တသက်လုံးပျော်ချင်မောင့်ကိုချစ်ပါ(တသက္လံုးေပ်ာ္ခ်င္ေမာင့္ကိုခ်စ္ပါ)Completed
24
အိမ္ျပန္ေရာက္ေတာ့ သူတို႔နွစ္ေယာက္လံုးေရခ်ိဳး၊ ညစာစား လုပ္ၾကသည္။
အားကစားရုံမွာၾကားခဲ့ရေသာစကားတို႔ကို ေရႊဘံုျပန္မေမးခဲ့သလို ကိုထင္ကလည္းျပန္မေျဖခဲ့ေပ။ ညသည္ တျဖည္းျဖည္း အသက္ဝင္လာခဲ့၏ ။ မနက္ဖန္ေရႊဘံု အလုပ္ၿပီးသြားရင္ အိမ္ျပန္ခဏနားမည္။ ညေနေလးနာရီကားျဖင့္ ကိုထင္နဲ႔အတူ
ျမဝတီဖက္ကို အတူခရီးသြားဖို႔ကားလက္မွတ္ျဖတ္ထားသည္။ လမ္းမွာစားဖို႔နဲ႔ခရီးထြက္ဖို႔အတြက္လိုအပ္တာမ်ားဝယ္ျခမ္းရဦးမွာမို႔
ေန႔ခင္းပိုင္းေလာက္ေတာ့ မွီေကာင္းမွီနိုင္ဖို႔ အခ်ိန္ဖဲ့ယူရအံုးမွာျဖစ္သည္။
ထို႔ေၾကာင့္
မိုးခ်ဳပ္ေနတာေတာင္မွမအိပ္ေသးပဲ
ေမြ ႕ယာေပၚအဝတ္ေတြ႕ပံုကာ ခရီးေဆာင္အိတ္ျပင္ေနမိသည္
"မနက္မွ လုပ္ေတာ့ေလ ၊ တေန႔လံုးပင္ပန္းလာတာမို႔လား "
"မနက္က် ေလာေနရင္ အကုန္ေမ့က်န္ခဲ့မွာစိုးလို႔ေလ၊ ခုကတည္းကလုပ္ထားေတာ့ တာဝန္တစ္ခုေလ်ာ့သြားတာေပါ့ "
"မေမ့ပါဘူး။ မင္းအလုပ္သြားရင္ ကိုယ္ထည့္ေပးထားလို႔ရတာပဲ "
" ထင္ထင္ေနရာတကာလိုက္လုပ္ေပးေနရင္ ကြၽန္ေတာ္ အားနာေနရလိမ့္မယ္"
"....."
စကားဝိုင္းသည္ တဖန္ျပန္လည္တိတ္ဆိတ္သြား၏။အေတာ္ႀကီးၾကာမွ ေရးညိဳ႕ထင္ဆီမွာ အသံထြက္လာ၏။
" မင္း ဘာလို႔ ကိုယ္နဲ႔အတူေနဖို႔ေ႐ြးခ်ယ္ခဲ့တာလဲ ေကာင္ကေလး"
ညီညာေအာင္ ေခါက္ထားတဲ့ အဝတ္အထပ္လိုက္ကို အိတ္ထဲစီထည့္ေနရင္း
ကိုထင္ စကားေၾကာင့္ေမာ့ၾကည့္လိုက္သည္။ ကုတင္သည္နွစ္ေယာက္အိပ္ကုတင္ဆိုေပမဲ့သိပ္မႀကီးလွသည္မို႔ ေရႊဘံုတို႔နွစ္ေယာက္အဝတ္ေတြနဲ႔တင္ျပည့္ေန ၏။ ေဘးမွာလက္ပိုက္ရပ္ေနတဲ့
အမ်ိဳးသားသည္ မေျဖေသးေသာ စကားအတြက္စိတ္ရွည္စြာေစာင့္ဆိုင္းဟန္ရွိၿပီး
ေနာက္ကဗီရုိကို အားမပါစြာ အနည္းငယ္ မွီေလ်ာ့ထားသည္။ ေျခတံရွည္ေတြက ပုဆိုးေအာက္မွာ ဖံုးေနေပမဲ့ အေၾကာမ်ွင္ေတြယွက္ျဖာေနတဲ့ လက္ကေတာ့ လက္ပိုက္ထားတာေတာင္မွ လွလွပပေတြ႕ေနရတုန္းပင္။
" ကြၽန္ေတာ္ ထင္ထင္နဲ႔လက္ထပ္လိုက္ရင္ စိတ္ခ်မ္းသာရမယ္ထင္လို႔"
ေရးညိဳ႕ထင္ ေခါင္းညိမ့္သည္။
အံ့ၾသသြားဟန္မရွိသလို မည္သည့္အရာမွမ်က္နွာထပ္မွာေျပာင္းလဲမသြားခဲ့ေပ။
"ဘာေၾကာင့္လဲ။ လက္မထပ္ခင္
ကိုယ္တို႔နွစ္ေယာက္သိခဲ့တဲ့အခ်ိန္က နည္းေသးတယ္ေလ။
ကိုယ့္အေၾကာင္းကို မင္းအမ်ားၿကီးသိဖို႔မလြယ္ဘူးမို႔လား "
"အမ်ားႀကီးမသိပါဘူး။ ဒီတိုင္းစိတ္ထဲက ယံုၾကည္ေနမိလို႔။ ဘယ္လိုရွင္းျပရမွန္းေတာ့မသိဘူး ၊ ကြၽန္ေတာ္သေဘာက်တဲ့ပံုစံက ထင္ထင္လို႔ပံုစံမ်ိဳး။ ထင္ထင္က တည္ၾကည္ၿပီးစိတ္ရွည္တယ္။ သေဘာက်ဆံုးက ရည္းစားမရႈပ္သလို ၊ ရည္းစားလည္းမရွိဘူး။ "
"ဒါပဲလား"
ေရႊဘံု မ်က္မွန္ကိုပင့္တင္လိုက္ရင္း ကိုထင္အားရဲရဲၾကည့္လိုက္လ်ွင္ ကုိထင္ကလည္းသူ႔အား စိုက္ၾကည့္ေနဆဲျဖစ္သည္ကိုေတြ႕ရသည္။ ကိုထင္ပံုစံက ေလးနက္လြန္းေနတာမို႔ေရႊဘံုသက္ျပင္းရႈိက္လိုက္မိသည္ထိပင္။
"မဟုတ္ဘူး။ ကြၽန္ေတာ့္အတြက္အမ်ားႀကီးသက္ေသာင့္သက္သာရွိတယ္။ ထင္ထင္ကအဲ့လိုလူမ်ိဳးပဲ။ ေႏြဆိုေအးေပးမယ္၊ ေဆာင္းဆိုေႏြးေပးမယ္ဆိုတာမ်ိဳးေလ။
ဘယ္ခ်ိန္ေရာက္ေနေန ထင္ထင္ေဘးမွာ ဒီတိုင္းမတ္တပ္ရပ္ေနရရင္ေတာင္မွ
အမ်ားႀကီးအမ်ားႀကီးေနလို႔ေကာင္းတယ္ "
"ဒါမင္းလက္ထပ္ဖို႔ေ႐ြးခ်ယ္ခဲ့တဲ့အေၾကာင္းအရင္းေတြလား။ မင္းစြန္႔လႊတ္ရတာနဲ႔တန္လားကိုယ္က။ မင္းမိဘေတြနဲ႔ခ်မ္းသာျခင္းေတြေလ။ ကိုယ္ထားရာေနဖို႔ ဘာေၾကာင့္ေတြးလိုက္တာလဲ"
မ်ားျပားလြန္းတဲ့ေမးခြန္းေတြ။
မ်ိဳသိပ္ထားတာမ်ိဳးမဟုတ္ေပမဲ့ ေရးညိဳ႕ထင္
ဒီေန႔မွ ေကာင္ကေလးဆီကစကားေတြ အမ်ားႀကီးၾကားခ်င္ေနမိသည္။
ျဖစ္သြားတဲ့ ကိစၥမွာ ဘယ္သူ႔ပေရာဂမွမပါခဲ့သလို သူကိုယ္တိုင္းလည္းေက်ေက်နပ္နပ္ လက္ခံခဲ့သည္မို႔ စိတ္ရွင္းသည္။
ဒါေပမဲ့ ေကာင္ကေလးအေနနဲ႔ သူ႔ကို
လက္ထပ္ဖို႔ ဘာေၾကာင့္ ဆံုးျဖတ္ခ်က္ခ်ခဲ့သလဲဆိုတာေတာ့ သိခ်င္မိ၏။
" လက္ထပ္ဖို႔အေၾကာင္းအရင္းက
သူ႔အလိုလိုျဖစ္လာခဲ့တယ္ဆိုေပမဲ့
အခြင့္အေရးကို ကြၽန္ေတာ္ကိုယ္တိုင္ ဖမ္းဆုပ္လိုက္တာပါ။ ေစာကေျပာတဲ့အခ်က္ေတြရယ္ႀကီးပဲေတာ့မဟုတ္ဘူး၊ အရင္ကတည္းက ထင္ထင္ကိုစိတ္ဝင္စားတာေရာပါမယ္ ၊ ဘယ္ေလာက္ေကာင္းေကာင္း သေဘာမက်ရင္ ဘယ္သူက အတူေနဖို႔ ေ႐ြးမွာလဲ မဟုတ္ဘူးလား။ အဓိက ကေတာ့ အဲ့လူက ထင္ထင္မို႔လို႔လက္ခံခဲ့တာ။ မာမီတို႔ကိုစြန္႔လႊတ္လိုက္တာရယ္လို႔ေတာ့ မဟုတ္ဘူးေလ၊ ကြၽန္ေတာ္အိမ္ေထာင္က်တယ္။ ကြၽန္ေတာ္အိမ္ေထာင္ဖက္ရွိရာကိုကြၽန္ေတာ္လိုက္ေနတယ္၊ အခ်ိန္တန္လို႔ ကြၽန္ေတာ့္မိဘေတြက ကြၽန္ေတာ့္တို႔ကို..လိုအပ္လာတဲ့ေန႔ေရာက္ရင္လည္း ကြၽန္ေတာ္ ျပန္ေစာင့္ေရွာက္မွာပါ။ ထင္ထင္မွာလည္းမိဘမရွိေတာ့ဘူး။ ကြၽန္ေတာ္မိဘေတြကလည္း ထင္ထင္မိဘေတြပဲေလ။ အဲ့ေလာက္ထိ ထင္ထင္ အျမင္မက်ဥ္းဘူးဆိုတာ ကြၽန္ေတာ္ ယံုၾကည္တယ္ "
"မင္းကိုယ့္ကို ခ်စ္လား"
ေရးညိဳ႕ထင္ ေစ့ေစ့ၾကည့္ကာ ေမးလိုက္သည္။ ေကာင္ကေလးက သူ႔အားအမ်ားႀကီးပံုအပ္ထားတာကိုေတြ႕ရေတာ့ ရင္ထဲမွာ ေပ်ာ္ရႊင္မူ႔ ေလးက တၿငိမ့္ၿငိမ့္တိုး၍လာ၏။ ေနွာင္ဖြဲ႕စရာမရွိေသာ သူလိုတစ္ေကာင္ႂကြက္တစ္ေယာက္အတြက္
ေကာင္ကေလးက သူ႔မိသားစုထဲကိုဆြဲသြင္းဖို႔ႀကိဳးစားေနတဲ့ပံုေလးကို သူ႔အား
ရူးသြပ္ေစမတက္ပင္။
သူ႔စကားေၾကာင့္ ေကာင္ကေလး
ရယ္လိုက္၏။
ေကာင္ကေလး နႈတ္ခမ္းေတြသည္ ထူတာမဟုတ္ပဲ
ေဖာင္းၿပီး ကေလးေတြလို အိအိေလးျဖစ္တာမို႔ ရယ္လိုက္လ်ွင္ သြားေသးေသးေလးေတြေပၚလာကာ အေပၚနွတ္ခမ္းသားသည္ ကႀကီးသ႑ာန္ေကြးသြားတက္၏။
ခ်စ္စရာေကာင္းတာထက္
ညႇစ္ေဖာက္ခ်င္စရာပိုေကာင္းသြားတာမို႔ ေရွ႕တိုး၍ ရယ္ေနတဲ့ ေကာင္ကေလး ပါးေတြကို လက္နဲ႔ညႇစ္ကာ ေမးကိုေမာ့ေစလိုက္သည္။
" ဘာလို႔ရယ္တာလဲ။ ကိုယ္ေမးတာကိုေျဖစမ္း ေရႊဘံုမင္းစံ ။ကိုယ္မင္းကိုနာေအာင္လုပ္မိေတာ့မယ္"
သူညႇစ္ထားဆဲမို႔ နွတ္ခမ္းနွစ္လႊာသည္ စူမို႔မို႔ျဖစ္ကာ စကားေျပာလို႔အဆင္မေျပျဖစ္ေန၏။ သို႔ေသာ္ျငားၿပံဳးေယာင္သန္းေနတဲ့မ်က္လံုးေတြက သူ႔အားစိန္ေခၚေနသေယာင္ရွိေနတာမို႔ ေရးညိဳ႕ထင္ေခါင္းကိုငံု႔ကာ သူ႔လက္ၾကားကနႈတ္ခမ္းလံုးလံုးကို သြားနဲ႔ဖိကိုက္လိုက္သည္။
"အ! ထင္ထင္လႊတ္"
မပီမသ စကားသံ။
နာသြားတာေၾကာင့္ပုတ္ခတ္သြားတဲ့မ်က္ေတာင္ေတြကို အနီးကပ္ရွင္းလင္းစြာေတြ႕ေနရသည္။ ေရးညိဳ႕ထင္ ေကာင္ကေလးမ်က္နွာေပၚက မ်က္မွန္ကိုျဖဳတ္ကာ ကုတင္ေပၚပစ္တင္လိုက္ၿပီးေနာက္တစ္ႀကိမ္ထပ္မံၿပီး နႈတ္ခမ္းေတြကို ကိုက္လိုက္မိသည္။
ဒီတစ္ခါေတာ့ အသာအယာဖိကိုက္လိုက္တာျဖစ္ၿပီး
ခ်က္ခ်င္းျပန္မလႊတ္ပဲ ပါးကိုညစ္ထားတဲ့လက္ေတြကိုဖယ္ကာဖြဖြေလးနမ္းရႈိက္လိုက္တာျဖစ္၏။
ႏုညံ့ေသာ နႈတ္ခမ္းလႊာသည္ အရသာရွိေသာ မုန္႔ခ်ိဳတစ္ခုကဲ့သို႔ အိစက္ခ်ိဳျမလႊန္းသည္ ။
နမ္းၿပီးရင္းနမ္းရႈိက္ခ်င္စရာမို႔ သူျပန္လႊတ္ေပးဖို႔ သတိမရေတာ့ေပ။
စိတ္ၾကမ္းလူၾကမ္းမို႔ သူနမ္းမိရင္ ညင္သာမူ႔နည္းကာ မ်ားေသာအားျဖင့္ အၾကမ္းပတမ္းသာ လုပ္မိတာကမ်ား၏။ စိတ္ေလ်ာ့ကာ ျပန္လႊတ္မိခ်ိန္တြင္ ေကာင္ကေလးနႈတ္ခမ္းက ေသြးေျခဥေနသေယာင္ နီျမန္းကာ နႈတ္ခမ္းသားအထက္တြင္ သြားရာ အနည္းငယ္ထင္ေနသည္။
"နာသြားလား"
"မနာဘူး"
"တကယ္မနာဘူးလား "
"အင္း မနာဘူး"
လက္မနဲ႔သြားရာအားဖိပြတ္ကာ
ေမးေသာ္ျငား သူ႔အၾကည့္ေတြက အရည္ၾကည္လဲ့ေနတဲ့ အညိဳေရာင္ နယ္ေျမမွာေျခခ်မတက္ ။
ပုတ္ခတ္ေနတဲ့ မ်က္ေတာင္ဖ်ားေတြသည္
မ်က္ရည္ေတြေၾကာင့္ စိုရႊဲကာ ပူးတြဲယိမ္းႏြဲ႕ေနၿပီး ညိဳ႕ေနသေယာင္။ မ်က္ရည္ေတြနဲ႔ မဲ့ေနတဲ့သနားစရာမ်က္နွာေလး။ ဒါလားမနာတာ။
"မနာရင္ ကိုယ္ ထပ္နမ္းခ်င္ေသးတယ္"
ဖိကပ္လာတဲ့နႈတ္ခမ္းလႊာသည္
ၾကမ္းတမ္းကာ နာက်င္ေစသလို
ေရႊဘံုေသြးေၾကာေတြကိုလည္းပူေႏြးေစသည္။ ခံတြင္းအနွံ႔ေျခဆန္႔ေနတဲ့လ်ွာဖ်ား
သည္ လိုခ်င္တာကိုမရမခ်င္းရွာေဖြေတာ့မေယာင္ ျပင္းရွလြန္းသည္။
"ထင္..အြန္း ေတာ္ၿပီ အာ့ "
အတင္းတြန္းကန္ေနရင္း ေအာက္နႈတ္ခမ္းလႊာဆီမွာ စစ္ခနဲျဖစ္သြား၏။
ထင္ထင္က တကယ္ၾကမ္းလြန္းသည္။
ဖူးေယာင္လုမတက္ ေရႊဘံုနႈတ္ခမ္းေတြသည္ထူအန္းကာ နာနာက်င္က်င္ျဖစ္ေန၏။
"နာသြားၿပီ"
"တကယ္နာတာလား"
"တကယ္နာတာေပါ့။ ဒီမွာၾကည့္ "
ေမးေငါ့ကာ ၾကည့္ေစတဲ့ အကြင္းလိုက္ျဖစ္ေနတဲ့ သြားရာသည္ သူ႔လက္ခ်က္မို႔ရင္ထဲသိမ့္ခနဲ။
သူလက္မေလးနဲ႔ဖြဖြေပးကာ ေမးကို ကိုင္၍ အနည္းငယ္ထပ္ေမာ့ေစၿပီး ထိကပ္ရုံမ်ွနမ္းေပးလိုက္သည္။
"ဥံဳဖြ ။ ေပ်ာက္သြားၿပီ "
မ်က္ေစာင္း႐ြယ္ကာ ရင္ဘတ္ႀကီးကို အားနဲ႔တြန္းပစ္လိုက္သည္။
"ဖယ္ေတာ့ အဝတ္ထည့္မလို႔"
"မထည့္နဲ႔ မနက္မွကိုယ္ထည့္ေပးမယ္၊ ခုအိပ္ရေအာင္'
"မဟုတ္ဘူးေလ"
သူလက္ဆန္႔ကာ တားျမစ္ေသာ္ျငား သူ႔လက္ေတြသည္ အဝတ္ပံုကိုပင္မထိမိလိုက္ေတာ့ေခ်။
အထပ္လိုက္ရွိေနေသးေသာ အဝတ္ေတြကို စီကာစဥ္ကာ ထည့္ထားေသာ အိတ္ထဲအား အပံုလိုက္ပစ္ထည့္ကာ ကုတင္ေအာက္ကို ဇြတ္ခ်ပစ္သည္။
ထို႔ေနာက္ ေ႐ႊဘံုအားဆြဲ၍ အိပ္ယာထဲဝင္လွဲအိပ္ေစၿပီး ဇြတ္အိပ္ေစ၏။ က်စ္က်စ္ပါေအာင္ ဖက္ထားသည္မို႔ ေရႊဘံုပါးေတြသည္ ထင္ထင္ရင္ဘတ္ႀကီးျဖင့္ကပ္ကာ
နႈတ္ခမ္းေတြပင္ေထာ္လာသည္ထိပင္။
" ျဖည္းျဖည္းလုပ္လို႔ ၊ တအားၾကမ္းတာပဲ"
" အိပ္ေတာ့ ၊ မနက္က် မင္းအေစာႀကီးထရအံုးမွာမို႔လား "
"ထင္ထင္လို႔ "
ဖက္ထားတာကိုေလ်ာ့ေစခ်င္လို႔ အနည္းငယ္တြန္းလိုက္ေသာ္လည္းမလြတ္တဲ့အျပင္ တြန္းတဲ့လက္ကိုပါ ဆြဲ၍ ဒူးနဲ႔ တစ္ကိုယ္လံုးကိုခ်ဳပ္ပစ္သည္။
ၾကပ္ညပ္ေနေအာင္ဖက္ထားတာမို႔ရုန္းမရတဲ့အျပင္ တစ္ခါတေလ ထင္ထင္ ဆီမွ အသက္ရူထုတ္လိုက္တဲ့ ေလေငြ႕ေႏြးေႏြးပါရေနတာမို႔ အေတာ္ႀကီး ကေမာက္ကမနိုင္ကာ အသက္ရူၾကပ္ေစ၏။
သူ႔ေယာက်ာ္းသည္ တကယ္ကို ၾကမ္းတမ္းလြန္းလွပါသည္။
_______________
ေဝလီေဝလင္းအခ်ိန္ကတည္းကေရာက္ေနေပမဲ့ ပြဲစခါနီး၉နာရီထိ တစ္ခ်က္ေလးေတာင္မွ မနားရေသးေပ။
အလွဆင္ထားေသာ ေလ်ွာက္လမ္းတေလ်ွာက္သည္ ပန္းတို႔ျဖင့္ေဝဆာေနၿပီး
အျဖဴ ေရာင္လႊမ္းတဲ့ အျပင္အဆင္ေၾကာင့္ ၾကည္လင္ေသာ စိတ္ခံစားမူ႔နွင့္ လွပခမ္းနားမူ႔တို႔ျပည့္နက္လ်က္ရွိေခ်သည္။
" ေမာင္ေရႊ ျကည္ႏူးေရာ "
"အလွျပင္ခန္းသြားတယ္။ လက္ကိုင္ပန္းေတြသြားေပးတာ "
ခန္းမ အဝင္ကေန တဝက္ေလာက္ထိ ေကာေဇာ ခင္းထားၿပီး ထိုမွတဆင့္ ပန္းကံုးျဖင့္ဝင္ေပါက္ျပဳလုပ္ထားေသာ အလွဆင္
ပန္းတံခါးမွျဖတ္၍ ေလ်ွာက္လမ္းကိုတက္ရမွာျဖစ္၏။ ေလ်ွာက္လမ္းတစ္ေလ်ွာက္ကိုလည္း ပန္းမ်ား ၊ အျဖဴ ေရာင္ပူေပါင္းမ်ားခ်ခင္းထားၿပီး ေဘးနားစြယ္မ်ားကိုလည္း လက္လက္ထေအာင္ ပန္းမ်ားနွင့္ ေငြမႈန္ေငြစမ်ား ရစ္ပတ္ေခြထားသည္။
မ်က္နွာက်က္မွာလည္း ပန္းဆြဲ ပံုစံအလွဆင္ထားၿပီး ပန္းခက္ပန္းႏြယ္ေလးမ်ားသည္ ေအာက္ကိုတန္းလန္းက်ေနသ႑ာန္ဖန္တီးထားတာျဖစ္၏။
ထိုပြဲအတြက္ကုန္က်ေငြကအေတာ္ေလးမ်ားသည့္အျပင္ ေရႊဘံုတို႔အကုန္လံုးလည္း စိတ္ေမာ လူေမာ ျဖစ္ခဲ့ရ၏
အခန္းအနားမၿပီးမခ်င္းသက္ေမာပင္ မခ်ရဲေလာက္ေအာင္ မဲတင္းထားရတာမို႔
မနက္စာေတာင္မွ မစားနိုင္ေသးေပ။
ခုထိ ေကာင္းေကာင္းအလုပ္လုပ္နိုင္တာကလည္း မနက္ကမသြားခင္ ထင္ထင္က ႏြားနို႔တစ္ခြက္ဇြတ္တိုက္လိုက္လို႔ျဖစ္သည္။
" ဘာလုပ္မို႔လဲ"
"မဟုတ္ဘူး အမိုးေပၚမွာ ပန္းဆြဲလုပ္ထားတဲ့ ပန္းႏြယ္တစ္ခု ကြာေနလို႔ တက္ျပင္ရမွာ ။အလုပ္သမားေကာင္ေလးေတြ ျပန္လႊတ္လိုက္ၿပီလား "
"ျပန္လႊတ္လိုက္ၿပီ ၊ ေကာင္မေလးနွစ္ေယာက္ပဲက်န္ေတာ့တယ္။ သူတို႔လည္းၾကည္ႏူးနဲ႔ အေပၚလိုက္သြားတယ္၊ ဒီမွာမရွိဘူး ။ ဘယ္နားမွာလဲ ေလွကားယူခဲ့ ငါတက္ဆင္ေပးမယ္"
"ျဖစ္ပါ့မလားဟဲ့ "
"ျမန္ျမန္သြားယူေခ်။ ပြဲစေတာ့မယ္"
ေရႊဘံု မ်က္ေမွာင္ႀကံဳ ႕ျပကာ မ်က္နွာက်က္မွာဆင္ထားတဲ့ ပန္းဆြဲေတြကို လိုက္ၾကည့္လိုက္သည္။
ပန္းအစစ္ေတြနဲ႔အတုေတြေရာထားတာမို႔
ပန္းအစစ္ေတြကိုေတာ့ အၾကမ္းပတမ္းလုပ္မရေပ။ထို႔ေၾကာင့္ပန္းအစစ္တခ်ိဳ႕က မခိုင္ခန္႔ပဲျပဳတ္က်ပံုပင္။ ေရႊဘံုလိုက္ၾကည့္ေတာ့ ေလ်ွာက္လမ္းအလယ္ေလာက္မွာ အျဖဴ ေရာင္ပန္းခက္ပန္းႏြယ္ တစ္ခ်ိဳ႕ ျပဳတ္ထြက္ေန၏။
" ရၿပီေရာ႕"
အေပါ့စား ေလွကားေလးမို႔ ဟိုေ႐ြ႕ဒီေ႐ြ႕ေတာ့ ေကသီနိုင္သည္။
သယ္လာတဲ့ေလွကားကို ေလ်ွာက္လမ္းအလယ္ေလာက္မွာ ခ်ေပးလိုက္တာမို႔ ေရႊဘံု ျပင္ရမဲ့ ပစၥည္းတခ်ိဳ႕ယူကာ အေပၚတက္လိုက္၏။
"ရရဲ႕လား ဟိုဖက္နားမွာ ေရာ ကြာက်ခ်င္ေနၿပီ"
"အင္း ေတြ႕တယ္ "
ေရႊဘံုလိုအပ္တဲ့ေနရာေတြအားပြဲမစခင္ ခပ္ျမန္ျမန္ျပင္စရာရွိတာျပင္လိုက္၏။
ေကသီျပတဲ့ေနရာသည္ အနည္းငယ္လွမ္းေသာ္လည္းမွီနိုင္တဲ့ေနရာမို႔ ေလွကားမေ႐ြ႕ပဲ ေျခဖ်ားေထာက္ကာ လက္ကမ္းလိုက္လ်ွင္ အရွိန္မထိန္းနိုင္ပဲ လူက လႈပ္သြားသည္။ ျပဳတ္မက်ေအာင္ထိန္းလိုက္ေသာ္လည္း အမွတ္တမဲ့ ေအာက္ငံု႔ၾကည့္လိုက္တာမို႔ အစာမရွိတာေရာ ၊ အိပ္ေရးမဝတာေရာေပါင္းကာ မိုက္ခနဲျဖစ္သြားၿပီး လက္ကေလွကားကိုၿမဲေအာင္မကိုင္လိုက္နိုင္ပဲျဖစ္သြား၏။
"ဟာ ေမာင္ေရႊ သတိထား "
ဝုန္း ...
ပစ္စလက္ခတ္ျပဳတ္က်လိုက္သံသည္ အက်ယ္ႀကီးထြက္လာၿပီးေနာက္ ေရႊဘံုေခါင္းသည္ တစ္ခုခုနွင့္ေစာင့္မိသလို ပူထူသြား၏။
နာက်င္မူ႔သည္ တစိမ့္စိမ့္တိုးလာၿပီး
ေကသီေအာ္သံ နွင့္ လူတခ်ိဳ ႕ေျပးလာတာကို မ်က္ဝန္းေထာင့္မွာ အရိပ္လို မသဲမကြဲ
ျမင္လိုက္ရေသာ္ျငား လူကလႈပ္မရေတာ့။
အျဖစ္အပ်က္သည္ ျမန္ဆန္းလြန္းလွသည္။
"အမေလး ။ ေမာင္ေရႊ ေမာင္ေရႊ လုပ္ၾကပါအံုး။
လုပ္ၾကပါအံုး ေသြးေတြထြက္ေနၿပီ ။ "
ေကသီျပာယာခတ္ေအာင္ေအာ္လိုက္၏။ သူေျပးသြားတဲ့အခ်ိန္တြင္ေရႊဘံုေခါင္းမွာေသြးေတြစီးက်ေနၿပီးေဘးမွာ ပန္းပြင့္တခ်ိဳ႕က ေၾကမြ၍ ပ်ံ့က်ဲေနသည္။
" ေကသီ ဘာျဖစ္တာလဲ"
"ၾကည္ႏူး လုပ္ပါအံုး ေမာင္ေရႊ ျပဳတ္က်လို႔ ေဆးရုံပို႔ရမယ္ထင္တယ္"
ေလ်ွာက္လမ္းအလယ္ေလာက္မွာရွိတဲ့ပန္းေတြသည္
လူျပဳတ္က်သြားတာမို႔ ဖရုိဖရဲျဖစ္သြားကာ
အနည္းငယ္ရုတ္ပ်က္ဆင္းပ်က္ျဖစ္သြားတာကိုၾကည္ႏူးတစ္ခ်က္လွမ္းၾကည့္လိုက္၏။ ၾကည္ႏူးခ်က္ျခင္းထိုင္ခ်ကာ
ေဘးမွာရွိေနတဲ့ ေကသီအားဆြဲထူလိုက္သည္။ ေဟာ္တယ္ဝန္ထမ္းေတြလည္းေဘးမွာ ဝိုင္းၾကည့္ေနတာမို႔
" ေဆးရုံပို႔ရမွာမို႔ တစ္ခ်က္ေလာက္ သူ႔ကိုကားေပၚတင္ေပးလို႔ရမလား " ဟု ကမန္းကတမ္းအကူအညီေတာင္းလိုက္သည္။
" ေကသီ ဒီကိုၾကည့္ ။ မေၾကာက္နဲ႔
သြား ေမာင္ေရႊကိုေဆးရုံေခၚသြား ပြဲစေတာ့မွာ ငါဒီနားက လိုအပ္တာေတြျမန္ျမန္လုပ္ၿပီးလိုက္ခဲ့မယ္ "
ေကသီမ်က္ရည္ေတြသုတ္ကာေခါင္းညိမ့္လိုက္သည္။ အမွန္တိုင္းေျပာရရင္မ်က္စိေရွ႕ျဖစ္သြားတာမို႔ လက္ေတြေျခေတြတုန္ကာ ကေယာင္ကတမ္းျဖစ္ေနဆဲျဖစ္သည္။
ေမာင္ေရႊအား ဝိုင္းမၿပီး ကားေပၚတင္ေပးမဲ့ လူေတြနဲ႔အတူ သူႀကိဳးစားကာ
ေမာင္ေရႊနွဖူးက ေသြးေတြကိုသုတ္ေပးလိုက္သည္။
ၾကည္ႏူးသည္ တစ္ခ်က္ၾကည့္ကာ ဝန္ထမ္းေကာင္မေလးနွစ္ေယာက္နဲ႔အတူ လိုအပ္တာမ်ားကိုခ်က္ခ်င္းထလုပ္ေတာ့သည္။
" ေမာင္ေရႊ သတိထား ။ ငါေျပာတာၾကားလား "
သူသတိမလြတ္ေသးတာမို႔
ေကသီေျပာေနတာေတြကို အကုန္ၾကားေနရၿပီး သူကိုသယ္မေနၾကတာကိုလည္းသိေနသည္။
ေသြးေတြစီးက်ေနသလိုခံစားေနရၿပီးေခါင္းဆီမွ နာက်င္မူ႔က တိုးလာသည္။
အျမင္အာရုံသည္ ေမွာင္တလွည့္လင္းတလွည့္ျဖင့္ မပီသေတာ့ေပ။
" ထင္..ထင္ထင္ကို မေျပာနဲ႔ "
သူအားတင္းေျပာလိုက္သည္။
တုန္ရီေနေသာ သူ႔အသံသည္ ေလသံသဲ့သဲ့ေလာက္သာထြက္သည္မို႔ ေကသီၾကားရပါ့မလားသူမသိေပ။
နွစ္ခါေျမာက္အားယူၿပီးေျပာၿပီးေနာက္တြင္ သူ႔အသိစိတ္သည္ လံုးလံုးလြတ္ထြက္သြားေတာ့သည္။ ေမွာင္မဲသြားေသာ
အနက္ေရာင္လြင္ျပင္တြင္ ထင္ထင္ကိုမေျပာဖို႔ ေကသီၾကားေအာင္ေအာ္ေျပာေနဆဲျဖစ္သည္။
စိတ္ပူသည္။ ထင္ထင္သိမွာစိတ္ပူသည္။
" ေကသီ ၊ ထင္ထင္ကိုမေျပာပါနဲ႔ "
ခ်စ္တဲ့အိမ္စည္။
( မ်ားေသာအားျဖင့္တစ္ရက္ျခားတစ္ပိုင္းပါေနာ္။ )
အိမ်ပြန်ရောက်တော့ သူတို့နှစ်ယောက်လုံးရေချိုး၊ ညစာစား လုပ်ကြသည်။
အားကစားရုံမှာကြားခဲ့ရသောစကားတို့ကို ရွှေဘုံပြန်မမေးခဲ့သလို ကိုထင်ကလည်းပြန်မဖြေခဲ့ပေ။ ညသည် တဖြည်းဖြည်း အသက်ဝင်လာခဲ့၏ ။ မနက်ဖန်ရွှေဘုံ အလုပ်ပြီးသွားရင် အိမ်ပြန်ခဏနားမည်။ ညနေလေးနာရီကားဖြင့် ကိုထင်နဲ့အတူ
မြဝတီဖက်ကို အတူခရီးသွားဖို့ကားလက်မှတ်ဖြတ်ထားသည်။ လမ်းမှာစားဖို့နဲ့ခရီးထွက်ဖို့အတွက်လိုအပ်တာများဝယ်ခြမ်းရဦးမှာမို့
နေ့ခင်းပိုင်းလောက်တော့ မှီကောင်းမှီနိုင်ဖို့ အချိန်ဖဲ့ယူရအုံးမှာဖြစ်သည်။
ထို့ကြောင့်
မိုးချုပ်နေတာတောင်မှမအိပ်သေးပဲ
မွေ့ ယာပေါ်အဝတ်တွေ့ပုံကာ ခရီးဆောင်အိတ်ပြင်နေမိသည်
"မနက်မှ လုပ်တော့လေ ၊ တနေ့လုံးပင်ပန်းလာတာမို့လား "
"မနက်ကျ လောနေရင် အကုန်မေ့ကျန်ခဲ့မှာစိုးလို့လေ၊ ခုကတည်းကလုပ်ထားတော့ တာဝန်တစ်ခုလျော့သွားတာပေါ့ "
"မမေ့ပါဘူး။ မင်းအလုပ်သွားရင် ကိုယ်ထည့်ပေးထားလို့ရတာပဲ "
" ထင်ထင်နေရာတကာလိုက်လုပ်ပေးနေရင် ကျွန်တော် အားနာနေရလိမ့်မယ်"
"....."
စကားဝိုင်းသည် တဖန်ပြန်လည်တိတ်ဆိတ်သွား၏။အတော်ကြီးကြာမှ ရေးညို့ထင်ဆီမှာ အသံထွက်လာ၏။
" မင်း ဘာလို့ ကိုယ်နဲ့အတူနေဖို့ရွေးချယ်ခဲ့တာလဲ ကောင်ကလေး"
ညီညာအောင် ခေါက်ထားတဲ့ အဝတ်အထပ်လိုက်ကို အိတ်ထဲစီထည့်နေရင်း
ကိုထင် စကားကြောင့်မော့ကြည့်လိုက်သည်။ ကုတင်သည်နှစ်ယောက်အိပ်ကုတင်ဆိုပေမဲ့သိပ်မကြီးလှသည်မို့ ရွှေဘုံတို့နှစ်ယောက်အဝတ်တွေနဲ့တင်ပြည့်နေ ၏။ ဘေးမှာလက်ပိုက်ရပ်နေတဲ့
အမျိုးသားသည် မဖြေသေးသော စကားအတွက်စိတ်ရှည်စွာစောင့်ဆိုင်းဟန်ရှိပြီး
နောက်ကဗီရိုကို အားမပါစွာ အနည်းငယ် မှီလျော့ထားသည်။ ခြေတံရှည်တွေက ပုဆိုးအောက်မှာ ဖုံးနေပေမဲ့ အကြောမျှင်တွေယှက်ဖြာနေတဲ့ လက်ကတော့ လက်ပိုက်ထားတာတောင်မှ လှလှပပတွေ့နေရတုန်းပင်။
" ကျွန်တော် ထင်ထင်နဲ့လက်ထပ်လိုက်ရင် စိတ်ချမ်းသာရမယ်ထင်လို့"
ရေးညို့ထင် ခေါင်းညိမ့်သည်။
အံ့သြသွားဟန်မရှိသလို မည်သည့်အရာမှမျက်နှာထပ်မှာပြောင်းလဲမသွားခဲ့ပေ။
"ဘာကြောင့်လဲ။ လက်မထပ်ခင်
ကိုယ်တို့နှစ်ယောက်သိခဲ့တဲ့အချိန်က နည်းသေးတယ်လေ။
ကိုယ့်အကြောင်းကို မင်းအများကြီးသိဖို့မလွယ်ဘူးမို့လား "
"အများကြီးမသိပါဘူး။ ဒီတိုင်းစိတ်ထဲက ယုံကြည်နေမိလို့။ ဘယ်လိုရှင်းပြရမှန်းတော့မသိဘူး ၊ ကျွန်တော်သဘောကျတဲ့ပုံစံက ထင်ထင်လို့ပုံစံမျိုး။ ထင်ထင်က တည်ကြည်ပြီးစိတ်ရှည်တယ်။ သဘောကျဆုံးက ရည်းစားမရှုပ်သလို ၊ ရည်းစားလည်းမရှိဘူး။ "
"ဒါပဲလား"
ရွှေဘုံ မျက်မှန်ကိုပင့်တင်လိုက်ရင်း ကိုထင်အားရဲရဲကြည့်လိုက်လျှင် ကိုထင်ကလည်းသူ့အား စိုက်ကြည့်နေဆဲဖြစ်သည်ကိုတွေ့ရသည်။ ကိုထင်ပုံစံက လေးနက်လွန်းနေတာမို့ရွှေဘုံသက်ပြင်းရှိုက်လိုက်မိသည်ထိပင်။
"မဟုတ်ဘူး။ ကျွန်တော့်အတွက်အများကြီးသက်သောင့်သက်သာရှိတယ်။ ထင်ထင်ကအဲ့လိုလူမျိုးပဲ။ နွေဆိုအေးပေးမယ်၊ ဆောင်းဆိုနွေးပေးမယ်ဆိုတာမျိုးလေ။
ဘယ်ချိန်ရောက်နေနေ ထင်ထင်ဘေးမှာ ဒီတိုင်းမတ်တပ်ရပ်နေရရင်တောင်မှ
အများကြီးအများကြီးနေလို့ကောင်းတယ် "
"ဒါမင်းလက်ထပ်ဖို့ရွေးချယ်ခဲ့တဲ့အကြောင်းအရင်းတွေလား။ မင်းစွန့်လွှတ်ရတာနဲ့တန်လားကိုယ်က။ မင်းမိဘတွေနဲ့ချမ်းသာခြင်းတွေလေ။ ကိုယ်ထားရာနေဖို့ ဘာကြောင့်တွေးလိုက်တာလဲ"
များပြားလွန်းတဲ့မေးခွန်းတွေ။
မျိုသိပ်ထားတာမျိုးမဟုတ်ပေမဲ့ ရေးညို့ထင်
ဒီနေ့မှ ကောင်ကလေးဆီကစကားတွေ အများကြီးကြားချင်နေမိသည်။
ဖြစ်သွားတဲ့ ကိစ္စမှာ ဘယ်သူ့ပရောဂမှမပါခဲ့သလို သူကိုယ်တိုင်းလည်းကျေကျေနပ်နပ် လက်ခံခဲ့သည်မို့ စိတ်ရှင်းသည်။
ဒါပေမဲ့ ကောင်ကလေးအနေနဲ့ သူ့ကို
လက်ထပ်ဖို့ ဘာကြောင့် ဆုံးဖြတ်ချက်ချခဲ့သလဲဆိုတာတော့ သိချင်မိ၏။
" လက်ထပ်ဖို့အကြောင်းအရင်းက
သူ့အလိုလိုဖြစ်လာခဲ့တယ်ဆိုပေမဲ့
အခွင့်အရေးကို ကျွန်တော်ကိုယ်တိုင် ဖမ်းဆုပ်လိုက်တာပါ။ စောကပြောတဲ့အချက်တွေရယ်ကြီးပဲတော့မဟုတ်ဘူး၊ အရင်ကတည်းက ထင်ထင်ကိုစိတ်ဝင်စားတာရောပါမယ် ၊ ဘယ်လောက်ကောင်းကောင်း သဘောမကျရင် ဘယ်သူက အတူနေဖို့ ရွေးမှာလဲ မဟုတ်ဘူးလား။ အဓိက ကတော့ အဲ့လူက ထင်ထင်မို့လို့လက်ခံခဲ့တာ။ မာမီတို့ကိုစွန့်လွှတ်လိုက်တာရယ်လို့တော့ မဟုတ်ဘူးလေ၊ ကျွန်တော်အိမ်ထောင်ကျတယ်။ ကျွန်တော်အိမ်ထောင်ဖက်ရှိရာကိုကျွန်တော်လိုက်နေတယ်၊ အချိန်တန်လို့ ကျွန်တော့်မိဘတွေက ကျွန်တော့်တို့ကို..လိုအပ်လာတဲ့နေ့ရောက်ရင်လည်း ကျွန်တော် ပြန်စောင့်ရှောက်မှာပါ။ ထင်ထင်မှာလည်းမိဘမရှိတော့ဘူး။ ကျွန်တော်မိဘတွေကလည်း ထင်ထင်မိဘတွေပဲလေ။ အဲ့လောက်ထိ ထင်ထင် အမြင်မကျဉ်းဘူးဆိုတာ ကျွန်တော် ယုံကြည်တယ် "
"မင်းကိုယ့်ကို ချစ်လား"
ရေးညို့ထင် စေ့စေ့ကြည့်ကာ မေးလိုက်သည်။ ကောင်ကလေးက သူ့အားအများကြီးပုံအပ်ထားတာကိုတွေ့ရတော့ ရင်ထဲမှာ ပျော်ရွှင်မူ့ လေးက တငြိမ့်ငြိမ့်တိုး၍လာ၏။ နှောင်ဖွဲ့စရာမရှိသော သူလိုတစ်ကောင်ကြွက်တစ်ယောက်အတွက်
ကောင်ကလေးက သူ့မိသားစုထဲကိုဆွဲသွင်းဖို့ကြိုးစားနေတဲ့ပုံလေးကို သူ့အား
ရူးသွပ်စေမတက်ပင်။
သူ့စကားကြောင့် ကောင်ကလေး
ရယ်လိုက်၏။
ကောင်ကလေး နှုတ်ခမ်းတွေသည် ထူတာမဟုတ်ပဲ
ဖောင်းပြီး ကလေးတွေလို အိအိလေးဖြစ်တာမို့ ရယ်လိုက်လျှင် သွားသေးသေးလေးတွေပေါ်လာကာ အပေါ်နှတ်ခမ်းသားသည် ကကြီးသဏ္ဍာန်ကွေးသွားတက်၏။
ချစ်စရာကောင်းတာထက်
ညှစ်ဖောက်ချင်စရာပိုကောင်းသွားတာမို့ ရှေ့တိုး၍ ရယ်နေတဲ့ ကောင်ကလေး ပါးတွေကို လက်နဲ့ညှစ်ကာ မေးကိုမော့စေလိုက်သည်။
" ဘာလို့ရယ်တာလဲ။ ကိုယ်မေးတာကိုဖြေစမ်း ရွှေဘုံမင်းစံ ။ကိုယ်မင်းကိုနာအောင်လုပ်မိတော့မယ်"
သူညှစ်ထားဆဲမို့ နှတ်ခမ်းနှစ်လွှာသည် စူမို့မို့ဖြစ်ကာ စကားပြောလို့အဆင်မပြေဖြစ်နေ၏။ သို့သော်ငြားပြုံးယောင်သန်းနေတဲ့မျက်လုံးတွေက သူ့အားစိန်ခေါ်နေသယောင်ရှိနေတာမို့ ရေးညို့ထင်ခေါင်းကိုငုံ့ကာ သူ့လက်ကြားကနှုတ်ခမ်းလုံးလုံးကို သွားနဲ့ဖိကိုက်လိုက်သည်။
"အ! ထင်ထင်လွှတ်"
မပီမသ စကားသံ။
နာသွားတာကြောင့်ပုတ်ခတ်သွားတဲ့မျက်တောင်တွေကို အနီးကပ်ရှင်းလင်းစွာတွေ့နေရသည်။ ရေးညို့ထင် ကောင်ကလေးမျက်နှာပေါ်က မျက်မှန်ကိုဖြုတ်ကာ ကုတင်ပေါ်ပစ်တင်လိုက်ပြီးနောက်တစ်ကြိမ်ထပ်မံပြီး နှုတ်ခမ်းတွေကို ကိုက်လိုက်မိသည်။
ဒီတစ်ခါတော့ အသာအယာဖိကိုက်လိုက်တာဖြစ်ပြီး
ချက်ချင်းပြန်မလွှတ်ပဲ ပါးကိုညစ်ထားတဲ့လက်တွေကိုဖယ်ကာဖွဖွလေးနမ်းရှိုက်လိုက်တာဖြစ်၏။
နုညံ့သော နှုတ်ခမ်းလွှာသည် အရသာရှိသော မုန့်ချိုတစ်ခုကဲ့သို့ အိစက်ချိုမြလွှန်းသည် ။
နမ်းပြီးရင်းနမ်းရှိုက်ချင်စရာမို့ သူပြန်လွှတ်ပေးဖို့ သတိမရတော့ပေ။
စိတ်ကြမ်းလူကြမ်းမို့ သူနမ်းမိရင် ညင်သာမူ့နည်းကာ များသောအားဖြင့် အကြမ်းပတမ်းသာ လုပ်မိတာကများ၏။ စိတ်လျော့ကာ ပြန်လွှတ်မိချိန်တွင် ကောင်ကလေးနှုတ်ခမ်းက သွေးခြေဥနေသယောင် နီမြန်းကာ နှုတ်ခမ်းသားအထက်တွင် သွားရာ အနည်းငယ်ထင်နေသည်။
"နာသွားလား"
"မနာဘူး"
"တကယ်မနာဘူးလား "
"အင်း မနာဘူး"
လက်မနဲ့သွားရာအားဖိပွတ်ကာ
မေးသော်ငြား သူ့အကြည့်တွေက အရည်ကြည်လဲ့နေတဲ့ အညိုရောင် နယ်မြေမှာခြေချမတက် ။
ပုတ်ခတ်နေတဲ့ မျက်တောင်ဖျားတွေသည်
မျက်ရည်တွေကြောင့် စိုရွှဲကာ ပူးတွဲယိမ်းနွဲ့နေပြီး ညို့နေသယောင်။ မျက်ရည်တွေနဲ့ မဲ့နေတဲ့သနားစရာမျက်နှာလေး။ ဒါလားမနာတာ။
"မနာရင် ကိုယ် ထပ်နမ်းချင်သေးတယ်"
ဖိကပ်လာတဲ့နှုတ်ခမ်းလွှာသည်
ကြမ်းတမ်းကာ နာကျင်စေသလို
ရွှေဘုံသွေးကြောတွေကိုလည်းပူနွေးစေသည်။ ခံတွင်းအနှံ့ခြေဆန့်နေတဲ့လျှာဖျား
သည် လိုချင်တာကိုမရမချင်းရှာဖွေတော့မယောင် ပြင်းရှလွန်းသည်။
"ထင်..အွန်း တော်ပြီ အာ့ "
အတင်းတွန်းကန်နေရင်း အောက်နှုတ်ခမ်းလွှာဆီမှာ စစ်ခနဲဖြစ်သွား၏။
ထင်ထင်က တကယ်ကြမ်းလွန်းသည်။
ဖူးယောင်လုမတက် ရွှေဘုံနှုတ်ခမ်းတွေသည်ထူအန်းကာ နာနာကျင်ကျင်ဖြစ်နေ၏။
"နာသွားပြီ"
"တကယ်နာတာလား"
"တကယ်နာတာပေါ့။ ဒီမှာကြည့် "
မေးငေါ့ကာ ကြည့်စေတဲ့ အကွင်းလိုက်ဖြစ်နေတဲ့ သွားရာသည် သူ့လက်ချက်မို့ရင်ထဲသိမ့်ခနဲ။
သူလက်မလေးနဲ့ဖွဖွပေးကာ မေးကို ကိုင်၍ အနည်းငယ်ထပ်မော့စေပြီး ထိကပ်ရုံမျှနမ်းပေးလိုက်သည်။
"ဥုံဖွ ။ ပျောက်သွားပြီ "
မျက်စောင်းရွယ်ကာ ရင်ဘတ်ကြီးကို အားနဲ့တွန်းပစ်လိုက်သည်။
"ဖယ်တော့ အဝတ်ထည့်မလို့"
"မထည့်နဲ့ မနက်မှကိုယ်ထည့်ပေးမယ်၊ ခုအိပ်ရအောင်'
"မဟုတ်ဘူးလေ"
သူလက်ဆန့်ကာ တားမြစ်သော်ငြား သူ့လက်တွေသည် အဝတ်ပုံကိုပင်မထိမိလိုက်တော့ချေ။
အထပ်လိုက်ရှိနေသေးသော အဝတ်တွေကို စီကာစဉ်ကာ ထည့်ထားသော အိတ်ထဲအား အပုံလိုက်ပစ်ထည့်ကာ ကုတင်အောက်ကို ဇွတ်ချပစ်သည်။
ထို့နောက် ရွှေဘုံအားဆွဲ၍ အိပ်ယာထဲဝင်လှဲအိပ်စေပြီး ဇွတ်အိပ်စေ၏။ ကျစ်ကျစ်ပါအောင် ဖက်ထားသည်မို့ ရွှေဘုံပါးတွေသည် ထင်ထင်ရင်ဘတ်ကြီးဖြင့်ကပ်ကာ
နှုတ်ခမ်းတွေပင်ထော်လာသည်ထိပင်။
" ဖြည်းဖြည်းလုပ်လို့ ၊ တအားကြမ်းတာပဲ"
" အိပ်တော့ ၊ မနက်ကျ မင်းအစောကြီးထရအုံးမှာမို့လား "
"ထင်ထင်လို့ "
ဖက်ထားတာကိုလျော့စေချင်လို့ အနည်းငယ်တွန်းလိုက်သော်လည်းမလွတ်တဲ့အပြင် တွန်းတဲ့လက်ကိုပါ ဆွဲ၍ ဒူးနဲ့ တစ်ကိုယ်လုံးကိုချုပ်ပစ်သည်။
ကြပ်ညပ်နေအောင်ဖက်ထားတာမို့ရုန်းမရတဲ့အပြင် တစ်ခါတလေ ထင်ထင် ဆီမှ အသက်ရူထုတ်လိုက်တဲ့ လေငွေ့နွေးနွေးပါရနေတာမို့ အတော်ကြီး ကမောက်ကမနိုင်ကာ အသက်ရူကြပ်စေ၏။
သူ့ယောကျာ်းသည် တကယ်ကို ကြမ်းတမ်းလွန်းလှပါသည်။
_______________
ဝေလီဝေလင်းအချိန်ကတည်းကရောက်နေပေမဲ့ ပွဲစခါနီး၉နာရီထိ တစ်ချက်လေးတောင်မှ မနားရသေးပေ။
အလှဆင်ထားသော လျှောက်လမ်းတလျှောက်သည် ပန်းတို့ဖြင့်ဝေဆာနေပြီး
အဖြူ ရောင်လွှမ်းတဲ့ အပြင်အဆင်ကြောင့် ကြည်လင်သော စိတ်ခံစားမူ့နှင့် လှပခမ်းနားမူ့တို့ပြည့်နက်လျက်ရှိချေသည်။
" မောင်ရွှေ ကြည်နူးရော "
"အလှပြင်ခန်းသွားတယ်။ လက်ကိုင်ပန်းတွေသွားပေးတာ "
ခန်းမ အဝင်ကနေ တဝက်လောက်ထိ ကောဇော ခင်းထားပြီး ထိုမှတဆင့် ပန်းကုံးဖြင့်ဝင်ပေါက်ပြုလုပ်ထားသော အလှဆင်
ပန်းတံခါးမှဖြတ်၍ လျှောက်လမ်းကိုတက်ရမှာဖြစ်၏။ လျှောက်လမ်းတစ်လျှောက်ကိုလည်း ပန်းများ ၊ အဖြူ ရောင်ပူပေါင်းများချခင်းထားပြီး ဘေးနားစွယ်များကိုလည်း လက်လက်ထအောင် ပန်းများနှင့် ငွေမှုန်ငွေစများ ရစ်ပတ်ခွေထားသည်။
မျက်နှာကျက်မှာလည်း ပန်းဆွဲ ပုံစံအလှဆင်ထားပြီး ပန်းခက်ပန်းနွယ်လေးများသည် အောက်ကိုတန်းလန်းကျနေသဏ္ဍာန်ဖန်တီးထားတာဖြစ်၏။
ထိုပွဲအတွက်ကုန်ကျငွေကအတော်လေးများသည့်အပြင် ရွှေဘုံတို့အကုန်လုံးလည်း စိတ်မော လူမော ဖြစ်ခဲ့ရ၏
အခန်းအနားမပြီးမချင်းသက်မောပင် မချရဲလောက်အောင် မဲတင်းထားရတာမို့
မနက်စာတောင်မှ မစားနိုင်သေးပေ။
ခုထိ ကောင်းကောင်းအလုပ်လုပ်နိုင်တာကလည်း မနက်ကမသွားခင် ထင်ထင်က နွားနို့တစ်ခွက်ဇွတ်တိုက်လိုက်လို့ဖြစ်သည်။
" ဘာလုပ်မို့လဲ"
"မဟုတ်ဘူး အမိုးပေါ်မှာ ပန်းဆွဲလုပ်ထားတဲ့ ပန်းနွယ်တစ်ခု ကွာနေလို့ တက်ပြင်ရမှာ ။အလုပ်သမားကောင်လေးတွေ ပြန်လွှတ်လိုက်ပြီလား "
"ပြန်လွှတ်လိုက်ပြီ ၊ ကောင်မလေးနှစ်ယောက်ပဲကျန်တော့တယ်။ သူတို့လည်းကြည်နူးနဲ့ အပေါ်လိုက်သွားတယ်၊ ဒီမှာမရှိဘူး ။ ဘယ်နားမှာလဲ လှေကားယူခဲ့ ငါတက်ဆင်ပေးမယ်"
"ဖြစ်ပါ့မလားဟဲ့ "
"မြန်မြန်သွားယူချေ။ ပွဲစတော့မယ်"
ရွှေဘုံ မျက်မှောင်ကြုံ့ ပြကာ မျက်နှာကျက်မှာဆင်ထားတဲ့ ပန်းဆွဲတွေကို လိုက်ကြည့်လိုက်သည်။
ပန်းအစစ်တွေနဲ့အတုတွေရောထားတာမို့
ပန်းအစစ်တွေကိုတော့ အကြမ်းပတမ်းလုပ်မရပေ။ထို့ကြောင့်ပန်းအစစ်တချို့က မခိုင်ခန့်ပဲပြုတ်ကျပုံပင်။ ရွှေဘုံလိုက်ကြည့်တော့ လျှောက်လမ်းအလယ်လောက်မှာ အဖြူ ရောင်ပန်းခက်ပန်းနွယ် တစ်ချို့ ပြုတ်ထွက်နေ၏။
" ရပြီရော့"
အပေါ့စား လှေကားလေးမို့ ဟိုရွေ့ဒီရွေ့တော့ ကေသီနိုင်သည်။
သယ်လာတဲ့လှေကားကို လျှောက်လမ်းအလယ်လောက်မှာ ချပေးလိုက်တာမို့ ရွှေဘုံ ပြင်ရမဲ့ ပစ္စည်းတချို့ယူကာ အပေါ်တက်လိုက်၏။
"ရရဲ့လား ဟိုဖက်နားမှာ ရော ကွာကျချင်နေပြီ"
"အင်း တွေ့တယ် "
ရွှေဘုံလိုအပ်တဲ့နေရာတွေအားပွဲမစခင် ခပ်မြန်မြန်ပြင်စရာရှိတာပြင်လိုက်၏။
ကေသီပြတဲ့နေရာသည် အနည်းငယ်လှမ်းသော်လည်းမှီနိုင်တဲ့နေရာမို့ လှေကားမရွေ့ပဲ ခြေဖျားထောက်ကာ လက်ကမ်းလိုက်လျှင် အရှိန်မထိန်းနိုင်ပဲ လူက လှုပ်သွားသည်။ ပြုတ်မကျအောင်ထိန်းလိုက်သော်လည်း အမှတ်တမဲ့ အောက်ငုံ့ကြည့်လိုက်တာမို့ အစာမရှိတာရော ၊ အိပ်ရေးမဝတာရောပေါင်းကာ မိုက်ခနဲဖြစ်သွားပြီး လက်ကလှေကားကိုမြဲအောင်မကိုင်လိုက်နိုင်ပဲဖြစ်သွား၏။
"ဟာ မောင်ရွှေ သတိထား "
ဝုန်း ...
ပစ်စလက်ခတ်ပြုတ်ကျလိုက်သံသည် အကျယ်ကြီးထွက်လာပြီးနောက် ရွှေဘုံခေါင်းသည် တစ်ခုခုနှင့်စောင့်မိသလို ပူထူသွား၏။
နာကျင်မူ့သည် တစိမ့်စိမ့်တိုးလာပြီး
ကေသီအော်သံ နှင့် လူတချို့ ပြေးလာတာကို မျက်ဝန်းထောင့်မှာ အရိပ်လို မသဲမကွဲ
မြင်လိုက်ရသော်ငြား လူကလှုပ်မရတော့။
အဖြစ်အပျက်သည် မြန်ဆန်းလွန်းလှသည်။
"အမလေး ။ မောင်ရွှေ မောင်ရွှေ လုပ်ကြပါအုံး။
လုပ်ကြပါအုံး သွေးတွေထွက်နေပြီ ။ "
ကေသီပြာယာခတ်အောင်အော်လိုက်၏။ သူပြေးသွားတဲ့အချိန်တွင်ရွှေဘုံခေါင်းမှာသွေးတွေစီးကျနေပြီးဘေးမှာ ပန်းပွင့်တချို့က ကြေမွ၍ ပျံ့ကျဲနေသည်။
" ကေသီ ဘာဖြစ်တာလဲ"
"ကြည်နူး လုပ်ပါအုံး မောင်ရွှေ ပြုတ်ကျလို့ ဆေးရုံပို့ရမယ်ထင်တယ်"
လျှောက်လမ်းအလယ်လောက်မှာရှိတဲ့ပန်းတွေသည်
လူပြုတ်ကျသွားတာမို့ ဖရိုဖရဲဖြစ်သွားကာ
အနည်းငယ်ရုတ်ပျက်ဆင်းပျက်ဖြစ်သွားတာကိုကြည်နူးတစ်ချက်လှမ်းကြည့်လိုက်၏။ ကြည်နူးချက်ခြင်းထိုင်ချကာ
ဘေးမှာရှိနေတဲ့ ကေသီအားဆွဲထူလိုက်သည်။ ဟော်တယ်ဝန်ထမ်းတွေလည်းဘေးမှာ ဝိုင်းကြည့်နေတာမို့
" ဆေးရုံပို့ရမှာမို့ တစ်ချက်လောက် သူ့ကိုကားပေါ်တင်ပေးလို့ရမလား " ဟု ကမန်းကတမ်းအကူအညီတောင်းလိုက်သည်။
" ကေသီ ဒီကိုကြည့် ။ မကြောက်နဲ့
သွား မောင်ရွှေကိုဆေးရုံခေါ်သွား ပွဲစတော့မှာ ငါဒီနားက လိုအပ်တာတွေမြန်မြန်လုပ်ပြီးလိုက်ခဲ့မယ် "
ကေသီမျက်ရည်တွေသုတ်ကာခေါင်းညိမ့်လိုက်သည်။ အမှန်တိုင်းပြောရရင်မျက်စိရှေ့ဖြစ်သွားတာမို့ လက်တွေခြေတွေတုန်ကာ ကယောင်ကတမ်းဖြစ်နေဆဲဖြစ်သည်။
မောင်ရွှေအား ဝိုင်းမပြီး ကားပေါ်တင်ပေးမဲ့ လူတွေနဲ့အတူ သူကြိုးစားကာ
မောင်ရွှေနှဖူးက သွေးတွေကိုသုတ်ပေးလိုက်သည်။
ကြည်နူးသည် တစ်ချက်ကြည့်ကာ ဝန်ထမ်းကောင်မလေးနှစ်ယောက်နဲ့အတူ လိုအပ်တာများကိုချက်ချင်းထလုပ်တော့သည်။
" မောင်ရွှေ သတိထား ။ ငါပြောတာကြားလား "
သူသတိမလွတ်သေးတာမို့
ကေသီပြောနေတာတွေကို အကုန်ကြားနေရပြီး သူကိုသယ်မနေကြတာကိုလည်းသိနေသည်။
သွေးတွေစီးကျနေသလိုခံစားနေရပြီးခေါင်းဆီမှ နာကျင်မူ့က တိုးလာသည်။
အမြင်အာရုံသည် မှောင်တလှည့်လင်းတလှည့်ဖြင့် မပီသတော့ပေ။
" ထင်..ထင်ထင်ကို မပြောနဲ့ "
သူအားတင်းပြောလိုက်သည်။
တုန်ရီနေသော သူ့အသံသည် လေသံသဲ့သဲ့လောက်သာထွက်သည်မို့ ကေသီကြားရပါ့မလားသူမသိပေ။
နှစ်ခါမြောက်အားယူပြီးပြောပြီးနောက်တွင် သူ့အသိစိတ်သည် လုံးလုံးလွတ်ထွက်သွားတော့သည်။ မှောင်မဲသွားသော
အနက်ရောင်လွင်ပြင်တွင် ထင်ထင်ကိုမပြောဖို့ ကေသီကြားအောင်အော်ပြောနေဆဲဖြစ်သည်။
စိတ်ပူသည်။ ထင်ထင်သိမှာစိတ်ပူသည်။
" ကေသီ ၊ ထင်ထင်ကိုမပြောပါနဲ့ "
ချစ်တဲ့အိမ်စည်။
( များသောအားဖြင့်တစ်ရက်ခြားတစ်ပိုင်းပါနော်။ )
Bạn đang đọc truyện trên: ZingTruyen.Xyz