တသက်လုံးပျော်ချင်မောင့်ကိုချစ်ပါ(တသက္လံုးေပ်ာ္ခ်င္ေမာင့္ကိုခ်စ္ပါ)Completed
32
"ေကာင္ကေလး ေျခေရ လက္ေရ ေဆး ၿပီးအိပ္ယာထဲ ဝင္နားေတာ့။ ကိုနိုင္းဆီက ဖုန္းလာေနလို႔ ကိုယ္ဖုန္းခဏေျပာဦးမယ္"
အိမ္ျပန္ေရာက္ေရာက္ျခင္းေျပာလာသည္မို႔ ေရႊဘံု ေခါင္းညိမ့္ျပကာ အိပ္ခန္းထဲအရင္ဝင္သြားနွင့္လိုက္သည္ ။
ထင္ထင္မွာ သူငယ္ခ်င္းမိတ္ေဆြ နည္းပါး
ၿပီးေသာက္ေသာက္စားစားလည္းမရွိ ၊ အေပ်ာ္အပါးလည္းမရွိေပ။ ကိုနိုင္းကေတာ့ တစ္ဦးတည္းေသာ ထင္ထင္ရဲ႕မိတ္ေဆြျဖစ္ကာ ဘာေနေန တိုင္ပင္တက္တာကိုေတာ့ မၾကာခဏဆိုသလိုေတြ႕ရတက္၏။
ေရးညိဳ႕ထင္ အခန္းတြင္းသို႔ ေသခ်ာေအာင္လွမ္းၾကည့္ၿပီးမွ က်သြားတဲ့ ကိုနိုင္းရဲ႕ဖုန္းကို ျပန္ေခၚလိုက္သည္။
ခ်က္ျခင္းဆိုသလို ဖုန္းကိုင္လာၿပီးေနာက္
" ေအး ငါစံုစမ္းထားတဲ့ အေၾကာင္းေျပာမလို႔ "
"အင္း အေျခအေနဘယ္လိုရွိလဲ "
"မင္းထင္ထားသလိုပဲ မိုက္ ၊ ပြဲကို ဦးမင္းစံ တမင္ဖ်က္လိုက္တာ ၊ Rikoကေတာ့ မေက်နပ္ဘူးေျပာေနတယ္။ မင္းဘာဆက္လုပ္ဖို႔စဥ္းစားထားလဲ "
" ကြၽန္ေတာ္ဆက္မလုပ္ေတာ့ဘူး ကိုနိုင္း။"
"ဟ ...ဒါမင္းရဲ႕ ေနာက္ဆံုးထိုးတဲ့ပြဲကြ။
အရႈံးအနိုင္မရွိပဲ ၊ ဒီတိုင္း အပိတ္ပြဲပ်က္ႀကီးျဖစ္သြားတာေတာ့မမိုက္ဘူး ၊ အားကစားသမားတစ္ေယာက္အေနနဲ႔ ဒါႀကီးက လက္ခံနိုင္စရာအေၾကာင္းမွမရွိတာ။ ငါ့အေနနဲ႔ကေတာ့ အရႈံးဆိုရင္ေတာင္မွ
ျပတ္ျပတ္သားသား ပြဲစဥ္တစ္ခုအေနနဲ႔ မွတ္တမ္းရွိသင့္တယ္လို႔ထင္တယ္မိုက္။ မင္းေသခ်ာစဥ္းစားၾကည့္ပါဦး ၊ ဒီတိုင္းအဆံုးသတ္ႀကီးနဲ႔ မင္းကိုထြက္ခြာမသြားေစခ်င္ဘူး ၊ မင္းသိကၡာလည္းရွိေသးတယ္ကြာ ။ အကယ္၍ မင္းသာ ထပ္မထိုးေတာ့ရင္
ငေၾကာက္တစ္ေကာင္ျဖစ္သြားမွာေနာ္။ "
ကိုနိုင္းေျပာတာ အမွန္ပင္ျဖစ္သည္။ သူကိုယ္တိုင္လည္း ထိုသို႔ေသာ ရလာဒ္မ်ိဳးကို ေက်နပ္မူ႔မရွိပါ။ အားကစားသမားဆိုတာ အနိုင္လိုခ်င္သည့္တိုင္ အရႈံးကိုလည္း ျပတ္သားစြာ ခံယူနိုင္ရမယ္။ Rikoနဲ႔ပြဲမွာ အေၾကာင္းေၾကာင့္ ပြဲပ်က္သြားေပမဲ့ ေနာက္တစ္ပြဲ ထပ္ဆံုရမွာ ထံုးစံပင္။ အဆိုးဆံုးကေတာ့ သူနဲ႔ Rikoထိုးတဲ့ပြဲစဥ္မွာ ပြဲသာမပ်က္ခဲ့ရင္ ေသခ်ာေပါက္သူရႈံးမွာပင္။ ထိုအေၾကာင္းအရာသည္ အမ်ားသိေသာ အေျခအေနမို႔ ထပ္မံ၍ မထိုးသတ္ရင္ သူ႔အဖို႔ ငေၾကာက္တစ္ေကာင္အျဖစ္က ေရွာင္လႊဲမရေတာ့ေပ။ သို႔ေသာ္ ေရးညိဳ႕ထင္ လက္ခံလိုက္ဖို႔ စိတ္ကူးမရွိေတာ့ေပ။ ေနာက္ဆံုးပြဲလို႔ ကတိေပးၿပီးသားမို႔ သူကတိတည္ခ်င္သည္။
"ကြၽန္ေတာ္ တကယ္ဆက္မထိုးေတာ့ဘူး ကိုနိုင္း။ ဆံုးျဖတ္ၿပီးသြားၿပီ။ "
ကိုနိုင္းဆီမွခ်က္ျခင္းစကားျပန္မလာေပ။ သက္ျပင္းခ်သံသဲ့သဲ့ကလြဲၿပီး ထပ္မံၿပီး တိုက္တြန္းတာမ်ိဳးမလုပ္ေတာ့ပဲ ဖုန္းခ်သြား၏။ ကိုနိုင္းစိတ္ဆိုးသြားေခ်ၿပီ။ ေရးညိဳ႕ထင္
မွန္ျပတင္း မွ တဆင့္ နီညိဳေရာင္ေကာင္းကင္အားေမာ့ၾကည့္မိသည္။
တိမ္လႊာညိဳညိဳေတြသည္ မိုးရိပ္မိုးေရာင္ သတိေပးေနသကဲ့ပင္။ ေရးညိဳ႕ထင္ သက္မခ်ၿပီး ျပတင္းေပါက္ကိုေက်ာခိုင္းလိုက္ေလသည္။ မိုးေအးေနတာမို႔ ေကာင္ကေလးအား ေဆးႀကိဳတိုက္ရဦးမည္။
ခ်ဴ ခ်ာသူေလးမို႔ စိတ္ပူရသလို စိတ္ခ်မ္းသာေအာင္လည္းထားသည္။ အနာဂတ္အစီအစဥ္ေတြေတြးၾကည့္ရင္ မ်ားျပားလြန္းလွေလသည္။ သူသည္ေကာင္ကေလးအား တကယ္ပင္ သေဘာက်ရသည္မို႔ စိတ္ညစ္ပူပန္ရမွာမလိုလားေပ။
"ထင္ထင္ "
"ဟင္"
အမွတ္တမဲ့ ထြက္ေပၚလာေသာ ေခၚဆိုသံေၾကာင့္ သူ႔အေတြးေတြ လြင့္ျပယ္ကုန္ေလၿပီ။
" ခုထိ ဘာမွမလုပ္ရေသးဘူးလား။ အဝတ္အစားလည္းမလဲရေသးဘူး ၊ ဘာလုပ္ေနတာလဲ။ ညေနဒီထက္ပိုေစာင္းသြားရင္ မင္းအေအးပက္ေတာ့မွာ "
ဆူမိေတာ့လည္းေခါင္းငံု႔ေနသည္မွလြဲၿပီးျပန္ေျပာမလာ။ သူျမန္ျမန္ပင္ လက္ဆြဲ၍ ေရခ်ိဳးခန္းဆီကိုသာ ေခၚလာၿပီး ေသခ်ာေဆးေက်ာေပးမိသည္။
" ေနမေကာင္းဘူးလား ။ မ်က္နွာမေကာင္းဘူး "
မ်က္နွာႏုႏုအား တဘတ္ျဖင့္ဖြဖြသုတ္၍ သူဆိုမိသည္။ အညိဳေရာင္မ်က္ဆံအိမ္ေတြသည္ လန္းဆန္းမူ႔ရွိမေနေပမဲ့ လွပေနေသး၏။
" ေရႊဘံု ဘာမွမျဖစ္ပါဘူး "
"ကိုယ္လိမ္တာမႀကိဳက္ဘူးလို႔ေျပာထားတယ္ေလ "
ေရွ႕တည့္တည့္မွာရပ္ေနသူအား ေမာ့ၾကည့္ကာ ေရႊဘံု အသာေလးေထြးဖက္လိုက္ေလသည္။ ႀကီးမားက်ယ္ျပန္႔ေသာ ရင္ခြင္သည္ သူ႔အားကိုးရာပင္။
" ဒယ္ဒီအစား ေရႊဘံုေတာင္းပန္ပါတယ္ "
" ၾကားသြားတာလား "
ေရႊဘံု သူ႔ပါးနွင့္ ထင္ထင္ ရင္ဘတ္ကိုပြတ္တိုက္၍ ငံု႔ၾကည့္ေနတဲ့ ထင္ထင္မ်က္လံုးေတြအား မပီမသ ေမာ့ၾကည့္မိသည္။ အျမင္လႊာသည္ ထင္သေလာက္ရွင္းလင္းမူ႔မရွိေသာ္ျငား နွလံုးသားနဲ႔ျမင္ေအာင္ၾကည့္လို႔ရေနသည္။
" အင္း ၊ ခိုးနားေထာင္တာမဟုတ္ေပမဲ့ အမွတ္တမဲ့ ရပ္နားေထာင္မိသြားတယ္။ ထင္ထင္စိတ္မဆိုးဘူးမို႔လားဟင္"
"စိတ္မဆိုးပါဘူး၊ ၿပီးေတာ့ေတာင္းပန္စရာလည္းမလိုဘူး...ကိုယ္တို႔က မိသားစုေတြပဲေလ ၊ အဲ့ကိစၥနဲ႔ပတ္သတ္ၿပီးကိုယ့္ရင္ထဲမွာ ဘာမွ မရွိဘူး။ မင္းလည္း ေခါင္းထဲ ဦးေနွာက္ပူေအာင္ ဘာမွေတြးေတာမေနနဲ႔"
"ေရႊဘံု စိတ္မေကာင္းေတာ့နည္းနည္းျဖစ္မိတယ္။ ထင္ထင္ဆံုးျဖတ္ပါ။ ဆံုးျဖတ္ခ်က္မွန္သမ်ွ ေရႊဘံု လက္ခံနိုင္တယ္။ ၿပီးေတာ့ ေဘးနားမွ အတူရွိေနေပးမယ္ "
နွဖူးျဖဴျဖဴ ေလးအားငံု႔နမ္းရင္းတင္းၾကပ္ေနေအာင္ ေပြ႕ဖက္ထားလိုက္မိသည္
" စကားေတြ တအားတက္ေနတာပဲ။
ေလာေလာဆယ္ဆယ္ ကိုယ့္ေခါင္းထဲမွာ ဘာမွမရွိဘူး။ မတင္မက် တစ္ခုပဲ ရွိတယ္။ ေျပာပါဦး ၊ ေမာင္လို႔ေခၚရတဲ့အေၾကာင္းအရင္း ။ ကိုယ္ေတာ့ ပ်ားရည္တစ္ပုလင္းေမာ့လိုက္ရသလိုပဲ ခ်ိဳျမသြားတာပဲ "
"ထင္ထင္ ေနာ္။ အေကာင္းေျပာေနတာကို လာမစနဲ႔။ ေနစမ္းပါအံုး။ ခင္ဗ်ားရုပ္က ၿပီတီတီနဲ႔ ေမာင္ဆိုတဲ့အသံၾကားရတာ အတိတ္ကိုမ်ား လြမ္းသြားလို႔လား။ ဟြန္း ရခ်င္လည္းရမွာေပါ့ေလ။ ခင္ဗ်ား ေရွ႕မွာထိုင္ၿပီး တေမ့တေမာ ခုထိလိုခ်င္ေနေသးတဲ့ပံုနဲ႔ ေငးေနတာ ဘယ္ေလာက္စိတ္တိုဖို႔ေကာင္းလဲ"
မဲ့လိုက္႐ြဲ႕လိုက္နဲ႔ သူ႔အားအျပစ္ေျပာေနတဲ့ ပံုေလးေၾကာင့္ ေရးညိဳ႕ထင္ မွာ ျမတ္နိုးစိတ္ေတြတဖြားဖြား။ ခ်စ္ေအာင္ေနတက္ခ်က္ကေတာ့လက္ဖ်ားခါသည္။ မဲ့တာျဖစ္ျဖစ္ ၊ ႐ြဲ႕တာပဲျဖစ္ျဖစ္ ဘယ္ေနရမွာ အျမင္ကပ္လွပါတယ္ဆိုၿပီးျဖစ္မသြား။
စူေဆာင့္ေနရင္ေတာင္မွ ေငးေမာမိေအာင္ကို ေကာင္ကေလးက ခ်စ္စရာတကယ္ေကာင္း၏။
" သူလိုခ်င္လည္း ကိုယ္မွာပိုင္ရွင္ႀကီးနဲ႔ေလ။ အလကားယူခ်င္တိုင္းယူရေအာင္ ေရးညိဳ႕ထင္က နွစ္က်ပ္တန္လား "
ေပြ႕ထားကေနရုန္းၿပီး အဖက္လည္းမခံေတာ့။ေကာင္းခန္းေရာက္မွ ခ်က္ျခင္းႀကီးထေကာက္ရတယ္လို႔ ။
" ဘာလဲ ၊ ပိုင္ရွင္္မရွိရင္ ျပန္လိုက္သြားမဲ့သေဘာလား။ မတားဘူးေနာ္၊ ေရႊဘံုတို႔က ကိုယ္ဆြဲမွၿမဲမဲ့လက္ကိုေတာ့ ဘယ္ေလာက္ခ်စ္ခ်စ္မတြဲဘူး။ "
"ေရႊဘံုမင္းစံ မင္းသဝန္တိုေနတာလား "
ေရးညိဳ႕ထင္ လက္ပိုက္ၿပီး မထိတထိရယ္၍ ေမးလိုက္လ်ွင္ အနီေရာင္ ပါးျပင္က ကာလာခ်ယ္လိုက္သလိုရဲခနဲ။
ရွက္ကရွက္တက္ေသး၊ စြာကစြာေသး။
အရင္ကပံုစံနဲ႔လားလားမွမဆိုင္ေတာ့ပဲ ေျပာရဲဆိုရဲရက္ကြက္က ေျပာင္းလာသလို ခ်က္ျခင္းေတြပံုေတြေျပာင္းကုန္တာ။
ခါတိုင္း စကားတစ္ခြန္းေတာင္မေျပာပဲထားတဲ့ေနရာ အရုပ္ကေလးလို ၿငိမ္ၿငိမ္ေလးေနတက္တဲ့သူက ခုမ်ားေတာ့
ဘယ္ေလာက္စစ မ်က္နွာရဲသြားရုံမွအပ သူနဲ႔တူစြာ အေရထူလာတဲ့သေဘာရွိလာသည္။
" ေရႊဘံု သဝန္မတိုဘူး။ အဲ့ရုပ္ႀကီးနဲ႔ လာမၾကည့္နဲ႔ေနာ္။ "
မျမင္ရဘူးဆိုရင္ေတာင္မွ ဒီလူႀကီး ၿပံဳးစိစိနဲ႔ " မင္းေျပာစမ္း" ဆိုတဲ့ရုပ္ႀကီးနဲ႔ ၾကည့္ေနမွာ သူသိသည္။
"တကယ္ဆို ထင္ထင္ျပန္စဥ္းစားၾကည့္၊
အသက္အ႐ြယ္အရ ၊ ထင္ထင္ က ေရႊဘံုထက္စာရင္ အိုေနၿပီ။ သဝန္တို စိတ္ပူရမွာ ေရႊဘံု လုပ္ရမွာမဟုတ္ဘူး။ဘယ္သူ႔ေမးၾကည့္ၾကည့္ ေရႊဘံုလို ႏုႏုငယ္ငယ္ ေလးရထားတာ ထင္ထင္ကံေကာင္းတယ္ပဲ ေျပာၾကမွာ "
"စကားေတြ တအားတက္ေနတယ္ေပါ့ ၊ဟုတ္လားေရႊဘံု ။ ေျပာစမ္း ဘယ္သူက အိုေနတာလဲ "
ပုခံုေပၚေကာက္ထမ္းကာ
မ်က္နွာေဘးမွာရွိတင္ပါးအား သြားနဲ႔ ဖိကိုက္ၿပီး ေမးလိုက္လ်ွင္ ေအာ္သံနဲ႔အတူ ေနာက္ေက်ာဆီမွ ထုရုိက္လာသည္။
" ေျပာစမ္း ၊ ဘယ္သူအိုတာလဲ။
မေျပာရင္ ထပ္ကိုက္မွာေနာ္ "
"အားး နာတယ္လို႔ ထင္ထင္ေနာ္။ မယုတ္မာနဲ႔ "
" ယုတ္မာတယ္။ အဲ့ေတာ့ မင္းဘာလုပ္ခ်င္လဲ "
ရုန္းကန္ထုရုိက္ေနတဲ့ ကိုယ္လံုးကို ၿပဳတ္မက်ေအာင္ ေပါင္ကေနသိမ္းႀကံဳးေပြ႕ကာ
နွစ္ခ်က္ေလာက္ တင္ပါးအားထပ္ရုိက္၍ အခန္းထဲ သယ္လာလိုက္သည္။
သူက စိတ္ၾကမ္းလူၾကမ္းျဖစ္သလို အခ်စ္လည္းၾကမ္းသည္။ ေရႊဘံုသည္ ႏုနယ္တယ္ဆိုေပသည့္ သူလုပ္သမ်ွ ၊ ျကမ္းသမ်ွကိုအေတာ္ေလးခံနိုင္ရည္ရွိေလသည္။
ထိုအေၾကာင္းတစ္ခုထဲနဲ႔တင္ သူ႔မွာ
ေက်းဇူးတင္လို႔မဆံုးေတာ့။မဟုတ္ရင္ သူ႔လက္ထဲ၌ မြမြေၾကမွာပင္။
" ေျပာေလ ဘာလို႔ ပါးစပ္ပိတ္ေနတာလဲ။ "
ေရးညိဳ႕ထင္ ကုတင္စပ္မွာ ထိုင္ၿပီး ပုခံုးေပၚက သူကို ေပၚေပၚေပြ႕တင္လိုက္သည္။ ေရႊဘံု႔အေနအထားက မေသးေပမဲ့ သူကိုယ္တိုင္ ထြားက်ိဳင္းသူမို႔ ရင္ခြင္ထဲမွာ အရုပ္တစ္ရုပ္လိုေခြေခြေခါက္ေခါက္။
" ေရႊဘံု စိတ္ဆိုးေနလို႔မေျပာတာေလ။ "
ေျပာရင္းရင္ဘတ္ကိုရုိက္၏၊ မ်က္ေစာင္းျဖင့္ထိုး၏။
က်ိဳးတဲ့လက္က ပတ္တီးနဲ႔မို႔သာေတာ္ေသးသည္။ မဟုတ္ရင္ သူ႔ရင္ဘတ္လည္း ရစရာရွိမွာမဟုတ္။
" စိတ္ဆိုးေနလည္း ေျပာလို႔ရတယ္။
ေျပာ၊ မင္းမွာ ေမးရင္ေျဖဖို႔ပါးစပ္မပါဘူးလား "
"ပါးစပ္ပါတယ္၊ ပါလည္း ထင္ထင္နဲ႔ စကားမေျပာနိုင္ဘူး "
"ဘာေျပာတယ္။ ေအး .. တကယ္မေျပာဘူးေနာ္။ ေရႊဘံုမင္းစံ မင္းတကယ္စကားမေျပာဘူးေနာ္"
ေသြးေအးရက္စက္ဟန္ျဖင့္ တစ္လံုးျခင္းေမးသံက ေက်ာခ်မ္းစရာေကာင္းေသာ္ျငားေရႊဘံုအားမေၾကာက္႐ြံ႕ေစပဲ ေဒါသပဲပိုထြက္ေစပါသည္။ထို႔အျပင္ အကိုက္ခံထားရေသာ တင္းပါးဆီက က်ိန္းစက္မူ႔ေတြ။
ကလဲ့စားေျခလိုသည္မို႔ ရင္ဘတ္အား ကုန္းကိုက္ခဲပစ္လိုက္သည္။ ဝတ္ထားတဲ့အက်ၤ ီသည္ဂ်င္းေပ်ာ့သား မို႔ အကိုက္ခံရေသာေနရာသည္ တဆစ္ဆစ္နဲ႔ နာက်င္မူ႔သည္သိသာစြာ။ သို႔ေသာ္ ေရးညိဳ႕ထင္အတြက္ တအားခ်စ္စရာေကာင္းသည္ဟုသာ ခံစားေနရေနသည္မို႔ ပါးနွစ္ဖက္အားညႇစ္၍ နမ္းရႈိက္မိ၏။
" ေမာင္လို႔ေခၚ "
"မေခၚနိုင္ဘူး "
"ေခၚစမ္း။ မဟုတ္ရင္ မင္းတစ္ကိုယ္လံုး တစ္ကယ္ကိုက္မယ္"
"ထင္ထင္တအားအနိုင္က်င့္လြန္းတယ္"
ငိုသံပါလာသည္မို႔ ဆက္မစျဖစ္ေတာ့။
ထို႔အစား မ်က္နွာအနွံ႔ငံု႔နမ္းကာ
" ေမာင္လို႔ေခၚရတာ တကယ္မႀကိဳက္ဘူးလား "
"မႀကိဳက္ဘူး ၊ လံုးဝမႀကိဳက္ဘူး။ သူမ်ားေခၚထားၿပီးသား နာမည္ကို ေရႊဘံုက ဘာလို႔ေခၚရမွာလဲ "
" ဟုတ္ပါၿပီကြာ မႀကိဳက္ရင္္မေျပာေတာ့ဘူးေလ။ စိတ္မဆိုးပါနဲ႔ကြာ ၊ ညေနစာကို မင္းစားခ်င္တဲ့ ကိုရီးယားထမင္းသုပ္ေလး လုပ္ေကြၽးမယ္ ၊ ငိုေတာ့မငိုလိုက္ပါနဲ႔ "
စကားအဆံုးတြင္ ေရးညိဳ႕ထင္အေပၚမွ ရုန္းဖယ္၍ ေမြ ႕ရာေပၚ ငုတ္တုတ္သြားထိုင္ၿပီး သူ႔အားစူးစူးရဲရဲၾကည့္လာသည္။ ဆံပင္မ်ားသည္ ေရးညိဳ႕ထင္ေၾကာင့္ ရႈပ္ပြကာေခါင္းေပၚတြင္ထိုးထိုးေထာင္ေထာင္ ျဖစ္ကာ ရုပ္ဆိုးပန္းဆိုးေလးျဖစ္ေနလ်က္။
" ထင္ထင္က ေရႊဘံုကို ကေလးလို႔ထင္ေနတာလား.. ေနရာတကာ အစားအေသာက္ေကြၽးလိုက္ရင္ ေရႊဘံုစိတ္ေကာက္ေျပမယ္လို႔ ထင္ထင္ တသက္မွတ္ထဲေတြးေနတာလား။ေရႊဘံုကေလးမဟုတ္ဘူး။ ၿပီးေတာ့ ေရႊဘံု ထင္ထင္ကို မက်နပ္ဘူးေလ၊ ေရႊဘံု စိတ္အရမ္းဆိုးေနတယ္။အဲ့ဒါေၾကာင့္ အစားအေသာက္ေတြနဲ႔ ထင္ထင္ ျမဴဆြယ္လို႔မရဘူး။ အဲ့လိုလုပ္ရင္ ထင္ထင္ကိုပိုၿပီး ေရႊဘံု စိတ္ဆိုးမိမယ္"
ငိုသံေတြနဲ႔ေရာေထြးေနေသာစကား။
စိတ္ေကာက္တိုင္း ပိုခ်စ္စရာေကာင္းလာတက္ေသာ ေရႊဘံုမင္းစံသည္ အခုလည္း
ငိုသာငိုေနတာ ေျပာသမ်ွစကားတိုင္းသည္
ခ်စ္ခင္နွစ္သက္ဖြယ္က စိုးစိမ်ွမေလ်ာ့ေသး။
" ဟုတ္ပါၿပီ ၊ ဟုတ္ပါၿပီ။ ေကာင္ကေလးႀကိဳက္တဲ့ အစားအေသာက္ေတြနဲ႔ ျမဴဆြယ္မိတာ ကိုယ္မွားတာပါ "
စကားအဆံုး၌ ဟီးခနဲငိုခ်ကာ ေဘးကေခါင္းဦးကိုဆြဲ၍ ေရးညိဳ႕ထင္အားပစ္ေပါက္လာသည္။ ျဖဴေနေသာ မ်က္နွာထပ္မွာ
မ်က္ရည္ဥ ေတြက ႀကီးမားစြာ တလိမ့္လိမ့္က်လ်က္။ ေရးညိဳ႕ထင္ မေခ်ာ့ပဲ ထိုင္သာၾကည့္ေနမိသည္။
" ထင္ထင္ ခုထိ ဘာအမွားလုပ္သလဲ ေသခ်ာ မသိေသးဘူးမို႔လား။"
"ေဟာ္ဗ်ာ ကိုယ္တျခား ဘာအမွားလုပ္မိေသးလို႔လဲ။ ေရးညိဳ႕ထင္က တကယ္မေကာင္းတဲ့ေကာင္ပဲ ၊ ကေလးကို စိတ္ဆိုးေအာင္လည္းလုပ္ေသးတယ္၊ မႀကိဳက္ေအာင္လည္းစေနာက္ေသးတယ္၊ တကယ္မေကာင္းဘူးပဲ "
ငိုေနဆဲမ်က္နွာထပ္က မ်က္ရည္စေတြအသာ သုတ္ဖယ္ေပးေတာ့ မရုန္းဖယ္သြားခဲ့။ သို႔ေသာ္ မကုန္နိုင္တဲ့မ်က္ရည္ေတြသည္ သူ႔အိပ္ခန္းအားေရလႊမ္းေတာ့မတက္က်ေနဆဲျဖစ္သည္ ။ ေက်နပ္ေအာင္္မေခ်ာ့ရင္ ဆက္ငိုမည့္သေဘာရွိေနသည္မို႔
" မငိုပါနဲ႔ကြာ ၊ ကဲေျပာ .. ကိုယ္ဘာမႀကိဳက္တာ လုပ္လို႔လဲ။ ဒါမွမဟုတ္ ၊ ကိုယ့္ကို ဝင့္ဝါေသြးနဲ႔ စိတ္မခ်ျဖစ္ေနတာလား "
ေျပာလိုက္ေတာ့ အံႀကိတ္ကာ မ်က္ရည္ေတြက မရပ္မနား ပိုးပိုးေပါက္ေပါက္ ။
မ်က္ခမ္းစပ္ေတြကအစ ရဲေနကာ အေပၚ
နႈတ္ခမ္းေလးကအစ ငိုပါမ်ားလို႔ေထာ္လာသည္ထိ။ မ်က္ခြံေတြမို႔ကာ မ်က္ရည္မ်ားအဆက္မျပတ္က်ေနပံုက သနားစရာကေလးငယ္သဖြယ္။
"ဟာကြာ .. ဘာလို အသည္းေတြယားေအာင္လုပ္ေနတာလဲ ၊ ကိုယ္တကယ္မင္းကို ကိုက္စားမိေတာ့မယ္ေနာ္။ "
" ဖယ္မထိနဲ႔။ "
မ်က္ရည္သုတ္ေပးေတာ့လည္းအသုတ္မခံ။ ေရးညိဳ႕ထင္ မ်က္ေမွာင္ၾကဳတ္ကာ ငိုေနတဲ့ အက်ိဳးအကန္းေလးကို အားနဲ႔ဆြဲဖက္ကာ ဖ်စ္ညစ္ပစ္လိုက္သည္။
" ထိေတာ့ဘာျဖစ္လဲ။ ႏုႏုယြယြဆက္ဆံေပးလို႔မရဘူးဟုတ္လား။ ကိုယ္တကယ္ မင္းကို လုပ္သတ္ခ်င္ေနၿပီ။ ေထာ္စမ္း အဲ့နႈတ္ခမ္းေတြ စုတ္ျပတ္သတ္သြားေအာင္ ကိုက္စားပစ္မယ္"
"ဟင့္အင္ နာတယ္လို႔ ၊ ဖယ္ အာ့ "
တကယ္ ကိုက္ဆြဲခံလိုက္ရတာမို႔ စူးခနဲ ျဖစ္သြားရသည္။
" ထင္ထင္ ဘာလို႔ ေရႊဘံု ကို အသားနာေအာင္လုပ္ေနတာလဲ ဟင့္ ..ဖယ္ မထိနဲ႔ ထင္ထင္ ကိုမခ်စ္ေတာ့ဘူး "
"မငိုနဲ႔။ ခုပါးေပၚက မ်က္ရည္သုတ္၊ ၿပီးရင္ ကိုယ့္ကိုနမ္း။ မဟုတ္ရင္ တစ္ကိုယ္လံုးေပါက္ၿပဲေအာင္ ကိုက္ပစ္မွာေနာ္။"
ခ်ိမ္းေျခာက္လိုက္ေတာ့ တကယ္ေျပာတဲ့အတိုင္း လုပ္မွန္းသိကာမျငင္းရဲ။ ထို႔ေနာက္ ခ်က္ျခင္းနမ္းမလာပဲ လက္သီးကုိစုတ္ကာ မေက်မနပ္ငိုသည္။
ဒါကိုပင္အေသအခ်ာ ၾကည့္ကာ
" ေရႊဘံုမင္းစံ မင္း ကိုယ့္ကိုနမ္း ၊
ခုခ်က္ျခင္း ကိုယ့္နႈတ္ခမ္းကို ေသခ်ာနမ္းေပး "
စကားဆံုးသည္နွင့္ နႈတ္ခမ္းေပၚေရာက္လာသည့္ေႏြးေထြးမူ႔။သို႔ေသာ္ခ်က္ျခင္းဖယ္ခြာသြားကာ
"ဟင့္ .. ထင္ထင္ လူညစ္ပတ္လူရမ္းကား "
"ဟုတ္တယ္ ကိုယ္က လူရမ္းကား ၊ ၿပီးေတာ့ မင္းေယာက်ာ္း "
ေရးညိဳ႕ထင္ အိပ္ယာေပၚ ဖိလွဲ၍
ပါးေပၚက မ်က္ရည္ေတြကို လက္ဖဝါးနဲ႔ ဖိသုတ္ေပးလိုက္ၿပီးေနာက္ စြာလြန္းတဲ့နႈတ္ခမ္းဖူးဖူးကို အတင္အၾကပ္ ကိုက္ဆြဲပစ္လိုက္သည္။ ေသြးစအနည္းငယ္ လ်ွာဖ်ားမွာ ပါလာေသာ္ျငား သူမသနားမိ။
ေပါက္ၿပဲမူ႔ေၾကာင့္နႈတ္ခမ္းေထာင့္စြန္းမွာ
ဒဏ္ရာေသးေသးေလးေပၚလာ၏။
ထိုအရာကိုပင္ သူသေဘာက်တာျဖစ္သည္။ ထို႔ေနာက္ မ်က္ခြံေတြ ။
အသာအယာနမ္းသည္မဟုတ္။ အတင္းတိုးတိုက္ပြတ္ဆြဲလိုက္တာမို႔ မ်က္ရည္ေတြနဲ႔အတူ အသားရည္သည္ အနီေရာင္သန္းသြားလ်က္။
ၿပီးေတာ့ ေမးဖ်ား။ ရႈိက္ေနတာမို႔ တဆတ္ဆတ္တုန္ေနသည္။ ထိုေနရာသည္ ေရႊဘံု မ်က္နွာမွာ ဒုတိယအလွဆံုး။ ဘဲဥပံုသ႑ာန္မ်က္နွာက်ေလးမို႔ ေမးဖ်ားေလးသည္ ကုန္းကိုက္ခ်င္စရာအတိ။
"ထင္ထင္ ဟင့္ နာတယ္လို႔။ ဖယ္ေပး "
တစ္မ်က္နာလံုး ထူအန္း၍ စပ္ေနသည္မို႔ ေခါင္းကိုေရွာင္ၿပီး မ်က္နွာႀကီးအား ရသေလာက္တြန္းထားမိသည္။ သို႔ေသာ္ အားျခင္းမမ်ွ၍ မရေပ။
" လက္ေခ်ာင္းေလးေတြလည္ ကိုယ္သေဘာက်တယ္။ မင္းတစ္ကိုယ္လံုး ကိုယ္မႀကိဳက္တဲ့ေနရာမရွိဘူး။ တအားလွတယ္"
ေရးညိဳ႕ထင္ ေျပာရင္း သူ႔မ်က္နွာအားတြန္းထားတဲ့ လက္ကို ယူကာ ပါးစပ္ထဲထည့္လိုက္သည္။ ထို႔ေနာက္ ထင္္မွတ္မထားသည့္ပံုျဖင့္ရဲတက္သြားေသာ မ်က္နွာေလးကို ေစ့ေစ့ၾကည့္ကာ တစ္ခ်ာင္းျခင္း လ်ွာျဖင့္ လ်က္ပစ္လိုက္၏။
သူ႔မ်က္လံုးေတြသည္ ဘယ္ကိုမွမေ႐ြ႕။
အနီေရာင္ရဲကာ တဆတ္ဆတ္တုန္ေနေသာ နႈတ္ခမ္းပါးကို ေငးကာ လက္ေခ်ာင္းအကုန္လံုးကို စိုစြတ္ေစလိုက္၏။
ခ်စ္တဲ့အိမ္စည္။
"ကောင်ကလေး ခြေရေ လက်ရေ ဆေး ပြီးအိပ်ယာထဲ ဝင်နားတော့။ ကိုနိုင်းဆီက ဖုန်းလာနေလို့ ကိုယ်ဖုန်းခဏပြောဦးမယ်"
အိမ်ပြန်ရောက်ရောက်ခြင်းပြောလာသည်မို့ ရွှေဘုံ ခေါင်းညိမ့်ပြကာ အိပ်ခန်းထဲအရင်ဝင်သွားနှင့်လိုက်သည် ။
ထင်ထင်မှာ သူငယ်ချင်းမိတ်ဆွေ နည်းပါး
ပြီးသောက်သောက်စားစားလည်းမရှိ ၊ အပျော်အပါးလည်းမရှိပေ။ ကိုနိုင်းကတော့ တစ်ဦးတည်းသော ထင်ထင်ရဲ့မိတ်ဆွေဖြစ်ကာ ဘာနေနေ တိုင်ပင်တက်တာကိုတော့ မကြာခဏဆိုသလိုတွေ့ရတက်၏။
ရေးညို့ထင် အခန်းတွင်းသို့ သေချာအောင်လှမ်းကြည့်ပြီးမှ ကျသွားတဲ့ ကိုနိုင်းရဲ့ဖုန်းကို ပြန်ခေါ်လိုက်သည်။
ချက်ခြင်းဆိုသလို ဖုန်းကိုင်လာပြီးနောက်
" အေး ငါစုံစမ်းထားတဲ့ အကြောင်းပြောမလို့ "
"အင်း အခြေအနေဘယ်လိုရှိလဲ "
"မင်းထင်ထားသလိုပဲ မိုက် ၊ ပွဲကို ဦးမင်းစံ တမင်ဖျက်လိုက်တာ ၊ Riko ကတော့ မကျေနပ်ဘူးပြောနေတယ်။ မင်းဘာဆက်လုပ်ဖို့စဉ်းစားထားလဲ "
" ကျွန်တော်ဆက်မလုပ်တော့ဘူး ကိုနိုင်း။"
"ဟ ...ဒါမင်းရဲ့ နောက်ဆုံးထိုးတဲ့ပွဲကွ။
အရှုံးအနိုင်မရှိပဲ ၊ ဒီတိုင်း အပိတ်ပွဲပျက်ကြီးဖြစ်သွားတာတော့မမိုက်ဘူး ၊ အားကစားသမားတစ်ယောက်အနေနဲ့ ဒါကြီးက လက်ခံနိုင်စရာအကြောင်းမှမရှိတာ။ ငါ့အနေနဲ့ကတော့ အရှုံးဆိုရင်တောင်မှ
ပြတ်ပြတ်သားသား ပွဲစဉ်တစ်ခုအနေနဲ့ မှတ်တမ်းရှိသင့်တယ်လို့ထင်တယ်မိုက်။ မင်းသေချာစဉ်းစားကြည့်ပါဦး ၊ ဒီတိုင်းအဆုံးသတ်ကြီးနဲ့ မင်းကိုထွက်ခွာမသွားစေချင်ဘူး ၊ မင်းသိက္ခာလည်းရှိသေးတယ်ကွာ ။ အကယ်၍ မင်းသာ ထပ်မထိုးတော့ရင်
ငကြောက်တစ်ကောင်ဖြစ်သွားမှာနော်။ "
ကိုနိုင်းပြောတာ အမှန်ပင်ဖြစ်သည်။ သူကိုယ်တိုင်လည်း ထိုသို့သော ရလာဒ်မျိုးကို ကျေနပ်မူ့မရှိပါ။ အားကစားသမားဆိုတာ အနိုင်လိုချင်သည့်တိုင် အရှုံးကိုလည်း ပြတ်သားစွာ ခံယူနိုင်ရမယ်။ Rikoနဲ့ပွဲမှာ အကြောင်းကြောင့် ပွဲပျက်သွားပေမဲ့ နောက်တစ်ပွဲ ထပ်ဆုံရမှာ ထုံးစံပင်။ အဆိုးဆုံးကတော့ သူနဲ့ Rikoထိုးတဲ့ပွဲစဉ်မှာ ပွဲသာမပျက်ခဲ့ရင် သေချာပေါက်သူရှုံးမှာပင်။ ထိုအကြောင်းအရာသည် အများသိသော အခြေအနေမို့ ထပ်မံ၍ မထိုးသတ်ရင် သူ့အဖို့ ငကြောက်တစ်ကောင်အဖြစ်က ရှောင်လွှဲမရတော့ပေ။ သို့သော် ရေးညို့ထင် လက်ခံလိုက်ဖို့ စိတ်ကူးမရှိတော့ပေ။ နောက်ဆုံးပွဲလို့ ကတိပေးပြီးသားမို့ သူကတိတည်ချင်သည်။
"ကျွန်တော် တကယ်ဆက်မထိုးတော့ဘူး ကိုနိုင်း။ ဆုံးဖြတ်ပြီးသွားပြီ။ "
ကိုနိုင်းဆီမှချက်ခြင်းစကားပြန်မလာပေ။ သက်ပြင်းချသံသဲ့သဲ့ကလွဲပြီး ထပ်မံပြီး တိုက်တွန်းတာမျိုးမလုပ်တော့ပဲ ဖုန်းချသွား၏။ ကိုနိုင်းစိတ်ဆိုးသွားချေပြီ။ ရေးညို့ထင်
မှန်ပြတင်း မှ တဆင့် နီညိုရောင်ကောင်းကင်အားမော့ကြည့်မိသည်။
တိမ်လွှာညိုညိုတွေသည် မိုးရိပ်မိုးရောင် သတိပေးနေသကဲ့ပင်။ ရေးညို့ထင် သက်မချပြီး ပြတင်းပေါက်ကိုကျောခိုင်းလိုက်လေသည်။ မိုးအေးနေတာမို့ ကောင်ကလေးအား ဆေးကြိုတိုက်ရဦးမည်။
ချူ ချာသူလေးမို့ စိတ်ပူရသလို စိတ်ချမ်းသာအောင်လည်းထားသည်။ အနာဂတ်အစီအစဉ်တွေတွေးကြည့်ရင် များပြားလွန်းလှလေသည်။ သူသည်ကောင်ကလေးအား တကယ်ပင် သဘောကျရသည်မို့ စိတ်ညစ်ပူပန်ရမှာမလိုလားပေ။
"ထင်ထင် "
"ဟင်"
အမှတ်တမဲ့ ထွက်ပေါ်လာသော ခေါ်ဆိုသံကြောင့် သူ့အတွေးတွေ လွင့်ပြယ်ကုန်လေပြီ။
" ခုထိ ဘာမှမလုပ်ရသေးဘူးလား။ အဝတ်အစားလည်းမလဲရသေးဘူး ၊ ဘာလုပ်နေတာလဲ။ ညနေဒီထက်ပိုစောင်းသွားရင် မင်းအအေးပက်တော့မှာ "
ဆူမိတော့လည်းခေါင်းငုံ့နေသည်မှလွဲပြီးပြန်ပြောမလာ။ သူမြန်မြန်ပင် လက်ဆွဲ၍ ရေချိုးခန်းဆီကိုသာ ခေါ်လာပြီး သေချာဆေးကျောပေးမိသည်။
" နေမကောင်းဘူးလား ။ မျက်နှာမကောင်းဘူး "
မျက်နှာနုနုအား တဘတ်ဖြင့်ဖွဖွသုတ်၍ သူဆိုမိသည်။ အညိုရောင်မျက်ဆံအိမ်တွေသည် လန်းဆန်းမူ့ရှိမနေပေမဲ့ လှပနေသေး၏။
" ရွှေဘုံ ဘာမှမဖြစ်ပါဘူး "
"ကိုယ်လိမ်တာမကြိုက်ဘူးလို့ပြောထားတယ်လေ "
ရှေ့တည့်တည့်မှာရပ်နေသူအား မော့ကြည့်ကာ ရွှေဘုံ အသာလေးထွေးဖက်လိုက်လေသည်။ ကြီးမားကျယ်ပြန့်သော ရင်ခွင်သည် သူ့အားကိုးရာပင်။
" ဒယ်ဒီအစား ရွှေဘုံတောင်းပန်ပါတယ် "
" ကြားသွားတာလား "
ရွှေဘုံ သူ့ပါးနှင့် ထင်ထင် ရင်ဘတ်ကိုပွတ်တိုက်၍ ငုံ့ကြည့်နေတဲ့ ထင်ထင်မျက်လုံးတွေအား မပီမသ မော့ကြည့်မိသည်။ အမြင်လွှာသည် ထင်သလောက်ရှင်းလင်းမူ့မရှိသော်ငြား နှလုံးသားနဲ့မြင်အောင်ကြည့်လို့ရနေသည်။
" အင်း ၊ ခိုးနားထောင်တာမဟုတ်ပေမဲ့ အမှတ်တမဲ့ ရပ်နားထောင်မိသွားတယ်။ ထင်ထင်စိတ်မဆိုးဘူးမို့လားဟင်"
"စိတ်မဆိုးပါဘူး၊ ပြီးတော့တောင်းပန်စရာလည်းမလိုဘူး...ကိုယ်တို့က မိသားစုတွေပဲလေ ၊ အဲ့ကိစ္စနဲ့ပတ်သတ်ပြီးကိုယ့်ရင်ထဲမှာ ဘာမှ မရှိဘူး။ မင်းလည်း ခေါင်းထဲ ဦးနှောက်ပူအောင် ဘာမှတွေးတောမနေနဲ့"
"ရွှေဘုံ စိတ်မကောင်းတော့နည်းနည်းဖြစ်မိတယ်။ ထင်ထင်ဆုံးဖြတ်ပါ။ ဆုံးဖြတ်ချက်မှန်သမျှ ရွှေဘုံ လက်ခံနိုင်တယ်။ ပြီးတော့ ဘေးနားမှ အတူရှိနေပေးမယ် "
နှဖူးဖြူဖြူ လေးအားငုံ့နမ်းရင်းတင်းကြပ်နေအောင် ပွေ့ဖက်ထားလိုက်မိသည်
" စကားတွေ တအားတက်နေတာပဲ။
လောလောဆယ်ဆယ် ကိုယ့်ခေါင်းထဲမှာ ဘာမှမရှိဘူး။ မတင်မကျ တစ်ခုပဲ ရှိတယ်။ ပြောပါဦး ၊ မောင်လို့ခေါ်ရတဲ့အကြောင်းအရင်း ။ ကိုယ်တော့ ပျားရည်တစ်ပုလင်းမော့လိုက်ရသလိုပဲ ချိုမြသွားတာပဲ "
"ထင်ထင် နော်။ အကောင်းပြောနေတာကို လာမစနဲ့။ နေစမ်းပါအုံး။ ခင်ဗျားရုပ်က ပြီတီတီနဲ့ မောင်ဆိုတဲ့အသံကြားရတာ အတိတ်ကိုများ လွမ်းသွားလို့လား။ ဟွန်း ရချင်လည်းရမှာပေါ့လေ။ ခင်ဗျား ရှေ့မှာထိုင်ပြီး တမေ့တမော ခုထိလိုချင်နေသေးတဲ့ပုံနဲ့ ငေးနေတာ ဘယ်လောက်စိတ်တိုဖို့ကောင်းလဲ"
မဲ့လိုက်ရွဲ့လိုက်နဲ့ သူ့အားအပြစ်ပြောနေတဲ့ ပုံလေးကြောင့် ရေးညို့ထင် မှာ မြတ်နိုးစိတ်တွေတဖွားဖွား။ ချစ်အောင်နေတက်ချက်ကတော့လက်ဖျားခါသည်။ မဲ့တာဖြစ်ဖြစ် ၊ ရွဲ့တာပဲဖြစ်ဖြစ် ဘယ်နေရမှာ အမြင်ကပ်လှပါတယ်ဆိုပြီးဖြစ်မသွား။
စူဆောင့်နေရင်တောင်မှ ငေးမောမိအောင်ကို ကောင်ကလေးက ချစ်စရာတကယ်ကောင်း၏။
" သူလိုချင်လည်း ကိုယ်မှာပိုင်ရှင်ကြီးနဲ့လေ။ အလကားယူချင်တိုင်းယူရအောင် ရေးညို့ထင်က နှစ်ကျပ်တန်လား "
ပွေ့ထားကနေရုန်းပြီး အဖက်လည်းမခံတော့။ကောင်းခန်းရောက်မှ ချက်ခြင်းကြီးထကောက်ရတယ်လို့ ။
" ဘာလဲ ၊ ပိုင်ရှင်မရှိရင် ပြန်လိုက်သွားမဲ့သဘောလား။ မတားဘူးနော်၊ ရွှေဘုံတို့က ကိုယ်ဆွဲမှမြဲမဲ့လက်ကိုတော့ ဘယ်လောက်ချစ်ချစ်မတွဲဘူး။ "
"ရွှေဘုံမင်းစံ မင်းသဝန်တိုနေတာလား "
ရေးညို့ထင် လက်ပိုက်ပြီး မထိတထိရယ်၍ မေးလိုက်လျှင် အနီရောင် ပါးပြင်က ကာလာချယ်လိုက်သလိုရဲခနဲ။
ရှက်ကရှက်တက်သေး၊ စွာကစွာသေး။
အရင်ကပုံစံနဲ့လားလားမှမဆိုင်တော့ပဲ ပြောရဲဆိုရဲရက်ကွက်က ပြောင်းလာသလို ချက်ခြင်းတွေပုံတွေပြောင်းကုန်တာ။
ခါတိုင်း စကားတစ်ခွန်းတောင်မပြောပဲထားတဲ့နေရာ အရုပ်ကလေးလို ငြိမ်ငြိမ်လေးနေတက်တဲ့သူက ခုများတော့
ဘယ်လောက်စစ မျက်နှာရဲသွားရုံမှအပ သူနဲ့တူစွာ အရေထူလာတဲ့သဘောရှိလာသည်။
" ရွှေဘုံ သဝန်မတိုဘူး။ အဲ့ရုပ်ကြီးနဲ့ လာမကြည့်နဲ့နော်။ "
မမြင်ရဘူးဆိုရင်တောင်မှ ဒီလူကြီး ပြုံးစိစိနဲ့ " မင်းပြောစမ်း" ဆိုတဲ့ရုပ်ကြီးနဲ့ ကြည့်နေမှာ သူသိသည်။
"တကယ်ဆို ထင်ထင်ပြန်စဉ်းစားကြည့်၊
အသက်အရွယ်အရ ၊ ထင်ထင် က ရွှေဘုံထက်စာရင် အိုနေပြီ။ သဝန်တို စိတ်ပူရမှာ ရွှေဘုံ လုပ်ရမှာမဟုတ်ဘူး။ဘယ်သူ့မေးကြည့်ကြည့် ရွှေဘုံလို နုနုငယ်ငယ် လေးရထားတာ ထင်ထင်ကံကောင်းတယ်ပဲ ပြောကြမှာ "
"စကားတွေ တအားတက်နေတယ်ပေါ့ ၊ဟုတ်လားရွှေဘုံ ။ ပြောစမ်း ဘယ်သူက အိုနေတာလဲ "
ပုခုံပေါ်ကောက်ထမ်းကာ
မျက်နှာဘေးမှာရှိတင်ပါးအား သွားနဲ့ ဖိကိုက်ပြီး မေးလိုက်လျှင် အော်သံနဲ့အတူ နောက်ကျောဆီမှ ထုရိုက်လာသည်။
" ပြောစမ်း ၊ ဘယ်သူအိုတာလဲ။
မပြောရင် ထပ်ကိုက်မှာနော် "
"အားး နာတယ်လို့ ထင်ထင်နော်။ မယုတ်မာနဲ့ "
" ယုတ်မာတယ်။ အဲ့တော့ မင်းဘာလုပ်ချင်လဲ "
ရုန်းကန်ထုရိုက်နေတဲ့ ကိုယ်လုံးကို ပြုတ်မကျအောင် ပေါင်ကနေသိမ်းကြုံးပွေ့ကာ
နှစ်ချက်လောက် တင်ပါးအားထပ်ရိုက်၍ အခန်းထဲ သယ်လာလိုက်သည်။
သူက စိတ်ကြမ်းလူကြမ်းဖြစ်သလို အချစ်လည်းကြမ်းသည်။ ရွှေဘုံသည် နုနယ်တယ်ဆိုပေသည့် သူလုပ်သမျှ ၊ ကြမ်းသမျှကိုအတော်လေးခံနိုင်ရည်ရှိလေသည်။
ထိုအကြောင်းတစ်ခုထဲနဲ့တင် သူ့မှာ
ကျေးဇူးတင်လို့မဆုံးတော့။မဟုတ်ရင် သူ့လက်ထဲ၌ မွမွကြေမှာပင်။
" ပြောလေ ဘာလို့ ပါးစပ်ပိတ်နေတာလဲ။ "
ရေးညို့ထင် ကုတင်စပ်မှာ ထိုင်ပြီး ပုခုံးပေါ်က သူကို ပေါ်ပေါ်ပွေ့တင်လိုက်သည်။ ရွှေဘုံ့အနေအထားက မသေးပေမဲ့ သူကိုယ်တိုင် ထွားကျိုင်းသူမို့ ရင်ခွင်ထဲမှာ အရုပ်တစ်ရုပ်လိုခွေခွေခေါက်ခေါက်။
" ရွှေဘုံ စိတ်ဆိုးနေလို့မပြောတာလေ။ "
ပြောရင်းရင်ဘတ်ကိုရိုက်၏၊ မျက်စောင်းဖြင့်ထိုး၏။
ကျိုးတဲ့လက်က ပတ်တီးနဲ့မို့သာတော်သေးသည်။ မဟုတ်ရင် သူ့ရင်ဘတ်လည်း ရစရာရှိမှာမဟုတ်။
" စိတ်ဆိုးနေလည်း ပြောလို့ရတယ်။
ပြော၊ မင်းမှာ မေးရင်ဖြေဖို့ပါးစပ်မပါဘူးလား "
"ပါးစပ်ပါတယ်၊ ပါလည်း ထင်ထင်နဲ့ စကားမပြောနိုင်ဘူး "
"ဘာပြောတယ်။ အေး .. တကယ်မပြောဘူးနော်။ ရွှေဘုံမင်းစံ မင်းတကယ်စကားမပြောဘူးနော်"
သွေးအေးရက်စက်ဟန်ဖြင့် တစ်လုံးခြင်းမေးသံက ကျောချမ်းစရာကောင်းသော်ငြားရွှေဘုံအားမကြောက်ရွံ့စေပဲ ဒေါသပဲပိုထွက်စေပါသည်။ထို့အပြင် အကိုက်ခံထားရသော တင်းပါးဆီက ကျိန်းစက်မူ့တွေ။
ကလဲ့စားခြေလိုသည်မို့ ရင်ဘတ်အား ကုန်းကိုက်ခဲပစ်လိုက်သည်။ ဝတ်ထားတဲ့အင်္ကျီသည်ဂျင်းပျော့သား မို့ အကိုက်ခံရသောနေရာသည် တဆစ်ဆစ်နဲ့ နာကျင်မူ့သည်သိသာစွာ။ သို့သော် ရေးညို့ထင်အတွက် တအားချစ်စရာကောင်းသည်ဟုသာ ခံစားနေရနေသည်မို့ ပါးနှစ်ဖက်အားညှစ်၍ နမ်းရှိုက်မိ၏။
" မောင်လို့ခေါ် "
"မခေါ်နိုင်ဘူး "
"ခေါ်စမ်း။ မဟုတ်ရင် မင်းတစ်ကိုယ်လုံး တစ်ကယ်ကိုက်မယ်"
"ထင်ထင်တအားအနိုင်ကျင့်လွန်းတယ်"
ငိုသံပါလာသည်မို့ ဆက်မစဖြစ်တော့။
ထို့အစား မျက်နှာအနှံ့ငုံ့နမ်းကာ
" မောင်လို့ခေါ်ရတာ တကယ်မကြိုက်ဘူးလား "
"မကြိုက်ဘူး ၊ လုံးဝမကြိုက်ဘူး။ သူများခေါ်ထားပြီးသား နာမည်ကို ရွှေဘုံက ဘာလို့ခေါ်ရမှာလဲ "
" ဟုတ်ပါပြီကွာ မကြိုက်ရင်မပြောတော့ဘူးလေ။ စိတ်မဆိုးပါနဲ့ကွာ ၊ ညနေစာကို မင်းစားချင်တဲ့ ကိုရီးယားထမင်းသုပ်လေး လုပ်ကျွေးမယ် ၊ ငိုတော့မငိုလိုက်ပါနဲ့ "
စကားအဆုံးတွင် ရေးညို့ထင်အပေါ်မှ ရုန်းဖယ်၍ မွေ့ ရာပေါ် ငုတ်တုတ်သွားထိုင်ပြီး သူ့အားစူးစူးရဲရဲကြည့်လာသည်။ ဆံပင်များသည် ရေးညို့ထင်ကြောင့် ရှုပ်ပွကာခေါင်းပေါ်တွင်ထိုးထိုးထောင်ထောင် ဖြစ်ကာ ရုပ်ဆိုးပန်းဆိုးလေးဖြစ်နေလျက်။
" ထင်ထင်က ရွှေဘုံကို ကလေးလို့ထင်နေတာလား.. နေရာတကာ အစားအသောက်ကျွေးလိုက်ရင် ရွှေဘုံစိတ်ကောက်ပြေမယ်လို့ ထင်ထင် တသက်မှတ်ထဲတွေးနေတာလား။ရွှေဘုံကလေးမဟုတ်ဘူး။ ပြီးတော့ ရွှေဘုံ ထင်ထင်ကို မကျနပ်ဘူးလေ၊ ရွှေဘုံ စိတ်အရမ်းဆိုးနေတယ်။အဲ့ဒါကြောင့် အစားအသောက်တွေနဲ့ ထင်ထင် မြူဆွယ်လို့မရဘူး။ အဲ့လိုလုပ်ရင် ထင်ထင်ကိုပိုပြီး ရွှေဘုံ စိတ်ဆိုးမိမယ်"
ငိုသံတွေနဲ့ရောထွေးနေသောစကား။
စိတ်ကောက်တိုင်း ပိုချစ်စရာကောင်းလာတက်သော ရွှေဘုံမင်းစံသည် အခုလည်း
ငိုသာငိုနေတာ ပြောသမျှစကားတိုင်းသည်
ချစ်ခင်နှစ်သက်ဖွယ်က စိုးစိမျှမလျော့သေး။
" ဟုတ်ပါပြီ ၊ ဟုတ်ပါပြီ။ ကောင်ကလေးကြိုက်တဲ့ အစားအသောက်တွေနဲ့ မြူဆွယ်မိတာ ကိုယ်မှားတာပါ "
စကားအဆုံး၌ ဟီးခနဲငိုချကာ ဘေးကခေါင်းဦးကိုဆွဲ၍ ရေးညို့ထင်အားပစ်ပေါက်လာသည်။ ဖြူနေသော မျက်နှာထပ်မှာ
မျက်ရည်ဥ တွေက ကြီးမားစွာ တလိမ့်လိမ့်ကျလျက်။ ရေးညို့ထင် မချော့ပဲ ထိုင်သာကြည့်နေမိသည်။
" ထင်ထင် ခုထိ ဘာအမှားလုပ်သလဲ သေချာ မသိသေးဘူးမို့လား။"
"ဟော်ဗျာ ကိုယ်တခြား ဘာအမှားလုပ်မိသေးလို့လဲ။ ရေးညို့ထင်က တကယ်မကောင်းတဲ့ကောင်ပဲ ၊ ကလေးကို စိတ်ဆိုးအောင်လည်းလုပ်သေးတယ်၊ မကြိုက်အောင်လည်းစနောက်သေးတယ်၊ တကယ်မကောင်းဘူးပဲ "
ငိုနေဆဲမျက်နှာထပ်က မျက်ရည်စတွေအသာ သုတ်ဖယ်ပေးတော့ မရုန်းဖယ်သွားခဲ့။ သို့သော် မကုန်နိုင်တဲ့မျက်ရည်တွေသည် သူ့အိပ်ခန်းအားရေလွှမ်းတော့မတက်ကျနေဆဲဖြစ်သည် ။ ကျေနပ်အောင်မချော့ရင် ဆက်ငိုမည့်သဘောရှိနေသည်မို့
" မငိုပါနဲ့ကွာ ၊ ကဲပြော .. ကိုယ်ဘာမကြိုက်တာ လုပ်လို့လဲ။ ဒါမှမဟုတ် ၊ ကိုယ့်ကို ဝင့်ဝါသွေးနဲ့ စိတ်မချဖြစ်နေတာလား "
ပြောလိုက်တော့ အံကြိတ်ကာ မျက်ရည်တွေက မရပ်မနား ပိုးပိုးပေါက်ပေါက် ။
မျက်ခမ်းစပ်တွေကအစ ရဲနေကာ အပေါ်
နှုတ်ခမ်းလေးကအစ ငိုပါများလို့ထော်လာသည်ထိ။ မျက်ခွံတွေမို့ကာ မျက်ရည်များအဆက်မပြတ်ကျနေပုံက သနားစရာကလေးငယ်သဖွယ်။
"ဟာကွာ .. ဘာလို အသည်းတွေယားအောင်လုပ်နေတာလဲ ၊ ကိုယ်တကယ်မင်းကို ကိုက်စားမိတော့မယ်နော်။ "
" ဖယ်မထိနဲ့။ "
မျက်ရည်သုတ်ပေးတော့လည်းအသုတ်မခံ။ ရေးညို့ထင် မျက်မှောင်ကြုတ်ကာ ငိုနေတဲ့ အကျိုးအကန်းလေးကို အားနဲ့ဆွဲဖက်ကာ ဖျစ်ညစ်ပစ်လိုက်သည်။
" ထိတော့ဘာဖြစ်လဲ။ နုနုယွယွဆက်ဆံပေးလို့မရဘူးဟုတ်လား။ ကိုယ်တကယ် မင်းကို လုပ်သတ်ချင်နေပြီ။ ထော်စမ်း အဲ့နှုတ်ခမ်းတွေ စုတ်ပြတ်သတ်သွားအောင် ကိုက်စားပစ်မယ်"
"ဟင့်အင် နာတယ်လို့ ၊ ဖယ် အာ့ "
တကယ် ကိုက်ဆွဲခံလိုက်ရတာမို့ စူးခနဲ ဖြစ်သွားရသည်။
" ထင်ထင် ဘာလို့ ရွှေဘုံ ကို အသားနာအောင်လုပ်နေတာလဲ ဟင့် ..ဖယ် မထိနဲ့ ထင်ထင် ကိုမချစ်တော့ဘူး "
"မငိုနဲ့။ ခုပါးပေါ်က မျက်ရည်သုတ်၊ ပြီးရင် ကိုယ့်ကိုနမ်း။ မဟုတ်ရင် တစ်ကိုယ်လုံးပေါက်ပြဲအောင် ကိုက်ပစ်မှာနော်။"
ချိမ်းခြောက်လိုက်တော့ တကယ်ပြောတဲ့အတိုင်း လုပ်မှန်းသိကာမငြင်းရဲ။ ထို့နောက် ချက်ခြင်းနမ်းမလာပဲ လက်သီးကိုစုတ်ကာ မကျေမနပ်ငိုသည်။
ဒါကိုပင်အသေအချာ ကြည့်ကာ
" ရွှေဘုံမင်းစံ မင်း ကိုယ့်ကိုနမ်း ၊
ခုချက်ခြင်း ကိုယ့်နှုတ်ခမ်းကို သေချာနမ်းပေး "
စကားဆုံးသည်နှင့် နှုတ်ခမ်းပေါ်ရောက်လာသည့်နွေးထွေးမူ့။သို့သော်ချက်ခြင်းဖယ်ခွာသွားကာ
"ဟင့် .. ထင်ထင် လူညစ်ပတ်လူရမ်းကား "
"ဟုတ်တယ် ကိုယ်က လူရမ်းကား ၊ ပြီးတော့ မင်းယောကျာ်း "
ရေးညို့ထင် အိပ်ယာပေါ် ဖိလှဲ၍
ပါးပေါ်က မျက်ရည်တွေကို လက်ဖဝါးနဲ့ ဖိသုတ်ပေးလိုက်ပြီးနောက် စွာလွန်းတဲ့နှုတ်ခမ်းဖူးဖူးကို အတင်အကြပ် ကိုက်ဆွဲပစ်လိုက်သည်။ သွေးစအနည်းငယ် လျှာဖျားမှာ ပါလာသော်ငြား သူမသနားမိ။
ပေါက်ပြဲမူ့ကြောင့်နှုတ်ခမ်းထောင့်စွန်းမှာ
ဒဏ်ရာသေးသေးလေးပေါ်လာ၏။
ထိုအရာကိုပင် သူသဘောကျတာဖြစ်သည်။ ထို့နောက် မျက်ခွံတွေ ။
အသာအယာနမ်းသည်မဟုတ်။ အတင်းတိုးတိုက်ပွတ်ဆွဲလိုက်တာမို့ မျက်ရည်တွေနဲ့အတူ အသားရည်သည် အနီရောင်သန်းသွားလျက်။
ပြီးတော့ မေးဖျား။ ရှိုက်နေတာမို့ တဆတ်ဆတ်တုန်နေသည်။ ထိုနေရာသည် ရွှေဘုံ မျက်နှာမှာ ဒုတိယအလှဆုံး။ ဘဲဥပုံသဏ္ဍာန်မျက်နှာကျလေးမို့ မေးဖျားလေးသည် ကုန်းကိုက်ချင်စရာအတိ။
"ထင်ထင် ဟင့် နာတယ်လို့။ ဖယ်ပေး "
တစ်မျက်နာလုံး ထူအန်း၍ စပ်နေသည်မို့ ခေါင်းကိုရှောင်ပြီး မျက်နှာကြီးအား ရသလောက်တွန်းထားမိသည်။ သို့သော် အားခြင်းမမျှ၍ မရပေ။
" လက်ချောင်းလေးတွေလည် ကိုယ်သဘောကျတယ်။ မင်းတစ်ကိုယ်လုံး ကိုယ်မကြိုက်တဲ့နေရာမရှိဘူး။ တအားလှတယ်"
ရေးညို့ထင် ပြောရင်း သူ့မျက်နှာအားတွန်းထားတဲ့ လက်ကို ယူကာ ပါးစပ်ထဲထည့်လိုက်သည်။ ထို့နောက် ထင်မှတ်မထားသည့်ပုံဖြင့်ရဲတက်သွားသော မျက်နှာလေးကို စေ့စေ့ကြည့်ကာ တစ်ချာင်းခြင်း လျှာဖြင့် လျက်ပစ်လိုက်၏။
သူ့မျက်လုံးတွေသည် ဘယ်ကိုမှမရွေ့။
အနီရောင်ရဲကာ တဆတ်ဆတ်တုန်နေသော နှုတ်ခမ်းပါးကို ငေးကာ လက်ချောင်းအကုန်လုံးကို စိုစွတ်စေလိုက်၏။
ချစ်တဲ့အိမ်စည်။
Bạn đang đọc truyện trên: ZingTruyen.Xyz