တသက်လုံးပျော်ချင်မောင့်ကိုချစ်ပါ(တသက္လံုးေပ်ာ္ခ်င္ေမာင့္ကိုခ်စ္ပါ)Completed
3
" မောင်ရွှေ ဆိုင်ကို နင်စောင့်မှာလား ။
ငါ ကြည်နူးနဲ့ လိုက်သွားမလို့"
"လိုက်သွားလေ ။ ငါစောင့်နေခဲ့မယ် "
ယူမဲ့ပစ္စည်းတွေ ကားပေါ်တင်ပေးရင်း
ရွှေဘုံ ကေသီကို လှမ်းပြောလိုက်သည်။
ဒီနေ့ ဆိုင်ဖွင့်တဲ့ ဒုတိယမြောက်နေ့လေးဆိုပေမဲ့ ဆိုင်မဖွင့်ခင်ကတည်းက လက်ခံထားသော ကြည်နူးသူငယ်ချင်း မင်္ဂလာပွဲအတွက် ဟော်တယ်တစ်ခုမှာ ပန်းအလှဆင်သွားရမည်။ ထို့ကြောင့် ရွှေဘုံတို့ဆိုင်လေးတွင်ပထမဆုံးအလုပ်အတွက် ကြည်နူးအပါအဝင်အကုန် ပြာယာခတ် နေကြလေသည်။
" ဧည့်သည်လာလို့ နင်မသိတာရှိရင် ဖုန်းဆက်လိုက်နော်"
"အေးပါ ..ငါသိတယ် သွားစရာရှိတာသွားကြ "
စိတ်မချလေဟန် ကြည်နူးကြောင့် ကားတံခါးကိုဖွင့်ပေးရင်း ခေါင်းအကြိမ်ကြိမ်ငြိမ့်ပြဖြစ်၏။ ရွယ်တူတွေဖြစ်ပြီး ရွှေဘုံ ကိုကလေးတစ်ယောက်လို ထင်မှတ်နေသေးတာမို့ တခါတလေ စိတ်ရှုပ်ရသည်။
ပန်းအစိုအပါအဝင် ပန်းခြောက် များစွာ က ကားနောက်ခန်းမှာ အပြည့်ပင်။
ဝန်ထမ်းကောင်မလေးနှစ်ယောက်ကလည်း ကားတစ်စီးဖြင့် ပစ္စည်းတွေတင်ကာ သက်သက်သွားလေပြီမို့ ဆိုင်မှာရွှေဘုံတစ်ယောက်ထဲ ကျန်ခဲ့၏။
ပန်းများတင်ဆောင်၍ ဆိုင်မှထွက်ခွာသွားသောကားအဖြူ လေးကိုထိုနေရာမှအတော်ကြာအောင် စိတ်မချစွာ ရပ်ကြည့်ရင်း ညနေဆိုင်ပိတ်ပြီးရင် သူပါ လိုက်သွားကြည့်ဦးမည်ဟု တွေးလိုက်သည်။
" ညီလေး ခဏ "
ဆိုင်ထဲဝင်မယ်လုပ်မှ ခေါ်သံကြောင့် ရွှေဘုံ လှည့်ကြည့်လိုက်စဉ် အမျိုးသားတစ်ယောက်က ရွှေဘုံ ရှိရာကို လှမ်းလာနေသည်ကိုတွေ့ရသည်။
"ဟုတ် အကို ဘာကိစ္စလဲမသိဘူးဗျ "
"မဟုတ်ဘူး။ ဒါလေးပေးစရာရှိလို့ "
"ဒါက ..."
လှမ်းပေးလိုက်သော အဖြူ ရောင်ဘူးလေးကြောင့် ရွှေဘုံ ကြောင်အန်းအန်းဖြစ်သွား၏။ ထိုသူ့ကို ရွှေဘုံ တစ်ခါမှမသိချေ။ ကွက်စိတ်ပုဆိုးကျဲကျဲ ဖြင့် ချော့ကလက်ရောင် ဂျင်းပါးစ အင်္ကျီလက်ရှည်ကို လက်ခေါက်ဝတ်ထားသည်ဖို့ အနည်းငယ်သန့်ပြန့်သည်။ ရေလှိုင်းကြီးကြီးသဖွယ်
ကောက်နေသော ဆံပင်က လူလတ်ပိုင်းအမျိုးသားနဲ့ သင့်တင့်သလို မညို မဖြူ တဲ့အသားရေကြောင့် ရွှတ်နောက်နောက်ပုံစံလည်းမပေါက်။
ရေးညို့ထင်သည် သူ့ကို မယုံသင်္ကာ စစ်ဆေးနေတဲ့ ပုံစံရှိတဲ့ကောင်လေးကြောင့်
နားထင်စပ်ကို ဖွဖွကုတ်လျက် စိတ်မသက်မသာဖြစ်လို့သွားသည်။
" မဟုတ်ဘူး ညီလေး။ အကိုက ဟိုဖက် မိတ္တူ ဆိုင်ကပါ။ ညီလေးတို့ဆိုင်က ဆိုင်ဖွင့်ပွဲ အတွက် ကြက်ဆီထမင်းလာပို့ပေးထားလို့ အကိုတို့က လိပ်စာကဒ်လေးမေတ္တာလက်ဆောင်ပြန်လုပ်ပေးထားတာလေးလာပို့ပေးတာပါ။ "
"အာ ... တောင်းပန်ပါတယ်ဗျ။ ရုတ်တရက်ဆိုတော့ ကျွန်တော်လည်း ဘာပြန်ပြောရမှန်းမသိပဲ ကြောင်သွားတာပါ။ "
"ရပါတယ် ၊ မနေ့က ဆိုင်က ကောင်မလေးကို ဖုန်းနံပါတ်လာတောင်းခိုင်းလိုက်သေးတယ် ။ မှန်မမှန် စစ်ကြည့်လိုက်ပါဦး "
ရွှေဘုံ အားနာစွာ ရယ်ကျဲကျဲ ပြုံးပြလိုက်ပြီး
ထိုအကိုကြီးပေးတဲ့ ဘူးလေးကို တရိုတသေဖွင့်လိုက်၏။ အထဲမှာအစီအရီ ကဒ်အဖြူ လေတွေမြင်တော့ တအံ့တသြ ဖြစ်သွားသည်မို့ နှုတ်မှလည်း ချက်ချင်း ချီးကျူးမိလိုက်လေသည်။
" လှလိုက်တာအကိုရာ။သေချာလုပ်ပေးထားတာပဲ၊ ဖုန်းနံပါတ်လည်းမှန်ပါတယ်။ ကျွန်တော် ဒီတိုင်းကြီးတော့ မယူပါရစေနဲ့။ အထဲဝင်ပါဦးလား တခုခု ဧည့်ခံချင်လို့ပါ"
"နေနေ ညီလေး ။ အကို အလုပ်မအားသေးလို့ နောက်မှဝင်လည်ပါ့မယ်။ ကြိုက်တယ် ၊ သဘောကျတယ်ဆိုရင်ပဲ ကျေနပ်ပါပြီ။ ပြန်ဦးမယ်နော် "
ရေးညို့ထင် စာရွက်ဖြူ နဲ့ သဏ္ဍာန်ဆင်သော ကောင်လေးကို နှုတ်ဆက်ပြီး ဆိုင်ဖက်ကို အသော့ပြန်ပြေးရသည်။
လုပ်လက်စတွေ အပုံလိုက်ဘေးချပြီး
ထိုကောင်လေးတို့ဆိုင်အတွက် အရင်အားစိုက်လုပ်ပေးလိုက်သည်။
ကြိုက်တယ်ဆိုတော့လည်း ပျော်တာပေါ့။
__________
အဖြူ ရောင် နှင်းဆီပန်းတွေက အစစ်နဲ့တူပေမဲ့ အစစ်မဟုတ်ချေ။ မင်္ဂလာစင်ပေါ်သို့ တက်တဲ့ လှေကားဘေးတလျှောက်မှာ လှပခန်းနားစွာ ကြည်နူးတို့တတွေ အလှဆင်နေမိသည်။ အထားခံတဲ့ ပန်းခြောက်များသည် ပန်းစစ်သဏ္ဍာန်တုပထားတာမို့ သေချာငုံ့မွှေးကြည့်မှသာ အတုမှန်းသိလိမ့်မည်။
ပထမဆုံး လာဘ်ခေါ်ပွဲမို့ နောက်ပွဲတွေနာမည်ရအောင် အစွမ်းကုန် သူတို့အကုန်လုံးကြိုးစားနေမိ၏။ လက်ကိုင်ပန်းနှင့် ရင်ကပ်ပန်းက မနက်စောစော ကြည်နူးထလုပ်ဖို့ တာဝန်ယူထားသည်။ ထို့အတွက် ပန်းအစစ်ကိုသာ အသုံးပြုမှာမို့ ပွဲချိန်နီးကပ်မှ လုပ်ပေးရမှာပင်။
" ကြည်နူး ငါ toilet သွားဦးမလို့ ၊
နင်လိုက်ဦးမလား "
" မလိုက်တော့ဘူး။ မြန်မြန်လာနော် ၊
ဒီမှာ နင်ချည်ရမဲ့ ပန်းခတ်တွေ ရှိသေးတယ် "
"ဟွန့်..သိပါတယ် ၊ toilet ထဲမှာ ငါကဘယ်လောက်ကြာအောင်နေနိုင်မှာလဲ "
ကြည်နူးသည် ခြေစောင့်ထွက်သွားသော ကေသီကိုကြည့်၍ သက်ပြင်းချမိသည်။
ရွှေဘုံရော ၊ ကေသီရော ဘယ်တော့မှာ ရင့်ကျက်မှာလည်း သိချင်စမ်းသည်။
ခေါင်းအသာရမ်းကာ လုပ်လက်စ ပန်းကိုင်းလေးကို ကောက်ကိုင်ရင်း ဆိုင်မှာ ကျန်ခဲ့သော သူငယ်ချင်းကောင်လေးကိုပါ
တွေးပူမိသွားသေး၏။ သူ့အဖြစ်က ပူပင်သောကများသော ကလေးနှစ်ယောက်အမေလိုပင်။
နာမည်ကြီး ဟော်တယ် မို့ ရေကူးကန်တွေရော ဘာရော လှလှပပ ။
ခြံကလည်းကျယ် ၊ နားအေးပါးအေးလည်းရှိလှတာကြောင့် ပိုက်ဆံချမ်းသာသူတွေ အေးအေးဆေးဆေး အနားယူဖို့ ကောင်းတဲ့နေရာတစ်ခုပင်။
အစက Toiletကိုပဲ သီးသန့်သွားပြီး အလုပ်မလို့ပဲ။
မယ်နူးကို အမြင်ကပ်လို့ ကေသီ ဟော်တယ် အနှံ့လျှောက်သွားပစ်လိုက်၏။
ဘစ်ကနီ ဖြင့် ဝိုင်တစ်ခွက်ကိုင်ရင်း..ဘေးကနေဖြတ်သွားသော ကောင်မလေးကိုကြည့်ရင်း..
"ငါလည်း အားတဲ့နောက်ရက် ရေလာကူးရအုံးမယ် "
ဟုတီးတိုးဆိုပြီး ပြာလဲ့လဲ့ ရေကူးကန်မှာ ရေကူးနေကြတဲ့ ကောင်မလေးတချို့ ကောင်လေးတွေကို ငေးကြည့်မိသည်။
" ဟင် ! ဘုန်းခန့်ထည်။ "
ရေကူးဝတ်စုံဝတ်ထားတဲ့ မိန်းကလေးတစ်ယောက်ကို ရင်ခွင်ထဲထည့်၍ ရေကူးသင်ပေးနေသော သကောင့်သား။
ဒေါသကရွှေဘုံမျက်နှာပြေးမြင်ပြီး ထောင်းခနဲ ။
" ငါဘာလုပ်ရမလဲ" လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်၍ ဟော်တယ် စင်္ကြန်မှာ အသွားအပြန် လျှောက်ရင်းစဉ်းစားနေမိသည်။ မောင်ရွှေ ဆိုတဲ့ ငတုံးက ဘုန်းခန့်ထည် အကြောင်းသိရက်နဲ့ ပါးစပ်ပိတ်နေသမျှ သူတို့သူငယ်ချင်းနှစ်ယောက်ကတော့ ဒီတိုင်းထိုင်ကြည့်မနေနိုင်ပေ။
ထို့ကြောင့် ကြည်နူးကို ဖုန်းဆက်၍ အကျိုးအကြောင်းအရင်ပြောပြလိုက်၏။
အစက ကြာလို့ဆူမလို့ပြင်နေတဲ့ကြည်နူးမသည် ကေသီ စကားကြောင့် ချက်ခြင်းဖုန်းချသွားသည်။ ၂မိနစ်ခန့်အကြာတွင်
" ဘယ်မှာလဲ အဲ့အောက်တန်းစားအကောင် "
အပြေးအလွှားရောက်လာတဲ့ကြည်နူးသည်ဒေါသကြောင့်မျက်နှာကရဲရဲနီလျက်။
" ရေကူးကန်ထဲမှာ ။ ဟော ဟိုမှာ ကြည်နူးတက်လာပြီ "
ကြည်နူးသည် မျက်စိထဲ ကောင်မလေးတစ်ယောက်ရဲ့မေးကို ကိုင်၍ မထိတထိ
ဟီလာတိုက်နေသော
ဘုန်းခန့်ထည်ဆိုတဲ့ကောင်ကို ကြည့်၍ အသားတွေတောင် တဆတ်ဆတ်တုန်လာရသည်။
"ဟဲ့ ကြည်နူး နေအုံးလေ ။ဟဲ့"
ကေသီစကားကို ကြည်နူးတစ်ယောက် မကြားတော့ပေ။ တလွှားလွှားပြေးသွားကာ
ဝိုင်ခွက်ကိုင်၍ ရေကူးကန်ဘေး ရပ်နေသော ဘုန်းခန့်ထည်ကို အားနဲ့ ရေထဲဆောင့်တွန်းချလိုက်တော့သည်။
ဗွမ်း !
ဟာ!!
"ဟိတ် တမင်လုပ်တာလား "
" ဘယ်သူတုန်း.. အဲ့မိန်းကလေး ဗလိုင်းကြီးတွန်းချတာ "
"ဟုတ်တယ် သူပြေးတွန်းတာငါမြင်တယ်"
ချက်ချင်းပတ်ဝန်းကျင်သည် ကျွတ်ကျွတ်ညံသွား၏။ ကေသီလည်း ဘာလုပ်ရမှန်းမသိအောင် ပျာယာခတ်နေပြီးမှ အလျှင်အမြန် ကြည်နူးလက်မောင်းကို လှမ်းဆွဲလိုက်ကာ ရေထဲကနေ ကမူးရူးထိုးတက်လာတဲ့ ဘုန်းခန့်ထည် မမြင်အောင် နောက်ကိုဆွဲပို့လိုက်သည်။
" မင်း ဒါ ဘာလုပ်တာလဲ "
"မြင်တဲ့အတိုင်းပဲ "
ကြည်နူးသည် တစက်မှမခံပေ။
ကေသီနောက်ကျောမှနေ၍ ပြန်အော်သည်။
" တောက်! မင်း မိန်းကလေးမို့လို့ သည်းခံနေတာနော်။ ယောကျာ်းလေးဆိုရင် ဒီနေရာမှာ သောက်ခွက်စုတ်နေလောက်ပြီ သိလား "
ဘုန်းခန့်ထည်သည် ကေသီကို ကျော်၍ ကြည်နူးကို လက်ညိုးထိုးကာ ဒေါသတကြီးပြောသည်။ ကေသီက ထိုလက်ညိုးကိုပုတ်ထုတ်၍
" ဒီမှာ! ရှင် ကျွန်မ သူငယ်ချင်းကို လက်ညိုးထိုးစရာမလိုဘူး။ မိန်းကလေးမို့ ရေထဲတွန်းချရုံလောက်ပဲ လုပ်ခဲ့တာ ။ ယောကျာ်းလေးဆိုလို့ကတော့ ကျမတို့ သူငယ်ချင်းကို ဖောက်ပြန်နေတဲ့ရှင်လိုလူကို သူသေကိုယ်သေပဲ သိလား။ "
"နေစမ်းပါဦး ။ မင်းတို့ နှစ်ယောက်က ငါ့ရည်းစားလား ။ ရွှေဘုံမင်းစံက ငါ့ရည်းစားလား "
"ဘာရှင့်!!"
ထီမထင်စွာ စေ့စေ့ကြည့်ရယ်မောနေပုံကပါးဆွဲရိုက်ချင်စရာ။ ဘုန်းခန့်ထည်ဆိုတဲ့အကောင် ရုပ်ပဲရှိတယ်။ စောက်ကျင့်က သုံးစားမရတဲ့ကောင်။
" ဟားဟား မသိဘူးလေ ။ ဟိုကောင်လေးက ဘာမှ မပြောရဘူး ၊ မင်းတို့က ကြားကနေ ဝင်နာနေကြတာလားလို့။ မဟုတ်မှ မင်းတို့ ငါ့ကိုများ စိတ်ဝင်စားနေကြသလား "
"လူပါးဝလို့ နင်ကများ "
ကေသီလက်သည် လေထဲရိပ်ခနဲ ပြေးသွားစဉ် ဘုန်းခန့်ထည်သည် လက်ကိုဖမ်းဆွဲကာ နောက်ကိုအားနဲ့တွန်းလွှတ်လိုက်၏။ ယောကျာ်အားနဲ့မို့ ကေသီရော ၊
ကြည်နူးရော ယိုင်ခနဲ ဖြစ်သွားလျှင်
အဝါရောင် အရိပ်ကလေးသည် အလျှင်အမြန်ပြေးဝင်လာပြီး ဘုန်းခန့်ထည်အားဖြင့်ပြေးထိုးလေသည်။
ခွပ် !
ဗွမ်း!!
" ရွှေဘုံ "
"မောင်ရွှေ "
အာမေဋိတ်သံသည် တဆက်ထဲ။
ရွှေဘုံသည် တုန်ရီနေတဲ့ လက်ကို စုတ်လျက် ကန်ဘောင်ပေါ်မှာ မတ်တပ်ရပ်နေလေသည်။ ဒုတိယအကြိမ်မြောက် ရေထဲကျသွားသော ဘုန်းခန့်ထည်သည် ရေကန်အတွင်းမှာ မတ်တပ်ရပ်ဖို့ အချိန်အတော်ကြာအောင်မနည်းရုန်းကန်နေရသည်။
သို့သော် သူ့အား ထိုးခဲ့သူကိုမြင်သည့်အချိန်မှာတော့ အံဩမင်တက်သွားသည်။
" ရွှေဘုံမင်းစံ မင်းငါ့ကိုထိုးတယ် ။ ဟုတ်လား "
" ဟုတ်တယ် ။ အဲ့တော့ မင်းကဘာလုပ်ချင်လဲ "
"ဘာပြောတယ် ။ တောက်! မင်း...အားးးး သေတော့မှာ ဒီအရူးတွေနဲ့ တော့ "
လက်သီးဖြင့်ရေကို တဗွမ်းဗွမ်းထိုးနက်ရင်းဒေါသဖြေနေတဲ့ ဘုန်းခန့်ထည်ကို ရွှေဘုံစေ့စေ့ကြည့်ရင်း ဆက်ပြောသည်။
" မင်းနဲ့ ငါ ပြတ်ပြီ ဘုန်းခန့်ထည် "
" အေး ငါက ဆယ်ခါပြန်ပြတ်တယ် သိလား သောက်ရူးကောင်ရ ၊ ချီးပဲ "
ကိုခန့်ဟု ကြင်ကြင်နာခေါ်ခဲ့သော ယောကျာ်းကို ရွှေဘုံ ကျောခိုင်းလိုက်သည်။
အချစ်ဆိုတဲ့အရာက တစ်ခဏလေးအတွင်းမှာ ပျောက်ပျက်သွားတာ အံ့သြစရာ။
ဝဋ်ကြွေးကုန်သွားတာလား စဉ်းစားမိသည်။
လွန်ခဲ့သော မိနစ်ပိုင်းကထိ ကိုခန့်ကို ချစ်နေမိသေးသည်။
ယခုမူ ရင်ထဲ ဗလာအတိသာ။ သူသာ အချိန်စောပြီး
မလာဖြစ်ခဲ့ရင် ကြည်နူးတို့ဘာဖြစ်နေလောက်ပြီလဲ။
စိတ်ကူးဖြင့်တောင်တွေးမကြည့်ရဲသည်မို့ စိတ်မကောင်းစွာသက်ပြင်းချရင်း
" သွားရအောင် "
သူငယ်ချင်းမ နှစ်ယောက် ပုခုံးကိုဖက်၍ ထိုနေရာမှ ထွက်ခွာလာခဲ့လိုက်သည်။
ဘုန်းခန့်ထည်ဆိုတာ ရွှေဘုံရဲ့ မက်မောစရာမရှိတဲ့ အတိတ်ပဲ။
နာကျင်ရက်နဲ့ ဆွဲထားတဲ့နေရက်တွေ ကုန်သွားပြီ။
" ငါတောင်းပန်ပါတယ် "
"မလိုဘူး ။ နောက်ဆို ရည်းစားထားရင်
ရုပ်ရည်ကို မကြည့်နဲ့။ အကျင့်ကောင်းတဲ့ကောင်ကိုသာရွေးထား "
ကြည်နူးသည် နီရဲနေသော ရွှေဘုံ လက်တွေကို ဆေးထည့်ပေးနေရင်းပြောနေခြင်းဖြစ်၏။ ကေသီကတော့ ဘေးမှာ သူမဟုတ်သလို ငြိမ်ငြိမ်လေးထိုင်ကာ ခဏကြာတော့ တရှုံ့ရှုံ့ငိုတော့၏။
ကေသီလန့်သွားတာဖြစ်သည်။
ဒေါသကြောင့် ယောကျာ်းတစ်ယောက်နဲ့ လူအများကြားရန်ဖြစ်ခဲ့ရပေမဲ့ သွေးအေးသွားတော့ ကေသီ အနည်းနဲ့အများတော့ ကြောက်မှာပင်။ စကားတောင်ကျယ်ကျယ်မပြောရဲတဲ့ သူကိုယ်တိုင်ပင် ကေသီကိုတွန်းလိုက်တာမြင်တော့ လျှပ်တပျက်ပြေးထိုးမိပေမဲ့ ပြန်တွေးကြည့်လျင် ခုထိ ရင်ထဲ တလှပ်လှပ်ဖြင့် လန့်နေဆဲ။
"ငါ့အမှားပါ။ နောက်ကို ငါေ့ကြာင့်တော့ ရန်မဖြစ်ပါနဲ့နော်။ နင်တို့က မိန်းကလေးတွေ ... တစ်ခုခုဆို အရှက်တကွဲဖြစ်လိမ့်မယ်။ ငါ့ကိစ္စငါဖြေရှင်းနိုင်ပါတယ် "
" မိန်းကလေးလည်းဘာဖြစ်လဲ။ ယောကျာ်းဖြစ်ပြီး ဖောက်ပြန်တဲ့ကောင်ကို ဆုံးမရအောင် အမေက ငါ့လက်ဖဝါးကိုထည့်ပေးလိုက်တာ။ ဒီလက်က အလကား ထားတယ်ထင်နေတာလား "
ငိုရင်း လက်ဖဝါး ထထောင်ပြတဲ့ ကေသီကြောင့် ရွှေဘုံနဲ့ ကြည်နူးမှာ ငိုရခက် ၊ ရယ်ခက်ပင်။
ကြောက်နေတာတောင် စွာနိုင်သေးတဲ့ ကေသီမ ပင်တည်း။
ချစ်တဲ့အိမ်စည်။
( ကိုယ်လည်း ကေသီလိုပဲ။ ဒေါသထွက်ရင် မရဘူး။ ကိုယ်သူငယ်ချင်းရဲ့ ရည်းစားဖောက်ပြန်တာကိုတွေ့လို့ ဆိုင်ကယ်ရပ်ပြီး ဝင်ရိုက်ဖူးသေးတယ်။ ဟီး ဟိုက ဘာမှပြန်မလုပ်လို့ တော်သေးတယ်။ တွေးမိတိုင်းခုထိလန့်တုန်းပဲ)
" ေမာင္ေရႊ ဆိုင္ကို နင္ေစာင့္မွာလား ။
ငါ ၾကည္ႏူးနဲ႔ လိုက္သြားမလို႔"
"လိုက္သြားေလ ။ ငါေစာင့္ေနခဲ့မယ္ "
ယူမဲ့ပစၥည္းေတြ ကားေပၚတင္ေပးရင္း
ေရႊဘံု ေကသီကို လွမ္းေျပာလိုက္သည္။
ဒီေန့ ဆိုင္ဖြင့္တဲ့ ဒုတိယေျမာက္ေန့ေလးဆိုေပမဲ့ ဆိုင္မဖြင့္ခင္ကတည္းက လက္ခံထားေသာ ၾကည္ႏူးသူငယ္ခ်င္း မဂၤလာပြဲအတြက္ ေဟာ္တယ္တစ္ခုမွာ ပန္းအလွဆင္သြားရမည္။ ထို႔ေၾကာင့္ ေရႊဘံုတို႔ဆိုင္ေလးတြင္ပထမဆံုးအလုပ္အတြက္ ၾကည္ႏူးအပါအဝင္အကုန္ ျပာယာခတ္ ေနၾကေလသည္။
" ဧၫ့္သည္လာလို႔ နင္မသိတာရိွရင္ ဖုန္းဆက္လိုက္ေနာ္"
"ေအးပါ ..ငါသိတယ္ သြားစရာရိွတာသြားၾက "
စိတ္မခ်ေလဟန္ ၾကည္ႏူးေၾကာင့္ ကားတံခါးကိုဖြင့္ေပးရင္း ေခါင္းအႀကိမ္ႀကိမ္ၿငိမ့္ျပျဖစ္၏။ ရြယ္တူေတျြဖစ္ၿပီး ေရႊဘံု ကိုကေလးတစ္ေယာက္လို ထင္မွတ္ေနေသးတာမို႔ တခါတေလ စိတ္ရႈပ္ရသည္။
ပန္းအစိုအပါအဝင္ ပန္းေျခာက္ မ်ားစြာ က ကားေနာက္ခန္းမွာ အျပၫ့္ပင္။
ဝန္ထမ္းေကာင္မေလးႏွစ္ေယာက္ကလည္း ကားတစ္စီးျဖင့္ ပစၥည္းေတြတင္ကာ သက္သက္သြားေလၿပီမို႔ ဆိုင္မွာေရႊဘံုတစ္ေယာက္ထဲ က်န္ခဲ့၏။
ပန္းမ်ားတင္ေဆာင္၍ ဆိုင္မွထြက္ခြာသြားေသာကားအျဖဴ ေလးကိုထိုေနရာမွအေတာ္ၾကာေအာင္ စိတ္မခ်စြာ ရပ္ၾကၫ့္ရင္း ညေနဆိုင္ပိတ္ၿပီးရင္ သူပါ လိုက္သြားၾကၫ့္ဦးမည္ဟု ေတြးလိုက္သည္။
" ညီေလး ခဏ "
ဆိုင္ထဲဝင္မယ္လုပ္မွ ေခၚသံေၾကာင့္ ေရႊဘံု လွၫ့္ၾကၫ့္လိုက္စဉ္ အမ်ိဳးသားတစ္ေယာက္က ေရႊဘံု ရိွရာကို လွမ္းလာေနသည္ကိုေတြ့ရသည္။
"ဟုတ္ အကို ဘာကိစၥလဲမသိဘူးဗ် "
"မဟုတ္ဘူး။ ဒါေလးေပးစရာရိွလို႔ "
"ဒါက ..."
လွမ္းေပးလိုက္ေသာ အျဖဴ ေရာင္ဘူးေလးေၾကာင့္ ေရႊဘံု ေၾကာင္အန္းအန္းျဖစ္သြား၏။ ထိုသူ႔ကို ေရႊဘံု တစ္ခါမွမသိေခ်။ ကြက္စိတ္ပုဆိုးက်ဲက်ဲ ျဖင့္ ေခ်ာ့ကလက္ေရာင္ ဂ်င္းပါးစ အက်ႌလက္ရွည္ကို လက္ေခါက္ဝတ္ထားသည္ဖို႔ အနည္းငယ္သန႔္ျပန႔္သည္။ ေရလိႈင္းႀကီးႀကီးသဖြယ္
ေကာက္ေနေသာ ဆံပင္က လူလတ္ပိုင္းအမ်ိဳးသားနဲ႔ သင့္တင့္သလို မညို မျဖဴ တဲ့အသားေရေၾကာင့္ ရႊတ္ေနာက္ေနာက္ပံုစံလည္းမေပါက္။
ေရးညို႔ထင္သည္ သူ႔ကို မယံုသကၤာ စစ္ေဆးေနတဲ့ ပံုစံရိွတဲ့ေကာင္ေလးေၾကာင့္
နားထင္စပ္ကို ဖြဖြကုတ္လ်က္ စိတ္မသက္မသာျဖစ္လို႔သြားသည္။
" မဟုတ္ဘူး ညီေလး။ အကိုက ဟိုဖက္ မိတၲူ ဆိုင္ကပါ။ ညီေလးတို႔ဆိုင္က ဆိုင္ဖြင့္ပြဲ အတြက္ ၾကက္ဆီထမင္းလာပို႔ေပးထားလို႔ အကိုတို႔က လိပ္စာကဒ္ေလးေမတၲာလက္ေဆာင္ျပန္လုပ္ေပးထားတာေလးလာပို႔ေပးတာပါ။ "
"အာ ... ေတာင္းပန္ပါတယ္ဗ်။ ရုတ္တရက္ဆိုေတာ့ ကြၽန္ေတာ္လည္း ဘာျပန္ေျပာရမွန္းမသိပဲ ေၾကာင္သြားတာပါ။ "
"ရပါတယ္ ၊ မေန့က ဆိုင္က ေကာင္မေလးကို ဖုန္းနံပါတ္လာေတာင္းခိုင္းလိုက္ေသးတယ္ ။ မွန္မမွန္ စစ္ၾကၫ့္လိုက္ပါဦး "
ေရႊဘံု အားနာစြာ ရယ္က်ဲက်ဲ ၿပံဳးျပလိုက္ၿပီး
ထိုအကိုႀကီးေပးတဲ့ ဘူးေလးကို တရိုတေသဖြင့္လိုက္၏။ အထဲမွာအစီအရီ ကဒ္အျဖဴ ေလေတျြမင္ေတာ့ တအံ့တၾသ ျဖစ္သြားသည္မို႔ ႏႈတ္မွလည္း ခ်က္ခ်င္း ခ်ီးက်ူးမိလိုက္ေလသည္။
" လွလိုက္တာအကိုရာ။ေသခ်ာလုပ္ေပးထားတာပဲ၊ ဖုန္းနံပါတ္လည္းမွန္ပါတယ္။ ကြၽန္ေတာ္ ဒီတိုင္းႀကီးေတာ့ မယူပါရေစနဲ႔။ အထဲဝင္ပါဦးလား တခုခု ဧၫ့္ခံခ်င္လို႔ပါ"
"ေနေန ညီေလး ။ အကို အလုပ္မအားေသးလို႔ ေနာက္မွဝင္လည္ပါ့မယ္။ ႀကိဳက္တယ္ ၊ သေဘာက်တယ္ဆိုရင္ပဲ ေက်နပ္ပါၿပီ။ ျပန္ဦးမယ္ေနာ္ "
ေရးညို႔ထင္ စာရြက္ျဖဴ နဲ႔ သ႑ာန္ဆင္ေသာ ေကာင္ေလးကို ႏႈတ္ဆက္ၿပီး ဆိုင္ဖက္ကို အေသာ့ျပန္ေျပးရသည္။
လုပ္လက္စေတြ အပံုလိုက္ေဘးခ်ၿပီး
ထိုေကာင္ေလးတို႔ဆိုင္အတြက္ အရင္အားစိုက္လုပ္ေပးလိုက္သည္။
ႀကိဳက္တယ္ဆိုေတာ့လည္း ေပ်ာ္တာေပါ့။
__________
အျဖဴ ေရာင္ ႏွင္းဆီပန္းေတြက အစစ္နဲ႔တူေပမဲ့ အစစ္မဟုတ္ေခ်။ မဂၤလာစင္ေပၚသို႔ တက္တဲ့ ေလွကားေဘးတေလ်ွာက္မွာ လွပခန္းနားစြာ ၾကည္ႏူးတို႔တေတြ အလွဆင္ေနမိသည္။ အထားခံတဲ့ ပန္းေျခာက္မ်ားသည္ ပန္းစစ္သ႑ာန္တုပထားတာမို႔ ေသခ်ာငံု႔ေမႊးၾကၫ့္မွသာ အတုမွန္းသိလိမ့္မည္။
ပထမဆံုး လာဘ္ေခၚပြဲမို႔ ေနာက္ပြဲေတြနာမည္ရေအာင္ အစြမ္းကုန္ သူတို႔အကုန္လံုးႀကိဳးစားေနမိ၏။ လက္ကိုင္ပန္းႏွင့္ ရင္ကပ္ပန္းက မနက္ေစာေစာ ၾကည္ႏူးထလုပ္ဖို႔ တာဝန္ယူထားသည္။ ထို႔အတြက္ ပန္းအစစ္ကိုသာ အသံုးျပဳမွာမို႔ ပြဲခ်ိန္နီးကပ္မွ လုပ္ေပးရမွာပင္။
" ၾကည္ႏူး ငါ toilet သြားဦးမလို႔ ၊
နင္လိုက္ဦးမလား "
" မလိုက္ေတာ့ဘူး။ ျမန္ျမန္လာေနာ္ ၊
ဒီမွာ နင္ခ်ည္ရမဲ့ ပန္းခတ္ေတြ ရိွေသးတယ္ "
"ဟြန႔္..သိပါတယ္ ၊ toilet ထဲမွာ ငါကဘယ္ေလာက္ၾကာေအာင္ေနႏိုင္မွာလဲ "
ၾကည္ႏူးသည္ ေျခေစာင့္ထြက္သြားေသာ ေကသီကိုၾကၫ့္၍ သက္ျပင္းခ်မိသည္။
ေရႊဘံုေရာ ၊ ေကသီေရာ ဘယ္ေတာ့မွာ ရင့္က်က္မွာလည္း သိခ်င္စမ္းသည္။
ေခါင္းအသာရမ္းကာ လုပ္လက္စ ပန္းကိုင္းေလးကို ေကာက္ကိုင္ရင္း ဆိုင္မွာ က်န္ခဲ့ေသာ သူငယ္ခ်င္းေကာင္ေလးကိုပါ
ေတြးပူမိသြားေသး၏။ သူ႔အျဖစ္က ပူပင္ေသာကမ်ားေသာ ကေလးႏွစ္ေယာက္အေမလိုပင္။
နာမည္ႀကီး ေဟာ္တယ္ မို႔ ေရကူးကန္ေတြေရာ ဘာေရာ လွလွပပ ။
ၿခံကလည္းက်ယ္ ၊ နားေအးပါးေအးလည္းရိွလွတာေၾကာင့္ ပိုက္ဆံခ်မ္းသာသူေတြ ေအးေအးေဆးေဆး အနားယူဖို႔ ေကာင္းတဲ့ေနရာတစ္ခုပင္။
အစက Toiletကိုပဲ သီးသန႔္သြားၿပီး အလုပ္မလို႔ပဲ။
မယ္ႏူးကို အျမင္ကပ္လို႔ ေကသီ ေဟာ္တယ္ အႏွံ႔ေလ်ွာက္သြားပစ္လိုက္၏။
ဘစ္ကနီ ျဖင့္ ဝိုင္တစ္ခြက္ကိုင္ရင္း..ေဘးကေနျဖတ္သြားေသာ ေကာင္မေလးကိုၾကၫ့္ရင္း..
"ငါလည္း အားတဲ့ေနာက္ရက္ ေရလာကူးရအံုးမယ္ "
ဟုတီးတိုးဆိုၿပီး ျပာလဲ့လဲ့ ေရကူးကန္မွာ ေရကူးေနၾကတဲ့ ေကာင္မေလးတခ်ိဳ႕ ေကာင္ေလးေတြကို ေငးၾကၫ့္မိသည္။
" ဟင္ ! ဘုန္းခန႔္ထည္။ "
ေရကူးဝတ္စံုဝတ္ထားတဲ့ မိန္းကေလးတစ္ေယာက္ကို ရင္ခြင္ထဲထၫ့္၍ ေရကူးသင္ေပးေနေသာ သေကာင့္သား။
ေဒါသကေရႊဘံုမ်က္ႏွာေျပးျမင္ၿပီး ေထာင္းခနဲ ။
" ငါဘာလုပ္ရမလဲ" လက္သီးကို က်စ္က်စ္ပါေအာင္ဆုပ္၍ ေဟာ္တယ္ စႂကၤန္မွာ အသြားအျပန္ ေလ်ွာက္ရင္းစဉ္းစားေနမိသည္။ ေမာင္ေရႊ ဆိုတဲ့ ငတံုးက ဘုန္းခန႔္ထည္ အေၾကာင္းသိရက္နဲ႔ ပါးစပ္ပိတ္ေနသမ်ွ သူတို႔သူငယ္ခ်င္းႏွစ္ေယာက္ကေတာ့ ဒီတိုင္းထိုင္ၾကၫ့္မေနႏိုင္ေပ။
ထို႔ေၾကာင့္ ၾကည္ႏူးကို ဖုန္းဆက္၍ အက်ိဳးအေၾကာင္းအရင္ေျပာျပလိုက္၏။
အစက ၾကာလို႔ဆူမလို႔ျပင္ေနတဲ့ၾကည္ႏူးမသည္ ေကသီ စကားေၾကာင့္ ခ်က္ျခင္းဖုန္းခ်သြားသည္။ ၂မိနစ္ခန႔္အၾကာတြင္
" ဘယ္မွာလဲ အဲ့ေအာက္တန္းစားအေကာင္ "
အေျပးအလႊားေရာက္လာတဲ့ၾကည္ႏူးသည္ေဒါသေၾကာင့္မ်က္ႏွာကရဲရဲနီလ်က္။
" ေရကူးကန္ထဲမွာ ။ ေဟာ ဟိုမွာ ၾကည္ႏူးတက္လာၿပီ "
ၾကည္ႏူးသည္ မ်က္စိထဲ ေကာင္မေလးတစ္ေယာက္ရဲ့ေမးကို ကိုင္၍ မထိတထိ
ဟီလာတိုက္ေနေသာ
ဘုန္းခန႔္ထည္ဆိုတဲ့ေကာင္ကို ၾကၫ့္၍ အသားေတြေတာင္ တဆတ္ဆတ္တုန္လာရသည္။
"ဟဲ့ ၾကည္ႏူး ေနအံုးေလ ။ဟဲ့"
ေကသီစကားကို ၾကည္ႏူးတစ္ေယာက္ မၾကားေတာ့ေပ။ တလႊားလႊားေျပးသြားကာ
ဝိုင္ခြက္ကိုင္၍ ေရကူးကန္ေဘး ရပ္ေနေသာ ဘုန္းခန႔္ထည္ကို အားနဲ႔ ေရထဲေဆာင့္တြန္းခ်လိုက္ေတာ့သည္။
ဗြမ္း !
ဟာ!!
"ဟိတ္ တမင္လုပ္တာလား "
" ဘယ္သူတုန္း.. အဲ့မိန္းကေလး ဗလိုင္းႀကီးတြန္းခ်တာ "
"ဟုတ္တယ္ သူေျပးတြန္းတာငါျမင္တယ္"
ခ်က္ခ်င္းပတ္ဝန္းက်င္သည္ ကြၽတ္ကြၽတ္ညံသြား၏။ ေကသီလည္း ဘာလုပ္ရမွန္းမသိေအာင္ ပ်ာယာခတ္ေနၿပီးမွ အလ်ွင္အျမန္ ၾကည္ႏူးလက္ေမာင္းကို လွမ္းဆြဲလိုက္ကာ ေရထဲကေန ကမူးရူးထိုးတက္လာတဲ့ ဘုန္းခန႔္ထည္ မျမင္ေအာင္ ေနာက္ကိုဆြဲပို႔လိုက္သည္။
" မင္း ဒါ ဘာလုပ္တာလဲ "
"ျမင္တဲ့အတိုင္းပဲ "
ၾကည္ႏူးသည္ တစက္မွမခံေပ။
ေကသီေနာက္ေက်ာမွေန၍ ျပန္ေအာ္သည္။
" ေတာက္! မင္း မိန္းကေလးမို႔လို႔ သည္းခံေနတာေနာ္။ ေယာက်ာ္းေလးဆိုရင္ ဒီေနရာမွာ ေသာက္ခြက္စုတ္ေနေလာက္ၿပီ သိလား "
ဘုန္းခန႔္ထည္သည္ ေကသီကို ေက်ာ္၍ ၾကည္ႏူးကို လက္ညိုးထိုးကာ ေဒါသတႀကီးေျပာသည္။ ေကသီက ထိုလက္ညိုးကိုပုတ္ထုတ္၍
" ဒီမွာ! ရွင္ ကြၽန္မ သူငယ္ခ်င္းကို လက္ညိုးထိုးစရာမလိုဘူး။ မိန္းကေလးမို႔ ေရထဲတြန္းခ်ရံုေလာက္ပဲ လုပ္ခဲ့တာ ။ ေယာက်ာ္းေလးဆိုလို႔ကေတာ့ က်မတို႔ သူငယ္ခ်င္းကို ေဖာက္ျပန္ေနတဲ့ရွင္လိုလူကို သူေသကိုယ္ေသပဲ သိလား။ "
"ေနစမ္းပါဦး ။ မင္းတို႔ ႏွစ္ေယာက္က ငါ့ရည္းစားလား ။ ေရႊဘံုမင္းစံက ငါ့ရည္းစားလား "
"ဘာရွင့္!!"
ထီမထင္စြာ ေစ့ေစ့ၾကၫ့္ရယ္ေမာေနပံုကပါးဆြဲရိုက္ခ်င္စရာ။ ဘုန္းခန႔္ထည္ဆိုတဲ့အေကာင္ ရုပ္ပဲရိွတယ္။ ေစာက္က်င့္က သံုးစားမရတဲ့ေကာင္။
" ဟားဟား မသိဘူးေလ ။ ဟိုေကာင္ေလးက ဘာမွ မေျပာရဘူး ၊ မင္းတို႔က ၾကားကေန ဝင္နာေနၾကတာလားလို႔။ မဟုတ္မွ မင္းတို႔ ငါ့ကိုမ်ား စိတ္ဝင္စားေနၾကသလား "
"လူပါးဝလို႔ နင္ကမ်ား "
ေကသီလက္သည္ ေလထဲရိပ္ခနဲ ေျပးသြားစဉ္ ဘုန္းခန႔္ထည္သည္ လက္ကိုဖမ္းဆြဲကာ ေနာက္ကိုအားနဲ႔တြန္းလႊတ္လိုက္၏။ ေယာက်ာ္အားနဲ႔မို႔ ေကသီေရာ ၊
ၾကည္ႏူးေရာ ယိုင္ခနဲ ျဖစ္သြားလ်ွင္
အဝါေရာင္ အရိပ္ကေလးသည္ အလ်ွင္အျမန္ေျပးဝင္လာၿပီး ဘုန္းခန႔္ထည္အားျဖင့္ေျပးထိုးေလသည္။
ခြပ္ !
ဗြမ္း!!
" ေရႊဘံု "
"ေမာင္ေရႊ "
အာေမဋိတ္သံသည္ တဆက္ထဲ။
ေရႊဘံုသည္ တုန္ရီေနတဲ့ လက္ကို စုတ္လ်က္ ကန္ေဘာင္ေပၚမွာ မတ္တပ္ရပ္ေနေလသည္။ ဒုတိယအႀကိမ္ေျမာက္ ေရထဲက်သြားေသာ ဘုန္းခန႔္ထည္သည္ ေရကန္အတြင္းမွာ မတ္တပ္ရပ္ဖို႔ အခ်ိန္အေတာ္ၾကာေအာင္မနည္းရုန္းကန္ေနရသည္။
သို႔ေသာ္ သူ႔အား ထိုးခဲ့သူကိုျမင္သၫ့္အခ်ိန္မွာေတာ့ အံဩမင္တက္သြားသည္။
" ေရႊဘံုမင္းစံ မင္းငါ့ကိုထိုးတယ္ ။ ဟုတ္လား "
" ဟုတ္တယ္ ။ အဲ့ေတာ့ မင္းကဘာလုပ္ခ်င္လဲ "
"ဘာေျပာတယ္ ။ ေတာက္! မင္း...အားးးး ေသေတာ့မွာ ဒီအရူးေတြနဲ႔ ေတာ့ "
လက္သီးျဖင့္ေရကို တဗြမ္းဗြမ္းထိုးနက္ရင္းေဒါသေျဖေနတဲ့ ဘုန္းခန႔္ထည္ကို ေရႊဘံုေစ့ေစ့ၾကၫ့္ရင္း ဆက္ေျပာသည္။
" မင္းနဲ႔ ငါ ျပတ္ၿပီ ဘုန္းခန႔္ထည္ "
" ေအး ငါက ဆယ္ခါျပန္ျပတ္တယ္ သိလား ေသာက္ရူးေကာင္ရ ၊ ခ်ီးပဲ "
ကိုခန႔္ဟု ၾကင္ၾကင္နာေခၚခဲ့ေသာ ေယာက်ာ္းကို ေရႊဘံု ေက်ာခိုင္းလိုက္သည္။
အခ်စ္ဆိုတဲ့အရာက တစ္ခဏေလးအတြင္းမွာ ေပ်ာက္ပ်က္သြားတာ အံ့ၾသစရာ။
ဝဋ္ေႂကြးကုန္သြားတာလား စဉ္းစားမိသည္။
လြန္ခဲ့ေသာ မိနစ္ပိုင္းကထိ ကိုခန႔္ကို ခ်စ္ေနမိေသးသည္။
ယခုမူ ရင္ထဲ ဗလာအတိသာ။ သူသာ အခ်ိန္ေစာၿပီး
မလာျဖစ္ခဲ့ရင္ ၾကည္ႏူးတို႔ဘာျဖစ္ေနေလာက္ၿပီလဲ။
စိတ္ကူးျဖင့္ေတာင္ေတြးမၾကၫ့္ရဲသည္မို႔ စိတ္မေကာင္းစြာသက္ျပင္းခ်ရင္း
" သြားရေအာင္ "
သူငယ္ခ်င္းမ ႏွစ္ေယာက္ ပုခံုးကိုဖက္၍ ထိုေနရာမွ ထြက္ခြာလာခဲ့လိုက္သည္။
ဘုန္းခန႔္ထည္ဆိုတာ ေရႊဘံုရဲ့ မက္ေမာစရာမရိွတဲ့ အတိတ္ပဲ။
နာက်င္ရက္နဲ႔ ဆြဲထားတဲ့ေနရက္ေတြ ကုန္သြားၿပီ။
" ငါေတာင္းပန္ပါတယ္ "
"မလိုဘူး ။ ေနာက္ဆို ရည္းစားထားရင္
ရုပ္ရည္ကို မၾကၫ့္နဲ႔။ အက်င့္ေကာင္းတဲ့ေကာင္ကိုသာေရြးထား "
ၾကည္ႏူးသည္ နီရဲေနေသာ ေရႊဘံု လက္ေတြကို ေဆးထၫ့္ေပးေနရင္းေျပာေနျခင္းျဖစ္၏။ ေကသီကေတာ့ ေဘးမွာ သူမဟုတ္သလို ၿငိမ္ၿငိမ္ေလးထိုင္ကာ ခဏၾကာေတာ့ တရႈံ႔ရႈံ႔ငိုေတာ့၏။
ေကသီလန႔္သြားတာျဖစ္သည္။
ေဒါသေၾကာင့္ ေယာက်ာ္းတစ္ေယာက္နဲ႔ လူအမ်ားၾကားရန္ျဖစ္ခဲ့ရေပမဲ့ ေသြးေအးသြားေတာ့ ေကသီ အနည္းနဲ႔အမ်ားေတာ့ ေၾကာက္မွာပင္။ စကားေတာင္က်ယ္က်ယ္မေျပာရဲတဲ့ သူကိုယ္တိုင္ပင္ ေကသီကိုတြန္းလိုက္တာျမင္ေတာ့ လ်ွပ္တပ်က္ေျပးထိုးမိေပမဲ့ ျပန္ေတြးၾကၫ့္လ်င္ ခုထိ ရင္ထဲ တလွပ္လွပ္ျဖင့္ လန႔္ေနဆဲ။
"ငါ့အမွားပါ။ ေနာက္ကို ငါေ့ၾကာင့္ေတာ့ ရန္မျဖစ္ပါနဲ႔ေနာ္။ နင္တို႔က မိန္းကေလးေတြ ... တစ္ခုခုဆို အရွက္တကြဲျဖစ္လိမ့္မယ္။ ငါ့ကိစၥငါေျဖရွင္းႏိုင္ပါတယ္ "
" မိန္းကေလးလည္းဘာျဖစ္လဲ။ ေယာက်ာ္းျဖစ္ၿပီး ေဖာက္ျပန္တဲ့ေကာင္ကို ဆံုးမရေအာင္ အေမက ငါ့လက္ဖဝါးကိုထၫ့္ေပးလိုက္တာ။ ဒီလက္က အလကား ထားတယ္ထင္ေနတာလား "
ငိုရင္း လက္ဖဝါး ထေထာင္ျပတဲ့ ေကသီေၾကာင့္ ေရႊဘံုနဲ႔ ၾကည္ႏူးမွာ ငိုရခက္ ၊ ရယ္ခက္ပင္။
ေၾကာက္ေနတာေတာင္ စြာႏိုင္ေသးတဲ့ ေကသီမ ပင္တည္း။
ခ်စ္တဲ့အိမ္စည္။
( ကိုယ္လည္း ေကသီလိုပဲ။ ေဒါသထြက္ရင္ မရဘူး။ ကိုယ္သူငယ္ခ်င္းရဲ့ ရည္းစားေဖာက္ျပန္တာကိုေတြ့လို႔ ဆိုင္ကယ္ရပ္ၿပီး ဝင္ရိုက္ဖူးေသးတယ္။ ဟီး ဟိုက ဘာမျွပန္မလုပ္လို႔ ေတာ္ေသးတယ္။ ေတြးမိတိုင္းခုထိလန႔္တုန္းပဲ)
Bạn đang đọc truyện trên: ZingTruyen.Xyz