တသက်လုံးပျော်ချင်မောင့်ကိုချစ်ပါ(တသက္လံုးေပ်ာ္ခ်င္ေမာင့္ကိုခ်စ္ပါ)Completed
21
ညေနအိမ္ျပန္ေရာက္ကတည္းက
ေကြးေကြးေလးအိပ္ယာထဲဝင္ေခြအိပ္ေနတာမိုးခ်ဳပ္တဲ့အထိ ထမလာတာမို႔ ေရးညိဳ႕ထင္အခန္းတြင္း ဝင္ၾကည့္ျဖစ္၏။ နဖူးကိုစမ္းၾကည့္ေတာ့လည္း အဖ်ားေသြးရွိမေန။
" ေကာင္ကေလး ေနလို႔မေကာင္းဘူးလား "
အိပ္ေရးပ်က္တာနဲ႔ အလုပ္ပင္ပန္းတာေပါင္းသြားၿပီး ေနလို႔မေကာင္းတာဟု သတ္မွတ္ရမလို။
" အိပ္ယာထဲပဲေခြအိပ္ေနရင္ ပိုဆိုးလိမ့္မယ္။ "
" ေခါင္းနည္းနည္းမူးေနတယ္ထင္ထင္
ကြၽန္ေတာ္ ခဏေလာက္ထပ္အိပ္လို႔ရမလား"
"မရဘူး။ ဆက္အိပ္ေနရင္ ဖ်ားေတာ့မွာေသခ်ာတယ္။ ထ ။ မ်က္နွာေလးဘာေလးသစ္လိုက္။ တစ္ခုခုစားခ်င္တာရွိလား "
ဆက္မအိပ္ေစခ်င္တာမို႔ အိပ္ယာထဲကေန ဆြဲေပြ႕ထူလိုက္၏။ အရုပ္ေလးတစ္ရုပ္လိုေပ်ာ့ေခြေနတာျမင္ေတာ့လည္းစိတ္မေကာင္းျဖစ္ရသည္။
ဆန္႔က်င္ဖက္ေတြစုထားသလိုပဲ
ေကာင္ကေလးက သူနဲ႔နည္းနည္းမွမအပ္စပ္ေပ။ ႏုႏုညံ့ညံ့ေလးမို႔ ေယာက္ခမႀကီးေျပာေနက် " ငါ့သားက ပိုးေမြးသလိုေမြးခဲ့ရတာ" ဆိုတဲ့စကားက အမွန္ဆိုတာ ယံုရမလိုပင္။
တစ္ခုတည္းေသာေရခ်ိဳးခန္းထိ လက္ေမာင္းကေနထိန္းကိုင္ၿပီး လိုက္ပို႔ေပးစဥ္မွန္ထဲမွာျမင္ေနရတဲ့ မို႔အစ္အစ္မ်က္နွာေလးသည္ အိပ္ေရးမဝလို႔ ဆူပုတ္ပုတ္ေလးျဖစ္ေနသည္။
သြားတိုက္ေဆးကိုညႇစ္ေပးၿပီး
လက္ထဲသြားတိုက္တံထည့္ေပးလိုက္ေတာ့လည္း
မည္သည့္စကားမွမဆိုပဲတိုက္၏။
မ်က္လႊာခ်ထားတာမို႔ ရွည္လ်ားတဲ့မ်က္ေတာင္ေတြကိုေရးညိဳ႕ထင္ျမင္ေနသည္။
"ဘာစားခ်င္လဲ၊ တစ္ခုခုစားၿပီးေဆးေသာက္ရေအာင္ "
မ်က္နွာသုတ္ပုဝါကိုေကာင္ကေလးဆီ
ကမ္းေပးမေနပဲ သူကိုယ္တိုင္ေရစိုမ်က္နွာကိုဖြဖြသုတ္ေပးလိုက္၏။ ေကာင္ကေလးက မ်က္ေတာင္ေကာ့ေကာ့ေတြရွိသည္။
အနည္းငယ္ထူ၍ ႀကီးမားေသာမ်က္လံုးအိမ္မ်ိဳးရွိတာမို႔မ်က္နွာသစ္ၿပီးတိုင္း
တစ္ပင္နဲ႔တစ္ပင္ပူးကာ စိုထိုင္းထိုင္းမ်က္လံုး႐ြဲႀကီးေတြျဖစ္သြားေလ့ရွိ၏။
ေနမေကာင္းေနတဲ့ပံုေလးမို႔လန္းဆန္းမူ႔မရွိသေလာက္ျဖစ္ကာ မ်က္လံုးမ်ားမွာညိဳရီမႈိင္းညိဳ႕ကာ တမ်ိဳးေလးျဖစ္ေနသည္။
" ေနမေကာင္းျဖစ္ရင္ ထင္ထင္ျပဳစုရမွာစိုးလို႔မို႔လား "
"မဟုတ္ရပါဘူးဗ်ာ။ ကိုယ့္က
ကုိယ္ယူထားတဲ့ေယာက်ာ္းကိုေတာင္မျပဳစုနိုင္တဲ့ပံုေပါက္ေနလို႔လား"
"ယူထားတာမို႔ မျဖစ္မေနတာဝန္တစ္ခုလို သက္မွတ္ထားရင္ ဘာမွလုပ္ေပးစရာမလိုပါဘူး။ ေရႊဘံု ဖာသာအဆင္ေျပေအာင္ေနပါ့မယ္"
ေရးညိဳ႕ထင္ရယ္လိုက္၏။ စူပုတ္ပုတ္ရုပ္ကေလးက ဆြဲကိုင္လုပ္ရမ္းပစ္ခ်င္စရာအျပည့္ျဖစ္ေနေသာ္ျငား သူၾကမ္းလိုက္ရင္ေခါင္မူးသြားမွာစိုးလို႔ စိတ္ကိုမနည္းထိမ္းထားရသည္။
" မင္းကိုယ့္ကို ဂ်စ္ေနတာလား "
"မဂ်စ္ဘူး။ ေရႊဘံုမသိလို႔ေမးၾကည့္တာပါ။
ထင္ထင္က ခုလိုေမးခြန္းေလးေတာင္မွ စိတ္မရွည္သလိုျဖစ္ေနမွေတာ့ ေရႊဘံုဘာမွမေျပာေတာ့ပါဘူး "
"ေဟာဗ်ာ။ ကိုယ္မင္းကိုဘာမွမေျပာရေသးပါဘူးကြာ။ ေဘာက္မဲ့ေၾကာင့္ စြပ္စြဲေနရတာလဲ၊ ေျပာပါအံုး ၊ ကိုယ့္ကိုမေက်နပ္စရာအေၾကာင္းရင္းတစ္ခုခု "
"ေရႊဘံု မေက်နပ္စရာဘာရွိမွာလဲ။
ထင္ထင္ ကအိမ္ေထာင္ဦး၊ၿပီးေတာ့ ေရႊဘံုထက္အသက္လည္းႀကီးေသးတယ္။"
"နို႔ေနပါအံုး။ ခုေလသံက စိတ္ဆိုးေနတဲ့ေလသံေျပာင္းသြားသလိုပဲ။ မေက်နပ္စရာမရွိပါဘူးလည္းေျပာေသး၊ မေက်နပ္ေနတဲ့ရုပ္ႀကီးနဲ႔ "
ေရႊဘံု ေရခ်ိဳးခန္းထဲကေနအရင္ေရွာင္ၿပီးထြက္သြားလိုက္သည္။
မေက်နပ္စရာဘာရွိမွာလဲ။
ညေနက ေဟာ့ေပါ့ဆိုင္မွာ
ေတြ႕ခဲ့တဲ့ အမႀကီးနဲ႔ၿပံဳးေပ်ာ္ၿပီးနႈတ္ဆက္ေနလိုက္ေလ။ ေရႊဘံုက အငယ္ပဲ။
သူရွာေကြၽးတာစားၿပီးဘာေတြအထြန္႔တက္နိုင္မွာလဲ။
ေကာင္ကေလး ဘာကိုေကာက္ေနသလဲဆိုတာ သူမသိေပမဲ့ သေဘာက်လြန္းလို႔ ေခါင္းေမာ့ရယ္လိုက္မိသည္ထိပဲ။
ဧည့္ခန္းမွာရွိတဲ့TVအား ဟိုလိုင္းေျပာင္းသည္လိုင္းေျပာင္းနဲ႔ၾကည့္တာလဲမဟုတ္ပဲေလ်ွာက္လုပ္ေနတာမို႔ ရယ္ခ်င္စိတ္ကိုထိန္း၍
" စိတ္ေကာက္တာလည္းေကာက္ေပါ့ကြာ။ အဆာခံၿပီး ဆႏၵျပတာေတာ့
လက္မခံေပးနိုင္ဘူး။ ႏြားနို႔ျဖစ္ျဖစ္.."
စကားေတာင္မဆံုးေသး ....
" ေန႔တိုင္းေန႔တိုင္း ထင္ထင္က
ႏြားနို႔ပဲတိုက္ေနတာ ၊ ဘာလဲ ေရႊဘံု ပိန္ေနတာကိုစိတ္ထဲသေဘာမက်ေနတာလား။ ဟုတ္ပါတယ္၊ ေရႊဘံုသိပါတယ္။
ထင္ထင္က က်န္းက်န္းမာမာရွိတဲ့သူမ်ိဳး၊
ကိုယ္လံုးလွလွရွိတဲ့သူမ်ိဳးမွ ႀကိဳက္တယ္ဆိုတာ "
ဘုရားေရ၊ ဒီေကာင္ေလး ဘယ္လိုေတြ ေတြးၿပီးေျပာခ်လိုက္တာလဲ။ ေျပာရင္းမ်က္ရည္ဝဲေနတဲ့ပံုကဝမ္းနည္းပက္လက္။ အမွန္အကန္ေကာက္ေနပံုေၾကာင့္သူမရယ္ရဲေတာ့ေပ။
" ႏြားနို႔ကေကာင္ကေလးႀကိဳက္တဲ့အစားအစာပဲမို႔လား။ ႏြားနို႔တိုက္တာနဲ႔
ေကာင္ကေလးပိန္ေနတာနဲ႔ဘာဆိုင္လို႔လဲ။ ၿပီးေတာ့ ကိုယ္လံုးလွလွဆိုတာ ကေရာ ဘာလဲ "
ေမးေတာ့လည္းမေျဖ ၊ ဂ်စ္တီးဂ်စ္ေဖာက္ရုပ္ကေလးနဲ႔ TVထိုင္ၾကည့္ေနသည္။
ျမင္ရလားဆိုေတာ့လည္းမ်က္မွန္မပါပဲ
ဘာျမင္နိုင္မွာလဲ။
"ထားပါေတာ့။ ခုစိတ္ဆိုးေနရင္ေတာင္မွ
အစာမစားပဲအိပ္လို႔မရဘူး။ ႏြားနို႔မေသာက္ခ်င္ရင္ ကိုယ္ ၾကက္ဥေပါင္းေလးလုပ္ေပးမယ္ ခဏေစာင့္"
ဘာမွလည္းေျပာမလာတာမို႔ေရးညိဳ႕ထင္ပါ ေခါင္းကိုက္လာ၏။
ေယာင္လည္လည္မီးဖိုခန္းထဲေရာက္တဲ့အထိ ဘာအမွားလုပ္မိလို႔ ေကာင္ကေလး စိတ္ဆိုးေနတာလဲဟု အေျဖရွာၾကည့္မိ၏။
သို႔သာ္ ဘယ္လိုမွရွာမေတြ႕။
သူသက္ျပင္းခ်လိုက္၏။
ငယ္သူမို႔ ဆိုးရေအာင္လည္း ေကာင္ကေလးကတစ္ခါမွခုလို စိတ္မေကာက္ဖူးဘူး။
ၾကက္ဥသံုးလံုးကို အရသာထည့္၍ ဇြန္းျဖင့္ ေခါက္လိုက္ၿပီး ေရထည့္ထားတဲ့
ဒယ္အိုးထဲမွာ ပန္းကန္ျဖင့္ထည့္ကာ ေပါင္းလိုက္သည္။
မီးဖိုေခ်ာင္ကထြက္လာတဲ့အခ်ိန္မွာ ေကာင္ကေလးက ဧည့္ခန္းမွာမရွိေတာ့။
ၾကက္ဥေပါင္းပန္းကန္ကိုကိုင္ကာ အခန္းထဲလိုက္ရွာမွ ကုတင္ေပၚမွာ ငုတ္တုတ္ေလးထိုင္ေန၏။ ေဆးကဒ္နဲ႔ ပန္းကန္ျပားကို စားပြဲတင္၍ စိတ္ေျပေအာင္ ေခ်ာ့ဖို႔
ေဘးမွာ ကပ္ထိုင္လိုက္လ်ွင္ အကပ္မခံပဲ အေဝးကိုတိုးသြား၏။
" စိတ္ေကာက္တက္တဲ့ကေလးေတြက
ခ်စ္ဖို႔မေကာင္းဘူး "
" ေရႊဘံု စိတ္မေကာက္ပါဘူးဆိုမွ "
"စိတ္မေကာက္ရင္ ဘာလို႔နႈတ္ခမ္းႀကီးဆူေနတာလဲ "
"ေရႊဘံု နႈတ္ခမ္းမဆူဘူး။ ထင္ထင္ေသခ်ာလိုက္ၾကည့္ၿပီး အျပစ္ျမင္ေနတာလား "
ေျပာရင္းမ်က္ရည္က တေပါက္ေပါက္။
သုတ္ရင္းေျပာရင္း လုပ္ေနေပမဲ့ျမစ္တစ္စင္းလို မရပ္မနားက်တဲ့မ်က္ရည္က သိမ္းမနိုင္။ ငိုရတဲ့အေၾကာင္းအရင္းမရွိပဲငိုခ်င္သည္။ အားနည္းတဲ့အလႊာပါးအားမျပခ်င္သည္မို႔ ေစာင္ပံုထဲအတင္းတိုးေခြေတာ့
ထင္ထင္က အတင္းဆြဲထူဖို႔ ႀကိဳးစား၏။
" ေဟ့ ၾကက္ဥေတြကုန္ေအာင္စားအံုးေလ"
"မစားေတာ့ဘူး၊ ေရႊဘံု အိပ္ခ်င္ၿပီ"
" အိပ္ေတာ့မွာလား။ ေနပါဦး ဘယ္ကဘယ္လို စိတ္ေကာက္သြားတာလဲ ။
ေကာင္ကေလးမေျပာရင္ ကိုယ္ကဘယ္လိုလုပ္သိမွာလဲ "
ေရးညိဳ႕ထင္ ေခါင္းထိၿခံဳထားတဲ့ေစာင္ေလးကိုမ်က္နွာေလးျမင္ရေအာင္ဆြဲေတာ့အဆြဲမခံ။
" ေရႊဘံုကဘာေျပာရမွာလဲ။
ထင္ထင္က အႀကီးပဲ ၊ ေျပာပါ ထင္ထင္ႀကိဳက္တဲ့မိန္းကေလးနဲ႔ေျပာ၊ ေရႊဘံု တားလည္းမတားဘူး ၊ ၾကည့္လည္းမၾကည့္ဘူး "
ရႈိက္သံစြက္ေနတဲ့စကား။
ေစာင္စေအာက္မွာ တဝက္တပ်က္ေပၚေနတဲ့ မ်က္လံုးညိဳညိဳေတြမွာ မ်က္ရည္ဥႀကီးေတြက သီးလို႔။
ေရးညိဳ႕ထင္ အံၾသရသလို ရယ္လည္းရယ္ခ်င္၏။ ကေလးတစ္ေယာက္နွယ္ စိတ္ဆိုးစိတ္ေကာက္ရုံမက မ်က္ရည္က်ေအာင္ ငိုေနတာ သူ႔ေၾကာင့္ေပါ့။
ခ်စ္စရာေကာင္းလြန္းလို႔ ရင္ထဲေပြ႕ပိုက္ေခ်ာ့ျမဴ ခ်င္တဲ့အထိပဲ။
အသည္းယားစရာေလး။ တကယ္ပါ။
" အဲ့ဒါေၾကာင့္ စိတ္ေကာက္တယ္ေပါ့ "
"မေကာက္ဘူး။ ေရႊဘံုစိတ္လံုးဝမေကာက္ဘူး "
"ေၾသာ္၊ မေကာက္ဘူးေပါ့ "
" စ ပါ ၊ အၿမဲ ထင္ထင္က ကေလးတစ္ေယာက္လို ေရႊဘံုစကားေတြကို အရာမသြင္းပဲ ရယ္ပဲေနပါ "
စိတ္တိုစြာ ေစာင္ကိုရင္ဘတ္ထိေရာက္ေအာင္ဆြဲခ်ရင္း ေရႊဘံု ငိုလိုက္၏။
ခုထိ ေဘးမွာထိုင္ရင္း ၿပံဳးစိစိၾကည့္ေနတာကို ေရႊဘံုအရမ္းစိတ္ဆိုး၏။
ေရႊဘံုက အငယ္မို႔ ဘာမွမေျပာခ်င္ေပမဲ့
ကိုထင္က ကေလးတစ္ေယာက္လိုထင္ေနတာကိုေတာ့မႀကိဳက္ေပ။
" ေကာင္ကေလးရာ "
ေရးညိဳ႕ထင္ မရယ္နိုင္ေတာ့ပါ။
စိတ္တိုေနဆဲေကာင္ငယ္ေလးကို ေခ်ာ့ဖို႔ ကုတင္ေပၚအတင္းတိုးေဝွ႔တက္လိုက္ရသည္။
" စိတ္မဆိုးပါနဲ႔ကြာ ၊ ကိုယ္ေျပာျပမယ္။
သူနာမည္က မခင္စိုးၾကည္တဲ့။ အိမ္ေထာင္သည္ ကေလးအေမပါ ၊ ေကာင္ကေလး စိတ္ပူရေအာင္ ကိုယ္က ဘယ္ေနရာအေနအထိုင္မမွန္ခဲ့လို႔လဲ ၊ ဟမ္၊ ျပန္ေတြးၾကည့္ပါအံုး။ အကယ္၍ အဲ့ေနရာမွာ ငယ္ငယ္႐ြယ္႐ြယ္ မိန္းမပ်ိဳေလးဆိုရင္ေတာင္မွ
အလုပ္သေဘာအရ နႈတ္ဆက္တာကလြဲၿပီး မမွန္ကန္တဲ့စိတ္ထားမ်ိဳးထားမွာမဟုတ္ဘူး။ ဘာလို႔လဲ သိလား "
အငိုတိတ္သြားၿပီျဖစ္တဲ့ေကာင္ကေလးကို
တမင္အသားနာေအာင္ တိုးၿပီး ညႇစ္ဖက္လိုက္၏။ သူအားေၾကာင့္အနည္းငယ္ ငိုမဲ့မဲ့ျဖစ္သြားသည္မွလြဲၿပီးေကာင္ကေလးမငိုခဲ့ပါ။
နီရဲရဲ ပါးျပင္သည္ ငိုထားတာေၾကာင့္လား၊
ရွက္ေနတာလားဆိုတာမသဲကြဲေပမဲ့
ေရးညိဳ႕ထင္ကေတာ့ သေဘာက်၏။
ထို႔ေၾကာင့္တိုးဖက္ကာ နွာေခါင္းနဲ႔ပြတ္သပ္ရင္း ေကာင္ကေလးကို ကလိေနမိ၏။ စိတ္ေကာက္စရာရွားလို႔ညေနက ေဟာ့ေပါ့စားရင္းသူတို႔ဝိုင္းအား လာနွတ္ဆက္တဲ့ အိမ္ေထာင္သည္ အမႀကီးနဲ႔တဲ့။
" ေမးေနရင္ေျဖကြာ "
" ယားတယ္ မလုပ္နဲ႔"
ေမးဖ်ားက အစိမ္းေရာင္မုတ္ဆိတ္နဲ႔ မ်က္လံုးေတြကို တမင္လိုက္ပြတ္ေတာ့
အထိမခံပဲ ေမးကိုတြန္းထားသည္။
" ေျဖ ၊ ဘာလို႔လဲ သိလား "
"မသိဘူး "
တိုးအစ္အစ္အသံေၾကာင့္ သူ႔ေမးဖ်ားကိုတြန္းထားတဲ့လက္ကေလးကို ဖယ္လိုက္ၿပီး
ေကာင္ကေလးပါးကို ငံု႔နမ္းမိသည္။
" မင္းတစ္ေယာက္ထဲပဲ ကိုယ့္ရင္ခြင္ကဆန္႔တာေလ ။ "
" ဟင့္အင္မသိဘူး။ ဖယ္လို႔ ထင္ထင္ မနမ္းနဲ႔ ၊ နာတယ္ "
"ဒီေန႔ေတာ့ နည္းနည္းေလးသည္းခံေပးကြာ ။ မနက္ဖန္ ေမးေမႊးေတြရိတ္ေပးမယ္ "
နာမွန္းသိေတာ့ ေစာကေလာက္မၾကမ္းေတာ့ေပ။ ဒါေပမဲ့ နာေခါင္းဖ်ားနဲ႔ မ်က္နွာအနွံ႔ပြတ္ဆြဲနမ္းရႈံ႕ေနတဲ့ အျပဳအမူေၾကာင့္ေရႊဘံုအသံမထြက္ရဲေတာ့ၿပီ။
" ဘာလို႔အဲ့ေလာက္ခ်စ္စရာေကာင္းေနတာလဲ ။ ဟမ္ ၊ ငိုတာလည္းလွတယ္။ ပါးေတြရဲေနတာလည္းလွတယ္။ မ်က္ဝန္းညိဳ ေတြ ၊ မ်ည္ရည္ေတြစိုေနတဲ့မ်က္လံုးေတြ။ အကုန္လံုး ကိုယ့္စိတ္ေတြကိုယိမ္းယိုင္ေနေအာင္ေနသလိုပဲ။ "
စကားဆံုးေတာ့ နႈတ္ခမ္းေတြကိုနမ္း၏။
ဆြဲစုပ္ခံလိုက္ရတဲ့နႈတ္ခမ္းေတြသည္
ပထမတစ္ႀကိမ္ကလို ခပ္ဖြဖြမဟုတ္ခဲ့။
ေအာက္နႈတ္ခမ္းသားေတြကို သြားျဖင့္ကိုက္ကာနာေအာင္လုပ္ၿပီး လ်ွာျဖင့္အႀကိမ္ႀကိမ္လ်က္၏။
"ဟင့္အင္..ထင္ထင္ မလုပ္"
တိုးဝင္လာတဲ့လ်ွာဖ်ားက မျငင္းဆန္နိုင္တဲ့အထိ။ အာေခါင္အတြင္းထိနယ္ဆန္႔လာတဲ့ ျပင္းရွတဲ့အနမ္းေတြ။
ပူထူလာတဲ့အထိ ေမးကေနကိုင္ညႇစ္ၿပီး
အတင္းၾကမ္းၾကမ္းတမ္းတမ္း
ဆြဲစုပ္ယူေနတဲ့လ်ွာဖ်ားနဲ႔နႈတ္ခမ္းပါးေတြေၾကာင့္ ေရႊဘံု အသိစိတ္မဲ့လုလု။
________
"နင္တို႔နွစ္ေယာက္က ဘယ္အေျခအေနေရာက္ေနၿပီလဲ "
ညကမွ အနမ္းကမၻာတည္ ခဲ့ရတဲ့အျဖစ္ေၾကာင့္ေရႊဘံု မ်က္နွာရဲခနဲ။
ဘယ္လိုေျပာျပရမွာလဲ ဒီအေျခအေနကို။
ခ်စ္သူရည္းစားအဆင့္ထိမေရာက္ပဲ
ခုန္ပ်ံ့ေက်ာ္လႊားလက္ထက္ခဲ့ၿပီးမွ
အစကေနျပန္စေနရတဲ့အျဖစ္။
ရည္းစားလည္းမဟုတ္၊ ခ်စ္တယ္လည္းမေျပာပဲ ကိုထင္က ေရႊဘံုအားနမ္းလိုက္၊ဖက္လိုက္လုပ္လာတာကို ေကသီတို႔အား အကုန္လံုးျပန္ေျပာျပရမွာလား။
မျဖစ္နိုင္ေပ။ ရွက္စရာအေျခအေနႀကီးကို ဘယ္လိုေျပာနိုင္မွာလဲ။
"ဟဲ့ ၊ မ်က္နွာႀကီးရဲၿပီး ဘာျဖစ္ေနတာလဲ။
ငါေမးေနတာၾကာလွၿပီ။ မဟုတ္မွနင္တို႔.."
"ဘာ ဘာေတြေျပာေနတာလဲ။ ကိုထင္နဲ႔ငါနဲ႔က အရင္အတိုင္းပဲ ။ မေျပာင္းလဲေသးဘူး "
ေကသီ တရားခံဖမ္းသလို လက္ပိုက္ၿပီး စူးစမ္းလိုက္သည္။ မ်က္နွာေတြရဲတယ္။
မ်က္လံုးေတြက မတည္ၿငိမ္ဘူး။
အေနခက္သလိုဂုတ္ပိုးကို ခဏခဏပြတ္ေနတယ္။ ဒါ မယံုၾကည္စရာအေနအထားပဲ။
"ဟုတ္လို႔လား။ နမ္းတာေလး ဘာညာေရာ.."
"အဟြတ္..အဟြတ္ "
ေကသီ ပါးစပ္ပိတ္ကာရယ္လိုက္၏။
လိမ္လို႔မရတဲ့ ေမာင္ေရႊေၾကာင့္
တိုးတက္လာမူ႔ကို ကိုယ္ပါအေသးစိတ္ျမင္ခ်င္သြား၏။
" ေမာင္ေရႊကို မစနဲ႔ ေတာ့ေကသီ ။ မစနိုးၾကည္တို႔လာရင္ဧည့္ခံစရာမရွိဘူး။ တစ္ခုခုသြားဝယ္ထားၾကဦး"
ကယ္တင္ရွင္ ၾကည္ႏူးမအားအႀကိမ္ႀကိမ္
ကန္ေတာ့ခ်င္စိတ္ေတာင္ေပါက္၏။
မစနိုးၾကည္ဆိုတာ ဟိုရက္ပိုင္းက
လက္မွတ္ေရးထိုးခဲ့ေသာသတိုးသမီးပင္။
သူ႔ေမာင္တစ္ဝမ္းကြဲ၏ ပြဲအတြက္လာ
ခဲ့မည္ဟု ဖုန္းဆက္ထားတာမို႔ အလုပ္ကိစၥေဆြးေႏြးဖို႔ ေရႊဘံုတို႔တေတြေစာင့္ေနၾကျခင္းျဖစ္၏။ ထိုအလုပ္ေၾကာင့္ ကိုထင္နဲ႔
ဒီေန႔ေဂဟာကိုေတာင္လိုက္မသြားျဖစ္ခဲ့ေပ။
"ငါသြားလိုက္္မယ္ ။ လမ္းထိပ္က
Mini martဆိုရလား။ "
"ေအး ၊ အဆင္ေျပတာေလးၾကည့္ဝယ္ခဲ့ "
တစ္ဖက္က သူအမ်ိဳးသားပိုင္တဲ့ဆိုင္ေလးကိုလွမ္းၾကည့္ရင္း ေရႊဘံုသက္ျပင္းခ်မိသည္။ မနက္က ၈နာရီေက်ာ္မွသြားတာမို႔ အျပန္ေနာက္က် မည့္သေဘာရွိ၏။
အတူစားေနက် ေန႔ခင္းစာကို တစ္ေယာက္ထဲစားဖို႔ေတြးကာ ရင္ေလးရျပန္သည္။
Mini mart ေရာက္ေတာ့ ဆိုင္ထဲမွာ ေစ်းဝယ္ေတြမ်ားေန၏။ ဆိုင္ကအေသးစားဆိုေပမဲ့
ေတာ္ေတာ္ေလးစံုလင္ေအာင္ေရာင္းခ်နိုင္ၿပီး
လမ္းမႀကီးေပၚျဖစ္တာမို႔ ေစ်းဝယ္သူကေတာ့အၿမဲျပတ္မေနတက္ေပ။
ေရႊဘံု အေအးဘူးမ်ားဝယ္ယူဖို႔ ေရခဲေသတၱာေရွ႕
ရပ္လိုက္၏။ ေ႐ြးခ်ယ္ရာမ်ားေနတာေၾကာင့္ ဘာယူရမလဲဟု မတ္တပ္ရပ္ စဥ္းစားခန္းဝင္ေနစဥ္ ေဘးမွာ လူရိပ္တစ္ခုက လာရပ္တာကိုသတိထားမိလိုက္၏။
" ေစ်းလာဝယ္တာလား"
လွည့္ၾကည့္လိုက္ေတာ့ကိုခန္႔။ ေရႊဘံု
မ်က္နွာပ်က္သြား၏။ မေတြ႕ခ်င္သလို၊စကားလည္းမေျပာခ်င္တာမို႔ မသိခ်င္ေယာင္ေဆာင္ကာ ေရွ႕တည့္တည့္ကိုျပန္လွည့္လိုက္လ်ွင္လက္ကိုလာဆြဲ၏။
" ဘာလုပ္တာလဲ။ ခင္ဗ်ားလက္မပါနဲ႔"
ဆတ္ခနဲ ရုိက္ထုတ္လိုက္ေတာ့ ကိုခန္႔ကေအာက္က်ိဳ ႕ေတာင္းပန္ခ်င္တဲ့မ်က္နွာထားျဖင့္လက္ကိုသိမ္းသြားသည္။
"ေတာင္းပန္ပါတယ္ကြာ မင္းမႀကိဳက္ရင္ ကိုယ္မထိေတာ့ပါဘူး။ ဒါေပမဲ့ ကိုယ္ရွင္းျပတာကိုေတာ့နားေထာင္ေပးပါ "
"ဘာရွင္းျပစရာမွမလိုေတာ့ဘူးကိုခန္႔။
ကြၽန္ေတာ္တို႔ဇာတ္လမ္းက ၿပီးသြားခဲ့တာၾကာၿပီ "
"မဟုတ္ဘူး။ ကိုယ္မင္းနဲ႔ ေရွ႕ဆက္ခ်င္ေသးတယ္ေရႊဘံု။ ကိုယ့္လုပ္ရပ္က ခြင့္မလႊတ္စရာျဖစ္ခဲ့တယ္ဆိုရင္ေတာင္ မင္းေက်နပ္တဲ့အထိေတာင္းပန္နိုင္တယ္"
"ကြၽန္ေတာ္အိမ္ေထာင္သည္ ျဖစ္သြားၿပီဆိုတာ ခင္ဗ်ားေမ့ေနတာလား ကိုခန္႔။ ကြၽန္ေတာ္ ခင္ဗ်ားကို မရုိင္းခ်င္ဘူး ၊စကားကိုဆင္ဆင္ျခင္ျခင္ေျပာပါ"
ေရႊဘံုအတက္နိုင္ဆံုး စိတ္ထိန္းၿပီးေျပာလိုက္သည္။ ဒီဇာတ္လမ္းကိုဒီမွာပဲၿပီးသြားခ်င္သည္။ ထင္ထင္ေနာက္ကြယ္မွာမဟုတ္တာလုပ္ေနတာမဟုတ္ေပမဲ့ ရည္စားေဟာင္းနဲ႔ ပတ္သတ္ေနမိတဲ့အျဖစ္မို႔ သူလည္းစိတ္မလံုေပ။
"မင္းအိမ္ေထာင္က်သြားတာ ကိုယ့္ေၾကာင့္မို႔လား။ မင္းမခ်စ္တဲ့သူနဲ႔ မျဖစ္မေနေပါင္းမေနနဲ႔။ ကိုယ့္ဆီကိုျပန္ခဲ့ေရႊဘံု။ ကိုယ္အကုန္လံုးလက္ခံေပးနိုင္တယ္"
"ခင္ဗ်ားရူးေနၿပီလား။ ထင္ထင္ကိုမခ်စ္ပဲယူခဲ့တယ္လို႔ဘယ္သူေျပာလဲ။
ကြၽန္ေတာ္ သူ႔ကိုလိုခ်င္လြန္းလို႔ ခင္ဗ်ား
လုပ္ခဲ့တဲ့ အရႈပ္ထုတ္ကိုေတာင္ မ်က္စိမွိတ္ၿပီးေရငံုနႈတ္ပိတ္ေနခဲ့တာ။ မေျပာပဲ
ခြင့္လႊတ္ခဲ့လို႔ ေရႊဘံုမင္းစံက ငေၾကာက္၊ငတံုးထင္မေနနဲ႔အံုး။ ဒီလိုလုပ္မွ
ထင္ထင္နဲ႔လက္ထပ္ခြင့္ရွိမွာမို႔ ခင္ဗ်ားသက္သာသြားတာ "
မယံုၾကည္နိုင္သလိုျဖစ္ေနတဲ့ ကိုခန္႔အား နႈတ္ခမ္းတြန္႔ၿပီး ၾကည့္လိုက္သည္။ အခ်စ္ဆိုတာ ဘာမွန္းမသိခဲ့ခင္ကေတာ့
ဒီလူေစလိုရာေစျဖစ္ေကာင္းျဖစ္မယ္။
ဒါေပမဲ့ အဲ့ဒါေတြအားလံုးက အတိတ္မွာက်န္ခဲ့ၿပီ။
" မင္းေျပာေတာ့ကိုယ့္ကိုခ်စ္တယ္ဆို ။
ကိုယ္ဘယ္လိုမွ ဒါကိုလက္မခံနိုင္ဘူး။ ကိုယ့္ကိုအဲ့လိုယတိျပတ္ႀကီးမလုပ္ပါနဲ႔"
"ခ်စ္တယ္၊ ကြၽန္ေတာ္အမ်ားႀကီးခင္ဗ်ားကိုခ်စ္ခဲ့တာ။ ဒါေပမဲ့ အဲ့ဒါအခ်စ္မဟုတ္ဘူး ကိုခန္႔၊ တြယ္တာမူ႔တစ္ခုပဲ။ ကြၽန္ေတာ္ခင္ဗ်ားကိုဘယ္တုန္းကမွမခ်စ္ခဲ့ဘူးဆိုတာ ထင္ထင္နဲ႔ေတြ႕မွ ကြၽန္ေတာ္နားလည္ခဲ့တာ။ပထမဦးဆံုးအ႐ြယ္ ကြၽန္ေတာ္စမ္းသက္စူးစမ္းခဲ့တဲ့အခ်စ္မွာ ခင္ဗ်ားကေျမစာပင္ျဖစ္သြားရုံပဲ။ ကြၽန္ေတာ့္အိမ္ေထာင္ေရး၊ ၿပီးေတာ့ ကြၽန္ေတာ့္အိမ္ေထာင္ဦးစီး အဲ့ဒါေတြအကုန္လံု ခင္ဗ်ားပေရာဂနည္းနည္းပါခဲ့ေပမဲ့ ကြၽန္ေတာ္ကိုယ္တိုင္ေက်ေက်နပ္နပ္ ေ႐ြးခ်ယ္ခဲ့တာႀကီးပဲ။ ေနာက္ေနာင္
ကြၽန္ေတာ္မ်က္စိေရွ႕ကေနျဖတ္မေလ်ွာက္နဲ႔ကိုခန္႔။ ကြၽန္ေတာ္က ခင္ဗ်ားထင္သလို ယုန္ျဖဴ ေလးတစ္ေကာင္ ဟုတ္မေနဘူးဆိုတာ သက္ေသျပရေအာင္မလုပ္နဲ႔"
ေရႊဘံု ဘာမွမဝယ္ပဲထိုလူ႔နားကေနလွည့္ထြက္သြားလိုက္သည္။
သူက်ာခိုင္းသြားတာနဲ႔ ဘုန္းခန္႔ထည္
၏ အသနားခံေနတဲ့သြင္ျပင္သည္ေျပာင္းလဲသြားသည္။
ဆိုင္အတြင္းမွ ေရႊဘံုအရိပ္ေပ်ာက္ဆံုးသြားသည္နွင့္ သူ႔အိတ္ေထာင္ထဲကဖုန္းကိုထုတ္၍ အသံသြင္းထားတာကိုဘုန္းခန္႔ထည္ပိတ္လိုက္၏။
" ကိုယ္စိတ္ဆင္းရဲသလို မင္းလည္းေပ်ာ္ရမယ္မထင္နဲ႔ ေရႊဘံု။ မင္းကိုခ်စ္တယ္။
ဒါေပမဲ့ငါ့ကိုငါပိုခ်စ္တယ္"
ခ်စ္တဲ့အိမ္စည္။
ညနေအိမ်ပြန်ရောက်ကတည်းက
ကွေးကွေးလေးအိပ်ယာထဲဝင်ခွေအိပ်နေတာမိုးချုပ်တဲ့အထိ ထမလာတာမို့ ရေးညို့ထင်အခန်းတွင်း ဝင်ကြည့်ဖြစ်၏။ နဖူးကိုစမ်းကြည့်တော့လည်း အဖျားသွေးရှိမနေ။
" ကောင်ကလေး နေလို့မကောင်းဘူးလား "
အိပ်ရေးပျက်တာနဲ့ အလုပ်ပင်ပန်းတာပေါင်းသွားပြီး နေလို့မကောင်းတာဟု သတ်မှတ်ရမလို။
" အိပ်ယာထဲပဲခွေအိပ်နေရင် ပိုဆိုးလိမ့်မယ်။ "
" ခေါင်းနည်းနည်းမူးနေတယ်ထင်ထင်
ကျွန်တော် ခဏလောက်ထပ်အိပ်လို့ရမလား"
"မရဘူး။ ဆက်အိပ်နေရင် ဖျားတော့မှာသေချာတယ်။ ထ ။ မျက်နှာလေးဘာလေးသစ်လိုက်။ တစ်ခုခုစားချင်တာရှိလား "
ဆက်မအိပ်စေချင်တာမို့ အိပ်ယာထဲကနေ ဆွဲပွေ့ထူလိုက်၏။ အရုပ်လေးတစ်ရုပ်လိုပျော့ခွေနေတာမြင်တော့လည်းစိတ်မကောင်းဖြစ်ရသည်။
ဆန့်ကျင်ဖက်တွေစုထားသလိုပဲ
ကောင်ကလေးက သူနဲ့နည်းနည်းမှမအပ်စပ်ပေ။ နုနုညံ့ညံ့လေးမို့ ယောက်ခမကြီးပြောနေကျ " ငါ့သားက ပိုးမွေးသလိုမွေးခဲ့ရတာ" ဆိုတဲ့စကားက အမှန်ဆိုတာ ယုံရမလိုပင်။
တစ်ခုတည်းသောရေချိုးခန်းထိ လက်မောင်းကနေထိန်းကိုင်ပြီး လိုက်ပို့ပေးစဉ်မှန်ထဲမှာမြင်နေရတဲ့ မို့အစ်အစ်မျက်နှာလေးသည် အိပ်ရေးမဝလို့ ဆူပုတ်ပုတ်လေးဖြစ်နေသည်။
သွားတိုက်ဆေးကိုညှစ်ပေးပြီး
လက်ထဲသွားတိုက်တံထည့်ပေးလိုက်တော့လည်း
မည်သည့်စကားမှမဆိုပဲတိုက်၏။
မျက်လွှာချထားတာမို့ ရှည်လျားတဲ့မျက်တောင်တွေကိုရေးညို့ထင်မြင်နေသည်။
"ဘာစားချင်လဲ၊ တစ်ခုခုစားပြီးဆေးသောက်ရအောင် "
မျက်နှာသုတ်ပုဝါကိုကောင်ကလေးဆီ
ကမ်းပေးမနေပဲ သူကိုယ်တိုင်ရေစိုမျက်နှာကိုဖွဖွသုတ်ပေးလိုက်၏။ ကောင်ကလေးက မျက်တောင်ကော့ကော့တွေရှိသည်။
အနည်းငယ်ထူ၍ ကြီးမားသောမျက်လုံးအိမ်မျိုးရှိတာမို့မျက်နှာသစ်ပြီးတိုင်း
တစ်ပင်နဲ့တစ်ပင်ပူးကာ စိုထိုင်းထိုင်းမျက်လုံးရွဲကြီးတွေဖြစ်သွားလေ့ရှိ၏။
နေမကောင်းနေတဲ့ပုံလေးမို့လန်းဆန်းမူ့မရှိသလောက်ဖြစ်ကာ မျက်လုံးများမှာညိုရီမှိုင်းညို့ကာ တမျိုးလေးဖြစ်နေသည်။
" နေမကောင်းဖြစ်ရင် ထင်ထင်ပြုစုရမှာစိုးလို့မို့လား "
"မဟုတ်ရပါဘူးဗျာ။ ကိုယ့်က
ကိုယ်ယူထားတဲ့ယောကျာ်းကိုတောင်မပြုစုနိုင်တဲ့ပုံပေါက်နေလို့လား"
"ယူထားတာမို့ မဖြစ်မနေတာဝန်တစ်ခုလို သက်မှတ်ထားရင် ဘာမှလုပ်ပေးစရာမလိုပါဘူး။ ရွှေဘုံ ဖာသာအဆင်ပြေအောင်နေပါ့မယ်"
ရေးညို့ထင်ရယ်လိုက်၏။ စူပုတ်ပုတ်ရုပ်ကလေးက ဆွဲကိုင်လုပ်ရမ်းပစ်ချင်စရာအပြည့်ဖြစ်နေသော်ငြား သူကြမ်းလိုက်ရင်ခေါင်မူးသွားမှာစိုးလို့ စိတ်ကိုမနည်းထိမ်းထားရသည်။
" မင်းကိုယ့်ကို ဂျစ်နေတာလား "
"မဂျစ်ဘူး။ ရွှေဘုံမသိလို့မေးကြည့်တာပါ။
ထင်ထင်က ခုလိုမေးခွန်းလေးတောင်မှ စိတ်မရှည်သလိုဖြစ်နေမှတော့ ရွှေဘုံဘာမှမပြောတော့ပါဘူး "
"ဟောဗျာ။ ကိုယ်မင်းကိုဘာမှမပြောရသေးပါဘူးကွာ။ ဘောက်မဲ့ကြောင့် စွပ်စွဲနေရတာလဲ၊ ပြောပါအုံး ၊ ကိုယ့်ကိုမကျေနပ်စရာအကြောင်းရင်းတစ်ခုခု "
"ရွှေဘုံ မကျေနပ်စရာဘာရှိမှာလဲ။
ထင်ထင် ကအိမ်ထောင်ဦး၊ပြီးတော့ ရွှေဘုံထက်အသက်လည်းကြီးသေးတယ်။"
"နို့နေပါအုံး။ ခုလေသံက စိတ်ဆိုးနေတဲ့လေသံပြောင်းသွားသလိုပဲ။ မကျေနပ်စရာမရှိပါဘူးလည်းပြောသေး၊ မကျေနပ်နေတဲ့ရုပ်ကြီးနဲ့ "
ရွှေဘုံ ရေချိုးခန်းထဲကနေအရင်ရှောင်ပြီးထွက်သွားလိုက်သည်။
မကျေနပ်စရာဘာရှိမှာလဲ။
ညနေက ဟော့ပေါ့ဆိုင်မှာ
တွေ့ခဲ့တဲ့ အမကြီးနဲ့ပြုံးပျော်ပြီးနှုတ်ဆက်နေလိုက်လေ။ ရွှေဘုံက အငယ်ပဲ။
သူရှာကျွေးတာစားပြီးဘာတွေအထွန့်တက်နိုင်မှာလဲ။
ကောင်ကလေး ဘာကိုကောက်နေသလဲဆိုတာ သူမသိပေမဲ့ သဘောကျလွန်းလို့ ခေါင်းမော့ရယ်လိုက်မိသည်ထိပဲ။
ဧည့်ခန်းမှာရှိတဲ့TVအား ဟိုလိုင်းပြောင်းသည်လိုင်းပြောင်းနဲ့ကြည့်တာလဲမဟုတ်ပဲလျှောက်လုပ်နေတာမို့ ရယ်ချင်စိတ်ကိုထိန်း၍
" စိတ်ကောက်တာလည်းကောက်ပေါ့ကွာ။ အဆာခံပြီး ဆန္ဒပြတာတော့
လက်မခံပေးနိုင်ဘူး။ နွားနို့ဖြစ်ဖြစ်.."
စကားတောင်မဆုံးသေး ....
" နေ့တိုင်းနေ့တိုင်း ထင်ထင်က
နွားနို့ပဲတိုက်နေတာ ၊ ဘာလဲ ရွှေဘုံ ပိန်နေတာကိုစိတ်ထဲသဘောမကျနေတာလား။ ဟုတ်ပါတယ်၊ ရွှေဘုံသိပါတယ်။
ထင်ထင်က ကျန်းကျန်းမာမာရှိတဲ့သူမျိုး၊
ကိုယ်လုံးလှလှရှိတဲ့သူမျိုးမှ ကြိုက်တယ်ဆိုတာ "
ဘုရားရေ၊ ဒီကောင်လေး ဘယ်လိုတွေ တွေးပြီးပြောချလိုက်တာလဲ။ ပြောရင်းမျက်ရည်ဝဲနေတဲ့ပုံကဝမ်းနည်းပက်လက်။ အမှန်အကန်ကောက်နေပုံကြောင့်သူမရယ်ရဲတော့ပေ။
" နွားနို့ကကောင်ကလေးကြိုက်တဲ့အစားအစာပဲမို့လား။ နွားနို့တိုက်တာနဲ့
ကောင်ကလေးပိန်နေတာနဲ့ဘာဆိုင်လို့လဲ။ ပြီးတော့ ကိုယ်လုံးလှလှဆိုတာ ကရော ဘာလဲ "
မေးတော့လည်းမဖြေ ၊ ဂျစ်တီးဂျစ်ဖောက်ရုပ်ကလေးနဲ့ TVထိုင်ကြည့်နေသည်။
မြင်ရလားဆိုတော့လည်းမျက်မှန်မပါပဲ
ဘာမြင်နိုင်မှာလဲ။
"ထားပါတော့။ ခုစိတ်ဆိုးနေရင်တောင်မှ
အစာမစားပဲအိပ်လို့မရဘူး။ နွားနို့မသောက်ချင်ရင် ကိုယ် ကြက်ဥပေါင်းလေးလုပ်ပေးမယ် ခဏစောင့်"
ဘာမှလည်းပြောမလာတာမို့ရေးညို့ထင်ပါ ခေါင်းကိုက်လာ၏။
ယောင်လည်လည်မီးဖိုခန်းထဲရောက်တဲ့အထိ ဘာအမှားလုပ်မိလို့ ကောင်ကလေး စိတ်ဆိုးနေတာလဲဟု အဖြေရှာကြည့်မိ၏။
သို့သာ် ဘယ်လိုမှရှာမတွေ့။
သူသက်ပြင်းချလိုက်၏။
ငယ်သူမို့ ဆိုးရအောင်လည်း ကောင်ကလေးကတစ်ခါမှခုလို စိတ်မကောက်ဖူးဘူး။
ကြက်ဥသုံးလုံးကို အရသာထည့်၍ ဇွန်းဖြင့် ခေါက်လိုက်ပြီး ရေထည့်ထားတဲ့
ဒယ်အိုးထဲမှာ ပန်းကန်ဖြင့်ထည့်ကာ ပေါင်းလိုက်သည်။
မီးဖိုချောင်ကထွက်လာတဲ့အချိန်မှာ ကောင်ကလေးက ဧည့်ခန်းမှာမရှိတော့။
ကြက်ဥပေါင်းပန်းကန်ကိုကိုင်ကာ အခန်းထဲလိုက်ရှာမှ ကုတင်ပေါ်မှာ ငုတ်တုတ်လေးထိုင်နေ၏။ ဆေးကဒ်နဲ့ ပန်းကန်ပြားကို စားပွဲတင်၍ စိတ်ပြေအောင် ချော့ဖို့
ဘေးမှာ ကပ်ထိုင်လိုက်လျှင် အကပ်မခံပဲ အဝေးကိုတိုးသွား၏။
" စိတ်ကောက်တက်တဲ့ကလေးတွေက
ချစ်ဖို့မကောင်းဘူး "
" ရွှေဘုံ စိတ်မကောက်ပါဘူးဆိုမှ "
"စိတ်မကောက်ရင် ဘာလို့နှုတ်ခမ်းကြီးဆူနေတာလဲ "
"ရွှေဘုံ နှုတ်ခမ်းမဆူဘူး။ ထင်ထင်သေချာလိုက်ကြည့်ပြီး အပြစ်မြင်နေတာလား "
ပြောရင်းမျက်ရည်က တပေါက်ပေါက်။
သုတ်ရင်းပြောရင်း လုပ်နေပေမဲ့မြစ်တစ်စင်းလို မရပ်မနားကျတဲ့မျက်ရည်က သိမ်းမနိုင်။ ငိုရတဲ့အကြောင်းအရင်းမရှိပဲငိုချင်သည်။ အားနည်းတဲ့အလွှာပါးအားမပြချင်သည်မို့ စောင်ပုံထဲအတင်းတိုးခွေတော့
ထင်ထင်က အတင်းဆွဲထူဖို့ ကြိုးစား၏။
" ဟေ့ ကြက်ဥတွေကုန်အောင်စားအုံးလေ"
"မစားတော့ဘူး၊ ရွှေဘုံ အိပ်ချင်ပြီ"
" အိပ်တော့မှာလား။ နေပါဦး ဘယ်ကဘယ်လို စိတ်ကောက်သွားတာလဲ ။
ကောင်ကလေးမပြောရင် ကိုယ်ကဘယ်လိုလုပ်သိမှာလဲ "
ရေးညို့ထင် ခေါင်းထိခြုံထားတဲ့စောင်လေးကိုမျက်နှာလေးမြင်ရအောင်ဆွဲတော့အဆွဲမခံ။
" ရွှေဘုံကဘာပြောရမှာလဲ။
ထင်ထင်က အကြီးပဲ ၊ ပြောပါ ထင်ထင်ကြိုက်တဲ့မိန်းကလေးနဲ့ပြော၊ ရွှေဘုံ တားလည်းမတားဘူး ၊ ကြည့်လည်းမကြည့်ဘူး "
ရှိုက်သံစွက်နေတဲ့စကား။
စောင်စအောက်မှာ တဝက်တပျက်ပေါ်နေတဲ့ မျက်လုံးညိုညိုတွေမှာ မျက်ရည်ဥကြီးတွေက သီးလို့။
ရေးညို့ထင် အံသြရသလို ရယ်လည်းရယ်ချင်၏။ ကလေးတစ်ယောက်နှယ် စိတ်ဆိုးစိတ်ကောက်ရုံမက မျက်ရည်ကျအောင် ငိုနေတာ သူ့ကြောင့်ပေါ့။
ချစ်စရာကောင်းလွန်းလို့ ရင်ထဲပွေ့ပိုက်ချော့မြူ ချင်တဲ့အထိပဲ။
အသည်းယားစရာလေး။ တကယ်ပါ။
" အဲ့ဒါကြောင့် စိတ်ကောက်တယ်ပေါ့ "
"မကောက်ဘူး။ ရွှေဘုံစိတ်လုံးဝမကောက်ဘူး "
"သြော်၊ မကောက်ဘူးပေါ့ "
" စ ပါ ၊ အမြဲ ထင်ထင်က ကလေးတစ်ယောက်လို ရွှေဘုံစကားတွေကို အရာမသွင်းပဲ ရယ်ပဲနေပါ "
စိတ်တိုစွာ စောင်ကိုရင်ဘတ်ထိရောက်အောင်ဆွဲချရင်း ရွှေဘုံ ငိုလိုက်၏။
ခုထိ ဘေးမှာထိုင်ရင်း ပြုံးစိစိကြည့်နေတာကို ရွှေဘုံအရမ်းစိတ်ဆိုး၏။
ရွှေဘုံက အငယ်မို့ ဘာမှမပြောချင်ပေမဲ့
ကိုထင်က ကလေးတစ်ယောက်လိုထင်နေတာကိုတော့မကြိုက်ပေ။
" ကောင်ကလေးရာ "
ရေးညို့ထင် မရယ်နိုင်တော့ပါ။
စိတ်တိုနေဆဲကောင်ငယ်လေးကို ချော့ဖို့ ကုတင်ပေါ်အတင်းတိုးဝှေ့တက်လိုက်ရသည်။
" စိတ်မဆိုးပါနဲ့ကွာ ၊ ကိုယ်ပြောပြမယ်။
သူနာမည်က မခင်စိုးကြည်တဲ့။ အိမ်ထောင်သည် ကလေးအမေပါ ၊ ကောင်ကလေး စိတ်ပူရအောင် ကိုယ်က ဘယ်နေရာအနေအထိုင်မမှန်ခဲ့လို့လဲ ၊ ဟမ်၊ ပြန်တွေးကြည့်ပါအုံး။ အကယ်၍ အဲ့နေရာမှာ ငယ်ငယ်ရွယ်ရွယ် မိန်းမပျိုလေးဆိုရင်တောင်မှ
အလုပ်သဘောအရ နှုတ်ဆက်တာကလွဲပြီး မမှန်ကန်တဲ့စိတ်ထားမျိုးထားမှာမဟုတ်ဘူး။ ဘာလို့လဲ သိလား "
အငိုတိတ်သွားပြီဖြစ်တဲ့ကောင်ကလေးကို
တမင်အသားနာအောင် တိုးပြီး ညှစ်ဖက်လိုက်၏။ သူအားကြောင့်အနည်းငယ် ငိုမဲ့မဲ့ဖြစ်သွားသည်မှလွဲပြီးကောင်ကလေးမငိုခဲ့ပါ။
နီရဲရဲ ပါးပြင်သည် ငိုထားတာကြောင့်လား၊
ရှက်နေတာလားဆိုတာမသဲကွဲပေမဲ့
ရေးညို့ထင်ကတော့ သဘောကျ၏။
ထို့ကြောင့်တိုးဖက်ကာ နှာခေါင်းနဲ့ပွတ်သပ်ရင်း ကောင်ကလေးကို ကလိနေမိ၏။ စိတ်ကောက်စရာရှားလို့ညနေက ဟော့ပေါ့စားရင်းသူတို့ဝိုင်းအား လာနှတ်ဆက်တဲ့ အိမ်ထောင်သည် အမကြီးနဲ့တဲ့။
" မေးနေရင်ဖြေကွာ "
" ယားတယ် မလုပ်နဲ့"
မေးဖျားက အစိမ်းရောင်မုတ်ဆိတ်နဲ့ မျက်လုံးတွေကို တမင်လိုက်ပွတ်တော့
အထိမခံပဲ မေးကိုတွန်းထားသည်။
" ဖြေ ၊ ဘာလို့လဲ သိလား "
"မသိဘူး "
တိုးအစ်အစ်အသံကြောင့် သူ့မေးဖျားကိုတွန်းထားတဲ့လက်ကလေးကို ဖယ်လိုက်ပြီး
ကောင်ကလေးပါးကို ငုံ့နမ်းမိသည်။
" မင်းတစ်ယောက်ထဲပဲ ကိုယ့်ရင်ခွင်ကဆန့်တာလေ ။ "
" ဟင့်အင်မသိဘူး။ ဖယ်လို့ ထင်ထင် မနမ်းနဲ့ ၊ နာတယ် "
"ဒီနေ့တော့ နည်းနည်းလေးသည်းခံပေးကွာ ။ မနက်ဖန် မေးမွှေးတွေရိတ်ပေးမယ် "
နာမှန်းသိတော့ စောကလောက်မကြမ်းတော့ပေ။ ဒါပေမဲ့ နာခေါင်းဖျားနဲ့ မျက်နှာအနှံ့ပွတ်ဆွဲနမ်းရှုံ့နေတဲ့ အပြုအမူကြောင့်ရွှေဘုံအသံမထွက်ရဲတော့ပြီ။
" ဘာလို့အဲ့လောက်ချစ်စရာကောင်းနေတာလဲ ။ ဟမ် ၊ ငိုတာလည်းလှတယ်။ ပါးတွေရဲနေတာလည်းလှတယ်။ မျက်ဝန်းညို တွေ ၊ မျည်ရည်တွေစိုနေတဲ့မျက်လုံးတွေ။ အကုန်လုံး ကိုယ့်စိတ်တွေကိုယိမ်းယိုင်နေအောင်နေသလိုပဲ။ "
စကားဆုံးတော့ နှုတ်ခမ်းတွေကိုနမ်း၏။
ဆွဲစုပ်ခံလိုက်ရတဲ့နှုတ်ခမ်းတွေသည်
ပထမတစ်ကြိမ်ကလို ခပ်ဖွဖွမဟုတ်ခဲ့။
အောက်နှုတ်ခမ်းသားတွေကို သွားဖြင့်ကိုက်ကာနာအောင်လုပ်ပြီး လျှာဖြင့်အကြိမ်ကြိမ်လျက်၏။
"ဟင့်အင်..ထင်ထင် မလုပ်"
တိုးဝင်လာတဲ့လျှာဖျားက မငြင်းဆန်နိုင်တဲ့အထိ။ အာခေါင်အတွင်းထိနယ်ဆန့်လာတဲ့ ပြင်းရှတဲ့အနမ်းတွေ။
ပူထူလာတဲ့အထိ မေးကနေကိုင်ညှစ်ပြီး
အတင်းကြမ်းကြမ်းတမ်းတမ်း
ဆွဲစုပ်ယူနေတဲ့လျှာဖျားနဲ့နှုတ်ခမ်းပါးတွေကြောင့် ရွှေဘုံ အသိစိတ်မဲ့လုလု။
________
"နင်တို့နှစ်ယောက်က ဘယ်အခြေအနေရောက်နေပြီလဲ "
ညကမှ အနမ်းကမ္ဘာတည် ခဲ့ရတဲ့အဖြစ်ကြောင့်ရွှေဘုံ မျက်နှာရဲခနဲ။
ဘယ်လိုပြောပြရမှာလဲ ဒီအခြေအနေကို။
ချစ်သူရည်းစားအဆင့်ထိမရောက်ပဲ
ခုန်ပျံ့ကျော်လွှားလက်ထက်ခဲ့ပြီးမှ
အစကနေပြန်စနေရတဲ့အဖြစ်။
ရည်းစားလည်းမဟုတ်၊ ချစ်တယ်လည်းမပြောပဲ ကိုထင်က ရွှေဘုံအားနမ်းလိုက်၊ဖက်လိုက်လုပ်လာတာကို ကေသီတို့အား အကုန်လုံးပြန်ပြောပြရမှာလား။
မဖြစ်နိုင်ပေ။ ရှက်စရာအခြေအနေကြီးကို ဘယ်လိုပြောနိုင်မှာလဲ။
"ဟဲ့ ၊ မျက်နှာကြီးရဲပြီး ဘာဖြစ်နေတာလဲ။
ငါမေးနေတာကြာလှပြီ။ မဟုတ်မှနင်တို့.."
"ဘာ ဘာတွေပြောနေတာလဲ။ ကိုထင်နဲ့ငါနဲ့က အရင်အတိုင်းပဲ ။ မပြောင်းလဲသေးဘူး "
ကေသီ တရားခံဖမ်းသလို လက်ပိုက်ပြီး စူးစမ်းလိုက်သည်။ မျက်နှာတွေရဲတယ်။
မျက်လုံးတွေက မတည်ငြိမ်ဘူး။
အနေခက်သလိုဂုတ်ပိုးကို ခဏခဏပွတ်နေတယ်။ ဒါ မယုံကြည်စရာအနေအထားပဲ။
"ဟုတ်လို့လား။ နမ်းတာလေး ဘာညာရော.."
"အဟွတ်..အဟွတ် "
ကေသီ ပါးစပ်ပိတ်ကာရယ်လိုက်၏။
လိမ်လို့မရတဲ့ မောင်ရွှေကြောင့်
တိုးတက်လာမူ့ကို ကိုယ်ပါအသေးစိတ်မြင်ချင်သွား၏။
" မောင်ရွှေကို မစနဲ့ တော့ကေသီ ။ မစနိုးကြည်တို့လာရင်ဧည့်ခံစရာမရှိဘူး။ တစ်ခုခုသွားဝယ်ထားကြဦး"
ကယ်တင်ရှင် ကြည်နူးမအားအကြိမ်ကြိမ်
ကန်တော့ချင်စိတ်တောင်ပေါက်၏။
မစနိုးကြည်ဆိုတာ ဟိုရက်ပိုင်းက
လက်မှတ်ရေးထိုးခဲ့သောသတိုးသမီးပင်။
သူ့မောင်တစ်ဝမ်းကွဲ၏ ပွဲအတွက်လာ
ခဲ့မည်ဟု ဖုန်းဆက်ထားတာမို့ အလုပ်ကိစ္စဆွေးနွေးဖို့ ရွှေဘုံတို့တတွေစောင့်နေကြခြင်းဖြစ်၏။ ထိုအလုပ်ကြောင့် ကိုထင်နဲ့
ဒီနေ့ဂေဟာကိုတောင်လိုက်မသွားဖြစ်ခဲ့ပေ။
"ငါသွားလိုက်မယ် ။ လမ်းထိပ်က
Mini martဆိုရလား။ "
"အေး ၊ အဆင်ပြေတာလေးကြည့်ဝယ်ခဲ့ "
တစ်ဖက်က သူအမျိုးသားပိုင်တဲ့ဆိုင်လေးကိုလှမ်းကြည့်ရင်း ရွှေဘုံသက်ပြင်းချမိသည်။ မနက်က ၈နာရီကျော်မှသွားတာမို့ အပြန်နောက်ကျ မည့်သဘောရှိ၏။
အတူစားနေကျ နေ့ခင်းစာကို တစ်ယောက်ထဲစားဖို့တွေးကာ ရင်လေးရပြန်သည်။
Mini mart ရောက်တော့ ဆိုင်ထဲမှာ ဈေးဝယ်တွေများနေ၏။ ဆိုင်ကအသေးစားဆိုပေမဲ့
တော်တော်လေးစုံလင်အောင်ရောင်းချနိုင်ပြီး
လမ်းမကြီးပေါ်ဖြစ်တာမို့ ဈေးဝယ်သူကတော့အမြဲပြတ်မနေတက်ပေ။
ရွှေဘုံ အအေးဘူးများဝယ်ယူဖို့ ရေခဲသေတ္တာရှေ့
ရပ်လိုက်၏။ ရွေးချယ်ရာများနေတာကြောင့် ဘာယူရမလဲဟု မတ်တပ်ရပ် စဉ်းစားခန်းဝင်နေစဉ် ဘေးမှာ လူရိပ်တစ်ခုက လာရပ်တာကိုသတိထားမိလိုက်၏။
" ဈေးလာဝယ်တာလား"
လှည့်ကြည့်လိုက်တော့ကိုခန့်။ ရွှေဘုံ
မျက်နှာပျက်သွား၏။ မတွေ့ချင်သလို၊စကားလည်းမပြောချင်တာမို့ မသိချင်ယောင်ဆောင်ကာ ရှေ့တည့်တည့်ကိုပြန်လှည့်လိုက်လျှင်လက်ကိုလာဆွဲ၏။
" ဘာလုပ်တာလဲ။ ခင်ဗျားလက်မပါနဲ့"
ဆတ်ခနဲ ရိုက်ထုတ်လိုက်တော့ ကိုခန့်ကအောက်ကျို့ တောင်းပန်ချင်တဲ့မျက်နှာထားဖြင့်လက်ကိုသိမ်းသွားသည်။
"တောင်းပန်ပါတယ်ကွာ မင်းမကြိုက်ရင် ကိုယ်မထိတော့ပါဘူး။ ဒါပေမဲ့ ကိုယ်ရှင်းပြတာကိုတော့နားထောင်ပေးပါ "
"ဘာရှင်းပြစရာမှမလိုတော့ဘူးကိုခန့်။
ကျွန်တော်တို့ဇာတ်လမ်းက ပြီးသွားခဲ့တာကြာပြီ "
"မဟုတ်ဘူး။ ကိုယ်မင်းနဲ့ ရှေ့ဆက်ချင်သေးတယ်ရွှေဘုံ။ ကိုယ့်လုပ်ရပ်က ခွင့်မလွှတ်စရာဖြစ်ခဲ့တယ်ဆိုရင်တောင် မင်းကျေနပ်တဲ့အထိတောင်းပန်နိုင်တယ်"
"ကျွန်တော်အိမ်ထောင်သည် ဖြစ်သွားပြီဆိုတာ ခင်ဗျားမေ့နေတာလား ကိုခန့်။ ကျွန်တော် ခင်ဗျားကို မရိုင်းချင်ဘူး ၊စကားကိုဆင်ဆင်ခြင်ခြင်ပြောပါ"
ရွှေဘုံအတက်နိုင်ဆုံး စိတ်ထိန်းပြီးပြောလိုက်သည်။ ဒီဇာတ်လမ်းကိုဒီမှာပဲပြီးသွားချင်သည်။ ထင်ထင်နောက်ကွယ်မှာမဟုတ်တာလုပ်နေတာမဟုတ်ပေမဲ့ ရည်စားဟောင်းနဲ့ ပတ်သတ်နေမိတဲ့အဖြစ်မို့ သူလည်းစိတ်မလုံပေ။
"မင်းအိမ်ထောင်ကျသွားတာ ကိုယ့်ကြောင့်မို့လား။ မင်းမချစ်တဲ့သူနဲ့ မဖြစ်မနေပေါင်းမနေနဲ့။ ကိုယ့်ဆီကိုပြန်ခဲ့ရွှေဘုံ။ ကိုယ်အကုန်လုံးလက်ခံပေးနိုင်တယ်"
"ခင်ဗျားရူးနေပြီလား။ ထင်ထင်ကိုမချစ်ပဲယူခဲ့တယ်လို့ဘယ်သူပြောလဲ။
ကျွန်တော် သူ့ကိုလိုချင်လွန်းလို့ ခင်ဗျား
လုပ်ခဲ့တဲ့ အရှုပ်ထုတ်ကိုတောင် မျက်စိမှိတ်ပြီးရေငုံနှုတ်ပိတ်နေခဲ့တာ။ မပြောပဲ
ခွင့်လွှတ်ခဲ့လို့ ရွှေဘုံမင်းစံက ငကြောက်၊ငတုံးထင်မနေနဲ့အုံး။ ဒီလိုလုပ်မှ
ထင်ထင်နဲ့လက်ထပ်ခွင့်ရှိမှာမို့ ခင်ဗျားသက်သာသွားတာ "
မယုံကြည်နိုင်သလိုဖြစ်နေတဲ့ ကိုခန့်အား နှုတ်ခမ်းတွန့်ပြီး ကြည့်လိုက်သည်။ အချစ်ဆိုတာ ဘာမှန်းမသိခဲ့ခင်ကတော့
ဒီလူစေလိုရာစေဖြစ်ကောင်းဖြစ်မယ်။
ဒါပေမဲ့ အဲ့ဒါတွေအားလုံးက အတိတ်မှာကျန်ခဲ့ပြီ။
" မင်းပြောတော့ကိုယ့်ကိုချစ်တယ်ဆို ။
ကိုယ်ဘယ်လိုမှ ဒါကိုလက်မခံနိုင်ဘူး။ ကိုယ့်ကိုအဲ့လိုယတိပြတ်ကြီးမလုပ်ပါနဲ့"
"ချစ်တယ်၊ ကျွန်တော်အများကြီးခင်ဗျားကိုချစ်ခဲ့တာ။ ဒါပေမဲ့ အဲ့ဒါအချစ်မဟုတ်ဘူး ကိုခန့်၊ တွယ်တာမူ့တစ်ခုပဲ။ ကျွန်တော်ခင်ဗျားကိုဘယ်တုန်းကမှမချစ်ခဲ့ဘူးဆိုတာ ထင်ထင်နဲ့တွေ့မှ ကျွန်တော်နားလည်ခဲ့တာ။ပထမဦးဆုံးအရွယ် ကျွန်တော်စမ်းသက်စူးစမ်းခဲ့တဲ့အချစ်မှာ ခင်ဗျားကမြေစာပင်ဖြစ်သွားရုံပဲ။ ကျွန်တော့်အိမ်ထောင်ရေး၊ ပြီးတော့ ကျွန်တော့်အိမ်ထောင်ဦးစီး အဲ့ဒါတွေအကုန်လုံ ခင်ဗျားပရောဂနည်းနည်းပါခဲ့ပေမဲ့ ကျွန်တော်ကိုယ်တိုင်ကျေကျေနပ်နပ် ရွေးချယ်ခဲ့တာကြီးပဲ။ နောက်နောင်
ကျွန်တော်မျက်စိရှေ့ကနေဖြတ်မလျှောက်နဲ့ကိုခန့်။ ကျွန်တော်က ခင်ဗျားထင်သလို ယုန်ဖြူ လေးတစ်ကောင် ဟုတ်မနေဘူးဆိုတာ သက်သေပြရအောင်မလုပ်နဲ့"
ရွှေဘုံ ဘာမှမဝယ်ပဲထိုလူ့နားကနေလှည့်ထွက်သွားလိုက်သည်။
သူကျာခိုင်းသွားတာနဲ့ ဘုန်းခန့်ထည်
၏ အသနားခံနေတဲ့သွင်ပြင်သည်ပြောင်းလဲသွားသည်။
ဆိုင်အတွင်းမှ ရွှေဘုံအရိပ်ပျောက်ဆုံးသွားသည်နှင့် သူ့အိတ်ထောင်ထဲကဖုန်းကိုထုတ်၍ အသံသွင်းထားတာကိုဘုန်းခန့်ထည်ပိတ်လိုက်၏။
" ကိုယ်စိတ်ဆင်းရဲသလို မင်းလည်းပျော်ရမယ်မထင်နဲ့ ရွှေဘုံ။ မင်းကိုချစ်တယ်။
ဒါပေမဲ့ငါ့ကိုငါပိုချစ်တယ်"
ချစ်တဲ့အိမ်စည်။
Bạn đang đọc truyện trên: ZingTruyen.Xyz