကိုး။ ။
ဒီရမောင်အပါအဝင်တခြားကောင်လေး ၃ယောက်လည်းအလုပ်များသည်ဆိုပေမဲ့ ရေးညို့ထင်ကတော့ သိသိသာသာပိုများနေရသူပင်။ လာသမျှ ဧည့်သည်ကို သူကိုယ်တိုင်းစကားလက်ခံပြောရပြီး ဝန်ဆောင်မူ့နဲ့ ပတ်သတ်တာရှင်းပြခြင်း ၊ ဧည့်သည် လိုချင်တဲ့အနေအထားကို စနစ်တကျ ရေးမှတ်ခြင်းတွေကို သူကိုယ်တိုင်သာ လုပ်လေ့ရှိသည်။
" ကိုထင်က ဘာလို့ရည်းစားမထားတာလဲ ကိုဒီရ "
အားလုံးရဲ့ အကြည့်က ဒီရဆီမှာမို့ စားပွဲပေါ် လက်ထောက်မေးတင် ထားတဲ့ ပျင်းရိပျင်းရွဲပုံစံကို ပြင်ဖို့ ခါးကိုမတ်လိုက်သည်။
အလုပ်ခန်းတံခါးကို ပိတ်မထားတာကြောင့် အပြင်မှာ ရေသောက်နေတဲ့ ကိုထင် ပုံပန်းသဏ္ဍာန်က ထင်ထင်ရှားရှား ။
ရေဘူးမော့နေတာမို့ ကြံ့ခိုင်တဲ့ လည်ပင်နှင့်မေးရိုးက ယောကျာ်းဆန်လှသလို
ခဲရောင် လက်ရှည်အောက်က လက်ဖျံတွေက မိန်းကလေးတစ်ယောက် ယုံကြည်အားကိုးလောက်စရာအပြည့်။
ဒီလို ယောကျာ်းမျိုးက ရည်းစားမရှိဘူး ဆိုတာ မထူးရင်ဘယ်အရေးကထူးမည်လဲ။
ကိုထင်အကြောင်းကို စိတ်ဝင်စားနေတဲ့ မျက်လုံးတွေကြောင့် ဒီရမောင် ရယ်မောလိုက်မိသည်။
ကိုထင်သည် ကတ်စီးနည်း ကော်တရာ ပင်။
ရည်းစားမထားရသေးပဲ ကုန်ကျမူ့ ငွေပမာန ကို တွေး၍ နှမြောတက်လေသူဖြစ်ပြီး
မိန်းကလေးတွေ၏ စိတ်ဆိုးစိတ်ကောက်ဒဏ်ကိုလည်း ဘယ်လိုမှ စိတ်မရှည်တက်ဘူးဟု ဆိုသေးသည်။
" ရည်းစား မထားတာပဲ မြင်တာလားကွ။
မစွံတာရော မဖြစ်နိုင်ဘူးလား "
" မဖြစ်နိုင်ပါဘူး။ ကိုထင်ပုံစံကြည့်ရတာ အလတ်ကြီး။ ဘယ်နေရာကကြည့်ကြည့်
ကျွန်တော်တို့ကိုထင်ရဲ့ခန့်ညားမူ့က
မလျော့သေးဘူး"
အထင်ကြီးနေတဲ့ တပည့်တွေပုံကြောင့်
ဒီရ နှာခေါင်းရှုံ့မိ၏။
ဆိုင်မှာ ယောကျာ်းလေးလည်းဖြစ် ၊ မိသားစုလိုလည်းဖြစ်နေတော့ တော်ရုံ စကားဝိုင်းက အလုပ်ရှင်နဲ့ အလုပ်သမား ဟူ၍ ခွဲခြားမူ့က မရှိသလောက်။
အဲ့ဒါကြောင့် သူတို့ဆိုင်က ဝန်ထမ်းမြဲတာဖြစ်သည်။
" တော်ရုံလောက်အထင်ကြီးစမ်းပါ၊ မင်းတို့ ကိုထင်က မိန်းမတွေနဲ့ ကီးမကိုက်ဘူးကွ။ ဒီပုံစံအတိုင်းဆို တသက်လုံး လူပျိုကြီးများလုပ်တော့မလားမသိဘူး။ အပြင်ခေါ်လို့လည်းမရ။ အဆင်ပြေတာလေးနဲ့အောင်သွယ်ပေးရမလားဆိုလည်းမရ ။ ငါတော်တော် စိတ်ညစ်နေပြီ "
" ဒီလောက်လေးနဲ့ စိတ်ညစ်နေသေးတယ် ကိုဒီရ ရာ ။ အပြင်ခေါ်မရတော့ မခေါ်နဲ့ပေါ့ ဗျ ။ ဘယ်မှ သွားရှာစရာမလိုအောင် နီးနီးလေးမှာ ရှိနေတယ်လေ ကိုကြီးရ "
ဆိုင်မှာ အငယ်ဆုံး ညီထွေးက ပန်းဆိုင်ဖက်ကို မျက်စ ပစ်ပြ၏။
ဒီရ မျက်လုံးတွေလက်ခနဲ။
ဟုတ်ပါ့။ နီးရက်နဲ့ ဝေး နေတာပဲ။
ဟိုဖက်ဆိုင်မှာ ကောင်မလေး ၂ယောက်ရှိသည်။ ချောချောလှလှလေးတွေမို့
ညီထွေးတို့တတွေ ကွက်ကြည့်ကွက်ကြည့်လုပ်နေတာ အတော်ကြာပြီ။
အစပ်အဟပ်လည်းမရှိလှတာမို့
တွေ့မြင်ရင် ပြုံး ပြဖြစ်တာကလွဲပြီး ကိုယ်တိုင်လည်းရည်းစားနဲ့မို့ ထိုအဆင့်ထက်မပိုခဲ့။
" ဆိုစမ်းပါဦး ။ မင်းက အဲ့ကောင်မလေးတွေနဲ့ရင်းနှီးလား "
" မရင်းနှီးပါဘူး ။ ဒါပေမဲ့ အဲ့ဆိုင်မှာ အလုပ်လုပ်နေတဲ့ ယမုံသွေးက ကျွန်တော် အကိုရဲ့ သူငယ်ချင်း ။ သူတို့အကြောင်း နည်းနည်းတော့ သိတယ် "
လက်ညိုးကို လက်မနဲ့ သေးသေးလေးဖိပြရင်း ဆိုတဲ့ ညီထွေးကို လက်ပိုက်ကာ ဒီရကြည့်လိုက်သည်။ ကျန်လူများကလည်းပြုံးစိစိ။
မလုံမလည်း ညီထွေးပြုံးကာ ခေါင်းကုတ်မိသည်။
ရည်းစားရှိတယ်ဆိုပေမဲ့ လှတာတွေ့တော့ ကြည့်မိတာ ယောကျာ်းတွေ သဘာဝမို့လား။
" ဆံပင်ရှည်ရှည်လေးနဲ့ တစ်ယောက်က
ကြည်နူးရတနာ တဲ့ ။ ဂုတ်ဝဲနဲ့ မျက်နှာဝိုင်းဝိုင်းလေးက ကေသီဦးဝေ ။ သူတို့ကတော့
မကေသီ ၊ မကြည်နူးလို့ခေါ်ကြတာပဲ။
ဟိုမျက်မှန်လေးနဲ့ ကောင်လေးက ရွှေဘုံ ဆိုလားပဲ။ ယောကျာ်းလေးဆိုတော့ ဟဲဟဲ သေချာမမှတ်ထားလိုက်ရဘူး။ သူတို့ကသူငယ်ချင်းတွေတဲ့ "
သူသိသမျှ ဖောက်သည်ပြန်ချနေတဲ့
ညီထွေးစကားကြောင့် ဒီရ ခေါင်းတညိမ့်ညိမ့်နဲ့နားထောင်မိသည်။
တစ်လ ကျော်တဲ့အထိ ဆိုင်ချင်းကပ်ရပ်ဖြစ်နေတာတောင် ဘာမှမသိတဲ့ ကိုယ်ကိုကိုယ်တောင် နည်းနည်းစိတ်ပျက်ချင်မိသလို။
" ကိုထင် ကနည်းနည်းမှ အဲ့ဖက်ကို စိတ်ဝင်စားပုံ မပြဘူးကွ ။"
" သူတို့ကတော့ စိတ်ဝင်စားတယ်ထင်တယ်။ ယမုံ ကို ဒီဖက်ဆိုင်အကြောင်းတွေ မကေသီက မေးတယ်တဲ့ ။ အဓိက ကတော့ ကိုထင်အကြောင်း။ ကိုဒီရအကြောင်းကော အရင်က မေးတယ်တဲ့။ နောက်ပိုင်း ကိုဒီရ ကောင်မလေး လာလာနေတာတွေ့တော့ မမေးတော့ဘူးတဲ့ "
ဒီရ မျက်နှာ စိတ်ပျက်လက်ပျက်မဲ့ သွား၏။
လှတပတ ကောင်မလေးတွေရဲ့ စိတ်ဝင်စားမူ့ဟာ ဒါဆို သူ့အပေါ်မှာ လုံးဝမသက်ရောက်တော့ဘူးပေါ့။
" ထားတော့ ၊ ကိုထင်ကို ဒီအကြောင်းတွေ မပြောပြနဲ့ ။ ကြားလား "
"ဟုတ် "
ထိုအချိန်တွင် အခန်းထဲဝင်လာပြီး မှန်တံခါးအနက်ကို တွန်းပိတ်နေတဲ့ ကိုထင်က နားစွန်နားဖျား ကြားပုံဖြင့်..
" ဘာတွေ ဟုတ်နေကြတာလဲ ကွ ။
ဒီရ ကလေးတွေကြားထဲ ထိုင်ပြီး အလုပ်မလုပ်ပဲ ဘာတွေ လေပန်း နေတာလဲ။
မနက်ကတည်းက ငါဟိုမှာ စကားပြောရင်းကြည့်နေတာ ပျင်းတိပျင်းရွဲနဲ့။ ဧည့်သည်နဲ့ တမနက်လုံး စကားပြောနေရတဲ့ ငါ့ကိုလည်း အားနာပါဦး။ "
ညီထွေးအသံတိတ်သွားသလို တခြား ကောင်လေးတွေလည်း အသိချင်ယောင်ဆောင်ကာ ကွန်ပြူတာဆီ ခေါင်းပြန်စိုက်ကုန်ကြသည်။
ထို့ကြောင့် ဒီရလည်း ကိုထင်ထံ ပြုံးဖြဲဖြဲ လုပ်ပြရင်း
" အားနာပါတယ်ကွာ ၊ အဲ့ဒါကြောင့် ထင်ထင် ဘာမှမလုပ်ရအောင် ဒီညီလေးက
ထင်ထင် အလုပ်တွေ ကူလုပ်ပေးမယ်လေ နော်..."
ကိုထင်သည် ဒီရမောင်၏ပက်ချွဲနပ်ချွဲကို နားမခံနိုင်စွာ အပိုစကားမဆိုတော့ပဲ
မျက်မှောင်ကြီးကုတ်လျက် ဖုန်းထဲက bluetooh ဖွင့်၍ ဘောက်စ် ဖြင့်ချိတ်လိုက်တော့သည်။
ထို့နောက် မနက်ခင်းသူ့ဖွင့်နားထောင်နေကြ နဂါးနီ သီချင်းကြီးက တစ်ဆိုင်လုံး လွှမ်းမိုးလာတော့သည်။
__________
🎵(ဆင်းရဲခြင်းလွတ်ကင်းအောင်လမ်းပြဆောင်ပါမည်...ရတနာခုနှစ်သွယ် တကယ်ပင်စုံညီ တို့မျိုးသားတိုင်းပြည်)၂
မွဲတဲ့လူ လှူ ဒါန်းနိုင်မည်
ကျောင်းဆောက်ကာ ဘုရားပါတည်
ဘိုးဘိုးအောင်နဲ့ ရှင်အဇ္ဈဂေါဏတို့
မတဲ့ကိန်းဆိုက်မည်
ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ
ဘေးရန်ကာဆီးမည်
လူမွဲတွေက မနှေးခေတ်မှီ
သူဌေးဖြစ်တော့မည်
တို့နဂါးနီ သိဒ္ဓီတန်ခိုးနဲ့ ဆင်းရဲသားတို့
မညိုးမည်
အကျိုးထူးပေးတော့မယ်ဗျ 🎵
ဟိုဖက်ဆိုင်က အချိန်အခါမဟုတ် ထဖွင့်လာတဲ့ နဂါးနီ သီချင်းသံကြီးကြောင့် ကေသီမ တခွီးခွီးနဲ့ကြိတ်ရယ်နေ၏။
ရွှေဘုံ သည် ခုထိမရိုးနိုင်သေးတဲ့ ကေသီကြောင့် သူပါ ပြုံးစိစိဖြစ်ချင်နေလေသည်။ ထိုဆိုင်ပိုင်ရှင်သည် ခေတ်မှီ ယောကျာ်ပျို နှစ်ယောက်ဖြစ်လင့်ကစား မြန်မာမူ့မြန်မာဟန်ကို လေးစားပုံရ၏။ မနက်ဆို တရားခွေ ဖွင့်တက်သလို ၁၁နာရီအစောပိုင်းအချိန်ကာလတွင်လည်း အဓိပ္ပါယ်ရှိတဲ့ မြန်မာသီချင်းများကိုသာဖွင့်တက်လေ့ရှိသည်။နေ့ခင်း ၁နာရီနောက်ပိုင်းတွင်တော့ ဆိုင်ရှိလူငယ်တွေနားထောင်ရန် ခေတ်ပေါ်သီချင်းများကို ဖွင့်တက်ပြီး မနက်ခင်းများစွာကတော့ မရိုးနိုင်စွာ နဂါးနီသီချင်းအပါအဝင်" ချမ်းမြေ့ပါစေ "ဆိုတဲ့ သီချင်းကိုပါဖွင့်တက်သေးသည်။
ထိုအချိန်တွင် ကေသီ၏ "ချမ်းမြေ့ ချမ်းမြေ့ပါစေ .. ဖေဖေလည်းချမ်းမြေ့ပါစေ မေမေလည်းချမ်းမြေ့ပါစေ " ဆိုပြီး လိုက်ဆိုတဲ့ အသံကျယ်ကိုလည်း ကြားတက်သည်။
သူဖာသာ ဆိုပြီးချိန်တွင်လည်း တခွီးခွီးနဲ့ရယ်သေး၏။
" ဟဲ့ အဲ့ဒါဘာဖြစ်နေတာလဲ ။
သူများက စောစောစီးစီးမင်္ဂလာယူနေတာကို မျက်ခွက်က နည်းနည်းမှအပိုးမကျိုးဘူး။ သွားသိမ်း ..သွားသိမ်း"
ကေသီ၏ ရှေ့သွားနှစ်ချောင်းသည် အနည်းငယ် ကြီးသယောင်ရှိပေမဲ့ ခေါနေတာတော့မဟုတ်ပေ။
ဒါပေမဲ့ တခါတလေ ကြည်နူးက သွားသိမ်းဟု စနောက်တက်သည့်အခါတွင်တော့ ဆတ်ဆတ်ခါအောင်နာတက်၏။
" ကြည်နူးမနော် ဘာသွားသိမ်းလဲ။
အဲ့လိုမစနဲ့လို့ နင့်ကို ငါပြောထားပြီးသားနော် ။ နောက်တခါ ငါ့သွားကို ထိခိုက်ရင် နင်တော့မလွယ်ဘူးမှတ်ထား"
ပုခုံးကိုတွန့်ပြ၍ ကြည်နူး ရယ်ကျဲကျဲလုပ်ကာ ဒေါသထွက်နေတဲ့ ကေသီ့ကို လျှာထုတ်ပြသေးသည်။ ရွှေဘုံနှစ်ယောက်သားကြားမတ်တပ်ဝင်ရပ်၍
" တော်ပြီ စကားမများနဲ့တော့ ။ "ဟု
ဖျန်ဖြေရတော့၏။
ထိုအခါမှ ကေသီသည် ကြည်နူးအား မျက်စောင်းထိုး၍ ပန်းစည်းလက်စ ခုံရှေ့ဝင်ထိုင်လေသည်။
ကြည်နူးကတော့ သူရန်စ ထားသူမဟုတ်သလို ခပ်တည်တည်ပင် ကေသီဘေးမလှမ်းမကမ်းမှာဝင်ထိုင်၏။ ခပ်တည်တည်လုပ်နေသော်ငြား ရယ်ချင်နေတဲ့ ရုပ်ကြီးကြောင့် ကေသီသည် သူ့ လက်ထဲက
နှင်းဆီခတ်ဖြင့် စိတ်မရှည်စွာ ကြည်နူးကို ပစ်ပေါက်၏။ ကြည်နူးက ထိုပန်းကို ဖမ်း၍ ကေသီထံ ပြန်ပစ်ပေါက်သည်။ သူပစ်ကိုယ်ပစ်လုပ်ပြီးအတော်ပြီးနောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ တဟီးဟီး တဟားဟား ဖြင့်ရယ်လေတော့သည်။
ရွှေဘုံ သည်အမျိုးမျိုး တက်နိုင်ကြတဲ့
ရုပ်ပြောင်မ နှစ်ယောက်ကိုကြည့်ကာ
သူပါ မကျေမနပ် ခုံမှာ ဝင်ထိုင်မိတော့သည်။
ရည်းစားနဲ့ ပူပူနွေးနွေး ပြတ်ထားဆဲကာလမို့ ထိုင်ငေး၍ဆွေးချင်ပါသော်လည်း ထိုနှစ်ယောက်ကြောင့် သူ့မှာ ခံစားချက်က ဆတ်တငင်ငင်။ ကိုခန့်ကို လွမ်းလို့ ၊ မပြတ်နိုင်လို့ ဆွေးချင်တာလား ဆိုတော့လည်းထိုသို့မဟုတ်ပြန်။
ဘုန်းခန့်ထည်အတွက် လက်ကျန်သံယောဇဉ်သည် ထိုနေ့ကတည်းက ကုန်ဆုံးခဲ့သည်။ ချစ်ခဲ့ဖူးသည်။ ဒါပေမဲ့
ယခုမူ စွဲလမ်းစိတ်ဟူသည် လေ၌ လွင့်ပါသွားသော တိမ်တိုက်ကဲ့သို့ ဘယ်ရောက်လို့ရောက်မှန်းတောင်မသိတော့။
" ရွှေဘုံ ငါမေးစရာရှိလို့ "
အတွေးတစွန်းတစသည် ကြည်နူး အသံကြောင့် ပြယ်ပြန့်သွားသလို။
သူအသာခေါင်းညိမ့်ပြလိုက်သည်။
" မေးလေ "
" နင် ကိုခန့်ကို မေ့နိုင်ပြီလား ။ တခြားတော့မဟုတ်ပါဘူး။ နင့်ကို နောက်တခါ အမှားအယွင်း မခံနိုင်တော့ဘူး ရွှေဘုံ ။ ဒါကြောင့် သူ့ဖက်က ထပ်ပြီးဆက်သွယ်လာရင် နင်စိတ်မပါသွားနဲ့"
" ဟုတ်တယ် ။လုံးဝ ပြန်လက်မခံနဲ့နော်။
လက်ခံရင် နင်က လူဆင်စစ်ကနေ နွားလုံးလုံးဖြစ်ပြီသာမှတ်။ နင်ရုပ်နင့်ရည်နဲ့ ဒီကောင့်ထက်သာတဲ့ သူ ခေါင်းခေါက်ရွေးလို့ရတယ်။ နင်လက်နာမှာစိုးရင် ငါခေါက်ပေးမယ်နင့်အစား "
ကေသီစကားကြောင့် သူအီလည်လည်ဖြစ်သွား၏။ ကေသီ ပြောလိုက်ရင် ဘယ်တော့မှ အမြီးမှောက် မတည့်။
" ငါကဘာလို့ ပြန်လက်ခံရမှာလဲ။
စိတ်ချ သူ့အပေါ်မှာ ချစ်တာလဲမရှိဘူး။ မုန်းတာလဲမရှိဘူး ။ ငါ့စိတ်ထဲ ဗလာပဲ "
"ပြီးရော ဒါဆိုလဲ။ စကားမဆက်
ဟိုဖက်ဆိုင်က ရေးညို့ထင်ဆိုတဲ့ အကိုကြီးကို နင်စိတ်မဝင်စားဘူးလား။
သူ့ပုံစံက သစ္စာရှိပြီး အရမ်းချစ်တဲ့ပုံနော် "
ရွှေဘုံ ပါးပြင်တွေသည် ရေနွေးပူနဲ့ ပတ်ခံလိုက်ရသလို စပ်ဖျင်းပူလောင်သွား၏။
တခါတလေ ပြုံးပြနှုတ်ဆက်တက်သော
အကိုကြီးကို မျက်လုံးထဲပြန်မြင်လာတော့ ဘာရယ်မဟုတ် ဂုတ်ပိုးတွေကို ပွတ်သပ်မိသည်။
ထိုသူသည် အနေအေးက တည်ကြည်ကြောင်း သူကိုယ်တိုင်လည်း သတိထားမိ၏။
အမြဲ ပုဆိုးနှင့် အင်္ကျီလက်ခေါက်ဝတ်တက်သော ပုံစံက ကြည့်လိုက်တိုင်း အမြင်ဆန်းသယောင်။
ပူလောင်မူ့ဟူ၍ အနည်းငယ်တောင်မခံစားရတဲ့ ထိုသူ့သဏ္ဍာန်သည်
စိတ်ဝင်စားဖွယ်ကောင်းတာတော့ လက်ခံမိသည်။
" တွေ့လား ကြည်နူး။ မောင်ရွှေ
ကိုရေးညို့ထင်ကို သတိထားမိတယ် ။ ဟီးဟီး ဒါဆို ငါတို့အောင်သွယ်ပေးရမလား "
"ဟာ နင်တို့နော် ။ ငါ..ငါက ဘာလို့စိတ်ဝင်စားရမှာလဲ။ ပြီးတော့ ငါကိုခန့်နဲ့ပြတ်တာမှ တစ်လလောက်ပဲရှိသေးတယ်။ နောက်တစ်ယောက်ချစ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး "
ပြောပြီး ရွှေဘုံ ထိုင်ရာမှ ထထွက်လာခဲ့လိုက်သည်။ အချစ်ဆိုတာ သူလိုလူတစ်ယောက်အတွက် ရှိရောရှိနိုင်သေးလားဆိုတာ မယုံရဲပေ။
အချစ်ဦး၏ ရက်စက်မူ့အပေါင်းဟာ
အသည်းထဲမှာ စွဲမြဲနေသေးတာမို့ နောက်လူဆိုတာ လက်သင့်မခံနိုင်သေးပါ။
ထပ်ပြီး နာကျင်အောင်လုပ်မဲ့သူဆိုရင်
သူခံနိုင်ရည်ရှိမှာမဟုတ်။
ပြီးတော့ ထိုသူ၏ ရည်မွန်တဲ့ရုပ်ရည်၊ အေးချမ်းတဲ့ အနေအထားဟာ ဘယ်လိုနည်းနဲ့မှ လိင်တူ စိတ်ဝင်စားမှာမဟုတ်ပေ။
သူ..သူ နောက်ထပ်ချစ်ဖို့ မဖြစ်နိုင်သေးဘူး။
__________
ဖောင်း!
လက်အိတ်စွပ်ထားတဲ့ လက်နှစ်ဖက်၏ ထိတွေ့သံသည် ကျယ်လှောင်၏။
မိုက်က လက်ကို ရင်ဘတ်ရှေ့ မြောက်၍
သူ့လက်နှစ်ဖက်အချင်းချင်းထိုးလိုက်ခြင်းဖြစ်သည်။
အင်္ကျီဗလာ ချွတ် ဖြစ်နေပေမဲ့ ခေါင်းစွပ် နှင့် သွားအံ့ကပ်၊ လက်အိတ်အပြည့်အစုံပင်။
သူနှင့်အတူ ကြိုးဝိုင်းထဲမှာ ကိုနိုင်းကလည်း ပုံစံတူဖြစ်ပြီ မျက်နှာချင်းဆိုင် မတ်တပ်ရပ်နေ၏။
" အဆင်သင့်ပဲ လားကိုနိုင်း "
" မင်းနဲ့လက်ရည်စမ်းဖို့ အဆင်သင့်ဖြစ်နေတာ ကြာလှပြီ "
အံကပ်ထည့်ထားတာမို့ စကားတို့သည် မပီမသ။
ထို့နောက် ကွင်းလယ်တွင် ရပ်၍ သတ်ပုတ်ဖို့ လက်သီးချင်းထိ၍ ပွဲစလိုက်သည်။
ဒိုင်မပါ ကြည့်ရူသူမရှိတဲ့ ခြေစမ်းပွဲ။
Trainer ဖြစ်တဲ့ကိုနိုင်းက မိုက်လက်ရည်ကို သိသည်။
ကြိုးဝိုင်းအတွင်းအသာပတ်၍ တစ်ယောက်နဲ့ တစ်ယောက် အခြေနေကြည့်နေစဉ် မိုက်ထံမှာ လက်သီးတစ်လုံးက ပထမဆုံးသူ့ဆီဝဲလာ၏။
ချက်ခြင်းခေါင်းကိုစောင်း၍ တိမ်ရှောင်ပြီး တန်ပြန်လက်သီးတစ်လုံးမိုက်ထံပစ်ကျွေးလိုက်သည်။
မိုက်က ကြေးစားပီပီ အကြမ်းခံသည်။
လျှင်မြန်ဖျတ်လက်၏။
ပထမဆုံး လက်သီးသည် မိုက်ကိုမထိပေ။
ထို့အစား မိုက်ရဲ့ ခြေကန်ချက်အစစ်ကိုသာ ကိုနိုင်းပြန်ရလိုက်သည်။
အလျှင်အမြန်လျှောင်တိမ်းသော်လည်း ဘယ်ဖက် နံခြား အဖျားခတ်ထိသွားသေးသည်။
ခြေလှမ်း အနည်းငယ်နောက်ယိုင်သွားပြီး
နောက်ကြိုးစင်နဲ့ ကိုယ်လုံးတိုက်မိမှ အရှိန်ရပ်သွား၏။ ထို့နောက် ကိုနိုင်း မိုက်ဘေးကို သိပ်မကပ်ရဲတော့ပေ။ အခြေနေကိုကြည့်ကာ လက်သီးကိုမြောက်၏။
ကွင်းကို ဖြည်းဖြည်းပတ်ရင်း မိုက်လှုပ်ရှားမူ့ကို လေ့လာနေရင်း မိုက်လက်သီးကထပ်မံ၍ဝေ့ခနဲ။ လက်ဖြင့်ပုတ်ထုတ်၍ မိုက်နံခြားကို ဒူးဖြင့်ပစ်တိုက်သည်။ဂုတ်ဆွဲ၍ ဖိတိုက်လိုက်တာမို့ မိုက် ထိချက်ပြင်းသွား၏။
အသက်ရူမှားသွားပေမဲ့ မိုက် ကိုနိုင်းရဲ့ ကျောကိုမိမိရရဖက်လိုက်နိုင်သည်။
ထို့ကြောင့် အားဖြင့် ကျောကနေ မကာ
အရှိန်ဖြင့် အောက်ကိုပစ်ချ၍ ပက်လက်ဖြစ်နေသော ကိုနိုင်းပေါ် ဖိတက်ပြီး လှုပ်မရအောင် ချုပ်ထားလိုက်သည်။
ရုန်းမရ၍ အသက်ရူမှားလောက်တဲ့ အချိန်ရောက်မှ ကိုနိုင်း မိုက်ရဲ့လက်ကို အလျှင်အမြန်ပုတ်လာသည်။
ကိုနိုင်းရှုံးသွားလေပြီ။
ဒါ အပျော့စားလေ့ချင်းခန်းပဲရှိသေးသည်။
မြေအောက်ပွဲတွေမှာဆိုရင် မိုက်အနေနဲ့
ဗလာချည်သာ ထိုးသတ်ရသည်။
လက်အိပ်မပါ ၊ အံ့ကပ်မပါတဲ့ အလွတ်တမ်းပွဲမျိုးပင်။
ထိုအချိန်မျိုးတွင် ကိုယ့်အသက်သည်သာ အရေးကြီးဆုံးပင်ဖြစ်သည်။
"အလျော့ပေးလို့ကျေးဇူးပဲ မိုက်။ မင်းလက်ရည်မကျသေးဘူး "
ခုထိ မထနိုင်သေးတဲ့ ကိုနိုင်းကို ဆွဲထူ၍
သူ ပုခုံးတွန့်ပြလိုက်သည်။
ထို့နောက် လက်က လက်အိတ်တွေကိုချွတ်၍ ကြိုးဝိုင်း ထဲက ထွက်လိုက်သည်။
" လာမဲ့ ၁၅ရက်နေ့ကို ထိုးမယ် ကိုနိုင်း
ဂျင်းမီ ကို အကြောင်းကြားလိုက်တော့ "
ချစ်တဲ့အိမ်စည်။
( ၅ပိုင်းထိ ရောက်လာပြီမို့ ongoing လိုက်တဲ့သူတွေကိုကျေးဇူးတင်ပါတယ် ။
ပုံမှန်လိုက်ဖတ်နေတဲ့သူ တစ်ပိုင်းကို 1k ကျော်ရှိပါတယ်။ စိတ်မရှည်ဖြစ်ပြီး မဖတ်ပဲ ထွက်သွားရင် ကိုယ်စိတ်မကောင်းဖြစ်ရလိမ့်မယ် ထင်တယ်။ ခုအပိုင်းထိ ဖတ်ပြီးတဲ့ သူတွေ ဆက်ဖတ်စေချင်တယ်။ ကိုယ့်ကိုယုံတယ်မို့လားဟင်။ စိတ်ပျက်အောင်လုံးဝ မလုပ်ဘူး ကိုယ်ကတိပေးတယ် )
Bạn đang đọc truyện trên: ZingTruyen.Xyz