တသက်လုံးပျော်ချင်မောင့်ကိုချစ်ပါ(တသက္လံုးေပ်ာ္ခ်င္ေမာင့္ကိုခ်စ္ပါ)Completed
31
ခြပ္!
အရွိန္နဲ႔ ေျပးဝင္လာတဲ့ လက္သီးခ်က္က ဘယ္အရပ္ဘယ္ဌာေနကမွန္းမသိ။
သူသိလိုက္တဲ့အခ်ိန္တြင္ ၾကမ္းေပၚမွာ အလဲလဲအျပဳိၿပိဳ ျဖစ္ေနၿပီ။
ေဘးမွ ၿပိဳက်သံေတြနဲ႔ အတူ သူ႔ေက်ာေပၚမွာ အရွိန္နဲ႔က်လာတဲ့ အရာဝတၳဳေတြ ။
သူဘာျဖစ္သြားလဲဆိုတာ ရုတ္တရက္မသိလိုက္ခင္မွာ နွာေခါင္းဆီမွ နာက်င္သြားၿပီးပူေႏြးေသာ အရည္ေတြက တသြင္သြင္ နႈတ္ခမ္းမွျဖတ္၍ ေမးေပၚစီးက်ေနသည္။
" မင္း ဘာလုပ္တာလဲ"
လူတစ္ေယာက္။ အနက္ေရာင္ ဂ်က္ကတ္နွင့္ ေဘာင္းဘီရွည္အနက္ကိုဝတ္ထားလ်က္ သူ႔ေရွ႕မွာ ဒူးတစ္ဖက္ညႊတ္၍ စူးစိုက္ၾကည့္လာသည္။ ညႊတ္ထားေသာ ဒူးသည္ ၾကမ္းေပၚမွာလည္းက်မသြားပဲ
သူ႔နဲ႔တစ္တန္းတည္းျဖစ္ေစရန္သာ ေကြးညႊတ္လိုက္ျခင္းျဖစ္သည္။ ေတာစီးဖိနပ္ကဲ့သို႔ ခြာပါေသာဖိနပ္၏ ေျခဦးထိပ္အဖ်ားက
သူ႔လက္ဖ်ားေပၚမွာ က်က်နနနင္းေျခထားလ်က္။ ထူးလ်ားေသာ မ်က္ခံုးေတြက တြန္႔ေကြးထားတာမို႔ ေမာက္မာ ရုိင္းဆိုင္းဟန္က အျပည့္။ သို႔ေသာ္ အလံုးစံုၿခံဳၾကည့္မည္ဆိုပါလ်ွင္ စိမ္းဖန္႔ေနေသာ ပါးသိုင္းတခ်ိဳ ႕နွင့္ ေစ့စပ္တည္ၿငိမ္ဟန္ရွိေသာ နႈတ္ခမ္းတို႔ေၾကာင့္ ခန္႔ညားမူ႔ရွိေနၿပီး ေသြးေအးရက္စက္မူ႔လည္းထင္ဟပ္ေနသည္။
ဘုန္းခန္႔ထည္ နွာက်င္မူ႔ေၾကာင့္ ရႈံ႕မဲ့ရုန္းကန္ေသာ္ျငား ဖိနပ္ဦးထိပ္၌ေတာ့ လႊတ္ေျမာက္မူ႔မရွိခဲ့ေခ်။
ဘယ္အၿငိဳးေၾကာင့္ သူ႔အလုပ္ထိလာၿပီး
ကိုယ္ထိလက္ေရာက္ က်ဴ းလြန္တာလဲ။ သူ႔အေတြးမွမဆံုးေသး။ အားထည့္ဖိနွိပ္ခံလိုက္ရေသာ လက္ဖ်ားေၾကာင့္
" အားးး နာတယ္ ..ခင္ဗ်ား ဘယ္သူလဲ ၊ ဘာလိုခ်င္လို႔လဲ"
ဖ်တ္ဖ်တ္လူးမတက္နာက်င္မူ႔ေၾကာင့္ ေခြၽးေတြရႊဲလာကာ ဘုန္းခန္႔ထည္၏ ခန္႔ညားေသာ သြင္ျပင္က ေပ်ာက္ကြယ္ေန၏။
" ငါဘယ္သူလဲ ဆိုတာ မသိပဲ ငါ့ဆီ
အသံဖိုင္ပို႔ရဲတယ္ေပါ့။ မင္းအေတာ္သတၱိေကာင္းတာပဲ ဘုန္းခန္႔ထည္ "
"ခင္ဗ်ား...ေရးညိဳ႕ထင္ "
ေရးညိဳ႕ထင္ နႈတ္ခမ္းေတြကို အက်ည္းတန္ေအာင္ မဲ့လိုက္ၿပီး...
"ငါ့နာမည္ကို သိၿပီး ငါ့အေၾကာင္းကိုျပည့္စံုေအာင္မစံုစမ္းထားဘူးလား"
" မင္း...ဒီလိုလုပ္တာေရႊဘံု သိရင္ အားးးး"
ဖိနပ္ေအာက္က လက္ေခ်ာင္းေတြ တမင္ဖိေခ်လိုက္ရင္းေရးညိဳ႕ထင္ ေအးစက္စက္ၿပံဳးသည္။ ထိုအၿပံဳးသည္ ဓားတစ္လက္နွင့္ဆင္ဆင္တူၿပီး ျမင္သူတိုင္းကို အပိုင္းပိုင္းျပတ္သြားမတက္ နာက်င္ေၾကာက္႐ြံ႕ေစ၏။
"အားး ခင္ဗ်ားကို ပိုင္နက္က်ဴ းလြန္မူ႔ ၊ကိုယ္ထိလက္ေရာက္က်ဴ းလြန္မူ႔နဲ႔တရားဆြဲမယ္"
"တရားဆြဲမယ္..ဟြန္း .. မင္းမွာ အရည္အခ်င္းရွိလား ...လုပ္ၾကည့္ေလ ။ ငါ့မွာလည္းမင္းနဲ႔ထိပ္တိုက္ေတြ႕ဖို႔ အကုန္အဆင္သင့့္ပဲ။ ေျပာရမယ္ဆိုရင္ မင္းဖက္ကေရႊဘံုမင္းစံကို အလိုမတူပဲ အၾကမ္းဖက္ခ်ဳပ္ေနွာင္ဖမ္းဆီးေခၚေဆာင္သြားတယ္ဆိုတဲ့အေၾကာင္း...."
ဘုန္းခန္႔ထည္ေၾကာက္လန္႔တၾကားေမာ့ၾကည့္လိုက္သည္။ လက္က နာက်င္မူ႔ကိုေတာင္ ေမ့သြားၿပီး စိုးရိမ္စိတ္ကႀကီးစိုးလာ၏။
" ခင္ဗ်ား ဘာလိုခ်င္တာလဲ"
" ဘာလိုခ်င္လဲ ဟားဟား .. မင္းမွာ ငါလိုခ်င္တာေပးဖို႔ ေစာက္ဆင့္ရွိလို႔လား "
ဘုန္းခန္႔ထည္မ်က္နွာရဲရဲနီသြားသည္။
သူ႔အံႀကိတ္ရုံပဲတက္နိုင္ၿပီးျပန္လည္ေခ်ပစရာမရွိခဲ့။ မေျပလည္မူ႔မ်ားနဲ႔ ေငြေရးေၾကးေရးအရႈပ္အရွင္းေတြေၾကာင့္ သူ႔ဘဝက နဲ႔နဲ႔ပဲ က်န္ခဲ့ၿပီး သူ႔သိကၡာဟာ ဒီေလာကမွာ အမဲစက္မ်ားနွင့္က်ဆင္းေနခဲ့ၿပီျဖစ္သည္။
" ဒါဆို ဘာအတြက္ က်ဳပ္ကိုလာရွာတာလဲ"
" မင္းကို သတိလာေပးတာ။ ေရႊဘံုမင္းစံက ငါ့အပိုင္ ၊ မင္းမွာ မ်က္ေစာင္းထိုးခြင့္မရွိသလို သူ႔ေရွ႕ေတာင္ျဖတ္မေလ်ွာက္မိေစနဲ႔။ ေနာက္တစ္ခါဆိုရင္ မင္းလုပ္ရပ္ေၾကာင့္ မင္းအသက္အာမခံမရွိျဖစ္သြားလိမ့္မယ္။ ငါ့နာမည္ မိုက္။ ထိပါးလို႔ သင့္၊ မသင့္ မင္းနယ္ပယ္မွာ ေၾကးစားေလာကက မိုက္အေၾကာင္း သိသေလာက္ စံုစမ္းၾကည့္လိုက္။ "
ေရးညိဳ႕ထင္ ဖိနင္းထားတဲ့ ေျခေထာက္ေအာက္က လက္ကို ၾကည့္ကာ မဲ့သည္။
ထို႔ေနာက္႐ြံရွာဖြယ္အတိျဖင့္မတ္မတ္ရပ္၍ ဘုန္းခန္႔ထည္အားၾကည့္ၿပီး
" အတိုအစ အသံဖိုင္ေလာက္နဲ႔ ငါတို႔လင္မယားၾကားမွာ ဝင္ရႈပ္ဖို႔လြယ္မယ္ထင္လား။ မင္းအသက္ကို မင္းနွေျမာတယ္ဆိုရင္ ... မိုက္ကို ေဒါသထြက္ေအာင္မလုပ္မိေစနဲ႔ "
မိုက္ဆိုတာ ဘယ္လိုလူလဲ။
ဘုန္းခန္႔ထည္ ေက်ာခ်မ္းစြာ နဖူးက ေခြၽးေတြကို ေယာင္ေယာင္မွားမွား သုတ္ပစ္ၿပီး ေနာက္ဆုတ္လိုက္မိသည္။
ပစၥည္းေတြထိတိုက္သြားတဲ့အသံသာ ၾကားရၿပီး သူ႔အေတြးကေတာ့ ေက်ာခိုင္းသြားတဲ့ အနက္ေရာင္ ေက်ာျပင္က်ယ္ဆီမွာသာ။
သူ႔လက္ေတြ တဆတ္ဆတ္တုန္ရီေနၿပီး
သူေၾကာက္႐ြံ႕ကာ ေမာလ်ေန၏။
မိုက္...
မိုက္က ဘယ္သူလဲ။
_________
" ေဒၚခြာညိဳ နာမည္နဲ႔ဝယ္ထားတဲ့ ရွယ္ယာ 15% က သူေဌး သမက္ပိုင္တာပါ "
လက္မွတ္ေရးထိုးေနတဲ့ လက္က ရပ္တန္႔သြားကာ ဦးမင္းစံ သူ႔အတြင္းေရးမွဴ းကိုေမာ့ၾကည့္လိုက္သည္။
သူ႔အလုပ္မွာ သူပိုင္တဲ့ Shareတင္ 71% ရွိတာမို႔ 15% ဆိုတဲ့ ပိုင္ဆိုင္မူ႔သည္
အနည္းငယ္မဟုတ္ဘူးဆိုတာသိသည္။
" ဘယ္ခ်ိန္ကတည္းကလဲ "
"လြန္ခဲ့တဲ့ ၇လေလာက္ကပါ။ စဝယ္ခါစက ရွယ္ယာ ၆%ေလာက္ပဲဝယ္တဲ့အျပင္ ေဒၚခြာညိဳနာမည္နဲ႔မို႔ သတိမထားမိခဲ့ဘူး။ ေနာက္ပိုင္း တျဖည္းျဖည္း % မ်ားလာမွေသခ်ာစံုစမ္းၾကည့္လိုက္ေတာ့ သူေဌးသမက္ျဖစ္ေနပါတယ္။ "
ဦးမင္းစံ ေခါင္းညိမ့္ကာ လုပ္လက္စကိုျပန္လုပ္သည္။
အတြင္းေရးမွဴ းသည္ ၿငိမ္သက္စြာရပ္ေနဆဲပင္။
" မင္းလုပ္စရာမရွိဘူးလား"
ဦးမင္းစံ အသံသည္တည္ၿငိမ္ေနလ်က္ရွိကာ အလုပ္နွင့္လက္ပင္ ျပတ္လပ္မူ႔မရွိေသး။ အတြင္းေရးမွဴ းသည္ စိတ္ရႈပ္ေထြးသြား၏။
" သူေဌး စံုစမ္းဖို႔မလိုဘူးလား"
ေဒါက္..ေဒါက္ ...
တံခါးေခါက္သံကထြက္ေပၚလာၿပီးလ်ွင္
အဆံုးသတ္ လက္မွတ္ထိုးထားတဲ့ ဖိုင္ကို
အတြင္းေရးမွဴ းဆီကိုေပးလိုက္ၿပီး ေအးေဆးစြာေျပာလိုက္သည္။
"မလိုဘူး သူလာၿပီ"
စကားမွမဆံုးေသး အျပင္က ဝန္ထမ္းမိန္းကေလးတစ္ေယာက္အသံထြက္လာသည္။
" ကိုေရးညိဳ႕ထင္ ေရာက္ပါၿပီ Boss "
"ဝင္ခဲ့ခိုင္းလိုက္"
အတြင္းေရးမွဴ းသည္ နွစ္ထမ္းၾကာရွည္စြာ ဦးမင္းစံ အနီးအနားမွာ လုပ္ကိုင္ေနသူမို႔ အရိပ္အကဲကိုနားလည္သည္။
ခ်က္ျခင္း ဖိုင္အထပ္လိုက္ကို ကိုင္ကာ
အခန္းထဲကေနထြက္သြားဖို႔ ျပင္လိုက္သည္။ တခ်ိန္ထဲ တံခါးဖြင့္ကာ ဝင္ေရာက္လာသူကို သူ နွင့္ဝင္ေပါက္မွာ ဆံုစည္းလ်ွင္ ေသခ်ာၾကည့္မိလိုက္သည္။
စိတ္လႈပ္ရွားဟန္မရွိတဲ့ေရျပင္ညီလို မ်က္ဝန္းေတြသည္ သူ႔ထံ အၾကည့္တစ္ခ်က္မ်ွသာေရာက္လာၿပီး ခ်က္ျခင္းလႊဲဖယ္သြားကာ ဦးမင္းစံထံတည္ၿငိမ္စြာေလ်ွာက္လွမ္းသြား၏။
ထိုအခ်ိန္ခဏအတြင္း ေအးစက္မူ႔လိႈင္းသည္ သူ႔ထံအနည္းငယ္ရုိက္ခတ္လာသလိုရွိကာ သူ႔ရင္ထဲတင္းၾကပ္ၾကပ္ျဖစ္သြားရ၏။
သူေဌး၏ သမက္ကိုပံုေတြထဲမွာ ျမင္ဖူးေပမဲ့ ထိုသို႔ မ်က္နွာထားမ်ိဳးမဟုတ္။
ၿပံဳးခ်ိဳေအးေဆးေသာ ရုပ္ရည္ျဖစ္ကာ
လူေအးတစ္ေယာက္ဟု သက္မွတ္နိုင္တဲ့ပံုပင္။ သို႔ေသာ္ျငား ယခုမူ ေအးစက္ကာ
အရွိန္အဝါေကာင္းလြန္းလွသည္မို႔ သူေဌးသမက္ဟုမခံစားရပဲ သူေဌးသားဟုသာ ခံစားေနရေလသည္။
"ထိုင္ "
ေရွ႕က ထိုင္ခံုကို ညႊန္ျပၿပီး ဦးမင္းစံ သူ႔ေရွ႕ကသူ၏ လႈပ္ရွားဟန္ပန္ကိုေသခ်ာ ၾကည့္လိုက္ၿပီး ယဲ့ယဲ့ၿပံဳးမိသည္။ ဒီေကာင္ေလးဟာ အရင္က သူသေဘာက် နွစ္ၿခိဳက္ခဲ့တဲ့ ဖိုက္တာ တစ္ေယာက္ျဖစ္ၿပီးျကိဳးဝိုင္းေပၚမွာ ထိုးသတ္တဲ့အခ်ိန္ေတြဆိုရင္ သူဟာ ထိုေကာင္ေလးရဲ႕ အမာခံပရိတ္သတ္ပဲျဖစ္ခဲ့ဖူးသည္။
" ငါ့ ကုမၸဏီမွာ ရွယ္ယာ 15% ဝယ္ထားတယ္ဆို "
ေရးညိဳ႕ထင္ အံ့ၾသဟန္မရွိပဲေခါင္းညိမ့္ျပလိုက္သည္။
" ဟုတ္ကဲ့။ ကြၽန္ေတာ္ စုထားတဲ့ ပိုက္ဆံေတြနဲ႔ ေမေမမဆံုးခင္က ေပးခဲ့တဲ့ ပိုက္ဆံေတြကို ေပ်ာက္ပ်က္မသြားေအာင္ ဝယ္လိုက္တာပါ "
" စိတ္ကူးေကာင္းသားပဲ။ ဘယ္လိုလဲ ငါေမးထားတဲ့ ကိစၥ "
"ကြၽန္ေတာ္ နားခ်ထားပါတယ္။ သူက
ေျပာစကားနားေထာင္တဲ့ကေလးဆိုေတာ့ လက္ခံဖို႔မ်ားတယ္ "
ဦးမင္းစံ ၿပံဳး၏။ သူ႔သားအေၾကာင္း သူအသိဆံုး။ ဒီစီးပြားေရးအလုပ္ေတြကို နည္းနည္းမွ စိတ္မဝင္စားဘူး။ သူသိတာ ပန္းေတြကိုဘယ္လို လွေအာင္ စည္းရမယ္။ ဘယ္အေနအထားက ပန္းေတြရဲ႕အလွအပကို ပိုေပၚလြင္ေစမလဲ။ ဒါေလာက္ပဲ သူသိတာေလ။
" မင္းေရာ ဒီအလုပ္ကို စိတ္ဝင္စားလား "
" ကြၽန္ေတာ္ စိတ္မဝင္စားဘူး။ ဒါေပမဲ့
ကြၽန္ေတာ္ လုပ္နိုင္တယ္ "
"ဘာလို႔လဲ။ မင္းစိတ္မဝင္စားရင္ ကိုယ့္ကိုကိုယ္အတင္းအၾကပ္ဖိအားေပးတာမ်ိဳးထိလုပ္ဖို႔မလိုဘူး "
"တအားခက္တဲ့အလုပ္မွမဟုတ္တာ ၊ စိတ္မဝင္စားဘူးဆိုရင္ေတာင္မွ ကြၽန္ေတာ့္အတြက္ အတင္းအၾကပ္ဖိအားေပးဖို႔ထိ အဲ့ဒါ မသက္ေရာက္ဘူး။ ၿပီးေတာ့ ေကာင္ကေလး ေနာက္မွာ ပဲ့ကိုင္ေပးဖို႔
လူလိုတယ္။ အဲ့လူက ကြၽန္ေတာ္မဟုတ္ရင္ အဆင္ေျပမွာမဟုတ္ဘူး။ စိတ္ခ်ပါ ကြၽန္ေတာ္ ေရႊဘံုကို အျမင့္ေရာက္ေအာင္ပဲ ဆြဲေခၚသြားမွာပါ "
" မင္း ေငြလိုအပ္လို႔ ငါ့သားကို ယူခဲ့တာလား "
ဦးမင္းစံ ေသခ်ာအကဲခတ္ေနမိသည္။
ေရးညိဳ႕ထင္ ဆိုတဲ့ေကာင္က အေျဖာင့္ေကာင္။ သားကို ဘာလို႔လက္ထပ္တာလဲဆိုတာ သူသိပ္ခ်င္သည္။
" ေငြ? "
တည္ၿငိမ္စြာပင္ ျပန္ေမးမိေတာ့
ဦးမင္းစံက ထပ္မံ၍ မွန္တဲ့အေၾကာင္းေခါင္းညိမ့္၏။
"ဟုတ္တယ္ေငြ။ မင္းေငြလိုအပ္လား "
" ကြၽန္ေတာ္ အတြက္ ေငြက ထင္သေလာက္အေရးမပါဘူး။ ကြၽန္ေတာ္ လိုခ်င္တာ ယံုၾကည္မူ႔ ။ စိတ္ခ်ပါ။ ရွယ္ယာ ဝယ္ထားတယ္ဆိုတာ မိသားစု လုပ္ငန္းတစ္ခုအေနနဲ႔ တေပါင္းတစည္းျဖစ္ခ်င္တဲ့ စိတ္နဲ႔ ဒီတိုင္း ဘာရယ္မဟုတ္ရွိတာေလး ရင္းနွီးျမဳပ္နွံလိုက္တဲ့သေဘာပါ။ အန္ကယ္ ကြၽန္ေတာ္ကို စိုးရိမ္ဖို႔မလိုဘူး။ ျဖစ္နိုင္တာကေတာ့ ေငြေၾကာင့္ ေကာင္ကေလးနဲ႔
လက္ထပ္ခဲ့တာမဟုတ္ဘူး။ "
ေရးညိဳ႕ထင္ အတြက္ ေမေမေပးခဲ့တဲ့အေမြက ဦးမင္းစံကို ထိပါးေလာက္ေအာင္ထိမမ်ားျပားေပမဲ့ သူရသမ်ွ စုေစာင္းထားတဲ့အျပင္ ၆နွစ္အတြင္း ရွိတဲ့ပိုက္ဆံမွန္သမ်ွ ကို ေငြေသထားခဲ့တာမွမဟုတ္တာ။
ရသမ်ွပိုက္ဆံ စီစစ္သံုးဆြဲရုံတင္မကဘူး
တိုးပြားေအာင္ လုပ္ငန္းအမ်ိဳးမ်ိဳးမွာ သူရင္းနွီးျမဳပ္နွံသည္ ။ သူစုေဆာင္းခဲ့တာ တစ္နွစ္ ၊ နွစ္နွစ္ထဲမဟုတ္ဘူး။ ၆နွစ္တိတိရွိၿပီ။
အဲ့အတြက္ ရသမ်ွပိုက္ဆံက အေမြေတြအျပင္၊ ဆိုင္ကရတဲ့ပိုက္ဆံ ၊ ေနာက္ၿပီး
လက္ေဝွ႔ထိုးလို႔ရတဲ့ပိုက္ဆံ ၊ ေဖေဖ့ဖက္က အဖြားက လြန္ခဲ့ေသာ ၃နွစ္က သူမဆံုးခင္ ခြဲေဝေပးခဲ့ေသာ ေဖေဖအတြက္ေဝစု။
အားလံုးတစ္လံုးထဲတစ္ခဲထဲ စုေစာင္းၿပီး ေရႊဘံုနဲ႔ရမွ ဦးမင္းစံပိုင္တဲ့ လုပ္ငန္းမွာ ရွယ္ရာ 15% ဝယ္နိုင္ခဲ့တာ။ အဲ့ဒါေတာင္
ဦးမင္းစံအတြက္ အစြန္အဖ်ားပဲရွိေသးတာျဖစ္ၿပီး ထို႔အတြက္ သူအာရုံလံုးဝမရွိ။ သူလိုခ်င္တာ ေငြမဟုတ္ဘူး ။ သူလိုခ်င္တာ မိသားစုဆိုတဲ့ ေႏြးေထြးယံုၾကည္မူ႔တစ္ခုပဲ။
" မင္းငါ့သားကို ၾကင္ၾကင္နာနာ တစ္သက္လံုးေပါင္းသင္းနိုင္ဖို႔ ေမ်ွာ္လင့္တယ္
မိုက္။ ေရာ႕... ဒါ မင္းတက္ကိုတက္ထားသင့္တဲ့ ပညာရပ္ေတြ။ အဲ့ဒါေတြအကုန္ရရင္
မင္း ကုမၸဏီကိုထပ္လာခဲ့။ မင္းကိုလက္ေတြ႕ သင္ၾကားေပးဖို႔ ေစာင့္ေနမယ္ မင္းအခ်ိန္ဘယ္ေလာက္ယူမလဲ "
ကမ္းေပးလိုက္တဲ့ ဖိုင္ကို သူလွမ္းယူလိုက္ၿပီး လွန္ေလွာၾကည့္လိုက္သည္။
ထို႔ေနာက္ ဦးမင္းစံကိုေမာ့ၾကည့္လာၿပီး
" ကြၽန္ေတာ္ အခ်ိန္ တစ္လခြဲ ပဲလိုတယ္"
ဦးမင္းစံ မ်က္ေမွာင္ၾကဳတ္ကာ
" ေသခ်ာၾကည့္" ဟု ထပ္ေျပာလာ၏။
အထဲမွာပါတဲ့ သင္တန္းေတြက တစ္ခုနွစ္ခုတင္မဟုတ္။
" ကြၽန္ေတာ္ မိတၲဴ ဆိုင္ေလး ဖြင့္ထားတယ္ ဆိုေပမဲ့ ဒီတိုင္း ဆိုင္မွာ တေနကုန္ထိုင္ၿပီးအခ်ိန္ကုန္တက္တဲ့ လူမ်ိဳးမဟုတ္ဘူး။
ကြၽန္ေတာ္ ဘာသာ စကား ၄မ်ိဳးထိတက္တယ္။ ကြန္ျပဴတာနဲ႔ ပတ္သတ္သမ်ွ အကုန္တက္တယ္။ စာရင္းအင္းပညာနဲ႔ပတ္သတ္တာမွန္သမ်ွ ၊ ေစ်းကြက္ဆိုင္ရာ
သင္တန္းမွန္သမ်ွ ကြၽန္ေတာ္ အကုန္တက္ၿပီးသား။ "
"ဒါဆိုမင္းမတက္ေသးတာဘာလဲ "
ေရးညိဳ႕ထင္ အေနရခက္စြာ နႈတ္ခမ္းကို သပ္လိုက္သည္။ ထို႔ေနာက္ အနည္းငယ္ နီေစြးေသာ မ်က္နွာျဖင့္
" ဂ်ပန္စကား "
"ငါ့အလုပ္က ဂ်ပန္ကုမၸဏီတခ်ိဳ႕နဲ႔ ခ်ိတ္ဆက္ၿပီး ပူးေပါင္းလုပ္ကိုင္ရတဲ့ အလုပ္။ မင္းအဲ့ဒါမတက္ရင္အဆင္မေျပဘူး"
"ဟုတ္ကဲ့ ကြၽန္ေတာ္ ေသခ်ာျပန္သင္လိုက္ပါ့မယ္ "
"ေသခ်ာျပန္သင္လိုက္ပါ့မယ္ဆိုေတာ့
မင္းတက္ၿပီးသားလား"
" မကြၽမ္းက်င္ေသးတာပဲရွိတာပါ။ ကြၽန္ေတာ့္အတြက္ ဂ်ပန္စကားက နည္းနည္းခက္လို႔ "
"ဒါဆို မင္းတက္ထားတဲ့ ဘာသာစကား၄မ်ဳိုးထဲမွာ ဂ်ပန္စကားမပါဘူးေပါ့ "
"ဟုတ္ကဲ့"
ဦးမင္းစံေခါင္းကိုက္လာ၏ ။ သူ႔သမက္က
ဘယ္လိုေကာင္လဲ။ ဒါဆို ဂ်ပန္စကားပါတက္ေျမာက္သြားရင္ ဒီေကာင္ ၅ မ်ိဳးထိတက္ေျမာက္နိုင္တယ္ေပါ့။
သူေတာင္ ၂မ်ိဳးပဲတက္တာမို႔ မဆိုသေလာက္ မနာလိုမိသြားတာေသခ်ာသည္။
သူ႔သားေရႊဘံု ဘာမွမတက္တာနဲ႔ဆိုရင္
ဒီေကာင္ အနိုင္မ်ားက်င့္ေလမလား။
" မင္းငါ့သားကို အနိုင္က်င့္တယ္ၾကားရင္
ငါနဲ႔ေတြ႕မယ္ ။ "
"ကိုယ္ယူထားတဲ့ ေယာက်ာ္းကို ဘာလို႔အနိုင္က်င့္ရမွာလဲ "
"မင္း ..."
ring ring ....
ဆက္တိုက္ဆိုသလို ဖုန္းဝင္လာတဲ့အသံေၾကာင့္ လက္ညိဳးထိုးလက္စ လက္ႀကီးေလေပၚဝဲကာ ဦးမင္းစံ ခံစားခ်က္ တစ္လစ္ႀကီးျဖစ္ေနလ်က္။ စားပြဲေပၚခ်ထားေသာဖုန္းအားလွမ္းၾကည့္လိုက္လ်ွင္ ေကာင္ကေလးဟု မွတ္ထားသည္မို႔ ဒါသူ႔သားမွန္းတန္းသိလိုက္သည္။
ဦးမင္းစံရွဴ းရွဴ းရွားရွားျဖစ္ကာ မ်က္နွာႀကီးသုန္မႈန္ေနၿပီး မ်က္နွာခ်င္းဆိုင္မွာ မိန္႔မိန္႔ႀကီးထိုင္ကာ ဖုန္းေျပာေနတဲ့သမက္အား
ၿဂိဳလ္ၾကည့္ၾကည့္ေနလိုက္သည္။ ေရးညိဳ႕ထင္ကလည္း အေရးမလုပ္ေပ။ သူ႔ပံုစံက အပိုလုပ္ေနသလို မဟုတ္ပဲ ပံုမွန္ အေနအထားအတိုင္း ေျပာဆိုေနတဲ့ပံု။
" အင္း ေကာင္ကေလးေျပာ "
" ......"
"မဟုတ္ဘူး။ ကိုယ္အျပင္ေရာက္ေနတာ ။
ဘာလိုခ်င္လို႔လဲ "
"....."
"ေရခဲမုန္႔လား။စားလို႔မရေသးဘူးေလ။
ရာသီဥတု ေအးေသးတယ္။ တျခားဟာမွာ"
"...."
"မရဘူး၊ မင္းေဆးေသာက္ရဦးမွာ ။ ကိတ္နဲ႔ ေကာ္ဖီဝယ္ခဲ့မယ္။ အဲ့ဒါစား ။ အင္း ဆိုင္မွာပဲေန ကိုယ္ အခုျပန္ခဲ့မယ္။ ဒါပဲေနာ္"
ဖုန္းခ်ၿပီးသည္ထိေစာင့္ကာ ဦးမင္းစံမေက်နပ္စြာေျပာလိုက္သည္။
"ေရခဲမုန္႔စားခ်င္တာကို ဝယ္ေကြၽးလိုက္တာမဟုတ္ဘူး။ "
" ရာသီဥတု ေအးလို႔ သူစားလို႔မရေသးဘူး။ အလိုလိုက္ၿပီး သူ႔ကိုဝယ္ေကြၽးလိုက္ရင္ ညဆို က်ိဳးတဲ့လက္က ကိုက္တယ္ "
ဦးမင္းစံ ေခ်ာက္ကမ္းပါးေပၚကေနတြန္းခ်ခံလိုက္ရသလို ခံစားခ်က္ႀကီးျဖစ္သြားသည္။ ေနာက္ဆံုး ေရးညိဳ႕ထင္အား လက္ခါျပကာ ျပန္လႊတ္လိုက္ရသည္ထိပင္။
သူ႔ဘာလို႔ အရင္က ဒီေကာင့္ကိုသေဘာက်ခဲ့မိတာလဲ။ စဥ္းစားရင္းေဒါသထြက္မိသည္။ ဖေအထက္ သူပိုသိသလို လာလုပ္ေနတာဘာအခ်ိဳးလဲ။ သူစိမ္းနဲ႔ဖခင္ ယွဥ္စရာ အေၾကာင္းကိုမရွိတာ။
သူ႔သားငယ္ငယ္ကတည္းက သူ႔လက္ေပၚႀကီးလာတာ။ အနည္းဆံုး ဘာျဖစ္တက္သလဲ ၊ ဘာလိုအပ္သလဲ ဆိုတာ သူေလာက္သိနိုင္မွာလား။ ခုမွ အတူေနတာ တစ္နွစ္ေတာင္မျပည့္ေသးပဲ သူ႔ကိုလာေျခရာတိုင္းေနတာ မသိရင္ခက္မယ္ ေရးညိဳ႕ထင္ ။
_________
ခ်လြင္ ..ခ်လြင္....
လႈပ္ခါသြားေသာ ဆည္းလည္းသံေၾကာင့္ ေရႊဘံု အျပင္ ထိုင္ေနတဲ့ သူေတြပါ မွန္တံခါးဆီအၾကည့္ေရာက္သြား၏။
ေရႊဘံု အလ်ွင္အျမန္ ေျပးသြားကာ ေကာင္းတဲ့လက္နဲ႔ ေရးညိဳ႕ထင္၏ လက္ေမာင္းကို ေျပးခ်ိတ္လိုက္သည္။
" ကြၽန္ေတာ္ ဗိုက္ဆာေနၿပီ။လမ္းမွာ ေမာင္ ဘာလုပ္ေနတာလဲ ။ ကြၽန္ေတာ္ ဖုန္းဆက္ထားတာျဖင့္ ၂နာရီေလာက္ၾကာေနၿပီ "
ေမာင္ဆိုတဲ့ စကားေၾကာင့္ ေရးညိဳ႕ထင္ မ်က္လံုးျပဴ းႀကီးနဲ႔အလန္႔တၾကားငံု႔ၾကည့္လိုက္စဥ္ လက္ေမာင္းက ဆူးခနဲျဖစ္သြားသည္။
ေရႊဘံု မ်က္နွာရိပ္မ်က္နွာကဲျပကာ မခ်ိတင္ကဲ ရယ္ျပ၍ လက္ကို လိမ္ဆြဲလိုက္တာျဖစ္၏။
ေရးညိဳ႕ထင္ မရုန္းေသာ္ျငား မ်က္လံုးကေတာ့ျပဴ းက်ယ္ေနဆဲ။
" ေမာင္ ့ "
"ဟမ္ "
"ကြၽန္ေတာ္ေျပာတာၾကားလား "
ေရးညိဳ႕ထင္ အေနအထားမမွန္ေသာ မ်က္နွာအား ျမန္ျမန္ျပင္ကာ
" အင္း..sorry ကိုယ္လမ္းမွာ ကားပိတ္ေနလို႔ ။ ဗိုက္ဆာေနၿပီလား။ ကိုယ္ ခုထည့္ေပးမယ္ေနာ္"
" ရတယ္ ခုမစားေသးဘူး။ ဧည့္သည္ေတြ ေရာက္ေနလို႔ "
ထိုအခါမွ လွည့္ၾကည့္လိုက္လ်ွင္ သူ႔အား ၾကည့္ေနၾကေသာ မ်က္လံုးမ်ားအားေတြ႕ရ၏။ ေရးညိဳ႕ထင္ ဘာလဲဆိုတာသိသြားသည္နွင့္ ခါးကိုအနည္းငယ္ညႊတ္ကာ တီတိုးေျပာလာသည္။
" မင္း ဒီေန႔ အိမ္ျပန္ေရာက္ရင္ နာဖို႔ျပင္ထားေတာ့ "
ေရႊဘံု ပါးနွစ္ဖက္သည္ ပန္းႏုေရာင္သန္းသြားတာ သိသိသာသာ။
ေရးညိဳ႕ထင္ ၿပံဳးလိုက္ကာ ေရႊဘံု လက္ေခ်ာင္းေတြအား ယွက္ျဖာ ဆုပ္ကိုင္ရင္း
ဧည့္သည္ေတြနားအား အတူယွဥ္သြားလိုက္သည္။
" မနွင္းလႊာေသြး ၊ အဲ့ဒါ ေရႊဘံု အမ်ိဳးသား"
ေကသီက မိတ္ဆက္ေပးသည္။
ကိစၥရပ္ေတာ္ေတာ္မ်ားမ်ား ၾကည္ႏူးေျပာလို႔ ေကသီ သိၿပီးသားပင္။ ထို႔ေၾကာင့္တမင္မိတ္ဆက္ေပးတာျဖစ္၏။
နွင္းလႊာေသြးအံ့ၾသဟန္ျဖင့္ မ်က္နွာပ်က္ေနတဲ့ သူ႔အမအားလွမ္းၾကည့္သည္။
ကိုထင္သည္ တခ်ိန္က သူ႔အမနဲ႔ အခ်ိန္အၾကာႀကီးႀကိဳက္ခဲ့ဖူးကာ နွစ္အိမ္ၾကားဝင္ထြက္သြားလာလို႔ရတဲ့အေနအထားထိရွိခဲ့ဖူးသည္။ သို႔ေသာ္ ယခုလို အေနအထားမ်ိဳးနဲ႔ျပန္ေတြ႕ခဲ့ဖို႔ေတာ့မေမ်ွာ္လင့္ထားခဲ့။
" မေတြ႕တာ ၾကာၿပီ နွင္းလႊာေသြး "
"ဟုတ္ မေတြ႕တာ ၾကာၿပီေနာ္။ ကိုထင္ ကို ရန္ကုန္မွာ မေနေတာ့ဘူးထင္ေနတာ။ နွင္းလႊာ ပုသိမ္က သူေတြစံုစမ္းၾကည့္ေတာ့လည္း ေတာ္ေတာ္မ်ားမ်ား မသိၾကဘူး။ ဒီၾကားထဲဘယ္ေတြေပ်ာက္ေနတာလဲ"
နွင္းလႊာေသြး ခ်က္ျခင္း အဆင္ေျပေျပ ျပန္ေျပာလိုက္သည္။ သူ႔အမကေတာ့ေဘးမွာ ၿငိမ္ကာနားေထာင္ေနဟန္ရွိၿပီး အေနအထားကေတာ့ အေတာ္ေလးမသက္သာစရာေကာင္းလွ၏။
" ဟုတ္တယ္။ ကြၽန္ေတာ္ ပုသိမ္ကိုေမေမဆံုးၿပီးကတည္းက မျပန္ေတာ့တာ ။ ရန္ကုန္မွာ ေနတာကိုလည္း အမ်ိဳးေတြက လႊဲၿပီး ဘယ္သူမွသိပ္မသိၾကဘူး။
ဟိုဖက္က မိတၲဴ ဆိုင္က ကြၽန္ေတာ္ဆိုင္ေလ။ ဒါကေတာ့ ကြၽန္ေတာ္လက္ထပ္လိုက္တဲ့ ကြၽန္ေတာ္အမ်ိဳးသား "
ေရးညိဳ႕ထင္ ေဘးမွာထိုင္ေနတဲ့ ေရႊဘံုေခါင္းေလးကိုပုတ္ကာ အသိမွတ္ျပဳ မိတ္ဆက္ေပးလိုက္လ်ွင္ တခ်ိန္လံုး စိတ္ပူေနတဲ့ ေရႊဘံု စိတ္ကေလးသည္ ေရေအးေအးပက္ခံလိုက္ရသလို ေသာက ဟူသမ်ွ ကင္းေဝးသြားေလ၏။
" ေကသီေျပာလို႔ နွင္းလႊာလည္းအံ့ၾသေနတာ။ ဘယ္ကေန ဘယ္လို လက္ထပ္ျဖစ္သြားတာလဲ။ စပ္စုတာရယ္ေတာ့ မဟုတ္ဘူး နွင္းလႊာ တအားသိခ်င္သြားမိလို႔ "
" လက္ထပ္ဖို႔က ဘယ္သူရယ္ ဘယ္ဝါရယ္ ေ႐ြးေနလို႔မွမရတာ ။ အဓိက က ကိုယ္နဲ႔ တသက္လံုး ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနနိုင္သြားဖို႔ ကိုယ့္စိတ္နဲ႔ ထပ္တူ က်ဖို႔လိုတယ္။ ေရႊဘံု က ကြၽန္ေတာ္အတြက္ ထူးထူးျခားျခား ျဖစ္ရုံတင္မကဘူး။ ကြၽန္ေတာ္နဲ႔ စိတ္ေရာ ၊ ခံစားခ်က္ေရာ ထပ္တူ က်တယ္။ ၿီပီးေတာ့ သူနဲ႔အတူေနရတာ ကြၽန္ေတာ္ ၿငိမ္းခ်မ္းမူ႔ကိုခံစားရေစတယ္ ၊ ဒါနဲ႔ မင္းေရာ လက္ထပ္လိုက္ၿပီဆို "
" ဟုတ္တယ္ နွင္းလႊာလက္ထပ္လိုက္ၿပီ။
ေရႊဘံု ထိခိုက္မိတာကလည္း နွင္းလႊာ မဂၤလာေန႔ကေလ ။ သတင္းေမးလာမယ္လာမယ္နဲ႔ အိမ္ေျပာင္းေနတာနဲ႔မလာျဖစ္ဘူး။ ခုမွ ေကသီဆီဖုန္းဆက္ၾကည့္ေတာ့ ဆိုင္မွာရွိတယ္လို႔ ေျပာလို႔ မမကိုအေဖာ္ေခၚၿပီး လာေမးလိုက္တာ ။"
နွင္းလႊာေသြး သူ႔အမအား ေခါင္းငဲ့ျပရင္း ေျပာလာ၏။ ေရးညိဳ႕ထင္ လွည့္မၾကည့္ပဲ
ေရႊဘံုလက္အား ဆုပ္ကိုင္ထားရင္းနွင္းလႊာေသြးေျပာသမ်ွသာ နားေထာင္ေနလိုက္သည္။ ေကသီနဲ႔ ၾကည္ႏူးသည္လည္း ပြဲၾကည့္ပရိတ္သတ္အေနနဲ႔ ေဘးမွာ အရုပ္ေတြလိုထိုင္ေနၾကသည္မွလြဲၿပီးဝင္ေရာက္ေျပာဆိုျခင္းမရွိၾက။
" ဝင့္ဝါသဖက္ခါ ျပန္ေတာ့မယ္ "
ဝင့္ဝါေသြး အသံၾကားေသာအခါမွ ေရးညိဳ႕ထင္ လွည့္ၾကည့္လာတာျဖစ္သည္။ သို႔ေသာ္ အသိမွတ္ျပဳနားေထာင္ရုံသာရွိၿပီး
ခ်က္ျခင္းမ်က္နွာျပန္လြဲသြားတာပင္။
" အင္း .. "
"ေမာင္နဲ႔ အသိေတြလား "
"ဟိုးအရင္ကပါ ၊ ေမာင္တို႔ ေက်ာင္းအတူတက္ဖူးရုံပဲ "
ဝင့္ဝါေသြး မယံုနိုင္စြာ စိုက္ၾကည့္မိ၏။
နွစ္ေတြအၾကာႀကီးခ်စ္သူေတြျဖစ္ခဲ့တဲ့
ရည္းစားေဟာင္းကို ျပန္ေတြ႕ခ်ိန္သည္
ထိုမ်ွနာက်င္စရာေကာင္းတယ္တဲ့လား။
" နွင္းလႊာတို႔ ျပန္ေတာ့မယ္ ကိုထင္။
အျပန္ဝင္စရာေလးရွိလို႔ "
ေျပာၿပီး သူ႔အမလက္ကိုဆြဲ၍ ထ ရပ္ေစၿပီး ေကသီတို႔ဖက္အားလွည့္ကာ ထပ္မံနႈတ္ဆက္သည္။
" ေကသီနဲ႔ၾကည္ႏူး အမတို႔ ျပန္ေတာ့မယ္ေနာ္ "
"ဟုတ္ကဲ့ မနွင္းလႊာေသြး။ ေနာက္လည္းဝင္လည္ေနာ္။ ေကသီတို႔က ဧည့္သည္ေမ်ွာ္ေနတာ "
"ႀကံဳရင္ဝင္လည္မယ္ ေကသီေရ၊ အမတို႔သြားေတာ့မယ္ ေနာက္က်ေနၿပီမို႔ "
"ဟုတ္အမ ။ လာ ၾကည္ႏူး ငါတို႔ ဆိုင္ေရွ႕လိုက္ပို႔ရေအာင္ "
ၾကည္ႏူးအလိုက္သင့္ လိုက္သြားလိုက္သည္နွင့္ ေရႊဘံု ဆုပ္ထားေသာ လက္ကိုရုန္းကာ သူပါ ထရပ္ဖို႔ႀကိဳးစားသည္။
ေရးညိဳ႕ထင္ ဒါဘာလဲဆိုတာ သိၿပီးသားမို႔ လက္ကိုဆြဲခ်ကာ ေဘးကေန ဘယ္မွထ မရေအာင္ ခ်ဳပ္၍
"ျပန္ေခၚေလ ေမာင္လို႔ "
" ထပ္ၾကားခ်င္ အဲ့မိန္းမေနာက္ လိုက္သြားေလ။ ဟိုမွာ ခင္ဗ်ားကို မေမ့နိုင္ေသးတဲ့ပံုနဲ႔"
" ေဟာ္ဗ်ာ ။ ေမာင္နဲ႔ မွ မဆိုင္ေတာ့တာ
ေမာင္နဲ႔ဆိုင္တာ ဒီမွာ ။ ဒီေကာင္ေလးက ေမာင့္ေကာင္ေလး ။ ေျပာစမ္း ေစာကလို ေမာင္လို႔ ။ ထပ္ေခၚေပး ေမာင္ၾကားခ်င္လို႔ "
သူကိုယ္သူ အႀကိမ္ႀကိမ္ေရ႐ြတ္ေနတဲ့ ေမာင္ဆိုတဲ့ နာမည္ေၾကာင့္ ေရႊဘံု မ်က္ေထာင့္နီနဲ႔ ေမာ္ၾကည့္ကာ မ်က္ေစာင္းထိုးပစ္လိုက္သည္။ အဲ့ဒါကိုပဲ ေရးညိဳ႕ထင္က သေဘာက်ေနတာျဖစ္ၿပီး ေမးေလးညစ္လိုက္ ပါးေလးဆြဲလိုက္ လုပ္ေနေလေတာ့သည္။
"ဖယ္စမ္းပါ။ စိတ္ၾကည္ေနတာမဟုတ္ဘူး "
"ေမာင္ ဘာလုပ္မိလို႔လဲ။ "
"အဲ့တေမာင္ေမာင္နဲ႔ မေျပာနဲ႔ ။ မၾကားခ်င္ဘူး "
"ေမာင္ကေတာ့ၾကားခ်င္တယ္။ ေခၚစမ္းလို႔ေျပာေနတယ္။ ေခၚ "
ေမးကိုညႇစ္ကာ ဆြဲေမာ့၏။
အားနဲ႔မို႔ ေရႊဘံု မ်က္နွာသည္ အေတာ္ေလးထိျမင့္ေအာင္ေမာ့သြားကာ ေရးညိဳ႕ထင္ မ်က္နွာနဲ႔ နီးစပ္လုလု။
ေရႊဘံုပါးေတြသည္ ပူက်စ္ကာ နီရဲလာၿပီး
ေရးညိဳ႕ထင္ကေတာ့ ဆန္႔က်င္ဖက္အေနနဲ႔ စူးရဲကာ ရက္စက္လိုစိတ္အျပည့္ျဖစ္ေနသည္။
" ခင္ဗ်ား "
နႈတ္ခမ္းဆီမွ စူးမ်က္သြားတဲ့ နာက်င္မူ႔ေၾကာင့္မ်က္ရည္မ်ားက ေဝ့ခနဲ။
ကိုက္ခံလိုက္ရလို႔ အကြင္းလိုက္ျဖစ္သြားေသာ နႈတ္ခမ္းကို ၾကည့္ကာ ညႇစ္ထားေသာ ေမးကို လႊတ္ကာ ေက်နပ္သလိုရယ္သည္။
" အိမ္ေရာက္ရင္ ခိုင္းသလိုလုပ္။ မဟုတ္ရင္ မင္းတစ္ကိုယ္လံုး ဒီထက္ဆိုးေအာင္ လုပ္ပစ္မယ္"
အေျပာနဲ႔ လက္ေတြ႕ညီမ်ွေအာင္ ၾကမ္းတမ္းတက္မွန္း ေရႊဘံု သိ၏။ ထို႔ေၾကာင့္ မ်က္ရည္မ်ားကိုသုတ္ကာ ေျခေစာင့္လ်က္
ေကာင္တာေပၚတင္ထားခဲ့ေသာ ကိတ္ဘူးကိုယူကာ ေရးညိဳ႕ထင္အားလွည့္မၾကည့္ေတာ့ေပ။
ခ်စ္တဲ့အိမ္စည္။
( ဒီဇာတ္လမ္းရဲ႕ ဇာတ္အိမ္နဲ႔ အေျပာအဆိုအေနအထားကို တခ်ိဳ ႕မႀကိဳက္ၾကဘူးဆိုတာ သိေပမဲ့ စာေရးသူတစ္ေယာက္အေနနဲ႔ မတူညီတဲ့ ပံုစံအမ်ိဳးမ်ိဳးကိုခ်ျပဖို႔လိုအပ္ပါတယ္။ မီးနီခန္းကအစ ၊ တခ်ိဳ႕ရင့္သီးတဲ့ ရုိင္းပ်တဲ့ အေျပာအဆိုေတြကို ေရးသားဖို႔ ကိုယ့္အေနနဲ႔ အေတာ္ေလးခက္ခဲပါတယ္။ ဒါေပမဲ့ ေရးညိဳ႕ထင္ရဲ႕ ပံုပန္းနဲ႔ ၾကမ္းတမ္းတဲ့တစ္ဖက္ျခမ္းကို ေဖာ္ျပဖို႔ ကိုယ္အေနနဲ႔ ဒီနည္းကိုေရွာင္လႊဲဖို႔ အဆင္မေျပပါဘူး။ အဲ့အတြက္ စာဖတ္သူေတြအေနနဲ႔ ကိုယ့္စိတ္ကူးနဲ႔ ေရးဟန္ကို အလိုက္သင့္စီးေမ်ာေပးဖို႔ ေမ်ွာ္လင့္ပါရေစ။ တသက္မွတ္ထဲ ဒီပံုစံေရးေနၾက ဒီပံုစံပဲေရးပါဆိုရင္ ကိုယ့္ကို ခ်စ္ရာမေရာက္ပဲ ပစ္ပယ္ရာေရာက္ေစပါတယ္။ ကိုယ္အေနနဲ႔ အေပ်ာ္တမ္းေရးသားတယ္ဆိုရင္ေတာင္မွ
ပံုစံအမ်ိဳးမ်ိဳးကိုေရးသား ခ်ျပခ်င္ပါတယ္။ )
ခွပ်!
အရှိန်နဲ့ ပြေးဝင်လာတဲ့ လက်သီးချက်က ဘယ်အရပ်ဘယ်ဌာနေကမှန်းမသိ။
သူသိလိုက်တဲ့အချိန်တွင် ကြမ်းပေါ်မှာ အလဲလဲအပြိုပြို ဖြစ်နေပြီ။
ဘေးမှ ပြိုကျသံတွေနဲ့ အတူ သူ့ကျောပေါ်မှာ အရှိန်နဲ့ကျလာတဲ့ အရာဝတ္ထုတွေ ။
သူဘာဖြစ်သွားလဲဆိုတာ ရုတ်တရက်မသိလိုက်ခင်မှာ နှာခေါင်းဆီမှ နာကျင်သွားပြီးပူနွေးသော အရည်တွေက တသွင်သွင် နှုတ်ခမ်းမှဖြတ်၍ မေးပေါ်စီးကျနေသည်။
" မင်း ဘာလုပ်တာလဲ"
လူတစ်ယောက်။ အနက်ရောင် ဂျက်ကတ်နှင့် ဘောင်းဘီရှည်အနက်ကိုဝတ်ထားလျက် သူ့ရှေ့မှာ ဒူးတစ်ဖက်ညွှတ်၍ စူးစိုက်ကြည့်လာသည်။ ညွှတ်ထားသော ဒူးသည် ကြမ်းပေါ်မှာလည်းကျမသွားပဲ
သူ့နဲ့တစ်တန်းတည်းဖြစ်စေရန်သာ ကွေးညွှတ်လိုက်ခြင်းဖြစ်သည်။ တောစီးဖိနပ်ကဲ့သို့ ခွာပါသောဖိနပ်၏ ခြေဦးထိပ်အဖျားက
သူ့လက်ဖျားပေါ်မှာ ကျကျနနနင်းခြေထားလျက်။ ထူးလျားသော မျက်ခုံးတွေက တွန့်ကွေးထားတာမို့ မောက်မာ ရိုင်းဆိုင်းဟန်က အပြည့်။ သို့သော် အလုံးစုံခြုံကြည့်မည်ဆိုပါလျှင် စိမ်းဖန့်နေသော ပါးသိုင်းတချို့ နှင့် စေ့စပ်တည်ငြိမ်ဟန်ရှိသော နှုတ်ခမ်းတို့ကြောင့် ခန့်ညားမူ့ရှိနေပြီး သွေးအေးရက်စက်မူ့လည်းထင်ဟပ်နေသည်။
ဘုန်းခန့်ထည် နှာကျင်မူ့ကြောင့် ရှုံ့မဲ့ရုန်းကန်သော်ငြား ဖိနပ်ဦးထိပ်၌တော့ လွှတ်မြောက်မူ့မရှိခဲ့ချေ။
ဘယ်အငြိုးကြောင့် သူ့အလုပ်ထိလာပြီး
ကိုယ်ထိလက်ရောက် ကျူးလွန်တာလဲ။ သူ့အတွေးမှမဆုံးသေး။ အားထည့်ဖိနှိပ်ခံလိုက်ရသော လက်ဖျားကြောင့်
" အားးး နာတယ် ..ခင်ဗျား ဘယ်သူလဲ ၊ ဘာလိုချင်လို့လဲ"
ဖျတ်ဖျတ်လူးမတက်နာကျင်မူ့ကြောင့် ချွေးတွေရွှဲလာကာ ဘုန်းခန့်ထည်၏ ခန့်ညားသော သွင်ပြင်က ပျောက်ကွယ်နေ၏။
" ငါဘယ်သူလဲ ဆိုတာ မသိပဲ ငါ့ဆီ
အသံဖိုင်ပို့ရဲတယ်ပေါ့။ မင်းအတော်သတ္တိကောင်းတာပဲ ဘုန်းခန့်ထည် "
"ခင်ဗျား...ရေးညို့ထင် "
ရေးညို့ထင် နှုတ်ခမ်းတွေကို အကျည်းတန်အောင် မဲ့လိုက်ပြီး...
"ငါ့နာမည်ကို သိပြီး ငါ့အကြောင်းကိုပြည့်စုံအောင်မစုံစမ်းထားဘူးလား"
" မင်း...ဒီလိုလုပ်တာရွှေဘုံ သိရင် အားးးး"
ဖိနပ်အောက်က လက်ချောင်းတွေ တမင်ဖိချေလိုက်ရင်းရေးညို့ထင် အေးစက်စက်ပြုံးသည်။ ထိုအပြုံးသည် ဓားတစ်လက်နှင့်ဆင်ဆင်တူပြီး မြင်သူတိုင်းကို အပိုင်းပိုင်းပြတ်သွားမတက် နာကျင်ကြောက်ရွံ့စေ၏။
"အားး ခင်ဗျားကို ပိုင်နက်ကျူးလွန်မူ့ ၊ကိုယ်ထိလက်ရောက်ကျူးလွန်မူ့နဲ့တရားဆွဲမယ်"
"တရားဆွဲမယ်..ဟွန်း .. မင်းမှာ အရည်အချင်းရှိလား ...လုပ်ကြည့်လေ ။ ငါ့မှာလည်းမင်းနဲ့ထိပ်တိုက်တွေ့ဖို့ အကုန်အဆင်သင့်ပဲ။ ပြောရမယ်ဆိုရင် မင်းဖက်ကရွှေဘုံမင်းစံကို အလိုမတူပဲ အကြမ်းဖက်ချုပ်နှောင်ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတဲ့အကြောင်း...."
ဘုန်းခန့်ထည်ကြောက်လန့်တကြားမော့ကြည့်လိုက်သည်။ လက်က နာကျင်မူ့ကိုတောင် မေ့သွားပြီး စိုးရိမ်စိတ်ကကြီးစိုးလာ၏။
" ခင်ဗျား ဘာလိုချင်တာလဲ"
" ဘာလိုချင်လဲ ဟားဟား .. မင်းမှာ ငါလိုချင်တာပေးဖို့ စောက်ဆင့်ရှိလို့လား "
ဘုန်းခန့်ထည်မျက်နှာရဲရဲနီသွားသည်။
သူ့အံကြိတ်ရုံပဲတက်နိုင်ပြီးပြန်လည်ချေပစရာမရှိခဲ့။ မပြေလည်မူ့များနဲ့ ငွေရေးကြေးရေးအရှုပ်အရှင်းတွေကြောင့် သူ့ဘဝက နဲ့နဲ့ပဲ ကျန်ခဲ့ပြီး သူ့သိက္ခာဟာ ဒီလောကမှာ အမဲစက်များနှင့်ကျဆင်းနေခဲ့ပြီဖြစ်သည်။
" ဒါဆို ဘာအတွက် ကျုပ်ကိုလာရှာတာလဲ"
" မင်းကို သတိလာပေးတာ။ ရွှေဘုံမင်းစံက ငါ့အပိုင် ၊ မင်းမှာ မျက်စောင်းထိုးခွင့်မရှိသလို သူ့ရှေ့တောင်ဖြတ်မလျှောက်မိစေနဲ့။ နောက်တစ်ခါဆိုရင် မင်းလုပ်ရပ်ကြောင့် မင်းအသက်အာမခံမရှိဖြစ်သွားလိမ့်မယ်။ ငါ့နာမည် မိုက်။ ထိပါးလို့ သင့်၊ မသင့် မင်းနယ်ပယ်မှာ ကြေးစားလောကက မိုက်အကြောင်း သိသလောက် စုံစမ်းကြည့်လိုက်။ "
ရေးညို့ထင် ဖိနင်းထားတဲ့ ခြေထောက်အောက်က လက်ကို ကြည့်ကာ မဲ့သည်။
ထို့နောက်ရွံရှာဖွယ်အတိဖြင့်မတ်မတ်ရပ်၍ ဘုန်းခန့်ထည်အားကြည့်ပြီး
" အတိုအစ အသံဖိုင်လောက်နဲ့ ငါတို့လင်မယားကြားမှာ ဝင်ရှုပ်ဖို့လွယ်မယ်ထင်လား။ မင်းအသက်ကို မင်းနှမြောတယ်ဆိုရင် ... မိုက်ကို ဒေါသထွက်အောင်မလုပ်မိစေနဲ့ "
မိုက်ဆိုတာ ဘယ်လိုလူလဲ။
ဘုန်းခန့်ထည် ကျောချမ်းစွာ နဖူးက ချွေးတွေကို ယောင်ယောင်မှားမှား သုတ်ပစ်ပြီး နောက်ဆုတ်လိုက်မိသည်။
ပစ္စည်းတွေထိတိုက်သွားတဲ့အသံသာ ကြားရပြီး သူ့အတွေးကတော့ ကျောခိုင်းသွားတဲ့ အနက်ရောင် ကျောပြင်ကျယ်ဆီမှာသာ။
သူ့လက်တွေ တဆတ်ဆတ်တုန်ရီနေပြီး
သူကြောက်ရွံ့ကာ မောလျနေ၏။
မိုက်...
မိုက်က ဘယ်သူလဲ။
_________
" ဒေါ်ခွာညို နာမည်နဲ့ဝယ်ထားတဲ့ ရှယ်ယာ 15% က သူဌေး သမက်ပိုင်တာပါ "
လက်မှတ်ရေးထိုးနေတဲ့ လက်က ရပ်တန့်သွားကာ ဦးမင်းစံ သူ့အတွင်းရေးမှူးကိုမော့ကြည့်လိုက်သည်။
သူ့အလုပ်မှာ သူပိုင်တဲ့ Shareတင် 71% ရှိတာမို့ 15% ဆိုတဲ့ ပိုင်ဆိုင်မူ့သည်
အနည်းငယ်မဟုတ်ဘူးဆိုတာသိသည်။
" ဘယ်ချိန်ကတည်းကလဲ "
"လွန်ခဲ့တဲ့ ၇လလောက်ကပါ။ စဝယ်ခါစက ရှယ်ယာ ၆%လောက်ပဲဝယ်တဲ့အပြင် ဒေါ်ခွာညိုနာမည်နဲ့မို့ သတိမထားမိခဲ့ဘူး။ နောက်ပိုင်း တဖြည်းဖြည်း % များလာမှသေချာစုံစမ်းကြည့်လိုက်တော့ သူဌေးသမက်ဖြစ်နေပါတယ်။ "
ဦးမင်းစံ ခေါင်းညိမ့်ကာ လုပ်လက်စကိုပြန်လုပ်သည်။
အတွင်းရေးမှူးသည် ငြိမ်သက်စွာရပ်နေဆဲပင်။
" မင်းလုပ်စရာမရှိဘူးလား"
ဦးမင်းစံ အသံသည်တည်ငြိမ်နေလျက်ရှိကာ အလုပ်နှင့်လက်ပင် ပြတ်လပ်မူ့မရှိသေး။ အတွင်းရေးမှူးသည် စိတ်ရှုပ်ထွေးသွား၏။
" သူဌေး စုံစမ်းဖို့မလိုဘူးလား"
ဒေါက်..ဒေါက် ...
တံခါးခေါက်သံကထွက်ပေါ်လာပြီးလျှင်
အဆုံးသတ် လက်မှတ်ထိုးထားတဲ့ ဖိုင်ကို
အတွင်းရေးမှူးဆီကိုပေးလိုက်ပြီး အေးဆေးစွာပြောလိုက်သည်။
"မလိုဘူး သူလာပြီ"
စကားမှမဆုံးသေး အပြင်က ဝန်ထမ်းမိန်းကလေးတစ်ယောက်အသံထွက်လာသည်။
" ကိုရေးညို့ထင် ရောက်ပါပြီ Boss "
"ဝင်ခဲ့ခိုင်းလိုက်"
အတွင်းရေးမှူးသည် နှစ်ထမ်းကြာရှည်စွာ ဦးမင်းစံ အနီးအနားမှာ လုပ်ကိုင်နေသူမို့ အရိပ်အကဲကိုနားလည်သည်။
ချက်ခြင်း ဖိုင်အထပ်လိုက်ကို ကိုင်ကာ
အခန်းထဲကနေထွက်သွားဖို့ ပြင်လိုက်သည်။ တချိန်ထဲ တံခါးဖွင့်ကာ ဝင်ရောက်လာသူကို သူ နှင့်ဝင်ပေါက်မှာ ဆုံစည်းလျှင် သေချာကြည့်မိလိုက်သည်။
စိတ်လှုပ်ရှားဟန်မရှိတဲ့ရေပြင်ညီလို မျက်ဝန်းတွေသည် သူ့ထံ အကြည့်တစ်ချက်မျှသာရောက်လာပြီး ချက်ခြင်းလွှဲဖယ်သွားကာ ဦးမင်းစံထံတည်ငြိမ်စွာလျှောက်လှမ်းသွား၏။
ထိုအချိန်ခဏအတွင်း အေးစက်မူ့လှိုင်းသည် သူ့ထံအနည်းငယ်ရိုက်ခတ်လာသလိုရှိကာ သူ့ရင်ထဲတင်းကြပ်ကြပ်ဖြစ်သွားရ၏။
သူဌေး၏ သမက်ကိုပုံတွေထဲမှာ မြင်ဖူးပေမဲ့ ထိုသို့ မျက်နှာထားမျိုးမဟုတ်။
ပြုံးချိုအေးဆေးသော ရုပ်ရည်ဖြစ်ကာ
လူအေးတစ်ယောက်ဟု သက်မှတ်နိုင်တဲ့ပုံပင်။ သို့သော်ငြား ယခုမူ အေးစက်ကာ
အရှိန်အဝါကောင်းလွန်းလှသည်မို့ သူဌေးသမက်ဟုမခံစားရပဲ သူဌေးသားဟုသာ ခံစားနေရလေသည်။
"ထိုင် "
ရှေ့က ထိုင်ခုံကို ညွှန်ပြပြီး ဦးမင်းစံ သူ့ရှေ့ကသူ၏ လှုပ်ရှားဟန်ပန်ကိုသေချာ ကြည့်လိုက်ပြီး ယဲ့ယဲ့ပြုံးမိသည်။ ဒီကောင်လေးဟာ အရင်က သူသဘောကျ နှစ်ခြိုက်ခဲ့တဲ့ ဖိုက်တာ တစ်ယောက်ဖြစ်ပြီးကြိုးဝိုင်းပေါ်မှာ ထိုးသတ်တဲ့အချိန်တွေဆိုရင် သူဟာ ထိုကောင်လေးရဲ့ အမာခံပရိတ်သတ်ပဲဖြစ်ခဲ့ဖူးသည်။
" ငါ့ ကုမ္ပဏီမှာ ရှယ်ယာ 15% ဝယ်ထားတယ်ဆို "
ရေးညို့ထင် အံ့သြဟန်မရှိပဲခေါင်းညိမ့်ပြလိုက်သည်။
" ဟုတ်ကဲ့။ ကျွန်တော် စုထားတဲ့ ပိုက်ဆံတွေနဲ့ မေမေမဆုံးခင်က ပေးခဲ့တဲ့ ပိုက်ဆံတွေကို ပျောက်ပျက်မသွားအောင် ဝယ်လိုက်တာပါ "
" စိတ်ကူးကောင်းသားပဲ။ ဘယ်လိုလဲ ငါမေးထားတဲ့ ကိစ္စ "
"ကျွန်တော် နားချထားပါတယ်။ သူက
ပြောစကားနားထောင်တဲ့ကလေးဆိုတော့ လက်ခံဖို့များတယ် "
ဦးမင်းစံ ပြုံး၏။ သူ့သားအကြောင်း သူအသိဆုံး။ ဒီစီးပွားရေးအလုပ်တွေကို နည်းနည်းမှ စိတ်မဝင်စားဘူး။ သူသိတာ ပန်းတွေကိုဘယ်လို လှအောင် စည်းရမယ်။ ဘယ်အနေအထားက ပန်းတွေရဲ့အလှအပကို ပိုပေါ်လွင်စေမလဲ။ ဒါလောက်ပဲ သူသိတာလေ။
" မင်းရော ဒီအလုပ်ကို စိတ်ဝင်စားလား "
" ကျွန်တော် စိတ်မဝင်စားဘူး။ ဒါပေမဲ့
ကျွန်တော် လုပ်နိုင်တယ် "
"ဘာလို့လဲ။ မင်းစိတ်မဝင်စားရင် ကိုယ့်ကိုကိုယ်အတင်းအကြပ်ဖိအားပေးတာမျိုးထိလုပ်ဖို့မလိုဘူး "
"တအားခက်တဲ့အလုပ်မှမဟုတ်တာ ၊ စိတ်မဝင်စားဘူးဆိုရင်တောင်မှ ကျွန်တော့်အတွက် အတင်းအကြပ်ဖိအားပေးဖို့ထိ အဲ့ဒါ မသက်ရောက်ဘူး။ ပြီးတော့ ကောင်ကလေး နောက်မှာ ပဲ့ကိုင်ပေးဖို့
လူလိုတယ်။ အဲ့လူက ကျွန်တော်မဟုတ်ရင် အဆင်ပြေမှာမဟုတ်ဘူး။ စိတ်ချပါ ကျွန်တော် ရွှေဘုံကို အမြင့်ရောက်အောင်ပဲ ဆွဲခေါ်သွားမှာပါ "
" မင်း ငွေလိုအပ်လို့ ငါ့သားကို ယူခဲ့တာလား "
ဦးမင်းစံ သေချာအကဲခတ်နေမိသည်။
ရေးညို့ထင် ဆိုတဲ့ကောင်က အဖြောင့်ကောင်။ သားကို ဘာလို့လက်ထပ်တာလဲဆိုတာ သူသိပ်ချင်သည်။
" ငွေ? "
တည်ငြိမ်စွာပင် ပြန်မေးမိတော့
ဦးမင်းစံက ထပ်မံ၍ မှန်တဲ့အကြောင်းခေါင်းညိမ့်၏။
"ဟုတ်တယ်ငွေ။ မင်းငွေလိုအပ်လား "
" ကျွန်တော် အတွက် ငွေက ထင်သလောက်အရေးမပါဘူး။ ကျွန်တော် လိုချင်တာ ယုံကြည်မူ့ ။ စိတ်ချပါ။ ရှယ်ယာ ဝယ်ထားတယ်ဆိုတာ မိသားစု လုပ်ငန်းတစ်ခုအနေနဲ့ တပေါင်းတစည်းဖြစ်ချင်တဲ့ စိတ်နဲ့ ဒီတိုင်း ဘာရယ်မဟုတ်ရှိတာလေး ရင်းနှီးမြုပ်နှံလိုက်တဲ့သဘောပါ။ အန်ကယ် ကျွန်တော်ကို စိုးရိမ်ဖို့မလိုဘူး။ ဖြစ်နိုင်တာကတော့ ငွေကြောင့် ကောင်ကလေးနဲ့
လက်ထပ်ခဲ့တာမဟုတ်ဘူး။ "
ရေးညို့ထင် အတွက် မေမေပေးခဲ့တဲ့အမွေက ဦးမင်းစံကို ထိပါးလောက်အောင်ထိမများပြားပေမဲ့ သူရသမျှ စုစောင်းထားတဲ့အပြင် ၆နှစ်အတွင်း ရှိတဲ့ပိုက်ဆံမှန်သမျှ ကို ငွေသေထားခဲ့တာမှမဟုတ်တာ။
ရသမျှပိုက်ဆံ စီစစ်သုံးဆွဲရုံတင်မကဘူး
တိုးပွားအောင် လုပ်ငန်းအမျိုးမျိုးမှာ သူရင်းနှီးမြုပ်နှံသည် ။ သူစုဆောင်းခဲ့တာ တစ်နှစ် ၊ နှစ်နှစ်ထဲမဟုတ်ဘူး။ ၆နှစ်တိတိရှိပြီ။
အဲ့အတွက် ရသမျှပိုက်ဆံက အမွေတွေအပြင်၊ ဆိုင်ကရတဲ့ပိုက်ဆံ ၊ နောက်ပြီး
လက်ဝှေ့ထိုးလို့ရတဲ့ပိုက်ဆံ ၊ ဖေဖေ့ဖက်က အဖွားက လွန်ခဲ့သော ၃နှစ်က သူမဆုံးခင် ခွဲဝေပေးခဲ့သော ဖေဖေအတွက်ဝေစု။
အားလုံးတစ်လုံးထဲတစ်ခဲထဲ စုစောင်းပြီး ရွှေဘုံနဲ့ရမှ ဦးမင်းစံပိုင်တဲ့ လုပ်ငန်းမှာ ရှယ်ရာ 15% ဝယ်နိုင်ခဲ့တာ။ အဲ့ဒါတောင်
ဦးမင်းစံအတွက် အစွန်အဖျားပဲရှိသေးတာဖြစ်ပြီး ထို့အတွက် သူအာရုံလုံးဝမရှိ။ သူလိုချင်တာ ငွေမဟုတ်ဘူး ။ သူလိုချင်တာ မိသားစုဆိုတဲ့ နွေးထွေးယုံကြည်မူ့တစ်ခုပဲ။
" မင်းငါ့သားကို ကြင်ကြင်နာနာ တစ်သက်လုံးပေါင်းသင်းနိုင်ဖို့ မျှော်လင့်တယ်
မိုက်။ ရော့... ဒါ မင်းတက်ကိုတက်ထားသင့်တဲ့ ပညာရပ်တွေ။ အဲ့ဒါတွေအကုန်ရရင်
မင်း ကုမ္ပဏီကိုထပ်လာခဲ့။ မင်းကိုလက်တွေ့ သင်ကြားပေးဖို့ စောင့်နေမယ် မင်းအချိန်ဘယ်လောက်ယူမလဲ "
ကမ်းပေးလိုက်တဲ့ ဖိုင်ကို သူလှမ်းယူလိုက်ပြီး လှန်လှောကြည့်လိုက်သည်။
ထို့နောက် ဦးမင်းစံကိုမော့ကြည့်လာပြီး
" ကျွန်တော် အချိန် တစ်လခွဲ ပဲလိုတယ်"
ဦးမင်းစံ မျက်မှောင်ကြုတ်ကာ
" သေချာကြည့်" ဟု ထပ်ပြောလာ၏။
အထဲမှာပါတဲ့ သင်တန်းတွေက တစ်ခုနှစ်ခုတင်မဟုတ်။
" ကျွန်တော် မိတ္တူ ဆိုင်လေး ဖွင့်ထားတယ် ဆိုပေမဲ့ ဒီတိုင်း ဆိုင်မှာ တနေကုန်ထိုင်ပြီးအချိန်ကုန်တက်တဲ့ လူမျိုးမဟုတ်ဘူး။
ကျွန်တော် ဘာသာ စကား ၄မျိုးထိတက်တယ်။ ကွန်ပြူတာနဲ့ ပတ်သတ်သမျှ အကုန်တက်တယ်။ စာရင်းအင်းပညာနဲ့ပတ်သတ်တာမှန်သမျှ ၊ ဈေးကွက်ဆိုင်ရာ
သင်တန်းမှန်သမျှ ကျွန်တော် အကုန်တက်ပြီးသား။ "
"ဒါဆိုမင်းမတက်သေးတာဘာလဲ "
ရေးညို့ထင် အနေရခက်စွာ နှုတ်ခမ်းကို သပ်လိုက်သည်။ ထို့နောက် အနည်းငယ် နီစွေးသော မျက်နှာဖြင့်
" ဂျပန်စကား "
"ငါ့အလုပ်က ဂျပန်ကုမ္ပဏီတချို့နဲ့ ချိတ်ဆက်ပြီး ပူးပေါင်းလုပ်ကိုင်ရတဲ့ အလုပ်။ မင်းအဲ့ဒါမတက်ရင်အဆင်မပြေဘူး"
"ဟုတ်ကဲ့ ကျွန်တော် သေချာပြန်သင်လိုက်ပါ့မယ် "
"သေချာပြန်သင်လိုက်ပါ့မယ်ဆိုတော့
မင်းတက်ပြီးသားလား"
" မကျွမ်းကျင်သေးတာပဲရှိတာပါ။ ကျွန်တော့်အတွက် ဂျပန်စကားက နည်းနည်းခက်လို့ "
"ဒါဆို မင်းတက်ထားတဲ့ ဘာသာစကား၎မျိုးထဲမှာ ဂျပန်စကားမပါဘူးပေါ့ "
"ဟုတ်ကဲ့"
ဦးမင်းစံခေါင်းကိုက်လာ၏ ။ သူ့သမက်က
ဘယ်လိုကောင်လဲ။ ဒါဆို ဂျပန်စကားပါတက်မြောက်သွားရင် ဒီကောင် ၅ မျိုးထိတက်မြောက်နိုင်တယ်ပေါ့။
သူတောင် ၂မျိုးပဲတက်တာမို့ မဆိုသလောက် မနာလိုမိသွားတာသေချာသည်။
သူ့သားရွှေဘုံ ဘာမှမတက်တာနဲ့ဆိုရင်
ဒီကောင် အနိုင်များကျင့်လေမလား။
" မင်းငါ့သားကို အနိုင်ကျင့်တယ်ကြားရင်
ငါနဲ့တွေ့မယ် ။ "
"ကိုယ်ယူထားတဲ့ ယောကျာ်းကို ဘာလို့အနိုင်ကျင့်ရမှာလဲ "
"မင်း ..."
ring ring ....
ဆက်တိုက်ဆိုသလို ဖုန်းဝင်လာတဲ့အသံကြောင့် လက်ညိုးထိုးလက်စ လက်ကြီးလေပေါ်ဝဲကာ ဦးမင်းစံ ခံစားချက် တစ်လစ်ကြီးဖြစ်နေလျက်။ စားပွဲပေါ်ချထားသောဖုန်းအားလှမ်းကြည့်လိုက်လျှင် ကောင်ကလေးဟု မှတ်ထားသည်မို့ ဒါသူ့သားမှန်းတန်းသိလိုက်သည်။
ဦးမင်းစံရှူးရှူးရှားရှားဖြစ်ကာ မျက်နှာကြီးသုန်မှုန်နေပြီး မျက်နှာချင်းဆိုင်မှာ မိန့်မိန့်ကြီးထိုင်ကာ ဖုန်းပြောနေတဲ့သမက်အား
ဂြိုလ်ကြည့်ကြည့်နေလိုက်သည်။ ရေးညို့ထင်ကလည်း အရေးမလုပ်ပေ။ သူ့ပုံစံက အပိုလုပ်နေသလို မဟုတ်ပဲ ပုံမှန် အနေအထားအတိုင်း ပြောဆိုနေတဲ့ပုံ။
" အင်း ကောင်ကလေးပြော "
" ......"
"မဟုတ်ဘူး။ ကိုယ်အပြင်ရောက်နေတာ ။
ဘာလိုချင်လို့လဲ "
"....."
"ရေခဲမုန့်လား။စားလို့မရသေးဘူးလေ။
ရာသီဥတု အေးသေးတယ်။ တခြားဟာမှာ"
"...."
"မရဘူး၊ မင်းဆေးသောက်ရဦးမှာ ။ ကိတ်နဲ့ ကော်ဖီဝယ်ခဲ့မယ်။ အဲ့ဒါစား ။ အင်း ဆိုင်မှာပဲနေ ကိုယ် အခုပြန်ခဲ့မယ်။ ဒါပဲနော်"
ဖုန်းချပြီးသည်ထိစောင့်ကာ ဦးမင်းစံမကျေနပ်စွာပြောလိုက်သည်။
"ရေခဲမုန့်စားချင်တာကို ဝယ်ကျွေးလိုက်တာမဟုတ်ဘူး။ "
" ရာသီဥတု အေးလို့ သူစားလို့မရသေးဘူး။ အလိုလိုက်ပြီး သူ့ကိုဝယ်ကျွေးလိုက်ရင် ညဆို ကျိုးတဲ့လက်က ကိုက်တယ် "
ဦးမင်းစံ ချောက်ကမ်းပါးပေါ်ကနေတွန်းချခံလိုက်ရသလို ခံစားချက်ကြီးဖြစ်သွားသည်။ နောက်ဆုံး ရေးညို့ထင်အား လက်ခါပြကာ ပြန်လွှတ်လိုက်ရသည်ထိပင်။
သူ့ဘာလို့ အရင်က ဒီကောင့်ကိုသဘောကျခဲ့မိတာလဲ။ စဉ်းစားရင်းဒေါသထွက်မိသည်။ ဖအေထက် သူပိုသိသလို လာလုပ်နေတာဘာအချိုးလဲ။ သူစိမ်းနဲ့ဖခင် ယှဉ်စရာ အကြောင်းကိုမရှိတာ။
သူ့သားငယ်ငယ်ကတည်းက သူ့လက်ပေါ်ကြီးလာတာ။ အနည်းဆုံး ဘာဖြစ်တက်သလဲ ၊ ဘာလိုအပ်သလဲ ဆိုတာ သူလောက်သိနိုင်မှာလား။ ခုမှ အတူနေတာ တစ်နှစ်တောင်မပြည့်သေးပဲ သူ့ကိုလာခြေရာတိုင်းနေတာ မသိရင်ခက်မယ် ရေးညို့ထင် ။
_________
ချလွင် ..ချလွင်....
လှုပ်ခါသွားသော ဆည်းလည်းသံကြောင့် ရွှေဘုံ အပြင် ထိုင်နေတဲ့ သူတွေပါ မှန်တံခါးဆီအကြည့်ရောက်သွား၏။
ရွှေဘုံ အလျှင်အမြန် ပြေးသွားကာ ကောင်းတဲ့လက်နဲ့ ရေးညို့ထင်၏ လက်မောင်းကို ပြေးချိတ်လိုက်သည်။
" ကျွန်တော် ဗိုက်ဆာနေပြီ။လမ်းမှာ မောင် ဘာလုပ်နေတာလဲ ။ ကျွန်တော် ဖုန်းဆက်ထားတာဖြင့် ၂နာရီလောက်ကြာနေပြီ "
မောင်ဆိုတဲ့ စကားကြောင့် ရေးညို့ထင် မျက်လုံးပြူးကြီးနဲ့အလန့်တကြားငုံ့ကြည့်လိုက်စဉ် လက်မောင်းက ဆူးခနဲဖြစ်သွားသည်။
ရွှေဘုံ မျက်နှာရိပ်မျက်နှာကဲပြကာ မချိတင်ကဲ ရယ်ပြ၍ လက်ကို လိမ်ဆွဲလိုက်တာဖြစ်၏။
ရေးညို့ထင် မရုန်းသော်ငြား မျက်လုံးကတော့ပြူးကျယ်နေဆဲ။
" မောင့် "
"ဟမ် "
"ကျွန်တော်ပြောတာကြားလား "
ရေးညို့ထင် အနေအထားမမှန်သော မျက်နှာအား မြန်မြန်ပြင်ကာ
" အင်း..sorry ကိုယ်လမ်းမှာ ကားပိတ်နေလို့ ။ ဗိုက်ဆာနေပြီလား။ ကိုယ် ခုထည့်ပေးမယ်နော်"
" ရတယ် ခုမစားသေးဘူး။ ဧည့်သည်တွေ ရောက်နေလို့ "
ထိုအခါမှ လှည့်ကြည့်လိုက်လျှင် သူ့အား ကြည့်နေကြသော မျက်လုံးများအားတွေ့ရ၏။ ရေးညို့ထင် ဘာလဲဆိုတာသိသွားသည်နှင့် ခါးကိုအနည်းငယ်ညွှတ်ကာ တီတိုးပြောလာသည်။
" မင်း ဒီနေ့ အိမ်ပြန်ရောက်ရင် နာဖို့ပြင်ထားတော့ "
ရွှေဘုံ ပါးနှစ်ဖက်သည် ပန်းနုရောင်သန်းသွားတာ သိသိသာသာ။
ရေးညို့ထင် ပြုံးလိုက်ကာ ရွှေဘုံ လက်ချောင်းတွေအား ယှက်ဖြာ ဆုပ်ကိုင်ရင်း
ဧည့်သည်တွေနားအား အတူယှဉ်သွားလိုက်သည်။
" မနှင်းလွှာသွေး ၊ အဲ့ဒါ ရွှေဘုံ အမျိုးသား"
ကေသီက မိတ်ဆက်ပေးသည်။
ကိစ္စရပ်တော်တော်များများ ကြည်နူးပြောလို့ ကေသီ သိပြီးသားပင်။ ထို့ကြောင့်တမင်မိတ်ဆက်ပေးတာဖြစ်၏။
နှင်းလွှာသွေးအံ့သြဟန်ဖြင့် မျက်နှာပျက်နေတဲ့ သူ့အမအားလှမ်းကြည့်သည်။
ကိုထင်သည် တချိန်က သူ့အမနဲ့ အချိန်အကြာကြီးကြိုက်ခဲ့ဖူးကာ နှစ်အိမ်ကြားဝင်ထွက်သွားလာလို့ရတဲ့အနေအထားထိရှိခဲ့ဖူးသည်။ သို့သော် ယခုလို အနေအထားမျိုးနဲ့ပြန်တွေ့ခဲ့ဖို့တော့မမျှော်လင့်ထားခဲ့။
" မတွေ့တာ ကြာပြီ နှင်းလွှာသွေး "
"ဟုတ် မတွေ့တာ ကြာပြီနော်။ ကိုထင် ကို ရန်ကုန်မှာ မနေတော့ဘူးထင်နေတာ။ နှင်းလွှာ ပုသိမ်က သူတွေစုံစမ်းကြည့်တော့လည်း တော်တော်များများ မသိကြဘူး။ ဒီကြားထဲဘယ်တွေပျောက်နေတာလဲ"
နှင်းလွှာသွေး ချက်ခြင်း အဆင်ပြေပြေ ပြန်ပြောလိုက်သည်။ သူ့အမကတော့ဘေးမှာ ငြိမ်ကာနားထောင်နေဟန်ရှိပြီး အနေအထားကတော့ အတော်လေးမသက်သာစရာကောင်းလှ၏။
" ဟုတ်တယ်။ ကျွန်တော် ပုသိမ်ကိုမေမေဆုံးပြီးကတည်းက မပြန်တော့တာ ။ ရန်ကုန်မှာ နေတာကိုလည်း အမျိုးတွေက လွှဲပြီး ဘယ်သူမှသိပ်မသိကြဘူး။
ဟိုဖက်က မိတ္တူ ဆိုင်က ကျွန်တော်ဆိုင်လေ။ ဒါကတော့ ကျွန်တော်လက်ထပ်လိုက်တဲ့ ကျွန်တော်အမျိုးသား "
ရေးညို့ထင် ဘေးမှာထိုင်နေတဲ့ ရွှေဘုံခေါင်းလေးကိုပုတ်ကာ အသိမှတ်ပြု မိတ်ဆက်ပေးလိုက်လျှင် တချိန်လုံး စိတ်ပူနေတဲ့ ရွှေဘုံ စိတ်ကလေးသည် ရေအေးအေးပက်ခံလိုက်ရသလို သောက ဟူသမျှ ကင်းဝေးသွားလေ၏။
" ကေသီပြောလို့ နှင်းလွှာလည်းအံ့သြနေတာ။ ဘယ်ကနေ ဘယ်လို လက်ထပ်ဖြစ်သွားတာလဲ။ စပ်စုတာရယ်တော့ မဟုတ်ဘူး နှင်းလွှာ တအားသိချင်သွားမိလို့ "
" လက်ထပ်ဖို့က ဘယ်သူရယ် ဘယ်ဝါရယ် ရွေးနေလို့မှမရတာ ။ အဓိက က ကိုယ်နဲ့ တသက်လုံး ပျော်ပျော်ရွှင်ရွှင်နေနိုင်သွားဖို့ ကိုယ့်စိတ်နဲ့ ထပ်တူ ကျဖို့လိုတယ်။ ရွှေဘုံ က ကျွန်တော်အတွက် ထူးထူးခြားခြား ဖြစ်ရုံတင်မကဘူး။ ကျွန်တော်နဲ့ စိတ်ရော ၊ ခံစားချက်ရော ထပ်တူ ကျတယ်။ြီပီးတော့ သူနဲ့အတူနေရတာ ကျွန်တော် ငြိမ်းချမ်းမူ့ကိုခံစားရစေတယ် ၊ ဒါနဲ့ မင်းရော လက်ထပ်လိုက်ပြီဆို "
" ဟုတ်တယ် နှင်းလွှာလက်ထပ်လိုက်ပြီ။
ရွှေဘုံ ထိခိုက်မိတာကလည်း နှင်းလွှာ မင်္ဂလာနေ့ကလေ ။ သတင်းမေးလာမယ်လာမယ်နဲ့ အိမ်ပြောင်းနေတာနဲ့မလာဖြစ်ဘူး။ ခုမှ ကေသီဆီဖုန်းဆက်ကြည့်တော့ ဆိုင်မှာရှိတယ်လို့ ပြောလို့ မမကိုအဖော်ခေါ်ပြီး လာမေးလိုက်တာ ။"
နှင်းလွှာသွေး သူ့အမအား ခေါင်းငဲ့ပြရင်း ပြောလာ၏။ ရေးညို့ထင် လှည့်မကြည့်ပဲ
ရွှေဘုံလက်အား ဆုပ်ကိုင်ထားရင်းနှင်းလွှာသွေးပြောသမျှသာ နားထောင်နေလိုက်သည်။ ကေသီနဲ့ ကြည်နူးသည်လည်း ပွဲကြည့်ပရိတ်သတ်အနေနဲ့ ဘေးမှာ အရုပ်တွေလိုထိုင်နေကြသည်မှလွဲပြီးဝင်ရောက်ပြောဆိုခြင်းမရှိကြ။
" ဝင့်ဝါသဖက်ခါ ပြန်တော့မယ် "
ဝင့်ဝါသွေး အသံကြားသောအခါမှ ရေးညို့ထင် လှည့်ကြည့်လာတာဖြစ်သည်။ သို့သော် အသိမှတ်ပြုနားထောင်ရုံသာရှိပြီး
ချက်ခြင်းမျက်နှာပြန်လွဲသွားတာပင်။
" အင်း .. "
"မောင်နဲ့ အသိတွေလား "
"ဟိုးအရင်ကပါ ၊ မောင်တို့ ကျောင်းအတူတက်ဖူးရုံပဲ "
ဝင့်ဝါသွေး မယုံနိုင်စွာ စိုက်ကြည့်မိ၏။
နှစ်တွေအကြာကြီးချစ်သူတွေဖြစ်ခဲ့တဲ့
ရည်းစားဟောင်းကို ပြန်တွေ့ချိန်သည်
ထိုမျှနာကျင်စရာကောင်းတယ်တဲ့လား။
" နှင်းလွှာတို့ ပြန်တော့မယ် ကိုထင်။
အပြန်ဝင်စရာလေးရှိလို့ "
ပြောပြီး သူ့အမလက်ကိုဆွဲ၍ ထ ရပ်စေပြီး ကေသီတို့ဖက်အားလှည့်ကာ ထပ်မံနှုတ်ဆက်သည်။
" ကေသီနဲ့ကြည်နူး အမတို့ ပြန်တော့မယ်နော် "
"ဟုတ်ကဲ့ မနှင်းလွှာသွေး။ နောက်လည်းဝင်လည်နော်။ ကေသီတို့က ဧည့်သည်မျှော်နေတာ "
"ကြုံရင်ဝင်လည်မယ် ကေသီရေ၊ အမတို့သွားတော့မယ် နောက်ကျနေပြီမို့ "
"ဟုတ်အမ ။ လာ ကြည်နူး ငါတို့ ဆိုင်ရှေ့လိုက်ပို့ရအောင် "
ကြည်နူးအလိုက်သင့် လိုက်သွားလိုက်သည်နှင့် ရွှေဘုံ ဆုပ်ထားသော လက်ကိုရုန်းကာ သူပါ ထရပ်ဖို့ကြိုးစားသည်။
ရေးညို့ထင် ဒါဘာလဲဆိုတာ သိပြီးသားမို့ လက်ကိုဆွဲချကာ ဘေးကနေ ဘယ်မှထ မရအောင် ချုပ်၍
"ပြန်ခေါ်လေ မောင်လို့ "
" ထပ်ကြားချင် အဲ့မိန်းမနောက် လိုက်သွားလေ။ ဟိုမှာ ခင်ဗျားကို မမေ့နိုင်သေးတဲ့ပုံနဲ့"
" ဟော်ဗျာ ။ မောင်နဲ့ မှ မဆိုင်တော့တာ
မောင်နဲ့ဆိုင်တာ ဒီမှာ ။ ဒီကောင်လေးက မောင့်ကောင်လေး ။ ပြောစမ်း စောကလို မောင်လို့ ။ ထပ်ခေါ်ပေး မောင်ကြားချင်လို့ "
သူကိုယ်သူ အကြိမ်ကြိမ်ရေရွတ်နေတဲ့ မောင်ဆိုတဲ့ နာမည်ကြောင့် ရွှေဘုံ မျက်ထောင့်နီနဲ့ မော်ကြည့်ကာ မျက်စောင်းထိုးပစ်လိုက်သည်။ အဲ့ဒါကိုပဲ ရေးညို့ထင်က သဘောကျနေတာဖြစ်ပြီး မေးလေးညစ်လိုက် ပါးလေးဆွဲလိုက် လုပ်နေလေတော့သည်။
"ဖယ်စမ်းပါ။ စိတ်ကြည်နေတာမဟုတ်ဘူး "
"မောင် ဘာလုပ်မိလို့လဲ။ "
"အဲ့တမောင်မောင်နဲ့ မပြောနဲ့ ။ မကြားချင်ဘူး "
"မောင်ကတော့ကြားချင်တယ်။ ခေါ်စမ်းလို့ပြောနေတယ်။ ခေါ် "
မေးကိုညှစ်ကာ ဆွဲမော့၏။
အားနဲ့မို့ ရွှေဘုံ မျက်နှာသည် အတော်လေးထိမြင့်အောင်မော့သွားကာ ရေးညို့ထင် မျက်နှာနဲ့ နီးစပ်လုလု။
ရွှေဘုံပါးတွေသည် ပူကျစ်ကာ နီရဲလာပြီး
ရေးညို့ထင်ကတော့ ဆန့်ကျင်ဖက်အနေနဲ့ စူးရဲကာ ရက်စက်လိုစိတ်အပြည့်ဖြစ်နေသည်။
" ခင်ဗျား "
နှုတ်ခမ်းဆီမှ စူးမျက်သွားတဲ့ နာကျင်မူ့ကြောင့်မျက်ရည်များက ဝေ့ခနဲ။
ကိုက်ခံလိုက်ရလို့ အကွင်းလိုက်ဖြစ်သွားသော နှုတ်ခမ်းကို ကြည့်ကာ ညှစ်ထားသော မေးကို လွှတ်ကာ ကျေနပ်သလိုရယ်သည်။
" အိမ်ရောက်ရင် ခိုင်းသလိုလုပ်။ မဟုတ်ရင် မင်းတစ်ကိုယ်လုံး ဒီထက်ဆိုးအောင် လုပ်ပစ်မယ်"
အပြောနဲ့ လက်တွေ့ညီမျှအောင် ကြမ်းတမ်းတက်မှန်း ရွှေဘုံ သိ၏။ ထို့ကြောင့် မျက်ရည်များကိုသုတ်ကာ ခြေစောင့်လျက်
ကောင်တာပေါ်တင်ထားခဲ့သော ကိတ်ဘူးကိုယူကာ ရေးညို့ထင်အားလှည့်မကြည့်တော့ပေ။
ချစ်တဲ့အိမ်စည်။
( ဒီဇာတ်လမ်းရဲ့ ဇာတ်အိမ်နဲ့ အပြောအဆိုအနေအထားကို တချို့ မကြိုက်ကြဘူးဆိုတာ သိပေမဲ့ စာရေးသူတစ်ယောက်အနေနဲ့ မတူညီတဲ့ ပုံစံအမျိုးမျိုးကိုချပြဖို့လိုအပ်ပါတယ်။ မီးနီခန်းကအစ ၊ တချို့ရင့်သီးတဲ့ ရိုင်းပျတဲ့ အပြောအဆိုတွေကို ရေးသားဖို့ ကိုယ့်အနေနဲ့ အတော်လေးခက်ခဲပါတယ်။ ဒါပေမဲ့ ရေးညို့ထင်ရဲ့ ပုံပန်းနဲ့ ကြမ်းတမ်းတဲ့တစ်ဖက်ခြမ်းကို ဖော်ပြဖို့ ကိုယ်အနေနဲ့ ဒီနည်းကိုရှောင်လွှဲဖို့ အဆင်မပြေပါဘူး။ အဲ့အတွက် စာဖတ်သူတွေအနေနဲ့ ကိုယ့်စိတ်ကူးနဲ့ ရေးဟန်ကို အလိုက်သင့်စီးမျောပေးဖို့ မျှော်လင့်ပါရစေ။ တသက်မှတ်ထဲ ဒီပုံစံရေးနေကြ ဒီပုံစံပဲရေးပါဆိုရင် ကိုယ့်ကို ချစ်ရာမရောက်ပဲ ပစ်ပယ်ရာရောက်စေပါတယ်။ ကိုယ်အနေနဲ့ အပျော်တမ်းရေးသားတယ်ဆိုရင်တောင်မှ
ပုံစံအမျိုးမျိုးကိုရေးသား ချပြချင်ပါတယ်။ )
Bạn đang đọc truyện trên: ZingTruyen.Xyz