တသက်လုံးပျော်ချင်မောင့်ကိုချစ်ပါ(တသက္လံုးေပ်ာ္ခ်င္ေမာင့္ကိုခ်စ္ပါ)Completed
16
" ကိုထင္ က အဲ့လို လူမ်ိဳးလား "
ႀကိဳးဝိုင္းအလယ္မွာ လူတစ္ေယာက္နဲ႔ ထိုးသတ္ေလ့က်င့္ေနတဲ့ ကိုထင္။
မဟုတ္ဘူး ၊ ဒီClubမွာဆိုရင္ သူကမိုက္ေပါ့။
မ်က္နွာကို မထိခိုက္ေအာင္ ေဆာင္းထားတဲ့အကြာအကြယ္ေအာက္မွာ စူးရွတဲ့အၾကည့္ေတြ ၊ အားမာန္အျပည့္နဲ႔တက္ႂကြျခင္းေတြသည္ ေရႊဘံုသိတဲ့ကိုထင္နွင့္လားလားေတာင္မတူညီေတာ့။
" မိုက္က ထူးျခားတယ္။ ၿပီးေတာ့ ပါရမီပါတယ္။ သူထိုးတဲ့ ပြဲေရ ၁၃ပြဲရွိၿပီ ခုထိ တစ္ပြဲမွမရႈံးေအာင္ သူထိန္းထားနိုင္စြမ္းရွိတယ္ ။ မင္း သိလား ေကာင္ေလး ၊ မင္းအေဖ ဦးမင္းစံ မိုက္ရဲ႕ ပရိတ္သတ္တစ္ေယာက္ပဲ။ မိုက္ထိုးမဲ့ပြဲတိုင္း မင္းအေဖလာၾကည့္ေလ့ရွိသလို မိုက္ကိုဆုေၾကးေငြ အမ်ားႀကီးလည္းခ်ဘူးတယ္"
ေရႊဘံု သူ႔လက္မျဖင့္ လက္သည္းေတြကို
အခ်င္းခ်င္းဖိပြတ္ေနရင္း ေတြးမိသည္။
ဒယ္ဒီ ဘာေၾကာင့္ ကိုထင္အေၾကာင္းကို သိရဲ႕နဲ႔ သူ႔အား ေပးမသိရတာလဲ။
" ဒယ္ဒီ ကြၽန္ေတာ္ကို ကိုထင္အေၾကာင္းမေျပာျပဖူးဘူး "
ကိုနိုင္း သက္ျပင္းခ်ၿပီး သူတို႔နွစ္ေယာက္ထိုင္ေနတဲ့ ခံုကေန မိုက္ရွိရာ စင္ေပၚကိုလွမ္းၾကည့္ေနသည္။
ေရႊဘံုလည္း ကိုနိုင္းကဲ့သို႔ မိုက္အား အတူၾကည့္မိပါသည္။
မိုက္ဆိုေသာနာမည္သည္ ကိုထင္အား
ဘဝတစိတ္တစ္ပိုင္းေပးထားသည္မွာ
အံ့ၾသစရာေကာင္းလွသည္။
နည္းနည္းေလေတာင္မွမတူညီေတာ့တဲ့ ကိုထင္ ေၾကာင့္ ေရႊဘံု စိတ္ေတြလည္း
ေနာက္က်ိလာသည္။
သူ ဒီရက္ပိုင္း စိတ္မေပ်ာ္ျဖစ္ေနရတဲ့
အေၾကာင္းရင္းေတြ အေတာ္မ်ားေနၿပီ။
" မိုက္ကို ယံု လိုက္ပါ။
ယံုၾကည္မူ႔ဆိုတာ လူတိုင္ေပးသင့္တဲ့အရာမဟုတ္ေပမဲ့ မိုက္ကေတာ့
လူတိုင္းနဲ႔ မတူတဲ့ လူတစ္ေယာက္္မို႔
မင္းစိတ္ပ်က္ေအာင္လုပ္္မွာမဟုတ္ပါဘူး "
ေရႊဘံု ရယ္ရင္း ေခါင္းေမာ့လိုက္၏။
မ်က္နွာက်က္မွာ ျမင္ေနရတဲ့ ျမင္ကြင္းမွာေတာင္ ရွင္းလင္းမူ႔မရွိသည္မို႔ သူငိုေနၿပီမွန္းရိပ္မိလိုက္သည္။
သူဘာလို႔ ငိုေနတာလဲ။
ရင္ထဲမွာလည္း တစ္ခုခုေပ်ာက္ဆံုးသြားသလို ခံစားခ်က္ႀကီးက ဘာေၾကာင့္လဲ။
ကိုထင္ကလည္း သူ႔ကိုယံုၾကည္ေပးပါတဲ့။
ပထမဦးဆံုးေတြ႕ရတဲ့ သူစိမ္းတစ္ေယာက္ကလည္း မိုက္အားယံုလိုက္ပါတဲ့။
မိုက္နဲ႔ ကိုထင္ နွစ္ေယာက္လံုးက
ေရႊဘံုနဲ႔ ပတ္သတ္ဆက္ႏြယ္မူ႔ရွိတဲ့သူတစ္ေယာက္ထဲဆိုေသာ္ျငား နွစ္ေယာက္လံုးသည္ သူနဲ႔ အလွမ္းကြာလြန္းလွ၏ ။
အျပန္လမ္းမွာ တိတ္တဆိတ္ရွိသည္။
ညမီးေရာင္ဖ်ဖ်ေအာက္မွာ ေရႊဘံုနဲ႔ ကိုထင္ လမ္းေလ်ွာက္ေနၾကသည္။
အက်ၤ ီလဲခဲ့ေသာ္ျငား ေခြၽးေတြစိုေနေသးတဲ့ ကိုထင္ဆီက ေရမခ်ိဳးရေသးတာတာမို႔
မဆိုးတဲ့ အနံ႔အသက္တခ်ိဳ႕လည္းရေန၏။
ေရႊဘံု ခိုးမၾကည့္ေပမဲ့ ျမင္ေနရတဲ့ ေမးရုိးနွင့္ ကိုထင္တဖက္ျခမ္း။
ဘယ္လိုပဲၾကည့္ၾကည့္ ကိုထင္က ၾကည့္ေလ ေယာက်ာ္းပီသေလရုပ္မ်ိဳး။
ထင္းလင္းထြက္မေနဘူး။
သို႔ေသာ္ အရွိန္အဝါေတြ ၊ ေအးစက္ျခင္းေတြရွိေနတယ္။
" ကိုယ့္ကိုစိတ္ဆိုးေနေသးလားေကာင္ကေလး "
စိတ္ဆိုးေနလား။
ဟား ေရႊဘံုက ကိုထင္ကိုစိတ္ဆိုးခြင့္ရွိတဲ့သူလား။ ရုတ္တရက္ လက္ထပ္လိုက္ရလို႔
ေပါင္းစည္းသြားတဲ့ အိမ္ေထာင္ေရးတစ္ခုျဖစ္သြားခဲ့တာကလြဲၿပီး ကိုထင္နဲ႔ သူၾကားမွာလ်ိဳ႕ဝွက္ခ်က္ေတြ စိမ္းသက္မူ႔ေတြနဲ႔ပဲျပည့္ေနခဲ့တာမဟုတ္ဘူးလား။
" ေကာင္ကေလး "
ေရႊဘံု မထူးေတာ့ ကိုထင္ သက္ျပင္းခ်လိုက္က္သည္။
လမ္းက်ဥ္းေလးမွာ ျဖတ္သြားျဖတ္လာ ကားေတြရႈပ္မေနတာမို႔ ကိုထင္ သက္ျပင္းခ်တာကအစ ေရႊဘံုရွင္းရွင္းလင္းလင္းၾကားေနရသည္။
လမ္းေလ်ွာက္ေနရင္း နွစ္ေယာက္ၾကားေအးစက္စက္ေလထု ရစ္ေနသိုင္းေနသလို ျဖစ္ေနပံုက ရန္ျဖစ္တဲ့ လင္မယားေတြ
မေခၚမေျပာျဖစ္ေနၾကတဲ့အတိုင္း။
သို႔ေသာ္ သူတို႔သည္ အိမ္ေထာင္သည္အမည္ခံ
သူစိမ္းေတြသာျဖစ္ၿပီး တစ္ေယာက္အေၾကာင္းတစ္ေယာက္ လိုအပ္တာထက္ပိုၿပီးသိတဲ့သူေတြမဟုတ္။
" ေကာင္ကေလး "
ေရးညိဳ႕ထင္ ေရႊဘံု လက္ကေလးကို ဆြဲလိုက္၏။ ရုန္းဖယ္မသြားတဲ့ ႏုညံ့အိေထြးတဲ့ လက္ဖဝါးေလးကို သူ႔လက္နဲ႔ထပ္တူ ဆုပ္ကိုင္ေထြးထားရင္း ေရွ႕တည့္တည့္ကိုၾကည့္သည္။
" ကိုနိုင္းဆီမွာ ကိုယ္ခနၶာ ႀကံ့ခိုင္ေအာင္ ကိုယ္ Boxingထိုးေနတာၾကာၿပီ။
အဲ့Clubက နာမည္ႀကီးၿပီးလူစံုတယ္။
တေန႔ ဂ်င္မီဆိုတဲ့ ပြဲစီစဥ္သူ ေရာက္လာတယ္။ ကိုယ့္လက္ရည္ကိုသေဘာက်လို႔
ပြဲတစ္ပြဲထိုးၾကည့္မလားတဲ့။ အဲ့ခ်ိန္တုန္းက ကိုယ္ျငင္းလိုက္တယ္။ ကိုယ္အမွန္ေျပာတာေကာင္ေလး ကိုယ္ေၾကးစားတစ္ေယာက္ျဖစ္လာဖို႔ စိတ္ကူးေတာင္မယဥ္ခဲ့ဖူးပါဘူး။"
ကိုထင္ေျပာျပေနတဲ့ သူ႔အေၾကာင္းေတြကိုေရႊဘံု တစ္ခြန္းတေလေတာင္ဝင္မေျပာပဲ နားေထာင္ေပးသည္။
လက္ေခ်ာင္းေတြၾကားက ေႏြးေထြးမူ႔သည္ လက္ဖဝါးမွတဆင့္ နွလံုးေသြးေၾကာထဲတိုက္ရုိက္စီးေနသလို ေရႊဘံု နွလံုးသားေလး၏ တင္းၾကပ္မူ႔က တျဖည္းျဖည္းလြတ္ေျမာက္လာ၏
ေဆာင္းေလေအးသည္ ည၏ အခ်မ္းပိုမူ႔ကိုထပ္မံအားျဖည့္သေယာင္ စိမ့္သက္သက္ျဖင့္ပိုေအးလာသည္။
ကိုထင္သည္ အားကစားေဘာင္းဘီရွည္ကိုဝတ္ထားၿပီး ရုိးရုိးလည္ပင္းဝိုင္းတီရွပ္တစ္ထည္ျဖင့္ အဝတ္နွစ္စံုခန္႔ထည့္လို႔ရနိုင္တဲ့ အနက္ေရာင္အိတ္ေသးတစ္လံုးကို လက္မွာဆြဲထား၏။
"မင္းသိလား ေကာင္ကေလး
ပထမဦးဆံုး သတ္ကြင္းမွာ ကိုယ္နိုင္ခဲ့တယ္။ ဒါေပမဲ့ ကိုယ့္မ်က္ခံုးရုိးကြဲၿပီး မ်က္လံုးတစ္ဖက္က ဖြင့္မရေအာင္ထိ အေျခအေနဆိုးခဲ့တယ္။ ကိုယ့္တကိုယ္လံုးမွာ ဒဏ္ရာအညိဳအမဲေတြ အျပည့္ပဲ။နာက်င္မူ႔ဆိုတာ ေနရာအနွံ႔အျပားမွာ အပ္နဲ႔ထိုးေနသလားေတာင္ ထင္ရတယ္။ "
" ကိုယ္ေသြးနဲ႔ရင္းၿပီးရွာတဲ့ ပိုက္ဆံက ဘာအတြက္လို႔ထင္လဲေကာင္ကေလး။
မိန္းမတစ္ေယာက္ေၾကာင့္ ကိုယ္ေၾကးစားျဖစ္ခဲ့တယ္လို႔ေျပာရင္ မင္းရယ္မွာလား ။ "
အေမးရွိေပမဲ့ အေျဖမလိုတဲ့စကားမ်ားကိုေရးညိဳ႕ထင္ ႐ြံရွာစြာေျပာမိသည္။
" အဲ့မိန္းမ က ကိုယ့္ခ်စ္သူျဖစ္ခဲ့ဖူးေပမဲ့
ခုအခ်ိန္မွာေတာ့ မ်က္နွာမေျပာနဲ႔အရိပ္ေတာင္မွ မေတြ႕ခ်င္၊မျမင္ေလာက္ေအာင္ မုန္းတဲ့သူ။ "
အမုန္းတရားေတြနဲ႔ေတာက္ပေနတဲ့မ်က္လံုးေတြ ၊ တင္းတင္းေစ့ထားတဲ့ နႈတ္ခမ္းပါးေတြက ဆံုးရႈံးခဲ့တဲ့ အတိတ္ကို
ေဆြးေျမ့စြာျပန္ေျပာျပေနေပမဲ့
ေရႊဘံု ကေတာ့ ဆက္နားမေထာင္နိုင္ေတာ့ေပ။
"မေျပာပါနဲ႔ေတာ့ "
ေျခလွမ္းေတြကိုရပ္ကာ ေျပာလိုက္သည္။
ဆြဲထားတဲ့လက္ကိုျဖဳတ္လိုက္သည္မို႔ ကိုထင္နဲ႔ ေရႊဘံုၾကားထဲမွာ လူတစ္ကိုယ္စာအကြာေဝးကသိသိသာသာေဝးကြာေနသည္။
ေရႊဘံု႔ နွလံုသားေလးသည္ တစ္ခါမွမျဖစ္ဖူးစြာ တလွပ္လွပ္ တုန္ယင္ေနၿပီး
အျမင္အာရုံသည္လည္းေဝဝါးေမွာင္မိုက္ေန၏။ ေရႊဘံု ဘာေတြျဖစ္ေနမွန္းေရႊဘံု မသိဘူး။
" ကြၽန္ေတာ့္ေရွ႕မွာ တျခားမိန္းကေလးအေၾကာင္းမေျပာပါနဲ႔လား "
ထိုစကားေျပာၿပီးခ်ိန္တြင္ ေရႊဘံု ကိုထင္ေျခေခ်ာင္းေတြျမင္ရသည္ထိေခါင္းငံု႔ထားတာျဖစ္သည္။
ပထမဦးဆံုး ကိုထင္အေပၚမွာေရႊဘံု ပိုင္စိုးပိုင္နင္းေျပာလိုက္တဲ့စကားျဖစ္သည္မို႔ရွက္လည္းရွက္ရသလိုအားလည္းနာရသည္။
လက္မွတ္ထိုးထားတဲ့စာခ်ဳပ္အရ ကိုထင္
သည္ ေရႊဘံုပိုင္ဆိုင္ေသာ လူတစ္ေယာက္ျဖစ္ၿပီး ကိုထင္ အေသြးအသား နွင့္ ကိုထင့္တစ္ကိုယ္လံုး တပါးသူ ေမ်ွာ္မွန္းတမ္းတခြင့္မရွိတဲ့ ေရႊဘံုလူ၊ ေရႊဘံုအပိုင္ ။
" တားျမစ္ပိုင္ခြင့္မရွိေပမဲ့ကြၽန္ေတာ့္တို႔က
လက္မွတ္ထိုးထားတဲ့ သက္ဆိုင္သူေတြေလ။ အနည္းဆံုးေတာ့ ကြၽန္ေတာ္က ခင္ဗ်ားကို ပိုင္တယ္မို႔လား ။ အဲ့ဒါေၾကာင့္ ကြၽန္ေတာ့္ေရွ႕မွာ အဲ့မိန္းကေလးအေၾကာင္း ခင္ဗ်ားမေျပာသင့္ဘူး "
စူးရဲခက္ထန္ေနေသာ မ်က္ဝန္းေတြသည္
ႏုညံ့ေသာ အမိန္႔ေအာက္မွာ တိမ္ကင္းစင္ေသာေကာင္းကင္သဖြယ္ ျဖဴ စင္ၾကည္ေတာက္လာလ်က္။ ေကာင္ကေလးလက္ကို ဆြဲကာ ေရွ႕ကို တစ္လွမ္းတိုးေစၿပီး ေရးညိဳ႕ထင္ေထြးဖက္လိုက္သည္။
" အင္း ကိုယ္မေျပာေတာ့ဘူး "
"ကိုယ့္အတိတ္ကုိ ကိုယ္နာက်င္ေနရင္ေတာင္မွမင္းကိုသိေစခ်င္တယ္၊ အကယ္၍ မင္းမေျပာေစခ်င္ရင္ ကိုယ္ထပ္မေျပာေတာ့ဘူး "
ေက်ာေသးေသးေလးကိုေရးညိဳ႕ထင္ပြတ္ေပးလိုက္ရင္း ေကာင္ကေလးစိတ္သက္သာေအာင္ နွစ္သိမ့္လိုက္သည္။
သူ႔ရင္ထဲမွာ သိုေလွာင္ထားတဲ့ လ်ိဳ႕ဝွက္ခ်က္ေတြ မရွိေတာ့သေလာက္ျဖစ္သြားၿပီမို႔
နႈတ္ခမ္းပါးေတြသည္ တဖန္ၿပံဳးရိပ္ထင္လာသည္။
ေလးလံေနေသာ စိတ္နွလံုးသည္ ေကာင္ကေလးေၾကာင့္ ေပါ့ပါးကုန္သည္။
ၿပီးေတာ့ ေကာင္ကေလးက နွစ္သက္စရာေကာင္းလြန္း၏။
ခနၶာကိုယ္ေသးေသးသည္ သင္းပ်ပ်ေမႊးၿပီး
အိၿပီးေႏြးသည္။ ေကာင္ကေလးဆံပင္ေတြသည္ ရႊင္လန္းေသာ ရနံ႔ရွိကာ ခပ္ ေပ်ာ့ေပ်ာ့ ရွိသည္။ စိတ္ဖိစီးမူ႔သည္ ေကာင္ကေလးေၾကာင့္မိနစ္မျခားေျပေပ်ာက္၏။
________
"ေကာင္ကေလး ကိုယ္ကားဝယ္ေတာ့မယ္ "
"ဘာလို႔လဲ အပိုကုန္ေအာင္ "
ေကာင္ကေလးက သူ႔ဆံပင္ေတြကို ေရသုပ္ေနတာမို႔ အဝါႏုေရာင္တဘတ္ေသးေသးက သူ႔ေခါင္းေပၚမွာကန္႔လန္႔ျဖတ္ေလး က်ေန၏။
တဘတ္ေအာက္မွ မ်က္နွာေလးသည္ မ်က္မွန္မရွိတာမို႔ ႏုႏုေထြးေထြးရွိကာ နွာေခါင္းဖ်ားေလးနီေနတာကအစရွင္းလင္းျမင္ရ၏။
" သြားရလာရ မင္းသက္သာေအာင္လို႔ေလ။ၿပီးေတာ့ ေန႔တိုင္း ကားငွားေနရတာ ပိုက္ဆံပိုၿပီးကုန္တယ္ထင္လို႔ "
" ကိုထင္သေဘာပါ ၊ ကြၽန္ေတာ္က အဆင္ေျပပါတယ္။ "
ေကာင္ကေလး ဆက္ေျပာမလာေတာ့လည္း သူပ်င္းရိလာ၏။ စကားနည္းသူနဲ႔ အိမ္ေထာင္က်ရတာ အဲ့တစ္ခုေတာ့ မေကာင္းသလိုပဲ။
" ေကာင္ကေလး မင္းကိုယ့္ကိုဘာမွေျပာဖို႔မရွိဘူးလား "
ေရႊဘံု တဘတ္ေလးကို တန္းမွာလႊားလိုက္ၿပီး ကုတင္ေပၚကိုတက္လိုက္သည္။
" အကုန္လံုးပဲေလ။ ျဖစ္နိုင္ရင္ ကိုယ္မင္းကိုစကားေတြအမ်ားႀကီးေျပာေစခ်င္တယ္။
ဥပမာ ၊ ကိုယ့္အလုပ္အေၾကာင္း၊ ကိုယ့္ဝင္ေငြအေၾကာင္း ၊ ၿပီးေတာ့ မင္းသိခ်င္တာမွန္သမ်ွ ကိုယ့္ကိုေမးေစခ်င္တယ္"
ေရႊဘံု ဘုရားရွစ္ခိုးလိုက္သည္။
သူဘုရားစာေတြအမ်ားႀကီးမရေပမဲ့
ရသမ်ွ အနည္းအက်ဥ္းနဲ႔ စိတ္ပါလက္ပါ ရည္းစူးၿပီး ကန္ေတာ့သည္။
ၿပီးေတာ့ ကိုထင္ကို ကန္ေတာ့သည္။
ပထမဦးဆံုးေန႔ကလို ကိုထင္ေၾကာင္ေတာင္ေတာင္မျဖစ္ေတာ့ေပ။
ဆုမေပးေပမဲ့ ၿငိမ္ၿငိမ္ေလးၾကည့္ေနတာကိုေတြ႕ရ၏။
ထို႔ေနာက္ ေရႊဘံုလွဲအိပ္ေတာ့မွာကိုျမင္ေတာ့ေျခရင္းက ေစာင္ကိုဆြဲကာၿခံဳေပးရင္းသူပါ ေစာင္ထဲတိုးဝင္လာ၏။
မ်က္နွာျခင္းဆိုင္အေနအထားမွာ ကိုထင္
မ်က္နွာကိုေသခ်ာမျမင္ရေပမဲ့ ကိုထင္ၾကည့္ေနမွန္းေရႊဘံုသိေနသည္။
" ကိုထင္ ဘယ္ေတာ့ေလာက္အဲ့အလုပ္ကိုစြန္႔လႊတ္မလဲ "
ေရးညိဳ႕ထင္ သက္ျပင္းရႈိက္ရင္း ေကာင္ကေလး ဆံပင္ပြပြေလးကို လက္နဲ႔ဖိပြတ္လိုက္သည္။ ေမးေစခ်င္တာနွင့္ေမးလိုက္တာတျခားစီ။
သိပ္မေဝးတဲ့အေနအထားမွာ လွဲေလ်ာင္းအိပ္ေနတာမို႔ သူ႔ဆီက ေလေငြ႕ေတြ ေကာင္ကေလးမ်က္နွာကို သြားထိၿပီး မ်က္ေတာင္ေလးေတြ လႈပ္ခတ္သြားတာကိုပါသဲသဲကြဲကြဲေတြ႕ေနရသည္။
"မင္းမ်က္ေတာင္ေလးေတြက ရွည္ၿပီးထူတယ္။ ၿပီးေတာ့ လွတယ္ "
တယုတယ ထိေတြ႕ေနတဲ့ လက္ေခ်ာင္းရွည္ေတြက မ်က္ေတာင္ဖ်ားေတြဆီတေ႐ြ႕ေ႐ြ႕။
အသက္ရူမွားဖြယ္ရာ အေျခအေနမွာ အသက္ေအာင့္လိုက္မိသည္ထိ ေရႊဘံု
မွားမွားယြင္းယြင္းေတြလုပ္မိေန၏။
" ခဏပါပဲ။ ကိုယ္ ေနာက္ထပ္ ၂ပြဲထိုးၿပီးရင္ မင္းမႀကိဳက္တာမလုပ္ေတာ့ဘူး "
"ေရႊဘံု မႀကိဳက္တာ မဟုတ္ပါဘူး "
" ေကာင္ကေလး လိမ္ေနျပန္ၿပီ "
တလႈပ္လႈပ္ျဖစ္ေနတဲ့ မ်က္ေတာင္ဖ်ားေတြက မ်က္လံုးေလးေတြမွိတ္ထားတာေတာင္မွ
မၿငိမ္မသက္ယိမ္းထိုးေနတုန္း။ ေသြးေၾကာနီနီေလးေတြယွက္ဖ်ားေနတဲ့ မ်က္ခြံေတြနဲ႔ အနီရိပ္ေယာင္သန္းတဲ့ပါးျပင္ေလး။
ဘယ္ေနရာၾကည့္ၾကည့္ေပ်ာ့ေျပာင္းႏုဖက္မေနေသာ္ျငား ၾကည္ၾကည္စင္စင္ရွိလွသည္။
စကားဆက္မေျပာေပမဲ့ အညိဳေရာင္မ်က္ဝန္ညိဳေတြကိုမွန္းဆကာ ေရးညိဳ႕ထင္ နႈတ္မမ္းေတြ ၿပံဳးလာ၏။
ေကာင္ကေလး ..
ေလေပၚမွာေဆာက္တဲ့ အိမ္လို
ကိုယ့္စကားေတြ မေရမရာ မျဖစ္ခ်င္ဘူး။
ေနာက္နွစ္ပြဲထိုးၿပီးရင္ ကိုယ္ရပ္ေပးမယ္။
မင္းအမိန္႔မဟုတ္ေပမဲ့ မေသခ်ာတဲ့ ကိုယ့္ဆံုးျဖတ္ခ်က္ကို မင္းေၾကာင့္တည္ေပးမယ္။
မင္းကိုယ့္ကိုယံု။
"ေကာင္ကေလး မအိပ္ေသးနဲ႔ဦး "
" အင္း "
"အဲ့ဒါဆို မ်က္လံုးဖြင့္ေလ "
အညိဳေရာင္ မ်က္လံုးေလးကိုေတြ႕ခ်င္တာေၾကာင့္ သူတမင္ရစ္လိုက္သည္။
သူ႔စကားကိုနားေထာင္ေသာေကာင္ကေလးက ခ်က္ျခင္းမ်က္လံုးေလးေတြဖြင့္ေပးလာရွာသည္ကခ်စ္စရာပင္။
ညိဳေရာင္ဖြဲ႕အလွတရားေတြသည္ အနီးကပ္ၾကည္ရင္ ပိုၿပီးဆြဲမက္စရာေကာင္းမွန္း
ေရးညိဳ႕ထင္သိသြားၿပီးေနာက္မွာ မၾကည့္ပဲမေနနိုင္ေအာင္ ျဖစ္ေနရသည္။
" ကိုယ့္မွာ စုထားတဲ့ ပိုက္ဆံေတြ အမ်ားႀကီးရွိတယ္။ မင္း သိမ္းထားခ်င္လား "
မ်က္ေတာင္ေလးေတြထပ္မံလႈပ္ခတ္သြားၿပီး ပါးျပင္ေလးလည္းနီလာ၏ သူေသခ်ာၾကည့္ေန၍ ျမင္ေနရသည္။
ေကာင္ကေလး ဘာေၾကာင့္ရွက္ေနတာလဲ။
" ေန..ေနပါေစ ၊ ကိုထင္ပဲ သိမ္းထားပါ"
"ဘာလို႔လဲ မင္းက ကိုယ့္ေယာက်ာ္းပဲ မင္းသိမ္းေပးရမွာမဟုတ္ဘူးလား "
"ဟုတ္ေပမဲ့ ..ကြၽန္ေတာ္အထိန္းအသိမ္းမတက္ဘူး "
နီေနတဲ့ပါးေလးကို မေနနိုင္ေတာ့ လက္ကစကားေျပာရင္းသြားညႇစ္မိသည္။
တကယ္အိအိေထြးေထြးေလး။
ေကာင္ကေလးက နႈတ္ခမ္းေလးေတြလည္း လွသည္။
ပါးပါးလ်လ်မဟုတ္ပဲ ေဖာင္းေဖာင္းနီနီေလးျဖစ္သည္။
"ဘာမွမျဖစ္ဘူး မင္းသိမ္းေပးထား ၊ ၿပီးေတာ့ အဲ့ပိုက္ဆံနဲ႔ မင္းႀကိဳက္တာလည္းလုပ္ခြင့္ရွိတယ္ "
"အင္း "
"ေနာက္ထပ္ ၃လ ေလာက္ဒီမွာေနၿပီးရင္ ကိုယ္တို႔အိမ္ေျပာင္းၾကမယ္ ။ ကိုယ့္မွာ ကိုယ္ပိုင္အိမ္ရွိေသးတယ္ အိမ္းငွားထားတယ္ဆိုေပမဲ့ ၿပီးခဲ့တဲ့လက အငွားဖယ္ၿပီး ျပန္ျပင္ေဆာက္ထားေနတုန္း၊ အိမ္ကေဟာင္းေနၿပီဆိုေတာ့ မင္းကို မထားခ်င္ဘူး ကားတစ္စီးလည္းဝယ္ရမယ္၊ အဲ့အိမ္ကအလုပ္နဲ႔နည္းနည္းလွမ္းေတာ့ မင္းအဆင္ေျပမွာမဟုတ္ဘူး။ "
" ကိုထင္ "
"ဟင္!"
" ေတာင္းပန္ပါတယ္ "
ဘာအတြက္ေတာင္းပန္သလဲဆိုတာ သူ
မသိပဲေနပါ့မလား ။ သူဟာ အနည္းဆံုးေတာ့ မိုက္ဆိုတဲ့ နာမည္နဲ႔ အဆက္အသြယ္အမ်ားႀကီးလႈပ္ရွားလို႔ရနိုင္တဲ့အေနအထားရွိတဲ့သူ။ ကိုယ္ယူလိုက္တဲ့ ေကာင္ကေလးတစ္ေယာက္ အေၾကာင္းကို မစံုစမ္းပဲလက္လြတ္စပယ္ေနမဲ့ ေကာင္မ်ိဳးမွမဟုတ္တာ။ သူ႔စီးလာတဲ့ကားေနာက္မွာ ပါလာတဲ့ မနက္ခင္းကတည္းက အဆက္အသြယ္အကုန္သံုးၿပီး ဘာျဖစ္လာသလဲဆိုတာ စံုစမ္းၿပီးသား
" မေျပာနဲ႔ ကိုယ္သိတယ္..မင္းတကယ္လို႔ေတာင္းပန္ခ်င္ရင္ေတာ့.. "
သူခဏ ရပ္ကာ ေကာင္ကေလးမ်က္နွာကို
ေငးၾကည့္မိသည္။ ေကာင္ကေလးက မ်က္မွန္တပ္မထားရင္ မျမင္ရဘူး။
ကြဲကြဲျပားျပားမရွိတဲ့ အျမင္အာရုံကို ေကာင္ကေလးအားမကိုးဘူးထင္တယ္။ နားေထာင္ေနတဲ့ နား႐ြက္ကေလးက သိသိသာသာေထာင္ေနတယ္။
ေကာင္ကေလးက တကယ္ခ်စ္စရာေလး ။
" ကိုယ့္ကို ကိုထင္လို႔မေခၚနဲ႔ "
"ဗ်ာ"
"ဟုတ္တယ္ မင္းေတာင္းပန္ခ်င္ရင္ေတာ့ ကိုယ့္ကို ကိုထင္လို႔ မေခၚနဲ႔ "
"ဘယ္..ဘယ္လိုေခၚရမွာလဲ "
" ေခၚခ်င္သလိုေခၚေလ။ ဒါေပမဲ့ ကိုထင္လို႔ေတာ့မေခၚနဲ႔"
ေစာင္အနားစေလးကိုဆြဲထားတဲ့ တုန္ယင္ေနတဲ့ လက္ေခ်ာင္းေလးေတြကို ၾကည့္ရင္းရယ္မိသည္။
စဥ္းစားေနတဲ့ ပံုေလးက သူစ လို႔စေနမွန္းသိပံုမရ။ ေကာင္ကေလးက အျပင္လူေတြနဲ႔ျခားနားကာ ရုိးရွင္းသည္။
ပီဘိ ကေလးငယ္အသြင္ျဖစ္ၿပီး
ခ်စ္စရာလည္းေကာင္းသည္။
" ထင္..ထင္ထင္ "
တိုးသက္တဲ့အသံငယ္က နီးကပ္ေနတာေတာင္မၾကားရေပ။
"ဘာေျပာတာလဲ။ ကိုယ္မၾကားရဘူး "
"ထင္ထင္..ကြၽန္ေတာ္ ထင္ထင္လို႔ေခၚမယ္ "
"ထင္ထင္? "
သူသံေယာင္လိုက္ၿပီး ျမည္တြန္းမိသည္။
ဘယ္လိုအသံေလးလဲ။
ေရးညိဳ႕ထင္ရဲ႕ ရင္တြင္းမွာ ကလိကလိနဲ႔ယားယံေနတာ တမ်ိဳးႀကီး။
ထင္ထင္ဆိုတာ ဒီရေမာင္လည္းေခၚဘူးသည္။
ထိုသို႔ မခံစားရ။
ေကာင္ကေလးေခၚေတာ့သူ႔ရင္ထဲ ေႏြးေထြးကာ သူ႔မ်က္နွာႀကီးနီလာ၏
ထို႔ေၾကာင့္ေကာင္ကေလးမျမင္ေအာင္
ေစာင္အတြင္း ေခါင္းလ်ိဳၿပီးမ်က္နွာကိုကြယ္လိုက္ရသည္။
" မႀကိဳက္ဘူးလားဟင္"
"မဟုတ္ဘူး ၊ ကိုယ္ႀကိဳက္ပါတယ္"
ခ်စ္တဲ့အိမ္စည္။
( တၿငိမ့္ၿငိမ့္ ေလးပဲသြားရေအာင္ ၊
နိုး ဒရမ္မာ မို႔ ေအးေဆးဖတ္ပါ။ တဝက္ေက်ာ္လာၿပီမို႔ အခ်စ္ပန္းေလးေတြျဖည္းျဖည္းနဲ႔ပြင့္လာေတာ့မယ္ )
" ကိုထင် က အဲ့လို လူမျိုးလား "
ကြိုးဝိုင်းအလယ်မှာ လူတစ်ယောက်နဲ့ ထိုးသတ်လေ့ကျင့်နေတဲ့ ကိုထင်။
မဟုတ်ဘူး ၊ ဒီClubမှာဆိုရင် သူကမိုက်ပေါ့။
မျက်နှာကို မထိခိုက်အောင် ဆောင်းထားတဲ့အကွာအကွယ်အောက်မှာ စူးရှတဲ့အကြည့်တွေ ၊ အားမာန်အပြည့်နဲ့တက်ကြွခြင်းတွေသည် ရွှေဘုံသိတဲ့ကိုထင်နှင့်လားလားတောင်မတူညီတော့။
" မိုက်က ထူးခြားတယ်။ ပြီးတော့ ပါရမီပါတယ်။ သူထိုးတဲ့ ပွဲရေ ၁၃ပွဲရှိပြီ ခုထိ တစ်ပွဲမှမရှုံးအောင် သူထိန်းထားနိုင်စွမ်းရှိတယ် ။ မင်း သိလား ကောင်လေး ၊ မင်းအဖေ ဦးမင်းစံ မိုက်ရဲ့ ပရိတ်သတ်တစ်ယောက်ပဲ။ မိုက်ထိုးမဲ့ပွဲတိုင်း မင်းအဖေလာကြည့်လေ့ရှိသလို မိုက်ကိုဆုကြေးငွေ အများကြီးလည်းချဘူးတယ်"
ရွှေဘုံ သူ့လက်မဖြင့် လက်သည်းတွေကို
အချင်းချင်းဖိပွတ်နေရင်း တွေးမိသည်။
ဒယ်ဒီ ဘာကြောင့် ကိုထင်အကြောင်းကို သိရဲ့နဲ့ သူ့အား ပေးမသိရတာလဲ။
" ဒယ်ဒီ ကျွန်တော်ကို ကိုထင်အကြောင်းမပြောပြဖူးဘူး "
ကိုနိုင်း သက်ပြင်းချပြီး သူတို့နှစ်ယောက်ထိုင်နေတဲ့ ခုံကနေ မိုက်ရှိရာ စင်ပေါ်ကိုလှမ်းကြည့်နေသည်။
ရွှေဘုံလည်း ကိုနိုင်းကဲ့သို့ မိုက်အား အတူကြည့်မိပါသည်။
မိုက်ဆိုသောနာမည်သည် ကိုထင်အား
ဘဝတစိတ်တစ်ပိုင်းပေးထားသည်မှာ
အံ့သြစရာကောင်းလှသည်။
နည်းနည်းလေတောင်မှမတူညီတော့တဲ့ ကိုထင် ကြောင့် ရွှေဘုံ စိတ်တွေလည်း
နောက်ကျိလာသည်။
သူ ဒီရက်ပိုင်း စိတ်မပျော်ဖြစ်နေရတဲ့
အကြောင်းရင်းတွေ အတော်များနေပြီ။
" မိုက်ကို ယုံ လိုက်ပါ။
ယုံကြည်မူ့ဆိုတာ လူတိုင်ပေးသင့်တဲ့အရာမဟုတ်ပေမဲ့ မိုက်ကတော့
လူတိုင်းနဲ့ မတူတဲ့ လူတစ်ယောက်မို့
မင်းစိတ်ပျက်အောင်လုပ်မှာမဟုတ်ပါဘူး "
ရွှေဘုံ ရယ်ရင်း ခေါင်းမော့လိုက်၏။
မျက်နှာကျက်မှာ မြင်နေရတဲ့ မြင်ကွင်းမှာတောင် ရှင်းလင်းမူ့မရှိသည်မို့ သူငိုနေပြီမှန်းရိပ်မိလိုက်သည်။
သူဘာလို့ ငိုနေတာလဲ။
ရင်ထဲမှာလည်း တစ်ခုခုပျောက်ဆုံးသွားသလို ခံစားချက်ကြီးက ဘာကြောင့်လဲ။
ကိုထင်ကလည်း သူ့ကိုယုံကြည်ပေးပါတဲ့။
ပထမဦးဆုံးတွေ့ရတဲ့ သူစိမ်းတစ်ယောက်ကလည်း မိုက်အားယုံလိုက်ပါတဲ့။
မိုက်နဲ့ ကိုထင် နှစ်ယောက်လုံးက
ရွှေဘုံနဲ့ ပတ်သတ်ဆက်နွယ်မူ့ရှိတဲ့သူတစ်ယောက်ထဲဆိုသော်ငြား နှစ်ယောက်လုံးသည် သူနဲ့ အလှမ်းကွာလွန်းလှ၏ ။
အပြန်လမ်းမှာ တိတ်တဆိတ်ရှိသည်။
ညမီးရောင်ဖျဖျအောက်မှာ ရွှေဘုံနဲ့ ကိုထင် လမ်းလျှောက်နေကြသည်။
အင်္ကျီလဲခဲ့သော်ငြား ချွေးတွေစိုနေသေးတဲ့ ကိုထင်ဆီက ရေမချိုးရသေးတာတာမို့
မဆိုးတဲ့ အနံ့အသက်တချို့လည်းရနေ၏။
ရွှေဘုံ ခိုးမကြည့်ပေမဲ့ မြင်နေရတဲ့ မေးရိုးနှင့် ကိုထင်တဖက်ခြမ်း။
ဘယ်လိုပဲကြည့်ကြည့် ကိုထင်က ကြည့်လေ ယောကျာ်းပီသလေရုပ်မျိုး။
ထင်းလင်းထွက်မနေဘူး။
သို့သော် အရှိန်အဝါတွေ ၊ အေးစက်ခြင်းတွေရှိနေတယ်။
" ကိုယ့်ကိုစိတ်ဆိုးနေသေးလားကောင်ကလေး "
စိတ်ဆိုးနေလား။
ဟား ရွှေဘုံက ကိုထင်ကိုစိတ်ဆိုးခွင့်ရှိတဲ့သူလား။ ရုတ်တရက် လက်ထပ်လိုက်ရလို့
ပေါင်းစည်းသွားတဲ့ အိမ်ထောင်ရေးတစ်ခုဖြစ်သွားခဲ့တာကလွဲပြီး ကိုထင်နဲ့ သူကြားမှာလျို့ဝှက်ချက်တွေ စိမ်းသက်မူ့တွေနဲ့ပဲပြည့်နေခဲ့တာမဟုတ်ဘူးလား။
" ကောင်ကလေး "
ရွှေဘုံ မထူးတော့ ကိုထင် သက်ပြင်းချလိုက်က်သည်။
လမ်းကျဉ်းလေးမှာ ဖြတ်သွားဖြတ်လာ ကားတွေရှုပ်မနေတာမို့ ကိုထင် သက်ပြင်းချတာကအစ ရွှေဘုံရှင်းရှင်းလင်းလင်းကြားနေရသည်။
လမ်းလျှောက်နေရင်း နှစ်ယောက်ကြားအေးစက်စက်လေထု ရစ်နေသိုင်းနေသလို ဖြစ်နေပုံက ရန်ဖြစ်တဲ့ လင်မယားတွေ
မခေါ်မပြောဖြစ်နေကြတဲ့အတိုင်း။
သို့သော် သူတို့သည် အိမ်ထောင်သည်အမည်ခံ
သူစိမ်းတွေသာဖြစ်ပြီး တစ်ယောက်အကြောင်းတစ်ယောက် လိုအပ်တာထက်ပိုပြီးသိတဲ့သူတွေမဟုတ်။
" ကောင်ကလေး "
ရေးညို့ထင် ရွှေဘုံ လက်ကလေးကို ဆွဲလိုက်၏။ ရုန်းဖယ်မသွားတဲ့ နုညံ့အိထွေးတဲ့ လက်ဖဝါးလေးကို သူ့လက်နဲ့ထပ်တူ ဆုပ်ကိုင်ထွေးထားရင်း ရှေ့တည့်တည့်ကိုကြည့်သည်။
" ကိုနိုင်းဆီမှာ ကိုယ်ခန္ဓာ ကြံ့ခိုင်အောင် ကိုယ် Boxingထိုးနေတာကြာပြီ။
အဲ့Clubက နာမည်ကြီးပြီးလူစုံတယ်။
တနေ့ ဂျင်မီဆိုတဲ့ ပွဲစီစဉ်သူ ရောက်လာတယ်။ ကိုယ့်လက်ရည်ကိုသဘောကျလို့
ပွဲတစ်ပွဲထိုးကြည့်မလားတဲ့။ အဲ့ချိန်တုန်းက ကိုယ်ငြင်းလိုက်တယ်။ ကိုယ်အမှန်ပြောတာကောင်လေး ကိုယ်ကြေးစားတစ်ယောက်ဖြစ်လာဖို့ စိတ်ကူးတောင်မယဉ်ခဲ့ဖူးပါဘူး။"
ကိုထင်ပြောပြနေတဲ့ သူ့အကြောင်းတွေကိုရွှေဘုံ တစ်ခွန်းတလေတောင်ဝင်မပြောပဲ နားထောင်ပေးသည်။
လက်ချောင်းတွေကြားက နွေးထွေးမူ့သည် လက်ဖဝါးမှတဆင့် နှလုံးသွေးကြောထဲတိုက်ရိုက်စီးနေသလို ရွှေဘုံ နှလုံးသားလေး၏ တင်းကြပ်မူ့က တဖြည်းဖြည်းလွတ်မြောက်လာ၏
ဆောင်းလေအေးသည် ည၏ အချမ်းပိုမူ့ကိုထပ်မံအားဖြည့်သယောင် စိမ့်သက်သက်ဖြင့်ပိုအေးလာသည်။
ကိုထင်သည် အားကစားဘောင်းဘီရှည်ကိုဝတ်ထားပြီး ရိုးရိုးလည်ပင်းဝိုင်းတီရှပ်တစ်ထည်ဖြင့် အဝတ်နှစ်စုံခန့်ထည့်လို့ရနိုင်တဲ့ အနက်ရောင်အိတ်သေးတစ်လုံးကို လက်မှာဆွဲထား၏။
"မင်းသိလား ကောင်ကလေး
ပထမဦးဆုံး သတ်ကွင်းမှာ ကိုယ်နိုင်ခဲ့တယ်။ ဒါပေမဲ့ ကိုယ့်မျက်ခုံးရိုးကွဲပြီး မျက်လုံးတစ်ဖက်က ဖွင့်မရအောင်ထိ အခြေအနေဆိုးခဲ့တယ်။ ကိုယ့်တကိုယ်လုံးမှာ ဒဏ်ရာအညိုအမဲတွေ အပြည့်ပဲ။နာကျင်မူ့ဆိုတာ နေရာအနှံ့အပြားမှာ အပ်နဲ့ထိုးနေသလားတောင် ထင်ရတယ်။ "
" ကိုယ်သွေးနဲ့ရင်းပြီးရှာတဲ့ ပိုက်ဆံက ဘာအတွက်လို့ထင်လဲကောင်ကလေး။
မိန်းမတစ်ယောက်ကြောင့် ကိုယ်ကြေးစားဖြစ်ခဲ့တယ်လို့ပြောရင် မင်းရယ်မှာလား ။ "
အမေးရှိပေမဲ့ အဖြေမလိုတဲ့စကားများကိုရေးညို့ထင် ရွံရှာစွာပြောမိသည်။
" အဲ့မိန်းမ က ကိုယ့်ချစ်သူဖြစ်ခဲ့ဖူးပေမဲ့
ခုအချိန်မှာတော့ မျက်နှာမပြောနဲ့အရိပ်တောင်မှ မတွေ့ချင်၊မမြင်လောက်အောင် မုန်းတဲ့သူ။ "
အမုန်းတရားတွေနဲ့တောက်ပနေတဲ့မျက်လုံးတွေ ၊ တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းပါးတွေက ဆုံးရှုံးခဲ့တဲ့ အတိတ်ကို
ဆွေးမြေ့စွာပြန်ပြောပြနေပေမဲ့
ရွှေဘုံ ကတော့ ဆက်နားမထောင်နိုင်တော့ပေ။
"မပြောပါနဲ့တော့ "
ခြေလှမ်းတွေကိုရပ်ကာ ပြောလိုက်သည်။
ဆွဲထားတဲ့လက်ကိုဖြုတ်လိုက်သည်မို့ ကိုထင်နဲ့ ရွှေဘုံကြားထဲမှာ လူတစ်ကိုယ်စာအကွာဝေးကသိသိသာသာဝေးကွာနေသည်။
ရွှေဘုံ့ နှလုံသားလေးသည် တစ်ခါမှမဖြစ်ဖူးစွာ တလှပ်လှပ် တုန်ယင်နေပြီး
အမြင်အာရုံသည်လည်းဝေဝါးမှောင်မိုက်နေ၏။ ရွှေဘုံ ဘာတွေဖြစ်နေမှန်းရွှေဘုံ မသိဘူး။
" ကျွန်တော့်ရှေ့မှာ တခြားမိန်းကလေးအကြောင်းမပြောပါနဲ့လား "
ထိုစကားပြောပြီးချိန်တွင် ရွှေဘုံ ကိုထင်ခြေချောင်းတွေမြင်ရသည်ထိခေါင်းငုံ့ထားတာဖြစ်သည်။
ပထမဦးဆုံး ကိုထင်အပေါ်မှာရွှေဘုံ ပိုင်စိုးပိုင်နင်းပြောလိုက်တဲ့စကားဖြစ်သည်မို့ရှက်လည်းရှက်ရသလိုအားလည်းနာရသည်။
လက်မှတ်ထိုးထားတဲ့စာချုပ်အရ ကိုထင်
သည် ရွှေဘုံပိုင်ဆိုင်သော လူတစ်ယောက်ဖြစ်ပြီး ကိုထင် အသွေးအသား နှင့် ကိုထင့်တစ်ကိုယ်လုံး တပါးသူ မျှော်မှန်းတမ်းတခွင့်မရှိတဲ့ ရွှေဘုံလူ၊ ရွှေဘုံအပိုင် ။
" တားမြစ်ပိုင်ခွင့်မရှိပေမဲ့ကျွန်တော့်တို့က
လက်မှတ်ထိုးထားတဲ့ သက်ဆိုင်သူတွေလေ။ အနည်းဆုံးတော့ ကျွန်တော်က ခင်ဗျားကို ပိုင်တယ်မို့လား ။ အဲ့ဒါကြောင့် ကျွန်တော့်ရှေ့မှာ အဲ့မိန်းကလေးအကြောင်း ခင်ဗျားမပြောသင့်ဘူး "
စူးရဲခက်ထန်နေသော မျက်ဝန်းတွေသည်
နုညံ့သော အမိန့်အောက်မှာ တိမ်ကင်းစင်သောကောင်းကင်သဖွယ် ဖြူ စင်ကြည်တောက်လာလျက်။ ကောင်ကလေးလက်ကို ဆွဲကာ ရှေ့ကို တစ်လှမ်းတိုးစေပြီး ရေးညို့ထင်ထွေးဖက်လိုက်သည်။
" အင်း ကိုယ်မပြောတော့ဘူး "
"ကိုယ့်အတိတ်ကို ကိုယ်နာကျင်နေရင်တောင်မှမင်းကိုသိစေချင်တယ်၊ အကယ်၍ မင်းမပြောစေချင်ရင် ကိုယ်ထပ်မပြောတော့ဘူး "
ကျောသေးသေးလေးကိုရေးညို့ထင်ပွတ်ပေးလိုက်ရင်း ကောင်ကလေးစိတ်သက်သာအောင် နှစ်သိမ့်လိုက်သည်။
သူ့ရင်ထဲမှာ သိုလှောင်ထားတဲ့ လျို့ဝှက်ချက်တွေ မရှိတော့သလောက်ဖြစ်သွားပြီမို့
နှုတ်ခမ်းပါးတွေသည် တဖန်ပြုံးရိပ်ထင်လာသည်။
လေးလံနေသော စိတ်နှလုံးသည် ကောင်ကလေးကြောင့် ပေါ့ပါးကုန်သည်။
ပြီးတော့ ကောင်ကလေးက နှစ်သက်စရာကောင်းလွန်း၏။
ခန္ဓာကိုယ်သေးသေးသည် သင်းပျပျမွှေးပြီး
အိပြီးနွေးသည်။ ကောင်ကလေးဆံပင်တွေသည် ရွှင်လန်းသော ရနံ့ရှိကာ ခပ် ပျော့ပျော့ ရှိသည်။ စိတ်ဖိစီးမူ့သည် ကောင်ကလေးကြောင့်မိနစ်မခြားပြေပျောက်၏။
________
"ကောင်ကလေး ကိုယ်ကားဝယ်တော့မယ် "
"ဘာလို့လဲ အပိုကုန်အောင် "
ကောင်ကလေးက သူ့ဆံပင်တွေကို ရေသုပ်နေတာမို့ အဝါနုရောင်တဘတ်သေးသေးက သူ့ခေါင်းပေါ်မှာကန့်လန့်ဖြတ်လေး ကျနေ၏။
တဘတ်အောက်မှ မျက်နှာလေးသည် မျက်မှန်မရှိတာမို့ နုနုထွေးထွေးရှိကာ နှာခေါင်းဖျားလေးနီနေတာကအစရှင်းလင်းမြင်ရ၏။
" သွားရလာရ မင်းသက်သာအောင်လို့လေ။ပြီးတော့ နေ့တိုင်း ကားငှားနေရတာ ပိုက်ဆံပိုပြီးကုန်တယ်ထင်လို့ "
" ကိုထင်သဘောပါ ၊ ကျွန်တော်က အဆင်ပြေပါတယ်။ "
ကောင်ကလေး ဆက်ပြောမလာတော့လည်း သူပျင်းရိလာ၏။ စကားနည်းသူနဲ့ အိမ်ထောင်ကျရတာ အဲ့တစ်ခုတော့ မကောင်းသလိုပဲ။
" ကောင်ကလေး မင်းကိုယ့်ကိုဘာမှပြောဖို့မရှိဘူးလား "
ရွှေဘုံ တဘတ်လေးကို တန်းမှာလွှားလိုက်ပြီး ကုတင်ပေါ်ကိုတက်လိုက်သည်။
" အကုန်လုံးပဲလေ။ ဖြစ်နိုင်ရင် ကိုယ်မင်းကိုစကားတွေအများကြီးပြောစေချင်တယ်။
ဥပမာ ၊ ကိုယ့်အလုပ်အကြောင်း၊ ကိုယ့်ဝင်ငွေအကြောင်း ၊ ပြီးတော့ မင်းသိချင်တာမှန်သမျှ ကိုယ့်ကိုမေးစေချင်တယ်"
ရွှေဘုံ ဘုရားရှစ်ခိုးလိုက်သည်။
သူဘုရားစာတွေအများကြီးမရပေမဲ့
ရသမျှ အနည်းအကျဉ်းနဲ့ စိတ်ပါလက်ပါ ရည်းစူးပြီး ကန်တော့သည်။
ပြီးတော့ ကိုထင်ကို ကန်တော့သည်။
ပထမဦးဆုံးနေ့ကလို ကိုထင်ကြောင်တောင်တောင်မဖြစ်တော့ပေ။
ဆုမပေးပေမဲ့ ငြိမ်ငြိမ်လေးကြည့်နေတာကိုတွေ့ရ၏။
ထို့နောက် ရွှေဘုံလှဲအိပ်တော့မှာကိုမြင်တော့ခြေရင်းက စောင်ကိုဆွဲကာခြုံပေးရင်းသူပါ စောင်ထဲတိုးဝင်လာ၏။
မျက်နှာခြင်းဆိုင်အနေအထားမှာ ကိုထင်
မျက်နှာကိုသေချာမမြင်ရပေမဲ့ ကိုထင်ကြည့်နေမှန်းရွှေဘုံသိနေသည်။
" ကိုထင် ဘယ်တော့လောက်အဲ့အလုပ်ကိုစွန့်လွှတ်မလဲ "
ရေးညို့ထင် သက်ပြင်းရှိုက်ရင်း ကောင်ကလေး ဆံပင်ပွပွလေးကို လက်နဲ့ဖိပွတ်လိုက်သည်။ မေးစေချင်တာနှင့်မေးလိုက်တာတခြားစီ။
သိပ်မဝေးတဲ့အနေအထားမှာ လှဲလျောင်းအိပ်နေတာမို့ သူ့ဆီက လေငွေ့တွေ ကောင်ကလေးမျက်နှာကို သွားထိပြီး မျက်တောင်လေးတွေ လှုပ်ခတ်သွားတာကိုပါသဲသဲကွဲကွဲတွေ့နေရသည်။
"မင်းမျက်တောင်လေးတွေက ရှည်ပြီးထူတယ်။ ပြီးတော့ လှတယ် "
တယုတယ ထိတွေ့နေတဲ့ လက်ချောင်းရှည်တွေက မျက်တောင်ဖျားတွေဆီတရွေ့ရွေ့။
အသက်ရူမှားဖွယ်ရာ အခြေအနေမှာ အသက်အောင့်လိုက်မိသည်ထိ ရွှေဘုံ
မှားမှားယွင်းယွင်းတွေလုပ်မိနေ၏။
" ခဏပါပဲ။ ကိုယ် နောက်ထပ် ၂ပွဲထိုးပြီးရင် မင်းမကြိုက်တာမလုပ်တော့ဘူး "
"ရွှေဘုံ မကြိုက်တာ မဟုတ်ပါဘူး "
" ကောင်ကလေး လိမ်နေပြန်ပြီ "
တလှုပ်လှုပ်ဖြစ်နေတဲ့ မျက်တောင်ဖျားတွေက မျက်လုံးလေးတွေမှိတ်ထားတာတောင်မှ
မငြိမ်မသက်ယိမ်းထိုးနေတုန်း။ သွေးကြောနီနီလေးတွေယှက်ဖျားနေတဲ့ မျက်ခွံတွေနဲ့ အနီရိပ်ယောင်သန်းတဲ့ပါးပြင်လေး။
ဘယ်နေရာကြည့်ကြည့်ပျော့ပြောင်းနုဖက်မနေသော်ငြား ကြည်ကြည်စင်စင်ရှိလှသည်။
စကားဆက်မပြောပေမဲ့ အညိုရောင်မျက်ဝန်ညိုတွေကိုမှန်းဆကာ ရေးညို့ထင် နှုတ်မမ်းတွေ ပြုံးလာ၏။
ကောင်ကလေး ..
လေပေါ်မှာဆောက်တဲ့ အိမ်လို
ကိုယ့်စကားတွေ မရေမရာ မဖြစ်ချင်ဘူး။
နောက်နှစ်ပွဲထိုးပြီးရင် ကိုယ်ရပ်ပေးမယ်။
မင်းအမိန့်မဟုတ်ပေမဲ့ မသေချာတဲ့ ကိုယ့်ဆုံးဖြတ်ချက်ကို မင်းကြောင့်တည်ပေးမယ်။
မင်းကိုယ့်ကိုယုံ။
"ကောင်ကလေး မအိပ်သေးနဲ့ဦး "
" အင်း "
"အဲ့ဒါဆို မျက်လုံးဖွင့်လေ "
အညိုရောင် မျက်လုံးလေးကိုတွေ့ချင်တာကြောင့် သူတမင်ရစ်လိုက်သည်။
သူ့စကားကိုနားထောင်သောကောင်ကလေးက ချက်ခြင်းမျက်လုံးလေးတွေဖွင့်ပေးလာရှာသည်ကချစ်စရာပင်။
ညိုရောင်ဖွဲ့အလှတရားတွေသည် အနီးကပ်ကြည်ရင် ပိုပြီးဆွဲမက်စရာကောင်းမှန်း
ရေးညို့ထင်သိသွားပြီးနောက်မှာ မကြည့်ပဲမနေနိုင်အောင် ဖြစ်နေရသည်။
" ကိုယ့်မှာ စုထားတဲ့ ပိုက်ဆံတွေ အများကြီးရှိတယ်။ မင်း သိမ်းထားချင်လား "
မျက်တောင်လေးတွေထပ်မံလှုပ်ခတ်သွားပြီး ပါးပြင်လေးလည်းနီလာ၏ သူသေချာကြည့်နေ၍ မြင်နေရသည်။
ကောင်ကလေး ဘာကြောင့်ရှက်နေတာလဲ။
" နေ..နေပါစေ ၊ ကိုထင်ပဲ သိမ်းထားပါ"
"ဘာလို့လဲ မင်းက ကိုယ့်ယောကျာ်းပဲ မင်းသိမ်းပေးရမှာမဟုတ်ဘူးလား "
"ဟုတ်ပေမဲ့ ..ကျွန်တော်အထိန်းအသိမ်းမတက်ဘူး "
နီနေတဲ့ပါးလေးကို မနေနိုင်တော့ လက်ကစကားပြောရင်းသွားညှစ်မိသည်။
တကယ်အိအိထွေးထွေးလေး။
ကောင်ကလေးက နှုတ်ခမ်းလေးတွေလည်း လှသည်။
ပါးပါးလျလျမဟုတ်ပဲ ဖောင်းဖောင်းနီနီလေးဖြစ်သည်။
"ဘာမှမဖြစ်ဘူး မင်းသိမ်းပေးထား ၊ ပြီးတော့ အဲ့ပိုက်ဆံနဲ့ မင်းကြိုက်တာလည်းလုပ်ခွင့်ရှိတယ် "
"အင်း "
"နောက်ထပ် ၃လ လောက်ဒီမှာနေပြီးရင် ကိုယ်တို့အိမ်ပြောင်းကြမယ် ။ ကိုယ့်မှာ ကိုယ်ပိုင်အိမ်ရှိသေးတယ် အိမ်းငှားထားတယ်ဆိုပေမဲ့ ပြီးခဲ့တဲ့လက အငှားဖယ်ပြီး ပြန်ပြင်ဆောက်ထားနေတုန်း၊ အိမ်ကဟောင်းနေပြီဆိုတော့ မင်းကို မထားချင်ဘူး ကားတစ်စီးလည်းဝယ်ရမယ်၊ အဲ့အိမ်ကအလုပ်နဲ့နည်းနည်းလှမ်းတော့ မင်းအဆင်ပြေမှာမဟုတ်ဘူး။ "
" ကိုထင် "
"ဟင်!"
" တောင်းပန်ပါတယ် "
ဘာအတွက်တောင်းပန်သလဲဆိုတာ သူ
မသိပဲနေပါ့မလား ။ သူဟာ အနည်းဆုံးတော့ မိုက်ဆိုတဲ့ နာမည်နဲ့ အဆက်အသွယ်အများကြီးလှုပ်ရှားလို့ရနိုင်တဲ့အနေအထားရှိတဲ့သူ။ ကိုယ်ယူလိုက်တဲ့ ကောင်ကလေးတစ်ယောက် အကြောင်းကို မစုံစမ်းပဲလက်လွတ်စပယ်နေမဲ့ ကောင်မျိုးမှမဟုတ်တာ။ သူ့စီးလာတဲ့ကားနောက်မှာ ပါလာတဲ့ မနက်ခင်းကတည်းက အဆက်အသွယ်အကုန်သုံးပြီး ဘာဖြစ်လာသလဲဆိုတာ စုံစမ်းပြီးသား
" မပြောနဲ့ ကိုယ်သိတယ်..မင်းတကယ်လို့တောင်းပန်ချင်ရင်တော့.. "
သူခဏ ရပ်ကာ ကောင်ကလေးမျက်နှာကို
ငေးကြည့်မိသည်။ ကောင်ကလေးက မျက်မှန်တပ်မထားရင် မမြင်ရဘူး။
ကွဲကွဲပြားပြားမရှိတဲ့ အမြင်အာရုံကို ကောင်ကလေးအားမကိုးဘူးထင်တယ်။ နားထောင်နေတဲ့ နားရွက်ကလေးက သိသိသာသာထောင်နေတယ်။
ကောင်ကလေးက တကယ်ချစ်စရာလေး ။
" ကိုယ့်ကို ကိုထင်လို့မခေါ်နဲ့ "
"ဗျာ"
"ဟုတ်တယ် မင်းတောင်းပန်ချင်ရင်တော့ ကိုယ့်ကို ကိုထင်လို့ မခေါ်နဲ့ "
"ဘယ်..ဘယ်လိုခေါ်ရမှာလဲ "
" ခေါ်ချင်သလိုခေါ်လေ။ ဒါပေမဲ့ ကိုထင်လို့တော့မခေါ်နဲ့"
စောင်အနားစလေးကိုဆွဲထားတဲ့ တုန်ယင်နေတဲ့ လက်ချောင်းလေးတွေကို ကြည့်ရင်းရယ်မိသည်။
စဉ်းစားနေတဲ့ ပုံလေးက သူစ လို့စနေမှန်းသိပုံမရ။ ကောင်ကလေးက အပြင်လူတွေနဲ့ခြားနားကာ ရိုးရှင်းသည်။
ပီဘိ ကလေးငယ်အသွင်ဖြစ်ပြီး
ချစ်စရာလည်းကောင်းသည်။
" ထင်..ထင်ထင် "
တိုးသက်တဲ့အသံငယ်က နီးကပ်နေတာတောင်မကြားရပေ။
"ဘာပြောတာလဲ။ ကိုယ်မကြားရဘူး "
"ထင်ထင်..ကျွန်တော် ထင်ထင်လို့ခေါ်မယ် "
"ထင်ထင်? "
သူသံယောင်လိုက်ပြီး မြည်တွန်းမိသည်။
ဘယ်လိုအသံလေးလဲ။
ရေးညို့ထင်ရဲ့ ရင်တွင်းမှာ ကလိကလိနဲ့ယားယံနေတာ တမျိုးကြီး။
ထင်ထင်ဆိုတာ ဒီရမောင်လည်းခေါ်ဘူးသည်။
ထိုသို့ မခံစားရ။
ကောင်ကလေးခေါ်တော့သူ့ရင်ထဲ နွေးထွေးကာ သူ့မျက်နှာကြီးနီလာ၏
ထို့ကြောင့်ကောင်ကလေးမမြင်အောင်
စောင်အတွင်း ခေါင်းလျိုပြီးမျက်နှာကိုကွယ်လိုက်ရသည်။
" မကြိုက်ဘူးလားဟင်"
"မဟုတ်ဘူး ၊ ကိုယ်ကြိုက်ပါတယ်"
ချစ်တဲ့အိမ်စည်။
( တငြိမ့်ငြိမ့် လေးပဲသွားရအောင် ၊
နိုး ဒရမ်မာ မို့ အေးဆေးဖတ်ပါ။ တဝက်ကျော်လာပြီမို့ အချစ်ပန်းလေးတွေဖြည်းဖြည်းနဲ့ပွင့်လာတော့မယ် )
Bạn đang đọc truyện trên: ZingTruyen.Xyz