ZingTruyen.Xyz

တသက်လုံးပျော်ချင်မောင့်ကိုချစ်ပါ(တသက္လံုးေပ်ာ္ခ်င္ေမာင့္ကိုခ်စ္ပါ)Completed

27

eainsi23

ခြမ္း!

တစစီျဖစ္သြားေသာ ဖုန္းသည္ သမံသလင္းေပၚမွာ တံုးလံုးပက္လက္။
ေရးညိဳ႕ထင္ မ်က္လံုးစံုမွိတ္လ်က္ မ်က္နွာကိုေမာ့လိုက္သည္။ သူ႔ေခါင္းသည္ အေနာက္ဖက္ အုတ္နံရံနွင့္ ထိစက္ကာ ၿငိမ္သက္သြားေပမဲ့  ဖားဖိုကဲ့သို႔ နိမ့္ခ်ည္ျမင့္ခ်ည္ျဖစ္လ်က္ရွိေသာ မို႔ေမာက္ေနတဲ့ရင္ဘတ္က  အသက္ရူသံသည္ မည္မ်ွ ေဒါသကိုထိန္းေနရမွန္းသိသာေစသည္။

" မိုက္  "

ကိုနိုင္းရဲ႕ စိုးရိမ္ေသာ အသံသည္ အခန္းက်ဥ္းအလယ္မွာ လႊင့္ပ်ံ့လာလ်ွင္ မွိတ္ထားတဲ့ မ်က္လံုးေတြသည္ ဖ်တ္ခနဲ ပြင့္ဟ၍ လာ၏။

"စိတ္ကိုေလ်ာ့  ၊ ေဒါသေၾကာင့္ မမွားသင့္တဲ့အမွားေတြ ျဖစ္တက္တယ္။ အားကစားသမားတစ္ေယာက္အေနနဲ႔ စိတ္က အၿမဲ ေရျပင္ညီလို ၿငိမ္သက္ေနမွ ရမယ္။ စိတ္လႈပ္ရွားလို႔မရဘူးး "

"ကြၽန္ေတာ္သိပါတယ္ "

မ်က္နွာကို ခပ္ၾကမ္းၾကမ္းပြတ္သပ္ရင္း သူမတ္တပ္ရပ္လိုက္သည္။ ထို႔ေနာက္ အခန္းေထာင့္မွာရွိတဲ့ ဖုန္းကိုတစ္ခ်က္ေဝ့ၾကည့္လိုက္လ်ွင္ စုရုံးစ ျပဳေနတဲ့ ၿငိမ္သက္ျခင္းေတြသည္တဖန္ ျပန္လည္ ဝဲကယက္ထလာသလို ျဖစ္လာ၏။

"ေတာက္! "

မၿငိမ္သက္ဆဲေဒါသသည္ နႈတ္မွၾကမ္းတမ္းစြာထြက္ေပါက္ရွာေနေသးသည္။

" မိုက္  ..."

သူသက္ျပင္းခ်၍ ေခါင္းကိုၿငိမ့္သည္။
ထို႔ေနာက္ အခန္းေထာင့္ဆီကိုထပ္မံလွည့္မၾကည့္ပဲ  တံခါးဝဆီသို႔ သြက္သြက္သြားလိုက္သည္။
ပိတ္ထားတဲ့ တံခါးကို ကိုနိုင္းသည္ လ်ွင္ျမန္စြာဖြင့္ေပးလိုက္ခ်ိန္တြင္ ဆူညံ့ေသာ ဟစ္ေႂကြးသံမ်ားသည္ ညံစီ၍ လိႈင္တက္လာသည္။

ဒီေန႔ဟာ သူေန႔။

ရွည္လ်ားတဲ့ေျခတံရွည္ေတြသည္ ကိုနိုင္းဖြင့္ေပးတဲ့တံခါးမွတစ္ဆင့္ျပင္ပသို႔ ထိုးထြက္ၿပီး ျမန္ဆန္ေသာအရွိန္ျဖင့္သတ္ကြင္းအလယ္သို႔တိုးဝင္လိုက္သည္။
မိုက္သည္ ႀကံ့ခိုင္ေသာ ေပါင္သားေတြထိသာဖံုးအုပ္ထားနိုင္ေသာ  အနက္ေရာင္ ေဘာင္းဘီတိုတစ္ထည္ကိုဝတ္ထားၿပီး
အေပၚပိုင္းမွာေတာ့ လက္ရွည္ ေခါင္းေဆာင္းတစ္ထည္ကို မ်က္လံုးေတြ မျမင္ရသည္ထိ ဆြဲခ်ေဆာင္းထားေလသည္။ ရင္ဘတ္ တေလ်ွာက္တြင္ မည္သည္အကာအကြယ္မွမပါရွိပဲ အေပၚရုံ ေခါင္းစြပ္၏ အနားစသည္ ေလမွာ ရမ္း၍ ျမန္ဆန္ေသာ အရွိန္ကိုမမွီမကမ္းလိုက္ဖမ္းေနသလို
မ်က္စိပဒသရွိေခ်သည္။
လႈပ္ရွားမူ႔ဟန္ပန္သည္ ခန္ညားထည္ဝါကာ က်ားရုိင္းတစ္ေကာင္ သားေကာင္ရွာေဖြေနသကဲ့နွင့္ဆင္တူၿပီး အခ်ိန္မေ႐ြး ေသာင္းက်န္းနိုင္တဲ့ ပံုလည္းေပါက္သည္။

" မိုက္  မိုက္  မိုက္  "

ေႂကြးေၾကာ္သံေတြသည္ ေကာင္းကင္ယံထိျမည္ဟီးလ်က္။
မိုက္သည္ သူ၏ စူးရဲေသာ မ်က္လံုးကို အလုပ္ေပးလိုက္သည္။ မ်ားျပားေသာ လူအုပ္ႀကီးသည္ လက္သီးလက္ေမာင္းတန္းကာ သူ႔နာမည္အား ေခၚငင္ေနၾကသည္။
အားသန္ေနေသာ အၾကည့္တို႔ျဖင့္ သူ႔အား
ၾကည့္၍ အားေပးေနၾကသည္။ နႈတ္မွ တတြတ္တြတ္႐ြတ္ဆိုေနေသာ စကားစုသည္ မိုက္ဟု ေခၚၿပီး သူ႔အား အဖန္တလဲလဲ
အသိမွတ္ျပဳ ေနၾကသည္။
ဒါသူ႔ဘဝပင္။
ေနာက္ဆံုးအႀကိမ္ ျဖတ္ေက်ာ္ရမည့္ သူ႔
လက္ရွိအေျခအေန။

" မိုက္ စိတ္ေအးေအးထား၊ အလ်င္လို အမွားျဖစ္တယ္။ မင္းပံုစံကိုဒီေန႔မႀကိဳက္ဘူး
မင္းယွဥ္ၿပိဳင္ရမဲ့သူက ေတာ္ရုံလူမဟုတ္ဘူးေနာ္၊ သတိကပ္ၿပီး အားနည္းခ်က္ကိုရွာ ၊ စိတ္မလႊင့္ေစနဲ႔"

မည္သည့္စကားမွမဆိုပဲ ကိုနိုင္းအားတည့္တည့္ၾကည့္၍ ခ်ာခနဲလွည့္ထြက္သြားလိုက္လ်ွင္ ကိုနိုင္းသည္ စိုးရိမ္စြာ က်န္ရွိေနခဲ့သည္။ မိုက္ပံုစံသည္ ဒီေန႔ထူးျခားေနၿပီး
ေဒါသအရွိန္အဟုန္ေတြကိုလည္းသူျမင္ေနရသည္။  အသတ္နဲ႔ယွဥ္ၿပိဳင္ရေသာသူေတြမို႔ ေသြးေအးမွ အမွားနည္းေပမည္။
ေၾကာက္႐ြံ႕မူ႔သည္ ရႈံးနိမ့္ဖို႔ရာခိုင္နႈန္မ်ားေလသည္။ ဒီေန႔ မိုက္မ်က္လံုးေတြမွာ ေဒါသနွင့္အတူ ေၾကာက္႐ြံ႕ျခင္းေတြသူျမင္လိုက္မိသည္။  ဖုန္းပစ္ခြဲလိုက္တာမို႔ တစ္စံုတစ္ဦးသည္ မိုက္အား ရန္စလိုက္ၿပီမွန္းသတိထားမိေပမဲ့ ထို႔မ်ွေလာက္ မိုက္အား အေျခပ်က္ေစမည္မွန္း သူေမ်ွာ္မွန္းမထားခဲ့ေပ။

မိုက္ စင္ေပၚရွိႀကိဳးဝိုင္းကိုဆြဲမခ်ိန္တြင္ တစ္ဖက္၌လည္း အလားတူ သူ႔အားၾကည့္၍ ခုန္႔ေက်ာ္ၿပီးဝင္လာသူရွိသည္။

"Riko "

အေနာက္အရပ္က ဝံပုေလြ ဟုေခၚဆိုသူ။
အရပ္အေမာင္းက သူ႔ထက္ေခါင္းတစ္လံုးစာပိုကာ ဝိတ္တင္ထားေသာ မိုက္ေတာင္မွ သူနဲ႔ယွဥ္ အနည္းငယ္ ေသးသြားသလို။ တုတ္ခိုင္လွေသာ လက္ေမာင္းႂကြက္သားေတြသည္ ဖုထစ္ကာ တင္းပုတ္ႀကီးသဖြယ္ျဖစ္ေနၿပီး  ဦးေခါင္းထပ္၌ ဆံခ်ည္တစ္မ်ွင္ေတာင္မရွိပဲ ဦးေရေျပာင္ျဖစ္ေနသည္ ။

" Hello အေကာင္ေပါက္ေလး "

Rikoဆီမွ သူ႔အား ေလွာင္ေျပာင္စေနာက္လိုက္တဲ့ စကား။
မိုက္မ်က္နွာေျပာင္းလဲမသြားေပ။
ေသြးဆာေနေသာ က်ားရဲသ႑ာန္
နီေစြးေနေသာ မ်က္လံုးေတြေၾကာင့္ Riko
ရယ္ေနရာမွ တည္သြား၏။
မိုက္က ေလ်ာ့တြက္လို႔မရတဲ့ အာရွက်ားေလးဆိုတာ သူသိခဲ့ၿပီးသားမို႔  စေနာက္ခ်င္ဟန္ရွိတဲ့ အျပဳအမူေတြသည္ ခ်က္ျခင္းေလနဲ႔အတူလႊင့္ပါသြားတဲ့ တိမ္ဆိုင္ေတြပမာ ျဖစ္သြား၏။
မိုက္၊ ထိုသူကို သူသိသည္။
ညိဳစင္ေသာ အသားေရသည္ သူတို႔တိုင္းတပါးသားနဲ႔မတူသလို ၊ ျပတ္သားဟန္ရွိတဲ့ အၾကည့္စူးစူးတို႔သည္လည္း အထင္ႀကီးဖြယ္ရွိေပသည္။
သူနဲ႔ယွဥ္ရင္ ေသးသြယ္သလိုရွိတဲ့ ကိုထည္သည္ က်စ္လစ္ကာ မာေက်ာသည္၊ အၾကမ္းခံနိုင္အားရွိပံုေပၚသည္။

႐ြီးး...

ဒိုင္ဆီမွ ခရာသံနွင့္အတူ  ပြဲစေၾကာင္းျပတဲ့ လက္ဟန္ တစ္ခုက သူတို႔နွစ္ေယာက္ၾကားမွာ ျဖတ္ေျပးသြား၏။
Riko သတိအေနအထားနဲ႔ ေထာင့္ကို ေျခတစ္လွမ္းဆုတ္လိုက္သည္။
မိုက္လည္းထို႔အတူပင္။

မိုက္သည္ Riko၏ လႈပ္ရွားမူ႔ဟန္ပန္ကိုမျပတ္တမ္းစိုက္ၾကည့္ေနေသာ္ျငား သူ႔အာရုံတို႔ကေတာ့ အျပည့္အဝ အားစိုက္မူ႔မေပးနိုင္ေၾကာင္းကို သိရွိေနေလသည္။
သူ႔အေတြးထဲတြင္ တစြန္းတစ ကပ္ညႇိပါဝင္ေနတဲ့ အသံေလးတစ္သံရွိေနသည္။
ထိုအသံကို သူအာရုံမွဖယ္ခြာ၍ မရနိုင္ေအာင္ ျဖစ္ေနသည္မို႔ Riko အားနည္းခ်က္ကိုဖမ္းဆုတ္မရနိုင္ေအာင္ျဖစ္ေနသည္။

သို႔ေသာ္ အတြင္းစိတ္၌ မည္မ်ွ ကေယာက္ကယက္ျဖစ္ေနပါေစ ျပင္ပမွာမူကား ေအးစက္မာေၾကာကာ ပိုမိုေဒါသထြက္ေနသကဲ့သို႔ ျဖစ္ေနေစသည္။

" ေၾကာင္ကေလး "

Rikoသည္ သူ႔ေဒါသအားဆြေနေပသည္။
သူမလႈပ္တငုတ္သာ ျပန္ၾကည့္ၿပီး ့ပထမဆံုးလက္သီးတစ္ခ်က္အား ျမည္းစမ္းေစလိုက္သည္။
ကိုယ္ခနၶာႀကီးထြားေသာ Rikoသည္
မိုက္လက္သီးအားမၿဖံဳေပ။
မေရွာင္ပဲ  ေက်ေက်နပ္နပ္ခံေစၿပီး
မိုက္အား စေနာက္ေနေလ၏။

ဆက္တိုက္ပင္ မိုက္၏ လက္သီးမ်ားသည္ ေနရာအနွံ ့Rikoဆီသို႔ပစ္ဝင္ပါေသာ္ျငား
Rikoသည္ သူ႔လက္နွစ္ဖက္ကို မ်က္နွာနွင့္တစ္တန္းထဲေျမာက္ကာ ဖြဲအိတ္ကဲ့သို႔ ျပဳမူေနေလသည္။
နည္းနည္းေလးမွယိုင္မသြားေသာ Rikoေၾကာင့္ မိုက္ မ်က္လံုးေတြျပဴ းက်ယ္သြားေလၿပီး အံ့ၾသစြာေမာ့ၾကည့္မိလ်ွင္ လက္သီးတစ္လံုးသည္ ရိပ္ခနဲေျပးဝင္လာၿပီး မိုက္သည္ အနည္းငယ္မ်ွ ေနာက္ကိုဆုတ္မိသြားသည္။မ်က္လံုးတို႔သည္ ျပာေဝသြားကာ ႀကိဳးတန္းကို အေလာတႀကီး လဲက်မသြားေအာင္ ဆြဲခိုမိသည္ထိ လက္သီးခ်က္က ျပင္းလွသည္။

" မိုက္ သတိထား "

ကိုနိုင္ေအာ္သံမဆံုးခင္ ရိပ္ခနဲ ထပ္မံေျပးဝင္လာေသာ Riko ။
မိုက္ သတိကိုအလ်ွင္အျမန္ကပ္ကာ
Rikoနဲ႔ဆန္႔က်င့္ဖက္သို႔ တိုးေရွာင္၍ နံၾကားကို ဒူးနဲ႔ေတ့တိုက္လိုက္သည္။
အြတ္ခနဲ ျမည္သံျပဳကာ Riko ညႊတ္က်သြား၏။ သို႔ေသာ္ ခ်က္ျခင္းျပန္မတ္လာကာ မိုက္အား လက္ျပန္ရုိက္ခ်သြားသည္။
မ်က္နွာသည္ လည္ထြက္သြားကာ လူကလည္း ၾကမ္းေပၚသို႔ဗိုင္းခနဲ က်သြားေလသည္။ ကိုနိုင္းေအာ္သံလည္းမၾကားရေတာ့သလို႔ နားစည္သည္ အူတက္လာသည္။ တိတ္ဆိတ္ေနတဲ့ ကြင္းျပင္တြင္
ေစာက သူေရာက္ေနတဲ့ သတ္ကြင္းမဟုတ္သကဲ့ ထူးျခားစြာ ၿငိမ္သက္သြား၏။

ကိုနိုင္းသည္ ႀကိဳးကိုပတ္ကာ စင္ေဘးမွာ ေျပးလႊားကာ သူ႔အားေခၚဆိုေနေလသည္။
သို႔ေသာ္ သူမၾကားေပ။ နားထဲမွာ ၾကားေယာင္ေနတဲ့ အသံေတြသည္ ေကာင္ကေလး၏ အသံေတြသာျဖစ္ေလသည္။

" ခ်စ္တယ္ ။ ကြၽန္ေတာ္ ခင္ဗ်ားကို အမ်ားႀကီး ခ်စ္ခဲ့တယ္"

ထိုစကားသံသည္သူမဟုတ္ေသာ လူတစ္ေယာက္အား ေကာင္ကေလးေျပာေနတဲ့အသံ။ ပြဲစင္ေပၚေရာက္ေနတာကိုေမ့ၿပီး သူ႔အာရုံေတြသည္ လြင့္ပ်ံ့၍ သြားေလသည္။
ထိုစဥ္ လူတစ္ကိုယ္လံုးေလဟာနယ္သို႔ေရာက္ရွိသြားေစၿပီး Rikoသည္ သူ႔အား ႀကိဳးဝိုင္းေထာင့္သို႔ ကိုင္ေျမာက္လိုက္ေလသည္။ အရုပ္ႀကိဳးျပတ္ပံုက်သြားၿပီးေနာက္မွာ Rikoသည္ သူရွိရာသို႔ေျပးလာကာ
ဒူးနဲ႔ရင္ဘတ္အား ေစာင့္တိုက္မဲ့ ပံုျဖင့္ အားမာန္အျပည့္ျဖင့္ေျပးလာကာ ဒူးကိုေျမာက္လိုက္ေလသည္။ မ်က္လံုးကိုစံုမွိတ္ကာ ခံယူဖို႔ျပင္ဆင္လိုက္သည္။
အာေလ်ာ့ေနတဲ့ ကိုယ္ထည္သည္ မည္သို႔မွျပန္လည္ဖြဲ႕စည္းဖို႔ ခြင့္မျပဳေတာ့။
ထိုစဥ္မွာ ပင္ တစ္ပြဲလံုးကိုေထာက္ပံ့ေပးထားေသာ ပင္မ မီးလံုးနဲ႔ ခန္းမအတြင္းရွိမီးမ်ားအားလံုးဖ်တ္ခနဲၿငိမ္းသက္သြားကာ ေအာ္သံမ်ားဆူညံစြာၾကားလိုက္ရၿပီးေနာက္ သူ႔ကိုယ္သည္ ႀကိဳးစင္အာက္ကေန တစ္စံု တစ္ေယာက္က ဆြဲထုတ္ယူခံလိုက္ရသည္။

" ရဲေတြ လာေနၿပီ အျပင္မွာ ၊ ေျပးေျပး "

ဆူညံ့သံေတြသည္ တဖန္ျပန္လည္စည္ကားလာၿပီး လူေတြသည္လည္း ရုတ္ရင္းဆန္ခတ္ေျပးလႊာေနတာကို ေမွာင္မဲေနတဲ့ အိမ္အိုအတြင္း အတိုင္းသားၾကားေနရသည္။ ယခုေနရာသည္တရားမဝင္ ေနရာတစ္ခုေပမဲ့  ရဲနွင့္ ဆက္ဆံေရးေျပျပစ္ၿပီး ယခင္ ထိုသို႔အျဖစ္မ်ိဳးမႀကံဳ ဖူးသျဖင့္ လူတိုင္းအံ့ၾသေနၾကသည္။ ထိုေနရာသည္ ငရဲဘံု ျဖစ္ေသာ္ျငား ေငြထုတ္နဲ႔ လမ္းေဖာက္ထားတဲ့ေနရာျဖစ္တာေၾကာင့္ အထက္လူႀကီးမည္သူတစ္ဦးတစ္ေယာက္မွ မ်က္ေစာင္းမထိုးဝင့္ေသာေနရာ။
တရားမဝင္ ေလာင္းကစားေနရာ ျဖစ္ေပသည့္တိုင္ ထိုေနရာသည္ တရားဝင္ေနရာတစ္ခုကဲ့သို႔ ျဖစ္ေနသည္မွာ ဆယ္စုနွစ္ တစ္ခုမကၾကာခဲ့ၿပီးျဖစ္သည္။
ယခုကဲ့သို႔ အျဖစ္မ်ိဳးသည္ လူတိုင္းမႀကံဳဖူးတာၾကာင့္ ေျပးရင္းလႊားရင္းနွင့္ပင္ ေမးျမန္းစံုစမ္း၍ မၿပီးနိုင္ျဖစ္ေနၾကသည္။

"အတိုင္ခံရတာတဲ့ဟ  "

"ပိုင္ရွင္က ဒီနယ္မွာ နာမည္ႀကီးေလ၊ ခါတိုင္းသူ႔ကို ထိဖို႔မေျပာနဲ႔ အာဏာပိုင္ေတြနဲ႔ေတာင္မွ လည္ပင္းဖက္ေပါင္းေနတာပါ။ ခုမွ ဘာထျဖစ္တာလဲ"

"မင္းပါးစပ္ကိုပိတ္ၿပီးေျပးလိုက္ေတာ့၊ မင့္အေဖေတြကေနာက္မွာ ဆူညံ့ေနတာပဲ၊ မိရင္ လြယ္မွာမဟုတ္ဘူး  "

လူေတြသည္ ေျပးရင္းပင္ ထိုအေၾကာင္းအားေျပာ၍ မၿပီးျဖစ္ေနၾကသည္။ ထူးဆန္းဖြယ္ေကာင္းေအာင္ အတိုင္ခံရျခင္းဆိုတဲ့ စကားသည္ သူတို႔နွင့္ အလွမ္းကြာလြန္းလွေပသည္။
ေလာင္းကစားရုံသည္ နယ္စပ္ဆိုေပသည့္တိုင္ လူသူမရွိတဲ့ေနရာမွာ ဖြင့္ထားျခင္းမဟုတ္ေပ။
လူေနထူထပ္မူ႔မရွိေသာ္ျငား လူျပတ္လပ္မူ႔မရွိေသာေနရာမွာေကာင္းမြန္စြာတည္ရွိ၏။
ထိုေနရာသည္သတ္ကြင္းေနရာတစ္ခုပင္ မက၊ တရားမဝင္ ေလာင္းကစားဝိုင္းမ်ားကိုပါ ထင္ထင္ေပၚေပၚ လုပ္ကိုင္ေနတဲ့ေနရာတစ္ခုဆိုလည္းမမွားေပ။

ပိုက္ဆံရွိၿပီး အေကာင္ႀကီးလ်ွင္ထိုေနရာ၏
မန္ဘာကဒ္အထိရနိုင္ၿပီး ေငြေပါသူမ်ားသာ ဝင္ထြက္နိုင္ေသာ အထက္တန္းစားေနရာတစ္ခုျဖစ္၏။  ပိုင္ရွင္သည္  ထိုေနရာအား ဝင္ေရာက္စြက္ဖက္ခြင့္မရွိေအာင္ေငြျဖင့္ ပိတ္ဆို႔ဖာေထးထားသည္ဆိုလည္းမမွား။

" မင္းဘယ္သူလဲ "

"ေျပာခြင့္မရွိပါဘူး "

မိုက္စကားမဆံုးေသး ထိုသူသည္ လမ္းေထာင့္တစ္ေနရာသို႔ လ်စ္ခနဲ ေျပးဝင္သြားေလသည္။
ရုတ္ရုတ္သဲသဲျဖစ္ေနခ်ိန္တြင္ မိုက္အား
ႀကိဳးစင္မွ တစ္ဆင့္တြဲေခၚကာ အေနာက္ဖက္လမ္းၾကားဆီသို႔ ေခၚလာခဲ့ၿပီး လြတ္ေျမာက္ေစသည္။ ပြဲစဥ္သည္ ထူးဆန္းစြာ ပ်က္ကြက္ခဲ့ၿပီး အနိုင္အရႈံးထိမကြဲျပားခဲ့ေပ။

_______

" အေျခအေန ဘယ္လိုလဲ၊ စတီးေခ်ာင္းထည့္ရတယ္ဆို၊ နာေနလား"

ၾကည္ႏူးသည္ သူ႔အားစိုးရိမ္ပူပန္စြာေမးလာ၏။ Video Call ေျပာေနတာမို႔ သူ႔လက္အား မွန္ျပင္နဲ႔တသားထဲျဖစ္ေအာင္ ေျမာက္ျပလိုက္ရင္း

"  မေန႔ကမွခြဲခန္းကထြက္လာတာေလ၊
အသားကို ဓားနဲ႔လွီးၿပီး အရုိးဆက္ထားရတာ မနာပဲေနမလား ၊ နည္းနည္းေလးေတာ့နာတာေပါ့ "

စိတ္မေကာင္းျဖစ္သြားဟန္ျဖင့္ ၾကည္ႏူးမ်က္ေတာင္ေတြပုတ္ခတ္လိုက္ရင္း မသိမသာ ေခါင္းကိုလြဲသြား၏။

" အလကားစတာ၊ ေဆးရုံက ေတာ္ေတာ္ေလး ေကာင္းတယ္ ဆရာဝန္ေတြကလည္း  ဂရုစိုက္တယ္၊
ဒယ္ဒီ နဲ႔မာမီ နွစ္ေယာက္လံုးေဘးမွာရွိေနသမ်ွ ငါမ်က္နွာတစ္ခ်က္မဲ့လို႔ေတာင္မရဘူးဆိုတာသိရက္နဲ႔၊ ထိခိုက္ဒဏ္ရာရတာပါဆိုမွ အနည္းနဲ႔အမ်ားေတာ့ နာက်င္မူ႔ေတာ့ရွိမွာပဲေလ၊ ငါေယာက်ာ္းပါဟ ။ ဒီေလာက္ေတာ့ခံနိုင္ရည္ရွိပါတယ္ "

ၾကည္ႏူးမ်က္ေစာင္းထိုးကာမ်က္ရည္ေတြသုတ္လိုက္သည္။
ေယာက်ာ္းပါဆိုတဲ့ေကာင္က  ကိုယ့္ထက္ႏုညံ့ၿပီး ခ်ဴ ခ်ာလြန္းတဲ့သူ၊ ျဖစ္သြားသမ်ွသည္ ကိုယ့္မ်က္စိေရွ႕မဟုတ္ေသာ္ျငား ေသြးသံရဲရဲကိုျမင္လိုက္ရတာမို႔  စိတ္မေကာင္းျဖစ္ေနရဆဲပင္။ ေကသီဆို  သူပါ အိပ္ယာထဲလဲသည့္ထိ ျဖစ္သြားခဲ့ေလသည္။။

" ျမန္ျမန္ျပန္ခဲ့ ၊ ဆိုင္မဖြင့္ပဲပိတ္ထားတာအရင္းျပဳတ္ေတာ့မယ္။  "

ပိတ္ထားတာနွစ္ရက္ပဲရွိေသးတာကိုေတြးမိလ်ွင္ ေရႊဘံု အနည္းမ်ွၿပံဳးမိသြားေသးသည္။ သို႔ေသာ္ မသိခ်င္ေယာင္ေဆာင္ကာ ေခါင္းညိမ့္ေထာက္ခံလိုက္ၿပီး 

"မနက္ဖန္ျပန္လာမွာ " ဟုေျပာလိုက္ရသည္။

"ခ်က္ျခင္းႀကီးလား။ ေလးငါးရက္ေလာက္ေတာ့ေနဦးေလဟာ။ ေခါင္းက ဒဏ္ရာကေရာ စိတ္ခ်ရလို႔လား  "

"စိတ္ခ်ရတယ္၊ မေန႔ကတည္းက ေဆးစစ္ခ်က္ေတြ ၾကည့္ၿပီးၿပီး ဘာမွမျဖစ္ဘူး။ လက္ကေတာ့ ရက္ခ်ိန္းျပည့္ရင္ တစ္ေခါက္ထပ္လာျပရမယ္"

"ဘာမွမဟုတ္ဘူး။ နင္ ကိုထင္ကို စိတ္မခ်လို႔မို႔လား "

ၿပံဳးစိစိလုပ္ေနတဲ့ရုပ္ကိုၾကည့္ကာ ၾကည္ႏူး
မဝင့္ဝါကိုသတိရသြား၏။ ေျပာသင့္မေျပာသင့္ကိုစဥ္းစားၾကည့္ေပမဲ့ ေျပာဖို႔သာ စိတ္ထက္သန္ေနသည္မို႔စကားစ လိုက္၏။

" ေမာင္ေရႊ ငါေျပာစရာရွိလို႔"

"အင္း ေျပာေလ  "

"ကိုထင္ ရည္းစားေဟာင္းအေၾကာင္းနင္သိလား  "

ေရႊဘံု ေခါင္းအသာရမ္းျပလိုက္သည္။
သူသိတာဘာမွမရွိေပ။ သိလည္းမသိခ်င္ခဲ့တာမို႔ ေမးျမန္းမို႔ စိတ္မဝင္စားခဲ့ေပ။
ၾကည္ႏူးသက္ျပင္းခ်ကာ  ေရႊဘံုအားဂရုဏာသက္သလိုမ်က္ဝန္းမ်ားနွင့္ ၾကည့္လိုက္ၿပီး  ဟိုေန႔က ျဖစ္ပ်က္ကသမ်ွကို တစ္ခုမခ်န္အကုန္ေျပာျပလိုက္ေလသည္။

" အဲ့အမ ေတာ္ေတာ္လွတယ္ဟ ၊ နင္ဒီတိုင္းမလႈပ္တငုတ္လုပ္မေနနဲ႔  ၊ ၿပီးေတာ့ ေခၚတာေတာင္ ေမာင္တဲ့။ ေအး အဲ့ေမာင္က ဟိုးအတိတ္ကပဲ ေခၚတဲ့ေမာင္မဟုတ္ဘူးေနာ္၊ ခုထိ ေမာင္ေနတုန္းပဲ "

" ထင္ထင္ ပံုစံက စိတ္ဝင္စားတဲ့ပံုေတာ့မျပဘူးမို႔လား "

"ခုမျပေပမဲ့ ၊ အႀကိမ္ႀကိမ္ တေမာင္ေမာင္ လုပ္ေနရင္ ပါရင္ပါသြားနိုင္တာပဲ ၊ ငါေျပာမယ္ေမာင္ေရႊ။ ေယာက်ာ္းေတြရဲ႕ မေကာင္းတဲ့အက်င့္က  မိန္းမလွလွျမင္ရင္ ၊ဒါမွမဟုတ္ ကႏြဲ႕ကလ်နဲ႔ နားဝင္ပီယံျဖစ္ေအာင္ ေျပာတက္ရင္ ကိုယ္ဘယ္ေလာက္ေကာင္းေကာင္း ၿခံခုန္ခ်င္ၾကတာႀကီးပဲ။ ေအး ေနာက္တစ္ခုက ဒီလူက ငါအေပၚအဲ့လိုေတာ့မလုပ္ပါဘူးလို႔မ်ား ေယာင္လို႔ေတာင္ သြားယံုၾကည္မေပးလိုက္နဲ႔ ငါးပါးတင္မကဘူး ရွိသမ်ွ အကုန္ေမွာက္သြားမယ္"

"ထင္ထင္က အဲ့လိုလူမဟုတ္ပါဘူး "

တိုးဖြဖြ စကားအဆံုးတြင္ ၾကည္ႏူးတစ္ေယာက္ ေဒါသတႀကီးဖုန္းခ်သြားေလ၏။
ေရႊဘံု မ်က္နွာငယ္ေလးျဖင့္ ဖုန္းကိုေဘးခ်လိုက္ၿပီး ေစာင္ေအာက္ကိုအတင္းတိုးအိပ္လိုက္၏။ ဝမ္းနည္းမူ႔သည္ အမ်ားသူငွာေရွ႕ ဟန္လုပ္ၿပံဳးခဲ့ရေသာ္ျငား တစ္ေယာက္ထဲရွိခ်ိန္တြင္ထိန္းမထားနိုင္ေတာ့ေပ။
ထင္ထင္ မခ်စ္ေတာ့မွာ ၊ သူနဲ႔မေနခ်င္ေတာ့မွာ အရမ္းစိုးရိမ္မိသည္။
ခုခ်ိန္မွာ အိမ္ျပန္ခ်င္ဆံုး သူဟာ ေရႊဘံုဆိုရင္ မွားနိုင္လိမ့္မည္မဟုတ္။
လက္ေဝွ႔ပြဲတြင္ ထင္ထင္ အထိအခိုက္မရွိဟု ဒယ္ဒီဆီက ၾကားသိရေပမဲ့ သူကေတာ့ မ်က္ျမင္မဟုတ္လို႔ မယံုခ်င္ေပ။
ျပန္ခ်င္သည္ သူအိမ္ကိုျပန္ခ်င္ၿပီ။ ထင္ထင္နွင့္ေတြ႕ခ်င္သည္။ ၿပီးေတာ့ လြမ္းလည္းလြမ္းေနမိၿပီ

ခ်စ္တဲ့အိမ္စည္။

vote vote 🙄

ခွမ်း!

တစစီဖြစ်သွားသော ဖုန်းသည် သမံသလင်းပေါ်မှာ တုံးလုံးပက်လက်။
ရေးညို့ထင် မျက်လုံးစုံမှိတ်လျက် မျက်နှာကိုမော့လိုက်သည်။ သူ့ခေါင်းသည် အနောက်ဖက် အုတ်နံရံနှင့် ထိစက်ကာ ငြိမ်သက်သွားပေမဲ့  ဖားဖိုကဲ့သို့ နိမ့်ချည်မြင့်ချည်ဖြစ်လျက်ရှိသော မို့မောက်နေတဲ့ရင်ဘတ်က  အသက်ရူသံသည် မည်မျှ ဒေါသကိုထိန်းနေရမှန်းသိသာစေသည်။

" မိုက်  "

ကိုနိုင်းရဲ့ စိုးရိမ်သော အသံသည် အခန်းကျဉ်းအလယ်မှာ လွှင့်ပျံ့လာလျှင် မှိတ်ထားတဲ့ မျက်လုံးတွေသည် ဖျတ်ခနဲ ပွင့်ဟ၍ လာ၏။

"စိတ်ကိုလျော့  ၊ ဒေါသကြောင့် မမှားသင့်တဲ့အမှားတွေ ဖြစ်တက်တယ်။ အားကစားသမားတစ်ယောက်အနေနဲ့ စိတ်က အမြဲ ရေပြင်ညီလို ငြိမ်သက်နေမှ ရမယ်။ စိတ်လှုပ်ရှားလို့မရဘူးး "

"ကျွန်တော်သိပါတယ် "

မျက်နှာကို ခပ်ကြမ်းကြမ်းပွတ်သပ်ရင်း သူမတ်တပ်ရပ်လိုက်သည်။ ထို့နောက် အခန်းထောင့်မှာရှိတဲ့ ဖုန်းကိုတစ်ချက်ဝေ့ကြည့်လိုက်လျှင် စုရုံးစ ပြုနေတဲ့ ငြိမ်သက်ခြင်းတွေသည်တဖန် ပြန်လည် ဝဲကယက်ထလာသလို ဖြစ်လာ၏။

"တောက်! "

မငြိမ်သက်ဆဲဒေါသသည် နှုတ်မှကြမ်းတမ်းစွာထွက်ပေါက်ရှာနေသေးသည်။

" မိုက်  ..."

သူသက်ပြင်းချ၍ ခေါင်းကိုငြိမ့်သည်။
ထို့နောက် အခန်းထောင့်ဆီကိုထပ်မံလှည့်မကြည့်ပဲ  တံခါးဝဆီသို့ သွက်သွက်သွားလိုက်သည်။
ပိတ်ထားတဲ့ တံခါးကို ကိုနိုင်းသည် လျှင်မြန်စွာဖွင့်ပေးလိုက်ချိန်တွင် ဆူညံ့သော ဟစ်ကြွေးသံများသည် ညံစီ၍ လှိုင်တက်လာသည်။

ဒီနေ့ဟာ သူနေ့။

ရှည်လျားတဲ့ခြေတံရှည်တွေသည် ကိုနိုင်းဖွင့်ပေးတဲ့တံခါးမှတစ်ဆင့်ပြင်ပသို့ ထိုးထွက်ပြီး မြန်ဆန်သောအရှိန်ဖြင့်သတ်ကွင်းအလယ်သို့တိုးဝင်လိုက်သည်။
မိုက်သည် ကြံ့ခိုင်သော ပေါင်သားတွေထိသာဖုံးအုပ်ထားနိုင်သော  အနက်ရောင် ဘောင်းဘီတိုတစ်ထည်ကိုဝတ်ထားပြီး
အပေါ်ပိုင်းမှာတော့ လက်ရှည် ခေါင်းဆောင်းတစ်ထည်ကို မျက်လုံးတွေ မမြင်ရသည်ထိ ဆွဲချဆောင်းထားလေသည်။ ရင်ဘတ် တလျှောက်တွင် မည်သည်အကာအကွယ်မှမပါရှိပဲ အပေါ်ရုံ ခေါင်းစွပ်၏ အနားစသည် လေမှာ ရမ်း၍ မြန်ဆန်သော အရှိန်ကိုမမှီမကမ်းလိုက်ဖမ်းနေသလို
မျက်စိပဒသရှိချေသည်။
လှုပ်ရှားမူ့ဟန်ပန်သည် ခန်ညားထည်ဝါကာ ကျားရိုင်းတစ်ကောင် သားကောင်ရှာဖွေနေသကဲ့နှင့်ဆင်တူပြီး အချိန်မရွေး သောင်းကျန်းနိုင်တဲ့ ပုံလည်းပေါက်သည်။

" မိုက်  မိုက်  မိုက်  "

ကြွေးကြော်သံတွေသည် ကောင်းကင်ယံထိမြည်ဟီးလျက်။
မိုက်သည် သူ၏ စူးရဲသော မျက်လုံးကို အလုပ်ပေးလိုက်သည်။ များပြားသော လူအုပ်ကြီးသည် လက်သီးလက်မောင်းတန်းကာ သူ့နာမည်အား ခေါ်ငင်နေကြသည်။
အားသန်နေသော အကြည့်တို့ဖြင့် သူ့အား
ကြည့်၍ အားပေးနေကြသည်။ နှုတ်မှ တတွတ်တွတ်ရွတ်ဆိုနေသော စကားစုသည် မိုက်ဟု ခေါ်ပြီး သူ့အား အဖန်တလဲလဲ
အသိမှတ်ပြု နေကြသည်။
ဒါသူ့ဘဝပင်။
နောက်ဆုံးအကြိမ် ဖြတ်ကျော်ရမည့် သူ့
လက်ရှိအခြေအနေ။

" မိုက် စိတ်အေးအေးထား၊ အလျင်လို အမှားဖြစ်တယ်။ မင်းပုံစံကိုဒီနေ့မကြိုက်ဘူး
မင်းယှဉ်ပြိုင်ရမဲ့သူက တော်ရုံလူမဟုတ်ဘူးနော်၊ သတိကပ်ပြီး အားနည်းချက်ကိုရှာ ၊ စိတ်မလွှင့်စေနဲ့"

မည်သည့်စကားမှမဆိုပဲ ကိုနိုင်းအားတည့်တည့်ကြည့်၍ ချာခနဲလှည့်ထွက်သွားလိုက်လျှင် ကိုနိုင်းသည် စိုးရိမ်စွာ ကျန်ရှိနေခဲ့သည်။ မိုက်ပုံစံသည် ဒီနေ့ထူးခြားနေပြီး
ဒေါသအရှိန်အဟုန်တွေကိုလည်းသူမြင်နေရသည်။  အသတ်နဲ့ယှဉ်ပြိုင်ရသောသူတွေမို့ သွေးအေးမှ အမှားနည်းပေမည်။
ကြောက်ရွံ့မူ့သည် ရှုံးနိမ့်ဖို့ရာခိုင်နှုန်များလေသည်။ ဒီနေ့ မိုက်မျက်လုံးတွေမှာ ဒေါသနှင့်အတူ ကြောက်ရွံ့ခြင်းတွေသူမြင်လိုက်မိသည်။  ဖုန်းပစ်ခွဲလိုက်တာမို့ တစ်စုံတစ်ဦးသည် မိုက်အား ရန်စလိုက်ပြီမှန်းသတိထားမိပေမဲ့ ထို့မျှလောက် မိုက်အား အခြေပျက်စေမည်မှန်း သူမျှော်မှန်းမထားခဲ့ပေ။

မိုက် စင်ပေါ်ရှိကြိုးဝိုင်းကိုဆွဲမချိန်တွင် တစ်ဖက်၌လည်း အလားတူ သူ့အားကြည့်၍ ခုန့်ကျော်ပြီးဝင်လာသူရှိသည်။

"Riko "

အနောက်အရပ်က ဝံပုလွေ ဟုခေါ်ဆိုသူ။
အရပ်အမောင်းက သူ့ထက်ခေါင်းတစ်လုံးစာပိုကာ ဝိတ်တင်ထားသော မိုက်တောင်မှ သူနဲ့ယှဉ် အနည်းငယ် သေးသွားသလို။ တုတ်ခိုင်လှသော လက်မောင်းကြွက်သားတွေသည် ဖုထစ်ကာ တင်းပုတ်ကြီးသဖွယ်ဖြစ်နေပြီး  ဦးခေါင်းထပ်၌ ဆံချည်တစ်မျှင်တောင်မရှိပဲ ဦးရေပြောင်ဖြစ်နေသည် ။

" Hello အကောင်ပေါက်လေး "

Rikoဆီမှ သူ့အား လှောင်ပြောင်စနောက်လိုက်တဲ့ စကား။
မိုက်မျက်နှာပြောင်းလဲမသွားပေ။
သွေးဆာနေသော ကျားရဲသဏ္ဍာန်
နီစွေးနေသော မျက်လုံးတွေကြောင့် Riko
ရယ်နေရာမှ တည်သွား၏။
မိုက်က လျော့တွက်လို့မရတဲ့ အာရှကျားလေးဆိုတာ သူသိခဲ့ပြီးသားမို့  စနောက်ချင်ဟန်ရှိတဲ့ အပြုအမူတွေသည် ချက်ခြင်းလေနဲ့အတူလွှင့်ပါသွားတဲ့ တိမ်ဆိုင်တွေပမာ ဖြစ်သွား၏။
မိုက်၊ ထိုသူကို သူသိသည်။
ညိုစင်သော အသားရေသည် သူတို့တိုင်းတပါးသားနဲ့မတူသလို ၊ ပြတ်သားဟန်ရှိတဲ့ အကြည့်စူးစူးတို့သည်လည်း အထင်ကြီးဖွယ်ရှိပေသည်။
သူနဲ့ယှဉ်ရင် သေးသွယ်သလိုရှိတဲ့ ကိုထည်သည် ကျစ်လစ်ကာ မာကျောသည်၊ အကြမ်းခံနိုင်အားရှိပုံပေါ်သည်။

ရွီးး...

ဒိုင်ဆီမှ ခရာသံနှင့်အတူ  ပွဲစကြောင်းပြတဲ့ လက်ဟန် တစ်ခုက သူတို့နှစ်ယောက်ကြားမှာ ဖြတ်ပြေးသွား၏။
Riko သတိအနေအထားနဲ့ ထောင့်ကို ခြေတစ်လှမ်းဆုတ်လိုက်သည်။
မိုက်လည်းထို့အတူပင်။

မိုက်သည် Riko၏ လှုပ်ရှားမူ့ဟန်ပန်ကိုမပြတ်တမ်းစိုက်ကြည့်နေသော်ငြား သူ့အာရုံတို့ကတော့ အပြည့်အဝ အားစိုက်မူ့မပေးနိုင်ကြောင်းကို သိရှိနေလေသည်။
သူ့အတွေးထဲတွင် တစွန်းတစ ကပ်ညှိပါဝင်နေတဲ့ အသံလေးတစ်သံရှိနေသည်။
ထိုအသံကို သူအာရုံမှဖယ်ခွာ၍ မရနိုင်အောင် ဖြစ်နေသည်မို့ Riko အားနည်းချက်ကိုဖမ်းဆုတ်မရနိုင်အောင်ဖြစ်နေသည်။

သို့သော် အတွင်းစိတ်၌ မည်မျှ ကယောက်ကယက်ဖြစ်နေပါစေ ပြင်ပမှာမူကား အေးစက်မာကြောကာ ပိုမိုဒေါသထွက်နေသကဲ့သို့ ဖြစ်နေစေသည်။

" ကြောင်ကလေး "

Rikoသည် သူ့ဒေါသအားဆွနေပေသည်။
သူမလှုပ်တငုတ်သာ ပြန်ကြည့်ပြီ့း ပထမဆုံးလက်သီးတစ်ချက်အား မြည်းစမ်းစေလိုက်သည်။
ကိုယ်ခန္ဓာကြီးထွားသော Rikoသည်
မိုက်လက်သီးအားမဖြုံပေ။
မရှောင်ပဲ  ကျေကျေနပ်နပ်ခံစေပြီး
မိုက်အား စနောက်နေလေ၏။

ဆက်တိုက်ပင် မိုက်၏ လက်သီးများသည် နေရာအနှံ့ Rikoဆီသို့ပစ်ဝင်ပါသော်ငြား
Rikoသည် သူ့လက်နှစ်ဖက်ကို မျက်နှာနှင့်တစ်တန်းထဲမြောက်ကာ ဖွဲအိတ်ကဲ့သို့ ပြုမူနေလေသည်။
နည်းနည်းလေးမှယိုင်မသွားသော Rikoကြောင့် မိုက် မျက်လုံးတွေပြူးကျယ်သွားလေပြီး အံ့သြစွာမော့ကြည့်မိလျှင် လက်သီးတစ်လုံးသည် ရိပ်ခနဲပြေးဝင်လာပြီး မိုက်သည် အနည်းငယ်မျှ နောက်ကိုဆုတ်မိသွားသည်။မျက်လုံးတို့သည် ပြာဝေသွားကာ ကြိုးတန်းကို အလောတကြီး လဲကျမသွားအောင် ဆွဲခိုမိသည်ထိ လက်သီးချက်က ပြင်းလှသည်။

" မိုက် သတိထား "

ကိုနိုင်အော်သံမဆုံးခင် ရိပ်ခနဲ ထပ်မံပြေးဝင်လာသော Riko ။
မိုက် သတိကိုအလျှင်အမြန်ကပ်ကာ
Rikoနဲ့ဆန့်ကျင့်ဖက်သို့ တိုးရှောင်၍ နံကြားကို ဒူးနဲ့တေ့တိုက်လိုက်သည်။
အွတ်ခနဲ မြည်သံပြုကာ Riko ညွှတ်ကျသွား၏။ သို့သော် ချက်ခြင်းပြန်မတ်လာကာ မိုက်အား လက်ပြန်ရိုက်ချသွားသည်။
မျက်နှာသည် လည်ထွက်သွားကာ လူကလည်း ကြမ်းပေါ်သို့ဗိုင်းခနဲ ကျသွားလေသည်။ ကိုနိုင်းအော်သံလည်းမကြားရတော့သလို့ နားစည်သည် အူတက်လာသည်။ တိတ်ဆိတ်နေတဲ့ ကွင်းပြင်တွင်
စောက သူရောက်နေတဲ့ သတ်ကွင်းမဟုတ်သကဲ့ ထူးခြားစွာ ငြိမ်သက်သွား၏။

ကိုနိုင်းသည် ကြိုးကိုပတ်ကာ စင်ဘေးမှာ ပြေးလွှားကာ သူ့အားခေါ်ဆိုနေလေသည်။
သို့သော် သူမကြားပေ။ နားထဲမှာ ကြားယောင်နေတဲ့ အသံတွေသည် ကောင်ကလေး၏ အသံတွေသာဖြစ်လေသည်။

" ချစ်တယ် ။ ကျွန်တော် ခင်ဗျားကို အများကြီး ချစ်ခဲ့တယ်"

ထိုစကားသံသည်သူမဟုတ်သော လူတစ်ယောက်အား ကောင်ကလေးပြောနေတဲ့အသံ။ ပွဲစင်ပေါ်ရောက်နေတာကိုမေ့ပြီး သူ့အာရုံတွေသည် လွင့်ပျံ့၍ သွားလေသည်။
ထိုစဉ် လူတစ်ကိုယ်လုံးလေဟာနယ်သို့ရောက်ရှိသွားစေပြီး Rikoသည် သူ့အား ကြိုးဝိုင်းထောင့်သို့ ကိုင်မြောက်လိုက်လေသည်။ အရုပ်ကြိုးပြတ်ပုံကျသွားပြီးနောက်မှာ Rikoသည် သူရှိရာသို့ပြေးလာကာ
ဒူးနဲ့ရင်ဘတ်အား စောင့်တိုက်မဲ့ ပုံဖြင့် အားမာန်အပြည့်ဖြင့်ပြေးလာကာ ဒူးကိုမြောက်လိုက်လေသည်။ မျက်လုံးကိုစုံမှိတ်ကာ ခံယူဖို့ပြင်ဆင်လိုက်သည်။
အာလျော့နေတဲ့ ကိုယ်ထည်သည် မည်သို့မှပြန်လည်ဖွဲ့စည်းဖို့ ခွင့်မပြုတော့။
ထိုစဉ်မှာ ပင် တစ်ပွဲလုံးကိုထောက်ပံ့ပေးထားသော ပင်မ မီးလုံးနဲ့ ခန်းမအတွင်းရှိမီးများအားလုံးဖျတ်ခနဲငြိမ်းသက်သွားကာ အော်သံများဆူညံစွာကြားလိုက်ရပြီးနောက် သူ့ကိုယ်သည် ကြိုးစင်အာက်ကနေ တစ်စုံ တစ်ယောက်က ဆွဲထုတ်ယူခံလိုက်ရသည်။

" ရဲတွေ လာနေပြီ အပြင်မှာ ၊ ပြေးပြေး "

ဆူညံ့သံတွေသည် တဖန်ပြန်လည်စည်ကားလာပြီး လူတွေသည်လည်း ရုတ်ရင်းဆန်ခတ်ပြေးလွှာနေတာကို မှောင်မဲနေတဲ့ အိမ်အိုအတွင်း အတိုင်းသားကြားနေရသည်။ ယခုနေရာသည်တရားမဝင် နေရာတစ်ခုပေမဲ့  ရဲနှင့် ဆက်ဆံရေးပြေပြစ်ပြီး ယခင် ထိုသို့အဖြစ်မျိုးမကြုံ ဖူးသဖြင့် လူတိုင်းအံ့သြနေကြသည်။ ထိုနေရာသည် ငရဲဘုံ ဖြစ်သော်ငြား ငွေထုတ်နဲ့ လမ်းဖောက်ထားတဲ့နေရာဖြစ်တာကြောင့် အထက်လူကြီးမည်သူတစ်ဦးတစ်ယောက်မှ မျက်စောင်းမထိုးဝင့်သောနေရာ။
တရားမဝင် လောင်းကစားနေရာ ဖြစ်ပေသည့်တိုင် ထိုနေရာသည် တရားဝင်နေရာတစ်ခုကဲ့သို့ ဖြစ်နေသည်မှာ ဆယ်စုနှစ် တစ်ခုမကကြာခဲ့ပြီးဖြစ်သည်။
ယခုကဲ့သို့ အဖြစ်မျိုးသည် လူတိုင်းမကြုံဖူးတာကြာင့် ပြေးရင်းလွှားရင်းနှင့်ပင် မေးမြန်းစုံစမ်း၍ မပြီးနိုင်ဖြစ်နေကြသည်။

"အတိုင်ခံရတာတဲ့ဟ  "

"ပိုင်ရှင်က ဒီနယ်မှာ နာမည်ကြီးလေ၊ ခါတိုင်းသူ့ကို ထိဖို့မပြောနဲ့ အာဏာပိုင်တွေနဲ့တောင်မှ လည်ပင်းဖက်ပေါင်းနေတာပါ။ ခုမှ ဘာထဖြစ်တာလဲ"

"မင်းပါးစပ်ကိုပိတ်ပြီးပြေးလိုက်တော့၊ မင့်အဖေတွေကနောက်မှာ ဆူညံ့နေတာပဲ၊ မိရင် လွယ်မှာမဟုတ်ဘူး  "

လူတွေသည် ပြေးရင်းပင် ထိုအကြောင်းအားပြော၍ မပြီးဖြစ်နေကြသည်။ ထူးဆန်းဖွယ်ကောင်းအောင် အတိုင်ခံရခြင်းဆိုတဲ့ စကားသည် သူတို့နှင့် အလှမ်းကွာလွန်းလှပေသည်။
လောင်းကစားရုံသည် နယ်စပ်ဆိုပေသည့်တိုင် လူသူမရှိတဲ့နေရာမှာ ဖွင့်ထားခြင်းမဟုတ်ပေ။
လူနေထူထပ်မူ့မရှိသော်ငြား လူပြတ်လပ်မူ့မရှိသောနေရာမှာကောင်းမွန်စွာတည်ရှိ၏။
ထိုနေရာသည်သတ်ကွင်းနေရာတစ်ခုပင် မက၊ တရားမဝင် လောင်းကစားဝိုင်းများကိုပါ ထင်ထင်ပေါ်ပေါ် လုပ်ကိုင်နေတဲ့နေရာတစ်ခုဆိုလည်းမမှားပေ။

ပိုက်ဆံရှိပြီး အကောင်ကြီးလျှင်ထိုနေရာ၏
မန်ဘာကဒ်အထိရနိုင်ပြီး ငွေပေါသူများသာ ဝင်ထွက်နိုင်သော အထက်တန်းစားနေရာတစ်ခုဖြစ်၏။  ပိုင်ရှင်သည်  ထိုနေရာအား ဝင်ရောက်စွက်ဖက်ခွင့်မရှိအောင်ငွေဖြင့် ပိတ်ဆို့ဖာထေးထားသည်ဆိုလည်းမမှား။

" မင်းဘယ်သူလဲ "

"ပြောခွင့်မရှိပါဘူး "

မိုက်စကားမဆုံးသေး ထိုသူသည် လမ်းထောင့်တစ်နေရာသို့ လျစ်ခနဲ ပြေးဝင်သွားလေသည်။
ရုတ်ရုတ်သဲသဲဖြစ်နေချိန်တွင် မိုက်အား
ကြိုးစင်မှ တစ်ဆင့်တွဲခေါ်ကာ အနောက်ဖက်လမ်းကြားဆီသို့ ခေါ်လာခဲ့ပြီး လွတ်မြောက်စေသည်။ ပွဲစဉ်သည် ထူးဆန်းစွာ ပျက်ကွက်ခဲ့ပြီး အနိုင်အရှုံးထိမကွဲပြားခဲ့ပေ။

_______

" အခြေအနေ ဘယ်လိုလဲ၊ စတီးချောင်းထည့်ရတယ်ဆို၊ နာနေလား"

ကြည်နူးသည် သူ့အားစိုးရိမ်ပူပန်စွာမေးလာ၏။ Video Call ပြောနေတာမို့ သူ့လက်အား မှန်ပြင်နဲ့တသားထဲဖြစ်အောင် မြောက်ပြလိုက်ရင်း

"  မနေ့ကမှခွဲခန်းကထွက်လာတာလေ၊
အသားကို ဓားနဲ့လှီးပြီး အရိုးဆက်ထားရတာ မနာပဲနေမလား ၊ နည်းနည်းလေးတော့နာတာပေါ့ "

စိတ်မကောင်းဖြစ်သွားဟန်ဖြင့် ကြည်နူးမျက်တောင်တွေပုတ်ခတ်လိုက်ရင်း မသိမသာ ခေါင်းကိုလွဲသွား၏။

" အလကားစတာ၊ ဆေးရုံက တော်တော်လေး ကောင်းတယ် ဆရာဝန်တွေကလည်း  ဂရုစိုက်တယ်၊
ဒယ်ဒီ နဲ့မာမီ နှစ်ယောက်လုံးဘေးမှာရှိနေသမျှ ငါမျက်နှာတစ်ချက်မဲ့လို့တောင်မရဘူးဆိုတာသိရက်နဲ့၊ ထိခိုက်ဒဏ်ရာရတာပါဆိုမှ အနည်းနဲ့အများတော့ နာကျင်မူ့တော့ရှိမှာပဲလေ၊ ငါယောကျာ်းပါဟ ။ ဒီလောက်တော့ခံနိုင်ရည်ရှိပါတယ် "

ကြည်နူးမျက်စောင်းထိုးကာမျက်ရည်တွေသုတ်လိုက်သည်။
ယောကျာ်းပါဆိုတဲ့ကောင်က  ကိုယ့်ထက်နုညံ့ပြီး ချူ ချာလွန်းတဲ့သူ၊ ဖြစ်သွားသမျှသည် ကိုယ့်မျက်စိရှေ့မဟုတ်သော်ငြား သွေးသံရဲရဲကိုမြင်လိုက်ရတာမို့  စိတ်မကောင်းဖြစ်နေရဆဲပင်။ ကေသီဆို  သူပါ အိပ်ယာထဲလဲသည့်ထိ ဖြစ်သွားခဲ့လေသည်။။

" မြန်မြန်ပြန်ခဲ့ ၊ ဆိုင်မဖွင့်ပဲပိတ်ထားတာအရင်းပြုတ်တော့မယ်။  "

ပိတ်ထားတာနှစ်ရက်ပဲရှိသေးတာကိုတွေးမိလျှင် ရွှေဘုံ အနည်းမျှပြုံးမိသွားသေးသည်။ သို့သော် မသိချင်ယောင်ဆောင်ကာ ခေါင်းညိမ့်ထောက်ခံလိုက်ပြီး 

"မနက်ဖန်ပြန်လာမှာ " ဟုပြောလိုက်ရသည်။

"ချက်ခြင်းကြီးလား။ လေးငါးရက်လောက်တော့နေဦးလေဟာ။ ခေါင်းက ဒဏ်ရာကရော စိတ်ချရလို့လား  "

"စိတ်ချရတယ်၊ မနေ့ကတည်းက ဆေးစစ်ချက်တွေ ကြည့်ပြီးပြီး ဘာမှမဖြစ်ဘူး။ လက်ကတော့ ရက်ချိန်းပြည့်ရင် တစ်ခေါက်ထပ်လာပြရမယ်"

"ဘာမှမဟုတ်ဘူး။ နင် ကိုထင်ကို စိတ်မချလို့မို့လား "

ပြုံးစိစိလုပ်နေတဲ့ရုပ်ကိုကြည့်ကာ ကြည်နူး
မဝင့်ဝါကိုသတိရသွား၏။ ပြောသင့်မပြောသင့်ကိုစဉ်းစားကြည့်ပေမဲ့ ပြောဖို့သာ စိတ်ထက်သန်နေသည်မို့စကားစ လိုက်၏။

" မောင်ရွှေ ငါပြောစရာရှိလို့"

"အင်း ပြောလေ  "

"ကိုထင် ရည်းစားဟောင်းအကြောင်းနင်သိလား  "

ရွှေဘုံ ခေါင်းအသာရမ်းပြလိုက်သည်။
သူသိတာဘာမှမရှိပေ။ သိလည်းမသိချင်ခဲ့တာမို့ မေးမြန်းမို့ စိတ်မဝင်စားခဲ့ပေ။
ကြည်နူးသက်ပြင်းချကာ  ရွှေဘုံအားဂရုဏာသက်သလိုမျက်ဝန်းများနှင့် ကြည့်လိုက်ပြီး  ဟိုနေ့က ဖြစ်ပျက်ကသမျှကို တစ်ခုမချန်အကုန်ပြောပြလိုက်လေသည်။

" အဲ့အမ တော်တော်လှတယ်ဟ ၊ နင်ဒီတိုင်းမလှုပ်တငုတ်လုပ်မနေနဲ့  ၊ ပြီးတော့ ခေါ်တာတောင် မောင်တဲ့။ အေး အဲ့မောင်က ဟိုးအတိတ်ကပဲ ခေါ်တဲ့မောင်မဟုတ်ဘူးနော်၊ ခုထိ မောင်နေတုန်းပဲ "

" ထင်ထင် ပုံစံက စိတ်ဝင်စားတဲ့ပုံတော့မပြဘူးမို့လား "

"ခုမပြပေမဲ့ ၊ အကြိမ်ကြိမ် တမောင်မောင် လုပ်နေရင် ပါရင်ပါသွားနိုင်တာပဲ ၊ ငါပြောမယ်မောင်ရွှေ။ ယောကျာ်းတွေရဲ့ မကောင်းတဲ့အကျင့်က  မိန်းမလှလှမြင်ရင် ၊ဒါမှမဟုတ် ကနွဲ့ကလျနဲ့ နားဝင်ပီယံဖြစ်အောင် ပြောတက်ရင် ကိုယ်ဘယ်လောက်ကောင်းကောင်း ခြံခုန်ချင်ကြတာကြီးပဲ။ အေး နောက်တစ်ခုက ဒီလူက ငါအပေါ်အဲ့လိုတော့မလုပ်ပါဘူးလို့များ ယောင်လို့တောင် သွားယုံကြည်မပေးလိုက်နဲ့ ငါးပါးတင်မကဘူး ရှိသမျှ အကုန်မှောက်သွားမယ်"

"ထင်ထင်က အဲ့လိုလူမဟုတ်ပါဘူး "

တိုးဖွဖွ စကားအဆုံးတွင် ကြည်နူးတစ်ယောက် ဒေါသတကြီးဖုန်းချသွားလေ၏။
ရွှေဘုံ မျက်နှာငယ်လေးဖြင့် ဖုန်းကိုဘေးချလိုက်ပြီး စောင်အောက်ကိုအတင်းတိုးအိပ်လိုက်၏။ ဝမ်းနည်းမူ့သည် အများသူငှာရှေ့ ဟန်လုပ်ပြုံးခဲ့ရသော်ငြား တစ်ယောက်ထဲရှိချိန်တွင်ထိန်းမထားနိုင်တော့ပေ။
ထင်ထင် မချစ်တော့မှာ ၊ သူနဲ့မနေချင်တော့မှာ အရမ်းစိုးရိမ်မိသည်။
ခုချိန်မှာ အိမ်ပြန်ချင်ဆုံး သူဟာ ရွှေဘုံဆိုရင် မှားနိုင်လိမ့်မည်မဟုတ်။
လက်ဝှေ့ပွဲတွင် ထင်ထင် အထိအခိုက်မရှိဟု ဒယ်ဒီဆီက ကြားသိရပေမဲ့ သူကတော့ မျက်မြင်မဟုတ်လို့ မယုံချင်ပေ။
ပြန်ချင်သည် သူအိမ်ကိုပြန်ချင်ပြီ။ ထင်ထင်နှင့်တွေ့ချင်သည်။ ပြီးတော့ လွမ်းလည်းလွမ်းနေမိပြီ

ချစ်တဲ့အိမ်စည်။

Vote Vote🙄

Bạn đang đọc truyện trên: ZingTruyen.Xyz