ZingTruyen.Xyz

တသက်လုံးပျော်ချင်မောင့်ကိုချစ်ပါ(တသက္လံုးေပ်ာ္ခ်င္ေမာင့္ကိုခ်စ္ပါ)Completed

26

eainsi23

ေရးညိဳ႕ထင္ ဒတ္စဘုတ္ေပၚက tissue ကိုလွမ္းယူၿပီး မ်က္နွာအနွံ႔သုတ္ပစ္လိုက္သည္။ ဝင့္ဝါေသြးကိုျမင္ရင္ ေမေမ့ကိုသိပ္သတိရမိသည္။ ေနာက္ဆံုးအခ်ိန္ကိုေတာင္မွ ေဘးနားရွိမေနေပးနိုင္တဲ့သားမိုက္ကိုေမေမခြင့္လႊတ္မသြားဘူးဆိုတာ သူသိသည္ ။ ဘယ္လိုေတာင္းပန္ပန္ ခြင့္လႊတ္နိုင္ဖြယ္မရွိတာမို႔ အားနာၿပီးရင္းအားနာရသည္။ သူသာ ေမေမ့နားမွာရွိေနေပးခဲ့ရင္ အနည္းဆံုးေတာ့ လိုအပ္သမ်ွ ေျမခ်တဲ့အထိ သားတစ္ေယာက္တာဝန္ေက်ပြန္ခဲ့အံုးမွာ။ ခုေတာ့ ေနာင္တေတြကို တစ္ခ်ိန္လံုး ထမ္းပိုးေနရတဲ့ ငမိုက္သားျဖစ္ေနၿပီ။  ေၾကးစားအလုပ္ကို မလုပ္ခ်င္ေပမဲ့ ေမေမ့အေပၚအျပစ္မကင္းတဲ့စိတ္နဲ႔
သူအႀကိမ္မ်ားစြာ ကိုယ့္ကိုကိုယ္ နာက်င္ေအာင္ လုပ္ခဲ့သည္။

ကိုယ္လံုးေပၚက အမာ႐ြတ္ေတြအကုန္လံုး သူ႔ေပးဆပ္ျခင္းေတြ။
ဒါေတြကို ဒီမိန္းမ သိပါ့မလား။
သူ႔ဝဋ္ေႂကြးေတြအကုန္လံုး ဒီမိန္းမေၾကာင့္
ျဖစ္လာခဲ့တာ။ ဘယ္လိုစိတ္နဲ႔ ျပန္ပတ္သတ္ရမွာလဲ။ ေတြးမိေလ ႐ြံတဲ့စိတ္ကပိုတိုးလာေလပဲ။

"သားရယ္ ၊ အိမ္မွာေမေမတစ္ေယာက္ထဲ
ပ်င္းလိုက္တာ၊ ရွိတာမွ ဒီသားအမိနွစ္ေယာက္ထဲ ေမေမနဲ႔အတူဘယ္ခ်ိန္မွလာေနမွာလဲ။ သားအိမ္က ပုသိမ္မွာေလ ေမေမရွိတယ္ဆိုတာေမ့မ်ားေနတာလား"

မဆံုးခင္ တစ္ပတ္ေလာက္ကမွ ဖုန္းဆက္ေသးသည္။ ျပန္လာေစခ်င္တဲ့ အရိပ္အေယာင္ေတြျပေပမဲ့ ျပန္ခဲ့မယ္ဟု ကတိမေပးျဖစ္ခဲ့။ ဝင့္ဝါေသြးရဲ႕အပူေတြသည္ သူ႔ကိုပါထင္ဟပ္ခဲ့ၿပီး ေမေမ့ကိုပင္
သတိမရျဖစ္ေစခဲ့သည္။
သူျပန္လာခဲ့ေသာေန႔တြင္ ဝင့္ဝါေသြးမဂၤလာေဆာင္တဲ့ေန႔ျဖစ္ၿပီး ပုသိမ္ကအမ်ိဳးေတြဆီမွ ေမေမ ေျမခ်တဲ့ေန႔ျဖစ္ေၾကာင္းသိခဲ့ရသည္။ 

ထိုေန႔က သူရူးသြားမလိုပင္ျဖစ္ခဲ့ရသည္။
သတင္းၾကားၾကားခ်င္း သူဘယ္သြားရမွန္းမသိခဲ့။ အရင္ဆံုး ဝင့္ဝါေသြးလက္ထပ္တာေသခ်ာလားဆိုတာ သိေအာင္ သြားၾကည့္ဖို႔ ဆံုးျဖတ္လိုက္သည္။ အဲ့ေန႔မွာပဲ ေကာင္ကေလးနဲ႔ေတြ႕တာျဖစ္သည္။
လမ္းျဖတ္ကူးတဲ့ကေလး တစ္ေယာက္ ကို
ဆိုင္ကယ္နဲ႔ တိုက္မိမလိုျဖစ္ခဲ့ၿပီး သူကေတာ့အရွိန္မထိန္းနိုင္ပဲ ပစ္စလက္ခတ္လဲခဲ့သည္။ လက္သည္ ကတၲရာလမ္းျဖင့္ တ႐ြတ္ဆြဲပြတ္တိုက္မူ႔ေၾကာင့္ ေသြးစက္လက္က်ခဲ့ၿပီး ေကာင္ကေလးကေတာ့ ေရွာင္လိုက္တဲ့ အရွိန္ေၾကာင့္ ေဘးကိုလဲကာ
ဒဏ္ရာရသြား၏။ ကေလးအ႐ြယ္ေလးမို႔ စိုးရိမ္စိတ္နဲ႔ သူဆြဲထူထရပ္ေစခဲ့ၿပီး ေဆးခန္းကိုပင္ေရာက္ေအာင္ပို႔ေပးခဲ့ေသးသည္။
အေလာတႀကီး ပုသိမ္ကိုလည္းျပန္ရအံုးမွာမို႔ သူ႔မွာ ေကာင္ကေလးနားေနေပးဖို႔အခ်ိန္မရွိခဲ့ေပ။
တစ္ေယာက္က သူ႔အေမ၊ တစ္ေယာက္က သူ႔ခ်စ္သူမို႔ ထို႔ေန႔ရက္သည္ သူ႔အတြက္ ရူးသြပ္ေစလုမတက္ျဖစ္ခဲ့ရသည္ဆိုလည္းမမွားေပ။

သူ႔အေတြးေတြအကုန္လံုး မေတြးမိေအာင္ ႀကိဳးစားၿပီး ကိုယ့္ကိုကိုယ္တည္ၿငိမ္ေအာင္  အသက္ကိုျပင္းျပင္းရူေနရသည္။ သို႔ေသာ္ အဆင္မေျပေတာ့ေပ။
ေမေမ့အေၾကာင္းျပန္ေတြးမိတိုင္း သူလက္ေတြတုန္ကာ ေခါင္းေတြထိုးကိုက္လာတက္သည္။
သူ႔အျဖစ္က အရွင္လက္လက္ ငရဲက်ေနသူတစ္ေယာက္လိုပင္။ အျပစ္မကင္းတဲ့စိတ္၊ ေနာင္တတရားေတြ ႀကီးစိုးေနတဲ့ စိတ္တို႔ကို ၊ အလံုးစံု တၿပိဳင္နက္ထဲ ခံစားရၿပီးေနာက္မွာ သူဝမ္းနည္းစြာငိုေႂကြးမိသည္အထိပင္။

သူ ၁၅မိနစ္ခန္႔ၾကာသည္ထိ သူအသက္ရူရပ္မလို   ခက္ခဲ ပင္ပန္းမူ႔ကို ခံစားရၿပီးေနာက္မွာ တျဖည္းျဖည္းျပန္လည္တည္ၿငိမ္လာခဲ့၏။

ေဒါက္ေဒါက္...

ကားမွန္ေခါက္သံေၾကာင့္ သူမ်က္ရည္ေတြကို အျမန္သုတ္လိုက္သည္။
ေမာ့ၾကည့္လိုက္ေတာ့တံခါးေခါက္သူမွာ ၾကည္ႏူးျဖစ္ေန၏။ စကားေျပာလိုဟန္ရွိတဲ့ပံုေၾကာင့္ ကားမွန္ကိုေအာက္ခ်ေပးလိုက္သည္။

" အဆင္ေျပရဲ႕လား"

"အင္း "

သူခပ္တိုးတိုးေျဖလိုက္သည္။
ၾကည္ႏူးသည္ သူ႔ကိုအကဲေခတ္ေန၏။
ေရးညိဳ႕ထင္ အေၾကာင္းျပခ်က္ တစ္ခုခုကိုေပးလိုက္ခ်င္သည္။ သို႔ေသာ္သူ႔နႈတ္က ထြက္မလာခဲ့။ ထိုအစား သူသြားေတာ့မယ္ဟု နႈတ္ဆက္စကားသာထြက္လာခဲ့သည္။

" ေရႊဘံုက ကိုထင္နဲ႔ ခရီးအတူလိုက္ျဖစ္မွာမဟုတ္ဘူး "

သူစကားဆက္မဆိုပဲ သက္ျပင္းခ်ကာ ေခါင္းညိမ့္ျပလိုက္သည္။ ထို႔ေၾကာင့္ၾကည္ႏူးက ဆက္ေျပာလာခဲ့သည္။

" သူက ကိုထင္ကို စိတ္မပူေစခ်င္တာပါ။
ခရီးထြက္ဖို႔ အမ်ားႀကီး ေမ်ွာ္လင့္ၿပီး ေပ်ာ္ေနခဲ့တာမို႔ တျခားအေၾကာင္းအရာေတြမေတြးပဲ သြားစရာရွိတာသြားပါ။ ဖုန္းဆက္လို႔အဆင္ေျပရင္ သူဆက္လိမ့္မယ္ ။
အဓိကကေတာ့ စိတ္မပူဖို႔ပါ။ သူအိမ္မွာလံုလံုၿခံဳၿခံဳ ရွိေနပါတယ္"

"ေက်းဇူးပါပဲ  "

"ရပါတယ္။ မဝင့္ဝါနဲ႔ကိစၥကို ၾကည္ႏူးမစြက္ဖက္ေပမဲ့ ကိုထင္ ေရႊဘံုကိုေတာ့ ေမ့မသြားပါနဲ႔ "

ေခါင္းငံု႔ၿပီး သူရယ္လိုက္သည္။
တန္လား။ အဲ့မိန္းမက ေကာင္ကေလးအတြက္အေနွာက္အယွက္ျဖစ္ရေလာက္ေအာင္ထိတန္လို႔လား။

" အကိုသြားေတာ့မယ္"

သူနႈတ္ဆက္ကာ ကားစက္နိုးလိုက္သည္။
ေနာက္မွာက်န္ရစ္ခဲ့တဲ့ ၾကည္ႏူးကို သူအားမနာမိပါ။ ဘဝမွာ ျဖစ္သန္းလာတဲ့အခ်ိဳးအေကြ႕အခက္ခဲမ်ားစြာသည္ သူ႔အလိုလို ကံစီမံရာျဖစ္လာခဲ့တယ္ဆိုေပမဲ့ တူညီတဲ့အမွားမ်ိဳးေနာက္တစ္ျကိမ္ျဖစ္ခြင့္ေပးမွာမဟုတ္ဘူး။

___________

" အေျခအေနဘယ္လိုရွိလဲေဒါက္တာ "

" လက္ဖ်ံနားကအရိုးက ျပင္းျပင္းထန္ထန္ရုိက္မိထားေတာ့ အရုိးနည္းနည္းေၾကသြားတယ္။ အဲ့ေနရာမွာ စတီးေခ်ာင္းေသးေသးထည့္ရမယ္၊စိုးရိမ္စရာေတာ့မရွိဘူး။ အလြယ္တကူလုပ္လို႔ရနိုင္တဲ့ခြဲစိတ္မူ႔အေသးစားတစ္ခုပဲ။ တစ္ခုပဲ စစ္ေဆးထားတဲ့ ဦးေခါင္းခြံ ဓာတ္မွန္ရရင္ ျပန္ၾကည့္ရမယ္။ ရုိက္မိတဲ့အရွိန္က မျပင္းေပမဲ့ က်တဲ့ေနရာက နွစ္ဆင့္ျဖစ္သြားေတာ့
ဒဏ္ျဖစ္သြားနိုင္တယ္။ "

ဦးမင္းစံ စိတ္ပူမိသည္ေၾကာင့္ တစ္ရက္အတြင္း ပိုမို အိုစာသြားသလိုပင္။
ဆရာဝန္နဲ႔ နႈတ္ဆက္ၿပီးျပန္ခဲ့သည္ထိ သားက ေဆးအရွိန္နဲ႔ အိပ္ေပ်ာ္ေနဆဲပင္။
သူတို႔ ေရာက္ရွိေနတဲ့ ေနရာသည္ ဘန္ေကာက္ျမဳိ႕ နာမည္ႀကီးေဆးရုံ မွာျဖစ္သည္။
သူ႔မွာ ေငြရွိသည္ ၊ အေႁခြအရံရွိသည္။
သို႔ေသာ္ သားကေတာ့ တစ္ေယာက္ထဲပင္ျဖစ္သည္။ ထို႔ေၾကာင့္  ဘန္ေကာက္မွာကုသဖို႔ ခ်က္ခ်င္းေခၚလာခဲ့ျခင္းျဖစ္သည္။
မေတာ္တဆ ျဖစ္မူ႔သည္ မည္သည့္ပေရာဂမွမပါေပမဲ့ သူ ေဒါသျဖစ္ေနဆဲပင္။
ေနာက္ဆံုး သတိမရခင္အခ်ိန္ထိ  သူ႔စိတ္ထဲ ဟိုလက္ေဝွ႔သမားေကာင္ကို  သားေဘးနားကေနဖယ္ထုတ္ဖို႔စဥ္းစားေနခဲ့ေသးသည္။ ဘာမွမဆိုင္ေသာ္ျငား
သားထိုသို႔ျဖစ္တာ ထိုသူနဲ႔အတူေနမွျဖစ္တာမို႔ မေက်နပ္မူ႔အကုန္လံုးကို သူ႔သမက္ဆီသို႔သာ ပံုခ်မိေလသည္။

"  သားအေျခအေနက ဘာတဲ့လဲ  "

"စိတ္ပူစရာမရွိဘူး  "

ဦးမင္းစံ  ကုတင္ေဘးမွာရပ္၍ သားကိုငံု႔ၾကည့္သည္။ ျပဳတ္က်တဲ့ေနရာသည္ ေအာက္ခံေႂကြျပားမို႔  ေခါင္းနွင့္ေစာင့္မိၿပီး ၆ခ်က္ ခ်ဳပ္လိုက္ရသည္။ မ်က္နွာမွာလည္း နီညိဳေရာင္ အကြက္ေတြသည္ ရုိက္မိတဲ့အရွိန္ေၾကာင့္ ေသြးေၾကဥသလိုဆိုးဆိုးဝါးဝါးနီအန္းေနသည္ ။ ဘယ္ဖက္ မ်က္လံုးအထက္က မ်က္ခြံေတြဆို ေယာင္ေနသည့္အျပင္ ေပါက္ထြက္မတက္ ေသြးေၾကာနီနီႂကြေနသည္။ စိတ္မခ်မ္းေျမ့မူ႔ေၾကာင့္ ဖေအတန္မဲ့ မ်က္ရည္ကေဝ့ကနဲ။

" သူေနမေကာင္းတာလား ။ တခ်ိန္လံုးအိပ္ေပ်ာ္ေနသလိုပဲ"

" မဟုတ္ဘူး။ ေဆးေၾကာင့္ပါ။ သူ႔လက္အေျခေနရကဘယ္လိုလဲ"

ပ့တ္တီးစီးထားတဲ့လက္တဲ့ကိုၾကည့္ၿပီး ေဒၚဟန္နီဦးေမးသည္။ က်ိဳးသြားတာေၾကာင့္ ခြဲစိတ္ရမည္ဟု ဆရာဝန္ေျပာတာသူၾကားမိသည္။ သို႔ေသာ္ ဦးမင္းစံက ဟိုမွာ အကုမခံပဲ သားကို ဒီကိုေရာက္ေအာင္ေခၚလာခဲ့သည္။ ယခုသူတို႔ေရာက္ရွိေနေသာ ေဆးရုံသည္ ဦးမင္းစံ၏ ရွယ္ယာ မ်ားစြာပါရွိေသာေဆးရုံမို႔ ဆရာဝန္ႀကီးမ်ားစြာသည္ သားေရာက္လာကတည္းက ပ်ာယာခတ္ကာ အထူးၾကပ္မတ္ကုသေပးၾက၏။
အလံုးစံုကုိခင္ပြန္းျဖစ္သူသာ လုပ္ကုိင္ေနသည္မို႔  ဆိုးသည္ ၊ ေကာင္းသည္ ေဒၚဟန္နီဦး တစ္ခြန္းတေလေတာင္မွ မပါဝင္မေျပာဆိုခဲ့။

" ခြဲစိတ္ခန္းဝင္ရမယ္။ အေသးစားမို႔စိုးရိမ္စရာမလိုဘူး။ စတီးေခ်ာင္းထည့္ရမွာ ဆိုေတာ့ ေဆးရုံမွာ ၅ရက္ေလာက္ေတာ့ေနရမယ္ထင္တယ္။ မင္းအလုပ္ေတြေရာ။
ဒီရက္ပိုင္း အေရးႀကီးတာရွိလား "

"မရွိဘူး။ ရွိလည္း သားေလာက္အေရးမႀကီးဘူး "

ေဆးရုံခန္းသည္ အဆင့္ျမင့္အခန္းမို႔ ေဟာ္တယ္တစ္ခုလိုပင္ ေနရတာသက္ေသာင့္သက္သာရွိလြန္းသည္။
ဦးမင္းစံ အိပ္ေပ်ာ္ေနဆဲသား၏ တစ္ဖက္ေနရာတြင္ ထိုင္လိုက္သလို ေဒၚဟန္နီဦးကလည္း မ်က္နွာခ်င္းဆိုင္တစ္ဖက္တြင္ထိုင္ေနတာျဖစ္သည္။ သားလက္ကေလးေတြသည္ ရွည္သြယ္ကာ လက္ေကာက္ဝတ္ကေလးကလည္း ေသးသည္။
ျပဳတ္က်စဥ္က ေလ်ွာက္လမ္းနဲ႔ရုိက္မိ၍ လက္ဖ်ံအရုိးက်ိဳးတာျဖစ္သည္။

အျမင့္ေပဘယ္ေလာက္က က်သလဲ မေတြးၾကည့္ရဲေပမဲ့ သားအစားသာ သူသာျဖစ္လိုက္ဖို႔ အေမတစ္ေယာက္အေနနဲ႔ေတြးမိ၏။ ခ်ဴ ခ်ာလြန္းသူမို႔ မိုး႐ြာလည္းစိတ္ပူ၊ ေဆာင္းတြန္းလည္းစိတ္ပူရနဲ႔ အိမ္ေထာင္က်သည္ထိ ကေလးတစ္ေယာက္လို လွမ္းပူေနရဆဲပင္။
ျပဳတ္က်လို႔ေဆးရုံမွာဆိုတဲ့
ေကသီဆီကဖုန္းလာတုန္းက လူက
ဘာျဖစ္သလဲဘာညာမေမးနိုင္၊
လုပ္လက္စ meetingျဖတ္ၿပီး ေျပးခဲ့ရသည္။ ၿပန္ေတြးၾကည့္ရင္ ခုထိ ရင္ဘတ္ထဲ
တလႈိက္လႈိက္ျဖစ္ေနတုန္းပင္။ သတိရလာေတာ့လည္း ထင္ထင္ကို မေျပာျပဘူးမို႔လား ဆိုတဲ့စကားကိုအရင္ေျပာလာသည္မို႔ ဝမ္းနည္းမိေသး၏။

"မာမီ"

ေခၚသံတိုးတိုးေၾကာင့္ ေငးငိုင္ေနရာမွ လူက ဆတ္ခနဲျဖစ္သြား၏။

"သား ေနသာလား ၊ ဘယ္ေနရာနာေနလဲ 
၊ အဆင္ေျပလားေနရတာ "

ေရႊဘံု မ်က္လံုးမဖြင့္နိုင္ေသး၊ လႈပ္လိုက္တာနဲ႔ မူးသြားတာမို႔ ေခါင္းကိုကိုင္ဖို႔ႀကိဳးစားလိုက္လ်ွင္ မာမီလက္က သူ႔လက္အားလာဖိသည္ကိုခံစားလိုက္ရသည္။

"  ခ်က္ခ်င္းလႈပ္လႈပ္ရွားရွားမလုပ္ေသးနဲ႔ဦး ၊ မူးေနတာလား "

"နာတယ္"

"အင္း မာမီသိတယ္။ တကိုယ္လံုး ရုိက္မိထားတဲ့အရွိန္ေၾကာင့္ နာေနလိမ့္မယ္၊ ခဏသည္းခံေနာ္ "

ဟိုမွာတုန္းက မိနစ္ပိုင္းမ်ွသတိျပန္လည္ေသးသည္။ အဲ့တုန္းက နာတာ၊က်င္တာ ဒီေလာက္ဆိုးပံုမေပၚ။လူက ႏုႏု႐ြ႐ြျဖစ္သည့္အျပင္ အေရျပားပါးကာ အထိခိုက္မခံသူမို႔ ျပင္းျပင္းထန္ထန္ထိခိုက္မိသည့္အခါတြင္ခံနိုင္ရည္မရွိေပ။   ေခါင္းကဒဏ္ေၾကာင့္ မ်က္လံုးတစ္ဖက္က မို႔ေယာင္ေနၿပီး ကိုယ္လံုးနွင့္ေက်ာျပင္မွာလည္း အညိဳအမဲ ဒဏ္ရာမ်ားက အနွံ႔အျပား။
မေသေကာင္းမေပ်ာက္ေကာင္းမို႔သာ။

" ဒယ္ဒီ "

"အင္း ဒယ္ဒီ ေဘးမွာရွိတယ္"

မ်က္မွန္မပါတာမို႔ ေရႊဘံုေကာင္းေကာင္းမျမင္ရ။ ဖေအသံၾကားေတာ့ ရႈံ႕မဲ့မဲ့ျဖင့္ေခါင္းလွည့္ၾကည့္သည္။ေခါင္းကေတာ့ မူးေနေသးပံု။

"ေတာင္းပန္ပါတယ္ "

"မဟုတ္တာ ၊ သားဘာမွမျဖစ္တာကိုပဲ
ဒယ္ဒီတို႔ ေျဖသိမ့္နိုင္ေနပါၿပီ။ "

ဘယ္အ႐ြယ္ပဲေရာက္ေနေန ၊ မ်က္စိထဲမွာ အနွီးထုပ္ထဲက တအဲ့အဲ့ ေအာ္ေနေသာ
နီတာရဲေလးသဖြယ္ ထင္မွတ္ေနဆဲပင္။
သားက ငယ္စဥ္ကတည္းက ခ်ဴ ခ်ာတက္တာမို႔  တယုတယ ေမြးခဲ့ရသည္။
ေပ်ာ့ေပ်ာ့ဖက္ဖက္ေလးဆိုေပမဲ့ ေခါင္းမာၿပီး ဇြဲႀကီးသည္။ မၾကာခဏေနမေကာင္းျဖစ္တက္ၿပီး ျဖစ္တိုင္းလည္း မိဘစိတ္မခ်မ္းသာေအာင္ ဂ်ီက် ဆူပူတာမ်ိဳးမလုပ္ဘူး။
ေဆးတိုက္တာပဲျဖစ္ျဖစ္ ေဆးထိုးတာပဲျဖစ္ျဖစ္ အရုပ္ကေလးခ်ထားသလို ၿငိမ္ၿငိမ္ေလး ခံယူတက္သည္။
သူ႔ေၾကာင့္ စိတ္ဆင္းရဲမွာဝန္ထုတ္ဝန္ပိုးျဖစ္မွာ သူအေၾကာက္ဆံုး။

" ဘယ္လိုလဲ ေအာ့အန္ခ်င္တာမ်ိဳးရွိလား။ ရွိရင္ ဒယ္ဒီေျပာ "

" မျဖစ္ဘူးကြၽန္ေတာ္ ေနသာပါတယ္။ "

" ခုဒယ္ဒီတို႔ဘန္ေကာက္ေရာက္ေနတယ္။ သားလက္ကိုစတီးေခ်ာင္းထည့္ရမွာမို႔
ညေန ခြဲခန္းဝင္ရမယ္ ၊ စိုးရိမ္စရာမရွိဘူး။ ေသးေသးေလးပဲခြဲရမွာ  "

အက်ိဳးအေၾကာင္းေျပာကာ မေၾကာက္ေအာင္ေခ်ာ့သည္။

" ဒယ္ဒီ  ..ထင္ထင္ "

ေျပာလက္စစကားသည္ ရပ္သြားၿပီး
မ်က္နွာသည္ ရွက္႐ြံသလို မေနတက္မထိုင္တက္ျဖစ္သြားသည္။ ေနလို႔မေကာင္းတာေတာင္မွ ေယာက်ာ္းကို သတိရေနေသးသည္။ ဆူလည္းဆူခ်င္ ၊ ေဒါသလည္းျဖစ္ခ်င္သလို ျဖစ္သြားတာမို႔ ဦးမင္းစံမ်က္နွာသည္ မအီမလည္။

" သူထိုးရမဲ့ပြဲက ဒီည  ၊ဒါေပမဲ့ သားခြဲခန္းဝင္ရမွာမို႔ ၾကည့္လို႔ရမွာမဟုတ္ဘူး "

" သူအဆင္ေျပေလာက္ပါတယ္ေနာ္ "

" ေလာေလာဆယ္ သားကိုယ္သားပဲ စိတ္ပူစမ္းပါ။ ေတာ္ၿပီ  စကားမမ်ားနဲ႔
ဟန္နီ ဆန္ျပဳတ္ေလးတိုက္လိုက္  "

ဦးမင္းစံ ေျပာၿပီး အျပင္ထြက္သြားသည္။
အခန္းျပင္ေရာက္သည့္အခ်ိန္တြင္ သူ
မတ္တပ္ရပ္ကာ တစ္စံုတစ္ခုကို ေတြးမိ၏။
မၾကာခင္ပြဲစေတာ့မွာမို႔ သူစိတ္ပူသြားသည္။ အဆင္ေျပပါ့မလား ၊ သူ႔သမက္သည္ တစ္ေကာင္ႂကြက္ျဖစ္ၿပီး မွီတင္းေနထိုင္ရာ မိသားစု နွင့္ပတ္သက္ရာပတ္သက္ေၾကာင္းမရွိသူမို႔  အားငယ္ေနရွာမလားဟု မဆီမဆိုင္ ေတြးမိသြားသည္။
သူျမန္ျမန္ဆန္ဆန္ပင္ ဖုန္းကိုထုတ္လိုက္သည္။
ေခၚဆိုမူာသည္ အလ်ွင္အျမန္ပင္ဝင္သြားၿပီးလ်ွင္သူမ်က္ေမွာင္ၾကဳတ္ကာေျပာလိုက္၏။

" ေအး .. မိုက္ေဘးနားမွာအဆင္သင့္ျဖစ္ေအာင္  ၾကည့္ေန။ ထိခိုက္ဒဏ္ရာရရင္
အေျခအေနၾကည့္ၿပီး ပြဲကိုထိန္းဖို႔ လုပ္။
အဓိကကေတာ့ အသက္မေသေစနဲ႔ ၊
ဒုကၡိတမျဖစ္ေစနဲ႔ ၊ သူ႔ဖက္ကအသားစီးရရင္ အသာေန ။ အဲ့လိုမဟုတ္ပဲ ဆန္႔က်င္ဖက္တစ္ခုခုျဖစ္ခဲ့ရင္ ငါေျပာသလိုသာလုပ္။ ေဘးနားမွာ လူေတြျဖန္႔ထား "

သူမွာစရာရွိတာမွာၿပီး ဖုန္းခ်လိုက္သည္။
သို႔ေသာ္ သူ႔နား႐ြားဖ်ားေတြသည္ နီလ်က္ အနည္းငယ္ရွက္႐ြံ႕သေယာင္ျဖစ္ေန၏။

ရေးညို့ထင် ဒတ်စဘုတ်ပေါ်က tissue ကိုလှမ်းယူပြီး မျက်နှာအနှံ့သုတ်ပစ်လိုက်သည်။ ဝင့်ဝါသွေးကိုမြင်ရင် မေမေ့ကိုသိပ်သတိရမိသည်။ နောက်ဆုံးအချိန်ကိုတောင်မှ ဘေးနားရှိမနေပေးနိုင်တဲ့သားမိုက်ကိုမေမေခွင့်လွှတ်မသွားဘူးဆိုတာ သူသိသည် ။ ဘယ်လိုတောင်းပန်ပန် ခွင့်လွှတ်နိုင်ဖွယ်မရှိတာမို့ အားနာပြီးရင်းအားနာရသည်။ သူသာ မေမေ့နားမှာရှိနေပေးခဲ့ရင် အနည်းဆုံးတော့ လိုအပ်သမျှ မြေချတဲ့အထိ သားတစ်ယောက်တာဝန်ကျေပွန်ခဲ့အုံးမှာ။ ခုတော့ နောင်တတွေကို တစ်ချိန်လုံး ထမ်းပိုးနေရတဲ့ ငမိုက်သားဖြစ်နေပြီ။  ကြေးစားအလုပ်ကို မလုပ်ချင်ပေမဲ့ မေမေ့အပေါ်အပြစ်မကင်းတဲ့စိတ်နဲ့
သူအကြိမ်များစွာ ကိုယ့်ကိုကိုယ် နာကျင်အောင် လုပ်ခဲ့သည်။

ကိုယ်လုံးပေါ်က အမာရွတ်တွေအကုန်လုံး သူ့ပေးဆပ်ခြင်းတွေ။
ဒါတွေကို ဒီမိန်းမ သိပါ့မလား။
သူ့ဝဋ်ကြွေးတွေအကုန်လုံး ဒီမိန်းမကြောင့်
ဖြစ်လာခဲ့တာ။ ဘယ်လိုစိတ်နဲ့ ပြန်ပတ်သတ်ရမှာလဲ။ တွေးမိလေ ရွံတဲ့စိတ်ကပိုတိုးလာလေပဲ။

"သားရယ် ၊ အိမ်မှာမေမေတစ်ယောက်ထဲ
ပျင်းလိုက်တာ၊ ရှိတာမှ ဒီသားအမိနှစ်ယောက်ထဲ မေမေနဲ့အတူဘယ်ချိန်မှလာနေမှာလဲ။ သားအိမ်က ပုသိမ်မှာလေ မေမေရှိတယ်ဆိုတာမေ့များနေတာလား"

မဆုံးခင် တစ်ပတ်လောက်ကမှ ဖုန်းဆက်သေးသည်။ ပြန်လာစေချင်တဲ့ အရိပ်အယောင်တွေပြပေမဲ့ ပြန်ခဲ့မယ်ဟု ကတိမပေးဖြစ်ခဲ့။ ဝင့်ဝါသွေးရဲ့အပူတွေသည် သူ့ကိုပါထင်ဟပ်ခဲ့ပြီး မေမေ့ကိုပင်
သတိမရဖြစ်စေခဲ့သည်။
သူပြန်လာခဲ့သောနေ့တွင် ဝင့်ဝါသွေးမင်္ဂလာဆောင်တဲ့နေ့ဖြစ်ပြီး ပုသိမ်ကအမျိုးတွေဆီမှ မေမေ မြေချတဲ့နေ့ဖြစ်ကြောင်းသိခဲ့ရသည်။ 

ထိုနေ့က သူရူးသွားမလိုပင်ဖြစ်ခဲ့ရသည်။
သတင်းကြားကြားချင်း သူဘယ်သွားရမှန်းမသိခဲ့။ အရင်ဆုံး ဝင့်ဝါသွေးလက်ထပ်တာသေချာလားဆိုတာ သိအောင် သွားကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ အဲ့နေ့မှာပဲ ကောင်ကလေးနဲ့တွေ့တာဖြစ်သည်။
လမ်းဖြတ်ကူးတဲ့ကလေး တစ်ယောက် ကို
ဆိုင်ကယ်နဲ့ တိုက်မိမလိုဖြစ်ခဲ့ပြီး သူကတော့အရှိန်မထိန်းနိုင်ပဲ ပစ်စလက်ခတ်လဲခဲ့သည်။ လက်သည် ကတ္တရာလမ်းဖြင့် တရွတ်ဆွဲပွတ်တိုက်မူ့ကြောင့် သွေးစက်လက်ကျခဲ့ပြီး ကောင်ကလေးကတော့ ရှောင်လိုက်တဲ့ အရှိန်ကြောင့် ဘေးကိုလဲကာ
ဒဏ်ရာရသွား၏။ ကလေးအရွယ်လေးမို့ စိုးရိမ်စိတ်နဲ့ သူဆွဲထူထရပ်စေခဲ့ပြီး ဆေးခန်းကိုပင်ရောက်အောင်ပို့ပေးခဲ့သေးသည်။
အလောတကြီး ပုသိမ်ကိုလည်းပြန်ရအုံးမှာမို့ သူ့မှာ ကောင်ကလေးနားနေပေးဖို့အချိန်မရှိခဲ့ပေ။
တစ်ယောက်က သူ့အမေ၊ တစ်ယောက်က သူ့ချစ်သူမို့ ထို့နေ့ရက်သည် သူ့အတွက် ရူးသွပ်စေလုမတက်ဖြစ်ခဲ့ရသည်ဆိုလည်းမမှားပေ။

သူ့အတွေးတွေအကုန်လုံး မတွေးမိအောင် ကြိုးစားပြီး ကိုယ့်ကိုကိုယ်တည်ငြိမ်အောင်  အသက်ကိုပြင်းပြင်းရူနေရသည်။ သို့သော် အဆင်မပြေတော့ပေ။
မေမေ့အကြောင်းပြန်တွေးမိတိုင်း သူလက်တွေတုန်ကာ ခေါင်းတွေထိုးကိုက်လာတက်သည်။
သူ့အဖြစ်က အရှင်လက်လက် ငရဲကျနေသူတစ်ယောက်လိုပင်။ အပြစ်မကင်းတဲ့စိတ်၊ နောင်တတရားတွေ ကြီးစိုးနေတဲ့ စိတ်တို့ကို ၊ အလုံးစုံ တပြိုင်နက်ထဲ ခံစားရပြီးနောက်မှာ သူဝမ်းနည်းစွာငိုကြွေးမိသည်အထိပင်။

သူ ၁၅မိနစ်ခန့်ကြာသည်ထိ သူအသက်ရူရပ်မလို   ခက်ခဲ ပင်ပန်းမူ့ကို ခံစားရပြီးနောက်မှာ တဖြည်းဖြည်းပြန်လည်တည်ငြိမ်လာခဲ့၏။

ဒေါက်ဒေါက်...

ကားမှန်ခေါက်သံကြောင့် သူမျက်ရည်တွေကို အမြန်သုတ်လိုက်သည်။
မော့ကြည့်လိုက်တော့တံခါးခေါက်သူမှာ ကြည်နူးဖြစ်နေ၏။ စကားပြောလိုဟန်ရှိတဲ့ပုံကြောင့် ကားမှန်ကိုအောက်ချပေးလိုက်သည်။

" အဆင်ပြေရဲ့လား"

"အင်း "

သူခပ်တိုးတိုးဖြေလိုက်သည်။
ကြည်နူးသည် သူ့ကိုအကဲခေတ်နေ၏။
ရေးညို့ထင် အကြောင်းပြချက် တစ်ခုခုကိုပေးလိုက်ချင်သည်။ သို့သော်သူ့နှုတ်က ထွက်မလာခဲ့။ ထိုအစား သူသွားတော့မယ်ဟု နှုတ်ဆက်စကားသာထွက်လာခဲ့သည်။

" ရွှေဘုံက ကိုထင်နဲ့ ခရီးအတူလိုက်ဖြစ်မှာမဟုတ်ဘူး "

သူစကားဆက်မဆိုပဲ သက်ပြင်းချကာ ခေါင်းညိမ့်ပြလိုက်သည်။ ထို့ကြောင့်ကြည်နူးက ဆက်ပြောလာခဲ့သည်။

" သူက ကိုထင်ကို စိတ်မပူစေချင်တာပါ။
ခရီးထွက်ဖို့ အများကြီး မျှော်လင့်ပြီး ပျော်နေခဲ့တာမို့ တခြားအကြောင်းအရာတွေမတွေးပဲ သွားစရာရှိတာသွားပါ။ ဖုန်းဆက်လို့အဆင်ပြေရင် သူဆက်လိမ့်မယ် ။
အဓိကကတော့ စိတ်မပူဖို့ပါ။ သူအိမ်မှာလုံလုံခြုံခြုံ ရှိနေပါတယ်"

"ကျေးဇူးပါပဲ  "

"ရပါတယ်။ မဝင့်ဝါနဲ့ကိစ္စကို ကြည်နူးမစွက်ဖက်ပေမဲ့ ကိုထင် ရွှေဘုံကိုတော့ မေ့မသွားပါနဲ့ "

ခေါင်းငုံ့ပြီး သူရယ်လိုက်သည်။
တန်လား။ အဲ့မိန်းမက ကောင်ကလေးအတွက်အနှောက်အယှက်ဖြစ်ရလောက်အောင်ထိတန်လို့လား။

" အကိုသွားတော့မယ်"

သူနှုတ်ဆက်ကာ ကားစက်နိုးလိုက်သည်။
နောက်မှာကျန်ရစ်ခဲ့တဲ့ ကြည်နူးကို သူအားမနာမိပါ။ ဘဝမှာ ဖြစ်သန်းလာတဲ့အချိုးအကွေ့အခက်ခဲများစွာသည် သူ့အလိုလို ကံစီမံရာဖြစ်လာခဲ့တယ်ဆိုပေမဲ့ တူညီတဲ့အမှားမျိုးနောက်တစ်ကြိမ်ဖြစ်ခွင့်ပေးမှာမဟုတ်ဘူး။

___________

" အခြေအနေဘယ်လိုရှိလဲဒေါက်တာ "

" လက်ဖျံနားကအရိုးက ပြင်းပြင်းထန်ထန်ရိုက်မိထားတော့ အရိုးနည်းနည်းကြေသွားတယ်။ အဲ့နေရာမှာ စတီးချောင်းသေးသေးထည့်ရမယ်၊စိုးရိမ်စရာတော့မရှိဘူး။ အလွယ်တကူလုပ်လို့ရနိုင်တဲ့ခွဲစိတ်မူ့အသေးစားတစ်ခုပဲ။ တစ်ခုပဲ စစ်ဆေးထားတဲ့ ဦးခေါင်းခွံ ဓာတ်မှန်ရရင် ပြန်ကြည့်ရမယ်။ ရိုက်မိတဲ့အရှိန်က မပြင်းပေမဲ့ ကျတဲ့နေရာက နှစ်ဆင့်ဖြစ်သွားတော့
ဒဏ်ဖြစ်သွားနိုင်တယ်။ "

ဦးမင်းစံ စိတ်ပူမိသည်ကြောင့် တစ်ရက်အတွင်း ပိုမို အိုစာသွားသလိုပင်။
ဆရာဝန်နဲ့ နှုတ်ဆက်ပြီးပြန်ခဲ့သည်ထိ သားက ဆေးအရှိန်နဲ့ အိပ်ပျော်နေဆဲပင်။
သူတို့ ရောက်ရှိနေတဲ့ နေရာသည် ဘန်ကောက်မြို့ နာမည်ကြီးဆေးရုံ မှာဖြစ်သည်။
သူ့မှာ ငွေရှိသည် ၊ အခြွေအရံရှိသည်။
သို့သော် သားကတော့ တစ်ယောက်ထဲပင်ဖြစ်သည်။ ထို့ကြောင့်  ဘန်ကောက်မှာကုသဖို့ ချက်ချင်းခေါ်လာခဲ့ခြင်းဖြစ်သည်။
မတော်တဆ ဖြစ်မူ့သည် မည်သည့်ပရောဂမှမပါပေမဲ့ သူ ဒေါသဖြစ်နေဆဲပင်။
နောက်ဆုံး သတိမရခင်အချိန်ထိ  သူ့စိတ်ထဲ ဟိုလက်ဝှေ့သမားကောင်ကို  သားဘေးနားကနေဖယ်ထုတ်ဖို့စဉ်းစားနေခဲ့သေးသည်။ ဘာမှမဆိုင်သော်ငြား
သားထိုသို့ဖြစ်တာ ထိုသူနဲ့အတူနေမှဖြစ်တာမို့ မကျေနပ်မူ့အကုန်လုံးကို သူ့သမက်ဆီသို့သာ ပုံချမိလေသည်။

"  သားအခြေအနေက ဘာတဲ့လဲ  "

"စိတ်ပူစရာမရှိဘူး  "

ဦးမင်းစံ  ကုတင်ဘေးမှာရပ်၍ သားကိုငုံ့ကြည့်သည်။ ပြုတ်ကျတဲ့နေရာသည် အောက်ခံကြွေပြားမို့  ခေါင်းနှင့်စောင့်မိပြီး ၆ချက် ချုပ်လိုက်ရသည်။ မျက်နှာမှာလည်း နီညိုရောင် အကွက်တွေသည် ရိုက်မိတဲ့အရှိန်ကြောင့် သွေးကြေဥသလိုဆိုးဆိုးဝါးဝါးနီအန်းနေသည် ။ ဘယ်ဖက် မျက်လုံးအထက်က မျက်ခွံတွေဆို ယောင်နေသည့်အပြင် ပေါက်ထွက်မတက် သွေးကြောနီနီကြွနေသည်။ စိတ်မချမ်းမြေ့မူ့ကြောင့် ဖအေတန်မဲ့ မျက်ရည်ကဝေ့ကနဲ။

" သူနေမကောင်းတာလား ။ တချိန်လုံးအိပ်ပျော်နေသလိုပဲ"

" မဟုတ်ဘူး။ ဆေးကြောင့်ပါ။ သူ့လက်အခြေနေရကဘယ်လိုလဲ"

ပ့တ်တီးစီးထားတဲ့လက်တဲ့ကိုကြည့်ပြီး ဒေါ်ဟန်နီဦးမေးသည်။ ကျိုးသွားတာကြောင့် ခွဲစိတ်ရမည်ဟု ဆရာဝန်ပြောတာသူကြားမိသည်။ သို့သော် ဦးမင်းစံက ဟိုမှာ အကုမခံပဲ သားကို ဒီကိုရောက်အောင်ခေါ်လာခဲ့သည်။ ယခုသူတို့ရောက်ရှိနေသော ဆေးရုံသည် ဦးမင်းစံ၏ ရှယ်ယာ များစွာပါရှိသောဆေးရုံမို့ ဆရာဝန်ကြီးများစွာသည် သားရောက်လာကတည်းက ပျာယာခတ်ကာ အထူးကြပ်မတ်ကုသပေးကြ၏။
အလုံးစုံကိုခင်ပွန်းဖြစ်သူသာ လုပ်ကိုင်နေသည်မို့  ဆိုးသည် ၊ ကောင်းသည် ဒေါ်ဟန်နီဦး တစ်ခွန်းတလေတောင်မှ မပါဝင်မပြောဆိုခဲ့။

" ခွဲစိတ်ခန်းဝင်ရမယ်။ အသေးစားမို့စိုးရိမ်စရာမလိုဘူး။ စတီးချောင်းထည့်ရမှာ ဆိုတော့ ဆေးရုံမှာ ၅ရက်လောက်တော့နေရမယ်ထင်တယ်။ မင်းအလုပ်တွေရော။
ဒီရက်ပိုင်း အရေးကြီးတာရှိလား "

"မရှိဘူး။ ရှိလည်း သားလောက်အရေးမကြီးဘူး "

ဆေးရုံခန်းသည် အဆင့်မြင့်အခန်းမို့ ဟော်တယ်တစ်ခုလိုပင် နေရတာသက်သောင့်သက်သာရှိလွန်းသည်။
ဦးမင်းစံ အိပ်ပျော်နေဆဲသား၏ တစ်ဖက်နေရာတွင် ထိုင်လိုက်သလို ဒေါ်ဟန်နီဦးကလည်း မျက်နှာချင်းဆိုင်တစ်ဖက်တွင်ထိုင်နေတာဖြစ်သည်။ သားလက်ကလေးတွေသည် ရှည်သွယ်ကာ လက်ကောက်ဝတ်ကလေးကလည်း သေးသည်။
ပြုတ်ကျစဉ်က လျှောက်လမ်းနဲ့ရိုက်မိ၍ လက်ဖျံအရိုးကျိုးတာဖြစ်သည်။

အမြင့်ပေဘယ်လောက်က ကျသလဲ မတွေးကြည့်ရဲပေမဲ့ သားအစားသာ သူသာဖြစ်လိုက်ဖို့ အမေတစ်ယောက်အနေနဲ့တွေးမိ၏။ ချူ ချာလွန်းသူမို့ မိုးရွာလည်းစိတ်ပူ၊ ဆောင်းတွန်းလည်းစိတ်ပူရနဲ့ အိမ်ထောင်ကျသည်ထိ ကလေးတစ်ယောက်လို လှမ်းပူနေရဆဲပင်။
ပြုတ်ကျလို့ဆေးရုံမှာဆိုတဲ့
ကေသီဆီကဖုန်းလာတုန်းက လူက
ဘာဖြစ်သလဲဘာညာမမေးနိုင်၊
လုပ်လက်စ meetingဖြတ်ပြီး ပြေးခဲ့ရသည်။ ပြန်တွေးကြည့်ရင် ခုထိ ရင်ဘတ်ထဲ
တလှိုက်လှိုက်ဖြစ်နေတုန်းပင်။ သတိရလာတော့လည်း ထင်ထင်ကို မပြောပြဘူးမို့လား ဆိုတဲ့စကားကိုအရင်ပြောလာသည်မို့ ဝမ်းနည်းမိသေး၏။

"မာမီ"

ခေါ်သံတိုးတိုးကြောင့် ငေးငိုင်နေရာမှ လူက ဆတ်ခနဲဖြစ်သွား၏။

"သား နေသာလား ၊ ဘယ်နေရာနာနေလဲ 
၊ အဆင်ပြေလားနေရတာ "

ရွှေဘုံ မျက်လုံးမဖွင့်နိုင်သေး၊ လှုပ်လိုက်တာနဲ့ မူးသွားတာမို့ ခေါင်းကိုကိုင်ဖို့ကြိုးစားလိုက်လျှင် မာမီလက်က သူ့လက်အားလာဖိသည်ကိုခံစားလိုက်ရသည်။

"  ချက်ချင်းလှုပ်လှုပ်ရှားရှားမလုပ်သေးနဲ့ဦး ၊ မူးနေတာလား "

"နာတယ်"

"အင်း မာမီသိတယ်။ တကိုယ်လုံး ရိုက်မိထားတဲ့အရှိန်ကြောင့် နာနေလိမ့်မယ်၊ ခဏသည်းခံနော် "

ဟိုမှာတုန်းက မိနစ်ပိုင်းမျှသတိပြန်လည်သေးသည်။ အဲ့တုန်းက နာတာ၊ကျင်တာ ဒီလောက်ဆိုးပုံမပေါ်။လူက နုနုရွရွဖြစ်သည့်အပြင် အရေပြားပါးကာ အထိခိုက်မခံသူမို့ ပြင်းပြင်းထန်ထန်ထိခိုက်မိသည့်အခါတွင်ခံနိုင်ရည်မရှိပေ။   ခေါင်းကဒဏ်ကြောင့် မျက်လုံးတစ်ဖက်က မို့ယောင်နေပြီး ကိုယ်လုံးနှင့်ကျောပြင်မှာလည်း အညိုအမဲ ဒဏ်ရာများက အနှံ့အပြား။
မသေကောင်းမပျောက်ကောင်းမို့သာ။

" ဒယ်ဒီ "

"အင်း ဒယ်ဒီ ဘေးမှာရှိတယ်"

မျက်မှန်မပါတာမို့ ရွှေဘုံကောင်းကောင်းမမြင်ရ။ ဖအေသံကြားတော့ ရှုံ့မဲ့မဲ့ဖြင့်ခေါင်းလှည့်ကြည့်သည်။ခေါင်းကတော့ မူးနေသေးပုံ။

"တောင်းပန်ပါတယ် "

"မဟုတ်တာ ၊ သားဘာမှမဖြစ်တာကိုပဲ
ဒယ်ဒီတို့ ဖြေသိမ့်နိုင်နေပါပြီ။ "

ဘယ်အရွယ်ပဲရောက်နေနေ ၊ မျက်စိထဲမှာ အနှီးထုပ်ထဲက တအဲ့အဲ့ အော်နေသော
နီတာရဲလေးသဖွယ် ထင်မှတ်နေဆဲပင်။
သားက ငယ်စဉ်ကတည်းက ချူ ချာတက်တာမို့  တယုတယ မွေးခဲ့ရသည်။
ပျော့ပျော့ဖက်ဖက်လေးဆိုပေမဲ့ ခေါင်းမာပြီး ဇွဲကြီးသည်။ မကြာခဏနေမကောင်းဖြစ်တက်ပြီး ဖြစ်တိုင်းလည်း မိဘစိတ်မချမ်းသာအောင် ဂျီကျ ဆူပူတာမျိုးမလုပ်ဘူး။
ဆေးတိုက်တာပဲဖြစ်ဖြစ် ဆေးထိုးတာပဲဖြစ်ဖြစ် အရုပ်ကလေးချထားသလို ငြိမ်ငြိမ်လေး ခံယူတက်သည်။
သူ့ကြောင့် စိတ်ဆင်းရဲမှာဝန်ထုတ်ဝန်ပိုးဖြစ်မှာ သူအကြောက်ဆုံး။

" ဘယ်လိုလဲ အော့အန်ချင်တာမျိုးရှိလား။ ရှိရင် ဒယ်ဒီပြော "

" မဖြစ်ဘူးကျွန်တော် နေသာပါတယ်။ "

" ခုဒယ်ဒီတို့ဘန်ကောက်ရောက်နေတယ်။ သားလက်ကိုစတီးချောင်းထည့်ရမှာမို့
ညနေ ခွဲခန်းဝင်ရမယ် ၊ စိုးရိမ်စရာမရှိဘူး။ သေးသေးလေးပဲခွဲရမှာ  "

အကျိုးအကြောင်းပြောကာ မကြောက်အောင်ချော့သည်။

" ဒယ်ဒီ  ..ထင်ထင် "

ပြောလက်စစကားသည် ရပ်သွားပြီး
မျက်နှာသည် ရှက်ရွံသလို မနေတက်မထိုင်တက်ဖြစ်သွားသည်။ နေလို့မကောင်းတာတောင်မှ ယောကျာ်းကို သတိရနေသေးသည်။ ဆူလည်းဆူချင် ၊ ဒေါသလည်းဖြစ်ချင်သလို ဖြစ်သွားတာမို့ ဦးမင်းစံမျက်နှာသည် မအီမလည်။

" သူထိုးရမဲ့ပွဲက ဒီည  ၊ဒါပေမဲ့ သားခွဲခန်းဝင်ရမှာမို့ ကြည့်လို့ရမှာမဟုတ်ဘူး "

" သူအဆင်ပြေလောက်ပါတယ်နော် "

" လောလောဆယ် သားကိုယ်သားပဲ စိတ်ပူစမ်းပါ။ တော်ပြီ  စကားမများနဲ့
ဟန်နီ ဆန်ပြုတ်လေးတိုက်လိုက်  "

ဦးမင်းစံ ပြောပြီး အပြင်ထွက်သွားသည်။
အခန်းပြင်ရောက်သည့်အချိန်တွင် သူ
မတ်တပ်ရပ်ကာ တစ်စုံတစ်ခုကို တွေးမိ၏။
မကြာခင်ပွဲစတော့မှာမို့ သူစိတ်ပူသွားသည်။ အဆင်ပြေပါ့မလား ၊ သူ့သမက်သည် တစ်ကောင်ကြွက်ဖြစ်ပြီး မှီတင်းနေထိုင်ရာ မိသားစု နှင့်ပတ်သက်ရာပတ်သက်ကြောင်းမရှိသူမို့  အားငယ်နေရှာမလားဟု မဆီမဆိုင် တွေးမိသွားသည်။
သူမြန်မြန်ဆန်ဆန်ပင် ဖုန်းကိုထုတ်လိုက်သည်။
ခေါ်ဆိုမူာသည် အလျှင်အမြန်ပင်ဝင်သွားပြီးလျှင်သူမျက်မှောင်ကြုတ်ကာပြောလိုက်၏။

" အေး .. မိုက်ဘေးနားမှာအဆင်သင့်ဖြစ်အောင်  ကြည့်နေ။ ထိခိုက်ဒဏ်ရာရရင်
အခြေအနေကြည့်ပြီး ပွဲကိုထိန်းဖို့ လုပ်။
အဓိကကတော့ အသက်မသေစေနဲ့ ၊
ဒုက္ခိတမဖြစ်စေနဲ့ ၊ သူ့ဖက်ကအသားစီးရရင် အသာနေ ။ အဲ့လိုမဟုတ်ပဲ ဆန့်ကျင်ဖက်တစ်ခုခုဖြစ်ခဲ့ရင် ငါပြောသလိုသာလုပ်။ ဘေးနားမှာ လူတွေဖြန့်ထား "

သူမှာစရာရှိတာမှာပြီး ဖုန်းချလိုက်သည်။
သို့သော် သူ့နားရွားဖျားတွေသည် နီလျက် အနည်းငယ်ရှက်ရွံ့သယောင်ဖြစ်နေ၏။

Bạn đang đọc truyện trên: ZingTruyen.Xyz