တသက်လုံးပျော်ချင်မောင့်ကိုချစ်ပါ(တသက္လံုးေပ်ာ္ခ်င္ေမာင့္ကိုခ်စ္ပါ)Completed
37
ခက်ခဲပင်ပန်းသောနေ့ဆိုတာ လူတိုင်းအတွက်ရှိစမြဲပင်။ ရေးညို့ထင် ပင်ပန်းတာထက် ရွှေဘုံက အဆများစွာပင်ပန်းပေမဲ့ နှုတ်ခမ်းထပ်၌တော့ အပြုံးစစက မပျက်တမ်းချိတ်ဆွဲထားတက်မြဲဖြစ်သည်။
သူ့မှာ အ တွေ့ကြုံ အများကြီး မရှိခဲ့ပေမဲ့ ရေးညို့ထင် နောက်ဆံကင်းအောင် ဆိုင်ကိုတလှည့် မကြာမကြာသွားကြည့်ပေးရသလို ရေးညို့ထင်နဲ့ပတ်သတ်သမျှ အကြောင်းအရာတော်တော်များများကိုလည်း ဘာဆိုတာ သူသိအောင် သင်ယူနေရသည်။
လက်ဝှေ့အားကစားသည် အသားနာအောင် လုပ်တဲ့ကစားနည်းဟု သူသိထားသည်မို့ ငယ်ရွယ်စဥ်ကတည်းက ဒီအားကစားကို မကြည့်ဖြစ်အောင်ရှောင်ရှားလေ့ရှိခဲ့သည်။ ယခုမူ သူ့အမျိုးသားသည်
စင်စစ် သူမကြိုက်နှစ်သက်သော အလုပ်ကိုလုပ်ကိုင်သူဖြစ်ခဲ့ပေမဲ့ အချစ်ကြောင့်သူဟာ ထိုအလုပ်ကို ကြောက်စရာ ဟုမမြင်နိုင်တော့ပေ။
သူပြောင်းလဲမူ့တွေက အံ့မခန်းပင်။
အလုပ်ကိုလည်းသင်ယူချင်လာသလို ၊ သတ္တိကောင်းစွာ စင်ပေါ်က ကြိုးကိုကိုင်၍ အသံပြာအောင် မိုက်နာမည်ကိုခေါ်ကာ အားပေးတက်ခဲ့ပြီ။
ပထမတစ်ရက်တွင် သူ ခံနိုင်ရည်မရှိစွာဖျားခဲ့သည်။
ထိုနေ့က လက်ဝှေ့ကွင်းကို ပထမဆုံးအကြိမ်မျက်မြင်ကိုယ်တွေ့ကြည့်ဖူးတာပင်။ ထင်ထင်ရဲ့ သွေးထွက်နေသော နှုတ်ခမ်းတို့သည် သူ့အိမ်မက်ဆိုးဖြစ်ခဲ့ပြီး
နာကျင်မူ့ကြောင့် မသိမသာရှုံ့မဲ့သွားသော မျက်နှာသည်သူ့ခွန်အားတွေဖြစ်လာခဲ့ပြန်သည်။
တတိယနေ့တွင် သူခံနိုင်ရည်ရှိလာခဲ့ပြီ။
ချွေးသုတ်ပုဝါနဲ့ ရေခဲဘူးဆွဲကာ
နောက်က တကောက်ကောက် လိုက်တက်ပြီး ထင်ထင်မျက်နှာကို ကြည့်ကာလိုအပ်တာလုပ်ပေးနိုင်ခဲ့သည်။
ညဆိုအိမ်ပြန်ရောက်တာနဲ့ထင်ထင်ရေချိုးဖို့၊ ဆေးလူးဖို့ကသူ့တာဝန်ပင်။ အစားအသောက်ကို
စနစ်တကျ စားနိုင်ဖို့ နှင့် အချိန်ဇယားအတွက် ကိုနိုင်းမှစိစဥ်ပေးပြီး ရွှေဘုံကတော့ အဝင်ဆိုးတဲ့အစားအစာတွေအား သူပါထင်ထင်နဲ့အတူ တစ်ဝိုင်းထဲအတူထိုင်ကာ ဖြစ်အောင်လိုက်စားဖို့ ကြိုးစားတက်မြဲ။ ထင်ထင်ကတော့ လိုက်စားပေးဖို့မလိုကြောင်းပြောရှာပါသည်။ ရွှေဘုံက ခပ်အေးအေးနေတက်သူဖြစ်ပေမဲ့ ခေါင်းမာတဲ့နေရာမှာနှစ်ယောက်မရှိသူမို့ ထင်ထင် တားမြစ်လဲမရတက်ပေ။
ဒါအချစ်ကြောင့်သူ့ပြောင်းလဲမူ့တွေပင်။
"ဘယ်လက်ကိုပဲ သုံးမယ် ။ အချိန်မှတ်ပြီ စတော့ "
နည်းပြ၏ခရာသံကြောင့်မိုက်အမြန်နှုန်းနဲ့ဘယ်လက်ကိုသုံးကာ မျက်နှာရှေ့က အနီရောင်အိတ်ကို အကြိမ်ထိုး၏။ ထိုအိတ်သည် လက်အိတ်သဏ္ဍာန်
ရှိပြီး စက်တပ်ထားသည်မို့ သူထိုးလိုက်တဲ့အချက်တိုင်းကို နံပါတ်စဥ်တက်ကာ မှတ်ပေးတက်သည်။
သူသည် ဘယ်လက်ဖြင့် အကြိမ်များစွာထိုးသတ်ဖူးပေမဲ့ယခုကဲ့သို့စနစ်ကျစွာမလေ့ကျင့်ဖူးပေ။
ခေတ်မှီစက်ကရိယာများစွာကိုလည်း ယောက်ခထီးဖြစ်သူက ထောက်ပံ့ပေးပြီး နည်းပြက တော့သူ့အားသာချက်ကိုရှာဖွေပေးကာ သေချာလေ့ကျင့်စေသည်။နေ့တွေလတွေသည် ပြောင်းလဲလာပြီးနောက်မှာ မိုက်သည် ဘယ်လက် ဘယ်ခြေကို စနစ်ကျစွာ အသုံးပြုလာနိုင်ခဲ့သည်။ အလျင်က ဘယ်လက်ကို အလျင်းသင့်သလို အသုံးပြုတက်ပေမဲ့ အားပါပါသုံးဖို့ ခက်ခဲတက်၏ သို့သော် ယခုမူ ဘယ်လက် ဘယ်ခြေသည် သူ့၏ တိုက်ကွက်ဆန်းဖြစ်လာခဲ့သည်။ နောက် တစ်လကျော်လောက် ကြာပြီးသည့်နောက်တွင် စင်ပေါ်တွင် ထွန်းတောက်မည့်ကြယ်တစ်ပွင့်အဖြစ် နည်းပြ ပြောဆိုမြောက်စားတက်ပေမဲ့သူကတော့ မယုံကြည်ရဲပေ။ အကြောင်းမှာ Tonyကို ခုထိနိုင်အောင်မထိုးနိုင်သေးတဲ့အပြင် Jamesကိုပင် သရေထက်ကျော်အောင်မထိုးနိုင်ခဲ့ခြင်း ကြောင့်ဖြစ်သည်။
Tonyသည် Jamesထက်အကောင်ပိုထွားကာပိုသန်မာသည်။ ပုံသဏ္ဍာန်မှာ Rekiနဲ့ပင်သွားတူကာ
Kekiလိုတော့ ကတုံး ပြောင်မဟုတ်ပေ။
Tonyရဲ့အားသာချက်မှာ အားသုံးများခြင်းဖြစ်သည်။ လူ့ဗလကြီးမို့ Tonyသည် အထိုးခံနိုင်ပြီး ခွန်အားဖြင့် မိုက်အားကိုင်ပေါက်ခြင်း ၊ပစ်ပေါက်ခြင်းတို့အားလွယ်လွယ်လုပ်ကိုင်နိုင်သည်။
ထို့ကြောင့် Tonyနဲ့ထိုးတိုင်းမိုက်မှာလူးလဲနေအောင်ခံရပြီး အနားကိုအလွယ်တကူကပ်မရတက်ပေ။
"တိုးတက်လာတယ်။ မင်း နောက်တစ်ပတ်Tonyနဲ့ထိုးရင် ဘယ်လက်ကို လျှင်လျှင်မြန်မြန်သုံးတက်ဖို့လိုတယ် ။Tonyရဲ့အားသာချက်က တစ်ခါတလေသူ့အားနည်းချက်ဖြစ်သွာတက်တယ် ။ မင်းရအောင်ရှာနိုင်ရင် ဒီတစ်ပွဲမင်းနိုင်ပြီ။။ Tony ကို နိုင်ရင် Rekiကအသာလေး မင်းတိုက်နိုင်လိမ့်မယ်။ "
နည်းပြက မိုက်၏တိုးတက်လာတဲ့ အခြေအနေကို စကားပြောရင်းကိုင်ထားတဲ့ဖိုင်ထဲဖြည့်မှတ်နေသည်။
" ဒီနေ့ ကျွန်တော် Tony နဲ့ထိုးလို့ရမလား "
နည်းပြ မော့မကြည့်လာပဲ ခေါင်းရမ်း၏။
"မရဘူး ။ မင်းပွဲပန်းသွားလိမ့်မယ်။ ဒီနေ့မင်းနားရက် ယူလိုက် "
"နည်းပြ ကျွန်တော် မပြန်ချင်သေးဘူး "
" မိုက် ၊ မင်းဘယ်လောက် စိတ်ဆောင်နေပါစေ ၊မင်းဘော်ဒီက ခံနိုင်ရေမရှိတော့ဘူး။ မင်းဒီထက်ပိုလုပ်မယ်ဆိုရင် ၊ တကယ့်ပွဲကြီးမှာအထိနာလိမ့်မယ် ။ မင်းဒီနေ့ အနားယူပါ။ ဒီမှာ ဘာမှဆက်လုပ်စရာ မရှိဘူး။ ပြန်လို့ရပြီ "
မိုက် ဆက်ပြောဖို့ ဟန်ပြင်လိုက်ပေမဲ့
ရွှေဘုံ လက်ကိုဆွဲလိုက်တာမို့ သူ ဘာမှပြန်မပြောလိုက်နိုင်ခဲ့ပေ။ နည်းပြသတိပေးတဲ့အနေနဲ့ ကြည့်ကာ အနီးနားမှထွက်သွား၏။ ရွှေဘုံ သက်ပြင်းချကာ မိုက်၏လက်ကိုဆွဲထားရာမှ လွှတ်သည်။
" ဖြစ်ချင်လွန်းအားကြီးလွန်းရင် နှောင့်နှေးတက်တယ် ထင်ထင်။ ကျွန်တော် ဖြစ်လာသမျှ လက်ခံနိုင်ပါတယ်။ ဒါပေမဲ့ ခင်ဗျားကြောက်နေရင်တော့ ကျွန်တော် မပျော်တော့ဘူး "
"ရွှေဘုံ ကိုယ်.."
"ကျွန်တော်က ခင်ဗျားအပေါ်မှာ ဖိအားတွေများဖြစ်စေခဲ့လား "
"မဟုတ်ပါဘူးကွာ။ ကိုယ့်ကို ဒီလိုစကားတွေမပြောပါနဲ့လား။ "
"ကျွန်တော်မပြောချင်ပါဘူး။ ဒါပေမဲ့ ထင်ထင် စိတ်ထဲမှာ ခံစားနေရတာတွေ ကျွန်တော် သိနေလို့ ပိုငိုချင်လာတယ်။ ထင်ထင်။ ကျွန်တော် တကယ် ခင်ဗျားကို ချစ်ပါတယ်။ ဒါပေမဲ့ အဲ့နောက်ကွယ်မှာ ဂုဏ်ဒြပ်တွေမပါဘူး။ ရေးညို့ထင် ဖြစ်စေ မိုက်ဖြစ်စေ။ အဲ့ဒါ ကျွန်တော် လူပဲ။ သူ့နောက်ကွယ်မှာ အရှုံးအနိုင်တွေ မပါဘူးနော်..သူ့ဟာသူ သီးသန့်လေးပဲ ဖြစ်နေတာ။ ခင်ဗျား အတက်နိုင်ဆုံးကြိုးစားခဲ့တယ်။ အဲ့အတွက် ဖြစ်လာတဲ့ အကျိုးဆက်က အရှုံးဆိုရင်တောင်မှ ကျွန်တော်ကျေနပ်တယ်လေ။ ဘာလို့အများကြီး ဝန်ထုပ်ဝန်ပိုးဖြစ်နေတာလဲ ထင်ထင်။ ခင်ဗျား ခုလိုတွေ ပိုဖြစ်ချင်နေလေ ကျွန်တော်ပင်ပန်းလေပဲ။ သိလား ခင်ဗျားအဲ့ဒါတွေသိရက်လား "
ရွှေဘုံ သူ့ပုခုံးပေါ်က ပုဝါနှင့်မိုက်အားပစ်ပေါက်လိုက်သည်။
အစပိုင်းတုန်းက ထင်ထင် ပုံစံကို သူသတိမထားမိသေး။ နောက်ပိုင်း ထင်ထင် မနားမနေ ကြိုးစားလာတာကိုသတိထားမိသည်။ သို့သော် သူ့စိတ်ထဲ ဒါကိုသာမန်ရိုးရိုးဟုပဲထင်ခဲ့၏။အဖြစ်မှန်ကိုကိုနိုင်းပြောမှသိခဲ့ရ၏။ မိုက်၏စိတ်သည်အနိုင်လိုချင်စိတ်ကြီးစိုးနေသည်ဟု။ထိုအရာသည်အရှုံးကိုသာဖြစ်စေတတ်သည်။ ခုတလောTonyကိုနိုင်အောင်မထိုးနိုင်သည်မို့ ထင်ထင်သူ့ကိုယ်သူအားမလိုအားမရဖြစ်လာသည်။ ထိုစိတ်ကြောင့်လေ့ကျင့်ချိန်များကိုပို၍တိုးလာလို့လာ၏။
" ရွှေဘုံကိုယ်တောင်းပန်ပါတယ်ကွာခဏလေးပါ"
ရေးညို့ထင်နောက်ကနေပြေးလိုက်၏။ ရွှေဘုံရပ်မပေး ပေ။ သူထင်ထင်အား စိတ်ဆိုးနေသည်။
ထင်ထင်သည်သူ့အားယုံကြည့်မှုမပေးပေ။
သူအချစ် တွေအားမလေးစားပေ။
"ရွှေဘုံ ကလေးတောင်းပန်ပါတယ်ကွာ၊ မပြေးနဲ့ချော်လဲမယ်"
"မလိုက်နဲ့ထင်ထင် ။ ကျနော်အိမ်ပြန်မှာ "
"မပြန်နဲ့ ။ ကိုယ်နဲ့စကားနည်းနည်းပြောရအောင်။
ကိုယ်ပင်ပန်းနေလို့။ မပြေးပါနဲ့။ "
စကားဆုံးမှာရွှေဘုံ့သူ့ခြေလှမ်း တွေအားအရှိန် လျော့ချသွားသည်။
ရေးညို့ထင်သည်လည်းမလှမ်းမကမ်းမှရပ်ကာ
သက်ပြင်းချလိုက်သည်။သူတို့ရောက်နေသောနေရာသည်ခြံဝိုင်းထောင့်ရှိ ကားရပ်နားရာနေရာမှာဖြစ်သည်။ ကိုနိုင်း၏အားကစားရုံအားခုတစ်လောရေးညို့ထင်အတွက်သာဖွင့်လှစ်ပေးထားခြင်းဖြစ်ပါသည်။ထို့ကြောင့်လာရောက်ကစားသူသည်အလျင်လိုများပြားခြင်းမရှိပါ။
"စိတ်မဆိုးပါနဲ့"
"....."
တိတ်ဆိတ်သောပတ်ဝန်းကျင်မှာရေးညို့ထင်အသံကခပ်အက်အက်ပေါ်လာ၏။
"အမှန်ဆိုရင်ကိုယ်နည်းနည်းကြောက်နေတယ် ကောင်ကလေးရယ်။
မင်းအဖေလုပ်ထား ပေးတာ တွေကိုယ့်အပေါ်မှာတော် တော်များနေပြီ။ မင်းရှေ့မှာလည်းကိုယ်မရှုံးချင်ဘူး။"
"ဒီလိုဖြစ်ဖို့မရည်ရွယ်ခဲ့ပါဘူး။တကယ်ဆိုရင်ကျနော်ထင့်ထင့်ကိုအကောင်းဆုံးတွေပဲပေးချင်ခဲ့တာပါ။
"
ရွှေဘိုကျောခိုင်းထားရင်း ဝမ်းနည်းစွာဆိုမိ၏။
ငိုသံပါလာသည်နှင့်တပြိုင်နက် ရေးညို့ထင် ထိတလန့်သွားမိသည်။
" မဟုတ်ဘူး။ မင်းပေးခဲ့သမျှအကုန်လုံး ကိုယ့်အတွက်တန်ဖိုးမဖြတ်နိုင်အောင် ကောင်းလွန်းပါတယ်။ ကိုယ်သာလက်ခံဖို့ မထိုက်တန်တာပါ။
ကိုယ်တကယ်အသုံးမကျဘူးကလေးရယ်။ ကိုယ်အများကြီး ဖြစ်ချင်လာလေ ကိုယ့်ပန်းတိုင်နဲ့ဝေးလာလေလေပဲ ။ ကိုယ်ဘာဆက်လုပ်ရမလဲ။ ကိုယ် အရမ်းပင်ပန်းနေပြီ "
သူခေါင်းကိုငုံ့ကာ တီတိုးဆိုမိ၏ လေ့ကျင့်ချိန်သုံးလကျော်လုပြီ သူခုထိ ထိရောက်အောင်မစွမ်းဆောင်နိုင်သေးပေ။ အကုန်လုံးသူအားမျှော်မှန်းထားကြသည်ကိုသူသိသည်။ ထို့အတွက် သူမလုပ်နိုင်မှာ စိုး၏။ ကောင်ကလေးရှေ့မှာ သူကျရှူံးသွားမှာ ၊ ကောင်ကလေး မိသားစုအလယ်မှာ မိုက်ဆိုတဲ့ ပွဲလယ်မတင့်တဲ့ကောင်အတွက် မျက်နှာငယ်ရမှာ ၊ အကုန်လုံးသူကြောက်နေတာပင်။
သူ့ရင်ထဲမှာ အကြောက်တရားတွေ ကြီးစိုးလွန်းနေတာမို့ ပန်းတိုင်ကဝေးကွာနေခြင်းဖြစ်သည်။
"ကျွန်တော်တောင်းပန်ပါတယ်"
ထင်ထင်အားပြေးဖက်ရင်းရွှေဘုံ ပြောမိသည်။
သူအိမ်ထောင်ကျပြီးတဲ့နေ့ကတည်းက ဒီလူနဲ့ပဲ တစ်သက်လုံးအေးတူပူမျှ အတူနေချင်ခဲ့တာပင်။
ဒီလူပင်ပန်းရင် သူလည်းပင်ပန်းသည်။ ဒီလူစိတ်မကောင်းရင် သူလည်းဝမ်းနည်းတက်သည်။ အရာအားလုံး ဒီလူနဲ့တသားထဲဖြစ်နေပြီမို့ ဘာခံစားနေရသလဲဆိုတာမပြောလဲသိနေပြီဖြစ်သည်။
"ကိုယ်လည်းတောင်းပန်ပါတယ်ကွာ၊ မင်းဝမ်းနည်းအောင်တမင်လုပ်ခဲ့တာမဟုတ်ပါဘူး၊ ကိုယ်မင်းအတွက် ကြိုးစားပေးချင်ရုံပါ "
"ကျွန်တော်သိတယ်။ ကျွန် တော်နားလည်ပါပြီ။
ထင်ထင် စိတ်မကောင်းမဖြစ်ပါနဲ့။ ကျွန်တော်တို့အတူရှိနေရင် ဒီပြဿနာက ဖြေရှင်းစရာအဆင့်ထိရောက်မှာမဟုတ်ဘူး။ ထင်ထင် ဒီနေ့ နည်းပြပြောသလို နားလိုက်ပါ။ ကျွန်တော်တို့အိမ်ပြန်ကြမယ်လေ။"
သူ့အမျိုးသားရဲ့ပုခုံးပေါ်မျက်နှာအပ်ရင်း ရေးညို့ထင် ငြိမ်သက်နေမိသည်။ ကျောပေါ်က လက်တွေသည်အသာအယာပွတ်သပ်ရင်းသူ့အားချော့မြူနေ၏။
ပူနေသော သူ့စိတ်တွေ တစ်ခဏအတွင်းငြိမ်ကျသွားတာ သိသိသာသာ ။
"ကိုယ်အဆင်ပြေသွားပါပြီ။ ပြန်ရအောင်"
"တကယ်အဆင်ပြေလို့လား "
"အာဘွားပေးကြည့်ပါလား ပိုပြေသွားအောင်"
မျက်စောင်းလှလှနှင့်အတူ ပါးပြင်ပေါ်သို့ အနမ်းတရှိုက်ရောက်လာ၏။ ရေးညို့ထင်ပြုံးကာ
မျက်စိရှေ့ကကောင်ကလေးကိုဆွဲဖက်၍ အချိန်ကြာမြင့်အောင်ပြန်နမ်းလိုက်ပြီးမှ လွှတ်ပေးလိုက်သည်။
"နီသွားပြီ"
" နီပါစေ"
မျက်မှန်ကိုပင့်ကာ ဂရုမစိုက်သလိုပြောပုံက ကောင်ကလေးမှဟုတ်ပါလေစ။
ရေးညို့ထင် သဘောတကျ ခေါင်းမော့ရယ်ကာ
ကောင်ကလေးလက်ကိုဆွဲကာ ကားပေါ်တက်စေလိုက်သည်။
"ထင်ထင် အဝတ်မလဲတော့ဘူးလား"
"မလဲတော့ဘူး"
အားကစားဘောင်းဘီရှည်နှင့် စွပ်ကျယ်အနက်က ရေးညို့ထင်နဲ့ချပ်ကာရပ်ကာ။
ရွှေဘုန်တစ်ချက်ကြည့်ကာဘာမှမ ပြောလိုက်ပေ။
အိမ်ပြန်ရောက်သည့်နှင့်ထင်ထင်အားရေချိုးစေပြီးအိမ်ယာထပ်၌လှဲစေကာ ဆေးလူး ပေးဖြစ်သည်။ထို ဆေးသည်ပူလောင်မူ့မရှိဘဲအားကစားသမားများသုံးဖို့ရာအထူးသင့် လျော်သည်။
"နေရထိုင်ရသက်သောင့်သက်သာရှိလာ"
"ရှိတယ်။ အပေါ်နားတိုးပါအုံး။ အင်း ဟုတ်တယ်
အဲ့နေရာ"
" တောင့်တင်းနေတာပဲ။ နာနာနှိပ်ပေးမှမဟုတ်လို့ရင် ည ကြွက်သားတွေနာနေလိမ့်မယ် "
" မင်းဂရုစိုက်ပေးလို့ ကိုယ် ညညဆို
ကောင်းကောင်းအိပ်ပျော်တာ ။ တော်ပြီ ကိုယ်သက်သာပြီ မနှိပ်တော့နဲ့ "
ရေးညို့ထင် လက်ကိုဆွဲကာ သူ့ဘေးနားမှာ ကပ်လှဲစေပြီး နဖူးကို နမ်း၍ ရင်ခွင်ထဲထွေးဖက်ထားမိသည်။
" ကိုယ့်ဘဝထဲဝင်လာပေးလို့ကျေးဇူးတင်ပါတယ်။ "
" ကျွန်တော်ကိုပြန်ချစ်ပေးလို့ ကျွန်တော်ကလည်းကျေးဇူးတင်ပါတယ် "
"ရွှေဘုံကလို့ မပြောတော့ဘူးလား "
"ကျွန်တော်ကလေးမဟုတ်တော့ဘူး"
"ကိုယ်နဲ့ယှဉ်ရင်မင်းကကလေးပဲလေ"
" ကျွန်တော် ထင်ထင်အားကိုးရတဲ့ယောကျာ်းပဲဖြစ်ချင်တယ်။ အဲ့ဒါကြောင့် ထင်ထင် ကျွန်တော်ကို အလုံးစုံမဟုတ် တောင် နည်းနည်းလေးလောက်ဖြစ်ဖြစ် အားကိုးပေးပါ" "
"နည်းနည်းလေးမဟုတ်ပါဘူးကွာ ။ အလုံးစုံ အရာခပ်သိမ်းမင်းကိုအားကိုးမှာပါ။ "
"ဒါဆို ထင်ထင် မနက်ဖန် လေ့ကျင့်ရေးဆင်းရင် ပေါ့ပေါ့ပါးပါးပဲ စိတ်ကိုထားပါ။ ကျွန်တော်တို့အတွက် Black holeကပန်းတိုင်မဟုတ်ဘူး။ အနိုင်အရှုံးက မျော်လင့်ချက်မဟုတ်ဘူး။ ကျွန်တော်တို့ပန်းတိုင်က ဒီပွဲမှာ အကောင်းဆုံးထိုးသတ်မယ်။ ဂုဏ်သိက္ခာအပြည့်နဲ့အကောင်းဆုံး ယှဉ်ပြိုင်မယ်။ ရှုံးခဲ့တယ်ဆိုရင်တောင်မှ မိုက်က အတောက်ပဆုံးကြယ်တစ်လုံးပဲ ဖြစ်နေမှာပါ။ ကျွန်တော် ခင်ဗျားကို ယုံကြည်တယ်"
အရောင်လဲ့နေသော အညိုရောင်မျက်ဝန်းလေး။
သူ့ဘဝအားစေခိုင်းနိုင်သော ယုံကြည်ရဲရင့်မူ့တွေ။
ဖြစ်များဖြစ်ပါ့မလားဆိုတဲ့စိတ်က လေနှင်ရာသို့တရွေ့ရွေ့ထွက်ပြေးကုန်သည်။
ချစ်တဲ့အိမ်စည်။
ခက္ခဲပင္ပန္းေသာေန့ဆိုတာ လူတိုင္းအတြက္ရိွစၿမဲပင္။ ေရးညို႔ထင္ ပင္ပန္းတာထက္ ေရႊဘံုက အဆမ်ားစြာပင္ပန္းေပမဲ့ ႏႈတ္ခမ္းထပ္၌ေတာ့ အၿပံဳးစစက မပ်က္တမ္းခ်ိတ္ဆြဲထားတက္ၿမဲျဖစ္သည္။
သူ႔မွာ အ ေတြ့ႀကံဳ အမ်ားႀကီး မရိွခဲ့ေပမဲ့ ေရးညို႔ထင္ ေနာက္ဆံကင္းေအာင္ ဆိုင္ကိုတလွည့္ မၾကာမၾကာသြားၾကည့္ေပးရသလို ေရးညို႔ထင္နဲ႔ပတ္သတ္သမ်ွ အေၾကာင္းအရာေတာ္ေတာ္မ်ားမ်ားကိုလည္း ဘာဆိုတာ သူသိေအာင္ သင္ယူေနရသည္။
လက္ေဝ႔ွအားကစားသည္ အသားနာေအာင္ လုပ္တဲ့ကစားနည္းဟု သူသိထားသည္မို႔ ငယ္ရြယ္စဥ္ကတည္းက ဒီအားကစားကို မၾကည့္ျဖစ္ေအာင္ေရွာင္ရွားေလ့ရိွခဲ့သည္။ ယခုမူ သူ႔အမ်ိဳးသားသည္
စင္စစ္ သူမႀကိဳက္ႏွစ္သက္ေသာ အလုပ္ကိုလုပ္ကိုင္သူျဖစ္ခဲ့ေပမဲ့ အခ်စ္ေၾကာင့္သူဟာ ထိုအလုပ္ကို ေၾကာက္စရာ ဟုမျမင္ႏိုင္ေတာ့ေပ။
သူေျပာင္းလဲမူ႔ေတြက အံ့မခန္းပင္။
အလုပ္ကိုလည္းသင္ယူခ်င္လာသလို ၊ သတၲိေကာင္းစြာ စင္ေပၚက ႀကိဳးကိုကိုင္၍ အသံျပာေအာင္ မိုက္နာမည္ကိုေခၚကာ အားေပးတက္ခဲ့ၿပီ။
ပထမတစ္ရက္တြင္ သူ ခံႏိုင္ရည္မရိွစြာဖ်ားခဲ့သည္။
ထိုေန့က လက္ေဝ႔ွကြင္းကို ပထမဆံုးအႀကိမ္မ်က္ျမင္ကိုယ္ေတြ့ၾကည့္ဖူးတာပင္။ ထင္ထင္ရဲ့ ေသြးထြက္ေနေသာ ႏႈတ္ခမ္းတို႔သည္ သူ႔အိမ္မက္ဆိုးျဖစ္ခဲ့ၿပီး
နာက်င္မူ႔ေၾကာင့္ မသိမသာရႈံ႔မဲ့သြားေသာ မ်က္ႏွာသည္သူ႔ခြန္အားေတျြဖစ္လာခဲ့ျပန္သည္။
တတိယေန့တြင္ သူခံႏိုင္ရည္ရိွလာခဲ့ၿပီ။
ေခြၽးသုတ္ပုဝါနဲ႔ ေရခဲဘူးဆြဲကာ
ေနာက္က တေကာက္ေကာက္ လိုက္တက္ၿပီး ထင္ထင္မ်က္ႏွာကို ၾကည့္ကာလိုအပ္တာလုပ္ေပးႏိုင္ခဲ့သည္။
ညဆိုအိမ္ျပန္ေရာက္တာနဲ႔ထင္ထင္ေရခ်ိဳးဖို႔၊ ေဆးလူးဖို႔ကသူ႔တာဝန္ပင္။ အစားအေသာက္ကို
စနစ္တက် စားႏိုင္ဖို႔ ႏွင့္ အခ်ိန္ဇယားအတြက္ ကိုႏိုင္းမွစိစဥ္ေပးၿပီး ေရႊဘံုကေတာ့ အဝင္ဆိုးတဲ့အစားအစာေတြအား သူပါထင္ထင္နဲ႔အတူ တစ္ဝိုင္းထဲအတူထိုင္ကာ ျဖစ္ေအာင္လိုက္စားဖို႔ ႀကိဳးစားတက္ၿမဲ။ ထင္ထင္ကေတာ့ လိုက္စားေပးဖို႔မလိုေၾကာင္းေျပာရွာပါသည္။ ေရႊဘံုက ခပ္ေအးေအးေနတက္သူျဖစ္ေပမဲ့ ေခါင္းမာတဲ့ေနရာမွာႏွစ္ေယာက္မရိွသူမို႔ ထင္ထင္ တားျမစ္လဲမရတက္ေပ။
ဒါအခ်စ္ေၾကာင့္သူ႔ေျပာင္းလဲမူ႔ေတြပင္။
"ဘယ္လက္ကိုပဲ သံုးမယ္ ။ အခ်ိန္မွတ္ၿပီ စေတာ့ "
နည္းျပ၏ခရာသံေၾကာင့္မိုက္အျမန္ႏႈန္းနဲ႔ဘယ္လက္ကိုသံုးကာ မ်က္ႏွာေရ႔ွက အနီေရာင္အိတ္ကို အႀကိမ္ထိုး၏။ ထိုအိတ္သည္ လက္အိတ္သ႑ာန္
ရိွၿပီး စက္တပ္ထားသည္မို႔ သူထိုးလိုက္တဲ့အခ်က္တိုင္းကို နံပါတ္စဥ္တက္ကာ မွတ္ေပးတက္သည္။
သူသည္ ဘယ္လက္ျဖင့္ အႀကိမ္မ်ားစြာထိုးသတ္ဖူးေပမဲ့ယခုကဲ့သို႔စနစ္က်စြာမေလ့က်င့္ဖူးေပ။
ေခတ္မွီစက္ကရိယာမ်ားစြာကိုလည္း ေယာက္ခထီးျဖစ္သူက ေထာက္ပံ့ေပးၿပီး နည္းျပက ေတာ့သူ႔အားသာခ်က္ကိုရွာေဖြေပးကာ ေသခ်ာေလ့က်င့္ေစသည္။ေန့ေတြလေတြသည္ ေျပာင္းလဲလာၿပီးေနာက္မွာ မိုက္သည္ ဘယ္လက္ ဘယ္ေျခကို စနစ္က်စြာ အသံုးျပဳလာႏိုင္ခဲ့သည္။ အလ်င္က ဘယ္လက္ကို အလ်င္းသင့္သလို အသံုးျပဳတက္ေပမဲ့ အားပါပါသံုးဖို႔ ခက္ခဲတက္၏ သို႔ေသာ္ ယခုမူ ဘယ္လက္ ဘယ္ေျခသည္ သူ႔၏ တိုက္ကြက္ဆန္းျဖစ္လာခဲ့သည္။ ေနာက္ တစ္လေက်ာ္ေလာက္ ၾကာၿပီးသၫ့္ေနာက္တြင္ စင္ေပၚတြင္ ထြန္းေတာက္မၫ့္ၾကယ္တစ္ပြင့္အျဖစ္ နည္းျပ ေျပာဆိုေျမာက္စားတက္ေပမဲ့သူကေတာ့ မယံုၾကည္ရဲေပ။ အေၾကာင္းမွာ Tonyကို ခုထိႏိုင္ေအာင္မထိုးႏိုင္ေသးတဲ့အျပင္ Jamesကိုပင္ သေရထက္ေက်ာ္ေအာင္မထိုးႏိုင္ခဲ့ျခင္း ေၾကာင့္ျဖစ္သည္။
Tonyသည္ Jamesထက္အေကာင္ပိုထြားကာပိုသန္မာသည္။ ပံုသ႑ာန္မွာ Rekiနဲ႔ပင္သြားတူကာ
Kekiလိုေတာ့ ကတံုး ေျပာင္မဟုတ္ေပ။
Tonyရဲ့အားသာခ်က္မွာ အားသံုးမ်ားျခင္းျဖစ္သည္။ လူ႔ဗလႀကီးမို႔ Tonyသည္ အထိုးခံႏိုင္ၿပီး ခြန္အားျဖင့္ မိုက္အားကိုင္ေပါက္ျခင္း ၊ပစ္ေပါက္ျခင္းတို႔အားလြယ္လြယ္လုပ္ကိုင္ႏိုင္သည္။
ထို႔ေၾကာင့္ Tonyနဲ႔ထိုးတိုင္းမိုက္မွာလူးလဲေနေအာင္ခံရၿပီး အနားကိုအလြယ္တကူကပ္မရတက္ေပ။
"တိုးတက္လာတယ္။ မင္း ေနာက္တစ္ပတ္Tonyနဲ႔ထိုးရင္ ဘယ္လက္ကို လ်ွင္လ်ွင္ျမန္ျမန္သံုးတက္ဖို႔လိုတယ္ ။Tonyရဲ့အားသာခ်က္က တစ္ခါတေလသူ႔အားနည္းခ်က္ျဖစ္သြာတက္တယ္ ။ မင္းရေအာင္ရွာႏိုင္ရင္ ဒီတစ္ပြဲမင္းႏိုင္ၿပီ။။ Tony ကို ႏိုင္ရင္ Rekiကအသာေလး မင္းတိုက္ႏိုင္လိမ့္မယ္။ "
နည္းျပက မိုက္၏တိုးတက္လာတဲ့ အေျခအေနကို စကားေျပာရင္းကိုင္ထားတဲ့ဖိုင္ထဲျဖၫ့္မွတ္ေနသည္။
" ဒီေန့ ကြၽန္ေတာ္ Tony နဲ႔ထိုးလို႔ရမလား "
နည္းျပ ေမာ့မၾကၫ့္လာပဲ ေခါင္းရမ္း၏။
"မရဘူး ။ မင္းပြဲပန္းသြားလိမ့္မယ္။ ဒီေန့မင္းနားရက္ ယူလိုက္ "
"နည္းျပ ကြၽန္ေတာ္ မျပန္ခ်င္ေသးဘူး "
" မိုက္ ၊ မင္းဘယ္ေလာက္ စိတ္ေဆာင္ေနပါေစ ၊မင္းေဘာ္ဒီက ခံႏိုင္ေရမရိွေတာ့ဘူး။ မင္းဒီထက္ပိုလုပ္မယ္ဆိုရင္ ၊ တကယ့္ပြဲႀကီးမွာအထိနာလိမ့္မယ္ ။ မင္းဒီေန့ အနားယူပါ။ ဒီမွာ ဘာမွဆက္လုပ္စရာ မရိွဘူး။ ျပန္လို႔ရၿပီ "
မိုက္ ဆက္ေျပာဖို႔ ဟန္ျပင္လိုက္ေပမဲ့
ေရႊဘံု လက္ကိုဆြဲလိုက္တာမို႔ သူ ဘာမျွပန္မေျပာလိုက္ႏိုင္ခဲ့ေပ။ နည္းျပသတိေပးတဲ့အေနနဲ႔ ၾကၫ့္ကာ အနီးနားမွထြက္သြား၏။ ေရႊဘံု သက္ျပင္းခ်ကာ မိုက္၏လက္ကိုဆြဲထားရာမွ လႊတ္သည္။
" ျဖစ္ခ်င္လြန္းအားႀကီးလြန္းရင္ ေနွာင့္ေနွးတက္တယ္ ထင္ထင္။ ကြၽန္ေတာ္ ျဖစ္လာသမ်ွ လက္ခံႏိုင္ပါတယ္။ ဒါေပမဲ့ ခင္ဗ်ားေၾကာက္ေနရင္ေတာ့ ကြၽန္ေတာ္ မေပ်ာ္ေတာ့ဘူး "
"ေရႊဘံု ကိုယ္.."
"ကြၽန္ေတာ္က ခင္ဗ်ားအေပၚမွာ ဖိအားေတြမ်ားျဖစ္ေစခဲ့လား "
"မဟုတ္ပါဘူးကြာ။ ကိုယ့္ကို ဒီလိုစကားေတြမေျပာပါနဲ႔လား။ "
"ကြၽန္ေတာ္မေျပာခ်င္ပါဘူး။ ဒါေပမဲ့ ထင္ထင္ စိတ္ထဲမွာ ခံစားေနရတာေတြ ကြၽန္ေတာ္ သိေနလို႔ ပိုငိုခ်င္လာတယ္။ ထင္ထင္။ ကြၽန္ေတာ္ တကယ္ ခင္ဗ်ားကို ခ်စ္ပါတယ္။ ဒါေပမဲ့ အဲ့ေနာက္ကြယ္မွာ ဂုဏ္ျဒပ္ေတြမပါဘူး။ ေရးညို႔ထင္ ျဖစ္ေစ မိုက္ျဖစ္ေစ။ အဲ့ဒါ ကြၽန္ေတာ္ လူပဲ။ သူ႔ေနာက္ကြယ္မွာ အရႈံးအႏိုင္ေတြ မပါဘူးေနာ္..သူ႔ဟာသူ သီးသန႔္ေလးပဲ ျဖစ္ေနတာ။ ခင္ဗ်ား အတက္ႏိုင္ဆံုးႀကိဳးစားခဲ့တယ္။ အဲ့အတြက္ ျဖစ္လာတဲ့ အက်ိဳးဆက္က အရႈံးဆိုရင္ေတာင္မွ ကြၽန္ေတာ္ေက်နပ္တယ္ေလ။ ဘာလို႔အမ်ားႀကီး ဝန္ထုပ္ဝန္ပိုးျဖစ္ေနတာလဲ ထင္ထင္။ ခင္ဗ်ား ခုလိုေတြ ပိုျဖစ္ခ်င္ေနေလ ကြၽန္ေတာ္ပင္ပန္းေလပဲ။ သိလား ခင္ဗ်ားအဲ့ဒါေတြသိရက္လား "
ေရႊဘံု သူ႔ပုခံုးေပၚက ပုဝါႏွင့္မိုက္အားပစ္ေပါက္လိုက္သည္။
အစပိုင္းတုန္းက ထင္ထင္ ပံုစံကို သူသတိမထားမိေသး။ ေနာက္ပိုင္း ထင္ထင္ မနားမေန ႀကိဳးစားလာတာကိုသတိထားမိသည္။ သို႔ေသာ္ သူ႔စိတ္ထဲ ဒါကိုသာမန္ရိုးရိုးဟုပဲထင္ခဲ့၏။အျဖစ္မွန္ကိုကိုႏိုင္းေျပာမွသိခဲ့ရ၏။ မိုက္၏စိတ္သည္အႏိုင္လိုခ်င္စိတ္ႀကီးစိုးေနသည္ဟု။ထိုအရာသည္အရႈံးကိုသာျဖစ္ေစတတ္သည္။ ခုတေလာTonyကိုႏိုင္ေအာင္မထိုးႏိုင္သည္မို႔ ထင္ထင္သူ႔ကိုယ္သူအားမလိုအားမရျဖစ္လာသည္။ ထိုစိတ္ေၾကာင့္ေလ့က်င့္ခ်ိန္မ်ားကိုပို၍တိုးလာလို႔လာ၏။
" ေရႊဘံုကိုယ္ေတာင္းပန္ပါတယ္ကြာခဏေလးပါ"
ေရးညို႔ထင္ေနာက္ကေနေျပးလိုက္၏။ ေရႊဘံုရပ္မေပး ေပ။ သူထင္ထင္အား စိတ္ဆိုးေနသည္။
ထင္ထင္သည္သူ႔အားယံုၾကၫ့္မႈမေပးေပ။
သူအခ်စ္ ေတြအားမေလးစားေပ။
"ေရႊဘံု ကေလးေတာင္းပန္ပါတယ္ကြာ၊ မေျပးနဲ႔ေခ်ာ္လဲမယ္"
"မလိုက္နဲ႔ထင္ထင္ ။ က်ေနာ္အိမ္ျပန္မွာ "
"မျပန္နဲ႔ ။ ကိုယ္နဲ႔စကားနည္းနည္းေျပာရေအာင္။
ကိုယ္ပင္ပန္းေနလို႔။ မေျပးပါနဲ႔။ "
စကားဆံုးမွာေရႊဘံု႔သူ႔ေျခလွမ္း ေတြအားအရိွန္ ေလ်ာ့ခ်သြားသည္။
ေရးညို႔ထင္သည္လည္းမလွမ္းမကမ္းမွရပ္ကာ
သက္ျပင္းခ်လိုက္သည္။သူတို႔ေရာက္ေနေသာေနရာသည္ၿခံဝိုင္းေထာင့္ရိွ ကားရပ္နားရာေနရာမွာျဖစ္သည္။ ကိုႏိုင္း၏အားကစားရံုအားခုတစ္ေလာေရးညို႔ထင္အတြက္သာဖြင့္လွစ္ေပးထားျခင္းျဖစ္ပါသည္။ထို႔ေၾကာင့္လာေရာက္ကစားသူသည္အလ်င္လိုမ်ားျပားျခင္းမရိွပါ။
"စိတ္မဆိုးပါနဲ႔"
"....."
တိတ္ဆိတ္ေသာပတ္ဝန္းက်င္မွာေရးညို႔ထင္အသံကခပ္အက္အက္ေပၚလာ၏။
"အမွန္ဆိုရင္ကိုယ္နည္းနည္းေၾကာက္ေနတယ္ ေကာင္ကေလးရယ္။
မင္းအေဖလုပ္ထား ေပးတာ ေတြကိုယ့္အေပၚမွာေတာ္ ေတာ္မ်ားေနၿပီ။ မင္းေရ႔ွမွာလည္းကိုယ္မရႈံးခ်င္ဘူး။"
"ဒီလိုျဖစ္ဖို႔မရည္ရြယ္ခဲ့ပါဘူး။တကယ္ဆိုရင္က်ေနာ္ထင့္ထင့္ကိုအေကာင္းဆံုးေတြပဲေပးခ်င္ခဲ့တာပါ။
"
ေရႊဘိုေက်ာခိုင္းထားရင္း ဝမ္းနည္းစြာဆိုမိ၏။
ငိုသံပါလာသည္ႏွင့္တၿပိဳင္နက္ ေရးညို႔ထင္ ထိတလန႔္သြားမိသည္။
" မဟုတ္ဘူး။ မင္းေပးခဲ့သမ်ွအကုန္လံုး ကိုယ့္အတြက္တန္ဖိုးမျဖတ္ႏိုင္ေအာင္ ေကာင္းလြန္းပါတယ္။ ကိုယ္သာလက္ခံဖို႔ မထိုက္တန္တာပါ။
ကိုယ္တကယ္အသံုးမက်ဘူးကေလးရယ္။ ကိုယ္အမ်ားႀကီး ျဖစ္ခ်င္လာေလ ကိုယ့္ပန္းတိုင္နဲ႔ေဝးလာေလေလပဲ ။ ကိုယ္ဘာဆက္လုပ္ရမလဲ။ ကိုယ္ အရမ္းပင္ပန္းေနၿပီ "
သူေခါင္းကိုငံု႔ကာ တီတိုးဆိုမိ၏ ေလ့က်င့္ခ်ိန္သံုးလေက်ာ္လုၿပီ သူခုထိ ထိေရာက္ေအာင္မစြမ္းေဆာင္ႏိုင္ေသးေပ။ အကုန္လံုးသူအားေမ်ွာ္မွန္းထားၾကသည္ကိုသူသိသည္။ ထို႔အတြက္ သူမလုပ္ႏိုင္မွာ စိုး၏။ ေကာင္ကေလးေရ႔ွမွာ သူက်ရႉံးသြားမွာ ၊ ေကာင္ကေလး မိသားစုအလယ္မွာ မိုက္ဆိုတဲ့ ပြဲလယ္မတင့္တဲ့ေကာင္အတြက္ မ်က္ႏွာငယ္ရမွာ ၊ အကုန္လံုးသူေၾကာက္ေနတာပင္။
သူ႔ရင္ထဲမွာ အေၾကာက္တရားေတြ ႀကီးစိုးလြန္းေနတာမို႔ ပန္းတိုင္ကေဝးကြာေနျခင္းျဖစ္သည္။
"ကြၽန္ေတာ္ေတာင္းပန္ပါတယ္"
ထင္ထင္အားေျပးဖက္ရင္းေရႊဘံု ေျပာမိသည္။
သူအိမ္ေထာင္က်ၿပီးတဲ့ေန့ကတည္းက ဒီလူနဲ႔ပဲ တစ္သက္လံုးေအးတူပူမ်ွ အတူေနခ်င္ခဲ့တာပင္။
ဒီလူပင္ပန္းရင္ သူလည္းပင္ပန္းသည္။ ဒီလူစိတ္မေကာင္းရင္ သူလည္းဝမ္းနည္းတက္သည္။ အရာအားလံုး ဒီလူနဲ႔တသားထဲျဖစ္ေနၿပီမို႔ ဘာခံစားေနရသလဲဆိုတာမေျပာလဲသိေနၿပီျဖစ္သည္။
"ကိုယ္လည္းေတာင္းပန္ပါတယ္ကြာ၊ မင္းဝမ္းနည္းေအာင္တမင္လုပ္ခဲ့တာမဟုတ္ပါဘူး၊ ကိုယ္မင္းအတြက္ ႀကိဳးစားေပးခ်င္ရံုပါ "
"ကြၽန္ေတာ္သိတယ္။ ကြၽန္ ေတာ္နားလည္ပါၿပီ။
ထင္ထင္ စိတ္မေကာင္းမျဖစ္ပါနဲ႔။ ကြၽန္ေတာ္တို႔အတူရိွေနရင္ ဒီျပႆနာက ေျဖရွင္းစရာအဆင့္ထိေရာက္မွာမဟုတ္ဘူး။ ထင္ထင္ ဒီေန့ နည္းျပေျပာသလို နားလိုက္ပါ။ ကြၽန္ေတာ္တို႔အိမ္ျပန္ၾကမယ္ေလ။"
သူ႔အမ်ိဳးသားရဲ့ပုခံုးေပၚမ်က္ႏွာအပ္ရင္း ေရးညို႔ထင္ ၿငိမ္သက္ေနမိသည္။ ေက်ာေပၚက လက္ေတြသည္အသာအယာပြတ္သပ္ရင္းသူ႔အားေခ်ာ့ျမဴေန၏။
ပူေနေသာ သူ႔စိတ္ေတြ တစ္ခဏအတြင္းၿငိမ္က်သြားတာ သိသိသာသာ ။
"ကိုယ္အဆင္ေျပသြားပါၿပီ။ ျပန္ရေအာင္"
"တကယ္အဆင္ေျပလို႔လား "
"အာဘြားေပးၾကၫ့္ပါလား ပိုေျပသြားေအာင္"
မ်က္ေစာင္းလွလွႏွင့္အတူ ပါးျပင္ေပၚသို႔ အနမ္းတရိႈက္ေရာက္လာ၏။ ေရးညို႔ထင္ၿပံဳးကာ
မ်က္စိေရ႔ွကေကာင္ကေလးကိုဆြဲဖက္၍ အခ်ိန္ၾကာျမင့္ေအာင္ျပန္နမ္းလိုက္ၿပီးမွ လႊတ္ေပးလိုက္သည္။
"နီသြားၿပီ"
" နီပါေစ"
မ်က္မွန္ကိုပင့္ကာ ဂရုမစိုက္သလိုေျပာပံုက ေကာင္ကေလးမွဟုတ္ပါေလစ။
ေရးညို႔ထင္ သေဘာတက် ေခါင္းေမာ့ရယ္ကာ
ေကာင္ကေလးလက္ကိုဆြဲကာ ကားေပၚတက္ေစလိုက္သည္။
"ထင္ထင္ အဝတ္မလဲေတာ့ဘူးလား"
"မလဲေတာ့ဘူး"
အားကစားေဘာင္းဘီရွည္ႏွင့္ စြပ္က်ယ္အနက္က ေရးညို႔ထင္နဲ႔ခ်ပ္ကာရပ္ကာ။
ေရႊဘုန္တစ္ခ်က္ၾကၫ့္ကာဘာမွမ ေျပာလိုက္ေပ။
အိမ္ျပန္ေရာက္သၫ့္ႏွင့္ထင္ထင္အားေရခ်ိဳးေစၿပီးအိမ္ယာထပ္၌လွဲေစကာ ေဆးလူး ေပးျဖစ္သည္။ထို ေဆးသည္ပူေလာင္မူ႔မရိွဘဲအားကစားသမားမ်ားသံုးဖို႔ရာအထူးသင့္ ေလ်ာ္သည္။
"ေနရထိုင္ရသက္ေသာင့္သက္သာရိွလာ"
"ရိွတယ္။ အေပၚနားတိုးပါအံုး။ အင္း ဟုတ္တယ္
အဲ့ေနရာ"
" ေတာင့္တင္းေနတာပဲ။ နာနာႏိွပ္ေပးမွမဟုတ္လို႔ရင္ ည ႂကြက္သားေတြနာေနလိမ့္မယ္ "
" မင္းဂရုစိုက္ေပးလို႔ ကိုယ္ ညညဆို
ေကာင္းေကာင္းအိပ္ေပ်ာ္တာ ။ ေတာ္ၿပီ ကိုယ္သက္သာၿပီ မႏိွပ္ေတာ့နဲ႔ "
ေရးညို႔ထင္ လက္ကိုဆြဲကာ သူ႔ေဘးနားမွာ ကပ္လွဲေစၿပီး နဖူးကို နမ္း၍ ရင္ခြင္ထဲေထြးဖက္ထားမိသည္။
" ကိုယ့္ဘဝထဲဝင္လာေပးလို႔ေက်းဇူးတင္ပါတယ္။ "
" ကြၽန္ေတာ္ကိုျပန္ခ်စ္ေပးလို႔ ကြၽန္ေတာ္ကလည္းေက်းဇူးတင္ပါတယ္ "
"ေရႊဘံုကလို႔ မေျပာေတာ့ဘူးလား "
"ကြၽန္ေတာ္ကေလးမဟုတ္ေတာ့ဘူး"
"ကိုယ္နဲ႔ယွဉ္ရင္မင္းကကေလးပဲေလ"
" ကြၽန္ေတာ္ ထင္ထင္အားကိုးရတဲ့ေယာက်ာ္းပဲျဖစ္ခ်င္တယ္။ အဲ့ဒါေၾကာင့္ ထင္ထင္ ကြၽန္ေတာ္ကို အလံုးစံုမဟုတ္ ေတာင္ နည္းနည္းေလးေလာက္ျဖစ္ျဖစ္ အားကိုးေပးပါ" "
"နည္းနည္းေလးမဟုတ္ပါဘူးကြာ ။ အလံုးစံု အရာခပ္သိမ္းမင္းကိုအားကိုးမွာပါ။ "
"ဒါဆို ထင္ထင္ မနက္ဖန္ ေလ့က်င့္ေရးဆင္းရင္ ေပါ့ေပါ့ပါးပါးပဲ စိတ္ကိုထားပါ။ ကြၽန္ေတာ္တို႔အတြက္ Black holeကပန္းတိုင္မဟုတ္ဘူး။ အႏိုင္အရႈံးက ေမ်ာ္လင့္ခ်က္မဟုတ္ဘူး။ ကြၽန္ေတာ္တို႔ပန္းတိုင္က ဒီပြဲမွာ အေကာင္းဆံုးထိုးသတ္မယ္။ ဂုဏ္သိကၡာအျပည့္နဲ႔အေကာင္းဆံုး ယွဉ္ၿပိဳင္မယ္။ ရႈံးခဲ့တယ္ဆိုရင္ေတာင္မွ မိုက္က အေတာက္ပဆံုးၾကယ္တစ္လံုးပဲ ျဖစ္ေနမွာပါ။ ကြၽန္ေတာ္ ခင္ဗ်ားကို ယံုၾကည္တယ္"
အေရာင္လဲ့ေနေသာ အညိုေရာင္မ်က္ဝန္းေလး။
သူ႔ဘဝအားေစခိုင္းႏိုင္ေသာ ယံုၾကည္ရဲရင့္မူ႔ေတြ။
ျဖစ္မ်ားျဖစ္ပါ့မလားဆိုတဲ့စိတ္က ေလႏွင္ရာသို႔တေရြ့ေရြ့ထြက္ေျပးကုန္သည္။
ခ်စ္တဲ့အိမ္စည္။
Bạn đang đọc truyện trên: ZingTruyen.Xyz