ZingTruyen.Xyz

တသက်လုံးပျော်ချင်မောင့်ကိုချစ်ပါ(တသက္လံုးေပ်ာ္ခ်င္ေမာင့္ကိုခ်စ္ပါ)Completed

2

eainsi23

စားပြဲေပၚက ေကာ္ဖီခြက္ အေငြ႕တေထာင္းေထာင္းထလ်က္ရွိေနသည္။
ကိုခန္႔ ..သူ႔ေရွ႕က ေကာင္ေလးကို ၾကည့္၍
ၿပံဳးကာ ခြက္ကိုဆြဲယူၿပီးႏုႈတ္ခမ္းဖ်ားမွာ ေတ့လိုက္၏။

ျဖဴ ႏုေသာ အသားေရနဲ႔ရုိးရွင္းေသာ ပံုစံေလးရွိတဲ့ ေရႊဘံုမင္းစံဆိုတဲ့ ေကာင္ကေလး က သူေရွ႕မွာ ၿငိမ္သက္စြာထိုင္လ်က္ သူကိုတေမ့တေမာေငးၾကည့္ေနသည္။
အထက္ေအာက္ အျဖဴ ေရာင္ ဝတ္ထားေသာ္လည္း ဆြယ္တာလက္ျပတ္အပြေလးအေပၚမွာထပ္ဝတ္ထားတာမို႔ ခ်စ္စဖြယ္ေကာင္းကာ ဝါဂြမ္းျဖဴေလးအလား။ 

ပံုမွန္ဆို သူက တြယ္ကပ္လြန္းတဲ့ ကေလးေတြကိုမႀကိဳက္ဘူး ။ ဒါေပမဲ့
ဒီေကာင္ေလးကိုေတာ့ ရုိးရွင္းၿပီး ျဖဴစင္လြန္းလို႔  ေဘးမွာ ဒီတိုင္းေခၚထားမိတာျဖစ္သည္။

ၿပီးေတာ့ ေရႊဘံုမင္းစံဆိုတဲ့ အရုပ္ကေလးက  ဒီတိုင္းအလွၾကည့္ေနရုံနဲ႔ ၿပီးျပည့္စံုသြားသလို ခံစားခ်က္ကိုေပးသည္မို႔  ခန္႔ထည္က သူ႔အလုပ္အဆင္မေျပမူ႔မ်ားရွိလာခဲ့ရင္ ဒီေကာင္ေလးကို သတိတရေျပးေတြ႕လိုက္ေတာ့တာပင္။ 
ေနာက္ၿပီ အရုပ္ကေလးက စကားနည္းေတာ့ သူနားပူသက္သာ၏။

ေကာ္ဖီခါးခါးရဲ႕အရသာက လ်ွာေပၚမွာ စြဲထင္၍ သြားသည္မို႔ မ်က္ေတာင္တို႔ကိုစင္းကာ ေက်နပ္ျခင္းကိုခံစားလိုက္မိသည္။
ၿပီးမွ  ျဖည္းျဖည္းခ်င္း စာပြဲေပၚကို ျပန္တင္၍ ေရႊဘံုကိုေမးေငါ့ျပလိုက္သည္။

" ေျပာစရာရွိရင္ေျပာေလ ၊  ခ်ိန္းေတြ႕ၿပီးစကားမေျပာရင္ ပ်င္းစရာႀကီး "

ေရႊဘံုသည္ ကိုခန္႔ဆီမွ အေလးနက္မရွိလွတဲ့ အျပဳအမူေတြကို မႀကိဳက္ေပမဲ့ 
ေတြ႕တုန္း မေန႔က  ၾကည္ႏူးေျပာတာေတြကို ေမးဖို႔ျပင္လိုက္ေလသည္။
အခ်ိန္မအားလပ္လွတဲ့ ကိုခန္႔နဲ႔သီးသန္႔ dateဖို႔ ဆိုတာ ရွားပါးတဲ့ အခြင့္အေရးပင္။

" ကိုခန္႔ ကြၽန္ေတာ္ကိုခ်စ္ေရာခ်စ္ေသးရဲ႕လား "

"ဘာလဲ မင္းသူငယ္ခ်င္း ခြၽန္လိုက္တာလား "

ကိုခန္႔လက္တို႔သည္ စားပြဲေပၚမွာရွိတဲ့ေကာ္ဖီခြက္ကို ထိေတြ႕ေဆာ့ကစားေနၿပီး နႈတ္ခမ္းပါးတို႔က မဟုတ္ထားလုပ္မထားသလို ၿပံဳးေနေလသည္။ ေအးေဆးရွိလွတဲ့ ကိုခန္႔ပံုစံကို ေရႊဘံု အားမရေပ။ ကိုခန္႔ သူ႔ကိုမခ်စ္ေတာ့တာလား။

" ၾကည္ႏူးက ျမင္လိုက္တာကိုပဲေျပာျပတာပါ။ အဲ့ကိစၥနဲ႔ပတ္သတ္ၿပီး ကြၽန္ေတာ္ ကိုခန္႔ဆီက ေျဖရွင္းခ်က္လိုခ်ဳင္တယ္ "

"ကိုယ့္အလုပ္အေၾကာင္းလည္း ေရႊဘံုေလးသိေနတာပဲ။ မဟုတ္တာေတြကို ေခါင္းထဲထည့္မေနသင့္ဘူးလို႔ကိုယ္ကေတာ့ထင္တယ္။ လက္ရွိ မင္းအျပင္ တျခားတစ္ေယာက္ကိုယ့္မွမရွိဘူး "

စကားေျပာရင္း ကိုခန္႔က မ်က္စိတစ္ဖက္မွိတ္ျပလိုက္ေသးသည္။
မင္းသားတစ္ေယာက္လို ေခ်ာေမာတဲ့ ကိုခန္႔က ထိုသို႔လည္းေရႊဘံုကို အလစ္အငိုက္ဖမ္းကာ ဆြဲေဆာင္တက္ေလသည္။
ေနာက္ဆံုး မင္းအျပင္တျခားမရွိဘူးဆိုတဲ့စကားေၾကာင့္ ေရႊဘံုရဲ႕ ညစ္ညဴးေနတဲ့ စိတ္ညစ္မူ႔ေတြဟာ ေျပေပ်ာက္သြားခဲ့ရေလသည္။

"သဖက္ခါ ကြၽန္ေတာ္တို႔ တစ္နွစ္ျပည့္တဲ့ေန႔ေလးေနာ္ ။"

"ဟားဟား ေရႊဘံုေလးရာ။ မမွတ္ထားရေအာင္ ကိုယ္က အရူးလားကြ။သဖက္ခါ ကိုယ္မင္းအတြက္ အမွတ္တရလက္ေဆာင္ ဝယ္ေပးမယ္ ။ ဘာလိုခ်င္လဲ ကိုယ့္ကိုေျပာ"

ေရႊဘံု အနည္းငယ္မွင္သက္သြား၏။
ၿပီေတာ့ ဝမ္းနည္းသြားသည္။
ၿပံဳးျမေနတဲ့ ကိုခန္႔က အရာရာ အလိုလိုက္ေပးမဲ့ ရည္းစားတစ္ေယာက္ပံုစံအျပည့္ပင္။ ဝမ္းနည္းမူ႔ေၾကာင့္ ေရႊဘံု ခ်က္ျခင္းဘာဆက္ေျပာမွန္းမသိျဖစ္ၿပီးလ်ွင္ အေတာ္ၾကာမွ  ကိုခန္႔ကို ေခါင္းရမ္းျပကာ

" ကြၽန္ေတာ္ လိုခ်င္တာမ်ိဳးမရွိပါဘူး။ "
ဟုသာ ေျပာလိုက္ရေတာ့သည္။
ေသခ်ာ တာတစ္ခုကေတာ့ ကိုခန္႔ ကို
ထူးထူးျခားျခား အလိုမက်စိတ္ဝင္သြားတာပင္။

__________

သာယာတဲ့မနက္ခင္းအစမွာ floralပန္းဆိုင္ေလးရွိ  လူအနည္းစုမွာ အလုပ္ရႈပ္လ်က္ရွိသည္။ ဒီေန႔ဟာ သူတို႔သံုးေယာက္၏ ဆိုင့္ဖြင့္တဲ့ေန႔အစေလးျဖစ္သည္။

" ေမာင္ေရႊ  ..  ဟိုဖက္ဆိုင္က ဗီနိုင္းတို႔ မိတၲဴ တို႔ရုိက္တဲ့ ဆိုင္ဟ ။ သြား ေသခ်ာမိတ္ဆက္ရင္း မုန္႔သြားပို႔ေခ်"

" ေကသီမက စလာကတည္းက ခိုင္းဖို႔ပဲ။
ေလးလံုးမကြဲတဲ့ ေမာင္ေမာင္ေရႊကိုသာ အားကိုးလို႔ရင္  နင္ ဒီတသက္ စီးပြာေရးလုပ္လို႔ရမွာမဟုတ္ဘူး "

"ၾကည္ႏူးေျပာတာမွန္တယ္ ေကသီရာ ။ ငါမသြားခ်င္ဘူး နင္သြားလိုက္"

"ေအး နင္အဲ့လိုေတြ မလႈပ္တငုတ္လုပ္ေနလို႔ အားမရတာ။ တကဲထဲ ေယာက်ာ္းေလးပဲ ဖ်တ္ဖ်တ္လက္လက္ ရွိမွေပါ့  ..
ေပးေပး ငါပဲသြားေတာ့မယ္"

ေျပာေျပာဆိုဆို ဆိုင္ဖြင့္ပြဲအတြက္အနီးနားဆိုင္ခန္းေတြကို ေပးပို႔ရန္ေအာ္ဒါမွာထားေသာ ၾကက္ဆီထမင္းဘူးေတြထဲမွ သံုးဘူးကိုယူ၍ အျပင္ထြက္သြား၏။
ေကသီေရာ ၊ ၾကည္ႏူးေရာ စကားေျပာသြက္တဲ့ မိန္းကေလးေတြပင္။
ၾကည္ႏူးက ဆရာလုပ္တက္ၿပီး ေကသီကေတာ့ တုတ္ထိုးအိုးေပါက္သမားျဖစ္သည္။ နွစ္ေယာက္စလံုးေခ်ာေခ်ာလွလွေလးမ်ားျဖစ္သည့္အျပင္ ပြင့္ပြင့္လင္းလင္းရွိလွတာမို႔ ဘဲၾကည္တဲ့ ေနရာမွာ နွစ္ေယာက္မရွိသူမ်ားပင္။

သို႔ေသာ္ ေခ်ာေမာသူတို႔ထံုးစံအတိုင္း
ေကသီက  ရည္းစားမၿမဲ သလို  ၾကည္ႏူးက ရည္းစားထားျခင္းကိုိစိတ္မဝင္စားေပ။

ေရႊဘံုကေတာ့ ထိုနွစ္ေယာက္ေဘးမွာ
ပီဘိ ကေလး အသြင္ျဖစ္လို႔ေန၏။
ထက္ျမတ္ေသာ သူငယ္ခ်င္းနွစ္ေယာက္ၾကားတြင္ ေရႊဘံုက တသီးတသန္႔ တစ္ဘာသာကြဲထြက္ေနသူျဖစ္၏။ ေတာ္ရုံဆို ေရႊဘံုက အေနေအး၍ စကားအမ်ားႀကီး ေျပာရတာမႀကိဳက္သူေပ။ အရင္ကဆို ဒီထက္ေတာင္ပိုဆိုးေသးသည္။
တကၠသိုလ္ေရာက္မွ ဒီနွစ္ေယာက္နွင့္ေပါင္းမိကာ သြက္လက္လာျခင္းျဖစ္သည္။

ကိုခန္႔နဲ႔ ပတ္သတ္မိျခင္းကလည္း
ေကသီနွင့္ၾကည္ႏူးေၾကာင့္ဆိုလည္းမမွား။
မနွစ္က ဘြဲ႕မယူေသးခင္ ကိုခန္႔ကို ဆက္သြယ္၍ ဘြဲႀကိဳ အလွဓာတ္ပံုမ်ားရုိက္ၾကသည္။ ထိုခ်ိန္တြင္ ေရႊဘံုက ထိုမိန္းကေလးနွစ္ေယာက္၏ တိုလီထြာလီ ပစၥည္းမ်ားကို ဆြဲ၍ ေနာက္က တေကာက္ေကာက္ လိုက္ၿပီး ခိုင္းဖက္လုပ္ခံရတဲ့ အခ်ိန္ျဖစ္သည္။

ကိုခန္႔က ေအာင္ျမင္တဲ့ ဓာတ္ပံုဆရာတစ္ေယာက္ျဖစ္သည့္အျပင္ ရုပ္ရည္ေၾကာင့္ပါ နာမည္ႀကီးသူပင္။
ရွည္လ်ားေသာ အရပ္အေမာင္းက အားလံုးၾကားမွာ ထင္းေနလ်က္ရွိၿပီး အခ်ိန္တိုင္းမထိတထိအၿပံဳးက နႈတ္ခမ္းမွာ မျပတ္တမ္းခ်ိတ္ဆြဲထားတက္ေလသည္။
ထိုဆြဲမက္ဖြယ္အၿပံဳးက ကိုခန္႔မူပိုင္ျဖစ္သည္။

"ဟဲ့ ဟဲ့ ေမာင္ေရႊနဲ႔ မယ္ႏူး   ဟိုဖက္ ဆိုင္မွာ အဆင္ေတြရွိတယ္ေတာ္ေရ"

အေမာတေကာ ျပန္ေျပးလာတဲ့ မိေကသီသည္  သူေတြ႕လာတဲ့ အဆင္ေတြအေၾကာင္းၿပံဳးၿပံဳးႀကီးေျပာဖို႔ျပင္သည္။
မယ္ႏူးသည္  ၾကည္ႏူးမ ၏ နာမည္အတိုေကာက္ျဖစ္သည္။ ထံုးစံအတိုင္း ၾကည္ႏူးက အေရးမလုပ္ပဲ  ဝန္ထမ္းမိန္းကေလးနွစ္ေယာက္ကို ေဘးဆိုင္ခန္းေတြကို ၾကက္ဆီထမင္းေပးပို႔ဖို႔ ျပင္ဆင္ေပးေနေလသည္။

" လံုးဝ ေယာက်ာ္းပီသခ်က္ ေမာင္ေရႊရယ္။ ၾကည့္လိုက္တာတာနဲ႔ အႁပံဳးႀကီးေၾကာင့္ ငါ့မွာ ေျခဖ်ားေတြေတာင္ေအးလာသလိုပဲ ။ သြားေလးကို ညီညာေနတာပဲ ။
ေတာက္!  ဟို သေတာင္းစား ေလာရွည္ မ်ိဳးသက္ပိုင္နဲ႔ တျခားဆီပဲ  "

ေျပာရင္း.စိတ္တိုလာပံုရကာ သူ႔ရည္းစားေဟာင္းကို
တက္ေခါက္လိုက္ေသးသည္။ ေရႊဘံု ေကသီ့ကိုၾကည့္၍ ေခါင္းရမ္းလိုက္မိသည္။
တကယ္ သူ ဒီေကာင္မေလးကို လက္ေျမာက္ေနပါၿပီ။

" ကဲပါ ငမ္းၿပီးသြားရင္ လုပ္စရာရွိတာလုပ္ပါေတာ့ .. ဟိုမွာ ၾကည္ႏူးၾကည့္ေနတယ္ေနာ္..နင္အေအာ္ခံရေတာ့မယ္ "

ေမာင္ေရႊစကားေၾကာင့္  ေကသီပါးစပ္ပိတ္လိုက္ေပမဲ့ ရင္ထဲက ပီတိကေတာ့ ေပ်ာက္ပ်က္္မသြားေပ။

ဘယ္လိုေျပာရမလဲ ။
ေဘးဆိုင္ခန္းမွာ အေခ်ာေလးေတြ ရွိတယ္ဆိုတဲ့ ခံစားခ်က္ ။

အမေလး ေနာက္ရက္ အလုပ္ကို ေစာေစာလာရမယ္။

______

"  ဘယ္သူလဲ ဒီရေမာင္ "

ၾကက္ဆီထမင္းဘူးေတြကို စားပြဲတင္၍
ေနာက္ေဖးကေန ဘုရားပန္းလဲလာတဲ့
ကိုထင္ ကို ဒီရ  လွည့္ရယ္ျပလိုက္သည္။

" ဟိုဖက္ ဆိုင္သစ္ကေလ ။ ဒီေန႔ဆိုင္ဖြင့္လို႔ ၾကက္ဆီ ထမင္းလာပို႔သြားတာ  "

"ေၾသာ္"

ေရးညိဳ ႕ထင္ ဘုရားစင္ေပၚ အသစ္လဲထားတဲ့ ပန္းအိုးမ်ားကို ေသခ်ာတင္လိုက္ၿပီး လက္ဆယ္ျဖာမိုး၍ ပန္းကပ္လွဴ ေၾကာင္း အတိုခ်ံဳ ႕၍ ကန္ေတာ့လိုက္သည္။
ဆိုင္ခန္းဖြင့္ထားတဲ့ သူေဌး တစ္ေယာက္အေနနဲ႔ သူက ဘုရားပန္းလဲ ၊ ေသာက္ေတာ္ေရကပ္တာကိုေတာ့ ဝန္ထမ္းေတြမခိုင္းျဖစ္ ။ ထိုကုသိုလ္ကို ေလးေလးနက္နက္ကိုယ္တိုင္ပဲ ယူေလ့ရွိသည္။

" တစ္ခုခု လက္ေဆာင္ျပန္ေပးလိုက္ေလ ၊
business cardsျဖစ္ျဖစ္ "

ဒီရေမာင္  ေခါင္းညိမ့္ျပလ်က္  ဒီေန႔ စလုပ္ရမဲ့ အပ္ထည္ စာရင္းကို စစ္ေနလိုက္သည္။

ဒီရေမာင္နဲ႔  ေရးညိဳ႕ထင္က ညီကို တစ္ဝမ္းကြဲေတာ္သည္။ ဇာတိကေတာ့ ပုသိမ္ ဇာတိျဖစ္ၿပီး ရန္ကုန္မွာ အေျခခ်တာ ၆နွစ္ခန္႔ရွိေလၿပီ။

Family Printing Service ဆိုတဲ့ ဆိုင္ေလးဖြင့္ထားတာေတာ့ ၃နွစ္ေက်ာ္ၿပီျဖစ္သည္။  ဆိုင္မွာ ဖိတ္စာအမ်ိဳးမ်ိဳး ၊
logo ၊design ၊labelsticker ၊
pamphlet ၊businesscard  ၊ စာစီစာရုိက္ စတဲ့ ဝန္ေဆာင္မူ႔မ်ားစြာကို သူတို႔နွစ္ေယာက္အပါအဝင္ ဝန္ထမ္းအင္အား၃ေယာက္ျဖင့္ ေကာင္းမြန္စြာလည္ပတ္လ်က္ရွိသည္။

" ကိုဒီရ  ..အျပင္မွာ ၊ အကို႔ေကာင္မေလး ေရာက္ေနတယ္၊ ဖုန္းေခၚလို႔မရလို႔တဲ့ "

ေကာင္တာက ေကာင္မေလးက မွန္အလံုပိတ္ထားတဲ့ အလုပ္ခန္းတံခါးကို လာေခါက္တာမို႔  ေရးညိဳ ႕ထင္လည္းလွည့္ၾကည့္မိသည္။ သူတို႔အကုန္လံုး အလုပ္ခ်ိန္အတြင္း
မွန္အမဲပိတ္ထားတဲ့အခန္း မွာသာ
အာရုံစိုက္အလုပ္လုပ္ၾကသည္။
ဒီရေမာင္မွာ ေရႊရည္သဲစု ဆိုတဲ့ ေကာင္မေလးရွိၿပီး မၾကာမၾကာ ဒီရဆီကိုအလည္လာေလ့ရွိတာမို႔  ညိဳ႕ထင္တို႔အကုန္လံုးနဲ႔ မ်က္မွန္းတန္းေနၿပီးသားပင္။

"ငါခဏ အျပင္သြားဦးမယ္ ထင္ထင္"

ေခါင္းဆတ္ျပၿပီး အထူးတလည္ အာရုံမစိုက္မိေတာ့။ အဲ့ေကာင္မေလးလာရင္
ဒီေကာင္ အျပင္သြားမုန္႔ေကြၽးတာနဲ႔ ၂နာရီေလာက္ေတာ့ ျပန္လာမွာမဟုတ္ေတာ့။
ေမာ္ဒယ္ ေယာင္ေယာင္ဘာေယာင္ေယာင္နဲ႔ လွတပတေလးဆိုေတာ့  ဒီရေမာင္
တစ္ေယာက္ ထိုတစ္ေယာက္ဆိုးႏြဲ႕မူ႔ကို
အေတာ္ေလးသည္းခံရသည္။

ေရးညိဳ႕ထင္ကေတာ့ သိမ္ေမြ့ၿပီးရုိးေအးတဲ့ မိန္းကေလးမ်ိဳးကို ပိုသေဘာေတြ႕သည္။
သူလို လူပ်ိဳသိုးႀကီးတစ္ေယာက္အေနနဲ႔ ထိုကဲ့သုိ႔ ငယ္ငယ္ေခ်ာေခ်ာေလးေတြက လွေပမဲ့ ရင္ေအးစရာမဟုတ္။

ကြန္ျပဴ တာကို တေတာက္ေတာက္နွိပ္ရင္း
မနက္က ၾကက္ဆီထမင္းကို မဆီမဆိုင္သြားသတိရသည္။

အင္း လိပ္စာကဒ္လွလွေလးေတာ့လက္ေဆာင္ျပန္ေပးဦးမွပါေလ။

__________

နာရီလက္တံက တေ႐ြ႕ေ႐ြ႕ေျပာင္းေန၏။ အာရုံစူးစိုက္မူ႔က ကြန္ျပဴတာေပၚရွိ ပန္းခက္လွလွေလးနဲ႔ လိပ္စာကဒ္ အၾကည္ေလးဆီသို႔။  ပန္းဆိုင္ေလးမို႔ ပန္းပံုစံလိပ္စာကဒ္လွလွေလးက လိုကိုလိုမွာပင္။
ထုိ႔ေၾကာင့္ ေစတနာထား၍  သူကိုယ္တိုင္ပင္  ဒီဇိုင္းဆန္းဆန္းေလးဆြဲေပးေနမိသည္။

" ကိုထင္"

"ေဟ"

ေဘးကေန ကိုယ့္နာမည္ေခၚလိုက္သံေၾကာင့္ အမွတ္တမဲ့ ထူးလိုက္မိ၏။ ေဘးလွမ္းၾကည့္လိုက္ေတာ့ ထူးဆက္ ။

"ထမင္းစားရေအာင္ "

ထိုအခါမွ စားခ်ိန္ေရာက္မွန္းသိတာျဖစ္၏။
ေခါင္းညိမ့္ျပရင္း..

"ဒီရ ျပန္မလာေသးဘူးလား"

"ဟုတ္တယ္ ကိုထင္ ၊ ကိုဒီရ စာရင္းကိုင္ဆီဖုန္းဆက္တယ္.. ကိုထင္ ထမင္းစားနွင့္တဲ့ .. ေန႔ခင္းအမွီျပန္ခဲ့မယ္တဲ့ "

"ၿပီးတာပဲကြာ ဒါဆိုလဲ စားနွင့္ရုံေပါ့။ မနက္က ၾကက္ဆီထမင္း၃ဘူး ဟိုဖက္ဆိုင္သစ္က လာေပးသြားတယ္။ လူက ၅ေယာက္ဆိုေတာ့မ်ွစားရုံပဲ လာၾက ..ေနာက္ေဖးကို "

နားခ်ိန္ေရာက္ၿပီဆိုေတာ့ ပါလာတဲ့ ခ်ိဳင့္ေတြဖြင့္ဖို႔  ေနာက္ေဖးထမင္းစားတဲ့ေနရာသို႔ တအုန္းအုန္းထလိုက္လာၾကသည္။

ေရးညိဳ႕ထင္ ထိုကဲ့သို႔လူမ်ိဳးပင္။ စိတ္ရင္းေကာင္းၿပီး မာနမႀကီးသူမို႔  အကုန္လံုးက
ဒီရေမာင္ထက္ပိုခ်စ္ၾကသည္။

ဒီရကေတာ့ သေဘာေကာင္းေပမဲ့ တခါတေလ  ဆူစရာရွိတာဆူတက္သည္မို႔
တၿပံဳးၿပံဳးနဲ႔ ေျပာသမ်ွ ေခါင္းညိမ့္နားေထာင္ေပးတဲ့ ေရးညိဳ႕ထင္ေလာက္ေတာ့
တရင္းတနွီးမေနရဲၾက။

ခ်စ္တဲ့အိမ္စည္။

( အစက ေရးညိဳ႕မထီလို႔ ေပးမလို႔။
ေနာက္မွ ထင္ ဆိုတဲ့နာမည္ေလးပိုႀကိဳက္လာမိလို႔ေျပာင္းလိုက္တာ😁)

 

စားပွဲပေါ်က ကော်ဖီခွက် အငွေ့တထောင်းထောင်းထလျက်ရှိနေသည်။
ကိုခန့် ..သူ့ရှေ့က ကောင်လေးကို ကြည့်၍
ပြုံးကာ ခွက်ကိုဆွဲယူပြီးနှုတ်ခမ်းဖျားမှာ တေ့လိုက်၏။

ဖြူ နုသော အသားရေနဲ့ရိုးရှင်းသော ပုံစံလေးရှိတဲ့ ရွှေဘုံမင်းစံဆိုတဲ့ ကောင်ကလေး က သူရှေ့မှာ ငြိမ်သက်စွာထိုင်လျက် သူကိုတမေ့တမောငေးကြည့်နေသည်။
အထက်အောက် အဖြူ ရောင် ဝတ်ထားသော်လည်း ဆွယ်တာလက်ပြတ်အပွလေးအပေါ်မှာထပ်ဝတ်ထားတာမို့ ချစ်စဖွယ်ကောင်းကာ ဝါဂွမ်းဖြူလေးအလား။ 

ပုံမှန်ဆို သူက တွယ်ကပ်လွန်းတဲ့ ကလေးတွေကိုမကြိုက်ဘူး ။ ဒါပေမဲ့
ဒီကောင်လေးကိုတော့ ရိုးရှင်းပြီး ဖြူစင်လွန်းလို့  ဘေးမှာ ဒီတိုင်းခေါ်ထားမိတာဖြစ်သည်။

ပြီးတော့ ရွှေဘုံမင်းစံဆိုတဲ့ အရုပ်ကလေးက  ဒီတိုင်းအလှကြည့်နေရုံနဲ့ ပြီးပြည့်စုံသွားသလို ခံစားချက်ကိုပေးသည်မို့  ခန့်ထည်က သူ့အလုပ်အဆင်မပြေမူ့များရှိလာခဲ့ရင် ဒီကောင်လေးကို သတိတရပြေးတွေ့လိုက်တော့တာပင်။ 
နောက်ပြီ အရုပ်ကလေးက စကားနည်းတော့ သူနားပူသက်သာ၏။

ကော်ဖီခါးခါးရဲ့အရသာက လျှာပေါ်မှာ စွဲထင်၍ သွားသည်မို့ မျက်တောင်တို့ကိုစင်းကာ ကျေနပ်ခြင်းကိုခံစားလိုက်မိသည်။
ပြီးမှ  ဖြည်းဖြည်းချင်း စာပွဲပေါ်ကို ပြန်တင်၍ ရွှေဘုံကိုမေးငေါ့ပြလိုက်သည်။

" ပြောစရာရှိရင်ပြောလေ ၊  ချိန်းတွေ့ပြီးစကားမပြောရင် ပျင်းစရာကြီး "

ရွှေဘုံသည် ကိုခန့်ဆီမှ အလေးနက်မရှိလှတဲ့ အပြုအမူတွေကို မကြိုက်ပေမဲ့ 
တွေ့တုန်း မနေ့က  ကြည်နူးပြောတာတွေကို မေးဖို့ပြင်လိုက်လေသည်။
အချိန်မအားလပ်လှတဲ့ ကိုခန့်နဲ့သီးသန့် dateဖို့ ဆိုတာ ရှားပါးတဲ့ အခွင့်အရေးပင်။

" ကိုခန့် ကျွန်တော်ကိုချစ်ရောချစ်သေးရဲ့လား "

"ဘာလဲ မင်းသူငယ်ချင်း ချွန်လိုက်တာလား "

ကိုခန့်လက်တို့သည် စားပွဲပေါ်မှာရှိတဲ့ကော်ဖီခွက်ကို ထိတွေ့ဆော့ကစားနေပြီး နှုတ်ခမ်းပါးတို့က မဟုတ်ထားလုပ်မထားသလို ပြုံးနေလေသည်။ အေးဆေးရှိလှတဲ့ ကိုခန့်ပုံစံကို ရွှေဘုံ အားမရပေ။ ကိုခန့် သူ့ကိုမချစ်တော့တာလား။

" ကြည်နူးက မြင်လိုက်တာကိုပဲပြောပြတာပါ။ အဲ့ကိစ္စနဲ့ပတ်သတ်ပြီး ကျွန်တော် ကိုခန့်ဆီက ဖြေရှင်းချက်လိုချုင်တယ် "

"ကိုယ့်အလုပ်အကြောင်းလည်း ရွှေဘုံလေးသိနေတာပဲ။ မဟုတ်တာတွေကို ခေါင်းထဲထည့်မနေသင့်ဘူးလို့ကိုယ်ကတော့ထင်တယ်။ လက်ရှိ မင်းအပြင် တခြားတစ်ယောက်ကိုယ့်မှမရှိဘူး "

စကားပြောရင်း ကိုခန့်က မျက်စိတစ်ဖက်မှိတ်ပြလိုက်သေးသည်။
မင်းသားတစ်ယောက်လို ချောမောတဲ့ ကိုခန့်က ထိုသို့လည်းရွှေဘုံကို အလစ်အငိုက်ဖမ်းကာ ဆွဲဆောင်တက်လေသည်။
နောက်ဆုံး မင်းအပြင်တခြားမရှိဘူးဆိုတဲ့စကားကြောင့် ရွှေဘုံရဲ့ ညစ်ညူးနေတဲ့ စိတ်ညစ်မူ့တွေဟာ ပြေပျောက်သွားခဲ့ရလေသည်။

"သဖက်ခါ ကျွန်တော်တို့ တစ်နှစ်ပြည့်တဲ့နေ့လေးနော် ။"

"ဟားဟား ရွှေဘုံလေးရာ။ မမှတ်ထားရအောင် ကိုယ်က အရူးလားကွ။သဖက်ခါ ကိုယ်မင်းအတွက် အမှတ်တရလက်ဆောင် ဝယ်ပေးမယ် ။ ဘာလိုချင်လဲ ကိုယ့်ကိုပြော"

ရွှေဘုံ အနည်းငယ်မှင်သက်သွား၏။
ပြီတော့ ဝမ်းနည်းသွားသည်။
ပြုံးမြနေတဲ့ ကိုခန့်က အရာရာ အလိုလိုက်ပေးမဲ့ ရည်းစားတစ်ယောက်ပုံစံအပြည့်ပင်။ ဝမ်းနည်းမူ့ကြောင့် ရွှေဘုံ ချက်ခြင်းဘာဆက်ပြောမှန်းမသိဖြစ်ပြီးလျှင် အတော်ကြာမှ  ကိုခန့်ကို ခေါင်းရမ်းပြကာ

" ကျွန်တော် လိုချင်တာမျိုးမရှိပါဘူး။ "
ဟုသာ ပြောလိုက်ရတော့သည်။
သေချာ တာတစ်ခုကတော့ ကိုခန့် ကို
ထူးထူးခြားခြား အလိုမကျစိတ်ဝင်သွားတာပင်။

__________

သာယာတဲ့မနက်ခင်းအစမှာ floralပန်းဆိုင်လေးရှိ  လူအနည်းစုမှာ အလုပ်ရှုပ်လျက်ရှိသည်။ ဒီနေ့ဟာ သူတို့သုံးယောက်၏ ဆိုင့်ဖွင့်တဲ့နေ့အစလေးဖြစ်သည်။

" မောင်ရွှေ  ..  ဟိုဖက်ဆိုင်က ဗီနိုင်းတို့ မိတ္တူ တို့ရိုက်တဲ့ ဆိုင်ဟ ။ သွား သေချာမိတ်ဆက်ရင်း မုန့်သွားပို့ချေ"

" ကေသီမက စလာကတည်းက ခိုင်းဖို့ပဲ။
လေးလုံးမကွဲတဲ့ မောင်မောင်ရွှေကိုသာ အားကိုးလို့ရင်  နင် ဒီတသက် စီးပွာရေးလုပ်လို့ရမှာမဟုတ်ဘူး "

"ကြည်နူးပြောတာမှန်တယ် ကေသီရာ ။ ငါမသွားချင်ဘူး နင်သွားလိုက်"

"အေး နင်အဲ့လိုတွေ မလှုပ်တငုတ်လုပ်နေလို့ အားမရတာ။ တကဲထဲ ယောကျာ်းလေးပဲ ဖျတ်ဖျတ်လက်လက် ရှိမှပေါ့  ..
ပေးပေး ငါပဲသွားတော့မယ်"

ပြောပြောဆိုဆို ဆိုင်ဖွင့်ပွဲအတွက်အနီးနားဆိုင်ခန်းတွေကို ပေးပို့ရန်အော်ဒါမှာထားသော ကြက်ဆီထမင်းဘူးတွေထဲမှ သုံးဘူးကိုယူ၍ အပြင်ထွက်သွား၏။
ကေသီရော ၊ ကြည်နူးရော စကားပြောသွက်တဲ့ မိန်းကလေးတွေပင်။
ကြည်နူးက ဆရာလုပ်တက်ပြီး ကေသီကတော့ တုတ်ထိုးအိုးပေါက်သမားဖြစ်သည်။ နှစ်ယောက်စလုံးချောချောလှလှလေးများဖြစ်သည့်အပြင် ပွင့်ပွင့်လင်းလင်းရှိလှတာမို့ ဘဲကြည်တဲ့ နေရာမှာ နှစ်ယောက်မရှိသူများပင်။

သို့သော် ချောမောသူတို့ထုံးစံအတိုင်း
ကေသီက  ရည်းစားမမြဲ သလို  ကြည်နူးက ရည်းစားထားခြင်းကိုစိတ်မဝင်စားပေ။

ရွှေဘုံကတော့ ထိုနှစ်ယောက်ဘေးမှာ
ပီဘိ ကလေး အသွင်ဖြစ်လို့နေ၏။
ထက်မြတ်သော သူငယ်ချင်းနှစ်ယောက်ကြားတွင် ရွှေဘုံက တသီးတသန့် တစ်ဘာသာကွဲထွက်နေသူဖြစ်၏။ တော်ရုံဆို ရွှေဘုံက အနေအေး၍ စကားအများကြီး ပြောရတာမကြိုက်သူပေ။ အရင်ကဆို ဒီထက်တောင်ပိုဆိုးသေးသည်။
တက္ကသိုလ်ရောက်မှ ဒီနှစ်ယောက်နှင့်ပေါင်းမိကာ သွက်လက်လာခြင်းဖြစ်သည်။

ကိုခန့်နဲ့ ပတ်သတ်မိခြင်းကလည်း
ကေသီနှင့်ကြည်နူးကြောင့်ဆိုလည်းမမှား။
မနှစ်က ဘွဲ့မယူသေးခင် ကိုခန့်ကို ဆက်သွယ်၍ ဘွဲကြို အလှဓာတ်ပုံများရိုက်ကြသည်။ ထိုချိန်တွင် ရွှေဘုံက ထိုမိန်းကလေးနှစ်ယောက်၏ တိုလီထွာလီ ပစ္စည်းများကို ဆွဲ၍ နောက်က တကောက်ကောက် လိုက်ပြီး ခိုင်းဖက်လုပ်ခံရတဲ့ အချိန်ဖြစ်သည်။

ကိုခန့်က အောင်မြင်တဲ့ ဓာတ်ပုံဆရာတစ်ယောက်ဖြစ်သည့်အပြင် ရုပ်ရည်ကြောင့်ပါ နာမည်ကြီးသူပင်။
ရှည်လျားသော အရပ်အမောင်းက အားလုံးကြားမှာ ထင်းနေလျက်ရှိပြီး အချိန်တိုင်းမထိတထိအပြုံးက နှုတ်ခမ်းမှာ မပြတ်တမ်းချိတ်ဆွဲထားတက်လေသည်။
ထိုဆွဲမက်ဖွယ်အပြုံးက ကိုခန့်မူပိုင်ဖြစ်သည်။

"ဟဲ့ ဟဲ့ မောင်ရွှေနဲ့ မယ်နူး   ဟိုဖက် ဆိုင်မှာ အဆင်တွေရှိတယ်တော်ရေ"

အမောတကော ပြန်ပြေးလာတဲ့ မိကေသီသည်  သူတွေ့လာတဲ့ အဆင်တွေအကြောင်းပြုံးပြုံးကြီးပြောဖို့ပြင်သည်။
မယ်နူးသည်  ကြည်နူးမ ၏ နာမည်အတိုကောက်ဖြစ်သည်။ ထုံးစံအတိုင်း ကြည်နူးက အရေးမလုပ်ပဲ  ဝန်ထမ်းမိန်းကလေးနှစ်ယောက်ကို ဘေးဆိုင်ခန်းတွေကို ကြက်ဆီထမင်းပေးပို့ဖို့ ပြင်ဆင်ပေးနေလေသည်။

" လုံးဝ ယောကျာ်းပီသချက် မောင်ရွှေရယ်။ ကြည့်လိုက်တာတာနဲ့ အပြုံးကြီးကြောင့် ငါ့မှာ ခြေဖျားတွေတောင်အေးလာသလိုပဲ ။ သွားလေးကို ညီညာနေတာပဲ ။
တောက်!  ဟို သတောင်းစား လောရှည် မျိုးသက်ပိုင်နဲ့ တခြားဆီပဲ  "

ပြောရင်း.စိတ်တိုလာပုံရကာ သူ့ရည်းစားဟောင်းကို
တက်ခေါက်လိုက်သေးသည်။ ရွှေဘုံ ကေသီ့ကိုကြည့်၍ ခေါင်းရမ်းလိုက်မိသည်။
တကယ် သူ ဒီကောင်မလေးကို လက်မြောက်နေပါပြီ။

" ကဲပါ ငမ်းပြီးသွားရင် လုပ်စရာရှိတာလုပ်ပါတော့ .. ဟိုမှာ ကြည်နူးကြည့်နေတယ်နော်..နင်အအော်ခံရတော့မယ် "

မောင်ရွှေစကားကြောင့်  ကေသီပါးစပ်ပိတ်လိုက်ပေမဲ့ ရင်ထဲက ပီတိကတော့ ပျောက်ပျက်မသွားပေ။

ဘယ်လိုပြောရမလဲ ။
ဘေးဆိုင်ခန်းမှာ အချောလေးတွေ ရှိတယ်ဆိုတဲ့ ခံစားချက် ။

အမလေး နောက်ရက် အလုပ်ကို စောစောလာရမယ်။

______

"  ဘယ်သူလဲ ဒီရမောင် "

ကြက်ဆီထမင်းဘူးတွေကို စားပွဲတင်၍
နောက်ဖေးကနေ ဘုရားပန်းလဲလာတဲ့
ကိုထင် ကို ဒီရ  လှည့်ရယ်ပြလိုက်သည်။

" ဟိုဖက် ဆိုင်သစ်ကလေ ။ ဒီနေ့ဆိုင်ဖွင့်လို့ ကြက်ဆီ ထမင်းလာပို့သွားတာ  "

"သြော်"

ရေးညို့ ထင် ဘုရားစင်ပေါ် အသစ်လဲထားတဲ့ ပန်းအိုးများကို သေချာတင်လိုက်ပြီး လက်ဆယ်ဖြာမိုး၍ ပန်းကပ်လှူ ကြောင်း အတိုချုံ့ ၍ ကန်တော့လိုက်သည်။
ဆိုင်ခန်းဖွင့်ထားတဲ့ သူဌေး တစ်ယောက်အနေနဲ့ သူက ဘုရားပန်းလဲ ၊ သောက်တော်ရေကပ်တာကိုတော့ ဝန်ထမ်းတွေမခိုင်းဖြစ် ။ ထိုကုသိုလ်ကို လေးလေးနက်နက်ကိုယ်တိုင်ပဲ ယူလေ့ရှိသည်။

" တစ်ခုခု လက်ဆောင်ပြန်ပေးလိုက်လေ ၊
business cardsဖြစ်ဖြစ် "

ဒီရမောင်  ခေါင်းညိမ့်ပြလျက်  ဒီနေ့ စလုပ်ရမဲ့ အပ်ထည် စာရင်းကို စစ်နေလိုက်သည်။

ဒီရမောင်နဲ့  ရေးညို့ထင်က ညီကို တစ်ဝမ်းကွဲတော်သည်။ ဇာတိကတော့ ပုသိမ် ဇာတိဖြစ်ပြီး ရန်ကုန်မှာ အခြေချတာ ၆နှစ်ခန့်ရှိလေပြီ။

Family Printing Service ဆိုတဲ့ ဆိုင်လေးဖွင့်ထားတာတော့ ၃နှစ်ကျော်ပြီဖြစ်သည်။  ဆိုင်မှာ ဖိတ်စာအမျိုးမျိုး ၊
logo ၊design ၊labelsticker ၊
pamphlet ၊businesscard  ၊ စာစီစာရိုက် စတဲ့ ဝန်ဆောင်မူ့များစွာကို သူတို့နှစ်ယောက်အပါအဝင် ဝန်ထမ်းအင်အား၃ယောက်ဖြင့် ကောင်းမွန်စွာလည်ပတ်လျက်ရှိသည်။

" ကိုဒီရ  ..အပြင်မှာ ၊ အကို့ကောင်မလေး ရောက်နေတယ်၊ ဖုန်းခေါ်လို့မရလို့တဲ့ "

ကောင်တာက ကောင်မလေးက မှန်အလုံပိတ်ထားတဲ့ အလုပ်ခန်းတံခါးကို လာခေါက်တာမို့  ရေးညို့ ထင်လည်းလှည့်ကြည့်မိသည်။ သူတို့အကုန်လုံး အလုပ်ချိန်အတွင်း
မှန်အမဲပိတ်ထားတဲ့အခန်း မှာသာ
အာရုံစိုက်အလုပ်လုပ်ကြသည်။
ဒီရမောင်မှာ ရွှေရည်သဲစု ဆိုတဲ့ ကောင်မလေးရှိပြီး မကြာမကြာ ဒီရဆီကိုအလည်လာလေ့ရှိတာမို့  ညို့ထင်တို့အကုန်လုံးနဲ့ မျက်မှန်းတန်းနေပြီးသားပင်။

"ငါခဏ အပြင်သွားဦးမယ် ထင်ထင်"

ခေါင်းဆတ်ပြပြီး အထူးတလည် အာရုံမစိုက်မိတော့။ အဲ့ကောင်မလေးလာရင်
ဒီကောင် အပြင်သွားမုန့်ကျွေးတာနဲ့ ၂နာရီလောက်တော့ ပြန်လာမှာမဟုတ်တော့။
မော်ဒယ် ယောင်ယောင်ဘာယောင်ယောင်နဲ့ လှတပတလေးဆိုတော့  ဒီရမောင်
တစ်ယောက် ထိုတစ်ယောက်ဆိုးနွဲ့မူ့ကို
အတော်လေးသည်းခံရသည်။

ရေးညို့ထင်ကတော့ သိမ်မွေ့ပြီးရိုးအေးတဲ့ မိန်းကလေးမျိုးကို ပိုသဘောတွေ့သည်။
သူလို လူပျိုသိုးကြီးတစ်ယောက်အနေနဲ့ ထိုကဲ့သို့ ငယ်ငယ်ချောချောလေးတွေက လှပေမဲ့ ရင်အေးစရာမဟုတ်။

ကွန်ပြူ တာကို တတောက်တောက်နှိပ်ရင်း
မနက်က ကြက်ဆီထမင်းကို မဆီမဆိုင်သွားသတိရသည်။

အင်း လိပ်စာကဒ်လှလှလေးတော့လက်ဆောင်ပြန်ပေးဦးမှပါလေ။

__________

နာရီလက်တံက တရွေ့ရွေ့ပြောင်းနေ၏။ အာရုံစူးစိုက်မူ့က ကွန်ပြူတာပေါ်ရှိ ပန်းခက်လှလှလေးနဲ့ လိပ်စာကဒ် အကြည်လေးဆီသို့။  ပန်းဆိုင်လေးမို့ ပန်းပုံစံလိပ်စာကဒ်လှလှလေးက လိုကိုလိုမှာပင်။
ထို့ကြောင့် စေတနာထား၍  သူကိုယ်တိုင်ပင်  ဒီဇိုင်းဆန်းဆန်းလေးဆွဲပေးနေမိသည်။

" ကိုထင်"

"ဟေ"

ဘေးကနေ ကိုယ့်နာမည်ခေါ်လိုက်သံကြောင့် အမှတ်တမဲ့ ထူးလိုက်မိ၏။ ဘေးလှမ်းကြည့်လိုက်တော့ ထူးဆက် ။

"ထမင်းစားရအောင် "

ထိုအခါမှ စားချိန်ရောက်မှန်းသိတာဖြစ်၏။
ခေါင်းညိမ့်ပြရင်း..

"ဒီရ ပြန်မလာသေးဘူးလား"

"ဟုတ်တယ် ကိုထင် ၊ ကိုဒီရ စာရင်းကိုင်ဆီဖုန်းဆက်တယ်.. ကိုထင် ထမင်းစားနှင့်တဲ့ .. နေ့ခင်းအမှီပြန်ခဲ့မယ်တဲ့ "

"ပြီးတာပဲကွာ ဒါဆိုလဲ စားနှင့်ရုံပေါ့။ မနက်က ကြက်ဆီထမင်း၃ဘူး ဟိုဖက်ဆိုင်သစ်က လာပေးသွားတယ်။ လူက ၅ယောက်ဆိုတော့မျှစားရုံပဲ လာကြ ..နောက်ဖေးကို "

နားချိန်ရောက်ပြီဆိုတော့ ပါလာတဲ့ ချိုင့်တွေဖွင့်ဖို့  နောက်ဖေးထမင်းစားတဲ့နေရာသို့ တအုန်းအုန်းထလိုက်လာကြသည်။

ရေးညို့ထင် ထိုကဲ့သို့လူမျိုးပင်။ စိတ်ရင်းကောင်းပြီး မာနမကြီးသူမို့  အကုန်လုံးက
ဒီရမောင်ထက်ပိုချစ်ကြသည်။

ဒီရကတော့ သဘောကောင်းပေမဲ့ တခါတလေ  ဆူစရာရှိတာဆူတက်သည်မို့
တပြုံးပြုံးနဲ့ ပြောသမျှ ခေါင်းညိမ့်နားထောင်ပေးတဲ့ ရေးညို့ထင်လောက်တော့
တရင်းတနှီးမနေရဲကြ။

ချစ်တဲ့အိမ်စည်။

( အစက ရေးညို့မထီလို့ ပေးမလို့။
နောက်မှ ထင် ဆိုတဲ့နာမည်လေးပိုကြိုက်လာမိလို့ပြောင်းလိုက်တာ😁)

 

Bạn đang đọc truyện trên: ZingTruyen.Xyz