တသက်လုံးပျော်ချင်မောင့်ကိုချစ်ပါ(တသက္လံုးေပ်ာ္ခ်င္ေမာင့္ကိုခ်စ္ပါ)Completed
1
"မိုက် ! မိုက် ကွ "
"မိုက် !!"
သံဇကာ ဖြင့်အလုံပိတ်ထားသော သတ်ကွင်းအလယ်တွင်လူနှစ်ယောက်သည်သွေးသံတရဲရဲလုံးထွေးသတ်ပုတ်လျက်ရှိသည်။ ထိုနေရာသည် ကြေးစားလက်ဝှေ့ကွင်းပင်တည်း။ လက်ဝှေ့ဟု သတ်မှတ်ထားသောငြား စည်းကမ်းသတ်မှတ်ချက်လုံးဝမရှိသောနေရာပင်ဖြစ်သည်။
လူ တစ်ယောက်၏ အသက်သည် ထိုနေရာတွင် တန်ဖိုးမရှိသလို မည်သည့်အာဏာပိုင်များမှ လာရောက် စစ်ဆေးမူ့မရှိသော ကြေးအကြီးဆုံးသတ်ကွင်းပင်ဖြစ်သည်။
" ဟေးးး မိုက် ကွ "
အော်ဟစ်အားပေးသံများမှာစီခနဲ။
ထိုသတ်နေသူနှစ်ဦး ထဲမှ လက်မောင်းတွင်Tattooထိုးထားသော ယောကျာ်းတစ်ယောက်သည် သူ့ထက်အနည်းပိုပြီးဗလထွားထွားနှင့်အမျိုးသားကို အဆုံးသတ်အနေဖြင့် ကြမ်းပေါ်မြှောက်ကာ ကိုင်ပေါက်လိုက်ခြင်းေကြာင့် ပွဲသည်ချက်ချင်းဆိုသလို ဆူညံ့သွား၏။
ပရိတ်သတ်အသံတို့သည် ဝေဆာလျက် ကွင်းလုံးညံနေသည်မှာ အရူးအမူးပင်ဖြစ်သည်။
ထိုသူမှာ ကြေးစားလောကတွင်နာမည်ကြီးလှသော မိုက်ဆိုသူဖြစ်၏။ မိုက်သည် ပွဲဆက်နည်းသူဖြစ်တာကြောင့်
သတ်ကွင်းတွင် အစဥ်အမြဲမရှိတက်ပေ။
တစ်ခါတစ်ရံမှပေါ်လာသူမို့ စောင့်မျှော်နေတက်သည့် ပရိတ်သတ်များမှာ အများသားပင်။
ကြေးကြီးသော ပွဲများနှင့် နာမည်ကြီးစိန်ခေါ်သူများရှိပါက မိုက်ပေါ်လာတက်ပြီး ကျန်အချိန်များတွင်တော့ မိုက်သည် ဇာတ်မြုပ်၍ နေထိုင်တက်သူဖြစ်၏။
ထို့ကြောင့် မိုက်၏ပွဲများသည် ပွဲကြီးများဖြစ်ကာ
လာရောက်ကြည့်ရှု့သူများအနေဖြင့် ပေးရသော ဝင်ကြေးဖြင့် တန်သည်ဟုသတ်မှတ်ကြသည်။ထို့အပြင်
မြေအောက်ကြေးစားမို့ မိုက်၏ ဂုဏ်သတင်းသည်
သတ်ကွင်းတွေအားစိတ်ဝင်စားသော သူဌေးများကြားတွင် များစွာ နာမည်ကြီးသေး၏။
မျှော်မှန်းထားသည့်အတိုင်းမိုက်သည် ပွဲကို အနိုင်ပိုင်းလိုက်နိုင်သည်။
အော်ဟစ်ဆူညံစွာအားပေးနေကြသော ပရိတ်သတ်များကို မိုက်သည် သွေးစွန်းနေေသာပိတ်သားအဖြူရောင်ပတ်ထားတဲ့လက်ကို မာန်ပါစွာမြောက်ပြလိုက်သည်။
တဖန်ပြန်လည်ဆူညံသွားတဲ့ အသံများကြားတွင် မိုက်သည် ကြိုးဝိုင်းမှဆင်းကာ ပြန်လည်ပျောက်ကွယ်သွားခဲ့သည်။
ထိုအချိန်မှ စ၍ မိုက်သည် အချိန်အတော်ကြာအောင် ပြန်ပေါ်လာတော့မည်မဟုတ်ကြောင်း စင်အောက်မှ လူတချို့သည် သိလိုက်တော့သည်။
----------
အိပ်ယာက နိုးလာတာနဲ့ ပထမဆုံးလုပ်မိသည်က ကုတင်ဘေးစားပွဲပေါ်က မျက်မှန်ကို လိုက်စမ်းရတာပဲ။
မဟုတ်ရင် မှုံဝါးဝါးအမြင်အာရုံက ဘာကို မှကွဲကွဲပြားပြား မမြင်နိုင်အောင် ဆိုးလွန်းလှသည်။ ပုလင်းဖင်နီးပါးလောက်လောက် ထူထဲသောမှန်ကမှ ရွှေဘုံ မြင်ကွင်းကို ပိုရှင်းလင်းသယောင်။
" morning ကိုခန့် "
နေ့စဉ်ဝတ္တရားမပြတ် message တစ်ကြောင်းအရင်ပို့လိုက်သည်။ဒီချိန် ကိုခန့်အိပ်ယာ မနိုးသေး။ နိုးခဲ့ရင်တောင် ရွှေဘုံကို သတိတရဖုန်းခေါ်ပါ့မလား။
အချစ်ရေးမှာ ရင်ခုန်သံခြင်းထပ်တူမကျရင်
ပျော်ရွှင်မူ့နည်းပါတာတော့အမှန်ပင်။
ပိုချစ်ရသူက ဘယ်သူလဲမေးရင် ရွှေဘုံပေါ့။
ပြီးတော့ ကိုဘုန်းခန့်ထည်ဆိုတဲ့ ရွှေဘုံရည်းစားက ရုပ်ရည်က ဓာတ်ပုံဆရာသာ ဆိုတယ် မင်းသားရှုံးအောင်ချောတဲ့သူ။
အမြဲမော်ဒယ်လှလှလေးများဝင်ထွက်နေတက်တဲ့ သူ့ studioမှာ အချောအလှဆိုတာ ပြတ်တယ်လို့မရှိ။
ကိုခန့်က ရွှေဘုံအပေါ်မှာ အရင်ကလို မဟုတ်တော့ဘူး။
အေးစက်စက် ဆက်ဆံရေးမှာ ရွှေဘုံကသာ ချစ်နေရတဲ့သူပါ။ ကိုခန့်ကတော့
ရွှေဘုံကို ချစ်သူရည်းစားဆိုတဲ့ ဂုဏ်ပုဒ်ကိုသာ ပေးထားတာ ၊ ဘယ်တုန်းကမှ
တခမ်းတနားချစ်ပေးတယ်ဆိုတာမျိုး မရှိခဲ့ဖူးပေ။
ရွှေဘုံလည်း အချစ်ခံချင်ပါသည်။
ကိုခန့်ဘေးမှာ ယုံကြည်အားကိုးပြီးနေချင်ပါသည်။ သို့သော်
ဒါတွေက စိတ်ကူးယဉ် အိမ်မက်တွေလိုပဲ။
ဒေါက်..ဒေါက်..
" ရွှေဘုံလေး တီတီကြီးက မနက်စာ စားရအောင် အောက်ထပ်ကို ဆင်းလာပါတော့တဲ့ "
" ဟုတ်ကဲ့ မကြိုင် ၊ ကျွန်တော် ခုဆင်းခဲ့မယ်"
ရွှေဘုံ လက်ထဲက ဖုန်းကို ဘေးစားပွဲပေါ်တင်၍ အိပ်ယာမှထ လိုက်သည်။
လန်းဆန်းစွာ ထရမဲ့ မနက်ခင်းတိုင်း ကိုခန့်ကြောင့် စိတ်ရှုပ်ထွေးရစမြဲ။
မျက်နှာသစ်၊ သွားတိုက် အမြန်လုပ်ပြီး
ညဝတ် အင်္ကျီကို လဲလိုက်သည်။
အကုန်ပြီးစီးသည် နှင့် အိမ်လှေကားထစ်များစွာကို နင်းဖြတ်၍ အောက်ထပ်ကိုဆင်းလာခဲ့လိုက်သည်။
" morning ..မာမီ "
" morning ဘုံငယ်လေး "
မာမီဆီမှ ဘုံငယ်လေးဆိုတဲ့ နာမည်ကြောင့် ရွှေဘုံ နှုတ်ဖျားမှာ အပြုံးရေးရေးထင်သွားသည်။ သူ့နာမည်က ရွှေဘုံမင်းစံ လေ။ နာမည်အတိုင်း ရွှေဘုံပေါ်မှာ စံရသူပင်။ ရွှေဇွန်းကိုက်ပြီး မွှေးခဲ့ရတဲ့ သူက
အချစ်ရေးမှာတော့ ကိုခန့်ကြောင့်
သောကပွေရသူဖြစ်သည်။
" ကိုယ်တို့ အိမ်က ဆည်းလည်းလေး
မျက်နှာသိပ်မလန်းပါလား ။ ဟန်နီ မင်းသား ဘုန်းခန့်ထည်နဲ့ အဆင်မပြေဘူးလား "
Suit အပြည့်အစုံ ဝတ်ထားတဲ့ ဒယ်ဒီက စားပွဲဝိုင်း ဝင်ထိုင်တာနဲ့ တခါတည်း မာမီကို တန်းမေးလာသည်။ အဲ့သလောက် သူ့မျက်နှာက သိသာနေလား။
မလုံမလဲခေါင်းရမ်းပြမိပေမဲ့ ဒယ်ဒီ က အနည်းငယ်မျှ မယုံဟန်ပင်။
"သားကို ဂရုစိုက်အုံး ဟန်နီ။ "
"သားကို ဟန်နီဂရုစိုက်ပါတယ်။
ဒါပေမဲ့ လူငယ်တွေရဲ့ အချစ်ရေးတော့ ဟန်နီ ဝင်မစွက်ဖက်ချင်ဘူးလေ"
"ကိုယ်ကလည်း ဝင်စွက်ဖက်ခိုင်းတာမဟုတ်ပါဘူး ဟန်နီရာ။ ပျော်စေချင်လို့ ဖြစ်တည်မူ့ကို နားလည်ပေးထားတာ ။ မပျော်ရတဲ့ ဆက်ဆံရေးမျိုး ကိုယ်မမြင်ချင်ဘူး။"
" သား..ဒယ်ဒီပြောတာနားလည်လား "
မာမီနဲ့ ပြောနေရင်းမှ ရွှေဘုံထံအကြည့်ရောက်လာတာမို့ရွှေဘုံ ခေါင်းညိမ့်ပြရတော့သည်။ မာမီ နဲ့ ဒယ်ဒီက ရွှေဘုံ အချစ်ရေး၊ ရွှေဘုံ လွတ်လပ်ခွင့်ကို အပြည့်အဝရွေးချယ်ခွင့်ပေးထားသူတွေပင်။
သူတို့ကိုယ်တိုင် နိုင်ငံတကာနှင့်ရင်ဘောင်တန်း၍ အလုပ်လုပ်နေသူတွေပီပီ ခေတ်နဲ့အညီ သားသမီးကို မည်သို့မည်ပုံ အုပ်ထိန်းရမယ်ဆိုတာ နားလည်သည်။
ဒယ်ဒီနဲ့ မာမီ ဘယ်လောက်ထိရွှေဘုံအပေါ်မှာ နားလည်ပေးသလည်းဆိုရင်
LGBT အကြောင်းကို လေ့လာထားသလို
ဟောပြောပွဲတွေ နှင့် LGBT ဆိုင်ရာပွဲတွေကိုပါ အချိန်ပေးပြီး တက်ရောက်ပေးသေးသည်။ ကိုခန့် နှင့်ပတ်သတ်မူ့ကိုလည်း မတားမြစ်ပေမဲ့ ကိုခန့်ရဲ့အေးစက်မူ့ကို ရိပ်မိသည်ထင် သိပ်တော့သဘောမတွေ့လှ။
" ဒယ်ဒီ ဒီနေ့တော့ စောစော သွားရမယ်
ဘုံဘုံ ၊ အလုပ်ကို ကားမောင်းသွား Taxiမစီးနဲ့ ၊ ဟန်နီရော ကိုယ့်အစီအစဉ်နဲ့ကိုယ် သွားလို့ဖြစ်လား"
" ဟန်နီက အေးဆေး ၊ ကို့သားအဆင်မပြေပဲမေး "
မာမီစကားကြောင့် ရွှေဘုံမနေသာတော့ပေ။ ရွှေဘုံက အနေအေးပေမဲ့ ကြောက်ရွံ့နေတက်တဲ့သူမှမဟုတ်ပဲ။
" သား ကလေး မဟုတ်တော့ဘူးမာမီ။ "
"ok ကားသေချာမောင်း ရွှေဘုံလေး "
မာမီဆီမှ လှောင်ပြောင်ဟန်မရှိပဲ
တော်တယ်ဟု ချီးကျူးနေသယောင်ရှိတဲ့ မျက်ဝန်းတွေကြောင့် ရွှေဘုံကျေနပ်သွားသည်။ သူတို့မိသားစုက ထိုသို့သော ဆက်ဆံရေးပင်။
လွတ်လပ်မူ့ အပြည့် ၊ နွေးထွေးမူ့ အပြည့်နဲ့ တည်ဆောက်ထားတယ်ဆိုရင်လည်း မမှားပေ။
မိသားစု သုံးယောက်ထဲဆိုပေမဲ့
တစ်ဦးတစ်ယောက်မှ မှီခိုသူမပါပေ။
ဒယ်ဒီကတော့ လုပ်ငန်းကြီးလုပ်သူဟုပြောရမည်ပင်။ ဒယ်ဒီမှာ များပြားလှသော စီးပွားရေးလုပ်ငန်းများစွာရှိလေသည်။
ဒယ်ဒီက ဗမာလူမျိုးစစ်စစ်ဖြစ်ပေမဲ့ ၊ မာမီကတော့ Filipino -Burmese ကပြားမလေးဖြစ်သည်။
ထိုကြောင့်ရွှေဘုံမင်းစံက ဦးမင်းစံရဲ့ အသည်းကြော်လေးဖြစ်လာတာပင်။ မအေတူမို့ ရွှေဘုံက အတော်လေး ပြေပြစ်စွာချောမောသလို မာမီနှင့်ဒယ်ဒီနှင့်မတူစွာပင် ရွှေဘုံက အနေအေးတဲ့သူလေးလည်းဖြစ်ပေသည်။
မာမီအလုပ်က fashion လုပ်ငန်းဖြစ်သည်။ ခေတ်ရှေ့ပြေးသူမို့ ထိုအလုပ်နဲ့ မာမီသည် အတော်လေး လိုက်ဖက်ညီသည်ပင်။
ရွှေဘုံ ..အင်းရွှေဘုံကတော့ 3 flowers floral ဆိုတဲ့ ပန်းဆိုင်လေးကို သူငယ်ချင်းနှစ်ယောက်နဲ့ စပ်တူဖွင့်ဖို့ ပြင်နေတာဖြစ်သည်။
မကြီးလှတဲ့ လုပ်ငန်းလေးက သူတို့ သုံးယောက်ရဲ့ ပျော်စရာ နိဗ္ဗာန်ဆိုလည်းမမှား။
ဆောင်းဝင်နေတာကြာလှပေမဲ့ ရန်ကုန်ဆောင်းကတော့ ယနေ့မှ အနည်းငယ်အေးသယောင်ပဲရှိသေးသလို။
အေးသည်ဖြစ်စေ မအေးသည်ဖြစ်စေ
ရွှေဘုံကတော့ အပြင်သွားတိုင်းလက်ရှည်ဝတ်နေကြမို့ နက်ပြာရောင် flannelကွက်ကျဲ တစ်ထည်ကို တီရှပ် အဖြူ ပေါ်ကထပ်ဝတ်လိုက်ပြီးလျှင် လှေကားခြေရင်းမှာ ဖိနပ်အဖြူ လေးထိုင်စီးလိုက်၏ ။ ရွှေဘုံက အရပ်ရှည်သည်။ လူပုံသွယ်ကာ အနည်းငယ် ပျော့သည်။ အနေအေးသည်မို့ ပိုးဟပ်ဖြူ နှင့်တူကာ တုံးတုံးအအ လူငယ်လေးအသွင်ဆောင်၏။
" ရွှေဘုံလေး ကားအဆင်သင့်ဖြစ်ပြီ "
အိမ်ရှေ့မှာ အရံသင့်ရပ်ထားသော ကားအဖြူ လေးက ရွှေဘုံ ရဲ့ကားပင်။
ဆလွန်းအဟောင်းလေးမို့ ဈေးလည်းမရှိလှသလို အမြင်လည်းမလှတော့။
ဒါပေမဲ့ ရွှေဘုံအတွက်တော့ ထိုကားလေးက အပေါ့ပါးဆုံးပင်။ အကြောင်းအရင်းမှာ
လူချမ်းသာ သားသမီးဟူ၍ မသိစေချင်လို့ပေ။
ချမ်းသာမူ့သည် စိတ်ရင်းသဘောထားကို ပြောင်းလည်းစေနိုင်သည်။
အများအမြင်မှာ ရွှေဘုံသည် သာမန်ကောင်လေးတစ်ယောက်အဖြစ်သာ ပြုမူနေထိုင်လေ့ရှိသည်။
ကားလေးခြံဝန်းထဲမှ မောင်းထွက်လာခဲ့သည်နှင့် ဦးတည်ရာ ရွှေဘုံတို့ အခု ဖွင့်ဖို့ပြင်ဆင်နေတဲ့ ဆိုင်လေးဆီကိုဖြစ်သည်။
စပ်တူ မဖွင့်ပဲ ကိုယ်ပိုင်ကြီးကြီးကျယ်ကျယ် ဖွင့်နိုင်အောင်ထိ ရွှေဘုံတို့မိသားစုကချမ်းသာသော်ငြား ဒီဆိုင်လေးကိုတော့ ရွှေဘုံမုန့်ဖိုးဖြင့်သာ သူငယ်ချင်းတွေနဲ့ စုဖွင့်ဖို့ကြိုးစားခြင်းပင်ဖြစ်၏။
ကေသီနဲ့ ကြည်နူးက မိန်းကလေးတွေပေမဲ့ ပေါင်းလို့သင်းလို့ ကောင်းတဲ့ သူငယ်ချင်းတွေဖြစ်၏။ ဝါသနာလည်းတူ ၊ ပွင့်လင်းတာချင်းလည်းတူ တာမို့ ဆက်ဆံရေးမှာ
စိတ်ခုစရာ မရှိသလောက်။
" ဟဲ့ နင့်ကားစုတ်ကိုလဲဖို့ အစီအစဉ်မရှိသေးဘူးလား "
ဆိုင်ရှေ့ နေရာလွတ်မှာကားရပ်တာနဲ့
ကေသီတစ်ယောက် ဆိုင်ထဲကနေထွက်လာပြီးပြောတော့၏။
" မလဲချင်သေးပါဘူး။ အကောင်းကြီးပဲရှိသေးတာကို နှမြောစရာ"
" မောင်ရွှေ နင်တော်တော်လက်ပေါက်ကပ်တဲ့ကောင်ပဲ "
ကားတံခါးဖွင့်ဆင်းရင်း သူငယ်ချင်းဖြစ်သူကို ရယ်ကျဲကျဲ ပြန်ကြည့်မိ၏။ မောင်ရွှေက သူတို့ခေါ်တဲ့ အခေါ်ပင်။
သူကိုယ်တိုင်လည်း တရင်းတနှီးရှိတယ်ထင်လို့ မတားမြစ်ထားတာမို့ နှုတ်ကျိုးနေမှာမလွဲ။
" ကြည်နူးရော ရောက်ပြီလား "
"ရောက်နေပြီ။ လာစမ်းပါ ၊ အထဲရောက်ရင် တိုင်ပင်စရာရှိတယ်"
ကေသီက စိတ်မြန်လက်မြန်သမား ။
ပါးစပ်က အပြောနောက်ထား လက်ကအရင်ဆွဲပြီး ဆိုင်ထဲခေါ်သွင်းတော့တာပဲ။
" ဖြည်းဖြည်းလုပ်စမ်းပါ ကေသီရာ၊ ကြမ်းလိုက်တာ "
ကေသီက သူ့အပြောကြောင့်မျက်စောင်းထိုးသည်။ ထို့ကြောင့် လက်ရှည်ကို ဆွဲတင်ကာ လက်ကောက်ဝတ်ကို ကေသီမ
ရှေ့ကိုထောင်ပြလိုက်ပြီး
"ဒီမှာတွေ့လား ၊ နင့်ကြောင့် နီသွားပြီ "
" နင်ပဲ နုနေလိုက်တော့။ ငါတို့ကတော့
မိန်းမကြမ်းကြီးတွေလေ "
" မဟုတ်လို့လား "
"ဟာ ကောင်စုတ် "
လက်သီးစုတ်တွေ လူပေါ်ကျမလာခင် နောက်ကို နှစ်လှမ်းလောက်စုတ်လိုက်မိ၏။
ကေသီကိုတော့ ရွှေဘုံ အသေကြောက်ရသည်။ ဒင်းက လက်သမား။
ပျော်လည်း ရိုက်၊ ငိုလည်းရိုက်၊ စိတ်ဆိုးလည်းရိုက်မို့ ဝေးနိုင်သမျှဝေးဝေးနေတာအကောင်းဆုံးပင်။
" ရန်ဖြစ်မနေကြစမ်းနဲ့။ လာ ..ဒီကို "
နှစ်ယောက်သားအာရုံသည် ပန်းတွေကြားမှာ ငုတ်တုတ်ထိုင်နေတဲ့ ကြည်နူးဆီရောက်သွားကြ၏။
အဖြူရောင်ဖြင့်လွှမ်းမိုးနေသော ဆိုင်ခန်းသေည် မကြာခင်ဖွင့်လှစ်တော့မှာမို့ ပန်းပေါင်းစုံကရောက်ရှိနေခဲ့လေပြီ။
ရှားပါးပန်းများနှင့် အထားခံ ၊ အလှစည်း ပန်းများစွာ ကြိုရောက်နှင့်နေပြီမို့ မြိုင်မြိုင်ဆိုင်ဆိုင် အသက်ဝင်နေပြီဖြစ်၏။
ရွှေဘုံတို့ဆိုင်လေးသည် မင်္ဂလာအခန်းအနားတို့နှင့် တခြားပွဲများစွာမှာ ပန်းအလှဆင်ခြင်းလည်းလုပ်ကိုင်ပေးသည်။
ပုံမှန်အားဖြင့် သတိုးသမီးလက်ကိုင်ပန်း ၊ လက်ဆောင်ပန်းစည်း အပြင် တခြားသော ပန်းနှင့်ပန်းစည်းရန်ဆက်ဆက်ပစ္စည်းများ .. အလှပန်းအိုးများကို စုံနေအောင်ရောင်းချမှာဖြစ်လေသည်။
ထို့ကြောင့် အဖြူ ရောင် အခန်းအလယ်တွင်ရောင်စုံပန်းများစွာပင် မကသေး ၊
အစိမ်းရောင်အရွက်လှလှလေးတွေရှိသော အိမ်တွင်းစိုက်ပျိုးတဲ့ အပင်သေးသေးပိစိလေးများစွာလည်းရှိသေးသည်။
" ပြော..ဘာလဲ"
"ဘာမှမလဲဘူး ခဏနေ ဝန်ထမ်းကောင်မလေး နှစ်ယောက်လာလိမ့်မယ်။ နင်တို့နှစ်ယောက် တည်တည်တန့်တန့်နေစမ်း"
ကြည်နူးသည် ရွှေဘုံတို့၃ယောက်ထဲမှာ
ဟိန်းဟောက်တက်သော ဆရာမကြီးပင်တည်း။ ဒါပေမဲ့ ရွှေဘုံတို့နှစ်ယောက် ကြည်နူးမအားပြန်မပြောရဲပေ။ အကြောင်းရင်းမှာ ကြည်နူးသည် ပန်းအလှဆင်သင်တန်းကို နိုင်ငံခြားမှာ အခြေခံကောင်းကောင်းဖြင့်သင်ယူခဲ့တဲ့ ကောင်မလေးဖြစ်လို့ပင်။ သုံးယောက်ထဲမှာ အတော်ဆုံးဆိုလည်းမမှားပေ။
" ရွှေဘုံ နင့်ဘဲကို မနေ့ညက clubမှာ တွေ့ခဲ့တယ် "
ကြည်နူးစကားကြောင့် ရွှေဘုံကျောလေးမတ်သွား၏။
ကြည်နူးက Mac bookမှာ ခေါင်းနစ်နေရင်း မော့မကြည့်ပဲစကားတွေ ပြောနေတာဖြစ်သည်။
" နင်မသိဘူးလား၊ နင်အဲ့ကောင်ကို စိတ်ထဲထည့်မထားနဲ့ ရွှေဘုံ ..။မဟုတ်ရင်
နင်ပဲခံစားရလိမ့်မယ်။ ကိုခန့်အချိုးတွေ အရင်လိုမဟုတ်တော့ဘူးနော် ၊ ဒါကို နင်အသိဆုံးဖြစ်မှာပါ။ နင်ကငါတို့သူငယ်ချင်း ဆိုတော့ ဘေးကနေကြည့်ရတာ စိတ်တိုရလွန်းလို့ပြောတာ"
"ငါသိပါတယ် ကေသီရာ။ ကိုခန့်အရင်လိုမဟုတ်ဘူး ခြေလှမ်းတွေ ပျက်နေတာရော ငါမသိပဲနေပါ့မလား။ ဒါပေမဲ့ ငါမှမပြတ်နိုင်တာ "
ကေသီ ရွှေဘုံကို မျက်စောင်းခဲပြလိုက်သည်။ ထို့နောက် စာရင်းတွေကြားခေါင်းစိုက်နေတဲ့ ကြည်နူးလက်မောင်းကို ရိုက်၍
" နင့်စာရင်းက အရေးပါလား ငါတို့ရွှေဘုံက အရေးပါလား ကြည်နူးမ"
"အားလား ကောင်မစုတ်ရဲ့ နာတယ်ဟဲ့။
နင့်လက်ပြတ်ကြီးက ထိတာနဲ့ စပ်ဖျင်းတွေနေအောင်နာတာနော်။ နောက်တစ်ခါ
စကားပြောရင်လက်မပါနဲ့ "
ကြည်နူးစကားသည်မှန်သမျှ ကေသီအောင့်သက်သက်ဖြစ်သွား၏။ သူ့လက်အကြောင်းသူအသိဆုံးပင်။ ဒီဒဏ်ကို မခံနိုင်လို့ မျိုးသက်ပိုင်တောင် ထားခဲ့တာပဲမို့လား။
ကြည်နူးသည် သူ့စကားကြောင့် ငူငူငိုင်ငိုင်ဖြစ်၍သွားသော ကေသီကြောင့် ရွှေဘုံကိုလှမ်းကြည့်လိုက်သည်။
မျက်မှန်အထူကြီးကြားမှာ ပုတ်ခတ်ပုတ်ခတ်လုပ်နေတဲ့ နွမ်းလျနေတဲ့ မျက်ဝန်းတွေကြောင့် ကြည်နူးသက်ပြင်းချရတော့၏။
လက်ထဲက ဘောပင်ကို ပစ်ချကာ ခါးကိုမတ်၍ အလုပ်အကြောင်းကိုခဏမေ့လိုက်လေသည်။
" နှစ်ယောက်လုံး နားထောင်ကြစမ်း။
ငါ ဒီကိလေသာ အမှောင်တွေကို စိတ်ကုန်လွန်းလို့ တစ်ယောက်ထဲ နေနေတာနော်။ ကေသီမ မျိုးသက်ပိုင်အကြောင်းမေ့လိုက်တော့ ၊ နင့်အကောင်လောရှည်က အရပ်ရှည်တာကလွဲပြီး ဘာသုံးစားရလို့လဲ။ မိဘလုပ်စာထိုင်စားပြီး အားနေဂိမ်းဆော့နေတဲ့ ငပျင်းကောင်ကို နင်ကဘာမက်နေတာလဲ "
ကြည်နူးအပြောကြောင့် ကေသီပိုပြီးစိတ်ဓာတ်ကျသွား၏။
အချစ်ဆိုတာ မကောင်းမှန်းသိရက်နဲ့တောင် ဆက်ရူးမိုက်ချင်တာမျိုးလေ။
ရည်းစားဟောင်းလေးမျိုးသက်ပိုင်က ကြည်နူးပြောသလောက်လည်းမဆိုးပေ။
gameဆော့မှာပေါ့ သူက နာမည်ရနေတဲ့
Gamer လေ ။
ပြီးတော့ မျိုးသက်ပိုင်က ပိန်ပိန်ပါးပါးမို့ ကေသီ၏ သမ မူ့ကို ခံနိုင်ရည်မရှိရှာတာပင်။ ဒါတွေအကုန်လုံး ကေသီကတော့ သူ့အမှားဟုသာ သတ်မှတ်ထားတာမို့ အတိတ်ကိုတောင်ပြန်သတိရသွားလေတော့သည်။
ကေသီ မျက်နှာအပြောင်းလဲကိုကြည့်၍
ကြည်နူးအတော်လေး စိတ်ရှုပ်နေလေတော့သည်။ ဒါပေမဲ့ ပြောရမဲ့သူနောက်တစ်ယောက်ရှိသေးတာမို့ သူမခေါင်းကို
ပိုးဟပ်ဖြူရှေ့လှည့်လိုက်ကာ
" ရွှေဘုံ နင်ဟိုကောင် ဘုန်းခန့်ထည်ကို ဖြတ်ရင်ဖြတ် မဖြတ်ရင် နင်နွားဖြစ်တော့မှာသိလား။ ငါမနေ့ညက ကိုခန့်ဘေးမှာ
တက်သစ်စမော်ဒယ်ကောင်မလေးကို တွေ့ခဲ့တယ် ။ ဟွန်း နင့်အကောင်ဘယ်လောက် မျက်နှာပြောင်သလဲဆိုရင် ငါမှန်းသိရက်နဲ့ အဲ့ကောင်မလေးနဲ့ ပရောပရီ လုပ်နေတာနော် ၊ ဘယ်လောက်စောက်သည်းပေါက်ဖို့ကောင်းလဲ "
ကြည်နူးမျက်နှာက ဒေါသရိပ်တွေကိုကြည့်ရင်း ရွှေဘုံလည်း ရင်မဆိုင်ရဲစွာခေါင်းငုံ့ချလိုက်မိတော့သည်။
ကိုခန့် အကြောင်းတွေ ပြန်ပြန်ကြားရတိုင်း
သူရင်နာရပါသည်။ သို့ပေမဲ့ မပြတ်နိုင်တာမို့ အကုန်လုံး မသိချင်ယောင်ဆောင်ကာ လျစ်လျူ ရူ့ ခဲ့ရ၏။
ကိုခန့်..ကိုခန့်ကိုချစ်ရတာ သူ့အတွက် အမိုက်မဲဆုံးလုပ်ရပ်ဖြစ်ေလသည်။
ချစ်တဲ့အိမ်စည်။
"မိုက္ ! မိုက္ ကြ "
"မိုက္ !!"
သံဇကာ ျဖင့္အလံုပိတ္ထားေသာ သတ္ကြင္းအလယ္တြင္လူႏွစ္ေယာက္သည္ေသြးသံတရဲရဲလံုးေထြးသတ္ပုတ္လ်က္ရိွသည္။ ထိုေနရာသည္ ေၾကးစားလက္ေဝ႔ွကြင္းပင္တည္း။ လက္ေဝ႔ွဟု သတ္မွတ္ထားေသာျငား စည္းကမ္းသတ္မွတ္ခ်က္လံုးဝမရိွေသာေနရာပင္ျဖစ္သည္။
လူ တစ္ေယာက္၏ အသက္သည္ ထိုေနရာတြင္ တန္ဖိုးမရိွသလို မည္သၫ့္အာဏာပိုင္မ်ားမွ လာေရာက္ စစ္ေဆးမူ႔မရိွေသာ ေၾကးအႀကီးဆံုးသတ္ကြင္းပင္ျဖစ္သည္။
" ေဟးးး မိုက္ ကြ "
ေအာ္ဟစ္အားေပးသံမ်ားမွာစီခနဲ။
ထိုသတ္ေနသူႏွစ္ဦး ထဲမွ လက္ေမာင္းတြင္Tattooထိုးထားေသာ ေယာက်ာ္းတစ္ေယာက္သည္ သူ႔ထက္အနည္းပိုၿပီးဗလထြားထြားႏွင့္အမ်ိဳးသားကို အဆံုးသတ္အေနျဖင့္ ၾကမ္းေပၚေျမႇာက္ကာ ကိုင္ေပါက္လိုက္ျခင္းေၾကာင့္ ပြဲသည္ခ်က္ခ်င္းဆိုသလို ဆူညံ့သြား၏။
ပရိတ္သတ္အသံတို႔သည္ ေဝဆာလ်က္ ကြင္းလံုးညံေနသည္မွာ အရူးအမူးပင္ျဖစ္သည္။
ထိုသူမွာ ေၾကးစားေလာကတြင္နာမည္ႀကီးလွေသာ မိုက္ဆိုသူျဖစ္၏။ မိုက္သည္ ပြဲဆက္နည္းသူျဖစ္တာေၾကာင့္
သတ္ကြင္းတြင္ အစဥ္အၿမဲမရိွတက္ေပ။
တစ္ခါတစ္ရံမွေပၚလာသူမို႔ ေစာင့္ေမ်ွာ္ေနတက္သၫ့္ ပရိတ္သတ္မ်ားမွာ အမ်ားသားပင္။
ေၾကးႀကီးေသာ ပြဲမ်ားႏွင့္ နာမည္ႀကီးစိန္ေခၚသူမ်ားရိွပါက မိုက္ေပၚလာတက္ၿပီး က်န္အခ်ိန္မ်ားတြင္ေတာ့ မိုက္သည္ ဇာတ္ျမဳပ္၍ ေနထိုင္တက္သူျဖစ္၏။
ထို႔ေၾကာင့္ မိုက္၏ပြဲမ်ားသည္ ပြဲႀကီးမ်ားျဖစ္ကာ
လာေရာက္ၾကၫ့္ရႈ႔သူမ်ားအေနျဖင့္ ေပးရေသာ ဝင္ေၾကးျဖင့္ တန္သည္ဟုသတ္မွတ္ၾကသည္။ထို႔အျပင္
ေျမေအာက္ေၾကးစားမို႔ မိုက္၏ ဂုဏ္သတင္းသည္
သတ္ကြင္းေတြအားစိတ္ဝင္စားေသာ သူေဌးမ်ားၾကားတြင္ မ်ားစြာ နာမည္ႀကီးေသး၏။
ေမ်ွာ္မွန္းထားသၫ့္အတိုင္းမိုက္သည္ ပြဲကို အႏိုင္ပိုင္းလိုက္ႏိုင္သည္။
ေအာ္ဟစ္ဆူညံစြာအားေပးေနၾကေသာ ပရိတ္သတ္မ်ားကို မိုက္သည္ ေသြးစြန္းေနေသာပိတ္သားအျဖဴေရာင္ပတ္ထားတဲ့လက္ကို မာန္ပါစြာေျမာက္ျပလိုက္သည္။
တဖန္ျပန္လည္ဆူညံသြားတဲ့ အသံမ်ားၾကားတြင္ မိုက္သည္ ႀကိဳးဝိုင္းမွဆင္းကာ ျပန္လည္ေပ်ာက္ကြယ္သြားခဲ့သည္။
ထိုအခ်ိန္မွ စ၍ မိုက္သည္ အခ်ိန္အေတာ္ၾကာေအာင္ ျပန္ေပၚလာေတာ့မည္မဟုတ္ေၾကာင္း စင္ေအာက္မွ လူတခ်ိဳ႕သည္ သိလိုက္ေတာ့သည္။
----------
အိပ္ယာက ႏိုးလာတာနဲ႔ ပထမဆံုးလုပ္မိသည္က ကုတင္ေဘးစားပြဲေပၚက မ်က္မွန္ကို လိုက္စမ္းရတာပဲ။
မဟုတ္ရင္ မႈံဝါးဝါးအျမင္အာရံုက ဘာကို မွကြဲကြဲျပားျပား မျမင္ႏိုင္ေအာင္ ဆိုးလြန္းလွသည္။ ပုလင္းဖင္နီးပါးေလာက္ေလာက္ ထူထဲေသာမွန္ကမွ ေရႊဘံု ျမင္ကြင္းကို ပိုရွင္းလင္းသေယာင္။
" morning ကိုခန႔္ "
ေန့စဉ္ဝတၲရားမျပတ္ message တစ္ေၾကာင္းအရင္ပို႔လိုက္သည္။ဒီခ်ိန္ ကိုခန႔္အိပ္ယာ မႏိုးေသး။ ႏိုးခဲ့ရင္ေတာင္ ေရႊဘံုကို သတိတရဖုန္းေခၚပါ့မလား။
အခ်စ္ေရးမွာ ရင္ခုန္သံျခင္းထပ္တူမက်ရင္
ေပ်ာ္ရႊင္မူ႔နည္းပါတာေတာ့အမွန္ပင္။
ပိုခ်စ္ရသူက ဘယ္သူလဲေမးရင္ ေရႊဘံုေပါ့။
ၿပီးေတာ့ ကိုဘုန္းခန႔္ထည္ဆိုတဲ့ ေရႊဘံုရည္းစားက ရုပ္ရည္က ဓာတ္ပံုဆရာသာ ဆိုတယ္ မင္းသားရႈံးေအာင္ေခ်ာတဲ့သူ။
အၿမဲေမာ္ဒယ္လွလွေလးမ်ားဝင္ထြက္ေနတက္တဲ့ သူ႔ studioမွာ အေခ်ာအလွဆိုတာ ျပတ္တယ္လို႔မရိွ။
ကိုခန႔္က ေရႊဘံုအေပၚမွာ အရင္ကလို မဟုတ္ေတာ့ဘူး။
ေအးစက္စက္ ဆက္ဆံေရးမွာ ေရႊဘံုကသာ ခ်စ္ေနရတဲ့သူပါ။ ကိုခန႔္ကေတာ့
ေရႊဘံုကို ခ်စ္သူရည္းစားဆိုတဲ့ ဂုဏ္ပုဒ္ကိုသာ ေပးထားတာ ၊ ဘယ္တုန္းကမွ
တခမ္းတနားခ်စ္ေပးတယ္ဆိုတာမ်ိဳး မရိွခဲ့ဖူးေပ။
ေရႊဘံုလည္း အခ်စ္ခံခ်င္ပါသည္။
ကိုခန႔္ေဘးမွာ ယံုၾကည္အားကိုးၿပီးေနခ်င္ပါသည္။ သို႔ေသာ္
ဒါေတြက စိတ္ကူးယဉ္ အိမ္မက္ေတြလိုပဲ။
ေဒါက္..ေဒါက္..
" ေရႊဘံုေလး တီတီႀကီးက မနက္စာ စားရေအာင္ ေအာက္ထပ္ကို ဆင္းလာပါေတာ့တဲ့ "
" ဟုတ္ကဲ့ မႀကိဳင္ ၊ ကြၽန္ေတာ္ ခုဆင္းခဲ့မယ္"
ေရႊဘံု လက္ထဲက ဖုန္းကို ေဘးစားပြဲေပၚတင္၍ အိပ္ယာမွထ လိုက္သည္။
လန္းဆန္းစြာ ထရမဲ့ မနက္ခင္းတိုင္း ကိုခန႔္ေၾကာင့္ စိတ္ရႈပ္ေထြးရစၿမဲ။
မ်က္ႏွာသစ္၊ သြားတိုက္ အျမန္လုပ္ၿပီး
ညဝတ္ အက်ႌကို လဲလိုက္သည္။
အကုန္ၿပီးစီးသည္ ႏွင့္ အိမ္ေလွကားထစ္မ်ားစြာကို နင္းျဖတ္၍ ေအာက္ထပ္ကိုဆင္းလာခဲ့လိုက္သည္။
" morning ..မာမီ "
" morning ဘံုငယ္ေလး "
မာမီဆီမွ ဘံုငယ္ေလးဆိုတဲ့ နာမည္ေၾကာင့္ ေရႊဘံု ႏႈတ္ဖ်ားမွာ အၿပံဳးေရးေရးထင္သြားသည္။ သူ႔နာမည္က ေရႊဘံုမင္းစံ ေလ။ နာမည္အတိုင္း ေရႊဘံုေပၚမွာ စံရသူပင္။ ေရႊဇြန္းကိုက္ၿပီး ေမႊးခဲ့ရတဲ့ သူက
အခ်စ္ေရးမွာေတာ့ ကိုခန႔္ေၾကာင့္
ေသာကေပြရသူျဖစ္သည္။
" ကိုယ္တို႔ အိမ္က ဆည္းလည္းေလး
မ်က္ႏွာသိပ္မလန္းပါလား ။ ဟန္နီ မင္းသား ဘုန္းခန႔္ထည္နဲ႔ အဆင္မေျပဘူးလား "
Suit အျပၫ့္အစံု ဝတ္ထားတဲ့ ဒယ္ဒီက စားပြဲဝိုင္း ဝင္ထိုင္တာနဲ႔ တခါတည္း မာမီကို တန္းေမးလာသည္။ အဲ့သေလာက္ သူ႔မ်က္ႏွာက သိသာေနလား။
မလံုမလဲေခါင္းရမ္းျပမိေပမဲ့ ဒယ္ဒီ က အနည္းငယ္မ်ွ မယံုဟန္ပင္။
"သားကို ဂရုစိုက္အံုး ဟန္နီ။ "
"သားကို ဟန္နီဂရုစိုက္ပါတယ္။
ဒါေပမဲ့ လူငယ္ေတြရဲ့ အခ်စ္ေရးေတာ့ ဟန္နီ ဝင္မစြက္ဖက္ခ်င္ဘူးေလ"
"ကိုယ္ကလည္း ဝင္စြက္ဖက္ခိုင္းတာမဟုတ္ပါဘူး ဟန္နီရာ။ ေပ်ာ္ေစခ်င္လို႔ ျဖစ္တည္မူ႔ကို နားလည္ေပးထားတာ ။ မေပ်ာ္ရတဲ့ ဆက္ဆံေရးမ်ိဳး ကိုယ္မျမင္ခ်င္ဘူး။"
" သား..ဒယ္ဒီေျပာတာနားလည္လား "
မာမီနဲ႔ ေျပာေနရင္းမွ ေရႊဘံုထံအၾကၫ့္ေရာက္လာတာမို႔ေရႊဘံု ေခါင္းညိမ့္ျပရေတာ့သည္။ မာမီ နဲ႔ ဒယ္ဒီက ေရႊဘံု အခ်စ္ေရး၊ ေရႊဘံု လြတ္လပ္ခြင့္ကို အျပၫ့္အဝေရြးခ်ယ္ခြင့္ေပးထားသူေတြပင္။
သူတို႔ကိုယ္တိုင္ ႏိုင္ငံတကာႏွင့္ရင္ေဘာင္တန္း၍ အလုပ္လုပ္ေနသူေတြပီပီ ေခတ္နဲ႔အညီ သားသမီးကို မည္သို႔မည္ပံု အုပ္ထိန္းရမယ္ဆိုတာ နားလည္သည္။
ဒယ္ဒီနဲ႔ မာမီ ဘယ္ေလာက္ထိေရႊဘံုအေပၚမွာ နားလည္ေပးသလည္းဆိုရင္
LGBT အေၾကာင္းကို ေလ့လာထားသလို
ေဟာေျပာပြဲေတြ ႏွင့္ LGBT ဆိုင္ရာပြဲေတြကိုပါ အခ်ိန္ေပးၿပီး တက္ေရာက္ေပးေသးသည္။ ကိုခန႔္ ႏွင့္ပတ္သတ္မူ႔ကိုလည္း မတားျမစ္ေပမဲ့ ကိုခန႔္ရဲ့ေအးစက္မူ႔ကို ရိပ္မိသည္ထင္ သိပ္ေတာ့သေဘာမေတြ့လွ။
" ဒယ္ဒီ ဒီေန့ေတာ့ ေစာေစာ သြားရမယ္
ဘံုဘံု ၊ အလုပ္ကို ကားေမာင္းသြား Taxiမစီးနဲ႔ ၊ ဟန္နီေရာ ကိုယ့္အစီအစဉ္နဲ႔ကိုယ္ သြားလို႔ျဖစ္လား"
" ဟန္နီက ေအးေဆး ၊ ကို႔သားအဆင္မေျပပဲေမး "
မာမီစကားေၾကာင့္ ေရႊဘံုမေနသာေတာ့ေပ။ ေရႊဘံုက အေနေအးေပမဲ့ ေၾကာက္ရြံ႔ေနတက္တဲ့သူမွမဟုတ္ပဲ။
" သား ကေလး မဟုတ္ေတာ့ဘူးမာမီ။ "
"ok ကားေသခ်ာေမာင္း ေရႊဘံုေလး "
မာမီဆီမွ ေလွာင္ေျပာင္ဟန္မရိွပဲ
ေတာ္တယ္ဟု ခ်ီးက်ူးေနသေယာင္ရိွတဲ့ မ်က္ဝန္းေတြေၾကာင့္ ေရႊဘံုေက်နပ္သြားသည္။ သူတို႔မိသားစုက ထိုသို႔ေသာ ဆက္ဆံေရးပင္။
လြတ္လပ္မူ႔ အျပၫ့္ ၊ ေနြးေထြးမူ႔ အျပၫ့္နဲ႔ တည္ေဆာက္ထားတယ္ဆိုရင္လည္း မမွားေပ။
မိသားစု သံုးေယာက္ထဲဆိုေပမဲ့
တစ္ဦးတစ္ေယာက္မွ မွီခိုသူမပါေပ။
ဒယ္ဒီကေတာ့ လုပ္ငန္းႀကီးလုပ္သူဟုေျပာရမည္ပင္။ ဒယ္ဒီမွာ မ်ားျပားလွေသာ စီးပြားေရးလုပ္ငန္းမ်ားစြာရိွေလသည္။
ဒယ္ဒီက ဗမာလူမ်ိဳးစစ္စစ္ျဖစ္ေပမဲ့ ၊ မာမီကေတာ့ Filipino -Burmese ကျပားမေလးျဖစ္သည္။
ထိုေၾကာင့္ေရႊဘံုမင္းစံက ဦးမင္းစံရဲ့ အသည္းေၾကာ္ေလးျဖစ္လာတာပင္။ မေအတူမို႔ ေရႊဘံုက အေတာ္ေလး ေျပျပစ္စြာေခ်ာေမာသလို မာမီႏွင့္ဒယ္ဒီႏွင့္မတူစြာပင္ ေရႊဘံုက အေနေအးတဲ့သူေလးလည္းျဖစ္ေပသည္။
မာမီအလုပ္က fashion လုပ္ငန္းျဖစ္သည္။ ေခတ္ေရ႔ွေျပးသူမို႔ ထိုအလုပ္နဲ႔ မာမီသည္ အေတာ္ေလး လိုက္ဖက္ညီသည္ပင္။
ေရႊဘံု ..အင္းေရႊဘံုကေတာ့ 3 flowers floral ဆိုတဲ့ ပန္းဆိုင္ေလးကို သူငယ္ခ်င္းႏွစ္ေယာက္နဲ႔ စပ္တူဖြင့္ဖို႔ ျပင္ေနတာျဖစ္သည္။
မႀကီးလွတဲ့ လုပ္ငန္းေလးက သူတို႔ သံုးေယာက္ရဲ့ ေပ်ာ္စရာ နိဗၺာန္ဆိုလည္းမမွား။
ေဆာင္းဝင္ေနတာၾကာလွေပမဲ့ ရန္ကုန္ေဆာင္းကေတာ့ ယေန့မွ အနည္းငယ္ေအးသေယာင္ပဲရိွေသးသလို။
ေအးသည္ျဖစ္ေစ မေအးသည္ျဖစ္ေစ
ေရႊဘံုကေတာ့ အျပင္သြားတိုင္းလက္ရွည္ဝတ္ေနၾကမို႔ နက္ျပာေရာင္ flannelကြက္က်ဲ တစ္ထည္ကို တီရွပ္ အျဖဴ ေပၚကထပ္ဝတ္လိုက္ၿပီးလ်ွင္ ေလွကားေျခရင္းမွာ ဖိနပ္အျဖဴ ေလးထိုင္စီးလိုက္၏ ။ ေရႊဘံုက အရပ္ရွည္သည္။ လူပံုသြယ္ကာ အနည္းငယ္ ေပ်ာ့သည္။ အေနေအးသည္မို႔ ပိုးဟပ္ျဖဴ ႏွင့္တူကာ တံုးတံုးအအ လူငယ္ေလးအသြင္ေဆာင္၏။
" ေရႊဘံုေလး ကားအဆင္သင့္ျဖစ္ၿပီ "
အိမ္ေရ႔ွမွာ အရံသင့္ရပ္ထားေသာ ကားအျဖဴ ေလးက ေရႊဘံု ရဲ့ကားပင္။
ဆလြန္းအေဟာင္းေလးမို႔ ေဈးလည္းမရိွလွသလို အျမင္လည္းမလွေတာ့။
ဒါေပမဲ့ ေရႊဘံုအတြက္ေတာ့ ထိုကားေလးက အေပါ့ပါးဆံုးပင္။ အေၾကာင္းအရင္းမွာ
လူခ်မ္းသာ သားသမီးဟူ၍ မသိေစခ်င္လို႔ေပ။
ခ်မ္းသာမူ႔သည္ စိတ္ရင္းသေဘာထားကို ေျပာင္းလည္းေစႏိုင္သည္။
အမ်ားအျမင္မွာ ေရႊဘံုသည္ သာမန္ေကာင္ေလးတစ္ေယာက္အျဖစ္သာ ျပဳမူေနထိုင္ေလ့ရိွသည္။
ကားေလးၿခံဝန္းထဲမွ ေမာင္းထြက္လာခဲ့သည္ႏွင့္ ဦးတည္ရာ ေရႊဘံုတို႔ အခု ဖြင့္ဖို႔ျပင္ဆင္ေနတဲ့ ဆိုင္ေလးဆီကိုျဖစ္သည္။
စပ္တူ မဖြင့္ပဲ ကိုယ္ပိုင္ႀကီးႀကီးက်ယ္က်ယ္ ဖြင့္ႏိုင္ေအာင္ထိ ေရႊဘံုတို႔မိသားစုကခ်မ္းသာေသာ္ျငား ဒီဆိုင္ေလးကိုေတာ့ ေရႊဘံုမုန႔္ဖိုးျဖင့္သာ သူငယ္ခ်င္းေတြနဲ႔ စုဖြင့္ဖို႔ႀကိဳးစားျခင္းပင္ျဖစ္၏။
ေကသီနဲ႔ ၾကည္ႏူးက မိန္းကေလးေတြေပမဲ့ ေပါင္းလို႔သင္းလို႔ ေကာင္းတဲ့ သူငယ္ခ်င္းေတျြဖစ္၏။ ဝါသနာလည္းတူ ၊ ပြင့္လင္းတာခ်င္းလည္းတူ တာမို႔ ဆက္ဆံေရးမွာ
စိတ္ခုစရာ မရိွသေလာက္။
" ဟဲ့ နင့္ကားစုတ္ကိုလဲဖို႔ အစီအစဉ္မရိွေသးဘူးလား "
ဆိုင္ေရ႔ွ ေနရာလြတ္မွာကားရပ္တာနဲ႔
ေကသီတစ္ေယာက္ ဆိုင္ထဲကေနထြက္လာၿပီးေျပာေတာ့၏။
" မလဲခ်င္ေသးပါဘူး။ အေကာင္းႀကီးပဲရိွေသးတာကို ႏွေျမာစရာ"
" ေမာင္ေရႊ နင္ေတာ္ေတာ္လက္ေပါက္ကပ္တဲ့ေကာင္ပဲ "
ကားတံခါးဖြင့္ဆင္းရင္း သူငယ္ခ်င္းျဖစ္သူကို ရယ္က်ဲက်ဲ ျပန္ၾကၫ့္မိ၏။ ေမာင္ေရႊက သူတို႔ေခၚတဲ့ အေခၚပင္။
သူကိုယ္တိုင္လည္း တရင္းတႏွီးရိွတယ္ထင္လို႔ မတားျမစ္ထားတာမို႔ ႏႈတ္က်ိဳးေနမွာမလြဲ။
" ၾကည္ႏူးေရာ ေရာက္ၿပီလား "
"ေရာက္ေနၿပီ။ လာစမ္းပါ ၊ အထဲေရာက္ရင္ တိုင္ပင္စရာရိွတယ္"
ေကသီက စိတ္ျမန္လက္ျမန္သမား ။
ပါးစပ္က အေျပာေနာက္ထား လက္ကအရင္ဆြဲၿပီး ဆိုင္ထဲေခၚသြင္းေတာ့တာပဲ။
" ျဖည္းျဖည္းလုပ္စမ္းပါ ေကသီရာ၊ ၾကမ္းလိုက္တာ "
ေကသီက သူ႔အေျပာေၾကာင့္မ်က္ေစာင္းထိုးသည္။ ထို႔ေၾကာင့္ လက္ရွည္ကို ဆြဲတင္ကာ လက္ေကာက္ဝတ္ကို ေကသီမ
ေရ႔ွကိုေထာင္ျပလိုက္ၿပီး
"ဒီမွာေတြ့လား ၊ နင့္ေၾကာင့္ နီသြားၿပီ "
" နင္ပဲ ႏုေနလိုက္ေတာ့။ ငါတို႔ကေတာ့
မိန္းမၾကမ္းႀကီးေတြေလ "
" မဟုတ္လို႔လား "
"ဟာ ေကာင္စုတ္ "
လက္သီးစုတ္ေတြ လူေပၚက်မလာခင္ ေနာက္ကို ႏွစ္လွမ္းေလာက္စုတ္လိုက္မိ၏။
ေကသီကိုေတာ့ ေရႊဘံု အေသေၾကာက္ရသည္။ ဒင္းက လက္သမား။
ေပ်ာ္လည္း ရိုက္၊ ငိုလည္းရိုက္၊ စိတ္ဆိုးလည္းရိုက္မို႔ ေဝးႏိုင္သမ်ွေဝးေဝးေနတာအေကာင္းဆံုးပင္။
" ရန္ျဖစ္မေနၾကစမ္းနဲ႔။ လာ ..ဒီကို "
ႏွစ္ေယာက္သားအာရံုသည္ ပန္းေတြၾကားမွာ ငုတ္တုတ္ထိုင္ေနတဲ့ ၾကည္ႏူးဆီေရာက္သြားၾက၏။
အျဖဴေရာင္ျဖင့္လႊမ္းမိုးေနေသာ ဆိုင္ခန္းေသည္ မၾကာခင္ဖြင့္လွစ္ေတာ့မွာမို႔ ပန္းေပါင္းစံုကေရာက္ရိွေနခဲ့ေလၿပီ။
ရွားပါးပန္းမ်ားႏွင့္ အထားခံ ၊ အလွစည္း ပန္းမ်ားစြာ ႀကိဳေရာက္ႏွင့္ေနၿပီမို႔ ၿမိဳင္ၿမိဳင္ဆိုင္ဆိုင္ အသက္ဝင္ေနၿပီျဖစ္၏။
ေရႊဘံုတို႔ဆိုင္ေလးသည္ မဂၤလာအခန္းအနားတို႔ႏွင့္ တျခားပြဲမ်ားစြာမွာ ပန္းအလွဆင္ျခင္းလည္းလုပ္ကိုင္ေပးသည္။
ပံုမွန္အားျဖင့္ သတိုးသမီးလက္ကိုင္ပန္း ၊ လက္ေဆာင္ပန္းစည္း အျပင္ တျခားေသာ ပန္းႏွင့္ပန္းစည္းရန္ဆက္ဆက္ပစၥည္းမ်ား .. အလွပန္းအိုးမ်ားကို စံုေနေအာင္ေရာင္းခ်မွာျဖစ္ေလသည္။
ထို႔ေၾကာင့္ အျဖဴ ေရာင္ အခန္းအလယ္တြင္ေရာင္စံုပန္းမ်ားစြာပင္ မကေသး ၊
အစိမ္းေရာင္အရြက္လွလွေလးေတြရိွေသာ အိမ္တြင္းစိုက္ပ်ိဳးတဲ့ အပင္ေသးေသးပိစိေလးမ်ားစြာလည္းရိွေသးသည္။
" ေျပာ..ဘာလဲ"
"ဘာမွမလဲဘူး ခဏေန ဝန္ထမ္းေကာင္မေလး ႏွစ္ေယာက္လာလိမ့္မယ္။ နင္တို႔ႏွစ္ေယာက္ တည္တည္တန႔္တန႔္ေနစမ္း"
ၾကည္ႏူးသည္ ေရႊဘံုတို႔၃ေယာက္ထဲမွာ
ဟိန္းေဟာက္တက္ေသာ ဆရာမႀကီးပင္တည္း။ ဒါေပမဲ့ ေရႊဘံုတို႔ႏွစ္ေယာက္ ၾကည္ႏူးမအားျပန္မေျပာရဲေပ။ အေၾကာင္းရင္းမွာ ၾကည္ႏူးသည္ ပန္းအလွဆင္သင္တန္းကို ႏိုင္ငံျခားမွာ အေျခခံေကာင္းေကာင္းျဖင့္သင္ယူခဲ့တဲ့ ေကာင္မေလးျဖစ္လို႔ပင္။ သံုးေယာက္ထဲမွာ အေတာ္ဆံုးဆိုလည္းမမွားေပ။
" ေရႊဘံု နင့္ဘဲကို မေန့ညက clubမွာ ေတြ့ခဲ့တယ္ "
ၾကည္ႏူးစကားေၾကာင့္ ေရႊဘံုေက်ာေလးမတ္သြား၏။
ၾကည္ႏူးက Mac bookမွာ ေခါင္းနစ္ေနရင္း ေမာ့မၾကၫ့္ပဲစကားေတြ ေျပာေနတာျဖစ္သည္။
" နင္မသိဘူးလား၊ နင္အဲ့ေကာင္ကို စိတ္ထဲထၫ့္မထားနဲ႔ ေရႊဘံု ..။မဟုတ္ရင္
နင္ပဲခံစားရလိမ့္မယ္။ ကိုခန႔္အခ်ိဳးေတြ အရင္လိုမဟုတ္ေတာ့ဘူးေနာ္ ၊ ဒါကို နင္အသိဆံုးျဖစ္မွာပါ။ နင္ကငါတို႔သူငယ္ခ်င္း ဆိုေတာ့ ေဘးကေနၾကၫ့္ရတာ စိတ္တိုရလြန္းလို႔ေျပာတာ"
"ငါသိပါတယ္ ေကသီရာ။ ကိုခန႔္အရင္လိုမဟုတ္ဘူး ေျခလွမ္းေတြ ပ်က္ေနတာေရာ ငါမသိပဲေနပါ့မလား။ ဒါေပမဲ့ ငါမွမျပတ္ႏိုင္တာ "
ေကသီ ေရႊဘံုကို မ်က္ေစာင္းခဲျပလိုက္သည္။ ထို႔ေနာက္ စာရင္းေတြၾကားေခါင္းစိုက္ေနတဲ့ ၾကည္ႏူးလက္ေမာင္းကို ရိုက္၍
" နင့္စာရင္းက အေရးပါလား ငါတို႔ေရႊဘံုက အေရးပါလား ၾကည္ႏူးမ"
"အားလား ေကာင္မစုတ္ရဲ့ နာတယ္ဟဲ့။
နင့္လက္ျပတ္ႀကီးက ထိတာနဲ႔ စပ္ဖ်င္းေတြေနေအာင္နာတာေနာ္။ ေနာက္တစ္ခါ
စကားေျပာရင္လက္မပါနဲ႔ "
ၾကည္ႏူးစကားသည္မွန္သမ်ွ ေကသီေအာင့္သက္သက္ျဖစ္သြား၏။ သူ႔လက္အေၾကာင္းသူအသိဆံုးပင္။ ဒီဒဏ္ကို မခံႏိုင္လို႔ မ်ိဳးသက္ပိုင္ေတာင္ ထားခဲ့တာပဲမို႔လား။
ၾကည္ႏူးသည္ သူ႔စကားေၾကာင့္ ငူငူငိုင္ငိုင္ျဖစ္၍သြားေသာ ေကသီေၾကာင့္ ေရႊဘံုကိုလွမ္းၾကၫ့္လိုက္သည္။
မ်က္မွန္အထူႀကီးၾကားမွာ ပုတ္ခတ္ပုတ္ခတ္လုပ္ေနတဲ့ ႏြမ္းလ်ေနတဲ့ မ်က္ဝန္းေတြေၾကာင့္ ၾကည္ႏူးသက္ျပင္းခ်ရေတာ့၏။
လက္ထဲက ေဘာပင္ကို ပစ္ခ်ကာ ခါးကိုမတ္၍ အလုပ္အေၾကာင္းကိုခဏေမ့လိုက္ေလသည္။
" ႏွစ္ေယာက္လံုး နားေထာင္ၾကစမ္း။
ငါ ဒီကိေလသာ အေမွာင္ေတြကို စိတ္ကုန္လြန္းလို႔ တစ္ေယာက္ထဲ ေနေနတာေနာ္။ ေကသီမ မ်ိဳးသက္ပိုင္အေၾကာင္းေမ့လိုက္ေတာ့ ၊ နင့္အေကာင္ေလာရွည္က အရပ္ရွည္တာကလြဲၿပီး ဘာသံုးစားရလို႔လဲ။ မိဘလုပ္စာထိုင္စားၿပီး အားေနဂိမ္းေဆာ့ေနတဲ့ ငပ်င္းေကာင္ကို နင္ကဘာမက္ေနတာလဲ "
ၾကည္ႏူးအေျပာေၾကာင့္ ေကသီပိုၿပီးစိတ္ဓာတ္က်သြား၏။
အခ်စ္ဆိုတာ မေကာင္းမွန္းသိရက္နဲ႔ေတာင္ ဆက္ရူးမိုက္ခ်င္တာမ်ိဳးေလ။
ရည္းစားေဟာင္းေလးမ်ိဳးသက္ပိုင္က ၾကည္ႏူးေျပာသေလာက္လည္းမဆိုးေပ။
gameေဆာ့မွာေပါ့ သူက နာမည္ရေနတဲ့
Gamer ေလ ။
ၿပီးေတာ့ မ်ိဳးသက္ပိုင္က ပိန္ပိန္ပါးပါးမို႔ ေကသီ၏ သမ မူ႔ကို ခံႏိုင္ရည္မရိွရွာတာပင္။ ဒါေတြအကုန္လံုး ေကသီကေတာ့ သူ႔အမွားဟုသာ သတ္မွတ္ထားတာမို႔ အတိတ္ကိုေတာင္ျပန္သတိရသြားေလေတာ့သည္။
ေကသီ မ်က္ႏွာအေျပာင္းလဲကိုၾကၫ့္၍
ၾကည္ႏူးအေတာ္ေလး စိတ္ရႈပ္ေနေလေတာ့သည္။ ဒါေပမဲ့ ေျပာရမဲ့သူေနာက္တစ္ေယာက္ရိွေသးတာမို႔ သူမေခါင္းကို
ပိုးဟပ္ျဖဴေရ႔ွလွၫ့္လိုက္ကာ
" ေရႊဘံု နင္ဟိုေကာင္ ဘုန္းခန္႔ထည္ကို ျဖတ္ရင္ျဖတ္ မျဖတ္ရင္ နင္ႏြားျဖစ္ေတာ့မွာသိလား။ ငါမေန့ညက ကိုခန႔္ေဘးမွာ
တက္သစ္စေမာ္ဒယ္ေကာင္မေလးကို ေတြ့ခဲ့တယ္ ။ ဟြန္း နင့္အေကာင္ဘယ္ေလာက္ မ်က္ႏွာေျပာင္သလဲဆိုရင္ ငါမွန္းသိရက္နဲ႔ အဲ့ေကာင္မေလးနဲ႔ ပေရာပရီ လုပ္ေနတာေနာ္ ၊ ဘယ္ေလာက္ေစာက္သည္းေပါက္ဖို႔ေကာင္းလဲ "
ၾကည္ႏူးမ်က္ႏွာက ေဒါသရိပ္ေတြကိုၾကၫ့္ရင္း ေရႊဘံုလည္း ရင္မဆိုင္ရဲစြာေခါင္းငံု႔ခ်လိုက္မိေတာ့သည္။
ကိုခန႔္ အေၾကာင္းေတြ ျပန္ျပန္ၾကားရတိုင္း
သူရင္နာရပါသည္။ သို႔ေပမဲ့ မျပတ္ႏိုင္တာမို႔ အကုန္လံုး မသိခ်င္ေယာင္ေဆာင္ကာ လ်စ္လ်ူ ရူ႔ ခဲ့ရ၏။
ကိုခန႔္..ကိုခန႔္ကိုခ်စ္ရတာ သူ႔အတြက္ အမိုက္မဲဆံုးလုပ္ရပ္ျဖစ္ေလသည္။
ခ်စ္တဲ့အိမ္စည္။
Bạn đang đọc truyện trên: ZingTruyen.Xyz