ZingTruyen.Xyz

တသက်လုံးပျော်ချင်မောင့်ကိုချစ်ပါ(တသက္လံုးေပ်ာ္ခ်င္ေမာင့္ကိုခ်စ္ပါ)Completed

17

eainsi23

" ကတ္စီးနည္းေကာ္တရာႀကီးက
ကားအသစ္ႀကီးဝယ္လိုက္ၿပီေပါ့။ ေျပာေတာ့ ပိုက္ဆံမျဖဳန္းဘူးဆို။ "

ဆိုင္ထဲဝင္လိုက္တာနဲ႔ ဒီရေမာင္အပါအဝင္ကေလး တသိုက္က အဝိုးဝိုးတဝါးဝါး
စေနာက္ေတာ့၏။ ေျပာလည္းေျပာခ်င္စရာ ပင္။ အရင္ကဆို ဒီရေမာင္ ကားဝယ္ဖို႔နားခ်ရင္ေတာင္မွ ေရးညိဳ႕ထင္က အင္းအဲ လုပ္သူမဟုတ္။  ဘာေျပာေျပာ ဒီရေမာင္နဲ႔ ေကာင္ကေလးနဲ႔မွမတူတာ။
လက္ထဲက ကားေသာ့နွင့္ ထမင္းခ်ိဳင့္အပါအဝင္အစံုထည့္ထားေသာ ျခင္းကို လြတ္တဲ့စားပြဲေပၚခ်ကာ ေရးညိဳ႕ထင္ ခါးေထာက္ကာေျပာလိုက္သည္။ 

" ဒါေတြ မင္းတို႔ အိမ္ေထာင္က်မွသိလိမ့္မယ္။ ငါ့ကို စမေနနဲ႔ အလုပ္လုပ္ ။ ေန႔ခင္း
ကားဂိတ္ပို႔ရမွာေတြ အခ်ိန္ေနာက္မက်ေစနဲ႔"

"ေနာက္မက်ပါဘူး။ ေၾသာ္ ဒါနဲ႔ေလ
ဆိုင္ခန္းပိုင္ရွင္ ေဒၚသူဇာလာသြားတယ္။
သူေရာင္းေတာ့မလို႔ဆိုလားပဲ။ ဆက္ငွားမငွား မေသခ်ာေတာ့ဘူးတဲ့ "

"မင္းဘာေျပာလိုက္လဲ "

"ဘာေျပာရမွာလဲ  မင္းကိုလႊတ္လိုက္မယ္ပဲေျပာလိုက္ရတာေပါ့"

ေရးညိဳ႕ထင္ ေတြေဝသြား၏။
ဒီေနရာဒီဆိုင္ခန္းက နွစ္ေတြအေတာ္ၾကာေအာင္ငွားရမ္းလာတာမို႔ သူ႔အေနနဲ႔ အေတာ္ေလးအသားက်ေနၿပီးသားျဖစ္၏။
ၿပီးေတာ့ ေကာင္ကေလးဆိုင္နဲ႔လည္းကပ္ရပ္္မို႔  နွစ္ေယာက္အတူတူနီးနီးနားနားအဆင္သင့္သည္။

သူတို႔ေနရာသည္ ေအာက္ထပ္ကို ဆိုင္ခန္းလုပ္ေပးထားၿပီး အေပၚထပ္မွာလူေနတဲ့နွစ္ထပ္တိုက္ျဖစ္သည္။
ေရာင္းမယ္ဆိုရင္ ေနရာေကာင္းတဲ့
ဆိုင္ခန္းမို႔ ေစ်းေတာ့ ေျမာက္မည္။
မတက္နိုင္ေပ အေျခေနအရ စကားေျပာၿပီး ဆိုင္ခန္းျပန္ဝယ္သင့္ဝယ္ရမည္ပင္။

" အင္း ခဏေန ငါ အေပၚထပ္စကားသြားေျပာၾကည့္လိုက္္မယ္။ ဝယ္နိုင္တဲ့ေစ်းဆိုရင္ဝယ္လိုက္ရုံပါ့။ ငါလည္းလုပ္ငန္းတိုးခ်ဲ့မလားစဥ္းစားေနတာ  "

ေရးညိဳ႕ထင္ သူလုပ္ရမဲ့အရာေတြ ဇယ္ဆက္သလိုျမန္ျမန္ပင္ လက္စသတ္လိုက္သည္။ အိမ္ေထာင္သည္မို ႔တစ္ကုိယ္ရည္တကာယ  အရင္ကလို ျဖစ္သလိုေနလို႔ေတာ့မရေတာ့ေပ။
ေဘးမွာ တန္းတူရပ္မဲ့ ေကာင္ကေလးက
လူငယ္ေလးျဖစ္သည့္အျပင္ သူေဌးသားမို႔
အတက္နိုင္ဆံုး မ်က္နွာေတာ့မငယ္ေစခ်င္ပါ။

" မနက္ဖန္ ဆိုင္ပိတ္ရက္ နင့္ အိမ္ျပန္မွာလား "

ပန္းစည္း၏ ရုိးတံမွာ ဖဲႀကိဳးေလးကို လွလွပပ အဆံုးသတ္ပတ္စည္းလိုက္ၿပီး စင္ေပၚရွိအလွျပထားတဲ့ ေနရာမွာ ၿငိမ္ေအာင္တင္လိုက္၏။
ေကသီက ေနၾကာေစ့တေဖ်ာက္ေဖ်ာက္ဝါး၍ ေရႊဘံုနဲ႔ ၾကည္ႏူးပန္းစည္းေနတာကိုထိုင္ၾကည့္ေန၏။
ဒီရက္ပိုင္း ပြဲႀကီး အလုပ္အပ္ထားတာမရွိပဲ၊ လက္ေဆာင္ေပးဖို႔ ပန္းစည္းေတြပဲ အအပ္မ်ား၏။

"ျပန္ရမွာေလ၊ အိမ္မျပန္တာ ၃ရက္ရွိၿပီ။ ငါတို႔ဆိုင္ပိတ္သလို မာမီလည္းပိတ္တယ္။ဒယ္ဒီကေတာ့မေသခ်ာဘူး "

" နင့္မာမီကို တကယ္သေဘာက်တာပဲ။
ဒီေခတ္ႀကီးမွာ ဒီလိုအေမမ်ိဳးရွားသြားၿပီသိလား ။ ဒါနဲ႔ေလ  ဟိုေကာင္ ဘုန္းခန္႔ထည္
ကိုဒီေန႔ ငါအလာတုန္းက လမ္းမွာ ေတြ႕ခဲ့တယ္။ ကားေပၚမွာ သူတစ္ေယာက္ထဲ
လက္ထဲစီးကရက္နဲ႔ မီးပြိဳင့္မွာေဆးလိပ္ေသာက္ေနတာ ။ လံုးဝ ငါ့ကိုမျမင္ဘူးသိလား။ ငါလည္းသူျမင္တာနဲ႔ ကားမွန္တင္ပစ္လိုက္တာ  ႐ြံလြန္းလို႔ မ်က္နွာေတာင္မျမင္ခ်င္ဘူး"

ေကသီစကားကို ေရႊဘံု မတုန္႔ျပန္မိပါ။
အကယ္ေတာ့ ျပတ္သြားတဲ့ရည္းစားေဟာင္းပဲေလ။ ခုဆိုသူ႔မွာ ထင္ထင္ရွိေနၿပီ။
အိမ္ေထာင္သည္တစ္ေယာက္မို႔ ေစာင့္ထိန္းရတဲ့ ေလာကသဘာဝေတြသူသိသလိုဘုန္းခန္႔ထည္အတြက္လည္းခံစားခ်က္လည္းမရွိေတာ့ေပ။ ကုန္ဆံုးသြားတဲ့အတိတ္ကိုျပန္လည္တူးေဖာ္ရေလာက္ေအာင္ထိဘုန္းခန္႔ထည္ကေရႊဘံုအတြက္အေရးမပါေတာ့ဘူး

_______

မိုးသံေလသံက တေဖ်ာက္ေဖ်ာက္ျဖင့္
ေကာင္းကင္တခြင္ဟာ ညိဳမႈိင္းေမွာင္ရီေနသည္။ လင္းခနဲ လက္ခနဲ စီးလႊင့္သြားတဲ့ လ်ွပ္စီးေတြသည္ အိမ္မွန္ျပတင္း၏ လိုက္ကာကိုေတာင္ မဖံုးကြယ္နိုင္သလို တဖ်တ္ဖ်တ္ေတာက္ပေနေသး၏။
ၿခိမ္းေျခာက္ေသာ မိုးသံသည္ တျဗဳန္းျဗဳန္း။

လက္ထဲက ဖုန္းမွန္ျပင္ကိုလက္ျဖင့္ေတာက္ကာ ၃ခါေျမာက္ဖုန္းကိုေခၚ၏။
တတီတီဝင္သြား၏။
အဆံုးသတ္မွာ ေအာ္ပေရတာမိန္းကေလး၏ အသံက ေရးညိဳ႕ထင္ ၾကားခ်င္သည္ ့အသံမဟုတ္တာေၾကာင့္ ဖုန္းခ်ကာ
မႈိင္ေတြေငးေမာမိသည္။
မ်က္ခံုးတန္းတြန္႔ေကြးမူ႔သည္ အလိုမက်
မွန္းသိသာေအာင္ အခ်ိန္အေတာ္ၾကာေအာင္ ေနရာေ႐ြ႕မသြားခဲ့ေပ။

"ကြၽန္ေတာ္ အိမ္ခဏျပန္ဦးမယ္ ၊ ေန႔ခင္း
ျပန္လာမယ္" ဆိုတဲ့စကားကိုျပန္ၾကားေယာင္မိေတာ့ သူ႔မ်က္ခံုးေတြ ပိုႀကံဳ႕သြား၏။
၄နာရီ ထိုးေနၿပီ ျပန္မေရာက္ေသးတဲ့
ခင္ပြန္းကို စိတ္ပူမိေနတာ မထူးဆန္းဘူး။
ေကာင္ကေလး မလိမ္တက္ဘူးဆိုတာ
သူသိသည္။ တစ္ခုခု ျဖစ္သြားမွာကို စိုးရိမ္တာေၾကာင့္  အိမ္ေပါက္မွာေထာင္ထားတဲ့ ထီးကို ယူၿပီးေအာက္ထပ္ကို ျမန္ျမန္ဆင္းလိုက္၏။

သူတို႔ငွားေနတဲ့ တိုက္ခန္းက အထပ္ေပါင္း၆ထပ္
ပါသလို အေျခခံလူတန္းစားေတြ မ်ားသည္။ ေရးညိဳ႕ထင္ေနတဲ့အခန္းက ၃လႊာမွာ ျဖစ္ၿပီဓာတ္ေလွကားမရွိသလို အဆင့္ျမင့္အိမ္ယာလည္းမဟုတ္ဘူး။
တခါတေလ တက္လိုက္ဆင္းလိုက္လုပ္ပါမ်ားရင္ ႏုနယ္တဲ့ေကာင္ကေလးက
ေခြၽးသံတရဲရဲနဲ႔ အႀကိမ္အနည္းငယ္ထက္ပိုမဆင္းနိုင္ျပန္ဘူး။
ထိုအခ်ိန္ဆို သူမ်ားစြာစိတ္မေကာင္းျဖစ္ရသည္။
မိဘလက္ထက္က ေကာင္းမြန္ေအာင္ေနရရက္သားနဲ႔ သူ႔လက္ထက္က်မွ
အငွား အိမ္ယာမွာထားသလို သက္ေသာင့္သက္သာလည္းမရွိတဲ့အေျခေနမွာ ေကာင္ကေလးမ်က္နွာငယ္စြာေနရသည္။

ေကာင္ကေလးက လိမ္မာတဲ့ကေလးမို႔
ၿငီးညဴ ဟန္နည္းနည္းမွမျပေပမဲ့ အေပၚေရာက္ၿပီဆိုရင္
နွာသီးထိပ္ေလးေတြရဲေအာင္ ေမာေနတက္တာကို သူေတြဖူးသည္။
ေယာက်ာ္းေလးတစ္ေယာက္က ၃လႊာေလးေတာင္ မတက္နိုင္ရင္ ညံ့ဖ်င္းလြန္းတယ္ဆိုရေပမဲ့ ေရႊဘံုေပၚစံခဲ့ရေသာေကာင္ကေလးကေတာ့ ထိုအဆိုျပဳခ်က္နဲ႔လားလားမ်ွမသက္ဆိုင္ေတာ့။

" မိုးေတြကလည္း သည္းလိုက္တာကြာ။
အခ်ိန္အခါမဟုတ္ "

" ဟုတ္တယ္၊ အိမ္ျပန္ရင္ ဘယ္လိုမ်ားျပန္ရပါ့မလဲ စိတ္ညစ္စရာ "

တိုးတိုးသက္သာမဟုတ္တဲ့ စကားေျပာသံေတြက ေအာက္ဆံုးေျမညီထပ္က 
ပန္းခ်ီ သင္တန္းကထြက္လာတဲ့ လူငယ္ေလးတစ္စုဆီမွ။
သူတို႔ေနရာက အခ်က္အခ်ာ မက်ေပမဲ့
လူစည္တာမို႔  ေအာက္ဆံုးေျမညီထပ္ေတြက ဆိုင္ေတြမ်ားသည္။ တခ်ိဳ ႕က် အိမ္ထဲ
ခုနွစ္ေယာက္၊ ရွစ္ေယာက္ စုသင္တဲ့
စာသင္ဝိုင္းေသးေသး ၊ တခ်ိဳ ႕က်  ထမင္းဆိုင္မ်ိဳး၊ စားဖြယ္ေသာက္ဖြယ္ေရာင္းတဲ့ဆိုင္မ်ိဳး။
မိုးကပိုမ်ားလာၿပီး တေျဖာင္းေျဖာင္းနဲ႔ ေအာက္ေျခ ကတၱရာလမ္းကိုရုိက္ခ်သံပီပီသသကို ရွင္းလင္းစြာ ၾကားေနရ၏ 
ညေနေတာင္မေစာင္းေသးဘူး ေမွာင္ရီညိဳ႕မႈိင္းေနတာႀကီးက စိုစိုစိစိေတြ မႀကိဳက္တဲ့ ေရးညိဳ႕ထင္အတြက္ အေတာ္ေလး စိတ္အေနွာက္ယွက္ျဖစ္ေစ၏။

ေရးညိဳ႕ထင္ လက္ထဲက နီညိဳေရာင္ထီးကိုဖြင့္၏။
ဒီတေလာအတြင္းသူဝယ္ထားတဲ့ ကားက လြတ္တဲ့ေနရာရပ္ရတာမို႔ ေလွကားရင္းမွာေတာ့မရွိ။
မလွမ္းမကမ္းက ကား၊ဆိုင္ကယ္အပ္တဲ့ ေနရာသည္ ဒီတိုက္တန္းေတြရဲ႕ အားကိုးရာ ပင္။
လခေပးထားတာမို႔ အိတ္ထဲမွာ ကားအပ္တဲ့ ကတ္ျပားေလးက အဆင့္သင့္နႈိက္ကာ  ထီးနဲ႔ေျပးလာတဲ့ ေကာင္ေလးကို ေပးလိုက္ၿပီး သူ႔ကားရပ္တဲ့ေနရာကို ခပ္သုတ္သုတ္သြားမိသည္။

ေကာင္ကေလးသြားတဲ့ေနရာက မိဘအိမ္ဆိုေပမဲ့ အျပန္လမ္း မွာ ယခင္ကလို အျဖစ္အပ်က္မ်ိဳးျဖစ္မွာသူစိုးရိမ္သည္။

ညေနရုံးဆင္းခ်ိန္ေရာက္ေတာ့မွာမို႔ ကားလမ္းေတြက မိုး႐ြာေနတာေတာင္ ၾကပ္သပ္ေနတုန္းပင္။
သူေကာင္ကေလးတို႔အိမ္ေရာက္ေတာ့
အေတာ္ေလး ေနာက္က်ေနၿပီ။
ဒုတိယအႀကိမ္ေျမာက္ေရာက္လာခဲ့ေသာ ေယာက္ခမအိမ္က စိမ္းသက္သက္အေနအထားက မေျပာင္းလဲေသး။

ေရးညိဳ႕ထင္ ဟြန္းတီးလိုက္လ်ွင္ ၿခံေစာင့္ဟုထင္ရေသာ လူတစ္ေယာက္
တံခါးေျပးလာဖြင့္၏။  မည္သည့္စကားမွ မဆိုပဲ ဝင္ခြင့္ေပးသည္မို႔ ဒီအိမ္ရဲ႕ သမက္ဆိုတာသိသည့္ပံု ။
ဆင္ဝင္ေအာက္ကားရပ္တဲ့အခ်ိန္ထိ ေရးညိဳ႕ထင္မွာ ေျပာစရာစကားရွားပါးေနတုန္းပင္။  တစ္ေယာက္ေယာက္နဲ႔ေတြ႕ရင္ သူမည္သို႔ေျပာရမည္နည္း။
ေန႔တစ္ပိုင္းေတာင္ျပည့္ေအာင္မေနေစခ်င္တဲ့ အကဲပိုပို လူတစ္ေယာက္အသြင္ေတာ့ေပါက္မေနဘူးမို႔လား။

သူသက္ျပင္းေရးေရးခ်မိ၏။
ဒီေန႔က အလုပ္ပိတ္ရက္မို႔ မလြဲမေသ
ေကာင္ကေလးမိဘေတြရွိမွာေသခ်ာသေလာက္ျဖစ္၏။
ေရာက္ၿပီးမွေတာ့မထူးေတာ့သည္မို႔ ကားေပၚကဆင္းလိုက္စဥ္ အမ်ိဳးသမီးတစ္ေယာက္ေျပးထြက္လာ ၏။

" အကိုေလးအမ်ိဳးသားထင္တယ္။"

"ဟုတ္ကဲ့"

"ထိုင္ပါဦးရွင့္ မမႀကီး သြားေခၚေပးပါ့မယ္ "

ေရးညိဳ႕ခင္ ျပန္လွည့္သြားမေယာင္ရွိတဲ့
အမ်ိဳးသမီးကို တားလိုက္၏။

" ဒီမွာခင္ဗ်။ ေရႊဘံု အိမ္မွာရွိတယ္မို႔လား "

"အကိုေလးေရႊဘံုေနသိပ္မေကာင္းလို႔အေပၚထပ္မွာအိပ္ေပ်ာ္ပါတယ္။"

"ေနမေကာင္းျဖစ္လို႔လား ။ မနက္ကထိ အေကာင္းႀကီးပါ "

မနက္ကထိ ၿပံဳးၿပံဳးရႊင္ရႊင္ပဲ အိမ္ျပန္ဦးမည္ဟု ေျပာသြားတာမို႔ ခုလိုေနမေကာင္းဘူးဟုၾကားသိရေတာ့ေရးညိဳ႕ထင္
စိတ္ပူသြားမိ၏။

" ခဏေနာ္ ကြၽန္မ မမႀကီးကိုသြားေခၚေပးပါ့မယ္"

ဆိုဖာေပၚၿငိမ္သက္စြာထိုင္ေစာင့္လိုက္သည္။ ေန႔အလင္းေရာင္အတိုင္းလင္းထိန္ေနေသာ အိမ္၏အျပင္အဆင္သည္
ႀကီးက်ယ္ခမ္းနားသလို ျမင္ရခဲသည္။
ထိုအိမ္မွာေနထိုင္တဲ့ ကေလး တစ္ေယာက္ အတြက္ သူလိုလူတစ္ေယာက္ေဘးမွာေနရတာ ဘယ္ေလာက္က်ဥ္းၾကပ္အေနရခက္လိုက္မလဲ။

" ေလွကားရဲ႕ အေရွ႕ဖက္ေထာင့္ က
အခန္းက သားအခန္း။ ေနာက္တစ္ခါလာရင္ ဧည့္သည္လို ထိုင္ေစာင့္မေနနဲ႔ ၊
အိမ္ကအလုပ္သမားေတြကိုလည္းေျပာျပထားလိုက္မယ္။ ဘယ္သူ႔ကိုမွခြင့္ေတာင္းေနစရာမလိုဘူး မင္းေတြ႕ခ်င္တက္သြားလို႔ရတယ္  "

အသံၾကားရာသို႔ေမာ့ၾကည့္စဥ္
ေကာင္ကေလး၏ မိခင္ သူ႔ေယာက္ခမသည္ေလွကားလက္ရန္းကိုကိုင္ကာ ဆင္းလာ၏။
အေမလို႔ေခၚရမွာေတာင္ အားနာစရာေကာင္းေအာင္ ေရးညိဳ႕ထင္၏ ေယာက္ခမသည္ လွၿပီးႏုပ်ိဳသည္။

ထိုင္ေနရာမွ ေလးစားသမူ႔ျဖင့္ သူထလိုက္၏ 

" ေကာင္ကေလးက ဖုန္းမကိုင္လို႔လိုက္လာတာပါဗ်  "

" သူေနသိပ္မေကာင္းဘူး။မိုး႐ြာရင္ သားက အဲ့အတိုင္းပဲ၊ စိတ္ပူစရာေတာ့မရွိပါဘူး။ ေဆးထိုးေပးထားတယ္။ အိပ္ယာနိုးရင္ေခၚသြားလို႔ရတယ္ ...ခု သူမနိုးခင္ အန္တီနဲ႔ စကားေျပာလို႔ရမလား "

ျပန္ထိုင္ဖို႔ လက္ျပလာသည္မို႔ ေရးညိဳ႕ထင္ ေခါင္းညိမ့္ကာ ဆိုဖာမွာျပန္ထိုင္လိုက္သည္။

" ကိုမင္းစံက အေရးတႀကီး အစည္းေဝးပြဲရွိလို႔သြားတယ္"

ေအာင္ျမင္ေနတဲ့ စီးပြားေရးလုပ္ငန္းရွင္တစ္ေယာက္အေနနဲ႔ ဘယ္မ်ွအလုပ္မ်ားမယ္ဆိုတာ သူခန္႔မွန္းမိသည္။

"ဟုတ္ကဲ့"

" ေၾကးစား တစ္ေယာက္ အေနနဲ႔ တစ္ပြဲထိုးေၾကး ဘယ္ေလာက္ရလဲ  ၊ "

"ဗ်ာ  "

"မင္းကို အန္တီ အမ်ိဳးသားက အရင္က သိပ္သေဘာက်တယ္ဆိုပဲ  ။ သူ႔ဝါသနာကလည္းဆန္းတယ္။ အသတ္အပုတ္ ၊ အထိုးအနွက္ေတြဆို သူသိပ္ႀကိဳက္တာ"

ႏုညံ့ေသာအသံေနအထားသည္
မာန္မာန မရွိသေယာင္ ခ်ိဳၾကည္၍
မိတ္ေဆြတစ္ေယာက္ကို လုပ္ငန္းအဆင္ေျပသလားဟု လမ္းႀကံဳ ေပါ့ေပါ့ပါးပါးနႈတ္ဆက္ေနတဲ့အသြင္။
မိုးသည္ ပိုမိုသည္းထန္လာကာ လ်ွပ္စီးတလက္လက္ကလည္း မစဲေသး။
မီးဆိုင္းေအာက္တည့္တည့္မွာထိုင္ေနတဲ့
လူနွစ္ေယာက္အား သာမန္မဟုတ္တဲ့အလင္းေရာင္က မိုး႐ြာသည့္အေျခေနကို ဖုန္းဖိေပးနိုင္ေသာ္ျငား တိတ္တဆိတ္ျဖစ္သြားတဲ့ စကားဝိုင္း၏ ေအးခဲမူ႔ကိုေတာ့ မေႏြးေထြးေစနိုင္ေတာ့ေပ။

" အန္တီ ကြၽန္ေတာ္ကို ဘာေျပာခ်င္တာရွိလို႔လဲ ၊ အားမနာပဲ ေျပာလို႔ရပါတယ္ "

ေဒၚဟန္နီဦးအခ်ိန္မဆြဲပဲလိုရင္းေျပာလိုက္၏။

" မင္း ဒီေလာက ကေန ဘယ္ေတာ့ထြက္ဖို႔ စီစဥ္ထားလဲ"

"ကြၽန္ေတာ္..."

စကားေျပာေနရင္းေျဖစရာမဲ့သြားသလို
ေရးညိဳထင္ တံေတြးၿမိဳ ခ်လိုက္၏။
ပထမအႀကိမ္ေမးလိုက္တာက ေကာင္ကေလးျဖစ္ၿပီး  ဒုတိယအႀကိမ္ေျမာက္ကေတာ့ မိမိ၏ ေယာက္ခမျဖစ္သူဆီမွ။ 

သူေၾကးစားတစ္ေယာက္ မျဖစ္ခ်င္ခဲ့ဘူး။
ဒါေပမဲ့ လက္ေဝွ႔ထိုးျခင္းက သူ႔ဝါသနာ ျဖစ္ၿပီး ယွဥ္ၿပိဳင္ရျခင္းက သူ႔အိမ္မက္။

" သားအတြက္ ေငြေၾကးလိုအပ္ခ်က္ မရွိဘူး။ မင္းအသက္ရွည္ရွည္ျဖစ္ဖို႔ပဲလိုတယ္။  ငါတို႔မိသားစုမွာ မင္းတာဝန္ယူထားတဲ့ ငါ့သားက အဖိုးတန္ဆံုးပဲ။ အကယ္၍
မင္းက ေရႊဘံုအတြက္ အႏၲရာယ္တစ္ခုျဖစ္လာခဲ့ရင္.."

" ကြၽန္ေတာ္ ဘာဆိုတာ အန္တီအမ်ိဳးသား
ဦးမင္းစံ သိသလို  လက္ထပ္ဖို႔ ကိုလည္းအန္တီကိုယ္တိုင္ပဲ ဇြတ္စီစဥ္ခဲ့တာမို႔လား "

ခပ္တည္တည္ၾကည့္ေနတဲ့ မ်က္လံုးေတြကို ေဒၚဟန္နီဦးေရွာင္လႊဲလိုက္၏။
အမွားလုပ္မထားတဲ့ မ်က္လံုးေတြသည္
ခက္ထန္မေနေပမဲ့ သူမ ကိုေတာ့ ေကာင္းေကာင္းႀကီးတုန္လႈပ္နိုင္စြမ္းရွိသည္။
ဇြတ္စီစဥ္ခဲ့ေသာ စကားသည္ မ်ားစြာ ေနာက္ေက်ာမလံုျဖစ္ေနေစေပမဲ့  အားနာျခင္းအလ်ဥ္းေတာ့မရွိ။
သူမ တကယ္ ေရးညိဳ႕ထင္ကို သေဘာက်ခဲ့တာ 

" အန္တီသိခဲ့ေပမဲ့ ေနာက္က်ၿပီးမွ သိခဲ့တာ။ သိၿပီးသည္တိုင္ေအာင္ မင္းကို
မလိုခ်င္ဘူးဆိုတဲ့စိတ္မရွိခဲ့ဘူး။ အဲ့ဒါ အန္တီလိမ္တာမဟုတ္ဘူး။ ေရးညိဳ႕ထင္က မိုက္ျဖစ္သြားပါေစဦးေတာ့ မင္းစိတ္နဲ႔ မင္းအမူက်င့္က ေျပာင္းလဲသြားတာမွမဟုတ္တာ။ အဲ့အတြက္ အန္တီသားအတြက္ေနာင္တမရဘူး။ မင္းကိုခုထိ ငါ့သမက္အျဖစ္လက္ခံေနတုန္းပဲ "

ေဒၚဟန္နီဦးခဏမနားပဲ ဆက္ေျပာလိုက္သည္။

"ေျပာခ်င္တာက အန္တီ မင္းကို မိသားစုဝင္အျဖစ္ၾကည္ျဖဴ ဆဲပဲ။ မင္းအတိတ္မွာဘာျဖစ္ခဲ့တယ္။ ဘာလုပ္ခဲ့တယ္ အန္တီ စိတ္မဝင္စားဘူး  ၊ အနာဂတ္မွာေတာ့
အႏၲရာယ္မကင္းတဲ့ အလုပ္ေတြကိုမလုပ္ေစခ်င္ဘူး။ ငါ့သားအတြက္ေရာ၊ ငါတို႔မိသားစုအတြက္ေရာ မင္း ဒီအလုပ္ကိုဆက္မလုပ္ဖို႔ ငါဘယ္လိုေတာင္းဆိုေပးရမလဲ ။ မင္းအလုပ္နဲ႔ ဆက္ႏြယ္ပတ္သတ္လာတဲ့ အႏၲရာယ္အမႈန္အမႊားမွန္သမ်ွ ေရဘံုကို နည္းနည္းေတာင္မထိပါးေစခ်င္တာ ငါအတၲပဲ။ "

"ကြၽန္ေတာ္ေကာင္ကေလးကို ေျပာထားၿပီးၿပီ။ ဒါေပမဲ့ ခုလက္ခံထားတဲ့ တစ္ပြဲၿပီးရင္  ကြၽန္ေတာ္ ဆက္မလုပ္ေတာ့ဘူး။ "

ေရးညိဳ႕ထင္ ေျပာၿပီး ထရပ္လိုက္၏။
ေရွ႕ဆက္မသြားတဲ့ေျခလွမ္းေတြသည္
ေနရာမွာပဲ ေက်ာက္ခ် ထားသကဲ့သသို႔
ရပ္တန္႔ေနၿပီး ေလွကားထစ္ေတြအားေမာ္ၾကည့္၏။

" ကြၽန္ေတာ္ ေကာင္ကေလးကို အိမ္ျပန္ေခၚသြားခ်င္တယ္။ ျပန္ထည့္လိုက္လို႔ရမလား"

"ေလွကားကေနတက္သြားလိုက္ ။ အေရွ႕ဘက္ေထာင့္က အခန္းကသူ႔အခန္း။
ေနာက္ဆို ခြင့္ေတာင္းစရာမလိုဘူး။ ဒီအိမ္ကမင္းအိမ္"

ခ်စ္တဲ့အိမ္စည္။

{ ေျပာစရာစကားရွိပါတယ္။
နည္းနည္းေလး မေသမသပ္အဆင္မေျပစရာရွိရင္ သည္းခံေပးပါ။ ဇာတ္ရွိန္အတက္အက်ေတြမွာ ကိုယ္ေလာၿပီးအေကာင္းဆံုးမေရးနိုင္တာကိုလည္းေတာင္းပန္ခ်င္တယ္။ ကိုယ္ေရးတဲ့ထဲမွာ ဒီအပုဒ္က ေတာ္ေတာ္ေလး အားမရဆံုးပါ။ ေျပာရရင္ ပုခံုးေပၚမွာ အေလးအပင္ေတြထမ္းထားရသလိုပဲ မနိုင္မနင္းေတြျဖစ္ေနခဲ့တာပါ။ One Shop/ Fic စတဲ့အလွဴခံထားတဲ့ အလုပ္ေတြက နားခ်ိန္မရသလို ေခါင္းေတြေတာင္ပူေလာက္ေအာင္ပဲ။
စိတ္ရင္းအတိုင္းဆို ရွက္လို႔ unပစ္ခ်င္ေနေပမဲ့ ongoingလိုက္တဲ့သူေတြကိုအားနာလို႔ ေသခ်ာအဆံုးထိႀကိဳးစားပါ့မယ္}

" ကတ်စီးနည်းကော်တရာကြီးက
ကားအသစ်ကြီးဝယ်လိုက်ပြီပေါ့။ ပြောတော့ ပိုက်ဆံမဖြုန်းဘူးဆို။ "

ဆိုင်ထဲဝင်လိုက်တာနဲ့ ဒီရမောင်အပါအဝင်ကလေး တသိုက်က အဝိုးဝိုးတဝါးဝါး
စနောက်တော့၏။ ပြောလည်းပြောချင်စရာ ပင်။ အရင်ကဆို ဒီရမောင် ကားဝယ်ဖို့နားချရင်တောင်မှ ရေးညို့ထင်က အင်းအဲ လုပ်သူမဟုတ်။  ဘာပြောပြော ဒီရမောင်နဲ့ ကောင်ကလေးနဲ့မှမတူတာ။
လက်ထဲက ကားသော့နှင့် ထမင်းချိုင့်အပါအဝင်အစုံထည့်ထားသော ခြင်းကို လွတ်တဲ့စားပွဲပေါ်ချကာ ရေးညို့ထင် ခါးထောက်ကာပြောလိုက်သည်။ 

" ဒါတွေ မင်းတို့ အိမ်ထောင်ကျမှသိလိမ့်မယ်။ ငါ့ကို စမနေနဲ့ အလုပ်လုပ် ။ နေ့ခင်း
ကားဂိတ်ပို့ရမှာတွေ အချိန်နောက်မကျစေနဲ့"

"နောက်မကျပါဘူး။ သြော် ဒါနဲ့လေ
ဆိုင်ခန်းပိုင်ရှင် ဒေါ်သူဇာလာသွားတယ်။
သူရောင်းတော့မလို့ဆိုလားပဲ။ ဆက်ငှားမငှား မသေချာတော့ဘူးတဲ့ "

"မင်းဘာပြောလိုက်လဲ "

"ဘာပြောရမှာလဲ  မင်းကိုလွှတ်လိုက်မယ်ပဲပြောလိုက်ရတာပေါ့"

ရေးညို့ထင် တွေဝေသွား၏။
ဒီနေရာဒီဆိုင်ခန်းက နှစ်တွေအတော်ကြာအောင်ငှားရမ်းလာတာမို့ သူ့အနေနဲ့ အတော်လေးအသားကျနေပြီးသားဖြစ်၏။
ပြီးတော့ ကောင်ကလေးဆိုင်နဲ့လည်းကပ်ရပ်မို့  နှစ်ယောက်အတူတူနီးနီးနားနားအဆင်သင့်သည်။

သူတို့နေရာသည် အောက်ထပ်ကို ဆိုင်ခန်းလုပ်ပေးထားပြီး အပေါ်ထပ်မှာလူနေတဲ့နှစ်ထပ်တိုက်ဖြစ်သည်။
ရောင်းမယ်ဆိုရင် နေရာကောင်းတဲ့
ဆိုင်ခန်းမို့ ဈေးတော့ မြောက်မည်။
မတက်နိုင်ပေ အခြေနေအရ စကားပြောပြီး ဆိုင်ခန်းပြန်ဝယ်သင့်ဝယ်ရမည်ပင်။

" အင်း ခဏနေ ငါ အပေါ်ထပ်စကားသွားပြောကြည့်လိုက်မယ်။ ဝယ်နိုင်တဲ့ဈေးဆိုရင်ဝယ်လိုက်ရုံပါ့။ ငါလည်းလုပ်ငန်းတိုးချဲ့မလားစဉ်းစားနေတာ  "

ရေးညို့ထင် သူလုပ်ရမဲ့အရာတွေ ဇယ်ဆက်သလိုမြန်မြန်ပင် လက်စသတ်လိုက်သည်။ အိမ်ထောင်သည်မို့ တစ်ကိုယ်ရည်တကာယ  အရင်ကလို ဖြစ်သလိုနေလို့တော့မရတော့ပေ။
ဘေးမှာ တန်းတူရပ်မဲ့ ကောင်ကလေးက
လူငယ်လေးဖြစ်သည့်အပြင် သူဌေးသားမို့
အတက်နိုင်ဆုံး မျက်နှာတော့မငယ်စေချင်ပါ။

" မနက်ဖန် ဆိုင်ပိတ်ရက် နင့် အိမ်ပြန်မှာလား "

ပန်းစည်း၏ ရိုးတံမှာ ဖဲကြိုးလေးကို လှလှပပ အဆုံးသတ်ပတ်စည်းလိုက်ပြီး စင်ပေါ်ရှိအလှပြထားတဲ့ နေရာမှာ ငြိမ်အောင်တင်လိုက်၏။
ကေသီက နေကြာစေ့တဖျောက်ဖျောက်ဝါး၍ ရွှေဘုံနဲ့ ကြည်နူးပန်းစည်းနေတာကိုထိုင်ကြည့်နေ၏။
ဒီရက်ပိုင်း ပွဲကြီး အလုပ်အပ်ထားတာမရှိပဲ၊ လက်ဆောင်ပေးဖို့ ပန်းစည်းတွေပဲ အအပ်များ၏။

"ပြန်ရမှာလေ၊ အိမ်မပြန်တာ ၃ရက်ရှိပြီ။ ငါတို့ဆိုင်ပိတ်သလို မာမီလည်းပိတ်တယ်။ဒယ်ဒီကတော့မသေချာဘူး "

" နင့်မာမီကို တကယ်သဘောကျတာပဲ။
ဒီခေတ်ကြီးမှာ ဒီလိုအမေမျိုးရှားသွားပြီသိလား ။ ဒါနဲ့လေ  ဟိုကောင် ဘုန်းခန့်ထည်
ကိုဒီနေ့ ငါအလာတုန်းက လမ်းမှာ တွေ့ခဲ့တယ်။ ကားပေါ်မှာ သူတစ်ယောက်ထဲ
လက်ထဲစီးကရက်နဲ့ မီးပွိုင့်မှာဆေးလိပ်သောက်နေတာ ။ လုံးဝ ငါ့ကိုမမြင်ဘူးသိလား။ ငါလည်းသူမြင်တာနဲ့ ကားမှန်တင်ပစ်လိုက်တာ  ရွံလွန်းလို့ မျက်နှာတောင်မမြင်ချင်ဘူး"

ကေသီစကားကို ရွှေဘုံ မတုန့်ပြန်မိပါ။
အကယ်တော့ ပြတ်သွားတဲ့ရည်းစားဟောင်းပဲလေ။ ခုဆိုသူ့မှာ ထင်ထင်ရှိနေပြီ။
အိမ်ထောင်သည်တစ်ယောက်မို့ စောင့်ထိန်းရတဲ့ လောကသဘာဝတွေသူသိသလိုဘုန်းခန့်ထည်အတွက်လည်းခံစားချက်လည်းမရှိတော့ပေ။ ကုန်ဆုံးသွားတဲ့အတိတ်ကိုပြန်လည်တူးဖော်ရလောက်အောင်ထိဘုန်းခန့်ထည်ကရွှေဘုံအတွက်အရေးမပါတော့ဘူး

_______

မိုးသံလေသံက တဖျောက်ဖျောက်ဖြင့်
ကောင်းကင်တခွင်ဟာ ညိုမှိုင်းမှောင်ရီနေသည်။ လင်းခနဲ လက်ခနဲ စီးလွှင့်သွားတဲ့ လျှပ်စီးတွေသည် အိမ်မှန်ပြတင်း၏ လိုက်ကာကိုတောင် မဖုံးကွယ်နိုင်သလို တဖျတ်ဖျတ်တောက်ပနေသေး၏။
ခြိမ်းခြောက်သော မိုးသံသည် တဗြုန်းဗြုန်း။

လက်ထဲက ဖုန်းမှန်ပြင်ကိုလက်ဖြင့်တောက်ကာ ၃ခါမြောက်ဖုန်းကိုခေါ်၏။
တတီတီဝင်သွား၏။
အဆုံးသတ်မှာ အော်ပရေတာမိန်းကလေး၏ အသံက ရေးညို့ထင် ကြားချင်သည့် အသံမဟုတ်တာကြောင့် ဖုန်းချကာ
မှိုင်တွေငေးမောမိသည်။
မျက်ခုံးတန်းတွန့်ကွေးမူ့သည် အလိုမကျ
မှန်းသိသာအောင် အချိန်အတော်ကြာအောင် နေရာရွေ့မသွားခဲ့ပေ။

"ကျွန်တော် အိမ်ခဏပြန်ဦးမယ် ၊ နေ့ခင်း
ပြန်လာမယ်" ဆိုတဲ့စကားကိုပြန်ကြားယောင်မိတော့ သူ့မျက်ခုံးတွေ ပိုကြုံ့သွား၏။
၄နာရီ ထိုးနေပြီ ပြန်မရောက်သေးတဲ့
ခင်ပွန်းကို စိတ်ပူမိနေတာ မထူးဆန်းဘူး။
ကောင်ကလေး မလိမ်တက်ဘူးဆိုတာ
သူသိသည်။ တစ်ခုခု ဖြစ်သွားမှာကို စိုးရိမ်တာကြောင့်  အိမ်ပေါက်မှာထောင်ထားတဲ့ ထီးကို ယူပြီးအောက်ထပ်ကို မြန်မြန်ဆင်းလိုက်၏။

သူတို့ငှားနေတဲ့ တိုက်ခန်းက အထပ်ပေါင်း၆ထပ်
ပါသလို အခြေခံလူတန်းစားတွေ များသည်။ ရေးညို့ထင်နေတဲ့အခန်းက ၃လွှာမှာ ဖြစ်ပြီဓာတ်လှေကားမရှိသလို အဆင့်မြင့်အိမ်ယာလည်းမဟုတ်ဘူး။
တခါတလေ တက်လိုက်ဆင်းလိုက်လုပ်ပါများရင် နုနယ်တဲ့ကောင်ကလေးက
ချွေးသံတရဲရဲနဲ့ အကြိမ်အနည်းငယ်ထက်ပိုမဆင်းနိုင်ပြန်ဘူး။
ထိုအချိန်ဆို သူများစွာစိတ်မကောင်းဖြစ်ရသည်။
မိဘလက်ထက်က ကောင်းမွန်အောင်နေရရက်သားနဲ့ သူ့လက်ထက်ကျမှ
အငှား အိမ်ယာမှာထားသလို သက်သောင့်သက်သာလည်းမရှိတဲ့အခြေနေမှာ ကောင်ကလေးမျက်နှာငယ်စွာနေရသည်။

ကောင်ကလေးက လိမ်မာတဲ့ကလေးမို့
ငြီးညူ ဟန်နည်းနည်းမှမပြပေမဲ့ အပေါ်ရောက်ပြီဆိုရင်
နှာသီးထိပ်လေးတွေရဲအောင် မောနေတက်တာကို သူတွေဖူးသည်။
ယောကျာ်းလေးတစ်ယောက်က ၃လွှာလေးတောင် မတက်နိုင်ရင် ညံ့ဖျင်းလွန်းတယ်ဆိုရပေမဲ့ ရွှေဘုံပေါ်စံခဲ့ရသောကောင်ကလေးကတော့ ထိုအဆိုပြုချက်နဲ့လားလားမျှမသက်ဆိုင်တော့။

" မိုးတွေကလည်း သည်းလိုက်တာကွာ။
အချိန်အခါမဟုတ် "

" ဟုတ်တယ်၊ အိမ်ပြန်ရင် ဘယ်လိုများပြန်ရပါ့မလဲ စိတ်ညစ်စရာ "

တိုးတိုးသက်သာမဟုတ်တဲ့ စကားပြောသံတွေက အောက်ဆုံးမြေညီထပ်က 
ပန်းချီ သင်တန်းကထွက်လာတဲ့ လူငယ်လေးတစ်စုဆီမှ။
သူတို့နေရာက အချက်အချာ မကျပေမဲ့
လူစည်တာမို့  အောက်ဆုံးမြေညီထပ်တွေက ဆိုင်တွေများသည်။ တချို့ ကျ အိမ်ထဲ
ခုနှစ်ယောက်၊ ရှစ်ယောက် စုသင်တဲ့
စာသင်ဝိုင်းသေးသေး ၊ တချို့ ကျ  ထမင်းဆိုင်မျိုး၊ စားဖွယ်သောက်ဖွယ်ရောင်းတဲ့ဆိုင်မျိုး။
မိုးကပိုများလာပြီး တဖြောင်းဖြောင်းနဲ့ အောက်ခြေ ကတ္တရာလမ်းကိုရိုက်ချသံပီပီသသကို ရှင်းလင်းစွာ ကြားနေရ၏ 
ညနေတောင်မစောင်းသေးဘူး မှောင်ရီညို့မှိုင်းနေတာကြီးက စိုစိုစိစိတွေ မကြိုက်တဲ့ ရေးညို့ထင်အတွက် အတော်လေး စိတ်အနှောက်ယှက်ဖြစ်စေ၏။

ရေးညို့ထင် လက်ထဲက နီညိုရောင်ထီးကိုဖွင့်၏။
ဒီတလောအတွင်းသူဝယ်ထားတဲ့ ကားက လွတ်တဲ့နေရာရပ်ရတာမို့ လှေကားရင်းမှာတော့မရှိ။
မလှမ်းမကမ်းက ကား၊ဆိုင်ကယ်အပ်တဲ့ နေရာသည် ဒီတိုက်တန်းတွေရဲ့ အားကိုးရာ ပင်။
လခပေးထားတာမို့ အိတ်ထဲမှာ ကားအပ်တဲ့ ကတ်ပြားလေးက အဆင့်သင့်နှိုက်ကာ  ထီးနဲ့ပြေးလာတဲ့ ကောင်လေးကို ပေးလိုက်ပြီး သူ့ကားရပ်တဲ့နေရာကို ခပ်သုတ်သုတ်သွားမိသည်။

ကောင်ကလေးသွားတဲ့နေရာက မိဘအိမ်ဆိုပေမဲ့ အပြန်လမ်း မှာ ယခင်ကလို အဖြစ်အပျက်မျိုးဖြစ်မှာသူစိုးရိမ်သည်။

ညနေရုံးဆင်းချိန်ရောက်တော့မှာမို့ ကားလမ်းတွေက မိုးရွာနေတာတောင် ကြပ်သပ်နေတုန်းပင်။
သူကောင်ကလေးတို့အိမ်ရောက်တော့
အတော်လေး နောက်ကျနေပြီ။
ဒုတိယအကြိမ်မြောက်ရောက်လာခဲ့သော ယောက်ခမအိမ်က စိမ်းသက်သက်အနေအထားက မပြောင်းလဲသေး။

ရေးညို့ထင် ဟွန်းတီးလိုက်လျှင် ခြံစောင့်ဟုထင်ရသော လူတစ်ယောက်
တံခါးပြေးလာဖွင့်၏။  မည်သည့်စကားမှ မဆိုပဲ ဝင်ခွင့်ပေးသည်မို့ ဒီအိမ်ရဲ့ သမက်ဆိုတာသိသည့်ပုံ ။
ဆင်ဝင်အောက်ကားရပ်တဲ့အချိန်ထိ ရေးညို့ထင်မှာ ပြောစရာစကားရှားပါးနေတုန်းပင်။  တစ်ယောက်ယောက်နဲ့တွေ့ရင် သူမည်သို့ပြောရမည်နည်း။
နေ့တစ်ပိုင်းတောင်ပြည့်အောင်မနေစေချင်တဲ့ အကဲပိုပို လူတစ်ယောက်အသွင်တော့ပေါက်မနေဘူးမို့လား။

သူသက်ပြင်းရေးရေးချမိ၏။
ဒီနေ့က အလုပ်ပိတ်ရက်မို့ မလွဲမသေ
ကောင်ကလေးမိဘတွေရှိမှာသေချာသလောက်ဖြစ်၏။
ရောက်ပြီးမှတော့မထူးတော့သည်မို့ ကားပေါ်ကဆင်းလိုက်စဉ် အမျိုးသမီးတစ်ယောက်ပြေးထွက်လာ ၏။

" အကိုလေးအမျိုးသားထင်တယ်။"

"ဟုတ်ကဲ့"

"ထိုင်ပါဦးရှင့် မမကြီး သွားခေါ်ပေးပါ့မယ် "

ရေးညို့ခင် ပြန်လှည့်သွားမယောင်ရှိတဲ့
အမျိုးသမီးကို တားလိုက်၏။

" ဒီမှာခင်ဗျ။ ရွှေဘုံ အိမ်မှာရှိတယ်မို့လား "

"အကိုလေးရွှေဘုံနေသိပ်မကောင်းလို့အပေါ်ထပ်မှာအိပ်ပျော်ပါတယ်။"

"နေမကောင်းဖြစ်လို့လား ။ မနက်ကထိ အကောင်းကြီးပါ "

မနက်ကထိ ပြုံးပြုံးရွှင်ရွှင်ပဲ အိမ်ပြန်ဦးမည်ဟု ပြောသွားတာမို့ ခုလိုနေမကောင်းဘူးဟုကြားသိရတော့ရေးညို့ထင်
စိတ်ပူသွားမိ၏။

" ခဏနော် ကျွန်မ မမကြီးကိုသွားခေါ်ပေးပါ့မယ်"

ဆိုဖာပေါ်ငြိမ်သက်စွာထိုင်စောင့်လိုက်သည်။ နေ့အလင်းရောင်အတိုင်းလင်းထိန်နေသော အိမ်၏အပြင်အဆင်သည်
ကြီးကျယ်ခမ်းနားသလို မြင်ရခဲသည်။
ထိုအိမ်မှာနေထိုင်တဲ့ ကလေး တစ်ယောက် အတွက် သူလိုလူတစ်ယောက်ဘေးမှာနေရတာ ဘယ်လောက်ကျဉ်းကြပ်အနေရခက်လိုက်မလဲ။

" လှေကားရဲ့ အရှေ့ဖက်ထောင့် က
အခန်းက သားအခန်း။ နောက်တစ်ခါလာရင် ဧည့်သည်လို ထိုင်စောင့်မနေနဲ့ ၊
အိမ်ကအလုပ်သမားတွေကိုလည်းပြောပြထားလိုက်မယ်။ ဘယ်သူ့ကိုမှခွင့်တောင်းနေစရာမလိုဘူး မင်းတွေ့ချင်တက်သွားလို့ရတယ်  "

အသံကြားရာသို့မော့ကြည့်စဉ်
ကောင်ကလေး၏ မိခင် သူ့ယောက်ခမသည်လှေကားလက်ရန်းကိုကိုင်ကာ ဆင်းလာ၏။
အမေလို့ခေါ်ရမှာတောင် အားနာစရာကောင်းအောင် ရေးညို့ထင်၏ ယောက်ခမသည် လှပြီးနုပျိုသည်။

ထိုင်နေရာမှ လေးစားသမူ့ဖြင့် သူထလိုက်၏ 

" ကောင်ကလေးက ဖုန်းမကိုင်လို့လိုက်လာတာပါဗျ  "

" သူနေသိပ်မကောင်းဘူး။မိုးရွာရင် သားက အဲ့အတိုင်းပဲ၊ စိတ်ပူစရာတော့မရှိပါဘူး။ ဆေးထိုးပေးထားတယ်။ အိပ်ယာနိုးရင်ခေါ်သွားလို့ရတယ် ...ခု သူမနိုးခင် အန်တီနဲ့ စကားပြောလို့ရမလား "

ပြန်ထိုင်ဖို့ လက်ပြလာသည်မို့ ရေးညို့ထင် ခေါင်းညိမ့်ကာ ဆိုဖာမှာပြန်ထိုင်လိုက်သည်။

" ကိုမင်းစံက အရေးတကြီး အစည်းဝေးပွဲရှိလို့သွားတယ်"

အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်အနေနဲ့ ဘယ်မျှအလုပ်များမယ်ဆိုတာ သူခန့်မှန်းမိသည်။

"ဟုတ်ကဲ့"

" ကြေးစား တစ်ယောက် အနေနဲ့ တစ်ပွဲထိုးကြေး ဘယ်လောက်ရလဲ  ၊ "

"ဗျာ  "

"မင်းကို အန်တီ အမျိုးသားက အရင်က သိပ်သဘောကျတယ်ဆိုပဲ  ။ သူ့ဝါသနာကလည်းဆန်းတယ်။ အသတ်အပုတ် ၊ အထိုးအနှက်တွေဆို သူသိပ်ကြိုက်တာ"

နုညံ့သောအသံနေအထားသည်
မာန်မာန မရှိသယောင် ချိုကြည်၍
မိတ်ဆွေတစ်ယောက်ကို လုပ်ငန်းအဆင်ပြေသလားဟု လမ်းကြုံ ပေါ့ပေါ့ပါးပါးနှုတ်ဆက်နေတဲ့အသွင်။
မိုးသည် ပိုမိုသည်းထန်လာကာ လျှပ်စီးတလက်လက်ကလည်း မစဲသေး။
မီးဆိုင်းအောက်တည့်တည့်မှာထိုင်နေတဲ့
လူနှစ်ယောက်အား သာမန်မဟုတ်တဲ့အလင်းရောင်က မိုးရွာသည့်အခြေနေကို ဖုန်းဖိပေးနိုင်သော်ငြား တိတ်တဆိတ်ဖြစ်သွားတဲ့ စကားဝိုင်း၏ အေးခဲမူ့ကိုတော့ မနွေးထွေးစေနိုင်တော့ပေ။

" အန်တီ ကျွန်တော်ကို ဘာပြောချင်တာရှိလို့လဲ ၊ အားမနာပဲ ပြောလို့ရပါတယ် "

ဒေါ်ဟန်နီဦးအချိန်မဆွဲပဲလိုရင်းပြောလိုက်၏။

" မင်း ဒီလောက ကနေ ဘယ်တော့ထွက်ဖို့ စီစဉ်ထားလဲ"

"ကျွန်တော်..."

စကားပြောနေရင်းဖြေစရာမဲ့သွားသလို
ရေးညိုထင် တံတွေးမြို ချလိုက်၏။
ပထမအကြိမ်မေးလိုက်တာက ကောင်ကလေးဖြစ်ပြီး  ဒုတိယအကြိမ်မြောက်ကတော့ မိမိ၏ ယောက်ခမဖြစ်သူဆီမှ။ 

သူကြေးစားတစ်ယောက် မဖြစ်ချင်ခဲ့ဘူး။
ဒါပေမဲ့ လက်ဝှေ့ထိုးခြင်းက သူ့ဝါသနာ ဖြစ်ပြီး ယှဉ်ပြိုင်ရခြင်းက သူ့အိမ်မက်။

" သားအတွက် ငွေကြေးလိုအပ်ချက် မရှိဘူး။ မင်းအသက်ရှည်ရှည်ဖြစ်ဖို့ပဲလိုတယ်။  ငါတို့မိသားစုမှာ မင်းတာဝန်ယူထားတဲ့ ငါ့သားက အဖိုးတန်ဆုံးပဲ။ အကယ်၍
မင်းက ရွှေဘုံအတွက် အန္တရာယ်တစ်ခုဖြစ်လာခဲ့ရင်.."

" ကျွန်တော် ဘာဆိုတာ အန်တီအမျိုးသား
ဦးမင်းစံ သိသလို  လက်ထပ်ဖို့ ကိုလည်းအန်တီကိုယ်တိုင်ပဲ ဇွတ်စီစဉ်ခဲ့တာမို့လား "

ခပ်တည်တည်ကြည့်နေတဲ့ မျက်လုံးတွေကို ဒေါ်ဟန်နီဦးရှောင်လွှဲလိုက်၏။
အမှားလုပ်မထားတဲ့ မျက်လုံးတွေသည်
ခက်ထန်မနေပေမဲ့ သူမ ကိုတော့ ကောင်းကောင်းကြီးတုန်လှုပ်နိုင်စွမ်းရှိသည်။
ဇွတ်စီစဉ်ခဲ့သော စကားသည် များစွာ နောက်ကျောမလုံဖြစ်နေစေပေမဲ့  အားနာခြင်းအလျဉ်းတော့မရှိ။
သူမ တကယ် ရေးညို့ထင်ကို သဘောကျခဲ့တာ 

" အန်တီသိခဲ့ပေမဲ့ နောက်ကျပြီးမှ သိခဲ့တာ။ သိပြီးသည်တိုင်အောင် မင်းကို
မလိုချင်ဘူးဆိုတဲ့စိတ်မရှိခဲ့ဘူး။ အဲ့ဒါ အန်တီလိမ်တာမဟုတ်ဘူး။ ရေးညို့ထင်က မိုက်ဖြစ်သွားပါစေဦးတော့ မင်းစိတ်နဲ့ မင်းအမူကျင့်က ပြောင်းလဲသွားတာမှမဟုတ်တာ။ အဲ့အတွက် အန်တီသားအတွက်နောင်တမရဘူး။ မင်းကိုခုထိ ငါ့သမက်အဖြစ်လက်ခံနေတုန်းပဲ "

ဒေါ်ဟန်နီဦးခဏမနားပဲ ဆက်ပြောလိုက်သည်။

"ပြောချင်တာက အန်တီ မင်းကို မိသားစုဝင်အဖြစ်ကြည်ဖြူ ဆဲပဲ။ မင်းအတိတ်မှာဘာဖြစ်ခဲ့တယ်။ ဘာလုပ်ခဲ့တယ် အန်တီ စိတ်မဝင်စားဘူး  ၊ အနာဂတ်မှာတော့
အန္တရာယ်မကင်းတဲ့ အလုပ်တွေကိုမလုပ်စေချင်ဘူး။ ငါ့သားအတွက်ရော၊ ငါတို့မိသားစုအတွက်ရော မင်း ဒီအလုပ်ကိုဆက်မလုပ်ဖို့ ငါဘယ်လိုတောင်းဆိုပေးရမလဲ ။ မင်းအလုပ်နဲ့ ဆက်နွယ်ပတ်သတ်လာတဲ့ အန္တရာယ်အမှုန်အမွှားမှန်သမျှ ရေဘုံကို နည်းနည်းတောင်မထိပါးစေချင်တာ ငါအတ္တပဲ။ "

"ကျွန်တော်ကောင်ကလေးကို ပြောထားပြီးပြီ။ ဒါပေမဲ့ ခုလက်ခံထားတဲ့ တစ်ပွဲပြီးရင်  ကျွန်တော် ဆက်မလုပ်တော့ဘူး။ "

ရေးညို့ထင် ပြောပြီး ထရပ်လိုက်၏။
ရှေ့ဆက်မသွားတဲ့ခြေလှမ်းတွေသည်
နေရာမှာပဲ ကျောက်ချ ထားသကဲ့သသို့
ရပ်တန့်နေပြီး လှေကားထစ်တွေအားမော်ကြည့်၏။

" ကျွန်တော် ကောင်ကလေးကို အိမ်ပြန်ခေါ်သွားချင်တယ်။ ပြန်ထည့်လိုက်လို့ရမလား"

"လှေကားကနေတက်သွားလိုက် ။ အရှေ့ဘက်ထောင့်က အခန်းကသူ့အခန်း။
နောက်ဆို ခွင့်တောင်းစရာမလိုဘူး။ ဒီအိမ်ကမင်းအိမ်"

ချစ်တဲ့အိမ်စည်။

{ ပြောစရာစကားရှိပါတယ်။
နည်းနည်းလေး မသေမသပ်အဆင်မပြေစရာရှိရင် သည်းခံပေးပါ။ ဇာတ်ရှိန်အတက်အကျတွေမှာ ကိုယ်လောပြီးအကောင်းဆုံးမရေးနိုင်တာကိုလည်းတောင်းပန်ချင်တယ်။ ကိုယ်ရေးတဲ့ထဲမှာ ဒီအပုဒ်က တော်တော်လေး အားမရဆုံးပါ။ ပြောရရင် ပုခုံးပေါ်မှာ အလေးအပင်တွေထမ်းထားရသလိုပဲ မနိုင်မနင်းတွေဖြစ်နေခဲ့တာပါ။ One Shop/ Fic စတဲ့အလှူခံထားတဲ့ အလုပ်တွေက နားချိန်မရသလို ခေါင်းတွေတောင်ပူလောက်အောင်ပဲ။
စိတ်ရင်းအတိုင်းဆို ရှက်လို့ unပစ်ချင်နေပေမဲ့ ongoingလိုက်တဲ့သူတွေကိုအားနာလို့ သေချာအဆုံးထိကြိုးစားပါ့မယ်}

Bạn đang đọc truyện trên: ZingTruyen.Xyz