တသက်လုံးပျော်ချင်မောင့်ကိုချစ်ပါ(တသက္လံုးေပ်ာ္ခ်င္ေမာင့္ကိုခ်စ္ပါ)Completed
18
မစဲေသာမိုးသည္ တေသာေသာ႐ြာေနဆဲပင္ျဖစ္သည္။
ေရးညိဳ႕ထင္ကားကိုက်င္လည္စြာေမာင္းနွင္းၿပီး ေဘးမွာ ေမွးစက္လိုက္ပါလာေသာ ေကာင္းကေလးဆံပင္ေလးေတြအား လွမ္းသပ္တင္ေပးလိုက္၏။
အဖ်ားခတ္ထိေတြ႕သြားတဲ့ နဖူးျပင္ေလးဆီမွ ေႏြးေတးေတးအေငြ႕အသက္သည္
လက္ေခ်ာင္းတေလ်ွာက္ ေဝ့ဝဲတိုက္ခတ္လိုက္တဲ့ ေလႏုေအးေလးလို။
" ေကာင္ကေလး သက္သာရဲ႕လား "
သူ႔အသံေၾကာင့္ေကာင္ကေလး၏ မ်က္လံုးေတြဖြင့္ဟလာၿပီး မွီေလ်ာထိုင္ေနေသာ ေက်ာျပင္သည္ အနည္းငယ္ဆန္႔မတ္လာ၏။ မၾကည္လင္ေသးေသာမ်က္လံုးေတြထပ္မွာ မ်က္မွန္ကရွိမေနတာမို႔လြတ္လပ္စြာပြတ္သပ္၍အက္ရွရွအသံျဖင့္ေျပာလာ၏
"သက္သာပါတယ္။ ကြၽန္ေတာ္ ဖုန္းဆက္ၿပီးေျပာမလို႔ပဲ ၊ ေဆးထိုးလိုက္ေတာ့ သက္သာသြားမယ္ထင္တာ။ မိုးတိတ္ရင္ ျပန္လာဖို႔ ေတြးရင္းဘယ္လိုအိပ္ေပ်ာ္သြားမွန္းမသိလိုက္ဘူး "
"ရတယ္ ၊ ေနာက္ဆို ကိုယ္လည္းသတိထားပါ့မယ္။ ညေနစာ ဘာစားခ်င္လဲ ကိုယ္ ေကာင္ကေလးအတြက္ ၾကက္ေပါင္းေလးလုပ္ေပးရမလား။ စားခ်င္စိတ္ရွိတာမ်ိဳး
ေတြးမိရင္လည္းေျပာ ၊ ကိုယ္သြားဝယ္ေပးမယ္"
"ၾကက္ေပါင္းပဲ စားမယ္ "
" ခ်ဴ ခ်ာတယ္ ။ အဲ့ဒါမေကာင္းဘူး၊
ေနာက္ ေနေကာင္းရင္ ကိုယ္နဲ႔ေလ့က်င့္ခန္းလိုက္လုပ္ကြာ ။ အျပင္ပန္းသန္မာရင္ ဘာေရာဂါမွဝင္နိုင္မွာမဟုတ္ဘူး "
ဒီစကားကိုေရးညိဳ႕ထင္ အမွန္ပင္လုပ္ေစခ်င္လို႔ေျပာလိုက္တာပင္။
သန္မာမူ႔ဆိုတာ ေယာက်ာ္းတစ္ေယာက္
စံခ်ိန္စံညႊန္းတစ္ခုမဟုတ္ေပမဲ့
ႏုုနယ္လြန္းတဲ့ပံုပန္းေၾကာင့္ ခံနိုင္ရည္နည္းတာကိုေတာ့ သေဘာမက်ေပ။
သူတို႔အိမ္ျပန္ေရာက္တဲ့အခ်ိန္မွာ မိုးသည္တျဖည္းျဖည္စဲသြား၏။
ဖႊားတားတားက်ေနေသးတဲ့ ေရမႈန္ေလးေတြကိုမထိေစခ်င္တာမို႔ ေလွကားရင္းထိေရာက္ေအာင္ကားကိုရပ္ေစသည္။
" ဆင္းၿပီးေလွကား၃ထစ္ေလာက္ထိျဖည္းျဖည္းတက္နွင့္။ ကိုယ္ကားအပ္ၿပီးျပန္လာမယ္ "
မွာစရာမွာၿပီးသည့္တိုင္ စိတ္မခ်စြာ ေကာင္ကေလး၏ လႈပ္ရွားပံုကိဳေငးၾကည့္ေနဆဲျဖစ္သည္။
သူခိုင္းသည့္အတိုင္း ၃ထစ္ေျမာက္ေလွကားေပၚကို ရပ္တန္႔သြားမွ စိတ္ေျဖာင့္ေျဖာင့္ကားကိုလွည့္ရသည္။
တခါတေလ သူ႔ေျပာင္းလဲမူ႔ကိုသူကိဳယ္တိုင္အစိုးရမေနေတာ့ေပ။
ေကာင္ကေလး မရွိရင္ဟာတာတာျဖစ္ေနတဲ့အိမ္ကိုသူမႀကိဳက္ဘူး။
ဒေတာင္မွေကာင္ကေလးက တြတ္တီးတြက္တာေျပာတက္သူမ်ိဳးမဟုတ္ေသးဘူး။
ဘာေလးလုပ္လုပ္ အသံမၾကားေအာင္
ညင္သာၿပီး ေရးညိဳ႕ထင္အားစိတ္မရႈပ္ေထြးေအာင္ အလိုက္သိသူျဖစ္၏။
ထူးထူးျခားျခားမရွိပဲနဲ႔ေတာင္မွေကာင္ကေလး၏ သူ႔အေပၚသက္ေရာက္လႊမ္းမိုးမူ႔သည္ ေတာ္ေတာ္ေလးထိထိေရာက္ေရာက္ ရွိလွသည္မို႔
ေရးညိဳ႕ထင္ေတာင္မွ သူ႔ကိုယ္သူျပန္အံ့ၾသေနမိတဲ့အေျခအေနျဖစ္ေနၿပီ။
အိမ္ေပၚေလွကားထစ္မ်ားသည္ သန္႔ရွင္းမူ႔သိပ္မရွိသလို အဝါေရာင္မီးသီးေဖ်ာ့ေဖ်ာ့ အလင္းေရာင္ေၾကာင့္ နံရံတေလ်ွာက္ ညိဳညစ္ညစ္အေရာင္သန္းေနသည္ကိုလည္းေတြ႕နိုင္၏။
ေရးညိဳ႕ထင္ ေကာင္ကေလးအား
ခြင့္ျပဳခ်က္ေတာင္းမေနပဲဆြဲေပြ႕ခ်ီလိုက္သည္။ ေကာင္ကေလးေလ်ွာက္မဲ့လမ္းက
မၾကည္လင္မူ႔ေတြကို သူသေဘာမေတြ႕ဘူး။ ဒီလမ္းက သူနွစ္အေတာ္အၾကာေလ်ွာက္ခဲ့လမ္းဆိုေပမဲ့ေပါ့။
" ရပါတယ္ ကြၽန္ေတာ္လမ္းေလ်ွာက္နိုင္ပါတယ္"
" ကိုယ္ခ်ီမယ္။ မင္းသိတာပဲ။ မဟုတ္ေတာင္ ကိုယ္ေလ့က်င့္ခန္းလုပ္ရင္ ဒီထက္ေလးပင္တဲ့အေလးခ်ိန္မ်ားေတြေတာင္ ထမ္းရေသးတယ္"
ကားတာယာဘီးမ်ား။ အခ်ိန္အမ်ားႀကီးစီးပိုင္ေသာ သံႀကိဳးေခြမ်ား စတဲ့ ျပင္းထန္ေသာ ေလ့က်င့္ခန္းမ်ားကို ေကာင္ကေလးျမင္ဖူးသည္။
ထို႔ၾကာင့္ဆက္္မေျပာေတာ့ေပ။
သို႔ေပသည့္ သိသိသာသာရဲေနေသာမ်က္နွာေလးကေတာ့ ဖ်ားေသြးေၾကာင့္လားရွက္႐ြံ႕ေနသလားဆိုတာကေတာ့ ေရးညိဳ႕ထင္လည္းမခန္႔မွန္းနိုင္ပါ။
ေကာင္ကေလး၏ အေလးခ်ိန္သည္ သူထင္ထားတာထက္ပိုေပါ့ၿပီးသယ္ရလြယ္ေစ၏။
" ၾကက္ေပါင္ ကို ငရုတ္ေကာင္းေလးနဲ႔
ပူရွိန္းေလးလုပ္ေပးမယ္ ၊
မင္းၿကိဳက္မွာပါ "
"ထင္ထင္ လက္ရာမွန္သမ်ွ ကြၽန္ေတာ္အကုန္ႀကိဳက္ပါတယ္"
အိမ္ေပါက္ဝမွာ ခ်ေပးၿပီး သူ ေသာ့ဖြင့္သည္။
အတူပါလာတဲ့ေကာင္ကေလးက
သူ႔အိမ္သူ႔ယာသဖြယ္ တံခါးဖြင့္ေပးသည္နွင့္ အရင္ဝင္သြား၏။
မ်က္မွန္မပါတာေတာင္ အလြတ္ရသည့္နွယ္ ခလုတ္တခ်က္မတိုက္ပဲ သြားလာနိုင္တာကိုၾကည့္ၿပီး ေရးညိဳ႕ထင္ၿပံဳး၏။
အျပင္မွာ မုန္တိုင္းအဖ်ားခတ္ေနေပမဲ့
နွသံုးသားအနီးအဝိုက္ကေတာ့ ေႏြးျမလ်က္။
" ေကာင္ကေလး အိပ္ယာထဲသြား ေႏြးေႏြးေထြးေထြး လွဲေန "
"ကြၽန္ေတာ္မအိပ္ခ်င္ေတာ့ဘူး "
"အျပင္မွာေအးတယ္ေလ "
"မေအးဘူး ၊ ကြၽန္ေတာ္အေႏြးထည္ထပ္ဝတ္ထားတယ္ "
ေရးညိဳ႕ထင္ နံရံမွာ ကားေသာ့ခ်ိတ္လိုက္သည္။ လက္ထဲ တစက္စက္က်မေနေသာ္ျငားစိုစိစိ အသြင္သ႑ာန္ရွိတဲ့ နီညိဳညိဳထီးကို ေဇာက္ထိုးေထာင္ၿပီး ေရစစ္လိုက္သည္။
" ဒါဆို ဘာလုပ္မွာလဲ"
"ထင္ထင္မပ်င္းေအာင္ မီးဖိုခန္းထဲလိုက္ခဲ့မယ္ေလ "
ဧည့္ခန္းအလယ္မွာရပ္ေနတဲ့ ေကာင္ကေလးက သူ႔အက်ၤ ီလက္ရွည္ေလးကို လက္ဖ်ားေတြလံုေအာင္ဆြဲခ်ေနတာမို႔ အိပ္ခန္းထဲအရင္သြားကာ ေစာင္ပိုင္းေလးယူေပးလိုက္သည္။ မ်က္မွန္မပါသည္မို႔ စမ္းဝဝါးဝါး ။ စိတ္တိုင္းမက်ေတာ့ ျပန္ဆြဲယူကာ
ေမးထိေရာက္ေအာင္အလံုထုပ္ေပးလိုက္သည္။
" ေကာင္ကေလး မ်က္မွန္ဘယ္ထားခဲ့တာလဲ "
"အိတ္ထဲမွာ "
သူတို႔အိမ္ျပန္ခါနီးတုန္းက မိန္းကေလးတစ္ေယာက္ ေျပးလာၿပီး ေပးသြားတဲ့
ေကာင္ကေလး လြယ္ေနက်အိတ္ကေလးကိုအမွတ္ရမိလိုက္သည္။
" ဘယ္လိုလုပ္မလဲ ကိုယ္ကားေပၚမွာ က်န္ခဲ့ၿပီ "
"ရတယ္ ။ ကြၽန္ေတာ္ၿငိမ္ၿငိမ္ေလးထိုင္ေနမွာပဲ ဟာ ခိုင္းမိ၊ တိုက္မိ စရာမရွိပါဘူး။
အမွန္ေတာ့ေလ ၊ မ်က္မွန္မပါရင္ နည္းနည္းဝါးတယ္ဆိုေပမဲ့ မျမင္ရေလာက္ေအာင္ထိ မဆိုးပါဘူး။ တခါတေလ ထင္ထင္ အရမ္းစိုးရိမ္လြန္ေနသလားလို႔ "
" စိုးရိမ္လြန္တယ္လို႔ေတာ့မဟုတ္ဘူးေပါ့။
အႏၲရာယ္ဆိုတာ မျဖစ္ခင္ကတည္းကတားတာပိုမေကာင္းဘူးလား။ "
ပုခံုးကေန ေစာင္လံုးေလးကို ဖက္ကာ
မီးဖိုေခ်ာင္ဆီ ဆြဲေခၚခဲ့သည္။
ထိုင္တဲ့ေနရာထိဖင္က်ေအာင္ထိုင္ေစၿပီးမွ
သူ႔အလုပ္ကို ဆက္လုပ္ဖို႔ျပင္ရ၏။
အရင္ဆံုး ဆြယ္တာလက္ရွည္ကိုတံေတာင္ထိေရာက္ေအာင္ဆြဲတင္ၿပီး ပုဆိုးကိုၿမဲေအာင္ျပင္ဝတ္လိုက္သည္။
လက္ကိုစင္ေအာင္ဆပ္ျပာနဲ႔ေဆးေၾကသန္႔စင္ၿပီးအခ်ိန္တြင္ ေရစက္လက္ျဖင့္ ေရခဲေသတၱာကိုဖြင့္၍ ပလက္စတစ္ဗူးအၾကည္ျဖင့္ပိတ္ေလွာင္သိမ္းဆည္းထားေသာ
ၾကက္သားကို နႈိက္ကာ ၾကက္ေပါင္တစ္ေပါင္ကိုေ႐ြး၏။
" ၾကက္ေပါင္း လုပ္ၿပီး ရတဲ့ အရည္ကို
ေခါက္ဆြဲျပဳတ္ေပးရမလား "
" ကြၽန္ေတာ္ အကုန္စားပါတယ္"
ႀကံဳ႕ႀကံဳ႕ စုစုေလး ထမင္းစားစားပြဲမွာ ထိုင္ေနပံုေလးက အသည္းယားစရာ
ကာတြန္းရုပ္ေလးသဖြယ္။
ေရးညိဳ႕ထင္ ၾကက္သားအိုးျပင္ရင္း
စကားစမိသည္။
" ကိုယ္တို႔ဆိုင္ခန္းက ေရာင္းေတာ့မယ္တဲ့ ။ အဲ့ဒါ မေန႔က ဝယ္နိုင္ရင္ဝယ္ဖို႔ ပိုင္ရွင္နဲ႔ စကားသြားေျပာၾကည့္တယ္ ၊ ေစ်းက အေတာ္ေလး မ်ားေနတယ္။ ကိုယ္မဝယ္နိုင္ေလာက္တဲ့အထိေတာ့မဟုတ္ပါဘူး။ ဒါေပမဲ့
ကိုယ္မင္းနဲ႔တိုင္ပင္ၾကည့္ဦးမယ္လို႔ေတာ့
ေျပာထားခဲ့တယ္ ။ မင္းဘယ္လိုသေဘာရလဲ"
" ထင္ထင္ လုပ္ေနၾကအလုပ္ေလ။
ကြၽန္ေတာ္က ဘာသိမွာလဲ။ တစ္ခုေတာ့ရွိတာေပါ့။ ထင္ထင္ အလုပ္က တိုးတက္မူ႔ရွိတယ္ ၊ ေနရာနဲ႔လည္းအသားက်ေနတယ္ဆိုရင္ေတာ့ မျဖစ္မေန လက္ထဲပိုက္ဆံနဲ႔ကိုက္ညီရင္ဝယ္သင့္တယ္လို႔ ထင္တယ္"
ေရးညိဳ႕ထင္ေခါင္းညိမ့္သည္။
"ကိုယ္စဥ္းစားလိုက္မယ္ "
"ဒါေပမဲ့ ထင္ထင္မွာ ပိုက္ဆံရွိေရာရွိေသးလို႔လား။ ကားဝယ္တဲ့အျပင္ အိမ္လည္းေဆာက္ေနတာဆိုေတာ့။ "
ေတြးဆဟန္ရွိတဲ့ပံုက ေရးညိဳ႕ထင္အား
မ်ားစြာ စိတ္သက္သာရေစသည္။
ေကာင္ကေလးနဲ႔ေနထိုင္ရျခင္းသည္
သူ႔အတြက္ ေႏြးေထြးတဲ့ အေငြ႕အသက္ေတြ မလြတ္တမ္းရရွိေစသကဲ့သို႔ပင္။
"မရွိစရာလား ။ ကိုယ္စုထားတဲ့ပိုက္ဆံေတြမွအမ်ားႀကီးပဲ"
မီးခလုတ္ေလးကို ဖြင့္ကာ ျပင္ဆင္ထားတဲ့ၾကက္သားအိုးကိုတင္လိုက္သည္။အကုန္လုပ္ကိုင္ၿပီးသည့္အထိ
စကားေျပာေတာ့မပ်က္ေပ။
" မယံုဘူးလား"
မည္သည့္စကားမ်ွဆက္ေမးမလာတဲ့ ေကာင္ေလးေၾကာင့္ လက္သုတ္ဝတ္နဲ႔ စိုေနတဲ့လက္ကိုသန္႔ရွင္းေအာင္လုပ္ရင္း မ်က္နွာခ်င္းဆိုင္ထိုင္ခံုမွာဝင္ထိုင္ၿပီးေမးလိုက္၏။
လႈပ္ခတ္ေနစၿမဲ မ်က္ေတာင္စေတြက
ၿငိမ္သက္ကာ ယပ္ေတာင္သဖြယ္ အေတာင္ျဖန္႔၍ စင္းခ်ထားသည္မွာ
အလွတရားကို မျမင္ရေအာင္ အလံုစံုကာကြယ္ထားသည့္နွယ္။
" စိတ္မေကာင္းစရာဘာရွိလို႔လဲ "
"ထင္ထင္ ဒီတခါလက္ေဝွ႔သြားထိုးရင္ ကြၽန္ေတာ္လိုက္လို႔ရမလား"
ၿပံဳးေနတဲ့ နႈတ္ခမ္းေတြ အေရာင္ေဖ်ာ့သြား၏။ သပ္တင္လိုက္ေသာ လ်ွာဖ်ားထိပ္မွအထိအေတြ႕သည္ ေျခာက္ကပ္ကပ္
အေရျပားကို စိုစြတ္မူ႔မေပးနိုင္ေပ။
ေျပာစရာစကားမဲ့ရပါသည္။
ဘယ္လိုစိတ္ကူးမ်ိဳးနဲ႔ ဒီေကာင္ေလးကို
ရက္စက္မူ႔အလယ္ကိုေခၚသြားရက္မွာလဲ။
ေသြးသန္တရဲရဲ ထိုးနွက္သတ္ျဖတ္တဲ့ သတ္ကြင္းအလယ္။
အခန္႔မသင့္ရင္ မ်က္စိေရွ႕တြင္ေသသြားနိုင္သလို မျမင္ရဲစရာအေနအထားမ်ားစြာလည္းေတြ႕နိုင္သည္။
" ကိုယ္အရင္က ပြဲတစ္ပြဲထိုးၿပီးရင္ အိမ္တန္းမျပန္ျဖစ္ဘူး။ တစ္လနီးပါးေလာက္
တေနေနရာမွာ ကိုယ့္ဒဏ္ရာေတြေပ်ာက္ေအာင္ကုၿပီးမွျပန္တယ္။
တစ္ခါတေလ အေပၚပိုင္းဒဏ္ရာအမာ႐ြတ္မရွိေတာ့တဲ့အခ်ိန္ထိ ၁လေက်ာ္ခ်င္ေက်ာ္တယ္"
"ကြၽန္ေတာ္စိတ္မခ်ဘူး"
တိုးဝင္သြားတဲ့အသံက ေစာင္ထုပ္ေလးၾကားမွမပီမသ။
ေရးညိဳ႕ထင္ အေငးသား စကၠန္႔အေတာ္ၾကာေအာင္ ၾကည့္ေနမိသည္။
စိတ္မခ်ဘူးတဲ့လား။
ရင္ထဲမွာ ေရေႏြးစီးေၾကာင္းေလးတသြင္သြင္စီးဆင္းေနသကဲ့သို႔ ခံစားေနရၿပီး
ေရးညိဳ႕ထင္ ဦးေနွာက္တစ္ခုလံုထံုထိုင္းသြားေစခဲ့သည္။
စကၠန္႔အေတာ္ၾကာၿပီးေနာက္မွ
ဟင္းအိုးပြက္သံ တပြက္ပြက္က မွင္သက္္မိေနေသာသူ႔အား
အျပင္ေလာကနဲ႔ အခ်ိတ္အဆက္မိေစ၏
" ကိုယ္..."
"ကြၽန္ေတာ္တို႔က အိမ္ေထာင္သည္ေတြျဖစ္သြားၿပီေလ။ ထင္ထင္ ဘာလုပ္လုပ္ ကြၽန္ေတာ္ေဘးနားရွိေနေပးမွာပါ။
နည္းနည္းေၾကာက္တယ္ဆိုေပမဲ့ ကြၽန္ေတာ္ ႀကိဳးစားၾကည့္ခ်င္တယ္ "
သူ႔ဘဝမွာ မၾကားရတာၾကာတဲ့ ေႏြးေထြးသိမ္ေမြ့ေသာ စကားစုေလးေၾကာင့္ ေရးညိဳ႕ထင္၏
မ်က္ခမ္းစပ္ေလးမ်ားသည္ နီရဲလ်က္ရွိလာ၏။ ေဝ့ဝဲလာတဲ့အရည္ၾကည္ေလးမ်ားသည္ ေကာင္ကေလးေၾကာင့္ ပထမဦးဆံုးျဖစ္တည္တဲ့ အမွတ္တရေတြ ျဖစ္သည္။
_________
"အနာဂတ္မွာ ဘာေတြ လိုခ်င္လဲ "
"ထင္ထင္နဲ႔ အဆင္ဆင္ေျပေျပေနခ်င္တာပဲရွိတာပါ။ ကြၽန္ေတာ္က ေလာဘနည္းတယ္"
တစ္ဇြန္းၿပီးတစ္ဇြန္းေသာက္ေနတဲ့
ၾကက္ေပါင္းအရည္ေရာထားတဲ့ ေခါက္ဆြဲေျခာက္ပန္းကန္က တစ္ဝက္နီးနီေရာက္လုၿပီ။
ႀကိဳက္တယ္ဆိုေတာ့ ပင္ပန္းရႀကိဳးနပ္သည္။
ေခြၽးေတြစို႔လာတဲ့ နဖူးထိပ္ေလးေၾကာင့္အျမင္မေတာ္ေတာ့ တစ္ရူးစေလးထုတ္ၿပီးသုတ္ေပးရျပန္၏။
" ေကာင္ကေလးက စကားတက္တယ္။
ၿပီးေတာ့ လိမ္မာတယ္ "
"ကြၽန္ေတာ္ ဆိုးတဲ့အခါေတြဆို ထင္ထင္ စိတ္ပ်က္မယ္"
" မပ်က္ပါဘူး။ မင္းကိုလက္ထပ္လိုက္ကတည္းက ကိုယ္၊ စိတ္၊ နွလံုး၊သံုးပါးလံုး
အပ္နွံလိုက္ၿပီးသား။ အခ်ိန္တိုေသးတယ္ဆိုေပမဲ့ ကိုယ္က လမ္းမွန္ကိုသိတယ္"
"လမ္းမွန္ကဘာလဲ"
"အမွန္ဆံုးလမ္းက မင္းအျပင္ဘယ္သူရွိမလဲ"
ေမွးေထာက္ ကာ သူစေတာ့ ရွက္မသြားပဲေကာင္ကေလးက ဖြဖြရယ္သည္။
ေနေကာင္းသြားပံုမို႔ ႏြမ္းလ်တာမ်ိဳးေတာ့မရွိေတာ့။
" ဒီေန႔ ေလ့က်င့္ေရးကြင္းမသြားဘူးလား"
"မင္းေနမေကာင္းတာကို တစ္ေယာက္ထဲထားခဲ့စရာလား "
"ကြၽန္ေတာ္သက္သာေနပါၿပီ"
"ေနပါေစ၊ ဒီေန႔ေတာ့ကိုယ္နားေတာ့မယ္"
ေနပူပူ ၊ မိုး႐ြာ႐ြာ မပ်က္ခဲ့ေသာ အေလ့အက်င့္က ေရႊဘံုေၾကာင့္ဆိုေတာ့ စိတ္မေကာင္းျဖစ္ရသည္။
မနက္ဆိုအေစာႀကီးထတက္ေသာကိုထင္သည္ ညလည္းအိပ္ေရးဝေအာင္
ေစာေစာအိပ္တက္သည္။
မနက္၅နာရီဆိုတဲ့အခ်ိန္သည္ တပါးသူအတြက္ေစာေကာင္းေစာနိုင္ေပမဲ့
ကိုထင့္အတြက္ကေတာ့ပံုမွန္ မနက္ခင္းေလ့က်င့္ခ်ိန္ပင္။
" ပြဲကဘယ္ေန႔လဲ"
"ေနာက္၂လေက်ာ္ေလာက္မွ "
"လိုေသးတာပဲ။ ကိုနိင္းကေျပာတယ္။
ထင္ထင္ကို ဟဲဗီးဝိတ္တန္းသမားတစ္ေယာက္က စိန္ေခၚထားတယ္ဆို "
ေရးညိဳ႕ထင္အေတာ္ၾကာၿငိမ္သက္ေနၿပီးမွ
ေလးတြဲ႕စြာေခါင္းညိမ့္ျပသည္။
" ဟုတ္တယ္ ။ သူနာမည္က Riko လို႔ေခၚတယ္။ အေနာက္အရပ္က ဝံပုေလြ
ဆိုၿပီးနာမည္ႀကီးတယ္ ။ အမွန္ဆို ေၾကးစားေလာကမွာ သူက ကိုယ့္ထက္ ပိုၿပီးေက်ာ္ၾကားတာပါ၊ ၿပီးေတာ့ ကိုယ့္ထက္ပိုထြားၿပီးကိုယ့္ထက္ပိုေတာင့္တယ္။"
"ထင္ထင္ မျငင္းဘူးလား"
စိတ္ပူသြားေယာင္ရွိတဲ့ မ်က္ဝန္းညိဳေတြကို
ၾကည့္မိရင္း ဘာရယ္မဟုတ္ မ်က္ေတာင္ေကာ့ေတြကိုစူးစမ္းခ်င္လာ၏။
ေကာင္ကေလးက မ်က္ေတာင္ထူၿပီး
အဖ်ားေကာ့တာမို႔ သူ႔မ်က္ဝန္းညိဳေလးေတြကို ခပ္ဝိုင္းဝိုင္းသ႑ာန္ပံုေဖာ္ေပးနိုင္၏။
သို႔ေပမဲ့ ထိုအလွအပမ်ားကိုေရးညိဳ႕ထင္တစ္ေယာက္သာ ေတြ႕ျမင္နိုင္ၿပီး အျပင္ထြက္သည့္အခါတိုင္း ေဘာင္ပိတ္ထူေသာ မ်က္မွန္ျဖင့္ အက်င့္ပုတ္စြာ
ကာစီးခိုင္းေလ့ရွိသည္။
" မျငင္းဘူး။ သူနဲ႔ထိုးဖို႔က လြယ္တာမဟုတ္ဘူး။ သူ စိတ္ဝင္စားတယ္ဆိုတာ ကိုယ့္အေနနဲ႔ ေနရာတစ္ေနရာရေနၿပီဆိုတာ အသိေပးလိုက္တာပဲ။ အဲ့ဒါေၾကာင့္ခုတေလာ ကိုယ္ဝိတ္တင္ဖို႔ႀကိဳးစားေနတာ။ ကိုယ္တို႔ေလာကမွာ ဝိတ္တန္းမခ်ိန္ဘူး။ စိန္ေခၚသူနဲ႔ လက္ခံသူေက်နပ္ရင္ပြဲျဖစ္တယ္။ ေျမေအာက္ေလာကဆိုေတာ့ကန္႔သတ္ခ်က္နည္းတယ္။ အသက္အာမခံမရွိဘူး။
ကိုယ္ထိုးသမ်ွပြဲေတြထဲမွာအဲ့ဒီပြဲအႀကီးဆံုးျဖစ္လိမ့္မယ္။ ၿပီးေတာ့ ကိုယ့္ရဲ႕ေနာက္ဆံုးပြဲ "
"ထင္..ထင္ထင္ေျပာေတာ့ ၂ပြဲထိုးဦးမယ္ဆို"
သူပင့္သက္ရႈိက္ရင္း ေကာင္ကေလး စားဖို႔ေမ့ေနဟန္ရွိေသာဇြန္းကိုျပန္ေကာက္ကိုင္လိုက္သည္။ ၾကက္သားမႊထားတဲ့အသားမ်ွင္ေလးေတြနဲ႔အ႐ြက္စံုေရာထားေသာ ေခါက္ဆြဲေတြ ။အဲ့ဒီအရာသာကိုေကာင္ကေလးက ႀကိဳက္သည္။
ေသခ်ာ ဇြန္းနဲ႔ အမ်ွင္မတန္းေအာင္ျဖတ္လိုက္ၿပီး ေကာင္ကေလးပါးစပ္ေရွ႕ခြံ႕ဖို႔႐ြယ္သည္။
"ပါးစပ္ဟ "
လိမ္လိမ္မာမာေလး ဟ ေပးတဲ့ေကာင္ကေလးအား ဂရုတစိုက္ေကြၽးလိုက္ၿပီးမွ
သူေျပာလိုက္၏။
" ေကာင္ကေလးစိတ္ပူရတာမ်ိဳး၊
ေကာင္ကေလး ေသာကမ်ားရတာမ်ိဳး
တစ္ခါဆိုေတာ္ၿပီေလ ၊ ကိုယ္က မင္းမ်က္နွာညိဳးရေအာင္ အႀကိမ္ႀကိမ္ လုပ္ပါ့မလား "
ပန္းႏုေရာင္မ်က္နွာထက္က ရွက္ေသြးျဖာ
မူ႔သည္ သူ႔ရင္အားမ်ားစြာလႈပ္ရွားေစသည္။
ခ်စ္တဲ့အိမ္စည္။
( ကိုယ္ fbအေကာင့္ခဏDထားတယ္။)
မစဲသောမိုးသည် တသောသောရွာနေဆဲပင်ဖြစ်သည်။
ရေးညို့ထင်ကားကိုကျင်လည်စွာမောင်းနှင်းပြီး ဘေးမှာ မှေးစက်လိုက်ပါလာသော ကောင်းကလေးဆံပင်လေးတွေအား လှမ်းသပ်တင်ပေးလိုက်၏။
အဖျားခတ်ထိတွေ့သွားတဲ့ နဖူးပြင်လေးဆီမှ နွေးတေးတေးအငွေ့အသက်သည်
လက်ချောင်းတလျှောက် ဝေ့ဝဲတိုက်ခတ်လိုက်တဲ့ လေနုအေးလေးလို။
" ကောင်ကလေး သက်သာရဲ့လား "
သူ့အသံကြောင့်ကောင်ကလေး၏ မျက်လုံးတွေဖွင့်ဟလာပြီး မှီလျောထိုင်နေသော ကျောပြင်သည် အနည်းငယ်ဆန့်မတ်လာ၏။ မကြည်လင်သေးသောမျက်လုံးတွေထပ်မှာ မျက်မှန်ကရှိမနေတာမို့လွတ်လပ်စွာပွတ်သပ်၍အက်ရှရှအသံဖြင့်ပြောလာ၏
"သက်သာပါတယ်။ ကျွန်တော် ဖုန်းဆက်ပြီးပြောမလို့ပဲ ၊ ဆေးထိုးလိုက်တော့ သက်သာသွားမယ်ထင်တာ။ မိုးတိတ်ရင် ပြန်လာဖို့ တွေးရင်းဘယ်လိုအိပ်ပျော်သွားမှန်းမသိလိုက်ဘူး "
"ရတယ် ၊ နောက်ဆို ကိုယ်လည်းသတိထားပါ့မယ်။ ညနေစာ ဘာစားချင်လဲ ကိုယ် ကောင်ကလေးအတွက် ကြက်ပေါင်းလေးလုပ်ပေးရမလား။ စားချင်စိတ်ရှိတာမျိုး
တွေးမိရင်လည်းပြော ၊ ကိုယ်သွားဝယ်ပေးမယ်"
"ကြက်ပေါင်းပဲ စားမယ် "
" ချူ ချာတယ် ။ အဲ့ဒါမကောင်းဘူး၊
နောက် နေကောင်းရင် ကိုယ်နဲ့လေ့ကျင့်ခန်းလိုက်လုပ်ကွာ ။ အပြင်ပန်းသန်မာရင် ဘာရောဂါမှဝင်နိုင်မှာမဟုတ်ဘူး "
ဒီစကားကိုရေးညို့ထင် အမှန်ပင်လုပ်စေချင်လို့ပြောလိုက်တာပင်။
သန်မာမူ့ဆိုတာ ယောကျာ်းတစ်ယောက်
စံချိန်စံညွှန်းတစ်ခုမဟုတ်ပေမဲ့
နုနယ်လွန်းတဲ့ပုံပန်းကြောင့် ခံနိုင်ရည်နည်းတာကိုတော့ သဘောမကျပေ။
သူတို့အိမ်ပြန်ရောက်တဲ့အချိန်မှာ မိုးသည်တဖြည်းဖြည်စဲသွား၏။
ဖွှားတားတားကျနေသေးတဲ့ ရေမှုန်လေးတွေကိုမထိစေချင်တာမို့ လှေကားရင်းထိရောက်အောင်ကားကိုရပ်စေသည်။
" ဆင်းပြီးလှေကား၃ထစ်လောက်ထိဖြည်းဖြည်းတက်နှင့်။ ကိုယ်ကားအပ်ပြီးပြန်လာမယ် "
မှာစရာမှာပြီးသည့်တိုင် စိတ်မချစွာ ကောင်ကလေး၏ လှုပ်ရှားပုံကိုငေးကြည့်နေဆဲဖြစ်သည်။
သူခိုင်းသည့်အတိုင်း ၃ထစ်မြောက်လှေကားပေါ်ကို ရပ်တန့်သွားမှ စိတ်ဖြောင့်ဖြောင့်ကားကိုလှည့်ရသည်။
တခါတလေ သူ့ပြောင်းလဲမူ့ကိုသူကိုယ်တိုင်အစိုးရမနေတော့ပေ။
ကောင်ကလေး မရှိရင်ဟာတာတာဖြစ်နေတဲ့အိမ်ကိုသူမကြိုက်ဘူး။
ဒတောင်မှကောင်ကလေးက တွတ်တီးတွက်တာပြောတက်သူမျိုးမဟုတ်သေးဘူး။
ဘာလေးလုပ်လုပ် အသံမကြားအောင်
ညင်သာပြီး ရေးညို့ထင်အားစိတ်မရှုပ်ထွေးအောင် အလိုက်သိသူဖြစ်၏။
ထူးထူးခြားခြားမရှိပဲနဲ့တောင်မှကောင်ကလေး၏ သူ့အပေါ်သက်ရောက်လွှမ်းမိုးမူ့သည် တော်တော်လေးထိထိရောက်ရောက် ရှိလှသည်မို့
ရေးညို့ထင်တောင်မှ သူ့ကိုယ်သူပြန်အံ့သြနေမိတဲ့အခြေအနေဖြစ်နေပြီ။
အိမ်ပေါ်လှေကားထစ်များသည် သန့်ရှင်းမူ့သိပ်မရှိသလို အဝါရောင်မီးသီးဖျော့ဖျော့ အလင်းရောင်ကြောင့် နံရံတလျှောက် ညိုညစ်ညစ်အရောင်သန်းနေသည်ကိုလည်းတွေ့နိုင်၏။
ရေးညို့ထင် ကောင်ကလေးအား
ခွင့်ပြုချက်တောင်းမနေပဲဆွဲပွေ့ချီလိုက်သည်။ ကောင်ကလေးလျှောက်မဲ့လမ်းက
မကြည်လင်မူ့တွေကို သူသဘောမတွေ့ဘူး။ ဒီလမ်းက သူနှစ်အတော်အကြာလျှောက်ခဲ့လမ်းဆိုပေမဲ့ပေါ့။
" ရပါတယ် ကျွန်တော်လမ်းလျှောက်နိုင်ပါတယ်"
" ကိုယ်ချီမယ်။ မင်းသိတာပဲ။ မဟုတ်တောင် ကိုယ်လေ့ကျင့်ခန်းလုပ်ရင် ဒီထက်လေးပင်တဲ့အလေးချိန်များတွေတောင် ထမ်းရသေးတယ်"
ကားတာယာဘီးများ။ အချိန်အများကြီးစီးပိုင်သော သံကြိုးခွေများ စတဲ့ ပြင်းထန်သော လေ့ကျင့်ခန်းများကို ကောင်ကလေးမြင်ဖူးသည်။
ထို့ကြာင့်ဆက်မပြောတော့ပေ။
သို့ပေသည့် သိသိသာသာရဲနေသောမျက်နှာလေးကတော့ ဖျားသွေးကြောင့်လားရှက်ရွံ့နေသလားဆိုတာကတော့ ရေးညို့ထင်လည်းမခန့်မှန်းနိုင်ပါ။
ကောင်ကလေး၏ အလေးချိန်သည် သူထင်ထားတာထက်ပိုပေါ့ပြီးသယ်ရလွယ်စေ၏။
" ကြက်ပေါင် ကို ငရုတ်ကောင်းလေးနဲ့
ပူရှိန်းလေးလုပ်ပေးမယ် ၊
မင်းကြိုက်မှာပါ "
"ထင်ထင် လက်ရာမှန်သမျှ ကျွန်တော်အကုန်ကြိုက်ပါတယ်"
အိမ်ပေါက်ဝမှာ ချပေးပြီး သူ သော့ဖွင့်သည်။
အတူပါလာတဲ့ကောင်ကလေးက
သူ့အိမ်သူ့ယာသဖွယ် တံခါးဖွင့်ပေးသည်နှင့် အရင်ဝင်သွား၏။
မျက်မှန်မပါတာတောင် အလွတ်ရသည့်နှယ် ခလုတ်တချက်မတိုက်ပဲ သွားလာနိုင်တာကိုကြည့်ပြီး ရေးညို့ထင်ပြုံး၏။
အပြင်မှာ မုန်တိုင်းအဖျားခတ်နေပေမဲ့
နှသုံးသားအနီးအဝိုက်ကတော့ နွေးမြလျက်။
" ကောင်ကလေး အိပ်ယာထဲသွား နွေးနွေးထွေးထွေး လှဲနေ "
"ကျွန်တော်မအိပ်ချင်တော့ဘူး "
"အပြင်မှာအေးတယ်လေ "
"မအေးဘူး ၊ ကျွန်တော်အနွေးထည်ထပ်ဝတ်ထားတယ် "
ရေးညို့ထင် နံရံမှာ ကားသော့ချိတ်လိုက်သည်။ လက်ထဲ တစက်စက်ကျမနေသော်ငြားစိုစိစိ အသွင်သဏ္ဍာန်ရှိတဲ့ နီညိုညိုထီးကို ဇောက်ထိုးထောင်ပြီး ရေစစ်လိုက်သည်။
" ဒါဆို ဘာလုပ်မှာလဲ"
"ထင်ထင်မပျင်းအောင် မီးဖိုခန်းထဲလိုက်ခဲ့မယ်လေ "
ဧည့်ခန်းအလယ်မှာရပ်နေတဲ့ ကောင်ကလေးက သူ့အင်္ကျီလက်ရှည်လေးကို လက်ဖျားတွေလုံအောင်ဆွဲချနေတာမို့ အိပ်ခန်းထဲအရင်သွားကာ စောင်ပိုင်းလေးယူပေးလိုက်သည်။ မျက်မှန်မပါသည်မို့ စမ်းဝဝါးဝါး ။ စိတ်တိုင်းမကျတော့ ပြန်ဆွဲယူကာ
မေးထိရောက်အောင်အလုံထုပ်ပေးလိုက်သည်။
" ကောင်ကလေး မျက်မှန်ဘယ်ထားခဲ့တာလဲ "
"အိတ်ထဲမှာ "
သူတို့အိမ်ပြန်ခါနီးတုန်းက မိန်းကလေးတစ်ယောက် ပြေးလာပြီး ပေးသွားတဲ့
ကောင်ကလေး လွယ်နေကျအိတ်ကလေးကိုအမှတ်ရမိလိုက်သည်။
" ဘယ်လိုလုပ်မလဲ ကိုယ်ကားပေါ်မှာ ကျန်ခဲ့ပြီ "
"ရတယ် ။ ကျွန်တော်ငြိမ်ငြိမ်လေးထိုင်နေမှာပဲ ဟာ ခိုင်းမိ၊ တိုက်မိ စရာမရှိပါဘူး။
အမှန်တော့လေ ၊ မျက်မှန်မပါရင် နည်းနည်းဝါးတယ်ဆိုပေမဲ့ မမြင်ရလောက်အောင်ထိ မဆိုးပါဘူး။ တခါတလေ ထင်ထင် အရမ်းစိုးရိမ်လွန်နေသလားလို့ "
" စိုးရိမ်လွန်တယ်လို့တော့မဟုတ်ဘူးပေါ့။
အန္တရာယ်ဆိုတာ မဖြစ်ခင်ကတည်းကတားတာပိုမကောင်းဘူးလား။ "
ပုခုံးကနေ စောင်လုံးလေးကို ဖက်ကာ
မီးဖိုချောင်ဆီ ဆွဲခေါ်ခဲ့သည်။
ထိုင်တဲ့နေရာထိဖင်ကျအောင်ထိုင်စေပြီးမှ
သူ့အလုပ်ကို ဆက်လုပ်ဖို့ပြင်ရ၏။
အရင်ဆုံး ဆွယ်တာလက်ရှည်ကိုတံတောင်ထိရောက်အောင်ဆွဲတင်ပြီး ပုဆိုးကိုမြဲအောင်ပြင်ဝတ်လိုက်သည်။
လက်ကိုစင်အောင်ဆပ်ပြာနဲ့ဆေးကြေသန့်စင်ပြီးအချိန်တွင် ရေစက်လက်ဖြင့် ရေခဲသေတ္တာကိုဖွင့်၍ ပလက်စတစ်ဗူးအကြည်ဖြင့်ပိတ်လှောင်သိမ်းဆည်းထားသော
ကြက်သားကို နှိုက်ကာ ကြက်ပေါင်တစ်ပေါင်ကိုရွေး၏။
" ကြက်ပေါင်း လုပ်ပြီး ရတဲ့ အရည်ကို
ခေါက်ဆွဲပြုတ်ပေးရမလား "
" ကျွန်တော် အကုန်စားပါတယ်"
ကြုံ့ကြုံ့ စုစုလေး ထမင်းစားစားပွဲမှာ ထိုင်နေပုံလေးက အသည်းယားစရာ
ကာတွန်းရုပ်လေးသဖွယ်။
ရေးညို့ထင် ကြက်သားအိုးပြင်ရင်း
စကားစမိသည်။
" ကိုယ်တို့ဆိုင်ခန်းက ရောင်းတော့မယ်တဲ့ ။ အဲ့ဒါ မနေ့က ဝယ်နိုင်ရင်ဝယ်ဖို့ ပိုင်ရှင်နဲ့ စကားသွားပြောကြည့်တယ် ၊ ဈေးက အတော်လေး များနေတယ်။ ကိုယ်မဝယ်နိုင်လောက်တဲ့အထိတော့မဟုတ်ပါဘူး။ ဒါပေမဲ့
ကိုယ်မင်းနဲ့တိုင်ပင်ကြည့်ဦးမယ်လို့တော့
ပြောထားခဲ့တယ် ။ မင်းဘယ်လိုသဘောရလဲ"
" ထင်ထင် လုပ်နေကြအလုပ်လေ။
ကျွန်တော်က ဘာသိမှာလဲ။ တစ်ခုတော့ရှိတာပေါ့။ ထင်ထင် အလုပ်က တိုးတက်မူ့ရှိတယ် ၊ နေရာနဲ့လည်းအသားကျနေတယ်ဆိုရင်တော့ မဖြစ်မနေ လက်ထဲပိုက်ဆံနဲ့ကိုက်ညီရင်ဝယ်သင့်တယ်လို့ ထင်တယ်"
ရေးညို့ထင်ခေါင်းညိမ့်သည်။
"ကိုယ်စဉ်းစားလိုက်မယ် "
"ဒါပေမဲ့ ထင်ထင်မှာ ပိုက်ဆံရှိရောရှိသေးလို့လား။ ကားဝယ်တဲ့အပြင် အိမ်လည်းဆောက်နေတာဆိုတော့။ "
တွေးဆဟန်ရှိတဲ့ပုံက ရေးညို့ထင်အား
များစွာ စိတ်သက်သာရစေသည်။
ကောင်ကလေးနဲ့နေထိုင်ရခြင်းသည်
သူ့အတွက် နွေးထွေးတဲ့ အငွေ့အသက်တွေ မလွတ်တမ်းရရှိစေသကဲ့သို့ပင်။
"မရှိစရာလား ။ ကိုယ်စုထားတဲ့ပိုက်ဆံတွေမှအများကြီးပဲ"
မီးခလုတ်လေးကို ဖွင့်ကာ ပြင်ဆင်ထားတဲ့ကြက်သားအိုးကိုတင်လိုက်သည်။အကုန်လုပ်ကိုင်ပြီးသည့်အထိ
စကားပြောတော့မပျက်ပေ။
" မယုံဘူးလား"
မည်သည့်စကားမျှဆက်မေးမလာတဲ့ ကောင်လေးကြောင့် လက်သုတ်ဝတ်နဲ့ စိုနေတဲ့လက်ကိုသန့်ရှင်းအောင်လုပ်ရင်း မျက်နှာချင်းဆိုင်ထိုင်ခုံမှာဝင်ထိုင်ပြီးမေးလိုက်၏။
လှုပ်ခတ်နေစမြဲ မျက်တောင်စတွေက
ငြိမ်သက်ကာ ယပ်တောင်သဖွယ် အတောင်ဖြန့်၍ စင်းချထားသည်မှာ
အလှတရားကို မမြင်ရအောင် အလုံစုံကာကွယ်ထားသည့်နှယ်။
" စိတ်မကောင်းစရာဘာရှိလို့လဲ "
"ထင်ထင် ဒီတခါလက်ဝှေ့သွားထိုးရင် ကျွန်တော်လိုက်လို့ရမလား"
ပြုံးနေတဲ့ နှုတ်ခမ်းတွေ အရောင်ဖျော့သွား၏။ သပ်တင်လိုက်သော လျှာဖျားထိပ်မှအထိအတွေ့သည် ခြောက်ကပ်ကပ်
အရေပြားကို စိုစွတ်မူ့မပေးနိုင်ပေ။
ပြောစရာစကားမဲ့ရပါသည်။
ဘယ်လိုစိတ်ကူးမျိုးနဲ့ ဒီကောင်လေးကို
ရက်စက်မူ့အလယ်ကိုခေါ်သွားရက်မှာလဲ။
သွေးသန်တရဲရဲ ထိုးနှက်သတ်ဖြတ်တဲ့ သတ်ကွင်းအလယ်။
အခန့်မသင့်ရင် မျက်စိရှေ့တွင်သေသွားနိုင်သလို မမြင်ရဲစရာအနေအထားများစွာလည်းတွေ့နိုင်သည်။
" ကိုယ်အရင်က ပွဲတစ်ပွဲထိုးပြီးရင် အိမ်တန်းမပြန်ဖြစ်ဘူး။ တစ်လနီးပါးလောက်
တနေနေရာမှာ ကိုယ့်ဒဏ်ရာတွေပျောက်အောင်ကုပြီးမှပြန်တယ်။
တစ်ခါတလေ အပေါ်ပိုင်းဒဏ်ရာအမာရွတ်မရှိတော့တဲ့အချိန်ထိ ၁လကျော်ချင်ကျော်တယ်"
"ကျွန်တော်စိတ်မချဘူး"
တိုးဝင်သွားတဲ့အသံက စောင်ထုပ်လေးကြားမှမပီမသ။
ရေးညို့ထင် အငေးသား စက္ကန့်အတော်ကြာအောင် ကြည့်နေမိသည်။
စိတ်မချဘူးတဲ့လား။
ရင်ထဲမှာ ရေနွေးစီးကြောင်းလေးတသွင်သွင်စီးဆင်းနေသကဲ့သို့ ခံစားနေရပြီး
ရေးညို့ထင် ဦးနှောက်တစ်ခုလုံထုံထိုင်းသွားစေခဲ့သည်။
စက္ကန့်အတော်ကြာပြီးနောက်မှ
ဟင်းအိုးပွက်သံ တပွက်ပွက်က မှင်သက်မိနေသောသူ့အား
အပြင်လောကနဲ့ အချိတ်အဆက်မိစေ၏
" ကိုယ်..."
"ကျွန်တော်တို့က အိမ်ထောင်သည်တွေဖြစ်သွားပြီလေ။ ထင်ထင် ဘာလုပ်လုပ် ကျွန်တော်ဘေးနားရှိနေပေးမှာပါ။
နည်းနည်းကြောက်တယ်ဆိုပေမဲ့ ကျွန်တော် ကြိုးစားကြည့်ချင်တယ် "
သူ့ဘဝမှာ မကြားရတာကြာတဲ့ နွေးထွေးသိမ်မွေ့သော စကားစုလေးကြောင့် ရေးညို့ထင်၏
မျက်ခမ်းစပ်လေးများသည် နီရဲလျက်ရှိလာ၏။ ဝေ့ဝဲလာတဲ့အရည်ကြည်လေးများသည် ကောင်ကလေးကြောင့် ပထမဦးဆုံးဖြစ်တည်တဲ့ အမှတ်တရတွေ ဖြစ်သည်။
_________
"အနာဂတ်မှာ ဘာတွေ လိုချင်လဲ "
"ထင်ထင်နဲ့ အဆင်ဆင်ပြေပြေနေချင်တာပဲရှိတာပါ။ ကျွန်တော်က လောဘနည်းတယ်"
တစ်ဇွန်းပြီးတစ်ဇွန်းသောက်နေတဲ့
ကြက်ပေါင်းအရည်ရောထားတဲ့ ခေါက်ဆွဲခြောက်ပန်းကန်က တစ်ဝက်နီးနီရောက်လုပြီ။
ကြိုက်တယ်ဆိုတော့ ပင်ပန်းရကြိုးနပ်သည်။
ချွေးတွေစို့လာတဲ့ နဖူးထိပ်လေးကြောင့်အမြင်မတော်တော့ တစ်ရူးစလေးထုတ်ပြီးသုတ်ပေးရပြန်၏။
" ကောင်ကလေးက စကားတက်တယ်။
ပြီးတော့ လိမ်မာတယ် "
"ကျွန်တော် ဆိုးတဲ့အခါတွေဆို ထင်ထင် စိတ်ပျက်မယ်"
" မပျက်ပါဘူး။ မင်းကိုလက်ထပ်လိုက်ကတည်းက ကိုယ်၊ စိတ်၊ နှလုံး၊သုံးပါးလုံး
အပ်နှံလိုက်ပြီးသား။ အချိန်တိုသေးတယ်ဆိုပေမဲ့ ကိုယ်က လမ်းမှန်ကိုသိတယ်"
"လမ်းမှန်ကဘာလဲ"
"အမှန်ဆုံးလမ်းက မင်းအပြင်ဘယ်သူရှိမလဲ"
မှေးထောက် ကာ သူစတော့ ရှက်မသွားပဲကောင်ကလေးက ဖွဖွရယ်သည်။
နေကောင်းသွားပုံမို့ နွမ်းလျတာမျိုးတော့မရှိတော့။
" ဒီနေ့ လေ့ကျင့်ရေးကွင်းမသွားဘူးလား"
"မင်းနေမကောင်းတာကို တစ်ယောက်ထဲထားခဲ့စရာလား "
"ကျွန်တော်သက်သာနေပါပြီ"
"နေပါစေ၊ ဒီနေ့တော့ကိုယ်နားတော့မယ်"
နေပူပူ ၊ မိုးရွာရွာ မပျက်ခဲ့သော အလေ့အကျင့်က ရွှေဘုံကြောင့်ဆိုတော့ စိတ်မကောင်းဖြစ်ရသည်။
မနက်ဆိုအစောကြီးထတက်သောကိုထင်သည် ညလည်းအိပ်ရေးဝအောင်
စောစောအိပ်တက်သည်။
မနက်၅နာရီဆိုတဲ့အချိန်သည် တပါးသူအတွက်စောကောင်းစောနိုင်ပေမဲ့
ကိုထင့်အတွက်ကတော့ပုံမှန် မနက်ခင်းလေ့ကျင့်ချိန်ပင်။
" ပွဲကဘယ်နေ့လဲ"
"နောက်၂လကျော်လောက်မှ "
"လိုသေးတာပဲ။ ကိုနိင်းကပြောတယ်။
ထင်ထင်ကို ဟဲဗီးဝိတ်တန်းသမားတစ်ယောက်က စိန်ခေါ်ထားတယ်ဆို "
ရေးညို့ထင်အတော်ကြာငြိမ်သက်နေပြီးမှ
လေးတွဲ့စွာခေါင်းညိမ့်ပြသည်။
" ဟုတ်တယ် ။ သူနာမည်က Riko လို့ခေါ်တယ်။ အနောက်အရပ်က ဝံပုလွေ
ဆိုပြီးနာမည်ကြီးတယ် ။ အမှန်ဆို ကြေးစားလောကမှာ သူက ကိုယ့်ထက် ပိုပြီးကျော်ကြားတာပါ၊ ပြီးတော့ ကိုယ့်ထက်ပိုထွားပြီးကိုယ့်ထက်ပိုတောင့်တယ်။"
"ထင်ထင် မငြင်းဘူးလား"
စိတ်ပူသွားယောင်ရှိတဲ့ မျက်ဝန်းညိုတွေကို
ကြည့်မိရင်း ဘာရယ်မဟုတ် မျက်တောင်ကော့တွေကိုစူးစမ်းချင်လာ၏။
ကောင်ကလေးက မျက်တောင်ထူပြီး
အဖျားကော့တာမို့ သူ့မျက်ဝန်းညိုလေးတွေကို ခပ်ဝိုင်းဝိုင်းသဏ္ဍာန်ပုံဖော်ပေးနိုင်၏။
သို့ပေမဲ့ ထိုအလှအပများကိုရေးညို့ထင်တစ်ယောက်သာ တွေ့မြင်နိုင်ပြီး အပြင်ထွက်သည့်အခါတိုင်း ဘောင်ပိတ်ထူသော မျက်မှန်ဖြင့် အကျင့်ပုတ်စွာ
ကာစီးခိုင်းလေ့ရှိသည်။
" မငြင်းဘူး။ သူနဲ့ထိုးဖို့က လွယ်တာမဟုတ်ဘူး။ သူ စိတ်ဝင်စားတယ်ဆိုတာ ကိုယ့်အနေနဲ့ နေရာတစ်နေရာရနေပြီဆိုတာ အသိပေးလိုက်တာပဲ။ အဲ့ဒါကြောင့်ခုတလော ကိုယ်ဝိတ်တင်ဖို့ကြိုးစားနေတာ။ ကိုယ်တို့လောကမှာ ဝိတ်တန်းမချိန်ဘူး။ စိန်ခေါ်သူနဲ့ လက်ခံသူကျေနပ်ရင်ပွဲဖြစ်တယ်။ မြေအောက်လောကဆိုတော့ကန့်သတ်ချက်နည်းတယ်။ အသက်အာမခံမရှိဘူး။
ကိုယ်ထိုးသမျှပွဲတွေထဲမှာအဲ့ဒီပွဲအကြီးဆုံးဖြစ်လိမ့်မယ်။ ပြီးတော့ ကိုယ့်ရဲ့နောက်ဆုံးပွဲ "
"ထင်..ထင်ထင်ပြောတော့ ၂ပွဲထိုးဦးမယ်ဆို"
သူပင့်သက်ရှိုက်ရင်း ကောင်ကလေး စားဖို့မေ့နေဟန်ရှိသောဇွန်းကိုပြန်ကောက်ကိုင်လိုက်သည်။ ကြက်သားမွှထားတဲ့အသားမျှင်လေးတွေနဲ့အရွက်စုံရောထားသော ခေါက်ဆွဲတွေ ။အဲ့ဒီအရာသာကိုကောင်ကလေးက ကြိုက်သည်။
သေချာ ဇွန်းနဲ့ အမျှင်မတန်းအောင်ဖြတ်လိုက်ပြီး ကောင်ကလေးပါးစပ်ရှေ့ခွံ့ဖို့ရွယ်သည်။
"ပါးစပ်ဟ "
လိမ်လိမ်မာမာလေး ဟ ပေးတဲ့ကောင်ကလေးအား ဂရုတစိုက်ကျွေးလိုက်ပြီးမှ
သူပြောလိုက်၏။
" ကောင်ကလေးစိတ်ပူရတာမျိုး၊
ကောင်ကလေး သောကများရတာမျိုး
တစ်ခါဆိုတော်ပြီလေ ၊ ကိုယ်က မင်းမျက်နှာညိုးရအောင် အကြိမ်ကြိမ် လုပ်ပါ့မလား "
ပန်းနုရောင်မျက်နှာထက်က ရှက်သွေးဖြာ
မူ့သည် သူ့ရင်အားများစွာလှုပ်ရှားစေသည်။
ချစ်တဲ့အိမ်စည်။
( ကိုယ် fbအကောင့်ခဏDထားတယ်။)
Bạn đang đọc truyện trên: ZingTruyen.Xyz