ZingTruyen.Xyz

တသက်လုံးပျော်ချင်မောင့်ကိုချစ်ပါ(တသက္လံုးေပ်ာ္ခ်င္ေမာင့္ကိုခ်စ္ပါ)Completed

25

eainsi23

ခပ္က်ဥ္းက်ဥ္းဧည့္ခန္းမွာ ေရးညိဳ႕ထင္ ထိုင္ေနတာ အခ်ိန္အေတာ္ၾကာေနၿပီျဖစ္သည္။ လက္မွာပတ္ထားေသာ နာရီကိုၾကည့္ေတာ့လည္း ထမင္းစားခ်ိန္ေက်ာ္ေနၿပီ ။
ခုထိျပန္မလာေသးတာမို႔ သူအနည္းငယ္စိတ္ပူေနၿပီျဖစ္၏။ ဖုန္းေခၚေတာ့လည္းမကိုင္မို႔  သူလုိက္သြားရမလား ၊ ေစာင့္ေနရမလား ဆံုးျဖတ္ရခက္ေနသည္။ ခါတိုင္းလည္း အလုပ္ေၾကာင့္ေန႔ခင္း မွျပန္လာတက္ေသာ္ျငား ဖုန္းမကိုင္ရေလာက္ေအာင္ထိ မအားလပ္တာမ်ိဳးေတာ့မရွိေပ။
တကယ္ပဲ အလုပ္မအားေနတာဆိုရင္လည္း ျပသနာမရွိေပမဲ့ လမ္းမွာ တစ္ခုခုျဖစ္ေနတာမ်ိဳးဆိုရင္ေတာ့ စိတ္ပူစရာျဖစ္သြားၿပီပင္။

ထို႔ၾကာင့္အခ်ိန္ဆြဲမေနပဲကားေသာ့ေကာက္ယူလိုက္၏။ မနက္ကတစ္ေခါက္ သူလိုက္ပို႔ဖူးတာမို႔ ေဟာ္တယ္လိပ္စာကိုေရးညိဳ႕ထင္သိသည္။

ေဟာ္တယ္မ်က္နွာသာ အုတ္တံတိုင္းတြင္နီညိဳေရာင္ ကႏုတ္ျဖင့္ ေဘာင္ခတ္ထားေသာ ေဟာတယ္နာမည္က ထင္ရွားေပၚလြင္လ်က္။  ေဘးဖက္ေထာင့္နားမွာ ေရးညိဳ႕ထင္ကားကိုရပ္လိုက္၏။ ေဟာ္တယ္ဝန္းအတြင္းသို႔ သူဝင္မသြားေသးပဲ ဖုန္းကိုထုတ္၍  ၆ခါေျမာက္
အေခၚဖုန္းကိုနွိပ္လိုက္သည္။
ေကာင္းကေလးကို မနက္ကတည္းကခုထိဆက္သြယ္၍ လံုးဝမရေပ။ အခ်ိန္က ေန႔ခင္း တစ္နာအတိ ထိုးေနၿပီမို႔ စိုးတထိတ္ထိတ္ျဖစ္စျပဳလာ၏။

သူေရာက္တဲ့အခ်ိန္တြင္ေဟာ္တယ္ဝင္းထဲ သြားလာလႈပ္ရွားေနၾကတဲ့ ယူနီေဖာင္း ဝတ္ဆင္ထားတဲ့ ဝန္ထမ္းေတြမွလြဲ၍ မဂၤလာပြဲလာတဲ့ ဧည့္သည္ မ်ားကေတာ့မရွိေတာ့ေပ။
အိမ္လည္းျပန္မေရာက္ေသး ဖုန္းလည္းမကိုင္သည္မို႔ ဒီမွာမေတြ႕ရင္ ဘယ္သြားရွာရမလဲဆိုတာ ေခါင္းထဲတစ္ခါထဲေတြးထားၿပီးသား။
ေရးညိဳ႕ထင္ကားေပၚမွဆင္းကာ
ေဟာ္တယ္ဝန္းထဲကို ေျခလ်င္ဆင္းေလ်ွာက္လိုက္သည္။
ဧက အေတာ္က်ယ္တဲ့ေနရာမို႔ ခန္းနားမူ႔ကေတာ္ရုံမဟုတ္ေပ။ ေရကူးကန္အပါအဝင္ ျမက္ခင္းစိမ္းနွင့္ ပန္းဥယ်ာဥ္သည္လည္းစနစ္တက် ။
ကားရပ္နားစရာ ေနရာမ်ားကိုလည္း ေသခ်ာစီမံေပးထားနိုင္တာမို႔ မဂၤလာေဆာင္မယ္ဆိုရင္ ေပးရမဲ့ အခေငြးေၾကးကလည္း နည္းမွာမဟုတ္။ တဆက္ထဲ ေကာင္ကေလး အတြက္ စိတ္မေကာင္းလည္းျဖစ္သြားရသည္။ ဒီတစ္ပြဲၿပီးလို႔ အိမ္ေျပာင္းရင္ အိမ္တက္ပြဲနဲ႔ဆြမ္းေကြၽးေလးျဖစ္ျဖစ္ ထပ္ေပါင္း ျပဳလုပ္ေပးခ်င္ေသးသည္။

သူ႔ေရွ႕ကျဖတ္သြားေသာ
ဝန္ထမ္းေကာင္ေလးကို တားလိုက္၍

"ညီေလး ၊ မနက္၉နာရီကေဆာင္တဲ့ မဂၤလာပြဲၿပီးသြားၿပီလား"

"ၿပီးသြားၿပီ အကို။ အထဲမွာ သတိုးသမီး ၊ သတိုးသားရဲ႕မိဘေဆြမ်ိဳးေတြေတာ့ က်န္ေနေသးတယ္ထင္တယ္"

" ပန္းအလွဆင္တဲ့ ဝန္ထမ္းေတြေရာ
ပစၥည္းေတြ သိမ္းေနၾကတုန္းလား ၊ အကိုက သူတို႔နဲ႔ေတြ႕ခ်င္လို႔လာတာပါ"

"မရွိေတာ့ဘူးဗ်။ သိမ္းသြားတာနာရီဝက္ေလာက္ပဲရွိေသးတယ္၊ သိပ္မၾကာေသးဘူး "

"ဟုတ္လား ။ ေက်းဇူးပဲညီေလး "

ေရးညိဳ႕ထင္ ဖုန္းကိုထုတ္ကာ
ေကသီထံေခၚလိုက္၏။ ေတာ္ရုံဆို
မိန္းကေလးေတြမို႔ ေခၚေခၚေျပာေျပာ အဆက္သြယ္သိပ္မလုပ္ျဖစ္။ သို႔ေသာ္ ဒီေန႔ေတာ့ ေကာင္ကေလးကိုစိတ္ပူတာေၾကာင့္ ေခၚလိုက္မိသည္။
ဆက္သြယ္မူ႔ဧရိယာျပင္ပေရာက္ေနပါသည္ ဆိုတဲ့ မိန္းမသံကလြဲၿပီး အလိုရွိတဲ့ အသံက ၾကားမလာေပ။ သူအေတာ္ေလး စိတ္ရႈပ္ေထြးေနၿပီမို႔၊ မ်က္ေမွာင္လည္းကုတ္ထားကာ ၾကမ္းၾကမ္းတမ္းတမ္းပံုႀကီးေျပာင္းလာ၏။ သြားရမဲ့ခရီးမွာ  ျဖတ္ထားတဲ့လက္မွတ္က ညေန၄နာရီ။ ခုထိ ေန႔ခင္းတစ္နာရီထိုးေနၿပီ ေကာင္ကေလးက ၾကားထဲမွာေပ်ာက္ေနသည္။

"ဒီမွာ "

ျပန္ထြက္ေတာ့မလိုေျခလွမ္းျပင္ခါက်မွ ေခၚသံကထြက္လာ၏။ သူေခၚတာလိုလို ကိုယ့္ေခၚတာလိုလို မို႔ စိတ္မရွည္စြာ
လွည္ၾကည့္လ်ွင္  ၾကည္ႏူးနဲ႔ အတူ သူမျမင္ခ်င္ဆံုးမိန္းမ က ေဟာ္တယ္ထဲကေန  ကမန္းကတမ္းေျပးထြက္လာသည္။

" ေမာင္..ေမာင္မို႔လား။"

ဝင့္ဝါ တုန္တုန္ရီရီျဖစ္ေနသည္။ အကုန္ၿပီးစီးသြားေပမဲ့ ေဆြမ်ိဳးေတြနဲ႔ ေဟာတယ္မွာ ေသာက္ၾကစားၾက နဲ႔စကားေတြကအမ်ွင္မျပတ္နိုင္ခဲ့။ ျပန္ခ်င္ေသာ္လည္း
အတင္းဆြဲကာမေတြ႕တာၾကာတဲ့ အေဒၚေတြညီမေတြက ဟိုမွာေနခဲ့တဲ့အေၾကာင္းေတြေမးျမန္းၾကတာ ေခါင္းကိုက္လာသည္ထိပင္။ ပန္းအလွဆင္တဲ့ ေကာင္မေလး ျပန္မဲ့အေရးျမင္မွ အခြင့္ေရးယူကာ လိုက္ပို႔ဦးမယ္လို႔ေျပာ၍ လစ္ထြက္လာခဲ့တာျဖစ္သည္။
အျပင္ေရာက္တဲ့အခ်ိန္မွာ ဖုန္းဆက္ေနတဲ့ ေမာင့္ကိုလွမ္းျမင္လိုက္ရတာမို႔ မရွက္နိုင္ပဲ အေလာတႀကီးေျပးထြက္ခဲ့ရတာပင္။
အခ်ိန္အၾကာႀကီးအတူရွိဖူးတဲ့သူမို႔ဒီမ်က္နွာဒီအေနအထားဟာ အမွတ္တမဲ့ျမင္မိရင္ေတာင္ ေမ့သြားမွာမဟုတ္။

"ေမာင္  ဝင့္ဝါေလ  ၊ မွတ္မိတယ္မို႔လား ။
ခုဘယ္ကိုလာတာလဲဟင္ ။ အခ်ိန္ရလား
ဝင့္ဝါ ေမာင္နဲ႔စကားေတြ ေျပာစရာရွိတယ္ "
အဆက္မျပတ္စကားေတြေျပာရင္းဝင့္ဝါမ်က္ရည္ေတြဝဲလာသည္။ ခုထိအေရးမလုပ္ပဲေအးစက္စက္ျဖစ္ေနတဲ့မ်က္နွာထားကို ဝင့္ဝါေၾကာက္သည္။

" ေကာင္ကေလး ဘယ္မွာလဲ။ ဖုန္းဆက္တာမကိုင္လို႔ "

စိတ္မရွည္စြာတြန္႔ခ်ိဳးေနတဲ့ မ်က္ခံုးေတြက နည္းနည္းမွေျပမက်ခဲ့။ ခါတိုင္းနဲ႔မတူစြာ ပုဆိုးဝတ္လာတာမဟုတ္ပဲေဘာင္းဘီရွည္နွင့္  ဂ်င္းအက်ၤ ီအနက္လက္ရွည္ထပ္ဝတ္ထားတာမို႔ သေဘာေကာင္းတဲ့ ေရးညိဳ႕ထင္ပံုစံေပ်ာက္ကာ ေဒါသတႀကီး ထရုိက္ေတာ့မဲ့ ပံုစံေျပာင္းကာ ၾကည္ႏူးေတာင္မွအနည္းငယ္လန္႔ေနရတဲ့အေနအထား။

"ဟို..ဟို သူအေဖ ေနမေကာင္းလို႔အိမ္ျပန္သြားတယ္"

"ဒါဆို အိမ္ပဲ လိုက္သြားေတာ့မယ္။ ေက်းဇူးပဲ"

ျပန္လွည့္ထြက္ေတာ့မဲ့အေနအထားမို႔
ဝင့္ဝါ အျမန္တားလိုက္သည္။ စိတ္နာတယ္ဆိုရင္ေတာင္မွ ေတာင္းပန္ခ်င္ေသးသည္။ ေဒါသႀကီးတက္ ေသြးဆူလြယ္တက္တယ္ဆိုေပမဲ့ အရဲကိုးကာ လက္ကိုဆြဲလိုက္၏။ အနည္းဆံုး ေဒါသဘယ္ေလာက္ႀကီးႀကီးပါေစ။ အမ်ားႀကီးမုန္းေနပါေစ ရုိက္ပစ္ရေလာက္ေအာင္ထိမလုပ္ဘူးဆိုတာ သူမ ယံုသည္။

" ေမာင္ ၊ ဝင့္ဝါတို႔ စကားေျပာရေအာင္။
ေနာ္ ၊ ခဏေလးပါ။ "

"ငါ့လက္ကိုလႊတ္စမ္းဝင့္ဝါေသြး။
မင္းနဲ႔ငါနဲ႔ၿပီးသြားတာၾကာၿပီ။ ပတ္သတ္စရာလည္းမရွိသလို မင္းမ်က္နွာလည္းငါမၾကည့္ခ်င္ဘူး"

ေဘးမွာ သူစိမ္းရွိေနတယ္ဆိုတာကိုေတာင္မွေမ့ကာ ဝင့္ဝါေသြးရူးတန္းရူးေခါင္းရမ္းလိုက္သည္။ ရွည္လ်ားတဲ့ စိန္နားဆြဲရွည္ေလးက ေခါင္းလႈပ္လိုက္တာနဲ႔ တလဲ့လဲ့။
ေနာက္ဖက္မွာ သိမ့္၍ ကပိုကရုိထံုးဖြဲ႕ထားတဲ့ ဆံထံုးႏြဲ႕ႏြဲ႕ေၾကာင့္ မ်က္ရည္မ်ားနွင့္ မလွမပျဖစ္မသြားပဲ သနားစရာ ေလးျဖစ္သြား၏။ ဇာအနားက ပန္းခတ္သ႑ာန္ပံုေဖာ္ထားေသာ္ျငား လည္ပင္းေပါက္က်ယ္က်ယ္ခ်ဳပ္ထားမို႔ မရုိင္းမယဥ္ျဖစ္ကာ
တစ္ကိုယ္လံုး ရုိက္ႀကီးဖိုငယ္အသြယ္သြယ္ျဖင့္ ထင္ေပၚလွပေနဆဲပင္။

"ဟင့္အင္ ၊ အဲ့လိုမလုပ္ပါနဲ႔  ဝင့္ဝါ  ေမာင့္ကိုလိုက္ရွာေနတာ ၾကာၿပီ ။ အခက္အခဲေတြေၾကာင့္ ဝင့္ဝါတို႔ေဝးခဲ့ရတယ္ဆိုတာ မွန္ပါတယ္။ ေမာင္ အိမ္ေထာင္မက်ေသးဘူးမို႔လား။ ဝင့္ဝါတို႔ ျပန္စဖို႔..."

"ငါအိမ္ေထာင္က် ၿပီးသြားၿပီဝင့္ဝါေသြး။
မင္းျပန္လာသည္ျဖစ္ေစ၊ မလာသည္ျဖစ္ေစ။ မင္းကို အဲ့ခ်ိန္ကတည္းကငါ့ရင္ထဲကထုတ္လိုက္ၿပီးသား ။ တစ္ခ်ိန္က ပတ္သတ္စရာျဖစ္ခဲ့ဖူးတယ္ဆိုရင္ေတာင္မွ ဒီ၆နွစ္ေက်ာ္အတြင္း မင္းကိုတစ္ႀကိမ္တစ္ခါေတာင္မွ သတိမရဘူးလို႔ မင္းငါ့လက္ကို ခုဆြဲထားလည္းအပိုပဲ။ အဲ့ေတာ့ ငါ့အသားကိုမထိနဲ႔ဝင့္ဝါေသြး ၊ ခုလႊတ္လိုက္ေတာ့"

"မဟုတ္ဘူး.. ေမာင္ ..ဝင့္ဝါ ေမာင့္ကို ေျပာစရာေတြ အမ်ားႀကီးရွိေသးတယ္။ နားေထာင္ေပးမယ္မို႔လားဟင္  ။ ခဏေလးပါ။ ဝင့္ဝါတို႔ တစ္ေနေနရာ သြားၿပီးေတာ့..."

"မရွက္တက္တာလား၊ အရွက္မဲ့တာလားဝင့္ဝါေသြး။ မိန္းမေတြဘာေတြနားမလည္ဘူးေနာ္။ ငါ့လက္ကိုခုမလႊတ္ရင္ မင္းကိုရုိက္ဖို႔ဝန္ေလးမွာမဟုတ္ဘူး "

ေအးစက္လြန္းတဲ့ အသံေၾကာင့္ဝင့္ဝါ လြတ္ေပးလိုက္ေပမဲ့ မ်က္ရည္ေတြကေတာ့မရပ္တန္႔ခဲ့။
မမုန္းဖို႔ အခ်ိန္တိုင္း ဆုေတာင္းခဲ့သည္။
နာက်င္လြန္းရသူသည္ ေမာင္လား သူလားဆိုတာ ေဝခြဲမရျဖစ္ေနရၿပီ။
ျဖစ္ၿပီးတဲ့ ျပသနာေတြမွာ ေမာင္နာက်င္သလို သူေရာမနာက်င္ခဲ့လို႔လား။

ေရးညိဳ႕ထင္ ေနာက္လွည့္မၾကည့္ပဲ ခ်က္ျခင္းထိုေနရာမွထြက္လာခဲ့လိုက္သည္။
ခါးတူးလန္ေနေသာ ခံစားခ်က္သည္
သူ႔ေဒါသေတြကို တက္ႂကြေစ၏။
နွိမ့္ခ်ည္ျမင့္ခ်ည္ျဖစ္ေနတဲ့ ရင္ဘတ္က အသက္ရူသံေတာင္မွမမွန္ေတာ့သည္အထိ။
သူကားစီတီယာရင္တိုင္ကို ေမွာက္အိပ္ကာ
အသက္မွန္ေအာင္ မနည္းရူသြင္းေနရသည္။ မုန္းလြန္းလို႔။ ဒီမိန္းမကို ႐ြံ႕လြန္းလို႔။

"သူ႔ကို သိလား "

ငိုရုိက္သံေတြၾကားမွ မပီမသေမးသံ။
ၾကည္ႏူး ဇာတ္ရည္လာသလို မဝင့္ဝါေသြးအားေငးၾကည့္မိသည္။ သူသာ
ဒီမွာ က်န္မေနခဲ့ရင္ ဒီအေၾကာင္းေတြကိုသိခြင့္ရပါ့မလား။ သတိုးသမီးရဲ႕ အမ မဝင့္ဝါေသြးက ေရးညိဳ႕ထင္ရဲ႕အဆက္ေဟာင္းေပါ့။ လွပါတယ္ဆိုတဲ့ မိန္းကေလးေတြထက္ပိုလွသူ။ ဒီလိုအမ်ိဳးသမီးက
တစ္ခ်ိန္က
ကိုထင္ရဲ႕ ခ်စ္သူျဖစ္ခဲ့ဖူးသူတဲ့လား။
ခ်က္ခ်င္းသတိရမိလိုက္တာ ေရႊဘံုကိုပင္။ 

" သူ႔အိမ္ေထာင္က်တယ္ဆိုတာ ၾကည္ႏူးသူငယ္ခ်င္းနဲ႔ပါ "

"ဟိုဆံပင္ဂုတ္ဝဲေလးနဲ႔ ညီမေလးလား"

ဝင့္ဝါ သူ႔မ်က္ရည္ေတြကို မိတ္ကပ္ေတြပ်က္မသြားေအာင္ဖြဖြသုတ္လိုက္၏။
ေမးျမန္းေနေသာ္ျငား ရွက္ရိပ္စြန္းေနတဲ့ ပါးျပင္က နီေရာင္ေတာက္ေတာက္ျဖစ္ကာ ငိုမိတာကိုခုမွရွက္ေနပံုပင္။
ၾကည္ႏူးေငးခနဲ ျဖစ္သြားၿပီးမွ ေခါင္းရမ္းျပလိုက္သည္။ လွတာကေတာ့အေတာ္လွပါသည္။ အသားေရာင္ခ်ိတ္က သူနဲ႔မွပိုလွေနသလို လင္းလင္းလက္လက္ကေလးျဖစ္ကာ ပန္းပုရုပ္ကေလးလိုပင္။

"မိန္းကေလး မဟုတ္ဘူး"

"ဘယ္လို "

အံ့ၾသဟန္မ်က္လံုးေတြက ဝင့္ခနဲ။

"ဟုတ္တယ္ မနက္က ျပဳတ္က်တဲ့ မ်က္မွန္နဲ႔အသားေဖြးေဖြး ေကာင္ကေလးက ကိုထင္ေယာက်ာ္းပဲ။ ေယာက်္ားေလးနွစ္ေယာက္လက္ထက္ထားတယ္ဆိုေပမဲ့သူ႔တို႔အိမ္ေထာင္ေရးက ေတာ္ေတာ္ေလး ေကာင္းတယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ကလည္းနားလည္မူ႔နဲ႔ ေႏြးေႏြးေထြးေထြးခ်စ္ၾကတယ္။"

ၾကည္ႏူးဆက္ေျပာသည္။ 

"အဲ့ဒါေၾကာင့္ အမကိုေရွ႕ဆက္မတိုးေစခ်င္ဘူး ။ ၾကည္ႏူးေျပာတာကို အမလည္းနားလည္မယ္ထင္ပါတယ္  "

သိမ္ငယ္မူ႔က ရင္ထဲမွာတိုးဝင္လာသည္။
နားလည္မူ႔နဲ႔ခ်စ္ၾကတယ္တဲ့လား။
အိမ္ေထာင္က်ေနေလာက္ၿပီမွန္းခန္႔မွန္းမိေပမဲ့ ၾကားလို
က္ရေတာ့လည္း နစ္ခနဲျဖစ္သြားရသည္။ နိုင္ငံျခားမွာ ေန၍ ကြာရွင္းတုန္းကရတဲ့ ေငြျဖင့္ ေကာ္ဖီဆိုင္ေလးဖြင့္ကာႀကိဳးစားခဲ့သည္။ လူျပန္မလာေပမဲ့ ေမာင့္သတင္းေတြကို သူစံုစမ္းေနတာ ၆နွစ္ေက်ာ္တဲ့အထိပင္။ ဒီနွစ္ေတြထဲ ဘယ္သူနဲ႔မွ မပတ္သလို ေမာင္သာ တစ္ေယာက္ထဲျဖစ္ေနအံုးမယ္ဆိုရင္ေတာင္းပန္ၿပီး အရင္လိုျပန္ေနဖို႔ထိ စိတ္ကူးေတြယဥ္ခဲ့၏။
အဆက္အသြယ္ေတြ႕ျဖတ္ကာ ပုန္းေရွာင္ေနသူကို ေတြ႕မဲ့ေတြ႕ေတာ့ အဆင္မသင့္စြာ ညီမျဖစ္သူမဂၤလာေဆာင္မွာ သူ႔ေယာက်ာ္းကိုလာႀကိဳတာတဲ့။

" ေမာင္က ဝင့္ဝါကို အၿမဲခ်စ္ေနမွာ "

" အပိုေတြ "

"မပိုပါဘူး။ ဝင့္ဝါနဲ႔ ေမာင္နဲ႔ရည္းစားသက္တမ္းဘယ္ေလာက္ရွိၿပီလဲ။ ေျပာ ေမာင့္ကိုမယံုဘူးလား"

ထိုစကားေတြ ျပန္ၾကားမိေတာ့ရင္ထဲလႈိက္တက္လာ၏။ မွားခဲ့တာ ဝင့္ဝါဆိုေပမဲ့ ေမာင္ကတိတည္မယ္ထင္ထားခဲ့သည္။ 

"သူနဲ႔ အမနဲ႔ ခ်စ္ခဲ့ၾကတာ ၉တန္းကတည္းကပဲ။ အမတို႔နွစ္ေယာက္လံုးက ပုသိမ္ဇာတိ ။ ပုသိမ္မွာေမြးတယ္။ ပုသိမ္မွာႀကီးတယ္။ နွစ္ေယာက္စလံုး ငယ္တုန္းစိတ္ကစားၿပီးတြဲၾကတယ္ဆိုေပမဲ့ တကၠသိုလ္တက္တဲ့အခ်ိန္ထိ မျပတ္ၾကဘူး။ "

ဘယ္ေတာ့မွမေမ့ခဲ့ေသာ အတိတ္ေတြကို
ျပန္သတိရမိေတာ့ လြမ္းေမာမိသည္က
အတိုင္းဆမရွိ။
မ်က္မွန္းတန္းရုံသာ ရွိတဲ့ မိန္းကေလးကို
ဖြင့္ေျပာခ်င္မိသည္ထိရင္ထဲမွာ မြမ္းၾကပ္လာခဲ့သည္ 

ဆယ္တန္းေအာင္တဲ့နွစ္မွာ မိသားစုလိုက္ ပုသိမ္မွာရွိတဲ့ အိမ္ကိုေရာင္းၿပီးရန္ကုန္ကိုေျပာင္းလာခဲ့ၾကသည္။အဲ့တုန္းက ဝင့္ဝါအသက္က ၁၇နွစ္ ။

ခ်စ္သူေတြျဖစ္ခဲ့ၾကၿပီးေနာက္မွာ သံေယာဇဥ္ေတြတိုးလာၿပီး တစ္ေယာက္မရွိတစ္ေယာက္မျဖစ္ဘူးဆိုတဲ့အထိျဖစ္လာၾကသည္။  ရန္ကုန္ေျပာင္းမယ္ဆိုတဲ့ညမွာ နွစ္ေယာက္အတူ ငိုခဲ့ၾကရင္း

"ဝင့္ဝါသြားနွင့္ ေမာင္လိုက္လာခဲ့မယ္"

" အန္တီခြာညိဳ ကေမာင့္ကိုလႊတ္ပါ့မလား "

"ေမာင့္ကိုယံု ။ ေမာင္လိုက္လာခဲ့မယ္။
ေမေမ့ကိုလည္း ေမာင္ရေအာင္နားခ်မယ္။ ဒီၾကားထဲဝင့္ဝါလိမ္လိမ္မာမာေန "

ေမာင္ေျပာခဲ့အတိုင္း ကတိတည္ခဲ့သည္။
ရန္ကုန္တကၠသိုလ္မွာ သူနဲ႔အတူ  ေက်ာင္းလာတက္ခဲ့ၿပီး  အားတဲ့အခ်ိန္ေတြမွာ  ေတြ႕တဲ့အလုပ္ဝင္လုပ္၍ သူ႔ေက်ာင္းစရိတ္သူ႔ဖာသာရွာၿပီး ျဖစ္ေအာင္တက္သည္။
ဝင့္ဝါမွာ မိဘေတြရွိေပမဲ့ ေမာင္မွာေတာ့ အေမပဲရွိေလသည္။ အန္တီခြာညိဳက ဝင့္ဝါကို သမီးတစ္ေယာက္လို ခ်စ္ခဲ့သည္မို႔
ေမာင္ရန္ကုန္လာမည္ဆိုေတာ့လည္း မတားျမစ္ခဲ့ေပ။  ေမာင္အေမသည္ အိမ္ေဆာက္ပစၥည္းဆိုင္ဖြင့္ထား၍ ေျပေျပလည္လည္ေနနိုင္စားနိုင္တဲ့ထဲပါသည္။  ဒါေပမဲ့ အေမကို ပစ္ၿပီး အိမ္ကထြက္ခဲ့တယ္ဆိုတဲ့စိတ္နဲ႔ေမာင္က တစ္ျပားမွျပန္မေတာင္းပဲ သူ႔ေက်ာင္းစရိတ္သူ႔ဖာသာရွာသံုးတဲ့အထိ သူကိုသူဒဏ္ခတ္ခဲ့သည္။

" သူက သိပ္မာနႀကီးတာ။ အန္တီခြာညိဳ က ပညာပဲသင္ လိုသမ်ွသူေပးမယ္ေျပာတာေတာင္ အေမေပးသမ်ွ မယူခဲ့ဘူး။
အားတဲ့အခ်ိန္ဆို အခ်ိန္ပိုင္းအလုပ္ေတြလုပ္တယ္၊ အဲ့တုန္းက အေဆာင္ေနရတာဆိုေတာ့ အမက အိမ္ကေန တစ္ပတ္တစ္ခါ သူစားဖို႔ခ်က္ျပဳတ္ၿပီး သြားပို႔ေပးရတာ။"

ေလညင္းသဲ့သဲ့က သူတို႔ၾကားမွာ ေဝ့ဝိုက္၍ ခပ္သြဲ႕သြဲ႕ တိုက္ခတ္သြားသည္။ ေလအေဝ့မွာ သစ္႐ြက္ေျခာက္တစ္ခ်ိဳ႕က သူတို႔မတ္တပ္ရပ္ေနတဲ့အေပၚမွာ ေႂကြက်သြား၏။ အတိတ္ရပ္ဝန္းဆီ တစ္ေခါက္သြားမိလ်ွင္ ဝင့္ဝါ  သက္ျပင္းရႈိက္မိပါသည္။

"အမတို႔နွစ္ေယာက္တြဲတုန္းက နွစ္ဖက္မိဘေတြအကုန္သိေတာ့ ဘာျပသနာမွသိပ္မရွိလိုက္ဘူး။ အစတုန္းကေတာ့ ဘြဲ႕ရၿပီးလက္ထက္ဖို႔ပဲ။ ရရာအလုပ္ကိုလုပ္ၿပီးပိုက္ဆံစုၾကမယ္။ ၿပီးရင္ အိမ္ဝယ္ၿပီး အမတို႔လက္ထပ္ၾကမယ္ေပါ့။  တိုက္တိုက္ဆိုင္ဆိုင္ပဲ အမတို႔လက္ထက္မဲ့နွစ္မွာပဲ အမတို႔မိသားစု ေငြလိမ္ခံလိုက္ရတယ္။ ရွိတဲ့ အိမ္ေလးေပါင္ၿပီး အေဖနဲ႔အေမ ျပသနာေတြရွင္းဖို႔ ႀကိဳးစားခဲ့ေပမဲ့ တစ္ခုမွအဆင္မေျပေတာ့ဘူး။ အိမ္သိမ္းခံရေတာ့မွာလိုလို ၊ အေဖေထာင္က်ေတာ့မွာလိုလိုျဖစ္ေနတဲ့အခ်ိန္မွာ ကယ္တင္ရွင္က အမအရင္ခင္ပြန္းေဟာင္း ကိုေဝယံကိုပဲ။ သူ ေရာက္လာခဲ့တယ္။ ၿပီးေတာ့ လက္ထပ္ဖို႔ အမမိဘေတြကို နားခ်ခဲ့တယ္။ အဆင္မေျပေနတဲ့အခ်ိန္ဆိုေတာ့ အားလံုးရဲ႕ ေမ်ွာ္လင့္ခ်က္က အမပဲ။  သူက အမအလုပ္လုပ္ေနတဲ့ ကုမၸဏီက သူေဌးသူငယ္ခ်င္း ပိုက္ဆံခ်မ္းသာေပမဲ့ လူရႈပ္လူေပြ။ သိသိရက္နဲ႔ အေမတို႔လည္း ျငင္းဆန္ဖို႔ မတက္နိုင္ခဲ့ၾကဘူး"

ျပန္က်လာတဲ့ မ်က္ရည္ကို ဝင့္ဝါ သုတ္၍ စကားဆက္သည္။

"အဲ့အခ်ိန္တုန္းက ေမာင္မရွိဘူး။ "

အတိတ္က အတိတ္ဆိုေပမဲ့ မက်က္တဲ့အနာက ေသြးစိမ္းရွင္ရွင္ထြက္လာသလိုခံစားရေစသည္။

အဲ့ေန႔ကေမာင္ေျပာခဲ့တဲ့ စကားေတြနားထဲကမထြက္ေသး။

"ေမာင့္ကိုယံု ဝင့္ဝါ ။ ေမာင္ျပန္လာခဲ့မယ္။
ေဒၚေလးတို႔က ေသြးပူေနတုန္း လက္ထပ္ဖို႔တိုက္တြန္းတာ ။ ဝင့္ဝါ ေမာင့္ကိုယံုၿပီး အလြယ္တကူ ေခါင္းမညိမ့္လိုက္နဲ႔။ အဆင္ေျပသြားေအာင္  ေမာင္မျဖစ္ျဖစ္ေအာင္ ႀကိဳးစားေပးမယ္။ ၾကားလား"

ေျပာၿပီးထြက္သြားတာဘယ္ဆီသြားလို႔ဘယ္ေရာက္မွန္းမသိ။ တျဖည္းျဖည္းၾကပ္တည္းလာတဲ့အေျခအေနမွာ လက္ထပ္ဖို႔
ဖိအားေပးခံေနရသလို ေမာင္ကိုယ္တိုင္
တစ္ပတ္တိတိၾကာတဲ့အထိျပန္မေရာက္လာခဲ့။ ဒီၾကားထဲ ပုသိမ္က ေမာင့္အေမ အန္တီခြာညိဳ ရုတ္တရက္ ဦးေနွာက္ေသြးေၾကာျပတ္ၿပီးဆံုးသြားသလို ဝင့္ဝါကိုယ္တိုင္ မျဖစ္သည့္အဆံုး ကိုေဝယံ နဲ႔ အက်ဥ္းခ်ံဳး လက္မွတ္ထိုးဖို႔ဇြတ္စီစဥ္ခံလိုက္ရသည္။ အဲ့ေန႔က အန္တီခြာညိဳ ေျမခ်မည့္ေန႔ပင္ျဖစ္သည္။

ဘယ္ေတာ့မွမေမ့ခဲ့တဲ့ ေမာင့္မ်က္နွာကို ဝင္ဝါျပန္ေတြးမိတိုင္း အိပ္မရခဲ့တဲ့ ေန႔ေတြမွအမ်ားႀကီးပဲ။

တစ္ကုိယ္လံုး အညိဳအမဲစြဲကာ မ်က္လံုးတစ္ဖက္ ဖြင့္မရေအာင္ဖူးေယာင္ေနၿပီး
ဆိုင္ကယ္လဲလာသည့္ဟန္ျဖင့္ လက္တစ္ဖက္က တစ္စက္စက္က်ေနတဲ့ ေသြးေတြ ။ ဘယ္ေတာ့မွ ဝင့္ဝါ မေမ့ဘူး။
အဲ့ေန႔က ရူးမတက္ အိမ္ေရွ႕မွာေမာင္ငိုခဲ့သည္။ သတိုးသမီးဝတ္စံုနဲ႔ အိမ္ေရွ႕ေျပးထြက္သြားခဲ့ေသာ္လည္း ေမာင္အေတြ႕မခံပဲ ခ်က္ျခင္းထြက္ေျပးသြားခဲ့သည္။

" အဲ့ေန႔ကတည္းက ေမာင္နဲ႔မေတြ႕ရေတာ့တာဒီေန႔အထိပဲ။ "

"မေတြ႕လက္စနဲ႔ မေတြ႕ေအာင္ေနေပးလိုက္လို႔မရဘူးလား။ ေျပာရရင္ အမ အျပစ္ေတြႀကီးပဲေလ။ ၾကည္ႏုးက ၾကားလူဆိုေပမဲ့တစ္ဖက္က ေတြးၾကည့္ရင္ ၾကည္ႏူးသူငယ္ခ်င္းလည္းပါေနတယ္။ အဲ့ဒါေၾကာင့္ ကိုထင္ ကိုေဝးေဝးေရွာင္ေပးပါ"

"အမ ေမာင္နဲ႔စကားေျပာၾကည့္ခ်င္ေသးတယ္ ။ "

"မဝင့္ဝါ အိမ္ေထာင္ေရးေဖာက္ျပန္ဖို႔
ႀကိဳးစားေနတယ္ဆိုတာေရာ သတိရေသးရဲ႕လား"

ၾကည္ႏူးစကားေထာက္သည္။
ေျပာရမယ္ဆိုရင္ မေက်နပ္မူ႔က ဖံုးဖိမရေအာင္ မ်က္နွာမွာေပၚေနမွာမလြဲ။
ဝင့္ဝါ သူ႔ ေဘးမွာရပ္ေနတဲ့ေကာင္မေလးကိုၾကည့္ကာ မခ်ိၿပံဳး ၿပံဳးျပလိုက္သည္။

အရာအားလံုး ေ႐ွ႔ဆက္တိုးလို႔မရေအာင္ ပိတ္ေနၿပီ ေမာင္ရယ္။ ဝင့္ဝါ ဘာဆက္လုပ္ရမလဲ။

ခ်စ္တဲ့အိမ္စည္။

ခပ်ကျဉ်းကျဉ်းဧည့်ခန်းမှာ ရေးညို့ထင် ထိုင်နေတာ အချိန်အတော်ကြာနေပြီဖြစ်သည်။ လက်မှာပတ်ထားသော နာရီကိုကြည့်တော့လည်း ထမင်းစားချိန်ကျော်နေပြီ ။
ခုထိပြန်မလာသေးတာမို့ သူအနည်းငယ်စိတ်ပူနေပြီဖြစ်၏။ ဖုန်းခေါ်တော့လည်းမကိုင်မို့  သူလိုက်သွားရမလား ၊ စောင့်နေရမလား ဆုံးဖြတ်ရခက်နေသည်။ ခါတိုင်းလည်း အလုပ်ကြောင့်နေ့ခင်း မှပြန်လာတက်သော်ငြား ဖုန်းမကိုင်ရလောက်အောင်ထိ မအားလပ်တာမျိုးတော့မရှိပေ။
တကယ်ပဲ အလုပ်မအားနေတာဆိုရင်လည်း ပြသနာမရှိပေမဲ့ လမ်းမှာ တစ်ခုခုဖြစ်နေတာမျိုးဆိုရင်တော့ စိတ်ပူစရာဖြစ်သွားပြီပင်။

ထို့ကြာင့်အချိန်ဆွဲမနေပဲကားသော့ကောက်ယူလိုက်၏။ မနက်ကတစ်ခေါက် သူလိုက်ပို့ဖူးတာမို့ ဟော်တယ်လိပ်စာကိုရေးညို့ထင်သိသည်။

ဟော်တယ်မျက်နှာသာ အုတ်တံတိုင်းတွင်နီညိုရောင် ကနုတ်ဖြင့် ဘောင်ခတ်ထားသော ဟောတယ်နာမည်က ထင်ရှားပေါ်လွင်လျက်။  ဘေးဖက်ထောင့်နားမှာ ရေးညို့ထင်ကားကိုရပ်လိုက်၏။ ဟော်တယ်ဝန်းအတွင်းသို့ သူဝင်မသွားသေးပဲ ဖုန်းကိုထုတ်၍  ၆ခါမြောက်
အခေါ်ဖုန်းကိုနှိပ်လိုက်သည်။
ကောင်းကလေးကို မနက်ကတည်းကခုထိဆက်သွယ်၍ လုံးဝမရပေ။ အချိန်က နေ့ခင်း တစ်နာအတိ ထိုးနေပြီမို့ စိုးတထိတ်ထိတ်ဖြစ်စပြုလာ၏။

သူရောက်တဲ့အချိန်တွင်ဟော်တယ်ဝင်းထဲ သွားလာလှုပ်ရှားနေကြတဲ့ ယူနီဖောင်း ဝတ်ဆင်ထားတဲ့ ဝန်ထမ်းတွေမှလွဲ၍ မင်္ဂလာပွဲလာတဲ့ ဧည့်သည် များကတော့မရှိတော့ပေ။
အိမ်လည်းပြန်မရောက်သေး ဖုန်းလည်းမကိုင်သည်မို့ ဒီမှာမတွေ့ရင် ဘယ်သွားရှာရမလဲဆိုတာ ခေါင်းထဲတစ်ခါထဲတွေးထားပြီးသား။
ရေးညို့ထင်ကားပေါ်မှဆင်းကာ
ဟော်တယ်ဝန်းထဲကို ခြေလျင်ဆင်းလျှောက်လိုက်သည်။
ဧက အတော်ကျယ်တဲ့နေရာမို့ ခန်းနားမူ့ကတော်ရုံမဟုတ်ပေ။ ရေကူးကန်အပါအဝင် မြက်ခင်းစိမ်းနှင့် ပန်းဥယျာဉ်သည်လည်းစနစ်တကျ ။
ကားရပ်နားစရာ နေရာများကိုလည်း သေချာစီမံပေးထားနိုင်တာမို့ မင်္ဂလာဆောင်မယ်ဆိုရင် ပေးရမဲ့ အခငွေးကြေးကလည်း နည်းမှာမဟုတ်။ တဆက်ထဲ ကောင်ကလေး အတွက် စိတ်မကောင်းလည်းဖြစ်သွားရသည်။ ဒီတစ်ပွဲပြီးလို့ အိမ်ပြောင်းရင် အိမ်တက်ပွဲနဲ့ဆွမ်းကျွေးလေးဖြစ်ဖြစ် ထပ်ပေါင်း ပြုလုပ်ပေးချင်သေးသည်။

သူ့ရှေ့ကဖြတ်သွားသော
ဝန်ထမ်းကောင်လေးကို တားလိုက်၍

"ညီလေး ၊ မနက်၉နာရီကဆောင်တဲ့ မင်္ဂလာပွဲပြီးသွားပြီလား"

"ပြီးသွားပြီ အကို။ အထဲမှာ သတိုးသမီး ၊ သတိုးသားရဲ့မိဘဆွေမျိုးတွေတော့ ကျန်နေသေးတယ်ထင်တယ်"

" ပန်းအလှဆင်တဲ့ ဝန်ထမ်းတွေရော
ပစ္စည်းတွေ သိမ်းနေကြတုန်းလား ၊ အကိုက သူတို့နဲ့တွေ့ချင်လို့လာတာပါ"

"မရှိတော့ဘူးဗျ။ သိမ်းသွားတာနာရီဝက်လောက်ပဲရှိသေးတယ်၊ သိပ်မကြာသေးဘူး "

"ဟုတ်လား ။ ကျေးဇူးပဲညီလေး "

ရေးညို့ထင် ဖုန်းကိုထုတ်ကာ
ကေသီထံခေါ်လိုက်၏။ တော်ရုံဆို
မိန်းကလေးတွေမို့ ခေါ်ခေါ်ပြောပြော အဆက်သွယ်သိပ်မလုပ်ဖြစ်။ သို့သော် ဒီနေ့တော့ ကောင်ကလေးကိုစိတ်ပူတာကြောင့် ခေါ်လိုက်မိသည်။
ဆက်သွယ်မူ့ဧရိယာပြင်ပရောက်နေပါသည် ဆိုတဲ့ မိန်းမသံကလွဲပြီး အလိုရှိတဲ့ အသံက ကြားမလာပေ။ သူအတော်လေး စိတ်ရှုပ်ထွေးနေပြီမို့၊ မျက်မှောင်လည်းကုတ်ထားကာ ကြမ်းကြမ်းတမ်းတမ်းပုံကြီးပြောင်းလာ၏။ သွားရမဲ့ခရီးမှာ  ဖြတ်ထားတဲ့လက်မှတ်က ညနေ၄နာရီ။ ခုထိ နေ့ခင်းတစ်နာရီထိုးနေပြီ ကောင်ကလေးက ကြားထဲမှာပျောက်နေသည်။

"ဒီမှာ "

ပြန်ထွက်တော့မလိုခြေလှမ်းပြင်ခါကျမှ ခေါ်သံကထွက်လာ၏။ သူခေါ်တာလိုလို ကိုယ့်ခေါ်တာလိုလို မို့ စိတ်မရှည်စွာ
လှည်ကြည့်လျှင်  ကြည်နူးနဲ့ အတူ သူမမြင်ချင်ဆုံးမိန်းမ က ဟော်တယ်ထဲကနေ  ကမန်းကတမ်းပြေးထွက်လာသည်။

" မောင်..မောင်မို့လား။"

ဝင့်ဝါ တုန်တုန်ရီရီဖြစ်နေသည်။ အကုန်ပြီးစီးသွားပေမဲ့ ဆွေမျိုးတွေနဲ့ ဟောတယ်မှာ သောက်ကြစားကြ နဲ့စကားတွေကအမျှင်မပြတ်နိုင်ခဲ့။ ပြန်ချင်သော်လည်း
အတင်းဆွဲကာမတွေ့တာကြာတဲ့ အဒေါ်တွေညီမတွေက ဟိုမှာနေခဲ့တဲ့အကြောင်းတွေမေးမြန်းကြတာ ခေါင်းကိုက်လာသည်ထိပင်။ ပန်းအလှဆင်တဲ့ ကောင်မလေး ပြန်မဲ့အရေးမြင်မှ အခွင့်ရေးယူကာ လိုက်ပို့ဦးမယ်လို့ပြော၍ လစ်ထွက်လာခဲ့တာဖြစ်သည်။
အပြင်ရောက်တဲ့အချိန်မှာ ဖုန်းဆက်နေတဲ့ မောင့်ကိုလှမ်းမြင်လိုက်ရတာမို့ မရှက်နိုင်ပဲ အလောတကြီးပြေးထွက်ခဲ့ရတာပင်။
အချိန်အကြာကြီးအတူရှိဖူးတဲ့သူမို့ဒီမျက်နှာဒီအနေအထားဟာ အမှတ်တမဲ့မြင်မိရင်တောင် မေ့သွားမှာမဟုတ်။

"မောင်  ဝင့်ဝါလေ  ၊ မှတ်မိတယ်မို့လား ။
ခုဘယ်ကိုလာတာလဲဟင် ။ အချိန်ရလား
ဝင့်ဝါ မောင်နဲ့စကားတွေ ပြောစရာရှိတယ် "
အဆက်မပြတ်စကားတွေပြောရင်းဝင့်ဝါမျက်ရည်တွေဝဲလာသည်။ ခုထိအရေးမလုပ်ပဲအေးစက်စက်ဖြစ်နေတဲ့မျက်နှာထားကို ဝင့်ဝါကြောက်သည်။

" ကောင်ကလေး ဘယ်မှာလဲ။ ဖုန်းဆက်တာမကိုင်လို့ "

စိတ်မရှည်စွာတွန့်ချိုးနေတဲ့ မျက်ခုံးတွေက နည်းနည်းမှပြေမကျခဲ့။ ခါတိုင်းနဲ့မတူစွာ ပုဆိုးဝတ်လာတာမဟုတ်ပဲဘောင်းဘီရှည်နှင့်  ဂျင်းအင်္ကျီအနက်လက်ရှည်ထပ်ဝတ်ထားတာမို့ သဘောကောင်းတဲ့ ရေးညို့ထင်ပုံစံပျောက်ကာ ဒေါသတကြီး ထရိုက်တော့မဲ့ ပုံစံပြောင်းကာ ကြည်နူးတောင်မှအနည်းငယ်လန့်နေရတဲ့အနေအထား။

"ဟို..ဟို သူအဖေ နေမကောင်းလို့အိမ်ပြန်သွားတယ်"

"ဒါဆို အိမ်ပဲ လိုက်သွားတော့မယ်။ ကျေးဇူးပဲ"

ပြန်လှည့်ထွက်တော့မဲ့အနေအထားမို့
ဝင့်ဝါ အမြန်တားလိုက်သည်။ စိတ်နာတယ်ဆိုရင်တောင်မှ တောင်းပန်ချင်သေးသည်။ ဒေါသကြီးတက် သွေးဆူလွယ်တက်တယ်ဆိုပေမဲ့ အရဲကိုးကာ လက်ကိုဆွဲလိုက်၏။ အနည်းဆုံး ဒေါသဘယ်လောက်ကြီးကြီးပါစေ။ အများကြီးမုန်းနေပါစေ ရိုက်ပစ်ရလောက်အောင်ထိမလုပ်ဘူးဆိုတာ သူမ ယုံသည်။

" မောင် ၊ ဝင့်ဝါတို့ စကားပြောရအောင်။
နော် ၊ ခဏလေးပါ။ "

"ငါ့လက်ကိုလွှတ်စမ်းဝင့်ဝါသွေး။
မင်းနဲ့ငါနဲ့ပြီးသွားတာကြာပြီ။ ပတ်သတ်စရာလည်းမရှိသလို မင်းမျက်နှာလည်းငါမကြည့်ချင်ဘူး"

ဘေးမှာ သူစိမ်းရှိနေတယ်ဆိုတာကိုတောင်မှမေ့ကာ ဝင့်ဝါသွေးရူးတန်းရူးခေါင်းရမ်းလိုက်သည်။ ရှည်လျားတဲ့ စိန်နားဆွဲရှည်လေးက ခေါင်းလှုပ်လိုက်တာနဲ့ တလဲ့လဲ့။
နောက်ဖက်မှာ သိမ့်၍ ကပိုကရိုထုံးဖွဲ့ထားတဲ့ ဆံထုံးနွဲ့နွဲ့ကြောင့် မျက်ရည်များနှင့် မလှမပဖြစ်မသွားပဲ သနားစရာ လေးဖြစ်သွား၏။ ဇာအနားက ပန်းခတ်သဏ္ဍာန်ပုံဖော်ထားသော်ငြား လည်ပင်းပေါက်ကျယ်ကျယ်ချုပ်ထားမို့ မရိုင်းမယဉ်ဖြစ်ကာ
တစ်ကိုယ်လုံး ရိုက်ကြီးဖိုငယ်အသွယ်သွယ်ဖြင့် ထင်ပေါ်လှပနေဆဲပင်။

"ဟင့်အင် ၊ အဲ့လိုမလုပ်ပါနဲ့  ဝင့်ဝါ  မောင့်ကိုလိုက်ရှာနေတာ ကြာပြီ ။ အခက်အခဲတွေကြောင့် ဝင့်ဝါတို့ဝေးခဲ့ရတယ်ဆိုတာ မှန်ပါတယ်။ မောင် အိမ်ထောင်မကျသေးဘူးမို့လား။ ဝင့်ဝါတို့ ပြန်စဖို့..."

"ငါအိမ်ထောင်ကျ ပြီးသွားပြီဝင့်ဝါသွေး။
မင်းပြန်လာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေ။ မင်းကို အဲ့ချိန်ကတည်းကငါ့ရင်ထဲကထုတ်လိုက်ပြီးသား ။ တစ်ချိန်က ပတ်သတ်စရာဖြစ်ခဲ့ဖူးတယ်ဆိုရင်တောင်မှ ဒီ၆နှစ်ကျော်အတွင်း မင်းကိုတစ်ကြိမ်တစ်ခါတောင်မှ သတိမရဘူးလို့ မင်းငါ့လက်ကို ခုဆွဲထားလည်းအပိုပဲ။ အဲ့တော့ ငါ့အသားကိုမထိနဲ့ဝင့်ဝါသွေး ၊ ခုလွှတ်လိုက်တော့"

"မဟုတ်ဘူး.. မောင် ..ဝင့်ဝါ မောင့်ကို ပြောစရာတွေ အများကြီးရှိသေးတယ်။ နားထောင်ပေးမယ်မို့လားဟင်  ။ ခဏလေးပါ။ ဝင့်ဝါတို့ တစ်နေနေရာ သွားပြီးတော့..."

"မရှက်တက်တာလား၊ အရှက်မဲ့တာလားဝင့်ဝါသွေး။ မိန်းမတွေဘာတွေနားမလည်ဘူးနော်။ ငါ့လက်ကိုခုမလွှတ်ရင် မင်းကိုရိုက်ဖို့ဝန်လေးမှာမဟုတ်ဘူး "

အေးစက်လွန်းတဲ့ အသံကြောင့်ဝင့်ဝါ လွတ်ပေးလိုက်ပေမဲ့ မျက်ရည်တွေကတော့မရပ်တန့်ခဲ့။
မမုန်းဖို့ အချိန်တိုင်း ဆုတောင်းခဲ့သည်။
နာကျင်လွန်းရသူသည် မောင်လား သူလားဆိုတာ ဝေခွဲမရဖြစ်နေရပြီ။
ဖြစ်ပြီးတဲ့ ပြသနာတွေမှာ မောင်နာကျင်သလို သူရောမနာကျင်ခဲ့လို့လား။

ရေးညို့ထင် နောက်လှည့်မကြည့်ပဲ ချက်ခြင်းထိုနေရာမှထွက်လာခဲ့လိုက်သည်။
ခါးတူးလန်နေသော ခံစားချက်သည်
သူ့ဒေါသတွေကို တက်ကြွစေ၏။
နှိမ့်ချည်မြင့်ချည်ဖြစ်နေတဲ့ ရင်ဘတ်က အသက်ရူသံတောင်မှမမှန်တော့သည်အထိ။
သူကားစီယာရင်တိုင်ကို မှောက်အိပ်ကာ
အသက်မှန်အောင် မနည်းရူသွင်းနေရသည်။ မုန်းလွန်းလို့။ ဒီမိန်းမကို ရွံ့လွန်းလို့။

"သူ့ကို သိလား "

ငိုရိုက်သံတွေကြားမှ မပီမသမေးသံ။
ကြည်နူး ဇာတ်ရည်လာသလို မဝင့်ဝါသွေးအားငေးကြည့်မိသည်။ သူသာ
ဒီမှာ ကျန်မနေခဲ့ရင် ဒီအကြောင်းတွေကိုသိခွင့်ရပါ့မလား။ သတိုးသမီးရဲ့ အမ မဝင့်ဝါသွေးက ရေးညို့ထင်ရဲ့အဆက်ဟောင်းပေါ့။ လှပါတယ်ဆိုတဲ့ မိန်းကလေးတွေထက်ပိုလှသူ။ ဒီလိုအမျိုးသမီးက
တစ်ချိန်က
ကိုထင်ရဲ့ ချစ်သူဖြစ်ခဲ့ဖူးသူတဲ့လား။
ချက်ချင်းသတိရမိလိုက်တာ ရွှေဘုံကိုပင်။ 

" သူ့အိမ်ထောင်ကျတယ်ဆိုတာ ကြည်နူးသူငယ်ချင်းနဲ့ပါ "

"ဟိုဆံပင်ဂုတ်ဝဲလေးနဲ့ ညီမလေးလား"

ဝင့်ဝါ သူ့မျက်ရည်တွေကို မိတ်ကပ်တွေပျက်မသွားအောင်ဖွဖွသုတ်လိုက်၏။
မေးမြန်းနေသော်ငြား ရှက်ရိပ်စွန်းနေတဲ့ ပါးပြင်က နီရောင်တောက်တောက်ဖြစ်ကာ ငိုမိတာကိုခုမှရှက်နေပုံပင်။
ကြည်နူးငေးခနဲ ဖြစ်သွားပြီးမှ ခေါင်းရမ်းပြလိုက်သည်။ လှတာကတော့အတော်လှပါသည်။ အသားရောင်ချိတ်က သူနဲ့မှပိုလှနေသလို လင်းလင်းလက်လက်ကလေးဖြစ်ကာ ပန်းပုရုပ်ကလေးလိုပင်။

"မိန်းကလေး မဟုတ်ဘူး"

"ဘယ်လို "

အံ့သြဟန်မျက်လုံးတွေက ဝင့်ခနဲ။

"ဟုတ်တယ် မနက်က ပြုတ်ကျတဲ့ မျက်မှန်နဲ့အသားဖွေးဖွေး ကောင်ကလေးက ကိုထင်ယောကျာ်းပဲ။ ယောက်ျားလေးနှစ်ယောက်လက်ထက်ထားတယ်ဆိုပေမဲ့သူ့တို့အိမ်ထောင်ရေးက တော်တော်လေး ကောင်းတယ်။ တစ်ယောက်နဲ့တစ်ယောက်ကလည်းနားလည်မူ့နဲ့ နွေးနွေးထွေးထွေးချစ်ကြတယ်။"

ကြည်နူးဆက်ပြောသည်။ 

"အဲ့ဒါကြောင့် အမကိုရှေ့ဆက်မတိုးစေချင်ဘူး ။ ကြည်နူးပြောတာကို အမလည်းနားလည်မယ်ထင်ပါတယ်  "

သိမ်ငယ်မူ့က ရင်ထဲမှာတိုးဝင်လာသည်။
နားလည်မူ့နဲ့ချစ်ကြတယ်တဲ့လား။
အိမ်ထောင်ကျနေလောက်ပြီမှန်းခန့်မှန်းမိပေမဲ့ ကြားလို
က်ရတော့လည်း နစ်ခနဲဖြစ်သွားရသည်။ နိုင်ငံခြားမှာ နေ၍ ကွာရှင်းတုန်းကရတဲ့ ငွေဖြင့် ကော်ဖီဆိုင်လေးဖွင့်ကာကြိုးစားခဲ့သည်။ လူပြန်မလာပေမဲ့ မောင့်သတင်းတွေကို သူစုံစမ်းနေတာ ၆နှစ်ကျော်တဲ့အထိပင်။ ဒီနှစ်တွေထဲ ဘယ်သူနဲ့မှ မပတ်သလို မောင်သာ တစ်ယောက်ထဲဖြစ်နေအုံးမယ်ဆိုရင်တောင်းပန်ပြီး အရင်လိုပြန်နေဖို့ထိ စိတ်ကူးတွေယဉ်ခဲ့၏။
အဆက်အသွယ်တွေ့ဖြတ်ကာ ပုန်းရှောင်နေသူကို တွေ့မဲ့တွေ့တော့ အဆင်မသင့်စွာ ညီမဖြစ်သူမင်္ဂလာဆောင်မှာ သူ့ယောကျာ်းကိုလာကြိုတာတဲ့။

" မောင်က ဝင့်ဝါကို အမြဲချစ်နေမှာ "

" အပိုတွေ "

"မပိုပါဘူး။ ဝင့်ဝါနဲ့ မောင်နဲ့ရည်းစားသက်တမ်းဘယ်လောက်ရှိပြီလဲ။ ပြော မောင့်ကိုမယုံဘူးလား"

ထိုစကားတွေ ပြန်ကြားမိတော့ရင်ထဲလှိုက်တက်လာ၏။ မှားခဲ့တာ ဝင့်ဝါဆိုပေမဲ့ မောင်ကတိတည်မယ်ထင်ထားခဲ့သည်။ 

"သူနဲ့ အမနဲ့ ချစ်ခဲ့ကြတာ ၉တန်းကတည်းကပဲ။ အမတို့နှစ်ယောက်လုံးက ပုသိမ်ဇာတိ ။ ပုသိမ်မှာမွေးတယ်။ ပုသိမ်မှာကြီးတယ်။ နှစ်ယောက်စလုံး ငယ်တုန်းစိတ်ကစားပြီးတွဲကြတယ်ဆိုပေမဲ့ တက္ကသိုလ်တက်တဲ့အချိန်ထိ မပြတ်ကြဘူး။ "

ဘယ်တော့မှမမေ့ခဲ့သော အတိတ်တွေကို
ပြန်သတိရမိတော့ လွမ်းမောမိသည်က
အတိုင်းဆမရှိ။
မျက်မှန်းတန်းရုံသာ ရှိတဲ့ မိန်းကလေးကို
ဖွင့်ပြောချင်မိသည်ထိရင်ထဲမှာ မွမ်းကြပ်လာခဲ့သည် 

ဆယ်တန်းအောင်တဲ့နှစ်မှာ မိသားစုလိုက် ပုသိမ်မှာရှိတဲ့ အိမ်ကိုရောင်းပြီးရန်ကုန်ကိုပြောင်းလာခဲ့ကြသည်။အဲ့တုန်းက ဝင့်ဝါအသက်က ၁၇နှစ် ။

ချစ်သူတွေဖြစ်ခဲ့ကြပြီးနောက်မှာ သံယောဇဉ်တွေတိုးလာပြီး တစ်ယောက်မရှိတစ်ယောက်မဖြစ်ဘူးဆိုတဲ့အထိဖြစ်လာကြသည်။  ရန်ကုန်ပြောင်းမယ်ဆိုတဲ့ညမှာ နှစ်ယောက်အတူ ငိုခဲ့ကြရင်း

"ဝင့်ဝါသွားနှင့် မောင်လိုက်လာခဲ့မယ်"

" အန်တီခွာညို ကမောင့်ကိုလွှတ်ပါ့မလား "

"မောင့်ကိုယုံ ။ မောင်လိုက်လာခဲ့မယ်။
မေမေ့ကိုလည်း မောင်ရအောင်နားချမယ်။ ဒီကြားထဲဝင့်ဝါလိမ်လိမ်မာမာနေ "

မောင်ပြောခဲ့အတိုင်း ကတိတည်ခဲ့သည်။
ရန်ကုန်တက္ကသိုလ်မှာ သူနဲ့အတူ  ကျောင်းလာတက်ခဲ့ပြီး  အားတဲ့အချိန်တွေမှာ  တွေ့တဲ့အလုပ်ဝင်လုပ်၍ သူ့ကျောင်းစရိတ်သူ့ဖာသာရှာပြီး ဖြစ်အောင်တက်သည်။
ဝင့်ဝါမှာ မိဘတွေရှိပေမဲ့ မောင်မှာတော့ အမေပဲရှိလေသည်။ အန်တီခွာညိုက ဝင့်ဝါကို သမီးတစ်ယောက်လို ချစ်ခဲ့သည်မို့
မောင်ရန်ကုန်လာမည်ဆိုတော့လည်း မတားမြစ်ခဲ့ပေ။  မောင်အမေသည် အိမ်ဆောက်ပစ္စည်းဆိုင်ဖွင့်ထား၍ ပြေပြေလည်လည်နေနိုင်စားနိုင်တဲ့ထဲပါသည်။  ဒါပေမဲ့ အမေကို ပစ်ပြီး အိမ်ကထွက်ခဲ့တယ်ဆိုတဲ့စိတ်နဲ့မောင်က တစ်ပြားမှပြန်မတောင်းပဲ သူ့ကျောင်းစရိတ်သူ့ဖာသာရှာသုံးတဲ့အထိ သူကိုသူဒဏ်ခတ်ခဲ့သည်။

" သူက သိပ်မာနကြီးတာ။ အန်တီခွာညို က ပညာပဲသင် လိုသမျှသူပေးမယ်ပြောတာတောင် အမေပေးသမျှ မယူခဲ့ဘူး။
အားတဲ့အချိန်ဆို အချိန်ပိုင်းအလုပ်တွေလုပ်တယ်၊ အဲ့တုန်းက အဆောင်နေရတာဆိုတော့ အမက အိမ်ကနေ တစ်ပတ်တစ်ခါ သူစားဖို့ချက်ပြုတ်ပြီး သွားပို့ပေးရတာ။"

လေညင်းသဲ့သဲ့က သူတို့ကြားမှာ ဝေ့ဝိုက်၍ ခပ်သွဲ့သွဲ့ တိုက်ခတ်သွားသည်။ လေအဝေ့မှာ သစ်ရွက်ခြောက်တစ်ချို့က သူတို့မတ်တပ်ရပ်နေတဲ့အပေါ်မှာ ကြွေကျသွား၏။ အတိတ်ရပ်ဝန်းဆီ တစ်ခေါက်သွားမိလျှင် ဝင့်ဝါ  သက်ပြင်းရှိုက်မိပါသည်။

"အမတို့နှစ်ယောက်တွဲတုန်းက နှစ်ဖက်မိဘတွေအကုန်သိတော့ ဘာပြသနာမှသိပ်မရှိလိုက်ဘူး။ အစတုန်းကတော့ ဘွဲ့ရပြီးလက်ထက်ဖို့ပဲ။ ရရာအလုပ်ကိုလုပ်ပြီးပိုက်ဆံစုကြမယ်။ ပြီးရင် အိမ်ဝယ်ပြီး အမတို့လက်ထပ်ကြမယ်ပေါ့။  တိုက်တိုက်ဆိုင်ဆိုင်ပဲ အမတို့လက်ထက်မဲ့နှစ်မှာပဲ အမတို့မိသားစု ငွေလိမ်ခံလိုက်ရတယ်။ ရှိတဲ့ အိမ်လေးပေါင်ပြီး အဖေနဲ့အမေ ပြသနာတွေရှင်းဖို့ ကြိုးစားခဲ့ပေမဲ့ တစ်ခုမှအဆင်မပြေတော့ဘူး။ အိမ်သိမ်းခံရတော့မှာလိုလို ၊ အဖေထောင်ကျတော့မှာလိုလိုဖြစ်နေတဲ့အချိန်မှာ ကယ်တင်ရှင်က အမအရင်ခင်ပွန်းဟောင်း ကိုဝေယံကိုပဲ။ သူ ရောက်လာခဲ့တယ်။ ပြီးတော့ လက်ထပ်ဖို့ အမမိဘတွေကို နားချခဲ့တယ်။ အဆင်မပြေနေတဲ့အချိန်ဆိုတော့ အားလုံးရဲ့ မျှော်လင့်ချက်က အမပဲ။  သူက အမအလုပ်လုပ်နေတဲ့ ကုမ္ပဏီက သူဌေးသူငယ်ချင်း ပိုက်ဆံချမ်းသာပေမဲ့ လူရှုပ်လူပွေ။ သိသိရက်နဲ့ အမေတို့လည်း ငြင်းဆန်ဖို့ မတက်နိုင်ခဲ့ကြဘူး"

ပြန်ကျလာတဲ့ မျက်ရည်ကို ဝင့်ဝါ သုတ်၍ စကားဆက်သည်။

"အဲ့အချိန်တုန်းက မောင်မရှိဘူး။ "

အတိတ်က အတိတ်ဆိုပေမဲ့ မကျက်တဲ့အနာက သွေးစိမ်းရှင်ရှင်ထွက်လာသလိုခံစားရစေသည်။

အဲ့နေ့ကမောင်ပြောခဲ့တဲ့ စကားတွေနားထဲကမထွက်သေး။

"မောင့်ကိုယုံ ဝင့်ဝါ ။ မောင်ပြန်လာခဲ့မယ်။
ဒေါ်လေးတို့က သွေးပူနေတုန်း လက်ထပ်ဖို့တိုက်တွန်းတာ ။ ဝင့်ဝါ မောင့်ကိုယုံပြီး အလွယ်တကူ ခေါင်းမညိမ့်လိုက်နဲ့။ အဆင်ပြေသွားအောင်  မောင်မဖြစ်ဖြစ်အောင် ကြိုးစားပေးမယ်။ ကြားလား"

ပြောပြီးထွက်သွားတာဘယ်ဆီသွားလို့ဘယ်ရောက်မှန်းမသိ။ တဖြည်းဖြည်းကြပ်တည်းလာတဲ့အခြေအနေမှာ လက်ထပ်ဖို့
ဖိအားပေးခံနေရသလို မောင်ကိုယ်တိုင်
တစ်ပတ်တိတိကြာတဲ့အထိပြန်မရောက်လာခဲ့။ ဒီကြားထဲ ပုသိမ်က မောင့်အမေ အန်တီခွာညို ရုတ်တရက် ဦးနှောက်သွေးကြောပြတ်ပြီးဆုံးသွားသလို ဝင့်ဝါကိုယ်တိုင် မဖြစ်သည့်အဆုံး ကိုဝေယံ နဲ့ အကျဉ်းချုံး လက်မှတ်ထိုးဖို့ဇွတ်စီစဉ်ခံလိုက်ရသည်။ အဲ့နေ့က အန်တီခွာညို မြေချမည့်နေ့ပင်ဖြစ်သည်။

ဘယ်တော့မှမမေ့ခဲ့တဲ့ မောင့်မျက်နှာကို ဝင်ဝါပြန်တွေးမိတိုင်း အိပ်မရခဲ့တဲ့ နေ့တွေမှအများကြီးပဲ။

တစ်ကိုယ်လုံး အညိုအမဲစွဲကာ မျက်လုံးတစ်ဖက် ဖွင့်မရအောင်ဖူးယောင်နေပြီး
ဆိုင်ကယ်လဲလာသည့်ဟန်ဖြင့် လက်တစ်ဖက်က တစ်စက်စက်ကျနေတဲ့ သွေးတွေ ။ ဘယ်တော့မှ ဝင့်ဝါ မမေ့ဘူး။
အဲ့နေ့က ရူးမတက် အိမ်ရှေ့မှာမောင်ငိုခဲ့သည်။ သတိုးသမီးဝတ်စုံနဲ့ အိမ်ရှေ့ပြေးထွက်သွားခဲ့သော်လည်း မောင်အတွေ့မခံပဲ ချက်ခြင်းထွက်ပြေးသွားခဲ့သည်။

" အဲ့နေ့ကတည်းက မောင်နဲ့မတွေ့ရတော့တာဒီနေ့အထိပဲ။ "

"မတွေ့လက်စနဲ့ မတွေ့အောင်နေပေးလိုက်လို့မရဘူးလား။ ပြောရရင် အမ အပြစ်တွေကြီးပဲလေ။ ကြည်နုးက ကြားလူဆိုပေမဲ့တစ်ဖက်က တွေးကြည့်ရင် ကြည်နူးသူငယ်ချင်းလည်းပါနေတယ်။ အဲ့ဒါကြောင့် ကိုထင် ကိုဝေးဝေးရှောင်ပေးပါ"

"အမ မောင်နဲ့စကားပြောကြည့်ချင်သေးတယ် ။ "

"မဝင့်ဝါ အိမ်ထောင်ရေးဖောက်ပြန်ဖို့
ကြိုးစားနေတယ်ဆိုတာရော သတိရသေးရဲ့လား"

ကြည်နူးစကားထောက်သည်။
ပြောရမယ်ဆိုရင် မကျေနပ်မူ့က ဖုံးဖိမရအောင် မျက်နှာမှာပေါ်နေမှာမလွဲ။
ဝင့်ဝါ သူ့ ဘေးမှာရပ်နေတဲ့ကောင်မလေးကိုကြည့်ကာ မချိပြုံး ပြုံးပြလိုက်သည်။

အရာအားလုံး ရှေ့ဆက်တိုးလို့မရအောင် ပိတ်နေပြီ မောင်ရယ်။ ဝင့်ဝါ ဘာဆက်လုပ်ရမလဲ။

ချစ်တဲ့အိမ်စည်။

Bạn đang đọc truyện trên: ZingTruyen.Xyz