တသက်လုံးပျော်ချင်မောင့်ကိုချစ်ပါ(တသက္လံုးေပ်ာ္ခ်င္ေမာင့္ကိုခ်စ္ပါ)Completed
28
ထင္ထင္ဟုမွတ္ထားေသာဖုန္းနံပါတ္ေလးအား ၾကည့္ရင္း ေရႊဘံုေလးတြဲ႕စြာသက္ျပင္းခ်မိပါသည္။ ေရႊဘံု အိမ္ျပန္ေရာက္ေနတာ ေလးရက္မ်ွရွိၿပီျဖစ္ေပမဲ့ ထင္ထင္နဲ႔အတူေနရာ အိမ္ကေလးကိုေတာ့ ျပန္လို႔မရေသးေပ။
လက္ရွိဆက္သြယ္မရသူသည္ ခင္ပြန္းျဖစ္တာေၾကာင့္ မိဘမ်ားကေတာ့ ဒဏ္ရာေတြနဲ႔မို႔ လာမေခၚမခ်င္းမျပန္ရဟု အမိန္႔ခ်မွတ္ထားေလသည္။
အမွန္တိုင္းဝန္ခံရရင္ျဖင့္ ထင္ထင္နဲ႔အတူေနတဲ့အိမ္ကေလးအား ျပန္ခ်င္လွၿပီျဖစ္ေပမဲ့ အေၾကာင္းျပခ်က္မဲ့စြာ စိတ္ေကာက္ေနသည္မို႔ ေပကပ္ကာ အိမ္မွာပင္ၿမဲေနရျခင္းပင္။ ထင္ထင္သည္လည္း ဘယ္ေရာက္လို႔ဘယ္ေပါက္ေနၿပီမွန္းမသိသလို ဆက္သြယ္၍မလာခဲ့ေပ။ မျမင္မေတြ႕ရတာရက္ပိုင္းအေတာ္ၾကာၿပီမို႔ လြမ္းရတဲ့ေဝသနာသည္ စိတ္တိုေနေသာ္ျငား ဒီေရသဖြယ္ တရိပ္ရိပ္တိုးေနပါေတာ့သည္။
အိပ္ယာထပ္မွာလူးလိမ့္ကာပ်င္းရိဖြယ္အခ်ိန္ေတြကို ကုန္ဆံုးေနမိရင္း တစ္ေယာက္ေသာသူအားလည္း အားမရစြာ ေဒါသထြက္ေနၿပီျဖစ္ပါသည္။ ထင္ထင္သည္ ေနနိုင္ရက္သူႀကီးပင္တည္း။
သူ႔အားမခ်စ္မနွစ္သက္ေတာ့ေလသလားဟု ေရေရရာရာမရွိေတြးမိသည့္အခါတြင္
မ်က္ရည္မ်ားက စိမ့္စမ္းေရလို ထြက္လာၿပီး ငိုခ်င္လာျပန္သည္။
တစ္ဖက္ကေတြးၾကည့္ရင္လည္း သူတို႔နွစ္ေယာက္သည္ မည္သို႔ေသာအေနအထားမွမဟုတ္ျပန္ေပ။
ခ်စ္သူရည္းစားမဟုတ္ပဲ လက္ထပ္ခဲ့တဲ့
သူစိမ္းနွစ္ေယာက္အတြက္ လမ္းခြဲဖို႔သည္ လြယ္လြန္းေပသည္။ ထင္ထင္ အေနနဲ႔ လမ္းခြဲရေအာင္ဟုမ်ား တေန႔ေန႔ေျပာလာခဲ့ရင္ေရာ .. ေရႊဘံု ထပ္မေတြးရဲစြာ မ်က္လံုးမွိတ္မိ၏။
ေနွာင္တြယ္ရစ္ဖြဲ႕လာတဲ့ သံေယာဇဥ္ေတြသည္ အလြယ္တကူ မျပတ္ပ်ယ္နိုင္ေကာင္းပါရဲ႕ဟု ရွာက်န္ေတြးကာ ေျဖေဖ်ာက္မိလ်ွင္ နည္းနည္းေလးေတာ့ စိတ္သက္သာမိပါသည္။
ဒယ္ဒီတို႔အိမ္ႀကီးသည္ ႀကီးလြန္းလွ၏။ ငယ္စဥ္ကေနထိုင္ခဲ့ဘူးတဲ့အိမ္ျဖစ္ေပမဲ့
တိတ္ဆိတ္လြန္းသည္ဟု ယခုမွခံစားမိကာ အိမ္ေသးေသးေလးကိုလြမ္းမိသြားျပန္ပါသည္။
" ထင္ထင္ကိုလြမ္းတယ္။ ထင္ထင္ကိုလြမ္းတယ္။ "
မေက်မနပ္ေရ႐ြတ္ကာ ေနရင္းထိုင္းရင္းရုပ္ကစူပုတ္ပုတ္ျဖစ္လာေလသည္။
ဒယ္ဒီသည္ အလုပ္ကိုပံုမွန္ သြားေနၿပီျဖစ္ၿပီး မာမီကေတာ့ဖုန္းျဖင့္သာဆက္သြယ္ေစခိုင္းရုံသာလုပ္၍ သူ႔အနားက တစ္ဖဝါးမ်ွေတာင္ ဖယ္ခြာမသြားပါေခ်။ ေရႊဘံုလက္သည္ ပတ္တီးစီးထားရဆဲျဖစ္ကာ လႈပ္ရွားလို႔မရေသးေပ။
ေခါင္းတြင္ေတာ့ ခ်ဳပ္ထားရေသာ ဒဏ္ရာကို ခပ္ေသးေသး အနာကပ္ေဆးပတ္တီးေသးေသးျဖင့္ဖိကာ တိတ္ျဖင့္ကတ္ထားရ၏။
" ဘံုဘံုေလး မာမီ ရုံးကိုခဏသြားရမယ္၊ ဟိတ္ ..ဖုန္းေဆာ့မေနနဲ႔ ၊ ေခါင္းကိုက္မယ္ ။ ျပန္လာရင္ သားႀကိဳက္တာ တစ္ခုခုဝယ္ခဲ့မယ္။ လိုခ်င္တာရွိရင္ တစ္ေယာက္ေယာက္ကိုေခၚခိုင္း ၊ မာမီ စိတ္ခ်မယ္ေနာ္ "
အခန္းေပါက္ဝေရွ႕မွာ မာမီ ရပ္၍ မွာတန္းေႁခြေနေသာ္ျငား စိတ္ေကာက္ေနတာမို႔
ဖုန္းမွန္ျပင္ကိုသာ လက္နဲ႔ေတာက္ရင္း အေရးမလုပ္မိေပ။
သူ႔ဆီက အၾကည့္တစ္ခ်က္မရလည္း မာမီ
သည္မွာစရာရွိတာမွာ၍ ထြက္သြားေခ်သည္။ ပ်င္းရိဖြယ္ေကာင္းတဲ့ ေန႔ရက္ေတြသည္ ေရႊဘံုအား စိတ္ရႊင္လန္းမူ႔မရွိသကဲ့သို႔ ပင္ပန္းေစေလသည္။
ဒီအိမ္သည္ သူအိမ္ပင္ျဖစ္ေသာ္ျငား
အလြန္ပင္ အထီးက်န္ေစၿပီး ေနရခက္လြန္းေပသည္။
" ေရးညိဳ႕ထင္ ခင္ဗ်ား မေကာင္းတဲ့သူပဲ။
မွတ္ထား၊ ၿပီးမွ လာေခၚရင္ လံုးဝျပန္မလိုက္ဘူး။ ေလးရက္ေတာင္ရွိေနၿပီ ဖုန္းမဆက္ဘာမဆက္နဲ႔ ၊ ေနနိုင္လြန္းတဲ့သူႀကီး။
အိမ္လည္းလာမခၚနဲ႔ ၊ ခင္ဗ်ားနဲ႔ ကြၽန္ေတာ္နဲ႔ ဒီေန႔ ကစၿပီး လံုးဝ ပတ္သတ္စရာမရွိေတာ့ဘူး။ ခင္ဗ်ားေနတဲ့ အိမ္လည္း ျပန္မလာဘူး။ လံုဝဆို လံုးဝ ျပန္မလာေတာ့ဘူး "
ေရႊဘံု မေက်နပ္စြာ သူတစ္ေယာက္ထဲေအာ္ေျပာလိုက္သည္။
ကေလးဆန္လြန္းလွတဲ့ သူ႔အက်င့္သည္
ထင္ထင္နဲ႔အတူေနမွ ထြက္ေပၚလာသေယာင္ပင္။ အရင္ကဆိုမလႈပ္တငုတ္ျဖင့္အေအးလူသားဟုေတာင္ေခၚရတဲ့သူသည္ ေရးညိဳ႕ထင္ေၾကာင့္ မထင္မွတ္စြာေျပာင္းလဲခဲ့၏။
အိမ္ရွိေလွကားထစ္မ်ားသည္ မ်ားျပားလြန္း၏။ တစ္ထစ္ဆင္းၿပီးတိုင္း ခါးမွ ျပဳတ္က်တဲ့ ဒဏ္သည္ တစစ္စစ္နာေသာ္ျငား အားမေလ်ာ့ပဲ ႀကိဳးစားဆင္းခဲ့လိုက္သည္။ အိမ္ေအာက္ထပ္သည္ တိတ္ဆိတ္ကာ ေန႔ခင္းေရာက္ၿပီမို႔
အလုပ္သမားအားမေတြ႕ရေပ။
" ေရႊဘံုေလး ...လက္ကသက္သာေသးတာမဟုတ္ပဲ ဘယ္သြားမလို႔လဲ။
ဦးေလးထြန္းကိုခိုင္းေလ ၊ ဘာလိုခ်င္လို႔လဲ "
ခိုးေၾကာင္ခိုးဝွက္ေျခလွမ္းမ်ားသည္ ၿခံေပါက္ဝထိမေရာက္ခင္ အလန္႔တၾကား ရပ္တန္႔သြားရ၏။
သူေနာက္ကို လွည့္ကာ ဦးေလးထြန္းကိုရယ္ျပလိုက္သည္။
အသက္၄၀ေက်ာ္အ႐ြယ္ဦးေလးထြန္းသည္ ကားဒရုိက္ဘာရာထူးအျပင္ ၿခံေစာင့္ရာထူးလည္းရွိေသးတာမို႔ အလုပ္မရွိရင္ ၿခံထဲမွာပဲ ေနတက္သည္ဆိုတာ ခိုးထြက္ခ်င္ေဇာျဖင့္ေမ့၍ သြားေလသည္။
" ဟုတ္ ..ဦးေလးထြန္း ကြၽန္ေတာ္ ယူစရာရွိလို႔အိမ္ခဏျပန္မလို႔ "
" ဘာယူမွာလဲ၊ ဦးေလးထြန္းသြားယူေပးမယ္"
" အဲ့ဒါဦးေလးထြန္းမသိဘူး။ ကြၽန္ေတာ္ ထားတဲ့ေနရာက ရွာရခက္တယ္။ ဒီလိုလုပ္ေလ။ ဦးေလးထြန္းလိုက္ပို႔ေပးလိုက္၊ ကြၽန္ေတာ္ဖာသာ တက္ရွာလိုက္မယ္"
ဦးေလးထြန္း ပံုစံက မသြားခ်င္သလိုရွိေနေပမဲ့ ေရႊဘံု ခိုးထြက္မွာလည္း စိုးရိမ္ေနေသးသည္မို႔ မျငင္းနိုင္ပဲရွိေနသည္။
"ဒါဆို ဦးေလးထြန္း ၊ မဟန္နီ ဆီဖုန္းဆက္ၾကည့္လိုက္မယ္။ သြားဆိုရင္ ဦးေလးထြန္းလိုက္ပို႔ေပးပါ့မယ္"
"ဆက္မေနနဲ႔ေတာ့ေလ။ မာမီက အစည္းေဝးပြဲရွိလို႔သြားတာ။ ေတာ္ၾကာအေနွာက္ယွက္ျဖစ္ေနရင္ ဦးေလးထြန္းကိုဆူေနလိမ့္မယ္။ ဟိုနားသည္နားသြားတာပဲ ခဏပဲၾကာမွာပါ "
ေရႊဘံု ဇြတ္ေျပာလိုက္သည္။
ဦးေလးထြန္းက ဒါေတာင္မွ အင္တင္တင္နဲ႔ မာမီမသိေအာင္ မလုပ္ခ်င္တဲ့ပံုျဖင့္ကားသြားထုတ္လာ၏။
ေဆးရုံတက္ၿပီးကတည္းက မာမီနဲ႔ဒယ္ဒီသည္ သူ႔အား ကေလးငယ္သဖြယ္
အထူးဂရုစိုက္လာ၏။
အတင္းအၾကပ္ပိတ္ပင္တားျမစ္ထားတာမ်ိဳးမလုပ္ေပမဲ့ ဒဏ္ရာနဲ႔မို႔အိပ္ယာထဲသာေနေစခ်င္တာမ်ိဳးျဖစ္ေပသည္။
ေရႊဘံုသည္ သူတက္ေနက် ေဟာင္းႏြမ္းေသာ အုတ္ေလွကားထစ္မ်ားကိုၾကည့္ကာ
ရင္ထဲေႏြးေထြးသြားေလ၏။
အိုေဟာင္းေနတဲ့ လမ္းက်ဥ္းေလးသည္
အဂၤေတမ်ားကြာတဲ့ေနရာကြာ ျဖင့္ မသပ္မရပ္ညစ္ပတ္ေနေခ်သည္။ သို႔ေသာ္ျငား
ရင္းနွီးေနတဲ့ေနရာေလးမို႔ ႐ြံ႕ရွာျခင္းအလ်င္းမရွိပဲ ရင္ထဲ လိုအပ္ေနဆဲကြက္လပ္ေလးပင္ ျပည့္ဝသြားသလိုျဖစ္သြားေသး၏။
ထိုေနရာမွ တစ္ဆင့္ျခင္းတက္သြားလ်ွင္ သူတို႔ေနတဲ့ အိမ္ကေလးဆီသို႔ေရာက္ေပလိမ့္မည္။
ကားေပၚမွ ေျဖးညင္းစြာ ဆင္းလိုက္ၿပီး ကားတံခါးကိုျပန္ပိတ္လိုက္ၿပီးလ်ွင္
" ဦးေလးထြန္း ေနရိပ္တဲ့ေနရာကေစာင့္ ၊ ကြၽန္ေတာ္ဖုန္းဆက္လိုက္မယ္ "
"ေရႊဘံုေလး အၾကာႀကီးေနလို႔မရဘူး၊ မဟန္နီ သိရင္.."
ဦးေလးထြန္းစကားေတြကို ေရႊဘံုဆက္နားမေထာင္ခဲ့ေတာ့ေပ။
သူ႔စိတ္အစံုသည္ အိမ္ကေလးဆီကိုသာေရာက္ရွိသြားၿပီမို႔ ေလွကားကေန တေ႐ြ႕ေ႐ြ႕တက္သြားလိုက္ေတာ့သည္။
အညိဳေရာင္ ကြၽန္းတံခါးကိုတြန္းဖြင့္ခ်ိန္တြင္ ေႏြးေထြးမူ႔သည္ လႈိက္ခနဲ တိုးေဝွ႔လာ၏။ ေရႊဘံုတြင္ ထင္ထင္နွင့္အတူတူ စံုတြဲေသာ့ေလးတစ္ေခ်ာင္းရွိေလသည္။
ထိုေသာ့ေလးေပးစဥ္အခါက ေပ်ာ္ရႊင္မူ႔သည္ ဆယ္တန္းေအာင္းတုန္းကထက္ေတာင္မွ ပိုေသးသည္ထင္။
ျပန္ေတြးၾကည့္ရင္ ၾကည္ႏူးစရာ ၾကင္စဦး အမွတ္တရမ်ားစြာ သူ႔မွာရွိေနေသးသည္။
အခန္ဝ ဖိနပ္စင္ေလးတြင္ ေရႊဘံုဖိနပ္ကို ျဖည္းေနွးစြာခြၽတ္လိုက္ၿပီး အခန္းအားေဝ့ၾကည့္လိုက္လ်ွင္ လူမေနတဲ့အိမ္ဟုပင္မခံစားရပဲ ထင္ထင္၏ အေငြ႕အသက္မ်ားအားခံစားမိၿပီး လူတစ္ကိုယ္လံုး ရင္းနွီးစြာ သိုင္းေငြ႕သြားသကဲ့သို႔ပင္။
အတူတူထားတဲ့ဖိနပ္စင္တြင္ ေရႊဘံု ဖိနပ္ေတြသာမ်ားၿပီး သူ႔ဖိနပ္ကေတာ့ နွစ္ရံသာရွိေခ်သည္။
စီကာစဥ္ကာျဖင့္ ဖိနပ္ေလးေတြကိုပါမခ်န္ သပ္သပ္ရပ္ရပ္ညီညာေနေအာင္ ထင္ထင္က သန္႔ရွင္းေရးလည္းလုပ္ေပးတက္ေသးသည္။ ေရႊဘံုဖိနပ္ခြၽတ္တဲ့နားမွာထင္ထင္စီးေနက် ကတၱီပါဖိနပ္ေလးက မညီမညာအတိုင္းသားမို႔ စိတ္မေကာင္းစြာ စင္ေပၚကို ေကာက္တင္ေပးလိုက္၏။
ခရီးသြားတာ အဆင္မ်ားေျပရဲ႕လား ဟုေတြးမိေတာ့ အတူသြားမယ္ဆိုၿပီး မသြားျဖစ္တဲ့ခရီးအတြက္ လူက စိတ္မေကာင္းစြာ မ်က္ရည္မ်ားက ေဝ့လာျပန္၏။
ေငြ႕ရည္မ်ားသည္ အျမင္လႊာကိုဖံုးလာသည္မို႔ မ်က္မွန္ခြၽတ္ကာ သုတ္လ်က္ စမ္းတဝါးဝါးဧည့္ခန္းက ဆိုဖာမွာ ၿငိမ္သက္စြာဝင္ထိုင္လိုက္သည္။
ခုတေလာ အထိအခိုက္မခံလြန္းတာေၾကာင့္ ကိုယ့္ကိုကိုယ္လည္းအားမရ။
ေတြးရင္းေတြးရင္း ငိုခ်င္လာတာမို႔ ေခါင္းငံု႔ကာ တိုးတိုးေလးရႈိက္မိ၏။
" မေကာင္းတဲ့သူႀကီး "
သူ႔ကိုမလိုခ်င္ေတာ့ရင္ ဆိုတဲ့ စိတ္ေၾကာင့္
ရင္ထဲမွာ တလႈိက္လႈိက္နဲ႔ ေနရတာလံုးဝမေကာင္းေပ။ မ်က္မွန္ကိုလည္းျပန္မတပ္နိုင္ေတာ့ပဲ ပံု႔ပံု႔ေလးထိုင္ရင္းဝမ္းနည္းစြာငိုေႂကြးမိ၏။
ထိုစဥ္ သူထိုင္ေနတဲ့ ဆိုဖာသည္ တစ္စံုတစ္ေယာက္ ထိုင္လိုက္သလိုမ်ိဳး လႈပ္ရွားသြားကာ
" လက္က ဘာျဖစ္တာလဲ။ မ်က္နွာမွာေတြေရာ။ ေရႊဘံု မင္းဘာျဖစ္လာတာလဲ"
ၾကားေနက် အသံသည္ေဘးမွာ ကပ္၍ ထြက္လာၿပီးလ်ွင္ ေရႊဘံုလက္သည္ ဆြဲယူျခင္းခံလိုက္ရသည္။
ငိုရႈိက္ေနဆဲ မ်က္လံုးမ်ားေၾကာင့္ ေဘးကလူအား သူသဲကြဲစြာမျမင္ရ။
" ထင္ထင္..ဟင့္...ထင္ထင္လား"
"ငါေမးတာေျဖ ၊ မင္းဘာျဖစ္လာတာလဲ "
ေအးစက္လြန္းေသာအသံေၾကာင့္ေရႊဘံု ဆတ္ခနဲတုန္သြား၏။
သို႔ေသာ္ျငား ဖြဖြဆုပ္ကိုင္ထားေသာ
လက္၌ေႏြးေထြးမူ႔သည္ မထိရက္မကိုင္ရက္ျဖင့္ ဒဏ္ရာအား ဂရုတစိုက္ရွိေနသည္။
ေရးညိဳ႕ထင္သည္ လြန္ခဲ့ေသာ နွစ္ရက္ခန္႔က အိမ္ျပန္ေရာက္ခဲ့ေပမဲ့ ေကာင္ကေလး အားေတြ႕ဆံုဖို႔ ဇေဝဇဝါျဖစ္ေနခဲ့ရၿခင္းေၾကာင့္ ျပန္သြားမေခၚခဲ့ေပ။
သြားေခၚရင္ေတာင္မွ သူ႔အား လက္ထပ္ထားသူအျဖစ္သာ အားနာ၍ လိုက္လာမည္ကို စိုးမိသည္။
တေနကုန္စိတ္ဓာတ္က်စြာ ဆိုဖာေပၚမွာ လွဲအိပ္ေနခိုက္ အိမ္ထဲဖြင့္ဝင္လာကာ ေျခရင္းမွာ ငုတ္တုတ္လာထိုင္ ငိုမွ နိုးလာခဲ့ျခင္း ။
ဘယ္သူထင္မွာလဲ ၊ တစ္ပတ္ခန္႔ မေတြ႕ရတဲ့အေတာအတြင္း လက္မွာ ဒဏ္ရာအျပင္ မ်က္နွာမွာလည္း မ်က္ခြံေတြမို႔ေယာင္ေနသည္ထိ နီအန္းေနတဲ့အေျခအေနမ်ိဳး ျဖစ္ေနမယ္လို႔။
" ေရႊဘံုမင္းစံ.. ဘာျဖစ္လာတာလဲလို႔ ေမးေနတယ္ေလ"
ေရးညိဳ႕ထင္ မ်က္လံုးေတြသည္ နီရဲလာကာ ေမးေၾကာမ်ားပင္ ထင္းလာသည္ထိ ။
"ဟင့္.. ထင္ထင္ ..။ ထင္ထင္ဘာလို႔
ကြၽန္ေတာ္ကို လာမေခၚတာလဲ။ ကြၽန္ေတာ္ကို ဘာလို႔ အိမ္မွာရွိရဲ႕နဲ႔ ပစ္ထားတာလဲ ။ ကြၽန္ေတာ္အား မလိုခ်င္ေတာ့တာလား "
ေရႊဘံုသည္ သူ႔အားေအာ္ဟစ္ေနတာေၾကာင့္ မ်က္ရည္မ်ားသည္ အဆက္မပ်က္က်လာရသည္။ သို႔ေသာ္ ရင္ထဲမွာ ျပည့္ေမာက္လာတဲ့ အစိုင္အခဲသည္ သူ႔အားေမးခြန္းေတြ ျဖစ္ေစခဲ့သည္။ သူထင္ထင္အားမေၾကာက္ဘူး ။
ထင္ထင္ဘယ္ေလာက္ေအာ္ေအာ္ ထင္ထင္ ကိုမေၾကာက္ဘူး။
အေတြးျဖင့္ ဘယ္ေလာက္ေျဖသိမ့္ေနပါေစ သူကိုယ္သည္ တဆတ္ဆတ္တုန္ရီေနလ်က္။
ေရးညိဳ႕ထင္ သက္ျပင္းကိုခ်ကာ
ေရႊဘံုအား လက္ေမာင္းကေနေျမာက္၍ ဆြဲယူလိုက္ၿပီး ေလသံကို ေလ်ာ့လိုက္ရသည္။
" ကိုယ္ေရာက္ေနတာ နွစ္ရက္ရွိၿပီ။
မင္းကိုလာမေခၚတာ ၊ မင္းကိုယ္နဲ႔ ေနခ်င္ပါ့မလား ေတြးမိသြားလို႔။ "
" ေရႊဘံုက ဘာလို႔ မေနခ်င္ရမွာလဲ။
ေရႊဘံုတို႔နွစ္ေယာက္လံုး လက္ထပ္ၿပီးၿပီ။ ထင္ထင္ေျပာေတာ့ အသက္ႀကီးတဲ့အထိ အတူရွိေနသြားၾကမယ္ဆို။ အဲ့ဒါေတြအကုုန္လံုးထင္ထင္လိမ္ေနတာလား။ ထင္ထင္
ခု ေရႊဘံုကို မလိုခ်င္ေတာ့လို႔ပစ္ပယ္ဖို႔ ႀကိဳးစားေနတာဆိုတာ ေရႊဘံုသိတယ္။ "
ေျပာရင္း ေရႊဘံု ထပ္ငိုမိျပန္သည္။
သူဝမ္းနည္းသည္။ သူအမ်ားႀကီးဝမ္းနည္းေနေလၿပီ။
ဂုတ္ပိုးဆီမွ တဖြဖြပြတ္သပ္ေနေသာ
လက္ေၾကာင့္ မ်က္ရည္မ်ားက မရပ္တန္႔ေတာ့သလို။ ျဖစ္နိုင္ရင္ ထင္ထင့္နားကေန ဘယ္မွ မသြားခ်င္ေပ။
" ကိုယ္အမ်ားႀကီးမွားသြားပါတယ္။
ေတာင္းပန္ပါတယ္။ အႀကီးျဖစ္ၿပီး ကိုယ့္အေတြးေတြ မရင့္က်က္ခဲ့ဘူး။ ကိုယ့္အမွားပါ။ မငိုပါနဲ႔ကြာ .."
" ကြၽန္ေတာ္ ေၾကာက္တယ္၊ ထင္ထင္
ကြၽန္ေတာ့္ကို မစြန္႔ပစ္လိုက္ပါနဲ႔ေနာ္။
ကြၽန္ေတာ္အမ်ားႀကီး လိမ္မာပါ့မယ္။ ထင္ထင္မႀကိဳက္တာေတြလည္းမလုပ္ေတာ့ပါဘူး "
ေကာင္ကေလးကို ရင္ခြင္ထဲကေနဆြဲထုတ္၍ သူ႔အားၾကည့္ေစၿပီး မ်က္ရည္မ်ားအား သုတ္ေပးမိသည္။
ညိဳရီေနေသာ မ်က္လံုးေတြသည္ ငိုထားသာ အရွိန္ေၾကာင့္ နီရဲလ်က္ရွိကာ မ်က္ခြံေတြသည္ စိ္မ္းျပာေရာင္ သန္းကာ ေယာင္ေနေလသည္။
ေရးညိဳ႕ထင္ မ်က္ေမွာင္ၾကဳတ္ကာ
မ်က္နွာကို ဟိုဖက္သည္ဖက္လွည့္ကာစစ္လိုက္သည္။
" အ ! ထင္ထင္ နာတယ္"
ေရးညိဳ႕ထင္ ေခါင္းကို ငံု႔ကာ ၾကည့္လိုက္လ်ွင္ပတ္တီးျဖင့္ အုပ္ထားေသာ ထိခိုက္ဒဏ္ရာအားေတြ႕ရွိၿပီးေနာက္ ေမးေၾကာမ်ားသည္ ထပ္မံ၍ ေထာင္ထလာေလသည္။
" ဘာျဖစ္တာလဲ ကိုယ့္ကိုအရင္ေျပာ"
"ျပဳတ္က်တာ ။ ထင္ထင္နဲ႔ ခရီးသြားမယ္လို႔ေျပာတဲ့ေန႔က ပန္းတက္ဆင္တာ
အျမင့္ကေနျပဳတ္က်တာ။"
"အဲ့ဒါေၾကာင့္ ကိုယ္နဲ႔ မလိုက္ေတာ့တာလား"
"အင္း ..ထင္ထင္ စိတ္ပူၿပီး လက္ေဝွ႔မထိုးနိုင္မွာစိုးလို႔။ စင္ေပၚေရာက္ရင္ အသတ္နဲ႔ရင္းရတယ္တဲ့။ ကြၽန္ေတာ္ေၾကာင့္စိတ္အေနွာက္အယွက္ျဖစ္မွာ စိုးတယ္။ အဲ့ဒါေၾကာင့္ ေပးမသိခိုင္းတာ။ ကြၽန္ေတာ္
ကို ဘန္ေကာက္ေခၚသြားၿပီး ဒယ္ဒီတို႔ ေသခ်ာ ကုေပးထားတယ္ ၊ ထင္ထင္စိတ္မပူနဲ႔ "
" ဒီမွာၾကည့္ ၊ မဟုတ္ဘူး မ်က္မွန္မတပ္နဲ႔ ကိုယ့္စကားေတြကိုေသခ်ာနားေထာင္ "
မ်က္မွန္ျပန္တပ္ဖို႔လုပ္တဲ့ လက္ကို ဆြဲတားကာ မတပ္ေစပဲ ပါးနွစ္ဖက္အား လက္ဖဝါးထဲထည့္၍ သူ႔အားၾကည့္ေစလိုက္ၿပီး
" မင္း က ကိုယ့္အတြက္ အေရးႀကီးတယ္။
ကုန္ကုန္ေျပာမယ္။ ကိုယ့္အသက္ထက္ပိုၿပီး မင္းက အဖိုးထိုက္တန္တယ္။ တစ္ခုပဲကိုယ့္ကိုလိမ္တာ အမုန္းဆံုးမို႔ မင္းလိမ္တာဒါေနာက္ဆံုးျဖစ္ပါေစ ။ ေနာက္ေနာင္ မင္းနဲ႔ပတ္သက္တာအကုန္ လံုး ကိုယ္သိဖို႔ လိုတယ္။ ကိုယ္တိုင္လည္း သိဖို႔ႀကိဳးစားမယ္၊ ကိုယ္မျမင္နိုင္တဲ့ တစ္ေနရာေရာက္ေနရင္လည္းေျပာျပဖို႔က မင္းတာဝန္ပဲ။ ၾကားလား"
" မၾကားဘူး။ ကြၽန္ေတာ္ စိတ္ဆိုးေနတုန္းပဲ "
ေရးညိဳ႕ထင္ မ်က္ေမွာင္ၾကဳတ္လိုက္ရင္း
" မင္းကိုယ့္ကို မေၾကာက္ဘူးလား "
ေရႊဘံု သူ႔ပါးေပၚကိုလက္ေတြကို ဖယ္ခ်ကာ ထင္ထင့္အား ေကာင္းတဲ့ လက္တစ္ဖက္နဲ႔ သိုင္းဖက္လိုက္သည္။
" မေၾကာက္ဘူး။ လံုးဝ "
တြန္႔ခ်ိဳးထားတဲ့ မ်က္ခံုးတန္းမ်ားသည္ ေျပေလ်ာ့သြားကာ ညီညာတဲ့ သြားတန္းသည္ ေပၚေပါက္လာၿပီးလ်ွင္ ေရးညိဳ႕ထင္ တိုးသက္စြာရယ္ေမာလိုက္ေလသည္။
ဒီေကာင္ကေလးကေတာ့ တကယ္ပါပဲ။
" ကိုယ္မင္းကို လြမ္းေနတာ "
"ကြၽန္ေတာ္ေရာပဲ "
"ေရႊဘံုလို႔ေျပာ"
ေကာင္ကေလး လည္ပင္းၾကားမွာ မ်က္နွာအပ္ရင္း သူေျပာလိုက္ၿပီး
ေမႊးပ်ပ် အနံ႔သင္းသင္းကို အားရေအာင္
ရွဴ ရုိက္လိုက္သည္။
" ထင္ထင္ "
" အင္း "
"မဝင့္ဝါေသြးက "
"စိတ္ပူစရာမလိုဘူး ။ ကိုယ္မင္းကိုဘယ္ေတာ့မွ သစၥာေဖာက္မွာမဟုတ္ဘူး "
ဒါအမွန္တရားပင္။ ဝင့္ဝါေသြးကို သူခ်စ္ခဲ့ေပမဲ့ ထိုခံစားခ်က္ေတြသည္ အတိတ္မွာသာ ရုိးရွင္းစြာ က်န္ခဲ့ၿပီျဖစ္သည္။
လက္ရွိမွာေတာ့ ေကာင္ကေလးကသာ သူ႔ဘဝမို႔ စိတ္နွလံုးမခ်မ္းသာစရာ အေတြးဆိုးေတြကို ေကာင္ကေလးအား မေတြးေစခ်င္ပါ။ ထို႔ေၾကာင့္ေႏြးေထြးစြာ သိုင္းဖက္ရင္း နားထင္စပ္ေလးေတြအား ေမႊးၾကဴ မိ၏။
" ထင္ထင္ နာေနေသးလား "
" နည္းနည္းပါ။ ကိုယ္ခါးနည္းနည္းနာေနလို႔ မင္းကို ခုတေလာ ေပြ႕ခ်ီနိုင္မွာမဟုတ္ဘူး "
"ေနာက္ထပ္ေရာ ဘာဒဏ္ရာေတြရေသးလဲ "
" ပါးေစာင္ေပါက္သြားတယ္။ မ်က္ကြင္းညိဳတာကေတာ့ ေနာက္ တစ္ပတ္ေလာက္ေနရင္ ေပ်ာက္သြားလိမ့္မယ္။ လည္ပင္းက အေၾကာတင္ေနတာလားမသိဘူး ၊ မ်က္တက္တက္ျဖစ္ေနတယ္။ "
"ေနာက္ၿပီးေတာ့ေရာ ..."
" နည္းနည္းပါးပါးပါ ၊ ပြဲပ်က္သြားလို႔
အခ်ိန္အၾကာႀကီးေတာင္မွ မထိုးလိုက္ရဘူး။ ကိုယ္ဘာမွ မျဖစ္ဘူး စိတ္မပူနဲ႔ "
"ခဏေလး ၊ မ်က္မွန္ယူေပး ၊ ေသခ်ာၾကည့္မယ္ "
ေရးညိဳ႕ထင္ ရုန္းကန္ေနတဲ့ ကိုယ္လံုးေလးကိုၿငိမ္သြားေအာင္ ဖိကာ ထိန္းလိုက္ၿပီးလ်ွင္ မ်က္နွာအားေမာ့ေစလိုက္၏။
" မလိုဘူး။ ဒီေန႔မ်က္မွန္မတပ္နဲ႔။
ကိုယ္လုပ္စရာေတြ အမ်ားႀကီးက်န္ေသးတယ္။ "
" လုပ္စရာေတြ ။ ဘာက်န္ေသးတာလဲ "
ပုတ္ခတ္ေနတဲ့ မ်က္ေတာင္ဖ်ားေတြးေငးကာ သူရယ္မိသည္။
" နမ္းဖို႔ က်န္ေသးတယ္ေလ ။ မလႈပ္နဲ႔"
ပန္းေသြးေရာင္မို႔မို႔ မ်က္ခြံေတြအား ဖိကပ္နမ္းလိုက္ၿပီး မ်က္လံုးကိုပိတ္ေစလိုက္သည္။ ထို႔ေနာက္ နွဖူးေလးအားနမ္းသည္။ ထိုမွတဆင့္ ေမးဖ်ားကို နမ္းၿပီး ပါးျပင္နွစ္ဖက္အားလည္းမလြတ္ေစရ။
မ်က္နွာအနွံ႔ တဖြဖြနမ္းရႈိက္ၿပီး သူ႔နွာေခါင္းဖ်ားသည္ ခ်ယ္ရီေရာင္ အဆင္းရွိေသာ နႈတ္ခမ္းဖ်ားသို႔ အေျခခ်၏။
ေကာင္ကေလးနႈတ္ခမ္းေလးသည္ ခ်ိဳ ၿပီးေမႊးေန၏။ သူထိကပ္ရုံမ်ွ နမ္းရႈိက္ၿပီး ေမးဖ်ားအားဆြဲ၍ နႈတ္ခမ္းကိုဖြင့္ဟေစသည္။
အေပၚနႈတ္ခမ္းသားအား အားနွင့္ တခ်က္မ်ွ ေထြးစုပ္ယူၿပီး ေအာက္နွစ္ခမ္းသားကိုလည္း အေလာတႀကီး စုပ္ယူမိ၏။
ေရးညိဳ႕ထင္ သူ႔လ်ွာအား ထုတ္၍ ဖြင့္ဟေနေသာ နႈတ္ခမ္း အတြင္းအားထိုးသြင္းလိုက္သည္။ ႏုညံ့စိုစြတ္ေသာ အထိအေတြ႕က ရူးသြပ္ေစမတက္။
သူ႔လ်ွာဖ်ားသည္ အိစက္မူ႔ရွိတဲ့ လ်ွာႏုႏုအားအၾကမ္းပတမ္းရစ္ပတ္မိခ်ိန္တြင္
တံခါးေခါက္သံထြက္လာ၏။
ေဒါက္ ...ေဒါက္
" ေရႊဘံုေလး ။ ဦးေလးထြန္းပါ.. မဟန္နီ
အိမ္မွာျပန္ေရာက္ေနၿပီ ၊ ၾကာေနလို႔ ဖုန္းဆက္ၿပီးျပန္လာခိုင္းေနတယ္။ "
ဦးေလးထြန္းအသံၾကားသည္မို႔ရွက္ရွက္ျဖင့္ ထင္ထင္အားတြန္းလိုက္လ်ွင္ အဖယ္မခံပဲ မ်က္နွာအား ညႇစ္ထားၿပီး ဇြတ္နမ္းေနဆဲပင္။ မၾကားရဲစရာ အသံေတြသည္ နမ္းရႈိက္ရာမွ ထင္ထင္ရွားရွားထြက္လာသည္ထိ ၾကမ္းတမ္း၏။
ႏုညံ့မူ႔တစ္စံုတစ္ရာမရွိပဲ အျပဳအမူၾကမ္းေတြပဲရွိတက္ေသာ သူကို
ေကာင္းတဲ့လက္ျဖင့္ထုရုိက္၍
" အြန္႔ ထင္..ထင္ထင္ေတာ္ေတာ့ နာေန..ႁပြတ္ "
နႈတ္ခမ္းတစ္စံုသည္ လႊတ္ထြက္ေအာင္ ရုန္းဖယ္၍ မရနိုင္ေအာင္ ရဲတင္းလြန္းသည္။
ေရႊဘံုလ်ွာအား အလြတ္မေပးနိုင္သကဲ့သို႔
စုပ္ယူေထြးေပြ႕ထားကာ ပါးနွစ္ဖက္အားညႇစ္၍ ေနာက္သို႔ဆုတ္မရေအာင္ခ်ဳပ္ထား၏။
တံခါးေခါက္သံသည္ စူးစူးဝါးဝါးေပၚထြက္ေနဆဲ။
" ေရႊဘံု ..ဦးေလးထြန္းေျပာတာၾကားလား"
ခ်စ္တဲ့အိမ္စည္။
( ခန္႔မင္းထည္မဟုတ္ပါဘူး။ ဘုန္းခန္႔ထည္ပါ။ အစပိုင္းမွာ နွစ္ႀကိမ္မ်ွမွားေရးခဲ့မိလို႔
ဇာတ္သိမ္းတာနဲ႔ Unၿပီးစာစစ္မွာပါ။
ဇာတ္သိမ္းဖို႔နီးလာပါၿပီေနာ္။ reviewေလးေတြအတြက္ေက်းဇူးတင္ပါတယ္။
ဒရမ္မပါဘူးလို႔ေျပာခဲ့ၿပီးသားပါ။ဇာတ္အိမ္တစ္အိမ္ျဖစ္ဖို႔ အခ်ိဳးအေကြ႕အနည္းအက်ဥ္းေတာ့ရွိမွာပါ။ ဒါကို နားလည္ေပးပါ။
ေနာက္ဇာတ္လမ္းေတြမွာေတာ့ ဘာျဖစ္မယ္၊ ညာျဖစ္မယ္ဆိုၿပီး မေျပာေတာ့ဘူး။
စာဖတ္သူေတြကို အလိုလိုက္ရတာ
စာေရးတဲ့သူတစ္ေယာက္အေနနဲ႔ ဇာတ္အိမ္ေပ်ာက္ေစတယ္။ ဒီဇာတ္လမ္းၿပီးရင္
The Lotus Blooms ကို Rebirth အေနနဲ႔အသက္သြင္းမွာပါ။ မေရးဘူးတဲ့ ပံုစံမို႔
နည္းနည္းေတာ့ဖိအားရွိေနတယ္။
updateက တစ္ရက္ျခား တစ္ပိုင္းပါ။ )
ထင်ထင်ဟုမှတ်ထားသောဖုန်းနံပါတ်လေးအား ကြည့်ရင်း ရွှေဘုံလေးတွဲ့စွာသက်ပြင်းချမိပါသည်။ ရွှေဘုံ အိမ်ပြန်ရောက်နေတာ လေးရက်မျှရှိပြီဖြစ်ပေမဲ့ ထင်ထင်နဲ့အတူနေရာ အိမ်ကလေးကိုတော့ ပြန်လို့မရသေးပေ။
လက်ရှိဆက်သွယ်မရသူသည် ခင်ပွန်းဖြစ်တာကြောင့် မိဘများကတော့ ဒဏ်ရာတွေနဲ့မို့ လာမခေါ်မချင်းမပြန်ရဟု အမိန့်ချမှတ်ထားလေသည်။
အမှန်တိုင်းဝန်ခံရရင်ဖြင့် ထင်ထင်နဲ့အတူနေတဲ့အိမ်ကလေးအား ပြန်ချင်လှပြီဖြစ်ပေမဲ့ အကြောင်းပြချက်မဲ့စွာ စိတ်ကောက်နေသည်မို့ ပေကပ်ကာ အိမ်မှာပင်မြဲနေရခြင်းပင်။ ထင်ထင်သည်လည်း ဘယ်ရောက်လို့ဘယ်ပေါက်နေပြီမှန်းမသိသလို ဆက်သွယ်၍မလာခဲ့ပေ။ မမြင်မတွေ့ရတာရက်ပိုင်းအတော်ကြာပြီမို့ လွမ်းရတဲ့ဝေသနာသည် စိတ်တိုနေသော်ငြား ဒီရေသဖွယ် တရိပ်ရိပ်တိုးနေပါတော့သည်။
အိပ်ယာထပ်မှာလူးလိမ့်ကာပျင်းရိဖွယ်အချိန်တွေကို ကုန်ဆုံးနေမိရင်း တစ်ယောက်သောသူအားလည်း အားမရစွာ ဒေါသထွက်နေပြီဖြစ်ပါသည်။ ထင်ထင်သည် နေနိုင်ရက်သူကြီးပင်တည်း။
သူ့အားမချစ်မနှစ်သက်တော့လေသလားဟု ရေရေရာရာမရှိတွေးမိသည့်အခါတွင်
မျက်ရည်များက စိမ့်စမ်းရေလို ထွက်လာပြီး ငိုချင်လာပြန်သည်။
တစ်ဖက်ကတွေးကြည့်ရင်လည်း သူတို့နှစ်ယောက်သည် မည်သို့သောအနေအထားမှမဟုတ်ပြန်ပေ။
ချစ်သူရည်းစားမဟုတ်ပဲ လက်ထပ်ခဲ့တဲ့
သူစိမ်းနှစ်ယောက်အတွက် လမ်းခွဲဖို့သည် လွယ်လွန်းပေသည်။ ထင်ထင် အနေနဲ့ လမ်းခွဲရအောင်ဟုများ တနေ့နေ့ပြောလာခဲ့ရင်ရော .. ရွှေဘုံ ထပ်မတွေးရဲစွာ မျက်လုံးမှိတ်မိ၏။
နှောင်တွယ်ရစ်ဖွဲ့လာတဲ့ သံယောဇဉ်တွေသည် အလွယ်တကူ မပြတ်ပျယ်နိုင်ကောင်းပါရဲ့ဟု ရှာကျန်တွေးကာ ဖြေဖျောက်မိလျှင် နည်းနည်းလေးတော့ စိတ်သက်သာမိပါသည်။
ဒယ်ဒီတို့အိမ်ကြီးသည် ကြီးလွန်းလှ၏။ ငယ်စဉ်ကနေထိုင်ခဲ့ဘူးတဲ့အိမ်ဖြစ်ပေမဲ့
တိတ်ဆိတ်လွန်းသည်ဟု ယခုမှခံစားမိကာ အိမ်သေးသေးလေးကိုလွမ်းမိသွားပြန်ပါသည်။
" ထင်ထင်ကိုလွမ်းတယ်။ ထင်ထင်ကိုလွမ်းတယ်။ "
မကျေမနပ်ရေရွတ်ကာ နေရင်းထိုင်းရင်းရုပ်ကစူပုတ်ပုတ်ဖြစ်လာလေသည်။
ဒယ်ဒီသည် အလုပ်ကိုပုံမှန် သွားနေပြီဖြစ်ပြီး မာမီကတော့ဖုန်းဖြင့်သာဆက်သွယ်စေခိုင်းရုံသာလုပ်၍ သူ့အနားက တစ်ဖဝါးမျှတောင် ဖယ်ခွာမသွားပါချေ။ ရွှေဘုံလက်သည် ပတ်တီးစီးထားရဆဲဖြစ်ကာ လှုပ်ရှားလို့မရသေးပေ။
ခေါင်းတွင်တော့ ချုပ်ထားရသော ဒဏ်ရာကို ခပ်သေးသေး အနာကပ်ဆေးပတ်တီးသေးသေးဖြင့်ဖိကာ တိတ်ဖြင့်ကတ်ထားရ၏။
" ဘုံဘုံလေး မာမီ ရုံးကိုခဏသွားရမယ်၊ ဟိတ် ..ဖုန်းဆော့မနေနဲ့ ၊ ခေါင်းကိုက်မယ် ။ ပြန်လာရင် သားကြိုက်တာ တစ်ခုခုဝယ်ခဲ့မယ်။ လိုချင်တာရှိရင် တစ်ယောက်ယောက်ကိုခေါ်ခိုင်း ၊ မာမီ စိတ်ချမယ်နော် "
အခန်းပေါက်ဝရှေ့မှာ မာမီ ရပ်၍ မှာတန်းခြွေနေသော်ငြား စိတ်ကောက်နေတာမို့
ဖုန်းမှန်ပြင်ကိုသာ လက်နဲ့တောက်ရင်း အရေးမလုပ်မိပေ။
သူ့ဆီက အကြည့်တစ်ချက်မရလည်း မာမီ
သည်မှာစရာရှိတာမှာ၍ ထွက်သွားချေသည်။ ပျင်းရိဖွယ်ကောင်းတဲ့ နေ့ရက်တွေသည် ရွှေဘုံအား စိတ်ရွှင်လန်းမူ့မရှိသကဲ့သို့ ပင်ပန်းစေလေသည်။
ဒီအိမ်သည် သူအိမ်ပင်ဖြစ်သော်ငြား
အလွန်ပင် အထီးကျန်စေပြီး နေရခက်လွန်းပေသည်။
" ရေးညို့ထင် ခင်ဗျား မကောင်းတဲ့သူပဲ။
မှတ်ထား၊ ပြီးမှ လာခေါ်ရင် လုံးဝပြန်မလိုက်ဘူး။ လေးရက်တောင်ရှိနေပြီ ဖုန်းမဆက်ဘာမဆက်နဲ့ ၊ နေနိုင်လွန်းတဲ့သူကြီး။
အိမ်လည်းလာမခ်ါနဲ့ ၊ ခင်ဗျားနဲ့ ကျွန်တော်နဲ့ ဒီနေ့ ကစပြီး လုံးဝ ပတ်သတ်စရာမရှိတော့ဘူး။ ခင်ဗျားနေတဲ့ အိမ်လည်း ပြန်မလာဘူး။ လုံဝဆို လုံးဝ ပြန်မလာတော့ဘူး "
ရွှေဘုံ မကျေနပ်စွာ သူတစ်ယောက်ထဲအော်ပြောလိုက်သည်။
ကလေးဆန်လွန်းလှတဲ့ သူ့အကျင့်သည်
ထင်ထင်နဲ့အတူနေမှ ထွက်ပေါ်လာသယောင်ပင်။ အရင်ကဆိုမလှုပ်တငုတ်ဖြင့်အအေးလူသားဟုတောင်ခေါ်ရတဲ့သူသည် ရေးညို့ထင်ကြောင့် မထင်မှတ်စွာပြောင်းလဲခဲ့၏။
အိမ်ရှိလှေကားထစ်များသည် များပြားလွန်း၏။ တစ်ထစ်ဆင်းပြီးတိုင်း ခါးမှ ပြုတ်ကျတဲ့ ဒဏ်သည် တစစ်စစ်နာသော်ငြား အားမလျော့ပဲ ကြိုးစားဆင်းခဲ့လိုက်သည်။ အိမ်အောက်ထပ်သည် တိတ်ဆိတ်ကာ နေ့ခင်းရောက်ပြီမို့
အလုပ်သမားအားမတွေ့ရပေ။
" ရွှေဘုံလေး ...လက်ကသက်သာသေးတာမဟုတ်ပဲ ဘယ်သွားမလို့လဲ။
ဦးလေးထွန်းကိုခိုင်းလေ ၊ ဘာလိုချင်လို့လဲ "
ခိုးကြောင်ခိုးဝှက်ခြေလှမ်းများသည် ခြံပေါက်ဝထိမရောက်ခင် အလန့်တကြား ရပ်တန့်သွားရ၏။
သူနောက်ကို လှည့်ကာ ဦးလေးထွန်းကိုရယ်ပြလိုက်သည်။
အသက်၄၀ကျော်အရွယ်ဦးလေးထွန်းသည် ကားဒရိုက်ဘာရာထူးအပြင် ခြံစောင့်ရာထူးလည်းရှိသေးတာမို့ အလုပ်မရှိရင် ခြံထဲမှာပဲ နေတက်သည်ဆိုတာ ခိုးထွက်ချင်ဇောဖြင့်မေ့၍ သွားလေသည်။
" ဟုတ် ..ဦးလေးထွန်း ကျွန်တော် ယူစရာရှိလို့အိမ်ခဏပြန်မလို့ "
" ဘာယူမှာလဲ၊ ဦးလေးထွန်းသွားယူပေးမယ်"
" အဲ့ဒါဦးလေးထွန်းမသိဘူး။ ကျွန်တော် ထားတဲ့နေရာက ရှာရခက်တယ်။ ဒီလိုလုပ်လေ။ ဦးလေးထွန်းလိုက်ပို့ပေးလိုက်၊ ကျွန်တော်ဖာသာ တက်ရှာလိုက်မယ်"
ဦးလေးထွန်း ပုံစံက မသွားချင်သလိုရှိနေပေမဲ့ ရွှေဘုံ ခိုးထွက်မှာလည်း စိုးရိမ်နေသေးသည်မို့ မငြင်းနိုင်ပဲရှိနေသည်။
"ဒါဆို ဦးလေးထွန်း ၊ မဟန်နီ ဆီဖုန်းဆက်ကြည့်လိုက်မယ်။ သွားဆိုရင် ဦးလေးထွန်းလိုက်ပို့ပေးပါ့မယ်"
"ဆက်မနေနဲ့တော့လေ။ မာမီက အစည်းဝေးပွဲရှိလို့သွားတာ။ တော်ကြာအနှောက်ယှက်ဖြစ်နေရင် ဦးလေးထွန်းကိုဆူနေလိမ့်မယ်။ ဟိုနားသည်နားသွားတာပဲ ခဏပဲကြာမှာပါ "
ရွှေဘုံ ဇွတ်ပြောလိုက်သည်။
ဦးလေးထွန်းက ဒါတောင်မှ အင်တင်တင်နဲ့ မာမီမသိအောင် မလုပ်ချင်တဲ့ပုံဖြင့်ကားသွားထုတ်လာ၏။
ဆေးရုံတက်ပြီးကတည်းက မာမီနဲ့ဒယ်ဒီသည် သူ့အား ကလေးငယ်သဖွယ်
အထူးဂရုစိုက်လာ၏။
အတင်းအကြပ်ပိတ်ပင်တားမြစ်ထားတာမျိုးမလုပ်ပေမဲ့ ဒဏ်ရာနဲ့မို့အိပ်ယာထဲသာနေစေချင်တာမျိုးဖြစ်ပေသည်။
ရွှေဘုံသည် သူတက်နေကျ ဟောင်းနွမ်းသော အုတ်လှေကားထစ်များကိုကြည့်ကာ
ရင်ထဲနွေးထွေးသွားလေ၏။
အိုဟောင်းနေတဲ့ လမ်းကျဉ်းလေးသည်
အင်္ဂတေများကွာတဲ့နေရာကွာ ဖြင့် မသပ်မရပ်ညစ်ပတ်နေချေသည်။ သို့သော်ငြား
ရင်းနှီးနေတဲ့နေရာလေးမို့ ရွံ့ရှာခြင်းအလျင်းမရှိပဲ ရင်ထဲ လိုအပ်နေဆဲကွက်လပ်လေးပင် ပြည့်ဝသွားသလိုဖြစ်သွားသေး၏။
ထိုနေရာမှ တစ်ဆင့်ခြင်းတက်သွားလျှင် သူတို့နေတဲ့ အိမ်ကလေးဆီသို့ရောက်ပေလိမ့်မည်။
ကားပေါ်မှ ဖြေးညင်းစွာ ဆင်းလိုက်ပြီး ကားတံခါးကိုပြန်ပိတ်လိုက်ပြီးလျှင်
" ဦးလေးထွန်း နေရိပ်တဲ့နေရာကစောင့် ၊ ကျွန်တော်ဖုန်းဆက်လိုက်မယ် "
"ရွှေဘုံလေး အကြာကြီးနေလို့မရဘူး၊ မဟန်နီ သိရင်.."
ဦးလေးထွန်းစကားတွေကို ရွှေဘုံဆက်နားမထောင်ခဲ့တော့ပေ။
သူ့စိတ်အစုံသည် အိမ်ကလေးဆီကိုသာရောက်ရှိသွားပြီမို့ လှေကားကနေ တရွေ့ရွေ့တက်သွားလိုက်တော့သည်။
အညိုရောင် ကျွန်းတံခါးကိုတွန်းဖွင့်ချိန်တွင် နွေးထွေးမူ့သည် လှိုက်ခနဲ တိုးဝှေ့လာ၏။ ရွှေဘုံတွင် ထင်ထင်နှင့်အတူတူ စုံတွဲသော့လေးတစ်ချောင်းရှိလေသည်။
ထိုသော့လေးပေးစဉ်အခါက ပျော်ရွှင်မူ့သည် ဆယ်တန်းအောင်းတုန်းကထက်တောင်မှ ပိုသေးသည်ထင်။
ပြန်တွေးကြည့်ရင် ကြည်နူးစရာ ကြင်စဦး အမှတ်တရများစွာ သူ့မှာရှိနေသေးသည်။
အခန်ဝ ဖိနပ်စင်လေးတွင် ရွှေဘုံဖိနပ်ကို ဖြည်းနှေးစွာချွတ်လိုက်ပြီး အခန်းအားဝေ့ကြည့်လိုက်လျှင် လူမနေတဲ့အိမ်ဟုပင်မခံစားရပဲ ထင်ထင်၏ အငွေ့အသက်များအားခံစားမိပြီး လူတစ်ကိုယ်လုံး ရင်းနှီးစွာ သိုင်းငွေ့သွားသကဲ့သို့ပင်။
အတူတူထားတဲ့ဖိနပ်စင်တွင် ရွှေဘုံ ဖိနပ်တွေသာများပြီး သူ့ဖိနပ်ကတော့ နှစ်ရံသာရှိချေသည်။
စီကာစဉ်ကာဖြင့် ဖိနပ်လေးတွေကိုပါမချန် သပ်သပ်ရပ်ရပ်ညီညာနေအောင် ထင်ထင်က သန့်ရှင်းရေးလည်းလုပ်ပေးတက်သေးသည်။ ရွှေဘုံဖိနပ်ချွတ်တဲ့နားမှာထင်ထင်စီးနေကျ ကတ္တီပါဖိနပ်လေးက မညီမညာအတိုင်းသားမို့ စိတ်မကောင်းစွာ စင်ပေါ်ကို ကောက်တင်ပေးလိုက်၏။
ခရီးသွားတာ အဆင်များပြေရဲ့လား ဟုတွေးမိတော့ အတူသွားမယ်ဆိုပြီး မသွားဖြစ်တဲ့ခရီးအတွက် လူက စိတ်မကောင်းစွာ မျက်ရည်များက ဝေ့လာပြန်၏။
ငွေ့ရည်များသည် အမြင်လွှာကိုဖုံးလာသည်မို့ မျက်မှန်ချွတ်ကာ သုတ်လျက် စမ်းတဝါးဝါးဧည့်ခန်းက ဆိုဖာမှာ ငြိမ်သက်စွာဝင်ထိုင်လိုက်သည်။
ခုတလော အထိအခိုက်မခံလွန်းတာကြောင့် ကိုယ့်ကိုကိုယ်လည်းအားမရ။
တွေးရင်းတွေးရင်း ငိုချင်လာတာမို့ ခေါင်းငုံ့ကာ တိုးတိုးလေးရှိုက်မိ၏။
" မကောင်းတဲ့သူကြီး "
သူ့ကိုမလိုချင်တော့ရင် ဆိုတဲ့ စိတ်ကြောင့်
ရင်ထဲမှာ တလှိုက်လှိုက်နဲ့ နေရတာလုံးဝမကောင်းပေ။ မျက်မှန်ကိုလည်းပြန်မတပ်နိုင်တော့ပဲ ပုံ့ပုံ့လေးထိုင်ရင်းဝမ်းနည်းစွာငိုကြွေးမိ၏။
ထိုစဉ် သူထိုင်နေတဲ့ ဆိုဖာသည် တစ်စုံတစ်ယောက် ထိုင်လိုက်သလိုမျိုး လှုပ်ရှားသွားကာ
" လက်က ဘာဖြစ်တာလဲ။ မျက်နှာမှာတွေရော။ ရွှေဘုံ မင်းဘာဖြစ်လာတာလဲ"
ကြားနေကျ အသံသည်ဘေးမှာ ကပ်၍ ထွက်လာပြီးလျှင် ရွှေဘုံလက်သည် ဆွဲယူခြင်းခံလိုက်ရသည်။
ငိုရှိုက်နေဆဲ မျက်လုံးများကြောင့် ဘေးကလူအား သူသဲကွဲစွာမမြင်ရ။
" ထင်ထင်..ဟင့်...ထင်ထင်လား"
"ငါမေးတာဖြေ ၊ မင်းဘာဖြစ်လာတာလဲ "
အေးစက်လွန်းသောအသံကြောင့်ရွှေဘုံ ဆတ်ခနဲတုန်သွား၏။
သို့သော်ငြား ဖွဖွဆုပ်ကိုင်ထားသော
လက်၌နွေးထွေးမူ့သည် မထိရက်မကိုင်ရက်ဖြင့် ဒဏ်ရာအား ဂရုတစိုက်ရှိနေသည်။
ရေးညို့ထင်သည် လွန်ခဲ့သော နှစ်ရက်ခန့်က အိမ်ပြန်ရောက်ခဲ့ပေမဲ့ ကောင်ကလေး အားတွေ့ဆုံဖို့ ဇဝေဇဝါဖြစ်နေခဲ့ရခြင်းကြောင့် ပြန်သွားမခေါ်ခဲ့ပေ။
သွားခေါ်ရင်တောင်မှ သူ့အား လက်ထပ်ထားသူအဖြစ်သာ အားနာ၍ လိုက်လာမည်ကို စိုးမိသည်။
တနေကုန်စိတ်ဓာတ်ကျစွာ ဆိုဖာပေါ်မှာ လှဲအိပ်နေခိုက် အိမ်ထဲဖွင့်ဝင်လာကာ ခြေရင်းမှာ ငုတ်တုတ်လာထိုင် ငိုမှ နိုးလာခဲ့ခြင်း ။
ဘယ်သူထင်မှာလဲ ၊ တစ်ပတ်ခန့် မတွေ့ရတဲ့အတောအတွင်း လက်မှာ ဒဏ်ရာအပြင် မျက်နှာမှာလည်း မျက်ခွံတွေမို့ယောင်နေသည်ထိ နီအန်းနေတဲ့အခြေအနေမျိုး ဖြစ်နေမယ်လို့။
" ရွှေဘုံမင်းစံ.. ဘာဖြစ်လာတာလဲလို့ မေးနေတယ်လေ"
ရေးညို့ထင် မျက်လုံးတွေသည် နီရဲလာကာ မေးကြောများပင် ထင်းလာသည်ထိ ။
"ဟင့်.. ထင်ထင် ..။ ထင်ထင်ဘာလို့
ကျွန်တော်ကို လာမခေါ်တာလဲ။ ကျွန်တော်ကို ဘာလို့ အိမ်မှာရှိရဲ့နဲ့ ပစ်ထားတာလဲ ။ ကျွန်တော်အား မလိုချင်တော့တာလား "
ရွှေဘုံသည် သူ့အားအော်ဟစ်နေတာကြောင့် မျက်ရည်များသည် အဆက်မပျက်ကျလာရသည်။ သို့သော် ရင်ထဲမှာ ပြည့်မောက်လာတဲ့ အစိုင်အခဲသည် သူ့အားမေးခွန်းတွေ ဖြစ်စေခဲ့သည်။ သူထင်ထင်အားမကြောက်ဘူး ။
ထင်ထင်ဘယ်လောက်အော်အော် ထင်ထင် ကိုမကြောက်ဘူး။
အတွေးဖြင့် ဘယ်လောက်ဖြေသိမ့်နေပါစေ သူကိုယ်သည် တဆတ်ဆတ်တုန်ရီနေလျက်။
ရေးညို့ထင် သက်ပြင်းကိုချကာ
ရွှေဘုံအား လက်မောင်းကနေမြောက်၍ ဆွဲယူလိုက်ပြီး လေသံကို လျော့လိုက်ရသည်။
" ကိုယ်ရောက်နေတာ နှစ်ရက်ရှိပြီ။
မင်းကိုလာမခေါ်တာ ၊ မင်းကိုယ်နဲ့ နေချင်ပါ့မလား တွေးမိသွားလို့။ "
" ရွှေဘုံက ဘာလို့ မနေချင်ရမှာလဲ။
ရွှေဘုံတို့နှစ်ယောက်လုံး လက်ထပ်ပြီးပြီ။ ထင်ထင်ပြောတော့ အသက်ကြီးတဲ့အထိ အတူရှိနေသွားကြမယ်ဆို။ အဲ့ဒါတွေအကုန်လုံးထင်ထင်လိမ်နေတာလား။ ထင်ထင်
ခု ရွှေဘုံကို မလိုချင်တော့လို့ပစ်ပယ်ဖို့ ကြိုးစားနေတာဆိုတာ ရွှေဘုံသိတယ်။ "
ပြောရင်း ရွှေဘုံ ထပ်ငိုမိပြန်သည်။
သူဝမ်းနည်းသည်။ သူအများကြီးဝမ်းနည်းနေလေပြီ။
ဂုတ်ပိုးဆီမှ တဖွဖွပွတ်သပ်နေသော
လက်ကြောင့် မျက်ရည်များက မရပ်တန့်တော့သလို။ ဖြစ်နိုင်ရင် ထင်ထင့်နားကနေ ဘယ်မှ မသွားချင်ပေ။
" ကိုယ်အများကြီးမှားသွားပါတယ်။
တောင်းပန်ပါတယ်။ အကြီးဖြစ်ပြီး ကိုယ့်အတွေးတွေ မရင့်ကျက်ခဲ့ဘူး။ ကိုယ့်အမှားပါ။ မငိုပါနဲ့ကွာ .."
" ကျွန်တော် ကြောက်တယ်၊ ထင်ထင်
ကျွန်တော့်ကို မစွန့်ပစ်လိုက်ပါနဲ့နော်။
ကျွန်တော်အများကြီး လိမ်မာပါ့မယ်။ ထင်ထင်မကြိုက်တာတွေလည်းမလုပ်တော့ပါဘူး "
ကောင်ကလေးကို ရင်ခွင်ထဲကနေဆွဲထုတ်၍ သူ့အားကြည့်စေပြီး မျက်ရည်များအား သုတ်ပေးမိသည်။
ညိုရီနေသော မျက်လုံးတွေသည် ငိုထားသာ အရှိန်ကြောင့် နီရဲလျက်ရှိကာ မျက်ခွံတွေသည် စ်ိမ်းပြာရောင် သန်းကာ ယောင်နေလေသည်။
ရေးညို့ထင် မျက်မှောင်ကြုတ်ကာ
မျက်နှာကို ဟိုဖက်သည်ဖက်လှည့်ကာစစ်လိုက်သည်။
" အ ! ထင်ထင် နာတယ်"
ရေးညို့ထင် ခေါင်းကို ငုံ့ကာ ကြည့်လိုက်လျှင်ပတ်တီးဖြင့် အုပ်ထားသော ထိခိုက်ဒဏ်ရာအားတွေ့ရှိပြီးနောက် မေးကြောများသည် ထပ်မံ၍ ထောင်ထလာလေသည်။
" ဘာဖြစ်တာလဲ ကိုယ့်ကိုအရင်ပြော"
"ပြုတ်ကျတာ ။ ထင်ထင်နဲ့ ခရီးသွားမယ်လို့ပြောတဲ့နေ့က ပန်းတက်ဆင်တာ
အမြင့်ကနေပြုတ်ကျတာ။"
"အဲ့ဒါကြောင့် ကိုယ်နဲ့ မလိုက်တော့တာလား"
"အင်း ..ထင်ထင် စိတ်ပူပြီး လက်ဝှေ့မထိုးနိုင်မှာစိုးလို့။ စင်ပေါ်ရောက်ရင် အသတ်နဲ့ရင်းရတယ်တဲ့။ ကျွန်တော်ကြောင့်စိတ်အနှောက်အယှက်ဖြစ်မှာ စိုးတယ်။ အဲ့ဒါကြောင့် ပေးမသိခိုင်းတာ။ ကျွန်တော်
ကို ဘန်ကောက်ခေါ်သွားပြီး ဒယ်ဒီတို့ သေချာ ကုပေးထားတယ် ၊ ထင်ထင်စိတ်မပူနဲ့ "
" ဒီမှာကြည့် ၊ မဟုတ်ဘူး မျက်မှန်မတပ်နဲ့ ကိုယ့်စကားတွေကိုသေချာနားထောင် "
မျက်မှန်ပြန်တပ်ဖို့လုပ်တဲ့ လက်ကို ဆွဲတားကာ မတပ်စေပဲ ပါးနှစ်ဖက်အား လက်ဖဝါးထဲထည့်၍ သူ့အားကြည့်စေလိုက်ပြီး
" မင်း က ကိုယ့်အတွက် အရေးကြီးတယ်။
ကုန်ကုန်ပြောမယ်။ ကိုယ့်အသက်ထက်ပိုပြီး မင်းက အဖိုးထိုက်တန်တယ်။ တစ်ခုပဲကိုယ့်ကိုလိမ်တာ အမုန်းဆုံးမို့ မင်းလိမ်တာဒါနောက်ဆုံးဖြစ်ပါစေ ။ နောက်နောင် မင်းနဲ့ပတ်သက်တာအကုန် လုံး ကိုယ်သိဖို့ လိုတယ်။ ကိုယ်တိုင်လည်း သိဖို့ကြိုးစားမယ်၊ ကိုယ်မမြင်နိုင်တဲ့ တစ်နေရာရောက်နေရင်လည်းပြောပြဖို့က မင်းတာဝန်ပဲ။ ကြားလား"
" မကြားဘူး။ ကျွန်တော် စိတ်ဆိုးနေတုန်းပဲ "
ရေးညို့ထင် မျက်မှောင်ကြုတ်လိုက်ရင်း
" မင်းကိုယ့်ကို မကြောက်ဘူးလား "
ရွှေဘုံ သူ့ပါးပေါ်ကိုလက်တွေကို ဖယ်ချကာ ထင်ထင့်အား ကောင်းတဲ့ လက်တစ်ဖက်နဲ့ သိုင်းဖက်လိုက်သည်။
" မကြောက်ဘူး။ လုံးဝ "
တွန့်ချိုးထားတဲ့ မျက်ခုံးတန်းများသည် ပြေလျော့သွားကာ ညီညာတဲ့ သွားတန်းသည် ပေါ်ပေါက်လာပြီးလျှင် ရေးညို့ထင် တိုးသက်စွာရယ်မောလိုက်လေသည်။
ဒီကောင်ကလေးကတော့ တကယ်ပါပဲ။
" ကိုယ်မင်းကို လွမ်းနေတာ "
"ကျွန်တော်ရောပဲ "
"ရွှေဘုံလို့ပြော"
ကောင်ကလေး လည်ပင်းကြားမှာ မျက်နှာအပ်ရင်း သူပြောလိုက်ပြီး
မွှေးပျပျ အနံ့သင်းသင်းကို အားရအောင်
ရှူ ရိုက်လိုက်သည်။
" ထင်ထင် "
" အင်း "
"မဝင့်ဝါသွေးက "
"စိတ်ပူစရာမလိုဘူး ။ ကိုယ်မင်းကိုဘယ်တော့မှ သစ္စာဖောက်မှာမဟုတ်ဘူး "
ဒါအမှန်တရားပင်။ ဝင့်ဝါသွေးကို သူချစ်ခဲ့ပေမဲ့ ထိုခံစားချက်တွေသည် အတိတ်မှာသာ ရိုးရှင်းစွာ ကျန်ခဲ့ပြီဖြစ်သည်။
လက်ရှိမှာတော့ ကောင်ကလေးကသာ သူ့ဘဝမို့ စိတ်နှလုံးမချမ်းသာစရာ အတွေးဆိုးတွေကို ကောင်ကလေးအား မတွေးစေချင်ပါ။ ထို့ကြောင့်နွေးထွေးစွာ သိုင်းဖက်ရင်း နားထင်စပ်လေးတွေအား မွှေးကြူ မိ၏။
" ထင်ထင် နာနေသေးလား "
" နည်းနည်းပါ။ ကိုယ်ခါးနည်းနည်းနာနေလို့ မင်းကို ခုတလော ပွေ့ချီနိုင်မှာမဟုတ်ဘူး "
"နောက်ထပ်ရော ဘာဒဏ်ရာတွေရသေးလဲ "
" ပါးစောင်ပေါက်သွားတယ်။ မျက်ကွင်းညိုတာကတော့ နောက် တစ်ပတ်လောက်နေရင် ပျောက်သွားလိမ့်မယ်။ လည်ပင်းက အကြောတင်နေတာလားမသိဘူး ၊ မျက်တက်တက်ဖြစ်နေတယ်။ "
"နောက်ပြီးတော့ရော ..."
" နည်းနည်းပါးပါးပါ ၊ ပွဲပျက်သွားလို့
အချိန်အကြာကြီးတောင်မှ မထိုးလိုက်ရဘူး။ ကိုယ်ဘာမှ မဖြစ်ဘူး စိတ်မပူနဲ့ "
"ခဏလေး ၊ မျက်မှန်ယူပေး ၊ သေချာကြည့်မယ် "
ရေးညို့ထင် ရုန်းကန်နေတဲ့ ကိုယ်လုံးလေးကိုငြိမ်သွားအောင် ဖိကာ ထိန်းလိုက်ပြီးလျှင် မျက်နှာအားမော့စေလိုက်၏။
" မလိုဘူး။ ဒီနေ့မျက်မှန်မတပ်နဲ့။
ကိုယ်လုပ်စရာတွေ အများကြီးကျန်သေးတယ်။ "
" လုပ်စရာတွေ ။ ဘာကျန်သေးတာလဲ "
ပုတ်ခတ်နေတဲ့ မျက်တောင်ဖျားတွေးငေးကာ သူရယ်မိသည်။
" နမ်းဖို့ ကျန်သေးတယ်လေ ။ မလှုပ်နဲ့"
ပန်းသွေးရောင်မို့မို့ မျက်ခွံတွေအား ဖိကပ်နမ်းလိုက်ပြီး မျက်လုံးကိုပိတ်စေလိုက်သည်။ ထို့နောက် နှဖူးလေးအားနမ်းသည်။ ထိုမှတဆင့် မေးဖျားကို နမ်းပြီး ပါးပြင်နှစ်ဖက်အားလည်းမလွတ်စေရ။
မျက်နှာအနှံ့ တဖွဖွနမ်းရှိုက်ပြီး သူ့နှာခေါင်းဖျားသည် ချယ်ရီရောင် အဆင်းရှိသော နှုတ်ခမ်းဖျားသို့ အခြေချ၏။
ကောင်ကလေးနှုတ်ခမ်းလေးသည် ချို ပြီးမွှေးနေ၏။ သူထိကပ်ရုံမျှ နမ်းရှိုက်ပြီး မေးဖျားအားဆွဲ၍ နှုတ်ခမ်းကိုဖွင့်ဟစေသည်။
အပေါ်နှုတ်ခမ်းသားအား အားနှင့် တချက်မျှ ထွေးစုပ်ယူပြီး အောက်နှစ်ခမ်းသားကိုလည်း အလောတကြီး စုပ်ယူမိ၏။
ရေးညို့ထင် သူ့လျှာအား ထုတ်၍ ဖွင့်ဟနေသော နှုတ်ခမ်း အတွင်းအားထိုးသွင်းလိုက်သည်။ နုညံ့စိုစွတ်သော အထိအတွေ့က ရူးသွပ်စေမတက်။
သူ့လျှာဖျားသည် အိစက်မူ့ရှိတဲ့ လျှာနုနုအားအကြမ်းပတမ်းရစ်ပတ်မိချိန်တွင်
တံခါးခေါက်သံထွက်လာ၏။
ဒေါက် ...ဒေါက်
" ရွှေဘုံလေး ။ ဦးလေးထွန်းပါ.. မဟန်နီ
အိမ်မှာပြန်ရောက်နေပြီ ၊ ကြာနေလို့ ဖုန်းဆက်ပြီးပြန်လာခိုင်းနေတယ်။ "
ဦးလေးထွန်းအသံကြားသည်မို့ရှက်ရှက်ဖြင့် ထင်ထင်အားတွန်းလိုက်လျှင် အဖယ်မခံပဲ မျက်နှာအား ညှစ်ထားပြီး ဇွတ်နမ်းနေဆဲပင်။ မကြားရဲစရာ အသံတွေသည် နမ်းရှိုက်ရာမှ ထင်ထင်ရှားရှားထွက်လာသည်ထိ ကြမ်းတမ်း၏။
နုညံ့မူ့တစ်စုံတစ်ရာမရှိပဲ အပြုအမူကြမ်းတွေပဲရှိတက်သော သူကို
ကောင်းတဲ့လက်ဖြင့်ထုရိုက်၍
" အွန့် ထင်..ထင်ထင်တော်တော့ နာနေ..ပြွတ် "
နှုတ်ခမ်းတစ်စုံသည် လွှတ်ထွက်အောင် ရုန်းဖယ်၍ မရနိုင်အောင် ရဲတင်းလွန်းသည်။
ရွှေဘုံလျှာအား အလွတ်မပေးနိုင်သကဲ့သို့
စုပ်ယူထွေးပွေ့ထားကာ ပါးနှစ်ဖက်အားညှစ်၍ နောက်သို့ဆုတ်မရအောင်ချုပ်ထား၏။
တံခါးခေါက်သံသည် စူးစူးဝါးဝါးပေါ်ထွက်နေဆဲ။
" ရွှေဘုံ ..ဦးလေးထွန်းပြောတာကြားလား"
ချစ်တဲ့အိမ်စည်။
( ခန့်မင်းထည်မဟုတ်ပါဘူး။ ဘုန်းခန့်ထည်ပါ။ အစပိုင်းမှာ နှစ်ကြိမ်မျှမှားရေးခဲ့မိလို့
ဇာတ်သိမ်းတာနဲ့ Unပြီးစာစစ်မှာပါ။
ဇာတ်သိမ်းဖို့နီးလာပါပြီနော်။ reviewလေးတွေအတွက်ကျေးဇူးတင်ပါတယ်။
ဒရမ်မပါဘူးလို့ပြောခဲ့ပြီးသားပါ။ဇာတ်အိမ်တစ်အိမ်ဖြစ်ဖို့ အချိုးအကွေ့အနည်းအကျဉ်းတော့ရှိမှာပါ။ ဒါကို နားလည်ပေးပါ။
နောက်ဇာတ်လမ်းတွေမှာတော့ ဘာဖြစ်မယ်၊ ညာဖြစ်မယ်ဆိုပြီး မပြောတော့ဘူး။
စာဖတ်သူတွေကို အလိုလိုက်ရတာ
စာရေးတဲ့သူတစ်ယောက်အနေနဲ့ ဇာတ်အိမ်ပျောက်စေတယ်။ ဒီဇာတ်လမ်းပြီးရင်
The Lotus Blooms ကို Rebirth အနေနဲ့အသက်သွင်းမှာပါ။ မရေးဘူးတဲ့ ပုံစံမို့
နည်းနည်းတော့ဖိအားရှိနေတယ်။
updateက တစ်ရက်ခြား တစ်ပိုင်းပါ။ )
Bạn đang đọc truyện trên: ZingTruyen.Xyz