ZingTruyen.Xyz

တသက်လုံးပျော်ချင်မောင့်ကိုချစ်ပါ(တသက္လံုးေပ်ာ္ခ်င္ေမာင့္ကိုခ်စ္ပါ)Completed

38( ဇာတ်သိမ်း )

eainsi23

ဒီနေ့ဟာTonyနှင့်ထိုးသတ်ရန်သတ်မှတ်ထားသောနေ့တစ်နေ့ဖြစ်သည်။
မနက်မိုးလင်းကတည်းက မိုက်သည်ခွန်အားအပြည့်ဖြင့်တက်ကြွလွန်းနေခဲ့သည်။ ကောင်က‌လေး နှင့်ဆွေးနွေး ပြီးနောက်ပိုင်းမှာသူ၏စိတ်ဓာတ်ရေးရာကိုပေါ့ပါးစွာပြောင်းလဲခဲ့ပြီးသူ့ကိုယ်သူဆင်ခြင်သုံးသပ်ခဲ့၏။
အကျိုးရလဒ်အနေနှင့်နည်းပြအပါအဝင်သူကိုယ်တိုင်
ပင်ကျေနပ်အားရစေသည့်အခြေအနေထိပြောင်းလဲလာခဲ့၏။
တပတ်အတွင်းတိုးတက်မှုသည် အံမခန်းစရာပင်။
ဘယ်လက်ဘယ်ခြေ၊ဘယ်ဒူးနှင့်နောက်ပြန်ဘယ်ကန်ချက်တို့သည်သူ၏ထူးခြားတဲ့အရည်အချင်းတစ်ရပ်ဖြစ်လာသည်။

ဘယ်ဘက်ခြမ်းကိုအသုံးပြုနိုင်သောအားအင်ပမာနသည်များပြားလွန်းသည်မို့ Tonyသည်ပင်
တိုးတက်လာသည်ဟုချီးမွှန်းသည်အထိပင်။

"Tony ready ဖြစ်ပြီလား။"

Tony က okay signကို လုပ်ပြပြီး ကြိုးဝိုင်းစင်
ပေါ်ကိုလွှားခနဲခုန်တတ်သွား၏။

"ကျနော်အောက်ကနေကြည့်နေမယ်"

မိုက်ကောင်ကလေးကိုခေါင်းညိမ့်ပြကာစင်ပေါ်ကိုအေးဆေးစွာတက်လိုက်သည်။
နည်းပြ၊ James နဲ့ကိုနိုင်းတို့သည် စဉ်အောက်မှာသေချာ‌ စောင့်ကြည့်ဖို့အဆင်သင့်ဖြစ်နေသည်။
မိုက်၏ပြောင်းလဲမှုကိုသူတို့လည်းခံစားနေမိမှာအ‌
သေအချာပင်။

မိုက် Tony ကိုသေချာကြည့်လိုက်ပြီးနောက်မှာဒီတစ်ပွဲကိုသူနိုင်မည်ဟုခံစားသိရှိ‌ နေ၏
ဒီတစ်ပွဲအပါအဝင်သူနဲ့ Tonyနဲ့ထိုးသတ်တဲ့အကြိမ်ရေပေါင်း 3 ကြိမ်ရှိပြီဖြစ်သည်။ပထမနှစ်ကြိမ်သည်သူရှုံးခဲ့သည်။သို့သော်ဒီတစ်ပွဲသည် သူအတွက်အလားအလာရှိသည်ဟုကိုနိုင်းကသေချာခန့်မှန်းထား‌ သည်။ထိုးသတ်ချိန်သည် တစ်ချီ ငါးမိနစ် ဖြင့် သုံးချီထိုးရမည်ဟုသတ်မှတ်ထားသည်။

ဒိုင်လူကြီးသည် ကြိုးဝိုင်းအလယ်မှာရပ်၍ ခရာမှုတ်၏။ထို့နောက် လက်သီးနှင့် တိုက်ကာ ပြိုင်ဖက်အချင်းချင်းနှုတ်ဆက်ကာ အကွာအဝေးကို ချဲလိုက်ရသည်။

ရွှေဘုံ သည် ခရာသံကြားသည်နှင့် လေ့ကျင့်ရေးကွင်းအားကျောခိုင်းပြီး အပြင်သို့ထွက်ကာ
သစ်ပင်ရိပ်အောက်တွင် တစ်ယောက်ထဲငြိမ်သက်စွာထို‌င်နေမိသည်။ နောက်လဆိုလျင် သူတို့ New York သို့ထွက်ခွာရတော့မည်။
ထင်ထင်ဘေးမှာ အားပေးနေရပေမဲ့ သူကိုယ်တိုင်လည်းစိတ်လှုပ်ရှားနေခဲ့တာပင်။
မိုက်၏ တစ်ဖက်ခြမ်းကို သူကိုယ်တိုင် မြင်တွေ့နေရတာမို့ ပင်ပန်းခက်ခဲမူ့ကို ခံစားသက်ဝင်နိုင်၏။
ထင်ထင် အားထိုအလုပ်တွေကို မလုပ်စေချင်တော့သလို နာကျင်မူ့တွေကိုလည်းမခံယူစေချင်တော့။

ထင်ထင်ကိုယ်တိုင် မလုပ်တော့ဘူးလို့ ဆုံးဖြတ်ချက် ချခဲ့ပေမဲ့ တစ်သက်လုံးနောင်တကင်းအောင်
အမှတ်တရအဖြစ် သူလုပ်ပေးနိုင်သ‌ေလာက်အစွမ်းကုန်ကြိုးစား‌ ပေးခဲ့၏။ Black holeကထင်ထင်အတွက် အကြီးဆုံးမှတ်တိုင် တစ်ခုဖြစ်လာခဲ့ပြီး
အပင်ပန်းဆုံး နှင့်အခက်ခဲဆုံး အောင်မြင်မူ့တစ်ခုဖြစ်လာမှာမလွဲပေ။

သစ်ရွက်ခြောက်တွေက သူ့ခေါင်းပေါ်မှာ တစ်ရွက်ခြင်း‌ကြွေကျလျက်ရှိနေသည်။
ကျေးငှက်သံ ဆွေးဆွေးမြေ့မြေ့လည်း တစ်ချက်တစ်ချက် ထွက်ပေါ်လာသည်မို့ အထီးကျန်မူ့က ဆိုးဆိုးဝါးဝါးပေါ်ထွန်းလျက်။

ရွှေဘုံ လှုပ်ရှားမူ့မရှိစွာပင် ထိုင်နေခဲ့တာဖြစ်သည်။
ထင်ထင်တစ်‌ ယောက် ဘယ်အခြေနေရှိနေပြီမှန်းလဲသူသွားမကြည့်ချေ။
သူအချိန်တွေကိုလည်းမမှတ်သလို နာရီကိုလည်းမကြည့်။
မိုက်ဘယ်လောက်တော်သလဲဆိုတာသူသွားကြည့်‌ေနစရာမလို‌ေအာင်သူယုံကြည်မှုလွန်ကဲနေတာဖြစ်သည်။

"‌ ကောင်ကလေး။ "

နွေဦးနဲ့တူသောဆွတ်ပျံ့စရာကောင်းသောအသံ။
ခေါင်းကိုချာခနဲ လှည့်ကြည့်မိစဉ် ပါးစောင်မှာ ညိုငမ်းရာတစ်ခုနှင့် မတ်တပ်ရပ်နေသော မိုက်။

"ထင်ထင် "

သူမတ်တပ်ထရပ်ကာခေါ်လိုက်၏။ သူ့မျက်လုံးတွေက ထင်ထင်ကိုယ်ပေါ်မှာ အထက်အောက် သေချာကြည့်နေပြီးစစ်ဆေးလျက်ရှိချေသည်။
အချိန်အားဖြင့် နာရီမကြည့်သော်ငြား ၁၀မိနစ်ကျော်ကျော်သာရှိလိမ့်မည်။ ဘာကြောင့်မြန်မြန်ပြီးဆုံးသွားရပါသလဲ။

ရေးညို့ထင် စိတ်ပူနေတဲ့မျက်ဝန်းညိုတွေအားပြန်လှမ်းကြည့်ကာ ရယ်၏။ ထို့နောက် သုံးလှမ်းကျော်မျှအကွာအဝေးကို ပိုနီးကပ်စေရန်သူ့ဖက်ကသာ လှမ်းစေလိုက်ပြီးအနီးအနားရောက်မှ ပွေ့ချီယူကာ ကားထဲထည့်လိုက်သည်။

"ထင်ထင်။ ဘယ်သွားမှာလဲ။ ပွဲအခြေအနေကရော ဘာတဲ့လဲ"

"အစကတည်းက သိချင်ရင် မင်းစောင့်ကြည့်နေလေဘာလို့ကိုယ့်ကိုပစ်ပြီးအပြင်မှာသွားထိုင်နေတာလဲ "

" ကျွန်တော် ပစ်သွားတာမဟုတ်ဘူး။ "

အပြစ်ရှိသူတစ်ယောက်နှယ် သူခေါင်းငုံ့ကာပြောမိစဉ်
ကြီးမားသော လက်ဖဝါးကြီးတစ်ဖက်သည် သူ့လက်ကိုလာရောက်ဆုပ်ကိုင်လာရင်း

"ကိုယ်အဆင်ပြေပါတယ်။ ခေါင်းကိုမော့ထား "ဟုပြောလာ၏။ ထင်ထင်အလိုကျ ခေါင်းကိုမော့လိုက်ချိန်တွင်ပြုံးနေသော နှုတ်ခမ်းများက သူ့မေးအားငုံ့နမ်းခံလိုက်ရသည်။

"အာ "

"ဘာဖြစ်တာလဲ"

"အမှတ်တမဲ့ဆိုတော့လန့်သွားတာပါ"

"မင်းကိုယ့်အနမ်းတွေကို ခုထိလန့်နေသေးတယ်ဆိုတော့ ၊ ကိုယ့်မှာလိုအပ်ချက်ရှိနေသေးတာပဲ ၊ ကဲ ပြော ၊ ကိုယ်တစ်နေ့ကို အနမ်းအကြိမ်ရေ ၅၀၀လောက်ဆို လုံလောက်လား။ ဒါမှမဟုတ်ရင် ၁၀၀၀လောက်ရော "

ရုပ်တည်ကြီးနဲ့တမင်စနောက်နေတဲ့ပုံမို့ ရွှေဘုံမျက်စောင်းထိုးကာ

" အဲ့ဒါဆို ထင်ထင် အလုပ်မသွားတော့နဲ့လေ "

"ဟင်။ ဒါဆို ကိုယ်တို့ တနေကုန်..."

"ဟာ ! ထင်ထင်နော် ဘယ်လိုဖြစ်လို့ လိုက်စနေတာလဲ"

ရွှေဘုံအော်တော့ ရယ်ကာ ကိုင်ထားတဲ့လက်ကိုဖွဖွနမ်းလာပြန်၏။

" ငေးငိုင်နေတဲ့ပုံမျိုးလုပ်မနေနဲ့ အဲ့ပုံက မင်းနဲ့မလိုက်ဘူး။ ကိုယ့်ရှေ့မှာ အမြဲပြုံးနေ ။ မင်းပူပန်နေရရင်
ယောကျာ်းဖြစ်တဲ့ကိုယ်က အသုံးမကျသလိုပဲ။ "

"ကျွန်တော် ထင်ထင်နဲ့ တသက်လုံးအတူနေသွားချင်တယ်။ "

တစ်ယောက်မျက်လုံးတစ်ယောက်စိုက်ကြည့်နေမိတာ
မျက်တောင်ခတ်ဖို့မေ့လျော့သည်အထိပင်။
အတော်ကြာမှ ရေးညို့ထင် ခေါင်းညိမ့်ပြကာ ကောင်ကလေးနားထင်စပ်က ဆံပင်တွေကိုသပ်ပေးလိုက်ရင်း

" ဘယ်တော့မှမခွဲဘူး။ ကိုယ်ကတိပေးပါတယ်"

စကားအဆုံး၌ နဖူးထပ်သို့ အနမ်းနွေးနွေးက ဖွဖွကြွေသည်။ စက်နှိုးသံသဲ့သဲ့နှင့်အတူ မြင်ကွင်းလွှာတွေက တရွေ့ရွေ့ပြောင်းသည်။
အားကစားခန်းမှထွက်လာပြီး
ဘယ်ကိုသွားနေသလဲဟုမေးမြန်းသော်လည်း ဖြေဆိုခြင်းမရှိသည်မို့ ဘေးမှထိုင်၍သာ ထင်ထင်လက်တစ်ဖက်ကိုဆော့ကစားရင်းလိုက်ပါလာခဲ့မိသည်။
တစ်နာရီခန့်အကြာတွင် အေးချမ်းသော ရပ်ကွက် တစ်ခုထဲသို့ သူတို့စီးလာတဲ့ကားကလေးသည် ဖြတ်မောင်းဝင်လာသည်။
ချမ်းသာသော ရပ်ကွက်မဟုတ်သလို ၊ဆင်းရဲတဲ့ရပ်ကွက်လည်းဟုတ်ဟန်မတူ။
လူနေအိမ်ခြေပြွတ်သိပ်မနေပဲ ကိုယ့်ဝိုင်းကိုယ့်ခြံလေးများနှင့် သပ်သပ်ရပ်ရပ်လေးတည်‌ေဆာက်ကာ နေထိုင်ကြ၏။

"ထင်ထင် ဒါဘယ်နေရာလဲ"

သူတို့ကားသည် ခြံဝိုင်းတစ်ခုရှေ့ရပ်သွား၏။
တစ်ထပ်အိမ်လေး။ ရှေ့မျက်နှာတွင် ကွမ်းသီးပင်များကို အလှစိုက်ပျိုးထားပြီး ဧည့်ခန်းနေရာတွင် မှန်အပြည့်ကာထားသည်မို့ အထဲကနေ ခြံရှေ့ကို ရှင်းလင်းစွာမြင်တွေ့နိုင်သည်။

ရေးညို့ထင် ကောင်ကလေးလက်ကိုဆွဲကာ အဖြူရောင် အိမ်သေးသေးလေးထဲ လှမ်းဝင်လိုက်သည်။
အထဲတွင်အနီရောင်နှင်းဆီပန်းများက လမ်းတလျှောက်ရဲရဲနီနေပြီး ထပ်ခိုးသို့တက်ရာ လှေကား၏ဘေးတွင် မိုးပျံပူပေါင်းကြီးတစ်လုံးက ကြိုးတွဲလန်းဖြင့် မျက်နှာကျက်မှာထိနေ၏။

"ထင်ထင် ဒါက။ "

ထူးဆန်းတဲ့ အပြင်အဆင်မျိုးမဟုတ်သော်လည်း
ရွှေဘုံ အံ့ဩတကြီး ထင်ထင်အားကြည့်၍ မေးမိပေမဲ့ အပြုံးတစ်ပွင့်မှလွဲပြီးပြန်မရလာခဲ့ ။
ထို့အစား လက်တစ်ဖက်ကိုဆွဲကာ နှင်းဆီလမ်းပေါ်မှာ နင်းလျှောက်စေသည်။ ‌လှေကားဘေးရောက်သောအခါ ဘေးက ကြိုးကို ဆွဲလိုက်လျှင် ဖောင်းခနဲ ဖောက်ကွဲသွားပြီးငွေရောင်ရွှေရောင် အမွှေးဖွှာဖွှာများ‌အိမ်အနှံ့ကျဆင်းလာ၏။

"Happy birthday ပါကောင်ကလေး "

တိုးမြသော အသံနောက်မှာ ဆူညံ့စွာထွက်ပေါ်လာသောအသံများမှာ နေရာအနှံ့မှထွက်လာခဲ့သည် ။

"Happy birthday သားလေး"

"Happy birthday မောင်ရွှေ။ "

"Happy birthday ရွှေဘုံ "

‌ဘေးအခန်းထဲကနေထွက်လာသော ဒယ်ဒီနဲ့မာမီ။
လှေကားပေါ်ကနေ ပြေးဆင်းလာသော
ကေသီနှင့်ကြည်နူး၊ ကိုဒီရမောင်၊ ပြီးတော့ မာမီ လက်ထဲမှာ ကိုင်လာ‌သော မွေးနေ့ကိတ်။
ဝမ်းသာမူ့‌ ပျော်ရွှင်မူ့ကြောင့်မျက်ရည်များက အိခနဲ ဝိုင်းလာစဉ် ဒယ်ဒီက ပုခုံးကိုဖက်ကာ နှစ်သိမ့်ပေးလာ၏။ထို့နောက် မြိုင်မြိုင်ဆိုင်ဆိုင်ထွက်ပေါ်လာသော သီချင်းသံ ။ အကုန်လုံးသည် ပျော်စရာအတိပြီးနေသည်။ အဖြူရောင် ကိတ်လေးပေါ်မှာ လက်ဝှေ့ထိုးတဲ့အခါမှာ အသုံးပြုလေ့ရှိသော လက်အိတ်အနီလေးနှစ်ဖက်က ခေါင်းချင်းဆိုင်နေတဲ့ဟန်ပြုလုပ်ထားပြီး ဖယောင်းတိုင်ခပ်သေးသေးတစ်ချောင်းကိုထွန်းထား၏။

"ဆုတောင်းပြီး မီးမှုတ်လိုက် "

"ကျေးဇူးတင်ပါတယ်မာမီ "

သူတို့နှစ်ယောက်အတွက် ရည်စူးပြီးပြုလုပ်ထားသော ကိတ်ကလေးကို ကြည့်ပြီး ရွှေဘုံမျက်လုံးမှိတ်ကာ ဆုတောင်းလိုက်ပြီးနောက် ဖ‌ယောင်းတိုင်မီးကို မှုတ်လိုက်သည်။

"ကြည်နူး ထည့်စရာ "

"ငါမသိဘူးလေ ၊ ဒီအိမ်က ခုမှရောက်ဖူးတာ ။ ဘယ်သွားရှာရမှာလဲ။ ကိုထင် ပစ္စည်းတွေရွေ့ပြီးပြီလား"

"တော်တော်များများ အသစ်ဝယ်ထားတယ် ၊ ဟိုဖက်အခန်းကနေဝင်သွားလိုက်၊ အဲ့မှာ မီးဖိုချောင်သုံးပစ္စသည်းတွေရှိတယ် "

ပစ္စည်းရှာ ပုံတော်ဖွင့် နေကြသည်မို့ ကိတ်မုန့်ကြီးအလယ်မှာချကာ ရယ်စရာဖြစ်ကြရသည်။
ကြည်နူးနှင့်ကေသီ ပန်းကန်တွေမကာ ပြန်ထွက်လာမှ ပြန်ပြီးကိတ်မုန့်ခွဲတဲ့လုပ်ငန်းပြန်စရ၏။ပထမဦးဆုံးကိတ်မုန့်တုံးလေးကိုဖဲ့ကာ ဒယ်ဒီနဲ့မာမီကိုအရင်ခွံ့လိုက်ပြီးလျှင် ကေသီကအသံကျယ်ကျယ်ဖြင့်

"မောင်ရွှေ ငါကို့အရင်ခွံ့ "

ရွှေဘုံ ကိတ်ကိုဖဲ့ကာ ပါးစပ်ဟနေတဲ့ ကေသီကိုရှောင်ကာ ထင်ထင်ကိုသွားခွံကာ

"နင့်ကိုဘာလို အရင်ခွံ့ရမှာလဲ။ ဒီမှာ ငါအချစ်ကြီးကျန်သေးတယ် "

"အေးလေ ကေသီမ အရှက်မရှိချက်"

ရွှေဘုံစကားကြောင့် အကုန်လုံးကေသီအားဝိုင်းစကြ၏ ။ သူငယ်ချင်းတွေနဲ့ပြုံးပျော်နေရှာတဲ့ ကောင်ကလေးကို ကြည့်ကာ ရေးညို့ထင်ကိုယ်တိုင်လည်းအပြုံးမစဲတော့ပေ။

" မွေးနေ့မှာ စ၍ နောင်နှစ်ပေါင်းတစ်ရာမက ပျော်ရွှင်ပါစေ ကိုယ့်ကောင်လေးရေ "

"ကျေးဇူးတင်ပါတယ် ထင်ထင် "

အော်သံကျယ်ကြီးက ထပ်မံ့ပြီးထွက်လာကြပြန်သည်။။

"အမလေး ငါသေပါပြီကြည်နူးရယ်၊ ငါတို့ရှေ့ထားပြီးလာRoနေကြတယ်၊ ဒါကိုကြည့်ဖို့ငါခံနိုင်ရည်မရှိဘူး။ "

"အတူတူပဲ ကေသီရယ်၊ အကိုလည်း မျက်နှာပူလွန်းလို့ စောစောပြန်မှထင်တယ်"

ဒီရမောင်၏ ခပ်နောက်နောက်စကားကြောင့် အကုန်ရယ်မောကြပြန်သည်။ဘယ်သူဘာပြောပြော ရွှေဘုံကတော့ အပြုံးမပျက်။
မျက်မှန်လေးပင့်ကာပင့်ကာနှင့် ရေးညို့ထင်အား ခိုးခိုးကြည့်သေးသည်။

" ကဲမွေးနေ့ရှင် ။ မွေးနေ့ကိတ်လည်းခွဲပြီးသွားပြီဆိုတော့ တကူးတကလာရတဲ့ဧည့်သည်တွေကိုကျွေးဖို့ဘာစီစဉ်ထားလဲ "

" ဘာမှမစီစဉ်ထားဘူး။ စားချင်ရင် မာမီတို့နဲ့လိုက်သွား "

တမင်ပင်နှင်ထုတ်လိုက်တာဖြစ်သည်။ စစနောက်နောက် စကားတို့သည် ဒယ်ဒီတို့ရှေ့ဆိုပြီး စကားပြောဆင်ခြင်လိုက်တာမျိုးမရှိသည်မို့ ဘယ်လောက်မျက်နှာပြောင်ပြောင် ဒယ်ဒီကိုတော့ အားနာသေးသည်။

" ကြည့်ပါဦးအန်တီဟန်နီရယ် သမီးတို့ကို ဒီကောင်မောင်ရွှေပလစ်နေပြီတွေ့လား။ သမီးတို့မှာတော့ ပျော်ပါစေဆိုပြီး အဝေးကြီးလာခဲ့ရတာ။ ဒီနေ့အတွက် ဆိုင်မှာလာအပ်တဲ့ပွဲတွေကို ငြင်းခဲ့ရတာ ဘယ်နှစ်ပွဲတောင်မှလဲ။ "

ကေသီ မျက်နှာငယ်လေးနဲ့ တိုင်ပြောတော့ အန်တီဟန်နီသဘောတကျရယ်ကာ ကေသီနဲ့ ကြည်နူးရဲ့လက်ကို တစ်ဖက်စီတွဲ၍

" ဟုတ်လား၊ ဒါဆို အန်တီသား မောင်မောင်ရွှေက သူငယ်ချင်းတွေအပေါ်မှာ အတော်ဆိုးနေတာပဲ ။
နောက်ရက်မှအန်တီ ဆူပေးမယ်၊ ဒီနေ့တော့ အန်တီတို့နဲ့အတူ နေ့ခင်းစာ အတူလိုက်စားပေးပါဦးနော် "

ချော့ခေါ်သွားတဲ့ မာမီကိုကြည့်ကာ ရွှေဘုံရယ်၏။ ဦးမင်းစံကပါပြုံးလျက်

"ကဲ ဒယ်ဒီလည်း ဒီနေ့ ကားမောင်းပို့ပေးလိုက်ဦးမယ်။ ဒီရမောင်ရေ အန်ကယ်တို့နဲ့အတူ မင်းလိုက်ခဲ့တာပိုအဆင်ပြေမယ်ထင်တယ်"

"ဘယ်လိုပြောလိုက်တာလဲအန်ကယ်‌ရယ်၊ လိုက်ရမှာပေါ့ "

ဒီရမောင် ကလည်းတစ်ယောက်ထဲကျန်မနေချင်ခဲ့ဟန်ဖြင့်ဦးမင်းစံဘေးပြေးလိုက်သည်။ အကုန်ပြန်သွားတော့လည်း တိတ်တိတ်ဆိတ်ဆိတ်ဖြစ်သွားပြန်၏။ ရွှေဘုံ ဘေးမှာ ရပ်နေတဲ့ ထင်ထင်အား အတင်းခိုကပ်ကာ မေးဖျားကိုနမ်းလိုက်ပြီး
လက်ဖဝါးဖြန့်ပြလိုက်သည်။

"ထင်ထင် မွေးနေ့လက်ဆောင် "

" ကိုယ်တစ်ယောက်လုံးပေးထားတာတောင်မှ လက်ဆောင်လိုချင်သေးတာလား"

"လိုချင်တယ်။ လက်ဆောင်က လက်ဆောင်၊ထင်ထင်က သက်သက်လေ"

" ဘယ်လိုလုပ်မလဲ ကိုယ်ပြင်ဆင်မထားမိဘူး"

ရွှေဘုံနှုတ်ခမ်းဆူကာ ဖက်ထားရာမှဖယ်ခွာလုဆဲဆဲတွင် လူတစ်ကိုယ်လုံး‌ဆွဲပွေ့ချီခံလိုက်ရပြီး သစ်သားလှေကားထစ်လေးတွေအတိုင်း ထပ်ခိုးလေးပေါ်သို့ ခေါ်ဆောင်ခံလိုက်ရသည်။

" ထင်ထင် ဒါက။ "

ထပ်ခိုးလေး ဆိုပေမဲ့ အတော်ကျယ်တဲ့အနေအထားမှာရှိပြီး အိပ်ယာ ရေချိုးခန်း အ၀တ်ဗီရို အကုန်လုံးကို လှပရှင်းလင်းစွာ ပြင်ဆင်ထားသည်။
အိပ်ယာ၏ခေါင်းရင်းမှာလည်း မှန်အပြည့်ကာထားပြီး အပြင်ကိုထွက်တဲ့ တံခါးပေါက်လည်းရှိသည်။
ထိုတံခါးကနေထွက်လိုက်လျှင် ရေကူးကန်ရှိသည်။ အပေါ်ထပ်မှာပင် တမင်တည်ထားတာမို့ အနားယူလို့အကောင်းဆုံးအနေအထားဖြစ်နေသည်။

"မင်းအတွက်လေ ၊ သဘောကျလား ။ ဒါမွေးနေ့လက်ဆောင်မဟုတ်သေးဘူး။ လက်ဆောင်က အိပ်ယာပေါ်မှာ "

ရွှေဘုံပြေးကောက်ကြည့်စဉ် ၊ သွေးလှူစာအုပ်လေးနှင့်အတူ ကြက်ဥပြုတ်လေးတစ်လုံးဖြစ်နေသည်။

"မင်းမွေးနေ့အတွက်သွေးသွားလှူခဲ့တာမနက်အစောကြီး ၊ အဲ့ဒါ ကြက်ဥနဲ့အအေးဘူးတွေပြန်ပေးလိုက်တာ ၊ကြက်ဥတစ်လုံးပဲကိုယ်ယူပြီးကျန်တာ‌ တွေပြန်လှူပေးခဲ့တာ၊ ဘယ်လိုလဲ လက်ဆောင်ကိုကြိုက်လား"

ရွှေဘုံ ခေါင်းညိမ့်ပြကာ မြန်မြန်ပင်ပြုတ်ပြီးသားကြက်ဥလေးကိုအခွံ့ခွားလိုက်ရင်း

"အရမ်းကောင်းတယ် "

သူတို့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း
ပြုံးမိကြသည်။
လက်ဆောင်ဆိုတာ ပိုက်ဆံနဲ့ဝယ်ယူရတဲ့ ငွေကြေးတန်ဖိုးကိုသတ်မှတ်ကြတာမှမဟုတ်တာ။
ရင်းနဲ့ရင်းတဲ့ အမှတ်တရတွေအကုန်လုံးအဖိုးထိုက်တန်တယ်ဆိုတာ နှလုံးသားချင်းနီးစပ်သူတွေသာ သိနိုင်မည်လား။

တစ်ရက်ပြီးတစ်ရက်ပြောင်းလာသည်နှင့် မိုက်၏ထိုးသတ်မှတ်မဲ့ရက်စွဲသည် နီးစပ်လာခဲ့‌ ချေသည်။
New Yorkကို ခြေချသည်နှင့် ‌မိုက်၏ အချိန်ဇယားသည် ပိုမြိတင်းကြပ်လာခဲ့ပြီး နည်းပြသည်လည်းအနားမှမခွာခဲ့ပေ။
လိုက်ပါလာသူများမှာ ကိုနိုင်း ၊ ရွှေဘုံနှင့် အဓိကလူများဖြစ်တဲ့ နည်းပြနှင့် ဦးမင်းစံ။
လေ့ကျင့်ရေးကိုတော့ အပြည့်အဝဆင်းစရာမလိုတော့ပဲ အဓိက ဆေးနွေး‌ဖြစ်တဲ့အကြောင်းအရာများသည် အနေအထားနှင့် ဟာကွက်များအကြောင်းဖြစ်သည်။

Rekiသည်လည်း black holeမှာ ထိုးသတ်ခွင့်နှင့်အတူ မိုက်ဆီမှ စိန်ခေါ်စာရပြီးကတည်းက အပြင်းအထန်လေ့ကျင့်နေသည်ဟုကြားသိရသည်။
Rekiက black holeမှာ ပွဲဝင်ခွင့်ရဖို့ဘယ်လောက်ခက်ခဲသလည်းဆိုတာ မသိမှာမဟုတ်။
အထူးသဖြင့် မိုက်လို တရားမဝင်ထိုးသတ်တဲ့
ကြေးစားပေါက်စလေးဆီမှ Black holeထိုးသတ်ခွင့်ကြေးပြားရှိနေတာ သူ့အနေနဲ့ထူးဆန်းနေမှာ မလွဲဧကန်ပင်။

Rekiအနေနဲ့လွန်ခဲ့သော 4နှစ်‌ လောက်က
ထိုစင်ပေါ်မှာ ထိုးသတ်ခွင့်ရဖူးခဲ့ပေမဲ့ ယခုမူ သူ့အဆင့်က အောက်ကြေးလောက်နှင့်သာ ထိုးသတ်နေရတဲ့တတိယတန်းစားအဆင့်လောက်သာရှိတော့သည်။ အားလုံးရဲ့ အိမ်မက်က black holeမှာ ထိုးသတ်ခွင့်ရဖို့ပင်။
ကံကောင်းရင် ထိုစင်ပေါ်မှာ တရားဝင် စိန်ခေါ်ပွဲတွေ ကစားနိုင်တဲ့ ရွှေပြားအဆင့် ထိုးသတ်ခွင့်ဝင်ခွင့်လွှာရမည်ပင်။ ထိုရွှေပြားတွင် မိမိ၏နာမည်နှင့်တကွ
Black Hole၏ပိုင်ဆိုင်သူလက်မှတ်ရှိပါက တရားဝင် Black hole ကစားသမားဖြစ်လာမည်ဖြစ်သည်။
တရားဝင်ကစားသမား အရေအတွက်သည်ပင် တ
ကမ္ဘာလုံးအတိုင်းအတာနှင့် ၁၆ယောက်တိတိသာရှိပြီးထိုသူများ၏ နာမည်အဆင့်အတန်းသည် ပထမတန်းစားအဖြစ်ကျော်ကြားကာ ပရိတ်သတ်မြောက်များစွာနှင့် နာမည်ကြီးအနုပညာရှင်တွေအလား ဝင်ငွေရှိသည်ဟု ကြားသိရသည်။

ဒီတစ်နှစ်အတွင်း Black holeမှ မွေးထုတ်ပေးသော တရားဝင်ရွှေပြားကတ်ရရှိသူ ကစားသမားမရှိသေးပေ။
ထိုကတ်ကိုရချင်သူတွေအမြောက်များရှိသော်လည်း
Black holeမှာ ပွဲကစားခွင့် ဧည့်သည် ကြေးပြားတောင်မှ ရရှိဖူးသူခပ်ရှားရှားပင်ဖြစ်သည်။

ည။
New York ညခင်းသည် မည်မျှလှပပါသနည်း။
ဒါတွေ ရွှေဘုံ မခံစားနိုင်ပါ။
ငြိမ်သက်စွာထိုင်နေတဲ့ ထင်ထင် ပုခုံးသားတွေကို သေချာ နှိပ်နယ်ပေးနေမိသည်။
ကြေးနီရောင်ထနေတဲ့ အသားအရေပေါ်မှာ အမာရွတ်တွေနဲ့ အသားမာတွေ အများအပြားတည်ရှိနေပြီး
ကြံ့ခိုင်မူ့ရှိတဲ့ ကိုယ်ထည်သည် တောင့်တင်းကာ
၅လနီးပါးအတွင်း သေချာ ပြုပြင်ထားသလို
ဖွဲ့စည်းပုံမှာ သေသပ်လှပလွန်းသည်။

" ရွှေဘုံ မင်းစိတ်လှုပ်ရှားနေလား "

သူ့ကိုယ်ပေါ်မှာရွေ့လျားနေတဲ့အေးစက်စက် လက်ကလေးသည် တစ်ချက် တွန့်သွားရုံမှလွဲပြီး ရပ်တန့်မသွားခဲ့။

"နည်းနည်းလေးစိုးရိမ်နေပေမဲ့ ကျွန်တော် ထင်ထင်ကိုယုံတယ်"

" မင်းရင့်ကျက်လာပြီ"

"ထင်ထင်ကြောင့်ပါ"

"မင်းကိုယ့်ကိုချစ်သလား"

" ထင်ထင်အနိုင်ယူခဲ့။ အဲ့ဒါဆို တစ်ပွဲလုံးကြားအောင် အော်ပြမယ်"

တိုးသက်သော ရယ်သံလေးထွက်လာ၏။ ထို့နောက် ပုခုံးပေါ်က လက်ကလေးကိုဆွဲယူကာ ဖွဖွနမ်းသည်။

"မင်း‌ ပြောတဲ့စကား ကိုမှတ်ထားနော်"

"ကျွန်တော်ခင်ဗျားယောကျာ်းပါ "

"ဟုတ်ပြီ"

ထိုအချိန်အခန်းအတွင်း ကိုနိုင်းဝင်လာသည်။

"အဆင်သင့်ဖြစ်ပြီလား "

မိုက်မတ်တပ်ထရပ်လိုက်သည်နှင့် အပေါ်ထပ်ဝတ်ရုံရှည်တစ်ထည် ရွှေဘုံထပ်ဝတ်ပေးလိုက်သည်။
ထို့နောက် လက်မှာပတ်ထားသော ပိတ်သား အဖြူရောင်အား သေချာ စည်းနှောင်ထားမထားကိုနိုင်းစစ်ဆေးသည်။
ပွဲစမဲ့ကြေငြာသံထွက်လာသည်နှင့် ကိုနိုင်းတံခါးဖွင့်လိုက်လျှင် ပရိတ်သတ်တွေဆီမှ သောင်းသောင်းဖျဖျအော်ဟစ်အားပေးသံများတခဲနက်ထွက်လာ၏။ အစီအစဉ်တင်ဆက်သူသည် မိုက်နှင့် စင်ပေါ်ကနေ အော်လိုက်သည်နှင့် သူတို့အုပ်စုသည် လျှောက်လမ်းကနေအပြေးထွက်ခဲ့ကြသည်။

လူထုသည်
မျှော်လင့်မထားတဲ့ပမာဏဖြစ်သည်။
အနက်‌ ရောင်လူပင်လယ်ကြီး၊ အဆုံးအဆမရှိသလို များပြားလွန်သည်။ သူထွက်လာသည်နှင့်ကောင်းကင်ယံမှအဖြူရောင်အလင်းတန်းကြီးသည် သူရှိရာနေရာအား ထင်ရှားစွာပြသလာသည်။ တပြေးညီထုတ်လွှင့်နေတဲ့ ရုပ်သံလိုင်းတွေသည်လည်း နေရာအနှံ့ပျံဝဲနေပြီး လျှောက်လမ်းအတိုင်း သူ့နောက်မှာ လိုက်ပါလာတဲ့ ဦးမင်းစံစီစဉ်ပေးထားသော ဆေးအဖွဲ့နှင့် ဘေးမှာလိုအပ်တာလုပ်ပေးနိုင်မဲ့လူအုပ်စုလည်းရှိ‌ နေသည်။

ကြီးမားလှသော ကြိုးဝိုင်းကြီးသည် ခန့်ညားစွာ မိုက်အားစီးလို့ကြိုနေ၏။
လှုပ်ရှားမူ့ အသေးစားကအစ တင်ဆက်ရိုက်ကူးပေးနေသောကင်မရာမှတဆင့် ပရိတ်သတ်မြင်သာအောင်ပြ‌သထားတဲ့ LED ဖန်သားပြင်မှာ မိုက်၏ကိုယ်ရေးအကျဉ်းကထင်ရှားစွာရှိနေသည်။

စစ်ဆေးတဲ့သူသည် မိုက်အား အထက်အောက်သေချာစွာ စစ်ဆေးပြီးနောက် စင်ပေါ်ကိုတက်စေလိုက်သည်။

"ထင်ထင် "

မိုက်လှည့်ကြည့်လျှင် ကောင်ကလေးသည် ရဲဝင့်သော မျက်နှာထားနဲ့ရှိနေပြီး ‌တောက်ပစွာ ပြုံးပြလာသည်။

" ကျွန်တော် ဘယ်မှမသွားပဲ သေချာကြည့်နေမယ် "

မိုက်ပြန်ပြုံးပြပြီး စင်ပေါ်တက်လိုက်သည်။
သူ့စိတ်ထဲမှာ ပေါ့ပါးနေသည်မို့ စိုးရိမ်ကြောင့်ကျမူ့ကမရှိတော့ပေ။
သူစင်ပေါ်ရောက်သည့်အချိန်တွင်Reki တက်လာခဲ့သည်။

" မိုက် မတွေ့တာကြာပြီ"

"ဟုတ်တယ် ၊ခင်ဗျားကို စင်ပေါ်ကဆွဲချမလို့ ကျုပ်ပြင်ဆင်နေတာ "

Reki ပခုံးတွန့်ကာ လက်ကိုမြောက်၍ ပရိတ်သတ်ဖက်ကိုလှည့်လိုက်ပြီး အသံကုန်ဟစ်ကာ အော်လိုက်လျှင် အောက်မှာရှိတဲ့ ပရိတ်သတ်များကလည်းပြန်လည်အောါဟစ်ကြသည်။
ကိုယ်ထည်ချင်းကွာနေသေးသည်မို့ အရှုံးအနိုင်ကို
လူထုက သူတို့ဘာသာ ခွဲခြားနေကြသည့်အထိ။

ဒိုင်သည် Rekiကို မိုက်နဲ့မျက်နှာချင်းဆိုင်ရပ်စေပြီး
လက်သီးချင်းတိုက်ကာ ပွဲစစေသည်။
မောင်းသံသည် ကျယ်လောင်စွာထွက်ပေါ်လာသည်နှင့် Rekiသည် အရှိန်နဲ့ပြေးဝင်လာကာ မိုက်အားထိုးလေသည်။ မိုက် အသာလေးဘေးကပ်ရှောင်လိုက်လျှင် ၊Rekiသည်အရှိန်မထိန်းနိုင်ပဲ ကြိုးစင်နဲ့ပြေးကပ်သွား၏။ ထို့နောက် သွေးဆူသွားသကဲ့သို့ ဒေါသတကြီးပြန်ထကာ မိုက်‌အား ခါးမှမြောက်ကာ ပစ်ပေါက်လိုက်လျှင် မိုက်က အပစ်မခံပဲ ဂုတ်မှဆွဲကာ ဒူးနဲ့ Rekiအားတိုက်သည်။ ပွဲသည် ဆူညံ့စွာအားပေးသံများနှင့်ပြည့်နက်သွား၏။ လူထုသည် မိုက်အား အကောင်သေးသည်ဟုထင်ကာ အစပိုင်းတွင် ကျေနပ်မူ့မရှိခဲ့။ ယခုမူ လူထုအမြင်ပြောင်းလဲလာပြီး မိုက်အား အားပေးသံများဆူညံ့လာသည်အထိပင်။

"မိုက် ၊ ခံစစ်ကို ရွေး ။ သူရေရှည်အမောမခံနိုင်ဘူး "

ကိုနိုင်းသည် စင်အောက်မှ ပြေးကာ အော်သည်။
ရွှေဘုံကလည်း စိုးရိမ်တကြီး ကြည့်ကာ မိုက်နာမည်ကို အသံပြာအောင် အော်ဟစ်နေမိသည်။
ပထမတစ်ချီပြီးသည်ထိ ပွဲသည် ခန့်မှန်းမရနိုင်သေး။
နားချိန်ပေးသည်နှင့် ဆေးအဖွဲ့နှင့်အတူ ရွှေဘုံပါ စင်ပေါ်ပြေးတက်သည်။
မိုက်သည် အနည်းငယ်မောနေပြီး ချွေးတွေရွဲကာ နှုတ်ခမ်းထောင့်သည်အထိုးခံရမူ့ကြောင့် ကွဲကာ သွေးထွက်နေ၏။
ရွှေဘုံ ရေခဲထုတ်နဲ့ကပ်ကာ

" ထင်ထင် ၊ လောမကြီးနဲ့ ခင်ဗျား တကယ်တိုးတက်လာတယ်။ ကျွန်တော်အောက်မှာရှိနေတုန်း လူတွေအကုန်လုံးခင်ဗျားနာမည်အော်ပြီးအားပေးနေကြတယ် "

ခဏအကြာတွင် နားချိန်ပြည့်ပြီမို့ အကုန်အောက်ပြန်ဆင်းရသည်။
ပွဲသည်ပြန်စချေပြီ။

မိုက် တိုးတက်လာသလို Rekiသည်လည်း ပြီးခဲ့တဲ့ သတ်ကွင်းကနှင့်လားလားမျှမသက်ဆိုင်စွာ တိုးတက်လာခဲ့သည်။ black hole၏ကျော်ကြားမှုကြောင့် Rekiသည်လည်းအကြီးမားဆုံးပြင်ဆင်လာခဲ့ဟန်။
ဒိုင်သည်ထိုးသတ်ရန်အချက်ပေးလာသည်။
ကြိုးဝိုင်း၏ဒေါင့်တနေရာသို့ခြေလှမ်းဆုတ်ကာ မိုက်သည် Rekiအားနည်းချက်အားကြည့်သည်။
Rekiသည် Tonyနှင့် ကစားကွက်ဆင်တူသလို လှုပ်ရှားဟန်လည်းတူညီသယောင်ရှိသည်။
ထွားကျိုင်းသူများမို့ မိုက်ထက်စာရင် Reki ရော Tonyရော အပင်ပန်းခံနိုင်မူ့အားနည်း၏
ပထမအချီ လေ့လာအကဲရသလောက် Reki၏အားနည်းချက်သည် လည်ပင်း ရင်ဘတ်တို့မှာဖြစ်လေသည်။
ထို့ကြောင့် လူလုံးမိတိုင်း အဓိကသေကွင်းသေကွက်တို့အားရှောင်ရှား၍ ထိုးနှက်ဖို့ကြိုးစားလိုက်သည်။

Reki အား မိုက် အရင် လက်သီးနှင့်ထိုးလိုက်လျှင်ထိုလက်အား Rekiကားဖမ်းဆုပ်၍ လိမ်ချိုးချုပ်နှောင်ဖို့ ကိုယ်အားတစ်ပတ်လှည့်လိုက်သည်။ မိုက်သည် အလှည့်မခံပဲ ချုပ်ထားတဲ့ လက်ကိုပြန်ဆွဲကာဒူးနှင့် ဗိုက်အားတိုက်သည်။
ပထမ တစ်ချက်ထိ Rekiအား ဖယ်ရှားဖို့မတက်နိုင်သေး ။ တတိယတစ်ချက်တွင် Reki ချုပ်ထားရာမှ လွတ်ကာ မိုက်မျက်နှာအားလည်ထွက်အောင် ထိုးလိုက်လျှင် နှာနုရိုးကျိုးကာ သွေးတွေဒလဟော စီးကျလာပြီး Rekiသည်လည်းမိုက်၏ဒူးချက်ကြောင့် ခန္ဓာကိုယ်ကွေးညွတ်သွား၏။

ရွှေဘုံ စိုးရိမ်တကြီး အော်ကာ စင်အောက်ကနေ ထင်ထင်နဲ့အနီးဆုံးနေရာရောက်အောင်ပတ်ပြေးလိုက်သည်။

‌မိုက် ခေါင်းမ‌ ထောင်နိုင်အောင်မူးဝေသွားသည်မို့
ကြိုးစင်၏လက်ရန်းတိုင်ကို မှီကာ မတ်မတ်ကြိုးစားရပ်လိုက်သည်။ နှာခေါင်းတလျှောက်စီးလာသော သွေးတွေက သုတ်လေ ထွက်လေမို့ ခေါင်းမော့ကာ ခဏ ငြိမ်လိုက်စဉ် ဒိုင်သည် အဆင်ပြေသလားဟု လာမေး၏။ သူခေါင်းညိမ့်ကာ ဆက်ထိုးနိုင်သည်ဟုပြောလိုက်လျှင် ပွဲအားဆက်ထိုးဖို့ မျက်နှာချင်းဆိုင်ပြန်ရပ်စေ၏ အသားနာအောင်ထိုးသတ်ရတဲ့ကစားနည်းမို့ နှစ်ယောက်စလုံး ဖူးယောင်နေပြီဖြစ်သည်။
မိုက်အချိန်မဆွဲလိုတော့ပြီ။
Reki၏ ဘေးကနေကြိုးဝိုင်းအားပတ်လျှောက်ရင်း
အခြေနေကြည့်ကာ ထပ်မံ့ဝင်ထိုးလျှင် Rekiသည် သူ့အားအလစ်မပေးပဲ ချုပ်လိုက်နိုင်သည်။
ပခုံးမှ မလှုပ်နိုင်အောင်ချုပ်ကာ မိုက်ဝမ်းဗိုက်အား လက်သီးဖြင့်ထိုးသည်။ မိုက်သည်လည်းအလွှတ်မပေးပဲ Reki၏ နံကြားအားဒူးနဲ့တိုက်သည်။
အချိန်အတော်ကြာအောင် တစ်ယောက်နှင့်တစ်ယောက်မလွှတ်ပဲ ချုပ်ထားဆဲမို့ ဒိုင်သည်ပြေးကာလူစုခွဲစေ၏။

နောက်ဆုံးအချီရောက်သည့်အခါတွင် မိုက်မျက်နှာတစ်ခုလုံး ယောင်ကိုင်းနေပြီဖြစ်သည်။
ဒိုင်သည် ပွဲစပြီဟု လက်ဟန်ခြေဟန်ပြသည့်အခါတွင် Rekiသည် ပြေးလုံးကာ မိုက်အား ကိုင်ပေါက်လိုက်ချေသည်။

ပစ်ရိုက်ခံလိုက်ရသည်မို့ နံရိုးဆီမှ ဂျွတ်ခနဲ အသံကြားလိုက်ရပြီး လူက ချက်ခြင်းမထနိုင်တော့ ။
ထိုအချိန်မှာ Reki ရောက်လာပြီး မိုက်အာ အရုပ်တစ်ရုပ်လိုဆွဲမကာ ပြင်းထန်သော လက်သီးချက်များဖြင့် ထိုးနှက်တော့သည်။
မခုခံနိုင်ချိန် Rekiထံမှာ အပြင်းထန်ဆုံး လက်သီးချက်က မျက်နှာအား လည်ထွက်သွားစေပြီး ကြမ်းပေါ်သို့လူက ပုံခနဲကျသွား၏

နာကျင်မူ့နဲ့အတူ အူထိုင်း‌သွားသော နားစည်။
ပတ်ဝန်းကျင်၏ဆူညံ့မူ့တွေကို သူမကြားရတော့ပေ။
ထိုအစား စင်ဘေးမှာ ကပ်အော်နေသော ကောင်ကလေးအားတွေ့ရ၏။ စင်၏ ကြမ်းပေါ်ကို ရိုက်ပုတ်ရင်း မျက်ရည်လည်ရွှဲငိုနေပြီး နှုတ်မှလည်း စကားတွေအကျယ်ကြီးအော်ပြောနေသည်။ သို့သော် ထိုအသံတွေအား သူမကြားရတော့။

"ထင်ထင် ! ထင်ထင်။ "

"သတိထား ၊။ သတိထားစမ်း ၊ ပြန်ထ ၊ ရေးညို့ထင် ခုပြန်ထနော် ၊မဟုတ်ရင် ခင်ဗျားကြားချင်တဲ့ ချစ်တယ်ဆို‌တဲ့စကားတွေ ကျွန်တော် မပြောတော့ဘူး ။ ပြန်ထစမ်း ၊ ခင်ဗျား လုပ်နိုင်တယ်။ ဟိတ်လူ ကျွန်တော်ပြောတာ ကြားလား "

သူအကြိမ်ကြိမ်အော်သည် ၊သို့သော် ထင်ထင်ကား သွေးအလိမ်းလိမ်းဖြင့်ပြန်မထနိုင်တော့။ ။

ဒိုင်လူကြီးသည် မိုက်ဘေးမှ ဒူးထောက်ပြီး
နံပါတ်စဉ်အော်လေပြီ။

ရွှေဘုံ ကမ္ဘာပျက်ကာ လက်ဖဝါးတွေနာကျင်သည်ထိ ရိုက်ကာ ထင်ထင်အားအသိစိတ်ဝင်အောင် ကြိုးစားပေးနေမိသည် ။

"1...2....3...."

"ထင်ထင် ထပါ။ ထလိုက်ပါ ၊ ခင်ဗျား လုပ်နိုင်တယ် ။။ ‌"

"4...5....6..."

" ရေးညို့ထင်။ ခုထစမ်း။ !!!!! "

စူးခနဲ နေအောင် အော်လိုက်သံအဆုံးတွင် မိုက်အသိစိတ်ပြန်ဝင်လာပြီး ထ ဖို့ကြိုးစားလိုက်သည် ။

"7...8..."

ပရိတ်သတ်တွေစီမှ တဖန်ပြန်လည်အော်ဟစ်သံများ ဆူညံ့လာသည်။
မိုက်ပြန်ထနိုင်လိုက်ပြီ။

ရွှေဘုံ ငိုကာ စင်ထောင့်မှာထိုင်ချလိုက်မိသည်အထိပင်။။ ဦးမင်းစံသည် ပွဲကြည့်စင်မှကြည့်ကာ မျက်လုံးစုံမှိတ်လိုက်သည်။ အတော်ကြာမှအားယူလိုက်သလို ပြင်ဆင်ပြီး ‌ပြန်ဖွင့်လာပြီးနောက်မှာ မိုက်သည် ပြန်လည်ထိုးသတ်ဖို့ အဆင်သင့်ဖြစ်နေပြီ။

Rekiသည် တအံ့တဩမိုက်အားကြည့်ကာ ထိုးသတ်ဖို့မေ့နေ၏။ သူ့ခေါင်းပြောင်ကြီးသည် စိတ်ပျက်စွာ အကြောများထောင်ထနေသည်ထိဖြစ်‌‌ေနသည်။

ဒိုင် အချက်ပေးသည်နှင့် Rekiဒေါသတကြီးပြေးထိုး၏။ မိုက်သည် ဖွဲအိတ်တစ်အိတ်လို အထိုးခံထားရသည်မို့ မျက်နှာတစ်လျှောက်လုံး ညိုငမ်းဖောင်းကားနေရုံမက မျက်လုံးတစ်ဖက်သည် မျက်ခမ်းထောင့်စွန်းကွဲသွားသည်မို့ ဖွင့်မရအောင်မှေးမှိတ်နေချေသည်။ Reki ထိုးချိန်တွင် သူရှောင်ချိန်မရ ။ ထို့အစား သူ့ညာဖက် ပါးစောင်သည် ပူထူသွားကာ အတွင်းဖက်မှာ ကွဲသွားသည်ထင် ပါးစပ်တစ်ခုလုံးသွေးတွေရဲလာ၏။
မိုက် အားတင်းကာ ကြိုးစင်ထောင့်တိုင်ကို ရပ်လိုက်ချိန်တွင် ရွှေဘုံ ပြေးကာ

" မိုက်။ နောက်ဆုံးပွဲသိမ်းတိုက်ကွက်မှတ်မိလား။
ခင်ဗျားရဲ့ ဘယ်ကန်ချက်လေး တကယ်လှတယ် လို့ ကျွန်တော် ပြောဘူးတယ်လေ။ အဲ့အကွက်လေး ကျွန်တော်ကြည့်ချင်တယ်။ ဒီပွဲနိုင်ရင် အချိန်တိုင်း ခင်ဗျားကို အထက်လူဖြစ်ခွင့်ပေးမယ်။ မဟုတ်ရင် ခင်ဗျား တစ်သက်လုံးကျွန်တော်အောက်မှာ နေရမယ်မှတ် "

ရွှေဘုံ အသံကြောင့် ဒဏ်ရာတွေကြားထဲမှာ မချိမဆန့်ရယ်မိသေးသည်။ ထို့နောက် မိုက်သည် ကြိုးကိုကိုင်ကာ မတ်မတ်ရပ်လိုက်သည်။ ပွဲသိမ်းချိန်သည် နီးကပ်လာချေပြီ။ နောက်ဆုံး အချိန် တစ်မိနစ်သာ ကျန်တော့သည်မို့ Rekiကလည်း ပွဲသိမ်းပေးဖို့မစောင့်တော့။

ဒိုင်ဆီမှ ခရာမှုတ်သံထွက်လာပြီးနောက် Reki
ပြေးလာတဲ့အချိန် မိုက် ကိုယ်ကို တပတ်လှည့်ကာ
သူ့၏ဘယ်ခြေထောက်ကို မြောက်ကာ ကန်ထည့်လိုက်လျှင် Reki ယိမ်းယိုင်သွား၏။ ထိုအချိန်မှာ မိုက်ပြေးကာ ခုန်ပြီးမေးဖျားအား ဒူးဖြင့်ပြေးတိုက်လိုက်ပြီးလဲမကျခင် ဘယ်လက်သီးနှင့်ဆက်တိုက် ဝေ့ထိုးပစ်လိုက်သည်။

Reki မခုခံနိုင်တော့ပဲ ဘိုင်းခနဲ လဲကျသွားချိန်တွင်

ရွှီ

ခရာသံအကျယ်အကြီးထွက်လာပြီးပွဲသိမ်းသွားခဲ့ပြီ။
နောက်ဆုံး စက္ကန့် အတွင်း Rekiအား မိုက်အနိုင်ယူလိုက်သည်။ လူတွေအကုန်လုံး အော်ဟစ်အားပေးကြပြီး မိုးပေါ်မှာ ငွေရောင် အမျှင်များ ခန်းမအပြည့် ကျဆင်းလာကြ၏။

ရွှေဘုံ ကြိုးဝိုင်းပေါ်ပြေးတက်ကာ
ထင်ထင်အားပြေးတက်ဖက်လိုက်လျှင် ဒဏ်ရာတွေနဲ့မို့ ပြန်မပွေ့နိုင်စွာ ကြိုးစင်ထောင့်ထိ ယိုင်နဲ့တော့၏။

"ထင်ထင် တော်တယ်၊ ခင်ဗျား သိပ်တော်တယ်"

သူမျက်နှာ အနှံ့နမ်းကာ တတွတ်တွတ်ပြော‌ ပြောပြီး စင်အောက်ပြန်ဆင်းလိုက်ရသည်။
ခဏအကြာတွင် အစီအစဉ်တင်ဆက်သူတက်လာကာ
မိုက်အား အနိုင်ရကြောင်း ကြေငြာပေးလာသည်။

LED ဖန်သားပြင်ပေါ်တွင် မိုက်မျက်နှာအား အနီးကပ်ရိုက်ပြထားပြီး Rekiကတော့ မေးရိုးကျိုးသွားသည်မို့ ပြန်မထနိုင်တော့ပဲ ဆေးရုံတန်းပို့လိုက်ရသည့်အ‌ခြေအနေဖြစ်သွားခဲ့သည်။

" ဒီနေ့ အနိုင်ရရှိသွားသူ မိုက်အတွက် Black holeကနေ အထူးဆုကြေးငွေအပြင် မျှော်လင့်မထားတဲ့ လက်ဆောင်တစ်ခုပြင်ဆင်ထားပါတယ်။ အဲ့ဒါကတော့ Black holeမှာ တန်ဖိုးအကြီးဆုံး ပစ္စည်းတစ်ခုပါ။ အဲ့ပစ္စည်းကို Black holeကနေ ဘယ်သူ့မှမပေးဖြစ်တာ ၁နှစ်ကျော် ၂နှစ်နီးပါးရှိပါတော့မယ် ။ အဲ့ဒါ ဘာဖြစ်မယ်ထင်လဲ။ "

အစီအစဉ်တင်ဆက်သူဆီမှ ပရိတ်သတ်အားဆွဲဆောင်တဲ့ စကားကြောင့် အကုန်လုံး အားမာန်အပြည့်နဲ့ အော်လာပြန်သည်။

"ရွှေရောင်ကတ် "

"ရွှေရောင် ကတ်"

"ဟုတ်ပါတယ် ၊အားလုံးသိထားတဲ့ ရွှေရောင်ကတ်ကို
အာရှသား တစ်ယောက်ကို ပထမဦးဆုံးအကြိမ် Black holeကနေ ချီးမြင့်လိုက်တာပါ။ "

တချိန်ထဲ စင်ပေါ်ကို လှပသော အမျိုးသမီးငယ်နှစ်ယောက် တက်လာပြီး ရွှေခါးပတ်တစ်ခုနှင့် ရွှေလင်ပန်းနှင့်တင်ဆောင်လာသော ရွှေရောင်ကတ်တစ်ခုကို ယူဆောင်လာသည်။

" ဘယ်လိုလဲ။ ခင်ဗျား ဒီပွဲကို ကျေနပ်မူ့ရှိရဲ့လား "

မိုက် မျက်မှောင်ကြုတ်လိုက်သည်။ သို့သော် ကွဲနေသော မျက်ခမ်းစပ်ကြောင့် သူ့မျက်နှာ တစ်ခြမ်းလုံး
ဆိုးဆိုးဝါးဝါး‌ ယောင်သည်မို့ မည်သူမှထူးခြားစွာမြင်မသွားခဲ့။ တင်ဆက်သူပေးလာတဲ့မိုက်ကိုမယူပဲ သူ့ခေါင်းကိုငုံ့ကာ ဒီတိုင်း‌ အော်ပြောလိုက်၏။

"ခင်ဗျား ရွှေရောင်ကတ်က ရွှေအစစ်လား "

ပရိတ်သတ်အကုန်လုံးရယ်စရာ ပျက်လုံးကြားလိုက်သည့်နှယ် ရယ်မောကုန်ကြ၏။

"အစစ်ပါဗျာ ၊ မယုံရင် သွားနဲ့ကိုက်ကြည့်ပါ"

တင်ဆက်သူကလည်း နာမည်ကြီးပီပီ အရွှန်းပြန်ဖောက်လိုက်သည်။ ထို့နောက် မိုက်ဆက်ပြောသည်။

" ဒါဆို ဒီကတ်ကို ကျွန်‌ တော့်‌ ကောင်လေးကိုပေးလို့ရမလား "

ထပ်မံ့ပြီးရယ်သံ‌တွေ ထွက်လာကြပြန်သည်။
ရွှေဘုံ စင်အောက်မှာ ရပ်ကာ သူပါရောယောင်ရယ်မိတော့သည်။

တင်ဆက်သူသည် မျက်လုံးပြူးနဲ့ကြည့်ကာ

"ခင်ဗျား သူ့ကို ပေးပြီးဘာလုပ်မလို့လဲ။ ဒီကတ်က ခင်ဗျား အတွက် ရွှေရောင်လွှမ်းစေမဲ့ အနာဂတ်ရှိတာရော ခင်ဗျား သိရဲ့လား"

" ကျွန် တော်မသိဘူး။ ကျွန်‌ေတာ်သိတဲ့ ရွှေရောင် အနာဂတ်က သက်သက်ရှိတယ်။ ဒါပေမဲ့ ဒိကတ်ကို သူ့ကိုပေးလိုက်ရင်တော့ သူပျော်သွားမယ်ထင်တယ်။ "

သူ အစီစဉ်တင်ဆက်သူဆီက မိုက်ကို ဆွဲယူကာအကုန်လုံးနားလည်အောင် အဂ်လိပ်လို ‌မေးလိုက်သည်။

"ရွှေဘုံ မင်းဒီကတ်ကို ရချင်လား။ "

အဖြူရောင်အလင်းတန်းသည် စင်အောက်က ကြိုးဝိုင်းဘေးမှာ ဖြာကျလာသည်။ ထိုနေရာမှာ ရွှေဘုံ ရပ်နေပြီး မိုက်အား ခင်ဗျားမလွယ်ဘူး ဟူသည့်မျက်နှာဖြင့်ပြန်ကြည့်နေပြီး အတော်ကြာမှ
လူတစ်ယောက်လာပေးတဲ့ မိုက်ကိုယူကာ ပြန်ဖြေပေးလိုက်သည်။

"ရချင်ပါတယ်"

"တွေ့လား ။ သူရချင်နေတယ်။ ဒါဆို ဒီကတ်ထက် တန်ဖိုးကြီးတာ တစ်ခုသူ့ဆီက ပြန်တောင်းကြည့်လိုက်မယ်။
သူမပေးဘူးဆိုရင် ကျွန်တော်လည်းသူ့ကိုမပေးတော့ဘူးလေ ။ အဲ့ဒါဆို အဆင်ပြေမလား"

တင်ဆက်သူသည် ပခုံးတွန့်ကာ မျက်ဖြူ လှန်ပြသည်မို့ ပရိတ်သတ်တွေသည် ရယ်မောကျပြန်သည်။

" ဒါဆို ဒီကတ်ကို မင်းကို မပေးခင် ၊ မင်းဆီက တစ်ခုပြန်ရချင်တယ်။ "

ရွှေဘုံ မျက်လုံးပြူးပြလျှင် မိုက် ရယ်ကာ ဆက်ပြောလာ၏။

" ကိုယ်မင်းကို လက်ထပ်ချင်တယ် ။ မင်း ခွင့်ပြုပေးနိုင်မလား "

လက်ခုတ်သံတွေနဲ့ အော်သံတွေသည် ဆူညံစွာ ထွက်ပေါ်လာပြီး လက်ခံလိုက် လက်ခံလိုက် ဆိုတဲ့ အသံတွေကလည်းဆက်တိုက်ဆိုသလိုထွက်လာ၏ ရွှေဘုံ ရှက်ရဲရဲ ကြည့်ကာ ဘာဆက်ပြောရမှန်းမသိဝမ်းနည်းလာ၏။ လူတွေသည် အော်ဟစ်နေကြဆဲ။
လက်ဝှေ့ပွဲမှာ သောင်းသောင်းဖျဖျအော်သံတွေသည်
ထူးကဲစွာ သွေးသံရဲရဲမျက်နှာဖြင့် တောင်းဆိုနေတဲ့
လက်ဝှေ့သမားတစ်ယောက်ကို အားပေးဝန်းရံနေသည့်ဟန်။ ပထမအကြိမ်လက်ထပ်ထားပေမဲ့ ထိုပွဲသည် နှစ်ဦးသဘောတူချစ်ခြင်းမေတ္တာမပါဝင်ခဲ့။

ရွှေဘုံ မျက်ရည်များဖြင့် ပြန်ကြည့်ရင်း
မိုက်ကို ပါးစပ်ဖျားကပ်ကာ

"Yes"
ဟုအော်လိုက်လျှင် အစီစဉ်တင်ဆက်သူပါ လက်ခုတ်တီးကာ အားပေးလာသည်။

ပထမဦးဆုံး အကြိမ်အာရှသားတစ်ယောက်အား ရွှေရောင်ကတ်ပေးဖူးခြင်း။
ပထမဦးဆုံးအကြိမ် ထိုကတ်ဖြင့် သူ့ကောင်လေးကို ပြန်လည်လက်ထပ်ခွင့်တောင်းခံလိုက်ခြင်း။
ပထမဦးဆုံးအကြိမ် Black holeလိုနေရာမှာ
လူသိရှင်ကြား လက်ထပ်ခွင့်တောင်းကာ
သူတို့ကတ်အား လက်စွပ်အစားအသုံးပြုလိုက်ခြင်း။
နောက်ပြီးကြီးကျယ်ခန်းနားသော black holeလိုနေရာမှာ ကလေးဆန်စွာ ပြုမူနေခြင်းအပေါ် ရုပ်သံလိုင်းတွေမှတဆင့်ကြည့်ရူ့နေကြသူများအတွက်
ရယ်မောကာ ချစ်စရာကောင်းတဲ့ အဖြစ်အပျက်အဖြစ် အင်တာနက်အသုံးပြုသူတွေကြားမှာ အလျှင်အမြန်ပင် ရေပန်းစားသွားတော့သည်။

ပြီးပါပြီ။
အိမ်စည်။

( ဒီficလေး အဆုံးသတ်သွားခဲ့ပြီ။ ပုံဖော်ချင်တဲ့ဇာတ်ကောင်တစ်ခုဖြစ်ပေမဲ့ ကျေနပ်လောက်စရာဖြစ်မလာခဲ့ဘူး။ အစအဆုံး အတူလိုက်ပါပေးခဲ့အတွက် ကျေးဇူးတင်ပါတယ်က လွဲပြီး ပြောစရာစကားမရှိတော့ပါဘူး။ တကယ် စိတ်ရင်းအတိုင်းပြောပါရစေ။ ကျေးဇူးတင်ပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်။ ဒီလကုန်အထိ ဖတ်မဲ့သူရှိရင် ပြီးအောင်ဖတ်ပေးပါ။ အဆင်မပြေတဲ့ဇာတ်ကွက်တွေအားလုံးပြင်စရာရှိလို့ unမှာပါ။ ဘယ်အချိန်တင်ပေးမလဲမသိလို့ နောက်မှ ပြန်တင်ပေးပါလို့ လာပြောရင် ကိုယ်ဘာမှတက်နိုင်မှာမဟုတ်ပါဘူး။ အဲ့အတွက် လကုန်မရောက်ခင် အပြီးဖတ်ပေးကြပါ/ ဒီဇာတ်လမ်းက စိတ်ကူးယဉ်ရေးဖွဲ့ထားတာမို့ အပြင်နဲ့တူညီမှာမဟုတ်ပါဘူး )

ဒီေန့ဟာTonyႏွင့္ထိုးသတ္ရန္သတ္မွတ္ထားေသာေန့တစ္ေန့ျဖစ္သည္။
မနက္မိုးလင္းကတည္းက မိုက္သည္ခြန္အားအျပၫ့္ျဖင့္တက္ႂကြလြန္းေနခဲ့သည္။ ေကာင္က‌ေလး ႏွင့္ေဆြးေနြး ၿပီးေနာက္ပိုင္းမွာသူ၏စိတ္ဓာတ္ေရးရာကိုေပါ့ပါးစြာေျပာင္းလဲခဲ့ၿပီးသူ႔ကိုယ္သူဆင္ျခင္သံုးသပ္ခဲ့၏။
အက်ိဳးရလဒ္အေနႏွင့္နည္းျပအပါအဝင္သူကိုယ္တိုင္
ပင္ေက်နပ္အားရေစသၫ့္အေျခအေနထိေျပာင္းလဲလာခဲ့၏။
တပတ္အတြင္းတိုးတက္မႈသည္ အံမခန္းစရာပင္။
ဘယ္လက္ဘယ္ေျခ၊ဘယ္ဒူးႏွင့္ေနာက္ျပန္ဘယ္ကန္ခ်က္တို႔သည္သူ၏ထူးျခားတဲ့အရည္အခ်င္းတစ္ရပ္ျဖစ္လာသည္။

ဘယ္ဘက္ျခမ္းကိုအသံုးျပဳႏိုင္ေသာအားအင္ပမာနသည္မ်ားျပားလြန္းသည္မို႔ Tonyသည္ပင္
တိုးတက္လာသည္ဟုခ်ီးမႊန္းသည္အထိပင္။

"Tony ready ျဖစ္ၿပီလား။"

Tony က okay signကို လုပ္ျပၿပီး ႀကိဳးဝိုင္းစင္
ေပၚကိုလႊားခနဲခုန္တတ္သြား၏။

"က်ေနာ္ေအာက္ကေနၾကၫ့္ေနမယ္"

မိုက္ေကာင္ကေလးကိုေခါင္းညိမ့္ျပကာစင္ေပၚကိုေအးေဆးစြာတက္လိုက္သည္။
နည္းျပ၊ James နဲ႔ကိုႏိုင္းတို႔သည္ စဉ္ေအာက္မွာေသခ်ာ‌ ေစာင့္ၾကၫ့္ဖို႔အဆင္သင့္ျဖစ္ေနသည္။
မိုက္၏ေျပာင္းလဲမႈကိုသူတို႔လည္းခံစားေနမိမွာအ‌
ေသအခ်ာပင္။

မိုက္ Tony ကိုေသခ်ာၾကၫ့္လိုက္ၿပီးေနာက္မွာဒီတစ္ပြဲကိုသူႏိုင္မည္ဟုခံစားသိရိွ‌ ေန၏
ဒီတစ္ပြဲအပါအဝင္သူနဲ႔ Tonyနဲ႔ထိုးသတ္တဲ့အႀကိမ္ေရေပါင္း 3 ႀကိမ္ရိွၿပီျဖစ္သည္။ပထမႏွစ္ႀကိမ္သည္သူရႈံးခဲ့သည္။သို႔ေသာ္ဒီတစ္ပြဲသည္ သူအတြက္အလားအလာရိွသည္ဟုကိုႏိုင္းကေသခ်ာခန္႔မွန္းထား‌ သည္။ထိုးသတ္ခ်ိန္သည္ တစ္ခ်ီ ငါးမိနစ္ ျဖင့္ သံုးခ်ီထိုးရမည္ဟုသတ္မွတ္ထားသည္။

ဒိုင္လူႀကီးသည္ ႀကိဳးဝိုင္းအလယ္မွာရပ္၍ ခရာမႈတ္၏။ထို႔ေနာက္ လက္သီးႏွင့္ တိုက္ကာ ၿပိဳင္ဖက္အခ်င္းခ်င္းႏႈတ္ဆက္ကာ အကြာအေဝးကို ခ်ဲလိုက္ရသည္။

ေရႊဘံု သည္ ခရာသံၾကားသည္ႏွင့္ ေလ့က်င့္ေရးကြင္းအားေက်ာခိုင္းၿပီး အျပင္သို႔ထြက္ကာ
သစ္ပင္ရိပ္ေအာက္တြင္ တစ္ေယာက္ထဲၿငိမ္သက္စြာထို‌င္ေနမိသည္။ ေနာက္လဆိုလ်င္ သူတို႔ New York သို႔ထြက္ခြာရေတာ့မည္။
ထင္ထင္ေဘးမွာ အားေပးေနရေပမဲ့ သူကိုယ္တိုင္လည္းစိတ္လႈပ္ရွားေနခဲ့တာပင္။
မိုက္၏ တစ္ဖက္ျခမ္းကို သူကိုယ္တိုင္ ျမင္ေတြ့ေနရတာမို႔ ပင္ပန္းခက္ခဲမူ႔ကို ခံစားသက္ဝင္ႏိုင္၏။
ထင္ထင္ အားထိုအလုပ္ေတြကို မလုပ္ေစခ်င္ေတာ့သလို နာက်င္မူ႔ေတြကိုလည္းမခံယူေစခ်င္ေတာ့။

ထင္ထင္ကိုယ္တိုင္ မလုပ္ေတာ့ဘူးလို႔ ဆံုးျဖတ္ခ်က္ ခ်ခဲ့ေပမဲ့ တစ္သက္လံုးေနာင္တကင္းေအာင္
အမွတ္တရအျဖစ္ သူလုပ္ေပးႏိုင္သ‌ေလာက္အစြမ္းကုန္ႀကိဳးစား‌ ေပးခဲ့၏။ Black holeကထင္ထင္အတြက္ အႀကီးဆံုးမွတ္တိုင္ တစ္ခုျဖစ္လာခဲ့ၿပီး
အပင္ပန္းဆံုး ႏွင့္အခက္ခဲဆံုး ေအာင္ျမင္မူ႔တစ္ခုျဖစ္လာမွာမလြဲေပ။

သစ္ရြက္ေျခာက္ေတြက သူ႔ေခါင္းေပၚမွာ တစ္ရြက္ျခင္း‌ေႂကြက်လ်က္ရိွေနသည္။
ေက်းငွက္သံ ေဆြးေဆြးေျမ့ေျမ့လည္း တစ္ခ်က္တစ္ခ်က္ ထြက္ေပၚလာသည္မို႔ အထီးက်န္မူ႔က ဆိုးဆိုးဝါးဝါးေပၚထြန္းလ်က္။

ေရႊဘံု လႈပ္ရွားမူ႔မရိွစြာပင္ ထိုင္ေနခဲ့တာျဖစ္သည္။
ထင္ထင္တစ္‌ ေယာက္ ဘယ္အေျခေနရိွေနၿပီမွန္းလဲသူသြားမၾကၫ့္ေခ်။
သူအခ်ိန္ေတြကိုလည္းမမွတ္သလို နာရီကိုလည္းမၾကၫ့္။
မိုက္ဘယ္ေလာက္ေတာ္သလဲဆိုတာသူသြားၾကည့္‌ေနစရာမလို‌ေအာင္သူယံုၾကည္မႈလြန္ကဲေနတာျဖစ္သည္။

"‌ ေကာင္ကေလး။ "

ေနြဦးနဲ႔တူေသာဆြတ္ပ်ံ့စရာေကာင္းေသာအသံ။
ေခါင္းကိုခ်ာခနဲ လွၫ့္ၾကၫ့္မိစဉ္ ပါးေစာင္မွာ ညိုငမ္းရာတစ္ခုႏွင့္ မတ္တပ္ရပ္ေနေသာ မိုက္။

"ထင္ထင္ "

သူမတ္တပ္ထရပ္ကာေခၚလိုက္၏။ သူ႔မ်က္လံုးေတြက ထင္ထင္ကိုယ္ေပၚမွာ အထက္ေအာက္ ေသခ်ာၾကၫ့္ေနၿပီးစစ္ေဆးလ်က္ရိွေခ်သည္။
အခ်ိန္အားျဖင့္ နာရီမၾကၫ့္ေသာ္ျငား ၁၀မိနစ္ေက်ာ္ေက်ာ္သာရိွလိမ့္မည္။ ဘာေၾကာင့္ျမန္ျမန္ၿပီးဆံုးသြားရပါသလဲ။

ေရးညို႔ထင္ စိတ္ပူေနတဲ့မ်က္ဝန္းညိုေတြအားျပန္လွမ္းၾကၫ့္ကာ ရယ္၏။ ထို႔ေနာက္ သံုးလွမ္းေက်ာ္မ်ွအကြာအေဝးကို ပိုနီးကပ္ေစရန္သူ႔ဖက္ကသာ လွမ္းေစလိုက္ၿပီးအနီးအနားေရာက္မွ ေပြ့ခ်ီယူကာ ကားထဲထၫ့္လိုက္သည္။

"ထင္ထင္။ ဘယ္သြားမွာလဲ။ ပြဲအေျခအေနကေရာ ဘာတဲ့လဲ"

"အစကတည္းက သိခ်င္ရင္ မင္းေစာင့္ၾကၫ့္ေနေလဘာလို႔ကိုယ့္ကိုပစ္ၿပီးအျပင္မွာသြားထိုင္ေနတာလဲ "

" ကြၽန္ေတာ္ ပစ္သြားတာမဟုတ္ဘူး။ "

အျပစ္ရိွသူတစ္ေယာက္ႏွယ္ သူေခါင္းငံု႔ကာေျပာမိစဉ္
ႀကီးမားေသာ လက္ဖဝါးႀကီးတစ္ဖက္သည္ သူ႔လက္ကိုလာေရာက္ဆုပ္ကိုင္လာရင္း

"ကိုယ္အဆင္ေျပပါတယ္။ ေခါင္းကိုေမာ့ထား "ဟုေျပာလာ၏။ ထင္ထင္အလိုက် ေခါင္းကိုေမာ့လိုက္ခ်ိန္တြင္ၿပံဳးေနေသာ ႏႈတ္ခမ္းမ်ားက သူ႔ေမးအားငံု႔နမ္းခံလိုက္ရသည္။

"အာ "

"ဘာျဖစ္တာလဲ"

"အမွတ္တမဲ့ဆိုေတာ့လန႔္သြားတာပါ"

"မင္းကိုယ့္အနမ္းေတြကို ခုထိလန႔္ေနေသးတယ္ဆိုေတာ့ ၊ ကိုယ့္မွာလိုအပ္ခ်က္ရိွေနေသးတာပဲ ၊ ကဲ ေျပာ ၊ ကိုယ္တစ္ေန့ကို အနမ္းအႀကိမ္ေရ ၅၀၀ေလာက္ဆို လံုေလာက္လား။ ဒါမွမဟုတ္ရင္ ၁၀၀၀ေလာက္ေရာ "

ရုပ္တည္ႀကီးနဲ႔တမင္စေနာက္ေနတဲ့ပံုမို႔ ေရႊဘံုမ်က္ေစာင္းထိုးကာ

" အဲ့ဒါဆို ထင္ထင္ အလုပ္မသြားေတာ့နဲ႔ေလ "

"ဟင္။ ဒါဆို ကိုယ္တို႔ တေနကုန္..."

"ဟာ ! ထင္ထင္ေနာ္ ဘယ္လိုျဖစ္လို႔ လိုက္စေနတာလဲ"

ေရႊဘံုေအာ္ေတာ့ ရယ္ကာ ကိုင္ထားတဲ့လက္ကိုဖြဖြနမ္းလာျပန္၏။

" ေငးငိုင္ေနတဲ့ပံုမ်ိဳးလုပ္မေနနဲ႔ အဲ့ပံုက မင္းနဲ႔မလိုက္ဘူး။ ကိုယ့္ေရ႔ွမွာ အၿမဲျပံဳးေန ။ မင္းပူပန္ေနရရင္
ေယာက်ာ္းျဖစ္တဲ့ကိုယ္က အသံုးမက်သလိုပဲ။ "

"ကြၽန္ေတာ္ ထင္ထင္နဲ႔ တသက္လံုးအတူေနသြားခ်င္တယ္။ "

တစ္ေယာက္မ်က္လံုးတစ္ေယာက္စိုက္ၾကၫ့္ေနမိတာ
မ်က္ေတာင္ခတ္ဖို႔ေမ့ေလ်ာ့သည္အထိပင္။
အေတာ္ၾကာမွ ေရးညို႔ထင္ ေခါင္းညိမ့္ျပကာ ေကာင္ကေလးနားထင္စပ္က ဆံပင္ေတြကိုသပ္ေပးလိုက္ရင္း

" ဘယ္ေတာ့မွမခြဲဘူး။ ကိုယ္ကတိေပးပါတယ္"

စကားအဆံုး၌ နဖူးထပ္သို႔ အနမ္းေနြးေနြးက ဖြဖြေႂကြသည္။ စက္ႏိႈးသံသဲ့သဲ့ႏွင့္အတူ ျမင္ကြင္းလႊာေတြက တေရြ့ေရြ့ေျပာင္းသည္။
အားကစားခန္းမွထြက္လာၿပီး
ဘယ္ကိုသြားေနသလဲဟုေမးျမန္းေသာ္လည္း ေျဖဆိုျခင္းမရိွသည္မို႔ ေဘးမွထိုင္၍သာ ထင္ထင္လက္တစ္ဖက္ကိုေဆာ့ကစားရင္းလိုက္ပါလာခဲ့မိသည္။
တစ္နာရီခန႔္အၾကာတြင္ ေအးခ်မ္းေသာ ရပ္ကြက္ တစ္ခုထဲသို႔ သူတို႔စီးလာတဲ့ကားကေလးသည္ ျဖတ္ေမာင္းဝင္လာသည္။
ခ်မ္းသာေသာ ရပ္ကြက္မဟုတ္သလို ၊ဆင္းရဲတဲ့ရပ္ကြက္လည္းဟုတ္ဟန္မတူ။
လူေနအိမ္ေျခႁပြတ္သိပ္မေနပဲ ကိုယ့္ဝိုင္းကိုယ့္ၿခံေလးမ်ားႏွင့္ သပ္သပ္ရပ္ရပ္ေလးတည္‌ေဆာက္ကာ ေနထိုင္ၾက၏။

"ထင္ထင္ ဒါဘယ္ေနရာလဲ"

သူတို႔ကားသည္ ၿခံဝိုင္းတစ္ခုေရ႔ွရပ္သြား၏။
တစ္ထပ္အိမ္ေလး။ ေရ႔ွမ်က္ႏွာတြင္ ကြမ္းသီးပင္မ်ားကို အလွစိုက္ပ်ိဳးထားၿပီး ဧၫ့္ခန္းေနရာတြင္ မွန္အျပၫ့္ကာထားသည္မို႔ အထဲကေန ၿခံေရ႔ွကို ရွင္းလင္းစြာျမင္ေတြ့ႏိုင္သည္။

ေရးညို႔ထင္ ေကာင္ကေလးလက္ကိုဆြဲကာ အျဖဴေရာင္ အိမ္ေသးေသးေလးထဲ လွမ္းဝင္လိုက္သည္။
အထဲတြင္အနီေရာင္ႏွင္းဆီပန္းမ်ားက လမ္းတေလ်ွာက္ရဲရဲနီေနၿပီး ထပ္ခိုးသို႔တက္ရာ ေလွကား၏ေဘးတြင္ မိုးပ်ံပူေပါင္းႀကီးတစ္လံုးက ႀကိဳးတြဲလန္းျဖင့္ မ်က္ႏွာက်က္မွာထိေန၏။

"ထင္ထင္ ဒါက။ "

ထူးဆန္းတဲ့ အျပင္အဆင္မ်ိဳးမဟုတ္ေသာ္လည္း
ေရႊဘံု အံ့ဩတႀကီး ထင္ထင္အားၾကၫ့္၍ ေမးမိေပမဲ့ အၿပံဳးတစ္ပြင့္မွလြဲၿပီးျပန္မရလာခဲ့ ။
ထို႔အစား လက္တစ္ဖက္ကိုဆြဲကာ ႏွင္းဆီလမ္းေပၚမွာ နင္းေလ်ွာက္ေစသည္။ ‌ေလွကားေဘးေရာက္ေသာအခါ ေဘးက ႀကိဳးကို ဆြဲလိုက္လ်ွင္ ေဖာင္းခနဲ ေဖာက္ကြဲသြားၿပီးေငြေရာင္ေရႊေရာင္ အေမႊးဖႊာဖႊာမ်ား‌အိမ္အႏွံ႔က်ဆင္းလာ၏။

"Happy birthday ပါေကာင္ကေလး "

တိုးျမေသာ အသံေနာက္မွာ ဆူညံ့စြာထြက္ေပၚလာေသာအသံမ်ားမွာ ေနရာအႏွံ႔မွထြက္လာခဲ့သည္ ။

"Happy birthday သားေလး"

"Happy birthday ေမာင္ေရႊ။ "

"Happy birthday ေရႊဘံု "

‌ေဘးအခန္းထဲကေနထြက္လာေသာ ဒယ္ဒီနဲ႔မာမီ။
ေလွကားေပၚကေန ေျပးဆင္းလာေသာ
ေကသီႏွင့္ၾကည္ႏူး၊ ကိုဒီရေမာင္၊ ၿပီးေတာ့ မာမီ လက္ထဲမွာ ကိုင္လာ‌ေသာ ေမြးေန့ကိတ္။
ဝမ္းသာမူ႔‌ ေပ်ာ္ရႊင္မူ႔ေၾကာင့္မ်က္ရည္မ်ားက အိခနဲ ဝိုင္းလာစဉ္ ဒယ္ဒီက ပုခံုးကိုဖက္ကာ ႏွစ္သိမ့္ေပးလာ၏။ထို႔ေနာက္ ၿမိဳင္ၿမိဳင္ဆိုင္ဆိုင္ထြက္ေပၚလာေသာ သီခ်င္းသံ ။ အကုန္လံုးသည္ ေပ်ာ္စရာအတိၿပီးေနသည္။ အျဖဴေရာင္ ကိတ္ေလးေပၚမွာ လက္ေဝ႔ွထိုးတဲ့အခါမွာ အသံုးျပဳေလ့ရိွေသာ လက္အိတ္အနီေလးႏွစ္ဖက္က ေခါင္းခ်င္းဆိုင္ေနတဲ့ဟန္ျပဳလုပ္ထားၿပီး ဖေယာင္းတိုင္ခပ္ေသးေသးတစ္ေခ်ာင္းကိုထြန္းထား၏။

"ဆုေတာင္းၿပီး မီးမႈတ္လိုက္ "

"ေက်းဇူးတင္ပါတယ္မာမီ "

သူတို႔ႏွစ္ေယာက္အတြက္ ရည္စူးၿပီးျပဳလုပ္ထားေသာ ကိတ္ကေလးကို ၾကၫ့္ၿပီး ေရႊဘံုမ်က္လံုးမိွတ္ကာ ဆုေတာင္းလိုက္ၿပီးေနာက္ ဖ‌ေယာင္းတိုင္မီးကို မႈတ္လိုက္သည္။

"ၾကည္ႏူး ထၫ့္စရာ "

"ငါမသိဘူးေလ ၊ ဒီအိမ္က ခုမွေရာက္ဖူးတာ ။ ဘယ္သြားရွာရမွာလဲ။ ကိုထင္ ပစၥည္းေတြေရြ့ၿပီးၿပီလား"

"ေတာ္ေတာ္မ်ားမ်ား အသစ္ဝယ္ထားတယ္ ၊ ဟိုဖက္အခန္းကေနဝင္သြားလိုက္၊ အဲ့မွာ မီးဖိုေခ်ာင္သံုးပစၥသည္းေတြရိွတယ္ "

ပစၥည္းရွာ ပံုေတာ္ဖြင့္ ေနၾကသည္မို႔ ကိတ္မုန္႔ႀကီးအလယ္မွာခ်ကာ ရယ္စရာျဖစ္ၾကရသည္။
ၾကည္ႏူးႏွင့္ေကသီ ပန္းကန္ေတြမကာ ျပန္ထြက္လာမွ ျပန္ၿပီးကိတ္မုန႔္ခြဲတဲ့လုပ္ငန္းျပန္စရ၏။ပထမဦးဆံုးကိတ္မုန႔္တံုးေလးကိုဖဲ့ကာ ဒယ္ဒီနဲ႔မာမီကိုအရင္ခြံ႔လိုက္ၿပီးလ်ွင္ ေကသီကအသံက်ယ္က်ယ္ျဖင့္

"ေမာင္ေရႊ ငါကို႔အရင္ခြံ႔ "

ေရႊဘံု ကိတ္ကိုဖဲ့ကာ ပါးစပ္ဟေနတဲ့ ေကသီကိုေရွာင္ကာ ထင္ထင္ကိုသြားခြံကာ

"နင့္ကိုဘာလို အရင္ခြံ႔ရမွာလဲ။ ဒီမွာ ငါအခ်စ္ႀကီးက်န္ေသးတယ္ "

"ေအးေလ ေကသီမ အရွက္မရိွခ်က္"

ေရႊဘံုစကားေၾကာင့္ အကုန္လံုးေကသီအားဝိုင္းစၾက၏ ။ သူငယ္ခ်င္းေတြနဲ႔ၿပံဳးေပ်ာ္ေနရွာတဲ့ ေကာင္ကေလးကို ၾကၫ့္ကာ ေရးညို႔ထင္ကိုယ္တိုင္လည္းအၿပံဳးမစဲေတာ့ေပ။

" ေမြးေန့မွာ စ၍ ေနာင္ႏွစ္ေပါင္းတစ္ရာမက ေပ်ာ္ရႊင္ပါေစ ကိုယ့္ေကာင္ေလးေရ "

"ေက်းဇူးတင္ပါတယ္ ထင္ထင္ "

ေအာ္သံက်ယ္ႀကီးက ထပ္မံ့ၿပီးထြက္လာၾကျပန္သည္။။

"အမေလး ငါေသပါၿပီၾကည္ႏူးရယ္၊ ငါတို႔ေရ႔ွထားၿပီးလာRoေနၾကတယ္၊ ဒါကိုၾကည့္ဖို႔ငါခံႏိုင္ရည္မရိွဘူး။ "

"အတူတူပဲ ေကသီရယ္၊ အကိုလည္း မ်က္ႏွာပူလြန္းလို႔ ေစာေစာျပန္မွထင္တယ္"

ဒီရေမာင္၏ ခပ္ေနာက္ေနာက္စကားေၾကာင့္ အကုန္ရယ္ေမာၾကျပန္သည္။ဘယ္သူဘာေျပာေျပာ ေရႊဘံုကေတာ့ အၿပံဳးမပ်က္။
မ်က္မွန္ေလးပင့္ကာပင့္ကာႏွင့္ ေရးညို႔ထင္အား ခိုးခိုးၾကၫ့္ေသးသည္။

" ကဲေမြးေန့ရွင္ ။ ေမြးေန့ကိတ္လည္းခြဲၿပီးသြားၿပီဆိုေတာ့ တကူးတကလာရတဲ့ဧၫ့္သည္ေတြကိုေကြၽးဖို႔ဘာစီစဉ္ထားလဲ "

" ဘာမွမစီစဉ္ထားဘူး။ စားခ်င္ရင္ မာမီတို႔နဲ႔လိုက္သြား "

တမင္ပင္ႏွင္ထုတ္လိုက္တာျဖစ္သည္။ စစေနာက္ေနာက္ စကားတို႔သည္ ဒယ္ဒီတို႔ေရ႔ွဆိုၿပီး စကားေျပာဆင္ျခင္လိုက္တာမ်ိဳးမရိွသည္မို႔ ဘယ္ေလာက္မ်က္ႏွာေျပာင္ေျပာင္ ဒယ္ဒီကိုေတာ့ အားနာေသးသည္။

" ၾကၫ့္ပါဦးအန္တီဟန္နီရယ္ သမီးတို႔ကို ဒီေကာင္ေမာင္ေရႊပလစ္ေနၿပီေတြ့လား။ သမီးတို႔မွာေတာ့ ေပ်ာ္ပါေစဆိုၿပီး အေဝးႀကီးလာခဲ့ရတာ။ ဒီေန့အတြက္ ဆိုင္မွာလာအပ္တဲ့ပြဲေတြကို ျငင္းခဲ့ရတာ ဘယ္ႏွစ္ပြဲေတာင္မွလဲ။ "

ေကသီ မ်က္ႏွာငယ္ေလးနဲ႔ တိုင္ေျပာေတာ့ အန္တီဟန္နီသေဘာတက်ရယ္ကာ ေကသီနဲ႔ ၾကည္ႏူးရဲ့လက္ကို တစ္ဖက္စီတြဲ၍

" ဟုတ္လား၊ ဒါဆို အန္တီသား ေမာင္ေမာင္ေရႊက သူငယ္ခ်င္းေတြအေပၚမွာ အေတာ္ဆိုးေနတာပဲ ။
ေနာက္ရက္မွအန္တီ ဆူေပးမယ္၊ ဒီေန့ေတာ့ အန္တီတို႔နဲ႔အတူ ေန့ခင္းစာ အတူလိုက္စားေပးပါဦးေနာ္ "

ေခ်ာ့ေခၚသြားတဲ့ မာမီကိုၾကၫ့္ကာ ေရႊဘံုရယ္၏။ ဦးမင္းစံကပါၿပံဳးလ်က္

"ကဲ ဒယ္ဒီလည္း ဒီေန့ ကားေမာင္းပို႔ေပးလိုက္ဦးမယ္။ ဒီရေမာင္ေရ အန္ကယ္တို႔နဲ႔အတူ မင္းလိုက္ခဲ့တာပိုအဆင္ေျပမယ္ထင္တယ္"

"ဘယ္လိုေျပာလိုက္တာလဲအန္ကယ္‌ရယ္၊ လိုက္ရမွာေပါ့ "

ဒီရေမာင္ ကလည္းတစ္ေယာက္ထဲက်န္မေနခ်င္ခဲ့ဟန္ျဖင့္ဦးမင္းစံေဘးေျပးလိုက္သည္။ အကုန္ျပန္သြားေတာ့လည္း တိတ္တိတ္ဆိတ္ဆိတ္ျဖစ္သြားျပန္၏။ ေရႊဘံု ေဘးမွာ ရပ္ေနတဲ့ ထင္ထင္အား အတင္းခိုကပ္ကာ ေမးဖ်ားကိုနမ္းလိုက္ၿပီး
လက္ဖဝါးျဖန႔္ျပလိုက္သည္။

"ထင္ထင္ ေမြးေန့လက္ေဆာင္ "

" ကိုယ္တစ္ေယာက္လံုးေပးထားတာေတာင္မွ လက္ေဆာင္လိုခ်င္ေသးတာလား"

"လိုခ်င္တယ္။ လက္ေဆာင္က လက္ေဆာင္၊ထင္ထင္က သက္သက္ေလ"

" ဘယ္လိုလုပ္မလဲ ကိုယ္ျပင္ဆင္မထားမိဘူး"

ေရႊဘံုႏႈတ္ခမ္းဆူကာ ဖက္ထားရာမွဖယ္ခြာလုဆဲဆဲတြင္ လူတစ္ကိုယ္လံုး‌ဆြဲေပြ့ခ်ီခံလိုက္ရၿပီး သစ္သားေလွကားထစ္ေလးေတြအတိုင္း ထပ္ခိုးေလးေပၚသို႔ ေခၚေဆာင္ခံလိုက္ရသည္။

" ထင္ထင္ ဒါက။ "

ထပ္ခိုးေလး ဆိုေပမဲ့ အေတာ္က်ယ္တဲ့အေနအထားမွာရိွၿပီး အိပ္ယာ ေရခ်ိဳးခန္း အ၀တ္ဗီရို အကုန္လံုးကို လွပရွင္းလင္းစြာ ျပင္ဆင္ထားသည္။
အိပ္ယာ၏ေခါင္းရင္းမွာလည္း မွန္အျပၫ့္ကာထားၿပီး အျပင္ကိုထြက္တဲ့ တံခါးေပါက္လည္းရိွသည္။
ထိုတံခါးကေနထြက္လိုက္လ်ွင္ ေရကူးကန္ရိွသည္။ အေပၚထပ္မွာပင္ တမင္တည္ထားတာမို႔ အနားယူလို႔အေကာင္းဆံုးအေနအထားျဖစ္ေနသည္။

"မင္းအတြက္ေလ ၊ သေဘာက်လား ။ ဒါေမြးေန့လက္ေဆာင္မဟုတ္ေသးဘူး။ လက္ေဆာင္က အိပ္ယာေပၚမွာ "

ေရႊဘံုေျပးေကာက္ၾကၫ့္စဉ္ ၊ ေသြးလႉစာအုပ္ေလးႏွင့္အတူ ၾကက္ဥျပဳတ္ေလးတစ္လံုးျဖစ္ေနသည္။

"မင္းေမြးေန့အတြက္ေသြးသြားလႉခဲ့တာမနက္အေစာႀကီး ၊ အဲ့ဒါ ၾကက္ဥနဲ႔အေအးဘူးေတျြပန္ေပးလိုက္တာ ၊ၾကက္ဥတစ္လံုးပဲကိုယ္ယူၿပီးက်န္တာ‌ ေတျြပန္လႉေပးခဲ့တာ၊ ဘယ္လိုလဲ လက္ေဆာင္ကိုႀကိဳက္လား"

ေရႊဘံု ေခါင္းညိမ့္ျပကာ ျမန္ျမန္ပင္ျပဳတ္ၿပီးသားၾကက္ဥေလးကိုအခြံ႔ခြားလိုက္ရင္း

"အရမ္းေကာင္းတယ္ "

သူတို႔တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကၫ့္ရင္း
ၿပံဳးမိၾကသည္။
လက္ေဆာင္ဆိုတာ ပိုက္ဆံနဲ႔ဝယ္ယူရတဲ့ ေငြေၾကးတန္ဖိုးကိုသတ္မွတ္ၾကတာမွမဟုတ္တာ။
ရင္းနဲ႔ရင္းတဲ့ အမွတ္တရေတြအကုန္လံုးအဖိုးထိုက္တန္တယ္ဆိုတာ ႏွလံုးသားခ်င္းနီးစပ္သူေတြသာ သိႏိုင္မည္လား။

တစ္ရက္ၿပီးတစ္ရက္ေျပာင္းလာသည္ႏွင့္ မိုက္၏ထိုးသတ္မွတ္မဲ့ရက္စြဲသည္ နီးစပ္လာခဲ့‌ ေခ်သည္။
New Yorkကို ေျခခ်သည္ႏွင့္ ‌မိုက္၏ အခ်ိန္ဇယားသည္ ပိုၿမိတင္းၾကပ္လာခဲ့ၿပီး နည္းျပသည္လည္းအနားမွမခြာခဲ့ေပ။
လိုက္ပါလာသူမ်ားမွာ ကိုႏိုင္း ၊ ေရႊဘံုႏွင့္ အဓိကလူမ်ားျဖစ္တဲ့ နည္းျပႏွင့္ ဦးမင္းစံ။
ေလ့က်င့္ေရးကိုေတာ့ အျပၫ့္အဝဆင္းစရာမလိုေတာ့ပဲ အဓိက ေဆးေနြး‌ျဖစ္တဲ့အေၾကာင္းအရာမ်ားသည္ အေနအထားႏွင့္ ဟာကြက္မ်ားအေၾကာင္းျဖစ္သည္။

Rekiသည္လည္း black holeမွာ ထိုးသတ္ခြင့္ႏွင့္အတူ မိုက္ဆီမွ စိန္ေခၚစာရၿပီးကတည္းက အျပင္းအထန္ေလ့က်င့္ေနသည္ဟုၾကားသိရသည္။
Rekiက black holeမွာ ပြဲဝင္ခြင့္ရဖို႔ဘယ္ေလာက္ခက္ခဲသလည္းဆိုတာ မသိမွာမဟုတ္။
အထူးသျဖင့္ မိုက္လို တရားမဝင္ထိုးသတ္တဲ့
ေၾကးစားေပါက္စေလးဆီမွ Black holeထိုးသတ္ခြင့္ေၾကးျပားရိွေနတာ သူ႔အေနနဲ႔ထူးဆန္းေနမွာ မလြဲဧကန္ပင္။

Rekiအေနနဲ႔လြန္ခဲ့ေသာ 4ႏွစ္‌ ေလာက္က
ထိုစင္ေပၚမွာ ထိုးသတ္ခြင့္ရဖူးခဲ့ေပမဲ့ ယခုမူ သူ႔အဆင့္က ေအာက္ေၾကးေလာက္ႏွင့္သာ ထိုးသတ္ေနရတဲ့တတိယတန္းစားအဆင့္ေလာက္သာရိွေတာ့သည္။ အားလံုးရဲ့ အိမ္မက္က black holeမွာ ထိုးသတ္ခြင့္ရဖို႔ပင္။
ကံေကာင္းရင္ ထိုစင္ေပၚမွာ တရားဝင္ စိန္ေခၚပြဲေတြ ကစားႏိုင္တဲ့ ေရႊျပားအဆင့္ ထိုးသတ္ခြင့္ဝင္ခြင့္လႊာရမည္ပင္။ ထိုေရႊျပားတြင္ မိမိ၏နာမည္ႏွင့္တကြ
Black Hole၏ပိုင္ဆိုင္သူလက္မွတ္ရိွပါက တရားဝင္ Black hole ကစားသမားျဖစ္လာမည္ျဖစ္သည္။
တရားဝင္ကစားသမား အေရအတြက္သည္ပင္ တ
ကမ႓ာလံုးအတိုင္းအတာႏွင့္ ၁၆ေယာက္တိတိသာရိွၿပီးထိုသူမ်ား၏ နာမည္အဆင့္အတန္းသည္ ပထမတန္းစားအျဖစ္ေက်ာ္ၾကားကာ ပရိတ္သတ္ေျမာက္မ်ားစြာႏွင့္ နာမည္ႀကီးအႏုပညာရွင္ေတြအလား ဝင္ေငြရိွသည္ဟု ၾကားသိရသည္။

ဒီတစ္ႏွစ္အတြင္း Black holeမွ ေမြးထုတ္ေပးေသာ တရားဝင္ေရႊျပားကတ္ရရိွသူ ကစားသမားမရိွေသးေပ။
ထိုကတ္ကိုရခ်င္သူေတြအေျမာက္မ်ားရိွေသာ္လည္း
Black holeမွာ ပြဲကစားခြင့္ ဧၫ့္သည္ ေၾကးျပားေတာင္မွ ရရိွဖူးသူခပ္ရွားရွားပင္ျဖစ္သည္။

ည။
New York ညခင္းသည္ မည္မ်ွလွပပါသနည္း။
ဒါေတြ ေရႊဘံု မခံစားႏိုင္ပါ။
ၿငိမ္သက္စြာထိုင္ေနတဲ့ ထင္ထင္ ပုခံုးသားေတြကို ေသခ်ာ ႏိွပ္နယ္ေပးေနမိသည္။
ေၾကးနီေရာင္ထေနတဲ့ အသားအေရေပၚမွာ အမာရြတ္ေတြနဲ႔ အသားမာေတြ အမ်ားအျပားတည္ရိွေနၿပီး
ႀကံ့ခိုင္မူ႔ရိွတဲ့ ကိုယ္ထည္သည္ ေတာင့္တင္းကာ
၅လနီးပါးအတြင္း ေသခ်ာ ျပဳျပင္ထားသလို
ဖြဲ႔စည္းပံုမွာ ေသသပ္လွပလြန္းသည္။

" ေရႊဘံု မင္းစိတ္လႈပ္ရွားေနလား "

သူ႔ကိုယ္ေပၚမွာေရြ့လ်ားေနတဲ့ေအးစက္စက္ လက္ကေလးသည္ တစ္ခ်က္ တြန႔္သြားရံုမွလြဲၿပီး ရပ္တန႔္မသြားခဲ့။

"နည္းနည္းေလးစိုးရိမ္ေနေပမဲ့ ကြၽန္ေတာ္ ထင္ထင္ကိုယံုတယ္"

" မင္းရင့္က်က္လာၿပီ"

"ထင္ထင္ေၾကာင့္ပါ"

"မင္းကိုယ့္ကိုခ်စ္သလား"

" ထင္ထင္အႏိုင္ယူခဲ့။ အဲ့ဒါဆို တစ္ပြဲလံုးၾကားေအာင္ ေအာ္ျပမယ္"

တိုးသက္ေသာ ရယ္သံေလးထြက္လာ၏။ ထို႔ေနာက္ ပုခံုးေပၚက လက္ကေလးကိုဆြဲယူကာ ဖြဖြနမ္းသည္။

"မင္း‌ ေျပာတဲ့စကား ကိုမွတ္ထားေနာ္"

"ကြၽန္ေတာ္ခင္ဗ်ားေယာက်ာ္းပါ "

"ဟုတ္ၿပီ"

ထိုအခ်ိန္အခန္းအတြင္း ကိုႏိုင္းဝင္လာသည္။

"အဆင္သင့္ျဖစ္ၿပီလား "

မိုက္မတ္တပ္ထရပ္လိုက္သည္ႏွင့္ အေပၚထပ္ဝတ္ရံုရွည္တစ္ထည္ ေရႊဘံုထပ္ဝတ္ေပးလိုက္သည္။
ထို႔ေနာက္ လက္မွာပတ္ထားေသာ ပိတ္သား အျဖဴေရာင္အား ေသခ်ာ စည္းေနွာင္ထားမထားကိုႏိုင္းစစ္ေဆးသည္။
ပြဲစမဲ့ေၾကျငာသံထြက္လာသည္ႏွင့္ ကိုႏိုင္းတံခါးဖြင့္လိုက္လ်ွင္ ပရိတ္သတ္ေတြဆီမွ ေသာင္းေသာင္းဖ်ဖ်ေအာ္ဟစ္အားေပးသံမ်ားတခဲနက္ထြက္လာ၏။ အစီအစဉ္တင္ဆက္သူသည္ မိုက္ႏွင့္ စင္ေပၚကေန ေအာ္လိုက္သည္ႏွင့္ သူတို႔အုပ္စုသည္ ေလ်ွာက္လမ္းကေနအေျပးထြက္ခဲ့ၾကသည္။

လူထုသည္
ေမ်ွာ္လင့္မထားတဲ့ပမာဏျဖစ္သည္။
အနက္‌ ေရာင္လူပင္လယ္ႀကီး၊ အဆံုးအဆမရိွသလို မ်ားျပားလြန္သည္။ သူထြက္လာသည္ႏွင့္ေကာင္းကင္ယံမွအျဖဴေရာင္အလင္းတန္းႀကီးသည္ သူရိွရာေနရာအား ထင္ရွားစြာျပသလာသည္။ တေျပးညီထုတ္လႊင့္ေနတဲ့ ရုပ္သံလိုင္းေတြသည္လည္း ေနရာအႏွံ႔ပ်ံဝဲေနၿပီး ေလ်ွာက္လမ္းအတိုင္း သူ႔ေနာက္မွာ လိုက္ပါလာတဲ့ ဦးမင္းစံစီစဉ္ေပးထားေသာ ေဆးအဖြဲ႔ႏွင့္ ေဘးမွာလိုအပ္တာလုပ္ေပးႏိုင္မဲ့လူအုပ္စုလည္းရိွ‌ ေနသည္။

ႀကီးမားလွေသာ ႀကိဳးဝိုင္းႀကီးသည္ ခန႔္ညားစြာ မိုက္အားစီးလို႔ႀကိဳေန၏။
လႈပ္ရွားမူ႔ အေသးစားကအစ တင္ဆက္ရိုက္ကူးေပးေနေသာကင္မရာမွတဆင့္ ပရိတ္သတ္ျမင္သာေအာင္ျပ‌သထားတဲ့ LED ဖန္သားျပင္မွာ မိုက္၏ကိုယ္ေရးအက်ဉ္းကထင္ရွားစြာရိွေနသည္။

စစ္ေဆးတဲ့သူသည္ မိုက္အား အထက္ေအာက္ေသခ်ာစြာ စစ္ေဆးၿပီးေနာက္ စင္ေပၚကိုတက္ေစလိုက္သည္။

"ထင္ထင္ "

မိုက္လွၫ့္ၾကၫ့္လ်ွင္ ေကာင္ကေလးသည္ ရဲဝင့္ေသာ မ်က္ႏွာထားနဲ႔ရိွေနၿပီး ‌ေတာက္ပစြာ ၿပံဳးျပလာသည္။

" ကြၽန္ေတာ္ ဘယ္မွမသြားပဲ ေသခ်ာၾကၫ့္ေနမယ္ "

မိုက္ျပန္ၿပံဳးျပၿပီး စင္ေပၚတက္လိုက္သည္။
သူ႔စိတ္ထဲမွာ ေပါ့ပါးေနသည္မို႔ စိုးရိမ္ေၾကာင့္က်မူ႔ကမရိွေတာ့ေပ။
သူစင္ေပၚေရာက္သၫ့္အခ်ိန္တြင္Reki တက္လာခဲ့သည္။

" မိုက္ မေတြ့တာၾကာၿပီ"

"ဟုတ္တယ္ ၊ခင္ဗ်ားကို စင္ေပၚကဆြဲခ်မလို႔ က်ဳပ္ျပင္ဆင္ေနတာ "

Reki ပခံုးတြန႔္ကာ လက္ကိုေျမာက္၍ ပရိတ္သတ္ဖက္ကိုလွၫ့္လိုက္ၿပီး အသံကုန္ဟစ္ကာ ေအာ္လိုက္လ်ွင္ ေအာက္မွာရိွတဲ့ ပရိတ္သတ္မ်ားကလည္းျပန္လည္ေအာါဟစ္ၾကသည္။
ကိုယ္ထည္ခ်င္းကြာေနေသးသည္မို႔ အရႈံးအႏိုင္ကို
လူထုက သူတို႔ဘာသာ ခြဲျခားေနၾကသၫ့္အထိ။

ဒိုင္သည္ Rekiကို မိုက္နဲ႔မ်က္ႏွာခ်င္းဆိုင္ရပ္ေစၿပီး
လက္သီးခ်င္းတိုက္ကာ ပြဲစေစသည္။
ေမာင္းသံသည္ က်ယ္ေလာင္စြာထြက္ေပၚလာသည္ႏွင့္ Rekiသည္ အရိွန္နဲ႔ေျပးဝင္လာကာ မိုက္အားထိုးေလသည္။ မိုက္ အသာေလးေဘးကပ္ေရွာင္လိုက္လ်ွင္ ၊Rekiသည္အရိွန္မထိန္းႏိုင္ပဲ ႀကိဳးစင္နဲ႔ေျပးကပ္သြား၏။ ထို႔ေနာက္ ေသြးဆူသြားသကဲ့သို႔ ေဒါသတႀကီးျပန္ထကာ မိုက္‌အား ခါးမွေျမာက္ကာ ပစ္ေပါက္လိုက္လ်ွင္ မိုက္က အပစ္မခံပဲ ဂုတ္မွဆြဲကာ ဒူးနဲ႔ Rekiအားတိုက္သည္။ ပြဲသည္ ဆူညံ့စြာအားေပးသံမ်ားႏွင့္ျပၫ့္နက္သြား၏။ လူထုသည္ မိုက္အား အေကာင္ေသးသည္ဟုထင္ကာ အစပိုင္းတြင္ ေက်နပ္မူ႔မရိွခဲ့။ ယခုမူ လူထုအျမင္ေျပာင္းလဲလာၿပီး မိုက္အား အားေပးသံမ်ားဆူညံ့လာသည္အထိပင္။

"မိုက္ ၊ ခံစစ္ကို ေရြး ။ သူေရရွည္အေမာမခံႏိုင္ဘူး "

ကိုႏိုင္းသည္ စင္ေအာက္မွ ေျပးကာ ေအာ္သည္။
ေရႊဘံုကလည္း စိုးရိမ္တႀကီး ၾကၫ့္ကာ မိုက္နာမည္ကို အသံျပာေအာင္ ေအာ္ဟစ္ေနမိသည္။
ပထမတစ္ခ်ီၿပီးသည္ထိ ပြဲသည္ ခန႔္မွန္းမရႏိုင္ေသး။
နားခ်ိန္ေပးသည္ႏွင့္ ေဆးအဖြဲ႔ႏွင့္အတူ ေရႊဘံုပါ စင္ေပၚေျပးတက္သည္။
မိုက္သည္ အနည္းငယ္ေမာေနၿပီး ေခြၽးေတြရြဲကာ ႏႈတ္ခမ္းေထာင့္သည္အထိုးခံရမူ႔ေၾကာင့္ ကြဲကာ ေသြးထြက္ေန၏။
ေရႊဘံု ေရခဲထုတ္နဲ႔ကပ္ကာ

" ထင္ထင္ ၊ ေလာမႀကီးနဲ႔ ခင္ဗ်ား တကယ္တိုးတက္လာတယ္။ ကြၽန္ေတာ္ေအာက္မွာရိွေနတုန္း လူေတြအကုန္လံုးခင္ဗ်ားနာမည္ေအာ္ၿပီးအားေပးေနၾကတယ္ "

ခဏအၾကာတြင္ နားခ်ိန္ျပၫ့္ၿပီမို႔ အကုန္ေအာက္ျပန္ဆင္းရသည္။
ပြဲသည္ျပန္စေခ်ၿပီ။

မိုက္ တိုးတက္လာသလို Rekiသည္လည္း ၿပီးခဲ့တဲ့ သတ္ကြင္းကႏွင့္လားလားမ်ွမသက္ဆိုင္စြာ တိုးတက္လာခဲ့သည္။ black hole၏ေက်ာ္ၾကားမႈေၾကာင့္ Rekiသည္လည္းအႀကီးမားဆံုးျပင္ဆင္လာခဲ့ဟန္။
ဒိုင္သည္ထိုးသတ္ရန္အခ်က္ေပးလာသည္။
ႀကိဳးဝိုင္း၏ေဒါင့္တေနရာသို႔ေျခလွမ္းဆုတ္ကာ မိုက္သည္ Rekiအားနည္းခ်က္အားၾကၫ့္သည္။
Rekiသည္ Tonyႏွင့္ ကစားကြက္ဆင္တူသလို လႈပ္ရွားဟန္လည္းတူညီသေယာင္ရိွသည္။
ထြားက်ိဳင္းသူမ်ားမို႔ မိုက္ထက္စာရင္ Reki ေရာ Tonyေရာ အပင္ပန္းခံႏိုင္မူ႔အားနည္း၏
ပထမအခ်ီ ေလ့လာအကဲရသေလာက္ Reki၏အားနည္းခ်က္သည္ လည္ပင္း ရင္ဘတ္တို႔မွာျဖစ္ေလသည္။
ထို႔ေၾကာင့္ လူလံုးမိတိုင္း အဓိကေသကြင္းေသကြက္တို႔အားေရွာင္ရွား၍ ထိုးႏွက္ဖို႔ႀကိဳးစားလိုက္သည္။

Reki အား မိုက္ အရင္ လက္သီးႏွင့္ထိုးလိုက္လ်ွင္ထိုလက္အား Rekiကားဖမ္းဆုပ္၍ လိမ္ခ်ိဳးခ်ဳပ္ေနွာင္ဖို႔ ကိုယ္အားတစ္ပတ္လွၫ့္လိုက္သည္။ မိုက္သည္ အလွၫ့္မခံပဲ ခ်ဳပ္ထားတဲ့ လက္ကိုျပန္ဆြဲကာဒူးႏွင့္ ဗိုက္အားတိုက္သည္။
ပထမ တစ္ခ်က္ထိ Rekiအား ဖယ္ရွားဖို႔မတက္ႏိုင္ေသး ။ တတိယတစ္ခ်က္တြင္ Reki ခ်ဳပ္ထားရာမွ လြတ္ကာ မိုက္မ်က္ႏွာအားလည္ထြက္ေအာင္ ထိုးလိုက္လ်ွင္ ႏွာႏုရိုးက်ိဳးကာ ေသြးေတြဒလေဟာ စီးက်လာၿပီး Rekiသည္လည္းမိုက္၏ဒူးခ်က္ေၾကာင့္ ခႏၶာကိုယ္ေကြးၫြတ္သြား၏။

ေရႊဘံု စိုးရိမ္တႀကီး ေအာ္ကာ စင္ေအာက္ကေန ထင္ထင္နဲ႔အနီးဆံုးေနရာေရာက္ေအာင္ပတ္ေျပးလိုက္သည္။

‌မိုက္ ေခါင္းမ‌ ေထာင္ႏိုင္ေအာင္မူးေဝသြားသည္မို႔
ႀကိဳးစင္၏လက္ရန္းတိုင္ကို မွီကာ မတ္မတ္ႀကိဳးစားရပ္လိုက္သည္။ ႏွာေခါင္းတေလ်ွာက္စီးလာေသာ ေသြးေတြက သုတ္ေလ ထြက္ေလမို႔ ေခါင္းေမာ့ကာ ခဏ ၿငိမ္လိုက္စဉ္ ဒိုင္သည္ အဆင္ေျပသလားဟု လာေမး၏။ သူေခါင္းညိမ့္ကာ ဆက္ထိုးႏိုင္သည္ဟုေျပာလိုက္လ်ွင္ ပြဲအားဆက္ထိုးဖို႔ မ်က္ႏွာခ်င္းဆိုင္ျပန္ရပ္ေစ၏ အသားနာေအာင္ထိုးသတ္ရတဲ့ကစားနည္းမို႔ ႏွစ္ေယာက္စလံုး ဖူးေယာင္ေနၿပီျဖစ္သည္။
မိုက္အခ်ိန္မဆြဲလိုေတာ့ၿပီ။
Reki၏ ေဘးကေနႀကိဳးဝိုင္းအားပတ္ေလ်ွာက္ရင္း
အေျခေနၾကၫ့္ကာ ထပ္မံ့ဝင္ထိုးလ်ွင္ Rekiသည္ သူ႔အားအလစ္မေပးပဲ ခ်ဳပ္လိုက္ႏိုင္သည္။
ပခံုးမွ မလႈပ္ႏိုင္ေအာင္ခ်ဳပ္ကာ မိုက္ဝမ္းဗိုက္အား လက္သီးျဖင့္ထိုးသည္။ မိုက္သည္လည္းအလႊတ္မေပးပဲ Reki၏ နံၾကားအားဒူးနဲ႔တိုက္သည္။
အခ်ိန္အေတာ္ၾကာေအာင္ တစ္ေယာက္ႏွင့္တစ္ေယာက္မလႊတ္ပဲ ခ်ဳပ္ထားဆဲမို႔ ဒိုင္သည္ေျပးကာလူစုခြဲေစ၏။

ေနာက္ဆံုးအခ်ီေရာက္သၫ့္အခါတြင္ မိုက္မ်က္ႏွာတစ္ခုလံုး ေယာင္ကိုင္းေနၿပီျဖစ္သည္။
ဒိုင္သည္ ပြဲစၿပီဟု လက္ဟန္ေျခဟန္ျပသၫ့္အခါတြင္ Rekiသည္ ေျပးလံုးကာ မိုက္အား ကိုင္ေပါက္လိုက္ေခ်သည္။

ပစ္ရိုက္ခံလိုက္ရသည္မို႔ နံရိုးဆီမွ ဂြၽတ္ခနဲ အသံၾကားလိုက္ရၿပီး လူက ခ်က္ျခင္းမထႏိုင္ေတာ့ ။
ထိုအခ်ိန္မွာ Reki ေရာက္လာၿပီး မိုက္အာ အရုပ္တစ္ရုပ္လိုဆြဲမကာ ျပင္းထန္ေသာ လက္သီးခ်က္မ်ားျဖင့္ ထိုးႏွက္ေတာ့သည္။
မခုခံႏိုင္ခ်ိန္ Rekiထံမွာ အျပင္းထန္ဆံုး လက္သီးခ်က္က မ်က္ႏွာအား လည္ထြက္သြားေစၿပီး ၾကမ္းေပၚသို႔လူက ပံုခနဲက်သြား၏

နာက်င္မူ႔နဲ႔အတူ အူထိုင္း‌သြားေသာ နားစည္။
ပတ္ဝန္းက်င္၏ဆူညံ့မူ႔ေတြကို သူမၾကားရေတာ့ေပ။
ထိုအစား စင္ေဘးမွာ ကပ္ေအာ္ေနေသာ ေကာင္ကေလးအားေတြ့ရ၏။ စင္၏ ၾကမ္းေပၚကို ရိုက္ပုတ္ရင္း မ်က္ရည္လည္ရႊဲငိုေနၿပီး ႏႈတ္မွလည္း စကားေတြအက်ယ္ႀကီးေအာ္ေျပာေနသည္။ သို႔ေသာ္ ထိုအသံေတြအား သူမၾကားရေတာ့။

"ထင္ထင္ ! ထင္ထင္။ "

"သတိထား ၊။ သတိထားစမ္း ၊ ျပန္ထ ၊ ေရးညို႔ထင္ ခုျပန္ထေနာ္ ၊မဟုတ္ရင္ ခင္ဗ်ားၾကားခ်င္တဲ့ ခ်စ္တယ္ဆို‌တဲ့စကားေတြ ကြၽန္ေတာ္ မေျပာေတာ့ဘူး ။ ျပန္ထစမ္း ၊ ခင္ဗ်ား လုပ္ႏိုင္တယ္။ ဟိတ္လူ ကြၽန္ေတာ္ေျပာတာ ၾကားလား "

သူအႀကိမ္ႀကိမ္ေအာ္သည္ ၊သို႔ေသာ္ ထင္ထင္ကား ေသြးအလိမ္းလိမ္းျဖင့္ျပန္မထႏိုင္ေတာ့။ ။

ဒိုင္လူႀကီးသည္ မိုက္ေဘးမွ ဒူးေထာက္ၿပီး
နံပါတ္စဉ္ေအာ္ေလၿပီ။

ေရႊဘံု ကမ႓ာပ်က္ကာ လက္ဖဝါးေတြနာက်င္သည္ထိ ရိုက္ကာ ထင္ထင္အားအသိစိတ္ဝင္ေအာင္ ႀကိဳးစားေပးေနမိသည္ ။

"1...2....3...."

"ထင္ထင္ ထပါ။ ထလိုက္ပါ ၊ ခင္ဗ်ား လုပ္ႏိုင္တယ္ ။။ ‌"

"4...5....6..."

" ေရးညို႔ထင္။ ခုထစမ္း။ !!!!! "

စူးခနဲ ေနေအာင္ ေအာ္လိုက္သံအဆံုးတြင္ မိုက္အသိစိတ္ျပန္ဝင္လာၿပီး ထ ဖို႔ႀကိဳးစားလိုက္သည္ ။

"7...8..."

ပရိတ္သတ္ေတြစီမွ တဖန္ျပန္လည္ေအာ္ဟစ္သံမ်ား ဆူညံ့လာသည္။
မိုက္ျပန္ထႏိုင္လိုက္ၿပီ။

ေရႊဘံု ငိုကာ စင္ေထာင့္မွာထိုင္ခ်လိုက္မိသည္အထိပင္။။ ဦးမင္းစံသည္ ပြဲၾကၫ့္စင္မွၾကၫ့္ကာ မ်က္လံုးစံုမိွတ္လိုက္သည္။ အေတာ္ၾကာမွအားယူလိုက္သလို ျပင္ဆင္ၿပီး ‌ျပန္ဖြင့္လာၿပီးေနာက္မွာ မိုက္သည္ ျပန္လည္ထိုးသတ္ဖို႔ အဆင္သင့္ျဖစ္ေနၿပီ။

Rekiသည္ တအံ့တဩမိုက္အားၾကၫ့္ကာ ထိုးသတ္ဖို႔ေမ့ေန၏။ သူ႔ေခါင္းေျပာင္ႀကီးသည္ စိတ္ပ်က္စြာ အေၾကာမ်ားေထာင္ထေနသည္ထိျဖစ္‌‌ေနသည္။

ဒိုင္ အခ်က္ေပးသည္ႏွင့္ Rekiေဒါသတႀကီးေျပးထိုး၏။ မိုက္သည္ ဖြဲအိတ္တစ္အိတ္လို အထိုးခံထားရသည္မို႔ မ်က္ႏွာတစ္ေလ်ွာက္လံုး ညိုငမ္းေဖာင္းကားေနရံုမက မ်က္လံုးတစ္ဖက္သည္ မ်က္ခမ္းေထာင့္စြန္းကြဲသြားသည္မို႔ ဖြင့္မရေအာင္ေမွးမိွတ္ေနေခ်သည္။ Reki ထိုးခ်ိန္တြင္ သူေရွာင္ခ်ိန္မရ ။ ထို႔အစား သူ႔ညာဖက္ ပါးေစာင္သည္ ပူထူသြားကာ အတြင္းဖက္မွာ ကြဲသြားသည္ထင္ ပါးစပ္တစ္ခုလံုးေသြးေတြရဲလာ၏။
မိုက္ အားတင္းကာ ႀကိဳးစင္ေထာင့္တိုင္ကို ရပ္လိုက္ခ်ိန္တြင္ ေရႊဘံု ေျပးကာ

" မိုက္။ ေနာက္ဆံုးပြဲသိမ္းတိုက္ကြက္မွတ္မိလား။
ခင္ဗ်ားရဲ့ ဘယ္ကန္ခ်က္ေလး တကယ္လွတယ္ လို႔ ကြၽန္ေတာ္ ေျပာဘူးတယ္ေလ။ အဲ့အကြက္ေလး ကြၽန္ေတာ္ၾကၫ့္ခ်င္တယ္။ ဒီပြဲႏိုင္ရင္ အခ်ိန္တိုင္း ခင္ဗ်ားကို အထက္လူျဖစ္ခြင့္ေပးမယ္။ မဟုတ္ရင္ ခင္ဗ်ား တစ္သက္လံုးကြၽန္ေတာ္ေအာက္မွာ ေနရမယ္မွတ္ "

ေရႊဘံု အသံေၾကာင့္ ဒဏ္ရာေတြၾကားထဲမွာ မခ်ိမဆန႔္ရယ္မိေသးသည္။ ထို႔ေနာက္ မိုက္သည္ ႀကိဳးကိုကိုင္ကာ မတ္မတ္ရပ္လိုက္သည္။ ပြဲသိမ္းခ်ိန္သည္ နီးကပ္လာေခ်ၿပီ။ ေနာက္ဆံုး အခ်ိန္ တစ္မိနစ္သာ က်န္ေတာ့သည္မို႔ Rekiကလည္း ပြဲသိမ္းေပးဖို႔မေစာင့္ေတာ့။

ဒိုင္ဆီမွ ခရာမႈတ္သံထြက္လာၿပီးေနာက္ Reki
ေျပးလာတဲ့အခ်ိန္ မိုက္ ကိုယ္ကို တပတ္လွၫ့္ကာ
သူ႔၏ဘယ္ေျခေထာက္ကို ေျမာက္ကာ ကန္ထၫ့္လိုက္လ်ွင္ Reki ယိမ္းယိုင္သြား၏။ ထိုအခ်ိန္မွာ မိုက္ေျပးကာ ခုန္ၿပီးေမးဖ်ားအား ဒူးျဖင့္ေျပးတိုက္လိုက္ၿပီးလဲမက်ခင္ ဘယ္လက္သီးႏွင့္ဆက္တိုက္ ေဝ့ထိုးပစ္လိုက္သည္။

Reki မခုခံႏိုင္ေတာ့ပဲ ဘိုင္းခနဲ လဲက်သြားခ်ိန္တြင္

ရႊီ

ခရာသံအက်ယ္အႀကီးထြက္လာၿပီးပြဲသိမ္းသြားခဲ့ၿပီ။
ေနာက္ဆံုး စကၠန႔္ အတြင္း Rekiအား မိုက္အႏိုင္ယူလိုက္သည္။ လူေတြအကုန္လံုး ေအာ္ဟစ္အားေပးၾကၿပီး မိုးေပၚမွာ ေငြေရာင္ အမ်ွင္မ်ား ခန္းမအျပၫ့္ က်ဆင္းလာၾက၏။

ေရႊဘံု ႀကိဳးဝိုင္းေပၚေျပးတက္ကာ
ထင္ထင္အားေျပးတက္ဖက္လိုက္လ်ွင္ ဒဏ္ရာေတြနဲ႔မို႔ ျပန္မေပြ့ႏိုင္စြာ ႀကိဳးစင္ေထာင့္ထိ ယိုင္နဲ႔ေတာ့၏။

"ထင္ထင္ ေတာ္တယ္၊ ခင္ဗ်ား သိပ္ေတာ္တယ္"

သူမ်က္ႏွာ အႏွံ႔နမ္းကာ တတြတ္တြတ္ေျပာ‌ ေျပာၿပီး စင္ေအာက္ျပန္ဆင္းလိုက္ရသည္။
ခဏအၾကာတြင္ အစီအစဉ္တင္ဆက္သူတက္လာကာ
မိုက္အား အႏိုင္ရေၾကာင္း ေၾကျငာေပးလာသည္။

LED ဖန္သားျပင္ေပၚတြင္ မိုက္မ်က္ႏွာအား အနီးကပ္ရိုက္ျပထားၿပီး Rekiကေတာ့ ေမးရိုးက်ိဳးသြားသည္မို႔ ျပန္မထႏိုင္ေတာ့ပဲ ေဆးရံုတန္းပို႔လိုက္ရသၫ့္အ‌ေျခအေနျဖစ္သြားခဲ့သည္။

" ဒီေန့ အႏိုင္ရရိွသြားသူ မိုက္အတြက္ Black holeကေန အထူးဆုေၾကးေငြအျပင္ ေမ်ွာ္လင့္မထားတဲ့ လက္ေဆာင္တစ္ခုျပင္ဆင္ထားပါတယ္။ အဲ့ဒါကေတာ့ Black holeမွာ တန္ဖိုးအႀကီးဆံုး ပစၥည္းတစ္ခုပါ။ အဲ့ပစၥည္းကို Black holeကေန ဘယ္သူ႔မွမေပးျဖစ္တာ ၁ႏွစ္ေက်ာ္ ၂ႏွစ္နီးပါးရိွပါေတာ့မယ္ ။ အဲ့ဒါ ဘာျဖစ္မယ္ထင္လဲ။ "

အစီအစဉ္တင္ဆက္သူဆီမွ ပရိတ္သတ္အားဆြဲေဆာင္တဲ့ စကားေၾကာင့္ အကုန္လံုး အားမာန္အျပၫ့္နဲ႔ ေအာ္လာျပန္သည္။

"ေရႊေရာင္ကတ္ "

"ေရႊေရာင္ ကတ္"

"ဟုတ္ပါတယ္ ၊အားလံုးသိထားတဲ့ ေရႊေရာင္ကတ္ကို
အာရွသား တစ္ေယာက္ကို ပထမဦးဆံုးအႀကိမ္ Black holeကေန ခ်ီးျမင့္လိုက္တာပါ။ "

တခ်ိန္ထဲ စင္ေပၚကို လွပေသာ အမ်ိဳးသမီးငယ္ႏွစ္ေယာက္ တက္လာၿပီး ေရႊခါးပတ္တစ္ခုႏွင့္ ေရႊလင္ပန္းႏွင့္တင္ေဆာင္လာေသာ ေရႊေရာင္ကတ္တစ္ခုကို ယူေဆာင္လာသည္။

" ဘယ္လိုလဲ။ ခင္ဗ်ား ဒီပြဲကို ေက်နပ္မူ႔ရိွရဲ့လား "

မိုက္ မ်က္ေမွာင္ၾကဳတ္လိုက္သည္။ သို႔ေသာ္ ကြဲေနေသာ မ်က္ခမ္းစပ္ေၾကာင့္ သူ႔မ်က္ႏွာ တစ္ျခမ္းလံုး
ဆိုးဆိုးဝါးဝါး‌ ေယာင္သည္မို႔ မည္သူမွထူးျခားစြာျမင္မသြားခဲ့။ တင္ဆက္သူေပးလာတဲ့မိုက္ကိုမယူပဲ သူ႔ေခါင္းကိုငံု႔ကာ ဒီတိုင္း‌ ေအာ္ေျပာလိုက္၏။

"ခင္ဗ်ား ေရႊေရာင္ကတ္က ေရႊအစစ္လား "

ပရိတ္သတ္အကုန္လံုးရယ္စရာ ပ်က္လံုးၾကားလိုက္သၫ့္ႏွယ္ ရယ္ေမာကုန္ၾက၏။

"အစစ္ပါဗ်ာ ၊ မယံုရင္ သြားနဲ႔ကိုက္ၾကၫ့္ပါ"

တင္ဆက္သူကလည္း နာမည္ႀကီးပီပီ အရႊန္းျပန္ေဖာက္လိုက္သည္။ ထို႔ေနာက္ မိုက္ဆက္ေျပာသည္။

" ဒါဆို ဒီကတ္ကို ကြၽန္‌ ေတာ့္‌ ေကာင္ေလးကိုေပးလို႔ရမလား "

ထပ္မံ့ၿပီးရယ္သံ‌ေတြ ထြက္လာၾကျပန္သည္။
ေရႊဘံု စင္ေအာက္မွာ ရပ္ကာ သူပါေရာေယာင္ရယ္မိေတာ့သည္။

တင္ဆက္သူသည္ မ်က္လံုးျပဴးနဲ႔ၾကၫ့္ကာ

"ခင္ဗ်ား သူ႔ကို ေပးၿပီးဘာလုပ္မလို႔လဲ။ ဒီကတ္က ခင္ဗ်ား အတြက္ ေရႊေရာင္လႊမ္းေစမဲ့ အနာဂတ္ရိွတာေရာ ခင္ဗ်ား သိရဲ့လား"

" ကြၽန္ ေတာ္မသိဘူး။ ကြၽန္‌ေတာ္သိတဲ့ ေရႊေရာင္ အနာဂတ္က သက္သက္ရိွတယ္။ ဒါေပမဲ့ ဒိကတ္ကို သူ႔ကိုေပးလိုက္ရင္ေတာ့ သူေပ်ာ္သြားမယ္ထင္တယ္။ "

သူ အစီစဉ္တင္ဆက္သူဆီက မိုက္ကို ဆြဲယူကာအကုန္လံုးနားလည္ေအာင္ အဂ္လိပ္လို ‌ေမးလိုက္သည္။

"ေရႊဘံု မင္းဒီကတ္ကို ရခ်င္လား။ "

အျဖဴေရာင္အလင္းတန္းသည္ စင္ေအာက္က ႀကိဳးဝိုင္းေဘးမွာ ျဖာက်လာသည္။ ထိုေနရာမွာ ေရႊဘံု ရပ္ေနၿပီး မိုက္အား ခင္ဗ်ားမလြယ္ဘူး ဟူသၫ့္မ်က္ႏွာျဖင့္ျပန္ၾကၫ့္ေနၿပီး အေတာ္ၾကာမွ
လူတစ္ေယာက္လာေပးတဲ့ မိုက္ကိုယူကာ ျပန္ေျဖေပးလိုက္သည္။

"ရခ်င္ပါတယ္"

"ေတြ့လား ။ သူရခ်င္ေနတယ္။ ဒါဆို ဒီကတ္ထက္ တန္ဖိုးႀကီးတာ တစ္ခုသူ႔ဆီက ျပန္ေတာင္းၾကၫ့္လိုက္မယ္။
သူမေပးဘူးဆိုရင္ ကြၽန္ေတာ္လည္းသူ႔ကိုမေပးေတာ့ဘူးေလ ။ အဲ့ဒါဆို အဆင္ေျပမလား"

တင္ဆက္သူသည္ ပခံုးတြန႔္ကာ မ်က္ျဖဴ လွန္ျပသည္မို႔ ပရိတ္သတ္ေတြသည္ ရယ္ေမာက်ျပန္သည္။

" ဒါဆို ဒီကတ္ကို မင္းကို မေပးခင္ ၊ မင္းဆီက တစ္ခုျပန္ရခ်င္တယ္။ "

ေရႊဘံု မ်က္လံုးျပဴးျပလ်ွင္ မိုက္ ရယ္ကာ ဆက္ေျပာလာ၏။

" ကိုယ္မင္းကို လက္ထပ္ခ်င္တယ္ ။ မင္း ခြင့္ျပဳေပးႏိုင္မလား "

လက္ခုတ္သံေတြနဲ႔ ေအာ္သံေတြသည္ ဆူညံစြာ ထြက္ေပၚလာၿပီး လက္ခံလိုက္ လက္ခံလိုက္ ဆိုတဲ့ အသံေတြကလည္းဆက္တိုက္ဆိုသလိုထြက္လာ၏ ေရႊဘံု ရွက္ရဲရဲ ၾကၫ့္ကာ ဘာဆက္ေျပာရမွန္းမသိဝမ္းနည္းလာ၏။ လူေတြသည္ ေအာ္ဟစ္ေနၾကဆဲ။
လက္ေဝ႔ွပြဲမွာ ေသာင္းေသာင္းဖ်ဖ်ေအာ္သံေတြသည္
ထူးကဲစြာ ေသြးသံရဲရဲမ်က္ႏွာျဖင့္ ေတာင္းဆိုေနတဲ့
လက္ေဝ႔ွသမားတစ္ေယာက္ကို အားေပးဝန္းရံေနသၫ့္ဟန္။ ပထမအႀကိမ္လက္ထပ္ထားေပမဲ့ ထိုပြဲသည္ ႏွစ္ဦးသေဘာတူခ်စ္ျခင္းေမတၲာမပါဝင္ခဲ့။

ေရႊဘံု မ်က္ရည္မ်ားျဖင့္ ျပန္ၾကၫ့္ရင္း
မိုက္ကို ပါးစပ္ဖ်ားကပ္ကာ

"Yes"
ဟုေအာ္လိုက္လ်ွင္ အစီစဉ္တင္ဆက္သူပါ လက္ခုတ္တီးကာ အားေပးလာသည္။

ပထမဦးဆံုး အႀကိမ္အာရွသားတစ္ေယာက္အား ေရႊေရာင္ကတ္ေပးဖူးျခင္း။
ပထမဦးဆံုးအႀကိမ္ ထိုကတ္ျဖင့္ သူ႔ေကာင္ေလးကို ျပန္လည္လက္ထပ္ခြင့္ေတာင္းခံလိုက္ျခင္း။
ပထမဦးဆံုးအႀကိမ္ Black holeလိုေနရာမွာ
လူသိရွင္ၾကား လက္ထပ္ခြင့္ေတာင္းကာ
သူတို႔ကတ္အား လက္စြပ္အစားအသံုးျပဳလိုက္ျခင္း။
ေနာက္ၿပီးႀကီးက်ယ္ခန္းနားေသာ black holeလိုေနရာမွာ ကေလးဆန္စြာ ျပဳမူေနျခင္းအေပၚ ရုပ္သံလိုင္းေတြမွတဆင့္ၾကၫ့္ရူ႔ေနၾကသူမ်ားအတြက္
ရယ္ေမာကာ ခ်စ္စရာေကာင္းတဲ့ အျဖစ္အပ်က္အျဖစ္ အင္တာနက္အသံုးျပဳသူေတြၾကားမွာ အလ်ွင္အျမန္ပင္ ေရပန္းစားသြားေတာ့သည္။

ၿပီးပါၿပီ။
အိမ္စည္။

( ဒီficေလး အဆံုးသတ္သြားခဲ့ၿပီ။ ပံုေဖာ္ခ်င္တဲ့ဇာတ္ေကာင္တစ္ခုျဖစ္ေပမဲ့ ေက်နပ္ေလာက္စရာျဖစ္မလာခဲ့ဘူး။ အစအဆံုး အတူလိုက္ပါေပးခဲ့အတြက္ ေက်းဇူးတင္ပါတယ္က လြဲၿပီး ေျပာစရာစကားမရိွေတာ့ပါဘူး။ တကယ္ စိတ္ရင္းအတိုင္းေျပာပါရေစ။ ေက်းဇူးတင္ပါတယ္။ ေက်းဇူးအမ်ားႀကီးတင္ပါတယ္။ ဒီလကုန္အထိ ဖတ္မဲ့သူရိွရင္ ၿပီးေအာင္ဖတ္ေပးပါ။ အဆင္မေျပတဲ့ဇာတ္ကြက္ေတြအားလံုးျပင္စရာရိွလို႔ unမွာပါ။ ဘယ္အခ်ိန္တင္ေပးမလဲမသိလို႔ ေနာက္မွ ျပန္တင္ေပးပါလို႔ လာေျပာရင္ ကိုယ္ဘာမွတက္ႏိုင္မွာမဟုတ္ပါဘူး။ အဲ့အတြက္ လကုန္မေရာက္ခင္ အၿပီးဖတ္ေပးၾကပါ/ ဒီဇာတ္လမ္းက စိတ္ကူးယဉ္ေရးဖြဲ႔ထားတာမို႔ အျပင္နဲ႔တူညီမွာမဟုတ္ပါဘူး )

Bạn đang đọc truyện trên: ZingTruyen.Xyz