တသက်လုံးပျော်ချင်မောင့်ကိုချစ်ပါ(တသက္လံုးေပ်ာ္ခ်င္ေမာင့္ကိုခ်စ္ပါ)Completed
23
(စာမစစ္ထား)
အမွန္ဆိုဒီလို လူရႈပ္ေနရင္ ေရႊဘံုက နည္းနည္းမွမႀကိဳက္သူပင္။ ဝါသနာပါတဲ့အလုပ္မို႔သာ သူသည္းခံၿပီးေနေနရတာျဖစ္ၿပီး ဆူညံလာတာနဲ႔အမ်ွ ေခါင္းလည္းမူးလာတက္၏။
ေရႊဘံုေခ်ာင္မွာကပ္ၿပီး ေလ်ွာက္လမ္းအတြက္ ပန္းဆင္ေပးေနတဲ့အခ်ိန္မွာ ေကသီနဲ႔ၾကည္ႏူးလည္း ဝန္ထမ္းေတြနွင့္အတူ အလွပဆံုးျဖစ္ေအာင္ ဆင္ေနၾက၏။
ပြဲက နည္းနည္းႀကီးေနတာမို႔ အခ်ိန္ပိုင္းဝန္ထမ္းတခ်ိဳ႕လည္းငွားထားရၿပီး သူတို႔အဖြဲ႕နွင့္တင္ လူက မ်ားေနသည္။
"တဝက္တပ်က္ပဲရွိေသးတာေတာင္မွေတာ္ေတာ္လွေနၿပီ ၊ ေျပာတဲ့ပံုအတိုင္းျဖစ္ေအာင္လုပ္ေပးတာ တကယ္ေက်းဇူးတင္တာပဲ။ စိတ္ခ်မ္းကိုသာေရာပဲ"
သတိုးသမီး မနွင္လႊာေသြးသည္ ပန္းဆင္ေနတဲ့ ၾကည္ႏူးတို႔နားလာရပ္ရင္း
ၿပံဳးၿပံးရႊင္ရႊင္ေျပာလာ၏။
ေန႔ခင္းအခ်ိန္မို႔ တမင္လာၾကည့္တာမွန္းသိကာ ၾကည္ႏူးလည္းျပန္လည္ႏုတ္ဆက္လိုက္သည္။
" လိုအပ္တာရွိရင္လည္းေျပာေနာ္မမ။ ၾကည္ႏူးတို႔ အကုန္အဆင္ေျပေအာင္လုပ္ေပးမယ္"
"အခုျမင္ရတာနဲ႔တင္ စိတ္ေက်နပ္လွပါၿပီ။အျပင္သြားစရာရွိေပမဲ့ ၾကည့္ခ်င္တာနဲ႔ လွည့္ဝင္လာလိုက္တာ ။ ေတာ္ေတာ္လွတာပဲ။ မနက္ေတာ့ အျဖဴ ေရာင္ေတြ ေဝေနေတာ့မွာပဲ ။ "
"ဟုတ္တယ္မမ အတက္နိုင္ဆံုး မမလိုခ်င္တဲ့ဒီဇိုင္းကိုဖန္တီးေပးထားတယ္။ လက္ကိုင္ပန္းေလးေတြကေတာ့ မနက္မွ
ၾကည္ႏူးတို႔တစ္ေခါက္လာၾကည့္ရင္းလုပ္ေပးမွာမမ ။ ပြဲခ်ိန္က ၉နာရီမို႔လား "
"ဟုတ္တယ္ ညီမေလး ။ မနက္၉နာရီမွ စမွာ ။ ထမင္းစားခ်ိန္ေရာက္ေနၿပီဆိုေတာ့ ဗိုက္ဆာရင္ ေဟာ္တယ္က ႀကိဳက္တာမွာစားေနာ္ ညီမေလး "
သတိုးသမီးက တကယ္သေဘာေကာင္းလွသည္။ သတိုးသားကေတာ့ မစနိုးၾကည္၏ေမာင္တစ္ဝမ္းကြဲျဖစ္ၿပီး သူ႔အမပြဲမွာကတည္းက မ်က္မွန္းတန္းမိသလိုျဖစ္ကာ ေရႊဘံုတို႔ကိုလည္း ေတြ႕ရင္ ရင္းရင္းနွီးနွီးနႈတ္ဆက္ေလ့ရွိသည္။
"ရပါတယ္မမနွင္းလႊာေသြး ၊ ၾကည္ႏူးတို႔ အဆင္ေျပတယ္။ "
"ဘာအဆင္ေျပတာလဲကြယ္ ၊ တကူးတက ဧည့္ခံဖို႔ မမတကယ္မအားလို႔စိတ္မေကာင္းျဖစ္ေနတာ၊ ၾသဇီကျပန္လာတဲ့ မမရဲ႕အမကိုေလဆိပ္မွာသြားႀကိဳရအံုးမွာမို႔
နို႔မို႔ ဆို အျပင္မွာေန႔လည္စာလိုက္ေကြၽးတယ္ သိလား"
"ရပါတယ္မမရယ္ ေကသီတို႔ကိုအားမနာနဲ႔ ။ ဗိုက္ဆာရင္မွာစားထားလိုက္မယ္။
သြားစရာရွိတာသြားမမ ။ ေတာ္ၾကာေနာက္က်ေနဦးမယ္"
နွင္းလႊာေသြးလက္မွနာရီကိုၾကည့္ကာ ေခါင္းညိမ့္ျပသည္။
"ဟုတ္တယ္ ေနာက္က်မွာစိုးလို႔မမတို႔သြားေတာ့မယ္။ "
မနွင္းလႊာေသြးထြက္သြားတာနွင့္
ေကသီက ၾကည္ႏူးလက္ဆြဲကာ ေရႊဘံု
ေဘးနားကပ္လာ၏။
ေနရာတကာ အေၾကာင္းစံုသိသူပီပီ
တစ္ေယာက္ေယာက္အေၾကာင္းကိုေဖာက္သည္ခ်ေတာ့မွာ မလြဲဧကန္ပင္။
" မနွင္းလႊာေသြးသြားႀကိဳတဲ့ သူ႔အမဆိုတာ ေတာ္ေတာ္လွတယ္တဲ့ ။
အရင္ကဆိုရင္ မနွင္းလႊာေသြးတို႔မိသားစုက သာမန္ပဲ။သူ႔အမက သူေဌးတစ္ေယာက္နဲ႔ေကာက္ယူၿပီး နိုင္ငံျခားလိုက္သြားတာ။ သူေဌးဆိုေတာ့ေျခမၿငိမ္ဘူးထင္ပါတယ္။ ကေလးတစ္ေယာက္ရၿပီးမၾကာဘူး အိမ္ေထာင္ကြဲပါေလေရာ ။
ေလ်ာ္ေၾကးေရာ ၊ ကေလးအတြက္ ေထာက္ပံ့ေၾကးေရာ ေတာ္ေတာ္ႀကီးရလိုက္တာကေန ၊ ကေလးကို မနွင္းလႊာေသြးမိဘေတြဆီပို႔ၿပီး သူကဟိုမွာပဲေနေတာ့တာ။ ခုမွသူ႔ညီမမဂၤလာေဆာင္မို႔ျပန္လာတာေနမွာ"
" ေကသီမရယ္၊ ညည္းမသိတာဘာရွိေသးလဲ။ ဟိုက ျမန္မာျပည္ေျမေပၚေတာင္ေျခမခ်ရေသးဘူး။ နင္က အကုန္သိေနၿပီးၿပီ"
ၾကည္ႏူးလည္း အကုန္သိနိုင္လြန္းသူသူငယ္ခ်င္းမအား မ်က္ေစာင္းခဲမိပါသည္။
ဘယ္ေလာက္ေျပာေျပာမနာတက္တဲ့ သူငယ္ခ်င္းေတြပီပီ ေကသီတစ္ေယာက္
ၾကည္ႏူးစကားကိုအေရးပင္မလုပ္။
ဆက္ေျပာရန္သာအားခဲေန၏။
"သိဆို မစနိုးၾကည္ေျပာျပတာေလ ။
ငါနဲ႔အဲ့အမေတာ္ေတာ္ေလးခင္ေနၿပီ။
သူေျပာသမ်ွ သူတို႔အသိုင္းအဝိုင္းအေၾကာင္းပဲ။ "
" သူ႔အမကို
"ခင္တာေတာ့မတားပါဘူး။
ေနရာတကာဝင္ပါမေနနဲ႔စကားကိုထိန္ထိနိးသိမ္းသိမ္းေျပာ "
"သိပါတယ္ဟယ္။ တကယ္တည္း ဆရာမႀကီးလုပ္လြန္းတယ္။ ၿပီးမွ ေကသီေရာ ဟိုအမက ဘယ္လိုေလး ဘာေလး ငါ့ကိုလာမေမးနဲ႔"
ေကသီ ေျခေစာင့္ကာ ထြက္သြားေတာ့
ၾကည္ႏူးနဲ႔ေရႊဘံုနဲ႔ တစ္ေယာက္မ်က္နွာတစ္ေယာက္ၾကည့္ၿပီးရယ္မိသည္။
တစ္ခါတေလ စကားမ်ားလြန္းတဲ့သူငယ္ခ်င္းတစ္ေယာက္ရွိတာ အပ်င္းေတာ့ေျပသည္။ ေကသီက ေတြ႕တဲ့သူနဲ႔တည့္ေအာင္ ေပါင္းတက္ေပမဲ့စကားေတာ့ရႈပ္သူမဟုတ္ေပ။ သူသိသမ်ွေတာ့ ၾကည္ႏူးနဲ႔ေရႊဘံုကိုေတာ့အပ္က်တာကအစ ျပန္ေျပာတက္သည္မို႔ တခါတေလ ေဘးကေနစကားေတြမျပန္႔ေအာင္ထိန္းေပးရေလ့ရွိသည္။
" စိတ္ေကာက္သြားၿပီထင္တယ္"
"ထားလိုက္ဘယ္တုန္းကၾကာၾကာေကာက္ဖူးလို႔လဲ။ "
ေရႊဘုံရယ္လိုက္သည္။
အမွန္လည္းေကသီက စိတ္ေကာက္လို႔ေကာက္မွန္းေတာင္မွ သူ႔ကိုယ္သူေမ့ေမ့သြားတက္သူပင္။
အိမ္ျပန္ခ်ိန္သည္ ည ၇နာရီမို႔ ဒါေစာသည္ဟုေျပာနိုင္ေပသည္။
မနက္ေရာက္ရင္လည္း ျပန္လာရအံုးမွာမို႔ အျပန္ထင္ထင္ႀကိဳၿပီးရင္ အိပ္ယာေစာေစာဝင္ဖို႔ေတြးမိသည္။
"ကားယူလာတာလား"
"အင္း..ဒီေန႔ ထင္ထင္လိုက္မပို႔အားတာနဲ႔ ငါပဲယူလာလိုက္တာ။ အျပန္ေတာ့ သူ႔ကိုဝင္ေခၚရမွာ"
"ဒါဆိုငါလိုက္မပို႔ေတာ့ဘူးေနာ္။
မနက္ေတာ့ ၅နာရီေလာက္..ထလာခဲ့လို႔ရတယ္မို႔လား
တျခားေတာ့လုပ္စရာသိပ္မက်န္ေတာ့ဘူး။
လက္ကိုင္ပန္း၅စီးထိုးေပးရုံနဲ႔ လိုအပ္တဲ့ေနရာေတြလိုက္ၾကည့္ေပးရုံပဲ"
" အင္း..အင္း ငါသိၿပီ။ အိမ္တန္းတန္းျပန္"
ၾကည္ႏူးပုခံုးတြန္႔ျပကာ ကားေပၚတက္သြားသည္။
ေကသီကေတာ့အခ်ိန္အခါမဟုတ္ရာသီစက္ဝန္းတစ္ပတ္လည္လာတာမို႔ အိမ္ျပန္ေျပးတာ တစ္နာရီေလာက္ေတာင္မွရွိေနၿပီ။
ေကသီ၏ အက်င့္က ဗိုက္ေအာင့္တက္ျခင္းပင္။ အၿမဲ တစ္လ တစ္ခါဗိုက္နာတဲ့ဒုကၡေၾကာင့္ သူ႔ကိုယ္သူ အက်င့္ဆိုးရွိတဲ့သူဟုေရ႐ြတ္ကာ စိတ္ညစ္ေလ့ရွိ၏။
_________
ကားတန္းရွည္ႀကီးသည္ ၿမိဳ႕ျပ၏
ျပယုဒ္ပင္။ လမ္းမႀကီးေပၚေရာက္တာနွင့္
ေရွ႕ေနာက္ျပတ္လပ္မူ႔မရွိတဲ့ ကားတန္းေၾကာင့္ သတိထားေမာင္းနွင္ေနရသည္။
ေရႊဘံုသည္ မ်က္မွန္သမားျဖစ္သည့္အျပင္
မ်က္လံုးအားနည္းမူ႔ေၾကာင့္ မ်ားေသာအားျဖင့္ညအခ်ိန္တြင္ ကားေမာင္းေလ့မရွိေပ။ မျဖစ္မေန ကိုယ္တိုင္ေမာင္းရတဲ့အခါမ်ားတြင္လည္း ဘာအႏၲရာယ္မွမျဖစ္ေအာင္ အလြန္အမင္းအားစိုက္ရသည္။
အထိအခိုက္မခံနိုင္လြန္းတဲ့ဗီဇေၾကာင့္
ဘာအလုပ္ကိုလုပ္လုပ္ သြက္သြက္လက္လက္လည္းမရွိသည့္အျပင္ တုန္႔ေနွးလြန္းတာေၾကာင့္ အမ်ားသူငွာအျမင္တြင္ထူအတဲ့ပံုစံလည္းေပါက္သည္။
T9 Boxing Club ဆိုတဲ့ဆိုင္ပုဒ္ကို
အနက္ေရာင္သံပန္းတံခါးမွာ ျခံတံခါးမွာ
ခ်ိတ္ဆြဲထားသည္။
ညမီးေရာင္သည္ ၿခံအတြင္း၌လင္းလက္ေနပါေသာ္ျငား ဂိုေထာင္ပံုသ႑ာန္
အေဆာက္အဦးအတြင္းမွာေတာ့ မ်က္နွာသာတံခါးမႀကီးကိုေစ့ပိတ္ထားတာေၾကာင့္ အထဲမွာ ဘာရွိေနသလဲဆိုတာရွင္းလင္းစြာမျမင္ရပါေခ်။
" အထဲဝင္မွာလား "
ကားရပ္သည္နွင့္ ၿခံေစာင့္ဟု ထင္ရေသာ လူတစ္ေယာက္သည္ ထြက္လာၿပီးေမးျမန္းလာသည္။
"ဟုတ္ကဲ့။ ကိုနိုင္းဧည့္သည္ပါ "
ျပတင္းေပါက္ကေန ေခါင္းထြက္၍ေရႊဘံုေျပာလိုက္လ်ွင္ ၿခံတံခါးကိုကားဝင္သာေအာင္ ခပ္က်ယ္က်ယ္တြန္းဖြင့္ေပးလာ၏။
ေရႊဘံု ၿခံအတြင္းေရာက္ေတာ့ ထိုအေစာင့္သည္ တံခါးျပန္ပိတ္သြားၿပီးေနာက္ ေထာင့္နားက ဂိတ္တဲပံုစံ တဲအတြင္းျပန္ဝင္သြားေလသည္။
ၿခံအတြင္းတြင္ အနက္ေရာင္ ကားတစ္စီးမွလြဲၿပီးမည္သည့္ ယာဥ္မွမရွိေတာ့ေပ။
ဒီေနရာကို ၃ေခါက္ခန္႔ေရာက္ၿပီးၿပီမို႔
ထိုကားသည္ ကိုနိုင္းကားျဖစ္သည္ဟုမွန္းဆနိုင္ေလသည္။
ေစ့ထားေသာ ဝင္ေပါက္တံခါးသည္
နီညိဳေရာင္ေဆးသုတ္ထားေသာ္လည္းအေရာင္ျပယ္စျပဳကာ ေအာက္ခံသံထည္၏သံေၾကးတက္ေနေသာ အပိုင္းအစမ်ားကိုပင္ျမင္ေနသည္။
တံခါး၏ လက္ကိုင္ကိုတြန္းဖြင့္လိုက္လ်ွင္
အနည္းငယ္အသံျမည္သြားသည္မွလြဲ၍
အထဲက တိုက္ခိုက္သံမ်ားကို ေက်ာ္လႊားမူ႔မတက္နိုင္ခဲ့ေပ။
အလယ္ေခါင္ရွိ ႀကိဳးဝိုင္းစင္ေပၚတြင္
လူနွစ္ေယာက္ထိုးသတ္ေန၏။
တစ္ေယာက္သည္ အသားဝါ၍
ဖြင့္ထြားေသာကိုယ္ထည္ရွိသည္။
ထိုသူမွာ သူ႔အမ်ိဳးသား ကိုထင္ျဖစ္ၿပီး တစ္ဖက္သူမွာ ကိုနိုင္းဟုေခၚသူျဖစ္သည္။
သူေရာက္သည့္အခ်ိန္တြင္ သက္တမ္းရင့္Trainer ျဖစ္တဲ့ကိုနိုင္းသည္ ထင္ထင္၏ တိုက္ကြက္ေတြကိုအလူးအလဲခုခံေနရ၏။
ေခြၽးဒီးဒီးက်ေနတဲ့ အဝါေရာင္ ကိုယ္ထည္သည္ အသက္၃၀ဟု ယံုမွားစရာမရွိေအာင္ ႀကံ့ခိုင္ၿပီးသြက္လက္သည္။
ညာလက္အျပင္တစ္ခါတေလ ေဝ့လာတက္ေသာ ဘယ္လက္ကို ကိုနိုင္းသတိထားေနရက္နွင့္ မိမိရရထိုးခံတက္ေသးသည္။
ေလ့က်င္ေနသည္ဟုမထင္ရေအာင္အႀကိတ္အနယ္ရွိလွတာမို႔ ေရႊဘံု ၿငိမ္သက္စြာ တေမ့တေမာေငးၾကည့္ေနမိသည္။
သူ႔ဘဝတေလ်ွာက္လံုး ခ်မ္းသာေသာ
စည္းစိမ္မွလြဲၿပီးသာမန္လူတို႔လိုပင္ မထူးျခားစြာ ဘဝကိုရုိးရွင္းစြာေနထိုင္ခဲ့သည္။
ရန္မျဖစ္ဘူးသလို ရန္ပြဲနဲ႔လည္းေဝးေအာင္ေနခဲ့သည္မို႔ ကိုယ့္အမ်ိဳးသားက
လက္ေဝွ႔သမားတစ္ေယာက္ ျဖစ္ဖို႔ဆိုတာ
အေတြးနဲ႔ေတာင္မွစိတ္ကူးမယဥ္ဘူးတဲ့အျဖစ္အပ်က္ျဖစ္သည္။
ထိုးနက္ေနတဲ့လက္သီးေတြ ၊ အသက္ဝင္လွတဲ့ လက္ေမာင္းကတက္တူးနွင့္
ခနၶာကိုယ္ေပၚမွာသီးေနတဲ့ေခြၽးစေတြသည္ တကယ္ပင္ လွပလြန္းပါသည္။
" ရပ္လိုက္ေတာ့ ၊ အရႈံးေပးၿပီ"
မ်က္နွာတည့္တည့္အရွိန္နဲ႔ေျပးဝင္လာတဲ့ လက္သီးကို ကိုနိုင္းအေလာတႀကီးတားျမစ္၍ ေနာက္ကိုေျခတစ္လွမ္းဆုတ္ဖို႔ႀကိဳးစားေသာ္လည္း ႀကိဳးတန္းခံေနသည္မို႔
ငါေတာ့ ဒီတစ္ခါသြားၿပီဟု ထင္လိုက္သည္။ သို႔ေသာ္ မ်က္နွာေရွ႕လက္တစ္လံုးခန္႔အကြာအေဝးတြင္ အရွိန္သတ္ကာရပ္သြားသည္မို႔ အလန္႔တၾကားမွိတ္လိုက္ရတဲ့မ်က္လံုးေတြကိုရွက္ရွက္နဲ႔ျပန္ဖြင့္ရ၏။
ဆရာထက္သားတစ္လႀကီး ဟုသတ္မွတ္ရမလား။
မိုက္၏ အရည္အေသြးသည္ ရပ္နားလိုက္ဖို႔နွေျမာစရာေကာင္းလွသည္။
တကယ္ေတာ့ သူဖြင့္ထားတဲ့Boxing Club နဲ႔မိုက္၏ ေၾကးစားအလုပ္က မသက္ဆိုင္ေပ။
ဆိုလိုရင္းမွာ သူတို႔Boxingသည္အားကစားမို႔စည္းရွိေပမဲ့ သတ္ကြင္းမွာေတာ့ အသတ္အာမခံမရွိပဲ လ်ွင္သူနိုင္စတမ္းပင္။
ထို႔ေၾကာင့္အသက္ေသဆံုးသည္ထိ ျပင္းထန္တဲ့ယွဥ္ၿပိဳင္မူ႔မ်ားထိ ရွိၾကၿပီး
ေတာ္ရုံအရည္အခ်င္းနွင့္လည္း ႀကိဳးဝိုင္းအတြင္းဝင္ေရာက္ဖို႔ မျဖစ္နိုင္ပါ။
" ကိုနိုင္းသက္လံုမေကာင္းေတာ့ဘူး ။"
"မင္းနဲ႔ေတာ့ဘယ္တူမလဲကြ ၊ ငါ့အသက္၃၇ထဲေရာက္ေနၿပီ ။ ခုေလာက္
ထိုးနိုင္ေနတာကိုပဲ ေက်းဇူးတင္ရမလိုပဲ ၊ ဒါေတာင္ငါ့ကိုငါ အခ်ိန္တိုင္း ဖိအားေပးေနလို႔"
" အိုေနၿပီေလ။ ဒီအလုပ္ေတြနားၿပီး ေအးေဆး မိန္းမေဘးမွာကပ္ေနလိုက္ေတာ့။"
ေရးညိဳ႕ထင္ လက္အိတ္ခြၽတ္ၿပီး ကိုနိုင္းလက္ေမာင္းကို ခပ္ျပင္းျပင္းတစ္ခ်က္ထိုး၍
ေနာက္လိုက္သည္။
"မင္းပဲ ေယာက်ာ္းနားကပ္ေနစမ္းပါ။
ငါ့မိန္းမက ငါၿပီးရာၿပီးတယ္။ မင္းကေတာ့
ေယာက်ာ္းေၾကာက္"
"ေၾကာက္တာမဟုတ္ဘူး။ တန္ဖိုးထားတာ ပါ။ ဒါေတြ အၾကင္နာတရားမရွိတဲ့သူေတြေျပာျပရင္ သိမွာမဟုတ္ပါဘူး။
ကိုနိုင္းသိလား၊ အႏၲရာယ္မကင္းတဲ့အလုပ္ေတြ ကြၽန္ေတာ္ မလုပ္ခ်င္ေတာ့ဘူး၊ ဒီပြဲၿပီးရင္ေကာင္ကေလးနဲ႔ပဲ ေအးေအးခ်မ္းခ်မ္းေနေတာ့မယ္။ ေလ့က်င့္ခန္းလည္းမလုပ္ေတာ့ဘူး။
သူနဲ႔အတူသြားတိုင္း ကြၽန္ေတာ္မစားပဲ ငုတ္တုတ္ထိုင္ေနရတာအဆင္မေျပဘူး။
အိမ္မွာလက္စံုစားရင္ေတာင္မွ အားကစားသမားဆိုေတာ့ ဟင္းခြက္တိုင္းလက္နႈိက္လို႔မရဘူး။ အဲ့ခ်ိန္ဆို သူစိတ္မေကာင္းဘူးထင္တယ္။ သူႀကိဳက္တာမ်ိဳးကြၽန္ေတာ္ကဦးစားေပးခ်က္ေကြၽးရင္ေတာင္မွေနာက္ပိုင္းကြၽန္ေတာ္မစားတာမ်ိဳးဆိုရင္ သူမခ်က္ခိုင္းေတာ့ဘူး။ ဒီၿပီးရင္ေတာ့ ကြၽန္ေတာ္လည္း သူနဲ႔အတူ သူႀကိဳက္တာေတြအတူစားေပးခ်င္တယ္။ မနက္ေလ့က်င့္ခန္းသြားမဲ့အခ်ိန္ေတြကို သူနဲ႔အခ်ိန္ျဖဳန္း ...."
ျကိဳးဝိုင္းေပၚကေန ဆင္းတဲ့အခ်ိန္မွာေတြ႕လိုက္ရတဲ့ ပံုရိပ္ေလးေၾကာင့္ေရးညိဳ႕ထင္ ေျပာလက္စ စကားေတြရပ္သြား၏။ ေကာင္ကေလးက အေပါက္ဝနားမွာ ၿငိမ္ၿငိမ္ေလးရပ္ၿပီးသူ႔ကိုၾကည့္ေနတာပင္။
ၿငိမ္သက္ျခင္းေတြမွာ နွစ္လိုျခင္းေတြပါမလား။ ဝမ္းနည္းျခင္းေတြပါမလား။
မ်က္မွန္ေအာက္ကမ်က္လံုးေတြကုိ ဘာအဓိပၸါယ္ရွိမလဲ ေသခ်ာမၾကည့္ျဖစ္ေတာ့ပဲ သူႀကိဳးဝိုင္းေပၚကေနဆင္းလိုက္သည္။
သူ႔နား႐ြက္ဖ်ားေတြနီေနၿပီး မ်က္နွာေတြအန္းေနတာမို႔ ကိုယ့္ကိုကိုယ္ရွက္တက္ပါေသးသလားဆိုတာ ခုမွပဲသိရတာျဖစ္သည္။
"ဟို..မင္းဘယ္တုန္းကေရာက္တာလဲ"
တစ္လွမ္းခ်င္းလွမ္းလာတဲ့ေျခလွမ္းေတြကိုေငးကာ သူေမးလိုက္သည္။
တေ႐ြ႕ေ႐ြ႕လွမ္ေနတဲ့ေျခလွမ္းေတြက ျမန္လာၿပီး အဆံုးသတ္မွာ သူ႔ကိုေကာင္ကေလးေျပးဖက္လာ၏။
" ထင္ထင္..ထင္ထင္ "
တတြတ္တြတ္ ေခၚေနတဲ့အသံတိုးတိုးေလး ။ သူ တင္းၾကပ္ေနေအာင္ တိုးဖက္ၿပီး နွား႐ြက္ဖ်ားေတြကိုငံု႔နမ္းလိုက္ၿပီး ရယ္လိုက္၏။
" ေကာင္ကေလး ငိုေနတာလား။ "
" မငိုပါဘူး။ ကြၽန္ေတာ္..ေပ်ာ္လို႔ပါ"
ေရႊဘံု ေခြၽးေတြစိုေနတဲ့ရင္ဘတ္မွာမ်က္နွာအပ္၍ မၿပီးမသ ေျပာလိုက္သည္။
သူ႔ေခါင္းကို အနည္းငယ္ေမႊ ့ကာ ေျပာလိုက္တာမို႔ ေခြၽးစိုစိုေတြသည္ သူ႔နွဖူးအားကပ္ေပသြားေလ၏။ သို႔ေသာ္ သူ႐ြံ႕ရွာျခင္းနည္းနည္းမွမရွိေပ။ သူသာထိုေနရာသို႔ ကိုထင္သိေအာင္ေရာက္လာခဲ့ပါက ထိုသို႔ စကားမ်ိဳးေတြကိုၾကားခြင့္ရွိပါ့မလား။
" မင္းငိုေနပါတယ္။တိတ္တိတ္ေလးခိုးငိုေနတာကိုသိတယ္။ မင္းကိုယ့္စကားေတြၾကားၿပီးေႂကြသြားတာမို႔လား"
အစက ၾကားသြားၿပီလားဆိုတဲ့စိတ္နဲ႔
ေရးညိဳ႕ထင္ရွက္ခဲ့မိသည္။ ေနာက္ေတာ့ ကေလးတစ္ေယာက္လို႔ တရႈံ႕ရႈံ႕လာငိုေနတာမို႔ ခ်စ္စရာေကာင္းတယ္လို႔ေတြးမိတဲ့စိတ္ကသာ ႀကီးစိုးသြား၏။
" ဒါမွမဟုတ္ ၊ ကိုယ္နို႔ေတြကိုနမ္းေနတာလား"
ဘုန္း!
"အ! ဘာလို႔ထုတာလဲ ၊ ကိုယ့္နို႔တစ္ျခမ္းပိန္သြားရင္ မင္းေၾကာင့္ေနာ္"
ေရႊဘံုသည္ မ်က္စိေရွ႕က အညိဳေရာင္ နို႔သီးေခါင္းကို ဆြဲလိမ္ပစ္လိုက္သည္။
တကယ္ အသက္ႀကီးတဲ့သူကိုရထားလို႔
တည္ၿငိမ္မလားမွတ္တယ္။ထင္ထင္က နည္းနည္းမွလူကိုမစရရင္မေနနိုင္ဘူး။
" ထင္ထင္ေနာ္။ နည္းနည္းမွအရွက္မရွိေတာ့ဘူး "
" မရွိေပါင္၊ ကိုယ္ကဘယ္သူ႔ကိုရွက္ရမွာလဲ။ မင္းကိုလား။ မင္းက ကိုယ့္ေယာက်ာ္းေလ၊ အရွက္ရွိဖို႔လိုေသးလား"
"အဟမ္း အဟမ္း ရွက္တာေတြမရွက္တာေတြ အိမ္ေရာက္မွေျပာၾကကြာ။ ငါမိန္းမဖုန္းဆက္ေနလို႔ အိမ္ျပန္ရေတာ့မယ္။ မင္းတို႔လည္း လစ္ၾကေတာ့"
ရုတ္တရက္ဘယ္ကေနထြက္လာမွန္းမသိတဲ့ကိုနိုင္းအသံႀကီးေၾကာင့္ ေရႊဘံု ထင္ထင္ရင္ဘတ္ႀကီးကိုတြန္းကာ လူခ်င္းေဝးေအာင္ခြာလိုက္ရသည္။
ကိုနိုင္းရွိေနတာကိုေမ့သြားရေလာက္ေအာင္ထိ သူဘယ္ေလာက္မ်ားနေမာ္နမဲ့နိုင္လိုက္လဲ။
" ခဏေနာ္ ကိုယ္အဝတ္လဲခန္းဝင္လိုက္အံုးမယ္ "
"ဟုတ္"
ရွက္႐ြံ႕ေနတဲ့နီေစြးေစြးပါးကိုညႇစ္ကာ ေရးညိဳ႕ထင္ ကိုနိုင္းအား လက္သီးလွမ္းေထာင္ျပလိုက္သည္။
သံေယာဇဥ္ေတြသည္ ထင္မထားေအာင္ တြယ္တာမူ႔ျမန္ဆန္ခဲ့သည္မို႔ အိမ္ေထာင္သည္ဘဝက ေမ်ွာ္လင့္တာထက္ပိုကာ
သာယာေပ်ာ္ရႊင္ရ၏။
ခ်စ္တဲ့အိမ္စည္။
(မေန႔က ေမႀကီးတစ္လျပည့္ဆြမ္းကပ္ေန႔မို႔ မUpျဖစ္လိုက္ဘူး ။ ေတာင္းပန္ပါတယ္)
(စာမစစ်ထား)
အမှန်ဆိုဒီလို လူရှုပ်နေရင် ရွှေဘုံက နည်းနည်းမှမကြိုက်သူပင်။ ဝါသနာပါတဲ့အလုပ်မို့သာ သူသည်းခံပြီးနေနေရတာဖြစ်ပြီး ဆူညံလာတာနဲ့အမျှ ခေါင်းလည်းမူးလာတက်၏။
ရွှေဘုံချောင်မှာကပ်ပြီး လျှောက်လမ်းအတွက် ပန်းဆင်ပေးနေတဲ့အချိန်မှာ ကေသီနဲ့ကြည်နူးလည်း ဝန်ထမ်းတွေနှင့်အတူ အလှပဆုံးဖြစ်အောင် ဆင်နေကြ၏။
ပွဲက နည်းနည်းကြီးနေတာမို့ အချိန်ပိုင်းဝန်ထမ်းတချို့လည်းငှားထားရပြီး သူတို့အဖွဲ့နှင့်တင် လူက များနေသည်။
"တဝက်တပျက်ပဲရှိသေးတာတောင်မှတော်တော်လှနေပြီ ၊ ပြောတဲ့ပုံအတိုင်းဖြစ်အောင်လုပ်ပေးတာ တကယ်ကျေးဇူးတင်တာပဲ။ စိတ်ချမ်းကိုသာရောပဲ"
သတိုးသမီး မနှင်လွှာသွေးသည် ပန်းဆင်နေတဲ့ ကြည်နူးတို့နားလာရပ်ရင်း
ပြုံးပြံးရွှင်ရွှင်ပြောလာ၏။
နေ့ခင်းအချိန်မို့ တမင်လာကြည့်တာမှန်းသိကာ ကြည်နူးလည်းပြန်လည်နုတ်ဆက်လိုက်သည်။
" လိုအပ်တာရှိရင်လည်းပြောနော်မမ။ ကြည်နူးတို့ အကုန်အဆင်ပြေအောင်လုပ်ပေးမယ်"
"အခုမြင်ရတာနဲ့တင် စိတ်ကျေနပ်လှပါပြီ။အပြင်သွားစရာရှိပေမဲ့ ကြည့်ချင်တာနဲ့ လှည့်ဝင်လာလိုက်တာ ။ တော်တော်လှတာပဲ။ မနက်တော့ အဖြူ ရောင်တွေ ဝေနေတော့မှာပဲ ။ "
"ဟုတ်တယ်မမ အတက်နိုင်ဆုံး မမလိုချင်တဲ့ဒီဇိုင်းကိုဖန်တီးပေးထားတယ်။ လက်ကိုင်ပန်းလေးတွေကတော့ မနက်မှ
ကြည်နူးတို့တစ်ခေါက်လာကြည့်ရင်းလုပ်ပေးမှာမမ ။ ပွဲချိန်က ၉နာရီမို့လား "
"ဟုတ်တယ် ညီမလေး ။ မနက်၉နာရီမှ စမှာ ။ ထမင်းစားချိန်ရောက်နေပြီဆိုတော့ ဗိုက်ဆာရင် ဟော်တယ်က ကြိုက်တာမှာစားနော် ညီမလေး "
သတိုးသမီးက တကယ်သဘောကောင်းလှသည်။ သတိုးသားကတော့ မစနိုးကြည်၏မောင်တစ်ဝမ်းကွဲဖြစ်ပြီး သူ့အမပွဲမှာကတည်းက မျက်မှန်းတန်းမိသလိုဖြစ်ကာ ရွှေဘုံတို့ကိုလည်း တွေ့ရင် ရင်းရင်းနှီးနှီးနှုတ်ဆက်လေ့ရှိသည်။
"ရပါတယ်မမနှင်းလွှာသွေး ၊ ကြည်နူးတို့ အဆင်ပြေတယ်။ "
"ဘာအဆင်ပြေတာလဲကွယ် ၊ တကူးတက ဧည့်ခံဖို့ မမတကယ်မအားလို့စိတ်မကောင်းဖြစ်နေတာ၊ သြဇီကပြန်လာတဲ့ မမရဲ့အမကိုလေဆိပ်မှာသွားကြိုရအုံးမှာမို့
နို့မို့ ဆို အပြင်မှာနေ့လည်စာလိုက်ကျွေးတယ် သိလား"
"ရပါတယ်မမရယ် ကေသီတို့ကိုအားမနာနဲ့ ။ ဗိုက်ဆာရင်မှာစားထားလိုက်မယ်။
သွားစရာရှိတာသွားမမ ။ တော်ကြာနောက်ကျနေဦးမယ်"
နှင်းလွှာသွေးလက်မှနာရီကိုကြည့်ကာ ခေါင်းညိမ့်ပြသည်။
"ဟုတ်တယ် နောက်ကျမှာစိုးလို့မမတို့သွားတော့မယ်။ "
မနှင်းလွှာသွေးထွက်သွားတာနှင့်
ကေသီက ကြည်နူးလက်ဆွဲကာ ရွှေဘုံ
ဘေးနားကပ်လာ၏။
နေရာတကာ အကြောင်းစုံသိသူပီပီ
တစ်ယောက်ယောက်အကြောင်းကိုဖောက်သည်ချတော့မှာ မလွဲဧကန်ပင်။
" မနှင်းလွှာသွေးသွားကြိုတဲ့ သူ့အမဆိုတာ တော်တော်လှတယ်တဲ့ ။
အရင်ကဆိုရင် မနှင်းလွှာသွေးတို့မိသားစုက သာမန်ပဲ။သူ့အမက သူဌေးတစ်ယောက်နဲ့ကောက်ယူပြီး နိုင်ငံခြားလိုက်သွားတာ။ သူဌေးဆိုတော့ခြေမငြိမ်ဘူးထင်ပါတယ်။ ကလေးတစ်ယောက်ရပြီးမကြာဘူး အိမ်ထောင်ကွဲပါလေရော ။
လျော်ကြေးရော ၊ ကလေးအတွက် ထောက်ပံ့ကြေးရော တော်တော်ကြီးရလိုက်တာကနေ ၊ ကလေးကို မနှင်းလွှာသွေးမိဘတွေဆီပို့ပြီး သူကဟိုမှာပဲနေတော့တာ။ ခုမှသူ့ညီမမင်္ဂလာဆောင်မို့ပြန်လာတာနေမှာ"
" ကေသီမရယ်၊ ညည်းမသိတာဘာရှိသေးလဲ။ ဟိုက မြန်မာပြည်မြေပေါ်တောင်ခြေမချရသေးဘူး။ နင်က အကုန်သိနေပြီးပြီ"
ကြည်နူးလည်း အကုန်သိနိုင်လွန်းသူသူငယ်ချင်းမအား မျက်စောင်းခဲမိပါသည်။
ဘယ်လောက်ပြောပြောမနာတက်တဲ့ သူငယ်ချင်းတွေပီပီ ကေသီတစ်ယောက်
ကြည်နူးစကားကိုအရေးပင်မလုပ်။
ဆက်ပြောရန်သာအားခဲနေ၏။
"သိဆို မစနိုးကြည်ပြောပြတာလေ ။
ငါနဲ့အဲ့အမတော်တော်လေးခင်နေပြီ။
သူပြောသမျှ သူတို့အသိုင်းအဝိုင်းအကြောင်းပဲ။ "
" သူ့အမကို
"ခင်တာတော့မတားပါဘူး။
နေရာတကာဝင်ပါမနေနဲ့စကားကိုထိန်ထိနိးသိမ်းသိမ်းပြော "
"သိပါတယ်ဟယ်။ တကယ်တည်း ဆရာမကြီးလုပ်လွန်းတယ်။ ပြီးမှ ကေသီရော ဟိုအမက ဘယ်လိုလေး ဘာလေး ငါ့ကိုလာမမေးနဲ့"
ကေသီ ခြေစောင့်ကာ ထွက်သွားတော့
ကြည်နူးနဲ့ရွှေဘုံနဲ့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးရယ်မိသည်။
တစ်ခါတလေ စကားများလွန်းတဲ့သူငယ်ချင်းတစ်ယောက်ရှိတာ အပျင်းတော့ပြေသည်။ ကေသီက တွေ့တဲ့သူနဲ့တည့်အောင် ပေါင်းတက်ပေမဲ့စကားတော့ရှုပ်သူမဟုတ်ပေ။ သူသိသမျှတော့ ကြည်နူးနဲ့ရွှေဘုံကိုတော့အပ်ကျတာကအစ ပြန်ပြောတက်သည်မို့ တခါတလေ ဘေးကနေစကားတွေမပြန့်အောင်ထိန်းပေးရလေ့ရှိသည်။
" စိတ်ကောက်သွားပြီထင်တယ်"
"ထားလိုက်ဘယ်တုန်းကကြာကြာကောက်ဖူးလို့လဲ။ "
ရွှေဘုံရယ်လိုက်သည်။
အမှန်လည်းကေသီက စိတ်ကောက်လို့ကောက်မှန်းတောင်မှ သူ့ကိုယ်သူမေ့မေ့သွားတက်သူပင်။
အိမ်ပြန်ချိန်သည် ည ၇နာရီမို့ ဒါစောသည်ဟုပြောနိုင်ပေသည်။
မနက်ရောက်ရင်လည်း ပြန်လာရအုံးမှာမို့ အပြန်ထင်ထင်ကြိုပြီးရင် အိပ်ယာစောစောဝင်ဖို့တွေးမိသည်။
"ကားယူလာတာလား"
"အင်း..ဒီနေ့ ထင်ထင်လိုက်မပို့အားတာနဲ့ ငါပဲယူလာလိုက်တာ။ အပြန်တော့ သူ့ကိုဝင်ခေါ်ရမှာ"
"ဒါဆိုငါလိုက်မပို့တော့ဘူးနော်။
မနက်တော့ ၅နာရီလောက်..ထလာခဲ့လို့ရတယ်မို့လား
တခြားတော့လုပ်စရာသိပ်မကျန်တော့ဘူး။
လက်ကိုင်ပန်း၅စီးထိုးပေးရုံနဲ့ လိုအပ်တဲ့နေရာတွေလိုက်ကြည့်ပေးရုံပဲ"
" အင်း..အင်း ငါသိပြီ။ အိမ်တန်းတန်းပြန်"
ကြည်နူးပုခုံးတွန့်ပြကာ ကားပေါ်တက်သွားသည်။
ကေသီကတော့အချိန်အခါမဟုတ်ရာသီစက်ဝန်းတစ်ပတ်လည်လာတာမို့ အိမ်ပြန်ပြေးတာ တစ်နာရီလောက်တောင်မှရှိနေပြီ။
ကေသီ၏ အကျင့်က ဗိုက်အောင့်တက်ခြင်းပင်။ အမြဲ တစ်လ တစ်ခါဗိုက်နာတဲ့ဒုက္ခကြောင့် သူ့ကိုယ်သူ အကျင့်ဆိုးရှိတဲ့သူဟုရေရွတ်ကာ စိတ်ညစ်လေ့ရှိ၏။
_________
ကားတန်းရှည်ကြီးသည် မြို့ပြ၏
ပြယုဒ်ပင်။ လမ်းမကြီးပေါ်ရောက်တာနှင့်
ရှေ့နောက်ပြတ်လပ်မူ့မရှိတဲ့ ကားတန်းကြောင့် သတိထားမောင်းနှင်နေရသည်။
ရွှေဘုံသည် မျက်မှန်သမားဖြစ်သည့်အပြင်
မျက်လုံးအားနည်းမူ့ကြောင့် များသောအားဖြင့်ညအချိန်တွင် ကားမောင်းလေ့မရှိပေ။ မဖြစ်မနေ ကိုယ်တိုင်မောင်းရတဲ့အခါများတွင်လည်း ဘာအန္တရာယ်မှမဖြစ်အောင် အလွန်အမင်းအားစိုက်ရသည်။
အထိအခိုက်မခံနိုင်လွန်းတဲ့ဗီဇကြောင့်
ဘာအလုပ်ကိုလုပ်လုပ် သွက်သွက်လက်လက်လည်းမရှိသည့်အပြင် တုန့်နှေးလွန်းတာကြောင့် အများသူငှာအမြင်တွင်ထူအတဲ့ပုံစံလည်းပေါက်သည်။
T9 Boxing Club ဆိုတဲ့ဆိုင်ပုဒ်ကို
အနက်ရောင်သံပန်းတံခါးမှာ ခြံတံခါးမှာ
ချိတ်ဆွဲထားသည်။
ညမီးရောင်သည် ခြံအတွင်း၌လင်းလက်နေပါသော်ငြား ဂိုထောင်ပုံသဏ္ဍာန်
အဆောက်အဦးအတွင်းမှာတော့ မျက်နှာသာတံခါးမကြီးကိုစေ့ပိတ်ထားတာကြောင့် အထဲမှာ ဘာရှိနေသလဲဆိုတာရှင်းလင်းစွာမမြင်ရပါချေ။
" အထဲဝင်မှာလား "
ကားရပ်သည်နှင့် ခြံစောင့်ဟု ထင်ရသော လူတစ်ယောက်သည် ထွက်လာပြီးမေးမြန်းလာသည်။
"ဟုတ်ကဲ့။ ကိုနိုင်းဧည့်သည်ပါ "
ပြတင်းပေါက်ကနေ ခေါင်းထွက်၍ရွှေဘုံပြောလိုက်လျှင် ခြံတံခါးကိုကားဝင်သာအောင် ခပ်ကျယ်ကျယ်တွန်းဖွင့်ပေးလာ၏။
ရွှေဘုံ ခြံအတွင်းရောက်တော့ ထိုအစောင့်သည် တံခါးပြန်ပိတ်သွားပြီးနောက် ထောင့်နားက ဂိတ်တဲပုံစံ တဲအတွင်းပြန်ဝင်သွားလေသည်။
ခြံအတွင်းတွင် အနက်ရောင် ကားတစ်စီးမှလွဲပြီးမည်သည့် ယာဉ်မှမရှိတော့ပေ။
ဒီနေရာကို ၃ခေါက်ခန့်ရောက်ပြီးပြီမို့
ထိုကားသည် ကိုနိုင်းကားဖြစ်သည်ဟုမှန်းဆနိုင်လေသည်။
စေ့ထားသော ဝင်ပေါက်တံခါးသည်
နီညိုရောင်ဆေးသုတ်ထားသော်လည်းအရောင်ပြယ်စပြုကာ အောက်ခံသံထည်၏သံကြေးတက်နေသော အပိုင်းအစများကိုပင်မြင်နေသည်။
တံခါး၏ လက်ကိုင်ကိုတွန်းဖွင့်လိုက်လျှင်
အနည်းငယ်အသံမြည်သွားသည်မှလွဲ၍
အထဲက တိုက်ခိုက်သံများကို ကျော်လွှားမူ့မတက်နိုင်ခဲ့ပေ။
အလယ်ခေါင်ရှိ ကြိုးဝိုင်းစင်ပေါ်တွင်
လူနှစ်ယောက်ထိုးသတ်နေ၏။
တစ်ယောက်သည် အသားဝါ၍
ဖွင့်ထွားသောကိုယ်ထည်ရှိသည်။
ထိုသူမှာ သူ့အမျိုးသား ကိုထင်ဖြစ်ပြီး တစ်ဖက်သူမှာ ကိုနိုင်းဟုခေါ်သူဖြစ်သည်။
သူရောက်သည့်အချိန်တွင် သက်တမ်းရင့်Trainer ဖြစ်တဲ့ကိုနိုင်းသည် ထင်ထင်၏ တိုက်ကွက်တွေကိုအလူးအလဲခုခံနေရ၏။
ချွေးဒီးဒီးကျနေတဲ့ အဝါရောင် ကိုယ်ထည်သည် အသက်၃၀ဟု ယုံမှားစရာမရှိအောင် ကြံ့ခိုင်ပြီးသွက်လက်သည်။
ညာလက်အပြင်တစ်ခါတလေ ဝေ့လာတက်သော ဘယ်လက်ကို ကိုနိုင်းသတိထားနေရက်နှင့် မိမိရရထိုးခံတက်သေးသည်။
လေ့ကျင်နေသည်ဟုမထင်ရအောင်အကြိတ်အနယ်ရှိလှတာမို့ ရွှေဘုံ ငြိမ်သက်စွာ တမေ့တမောငေးကြည့်နေမိသည်။
သူ့ဘဝတလျှောက်လုံး ချမ်းသာသော
စည်းစိမ်မှလွဲပြီးသာမန်လူတို့လိုပင် မထူးခြားစွာ ဘဝကိုရိုးရှင်းစွာနေထိုင်ခဲ့သည်။
ရန်မဖြစ်ဘူးသလို ရန်ပွဲနဲ့လည်းဝေးအောင်နေခဲ့သည်မို့ ကိုယ့်အမျိုးသားက
လက်ဝှေ့သမားတစ်ယောက် ဖြစ်ဖို့ဆိုတာ
အတွေးနဲ့တောင်မှစိတ်ကူးမယဉ်ဘူးတဲ့အဖြစ်အပျက်ဖြစ်သည်။
ထိုးနက်နေတဲ့လက်သီးတွေ ၊ အသက်ဝင်လှတဲ့ လက်မောင်းကတက်တူးနှင့်
ခန္ဓာကိုယ်ပေါ်မှာသီးနေတဲ့ချွေးစတွေသည် တကယ်ပင် လှပလွန်းပါသည်။
" ရပ်လိုက်တော့ ၊ အရှုံးပေးပြီ"
မျက်နှာတည့်တည့်အရှိန်နဲ့ပြေးဝင်လာတဲ့ လက်သီးကို ကိုနိုင်းအလောတကြီးတားမြစ်၍ နောက်ကိုခြေတစ်လှမ်းဆုတ်ဖို့ကြိုးစားသော်လည်း ကြိုးတန်းခံနေသည်မို့
ငါတော့ ဒီတစ်ခါသွားပြီဟု ထင်လိုက်သည်။ သို့သော် မျက်နှာရှေ့လက်တစ်လုံးခန့်အကွာအဝေးတွင် အရှိန်သတ်ကာရပ်သွားသည်မို့ အလန့်တကြားမှိတ်လိုက်ရတဲ့မျက်လုံးတွေကိုရှက်ရှက်နဲ့ပြန်ဖွင့်ရ၏။
ဆရာထက်သားတစ်လကြီး ဟုသတ်မှတ်ရမလား။
မိုက်၏ အရည်အသွေးသည် ရပ်နားလိုက်ဖို့နှမြောစရာကောင်းလှသည်။
တကယ်တော့ သူဖွင့်ထားတဲ့Boxing Club နဲ့မိုက်၏ ကြေးစားအလုပ်က မသက်ဆိုင်ပေ။
ဆိုလိုရင်းမှာ သူတို့Boxingသည်အားကစားမို့စည်းရှိပေမဲ့ သတ်ကွင်းမှာတော့ အသတ်အာမခံမရှိပဲ လျှင်သူနိုင်စတမ်းပင်။
ထို့ကြောင့်အသက်သေဆုံးသည်ထိ ပြင်းထန်တဲ့ယှဉ်ပြိုင်မူ့များထိ ရှိကြပြီး
တော်ရုံအရည်အချင်းနှင့်လည်း ကြိုးဝိုင်းအတွင်းဝင်ရောက်ဖို့ မဖြစ်နိုင်ပါ။
" ကိုနိုင်းသက်လုံမကောင်းတော့ဘူး ။"
"မင်းနဲ့တော့ဘယ်တူမလဲကွ ၊ ငါ့အသက်၃၇ထဲရောက်နေပြီ ။ ခုလောက်
ထိုးနိုင်နေတာကိုပဲ ကျေးဇူးတင်ရမလိုပဲ ၊ ဒါတောင်ငါ့ကိုငါ အချိန်တိုင်း ဖိအားပေးနေလို့"
" အိုနေပြီလေ။ ဒီအလုပ်တွေနားပြီး အေးဆေး မိန်းမဘေးမှာကပ်နေလိုက်တော့။"
ရေးညို့ထင် လက်အိတ်ချွတ်ပြီး ကိုနိုင်းလက်မောင်းကို ခပ်ပြင်းပြင်းတစ်ချက်ထိုး၍
နောက်လိုက်သည်။
"မင်းပဲ ယောကျာ်းနားကပ်နေစမ်းပါ။
ငါ့မိန်းမက ငါပြီးရာပြီးတယ်။ မင်းကတော့
ယောကျာ်းကြောက်"
"ကြောက်တာမဟုတ်ဘူး။ တန်ဖိုးထားတာ ပါ။ ဒါတွေ အကြင်နာတရားမရှိတဲ့သူတွေပြောပြရင် သိမှာမဟုတ်ပါဘူး။
ကိုနိုင်းသိလား၊ အန္တရာယ်မကင်းတဲ့အလုပ်တွေ ကျွန်တော် မလုပ်ချင်တော့ဘူး၊ ဒီပွဲပြီးရင်ကောင်ကလေးနဲ့ပဲ အေးအေးချမ်းချမ်းနေတော့မယ်။ လေ့ကျင့်ခန်းလည်းမလုပ်တော့ဘူး။
သူနဲ့အတူသွားတိုင်း ကျွန်တော်မစားပဲ ငုတ်တုတ်ထိုင်နေရတာအဆင်မပြေဘူး။
အိမ်မှာလက်စုံစားရင်တောင်မှ အားကစားသမားဆိုတော့ ဟင်းခွက်တိုင်းလက်နှိုက်လို့မရဘူး။ အဲ့ချိန်ဆို သူစိတ်မကောင်းဘူးထင်တယ်။ သူကြိုက်တာမျိုးကျွန်တော်ကဦးစားပေးချက်ကျွေးရင်တောင်မှနောက်ပိုင်းကျွန်တော်မစားတာမျိုးဆိုရင် သူမချက်ခိုင်းတော့ဘူး။ ဒီပြီးရင်တော့ ကျွန်တော်လည်း သူနဲ့အတူ သူကြိုက်တာတွေအတူစားပေးချင်တယ်။ မနက်လေ့ကျင့်ခန်းသွားမဲ့အချိန်တွေကို သူနဲ့အချိန်ဖြုန်း ...."
ကြိုးဝိုင်းပေါ်ကနေ ဆင်းတဲ့အချိန်မှာတွေ့လိုက်ရတဲ့ ပုံရိပ်လေးကြောင့်ရေးညို့ထင် ပြောလက်စ စကားတွေရပ်သွား၏။ ကောင်ကလေးက အပေါက်ဝနားမှာ ငြိမ်ငြိမ်လေးရပ်ပြီးသူ့ကိုကြည့်နေတာပင်။
ငြိမ်သက်ခြင်းတွေမှာ နှစ်လိုခြင်းတွေပါမလား။ ဝမ်းနည်းခြင်းတွေပါမလား။
မျက်မှန်အောက်ကမျက်လုံးတွေကို ဘာအဓိပ္ပါယ်ရှိမလဲ သေချာမကြည့်ဖြစ်တော့ပဲ သူကြိုးဝိုင်းပေါ်ကနေဆင်းလိုက်သည်။
သူ့နားရွက်ဖျားတွေနီနေပြီး မျက်နှာတွေအန်းနေတာမို့ ကိုယ့်ကိုကိုယ်ရှက်တက်ပါသေးသလားဆိုတာ ခုမှပဲသိရတာဖြစ်သည်။
"ဟို..မင်းဘယ်တုန်းကရောက်တာလဲ"
တစ်လှမ်းချင်းလှမ်းလာတဲ့ခြေလှမ်းတွေကိုငေးကာ သူမေးလိုက်သည်။
တရွေ့ရွေ့လှမ်နေတဲ့ခြေလှမ်းတွေက မြန်လာပြီး အဆုံးသတ်မှာ သူ့ကိုကောင်ကလေးပြေးဖက်လာ၏။
" ထင်ထင်..ထင်ထင် "
တတွတ်တွတ် ခေါ်နေတဲ့အသံတိုးတိုးလေး ။ သူ တင်းကြပ်နေအောင် တိုးဖက်ပြီး နှားရွက်ဖျားတွေကိုငုံ့နမ်းလိုက်ပြီး ရယ်လိုက်၏။
" ကောင်ကလေး ငိုနေတာလား။ "
" မငိုပါဘူး။ ကျွန်တော်..ပျော်လို့ပါ"
ရွှေဘုံ ချွေးတွေစိုနေတဲ့ရင်ဘတ်မှာမျက်နှာအပ်၍ မပြီးမသ ပြောလိုက်သည်။
သူ့ခေါင်းကို အနည်းငယ်မွှေ့ ကာ ပြောလိုက်တာမို့ ချွေးစိုစိုတွေသည် သူ့နှဖူးအားကပ်ပေသွားလေ၏။ သို့သော် သူရွံ့ရှာခြင်းနည်းနည်းမှမရှိပေ။ သူသာထိုနေရာသို့ ကိုထင်သိအောင်ရောက်လာခဲ့ပါက ထိုသို့ စကားမျိုးတွေကိုကြားခွင့်ရှိပါ့မလား။
" မင်းငိုနေပါတယ်။တိတ်တိတ်လေးခိုးငိုနေတာကိုသိတယ်။ မင်းကိုယ့်စကားတွေကြားပြီးကြွေသွားတာမို့လား"
အစက ကြားသွားပြီလားဆိုတဲ့စိတ်နဲ့
ရေးညို့ထင်ရှက်ခဲ့မိသည်။ နောက်တော့ ကလေးတစ်ယောက်လို့ တရှုံ့ရှုံ့လာငိုနေတာမို့ ချစ်စရာကောင်းတယ်လို့တွေးမိတဲ့စိတ်ကသာ ကြီးစိုးသွား၏။
" ဒါမှမဟုတ် ၊ ကိုယ်နို့တွေကိုနမ်းနေတာလား"
ဘုန်း!
"အ! ဘာလို့ထုတာလဲ ၊ ကိုယ့်နို့တစ်ခြမ်းပိန်သွားရင် မင်းကြောင့်နော်"
ရွှေဘုံသည် မျက်စိရှေ့က အညိုရောင် နို့သီးခေါင်းကို ဆွဲလိမ်ပစ်လိုက်သည်။
တကယ် အသက်ကြီးတဲ့သူကိုရထားလို့
တည်ငြိမ်မလားမှတ်တယ်။ထင်ထင်က နည်းနည်းမှလူကိုမစရရင်မနေနိုင်ဘူး။
" ထင်ထင်နော်။ နည်းနည်းမှအရှက်မရှိတော့ဘူး "
" မရှိပေါင်၊ ကိုယ်ကဘယ်သူ့ကိုရှက်ရမှာလဲ။ မင်းကိုလား။ မင်းက ကိုယ့်ယောကျာ်းလေ၊ အရှက်ရှိဖို့လိုသေးလား"
"အဟမ်း အဟမ်း ရှက်တာတွေမရှက်တာတွေ အိမ်ရောက်မှပြောကြကွာ။ ငါမိန်းမဖုန်းဆက်နေလို့ အိမ်ပြန်ရတော့မယ်။ မင်းတို့လည်း လစ်ကြတော့"
ရုတ်တရက်ဘယ်ကနေထွက်လာမှန်းမသိတဲ့ကိုနိုင်းအသံကြီးကြောင့် ရွှေဘုံ ထင်ထင်ရင်ဘတ်ကြီးကိုတွန်းကာ လူချင်းဝေးအောင်ခွာလိုက်ရသည်။
ကိုနိုင်းရှိနေတာကိုမေ့သွားရလောက်အောင်ထိ သူဘယ်လောက်များနမော်နမဲ့နိုင်လိုက်လဲ။
" ခဏနော် ကိုယ်အဝတ်လဲခန်းဝင်လိုက်အုံးမယ် "
"ဟုတ်"
ရှက်ရွံ့နေတဲ့နီစွေးစွေးပါးကိုညှစ်ကာ ရေးညို့ထင် ကိုနိုင်းအား လက်သီးလှမ်းထောင်ပြလိုက်သည်။
သံယောဇဉ်တွေသည် ထင်မထားအောင် တွယ်တာမူ့မြန်ဆန်ခဲ့သည်မို့ အိမ်ထောင်သည်ဘဝက မျှော်လင့်တာထက်ပိုကာ
သာယာပျော်ရွှင်ရ၏။
ချစ်တဲ့အိမ်စည်။
(မနေ့က မေကြီးတစ်လပြည့်ဆွမ်းကပ်နေ့မို့ မUpဖြစ်လိုက်ဘူး ။ တောင်းပန်ပါတယ်)
Bạn đang đọc truyện trên: ZingTruyen.Xyz