တသက်လုံးပျော်ချင်မောင့်ကိုချစ်ပါ(တသက္လံုးေပ်ာ္ခ်င္ေမာင့္ကိုခ်စ္ပါ)Completed
19
မနက္ေနေရာင္သည္ အခန္းတစ္ခုလံုးအား လံုေလာက္ေသာပမာနထက္ပိုေအာင္ျဖာက်ေပးလ်က္ရွိသည္ ။ သူတို႔ေနထိုင္သည့္တိုက္ခန္းလႊာေတြသည္ က်န္အခ်ိန္မ်ားမွအပ မနက္ခင္းေနေရာင္ ေကာင္းစြာရွိနိုင္တာမို႔ မဆိုးဘူးဟုသက္မွတ္ရမည္ေပ။ သို႔မို႔ဆို တန္ဖိုးနည္းတိုက္ခန္းလႊာတို႔၏ က်ဥ္းေျမာင္းေသာ အခန္းဖြဲ႕စည္းပံုတို႔ေၾကာင့္ မ်ားေသာအားျဖင့္ ေနေရာင္နွင့္ေလဝင္ေလထြက္ေကာင္းစြာရရွိဖို႔မလြယ္လွ။
ေရးညိဳ႕ထင္သည္ မနက္၈နာရီခန္႔အခ်ိန္တြင္ ဆိုင္ယူသြားရန္ ထမင္းခ်ိဳင့္ကိုစံုလင္စြာစီမံၿပီးေခ်သည္။
ပံုမွန္အခ်ိန္မ်ားတြင္ ဆိုင္သို႔သြားရာ
လမ္းေပၚေရာက္ေနနိုင္ေပမဲ့ အိမ္ေထာင္က်ၿပီးေနာက္ပိုင္းတြင္ ေကာင္ကေလးေၾကာင့္ ၉နာရီမထိုးခင္အမွီေရာက္ေအာင္သြားဖို႔ပင္ မနည္းအခ်ိန္လုရ၏။
" ထင္ထင္ ကြၽန္ေတာ့္ ဆြယ္တာ အျပာေရာင္ေလးေရာ "
ေကာင္ေလးအတြက္ ေန႔ခင္းအဆာေျပ
ေသာက္ရန္ေဖ်ာ္ထားေသာ ႏြားနို႔ဘူးကုိ အပူခံအိတ္ထဲထည့္ၿပီး
လုပ္လက္စကို ေရးညိဳ႕ထင္ လက္စသတ္လိုက္၏။
" ကိုယ္မနက္ကေရခ်ိဳးရင္း ေလ်ွာ္လိုက္ၿပီေလ"
"ဟုတ္လား ၊ ကြၽန္ေတာ္ တစ္ခါပဲဝတ္ရေသးတယ္"
အခန္းအတြင္းဝင္ေရာက္ၿပီးခ်ိန္တြင္ေကာင္ကေလးသည္ ေရးညိဳ႕ထင္အား
ေနာက္ေက်ာေပး၍ အဝတ္ဗီရုိ ကိုဖြင့္ေနတာကိုေတြ႕ရ၏။ တဘတ္ တစ္ထည္
ျဖင့္ပတ္ေနွာင္ထားေသာ ခါးေသးေသးသည္ လက္တစ္ဆုပ္ခန္႔သာရွိၿပီး နို႔နွစ္ေရာင္ အေရျပားသည္ ေရးညိဳ႕ထင္ေဖ်ာ္ခဲ့ေသာ ႏြားနို႔ထက္ ပိုဝင္းေနသလိုပင္။
ေရစက္ေရေပါက္မ်ားကပ္ညိေနတဲ့
ေကာင္ကေလး၏ အေရျပားသည္
ပန္းပြင့္ျဖဴ ျဖဴ ေလးတစ္ပြင့္ကိုထိကိုင္လိုက္လ်င္ ပဲ့ေႂကြသြားနိုင္သကဲ့သို႔ ႏုညံ့လြန္းလွသည္ကို ျမင္ရုံနဲ႔သိနိုင္သည္။
"ထင္ထင္"
"ဟင္! "
သူအျဖစ္က စားခ်င္သဖြယ္ေကာင္းေသာ မုန္႔ခ်ိဳခ်ိဳေလးအား ခိုးစားဖို႔ေခ်ာင္းေျမာင္းေနတဲ့ ႂကြက္ေလးတစ္ေကာင္လိုပင္။
အမွတ္တမဲ့စြဲၿငိပါဝင္ခဲ့ေသာ ျမင္ကြင္းတခ်ိဳ႕က အၾကည့္တို႔ဖယ္ခြာသြားသည့္တိုင္ အာရုံမွာ မေပ်ာက္ပ်က္ပဲ တဝဲလည္လည္ျဖစ္ေနသည္။
ေျခာက္ကပ္လာေသာ လည္ပင္းအရ
သူေရငတ္လာသည္ထင္၏။
" ကြၽန္ေတာ္ဘာဝတ္ရမလဲ "
ေကာင္ကေလး အနီးသို႔ သူေလ်ွာက္သြားလိုက္သည္။
ေကာင္ကေလးက အသားျဖဴ သည္မို႔ အနီေရာင္ ဆြယ္တာထူထူေလးေ႐ြးေပးလိုက္၏။ ကေလးတစ္ေယာက္နွယ္ သူ႔အေပၚ အားကိုးတက္လြန္းသူမို႔ ေရးညိဳ႕ထင္က
အၿမဲအလိုက္သိတက္ရသည္။
" အျပင္ကေစာင့္ေနမယ္ ။ ျမန္ျမန္လုပ္အေအးပက္မယ္"
"ဟုတ္ကဲ့ "
ေကာင္ကေလးအနားက ျဖစ္နိုင္ရင္ သူထြက္မသြားခ်င္ေပ။ ထိုအကြာအေဝးက
လွမ္းေမ်ွာ္ၾကည့္ရေလာက္တဲ့ အေနအထားဆိုရင္ေတာင္မွ သူတြန္႔ဆုတ္ေန၏။
ေကာင္ကေလး ၏ အေငြ႕အသက္ေတြသည္ ေရးညိဳ႕ထင္အား ရစ္ပတ္ခ်ည္ေနွာင္ထားသလိုပင္ ။ သူ တျဖည္းျဖည္း ေကာင္ကေလးကို စြဲလန္းစ ျပဳလာၿပီျဖစ္သည္။
အမွတ္တမဲ့ ထိေတြ႕ခြင့္ရတဲ့ လက္ဖ်ားေလးေတြ၊ သိသိသာသာ ကိုင္ခြင့္ရတဲ့ ေကာင္ကေလး ပါးေလးေတြ၊ ႏုညံစြာပြတ္သပ္မိတဲ့ ဆံပင္ေပ်ာ့ေပ်ာ့ေတြက
ေရးညိဳ႕ထင္ အပိုင္ ဟု ေတြးမိရုံျဖင့္
သူျပန္လႊတ္မေပးခ်င္ေတာ့သလို ခံစားေနရပါသည္။
သူတို႔မနက္ဆို အလုပ္အတူသြားၾကသလို
ညေနဆို အတူတူျပန္လာၾကၿပီး ေကာင္ေကေလးႀကိဳက္တဲ့အရာေတြကိုလည္း
သူ
မေမ့မေလ်ာ့ဝယ္ေပးတက္ခဲ့ၿပီ။
ညအိပ္ရင္ ေစာင္တစ္ေစာင္ထဲမွာ ေကာင္ကေလးနဲ႔ အတူအိပ္ခြင့္ရတဲ့ညေတြ
သည္ သူ႔အထီးက်န္မူ႔ကို ထူးျခားစြာ ေျပေလ်ာ့ေစခဲ့သည္။ အိပ္ယာက နိုးထခ်ိန္တိုင္း ေဘးနားမွာ အသက္ရူသံသဲ့သဲ့က သူတစ္ေယာက္ထဲမဟုတ္ဘူးဆိုတဲ့ ခံစားခ်က္၊
တကယ္ပါ ၾကည္ႏူးရလြန္းလို႔ ဒီေကာင္ကေလးကို တေမ့တေမာ ေငးၾကည့္ရတဲ့ မနက္ခင္းေတြကို သူအမ်ားႀကီးပဲ
စုမိလာတဲ့အထိပဲ။
အိပ္ယာက နိုးလိုက္တာနဲ႔ ထင္ထင္ေရ လို႔
ေခၚတဲ့အသံေလးကိုလည္း သူတအားသေဘာက်၏။
သူေကြၽးသမ်ွ ပါးစပ္ေသးေသးနဲ႔
အမ်ားႀကီးစားေပးတက္တဲ့ေကာင္ကေလးေၾကာင့္ သူ အမ်ားႀကီး ေပ်ာ္ရႊင္ရသလို ရူးေလာက္ေအာင္လွတဲ့ မ်က္ဝန္းညိဳေလးေတြနွင့္
မ်က္ေတာင္ေကာ့ေတြေၾကာင့္
သူအၿမဲ အသက္ရူၾကပ္မတက္ျဖစ္ရ၏
" ကြၽန္ေတာ္ ၿပီးၿပီ "
နီနီရဲရဲ ဆြယ္တာေအာက္က အျဖဴေရာင္
ေပါင္မုန္႔လံုးေလး။
ေရးညိဳ႕ထင္ ၿပံဳးၾကည့္ကာ
စားပြဲေပၚမွာတင္ထားတဲ့ျခင္းကိုယူၿပီးထလိုက္သည္။
" ညေန ေစာေစာအလုပ္ဆင္းၾကမလား။
ကိုယ္ မင္းကို မုန္႔ေတြအမ်ားႀကီးစားလို႔ရတဲ့ေနရာကိုေခၚသြားေပးမယ္ "
"တကယ္လား "
"ကိုယ့္ရုပ္က ညာမဲ့ရုပ္လား"
"အဲ့ဒါဆို လာေခၚ၊
ကြၽန္ေတာ္ေစာင့္ေနမယ္ "
" ကိုယ္ေျပာတာညေနမွ ေနာ္ ၊ ေန႔ခင္းမင္းထမင္းဝေအာင္စားဖို႔ေတာ့လိုတယ္။
ဒီေန႔မင္းႀကိဳက္တဲ့ ဝက္သားနီခ်က္ ခ်က္ထားတယ္။ ထမင္းစားခ်ိန္ေရာက္ရင္ ကိုယ္လာခဲ့မယ္၊ ဒီၾကားထဲ မုန္႔ေတြစားမထားနဲ႔ ေနာ္၊ ကိုယ္သိရင္မင္းကိုဆူမွာ "
" ကြၽန္ေတာ္က လိမ္မာပါတယ္။ ထင္ထင္
စိတ္ပူရေအာင္မလုပ္ပါဘူး "
ေလွကားအဆင္းမွာ ဘယ္ရယ္မဟုတ္ ေကာင္ကေလးလက္ကေလးကို ဆြဲလိုက္၏။ အစက သတိထားရေအာင္ဆြဲလိုက္ေသာ္ျငား ျပန္လြတ္မေပးခ်င္ေတာ့တာမို႔ လက္ေခ်ာင္းေသးေသးေလးေတြကို သူ႔လက္နဲ႔ ယွက္၍ ဆုပ္ကိုင္လိုက္၏။
" အင္း .. လိမ္မာတဲ့ ကေလးေတြကို
လူႀကီးေတြက ခ်စ္ၾကတယ္။
အခ်စ္ခံခ်င္ရင္ ပိုၿပီး လိမ္မာေအာင္လုပ္ "
"ေရႊဘံုက ကေလးမွမဟုတ္တာ "
"ကိုယ္နဲ႔ယွဥ္ရင္ မင္းက ကေလးပဲေလ။
အေႏြးဘူးထဲမွာ ႏြားနို႔ထည့္ထားတယ္။ အစက ေန႔ခင္းအဆာေျပေသာက္ရေအာင္ထည့္ထားတာ။ ေရခ်ိဳးထားတာဆိုေတာ့ ရင္ထဲေႏြးသြားေအာင္ ခုဝင္သေလာက္ ေသာက္ထားလိုက္"
ျခင္းထဲက အိတ္ကေလးကိုေကာင္းကေလးဆီလွမ္းေပးလိုက္သည္။
ကားေပၚေရာက္ေတာ့ ေရးညိဳ႕ထင္ေျပာတဲ့အတိုင္း ႏြားနို႔ဘူးေလးဖြင့္ေနသည္ကိုေတြ႕ရေတာ့ ဆံပင္ေလးေတြကိုရႈပ္ပြသြားေအာင္ သေဘာတက်သြားဖြမိေသး ၏။
ေကာင္ကေလးက တကယ္လိမ္မာပါသည္။
အမ်ားႀကီးလိမ္မာလို႔ သူခ်စ္မိသြားရင္ေရာ
ဘယ္လိုလုပ္မလဲ။
_________
ေန႔ရက္မ်ားသည္ အလ်ွင္အျမန္ပင္ကုန္ဆံုးသြားခဲ့၏၊ ည၈နာရီေက်ာ္ခန္႔အခ်ိန္တြင္ ကိုထင္ပို႔လိုက္ေသာ မက္ေဆ့တစ္ေစာင္ ေရႊဘံုထံ ေရာက္လာသည္။
အေၾကာင္းမွာ
ကိုထင္ လက္ရွိ ငွားရမ္းထားေသာ ဆိုင္ခန္းကို ကိုယ္ပိုင္အျဖစ္ ဝယ္ယူလိုက္တဲ့အထိန္းအမွတ္ျဖင့္ ဆိုင္ရွိ ဝန္ထမ္းမ်ားကို
ဒီညေကြၽးေမြးဧည့္ခံရန္ ဆိုင္လိုက္ပို႔ရမည္ျဖစ္ေၾကာင္းအသိေပးလာေသာစာျဖစ္သည္။
{ ေကာင္ကေလး ဒီည ကိုယ္အျပင္မွာ ရွိမယ္
ဆိုင္က ကေလးေတြကိုKTV လိုက္ပို႔မလို႔။ မင္း လိုက္ခ်င္စိတ္ရွိရင္ ×××ဆိုင္ကိုလိုက္ခဲ့ ။ အကယ္၍ အိမ္ျပန္မဲ့အခ်ိန္ထိ အလုပ္မၿပီးေသးရင္လည္း ကိုယ္ကိုဖုန္းဆက္ေပးလာႀကိဳမယ္}
လိပ္စာပါေသာ စာတိုေလးကို အသံတိတ္ဖတ္ၿပီး ဖုန္းကိုအိတ္ထဲထည့္လိုက္၏။
ေရႊဘံုတို႔သံုးေယာက္လံုး ဒီေန႔မအားပါ။
ေစ့စပ္ပြဲေန႔အတြက္ ငွားရမ္းထားေသာ
အလွဆင္အလုပ္ကို မနက္ေစာေစာ အဆင္သင့္ျဖစ္ေအာင္ ညကတည္းက
အၿပီးအစီးလုပ္ေပးရမွာျဖစ္သည္။
ေနရာသည္ ၿခံဝန္းတစ္ခု၏
ေနရာလြတ္မွာျဖစ္ၿပီး ဘယ္သူမွမလုပ္ဖူးေသးေသာ ဒီဇိုင္းကို အသစ္ဆင္ဖို႔ႀကိဳးစားေနၾကတာမို႔ လက္ဝင္ကာ အႏုစိတ္သည္။
" ကိုထင္ လား "
"အင္း သူ႔ဆိုင္က ဝန္ထမ္းေတြကိုKTVလိုက္ပို႔ေပးေနတယ္တဲ့"
အျဖဴ ေရာင္တိုင္လံုးႀကီးက အတု ျဖစ္ၿပီး တိုင္အစစ္နဲ႔မျခားနားေပ။ လံုးပတ္အရ လူႀကီးလက္တေပြ႕စာရွိၿပီး အလွဆင္တဲ့ အခန္းအနားတခ်ိဳ႕မွာ ခုေနာက္ပိုင္း အသံုးျပဳလာၾကသည္။ ထိုတိုင္အတုႀကီးနွစ္လံုးကို
ဝင္ေပါက္သေဘာမ်ိဳး ျမက္ခင္းေပၚမွာမတ္မတ္ေထာင္ရမွာျဖစ္၏။ ၿပီးမွ ဖဲစအျဖဴ ေရာင္မ်ားနဲ႔ အလိုရွိသလို လွပဆန္းသစ္ေအာင္ ျပင္ဆင္ရမွာျဖစ္သည္။
အျဖဴ ေရာင္ေပၚမွာ ၾကက္ေသြးေရာင္ေဖာက္ဖို႔ ေရႊဘံုတို႔ စိတ္ကူးထားသည္။
အေရာင္အစပ္ဟပ္တည့္ေစရန္ ၾကည္ႏူး
နဲ႔ေကသီ ၃ရက္ခန္႔ၾကာေအာင္ ပန္းအမ်ိဳးအစားနွင့္ျပင္ဆင္ရမဲ့ပံုၾကမ္းကို ႀကိဳးစားရွာေဖြထားရ၏။
" ဖယ္ ငါလုပ္ေပးမယ္"
ၾကက္ေသြးေရာင္ လိုက္ကာစကို ေကသီလက္ထဲကေန ဆြဲယူၿပီး ေရႊဘံု အစားထိုးဝင္လုပ္လိုက္သည္။
အျဖဴ ေရာင္နွင့္ နီညိဳေရာင္ ေရာစပ္ေသာ အလွတရား ကို ရင့္တဲ့ဖက္မသြားပဲ
ရင္ေအးၿပီး ပံုျပင္ဆန္တဲ့အေနအထားကို သြားဖို႔တိုင္ပင္ထား၏။
ထို႔ေၾကာင့္ နီညိဳေရာင္ကိုေလ်ာ့သံုးမွာျဖစ္ၿပီး အျဖဴ ေရာင္ ပန္းမ်ားအလယ္မွာ
အေရာင္ေဖာက္ရုံအေနနဲ႔ပဲ အလွဆင္မွာျဖစ္၏။
" ဆိုင္ခန္းဝယ္လိုက္တယ္ဆို ၊ ေနရာက လမ္းမေပၚဆိုေတာ့
ေစ်းမ်ားမယ္ထင္တယ္"
" မ်ားတယ္ ဆိုေပမဲ့ အဲ့ေနရာက ဆိုင္ဖြင့္လာတာ ၾကာၿပီေလ။ သူဝယ္သင့္ပါတယ္။ၿပီးေတာ့ သူ႔ဆိုင္ခန္းက ငါနဲ႔ေဝးတဲ့ေနရာျပာင္းသြားလို႔မရဘူးေလ။ မဟုတ္ရင္
တစ္ေယာက္တစ္ျခားဆီ ပို႔လိုက္ႀကိဳလိုက္နဲ႔ အလုပ္ရႈပ္တယ္"
" ကိုထင္က မထင္ရဘူးေနာ္၊ တအားၾကင္နာတက္တာပဲ။ သူ႔ကိုၾကည့္လိုက္ရင္ အၿမဲ ၿပံဳးၿပီး နင့္ကိုဆို အရိပ္တၾကည့္ၾကည့္နဲ႔ ။
ငါတို႔ေမာင္ေရႊေလး တကယ္ေယာက်ာ္းရကံေကာင္းလိုက္တာ "
"ကံေကာင္းတယ္လို႔ေျပာရင္ ကံေကာင္းတာေပါ့။ သူက ကိုခန္႔ထက္စာရင္ အပံုႀကီးငါ့ေပၚေကာင္းတယ္။
ကိုခန္႔ဆိုရင္ ငါ့ကပဲဖုန္းဆက္ရတယ္၊ ငါဘာႀကိဳက္တက္သလဲဆိုတာ သူမသိဘူး၊
ကိုထင္ကက် အဲ့လိုမဟုတ္ဘူး ၊ငါဘာဆိုတာကို မေျပာပဲနဲ႔ေတာင္မွ သူကႀကိဳသိေနတက္တယ္ ၊ ဂရုလည္းစိုက္တယ္"
"နင့္အိမ္က ဘာေျပာေသးလဲ"
"ဒယ္ဒီက ေယာက်ာ္းသားဆိုေတာ့
နည္းနည္း ေနရခက္ေနေသးတယ္ထင္တယ္၊ မာမီကေတာ့ ကိုထင္ကို သေဘာက်ပါတယ္။ ဘာမွမေျပာေပမဲ့ ကိုထင္ဝတ္ဖို႔ ေဆာင္းရာသီဝတ္ေတြဟိုေန႔ကေတာင္မွ
အမ်ားႀကီးပို႔ေပးေသးတယ္"
အန္တီဟန္နီက အဝတ္အစားနဲ႔ လက္ကိုင္အိတ္မ်ားစြာထုတ္လုပ္ေရာင္းခ်ေသာ
ကုမၸဏီဖြင့္ထားတာမို႔ ရာသီေပၚ ဒီဇိုင္းမ်ိဳးစံုက အရင္ကဆို ေရႊဘံုတစ္ေယာက္ပဲ ဦးဦးဖ်ားဖ်ားဝတ္ရတာျဖစ္သည္။ ခုလို ကိုထင္အား ပို႔ေပးတယ္ဆိုမွေတာ့ လက္ခံသည္ဟု
နႈတ္ကမေျပာလည္းသိနိုင္၏။
" ကိုထင့္ဖက္က ဆက္ဆံေရးကေရာ
၊ အန္တီဟန္နီေပးတာကို ျငင္းတာဘာညာရွိလား"
ေရႊဘံုေခါင္းရမ္းျပလိုက္သည္။
"မရွိဘူး။ သူကအဲ့လိုမရုိင္းဘူး။
မာမီေပးလိုက္သမ်ွ အကုန္လံုးသူဝတ္တယ္၊ တစ္ခုပဲ မာနႀကီးတာမဟုတ္ေပမဲ့
ငါ့ကို မာမီတို႔ဆီက ေငြေၾကးအေထာက္အပံ့
မယူခိုင္းဘူး"
"အဲ့ဒါေတာ့မျဖစ္ဘူးေလ ၊ နင္က တစ္ဦးတည္းသာသားဆိုေတာ့ နင့္အေမြေတြဘယ္သြားပစ္ရမွာလဲ"
ေရႊဘံု ၿပံဳးကာ ေကသီလက္ထဲက
ႏြယ္ႀကိဳးေခြေလးေတြ လွမ္းငံု႔ယူလိုက္သည္။
" ငါလက္ခံရမဲ့အရာေတြရွိမွန္းသိတယ္တဲ့၊ မာမီတို႔ အနားယူတဲ့အခ်ိန္ေရာက္လို႔ လုပ္ငန္းေတြငါ့လက္ထဲေရာက္လာရင္ ႀကိဳက္တာလုပ္တဲ့ ၊ ခုေတာ့ သူရွာေကြၽးတာနဲ႔ လွေအာင္ေနပါအံုးတဲ့"
"အမေလး ရုိလိုက္ၾကတာ "
လက္ထဲကမွာ အဆင့္သင့္ျဖစ္ေအာင္ လုပ္ထားေသာ ပန္းပြင့္အံုနဲ႔ႏြယ္ေခြေတြကို ကိုင္ထားရင္း ေကသီမၾကားနိုင္စြာ
ခုန္စြခုန္စြ လုပ္မိ၏။
ညအခ်ိန္ျဖစ္ေသာ္ျငား မီးအလင္းေရာင္ျဖင့္ အစိမ္းေရာင္ျမက္ခင္းျပင္သည္ ထိန္လင္းလ်က္ရွိ၏။
ေန႔ခင္းကတည္းက ေရာက္ေနၾကတာၾကတာမို႔ ေတာ္ေတာ္မ်ားမ်ား ၿပီးစီးလုၿပီျဖစ္သည္။ လူငယ္ေတြမို႔ စိတ္ကူးေကာင္းၿပီး
အေတြးအေခၚဆန္းသည္မို႔ တစ္ပြဲဆို တစ္ပြဲထိုးေဖာက္နိုင္သည္။
ေနာက္ၿပီး သူတို႔သံုးေယာက္လံုး၏
လက္ရွိအျမတ္သည္ မရွိသေလာက္အေနအထားမွာျဖစ္ၿပီးရသမ်ွပိုက္ဆံကို ဆိုင္အတြင္းထြက္သမ်ွDesignမရွိရေလေအာင္တင္ထားနိုင္သည္။
ပန္းအလွဆင္လုပ္ငန္းသည္ မ်ားစြာ
အႏုပညာဆန္ရ၏။
ပန္းတစ္ပြင့္၏ တန္ဖိုးနွင့္ ပန္းအလွဆင္ပညာရွင္၏ စိတ္ကူးသည္ တန္တူညီမ်ွသည္။
" ဒါၿပီးျပန္ရေအာင္ ၊ မနက္ေစာေစာမွ တစ္ေခါက္လာၾကည့္ေတာ့မယ္ "
ၿပီးစီးသြားၿပီျဖစ္ေသာ မဂၤလာေမာင္မယ္ လက္မွတ္ထိုးရမဲ့ ေနရာေလးသည္ ေငးေမာၾကည့္ခ်င္စရာေကာင္းေအာင္ လွပေနလ်က္။
ၾကည္ႏူးသည္ သူ႔လက္ထဲက
အျဖဴ ေရာင္ ပိတ္စ ကို ထိုင္ခံု၏
ေက်ာမွီမွာဖံုးလိုက္၍ ၾကက္ေသြးေရာင္ဖဲစျဖင့္ ေသသပ္ေအာင္ အလွဆင္လိုက္သည္။ ပန္းအလွဆင္ပညာရွင္တစ္ေယာက္အေနနဲ႔ ျမန္ဆန္ေသာ တခဏမွာ
လွပေသာ သတိုးသား၊သတိုးသမီး လက္မွတ္ထိုးရန္ထိုင္ေသာေနရာလွလွေလး ျပင္ဆင္၍ ၿပီးသြားခဲ့ေခ်၏။
" ထိုင္ခံုေတြ အိမ္ထဲေ႐ြ႕ခဲ့ၾကမလား "
"ေ႐ြ႕ရမွာ ၊ ညကို နွင္းက်မယ္ထင္တယ္ "
ၾကည္ႏူးစကားေၾကာင့္ ခုမွေအးရမွန္းသိစြာ အေျပးအလႊားလက္ရွည္ထပ္ဝတ္လိုက္ရသည္။
ေဆာင္းညသည္ အေအးလြန္ကဲလာၿပီျဖစ္၏။
ညစ္ေပ ၊ ေပေရလြယ္ေသာ ပစၥည္းမ်ားအား အိမ္ထဲထည့္ၿပီး ေရႊဘံုတို႔လည္း အိမ္ကိုျပန္ဖို႔ျပင္ေတာ့သည္။
" ေမာင္ေရႊ ငါတို႔ျပန္လိုက္ပို႔ရမလား"
"ေနပါေစ ေကာင္မေလးေတြကို နင္တို႔
ျပန္လုိက္ပို႔ရဦးမွာမို႔လား"
" သူတို႔ကဒီေန႔ ငါ့အိမ္လိုက္အိပ္ၾကမွာ
၊ မနက္လည္းေစာေစာလာရမွာခ်င္းအတူတူ မျပန္ေတာ့ဘူးတဲ့ "
ခါတိုင္းအလုပ္မ်ားတဲ့ေန႔ေတြဆိုလည္း ေကသီျဖစ္ျဖစ္ ၾကည္ႏူးျဖစ္ျဖစ္ ဝန္ထမ္းေကာင္မေလးနွစ္ေယာက္ကို အိမ္ေခၚသြားေလ့ရွိတာမို႔ ေရႊဘံုထူးၿပီးေမးမေနေတာ့ေပ။
ၾကည္ႏူးအား ထင္ထင္ရွိမဲ့လိပ္စာတစ္ခု႐ြတ္ျပလိုက္သည္။
ခုထိဖုန္းဆက္မလာေသးတာမို႔
ကိုထင္လည္း အိမ္ျပန္ေရာက္ေသးမဲ့ပံုမေပၚေပ။
ထို႔ေၾကာင့္ ဆိုင္ေရွ႕မေရာက္ေသးခင္ ဖုန္းႀကိဳဆက္ထားလိုက္၏
"နင္တို႔ အထဲလိုက္ဝင္အံုးမလား"
"ေကသီနင္ေနခဲ့ခ်င္လား ၊ငါကေတာ့ပင္ပန္းလို႔ျပန္အိပ္ေတာ့မွာ "
ၾကည္ႏူးတကယ္ပင္ပန္းလြန္းလို႔အိပ္ယာထဲဝင္ေခြခ်င္လွၿပီျဖစ္သည္။
တေနခင္းလံုး မနားရတဲ့ အလုပ္မို႔
ေကသီလည္းထို႔အတိုင္းပင္ျဖစ္ကာ လက္ရမ္း၍ ျငင္းဆန္လိုက္၏။
"No No ငါလည္းအိမ္ျပန္မွာ "
" ဒါဆိုလည္း ငါပဲေနခဲ့ေတာ့မယ္၊
ကိုထင္တို႔လည္း သိပ္မၾကာခင္ျပန္မယ္ထင္တယ္။ "
" ေမာင္ေရႊ ဟိုမွာ နင့္လူႀကီးမို႔လား "
ၾကည္ႏူးနဲ႔ စကားေျပာေနစဥ္ ဆိုင္ေရွ႕ ကားရပ္ဖို႔ႀကိဳးစားေနတဲ့ ေကသီ့အသံေၾကာင့္ ေရႊဘံုလွည့္ၾကည့္လိုက္သည္။
ေရးညိဳ႕ထင္မွဟုတ္ပါရဲ႕လားဟု နွစ္ခါျပန္ၾကည့္ရမည့္ပံုပင္။
ထူးျခားစြာဝတ္ဆင္ထားျခင္းမဟုတ္။
ပုဆိုးအစား ေဘာင္းဘီရွည္ တစ္ထည္ကိုေျပာင္းလဲဝတ္ဆင္ထားၿပီး
ဖလန္ထည္အကြက္က်ဲတစ္ထည္အေပၚမွ ဂ်င္းလက္ရွည္အပြတစ္ထည္ကိုထပ္ဝတ္ထားတာျဖစ္သည္။
ရွည္လ်ားတဲ့အရပ္ေၾကာင့္ ဆိုင္ေရွ႕ေထာင့္နားမွာ ဖုန္းကိုင္ထားရင္းမတ္တပ္ရပ္ေစာင့္ေနသည္ကို အေဝးကတည္းက သိသိသာသာျမင္ေနရ၏။
" ဒီလိုဝတ္လိုက္ေတာ့လည္း ကုိထင္ႀကီးက အမိုက္စားဟဲ့။ နိုင္ငံျခားေမာ္ဒယ္တစ္ေယာက္လိုပဲ စြဲေဆာင္မူ႔ရွိေနတုန္းပဲ။
ဟဲဟဲနင့္လူႀကီး မအိုေသးဘူး "
" ေကသီေနာ္ စကားေျပာတာ မိန္းကေလးျဖစ္ၿပီး စည္းလြတ္ဝါးလြတ္"
"ဘုရားေရ ၊ ကြၽန္မေျပာတဲ့ထဲမွာ
ဘာအမွားမ်ားပါသြားလို႔လဲ "
မ်က္လံုးျပဴ းၿပီး ဟန္ပါပါ သူ႔နႈတ္ခမ္းအား
လက္ဖဝါးျဖင့္ကာ ပိတ္လိုက္တဲ့ပံုစံလုပ္ျပေနတဲ့ ေကသီအားလ်စ္လ်ဴ ရူ ႔၍
ကားေပၚကဆင္းလိုက္၏။
သူဆင္းလာတာျမင္ေတာ့ကိုထင္
က ဆိုင္ေရွ႕ကေနလမ္းတစ္ဖက္ကိုကူးလာသည္။
" ေကသီ နဲ႔ၾကည္ႏူး မဆင္းေတာ့ဘူးလား"
ေရးညိဳ႕ထင္ ေကာင္ကေလးလက္ထဲမွ
ေက်ာပိုးအိတ္ေလးကိုေျပာင္းဆြဲယူလိုက္ရင္း ခါးကိုင္းကာ နႈတ္ဆက္လိုက္သည္။
" မဆင္းေတာ့ဘူး ကိုႀကီး ၊ ညီမတို႔ ဒီေန႔ပန္းလို႔ ေစာေစာနားေတာ့မယ္ "
"ဟုတ္လား၊ ဒါဆိုလည္းဂရုစိုက္ျပန္ၾကဦး
ေနာ္ ၊ေနာက္အားတဲ့ရက္မွ မုန္႔လိုက္ေကြၽးေတာ့မယ္ "
" ဟီးဟီး အဲ့တိုင္းပဲ လုပ္ၾကတာေပါ့၊ ပိတ္ရက္ဖုန္းဆက္လိုက္မယ္။ ခုေတာ့ ညီမတို႔အရင္ျပန္နွင့္ေတာ့မယ္ "
ေရးညိဳ႕ထင္ လက္ျပလိုက္သည္။
ေကာင္ကေလးသူငယ္ခ်င္းေတြကလည္း သူညီမေလးေတြမို႔ သူအေနနဲ႔ စိမ္းစိမ္းကားကားမေနပဲ လိုက္ေလ်ာညီေထြျဖစ္ေအာင္အတက္နိုင္ဆံုး ႀကိဳးစားေပးခဲ့သည္။
ထိုအေၾကာင္းအရာအမ်ားစုသည္
သူတာဝန္ယူထားရဲ႕ေကာင္ကေလး
ေကာင္းဖို႔အတြက္ပဲျဖစ္သည္။
ပတ္ဝန္းက်င္နွင့္ လူမူ႔ဆက္ဆံေရးမွာ
ေရႊဘံုမင္းစံရဲ႕ ေယာက်ာ္းသည္
အေကာင္းဆံုးဆိုတာပဲ ျပနိုုင္ရမည္။
" ေကာင္ကေလးက ဒီေန႔ပင္ပန္းလာတယ္ဆိုေတာ့ ကိုယ္တို႔ ခဏေနၿပီးျပန္ၾကမယ္ "
ကားလမ္းျဖတ္ကူးတဲ့အခ်ိန္မွာ
ကိုထင္က ေရႊဘံုလက္ကေလးကို ဂရုတစိုက္ ဆြဲကိုင္ထား၏။
လက္တစ္ဖက္ထဲမွာလည္း ေရႊဘံု
ေက်ာပိုးအိတ္ေလးကို ဆြဲထားေသးသည္မို႔ ကိုထင္က ခ်စ္သူေကာင္းတစ္ေယာက္ ပံုစံ အျပည့္အဝထင္ေပၚေနပါသည္။
ကားမီးေရာင္မ်ားၾကားရဲဝင့္စြာ လမ္းကူးဖို႔ဆိုတာ ေရႊဘံုအေနျဖင့္ အျမင္အာရုံ
အားနည္းခ်က္ရွိသူမို႔ ငယ္စဥ္ကတည္းက မရဲသူျဖစ္သည္။
ေရႊဘံု ဆယ္တန္းေျဖၿပီးကာစက
ကားလမ္းကူးစဥ္ ဆိုင္ကယ္တစ္စီးနဲ႔ တိုက္မိမလိုျဖစ္ဖူးသည္။
ထိုအခ်ိန္ကတည္းက ကားလမ္းကူးဖို႔
ေတာ္ရုံဆို လုပ္ေလ့မရွိေတာ့ပဲ
ေၾကာက္႐ြံ႕သြားခဲ့တာျဖစ္သည္။
" လက္ေတြေအးေနတယ္ ေၾကာက္လို႔လား "
ကားလမ္း၏ တစ္ဖက္သို႔ေရာက္ရွိစဥ္
ကိုထင္က သူ႔လက္ဖဝါးထဲက ေရႊဘံုလက္ကေလးကို ဆုပ္ခ်ည္ျဖန္႔ညီ လုပ္ကာ
ေမးလာ၏။
" ထင္ထင္ရွိတာပဲ ကြၽန္ေတာ္မေၾကာက္ဘူး"
"စကားေတြတက္ခ်ည္လား။ ေျပာစမ္း
မင္း ဘာလိုခ်င္လို႔လဲ "
ေရးညိဳ႕ထင္ ေကာင္ကေလးလက္ကို မလႊတ္ေပးပဲ သူ႔အိတ္ေထာင္ထဲ ထည့္လိုက္သည္။ ဝန္ထမ္းတစ္ခ်ိဳ႕သည္ သိသိသာသာ
သူတို႔အားေငးၾကည့္ေနၾကေပမဲ့ ေရးညိဳ႕ထင္ကေတာ့ သတိမထားမိခဲ့ေပ။
သူ႔မ်က္လံုးေတြသည္ ေကာင္ကေလးဆီမွာပဲႏုညံ့စြာဆင္းသက္ေနၿပီး
နႈတ္ခမ္းေထာင့္စြန္းေလးနွစ္ဖက္သည္
အထက္သို႔ ေကာ့တက္ေနေလသည္။
" လိုခ်င္တာမရွိပါဘူး။ ထင္ထင္ ေသာက္ထားလား "
ဓာတ္ေလွကားခလုတ္ကို နွိပ္လိုက္ၿပီးလ်ွင္ သူ႔ခါးအားအနည္းငယ္ေကြးညႊတ္လိုက္သည္။ သူ႔မ်က္လံုးတည့္တည့္သည္ ေကာင္ကေလးမ်က္နွာနဲ႔တေျပးညီျဖစ္သြားခ်ိန္တြင္ နႈတ္ခမ္းအား ေကာင္ကေလး နွာေခါင္းေရွ႕တိုးေပးလိုက္၏။
" မယံုရင္ နမ္းၾကည့္ေလ "
ေရႊဘံု နည္းနည္းေလးေရွ႕တိုးကာအနံ႔ခံၾကည့္လိုက္၏။
မယံုလို႔မဟုတ္ေပ။
ကိုထင္က အားကစားသမားမို႔
အရက္ေသစာေသာက္စားလို႔မရလို႔ပင္ျဖစ္သည္။
"မြ"
ႏုညံ့ေသာအထိအေတြ႕ က ရင္ထဲမွာသိမ့္ခနဲျဖစ္ေစ၏။
ေရးညိဳ႕ထင္ၿပံဳးစိစိျဖင့္ ခါးကိုျပန္မတ္လိုက္သည္။
နား႐ြက္ဖ်ားေလးေတြရဲေနတဲ့ေကာင္ကေလးက သူ႔ေခါင္းအား အတင္းငံု႔ထားတာေၾကာင့္ ေရးညိဳ႕ထင္ ဆြဲကာ ရင္ခြင္ထဲထည့္ဖက္ထားေပးလိုက္၏။
" ရွက္လို႔လား "
သူတိုးတိုးေလးေမးလိုက္သည္။
ျပန္ေျဖမလာေပမဲ့ သူ႔အက်ၤ ီရင္ဘတ္အား
ဆြဲထားတဲ့ လက္ဆစ္ေလးေတြေၾကာင့္
ေရးညိဳ႕ထင္ ဂုတ္ပိုးျဖဴ ျဖဴ ေလးအား
တစ္ခ်က္ဖ်စ္ညစ္ၿပီး စေနွာက္၏။
" ခ်ိဳတယ္"
ခ်စ္တဲ့အိမ္စည္။
မနက်နေရောင်သည် အခန်းတစ်ခုလုံးအား လုံလောက်သောပမာနထက်ပိုအောင်ဖြာကျပေးလျက်ရှိသည် ။ သူတို့နေထိုင်သည့်တိုက်ခန်းလွှာတွေသည် ကျန်အချိန်များမှအပ မနက်ခင်းနေရောင် ကောင်းစွာရှိနိုင်တာမို့ မဆိုးဘူးဟုသက်မှတ်ရမည်ပေ။ သို့မို့ဆို တန်ဖိုးနည်းတိုက်ခန်းလွှာတို့၏ ကျဉ်းမြောင်းသော အခန်းဖွဲ့စည်းပုံတို့ကြောင့် များသောအားဖြင့် နေရောင်နှင့်လေဝင်လေထွက်ကောင်းစွာရရှိဖို့မလွယ်လှ။
ရေးညို့ထင်သည် မနက်၈နာရီခန့်အချိန်တွင် ဆိုင်ယူသွားရန် ထမင်းချိုင့်ကိုစုံလင်စွာစီမံပြီးချေသည်။
ပုံမှန်အချိန်များတွင် ဆိုင်သို့သွားရာ
လမ်းပေါ်ရောက်နေနိုင်ပေမဲ့ အိမ်ထောင်ကျပြီးနောက်ပိုင်းတွင် ကောင်ကလေးကြောင့် ၉နာရီမထိုးခင်အမှီရောက်အောင်သွားဖို့ပင် မနည်းအချိန်လုရ၏။
" ထင်ထင် ကျွန်တော့် ဆွယ်တာ အပြာရောင်လေးရော "
ကောင်လေးအတွက် နေ့ခင်းအဆာပြေ
သောက်ရန်ဖျော်ထားသော နွားနို့ဘူးကို အပူခံအိတ်ထဲထည့်ပြီး
လုပ်လက်စကို ရေးညို့ထင် လက်စသတ်လိုက်၏။
" ကိုယ်မနက်ကရေချိုးရင်း လျှော်လိုက်ပြီလေ"
"ဟုတ်လား ၊ ကျွန်တော် တစ်ခါပဲဝတ်ရသေးတယ်"
အခန်းအတွင်းဝင်ရောက်ပြီးချိန်တွင်ကောင်ကလေးသည် ရေးညို့ထင်အား
နောက်ကျောပေး၍ အဝတ်ဗီရို ကိုဖွင့်နေတာကိုတွေ့ရ၏။ တဘတ် တစ်ထည်
ဖြင့်ပတ်နှောင်ထားသော ခါးသေးသေးသည် လက်တစ်ဆုပ်ခန့်သာရှိပြီး နို့နှစ်ရောင် အရေပြားသည် ရေးညို့ထင်ဖျော်ခဲ့သော နွားနို့ထက် ပိုဝင်းနေသလိုပင်။
ရေစက်ရေပေါက်များကပ်ညိနေတဲ့
ကောင်ကလေး၏ အရေပြားသည်
ပန်းပွင့်ဖြူ ဖြူ လေးတစ်ပွင့်ကိုထိကိုင်လိုက်လျင် ပဲ့ကြွေသွားနိုင်သကဲ့သို့ နုညံ့လွန်းလှသည်ကို မြင်ရုံနဲ့သိနိုင်သည်။
"ထင်ထင်"
"ဟင်! "
သူအဖြစ်က စားချင်သဖွယ်ကောင်းသော မုန့်ချိုချိုလေးအား ခိုးစားဖို့ချောင်းမြောင်းနေတဲ့ ကြွက်လေးတစ်ကောင်လိုပင်။
အမှတ်တမဲ့စွဲငြိပါဝင်ခဲ့သော မြင်ကွင်းတချို့က အကြည့်တို့ဖယ်ခွာသွားသည့်တိုင် အာရုံမှာ မပျောက်ပျက်ပဲ တဝဲလည်လည်ဖြစ်နေသည်။
ခြောက်ကပ်လာသော လည်ပင်းအရ
သူရေငတ်လာသည်ထင်၏။
" ကျွန်တော်ဘာဝတ်ရမလဲ "
ကောင်ကလေး အနီးသို့ သူလျှောက်သွားလိုက်သည်။
ကောင်ကလေးက အသားဖြူ သည်မို့ အနီရောင် ဆွယ်တာထူထူလေးရွေးပေးလိုက်၏။ ကလေးတစ်ယောက်နှယ် သူ့အပေါ် အားကိုးတက်လွန်းသူမို့ ရေးညို့ထင်က
အမြဲအလိုက်သိတက်ရသည်။
" အပြင်ကစောင့်နေမယ် ။ မြန်မြန်လုပ်အအေးပက်မယ်"
"ဟုတ်ကဲ့ "
ကောင်ကလေးအနားက ဖြစ်နိုင်ရင် သူထွက်မသွားချင်ပေ။ ထိုအကွာအဝေးက
လှမ်းမျှော်ကြည့်ရလောက်တဲ့ အနေအထားဆိုရင်တောင်မှ သူတွန့်ဆုတ်နေ၏။
ကောင်ကလေး ၏ အငွေ့အသက်တွေသည် ရေးညို့ထင်အား ရစ်ပတ်ချည်နှောင်ထားသလိုပင် ။ သူ တဖြည်းဖြည်း ကောင်ကလေးကို စွဲလန်းစ ပြုလာပြီဖြစ်သည်။
အမှတ်တမဲ့ ထိတွေ့ခွင့်ရတဲ့ လက်ဖျားလေးတွေ၊ သိသိသာသာ ကိုင်ခွင့်ရတဲ့ ကောင်ကလေး ပါးလေးတွေ၊ နုညံစွာပွတ်သပ်မိတဲ့ ဆံပင်ပျော့ပျော့တွေက
ရေးညို့ထင် အပိုင် ဟု တွေးမိရုံဖြင့်
သူပြန်လွှတ်မပေးချင်တော့သလို ခံစားနေရပါသည်။
သူတို့မနက်ဆို အလုပ်အတူသွားကြသလို
ညနေဆို အတူတူပြန်လာကြပြီး ကောင်ကေလေးကြိုက်တဲ့အရာတွေကိုလည်း
သူ
မမေ့မလျော့ဝယ်ပေးတက်ခဲ့ပြီ။
ညအိပ်ရင် စောင်တစ်စောင်ထဲမှာ ကောင်ကလေးနဲ့ အတူအိပ်ခွင့်ရတဲ့ညတွေ
သည် သူ့အထီးကျန်မူ့ကို ထူးခြားစွာ ပြေလျော့စေခဲ့သည်။ အိပ်ယာက နိုးထချိန်တိုင်း ဘေးနားမှာ အသက်ရူသံသဲ့သဲ့က သူတစ်ယောက်ထဲမဟုတ်ဘူးဆိုတဲ့ ခံစားချက်၊
တကယ်ပါ ကြည်နူးရလွန်းလို့ ဒီကောင်ကလေးကို တမေ့တမော ငေးကြည့်ရတဲ့ မနက်ခင်းတွေကို သူအများကြီးပဲ
စုမိလာတဲ့အထိပဲ။
အိပ်ယာက နိုးလိုက်တာနဲ့ ထင်ထင်ရေ လို့
ခေါ်တဲ့အသံလေးကိုလည်း သူတအားသဘောကျ၏။
သူကျွေးသမျှ ပါးစပ်သေးသေးနဲ့
အများကြီးစားပေးတက်တဲ့ကောင်ကလေးကြောင့် သူ အများကြီး ပျော်ရွှင်ရသလို ရူးလောက်အောင်လှတဲ့ မျက်ဝန်းညိုလေးတွေနှင့်
မျက်တောင်ကော့တွေကြောင့်
သူအမြဲ အသက်ရူကြပ်မတက်ဖြစ်ရ၏
" ကျွန်တော် ပြီးပြီ "
နီနီရဲရဲ ဆွယ်တာအောက်က အဖြူရောင်
ပေါင်မုန့်လုံးလေး။
ရေးညို့ထင် ပြုံးကြည့်ကာ
စားပွဲပေါ်မှာတင်ထားတဲ့ခြင်းကိုယူပြီးထလိုက်သည်။
" ညနေ စောစောအလုပ်ဆင်းကြမလား။
ကိုယ် မင်းကို မုန့်တွေအများကြီးစားလို့ရတဲ့နေရာကိုခေါ်သွားပေးမယ် "
"တကယ်လား "
"ကိုယ့်ရုပ်က ညာမဲ့ရုပ်လား"
"အဲ့ဒါဆို လာခေါ်၊
ကျွန်တော်စောင့်နေမယ် "
" ကိုယ်ပြောတာညနေမှ နော် ၊ နေ့ခင်းမင်းထမင်းဝအောင်စားဖို့တော့လိုတယ်။
ဒီနေ့မင်းကြိုက်တဲ့ ဝက်သားနီချက် ချက်ထားတယ်။ ထမင်းစားချိန်ရောက်ရင် ကိုယ်လာခဲ့မယ်၊ ဒီကြားထဲ မုန့်တွေစားမထားနဲ့ နော်၊ ကိုယ်သိရင်မင်းကိုဆူမှာ "
" ကျွန်တော်က လိမ်မာပါတယ်။ ထင်ထင်
စိတ်ပူရအောင်မလုပ်ပါဘူး "
လှေကားအဆင်းမှာ ဘယ်ရယ်မဟုတ် ကောင်ကလေးလက်ကလေးကို ဆွဲလိုက်၏။ အစက သတိထားရအောင်ဆွဲလိုက်သော်ငြား ပြန်လွတ်မပေးချင်တော့တာမို့ လက်ချောင်းသေးသေးလေးတွေကို သူ့လက်နဲ့ ယှက်၍ ဆုပ်ကိုင်လိုက်၏။
" အင်း .. လိမ်မာတဲ့ ကလေးတွေကို
လူကြီးတွေက ချစ်ကြတယ်။
အချစ်ခံချင်ရင် ပိုပြီး လိမ်မာအောင်လုပ် "
"ရွှေဘုံက ကလေးမှမဟုတ်တာ "
"ကိုယ်နဲ့ယှဉ်ရင် မင်းက ကလေးပဲလေ။
အနွေးဘူးထဲမှာ နွားနို့ထည့်ထားတယ်။ အစက နေ့ခင်းအဆာပြေသောက်ရအောင်ထည့်ထားတာ။ ရေချိုးထားတာဆိုတော့ ရင်ထဲနွေးသွားအောင် ခုဝင်သလောက် သောက်ထားလိုက်"
ခြင်းထဲက အိတ်ကလေးကိုကောင်းကလေးဆီလှမ်းပေးလိုက်သည်။
ကားပေါ်ရောက်တော့ ရေးညို့ထင်ပြောတဲ့အတိုင်း နွားနို့ဘူးလေးဖွင့်နေသည်ကိုတွေ့ရတော့ ဆံပင်လေးတွေကိုရှုပ်ပွသွားအောင် သဘောတကျသွားဖွမိသေး ၏။
ကောင်ကလေးက တကယ်လိမ်မာပါသည်။
အများကြီးလိမ်မာလို့ သူချစ်မိသွားရင်ရော
ဘယ်လိုလုပ်မလဲ။
_________
နေ့ရက်များသည် အလျှင်အမြန်ပင်ကုန်ဆုံးသွားခဲ့၏၊ ည၈နာရီကျော်ခန့်အချိန်တွင် ကိုထင်ပို့လိုက်သော မက်ဆေ့တစ်စောင် ရွှေဘုံထံ ရောက်လာသည်။
အကြောင်းမှာ
ကိုထင် လက်ရှိ ငှားရမ်းထားသော ဆိုင်ခန်းကို ကိုယ်ပိုင်အဖြစ် ဝယ်ယူလိုက်တဲ့အထိန်းအမှတ်ဖြင့် ဆိုင်ရှိ ဝန်ထမ်းများကို
ဒီညကျွေးမွေးဧည့်ခံရန် ဆိုင်လိုက်ပို့ရမည်ဖြစ်ကြောင်းအသိပေးလာသောစာဖြစ်သည်။
{ ကောင်ကလေး ဒီည ကိုယ်အပြင်မှာ ရှိမယ်
ဆိုင်က ကလေးတွေကိုKTV လိုက်ပို့မလို့။ မင်း လိုက်ချင်စိတ်ရှိရင် ×××ဆိုင်ကိုလိုက်ခဲ့ ။ အကယ်၍ အိမ်ပြန်မဲ့အချိန်ထိ အလုပ်မပြီးသေးရင်လည်း ကိုယ်ကိုဖုန်းဆက်ပေးလာကြိုမယ်}
လိပ်စာပါသော စာတိုလေးကို အသံတိတ်ဖတ်ပြီး ဖုန်းကိုအိတ်ထဲထည့်လိုက်၏။
ရွှေဘုံတို့သုံးယောက်လုံး ဒီနေ့မအားပါ။
စေ့စပ်ပွဲနေ့အတွက် ငှားရမ်းထားသော
အလှဆင်အလုပ်ကို မနက်စောစော အဆင်သင့်ဖြစ်အောင် ညကတည်းက
အပြီးအစီးလုပ်ပေးရမှာဖြစ်သည်။
နေရာသည် ခြံဝန်းတစ်ခု၏
နေရာလွတ်မှာဖြစ်ပြီး ဘယ်သူမှမလုပ်ဖူးသေးသော ဒီဇိုင်းကို အသစ်ဆင်ဖို့ကြိုးစားနေကြတာမို့ လက်ဝင်ကာ အနုစိတ်သည်။
" ကိုထင် လား "
"အင်း သူ့ဆိုင်က ဝန်ထမ်းတွေကိုKTVလိုက်ပို့ပေးနေတယ်တဲ့"
အဖြူ ရောင်တိုင်လုံးကြီးက အတု ဖြစ်ပြီး တိုင်အစစ်နဲ့မခြားနားပေ။ လုံးပတ်အရ လူကြီးလက်တပွေ့စာရှိပြီး အလှဆင်တဲ့ အခန်းအနားတချို့မှာ ခုနောက်ပိုင်း အသုံးပြုလာကြသည်။ ထိုတိုင်အတုကြီးနှစ်လုံးကို
ဝင်ပေါက်သဘောမျိုး မြက်ခင်းပေါ်မှာမတ်မတ်ထောင်ရမှာဖြစ်၏။ ပြီးမှ ဖဲစအဖြူ ရောင်များနဲ့ အလိုရှိသလို လှပဆန်းသစ်အောင် ပြင်ဆင်ရမှာဖြစ်သည်။
အဖြူ ရောင်ပေါ်မှာ ကြက်သွေးရောင်ဖောက်ဖို့ ရွှေဘုံတို့ စိတ်ကူးထားသည်။
အရောင်အစပ်ဟပ်တည့်စေရန် ကြည်နူး
နဲ့ကေသီ ၃ရက်ခန့်ကြာအောင် ပန်းအမျိုးအစားနှင့်ပြင်ဆင်ရမဲ့ပုံကြမ်းကို ကြိုးစားရှာဖွေထားရ၏။
" ဖယ် ငါလုပ်ပေးမယ်"
ကြက်သွေးရောင် လိုက်ကာစကို ကေသီလက်ထဲကနေ ဆွဲယူပြီး ရွှေဘုံ အစားထိုးဝင်လုပ်လိုက်သည်။
အဖြူ ရောင်နှင့် နီညိုရောင် ရောစပ်သော အလှတရား ကို ရင့်တဲ့ဖက်မသွားပဲ
ရင်အေးပြီး ပုံပြင်ဆန်တဲ့အနေအထားကို သွားဖို့တိုင်ပင်ထား၏။
ထို့ကြောင့် နီညိုရောင်ကိုလျော့သုံးမှာဖြစ်ပြီး အဖြူ ရောင် ပန်းများအလယ်မှာ
အရောင်ဖောက်ရုံအနေနဲ့ပဲ အလှဆင်မှာဖြစ်၏။
" ဆိုင်ခန်းဝယ်လိုက်တယ်ဆို ၊ နေရာက လမ်းမပေါ်ဆိုတော့
ဈေးများမယ်ထင်တယ်"
" များတယ် ဆိုပေမဲ့ အဲ့နေရာက ဆိုင်ဖွင့်လာတာ ကြာပြီလေ။ သူဝယ်သင့်ပါတယ်။ပြီးတော့ သူ့ဆိုင်ခန်းက ငါနဲ့ဝေးတဲ့နေရာပြာင်းသွားလို့မရဘူးလေ။ မဟုတ်ရင်
တစ်ယောက်တစ်ခြားဆီ ပို့လိုက်ကြိုလိုက်နဲ့ အလုပ်ရှုပ်တယ်"
" ကိုထင်က မထင်ရဘူးနော်၊ တအားကြင်နာတက်တာပဲ။ သူ့ကိုကြည့်လိုက်ရင် အမြဲ ပြုံးပြီး နင့်ကိုဆို အရိပ်တကြည့်ကြည့်နဲ့ ။
ငါတို့မောင်ရွှေလေး တကယ်ယောကျာ်းရကံကောင်းလိုက်တာ "
"ကံကောင်းတယ်လို့ပြောရင် ကံကောင်းတာပေါ့။ သူက ကိုခန့်ထက်စာရင် အပုံကြီးငါ့ပေါ်ကောင်းတယ်။
ကိုခန့်ဆိုရင် ငါ့ကပဲဖုန်းဆက်ရတယ်၊ ငါဘာကြိုက်တက်သလဲဆိုတာ သူမသိဘူး၊
ကိုထင်ကကျ အဲ့လိုမဟုတ်ဘူး ၊ငါဘာဆိုတာကို မပြောပဲနဲ့တောင်မှ သူကကြိုသိနေတက်တယ် ၊ ဂရုလည်းစိုက်တယ်"
"နင့်အိမ်က ဘာပြောသေးလဲ"
"ဒယ်ဒီက ယောကျာ်းသားဆိုတော့
နည်းနည်း နေရခက်နေသေးတယ်ထင်တယ်၊ မာမီကတော့ ကိုထင်ကို သဘောကျပါတယ်။ ဘာမှမပြောပေမဲ့ ကိုထင်ဝတ်ဖို့ ဆောင်းရာသီဝတ်တွေဟိုနေ့ကတောင်မှ
အများကြီးပို့ပေးသေးတယ်"
အန်တီဟန်နီက အဝတ်အစားနဲ့ လက်ကိုင်အိတ်များစွာထုတ်လုပ်ရောင်းချသော
ကုမ္ပဏီဖွင့်ထားတာမို့ ရာသီပေါ် ဒီဇိုင်းမျိုးစုံက အရင်ကဆို ရွှေဘုံတစ်ယောက်ပဲ ဦးဦးဖျားဖျားဝတ်ရတာဖြစ်သည်။ ခုလို ကိုထင်အား ပို့ပေးတယ်ဆိုမှတော့ လက်ခံသည်ဟု
နှုတ်ကမပြောလည်းသိနိုင်၏။
" ကိုထင့်ဖက်က ဆက်ဆံရေးကရော
၊ အန်တီဟန်နီပေးတာကို ငြင်းတာဘာညာရှိလား"
ရွှေဘုံခေါင်းရမ်းပြလိုက်သည်။
"မရှိဘူး။ သူကအဲ့လိုမရိုင်းဘူး။
မာမီပေးလိုက်သမျှ အကုန်လုံးသူဝတ်တယ်၊ တစ်ခုပဲ မာနကြီးတာမဟုတ်ပေမဲ့
ငါ့ကို မာမီတို့ဆီက ငွေကြေးအထောက်အပံ့
မယူခိုင်းဘူး"
"အဲ့ဒါတော့မဖြစ်ဘူးလေ ၊ နင်က တစ်ဦးတည်းသာသားဆိုတော့ နင့်အမွေတွေဘယ်သွားပစ်ရမှာလဲ"
ရွှေဘုံ ပြုံးကာ ကေသီလက်ထဲက
နွယ်ကြိုးခွေလေးတွေ လှမ်းငုံ့ယူလိုက်သည်။
" ငါလက်ခံရမဲ့အရာတွေရှိမှန်းသိတယ်တဲ့၊ မာမီတို့ အနားယူတဲ့အချိန်ရောက်လို့ လုပ်ငန်းတွေငါ့လက်ထဲရောက်လာရင် ကြိုက်တာလုပ်တဲ့ ၊ ခုတော့ သူရှာကျွေးတာနဲ့ လှအောင်နေပါအုံးတဲ့"
"အမလေး ရိုလိုက်ကြတာ "
လက်ထဲကမှာ အဆင့်သင့်ဖြစ်အောင် လုပ်ထားသော ပန်းပွင့်အုံနဲ့နွယ်ခွေတွေကို ကိုင်ထားရင်း ကေသီမကြားနိုင်စွာ
ခုန်စွခုန်စွ လုပ်မိ၏။
ညအချိန်ဖြစ်သော်ငြား မီးအလင်းရောင်ဖြင့် အစိမ်းရောင်မြက်ခင်းပြင်သည် ထိန်လင်းလျက်ရှိ၏။
နေ့ခင်းကတည်းက ရောက်နေကြတာကြတာမို့ တော်တော်များများ ပြီးစီးလုပြီဖြစ်သည်။ လူငယ်တွေမို့ စိတ်ကူးကောင်းပြီး
အတွေးအခေါ်ဆန်းသည်မို့ တစ်ပွဲဆို တစ်ပွဲထိုးဖောက်နိုင်သည်။
နောက်ပြီး သူတို့သုံးယောက်လုံး၏
လက်ရှိအမြတ်သည် မရှိသလောက်အနေအထားမှာဖြစ်ပြီးရသမျှပိုက်ဆံကို ဆိုင်အတွင်းထွက်သမျှDesignမရှိရလေအောင်တင်ထားနိုင်သည်။
ပန်းအလှဆင်လုပ်ငန်းသည် များစွာ
အနုပညာဆန်ရ၏။
ပန်းတစ်ပွင့်၏ တန်ဖိုးနှင့် ပန်းအလှဆင်ပညာရှင်၏ စိတ်ကူးသည် တန်တူညီမျှသည်။
" ဒါပြီးပြန်ရအောင် ၊ မနက်စောစောမှ တစ်ခေါက်လာကြည့်တော့မယ် "
ပြီးစီးသွားပြီဖြစ်သော မင်္ဂလာမောင်မယ် လက်မှတ်ထိုးရမဲ့ နေရာလေးသည် ငေးမောကြည့်ချင်စရာကောင်းအောင် လှပနေလျက်။
ကြည်နူးသည် သူ့လက်ထဲက
အဖြူ ရောင် ပိတ်စ ကို ထိုင်ခုံ၏
ကျောမှီမှာဖုံးလိုက်၍ ကြက်သွေးရောင်ဖဲစဖြင့် သေသပ်အောင် အလှဆင်လိုက်သည်။ ပန်းအလှဆင်ပညာရှင်တစ်ယောက်အနေနဲ့ မြန်ဆန်သော တခဏမှာ
လှပသော သတိုးသား၊သတိုးသမီး လက်မှတ်ထိုးရန်ထိုင်သောနေရာလှလှလေး ပြင်ဆင်၍ ပြီးသွားခဲ့ချေ၏။
" ထိုင်ခုံတွေ အိမ်ထဲရွေ့ခဲ့ကြမလား "
"ရွေ့ရမှာ ၊ ညကို နှင်းကျမယ်ထင်တယ် "
ကြည်နူးစကားကြောင့် ခုမှအေးရမှန်းသိစွာ အပြေးအလွှားလက်ရှည်ထပ်ဝတ်လိုက်ရသည်။
ဆောင်းညသည် အအေးလွန်ကဲလာပြီဖြစ်၏။
ညစ်ပေ ၊ ပေရေလွယ်သော ပစ္စည်းများအား အိမ်ထဲထည့်ပြီး ရွှေဘုံတို့လည်း အိမ်ကိုပြန်ဖို့ပြင်တော့သည်။
" မောင်ရွှေ ငါတို့ပြန်လိုက်ပို့ရမလား"
"နေပါစေ ကောင်မလေးတွေကို နင်တို့
ပြန်လိုက်ပို့ရဦးမှာမို့လား"
" သူတို့ကဒီနေ့ ငါ့အိမ်လိုက်အိပ်ကြမှာ
၊ မနက်လည်းစောစောလာရမှာချင်းအတူတူ မပြန်တော့ဘူးတဲ့ "
ခါတိုင်းအလုပ်များတဲ့နေ့တွေဆိုလည်း ကေသီဖြစ်ဖြစ် ကြည်နူးဖြစ်ဖြစ် ဝန်ထမ်းကောင်မလေးနှစ်ယောက်ကို အိမ်ခေါ်သွားလေ့ရှိတာမို့ ရွှေဘုံထူးပြီးမေးမနေတော့ပေ။
ကြည်နူးအား ထင်ထင်ရှိမဲ့လိပ်စာတစ်ခုရွတ်ပြလိုက်သည်။
ခုထိဖုန်းဆက်မလာသေးတာမို့
ကိုထင်လည်း အိမ်ပြန်ရောက်သေးမဲ့ပုံမပေါ်ပေ။
ထို့ကြောင့် ဆိုင်ရှေ့မရောက်သေးခင် ဖုန်းကြိုဆက်ထားလိုက်၏
"နင်တို့ အထဲလိုက်ဝင်အုံးမလား"
"ကေသီနင်နေခဲ့ချင်လား ၊ငါကတော့ပင်ပန်းလို့ပြန်အိပ်တော့မှာ "
ကြည်နူးတကယ်ပင်ပန်းလွန်းလို့အိပ်ယာထဲဝင်ခွေချင်လှပြီဖြစ်သည်။
တနေခင်းလုံး မနားရတဲ့ အလုပ်မို့
ကေသီလည်းထို့အတိုင်းပင်ဖြစ်ကာ လက်ရမ်း၍ ငြင်းဆန်လိုက်၏။
"No No ငါလည်းအိမ်ပြန်မှာ "
" ဒါဆိုလည်း ငါပဲနေခဲ့တော့မယ်၊
ကိုထင်တို့လည်း သိပ်မကြာခင်ပြန်မယ်ထင်တယ်။ "
" မောင်ရွှေ ဟိုမှာ နင့်လူကြီးမို့လား "
ကြည်နူးနဲ့ စကားပြောနေစဉ် ဆိုင်ရှေ့ ကားရပ်ဖို့ကြိုးစားနေတဲ့ ကေသီ့အသံကြောင့် ရွှေဘုံလှည့်ကြည့်လိုက်သည်။
ရေးညို့ထင်မှဟုတ်ပါရဲ့လားဟု နှစ်ခါပြန်ကြည့်ရမည့်ပုံပင်။
ထူးခြားစွာဝတ်ဆင်ထားခြင်းမဟုတ်။
ပုဆိုးအစား ဘောင်းဘီရှည် တစ်ထည်ကိုပြောင်းလဲဝတ်ဆင်ထားပြီး
ဖလန်ထည်အကွက်ကျဲတစ်ထည်အပေါ်မှ ဂျင်းလက်ရှည်အပွတစ်ထည်ကိုထပ်ဝတ်ထားတာဖြစ်သည်။
ရှည်လျားတဲ့အရပ်ကြောင့် ဆိုင်ရှေ့ထောင့်နားမှာ ဖုန်းကိုင်ထားရင်းမတ်တပ်ရပ်စောင့်နေသည်ကို အဝေးကတည်းက သိသိသာသာမြင်နေရ၏။
" ဒီလိုဝတ်လိုက်တော့လည်း ကိုထင်ကြီးက အမိုက်စားဟဲ့။ နိုင်ငံခြားမော်ဒယ်တစ်ယောက်လိုပဲ စွဲဆောင်မူ့ရှိနေတုန်းပဲ။
ဟဲဟဲနင့်လူကြီး မအိုသေးဘူး "
" ကေသီနော် စကားပြောတာ မိန်းကလေးဖြစ်ပြီး စည်းလွတ်ဝါးလွတ်"
"ဘုရားရေ ၊ ကျွန်မပြောတဲ့ထဲမှာ
ဘာအမှားများပါသွားလို့လဲ "
မျက်လုံးပြူးပြီး ဟန်ပါပါ သူ့နှုတ်ခမ်းအား
လက်ဖဝါးဖြင့်ကာ ပိတ်လိုက်တဲ့ပုံစံလုပ်ပြနေတဲ့ ကေသီအားလျစ်လျူ ရူ့ ၍
ကားပေါ်ကဆင်းလိုက်၏။
သူဆင်းလာတာမြင်တော့ကိုထင်
က ဆိုင်ရှေ့ကနေလမ်းတစ်ဖက်ကိုကူးလာသည်။
" ကေသီ နဲ့ကြည်နူး မဆင်းတော့ဘူးလား"
ရေးညို့ထင် ကောင်ကလေးလက်ထဲမှ
ကျောပိုးအိတ်လေးကိုပြောင်းဆွဲယူလိုက်ရင်း ခါးကိုင်းကာ နှုတ်ဆက်လိုက်သည်။
" မဆင်းတော့ဘူး ကိုကြီး ၊ ညီမတို့ ဒီနေ့ပန်းလို့ စောစောနားတော့မယ် "
"ဟုတ်လား၊ ဒါဆိုလည်းဂရုစိုက်ပြန်ကြဦး
နော် ၊နောက်အားတဲ့ရက်မှ မုန့်လိုက်ကျွေးတော့မယ် "
" ဟီးဟီး အဲ့တိုင်းပဲ လုပ်ကြတာပေါ့၊ ပိတ်ရက်ဖုန်းဆက်လိုက်မယ်။ ခုတော့ ညီမတို့အရင်ပြန်နှင့်တော့မယ် "
ရေးညို့ထင် လက်ပြလိုက်သည်။
ကောင်ကလေးသူငယ်ချင်းတွေကလည်း သူညီမလေးတွေမို့ သူအနေနဲ့ စိမ်းစိမ်းကားကားမနေပဲ လိုက်လျောညီထွေဖြစ်အောင်အတက်နိုင်ဆုံး ကြိုးစားပေးခဲ့သည်။
ထိုအကြောင်းအရာအများစုသည်
သူတာဝန်ယူထားရဲ့ကောင်ကလေး
ကောင်းဖို့အတွက်ပဲဖြစ်သည်။
ပတ်ဝန်းကျင်နှင့် လူမူ့ဆက်ဆံရေးမှာ
ရွှေဘုံမင်းစံရဲ့ ယောကျာ်းသည်
အကောင်းဆုံးဆိုတာပဲ ပြနိုင်ရမည်။
" ကောင်ကလေးက ဒီနေ့ပင်ပန်းလာတယ်ဆိုတော့ ကိုယ်တို့ ခဏနေပြီးပြန်ကြမယ် "
ကားလမ်းဖြတ်ကူးတဲ့အချိန်မှာ
ကိုထင်က ရွှေဘုံလက်ကလေးကို ဂရုတစိုက် ဆွဲကိုင်ထား၏။
လက်တစ်ဖက်ထဲမှာလည်း ရွှေဘုံ
ကျောပိုးအိတ်လေးကို ဆွဲထားသေးသည်မို့ ကိုထင်က ချစ်သူကောင်းတစ်ယောက် ပုံစံ အပြည့်အဝထင်ပေါ်နေပါသည်။
ကားမီးရောင်များကြားရဲဝင့်စွာ လမ်းကူးဖို့ဆိုတာ ရွှေဘုံအနေဖြင့် အမြင်အာရုံ
အားနည်းချက်ရှိသူမို့ ငယ်စဉ်ကတည်းက မရဲသူဖြစ်သည်။
ရွှေဘုံ ဆယ်တန်းဖြေပြီးကာစက
ကားလမ်းကူးစဉ် ဆိုင်ကယ်တစ်စီးနဲ့ တိုက်မိမလိုဖြစ်ဖူးသည်။
ထိုအချိန်ကတည်းက ကားလမ်းကူးဖို့
တော်ရုံဆို လုပ်လေ့မရှိတော့ပဲ
ကြောက်ရွံ့သွားခဲ့တာဖြစ်သည်။
" လက်တွေအေးနေတယ် ကြောက်လို့လား "
ကားလမ်း၏ တစ်ဖက်သို့ရောက်ရှိစဉ်
ကိုထင်က သူ့လက်ဖဝါးထဲက ရွှေဘုံလက်ကလေးကို ဆုပ်ချည်ဖြန့်ညီ လုပ်ကာ
မေးလာ၏။
" ထင်ထင်ရှိတာပဲ ကျွန်တော်မကြောက်ဘူး"
"စကားတွေတက်ချည်လား။ ပြောစမ်း
မင်း ဘာလိုချင်လို့လဲ "
ရေးညို့ထင် ကောင်ကလေးလက်ကို မလွှတ်ပေးပဲ သူ့အိတ်ထောင်ထဲ ထည့်လိုက်သည်။ ဝန်ထမ်းတစ်ချို့သည် သိသိသာသာ
သူတို့အားငေးကြည့်နေကြပေမဲ့ ရေးညို့ထင်ကတော့ သတိမထားမိခဲ့ပေ။
သူ့မျက်လုံးတွေသည် ကောင်ကလေးဆီမှာပဲနုညံ့စွာဆင်းသက်နေပြီး
နှုတ်ခမ်းထောင့်စွန်းလေးနှစ်ဖက်သည်
အထက်သို့ ကော့တက်နေလေသည်။
" လိုချင်တာမရှိပါဘူး။ ထင်ထင် သောက်ထားလား "
ဓာတ်လှေကားခလုတ်ကို နှိပ်လိုက်ပြီးလျှင် သူ့ခါးအားအနည်းငယ်ကွေးညွှတ်လိုက်သည်။ သူ့မျက်လုံးတည့်တည့်သည် ကောင်ကလေးမျက်နှာနဲ့တပြေးညီဖြစ်သွားချိန်တွင် နှုတ်ခမ်းအား ကောင်ကလေး နှာခေါင်းရှေ့တိုးပေးလိုက်၏။
" မယုံရင် နမ်းကြည့်လေ "
ရွှေဘုံ နည်းနည်းလေးရှေ့တိုးကာအနံ့ခံကြည့်လိုက်၏။
မယုံလို့မဟုတ်ပေ။
ကိုထင်က အားကစားသမားမို့
အရက်သေစာသောက်စားလို့မရလို့ပင်ဖြစ်သည်။
"မွ"
နုညံ့သောအထိအတွေ့ က ရင်ထဲမှာသိမ့်ခနဲဖြစ်စေ၏။
ရေးညို့ထင်ပြုံးစိစိဖြင့် ခါးကိုပြန်မတ်လိုက်သည်။
နားရွက်ဖျားလေးတွေရဲနေတဲ့ကောင်ကလေးက သူ့ခေါင်းအား အတင်းငုံ့ထားတာကြောင့် ရေးညို့ထင် ဆွဲကာ ရင်ခွင်ထဲထည့်ဖက်ထားပေးလိုက်၏။
" ရှက်လို့လား "
သူတိုးတိုးလေးမေးလိုက်သည်။
ပြန်ဖြေမလာပေမဲ့ သူ့အင်္ကျီရင်ဘတ်အား
ဆွဲထားတဲ့ လက်ဆစ်လေးတွေကြောင့်
ရေးညို့ထင် ဂုတ်ပိုးဖြူ ဖြူ လေးအား
တစ်ချက်ဖျစ်ညစ်ပြီး စနှောက်၏။
" ချိုတယ်"
ချစ်တဲ့အိမ်စည်။
Bạn đang đọc truyện trên: ZingTruyen.Xyz