ZingTruyen.Xyz

တသက်လုံးပျော်ချင်မောင့်ကိုချစ်ပါ(တသက္လံုးေပ်ာ္ခ်င္ေမာင့္ကိုခ်စ္ပါ)Completed

20

eainsi23

ေရာင္စံုမီးအလင္းေရာင္တခ်ိဳ႕မွလြဲ၍
မွိန္ေဖ်ာ့ၿပီးဆူညံေသာအခန္းင
ယ္အတြင္းေရႊဘံုတစ္ေယာက္ အသိစိတ္ေပ်ာက္လ်က္ရွိေနသည္။
ပူေႏြးေသာ လက္ဖဝါးႀကီးတစ္ခုကေထြးဆုပ္ကိုင္ထားေသာ မိမိ၏ လက္ကေလးကိုငံု႔ၾကည့္ရင္း ကိုထင္ေဘးမွာေရႊဘံုၿငိမ္ၿငိမ္ေလးထိုင္ေနမိသည္။
တစ္ေယာက္တစ္ေပါက္ေအာ္ဟစ္သီဆိုေနတဲ့ သံစဥ္မ်ားသည္ သူတို႔နွစ္ေယာက္နဲ႔လားလားမ်ွမသက္ဆိုင္အလား
ကိုထင္ကလည္း ၿပံဳးလ်က္ေဘးကေန ေရႊဘံုအားၾကည့္ေနခဲ့သည္။

"ထင္ထင္ ကြၽန္ေတာ္ကိုမၾကည့္ပါနဲ႔ "

ရင္ဘတ္ထဲမွာပ်ံသန္းေနေသာလိပ္ျပာငယ္ေတြသည္ အေကာင္ေပါင္းမည္မ်ွရွိမည္နည္း။
ျပည့္ၾကပ္လာေသာ ယားယံမူ႔က
ကိုထင္အၾကည့္ေၾကာင့္  ခနၶာအနွံ႔တ႐ြ႐ြေလ်ွာက္ေျပးေနသကဲ့သို႔
ဆိုးဝါးလြန္း၏။

" မင္းကိုမွ မၾကည့္ရင္ ကိုယ္ကဘယ္သူ႔ကိုသြားၾကည့္ရမွာလဲ  "

တိုးျမေသာ အသံၾသၾသသည္
သီခ်င္းသံၾကားမွ တိုးေဖာက္၍ နားစည္ကိုရုိက္ခက္လာ၏။
ေရႊဘံု ေခါင္းရမ္းျပလိုက္သည္။

" မသိဘူး ၊ ထင္ထင္ အဲ့လိုႀကီးမၾကည့္ေနနဲ႔ "

"ေဟာဗ်ာ ၊ ခါတိုင္းလိုပဲ ကိုယ္ မင္းကိုၾကည့္ေနတာပါ ၊ ဘာလို႔လဲ ၊ ကိုယ့္အၾကည့္ကတမ်ိဳးျဖစ္ေနလို႔လား  "

"မတူဘူး ခါတိုင္းနဲ႔မတူဘူး ၊ကြၽန္ေတာ္ေနရခက္တယ္"

နွစ္ေယာက္သားေျပာေနတဲ့စကားေတြကို
တျခားသူေတြမၾကားနိုင္သလို  ေထာင့္ဆံုး ေနရာမွာမို႔  ဆူညံစြာေသာင္းက်န္းေနတဲ့ ဒီရေမာင္တို႔အဖြဲ႕ကလည္း သူတို႔ဖာသာ အၿပိဳင္အဆိုင္သီဆိုေနၾကတာမို႔  အေရးမလုပ္။

ေရးညိဳ႕ထင္ သူ႔လက္ဖဝါးထဲက ေကာင္ကေလးလက္ကေလးကို ပြတ္သပ္ကာ
လႈပ္ခတ္ေဆာ့လိုက္သည္။

"ေကာင္ကေလးက ရွက္ေနတာပဲ "

"ေရႊဘံုမရွက္ပါဘူး"

နည္းနည္းရွက္ေနေပမဲ့ထင္သေလာက္ေတာ့ဆိုးမေနေပ။ သူ႔ေခါင္းကိုေမာ့ကာ ကိုထင္အားရဲရဲၾကည့္လိုက္လ်ွင္ ၿပံဳးၾကည့္ေနတဲ့ မ်က္လံုးေတြေၾကာင့္ သူ႔ပါးနွစ္ဖက္ ပူေႏြးသြားျပန္၏။ အလိုလိုက္ခ်င္ေနတဲ့မ်က္လံုးေတြ၊ သေဘာက်ေနတဲ့
မ်က္လံုးေတြ ၊ ကိုထင္ သူ႔ကိုဘယ္လိုေတာင္ၾကည့္ေနရတာလဲ။ ရင္မဆိုင္ရဲစြာ ေရႊဘံု
ေရွာင္လႊဲမိလိုက္လ်ွင္ ေမးဖ်ားကေနဆြဲဖ်စ္က ကိုထင္က သူဖက္ကိုျပန္လွည့္ေစၿပီးအၾကည့္တို႔ဆံုေစ၏

"ဒါဆို မင္းကိုယ့္ကိုေသခ်ာၾကည့္ေလ  "

"ဟင့္အင္..ကြၽန္..ကြၽန္ေတာ္ မလုပ္နိုင္ဘူး"

"ဘာလို႔လဲ မင္းေယာက်ာ္းက ကိုယ္ေလ "

ေရႊဘံု ေခါင္းအားေစာင္း၍ ေရွာင္တိမ္းလိုက္သည္။ မၾကည့္ရဲဘူး။ သူတကယ္ ကိုထင့္မ်က္လံုးေတြကိုရင္မဆိုင္ရဲဘူး။

"မရဘူး တျခားသူေတြဖက္ကို မလွည့္နဲ႔ ကိုယ့္ကိုပဲၾကည့္ေန  "

ပိုင္စိုးလိုတဲ့အသံ ၊ ထိန္းခ်ဳပ္သိမ္းပိုက္လိုတဲ့အျပဳအမူ။ ကိုထင္အၾကည့္စူးစူးေတြ။
ေရႊဘံုတစ္ကိုယ္လံုးရစ္သိုင္းလႊမ္းၿခံဳေနတာမို႔ ေပ်ာ့ေခြသြားမတက္ျဖစ္လာရ၏

" ထင္ထင္ အဲ့လိုမလုပ္ပါနဲ႔ "

တုန္ယင္လာေသာကိုယ္ေၾကာင့္ ေရႊဘံုငိုခ်လုမတက္။  

"ကိုယ္မင္းကို အနိုင္က်င့္ေနတာနဲ႔တူေနလား "

ေျပာရင္း လက္မနဲ႔ေရႊဘံုနႈတ္ခမ္းေလးကို ခပ္ၾကမ္းၾကမ္ဖိပြတ္လိုက္၏ ။
ဒီေနရာေလးမွာ သိပ္မၾကာေသးခင္ကသူေျခခ်ခဲ့ေသးတယ္
။ သူ႔လက္ထဲမွာႀကိဳးေၾကလုလု
ပန္းပြင့္ေလးတစ္ပြင့္နွယ္ ေႁခြခ်ခ်င္စရာေကာင္းေအာင္ ေကာင္ကေလးက စြဲမက္စရာျဖစ္ေန၏။ သို႔ေသာ္ မ်က္မွန္ေအာက္က
အျဖဴ ေရာင္ အရည္ၾကည္ေဝ့ဝဲေနတဲ့
အညိဳရင့္ရင့္ သနားစရာမ်က္ဝန္းငယ္ေၾကာင့္ ေရးညိဳ႕ထင္ သက္ျပင္းရႈိက္လိုက္မိ၏။

" ကိုယ္မ်က္မွန္ခြၽတ္လိုက္မယ္ "

စကားအဆံုး၌ဆြဲခြၽတ္သြားေသာ မ်က္မွန္နွင့္ပြတ္သုတ္ခံလိုက္ရတဲ့ မ်က္ခမ္းေထာင့္ရွိမ်က္ရည္စေတြသည္ ႏုညံ့ညင္သာေသာအထိအေတြ႕ျဖင့္ အသာအယာ
ဖယ္က်ဥ္းခံလိုက္ရေလသည္။

ေဘာင္ခတ္ထားေသာ ကန္႔သတ္ခ်က္မရွိေတာ့သည္နွင့္ေရႊဘံု ျမင္ကြင္းကေဝ့ေဝ့ဝါးဝါးျဖစ္သြား၏။

" ကြၽန္ေတာ္ေတာင္းပန္ပါတယ္"

" သိုးငယ္ေလးနဲ႔တူတယ္ တိတ္ေတာ့ "

ေရးညိဳ႕ထင္ ထပ္မံစီးက်လာတဲ့ မ်က္ရည္ေတြကိုအႀကိမ္ႀကိမ္သုတ္ေပးၿပီးေခ်ာ့လိုက္၏။

"ကိုယ္မွားပါတယ္ ။ မငိုနဲ႔  ခဏေန ျပန္ၾကမယ္ေနာ္"

ဖိုးသီဖက္သီခံစားခ်က္ႀကီးက ကိုထင့္အသံၾကားတိုင္းပိုဆိုးလာသလိုပဲ။
တိုးရွရွအသံက စိတ္ဆိုးေနတဲ့ ေကာင္မေလးကိုေခ်ာ့ေမာ့ေနေသာ အသံအေနအထားျဖင့္ဆင္တူသည္။

" ေရႊဘံု လာ.. ေရာက္တုန္းတစ္ပုဒ္ေတာ့ဆို "

ယိုင္ထိုးထိုးကိုယ္ဟန္က နွစ္ခါၾကည့္စရာမလိုေအာင္ ဒီရေမာင္အား မူးေနၿပီဆိုတာသိသာေစသည္။
ေပးတဲ့မိုက္က ေကာင္ကေလးဆီဆိုေပမဲ့ ေရးညိဳ႕ထင္ျဖတ္လုလိုက္၏။  ေဘးမွာ ၿငိမ္ၿငိမ္ေလးထိုင္ေနဆဲျဖစ္ေသာ ေကာင္ကေလးလက္ကိုလည္းမလႊတ္ခဲ့။

" ကိုထင္ ေယာက်ာ္းကိုေပးလိုက္
သူ႔ကိုသီခ်င္းဆိုခိုင္းမလို႔"

"မလိုဘူး ၊ ငါဆိုမလို႔ "

"ဟမ္!ကိုထင္က သီခ်င္းဆိုမယ္" 

ဘယ္ေတာ့မွ သီခ်င္းဆိုဖို႔ ၊ အရက္ေသာက္ဖို႔ ေျပာမရခဲ့တဲ့ လူပ်ိဳႀကီးထံမွ
မိုက္လွမ္းယူလိုက္တာေၾကာင့္ ဒီရေမာင္ပင္ အမူးေျပသြားသလို။

" ေကာင္ကေလး ဝမ္းနည္းေနလို ႔သီခ်င္းဆိုၿပီးေခ်ာ့မလို႔ "

"ဝိုးးးးး"

ေအာ္သံက်ယ္ေတြသည္တၿပိဳင္ထဲထြက္လာ၏။ ဒီရေမာင္သည္ မၾကားခ်င္စြာ
သူ႔နားေတြပိတ္လိုက္မိသည့္အထိပင္။
သူ႔အကိုလူပ်ိဳႀကီးသည္မျမင္ဘူး၊ မၾကားဘူးတဲ့ အျပဳအမူကို လူမွားေနသည့္နွယ္
ျပဳမူေနသည္မွာ ျမင္ရတာရွက္ဖို႔ေကာင္းေလာက္ေအာင္ပင္။

" ရွက္လိုက္တာကိုထင္ရာ မင္းညီျဖစ္ရတာရွက္တယ္ကြ "

"တိတ္တိတ္ေန"

ေရးညိဳ႕ထင္ ခပ္တည္တည္ျဖင့္ ရီမု နဲ႔
ေဆာင္းဦးလွိုင္ စီးရီးထဲက အခ်စ္က အမွားဆိုတဲ့သီခ်င္းကိုေ႐ြးလိုက္၏ ။
တိတ္ဆိတ္ေနတဲ့အခန္းသည္ အေစာပိုင္းအေျခအေနနဲ႔လံုးဝမဆိုင္ေတာ့သလို ။

ေရးညိဳ႕ထင္ သည္ မိုက္ကိုင္ၿပီးေဘးက ေကာင္ကေလးအား ငဲ့ၾကည့္လိုက္၏။
သီခ်င္းသည္ TVမွန္သားျပင္ေပၚမွာ မရွိသည့္အတိုင္း ေရႊဘံုမ်က္နွာကိုသာ ကိုထင္ကၾကည့္ေနခဲ့တာျဖစ္သည္။

တီးလံုးသံသည္ တၿငိမ့္ၿငိမ့္ ။

🎶က်န္ေနေသးတဲ့ ....ဘဝခရီးေတြ...
ကိုယ္တစ္ေယာက္ထဲ..မသြားေတာ့ပါ..

မင္းလိုက္နိင္မလားကြာ....🎶

🎶အႀကိမ္ႀကိမ္ ႏုူးၫႊတ္ပန္ၾကားလာ...

ကိုယ္မေမ်ွာ္လင့္တဲ့ဘ၀တစ္ေကြ႕မွာ...

တို႔ိနွစ္ေယာက္အတူမခြဲခြာ...🎶

ပန္းႏုေရာင္လႈိင္းကယက္ေလးမ်ားသည္ အခန္းတြင္းသူတို႔နွစ္ဦးပဲတည္ရွိေနသကဲ့သို႔ တစ္ဦးမ်က္ဝန္း တစ္ဦးၾကည့္ကာ
ဆယ္သြယ္ကူးလူးလ်က္ရွိ၏။ ေရႊဘံုပါးေလးနွစ္ဖက္သည္ သိသိသာသာပူေလာင္လာၿပီး မ်က္ရည္စေလးမ်ားသည္ ျပန္လည္ရစ္သိုင္းလာ၏။ မ်က္မွန္မရွိတာမို႔ ေမွာင္မဲမဲအခန္းမွာသူဘာမွမျမင္ရေပမဲ့
ၾသရွရွ ကိုထင္အသံကေတာ့ သူေသခ်ာရွင္းလင္းစြာၾကားေနရ၏။

🎶မွားလား....

အခ်စ္မ်ား...

အကုန္လံုး...မင္းအတြက္...

ငါလည္းရူးေတာ့မယ္အခ်စ္ရာ....

မွားလား...

အခ်စ္အမုနး္ေနာက္ဆံုးေျပာအံုး....

တစ္စံုတစ္ခုမင္းေ႐ြးခ်ယ္ေပးပါ...

ဒီဘ၀က မွားေနလား...🎶

ေရးညိဳ႕ထင္ေကာင္ကေလးအား
ဖြဖြေလးရင္ခြင္မွာမွီကပ္ေစခဲ့သည္။
သူ႔ေမးဖ်ားေအာက္က ဆံပင္ႏုႏုကို
ငံု႔နမ္းမိေစၿပီး ေရးညိဳ႕ထင္ ရယ္ေမာလိုက္မိ၏။

"မငိုရဘူး၊ ေပ်ာ္တာပဲျဖစ္ျဖစ္ ၊ ဝမ္းသာတာပဲျဖစ္ျဖစ္ေနာက္ဘယ္ေတာ့မွမငိုရဘူး "

ကိုယ္လံုးေလးကိုဖ်စ္ညစ္ရင္း သူဆက္ေျပာလိုက္၏။

"ၾကားလား "

ေရႊဘံု  ေခါင္းညိမ့္ျပလိုက္၏။ သူ႔မ်က္လံုးေတြက ငိုေနမိေပမဲ့ သူ႔နႈတ္ခမ္းေတြၿပံဳးေတြမိတာရပ္တန္႔မရေအာင္ပင္။
ေနာက္ၿပီး သူ..ကိုထင္၏ ခါးကို ျပန္ဖက္ထားမိ၏။

___________

" ေက်းဇူးတင္ပါတယ္ ညီမေလးတို႔ရယ္၊
အကုန္လံုး စိတ္တိုင္းက်တယ္သိလား။ အျပင္အဆင္ေရာ ၊ ေစတနာပါပါ လုပ္ကိုင္ေပးတာေရာ ပြဲတေလ်ွာက္လံုး စိတ္ခ်မ္းခ်မ္းသာသာ ၿပီးခဲ့ရတယ္။ မမမိတ္ေဆြေတြေတ္ာေတာ္မ်ားမ်ားကလည္း အခမ္းအနား အလွဆင္ထားတာ သေဘာက်လို႔တဲ့ ဘယ္မွာ ငွားေနတာလဲ ေမးေနၾကတာ  "

ရႊန္းရႊန္းေဝေအာင္ ေျပာေနတဲ့ သတိုးသမီးကဘယ္ေလာက္ ေက်နပ္ခဲ့သလဲဆိုတာ အၿပံဳးမ်ားက သက္ေသပင္။
မနက္က ၅နာရီေတာင္မထိုးေသးဘူး ၾကည္ႏူးတို႔လာေခၚတာနဲ႔အိပ္ယာအေစာႀကီးထၿပီးလိုက္ခဲ့ရတာမို႔ လူက ငိုက္ခ်င္ခ်င္ျဖစ္ေနၿပီ။ အမ်ွင္မျပတ္တဲ့စကားဝိုင္းက
အလုပ္သေဘာရဆိုေသာ္ျငား ေကာင္းမြန္တဲ့ ဆက္ဆံေရးနဲ႔ အက်ိဳးေက်းဇူးရွိတာမို႔
သူ႔မွာ စိတ္ရွည္ရွည္ ထိုင္နားေထာင္ေနရ၏။ အိပ္ခ်င္ေျပသြားေအာင္ ဧည့္ခံထားတဲ့ စားပြဲေပၚက ပ်ားလိေမၼာ္သီးတစ္လံုးကိုနႈိက္၍ မသိမသာ ပါးစပ္ထဲထည့္လိုက္ရ၏။

" စိတ္တိုင္းက်တယ္ဆိုေတာ့ ညီမတို႔ကေတာင္ ပိုေပ်ာ္ရပါတယ္မမရယ္။
ယံုယံုၾကည္ၾကည္ငွားေပးလို႔  မမကိုလည္းတကယ္ေက်းဇူးတင္ပါတယ္။ ေနာက္လည္းလိုအပ္ရင္ ဆက္သြယ္ေပးပါဦး"

"အမေလး အဲ့ဒါေတာ့မပူနဲ႔ ၊ မမ
ေမာင္တစ္ဝမ္းကြဲတစ္ေယာက္ ဒီလကုန္ပိုင္းေလာက္ ေစ့စပ္ပြဲလုပ္ဖို႔ရွိတယ္။ ရက္အတိအက်သိရရင္ ညီမေလးတို႔ကိုဖုန္းဆက္ေပးမယ္။ တကယ္လို႔ငွားျဖစ္ခဲ့ရင္လည္း ခုလိုေလး စိတ္တိုင္းက်ေအာင္လုပ္ေပးရမယ္ေနာ္ "

"စိတ္ခ်မမ ေကသီတို႔ကလည္း ခုမွ
ဆိုင္အသစ္ဆိုေတာ့  နာမည္ပ်က္ေအာင္
လံုးဝ မလုပ္ဘူး။ ကိုယ္က နာမည္ႀကီးေတြၾကားထဲမွာတိုးဝင္ေနရဆဲအခ်ိန္ဆိုေတာ့  အေကာင္းဆံုးေတြကိုပဲျပန္ၾကားခ်င္တာရယ္၊ အဲ့ဒါေၾကာင့္ မမတို႔ ငွားရမ္းတဲ့
တန္ဖိုးထက္ပိုၿပီး ေကသီတို႔ကလုပ္နိုင္သမ်ွ အလွဆံုး အဆန္းသစ္ဆံုးျဖစ္ေအာင္ျပန္လုပ္ေပးမွာစိတ္ခ်  "

" စကားေျပာေကာင္းလိုက္တာကြယ္ ၊
မမေတာ့ ေနာက္တစ္ႀကိမ္ ထပ္ေဆာင္ခ်င္စိတ္ေတာင္ေပါက္ေနၿပီ .."

ေကသီက ဧည့္သည္နဲ႔စကားေျပာတဲ့ေနရာမွာ တကယ္ အသံုဝင္သည္။
ေရပက္မဝင္ေျပာတက္တဲ့အက်င့္ေၾကာင့္
"ဒီဆိုင္က အဆင္ေျပတယ္၊ ေကာင္မေလးေတြက ေျပာလို႔ဆိုလို႔တအားေကာင္းတယ္၊ "ဆိုတဲ့ စကားမ်ိဳး ျပန္ၾကားရတက္၏။
ေရႊဘံုနဲ႔ ၾကည္ႏူးလိုသာဆိုရင္ ဘာမိတ္ေဆြမွေတာင္ ရွိမွာမဟုတ္ေပ။
ေကသီေၾကာင့္မို႔သာ
အဆက္အသြယ္၊ မိတ္ေဆြမျပတ္တာပင္။
တစ္ပြဲငွားရမ္းၿပီးသြားရင္ ဧည္သည္ေတာ္ေတာ္မ်ားမ်ား
ေကသီေလေၾကာမိကာ fbမွာလက္အပ္ၾက ၊ ခင္မင္ၾကျဖစ္ကုန္ၾကသည္။

အျပန္လမ္းတြင္ ၾကည္ႏူးက ကားကိုေမာင္းလာ၏။
ေရႊဘံုတစ္ေယာက္ တစ္မနက္လံုး ပ်ားပန္းခတ္လႈပ္ရွားခဲ့ရတာမို႔ လူက ေလေလ်ာ့ထားတဲ့ပူေပါင္းနွယ္ ေပ်ာ့ေခြလုမတက္ျဖစ္ေနရ၏။

" ေမာင္ေရႊ ဆိုင္လိုက္အံုးမလား"

" လိုက္ခဲ့မယ္ ။ပစၥည္းေတြ ျပန္စီ၊ ျပန္ထည့္လုပ္ရအံုးမွာမို႔လား။ ငါလိုက္ကူေပးမယ္
ၿပီးမွျပန္ေတာ့မယ္ "

" ရတယ္ ပစၥည္းေ႐ြ႕ဖို႔ လူငွားထားတာပဲ
ငါတို႔ၾကည့္စီစဥ္လိုက္မယ္ နင္ေနလို႔မေကာင္းရင္ အိမ္ျပန္နွင့္ "

ေရႊဘံု ေခါင္းရမ္းျပလိုက္သည္။

" ေနပါေစ ငါလိုက္ခဲ့မယ္"

ဒီေန႔ ဆိုင္ပိတ္ထားေပမဲ့အလွဆင္ခဲ့တဲ့ ပန္းေခြ ၊ ပန္းထံုးမ်ားကို ျပန္သိမ္းရအံုးမည္ျဖစ္သည္။ အၿပီးသတ္သိမ္းစရာမ်ားကို
ေယာက်ာ္းေလးျဖစ္တဲ့သူကျပန္နားၿပီး
ၾကည္ႏူးတို႔ေတြကိုပဲ လုပ္ခိုင္းလို႔ဘယ္သင့္ေတာ္မလဲ။ ဒါကိုေတာ့ သူလက္မခံနိုင္ပါ။

" ကိုထင္ ဟိုဖက္ဆိုင္ တံခါးျပန္ဖြင့္ေနၿပီ ။
ကိုထင္ ေကာင္ကေလးျပန္ေရာက္ၿပီထင္တယ္ "

ဒီရေမာင္က အေအးတစ္ဘူးဖြင့္ေသာက္ရင္း ေရးညိဳ႕ထင္အား အသိေပးလာ၏။
သူလုပ္လက္စအလုပ္ကိုရပ္လိုက္ၿပီးနာရီၾကည့္လိုက္၏။
အခ်ိန္အားျဖင့္ ၁၂နာရီခြဲေနၿပီမို႔
သူ႔မ်က္ခံုးေတြ တြန္႔ေကြးသြားရသည္။

" ငါသြားကူလိုက္အံုးမယ္။
ဒီေန႔ေပးရမဲ့အလုပ္ေတြ ၿပီးေအာင္လုပ္ထားၾက ၊ ငါ ခဏေန အိမ္ျပန္မွာ "

"ပိုၿပီ ပိုၿပီေဟ့  ၊  FAျဖစ္ရတာ မေကာင္းဘူးကြာ  ၊ ငါလည္း ဒီနွစ္မကုန္ခင္ အိမ္ေထာင္ျပဳေတာ့မွာ "

ဆိုင္ရွိအၿမဲတမ္းFAျဖစ္ေနတဲ့ တစ္ေယာက္၏ေအာ္သံေၾကာင့္ ေရးညိဳ႕ထင္ စားပြဲေဘးက ေဘာပင္ယူၿပီးေပါက္လိုက္၏။

" ဖားတုလို႔ခရုခုန္ အိုင္ပ်က္ရုံပဲ ရွိမယ္၊
အရင္ဆံုး ရည္းစားအရင္ထားလိုက္။
မတူရင္ မတုနဲ႔  "

တဟားဟား ေအာ္ရယ္သံေတြမဆဲေတာ့။
ေရးညိဳ႕ထင္ ၿပံဳးၿဖဲၿဖဲနဲ႔ မတ္တပ္ထရပ္လိုက္သည္။
သူတို႔ဆိုင္အတြင္းရွိ တံခါးေဘးေထာင့္မွာ မွန္တစ္ခ်ပ္ခ်ိတ္ထားသည္မို႔ အဲ့ေနရာမွာ ခဏရပ္လိုက္ေသးသည္။

လွန္တင္သိမ္းၿဖီးထားတဲ့ ဆံပင္ေတြက ရႈပ္ပြျခင္းမရွိ။ သို႔ေသာ္ သူဘီးကိုလွမ္းယူကာ အနည္းငယ္ထပ္ၿဖီးလိုက္ေသးသည္။
တိက်ေသခ်ာတဲ့ေမးရုိးေပၚက ပါးၿမိဳင္းေမႊးေတြသည္ ရိပ္သင္ထားခါစဆိုေသာ္ျငား 
စိမ္းဖန္႔ဖန္႔ကိုေဖာ္က်ဴး ထား၏။
သူေတာ္ေတာ္ေလး ၾကည့္ေကာင္းေနသလိုပဲ ။
ေကာ္လာကိုအနည္းျပဳျပင္ၿပီး
တံေတာင္ထိေရာက္ေအာင္ေခါက္တင္ထားေသာ အက်ၤ ီလက္ကိုညီေအာင္ညႇိလိုက္၏။

" အသက္ႀကီးမွ စြံတဲ့သူေတြက ဒီတိုင္းလားဟ"

"မဟုတ္ဘူး ကေလးကိုမုန္႔ေကြၽးယူထားတဲ့ သူေတြကမွဒီအတိုင္း "

တေသာေသာရယ္ၾကျပန္၏။
သူ႔ကိုထိုင္ၾကည့္စေနရေအာင္ ဒီေကာင္ေတြအေတာ္အားေနၾကတာပဲ ။

" အခ်ိန္ပိုဆင္းခ်င္ၾကတာလား "

ခါးေထာက္မ်က္ခံုးပင္ျပလိုက္ေတာ့အကုန္
အလုပ္စားပြဲမွာေခါင္းစိုက္သြားၾကျပန္၏။
တကယ္မလြယ္တဲ့ေကာင္ေတြ။

ေရးညိဳ႕ထင္ တစ္ဖက္ဆိုင္ေရာက္ေတာ့
အလုပ္သမား၂ေယာက္က ကားေပၚကေန ပစၥည္းေတြခ်ေနၾက၏။
ခါတိုင္းပိတ္ထားေနက် မွန္တံခါးသည္
ယခုမူ အလုပ္သမားေတြဝင္ရ၊ထြက္ရ
လြယ္ေအာင္ အျပည့္ဖြင့္ထားသည္။

ကားေဘးနားမွာ ခ်ထားတဲ့
ပစၥည္းထုတ္တစ္ခုကို  ဆြဲၿပီးဆိုင္အတြင္းေရးညိဳ႕ထင္ဝင္သြားလိုက္သည္။
ေကသီနဲ႔ ၾကည္ႏူးသည္  သယ္လာသမ်ွ
ပစၥည္းေတြအား အတြင္းဖက္အခန္းမွာေနရာခ်ေနၿပီး ေကာင္ကေလးကေတာ့
ၾကမ္းေပၚမွာထိုင္ကာ ပလက္စတစ္ပံုးႀကီးထဲ ပန္းေျခာက္တစ္ခ်ိဳ႕ကိုထည့္သိမ္းေန၏။

" ေကာင္ကေလး ေနမေကာင္းဘူးလား၊
မ်က္နွာေလး ႏြမ္းေနတယ္"

သူ႔လက္ထဲက အထုတ္ကိုတစ္ေနရာပစ္ခ်ၿပီး ေကာင္ကေလးနွဖူးအားေဘးကခါးကုန္းၿပီးစမ္းလိုက္၏။

"ကိုယ္မပူဘူးဆိုေပမဲ့ ေႏြးေတးေတးျဖစ္ေနတယ္။ ၾကမ္းေပၚဒီတိုင္းႀကီးထိုင္ေနတာမေအးဘူးလား ၊ ဖယ္..ဖယ္ ကိုယ္လုပ္မယ္"

"ရတယ္ ကြၽန္ေတာ္ဒါေလးၿပီးရင္ လုပ္စရာမရွိေတာ့ပါဘူး  ။ ထင္ထင္..လုပ္ကူမယ္ဆိုရင္ ေကသီတို႔ဆီတခ်က္ဝိုင္းကူေပးပါ့လား ၊ သူတို႔ကမိန္းကေလးေတြဆိုေတာ့"

သူ၏ ကိုင္းထားေသာ ခါးကို ေရးညိဳ႕ထင္ျပန္မတ္လိုက္၏။ထို႔ေနာက္သူ႔အားေမာ့ၾကည့္ေနတဲ့ေကာင္ကေလးကို လက္ညိဳးနဲ႔ အသာေတာက္လိုက္ၿပီး မ်က္လံုးေတြေမွးစင္းၾကည့္လိုက္သည္။

" ဆိုးလိုက္တာ "

ေရႊဘံု ရယ္ျပလိုက္ၿပီး ကိုထင္အားျပန္စလိုက္သည္။

" ထင္ထင္ ကလိမ္မာပါတယ္။ သြားကူေပးေနာ္"

"ဟုတ္ပါၿပီ ၊ ဟုတ္ပါၿပီ  "

ေကာင္ကေလးဆံပင္ေလးကိုဆြဲဖြၿပီး မမွီမကမ္းပစၥည္းသိမ္းေနၾကတဲ့ ကေလးမေတြဆီအျမန္ၿပီးေအာင္ေျပးကူရသည္။
ေယာက်ာ္းသားလည္းျဖစ္တာေၾကာင့္
အေလးအပင္ကအစ ေရးညိဳ႕ထင္
ခပ္သြက္သြက္သယ္ေပးနိုင္သည္။

" အားနာလိုက္တာကိုထင္ရယ္၊ ညီမတို႔ဒါေလးၿပီးရင္ ၿပီးပါၿပီ ၊ အျပင္မွာထိုင္ေနလို႔ရပါတယ္  "

"ရတယ္ ညီမ၊  အားမနာနဲ႔၊ ဒါေလးဘယ္နားထားရမလဲ"

" အေနာက္ထဲဝင္သြားလိုက္ ကိုထင္"

ေရွ႕မွာ ဆိုင္သီးသန္႔ဆိုေပမဲ့ေနာက္ဖက္မွာဂိုေထာင္သေဘာမ်ိဳးတိုက္ကေလးရွိေသးတာမို႔ ပစၥည္းႀကီးႀကီးမားမားေတြကို အဲ့အိမ္ထဲသြားထည့္ရ၏။
သက္သက္ငွားထားပံုရတဲ့ ဦးေလးႀကီးနွစ္ေယာက္နွင့္အတူ ေရးညိဳ႕ထင္ ျမန္ျမန္ပင္ အေနာက္အိမ္ထဲပို႔ရမဲ့ပစၥည္းတခ်ိဳ႕ကို ကူသယ္ေပးလိုက္သည္။

"  ေကာင္ကေလး အိမ္ျပန္ရေအာင္ "

"ထင္ထင္က အေစာႀကီးအလုပ္ဆင္းမလို႔လား။ ခုမွ တစ္နာရီေက်ာ္ေက်ာ္ပဲရွိေသးတယ္ေလ"

ေက်ာပိုးအိတ္ေလးလြယ္ထားတဲ့ေကာင္ကေလးလက္ကို ေရးညိဳ႕ထင္သြားဆြဲလိုက္၏။  ေကသီတို႔ ၾကည္ႏူးတို႔လည္း ျပန္ဖို႔
ျပင္ေနတာမို႔႔ေရးညိဳ႕ထင္ အားနာမေနပဲ ေကာင္ကေလး လက္ကိုဒီတိုင္းပဲကိုင္ထားျဖစ္သည္။

"ကိုယ့္အလုပ္က အေရးမႀကီးဘူး။
မင္းနဲ႔အိမ္ျပန္လိုက္ခဲ့မယ္။ "

"ကြၽန္ေတာ့္ကိုစိတ္မပူနဲ႔ ထင္ထင္ဆိုင္မွာထင္ထင္မရွိရင္ ဘယ္ေကာင္းမလဲ"

ေရးညိဳ႕ထင္ သက္ျပင္းခ်ကာ ေကာင္ကေလးအားေစ့ေစ့ၾကည့္လိုက္သည္။

" ေကာင္ကေလးတစ္ေယာက္ထဲ
အိမ္ျပန္လႊတ္ရေလာက္ေအာင္ထိ
ဘယ္အလုပ္မွအေရးႀကီးမေနဘူး။
ဘယ္လိုလဲ မင္းအသာတၾကည္ကိုယ္နဲ႔လိုက္မွာလား။ ဒါမွမဟုတ္ထပ္အထြန္႔တက္ၿပီးေမးခြန္းေတြေမးေနအံုးမွာလား "

ေရႊဘံု စပ္ၿဖဲၿဖဲေလးရယ္ျပၿပီး ဆုပ္ကိုင္ထားဆဲ ကိုထင္လက္အားအနည္းငယ္လႈပ္ရမ္းလိုက္၏။

" ျပန္ၾကမယ္၊ ဒီေန႔ အခ်ိန္ေတြပိုေနတာဆိုေတာ့  ေဟာ့ေပါ့စပ္စပ္ေလးစားခ်င္တယ္ "

"အင္း ေကာင္ကေလးသေဘာ "

ခ်စ္တဲ့အိမ္စည္။

{ voteေပးၾကသူမ်ား ၊ ဖတ္ရူ႕ေပးၾကသူမ်ားအားေက်းဇူးအမ်ားႀကီးတင္ပါတယ္ }

ရောင်စုံမီးအလင်းရောင်တချို့မှလွဲ၍
မှိန်ဖျော့ပြီးဆူညံသောအခန်းင
ယ်အတွင်းရွှေဘုံတစ်ယောက် အသိစိတ်ပျောက်လျက်ရှိနေသည်။
ပူနွေးသော လက်ဖဝါးကြီးတစ်ခုကထွေးဆုပ်ကိုင်ထားသော မိမိ၏ လက်ကလေးကိုငုံ့ကြည့်ရင်း ကိုထင်ဘေးမှာရွှေဘုံငြိမ်ငြိမ်လေးထိုင်နေမိသည်။
တစ်ယောက်တစ်ပေါက်အော်ဟစ်သီဆိုနေတဲ့ သံစဉ်များသည် သူတို့နှစ်ယောက်နဲ့လားလားမျှမသက်ဆိုင်အလား
ကိုထင်ကလည်း ပြုံးလျက်ဘေးကနေ ရွှေဘုံအားကြည့်နေခဲ့သည်။

"ထင်ထင် ကျွန်တော်ကိုမကြည့်ပါနဲ့ "

ရင်ဘတ်ထဲမှာပျံသန်းနေသောလိပ်ပြာငယ်တွေသည် အကောင်ပေါင်းမည်မျှရှိမည်နည်း။
ပြည့်ကြပ်လာသော ယားယံမူ့က
ကိုထင်အကြည့်ကြောင့်  ခန္ဓာအနှံ့တရွရွလျှောက်ပြေးနေသကဲ့သို့
ဆိုးဝါးလွန်း၏။

" မင်းကိုမှ မကြည့်ရင် ကိုယ်ကဘယ်သူ့ကိုသွားကြည့်ရမှာလဲ  "

တိုးမြသော အသံသြသြသည်
သီချင်းသံကြားမှ တိုးဖောက်၍ နားစည်ကိုရိုက်ခက်လာ၏။
ရွှေဘုံ ခေါင်းရမ်းပြလိုက်သည်။

" မသိဘူး ၊ ထင်ထင် အဲ့လိုကြီးမကြည့်နေနဲ့ "

"ဟောဗျာ ၊ ခါတိုင်းလိုပဲ ကိုယ် မင်းကိုကြည့်နေတာပါ ၊ ဘာလို့လဲ ၊ ကိုယ့်အကြည့်ကတမျိုးဖြစ်နေလို့လား  "

"မတူဘူး ခါတိုင်းနဲ့မတူဘူး ၊ကျွန်တော်နေရခက်တယ်"

နှစ်ယောက်သားပြောနေတဲ့စကားတွေကို
တခြားသူတွေမကြားနိုင်သလို  ထောင့်ဆုံး နေရာမှာမို့  ဆူညံစွာသောင်းကျန်းနေတဲ့ ဒီရမောင်တို့အဖွဲ့ကလည်း သူတို့ဖာသာ အပြိုင်အဆိုင်သီဆိုနေကြတာမို့  အရေးမလုပ်။

ရေးညို့ထင် သူ့လက်ဖဝါးထဲက ကောင်ကလေးလက်ကလေးကို ပွတ်သပ်ကာ
လှုပ်ခတ်ဆော့လိုက်သည်။

"ကောင်ကလေးက ရှက်နေတာပဲ "

"ရွှေဘုံမရှက်ပါဘူး"

နည်းနည်းရှက်နေပေမဲ့ထင်သလောက်တော့ဆိုးမနေပေ။ သူ့ခေါင်းကိုမော့ကာ ကိုထင်အားရဲရဲကြည့်လိုက်လျှင် ပြုံးကြည့်နေတဲ့ မျက်လုံးတွေကြောင့် သူ့ပါးနှစ်ဖက် ပူနွေးသွားပြန်၏။ အလိုလိုက်ချင်နေတဲ့မျက်လုံးတွေ၊ သဘောကျနေတဲ့
မျက်လုံးတွေ ၊ ကိုထင် သူ့ကိုဘယ်လိုတောင်ကြည့်နေရတာလဲ။ ရင်မဆိုင်ရဲစွာ ရွှေဘုံ
ရှောင်လွှဲမိလိုက်လျှင် မေးဖျားကနေဆွဲဖျစ်က ကိုထင်က သူဖက်ကိုပြန်လှည့်စေပြီးအကြည့်တို့ဆုံစေ၏

"ဒါဆို မင်းကိုယ့်ကိုသေချာကြည့်လေ  "

"ဟင့်အင်..ကျွန်..ကျွန်တော် မလုပ်နိုင်ဘူး"

"ဘာလို့လဲ မင်းယောကျာ်းက ကိုယ်လေ "

ရွှေဘုံ ခေါင်းအားစောင်း၍ ရှောင်တိမ်းလိုက်သည်။ မကြည့်ရဲဘူး။ သူတကယ် ကိုထင့်မျက်လုံးတွေကိုရင်မဆိုင်ရဲဘူး။

"မရဘူး တခြားသူတွေဖက်ကို မလှည့်နဲ့ ကိုယ့်ကိုပဲကြည့်နေ  "

ပိုင်စိုးလိုတဲ့အသံ ၊ ထိန်းချုပ်သိမ်းပိုက်လိုတဲ့အပြုအမူ။ ကိုထင်အကြည့်စူးစူးတွေ။
ရွှေဘုံတစ်ကိုယ်လုံးရစ်သိုင်းလွှမ်းခြုံနေတာမို့ ပျော့ခွေသွားမတက်ဖြစ်လာရ၏

" ထင်ထင် အဲ့လိုမလုပ်ပါနဲ့ "

တုန်ယင်လာသောကိုယ်ကြောင့် ရွှေဘုံငိုချလုမတက်။  

"ကိုယ်မင်းကို အနိုင်ကျင့်နေတာနဲ့တူနေလား "

ပြောရင်း လက်မနဲ့ရွှေဘုံနှုတ်ခမ်းလေးကို ခပ်ကြမ်းကြမ်ဖိပွတ်လိုက်၏ ။
ဒီနေရာလေးမှာ သိပ်မကြာသေးခင်ကသူခြေချခဲ့သေးတယ်
။ သူ့လက်ထဲမှာကြိုးကြေလုလု
ပန်းပွင့်လေးတစ်ပွင့်နှယ် ခြွေချချင်စရာကောင်းအောင် ကောင်ကလေးက စွဲမက်စရာဖြစ်နေ၏။ သို့သော် မျက်မှန်အောက်က
အဖြူ ရောင် အရည်ကြည်ဝေ့ဝဲနေတဲ့
အညိုရင့်ရင့် သနားစရာမျက်ဝန်းငယ်ကြောင့် ရေးညို့ထင် သက်ပြင်းရှိုက်လိုက်မိ၏။

" ကိုယ်မျက်မှန်ချွတ်လိုက်မယ် "

စကားအဆုံး၌ဆွဲချွတ်သွားသော မျက်မှန်နှင့်ပွတ်သုတ်ခံလိုက်ရတဲ့ မျက်ခမ်းထောင့်ရှိမျက်ရည်စတွေသည် နုညံ့ညင်သာသောအထိအတွေ့ဖြင့် အသာအယာ
ဖယ်ကျဉ်းခံလိုက်ရလေသည်။

ဘောင်ခတ်ထားသော ကန့်သတ်ချက်မရှိတော့သည်နှင့်ရွှေဘုံ မြင်ကွင်းကဝေ့ဝေ့ဝါးဝါးဖြစ်သွား၏။

" ကျွန်တော်တောင်းပန်ပါတယ်"

" သိုးငယ်လေးနဲ့တူတယ် တိတ်တော့ "

ရေးညို့ထင် ထပ်မံစီးကျလာတဲ့ မျက်ရည်တွေကိုအကြိမ်ကြိမ်သုတ်ပေးပြီးချော့လိုက်၏။

"ကိုယ်မှားပါတယ် ။ မငိုနဲ့  ခဏနေ ပြန်ကြမယ်နော်"

ဖိုးသီဖက်သီခံစားချက်ကြီးက ကိုထင့်အသံကြားတိုင်းပိုဆိုးလာသလိုပဲ။
တိုးရှရှအသံက စိတ်ဆိုးနေတဲ့ ကောင်မလေးကိုချော့မော့နေသော အသံအနေအထားဖြင့်ဆင်တူသည်။

" ရွှေဘုံ လာ.. ရောက်တုန်းတစ်ပုဒ်တော့ဆို "

ယိုင်ထိုးထိုးကိုယ်ဟန်က နှစ်ခါကြည့်စရာမလိုအောင် ဒီရမောင်အား မူးနေပြီဆိုတာသိသာစေသည်။
ပေးတဲ့မိုက်က ကောင်ကလေးဆီဆိုပေမဲ့ ရေးညို့ထင်ဖြတ်လုလိုက်၏။  ဘေးမှာ ငြိမ်ငြိမ်လေးထိုင်နေဆဲဖြစ်သော ကောင်ကလေးလက်ကိုလည်းမလွှတ်ခဲ့။

" ကိုထင် ယောကျာ်းကိုပေးလိုက်
သူ့ကိုသီချင်းဆိုခိုင်းမလို့"

"မလိုဘူး ၊ ငါဆိုမလို့ "

"ဟမ်!ကိုထင်က သီချင်းဆိုမယ်" 

ဘယ်တော့မှ သီချင်းဆိုဖို့ ၊ အရက်သောက်ဖို့ ပြောမရခဲ့တဲ့ လူပျိုကြီးထံမှ
မိုက်လှမ်းယူလိုက်တာကြောင့် ဒီရမောင်ပင် အမူးပြေသွားသလို။

" ကောင်ကလေး ဝမ်းနည်းနေလို့ သီချင်းဆိုပြီးချော့မလို့ "

"အားး"

အော်သံကျယ်တွေသည်တပြိုင်ထဲထွက်လာ၏။ ဒီရမောင်သည် မကြားချင်စွာ
သူ့နားတွေပိတ်လိုက်မိသည့်အထိပင်။
သူ့အကိုလူပျိုကြီးသည်မမြင်ဘူး၊ မကြားဘူးတဲ့ အပြုအမူကို လူမှားနေသည့်နှယ်
ပြုမူနေသည်မှာ မြင်ရတာရှက်ဖို့ကောင်းလောက်အောင်ပင်။

" ရှက်လိုက်တာကိုထင်ရာ မင်းညီဖြစ်ရတာရှက်တယ်ကွ "

"တိတ်တိတ်နေ"

ရေးညို့ထင် ခပ်တည်တည်ဖြင့် ရီမု နဲ့
ဆောင်းဦးလှိုင် စီးရီးထဲက အချစ်က အမှားဆိုတဲ့သီချင်းကိုရွေးလိုက်၏ ။
တိတ်ဆိတ်နေတဲ့အခန်းသည် အစောပိုင်းအခြေအနေနဲ့လုံးဝမဆိုင်တော့သလို ။

ရေးညို့ထင် သည် မိုက်ကိုင်ပြီးဘေးက ကောင်ကလေးအား ငဲ့ကြည့်လိုက်၏။
သီချင်းသည် TVမှန်သားပြင်ပေါ်မှာ မရှိသည့်အတိုင်း ရွှေဘုံမျက်နှာကိုသာ ကိုထင်ကကြည့်နေခဲ့တာဖြစ်သည်။

တီးလုံးသံသည် တငြိမ့်ငြိမ့် ။

🎶ကျန်နေသေးတဲ့ ....ဘဝခရီးတွေ...
ကိုယ်တစ်ယောက်ထဲ..မသွားတော့ပါ..

မင်းလိုက်နိင်မလားကွာ....🎶

🎶အကြိမ်ကြိမ် နုးညွှတ်ပန်ကြားလာ...

ကိုယ်မမျှော်လင့်တဲ့ဘ၀တစ်ကွေ့မှာ...

တိုိ့နှစ်ယောက်အတူမခွဲခွာ...🎶

ပန်းနုရောင်လှိုင်းကယက်လေးများသည် အခန်းတွင်းသူတို့နှစ်ဦးပဲတည်ရှိနေသကဲ့သို့ တစ်ဦးမျက်ဝန်း တစ်ဦးကြည့်ကာ
ဆယ်သွယ်ကူးလူးလျက်ရှိ၏။ ရွှေဘုံပါးလေးနှစ်ဖက်သည် သိသိသာသာပူလောင်လာပြီး မျက်ရည်စလေးများသည် ပြန်လည်ရစ်သိုင်းလာ၏။ မျက်မှန်မရှိတာမို့ မှောင်မဲမဲအခန်းမှာသူဘာမှမမြင်ရပေမဲ့
သြရှရှ ကိုထင်အသံကတော့ သူသေချာရှင်းလင်းစွာကြားနေရ၏။

🎶မှားလား....

အချစ်များ...

အကုန်လုံး...မင်းအတွက်...

ငါလည်းရူးတော့မယ်အချစ်ရာ....

မှားလား...

အချစ်အမုန်းနောက်ဆုံးပြောအုံး....

တစ်စုံတစ်ခုမင်းရွေးချယ်ပေးပါ...

ဒီဘ၀က မှားနေလား...🎶

ရေးညို့ထင်ကောင်ကလေးအား
ဖွဖွလေးရင်ခွင်မှာမှီကပ်စေခဲ့သည်။
သူ့မေးဖျားအောက်က ဆံပင်နုနုကို
ငုံ့နမ်းမိစေပြီး ရေးညို့ထင် ရယ်မောလိုက်မိ၏။

"မငိုရဘူး၊ ပျော်တာပဲဖြစ်ဖြစ် ၊ ဝမ်းသာတာပဲဖြစ်ဖြစ်နောက်ဘယ်တော့မှမငိုရဘူး "

ကိုယ်လုံးလေးကိုဖျစ်ညစ်ရင်း သူဆက်ပြောလိုက်၏။

"ကြားလား "

ရွှေဘုံ  ခေါင်းညိမ့်ပြလိုက်၏။ သူ့မျက်လုံးတွေက ငိုနေမိပေမဲ့ သူ့နှုတ်ခမ်းတွေပြုံးတွေမိတာရပ်တန့်မရအောင်ပင်။
နောက်ပြီး သူ..ကိုထင်၏ ခါးကို ပြန်ဖက်ထားမိ၏။

___________

" ကျေးဇူးတင်ပါတယ် ညီမလေးတို့ရယ်၊
အကုန်လုံး စိတ်တိုင်းကျတယ်သိလား။ အပြင်အဆင်ရော ၊ စေတနာပါပါ လုပ်ကိုင်ပေးတာရော ပွဲတလျှောက်လုံး စိတ်ချမ်းချမ်းသာသာ ပြီးခဲ့ရတယ်။ မမမိတ်ဆွေတွေတေ်ာတော်များများကလည်း အခမ်းအနား အလှဆင်ထားတာ သဘောကျလို့တဲ့ ဘယ်မှာ ငှားနေတာလဲ မေးနေကြတာ  "

ရွှန်းရွှန်းဝေအောင် ပြောနေတဲ့ သတိုးသမီးကဘယ်လောက် ကျေနပ်ခဲ့သလဲဆိုတာ အပြုံးများက သက်သေပင်။
မနက်က ၅နာရီတောင်မထိုးသေးဘူး ကြည်နူးတို့လာခေါ်တာနဲ့အိပ်ယာအစောကြီးထပြီးလိုက်ခဲ့ရတာမို့ လူက ငိုက်ချင်ချင်ဖြစ်နေပြီ။ အမျှင်မပြတ်တဲ့စကားဝိုင်းက
အလုပ်သဘောရဆိုသော်ငြား ကောင်းမွန်တဲ့ ဆက်ဆံရေးနဲ့ အကျိုးကျေးဇူးရှိတာမို့
သူ့မှာ စိတ်ရှည်ရှည် ထိုင်နားထောင်နေရ၏။ အိပ်ချင်ပြေသွားအောင် ဧည့်ခံထားတဲ့ စားပွဲပေါ်က ပျားလိမ္မော်သီးတစ်လုံးကိုနှိုက်၍ မသိမသာ ပါးစပ်ထဲထည့်လိုက်ရ၏။

" စိတ်တိုင်းကျတယ်ဆိုတော့ ညီမတို့ကတောင် ပိုပျော်ရပါတယ်မမရယ်။
ယုံယုံကြည်ကြည်ငှားပေးလို့  မမကိုလည်းတကယ်ကျေးဇူးတင်ပါတယ်။ နောက်လည်းလိုအပ်ရင် ဆက်သွယ်ပေးပါဦး"

"အမလေး အဲ့ဒါတော့မပူနဲ့ ၊ မမ
မောင်တစ်ဝမ်းကွဲတစ်ယောက် ဒီလကုန်ပိုင်းလောက် စေ့စပ်ပွဲလုပ်ဖို့ရှိတယ်။ ရက်အတိအကျသိရရင် ညီမလေးတို့ကိုဖုန်းဆက်ပေးမယ်။ တကယ်လို့ငှားဖြစ်ခဲ့ရင်လည်း ခုလိုလေး စိတ်တိုင်းကျအောင်လုပ်ပေးရမယ်နော် "

"စိတ်ချမမ ကေသီတို့ကလည်း ခုမှ
ဆိုင်အသစ်ဆိုတော့  နာမည်ပျက်အောင်
လုံးဝ မလုပ်ဘူး။ ကိုယ်က နာမည်ကြီးတွေကြားထဲမှာတိုးဝင်နေရဆဲအချိန်ဆိုတော့  အကောင်းဆုံးတွေကိုပဲပြန်ကြားချင်တာရယ်၊ အဲ့ဒါကြောင့် မမတို့ ငှားရမ်းတဲ့
တန်ဖိုးထက်ပိုပြီး ကေသီတို့ကလုပ်နိုင်သမျှ အလှဆုံး အဆန်းသစ်ဆုံးဖြစ်အောင်ပြန်လုပ်ပေးမှာစိတ်ချ  "

" စကားပြောကောင်းလိုက်တာကွယ် ၊
မမတော့ နောက်တစ်ကြိမ် ထပ်ဆောင်ချင်စိတ်တောင်ပေါက်နေပြီ .."

ကေသီက ဧည့်သည်နဲ့စကားပြောတဲ့နေရာမှာ တကယ် အသုံဝင်သည်။
ရေပက်မဝင်ပြောတက်တဲ့အကျင့်ကြောင့်
"ဒီဆိုင်က အဆင်ပြေတယ်၊ ကောင်မလေးတွေက ပြောလို့ဆိုလို့တအားကောင်းတယ်၊ "ဆိုတဲ့ စကားမျိုး ပြန်ကြားရတက်၏။
ရွှေဘုံနဲ့ ကြည်နူးလိုသာဆိုရင် ဘာမိတ်ဆွေမှတောင် ရှိမှာမဟုတ်ပေ။
ကေသီကြောင့်မို့သာ
အဆက်အသွယ်၊ မိတ်ဆွေမပြတ်တာပင်။
တစ်ပွဲငှားရမ်းပြီးသွားရင် ဧည်သည်တော်တော်များများ
ကေသီလေကြောမိကာ fbမှာလက်အပ်ကြ ၊ ခင်မင်ကြဖြစ်ကုန်ကြသည်။

အပြန်လမ်းတွင် ကြည်နူးက ကားကိုမောင်းလာ၏။
ရွှေဘုံတစ်ယောက် တစ်မနက်လုံး ပျားပန်းခတ်လှုပ်ရှားခဲ့ရတာမို့ လူက လေလျော့ထားတဲ့ပူပေါင်းနှယ် ပျော့ခွေလုမတက်ဖြစ်နေရ၏။

" မောင်ရွှေ ဆိုင်လိုက်အုံးမလား"

" လိုက်ခဲ့မယ် ။ပစ္စည်းတွေ ပြန်စီ၊ ပြန်ထည့်လုပ်ရအုံးမှာမို့လား။ ငါလိုက်ကူပေးမယ်
ပြီးမှပြန်တော့မယ် "

" ရတယ် ပစ္စည်းရွေ့ဖို့ လူငှားထားတာပဲ
ငါတို့ကြည့်စီစဉ်လိုက်မယ် နင်နေလို့မကောင်းရင် အိမ်ပြန်နှင့် "

ရွှေဘုံ ခေါင်းရမ်းပြလိုက်သည်။

" နေပါစေ ငါလိုက်ခဲ့မယ်"

ဒီနေ့ ဆိုင်ပိတ်ထားပေမဲ့အလှဆင်ခဲ့တဲ့ ပန်းခွေ ၊ ပန်းထုံးများကို ပြန်သိမ်းရအုံးမည်ဖြစ်သည်။ အပြီးသတ်သိမ်းစရာများကို
ယောကျာ်းလေးဖြစ်တဲ့သူကပြန်နားပြီး
ကြည်နူးတို့တွေကိုပဲ လုပ်ခိုင်းလို့ဘယ်သင့်တော်မလဲ။ ဒါကိုတော့ သူလက်မခံနိုင်ပါ။

" ကိုထင် ဟိုဖက်ဆိုင် တံခါးပြန်ဖွင့်နေပြီ ။
ကိုထင် ကောင်ကလေးပြန်ရောက်ပြီထင်တယ် "

ဒီရမောင်က အအေးတစ်ဘူးဖွင့်သောက်ရင်း ရေးညို့ထင်အား အသိပေးလာ၏။
သူလုပ်လက်စအလုပ်ကိုရပ်လိုက်ပြီးနာရီကြည့်လိုက်၏။
အချိန်အားဖြင့် ၁၂နာရီခွဲနေပြီမို့
သူ့မျက်ခုံးတွေ တွန့်ကွေးသွားရသည်။

" ငါသွားကူလိုက်အုံးမယ်။
ဒီနေ့ပေးရမဲ့အလုပ်တွေ ပြီးအောင်လုပ်ထားကြ ၊ ငါ ခဏနေ အိမ်ပြန်မှာ "

"ပိုပြီ ပိုပြီဟေ့  ၊  FAဖြစ်ရတာ မကောင်းဘူးကွာ  ၊ ငါလည်း ဒီနှစ်မကုန်ခင် အိမ်ထောင်ပြုတော့မှာ "

ဆိုင်ရှိအမြဲတမ်းFAဖြစ်နေတဲ့ တစ်ယောက်၏အော်သံကြောင့် ရေးညို့ထင် စားပွဲဘေးက ဘောပင်ယူပြီးပေါက်လိုက်၏။

" ဖားတုလို့ခရုခုန် အိုင်ပျက်ရုံပဲ ရှိမယ်၊
အရင်ဆုံး ရည်းစားအရင်ထားလိုက်။
မတူရင် မတုနဲ့  "

တဟားဟား အော်ရယ်သံတွေမဆဲတော့။
ရေးညို့ထင် ပြုံးဖြဲဖြဲနဲ့ မတ်တပ်ထရပ်လိုက်သည်။
သူတို့ဆိုင်အတွင်းရှိ တံခါးဘေးထောင့်မှာ မှန်တစ်ချပ်ချိတ်ထားသည်မို့ အဲ့နေရာမှာ ခဏရပ်လိုက်သေးသည်။

လှန်တင်သိမ်းဖြီးထားတဲ့ ဆံပင်တွေက ရှုပ်ပွခြင်းမရှိ။ သို့သော် သူဘီးကိုလှမ်းယူကာ အနည်းငယ်ထပ်ဖြီးလိုက်သေးသည်။
တိကျသေချာတဲ့မေးရိုးပေါ်က ပါးမြိုင်းမွှေးတွေသည် ရိပ်သင်ထားခါစဆိုသော်ငြား 
စိမ်းဖန့်ဖန့်ကိုဖော်ကျူး ထား၏။
သူတော်တော်လေး ကြည့်ကောင်းနေသလိုပဲ ။
ကော်လာကိုအနည်းပြုပြင်ပြီး
တံတောင်ထိရောက်အောင်ခေါက်တင်ထားသော အင်္ကျီလက်ကိုညီအောင်ညှိလိုက်၏။

" အသက်ကြီးမှ စွံတဲ့သူတွေက ဒီတိုင်းလားဟ"

"မဟုတ်ဘူး ကလေးကိုမုန့်ကျွေးယူထားတဲ့ သူတွေကမှဒီအတိုင်း "

တသောသောရယ်ကြပြန်၏။
သူ့ကိုထိုင်ကြည့်စနေရအောင် ဒီကောင်တွေအတော်အားနေကြတာပဲ ။

" အချိန်ပိုဆင်းချင်ကြတာလား "

ခါးထောက်မျက်ခုံးပင်ပြလိုက်တော့အကုန်
အလုပ်စားပွဲမှာခေါင်းစိုက်သွားကြပြန်၏။
တကယ်မလွယ်တဲ့ကောင်တွေ။

ရေးညို့ထင် တစ်ဖက်ဆိုင်ရောက်တော့
အလုပ်သမား၂ယောက်က ကားပေါ်ကနေ ပစ္စည်းတွေချနေကြ၏။
ခါတိုင်းပိတ်ထားနေကျ မှန်တံခါးသည်
ယခုမူ အလုပ်သမားတွေဝင်ရ၊ထွက်ရ
လွယ်အောင် အပြည့်ဖွင့်ထားသည်။

ကားဘေးနားမှာ ချထားတဲ့
ပစ္စည်းထုတ်တစ်ခုကို  ဆွဲပြီးဆိုင်အတွင်းရေးညို့ထင်ဝင်သွားလိုက်သည်။
ကေသီနဲ့ ကြည်နူးသည်  သယ်လာသမျှ
ပစ္စည်းတွေအား အတွင်းဖက်အခန်းမှာနေရာချနေပြီး ကောင်ကလေးကတော့
ကြမ်းပေါ်မှာထိုင်ကာ ပလက်စတစ်ပုံးကြီးထဲ ပန်းခြောက်တစ်ချို့ကိုထည့်သိမ်းနေ၏။

" ကောင်ကလေး နေမကောင်းဘူးလား၊
မျက်နှာလေး နွမ်းနေတယ်"

သူ့လက်ထဲက အထုတ်ကိုတစ်နေရာပစ်ချပြီး ကောင်ကလေးနှဖူးအားဘေးကခါးကုန်းပြီးစမ်းလိုက်၏။

"ကိုယ်မပူဘူးဆိုပေမဲ့ နွေးတေးတေးဖြစ်နေတယ်။ ကြမ်းပေါ်ဒီတိုင်းကြီးထိုင်နေတာမအေးဘူးလား ၊ ဖယ်..ဖယ် ကိုယ်လုပ်မယ်"

"ရတယ် ကျွန်တော်ဒါလေးပြီးရင် လုပ်စရာမရှိတော့ပါဘူး  ။ ထင်ထင်..လုပ်ကူမယ်ဆိုရင် ကေသီတို့ဆီတချက်ဝိုင်းကူပေးပါ့လား ၊ သူတို့ကမိန်းကလေးတွေဆိုတော့"

သူ၏ ကိုင်းထားသော ခါးကို ရေးညို့ထင်ပြန်မတ်လိုက်၏။ထို့နောက်သူ့အားမော့ကြည့်နေတဲ့ကောင်ကလေးကို လက်ညိုးနဲ့ အသာတောက်လိုက်ပြီး မျက်လုံးတွေမှေးစင်းကြည့်လိုက်သည်။

" ဆိုးလိုက်တာ "

ရွှေဘုံ ရယ်ပြလိုက်ပြီး ကိုထင်အားပြန်စလိုက်သည်။

" ထင်ထင် ကလိမ်မာပါတယ်။ သွားကူပေးနော်"

"ဟုတ်ပါပြီ ၊ ဟုတ်ပါပြီ  "

ကောင်ကလေးဆံပင်လေးကိုဆွဲဖွပြီး မမှီမကမ်းပစ္စည်းသိမ်းနေကြတဲ့ ကလေးမတွေဆီအမြန်ပြီးအောင်ပြေးကူရသည်။
ယောကျာ်းသားလည်းဖြစ်တာကြောင့်
အလေးအပင်ကအစ ရေးညို့ထင်
ခပ်သွက်သွက်သယ်ပေးနိုင်သည်။

" အားနာလိုက်တာကိုထင်ရယ်၊ ညီမတို့ဒါလေးပြီးရင် ပြီးပါပြီ ၊ အပြင်မှာထိုင်နေလို့ရပါတယ်  "

"ရတယ် ညီမ၊  အားမနာနဲ့၊ ဒါလေးဘယ်နားထားရမလဲ"

" အနောက်ထဲဝင်သွားလိုက် ကိုထင်"

ရှေ့မှာ ဆိုင်သီးသန့်ဆိုပေမဲ့နောက်ဖက်မှာဂိုထောင်သဘောမျိုးတိုက်ကလေးရှိသေးတာမို့ ပစ္စည်းကြီးကြီးမားမားတွေကို အဲ့အိမ်ထဲသွားထည့်ရ၏။
သက်သက်ငှားထားပုံရတဲ့ ဦးလေးကြီးနှစ်ယောက်နှင့်အတူ ရေးညို့ထင် မြန်မြန်ပင် အနောက်အိမ်ထဲပို့ရမဲ့ပစ္စည်းတချို့ကို ကူသယ်ပေးလိုက်သည်။

"  ကောင်ကလေး အိမ်ပြန်ရအောင် "

"ထင်ထင်က အစောကြီးအလုပ်ဆင်းမလို့လား။ ခုမှ တစ်နာရီကျော်ကျော်ပဲရှိသေးတယ်လေ"

ကျောပိုးအိတ်လေးလွယ်ထားတဲ့ကောင်ကလေးလက်ကို ရေးညို့ထင်သွားဆွဲလိုက်၏။  ကေသီတို့ ကြည်နူးတို့လည်း ပြန်ဖို့
ပြင်နေတာမို့ရေးညို့ထင် အားနာမနေပဲ ကောင်ကလေး လက်ကိုဒီတိုင်းပဲကိုင်ထားဖြစ်သည်။

"ကိုယ့်အလုပ်က အရေးမကြီးဘူး။
မင်းနဲ့အိမ်ပြန်လိုက်ခဲ့မယ်။ "

"ကျွန်တော့်ကိုစိတ်မပူနဲ့ ထင်ထင်ဆိုင်မှာထင်ထင်မရှိရင် ဘယ်ကောင်းမလဲ"

ရေးညို့ထင် သက်ပြင်းချကာ ကောင်ကလေးအားစေ့စေ့ကြည့်လိုက်သည်။

" ကောင်ကလေးတစ်ယောက်ထဲ
အိမ်ပြန်လွှတ်ရလောက်အောင်ထိ
ဘယ်အလုပ်မှအရေးကြီးမနေဘူး။
ဘယ်လိုလဲ မင်းအသာတကြည်ကိုယ်နဲ့လိုက်မှာလား။ ဒါမှမဟုတ်ထပ်အထွန့်တက်ပြီးမေးခွန်းတွေမေးနေအုံးမှာလား "

ရွှေဘုံ စပ်ဖြဲဖြဲလေးရယ်ပြပြီး ဆုပ်ကိုင်ထားဆဲ ကိုထင်လက်အားအနည်းငယ်လှုပ်ရမ်းလိုက်၏။

" ပြန်ကြမယ်၊ ဒီနေ့ အချိန်တွေပိုနေတာဆိုတော့  ဟော့ပေါ့စပ်စပ်လေးစားချင်တယ် "

"အင်း ကောင်ကလေးသဘော "

ချစ်တဲ့အိမ်စည်။

{ voteပေးကြသူများ ၊ ဖတ်ရူ့ပေးကြသူများအားကျေးဇူးအများကြီးတင်ပါတယ် }

Bạn đang đọc truyện trên: ZingTruyen.Xyz