တသက်လုံးပျော်ချင်မောင့်ကိုချစ်ပါ(တသက္လံုးေပ်ာ္ခ်င္ေမာင့္ကိုခ်စ္ပါ)Completed
4
" ငါးပိ ၂၀၀ဖိုးေလာက္ သြားဝယ္ေပး ဒီရ ။
ငါဒီမွာ ခ်က္လက္စႀကီးမို႔ "
"ဟာ ကိုထင္က လုပ္ၿပီကြာ။ ငါဒီမွာ gameေဆာ့ေနတာတန္းလန္းႀကီးကြ"
ၾကက္သြန္နီကို အသာေဖာ့လွီးရင္း
ဧည့္ခန္းၾကမ္းေပၚမွာ အားယားႀကီးေမွာက္ေဆာ့ေနတဲ့ ဒီရေမာင္ကို လွည့္ၾကည့္မိသည္။ အလုပ္ပိတ္ရက္ ဒီတစ္ရက္ထဲရွိတာ။ အိမ္သန္႔ရွင္းေရးလုပ္ရုံတင္မကဘူး
ထမင္းဟင္းခ်က္တာလည္း ေရးညိဳ႕ထင္ တာဝန္သာ။ တစ္ခုခု ခိုင္းမယ္ဆိုရင္ ဒီရဆီက "ငါgame ေဆာ့ေနတာ"ဆိုတဲ့အသံကို မၾကားခ်င္မွအဆံုးပဲ။
" ဒီပြဲၿပီးသြားကြာ ၊ ငါစိတ္မရွည္ေတာ့ဘူးေနာ္ ဒီရ ။ မနက္အိပ္ရနိုးကတည္းက ဖုန္းေကာက္ကိုင္တယ္။ ခုထိ မနက္စာ ထစားရုံကလြဲၿပီး ဖုန္းနဲ႔မ်က္နွာ မင္းမခြာေသးဘူး။
ပိတ္ရက္ကေလး တစ္ရက္ေတာ့ အိမ္အလုပ္ေတာ့ဝိုင္းကူးအံုးမွေပါ့ကြ"
"ထၿပီ ထင္ထင္ေရ။ အပ်ိဳႀကီးလိုပဲ ပစိပစပ္တအားပြားလြန္းတယ္။ မိန္းမ မယူမခ်င္း ဒီဒုကၡေတြကို ငါပဲခါးစီးခံရမွာေပါ့"
" အဲ့ဒါဆိုလည္း တသက္လံုး မင္းပဲ ခံလိုက္ေတာ့ ငါကေတာ့ မိန္းမယူဖို႔စိတ္ကူးမရွိဘူး"
" မယူ..ယူေအာင္ ရုိက္ေပးစားမယ္ မင္းကို။ ငါ့ရည္းစားက သူ႔ သူငယ္ခ်င္းတစ္ေယာက္နဲ႔မိတ္ဆက္ေပးမယ္တဲ့။ မင္းအႀကိဳက္ပဲကြာ။ လံုးဝမဟာဆန္ဆန္ေအးေအးခ်မ္းခ်မ္းေလး"
ဒီရေမာင္ေလသံက အားက်ိဳးမာန္တက္ရွိလွသည္။ ဒါကိုပင္ ေရးညိဳ႕ထင္ရယ္ခ်င္တာ။ လွီးၿပီးသားၾကက္သြန္နီ ေတြကို ဒယ္အိုးထဲ ပစ္ထည့္ရင္း တရွဲရွဲေၾကာ္ေလွာ္ေနလိုက္ရင္း
" သြားစရာရွိတာသြားေတာ့ဒီရ ၊ ခဏေန ငါးပိသံုးရေတာ့မွာ။ "
"ငါေမးတာ ေျပာဦးဟ ။ ေတြ႕ၾကည့္မလား တစ္ရက္ရက္ "
"No "
"ဟာ ! အေကာင္းေျပာေနတာ ကိုထင္ရ"
"အခ်စ္က အဲ့ေလာက္လြယ္လား ဒီရေမာင္။ ငါက သူ႔အလိုလို နွလံုးသားထဲကေပါက္ဖြားလာတဲ့ ခ်စ္ျခင္းေမတၱာကိုပဲရခ်င္တာ ။ မိတ္ဆက္ေပး၊ ေအာင္သြယ္ေပးတဲ့ ေတြ႕ဆံုမူ႔ေတြကို သေဘာမက်ဘူး။ စိတ္မပူနဲ႔ ညီေလး ။ ငါ လူပ်ိဳႀကီးမလုပ္ဘူး ဆိုတာေသခ်ာတယ္။ "
"လက္ေပါက္အေတာ္ကပ္တဲ့ေကာင္ "
ပစ္ပစ္နွစ္နွစ္ဆိုၿပီး ဒီရတစ္ေယာက္ ေအာက္ကိုဆင္းသြားေလသည္။
စိတ္ေကာက္သြားတယ္ဆိုတာ သိေတာ့
မဆီမဆိုင္ ေတြးပူတက္လြန္းတဲ့ ညီေတာ္ေမာင္ အစားရယ္ခ်င္္မိသည္။
ဒီရေမာင္က ေရးညိဳ႕ထင္ ထက္ ၁၀လခန္႔ငယ္သူျဖစ္၏။ ညီကိုေတြဆိုေတာ့ အနည္းငယ္ကြာဟ တဲ့အသက္အ႐ြယ္ကို ဂရုမျပဳေတာ့ပဲ မင္းနဲ႔ငါဟုသာ သံုးနႈန္းၾကသည္။ တခါတေလ ဒီရေမာင္က သူ႔အား
ထင္ထင္ဟု ခ်စ္စနိုးေခၚေဝၚတက္ေပမဲ့ မ်ားေသာအားျဖင့္ ကိုထင္ဟုသာ ေခၚတက္၏။
မိဘေတြမရွိေတာ့တဲ့ ေရးညိဳ႕ထင္မွာ
ဒီရေမာင္ ရဲ႕အေမ ၊ ေရညိဳ႕၏ အေဒၚ အန္တီနီ ကပဲ အေမလိုျဖစ္ေနသည္။ ရန္ကုန္ေျပာင္းခ်င္သည္ဆိုေတာ့လည္းပုသိမ္ကအိမ္ကို ေရာင္းခ် ေပးၿပီး ရန္ကုန္မွာ အေျခမပ်က္ေအာင္ အိမ္ဝိုင္းေလးဝယ္ေပးခဲ့သည္။
ထိုေနရာကိုေတာ့ အလုပ္နဲ႔ အလွမ္းေဝး၍ သြားမေနျဖစ္။ တစ္ထပ္အိမ္ေလးမို႔ အိမ္ငွားတင္ထားသည္မွာ တစ္လ ၂သိန္းခြဲရၿပီး လက္ရွိ သူငွားေနတဲ့ တိုက္ခန္းကေတာ့ တစ္လမွ ၁သိန္း၈ေသာင္းသာေပးရ၏။ ထိုမွ ၇ေသာင္းခန္႔ ေငြပိုကို ဆိုင္က အျမတ္ တခ်ိဳ႕နဲ႔ေပါင္းကာ မိဘမဲ့ ေက်ာင္းမွာ တစ္လ ၂သိန္း ျဖင့္ လစဥ္ ေထာက္ပံ့လွဴ ဒါန္းျဖစ္ေလသည္။
မိဘမ်ား မရွိေတာ့တဲ့ ေရးညိဳ႕ထင္သည္
သူ႔ကိုယ္သူ မပ်က္စီးေအာင္ ထိန္းသိမ္းထားနိုင္တဲ့ လူ႐ြယ္တစ္ေယာက္ျဖစ္သည္ေၾကာင့္ က်န္ရွိခဲ့ေသာ မိဘအေမြတို႔သည္ မေပ်ာက္မပ်က္ပဲယခုထိ ရွိေနဆဲပင္။
ရန္ကုန္မွာ အိမ္ဝယ္ၿပီး ပိုေငြအနည္းအက်ဥ္းကို စုေဆာင္း၍ မိတၱဴ ဆိုင္မွာ အလုပ္သင္အျဖစ္ တစ္နွစ္ခန္႔ၾကာေအာင္ ရတဲ့ လစာအနည္းငယ္ျဖင့္ျဖစ္သလိုစားကာ ႀကိဳးႀကိဳးစားစားသင္ယူခဲ့သည္။
သူသည္ ပိုက္ဆံမခ်မ္းသာပါ။
လံုးလ ၊ ဝီရိယ နွင့္ ဇြဲသာရွိေလသည္။
ထို႔ေၾကာင့္ ဒီအေျခေနထိေရာက္ေအာင္ သူအမ်ားႀကီး ႀကိဳးစားခဲ့ရသည္။
ေငြပိုရွိလ်ွင္ေတာင္ taxi မစီးေပ။
အဝတ္အစားဆိုလည္း ၁၅၀၀၀ ထိပိုတဲ့ ေငြပမာဏရွိတဲ့ အထည္မဝယ္ဖူးသည္ထိ
သူဟာ အရာရာမွာ နွေျမာတက္သူျဖစ္၏။
ကိုယ္ပိုင္ပင္ပန္းစြာရွာေဖြရသူမ်ားသည္
ေငြေၾကး၏ တန္ဖိုးကို နားလည္သည္။
သူလည္းထို႔အတူပင္။
မိဘမရွိေသာ တစ္ေကာင္ႂကြက္ တစ္ေယာက္မို႔ သူ႔အတြက္သူ ကတ္စီးနည္းေပမဲ့ ပရဟိတ အလုပ္ေတာ့ သဒၵါထက္သန္ေသးပါသည္။
ထို႔ေၾကာင့္အပင္ပန္းခံကာ busကားတိုးစီးေလ့ရွိသည္။ ကားငွားစီးတဲ့ ကုန္က်ေငြသည္ ကေလးတစ္ေယာက္၏ တစ္ေန႔တာ စားေသာက္မူ႔ကုန္က်စရိတ္ရွိေလသည္မို႔ သူသည္ ဘယ္ေသာအခါမွ သီးသန္႔ကားငွားစီးေလ့မရွိေပ။
ထိုသို႔ေသာ အေလ့အက်င့္ျဖင့္ သူ႔ဘဝသည္အသက္၂၉နွစ္ထိ ရုိးရွင္းခဲ့သည္။
သူ႔ဆိုင္ေလးသည္ ခ်မ္းသာရေလာက္ေအာင္ထိ စီးပြားမျဖစ္ေသာ္ျငား အရွိန္ရေနေသာ လုပ္ငန္းတစ္ခုျဖစ္ေလတာမို႔
စုေဆာင္းတက္မယ္ဆိုရင္ေတာ့ ေအာင္ျမင္နိုင္မဲ့အလားအလာရွိေလသည္။
ဒီရကေတာ့ ဝန္ထမ္းအားလံုးထဲမွာ ေစ်းအႀကီးဆံုးပင္။
သူကိုယ္တိုင္လည္း ညီျဖစ္သူမို႔
အလုပ္နဲ႔သက္ဆိုင္ရာ သင္တန္းမ်ိဳးစံုကို တက္ခိုင္းျဖစ္သလို ေငြေၾကးကိုပါ လံုေလာက္ေအာင္ေထာက္ပံ့ေပးခဲ့သည္။
ထို႔ေၾကာင့္ ဒီနယ္ပယ္မွာဆို ဒီရေမာင္ က ဆရာႀကီးပင္။ ထို႔ေၾကာင့္ တခါတေလ ဆိုင္ကိုပစ္၍ စိတ္ခ်လက္ခ် သူသြားခ်င္တဲ့ေနရာကို လြတ္လပ္စြာ သြားလို႔ရျခင္းပင္။
__________
" ဟိုမွာ လာေနတဲ့ နွစ္ေယာက္ထဲက ဒီဖက္က အက်ၤ ီအျဖဴ ေဘာင္းဘီရွည္အနက္နဲ႔ တစ္ေယာက္က ငါၾကက္ဆီထမင္းသြားပို႔တုန္းကေတြ႕ခဲ့တဲ့ တစ္ေယာက္။ နာမည္က ဒီရေမာင္တဲ့ ။ ဒီဖက္က ပုဆိုးအကြက္က်ဲနဲ႔ ဂ်င္းအက်ၤ ီမိုးျပာေရာင္ ဝတ္ထားတဲ့ တစ္ေယာက္က ေရးညိဳ႕ထင္တဲ့ ။ နွစ္ေယာက္လို မိုက္တယ္မို႔လား "
" အင္း ၊ မဆိုးဘူး၊ ဒါေပမဲ့ သူတို႔က အေျဖာင့္ႀကီးေတြထင္တယ္ "
မွန္တံခါးအကြယ္ကေန ၾကည္ႏူးနဲ႔ ေကသီ တို႔နွစ္ေယာက္သား ဟိုဖက္ ဆိုင္က ညီကို
အား မသိမသာ အကဲခတ္ေနၾကသည္။
ဒီရေမာင္ ဆိုတဲ့ တစ္ေယာက္က ေခတ္လူငယ္ပံု ေပါက္ၿပီး သြက္လက္တဲ့ ဒီဇိုင္း။
ဒီဖက္က ေရးညိဳ႕ထင္ကေတာ့ လူႀကီးလူေကာင္းဆန္ကာ မ်က္နွာထားကမာန္ပါကာ ၾကင္နာတက္မည့္ပံုမ်ိဳး။
နွစ္ေယာက္လံုးကေတာ့ ၾကည္ႏူးတို႔ထက္အသက္ႀကီးလိမ့္မည္။ ဘာပဲေျပာေျပာ
သူငယ္ခ်င္း ဝတၱရားအရ အေကာင္းဆံုးဆိုတဲ့ တစ္ေယာက္ကို ေမာင့္ေရႊအတြက္ေ႐ြးေပးရမွာပင္။
" ညည္းကလည္း ပိန္းလိုက္တာလြန္ေရာ။
ဘယ္သူက ကြၽန္ေတာ္ အေကြးပါဆိုၿပီး စာခ်ိတ္ထားလို႔လဲ ။ ေလ့လာအကဲခတ္ရမွာေပါ့ဟဲ့။ "
ေကသီလက္ေမာင္းကို ပိတ္ရုိက္က ၾကည္ႏူးမ်က္ေစာင္းခဲလိုက္သည္။
" ၾကပ္ၾကပ္ အဲ့စကားေတြေျပာ သိလား။
လူရုိက္ေပါက္ေတြ အေတာ္ေလာက္လုပ္။ အေျဖာင့္အေကြးက အေရးမႀကီးဘူး ။ အခ်စ္နဲ႔ေမတၲာက အေရးႀကီးဆံုးပဲ။ တသက္လံုး ေမာင့္ေရႊကို ေႏြးေႏြးေထြးေထြး ၾကင္ၾကင္နာ ထားနိုင္မဲ့သူကိုသာ ရွာ "
" နင္ျမင္တဲ့အတိုင္း ငါလည္းရွာေနတာပဲေလ။ ဒါနဲ႔ ငါတို႔ရွာေပးတာ ေမာင္ေရႊ မႀကိဳက္ရင္ဘယ္နွယ့္လုပ္မလဲ။ ခုေတာင္ အခ်စ္ကို စိတ္ကုန္ေနေလာက္ၿပီ ။ "
ေတြးေတြးဆဆ ေျပာေနတဲ့ ေကသီစကားေၾကာင့္ ၾကည္ႏူး ခါးကုန္းေနရမွ ကိုယ္ကိုမတ္လိုက္၏။ ေရႊဘံုက ကေလးမွမဟုတ္ေတာ့တာ ၊ သူ႔မွာလည္း ကိုယ္ပိုင္ေ႐ြးခ်ယ္မူ႔ရွိသင့္တာပဲေလ။ တခါတေလ
ရုိးေအးလွတဲ့ ေရႊဘံုကို သူငယ္ခ်င္းပီပီ
အားမရတဲ့ အခါေတြလည္းရွိခဲ့ဘူးသည္။
ဒါေပမဲ့ ဒါေတြဟာ သူ႔ကို ေကာင္းေစခ်င္လို ႔ ေျပာခဲ့ ၊ အနိုင္ယူခဲ့တာေတြပင္။
ခန္႔ထည္နဲ႔ အခ်စ္ေရးမွာလည္း ေရႊဘံုက ဘာမွသိပ္သိခဲ့တာမဟုတ္ခဲ့။
အေနေအးလြန္းတာ ေၾကာင့္ ၾကည္ႏူးေရာ ၊ ေကသီပါ ကိုယ္ေမာင္တစ္ေယာက္လို ေရႊဘံုကို ေစာင့္ေရွာက္ေပးခဲ့သည္။
ဘယ္သြားသြား အရိပ္တၾကည့္ၾကည့္နဲ႔ ကိုယ္ေမာင္ေလးတစ္ေယာက္လို အထိခိုက္ အပြန္းပဲ့ မခံနိုင္ခဲ့ၾက။
ကိုခန္႔ ရႈပ္ေပြတယ္ဆိုတာ ႀကိဳက္ၿပီးအေတာ္ၾကာမွ ၾကည္ႏူးတို႔သိခဲ့လို႔။
မဟုတ္ရင္ အဲ့ေကာင္ ေရႊဘံုနားေျခတစ္လွမ္းေတာင္ လွမ္းမရေစရဘူး ေသခ်ာတယ္။
စိတ္ကြယ္ရာ လိုက္မသြားဖို႔ ၊ ကိုခန္႔ ကို အလိုမလိုက္ဖို႔ဆိုတာ ေရႊဘံု နားထဲ အပ္ေၾကာင္းထပ္ေအာင္သြင္းခဲ့ဖူးတဲ့ စကားေတြပင္။
ထို႔ေၾကာင့္ ေရႊဘံုသည္ ျပတ္ဆဲသြားသည့္တိုင္ ကိုခန္႔နဲ႔ သန္႔သန္႔ရွင္းရွင္းပဲရွိေသးတယ္ဆိုတာ သူတို႔အသိဆံုး။
" ဘာပဲ ေျပာေျပာ ေကာင္းမယ္ဆိုရင္
သူနားေထာင္မွာပါ။ အဲ့ဖက္ဆိုင္က လူေတြအေၾကာင္း နင္ဆက္စံုစမ္းထားလိုက္ ေကသီမ "
ေျပာၿပီ ထြက္သြားတဲ့ ၾကည္ႏူးကို ေနာက္ကေန လက္သီးနဲ႔႐ြယ္ကာ မေက်နပ္ေၾကာင္းျပလိုက္၏။ ခိုးေၾကာင္ခိုးဝွက္မို႔ ၾကည္ႏူးတစ္ေယာက္ ဒါကိုမျမင္လိုက္ေတာ့။
________
ဘန္း! ဘန္း ! ဗုန္း !
သဲအိတ္ကို အားရပါးရထိုးေနတဲ့ လက္မွာ မည္သည့္အကာအကြယ္မွ ဝတ္မထား ။
အက်ၤ ီမပါသည့္ ခနၶာကိုယ္တေလ်ွာက္လံုး ေခြၽးမ်ားျဖင့္ ရႊဲေနၿပီး က်စ္လ်စ္ေသာ ဗိုက္သားျပင္ျဖင့္ လက္ေမာင္းသားတို႔သည္ ေလ့က်င့္မူ႔ေၾကာင့္ အဖုအထစ္တို႔ျဖင့္ ေဖာင္းႂကြလ်က္ရွိေနသည္ ။ ေဘာင္းဘီတိုဝတ္ထားတဲ့ ေျခေထာက္ေတြက ရွည္လ်ား၍ ေယာက်ာ္းပီသလွၿပီး တင္းတင္းေစ့ထားေသာနႈတ္ခမ္းနွင့္ စူးရဲေနတဲ့ မ်က္ဝန္းတို႔က မာန္အရွိန္အဝါထြန္းလင္းသေယာင္။
သူ႔နာမည္က မိုက္။
နာမည္ႀကီး ေၾကးစားလက္ေဝွ႔သမား မိုက္ဆိုတာ နယ္စပ္မွာ ဆိုရင္ ေၾကးအမ်ားဆံုးေပါက္ေၾကးရွိသူ။
ထိုးသတ္ပြဲ 11ပြဲမွာ ရႈံးပြဲမရွိသူ ျဖစ္သည္။
T9 Boxing Club သည္ နာမည္ႀကီး
Club တစ္ခုၿပီး Trainer ကိုနိုင္း သည္
Boxing Club ကိုပိုင္ဆိုင္သူျဖစ္၏။
Trainer လုပ္ေသာ္ျငား ကိုနိုင္းကေတာ့ မိုက္တစ္ဦးတည္ကိုသာ ေလ့က်င့္ေပးသူ ၊ တြဲဖက္ သတ္ပုတ္ကစားေပးသူျဖစ္သည္။
မိုက္၏ လႈပ္ရွားေလ့က်င့္ေနဟန္ ကိုနိုင္း အားကစားရုံ နံရံကို မွီၾကည့္ရင္း မ်က္ေမွာင္ၾကဳတ္လိုက္သည္။
" မိုက္ ခဏနားမယ္ "
ေဖာင္း!
သဲအိတ္သည္ ေနာက္ျပန္ တပတ္လွည့္
ကန္ခ်က္ေၾကာင့္ ေလေပၚလြင့္သြား၏။
ႀကိဳးျဖင့္တြဲေလ်ာင္း ခ်ထားတာမို႔ ျပန္အက်ကို မိုက္က စီးဖမ္း၍ ကိုနိုင္းကို ေမ့ေငါ့ျပသည္။
" ေျပာ ကိုနိုင္း"
" နယ္သာလန္ က တစ္ေယာက္နဲ႔ ျမဝတီဖက္မွာ ထိုးဖို႔ မင္းစဥ္းစားၾကည့္မလား "
" ပြဲေခၚထားတာလား "
သူ႔လက္ေတြကို မ်က္နွာေရွ႕ျဖန္႔ၾကည့္၍ မိုက္က ေမးသည္။
ကိုနိုင္း ဘာရယ္မဟုတ္ အသာမာတက္ေနေပမဲ့ သြယ္ေနေသးတဲ့ လက္ေခ်ာင္းရွည္ေတြကို ေငးၾကည့္ရင္း ေခါင္းညိမ့္ျပလိုက္သည္။
သူ႔မ်က္လံုးေတြကေတာ့ မိုက္လက္ေတြေပၚမွာသာရွိေသးသည္။
လက္ဆစ္သြယ္တာမို႔ ပညာျဖင့္ လုပ္စားမဲ့လက္ေခၚမွာလား၊ ဒါမွမဟုတ္ အႏုပညာလက္ေခၚမွာလား။ လက္ေတြ႕မွာေတာ့ မိုက္က ေၾကးစား။
" အင္း မင္းလက္ခံခ်င္လား ၊ သူေဌးဦးမင္းစံက မင္းနိုင္ရင္ သိန္း၁၀၀သက္သက္ေပးမယ္တဲ့ ။ ေပါက္ေၾကးမပါေသးဘူး ။ မင္းဖက္က okျပရင္ ဖုန္းတစ္ခ်က္ဆက္ရုံပဲ"
"စဥ္းစားဦးမယ္။ ဒီတေလာ ကြၽန္ေတာ္ အလုပ္မအားေသးဘူး။ မထိုးတာလည္း တစ္နွစ္ေလာက္ရွိၿပီဆိုေတာ့ Clubကို ဆက္တိုက္ျပန္လာရဦးမယ္ထင္တယ္ "
"မင္းလက္ရည္မက်ေသးပါဘူး။ စဥ္းစားလိုက္ဦး မဟုတ္ရင္ မင္းသတ္မွတ္ထားတဲ့ ၁၅ပြဲျပည့္မွာမဟုတ္ေတာ့ဘူး "
ကိုနိုင္း ပုခံုးကို လက္သီးျဖင့္ လွမ္းထိုးကာ မိုက္က ဖြဖြၿပံဳးသည္။
၁၅ပြဲျပည့္ရင္ မိုက္ဒီေလာက ကေန နားမွာလို႔ေျပာဘူးတာကို ကိုနိုင္းမွတ္ထားပံုပင္။
" ျပန္ေတာ့မယ္ ကိုနိုင္း ၊ မနက္ဖန္ ဒီအခ်ိန္ေလာက္ျပန္လာခဲ့မယ္။ အိမ္မျပန္ေသးပဲေစာင့္ေနေနာ္။ ကြၽန္ေတာ္ ကိုနိုင္းနဲ႔ တစ္ပြဲေလာက္ ထိုးမလို႔ ။ ၾကာၿပီမို႔လား ကြၽန္ေတာ္နဲ႔ စင္ေပၚမတက္တာ "
ကိုနိုင္း မ်က္နွာရႈံ႕သြားတာေတြ႕ေတာ့မိုက္ကရယ္သည္။ ထို႔ေနာက္ လက္ျပကာ အဝတ္လဲတဲ့အခန္းထဲဝင္သြား၏။
ကိုနိုင္း မိုက္ကိုၾကည့္ရင္းအတိတ္ကိုေတာင္သြားသတိရမိသည္။
အဲ့တုန္းက ဒီေကာင္ေလးကိုက အသက္ ၂၁သာရွိေသးသည္။
Club ကိုလာၿပီး ဝါသနာအရ Boxing လာက်င့္တာျဖစ္၏။ အားကစားနည္းမို႔ လူႀကီးလူငယ္မေ႐ြး သူ႔Clubက လူစံုသည္။
ကိုယ္တိုင္လည္း စီးပြားေရးအရဖြင့္စားတာမဟုတ္ေတာ့ လာသမ်ွလူအကုန္လံုး ကိုနိုင္းဆိုရင္ ခ်စ္ခင္ၾကသည္။
ေၾကးစား ေလာက ဆိုတာ အဲ့တုန္းက ကိုနိုင္းနဲ႔ ဆက္စပ္ေသးတဲ့အရာမဟုတ္။
ပြဲအေသးမ်ားစြာကိုေတာ့ စီမံေပးဖူးၿပီးထိုပြဲမ်ားကိုလည္း
သူ႔Clubမွာပဲ က်င္းပခဲ့တာ ျဖစ္သည္။
မိုက္ေရာက္လာေတာ့ ဒီေကာင္ေလး ေပါင္းလို႔သင္းလို႔ေကာင္းတယ္ဆိုၿပီး သေဘာက်ခဲ့သည္။ ရုိးရုိးသားသား ျဖစ္သည့္အျပင္ မိုက္က လက္ေဝွ႔မွာ ပါရမီပါသည္။
ထို႔ေၾကာင့္ ပြဲအေသးေတြဆို ဘာရယ္မဟုတ္ မိုက္ကို ဝင္ေရာက္ထိုးသတ္ ဖို႔ အားေပးခဲ့ဖူးသည္။ အဲ့တုန္းက မိုက္က ဘြဲ႕မရေသး။
နယ္ကလာတက္တဲ့ေက်ာင္းသားပဲမို႔
ပိုက္ဆံေတြ ဘာေတြျပတ္ရင္ မိုက္က လက္ေဝွ႔ ပြဲအေသးေတြ ဝင္ထိုးရင္း သူ႔အသံုးစရိတ္သူရွာတက္လာသည္။
တျဖည္းျဖည္းနဲ႔ မိုက္က ဒီေလာကမွာ နာမည္ရလာတယ္ေျပာရမယ္။
သူ႔ပြဲစဥ္ တခ်ိဳ႕မွာ မိုက္ကို သတိထားမိလာၾကသူေတြ မ်ားလာသည္။ အဲ့ထဲမွာ ျမဝတီက ပြဲ စီစဥ္သူ ဂ်င္မီ ဆိုတဲ့သူပါ ပါလာခဲ့တယ္။
ပထမအစေတာ့ မိုက္က လက္မခံျဖစ္ဘူး။
ေၾကးစားေလာကကို မိုက္အသက္ငယ္ေသးေတာ့အနည္းငယ္ ရွိန္ေသးသည္ထင္၏။
မိုက္လက္ခံခဲ့တဲ့ ပြဲအစက ဂ်င္မီနဲ႔ေတြ႕ၿပီး
နွစ္နွစ္ၾကာၿပီးမွပင္။ ထို႔ေန႔က မိုက္သူ႔ဆီညႀကီးဆက္သြယ္ၿပီး
"ေငြလိုလို႔ ကိုနိုင္း ၊ ဂ်င္မီနဲ႔ ဆက္သြယ္ေပး "ဆိုၿပီး အေလာတႀကီးခိုင္းခဲ့သည္။
အဲ့ကတည္းက မိုက္ကဒီေလာကမွာ
နာမည္းႀကီးလာေတာ့တာပဲ။
ခ်စ္တဲ့အိမ္စည္။
" ငါးပိ ၂၀၀ဖိုးလောက် သွားဝယ်ပေး ဒီရ ။
ငါဒီမှာ ချက်လက်စကြီးမို့ "
"ဟာ ကိုထင်က လုပ်ပြီကွာ။ ငါဒီမှာ gameဆော့နေတာတန်းလန်းကြီးကွ"
ကြက်သွန်နီကို အသာဖော့လှီးရင်း
ဧည့်ခန်းကြမ်းပေါ်မှာ အားယားကြီးမှောက်ဆော့နေတဲ့ ဒီရမောင်ကို လှည့်ကြည့်မိသည်။ အလုပ်ပိတ်ရက် ဒီတစ်ရက်ထဲရှိတာ။ အိမ်သန့်ရှင်းရေးလုပ်ရုံတင်မကဘူး
ထမင်းဟင်းချက်တာလည်း ရေးညို့ထင် တာဝန်သာ။ တစ်ခုခု ခိုင်းမယ်ဆိုရင် ဒီရဆီက "ငါgame ဆော့နေတာ"ဆိုတဲ့အသံကို မကြားချင်မှအဆုံးပဲ။
" ဒီပွဲပြီးသွားကွာ ၊ ငါစိတ်မရှည်တော့ဘူးနော် ဒီရ ။ မနက်အိပ်ရနိုးကတည်းက ဖုန်းကောက်ကိုင်တယ်။ ခုထိ မနက်စာ ထစားရုံကလွဲပြီး ဖုန်းနဲ့မျက်နှာ မင်းမခွာသေးဘူး။
ပိတ်ရက်ကလေး တစ်ရက်တော့ အိမ်အလုပ်တော့ဝိုင်းကူးအုံးမှပေါ့ကွ"
"ထပြီ ထင်ထင်ရေ။ အပျိုကြီးလိုပဲ ပစိပစပ်တအားပွားလွန်းတယ်။ မိန်းမ မယူမချင်း ဒီဒုက္ခတွေကို ငါပဲခါးစီးခံရမှာပေါ့"
" အဲ့ဒါဆိုလည်း တသက်လုံး မင်းပဲ ခံလိုက်တော့ ငါကတော့ မိန်းမယူဖို့စိတ်ကူးမရှိဘူး"
" မယူ..ယူအောင် ရိုက်ပေးစားမယ် မင်းကို။ ငါ့ရည်းစားက သူ့ သူငယ်ချင်းတစ်ယောက်နဲ့မိတ်ဆက်ပေးမယ်တဲ့။ မင်းအကြိုက်ပဲကွာ။ လုံးဝမဟာဆန်ဆန်အေးအေးချမ်းချမ်းလေး"
ဒီရမောင်လေသံက အားကျိုးမာန်တက်ရှိလှသည်။ ဒါကိုပင် ရေးညို့ထင်ရယ်ချင်တာ။ လှီးပြီးသားကြက်သွန်နီ တွေကို ဒယ်အိုးထဲ ပစ်ထည့်ရင်း တရှဲရှဲကြော်လှော်နေလိုက်ရင်း
" သွားစရာရှိတာသွားတော့ဒီရ ၊ ခဏနေ ငါးပိသုံးရတော့မှာ။ "
"ငါမေးတာ ပြောဦးဟ ။ တွေ့ကြည့်မလား တစ်ရက်ရက် "
"No "
"ဟာ ! အကောင်းပြောနေတာ ကိုထင်ရ"
"အချစ်က အဲ့လောက်လွယ်လား ဒီရမောင်။ ငါက သူ့အလိုလို နှလုံးသားထဲကပေါက်ဖွားလာတဲ့ ချစ်ခြင်းမေတ္တာကိုပဲရချင်တာ ။ မိတ်ဆက်ပေး၊ အောင်သွယ်ပေးတဲ့ တွေ့ဆုံမူ့တွေကို သဘောမကျဘူး။ စိတ်မပူနဲ့ ညီလေး ။ ငါ လူပျိုကြီးမလုပ်ဘူး ဆိုတာသေချာတယ်။ "
"လက်ပေါက်အတော်ကပ်တဲ့ကောင် "
ပစ်ပစ်နှစ်နှစ်ဆိုပြီး ဒီရတစ်ယောက် အောက်ကိုဆင်းသွားလေသည်။
စိတ်ကောက်သွားတယ်ဆိုတာ သိတော့
မဆီမဆိုင် တွေးပူတက်လွန်းတဲ့ ညီတော်မောင် အစားရယ်ချင်မိသည်။
ဒီရမောင်က ရေးညို့ထင် ထက် ၁၀လခန့်ငယ်သူဖြစ်၏။ ညီကိုတွေဆိုတော့ အနည်းငယ်ကွာဟ တဲ့အသက်အရွယ်ကို ဂရုမပြုတော့ပဲ မင်းနဲ့ငါဟုသာ သုံးနှုန်းကြသည်။ တခါတလေ ဒီရမောင်က သူ့အား
ထင်ထင်ဟု ချစ်စနိုးခေါ်ဝေါ်တက်ပေမဲ့ များသောအားဖြင့် ကိုထင်ဟုသာ ခေါ်တက်၏။
မိဘတွေမရှိတော့တဲ့ ရေးညို့ထင်မှာ
ဒီရမောင် ရဲ့အမေ ၊ ရေညို့၏ အဒေါ် အန်တီနီ ကပဲ အမေလိုဖြစ်နေသည်။ ရန်ကုန်ပြောင်းချင်သည်ဆိုတော့လည်းပုသိမ်ကအိမ်ကို ရောင်းချ ပေးပြီး ရန်ကုန်မှာ အခြေမပျက်အောင် အိမ်ဝိုင်းလေးဝယ်ပေးခဲ့သည်။
ထိုနေရာကိုတော့ အလုပ်နဲ့ အလှမ်းဝေး၍ သွားမနေဖြစ်။ တစ်ထပ်အိမ်လေးမို့ အိမ်ငှားတင်ထားသည်မှာ တစ်လ ၂သိန်းခွဲရပြီး လက်ရှိ သူငှားနေတဲ့ တိုက်ခန်းကတော့ တစ်လမှ ၁သိန်း၈သောင်းသာပေးရ၏။ ထိုမှ ၇သောင်းခန့် ငွေပိုကို ဆိုင်က အမြတ် တချို့နဲ့ပေါင်းကာ မိဘမဲ့ ကျောင်းမှာ တစ်လ ၂သိန်း ဖြင့် လစဉ် ထောက်ပံ့လှူ ဒါန်းဖြစ်လေသည်။
မိဘများ မရှိတော့တဲ့ ရေးညို့ထင်သည်
သူ့ကိုယ်သူ မပျက်စီးအောင် ထိန်းသိမ်းထားနိုင်တဲ့ လူရွယ်တစ်ယောက်ဖြစ်သည်ကြောင့် ကျန်ရှိခဲ့သော မိဘအမွေတို့သည် မပျောက်မပျက်ပဲယခုထိ ရှိနေဆဲပင်။
ရန်ကုန်မှာ အိမ်ဝယ်ပြီး ပိုငွေအနည်းအကျဉ်းကို စုဆောင်း၍ မိတ္တူ ဆိုင်မှာ အလုပ်သင်အဖြစ် တစ်နှစ်ခန့်ကြာအောင် ရတဲ့ လစာအနည်းငယ်ဖြင့်ဖြစ်သလိုစားကာ ကြိုးကြိုးစားစားသင်ယူခဲ့သည်။
သူသည် ပိုက်ဆံမချမ်းသာပါ။
လုံးလ ၊ ဝီရိယ နှင့် ဇွဲသာရှိလေသည်။
ထို့ကြောင့် ဒီအခြေနေထိရောက်အောင် သူအများကြီး ကြိုးစားခဲ့ရသည်။
ငွေပိုရှိလျှင်တောင် taxi မစီးပေ။
အဝတ်အစားဆိုလည်း ၁၅၀၀၀ ထိပိုတဲ့ ငွေပမာဏရှိတဲ့ အထည်မဝယ်ဖူးသည်ထိ
သူဟာ အရာရာမှာ နှမြောတက်သူဖြစ်၏။
ကိုယ်ပိုင်ပင်ပန်းစွာရှာဖွေရသူများသည်
ငွေကြေး၏ တန်ဖိုးကို နားလည်သည်။
သူလည်းထို့အတူပင်။
မိဘမရှိသော တစ်ကောင်ကြွက် တစ်ယောက်မို့ သူ့အတွက်သူ ကတ်စီးနည်းပေမဲ့ ပရဟိတ အလုပ်တော့ သဒ္ဒါထက်သန်သေးပါသည်။
ထို့ကြောင့်အပင်ပန်းခံကာ busကားတိုးစီးလေ့ရှိသည်။ ကားငှားစီးတဲ့ ကုန်ကျငွေသည် ကလေးတစ်ယောက်၏ တစ်နေ့တာ စားသောက်မူ့ကုန်ကျစရိတ်ရှိလေသည်မို့ သူသည် ဘယ်သောအခါမှ သီးသန့်ကားငှားစီးလေ့မရှိပေ။
ထိုသို့သော အလေ့အကျင့်ဖြင့် သူ့ဘဝသည်အသက်၂၉နှစ်ထိ ရိုးရှင်းခဲ့သည်။
သူ့ဆိုင်လေးသည် ချမ်းသာရလောက်အောင်ထိ စီးပွားမဖြစ်သော်ငြား အရှိန်ရနေသော လုပ်ငန်းတစ်ခုဖြစ်လေတာမို့
စုဆောင်းတက်မယ်ဆိုရင်တော့ အောင်မြင်နိုင်မဲ့အလားအလာရှိလေသည်။
ဒီရကတော့ ဝန်ထမ်းအားလုံးထဲမှာ ဈေးအကြီးဆုံးပင်။
သူကိုယ်တိုင်လည်း ညီဖြစ်သူမို့
အလုပ်နဲ့သက်ဆိုင်ရာ သင်တန်းမျိုးစုံကို တက်ခိုင်းဖြစ်သလို ငွေကြေးကိုပါ လုံလောက်အောင်ထောက်ပံ့ပေးခဲ့သည်။
ထို့ကြောင့် ဒီနယ်ပယ်မှာဆို ဒီရမောင် က ဆရာကြီးပင်။ ထို့ကြောင့် တခါတလေ ဆိုင်ကိုပစ်၍ စိတ်ချလက်ချ သူသွားချင်တဲ့နေရာကို လွတ်လပ်စွာ သွားလို့ရခြင်းပင်။
__________
" ဟိုမှာ လာနေတဲ့ နှစ်ယောက်ထဲက ဒီဖက်က အင်္ကျီအဖြူ ဘောင်းဘီရှည်အနက်နဲ့ တစ်ယောက်က ငါကြက်ဆီထမင်းသွားပို့တုန်းကတွေ့ခဲ့တဲ့ တစ်ယောက်။ နာမည်က ဒီရမောင်တဲ့ ။ ဒီဖက်က ပုဆိုးအကွက်ကျဲနဲ့ ဂျင်းအင်္ကျီမိုးပြာရောင် ဝတ်ထားတဲ့ တစ်ယောက်က ရေးညို့ထင်တဲ့ ။ နှစ်ယောက်လို မိုက်တယ်မို့လား "
" အင်း ၊ မဆိုးဘူး၊ ဒါပေမဲ့ သူတို့က အဖြောင့်ကြီးတွေထင်တယ် "
မှန်တံခါးအကွယ်ကနေ ကြည်နူးနဲ့ ကေသီ တို့နှစ်ယောက်သား ဟိုဖက် ဆိုင်က ညီကို
အား မသိမသာ အကဲခတ်နေကြသည်။
ဒီရမောင် ဆိုတဲ့ တစ်ယောက်က ခေတ်လူငယ်ပုံ ပေါက်ပြီး သွက်လက်တဲ့ ဒီဇိုင်း။
ဒီဖက်က ရေးညို့ထင်ကတော့ လူကြီးလူကောင်းဆန်ကာ မျက်နှာထားကမာန်ပါကာ ကြင်နာတက်မည့်ပုံမျိုး။
နှစ်ယောက်လုံးကတော့ ကြည်နူးတို့ထက်အသက်ကြီးလိမ့်မည်။ ဘာပဲပြောပြော
သူငယ်ချင်း ဝတ္တရားအရ အကောင်းဆုံးဆိုတဲ့ တစ်ယောက်ကို မောင့်ရွှေအတွက်ရွေးပေးရမှာပင်။
" ညည်းကလည်း ပိန်းလိုက်တာလွန်ရော။
ဘယ်သူက ကျွန်တော် အကွေးပါဆိုပြီး စာချိတ်ထားလို့လဲ ။ လေ့လာအကဲခတ်ရမှာပေါ့ဟဲ့။ "
ကေသီလက်မောင်းကို ပိတ်ရိုက်က ကြည်နူးမျက်စောင်းခဲလိုက်သည်။
" ကြပ်ကြပ် အဲ့စကားတွေပြော သိလား။
လူရိုက်ပေါက်တွေ အတော်လောက်လုပ်။ အဖြောင့်အကွေးက အရေးမကြီးဘူး ။ အချစ်နဲ့မေတ္တာက အရေးကြီးဆုံးပဲ။ တသက်လုံး မောင့်ရွှေကို နွေးနွေးထွေးထွေး ကြင်ကြင်နာ ထားနိုင်မဲ့သူကိုသာ ရှာ "
" နင်မြင်တဲ့အတိုင်း ငါလည်းရှာနေတာပဲလေ။ ဒါနဲ့ ငါတို့ရှာပေးတာ မောင်ရွှေ မကြိုက်ရင်ဘယ်နှယ့်လုပ်မလဲ။ ခုတောင် အချစ်ကို စိတ်ကုန်နေလောက်ပြီ ။ "
တွေးတွေးဆဆ ပြောနေတဲ့ ကေသီစကားကြောင့် ကြည်နူး ခါးကုန်းနေရမှ ကိုယ်ကိုမတ်လိုက်၏။ ရွှေဘုံက ကလေးမှမဟုတ်တော့တာ ၊ သူ့မှာလည်း ကိုယ်ပိုင်ရွေးချယ်မူ့ရှိသင့်တာပဲလေ။ တခါတလေ
ရိုးအေးလှတဲ့ ရွှေဘုံကို သူငယ်ချင်းပီပီ
အားမရတဲ့ အခါတွေလည်းရှိခဲ့ဘူးသည်။
ဒါပေမဲ့ ဒါတွေဟာ သူ့ကို ကောင်းစေချင်လို့ ပြောခဲ့ ၊ အနိုင်ယူခဲ့တာတွေပင်။
ခန့်ထည်နဲ့ အချစ်ရေးမှာလည်း ရွှေဘုံက ဘာမှသိပ်သိခဲ့တာမဟုတ်ခဲ့။
အနေအေးလွန်းတာ ကြောင့် ကြည်နူးရော ၊ ကေသီပါ ကိုယ်မောင်တစ်ယောက်လို ရွှေဘုံကို စောင့်ရှောက်ပေးခဲ့သည်။
ဘယ်သွားသွား အရိပ်တကြည့်ကြည့်နဲ့ ကိုယ်မောင်လေးတစ်ယောက်လို အထိခိုက် အပွန်းပဲ့ မခံနိုင်ခဲ့ကြ။
ကိုခန့် ရှုပ်ပွေတယ်ဆိုတာ ကြိုက်ပြီးအတော်ကြာမှ ကြည်နူးတို့သိခဲ့လို့။
မဟုတ်ရင် အဲ့ကောင် ရွှေဘုံနားခြေတစ်လှမ်းတောင် လှမ်းမရစေရဘူး သေချာတယ်။
စိတ်ကွယ်ရာ လိုက်မသွားဖို့ ၊ ကိုခန့် ကို အလိုမလိုက်ဖို့ဆိုတာ ရွှေဘုံ နားထဲ အပ်ကြောင်းထပ်အောင်သွင်းခဲ့ဖူးတဲ့ စကားတွေပင်။
ထို့ကြောင့် ရွှေဘုံသည် ပြတ်ဆဲသွားသည့်တိုင် ကိုခန့်နဲ့ သန့်သန့်ရှင်းရှင်းပဲရှိသေးတယ်ဆိုတာ သူတို့အသိဆုံး။
" ဘာပဲ ပြောပြော ကောင်းမယ်ဆိုရင်
သူနားထောင်မှာပါ။ အဲ့ဖက်ဆိုင်က လူတွေအကြောင်း နင်ဆက်စုံစမ်းထားလိုက် ကေသီမ "
ပြောပြီ ထွက်သွားတဲ့ ကြည်နူးကို နောက်ကနေ လက်သီးနဲ့ရွယ်ကာ မကျေနပ်ကြောင်းပြလိုက်၏။ ခိုးကြောင်ခိုးဝှက်မို့ ကြည်နူးတစ်ယောက် ဒါကိုမမြင်လိုက်တော့။
________
ဘန်း! ဘန်း ! ဗုန်း !
သဲအိတ်ကို အားရပါးရထိုးနေတဲ့ လက်မှာ မည်သည့်အကာအကွယ်မှ ဝတ်မထား ။
အင်္ကျီမပါသည့် ခန္ဓာကိုယ်တလျှောက်လုံး ချွေးများဖြင့် ရွှဲနေပြီး ကျစ်လျစ်သော ဗိုက်သားပြင်ဖြင့် လက်မောင်းသားတို့သည် လေ့ကျင့်မူ့ကြောင့် အဖုအထစ်တို့ဖြင့် ဖောင်းကြွလျက်ရှိနေသည် ။ ဘောင်းဘီတိုဝတ်ထားတဲ့ ခြေထောက်တွေက ရှည်လျား၍ ယောကျာ်းပီသလှပြီး တင်းတင်းစေ့ထားသောနှုတ်ခမ်းနှင့် စူးရဲနေတဲ့ မျက်ဝန်းတို့က မာန်အရှိန်အဝါထွန်းလင်းသယောင်။
သူ့နာမည်က မိုက်။
နာမည်ကြီး ကြေးစားလက်ဝှေ့သမား မိုက်ဆိုတာ နယ်စပ်မှာ ဆိုရင် ကြေးအများဆုံးပေါက်ကြေးရှိသူ။
ထိုးသတ်ပွဲ 11ပွဲမှာ ရှုံးပွဲမရှိသူ ဖြစ်သည်။
T9 Boxing Club သည် နာမည်ကြီး
Club တစ်ခုပြီး Trainer ကိုနိုင်း သည်
Boxing Club ကိုပိုင်ဆိုင်သူဖြစ်၏။
Trainer လုပ်သော်ငြား ကိုနိုင်းကတော့ မိုက်တစ်ဦးတည်ကိုသာ လေ့ကျင့်ပေးသူ ၊ တွဲဖက် သတ်ပုတ်ကစားပေးသူဖြစ်သည်။
မိုက်၏ လှုပ်ရှားလေ့ကျင့်နေဟန် ကိုနိုင်း အားကစားရုံ နံရံကို မှီကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။
" မိုက် ခဏနားမယ် "
ဖောင်း!
သဲအိတ်သည် နောက်ပြန် တပတ်လှည့်
ကန်ချက်ကြောင့် လေပေါ်လွင့်သွား၏။
ကြိုးဖြင့်တွဲလျောင်း ချထားတာမို့ ပြန်အကျကို မိုက်က စီးဖမ်း၍ ကိုနိုင်းကို မေ့ငေါ့ပြသည်။
" ပြော ကိုနိုင်း"
" နယ်သာလန် က တစ်ယောက်နဲ့ မြဝတီဖက်မှာ ထိုးဖို့ မင်းစဉ်းစားကြည့်မလား "
" ပွဲခေါ်ထားတာလား "
သူ့လက်တွေကို မျက်နှာရှေ့ဖြန့်ကြည့်၍ မိုက်က မေးသည်။
ကိုနိုင်း ဘာရယ်မဟုတ် အသာမာတက်နေပေမဲ့ သွယ်နေသေးတဲ့ လက်ချောင်းရှည်တွေကို ငေးကြည့်ရင်း ခေါင်းညိမ့်ပြလိုက်သည်။
သူ့မျက်လုံးတွေကတော့ မိုက်လက်တွေပေါ်မှာသာရှိသေးသည်။
လက်ဆစ်သွယ်တာမို့ ပညာဖြင့် လုပ်စားမဲ့လက်ခေါ်မှာလား၊ ဒါမှမဟုတ် အနုပညာလက်ခေါ်မှာလား။ လက်တွေ့မှာတော့ မိုက်က ကြေးစား။
" အင်း မင်းလက်ခံချင်လား ၊ သူဌေးဦးမင္းစံ က မင်းနိုင်ရင် သိန်း၁၀၀သက်သက်ပေးမယ်တဲ့ ။ ပေါက်ကြေးမပါသေးဘူး ။ မင်းဖက်က okပြရင် ဖုန်းတစ်ချက်ဆက်ရုံပဲ"
"စဉ်းစားဦးမယ်။ ဒီတလော ကျွန်တော် အလုပ်မအားသေးဘူး။ မထိုးတာလည်း တစ်နှစ်လောက်ရှိပြီဆိုတော့ Clubကို ဆက်တိုက်ပြန်လာရဦးမယ်ထင်တယ် "
"မင်းလက်ရည်မကျသေးပါဘူး။ စဉ်းစားလိုက်ဦး မဟုတ်ရင် မင်းသတ်မှတ်ထားတဲ့ ၁၅ပွဲပြည့်မှာမဟုတ်တော့ဘူး "
ကိုနိုင်း ပုခုံးကို လက်သီးဖြင့် လှမ်းထိုးကာ မိုက်က ဖွဖွပြုံးသည်။
၁၅ပွဲပြည့်ရင် မိုက်ဒီလောက ကနေ နားမှာလို့ပြောဘူးတာကို ကိုနိုင်းမှတ်ထားပုံပင်။
" ပြန်တော့မယ် ကိုနိုင်း ၊ မနက်ဖန် ဒီအချိန်လောက်ပြန်လာခဲ့မယ်။ အိမ်မပြန်သေးပဲစောင့်နေနော်။ ကျွန်တော် ကိုနိုင်းနဲ့ တစ်ပွဲလောက် ထိုးမလို့ ။ ကြာပြီမို့လား ကျွန်တော်နဲ့ စင်ပေါ်မတက်တာ "
ကိုနိုင်း မျက်နှာရှုံ့သွားတာတွေ့တော့မိုက်ကရယ်သည်။ ထို့နောက် လက်ပြကာ အဝတ်လဲတဲ့အခန်းထဲဝင်သွား၏။
ကိုနိုင်း မိုက်ကိုကြည့်ရင်းအတိတ်ကိုတောင်သွားသတိရမိသည်။
အဲ့တုန်းက ဒီကောင်လေးကိုက အသက် ၂၁သာရှိသေးသည်။
Club ကိုလာပြီး ဝါသနာအရ Boxing လာကျင့်တာဖြစ်၏။ အားကစားနည်းမို့ လူကြီးလူငယ်မရွေး သူ့Clubက လူစုံသည်။
ကိုယ်တိုင်လည်း စီးပွားရေးအရဖွင့်စားတာမဟုတ်တော့ လာသမျှလူအကုန်လုံး ကိုနိုင်းဆိုရင် ချစ်ခင်ကြသည်။
ကြေးစား လောက ဆိုတာ အဲ့တုန်းက ကိုနိုင်းနဲ့ ဆက်စပ်သေးတဲ့အရာမဟုတ်။
ပွဲအသေးများစွာကိုတော့ စီမံပေးဖူးပြီးထိုပွဲများကိုလည်း
သူ့Clubမှာပဲ ကျင်းပခဲ့တာ ဖြစ်သည်။
မိုက်ရောက်လာတော့ ဒီကောင်လေး ပေါင်းလို့သင်းလို့ကောင်းတယ်ဆိုပြီး သဘောကျခဲ့သည်။ ရိုးရိုးသားသား ဖြစ်သည့်အပြင် မိုက်က လက်ဝှေ့မှာ ပါရမီပါသည်။
ထို့ကြောင့် ပွဲအသေးတွေဆို ဘာရယ်မဟုတ် မိုက်ကို ဝင်ရောက်ထိုးသတ် ဖို့ အားပေးခဲ့ဖူးသည်။ အဲ့တုန်းက မိုက်က ဘွဲ့မရသေး။
နယ်ကလာတက်တဲ့ကျောင်းသားပဲမို့
ပိုက်ဆံတွေ ဘာတွေပြတ်ရင် မိုက်က လက်ဝှေ့ ပွဲအသေးတွေ ဝင်ထိုးရင်း သူ့အသုံးစရိတ်သူရှာတက်လာသည်။
တဖြည်းဖြည်းနဲ့ မိုက်က ဒီလောကမှာ နာမည်ရလာတယ်ပြောရမယ်။
သူ့ပွဲစဉ် တချို့မှာ မိုက်ကို သတိထားမိလာကြသူတွေ များလာသည်။ အဲ့ထဲမှာ မြဝတီက ပွဲ စီစဉ်သူ ဂျင်မီ ဆိုတဲ့သူပါ ပါလာခဲ့တယ်။
ပထမအစတော့ မိုက်က လက်မခံဖြစ်ဘူး။
ကြေးစားလောကကို မိုက်အသက်ငယ်သေးတော့အနည်းငယ် ရှိန်သေးသည်ထင်၏။
မိုက်လက်ခံခဲ့တဲ့ ပွဲအစက ဂျင်မီနဲ့တွေ့ပြီး
နှစ်နှစ်ကြာပြီးမှပင်။ ထို့နေ့က မိုက်သူ့ဆီညကြီးဆက်သွယ်ပြီး
"ငွေလိုလို့ ကိုနိုင်း ၊ ဂျင်မီနဲ့ ဆက်သွယ်ပေး "ဆိုပြီး အလောတကြီးခိုင်းခဲ့သည်။
အဲ့ကတည်းက မိုက်ကဒီလောကမှာ
နာမည်ကြီးလာတော့တာပဲ။
ချစ်တဲ့အိမ်စည်။
Bạn đang đọc truyện trên: ZingTruyen.Xyz