တသက်လုံးပျော်ချင်မောင့်ကိုချစ်ပါ(တသက္လံုးေပ်ာ္ခ်င္ေမာင့္ကိုခ်စ္ပါ)Completed
36
"ရွှီ"
ခရာမှုတ်သံကြောင့်ရေးညို့ထင် ကိုင်ထားတဲ့သံကြိုးခွေကြီးအား အသံမြည်အောင်ပစ်ချပြီး ကြမ်းပြင်ပေါ်မှာခြေပစ်လက်ပစ်ထိုင်ချလိုက်မိသည်။ချွေးပေါက်တွေကလည်းတစ်စက်စက် မေးကနေစီးကျနေပြီး
မျက်နှာပြင်တစ်ခုလုံးသည်ပင်ပန်းမူ့ကြောင့်ရဲရဲနီလျက်။
ထိုင်နေတဲ့ထင်ထင်နား ရွှေဘုံအပြေးအလွှားသွားကာ လက်ထဲကရေဘူးအားပေး၍ပုခုံးပေါ်တင်ထားတဲ့မျက်နှာသုတ်ပုဝါနှင့်အကြိတ်အနယ် ချွေးတွေကိုသုတ်ပေးလိုက်ရင်း
"မောနေပြီလား "
" နည်းနည်းပိုလုပ်နေရတယ်ဆိုပေမဲ့ကိုယ်လုပ်နိုင်ပါတယ် "
"လက်မောင်းတွေအနာသက်သာအောင်ကျွန်တော်နှိပ်ပေးမယ် "
ချွေးဖြင့်ရွဲနေတဲ့လက်မောင်းအိုးကြီးတွေအားဘေးကနေဒူးထောက်ထိုင်ကာ ရွှေဘုံခပ်မြန်မြန်နှိပ်ပေးလိုက်သည်။ သံကြိုး၏ထုထည်သည်ထူလွန်းသည်မို့ အလေးချိန်သည် ပြောပြလို့မရတဲ့အနေအထားမှာရှိသည်။ ထိုကြီးမားသော သံကြိုးခွေအား ကြိုးရမ်းသလို လှုပ်ရမ်းနိုင်ဖို့ဆိုတာ လွယ်လွန်းသည်မဟုတ်လှ။
မနက်ဖန်ဆိုထင်ထင်လေ့ကျင့်ရေးဆင်းနေတာ ၃ပတ်တိတိပြည့်တော့မည်။ လေ့ကျင့်ချိန်၄လကျော်မျှ ရှိသေးပေမဲ့ လုံလောက်ပါ့မလား ရွှေဘုံလည်းမသိပေ။
ကိုနိုင်းအပါအဝင်ဒယ်ဒီစီစဥ်ပေးသော နည်းပြနှင့်ထိုးသတ်ဖော်ကစားသမား၂ယောက် ကြောင့်ထင်ထင်တစ်ယောက်မနားမနေကြိုးစားနေပေမဲ့ မသနားမိအောင်စိတ်ထိန်းနေရ သည်။
အစားအသောက်အပါအဝင် ၊ ကျန်းမာရေးစစ်ဆေးမူ့
လေ့ကျင့်ချိန်မိနှစ်တိုင်းသည် ထင်ထင်အတွက်
သတ်ကွင်းပေါ်မှာ အောင်မြင်မူ့ရယူနိုင်ရန်အဓိကသော့ချက်ဖြစ်သည်မို့ရွှေဘုံ ကိုယ်တိုင် ဘာအလုပ်မှမလုပ်နိုင်ပဲ အချိန်တိုင်းဘေးမှာကြီးကြပ်ပေးနေရသည်။
" မိုက် နားချိန်ပြည့်ပြီ ထမယ် "
ဂျာမန်လူမျိုး နည်းပြက ရေးညို့ထင်အားတိုင်ကပ်နာရီကြည့်ကာပြောလာသည်။ ထိုသူသည်
လက်ဝှေ့နည်းပြအဖြစ် တစ်ချိန် က လျှမ်းလျှမ်းတောက်အောင်မြင်ကျော်ကြားဖူးသူဖြစ်သည်။ ယခုမူ အသက်အရွယ်ကြောင့် အလုပ်တွေအားရပ်နားခဲ့သော်လည်း ဦးမင်းစံကိုယ်တိုင် ငှားရမ်းပေးမူ့ဖြင့် မိုက်နားမှာရောက်ရှိနေရသည်။
နောက်ပြီး မိုက်နှင့်ထိုးသတ်ရန် ပြိင်ဖက်အနေနဲ့
ဌားရမ်းပေးထားသော ကျွမ်းကျင်လက်ဝှေ့သမားနှစ်စ်ယောက် နှင့်ကိုနိုင်း။
ထိုသူများသည်မိုက်အား စင်ပေါ်မှာ အတောက်ပဆုံး ကြယ်တစ်လုံးဖြစ်အောင် ကြိုးစားပေးနေသူများဖြစ်သည်။ သူလေ့ကျင့်ဖို့ဆုံးဖြတ်လိုက်သည့်နေ့မှစ၍ ကောင်ကလေးတစ်ယောက်နည်းနည်းမှမနားရတော့ချေ။ သူပင်ပန်းသည့်အခါတိုင်းပြိုတော့မဲ့မိုးလို ဘေးနားမှာ အတူရှိပေးနေသူ။ သွေးသံရဲရဲတွေကို ကောင်ကလေး သဘောမကျဘူးဆိုတာသူသိလို့
လေ့ကျင့်ရေးကွင်းကို မလာဖို့ပြောသော်လည်း
" ထင်ထင် စင်ပေါ်မှာထိုးတဲ့ပွဲကို ကျွန်တော်ဂုဏ်ယူပြီးကြည့်ချင်တယ် ။ အဲ့လိုကြည့်နိုင်ဖို့ ခုကတည်းက အလေ့အကျင့်ဖြစ်နေမှရမှာ "တဲ့
သူ ဘာမှပြန်မပြောနိုင်ခဲ့ပဲပွေ့ဖက်ရုံပဲတက်နိုင်ခဲ့သည်။
ကြည်နူးမူ့ကပြောမပြတက်အောင်ဖြစ်ရသည်။
ကောင်ကလေးက သူ့အတွက်ပြောင်းလဲပေးနေသလို သူလည်း ကောင်ကလေးအတွက် အများကြီး ကြိုးစားပေးနေခဲ့သည်။ သူလိုချင်တာငွေကြေးမဟုတ်။
ဒီတစ်ပွဲပဲ။
ဒါပြီးရင် သူမိသားစုအတွက်ပဲ ရှင်သန်တော့မည်။
" ထင်ထင် ဖိုက်တင်း"
ရေးညို့ထင်ခေါင်းညိမ့်ပြကာ ကြိုးဝိုင်းပေါ်ခုန်တက်လိုက်သည်။
ဒီနေ့ သူရဲ့လေ့ကျင့်ဖော် က James ။
လူမည်းအမျိုးသားဖြစ်ပြီး သူလိုကြေးစားလောကမှာကျင်လည်သူဖြစ်သည်။ Jamesကအားသာချက်များသောကစားသမားတစ်ယောက်ဖြစ်ကာ သွက်လက်မြန်ဆန်စွာ ခြေတွေလက်တွေအားလှုပ်ရှားကစားနိုင်လေသည်။
Reki ထက်စာရင်James က ကိုယ်ထည်ပိုသွယ်သည်မို့ သူ့ကိုယ်ထည်အား ပေါ့ပါးစွာကစားနိုင်သည်။
အရပ်အမောင်းကတော့ အနောက်တိုင်းသားပီသစွာ
မိုက်ထက်၃လက်မခန့်ပိုရှည်သည်။
ဖောင်း
ပထမဦးဆုံးအချက်မှာကတည်းက မိုက်ရှောင်လွဲဖို့မတင်နိုင်စွာထိုးခံလိုက်ရသည်။
James က စင်အနှံ့ကိုခပ်သွက်သွက်ပြန်ပတ်ပြေးနေပြန်သည်။ မူးနေတဲ့ခေါင်းကို မိုက် ခေါင်းရမ်းပစ်လိုက်ရင်း ပြိုင်ဖက်ရဲ့အားနည်းချက်ကိုရှာကြည့်မိ၏။ လေ့ကျင့်ရေးကွင်းမှာ မိုက်က Jamesနဲ့ထိုးသတ်ရတာ ဒါနဲ့ဆို ၂ကြိမ်မြောက် ။ ပထမ တစ်ခါမှ မိုက်ရှုံးခဲ့သည်။ ကြေးစားဆိုပေမဲ့James ကမိုက်လို ပြည်တွင်းပွဲထိုးသတ်နေရသူမဟုတ်။ အဆင်မြင့်သတ်ကွင်းတွေမှာ
အကြီးအကျယ်ကစားခဲ့သူမို့ လက်ရည်ရှိသလို စနစ်လည်းကျသည်။ မိုက်ကတော့ အာရှသွေးပီပီ ကျစ်လျစ်ပြီ သက်လုံကောင်းကာ လူကမာသည်၊
သို့သော် စနစ်မကျ ။ထိုအရာသည် ကွာခြားချက်မ
ဟုတ်ပေမဲ့ မိုက်အတွက် ရှုံးနှိမ့်ဖို့ 20% ထိရှိနေသည်။
" မိုက် အာရုံစိုက် "
နည်းပြအော်သံကြောင့် မိုက်သေချာအားစိုက်ပြီး jamesကို လေ့လာမိသည်။
ဘယ်ခြေ ညာခြေ လှုပ်ရှားနေတဲ့James ရဲ့ဖျတ်လပ်မူ့။ ကြည့်နေတုန်းမှာပင် ဝေ့ခနဲ ဖြတ်ရမ်းခံလိုက်ရတာမို့ တံတောင်နှင့်ဆီးကာလိုက်သော်လည်း လျှင်မြန်လွန်းသည်မို့ လူက ယိုင်သွား၏။
မိုက်ချက်ခြင်းပင် ညာလက်သီးနဲ့ပစ်ထိုးလျှင်
Jamesက ခန့်မှန်းထားသလို ရှောင်သွားသည်။ သို့သော်မိုက်ဖက်ကနေ ညာလက်အစား ဘယ်လက်သီးအား တန်ပြန်ထိုးလိုက်ချိန်တွင် James မျက်နှာလည်ထွက်သွား၏။
အစော က စင်ဘေးမှာ စိုးရိမ်တကြီးကြည့်နေမိတဲ့ရွှေဘုံသည်ပင် ဝမ်းသာအားရ မိုက်နာမည်အားအော်လိုက်မိချေသည်။ ပထမဦးအကြိမ် Jamesအားထိုးမိလိုက်ခြင်း။
နည်းပြသည်လည်း မိုက် ၏အားသာချက် အားနည်းချက်ကိုလေ့လာအကဲခတ်နေသည်။
James ပေါ့ပေါ့ဆဆ တိုးမဝင်တော့ချေ။
သူ့အား James ကြည့်နေမှန်းသိသည်မို့ မိုက် လက်သီးနှင့်နောက်တစ်ကြိမ် ဝင်ထိုး၏။ ဒီတစ်ခါတော့ ဘယ်လက်ဖြစ်သည်မို့ James ညာဖက်သို့ရှောင်ဖို့ကြိုးစားလိုက်သည်။ သို့သော် ညာဖက်၌လည်းလုံခြုံမူ့မရှိနိုင်ဟု ခံမှန်းကာ ခေါင်းကိုငုံကာရှောင်လိုက်သော်လည်း ညာဒူးက ရင်ညွှန့်ဆီသို့တိုးလာပြန်သည်။ လက်နဲ့ကာလိုက်ပေမဲ့ James နောက်သို့၃လှမ်းလောက်ထိ အရှိန်နဲ့ဆုတ်မိသွား၏
အံ့ဩစွာ မိုက်ကိုကြည့်မိချိန်တွင် နည်းပြဆီမှခရာမှုတ်သံကြားလိုက်ရ၏။
ပွဲသည်မပြီးပြတ်သေး။သို့သော်ရပ်နားခံလိုက်ရသည်။
"ထင်ထင် "
ကြိုးဝိုင်းပေါ်ကနေဆင်းလာတဲ့ မိုက်ဆီကို ရွှေဘုံ
စိုးရိမ် တကြီးပြေးလာ၏။ အနီးနားရောက်တော့
ရေခဲထုတ်ထားတဲ့ပုဝါနှင့် မျက်နှာပေါ်ရှိ ဒဏ်ရာအားသေချာကပ်ပေးလိုက်ရင်း
" အဆင်ပြေလား။ ဆေးခန်းသွားရအောင် "
"မလိုပါဘူး။ ကိုယ်အဆင်ပြေတယ်။ အိမ်ရောက်မှဒဏ်ကြေဆေးနည်းနည်းလူးလိုက်ရင်ရတယ်။ ကိုယ်
နည်းပြနဲ့စကားခဏပြောဦးမယ် ။ ပစ္စည်းတွေသိမ်းရင်းစောင့်နေပေး "
James နဲ့စကားပြောနေတဲ့ နည်းပြဆရာနား မိုက်တိုးကပ်သွားကာ ..
"James ခင်ဗျား အဆင်ပြေလား "
သူအသံကြောင့် နှစ်ယောက်လုံးလှည့်ကြည့်လာပြီး
James က ပုခုံးတွန့်ပြကာတုန့်ပြလာသည်။
" မင်းတိုးတက်လာတယ် "
"ကျေးဇူးပဲ။ ဒါပေမဲ့ခင်ဗျားခြေထောက်တွေကိုတော့
ကျွန်တော် ရှောင်နိုင်ဖို့ကြိုးစားရဦးမယ်"
James မျက်နှာမဲ့ကာ ခေါင်းရမ်းလိုက်၏။
သူဒီအာရှသားအားစကားနိုင်အောင်မပြောနိုင်ပေ။
" James ဒီနေ့နားလို့ရပြီ။ "
နည်းပြစကားကြောင့်James ခေါင်းညိမ့်ပြီးထွက်သွား၏။ James ထွက်ပြီဆိုမှ
"ပွဲကိုဘာလို့ရပ်ပစ်လိုက်တာလဲ "
"ဒီနေ့ဆက်ထိုးရင် မင်းရှုံးဦးမှာပဲ မိုက် ။ Jamesက
မင်း အတွက်ပြိုင်ဖက်ကောင်းတစ်ယောက်ဆိုပေမဲ့
မင်းနဲ့သူနဲ့က ကျင်လည်ရာပတ်ဝန်းကျင်မတူဘူး။
ပြောရရင် မင်းကျင်လည်ခဲ့တဲ့ ပတ်ဝန်းကျင်နဲ့လေ့ကျင့်မူ့အားက James ကို အနိုင်ပိုင်းဖို့ ခက်လိမ့်မယ်။ ဒါပေမဲ့ ဒီနေ့ မင်းရဲ့အားသာချက်ကို မင်းကောင်းကောင်းအသုံးမချနိုင်သေးတာကိုငါတွေ့လိုက်တယ်။ မိုက် ..
မင်း နောက်ရက်ကနေစပြီး လေ့ကျင့်ရေးစနစ်ကိုပြင်ရမယ်။ မင်းအသုံးချနိုင်သွားတဲ့တနေ့ နာမည်ကြီးတစ်ယောက်အဖြစ် Black hole မှာ ကျော်ကြားလာလိမ့်မယ် "
မိုက်မျက်မှောင်ကြုတ်ကာ သူ့အား တည်တန့်စွာကြည့်နေတဲ့နည်းပြကိုပြန်ကြည့်မိ၏။
Black hole ဆိုတာ အခု သူထိုးသတ်မဲ့
New York က နာမည်ကြီးသတ်ကွင်း။
တရားဝင် စင်တင်ကွင်း ဖြစ်တာကြောင့် ပရိတ်သတ်များစည်ကားစွာ တည်ရှိသောနေရာ။ နာမည်ကြီးတွေ အများအပြားသည်ထိုကွင်းမှာသာ ထိုးသတ်ကြပြီး
ပရိတ်သတ်အခိုင်အမာဖြင့် ဝင်ငွေကောင်းလွန်းသည်မို့ သာမန် ကြေးစားတစ်ယောက်အနားမကပ်ရဲနိုင်တဲ့နေရာဖြစ်သည်။
ထိုနေရာကို ငရဲကွင်းဟုလည်းခေါ်ကြပြီး
တရားဝင် ရုပ်သံလိုင်းများဖြင့်လည်း တိုက်ရိုက်ထုတ်လွှင့်ကာ ကစားသမားတို့၏နာမည်ဂုဏ်သတင်းကိုလည်းကြီးမားစေနိုင်တဲ့နေရာတစ်ခု။
ယခု လက်ရှိသူနှင့်ထိုးသတ်ရန်ငှားပေးထားသော
James နဲ့ Tony သည်ပင် Black hole မှာ မထင်မရှားကစားသမားသာသာဖြစ်လေသည်။
အမှန်ဆို ထိုကွင်းမှာထိုးသတ်ဖို့ က မိုက်အတွက်မဖြစ်နိုင်သော အိမ်မက်တစ်ခုဖြစ်ပေမဲ့ ဦးမင်းစံအတွက်ကတော့ လွယ်ကူလွန်းတဲ့အနေအထားသာဖြစ်လေသည်။ သူ့အတွက်ပြန်ပေးခဲ့သော ဦးမင်းစံဆီမှ လျော်ကြေးသည် Black hole မှာ ပွဲကစားခွင့်လက်မှတ်တစ် စောင်ဖြစ်လေသည်။
Reki ကတော့ Black hole မှာ နှစ်ကြိမ်တိတိကစားဖူးပြီး မြေအောက်ကြေးစားလောကတွင်သာ
အများဆုံးကျင်လည်သည်မို့ ထိုနေရာနှင့်စိမ်းသက်သူမဟုတ်လှ။ မိုက်ကတော့ ထိုသတ်ကွင်းမှာပထမဦးဆုံး ထိုးသတ်ခွင့်ရတဲ့ဒီနိုင်ငံရဲ့ကစားသမားတစ်ယောက်ဖြစ်ခဲ့လေသည်။
................
"ထင်ထင် "
"ဟင်"
"ရေချိုးတော့လေ ဘာလုပ်နေတာလဲ "
စဥ်းစားခန်းဝင်မိတဲ့အတွေးပင်လယ်ကိုပြန်ရုတ်သိမ်းပြီး ကောင်ကလေးအားပြုံးပြလိုက်သည်။
"ကိုယ့်ကိုခဏလောက် ဖက်ပေးပါဦး ၊ကိုယ်တအားပင်ပန်းနေလို့ "
ရွှေဘုံလက်ကမ်းကာ ထွေးဖက်ပေးလိုက်မိသည်။
ထင်ထင် ပင်ပန်းတာသိပေမဲ့ အကြီးကျယ်ဆုံးပွဲတစ်ခုကိုထိုးသတ်ရမည်မို့ သူဂုဏ်ယူမိသည်။ အောင်ပန်းတွေနဲ့ဆီးကြိုဖို့လည်း သူအဆင်သင့်ပြင်ထားပြီးဖြစ်သည်။ ရှုံးသည်ဖြစ်စေ၊ နိုင်သည်ဖြစ်စေ ဂုဏ်သိက္ခာအပြည့်နဲ့စွန့်ခွာရမည့်ပွဲမို့ ထင်ထင်အတွက် ဒယ်ဒီနှင့်မာမီ ပါ စိတ်ရောကိုယ်ပါအတူရှိနေပေးကြသည်။
" ထင်ထင််က ကျွန်တော်လူ "
"အမှန်ပဲ "
"ပြီးတော့ ကျွန်တော့်အချစ်ကြီး "
" ဒါလည်းမှန်တာပဲဗျာ"
ရွှေဘုံ တစ်ခစ်ခစ်ရယ်ကာ ထင်ထင်ပါးတွေအားဖက်ထားရင်း နမ်းလိုက်မိသည်။ထို့နောက်တည်ငြိမ်လေးနက်တဲ့အသံဖြင့်မြတ်နိုးစွာကြည့်၍
"ထင်ထင် အကောင်းဆုံးလုပ်နိုင်မယ်ဆိုတာ
ကျွန်တော် ယုံတယ်"
" ချစ်တယ်ရွှေဘုံမင်းစံ ။မင်းက ကိုယ့်ဘဝပါပဲ "
လှပတဲ့အနမ်းတစ်ခုက ရွှေဘုံနှုတ်ခမ်းပါးမှာနားခိုသွားခဲ့သည် ။ ချစ်ခြင်းဟူသည် ပထမလူ ၊ ဒုတိယလူနဲ့မသက်ဆိုင်ပါ။ စစ်မှန်သော ပေးကမ်းသူနဲ့ စစ်မှန်သော လက်ခံပေးသူ နှစ်ဦးနှစ်ဖက်သာ အဓိကကျ
တာပါ။
ချစ်တဲ့အိမ်စည်။
( ကိုယ်က အရင်က zawgyiသမားဆိုတော့ uni
ပြောင်းသုံးလိုက်ကတည်းက စာမြန်မြန်မရိုက်နိုင်တော့ဘူး။ တောသူအမကြီးကို ခွင့်လွတ်ပေးကြပါ )
"ရႊီ"
ခရာမႈတ္သံေၾကာင့္ေရးညို႔ထင္ ကိုင္ထားတဲ့သံႀကိဳးေခြႀကီးအား အသံျမည္ေအာင္ပစ္ခ်ၿပီး ၾကမ္းျပင္ေပၚမွာေျခပစ္လက္ပစ္ထိုင္ခ်လိုက္မိသည္။ေခြၽးေပါက္ေတြကလည္းတစ္စက္စက္ ေမးကေနစီးက်ေနၿပီး
မ်က္ႏွာျပင္တစ္ခုလံုးသည္ပင္ပန္းမူ႔ေၾကာင့္ရဲရဲနီလ်က္။
ထိုင္ေနတဲ့ထင္ထင္နား ေရႊဘံုအေျပးအလႊားသြားကာ လက္ထဲကေရဘူးအားေပး၍ပုခံုးေပၚတင္ထားတဲ့မ်က္ႏွာသုတ္ပုဝါႏွင့္အႀကိတ္အနယ္ ေခြၽးေတြကိုသုတ္ေပးလိုက္ရင္း
"ေမာေနၿပီလား "
" နည္းနည္းပိုလုပ္ေနရတယ္ဆိုေပမဲ့ကိုယ္လုပ္ႏိုင္ပါတယ္ "
"လက္ေမာင္းေတြအနာသက္သာေအာင္ကြၽန္ေတာ္ႏိွပ္ေပးမယ္ "
ေခြၽးျဖင့္ရြဲေနတဲ့လက္ေမာင္းအိုးႀကီးေတြအားေဘးကေနဒူးေထာက္ထိုင္ကာ ေရႊဘံုခပ္ျမန္ျမန္ႏိွပ္ေပးလိုက္သည္။ သံႀကိဳး၏ထုထည္သည္ထူလြန္းသည္မို႔ အေလးခ်ိန္သည္ ေျပာျပလို႔မရတဲ့အေနအထားမွာရိွသည္။ ထိုႀကီးမားေသာ သံႀကိဳးေခြအား ႀကိဳးရမ္းသလို လႈပ္ရမ္းႏိုင္ဖို႔ဆိုတာ လြယ္လြန္းသည္မဟုတ္လွ။
မနက္ဖန္ဆိုထင္ထင္ေလ့က်င့္ေရးဆင္းေနတာ ၃ပတ္တိတိျပည့္ေတာ့မည္။ ေလ့က်င့္ခ်ိန္၄လေက်ာ္မ်ွ ရိွေသးေပမဲ့ လံုေလာက္ပါ့မလား ေရႊဘံုလည္းမသိေပ။
ကိုႏိုင္းအပါအဝင္ဒယ္ဒီစီစဥ္ေပးေသာ နည္းျပႏွင့္ထိုးသတ္ေဖာ္ကစားသမား၂ေယာက္ ေၾကာင့္ထင္ထင္တစ္ေယာက္မနားမေနႀကိဳးစားေနေပမဲ့ မသနားမိေအာင္စိတ္ထိန္းေနရ သည္။
အစားအေသာက္အပါအဝင္ ၊ က်န္းမာေရးစစ္ေဆးမူ႔
ေလ့က်င့္ခ်ိန္မိႏွစ္တိုင္းသည္ ထင္ထင္အတြက္
သတ္ကြင္းေပၚမွာ ေအာင္ျမင္မူ႔ရယူႏိုင္ရန္အဓိကေသာ့ခ်က္ျဖစ္သည္မို႔ေရႊဘံု ကိုယ္တိုင္ ဘာအလုပ္မွမလုပ္ႏိုင္ပဲ အခ်ိန္တိုင္းေဘးမွာႀကီးၾကပ္ေပးေနရသည္။
" မိုက္ နားခ်ိန္ျပည့္ၿပီ ထမယ္ "
ဂ်ာမန္လူမ်ိဳး နည္းျပက ေရးညို႔ထင္အားတိုင္ကပ္နာရီၾကည့္ကာေျပာလာသည္။ ထိုသူသည္
လက္ေဝ႔ွနည္းျပအျဖစ္ တစ္ခ်ိန္ က လ်ွမ္းလ်ွမ္းေတာက္ေအာင္ျမင္ေက်ာ္ၾကားဖူးသူျဖစ္သည္။ ယခုမူ အသက္အရြယ္ေၾကာင့္ အလုပ္ေတြအားရပ္နားခဲ့ေသာ္လည္း ၪီးမင္းစံကိုယ္တိုင္ ငွားရမ္းေပးမူ႔ျဖင့္ မိုက္နားမွာေရာက္ရိွေနရသည္။
ေနာက္ၿပီး မိုက္ႏွင့္ထိုးသတ္ရန္ ၿပိင္ဖက္အေနနဲ႔
ဌားရမ္းေပးထားေသာ ကြၽမ္းက်င္လက္ေဝ႔ွသမားႏွစ္စ္ေယာက္ ႏွင့္ကိုႏိုင္း။
ထိုသူမ်ားသည္မိုက္အား စင္ေပၚမွာ အေတာက္ပဆံုး ၾကယ္တစ္လံုးျဖစ္ေအာင္ ႀကိဳးစားေပးေနသူမ်ားျဖစ္သည္။ သူေလ့က်င့္ဖို႔ဆံုးျဖတ္လိုက္သည့္ေန့မွစ၍ ေကာင္ကေလးတစ္ေယာက္နည္းနည္းမွမနားရေတာ့ေခ်။ သူပင္ပန္းသည့္အခါတိုင္းၿပိဳေတာ့မဲ့မိုးလို ေဘးနားမွာ အတူရိွေပးေနသူ။ ေသြးသံရဲရဲေတြကို ေကာင္ကေလး သေဘာမက်ဘူးဆိုတာသူသိလို႔
ေလ့က်င့္ေရးကြင္းကို မလာဖို႔ေျပာေသာ္လည္း
" ထင္ထင္ စင္ေပၚမွာထိုးတဲ့ပြဲကို ကြၽန္ေတာ္ဂုဏ္ယူၿပီးၾကည့္ခ်င္တယ္ ။ အဲ့လိုၾကည့္ႏိုင္ဖို႔ ခုကတည္းက အေလ့အက်င့္ျဖစ္ေနမွရမွာ "တဲ့
သူ ဘာမျွပန္မေျပာႏိုင္ခဲ့ပဲေပြ့ဖက္ရံုပဲတက္ႏိုင္ခဲ့သည္။
ၾကည္ႏူးမူ႔ကေျပာမျပတက္ေအာင္ျဖစ္ရသည္။
ေကာင္ကေလးက သူ႔အတြက္ေျပာင္းလဲေပးေနသလို သူလည္း ေကာင္ကေလးအတြက္ အမ်ားႀကီး ႀကိဳးစားေပးေနခဲ့သည္။ သူလိုခ်င္တာေငြေၾကးမဟုတ္။
ဒီတစ္ပြဲပဲ။
ဒါၿပီးရင္ သူမိသားစုအတြက္ပဲ ရွင္သန္ေတာ့မည္။
" ထင္ထင္ ဖိုက္တင္း"
ေရးညို႔ထင္ေခါင္းညိမ့္ျပကာ ႀကိဳးဝိုင္းေပၚခုန္တက္လိုက္သည္။
ဒီေန့ သူရဲ့ေလ့က်င့္ေဖာ္ က James ။
လူမည္းအမ်ိဳးသားျဖစ္ၿပီး သူလိုေၾကးစားေလာကမွာက်င္လည္သူျဖစ္သည္။ Jamesကအားသာခ်က္မ်ားေသာကစားသမားတစ္ေယာက္ျဖစ္ကာ သြက္လက္ျမန္ဆန္စြာ ေျခေတြလက္ေတြအားလႈပ္ရွားကစားႏိုင္ေလသည္။
Reki ထက္စာရင္James က ကိုယ္ထည္ပိုသြယ္သည္မို႔ သူ႔ကိုယ္ထည္အား ေပါ့ပါးစြာကစားႏိုင္သည္။
အရပ္အေမာင္းကေတာ့ အေနာက္တိုင္းသားပီသစြာ
မိုက္ထက္၃လက္မခန္႔ပိုရွည္သည္။
ေဖာင္း
ပထမၪီးဆံုးအခ်က္မွာကတည္းက မိုက္ေရွာင္လြဲဖို႔မတင္ႏိုင္စြာထိုးခံလိုက္ရသည္။
James က စင္အႏွံ႔ကိုခပ္သြက္သြက္ျပန္ပတ္ေျပးေနျပန္သည္။ မူးေနတဲ့ေခါင္းကို မိုက္ ေခါင္းရမ္းပစ္လိုက္ရင္း ၿပိဳင္ဖက္ရဲ့အားနည္းခ်က္ကိုရွာၾကည့္မိ၏။ ေလ့က်င့္ေရးကြင္းမွာ မိုက္က Jamesနဲ႔ထိုးသတ္ရတာ ဒါနဲ႔ဆို ၂ႀကိမ္ေျမာက္ ။ ပထမ တစ္ခါမွ မိုက္ရႈံးခဲ့သည္။ ေၾကးစားဆိုေပမဲ့James ကမိုက္လို ျပည္တြင္းပြဲထိုးသတ္ေနရသူမဟုတ္။ အဆင္ျမင့္သတ္ကြင္းေတြမွာ
အႀကီးအက်ယ္ကစားခဲ့သူမို႔ လက္ရည္ရိွသလို စနစ္လည္းက်သည္။ မိုက္ကေတာ့ အာရွေသြးပီပီ က်စ္လ်စ္ၿပီ သက္လံုေကာင္းကာ လူကမာသည္၊
သို႔ေသာ္ စနစ္မက် ။ထိုအရာသည္ ကြာျခားခ်က္မ
ဟုတ္ေပမဲ့ မိုက္အတြက္ ရႈံးႏိွမ့္ဖို႔ 20% ထိရိွေနသည္။
" မိုက္ အာရံုစိုက္ "
နည္းျပေအာ္သံေၾကာင့္ မိုက္ေသခ်ာအားစိုက္ၿပီး jamesကို ေလ့လာမိသည္။
ဘယ္ေျခ ညာေျခ လႈပ္ရွားေနတဲ့James ရဲ့ဖ်တ္လပ္မူ႔။ ၾကည့္ေနတုန္းမွာပင္ ေဝ့ခနဲ ျဖတ္ရမ္းခံလိုက္ရတာမို႔ တံေတာင္ႏွင့္ဆီးကာလိုက္ေသာ္လည္း လ်ွင္ျမန္လြန္းသည္မို႔ လူက ယိုင္သြား၏။
မိုက္ခ်က္ျခင္းပင္ ညာလက္သီးနဲ႔ပစ္ထိုးလ်ွင္
Jamesက ခန္႔မွန္းထားသလို ေရွာင္သြားသည္။ သို႔ေသာ္မိုက္ဖက္ကေန ညာလက္အစား ဘယ္လက္သီးအား တန္ျပန္ထိုးလိုက္ခ်ိန္တြင္ James မ်က္ႏွာလည္ထြက္သြား၏။
အေစာ က စင္ေဘးမွာ စိုးရိမ္တႀကီးၾကည့္ေနမိတဲ့ေရႊဘံုသည္ပင္ ဝမ္းသာအားရ မိုက္နာမည္အားေအာ္လိုက္မိေခ်သည္။ ပထမၪီးအႀကိမ္ Jamesအားထိုးမိလိုက္ျခင္း။
နည္းျပသည္လည္း မိုက္ ၏အားသာခ်က္ အားနည္းခ်က္ကိုေလ့လာအကဲခတ္ေနသည္။
James ေပါ့ေပါ့ဆဆ တိုးမဝင္ေတာ့ေခ်။
သူ႔အား James ၾကည့္ေနမွန္းသိသည္မို႔ မိုက္ လက္သီးႏွင့္ေနာက္တစ္ႀကိမ္ ဝင္ထိုး၏။ ဒီတစ္ခါေတာ့ ဘယ္လက္ျဖစ္သည္မို႔ James ညာဖက္သို႔ေရွာင္ဖို႔ႀကိဳးစားလိုက္သည္။ သို႔ေသာ္ ညာဖက္၌လည္းလံုၿခံဳမူ႔မရိွႏိုင္ဟု ခံမွန္းကာ ေခါင္းကိုငံုကာေရွာင္လိုက္ေသာ္လည္း ညာဒူးက ရင္ၫႊန္႔ဆီသို႔တိုးလာျပန္သည္။ လက္နဲ႔ကာလိုက္ေပမဲ့ James ေနာက္သို႔၃လွမ္းေလာက္ထိ အရိွန္နဲ႔ဆုတ္မိသြား၏
အံ့ဩစြာ မိုက္ကိုၾကည့္မိခ်ိန္တြင္ နည္းျပဆီမွခရာမႈတ္သံၾကားလိုက္ရ၏။
ပြဲသည္မၿပီးျပတ္ေသး။သို႔ေသာ္ရပ္နားခံလိုက္ရသည္။
"ထင္ထင္ "
ႀကိဳးဝိုင္းေပၚကေနဆင္းလာတဲ့ မိုက္ဆီကို ေရႊဘံု
စိုးရိမ္ တႀကီးေျပးလာ၏။ အနီးနားေရာက္ေတာ့
ေရခဲထုတ္ထားတဲ့ပုဝါႏွင့္ မ်က္ႏွာေပၚရိွ ဒဏ္ရာအားေသခ်ာကပ္ေပးလိုက္ရင္း
" အဆင္ေျပလား။ ေဆးခန္းသြားရေအာင္ "
"မလိုပါဘူး။ ကိုယ္အဆင္ေျပတယ္။ အိမ္ေရာက္မွဒဏ္ေၾကေဆးနည္းနည္းလူးလိုက္ရင္ရတယ္။ ကိုယ္
နည္းျပနဲ႔စကားခဏေျပာၪီးမယ္ ။ ပစၥည္းေတြသိမ္းရင္းေစာင့္ေနေပး "
James နဲ႔စကားေျပာေနတဲ့ နည္းျပဆရာနား မိုက္တိုးကပ္သြားကာ ..
"James ခင္ဗ်ား အဆင္ေျပလား "
သူအသံေၾကာင့္ ႏွစ္ေယာက္လံုးလွည့္ၾကည့္လာၿပီး
James က ပုခံုးတြန္႔ျပကာတုန္႔ျပလာသည္။
" မင္းတိုးတက္လာတယ္ "
"ေက်းဇူးပဲ။ ဒါေပမဲ့ခင္ဗ်ားေျခေထာက္ေတြကိုေတာ့
ကြၽန္ေတာ္ ေရွာင္ႏိုင္ဖို႔ႀကိဳးစားရၪီးမယ္"
James မ်က္ႏွာမဲ့ကာ ေခါင္းရမ္းလိုက္၏။
သူဒီအာရွသားအားစကားႏိုင္ေအာင္မေျပာႏိုင္ေပ။
" James ဒီေန့နားလို႔ရၿပီ။ "
နည္းျပစကားေၾကာင့္James ေခါင္းညိမ့္ၿပီးထြက္သြား၏။ James ထြက္ၿပီဆိုမွ
"ပြဲကိုဘာလို႔ရပ္ပစ္လိုက္တာလဲ "
"ဒီေန့ဆက္ထိုးရင္ မင္းရႈံးၪီးမွာပဲ မိုက္ ။ Jamesက
မင္း အတြက္ၿပိဳင္ဖက္ေကာင္းတစ္ေယာက္ဆိုေပမဲ့
မင္းနဲ႔သူနဲ႔က က်င္လည္ရာပတ္ဝန္းက်င္မတူဘူး။
ေျပာရရင္ မင္းက်င္လည္ခဲ့တဲ့ ပတ္ဝန္းက်င္နဲ႔ေလ့က်င့္မူ႔အားက James ကို အႏိုင္ပိုင္းဖို႔ ခက္လိမ့္မယ္။ ဒါေပမဲ့ ဒီေန့ မင္းရဲ့အားသာခ်က္ကို မင္းေကာင္းေကာင္းအသံုးမခ်ႏိုင္ေသးတာကိုငါေတြ့လိုက္တယ္။ မိုက္ ..
မင္း ေနာက္ရက္ကေနစၿပီး ေလ့က်င့္ေရးစနစ္ကိုျပင္ရမယ္။ မင္းအသံုးခ်ႏိုင္သြားတဲ့တေန့ နာမည္ႀကီးတစ္ေယာက္အျဖစ္ Black hole မွာ ေက်ာ္ၾကားလာလိမ့္မယ္ "
မိုက္မ်က္ေမွာင္ၾကဳတ္ကာ သူ႔အား တည္တန္႔စြာၾကည့္ေနတဲ့နည္းျပကိုျပန္ၾကည့္မိ၏။
Black hole ဆိုတာ အခု သူထိုးသတ္မဲ့
New York က နာမည္ႀကီးသတ္ကြင္း။
တရားဝင္ စင္တင္ကြင္း ျဖစ္တာေၾကာင့္ ပရိတ္သတ္မ်ားစည္ကားစြာ တည္ရိွေသာေနရာ။ နာမည္ႀကီးေတြ အမ်ားအျပားသည္ထိုကြင္းမွာသာ ထိုးသတ္ၾကၿပီး
ပရိတ္သတ္အခိုင္အမာျဖင့္ ဝင္ေငြေကာင္းလြန္းသည္မို႔ သာမန္ ေၾကးစားတစ္ေယာက္အနားမကပ္ရဲႏိုင္တဲ့ေနရာျဖစ္သည္။
ထိုေနရာကို ငရဲကြင္းဟုလည္းေခၚၾကၿပီး
တရားဝင္ ရုပ္သံလိုင္းမ်ားျဖင့္လည္း တိုက္ရိုက္ထုတ္လႊင့္ကာ ကစားသမားတို႔၏နာမည္ဂုဏ္သတင္းကိုလည္းႀကီးမားေစႏိုင္တဲ့ေနရာတစ္ခု။
ယခု လက္ရိွသူႏွင့္ထိုးသတ္ရန္ငွားေပးထားေသာ
James နဲ႔ Tony သည္ပင္ Black hole မွာ မထင္မရွားကစားသမားသာသာျဖစ္ေလသည္။
အမွန္ဆို ထိုကြင္းမွာထိုးသတ္ဖို႔ က မိုက္အတြက္မျဖစ္ႏိုင္ေသာ အိမ္မက္တစ္ခုျဖစ္ေပမဲ့ ၪီးမင္းစံအတြက္ကေတာ့ လြယ္ကူလြန္းတဲ့အေနအထားသာျဖစ္ေလသည္။ သူ႔အတြက္ျပန္ေပးခဲ့ေသာ ၪီးမင္းစံဆီမွ ေလ်ာ္ေၾကးသည္ Black hole မွာ ပြဲကစားခြင့္လက္မွတ္တစ္ ေစာင္ျဖစ္ေလသည္။
Reki ကေတာ့ Black hole မွာ ႏွစ္ႀကိမ္တိတိကစားဖူးၿပီး ေျမေအာက္ေၾကးစားေလာကတြင္သာ
အမ်ားဆံုးက်င္လည္သည္မို႔ ထိုေနရာႏွင့္စိမ္းသက္သူမဟုတ္လွ။ မိုက္ကေတာ့ ထိုသတ္ကြင္းမွာပထမၪီးဆံုး ထိုးသတ္ခြင့္ရတဲ့ဒီႏိုင္ငံရဲ့ကစားသမားတစ္ေယာက္ျဖစ္ခဲ့ေလသည္။
................
"ထင္ထင္ "
"ဟင္"
"ေရခ်ိဳးေတာ့ေလ ဘာလုပ္ေနတာလဲ "
စဥ္းစားခန္းဝင္မိတဲ့အေတြးပင္လယ္ကိုျပန္ရုတ္သိမ္းၿပီး ေကာင္ကေလးအားၿပံဳးျပလိုက္သည္။
"ကိုယ့္ကိုခဏေလာက္ ဖက္ေပးပါၪီး ၊ကိုယ္တအားပင္ပန္းေနလို႔ "
ေရႊဘံုလက္ကမ္းကာ ေထြးဖက္ေပးလိုက္မိသည္။
ထင္ထင္ ပင္ပန္းတာသိေပမဲ့ အႀကီးက်ယ္ဆံုးပြဲတစ္ခုကိုထိုးသတ္ရမည္မို႔ သူဂုဏ္ယူမိသည္။ ေအာင္ပန္းေတြနဲ႔ဆီးႀကိဳဖို႔လည္း သူအဆင္သင့္ျပင္ထားၿပီးျဖစ္သည္။ ရႈံးသည္ျဖစ္ေစ၊ ႏိုင္သည္ျဖစ္ေစ ဂုဏ္သိကၡာအျပည့္နဲ႔စြန္႔ခြာရမည့္ပြဲမို႔ ထင္ထင္အတြက္ ဒယ္ဒီႏွင့္မာမီ ပါ စိတ္ေရာကိုယ္ပါအတူရိွေနေပးၾကသည္။
" ထင္ထင္္က ကြၽန္ေတာ္လူ "
"အမွန္ပဲ "
"ၿပီးေတာ့ ကြၽန္ေတာ့္အခ်စ္ႀကီး "
" ဒါလည္းမွန္တာပဲဗ်ာ"
ေရႊဘံု တစ္ခစ္ခစ္ရယ္ကာ ထင္ထင္ပါးေတြအားဖက္ထားရင္း နမ္းလိုက္မိသည္။ထို႔ေနာက္တည္ၿငိမ္ေလးနက္တဲ့အသံျဖင့္ျမတ္ႏိုးစြာၾကည့္၍
"ထင္ထင္ အေကာင္းဆံုးလုပ္ႏိုင္မယ္ဆိုတာ
ကြၽန္ေတာ္ ယံုတယ္"
" ခ်စ္တယ္ေရႊဘံုမင္းစံ ။မင္းက ကိုယ့္ဘဝပါပဲ "
လွပတဲ့အနမ္းတစ္ခုက ေရႊဘံုႏႈတ္ခမ္းပါးမွာနားခိုသြားခဲ့သည္ ။ ခ်စ္ျခင္းဟူသည္ ပထမလူ ၊ ဒုတိယလူနဲ႔မသက္ဆိုင္ပါ။ စစ္မွန္ေသာ ေပးကမ္းသူနဲ႔ စစ္မွန္ေသာ လက္ခံေပးသူ ႏွစ္ၪီးႏွစ္ဖက္သာ အဓိကက်
တာပါ။
ခ်စ္တဲ့အိမ္စည္။
( ကိုယ္က အရင္က zawgyiသမားဆိုေတာ့ uni
ေျပာင္းသံုးလိုက္ကတည္းက စာျမန္ျမန္မရိုက္ႏိုင္ေတာ့ဘူး။ ေတာသူအမႀကီးကို ခြင့္လြတ္ေပးၾကပါ )
Bạn đang đọc truyện trên: ZingTruyen.Xyz